26 Nov 2014

ကင်မရွှန်ဟိုက်လန်းတွင် အမှန်တကယ် လိုအပ်သော လုပ်သားများကို ပါမစ်ပေးမည်


မလေးရှား (TANAH RATA)
သတင်း (25.11.2014)


မလေးရှားနိုင်ငံ ကင်မရွန်းဟိုက်လန်းဒေသရှိ တရားမဝင် နေထိုင်သူ အလုပ်သမားများထဲမှ စိုက်ပျိုးရေးလုပ်ငန်းအတွက် အမှန်တကယ် လိုအပ်သော လုပ်သားများကို ပါမစ်ပေးမည့်အကြောင်း ယနေ့ထုတ် သတင်းစာများတွင်ဖော်ပြထားသည်။


ယခုရက်သတ္တပတ်အတွင်း ရက်ဆက် ပြုလုပ်နေသော တရားမဝင် အလုပ်သမားပပြောက်ရေးစီမံချက်အတွင်း ကင်မရွှန်ဟိုက်လန်းဒေသ ၏ စိုက်ပျိုးရေးလုပ်ငန်းများ မထိခိုက်စေရန်အတွက် အလုပ်ရှင်မှထောက်ခံသော တရားမဝင်လုပ်သားများကို ၂ လအတွင်းအပြီးပါမစ်ထုတ်ပေးသွားရန်စီစဉ်မည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည် ။


လူ့အရင်းအမြစ်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအဖွဲ့မှ စိုက်ပျိုးရေးလုပ်ငန်းများအား ကွင်းဆင်းလေ့လာကာပိုင်ရှင် တောင်ယာသမားများနှင့်တွေ့ဆုံးပြီး
ဝန်ကြီး Datuk Seri G. Palanivel မှပြောကြားခဲ့သည်။



ထို့အတွက် ပြည်ထဲရေးဝန်ကြီး Tan Sri Muhyiddin Yassin မှ လိုအပ်ရင် ပါမစ်ကအစ အလုပ်လုပ်နိုင်တဲ့ အထောက်အထားကိုထုတ်ပေးမည်ဟု
အတည်ပြုပြောကြားသွားခဲ့သည် ။



ထို့အတွက် တရားမဝင်ဖြစ်နေသော ကင်မရွန်ဟိုက်လန်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများသည်လည်း မိမိတို့ လုပ်ငန်းရှင်များ၏ ထောက်ခံချက်ရပါက ပါမစ်လျှောက်ထားနိုင်ပြီး ၂ လအတွင်းပြုလုပ်ပေးမည့်အထူးအစီအစဉ်ဖြင့်ပါမစ်ရရနိုင်မည်ဖြစ်သည်။


ထို့အတူ စိုက်ပျိုးရေးလုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့တရားမဝင်ဖြစ်နေသော လုပ်သားများ၊ စိုက်ခင်းများကို ယခုအခွင့်အရေးအတွင်း မှတ်ပုံတင်ကာ တရားဝင်အဖြစ်ပြောင်းလဲသွားရန် ကြော်ငြာအသိပေးထားပြီးဖြစ်ကြောင်း နှင့်လိုအပ်ပါက တရားဝင်လုပ်ကိုင်ခွင့် ယာယီလိုင်စင်များကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်သတင်းစာများတွင်တရားဝင်ကြော်ငြာသွားခဲ့သည် ။


ထူးခြား ဆက်စမ် သတင်းများရှိပါကလည်း အချိန်မှီ ဆက်လက်တင်ဆက်ပေးပါမည် ။


မလေးရှားရောက်မြန်မာများ Facebook Official Page

www.facebook.com/mmrinmy
Ref : Thestar Online , Nst , Bernama

0 comments:

Post a Comment