26 Sept 2014

အချစ်မှ တစ်ဆင့် နိဗ္ဗာန်သို့

  အချစ်ဟာ ကောင်းသလားလို. မေးရင်တော့ မကောင်းဘူး ပြောရမှာပဲ။ ဒါပေမဲ့ အချစ်ကြောင့် အရဟတ္တမဂ်၊ အရဟတ္တဖိုလ် ကို ရနိုင် ပါတယ်တဲ့။ ဒီလိုပြောတော့ စာဖတ်သူက ချက်ချင်း လက်ခံချင် နိုင်မှ လက်ခံနိုင်မှာပါ။ ပဋ္ဌန်း ဥပနိဿယ ပစ္စည်းကို အာရုံပြု ကြည့်လိုက်ပါ။ အကုသလော ဓမ္မော၊ ကုသလဿ ဓမ္မဿ ဥပနိဿယ ပစ္စယေန ပစ္စယော။ အကုသိုလ် တရားက ကုသိုလ် တရားကို ပြန် ကျေးဇူးပြုပါတယ်တဲ့။ အကုသိုလ်က ကုသိုလ်ကို...

23 Sept 2014

အများပြည်သူသိရှိရန် " မှတ်ပုံတင်ထားခြင်း မရှိသော ဆေးဝါးများ " အသိပေးနှိုးဆော်ချက်

၁။ ကျန်းမာရေး ဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးဥပဒ် အန္တရာယ် ကင်းရှင်းကာ အကျိုး အာနိသင် ရှိသော ဆေးဝါးများကို အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲကြပ်မတ် လျက်ရှိပါသည်။ ၂။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများကို စိစစ်ခဲ့ရာ အောက် ဖော်ပြပါ ဆေးဝါး(၅)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်း မရှိသော...

အင်္ဂလိပ်စာနှင့် အနာဂါတ် မြန်မာ့ပညာရေး ဘယ်လို စခန်းသွားမလဲ

    ယနေ့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲ မှုများ ဆောင် ရွက်ရန် ပြင်ဆင် နေချိန်၌ ပညာရေးအတွက် အထူး အရေးကြီး လှသည်ဟု နားလည် ခံယူမိပါသဖြင့် ဤ ဆောင်းပါးအား တင်ပြအပ်ပါသည်။ အခြေခံ ပညာအထက်တန်း အဆင့်တွင် သင်္ချာ၊ ဓာတု၊ ရူပ နှင့် ဇီဝဗေဒ ဘာသာရပ်များကို အင်္ဂလိပ်စာ ဘာသာကို အသုံးပြု၍ သင်ကြားလျှက်ရှိနေပါသည်။ ဤနေရာတွင် အရေးတကြီး စဉ်းစား ဆွေးနွေးရန်မှာ အဆိုပါဘာသာရပ်များကို...

22 Sept 2014

Ooredoo ဆင်းမ်ကတ်များ၏ ဖုန်းခေါ်ဆိုမှုအား စက္ကန့်အလိုက်သာ တွက်ချက် ကောက်ခံတော့မည်

    Ooredoo Myanmar ဆက်သွယ်ရေး ကုမ္ပဏီသည် ၎င်းတို့၏ မိုဘိုင်းဖုန်း ခေါ်ဆိုခများအား စက္ကန့်နှင့် တွက်ချက် ကောက်ခံသည့် စနစ်သို့ ယနေ့မှ စတင်ပြောင်းလဲ လိုက်ပြီ ဖြစ်သည်။ ယခင်က တစ်မိနစ် မပြည့်သော ဖုန်းခေါ်ဆိုခများ အတွက် ဖုန်းပြောဆိုခ ကုန်ကျမှုများတွင် တစ်မိနစ်စာ ဖြတ်တောက်သော်လည်း ယနေ့နံနက် ၆ နာရီမှ စတင်၍ စက္ကန့်ဖြင့်သာ တွက်ချက် ကောက်ခံတော့မည်ဖြစ်သည်။ ထို့ကြောင့်...

21 Sept 2014

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင်ထွက်ရှိမည်

အတုအပပြုလုပ်ခြင်းမှ ကာကွယ်ရန် ငါးထောင်ကျပ်တန်ငွေစက္ကူအသစ် အောက်တိုဘာ ၁ ရက်တွင်စတင် ထွက်ရှိမည်။ ယခင်တရားဝင် ကျပ်ငါးထောင်တန်ကို ဆက်လက်အသုံးပြုနိုင်မည်ဖြစ် ==================================================== မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငါးထောင်ကျပ်တန် ငွေစက္ကူ၏ လုံခြုံမှုအဆင့်အတန်းပိုမိုမြင့်မားစေရန်၊ သက် တမ်းပိုမိုရှည်ကြာစေရန်နှင့် အတုအပပြုလုပ်ခြင်းမှကာကွယ်နိုင်ရန်...

လူအချို့မှာ ရှိနေတဲ့ သဘာဝ နှိုးစက်

  လူအချို့ဟာ ဘာနှိုးစက်မှ ပေးစရာမလိုပဲ ဘယ်အချိန် ထမယ် ဆိုတာကို တွက်ချက်ကို တကယ်ကို နှိုးတက်ကြ ပါတယ်။ ဥပမာ အားဖြင့် မနက် ၄ နာရီ ထရမယ်လို့ တေးထားပြီး တကယ်ပဲ လေးနာရီ ဝန်းကျင်မှာ ဘယ်သူမှ မနှိုးပဲ ထနေခြင်း ဖြစ်ပါတယ်။  ယင်းကို လူတွေရဲ့ စိတ်ထဲမှာ ရှိတဲ့ natural alarm clock ကြောင့်မို့လဲ ဆို ပါတယ်။ သူ့ပါသူ နိုးလာအောင် ဖန်တီးပေးတဲ့ စိတ် ဖြစ်ပါတယ်။ ယင်း စိတ်ဖြစ်အောင်...

အောင်မြင်တဲ့ လူငယ် တစ်ယောက်ဖြစ်ဖို့

၁။ စိတ်ဓါတ်ခိုင်မာခြင်း - ဘယ်အချိန်မှာ ဘာလုပ်မယ် ... ဘာဖြစ်ချင်တယ်ဆိုတာကို ကိုယ့်စိတ်ထဲမှာ စွဲနေအောင် နှလုံးသွင်းထားပါ။ ထိုကဲ့သို့ မိမိ၏ စိတ်ကို တိတိကျကျ သေသေချာချာ ခိုင်ခိုင်မာမာ ပြင်ဆင်ထားခြင်းက လုပ်ငန်းဆောင်ရွက်ရာတွင် တည်တည်ငြိမ်ငြိမ်ဖြင့် အာရုံစူးစိုက်မှု အားကောင်းကာင်းဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည့်အပြင် “ငါလုပ်ရင် ဖြစ်ပါ့မလား” ဆိုတဲ့ မယုံမရဲ...

18 Sept 2014

မန္တလေးနဲ့ စစ်ကိုင်းမှာ ရေကြီး ရေလျှံပြီး လူသေဆုံး

   မြန်မာနိုင်ငံမှာ ရေကြီး ရေလျှံမှုတွေ မကြာခဏ ဖြစ်နေ     မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံရွာ အနောက်ဘက်က ရေမျက်ရွာမှာ တောင်ကျရေ လျှံပြီး ရွာကို သဲဖုံးသွားခဲ့ရာမှာ လူသေဆုံးမှု အထိ ရှိခဲ့ပါတယ်။ မနက် ၂နာရီလောက်မှာ မိုးရွာအပြီး တောင်ကျရေ လျှံခဲ့ရာကနေ သဲတွေပါ ပါလာပြီး တရွာလုံးကို သဲဖုံးသွားခဲ့ကြောင်း၊ အိမ်ခြေ တရာလောက်ရှိတဲ့ အဲဒီ ရွာမှာ အိမ်ခြေ ၃ပုံ...

14 Sept 2014

"ဦးရွှေရိုးနှင့် ဒေါ်မိုးအက" ဘယ်ကစ

ရှင်ပြုအလှူမင်္ဂလာပွဲများ စီတန်းလှည့်လည်ရာတွင် အိုးစည်ဒိုးပတ်ဝိုင်းများ ပါဝင်လေ့ရှိပြီး မြူးကြွသွက်လက် သော အိုးစည်ဒိုးပတ် သံများနှင့်အတူ ဦးရွှေရိုးနှင့် ဒေါ်မိုးအကကို မကြာခဏမြင်တွေ့ကြရသည်။ ခေါင်း၊ ခါး၊ ခြေ၊ လက်၊ မျက်ခုံး၊ မျက်လုံး၊ နှာတံ၊ ပါးစပ် တစ်ပြိုင်နက် လှုပ်ရှား၊ တီးလုံးတီးကွက်များဖြင့် စည်းဝါးတကျ ဟာသလေးတွေနှောပြီး ကပြကြသည်မှာ ဘယ်ခါကြည့်ကြည့် မရိုးနိုင်။ မြန်မာတို့၏...

အတုအစစ်ခွဲရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုပြုလုပ်ခြင်းကို စစ်ဆေးရန်နှင့် ပြည်သူများ ငွေတုငွေစစ်ခွဲခြားနိုင်ရေး ထုတ်ပြန်ပေးရန် လိုအပ်နေ

ငွေကြိုးနှင့် ကြာပန်းပုံရေစာ ပါဝင်နေပြီး မျက်နှာပြင်ပါ ကြမ်းတမ်းနေမှုကြောင့် ခွဲခြားရခက်သော်လည်း ကြာပန်းပုံရေစာ ပိတ်နေမှုကြောင့် အတုအဖြစ်ခွဲနိုင်ကာ ပုဂ္ဂလိကဘဏ်တစ်ခုမှ အပေါက်ဖောက်လိုက်သည့် ငွေတုနှင့် အစစ်ပုံအား ယှဉ်တွဲတွေ့ရစဉ်အတုအစစ်ခွဲခြားရန် ခက်ခဲလာသည့် ကျပ်တစ်သောင်းတန် ငွေစက္ကူအတုများ မကြာခဏ တွေ့ရှိနေပြီး ငွေတုများအား ပြည်သူများခွဲခြားနိုင်မှု မရှိခြင်းကြောင့် နစ်နာမှုများ...

ဖတ်ပါ၊ မှတ်ပါ၊ လိုက်နာပါ

  (၁)။စာမဖတ် တတ်သော သူသည် “မျက်မမြင်” နှင့် တူ၏။(၂)။စာဖတ်တတ်ပါလျက် မဖတ်သော သူသည် အသွား ရှိပါလျက် မခုတ်ဘဲထားသော “ဓား”နှင့်တူ၏။ (၃)။စာဖတ်ပါလျက် မှတ်သားခြင်း မရှိသောသူသည် “ရေပြင်၌ ရေးထားသော အရုပ်” နှင့် တူ၏။ (၄)။မှတ်သားပါလျက် ကျိုးကြောင်းမှန်မှား မစဉ်းစားသော သူသည် အစာအာဟာရကို ညက်ညက် ၀ါးမစားဘဲ မျိုချ၍ ၀ါးစားသော သူနှင့်တူ၏။ (၅)။ကျိုးကြောင်းမှန်မှား စဉ်းစားပြီး၊ အမှန်ကို...

နေ့ တစ်နေ့ကို ရှင်သန်ခွင့် ရခြင်းသည် သင့်ဘဝ၏ လက်ဆောင်တစ်ခု

    တစ်ခုသော မနက်ခင်း ၈နာရီ လောက်မှာ အသက် ၉၂ နှစ် အရွယ် ကိုယ်လုံး ကိုယ်ထည် သေးသေး၊ အဝတ် အစားကို သေသပ်ကောင်းမွန်စွာ ဝတ်စားထားသော၊ ဆံပင်ကိုလည်း ပုံကျကျ ဖြီးသင်ထားပြီး မိတ်ကပ်ပါးပါး လိမ်းထားသော ကျက်သရေ ရှိပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပုံပေါ်တဲ့ အမျိုးသမီးကြီး တစ်ဦးဟာ ဘိုးဘွား ရိပ်သာ တစ်ခုသို့ ယနေ့ ပြောင်းရွှေ့ လာခြင်းပင် ဖြစ်ပါသည်။ သူမဟာ မျက်စိအမြင်အာရုံ...

ဟာသတိုလေးများနဲံ ရီလိုက်ရအောင်

      သေပြီဆရာ __________________________________ တစ်နေ့တစ်၌ ယောက်ျားပျိုတစ်ယောက်သည် သူ၏ညာဘက်တင်ပါးအပြင်တွင် စိမ်းနေ၍ ဆရာဝန်သွားပြ၏။ ဆရာဝန် မှစစ်ဆေးပြီးနောက်……. “ မတတ်နိုင်ဘူးငါ့ညီရာ ခွဲထုတ်လိုက်ပါတော့ ” ယောက်ကျားပျိုလည်းမတတ်သာအဆုံးခွဲထုတ်လိုက်ရသည်။ တစ်လကြာပြီးနောက်ဘယ်ဘက်တစ်ခြမ်းထပ်စိမ်းလေသည်။ဆရာဝန်ထံ ထပ်သွားပြသည်။ …ဝမ်းနည်းစွာနဲ့ပဲ ထပ်ခွဲထုတ်ခိုင်းသဖြင့်...

ခင်ပွန်းရဲ့ မေတ္တာကို ထာဝရ ရရှိပိုင်ဆိုင်စေဖို့ နည်းလမ်း (၇) သွယ်

  လူဆိုတာ ဘယ်အရာကိုဖြစ်စေ ကြာလေ ရိုးအီလေ ငြီးငွေ့လာလေပါပဲ။ ပစ္စည်းတစ်ခုခုကို အရမ်းကြိုက်နှစ်သက်လို့ မဖြစ်မနေ၀ယ်ခဲ့တာတောင် မကြာခင်မှာပဲ ရိုးအီသွားတတ်တယ် မဟုတ်လား။ သဘောသဘာဝချင်း မတူညီတဲ့ လူတစ်ဦးတစ်ယောက်အပေါ်မှာ အချိန်ကြာလာတဲ့ အခါ ရိုးအီငြီးငွေ့ လာတတ်ကြတာ သဘာဝပါပဲ။   ခင်ပွန်းသည်ရဲ့ ဂရုစိုက်မှုကို ပြန်လည်ရရှိလိုတဲ့ အိမ်ထောင်သည်အမျိုးသမီးများအနေနဲ့...

12 Sept 2014

ကမ္ဘာ့ပထမဆုံးနေစွမ်းအင်သုံးလေယာဉ် မြန်မာ့လေပိုင်နက် အတွင်း ဝင်ရောက်ရပ်နားမည်

ဆွစ်ဇာလန်နိုင်ငံရှိ ကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံးလေယာဉ် ကမ္ဘာပတ်မည့်အစီ အစဉ်တွင် မြန်မာ့လေပိုင်နက်အတွင်း ဝင် ရောက်ပျံသန်း ရပ်နားခွင့်ကို သမ္မတဦးသိန်းစိန် က ခွင့်ပြုလိုက်ကြောင်း သိရသည်။ စက်တင်ဘာ ၅ ရက်က ပြုလုပ်သော သမ္မတဦးသိန်းစိန်နှင့် ဆွစ်ဇာလန်သမ္မတ Burkhalter တို့ နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆွစ်ဇာလန်နိုင်ငံ၌ တွေ့ဆုံစဉ် ဆွစ်ဇာလန် သမ္မတ၏ တောင်းဆိုမှုအား သမ္မတဦးသိန်းစိန်...

သမ္မတ ဦးသိန်းစိန် ၂၀၁၅ မှာ အရွေးမခံတော့ဖို့ မန္တလေးမှာ ဆန္ဒပြ (ရုပ်/သံ)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ဥရောပ ခရီးစဉ်အတွင်းမှာ တိုင်းပြည်အခြေအနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ်မူတည်ပြီး ၂၀၁၅ ခုနှစ်မှာ သမ္မတအဖြစ် ရွေးကောက်ခံဖို့ ဆုံးဖြတ်မယ်လို့ ပြောကြားခဲ့တာကို ကန့်ကွက်ကြောင်း ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လှုပ်ရှားမှု MDCF အဖွဲ့ဝင်တွေက ဒီနေ့ မန္တလေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတအနေနဲ့  လက်ရှိတာဝန်ယူထားတဲ့ကာလမှာ ပြည်သူတွေရင်ဆိုင်နေရတဲ့ စားဝတ်နေရေး...

ဓမ္မစေတီ ခေါင်းလောင်း ရန်ကုန်မြစ်ထဲ မရှိကြောင်း သမိုင်းသုတေသီတွေပြော (ရုပ်/သံ)

ဓမ္မစေတီ ခေါင်းလောင်းကြီး ရန်ကုန်မြစ်ထဲ မရှိဘူးလို့ သမိုင်းပညာရှင်တွေနဲ့ သမိုင်းသုတေသီတွေက ထုတ်ဖေါ် ပြောဆိုလိုက်ပါတယ်။   DVB TV...

မအိုဆေး...

အရက်ကို မအိုဆေးဟူ၍ သုံးနှုန်းပြီး ရေးထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ဖတ်ဖူးပါသည်။ ရုတ်တရက် ဘယ်လိုပါလိမ့်ဆိုပြီး နားမလည်သလို ဖြစ်သွားပါသည်။ ဆုံးအောင် ဖတ်လိုက်မှပဲ သဘောပေါက် သွားပါသည်။ ဆိုလိုတာကတော့ အရက်ကို စွဲစွဲမြဲမြဲသောက်တဲ့ သူဟာ မအိုလိုက်ရဘဲ ငယ်ငယ်ရွယ်ရွယ်နဲ့ သေရလို့ အရက်ကို မအိုဆေးလို့ တင်စားခေါ်တာ ဖြစ်လေသည်။ အရက် အလွန်အကျွံ သောက်ပြီး တွေ့ရာအိပ်လို့ လေဖြတ်သွား တာတွေ၊...

အနုပညာ လမ်းမပေါ်ရောက် ခင်ဝင့်ဝါရဲ့ စိတ်ခံစားချက်

    (ရန်ကုန်၊ စက်တင်ဘာ ၈ ) အနုပညာ လမ်းပေါ် စပြီးရောက်တုန်း က ကိုယ်ပိုင် အချိန်တွေ ဆုံးရှုံးတာ ရှိသလို စိတ်မှာ တစ်မျိုးကြီး ခံစားခဲ့ ရကြောင်း ခင်ဝင့် ဝါက ပြောသည်။ ”Miss တစ်ယောက် ဖြစ်တယ်။ အခု အနုပညာတွေ လည်းလုပ်တယ်။ ဒီလောက မှာ ကိုယ်က တဖြည်းဖြည်း သင်ယူပြီး အသား ကျလာပါပြီ။ အခု ဇာတ်ကားတွေ ရိုက်ကူး ရတာရော၊ ပရဟိတ အလုပ်မှာရော တောက် လျှောက်လုပ် လာတဲ့အခါမှာ...

11 Sept 2014

ဖုန်း...ဖုန်း...ဖုန်း...တယ်လီဖုန်း

  တယ်လီဖုန်းဆိုတဲ့ အရာကို အလက်ဇန်းဒါး ဂရေဟမ်ဘဲလ် ဆိုတဲ့သူက စပြီးတီတွင်ခဲ့တယ်။ သူရဲ့နောက်ပိုင်း အခုခေတ် အထိ ဖုန်းကို အမျိုးမျိုးတီထွင် ပြောင်းလဲတိုးတက် လာလိုက် တာ အခုဆို ဖုန်းကနေပြီး အသံတင်မဟုတ် အနံ့တောင် ပို့လွတ်လို့ ရနေပြီဆိုပဲ။ ကျွန်တော့် အနေနဲ့တော့ ဖုန်းဆိုတာကို စစချင်းသိဖူးတာက ငါးနှစ်သားလောက်မှာ အဖေက ပြည်ပရောက်နေတော့ အဖေကို ဆက်သွယ်ဖို့၊ စကားပြောဖို့ ဘေးအိမ်...