8 Nov 2011
အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ် ( ကိုရီးယား )
နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်…
တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံ့ သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ 
ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်…
တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်းအကြားကရေပြင်မှာ အရှည်
၂.၈ ကီလိုမီတာ ( ၁.၇ မိုင်ခန့် ) နဲ့ အကျယ် ၄၀ မီတာ ( ၁၃၁ ပေ ခန့်  ) ရှိတဲ့ မြေပြင်ပေါ်လာပြီး လူ
တွေဖြတ်သွားလို့ ရအောင် တစ်နာရီလောက်ကြာအောင် ဖြစ်နေတတ်ပါတယ်…
လောကကြီးဟာဆန်းကျယ်လှပါတယ်…
ထိုသဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ့ ကျင်းပကြပြီး
ကမ္ဘာတစ်ဝှမ်းကလာရောက်ကြ သူတွေလည်းနှစ်စဉ်ပါဝင်လေ့ ရှိကြပါတယ်…
ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ မသိရှိကြသေးပါဘူး….၎င်းနှစ်မှာပြင်
သစ်ပြည်က သံ
တမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး
နောက်ထိုအကြောင်းကို ပြင်သစ်သတင်းစာမှာရေးသားခဲ့ ပြီးနောက်မှ ကမ္ဘာကသိရှိသွားခဲ့ တာဖြစ်ပါတယ်…
ကမ္ဘာ္ဘ့ တစ်ခြားဘယ်နေရာမှာမှ ဒီလိုမရှိပါ….
ထိုဖြစ်ရပ်ဆန်းကြယ်ရဲ့ သမိုင်းကတော့ ဒီလိုပါ…
တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ ရပါတယ်…
ရွာသားတွေအားလုံးဟာ အနီးအနားက မိုဒိုကျွန်းကိုထွက်ပြေးခိုလုံနိုင်ခဲ့ ကြပေမယ့် 
အသက်အရွယ်ကြီးရင့် သူ အဘွားအိုတစ်ဦးကတော့ ကူညီမယ့် သူမရှိလို့ 
နောက်မှာကျန်နေခဲ့ ရရှာပါတယ်…
စိတ်ပျက်အားငယ်စွာနဲ့ သူမဟာ
ပင်လယ်စောင့် နတ်မင်းကိုတိုင်တည်ရှိခိုးဆုတောင်းခဲ့ ရာမှာ၊
နတ်မင်းကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဘေးကနေ
လွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့ တယ်လို့ ဆိုပါတယ်…
အဲဒီကနေစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ
ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင်လျော့ နည်းပေးခဲ့ ရတယ်လို့ ဆိုပါတယ်…
ကြုံတောင့် ကြုံခဲမို့ လာရောက်ဆင်နွှဲကြပါတယ်…
ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ့ မှာဖြစ်ပေါ်လေ့ ရှိပါတယ်…
ကိုရီးယားတွေကတော့ နှစ်စဉ် မတ်၊မေ နဲ့ ဂျူလိုင် လတွေမှာ ပွဲတော်ကိုကျင်းပကြပါတယ်…
အခုတော့ ပိုမိုများပြားလာတဲ့ ဧည့် သည်တွေကြောင့် 
ပွဲတော်ကို ဧပြီ လမှာလည်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်…
အင်ဒိုနီးရှား ရိုးရာ ဖက်ရှင် ဒီဇိုင်းများ
မိန်းမချောလေးရဲ့ ရင်သပ်ရှုမောဖွယ်ပြကွက်ဆန်း...
သူငယ်ချင်းတို့ရေ၊ ကောင်းသောနေ့လေးပါနော်၊ ထိုင်းနိုင်ငံက မိန်းမချောလေး တွင်ဂျိုင်ပင်ဆန် ရဲ့ ရင်သတ်ရှုမောဖွယ် ပြကွက်ဆန်းလေးကို ကြည့်ကြရအောင်နော်....
© CATERS NEWS AGENCY LTD
ဖြးဖြေးချင်းဟပါ Snappy ရာ...
   Gently does it: Tueanjhai Pimsan manages to get her crocodile friend 'snappy' to open his powerful jaws
"အား...!!!!" လို့ အော်မိမှာတော့  အသေအချာပါပဲ.... မြင်ကွင်းကတော့ မိန်းမလှလေးတစ်ယောက် တောရိုင်းတိရိစ္ဆာန် မိကျောင်းကြီး တစ်ကောင်နဲ့ အသက်ကိုရင်းပြီး အလောင်းအစား လုပ်နေတဲ့ အသည်းယားစရာ အခိုက်အတန့်  ပြကွက်တစ်ခုပဲဖြစ်ပါတယ်၊ အသက် (၂၇)နှစ်အရွယ်ရှိ လှပျိုဖြူလေးကတော့ အချိုသာဆုံးအပြုံးနဲ့  သာမန်လူတစ်ယောက် တွေးပင်မတွေးဝံ့ လောက်တဲံ့ လုပ်ရပ်အဖြစ် သေမင်းတမန် မိကျောင်းကြီးရဲ့ ပါးစပ်အတွင်းသို့ သူမရဲ့ ဦးခေါင်းကို ထည့်ပြနေတာပဲဖြစ်ပါတယ်၊ သစ်သားအပိုင်းအစလေး တစ်ခုကို အသုံးပြုကာ ထိုင်းမလေး တွင်ဂျိုင်ပင်ဆန် ဟာ မိကျောင်းကြီးရဲ့ ပါးစပ်ကို ဟခိုင်းပြီး သူမရဲ့ ဦးခေါင်းကို မိချောင်းကြီးရဲ့ ပါးစပ်အတွင်း စက္ကန့် ၃၀ ကြာမျှထားပြ ခဲ့ ပါတယ်။
© CATERS NEWS AGENCY LTD
တစ်ကနေ သုံးဆယ်အထိ ရေတွက်ထားနော်...
မတွေးရဲစရာပါပဲ...အခုနေများ မိကျောင်းကြီးနှာချေလိုက်ယင်....
          သူမနဲ့  ရေသတ္တ၀ါတို့ရဲ့ဘုရင် မိကျောင်းကြီးတို့ အကြား နားလည် ယုံကြည်စိတ်ချမှုကြောင့်  Snappy လို့  တိစ္ဆာန်ရုံ ၀န်ထမ်းများက ချစ်စနိုးခေါ်ကြတဲ့  မိကျောင်းကြီးရဲ့  ပါးစပ်ထဲကနေ မိန်းမလှလေးတွင်ဂျိုင် ဟာ အံ့သြစရာ ကောင်းလောက် အောင်ပင် ဘေးမသီ ရန်မခ၊ အထိအခိုက်မရှိ  ပြန်ထွက်ပြနိုင်ခဲ့ ပါတယ်၊  အဆိုပါ မိကျောင်းနဲ့ လှပျိုဖြူလေးတို့ ဟာ မယုံကြည်နိုင်ဖွယ်ရာ ပြကွက်ကို တစ်ပတ်လျှင် နှစ်ကြိမ်မျှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အနီးရှိ ဆရီရာချာ တိရိစ္ဆာန်ရုံမှာ တင်ဆက်ပြသလျှက်ရှိနေပါတယ်။
           ထိုင်းနိုင်ငံမှာ နေထိုင်လျှက်ရှိတဲ့ အသက် (၅၀)အရွယ်ရှိ ဓါတ်ပုံဆရာ တိုနီဟန်းစ်ကုမ့် ဘ် ဟာ အဆိုပါ မိကျောင်းနဲ့ လှယမင်းတို့ရဲ့ အံ့ ဖွယ်ရာ ပြကွက်ကို မှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့ တာဖြစ်ပါတယ်၊ "ကျွန်တော့် ဖြင့် တစ်ခါမှ ဒီလိုမျိုး မမြင်ဘူးခဲ့လို့ ပထမဦးဆုံးအကြိမ် စတွေ့ လိုက်ရတော့ အကြီးအကျယ်ကို အံ့ သြတုန်လှုပ်သွားခဲ့ ရပါတယ်၊ မိန်းကလေး တွင်ဂျိုင် နဲ့ ကြောက်စရာ မိကျောင်းကြီးတို့ အခုလို ဘာမှမဖြစ်ပဲ သရုပ်ဆောင်ပြနိုင်တာကိုက တစ်ကယ့် ကို မယုံကြည်နိုင်လောက်စရာ ကောင်းလှပါတယ်" လို့ သူကထပ်ပြောပြခဲ့ ပါတယ်။
Sky
မြွေဟောက်မျှော်စင်
ကူဝိတ်နိုင်ငံမှာရှိတဲ့ မြွေဟောက်မျှော်စင်ဖြစ်ပါတယ်.........ကြီးမားပြီး.....အံ့သြစရာဖြစ်ပါတယ်.....
အားလုံးကိုလေးစားချစ်ခင်လျက်
ကိုရင်ကျော်