17 Feb 2015

IS တို့ကိုတိုက်ခိုက်ရန် ဘာရိန်းစစ်လေယာဉ်များကို ဂျော်ဒန်သို့ပို့



ဒူဘိုင်း၊ ဖေဖော်ဝါရီ ၁၆

ဘာရိန်းနိုင်ငံက ဂျော်ဒန်နိုင်ငံ သို့ ၄င်း၏စစ်တပ်လေယာဉ်များကို ဂျော်ဒန်နိုင်ငံသို့ ရွှေ့ပြောင်းချထား လိုက်ကြောင်း နိုင်ငံပိုင် BMA သ တင်းက ဖော်ပြခဲ့သည်။

ဆီးရီးယား နှင့် အီရတ်မှ အစ္စလာမ္မစ်ဂျီဟတ်များ ကိုတိုက်ခိုက်ရန် ပင်လယ်ကွေ့နိုင်ငံ များမှ ဒုတိယမြောက်ဂျော်ဒန်သို့ လေ ယာဉ်ပေးပို့ခဲ့သည့် နိုင်ငံဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

ဂျော်ဒန်ပိုင်းလော့ မို့ဇ်အယ်လ် ကက်ဆက်ဘားအား စစ်သွေးကြွများ က သတ်ဖြတ်ခဲ့ပြီးနောက် IS တို့အား လေကြောင်းတိုက်ခိုက်မှုအား ဂျော်ဒန် နိုင်ငံက ဦးစီးလုပ်ဆောင်လာခဲ့သည်။

ဘာရိန်းတော်ဝင်လေတပ်ယာဉ် များသည် ဟာရှီမိုက်မင်းဆက် ဂျော်ဒန် ၌ စခန်းချခဲ့ကြသည်။ နိုင်ငံတကာ ၏ အကြမ်းဖက်ဝါဒနှိမ်နင်းရေး၌ ပါ ဝင်ခြင်းဖြစ်ကြောင်း BNA သတင်း က ဆိုသည်။ လေယာဉ်စင်းရေနှင့် လေယာဉ်အမျိုးအစားများကိုမူ ဖော် ပြခြင်းမရှိခဲ့ဟု ဆိုသည်။

လွန်ခဲ့သောလပတ်က ယူအေ အီးနိုင်ငံက E-16 ဂျက်တိုက်လေ ယာဉ်အုပ်စုတစ်စုကို ဂျော်ဒန်နိုင်ငံ သို့ ပေးပို့ခဲ့သည်။ ဂျော်ဒန်နိုင်ငံနှင့် အတူ IS တို့အား လေကြောင်းတိုက် ခိုက်သွားရန် ဖြစ်သည်။

ယူအေအီးမှာ အမေရိကန်ဦး ဆောင်သည့် IS လေကြောင်းတိုက် ခိုက်ရေး၌ ပါဝင်ခဲ့သော်လည်း ရပ် ဆိုင်းထားခဲ့သည်။ သို့ရာတွင် ဂျော် ဒန်ပိုင်းလော့ ပစ်ချခံရပြီးနောက် ရှာ ဖွေရေးနှင့် ကယ်ဆယ်ရေးများကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက သူ၏ပိုင်းလော့အသတ်ခံရပြီးနောက် သူ၏တပ်မှူးများအား IS တို့အား တိုးမြှင့်တိုက်ခိုက်မှုကို အမေရိကန်ဦး ဆောင်သည့် မဟာမိတ်လေကြောင်း တိုက်ခိုက်ရေးနှင့်အတူ လုပ်ဆောင် သွားရန် အမိန့်ပေးခဲ့သည်။

Reuters

#Democracytoday

0 comments:

Post a Comment