28 Jan 2012

အနုပညာလက်ရာမြောက် ပင်လယ်ကမ်းခြေ ပန်းပုများ



Extreme Sand Sculpting! 



(Melbourne, Australia - love these skyscrapers in the background - perhaps also "sand castles" of some sort...)

There are many fantastic sand art showcases / competitions around the world: held in China, Spain, Brazil, Canada (the ultimate "Tournament of Champions" in Harrison Hot Springs, British Colombia), Florida, Oregon, Texas, Virginia... featuring such undisputed masters like Amazin Walter, Rich Varano (The Sultan of Sand), William Lloyd, Carl Jarra and Suzzane Altamare compete alongside artists from all over the world.

Perhaps the most sophisticated fairy tale sculpture in recent memory

Too bad they are made out of sand, and so will be impossible to preserve, other than in pictures. The traditional fantasy themes - sand castles, dragons, maidens and other fairy tale details - are brought to life so lovingly and with such abundance of detail that it simply transcends the genre:




(images credit: Amazin Walter)

This is how it's done... slowly and with feeling (imagine sculpting every single scale on that dragon) -


William Lloyd works on the baby dragon

"The Princess Power" by Rich Varano:


(images credit: Amazin Walter)

Get eaten up by the dragon:




(image credit: Amazin Walter)

Psychedelic Swirls:


(sculpture by Carl Jara and Suzzane Altamare, image credit: Amazin Walter)

Time Mirror: on the left is "looking into the past", on the right - "looking into the future"-




A life of the mundane, rendered in sand

Bedroom Scene (a little abrasive relationship... ok, I will stop my puns here)



Get yourself a couch to sleep on in the worst case -



A perfect family to inhabit all this sand real estate -




(image credit: sandwizard)

Sand people need to go to the sand outhouses to do their sand business... "Occupied!" -


(image credit: Amazin Walter)

I hope this sand figure is not nude:



Nostalgia for winter... Blasphemy! -



If he tries to show accurate time, he'll be here sculpting all night:




Pushing the borders into surrealism

"The Church, The Steeple and all the People" by John Gowdy and Michael Velling:


(images credit: Amazin Walter)

This is perhaps a commentary on the urban sprawl:


(image credit: Amazin Walter)

The weirdness never ends... -



The images above & below are from the sand art shows in Japan, and in Durham, NC, USA.




Sand sculptures in Lommel, Belgium:


(image credit: Tine Verheyden)

Something gruesome happened here:


(image credit: Amazin Walter)

"The End of the Knight" tells an equally sad story:


(image credit: Amazin Walter)

Horror is a common theme (work of Dan Doubleday and Meredith Corson) -


(image credit: Dan Doubleday and Meredith Corson)


(image credit: Tine Verheyden)





The Squids! The Squids! Give us the squids -


(image credit: wired)



"The Arms Race" -








(images credit: rense.com)

"Goaaaal!" by Gianni Schimarini - via:



Trust Chinese to make creepy sand sculptures for the sake of propaganda (more info) -



But this one is much better:


(sculpture by Edith Van de Watering "Nederland")

Even if you don't possess sculpting skills you can still impress the beach crowd. There is definitely "more than meets the eye" here -


(sent in by Angeline Stewart)

Who's worshiping what? -



Well, of course, the problem with even the mightiest of sand sculptures... there are going to be blown in the wind... smothered by waves... no trace will be left of them...

"The dust you are, to dust you will return!" -


(image credit: Devrim Gür)

21 Jan 2012

6P အစီအစဉ်သည် အမြဲတမ်းနေထိုင် အလုပ်လုပ်ခွင့်မဟုတ်



http://www.freemalaysiatoday.com/2011/12/30/minister-6p-not-a-free-ride/

မလေးရှား လူ့စွမ်းအား အရင်းအမြစ်ဌာနမှ Dr S Subramaniam က တရားမ၀င် အလုပ်သမားများအား မှတ်ပုံတင်ခြင်း သည် နိုင်ငံအတွင်းအကန့်အသတ်မရှိ နေထိုင်စေရန် ခွင့်ပြုခြင်းမဟုတ်ဘဲ၊ အလုပ်ရှင်များ အနေဖြင့် မိမိတို့လုပ်ငန်းတွင် မှတ်ပုံတင်ထားသော အလုပ်သမားများကို ၂ နှစ်အတွင်း ယင်းတို့နေရပ်နိုင်ငံသို့ပြန်ပို့ရန် စီစဉ်ရန်လိုကြောင်း ပြောပါသည်။

မကြာသေးခင်က Amnesty အစီအစဉ်တွင် မှတ်ပုံတင်ခဲ့ကြသော တရားမ၀င် နိုင်ငံခြားသားများ အတွက် မှတ်ပုံတင် ခြင်းသည် ယာယီ သာဖြစ်ကြောင်း၊ မလေးရှားတွင် အချိန်ကြာမြင့်စွာ အလုပ်လုပ်ခွင့် ပြုခြင်းမဟုတ်ကြောင်း၊ ခေတ္တယာယီ နေထိုင်ခွင့် သာဖြစ်ကြောင်း ယင်းကပြောသည်။ မလေးရှားအစိုးရ၏ ရည်ရွယ်ချက်မှာ နိုင်ငံအတွင်း နိုင်ငံခြားသားအလုပ်သမားများကို တတ်နိုင်သမျှလျှော့ချရန်နှင့်၊ ယခုလက်ရှိမှတ်ပုံတင်ထားသော တရားမ၀င် နိုင်ငံခြားသားများကို ၂ နှစ်အတွင်း နိုင်ငံပြန်ပို့ရန်ဖြစ်သည်ဟု ပြောပါသည်။ ဤကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ သိရှိပြီး၊ ပြင်ဆင်ထားရန်လိုကြောင်းကိုလည်း ပြောပါသည်။

၂ နှစ်ပြည့်သည် အချိန်တွင်း မှတ်ပုံတင်ထားသော တရားမ၀င်သူအားလုံးကို နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ပြောပါသည်။ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် မရသောသူများကို ၂ နှစ်ပြည့်လျှင် နိုင်ငံကို ပြန်ပို့မည် ဖြစ်သည်။ ထို့အပြင် လုပ်ငန်းရှင်များသည် မိမိတို့လုပ်ငန်းတွင် မလေးရှားနိုင်ငံသားများကို အစားထိုးခန့်အပ်ရေးအတွက် ပြင်ဆင် ထားကြရမည်။ သို့မှသာ မလေးရှားနိုင်ငံသည် နိုင်ငံခြားသား အလုပ်သမားများအပေါ် မှီခိုနေရမှုများမှ ကင်းလွတ်မည်ဟု ယင်းက ဖြည့်စွက်ပြောပါသည်။

ပြည်ထဲရေးဌာန အထွေထွေ အတွင်းရေးမှူးချုပ် Mahmood Adam က ၆P တွင် နောက်ထပ်အလုပ်အကိုင် အသစ်အမျိုး ၁၀ မျိုးကို ထည့်သွင်းမည်ဖြစ်ကြောင်း ကြေငြာခဲ့သည်။

Subramaniam က ဆက်၍ပြောသည်မှာ ၆P တွင်မှတ်ပုံတင်ထားသူ စုစုပေါင်း ၁.၃ သန်းတွင် ၃၀၀,၀၀၀ မှ ၄၀၀,၀၀၀ ထိသာ နေထိုင်အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။ သို့သော် ဗီဇာ သက်တမ်းကုန်သည့်အချိန်တွင် ယင်းတို့ကို နေရပ်နိုင်ငံသို့ပြန်ပို့မည် ဖြစ်သည်ကို အလုပ်ရှင်နှင့် အလုပ်သမားတို့ သိရှိထား ရမည်ဟု သတိပေးထားပါသည်။ မလေးရှားအစိုးအတွက် နိုင်ငံခြားသားအလုပ်သမား များ ထိန်းချုပ်ရေးသည် လက်ရှိအချိန်တွင် အလွန်ခက်ခဲနေသည် အတွက် ယခုကိစ္စကို အပြင်းထန်ဆုံး စိန်ခေါ်မှုတစ်ခုအနေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောပါသည်။ သို့သော်လည်း တိုင်းပြည်အတွက် အရေးထားရသော စိုက်ပျိုးရေးနှင့် စက်ရုံများတွင် နိုင်ငံခြားသား အလုပ်သမားများ ထားရှိမှုကို ဆက်လက် ခွင့်ပြုမည်ဖြစ်ကြောင်း ပြောပါသည်။

မလေးရှားအစိုးရအစီအစဉ် အရ 6P မှတ်ပုံတင်ပြီးလျှင် ပါမစ်ပြုလုပ်ခြင်း၊ စသည့် ကိစ္စများအတွက် စီစဉ်ရမည်ဖြစ်ပြီး၊ နောက်ထပ်တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ခြင်းကို ၂၀၁၂ ဇန်န၀ါရီ ၁၅ ရက်နေ့ထိရပ်ဆိုင်းထားမည်ဖြစ်ပါသည်။ လ၀ကဌာနများတွင် အချိန်ကြန့်ကြာမှုများ၊ အဆင်မပြေမှုများမှာ မှတ်ပုံတင်သူများပြားခြင်း နှင့် မှတ်ပုံတင်သည့်ဌာနနည်းခြင်းကြောင့် ဖြစ်သည်ဟု Subramaniam ကပြောပါသည်။ ဒုတိယ၀န်ကြီး ကလည်းယခု အစီအစဉ်ကို အဆင်ပြေချောမွေ့အောင် အမြန်ဆုံးဆောင်ရွက်ရန် ပြောဆိုထားပါသည်။ ပြည်ထဲရေး ဌာနမှ လည်း နောက်ထပ် ၂၄ နာရီလုံး မှတ်ပုံတင်နိုင်မည့် စင်တာများကို ဖွင့်လှစ်သွားရန်စီစဉ်ထားသည် ဟုသိရပါသည်။

၂၀၁၁ ဇွန်လတွင် အကောင်ထည်ဖော်ခဲ့သော 6P အစီအစဉ်အရ တရားမ၀င်နိုင်ငံခြားသားများ မှတ်ပုံတင်ရန် သို့မဟုတ် အပြစ်ပေးခြင်းမရှိဘဲ ပြည်နှင်ဒဏ်ပေးရန်ဟုပါရှိပါသည်။ 6P = Registration, Legalization, Amnesty, Monitoring, Enforcement and Deportation

သြဂုတ်လ ၃၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး Hishammuddin Hussein ၏ကြေငြာချက်အရ တရားဝင် အလုပ်သမား ၁,၀၁၆,၉၀၈ ယောက် နှင့် တရားမ၀င်အလုပ်သမား ၁,၃၀၃,၁၂၆ တို့သည် ၆P တွင်မှတ်ပုံတင်ပြီးကြောင်း၊ ဒုတိယအဆင့် Legalization ကို အောက်တိုဘာလတွင် စတင်ခဲ့သည်။ ဤအစီအစဉ်နှင့် ပတ်သက်၍ ကန့်ကွက်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်းပြောပါသည်။

မလေးရှားအစိုးရသည် နိုင်ငံခြားသား အလုပ်သမားများနှင့် ပတ်သက်၍ ထိန်းချုပ်ရန်ကြိုးစားခဲ့သည်မှာ နှစ်များစွာကြာမြင့်ခဲ့ပါပြီး။

6P ၏မသေချာမရေရာသောလုပ်ငန်းစဉ်များ

http://www.freemalaysiatoday.com/2011/12/23/6p-fiasco-which-ministry-is-in-charge/

ပြည်ထဲရေး ၀န်ကြီးဌာနသည် လူစွမ်းအား အရင်းဝန်ကြီးဌာနမှ လက်ခံပြုမူသည့် အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက် မည်ဟုဆုံးဖြတ်လိုက်ခြင်း။ 6P မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ယခုလက်ရှိ အခြေအနေတွင် နောက်ထပ်ရှုပ်ထွေးမှုများ ဆက်လက် ဖြစ်ပေါ်လျက်ရှိပါသည်။

ပြည်ထဲရေး ၀န်ကြီးဌာနသည် ယင်းတို့လက်ရှိ ကိုင်တွယ်နေသော 6P မှတ်ပုံတင်ခြင်းကဏ္ဍကို နောက်ထပ်ဝန်ကြီးဌာန တစ်ခုဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ အသိအမှတ်ပြု ထောက်ခံစာမပါဘဲ ဆက်လက် လုပ်ကိုင် နေခြင်းကြောင့် ဖြစ်သည်။ ဒုတိယအဆင့် ဖြစ်သည့် Legalization တွင်အသိအမှတ်ပြုမှုရရှိရေးအတွက် ထိုသူသည် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီးဌာန (Human Resources Ministery) ၏ အသိအမှတ်ပြုလက်မှတ်ရှိမှရမည် ဟူသည့်ကန့်သတ်ချက်ဖြစ်သည်။

သို့သော် မကြာသေးခင်က ထွက်ပေါ်လာသည့် မှတ်ချက်ဖြစ်သည့် (Sijil JobsMalaysia (JCS) bagi proses pemutihan dikecualikan = The Jobs Malaysia certificate for the amnesty process is no longer required) ဟုပေါ်ထွက်လာသည့်အတွက် အလွန်ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာခဲ့သည်။

ထိုကန့်သတ်ချက်ကြောင့် 6P ပွဲစားများ အလွန်အခက်ခဲတွေ့ခဲ့ကြရပြီး၊ ယခင်က ဆိုလျှင်အလုပ်သမားတစ်ဦးသည် လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာန တစ်ခုတည်းနှင့်သာ ဆက်ဆံဆောင်ရွက်ရပြီး၊ ထိုဌာန၏ အသိအမှတ်ပြုလက်မှတ် ရသည်နှင့် တရားဝင်ပြီးဖြစ်ပါသည်။

ယခုကိစ္စတွင် နောက်ထပ်ဝန်ကြီးဌာန တစ်ခုဝင်လာသည့် ပြည်ထဲရေး၏ စီစဉ်ဆောင်ရွက်ထားမှုများ မည်သို့မည်ပုံ ဆက်၍ ဖြစ်မည်ကို လ၀က အရာရှိများပင် အဖြေမပေးနိုင်ကြပါ။

ပြည်ထဲရေး ၀န်ကြီးဌာနသည် အခြားဌာနတစ်ခု၏ လုပ်ငန်းစဉ်များကို အဘယ်ကြောင့် ကျော်ဖြတ် လုပ်ကိုင်နေပါသနည်း။ အခြားဝန်ကြီးဌာနသို့လွှဲပြောင်းရသနည်း။ ဤကိစ္စသည် ဌာနအကြား ပဋိပက္ခဖြစ်နိုင်စရာ များရှိလာမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တာဝန်ဝတ္တရားကိုဝင်ရောက်ယူသောကြောင့်ဖြစ်ပါသည်။

6P နှင့် ပတ်သက်၍ သေချာရေရာသည် အစီအစဉ်များ စနစ်တကျမရှိခြင်း၊ အစီအစဉ်များ အမျိုးမျိုး ပြောင်းလဲနေခြင်းသည် ငွေကြေးတောင်းခံ၍ အလွဲသုံးစားလုပ်စားမှုများ ပေါ်ထွက်လာစေပါသည်။ လူစွမ်းအားအရင်းအမြစ်ဌာနသည် တိုင်းပြည်အတွင်းရှိ လူ့စွမ်းအားနှင့်သက်ဆိုင်သော်လည်း၊ နိုင်ငံခြားသား အလုပ်သမားအရေးနှင့် ပတ်သက်၍ မည်သို့မှ မသက်ဆိုင်ဟု အေဂျင်စီတစ်ခုမှ ပြောပါသည်။ တိုင်းပြည်အတွင်း နိုင်ငံခြားသား အလုပ်သမားအရေအတွက်သည် ပင်ထိုဌာန၌ မရှိကြောင်းဆက်၍ ပြောပါသည်။

မည်သည့်ဌာနသည် တိုင်းပြည်၏ အလုပ်သမား အင်အားကို ထိန်းချုပ်စီမံမည်နည်း။ ပြည်ထဲရေးဝန်ကြီးဌာနလား၊ လူ့စွမ်းအားအရင်းအမြစ် ၀န်ကြီးဌာနလား။

အလုပ်သမားများစွာတို့မှာ ယင်းတို့လက်ရှိလုပ်ကိုင်နေသော အလုပ်များသည် သတ်မှတ်ထားသော အလုပ်အမျိုးအစားထဲတွင်မပါဝင် ၍ အသိအမှတ်ခံရမည်မဟုတ်ကြောင်းလည်း သတင်းထွက်လျက်ရှိပါသည်။ သတင်းများ၊ အစီအစဉ်များသည် လုံးဝ မသေချာ မရေရာကြောင်း ၆P ကိုယ်စားလှယ်တစ်ဦးမှ ပြောပါသည်။ ပြည်ထဲရေးကလည်း အတည်ပြုဆုံးဖြတ်ချက်ကို မပေးနိုင်ပေ။

အလုပ်သမား ၀န်ကြီးဌာနမှ Sheikh Yahya Sheikh Mohammed ကဤ ကိစ္စနှင့် ပတ်သက်၍ ယင်းတို့ဌာနမှ မည်သည်မှ မသိရှိရသေးကြောင်းပြောပါသည်။

ကျနော်တို့သည် ဤကိစ္စနှင့်ပတ်သက်၍ မည်သို့မှ မသိရှိရသေးပါ။ ယခုလိုဆုံးဖြတ်မှုမျိုးပြုလုပ်ရန် ကျနော်တို့ဌာနနှင့် တင်ကြိုဆွေးနွေးမှုများလုပ်သင့်ကြောင်း လူ့စွမ်းအားအရင်းအမြစ်ဌာနမှ ပြောပါသည်။ အဘယ်ကြောင့် ပြည်ထဲရေးဌာနသည် ကျနော်တို့ပါဝင်ရမည့် လုပ်ငန်းစဉ်ကို မလိုအပ်ဟု ကျော်ဖြတ်သည် ကို သိရှိအောင်လုပ်ရမည် ဖြစ်ကြောင်း ပြောပါသည်။

ယခုအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Mahmood Adam က “လူ့စွမ်းအားအရင်းအမြစ် ဌာန၏ အသိအမှတ်ပြုမှု မလိုအပ်ဆိုသော ထုတ်ပြန်ချက်မှာ မမှန်ကန်ကြောင်း” Free Malaysia Today သို့ပြောပါသည်။ ရှုပ်ယှက်ခတ်နေပါပီး။

6P သည်ပြည်ထဲရေး ၀န်ကြီးဌာနမှ ချမှတ်သော တိုင်းပြည်အတွင်း တရားဝင်နှင့် တရားမ၀င်နိုင်ငံခြားသား အလုပ်သမား များကို မှတ်ပုံတင်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။ ထိုအစီအစဉ် ကို စီစဉ်ရခြင်းမှာ လူကုန်ကူးမှု ကာကွယ်ရေး၊ နယ်စပ်ရာဇ၀တ်မှု ထိန်းချုပ်ရေး၊ ဘိန်း၊ဆေးခြောက်နှင့် ငွေမည်းလည်ပတ်မှုများ ထိန်းချုပ်ရန် ဟု ပြည်ထဲရေးက အကြောင်းပြသည်။
 
Ref:  http://kyawkyawthet.blogspot.com

17 Jan 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ...
ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါ ...
ကိုကျော်သူတို့ မရွှေဇီးကွက်တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ...
ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ်နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက်လူငယ်အမျးစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစားနေတဲ့ မြောက်များလှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင်သစ်တွေ ပေါ်ထွန်းလာတဲ့ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ်
အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ကာရန်တွေ နဲ့အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလားဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။  အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ "..  တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ” 
 လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ အမေစု ကိုစော်ကားလာရင် ကျွှန်တော် ဘယ်တော့မှ ဘာအကြောင်းပြချက် နဲ့မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ်  ...


ထာရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

15 Jan 2012

*လောကနီတိ (၁)*

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
လောကနီတိသည် ဘုရားဟော မဟုတ်ဟုဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန် များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။
နီတိကျမ်းများစွာရှိသည်ဖြစ်ရာ ထင်ရှားသော နီတိကျမ်းများမှာ ငါးကျမ်းရှိသည်ဟု ဆို၏။ ယင်းတို့သည်ကား ကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနိတိနှင့် မဟာရဟနီတိ တို့ဖြစ်ပါသည်။ လောကီနီတိသည် လူအများသိသော ကျမ်းတစ်စောင်ဖြစ်ပါသည်။ မြန်မာတို့အတွက် လောကနီတိကျမ်းကို သက္ကရာဇ် ၇၀၄ ခုနှစ်တွင် သီဟသူရ မင်းလက်ထက်၌ အမတ်ပညာရှိကြီး စတုရင်္ဂဗလက ကျမ်းအစောင်အစောင်မှ သင့်နိုးရာရာကို ကောက်နုတ်ပြင်ဆင်၍ ပါဠိဘာသာဖြင့် ရေးသားပြုစုခဲပါသည်။ စတုရင်္ဂဗလ၏ ကျမ်းရင်းကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဦးဗုဓ်က မြန်မာပြန်ဆိုခဲ့ပါသည်။
လောကနီတိကျမ်းကို လေ့လာသင်ကြားသူအဖို့ -
သာရော = အနှစ်သာရ မည်၏။
မာတာပီတု = မိဖသဖွယ် မည်၏။
အာစရိယော = ဆရာသမားနှင့် တူ၏ ။
မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။ အကျိုးတရားများမှာ -
ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။ ထို့ကြောင့် လူအများ လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာ ဗဟုသုတ ရရှိစေရန်အလို့ငှာ လောကနီတိ စာအုပ်မှ ကူးယူးပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
(၄)။ နှုတ်မှုပညာကို လည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။
(၇)။ အကြားအမြင်အတတ်သည် လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်း အတတ်သည်လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည် လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊ စကားဟောင်းအတတ်သည် လည်းကောင်း၊ ဆေးအတတ်သည် လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သောအတတ်သည လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည် လည်းကောင်း၊ မန္တန်အတတ်သည် လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။
(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည် လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည် လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည် လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကို မြင်သဖြင့် သိအပ်၏။
(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။
(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာ သင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ ၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။
(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိ အလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။
(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။
(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည် လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။
(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။
(၂၃)။ ရဲရင့်သောသူသည် လက်နက်ကို ကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့သွားသော ကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။
(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကို ကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကို လည်းကောင်း၊ မထီမဲ့မြင် ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။
(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကို လည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကို လည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။
(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။
(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။
(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှား ပြတတ်၏။ ရေမပြည့်သော အိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိ ထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။
(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။
(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။
(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။
(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်း သည်သာလျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသော သူတို့ကို မှတ်အပ်၏။
 
ဆက်လက်ဖော်ပြပါမည်…
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။
မြတ်လေးမွန်

12 Jan 2012

*****မင်္ဂလာသတင်းကောင်း*****





မြန်မာနိုင်ငံနဲ့ နိုင်ငံသူ/သားများ ကမ္ဘာမှာရင်ဘောင်တန်းနိုင်စေဖို့ မြန်မာပြည်သားတို့ ရဲ့ မျှော်လင့်ချက်တွေကို ရဲရဲရင့်ရင့်ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လေးစားစွာဂုဏ်ပြုလိုက်ပါတယ်...




ပြည်သူတွေရဲ့အသံတွေကို နားထောင်ပြီး ပြည်သူတွေရဲ့ ဆန္ဒများကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးခဲ့သော သမ္မတကြီး ဦးသိန်းစိန် ၏ လုပ်ရပ်များအား ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ သမ္မတကြီး ကျန်းမာချမ်းသာပါစေ ပြည်သူ့အကျိုးကို ထမ်းရွက်လို့ ပြည်သူချစ်သော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေခင်ဗျား))




‎*****မင်္ဂလာသတင်းကောင်း*****


အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ဇန်န၀ါရီ ၁၃ ရက်မှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်သံ သတင်းဌာနများမှ ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း
 အကျဉ်းဦးစီးဌာန(နေပြည်တော်) မှ စုံစမ်းသိရှိရသည်။
 

လွန်ခဲ့သော နာရီဝက်က အင်းစိန်ထောင်ရှေ့မြင်ကွင်း....

 

ဘူးသီးတောင်အကျဉ်းထောင်မှလွတ်မြောက်လာသော ကိုဌေးကြွယ်ကို တွေ့ရစဉ်
 
 
 ကိုမင်းကိုနိုင်
 

နေဘုန်းလတ် (ဘလော့ဂ်ဂါ)

သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
 


ဦးခွန်ထွန်းဦး

တောင်ငူထောင်မှ လွှတ်မြောက်လာသော ဦးခွန်ထွန်းဦး





အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာ
အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။




ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)


ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
နိုင်ငံရေးသို့ ၀င်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ "အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်"ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၄င်းက "အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ တွေ့ရတာ။ သားက အခုမှရောက်တာ။"ဟု ပြောကြားခဲ့ပါသည်။

အကုန်လွတ်ပြီး အားလုးံပျော်ရွှင်တဲ့နေ့။

ကလေးထောင်
(၁) ဦးဂမ္ဘီရ

ကျောက်ဖြူထောင်
(၁) စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) စိုင်းညွန့်လွင်
- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ဂျင်မီ
(၂) မြအေး
(၃) ဇော်သက်ထွေး
(၄) ကျော်ကိုကို
(၅) ဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ဌေးကြွယ်
(၂) စည်သူမောင်
(၃) သန့်စင်မျိုး
(၄) အောင်ဇော်ဦး
(၅) ကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မြောင်းမြထောင်
(၁) စန္ဒာမင်း
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

မြင်းခြံထောင်
(၁) မသက်သက်အောင်

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင်
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်

Facebook မှ စုစည်းတင်ပြပါသည်။ 

သမိုင်းတွင်မဲ့ 13 Jan 2012 သောကြာနေ့ လေးအတွက် အမှတ်တရ။

6 Jan 2012

စိတ်ဓာတ်ကျတယ်

နေ့တိုင်း နိစ္စဓူဝ လုပ်ငန်းတွေကို လုပ်ကိုင်ရင်းက ကြားနေရတတ်၊ ကိုယ် တိုင်လည်း ခံစားရတတ်၊ ပြောမိတတ် တဲ့ အသံ တစ်ခုက စိတ်ဓာတ်ကျတယ် ဆိုတာပါပဲ။ ပုံမှန် အတိုင်း အိပ်မရတာ၊ အစား အသောက်ပျက်တာ၊ ကိုယ့်ကိုယ် ကို အကောင်း မမြင်နိုင်တာ၊ ဘဝနဲ့ ချီပြီး စဉ်းစားရင်လည်း အပျက်တွေပဲ စဉ်းစားမိ၊ တွေးမိတတ်တာဟာ ပူးတွဲ အတွေ့ရများတဲ့ လက္ခဏာတွေပါ။
စိတ်ဖိစီးမှုတွေ ခံစားရရင်၊ ဆုံးရှုံး မှုတွေ ရင်ဆိုင် ရရင်၊ မှန်းထားသလို မဖြစ်တာတွေ များလာရင် စိတ်ဓာတ် ကျတယ် ဆိုတဲ့ ခံစားမှုက ဖြစ်တတ် ပါတယ်။ လူတိုင်း လိုလိုပါပဲ။ ဒါပေမယ့် တချို့တွေမှာ ခံစားမှု အဆင့်နဲ့တင် အပြီးသတ်ပြီးရောဂါ အဆင့်မရောက်ပါ ဘူး။ ပြီးပြီးပျောက်ပျောက်ပေါ့။ ဒါပေ မယ့် တချို့ကျတော့ ရက်ရှည်လများ ခံစားရပြီး ရောဂါ အဆင့်ကို ရောက်ရှိ သွားတတ်ပါတယ်။
ချစ်ခင်ရင်းနှီးတဲ့ သူတစ်ဦးဦး ဆုံး ပါးရင် စိတ်ထိခိုက်တတ်၊ စိတ်ဓာတ် ကျတတ်ပါတယ်။ အထူးသဖြင့် ရက် ရှည်လများ ပေါင်းသင်းလာခဲ့တဲ့ ဇနီး မောင်နှံတွေမှာ တစ်ဦးဦး ဆုံးပါးခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူတွေမှာ ဆုံးပါးပြီး တစ်နှစ် အတွင်းမှာ သိသိသာသာ စိတ်ဓာတ် ကျတတ်တာကို တွေ့ကြရပါ တယ်။ ရောဂါဝေဒနာ တစ်ခုခု ခံစားရ ရင်၊ အလုပ်အကိုင်ထဲမှာ အဆင် မပြေရင်၊ အလုပ်ပြုတ်ရင်၊ ငွေရေး ကြေးရေး အခက်အခဲတွေ ရှိရင်လည်း စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ခေတ္တ ခဏ ခံစားရတာမျိုးဖြစ်နိုင်သလို၊ ရေ ရှည် ခံစားရပြီး ရောဂါ အဆင့်ကိုလည်း ရောက်ရှိတတ်တာကို တွေ့ရပါတယ်။
ရောဂါ အဆင့်ရောက်ဖို့ ဆိုရင် ဆုံး ရှုံးမှုတွေကို မဖြေသိမ့်နိုင်၊ ရင်မဆိုင် နိုင်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တရားသဘောနဲ့ပြောရင်တော့ နှလုံး မသွင်းတတ်လို့ပါ။ ဆုံးရှုံးတာ မှန်ပေ မယ့် လောကဓမ္မတာ အရ ဖြစ်တာ ပဲ၊ တစ်နေ့ကိုယ်လည်း သေရမှာပဲ၊ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ လူမသေ ငွေမရှား၊ မွေးတုန်းက လက်ချည်းပဲ၊ ပြန်စတာပေါ့၊ အရှုံးထဲက အမြတ် ထုတ်တတ်ရမယ် ဆိုတာမျိုး အတွေး တွေ၊ ခံယူချက်တွေနဲ့ ဖြေသိမ့်နိုင်၊ ရင်ဆိုင်နိုင်ရင် အချိန် ကြာလာတာနဲ့ အမျှစိတ် ဓာတ်ကျတာ သက်သာ လာနိုင်ပါတယ်။ ဒီလို မဖြေသိမ့်နိုင်ရင်၊ရင်မဆိုင် နိုင်ရင်၊ ရင်မဆိုင် တတ်ရင် တော့ အအိပ် မမှန်၊ အစား မမှန်နဲ့တွေးခေါ်တာတွေပါ လွဲလာ၊ သံသယ တွေပါဝင်လာပြီး ကို ကူးပြောင်းသွားတတ်ပါတယ်။
တကယ်လို့ စိတ်ဓာတ်ကျတယ် ဆိုတာ ရောဂါအဆင့်ရောက်နေပြီ ဆိုရင် ရောဂါတစ်ခု အနေနဲ့ စဉ်းစား ပေးသင့်ပါတယ်။ ရောဂါတစ်ခု အနေ နဲ့ လက်မခံဘဲ ကာယကံရှင်ကပဲ သတ်မှတ်ရင် ပြဿနာက ပိုပြီးကြီး လာတတ်ပါတယ်။ ဒီလောက် ကိစ္စလေး ကိုတောင်မှ မရှင်းနိုင်ဘူးလား။ ပြဿနာ မဟုတ် ပြဿနာ ရှာနေတယ်နဲ့ ကဲ တယ်၊ သည်းတယ် ထင်တတ်တာတွေ ဖြစ်လာပြီး ပြဿနာကကြီးထွားလာ တာပါပဲ။Depression is an illness, not a weakness လို့ ဆိုရိုး ရှိပါတယ်။
တွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခု မှာဆိုရင် စိတ်ဓာတ်ကျပြီး ရောဂါသည် အဆင့်ရောက်နေတဲ့ဝေဒနာရှင်တစ်ဦး ဟာ ၄င်းရဲ့ဆုံးပါးသွားပြီဖြစ်တဲ့ ခင်ပွန်း သည် သက်ရှိထင်ရှား ရှိစဉ်က ရုံးကနေ ယူလာခဲ့တဲ့ ဖိုင်တွဲ တစ်တွဲကို တွေ့ရ တာနဲ့တင် မဆိုင်တဲ့ပစ္စည်း အိမ်မှာ ရှိနေလို့ သူ့ကိုဖမ်းတော့မယ်၊ အရေး ယူတော့မယ်ဆိုပြီး မအိပ်နိုင်၊ မစား နိုင်ဖြစ်တတ်ပါတယ်။ ဘေးက လူတွေ၊ မိသားစုဝင်တွေက အကျိုးအကြောင်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူ့ရဲ့ ခံစားမှုဝေဒနာ လျော့မှာ မဟုတ်သလို၊ သူ့ရဲ့ ထင်မြင်ချက်ကလည်း ပြောင်း လာမှာမဟုတ်ပါဘူး။ ဒီအချိန်မျိုးမှာ အတိုက်အခံ ငြင်းမနေဘဲ ဝေဒနာကို သာ သက်သာအောင် ကုပေးမှ သူတို့ ကို ကူညီရာရောက်မှာပါ။
ရောဂါမဖြစ်ခင်က ဝေဒနာရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက် တွေအပေါ် မူတည်ပြီး ရောဂါလက္ခဏာ ပုံစံတွေ ကွဲပြားတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။ တာဝန်ယူတတ်၊ နားလည်ခွင့်လွှတ်တတ်တဲ့ သူတစ်ဦးရဲ့ စိတ်ဓာတ်ကျချိန်မှာ ကိုယ့်ဘာသာ ကိုယ် အပြစ်တင်ကြတာရှိတတ် ပေမယ့် နဂိုကတည်းက သူများ အပေါ် လွှဲချ၊ တာဝန် မယူတတ်တဲ့ သူမျိုးမှာကျတော့ တခြားသူတွေက မကောင်းကြံနေကြတယ်၊ တခြားသူ တွေက မကောင်းကြံနေကြလို့ သူ ဒီလိုဖြစ်ရတယ်၊ လောကကြီးက မတရားဘူး၊ ညီအစ်ကိုမောင်နှမတွေ က မတရားဘူး၊ မိဘတွေကတောင် မတရားဘူး ဆိုပြီး ဖြစ်လာတတ်ပါ တယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ သိပ် ကွာခြားလွန်းချိန်မှာ စိတ်ဓာတ် တွေ ကျတတ်ပါတယ်။ ကောင်းတာ က တစ်လှမ်းချင်း ခြေလှမ်းဖို့ပါ။ မိုင် ၁၀ဝ၀ ခရီးကို ခြေတစ်လှမ်းနဲ့ စတယ် လို့ဆိုသလိုပဲ ခြေတစ်လှမ်းစလှမ်းမိချိန် မှာနောက်လှမ်းရမယ့် ခြေလှမ်းတွေကို က တစ်လှမ်းစာလျော့သွားပြီဆိုတာ ကို သတိထားတတ်ရပါမယ်။ အဝေး ကြီးကို လှမ်းကြည့်မနေဘဲ တစ်ရက် ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း ပန်းတိုင် ကလေးတွေထားပြီး လှမ်း ကြည့်ကြဖို့ပါ။ လက်ရှိ ပစ္စုပ္ပန်တည့် တည့်မှာ တတ်နိုင်သမျှ အကောင်း ဆုံးဖြစ်အောင် ကြိုးစားဖို့၊ လုပ်ဖို့ပါ။ ဖြစ်ခဲ့တာတွေ အတွက်လည်း နောင်တ ရ၊ အပြစ်တင် မနေပါနဲ့။ မဖြစ်သေး တာတွေ အတွက်လည်း ကြိုတွေးပူပန် မနေပါနဲ့။ နေ့မြင် ညပျောက်ဖြစ်တတ် တာတွေ များလှတဲ့ ကာလမှာ ကိုယ် တွေးပူသလိုလည်း ဖြစ်ချင်မှ ဖြစ်တတ် တာပါ။ ဒီကနေ့ လက်ရှိ အချိန်ကို အကောင်းဆုံး မပြင်ဆင်မိလို့ နောင် တစ်နေ့မှာ အကျိုးမရှိ မဖြစ်ရင် တော် ပါပြီ။
စိတ်ဓာတ်ကျလို့ အိပ်မရတာ တွေမှာလည်း များသောအားဖြင့်က တော့ မဖြစ်သေးတာတွေကို တွေးပူ နေတတ်ကြတာ၊ဖြစ်ခဲ့တာတွေ အတွက် ယူကျုံးမရဖြစ်နေတတ်ကြတာတွေ ကြောင့်ပါ။ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးစကား ယူပြောရ ရင် "ဖြစ်ကြောရှည်"နေတာကြောင့် ပါ။ တကယ်တမ်း တန်ဖိုးရှိ၊ အသုံး တည့်တာက လက်ရှိ အချိန်လေးပါ။ ပြီးခဲ့တဲ့ အချိန်တွေက ပြန်မရနိုင်တော့ သလို၊ မလာသေးတဲ့ အချိန်တွေကလည်း ကိုယ်မပိုင်ပါဘူး။
လက်ရှိ အချိန်လေးကို အတတ် နိုင်ဆုံး ကိုယ့်အတွက်၊ ကိုယ့် မိသားစု အတွက်၊ ကိုယ့်ပတ်ဝန်းကျင်က လူ တွေအတွက်၊ ဖြစ်နိုင်ရင် လောကကြီး အတွက် တစ်ခုခု အရာထင်၊ ကောင်း ကျိုးဖြစ်အောင် ကြိုးစားကြည့်ပါ။ ရ လာတဲ့ အကျိုးအမြတ်က သိသိသာ သာ မဟုတ်ရင်တောင် ကြိုးစားနေရင်း နဲ့ပဲ တွေးပူတာတွေ၊ ဆွေးယူတာတွေ လျော့ကျလာပါလိမ့်မယ်။ လုပ်ငန်း ခွင်တွေမှာ အထက်ကလူကြီးနဲ့က အဆင်မပြေ၊ လက်အောက်ကသူတွေ က ပြောမရနဲ့ တွေးပူပြီး လက်ရှိ တာဝန်ကို ထမ်းနေရင် အမှားတွေ ပိုလုပ် မိတတ်ပါတယ်။ ဒီလိုတွေးပူမနေဘဲ ဒီနေ့လုပ်သင့်တဲ့ ကိစ္စတွေထဲက အလုပ် သင့်ဆုံးကို စိတ်ထဲမှာနှစ်၊ ရှင်းရှင်း ဖြစ်အောင်လုပ်၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ရင် စိတ်ဓာတ်ကျစရာတွေ နည်းလာပါလိမ့်မယ်။
ဒီတော့ ဒီဆောင်းပါးကို ပြန်ချုပ် ရရင် လောက သဘာဝ စိတ်ဓာတ်ကျ စရာတွေကြုံတွေ့လာတတ်ပါတယ်။ ဒိလိုကြုံလာရင် ခံစားမှု အဆင့်ကနေ ရောဂါ အဆင့်မရောက်ရအောင် နှလုံး သွင်းတတ်ဖို့ လိုပါတယ်။ ဆွေးပူ တွေးယူပြီး ရင်မဆိုင်ဘဲ ပစ္စုပ္ပန်တည့် တည့်ကိစ္စကို တစ်ခုချင်းခေါင်းအေး အေးထား ဖြေရှင်းခဲ့ရင် ပြဿနာ အများစုဟာ ဖြေရှင်းလို့ရတတ်ပါ ကြောင်း အကြံပေးလိုက်ပါရစေ။
မေတ္တာဖြင့်
ဒေါက်တာဌေးအောင်

5 Jan 2012

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်




ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။

”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။

၎င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။

Ref: FacebookLinkedInTwitterGoogle+Share/Bookmark

အံ့ဖွယ် ရာဘာလူသား....

RUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THIS

Ref:http://lwanmapyay.blogspot.com