7 Sept 2012

ကိုကာကိုလာ အသုံးပြုသည့် ဆဲလ်ဖုန်း - ကိုကာကိုလာဖုန်း



ဒီဇိုင်နာ Daizi Zheng က တီထွင်ဖန်တီးထားတာ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇွန်လ ကတည်းက ရေပန်းစားခဲ့တဲ့ ဖုန်းဒီဇိုင်း ဖြစ်ပါတယ်။

ဓာတ်ခဲအနေနဲ့ ကိုကာကိုလာအချိုရေကို အသုံးပြုမှာ ဖြစ်ပြီး သဘာဝစွမ်းအင် ဆုံးရှုံးမှုကို ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ထည့်လိုက်တဲ့ ကိုကာကိုလာမှာ ပါဝင်တဲ့ ကာဘွန်ဟိုက်ဒရိုက်တွေကနေ လျှပ်စစ်ဓာတ်ကို ထုတ်ယူမှာ ဖြစ်ပါတယ်။ ကိုကာကိုလာရယ်လို့မဟုတ်ပဲ သကြားဓာတ်များတဲ့ ဘယ်အချိုရည်တွေမဆို ထည့်သွင်းအသုံးပြုလို့ ရတယ်လို့ ဆိုပါတယ်။

ယင်းဖုန်းကို Nokia Green Phone လို့အမည်ပေးထားပြီး နိုကီယာကုမ္မဏီ ထုတ် ဖုန်းဖြစ်လာဖို့ Daizi Zheng ကမျော်လင့်ထားပါတယ်။ ဖုန်းက ဘက်ထရီအနေနဲ့ ကိုကာကိုလာအချိုရည်ကို အသုံးပြု ထားခြင်း ဖြစ်တဲ့အတွက် သာမန် လစ်သီယံ ဘက်ထရီအသုံးပြုတဲ့ ဖုန်းတွေထက် သုံး၊လေး ဆ ကြာရှည်ခံမှာ ဖြစ်တယ်လို့ သိရပါတယ်။
----
Ref:
http://techspacejournal.blogspot.com/2012/09/blog-post_7.html



31 Aug 2012

သတင်းထောက်များအား ဇာဂနာ ညစ်ညမ်းစွာဆဲဆို + ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း


ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာနိုင်အောင်မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည်
 ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်း သတင်းရယူနေသော ပြည်တွင်း ပြည်ပ
သတင်းထောက်များအားစွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။


ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊
 ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။

ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ
ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်
အတွက် ဒေါက်တာနိုင်အောင်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ
ဆဲဆိုခဲ့ခြင်းဖြစ်သည်။

''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့
ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊
.""လီ"" ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်း
ထောက်တစ်ဦးက ပြောသည်။

''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က
ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။
မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။
အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့
ကျွန်တော်မြင်တယ်။
 မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။
သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ''
ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ
ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။

''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ
အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။
 ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ
ထိတော့ မဖြစ်သင့်ဘူး။
အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊
သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ
ကိုသီဟက ပြော သည်။ 
Messenger news

ref: http://shwemyanmarmediagroup.blogspot.com

ဒါကတော့ 2/9/2012 နေ့မှာ ပြန်လည်ဖြည့်စွက်ထားတာပါ...။

လူရွှင်တော် ဦးဇာဂနာမှ မြန်မာဂျာနယ်လစ် ကွန်ယက်သို့ တောင်းပန်စာပေးပို့ခဲ့ပါသည်

သတင်းထုတ်ပြန်ရေးကော်မတီ ၊ မြန်မာဂျာနယ်လစ်ကွန်ရက် ။

ပြည်သူနှင့်မီဒီယာသမားများအားအသိပေးတောင်းပန်ခြင်း

၂၀၁၂ သြဂုတ်လ (၃၁)ရက် နေ့တွင် ကျွန်တော်ဇာဂနာသည် စစ်အုပ်ချုပ်ရေးကာလက ပြည်ပသို့ ထွက်ခွာ သွားသော ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေသူများအနက် တိုင်းပြည်သို့ ပြန်လာခွင့် ရသော ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဦးညိုအုံးမြင့်တို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သွားရောက် ကြိုဆိုခဲ့ပါသည်။ လေဆိပ်တွင် သတင်းရယူရန် စောင့်ဆိုင်းနေကြသော သတင်းထောက်များအား အဆင်ပြေပြေ သတင်းရယူနိုင်ရန် စီစဉ်ပေးခဲ့သော်လည်း အဆင်မပြေဘဲအခြားခရီးသည်များကိုပါ အနှောက်အယှက် ဖြစ်စေခဲ့ပါသည်။ ထိုအပြင် သတင်းထောက်တစ်ဦးမှ ကျွန်တော့်အား တွန်းလိုက်သည့်အတွက် လဲကျသွားရာမှ အမှတ်မဲ့ဆဲမိခဲ့ပါသည်။ ထိုဖြစ်ရပ်သည် မီဒီယာနယ်ပယ် အားလည်းကောင်း၊ သတင်းရယူ နေသော သတင်းထောက်များအား လည်းကောင်း၊ စိတ်အနှောင့်အယှက် ဖြစ်သည်ဟု ကြားရသည့်အတွက် များစွာ ၀မ်းနည်း စိတ်မကောင်းဖြစ်ရပါသည်။ ကျွန်တော်သည် နိုင်ငံနှင့် နိုင်ငံသားတို့၏ လွတ်လပ်မှု နှင့်တိုးတတ်ရေး အတွက်သာ အမြဲလုပ်ဆောင်လိုသော ဆန္ဒရှိပြီး နိုင်ငံ၏ အရေးပါသော စတုတ္ထမဏ္ဍိုင်ကို အရှင်းစော်ကားလိုသော စိတ်မရှိသောကြောင့် ယခုဖြစ်ရပ်တွင် ပါဝင် ပတ်သတ်သူများနှင့် မီဒီယာများအား တောင်းပန်းအပ်ပါသည်။

ဇာဂနာ

(မှတ်ချက် - နောက်တစ်ခါ လူကို လာတွန်းရဲရင်တွန်းကြည့် ......)

Ref:www.facebook.com

28 Aug 2012

ကလေးများအဖို့ ဗုဒ္ဓဝင်

ဆရာကြီး ဦးဂိုရင်ဂါ၏ ရုပ်ပြ ဗုဒ္ဓ၀င်

24 Aug 2012

မစိုးရိမ်တိုက်သစ် နာယကဆရာတော် ၀ီရသူ (မစိုးရိမ်) ရဟန်းတော်နှင့် နိုင်ငံရေး


မတ်လ ၂၃၊ ၂၀၁
ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်မှစ၍ ရဟန်းပျိုများ၏ နိုင်ငံရေးတက်ကြွစွာဆောင်ရွက်မှုများ အင်တာနက်၊ ဂြိုဟ်တုစလောင်း စသည့်သတင်းများ၌ ကျယ်ပြန့်စွာ တွေ့ရှိရပေသည်။

ဒီမိုကရေစီကို ချစ်မြတ်နိုးခြင်း၊ လူ့အခွင့်အရေးကို လိုလားတောင့်တခြင်း၊ တရားဥပဒေစိုးမိုးရေးကို လိုလားတောင့်တခြင်း စသောအခြေခံအကြောင်းတရားများကြောင့် တစ်ပွင့်တည်းသောကြယ်၊ တစ်ခုတည်းသော အိမ်မက်ဖြစ်သည့် “အောင်ဆန်းသွေးဇာနည်” ကို အင်တိုက်အား တိုက် ထောက်ခံကြိုဆိုကြခြင်း ဖြစ်ပေသည်။

သို့သော် လူငယ် (ရဟန်းပျို) များဖြစ်သည့်အလျောက် စိတ်ခံစားမှုကိုဦးစားပေးကာ ပါးမှာစတေကာကပ်ခြင်း၊ နဖူးစည်းခြင်း၊ အလံကိုင် လွှင့်ခြင်း၊ ဗီနိုင်းများထောင်ခြင်း၊ ဓာတ်ပုံများမြှောက်တင်ခြင်းများပြုလုပ်၍ လွန်လွန်ကဲကဲ အားပေးလာကြသည်ကိုလည်း တွေ့ရပေသည်။

မီဒီယာများကလည်း လွန်ကဲသောအားပေးမှုများကိုသာ ဦးစားပေးဖော်ပြကြသဖြင့် ကျန်ရဟန်းသံဃာများ ဂုဏ်သိက္ခာထိခိုက်ရလောက် အောင် ဣနြေ္ဒပျက်၊ အရှက်မဲ့စွာအားပေးမှုများကို တကမ္ဘာလုံးက သတိထားမိကြပေသည်။

“လူဆိုသည်မှာ နိုင်ငံရေးသတ္တ၀ါဖြစ်သည်” ဟု ဆိုကြပါသည်။ ဘုရားလောင်းလည်း နိုင်ငံရေုးလုပ်ပါသည်။ ဓမ္မနှင့်အဓမ္မ၊ အနိုင်ကျင့်သူနှင့် အနိုင်ကျင့် ခံရသူ၊ ဖိနှိပ်သူနှင့်အဖိနှိပ်ခံရသူ ဘက်နှစ်ဖက်တို့တွင် ဓမ္မဘက်၊ အနိုင်ကျင့်ခံရသူများဘက်၊ အဖိနှိပ်ခံရသူများဘက်မှ ရပ် တည်ကာ ဦးဆောင်ဦးရွက်ပြု၍ ကာကွယ်စောင့်ရှောက်ခြင်း၊ တော်လှန်ရင်ဆိုင်ခြင်းများပြုလုပ်ခဲ့သည့် ဇာတ်နိပါတ်တော်များ များစွာရှိပါ သည်။

ဘုရားလည်း နိုင်ငံရေးလုပ်ပါသည်။ ၀ိဋဋူဘ၀တ္ထုကို ကြည့်ပါ။ နှစ်ပြည်ထောင်မင်းတို့ မြစ်ရေကြောင့် စစ်ခင်းမည့်အရေးကိုကြည့်ပါ။ ရာ ဇောဝါဒဇာတ်ကို ကြည့်ပါ။ မင်းကျင့်တရားဆယ်ပါး ဟောကြားတော်မူခဲ့သည်ကို ကြည့်ပါ။ စရိယသုံးပါးတွင် ဉာတတ္ထစရိယသည် အမျိုး သားနိုင်ငံရေးဖြစ်ပြီး၊ လောကတ္ထစရိယသည် အမျိုးသားနိုင်ငံရေးထက်ကျယ်ပြန့်သည့် ပြည်သူ့နိုင်ငံရေးဖြစ်ပါသည်။

နိုင်ငံရေးလုပ်ရုံနဲ့ အာပတ်မသင့်ပါ။ ဂြိုဟ်တုစလောင်းထောင်ခြင်း၊ လိုင်စင်မဲ့ကားစီးခြင်း၊ အတိုးအပွားယူ၍ ငွေချေးခြင်း၊ အနေသနဖြင့် လာဘ်ရအောင်လုပ်ခြင်းတို့လို ဘုရားတားမြစ်ထားသည့်လုပ်ငန်းမဟုတ်ပါ။ ထို့ကြောင့် ဆရာတော်ဦးဥတ္တမ၊ ဆရာတော်ဦးဝိစာရတို့လို ရဟန်းသိက္ခာ ရဟန်းကျင့်ဝတ်နှင့်အညီ နိုင်ငံရေးလုပ်ကိုင်က ဘုရားအလိုတော်ကျမည်ဖြစ်ပါသည်။

ရဟန်းပျိုသံဃာများအနေဖြင့် ဓမ္မဘက်မှရပ်တည်သည်ကိုလည်းကောင်း၊ အဖိနှိပ်ခံပြည်သူ့ဘက်မှ ရပ်တည်သည်ကိုလည်းကောင်း၊ ဒီမိုက ရေစီသဘောထားအရ ကိုယ့်ဆန္ဒနှင့်ညီသော ပါတီခေါင်းဆောင် အဖွဲ့အစည်းခေါင်းဆောင် မည်သည့်ပုဂ္ဂိုလ်မဆို လွတ်လပ်စွာ ထောက်ခံကြိုဆိုအားပေးသည်ကိုလည်းကောင်း လွတ်လပ်စွာဆောင်ရွက်ခွင့်ရှိပါသည်။ သို့သော် လွတ်လပ်စွာနှင့် စည်းကမ်းပျက်စွာ၊ တက်ကြွစွာနှင့် သရုပ်ပျက်စွာ ခွဲခြားတတ်ရပါမည်။

ဝီရသူလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသော စာသင်သံဃာများ ငွေကြေးအခက်အခဲကြောင့် တက်ရောက်ခွင့်မရမည်ကို မလိုလား၍ ဒိုင်နာကား (၁၄) စီးငှား၍ ကြိုပို့စီစဉ်ပေးခဲ့ပါသည်။ ငွေလေးသိန်းခန့် ကုန်ကျပါသည်။ စည်းကမ်းမပျက်အောင်၊ ဆူပူမှုမဖြစ်အောင် မစိုးရိမ်နာယကများ၊ နာယကလောင်းလျာများက ကြပ်မတ်ဆောင်ရွက်ခဲ့သော ကြောင့် မစိုးရိမ်သံဃာ နာမည်မပျက်ခဲ့ပါ၊ အရှက်မရခဲ့ပါ။

ရဟန်းတော်များ နိုင်ငံရေးမလုပ်ကောင်းဟု အခိုင်အမာယူဆထားသော မျက်လုံးတစ်ဖက်ကန်းနေသည့် ဒေ၀ဒတ်ဂိုဏ်းသားများလည်း မြောက်များစွာရှိနေသဖြင့် ၎င်းတို့ထောက်ကွက်မရလေအောင် ကိုယ်ကျင့်သိက္ခာပြည့်ဝသောနိုင်ငံရေးကို ကိုယ်ကျင့်သိက္ခာပြည့်ဝစွာ ဆောင်ရွက်သင့်ပါသည်။ ရွှေဝါရောင်သံဃာတော်များ ရှေ့သွားရှိပါသည်။

အဓမ္မကို ဓမ္မဖြင့်၊ ဒေါသကို မေတ္တာဖြင့်၊ လက်နက်ကို ကလောင်ဖြင့် သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ တည်တည်ငြိမ်ငြိမ် သိက္ခာရှိရှိ တော်လှန်ရေးဆင်နွှဲကာ အသက်ကိုစတေးသွားခဲ့သော ဘ၀ကိုစတေးသွားခဲ့သော၊ အမျိုးဘာသာသာသနာအတွက် သွေးစက်ချ၍ ပေးဆပ်သွားခဲ့သော အရှင် ကောင်း အရှင်မြတ်တို့ကို ငဲ့ညှာသင့်ပါသည်။

ရဟန်းတော်များအားလုံး ပြည်သူ့အတွက်၊ အမှန်တရားအတွက် အရှက်နှင့်သိက္ခာကို မစွန့်လွှတ်မူ၍ အသက်စွန့်ကာ ပေးဆပ်နိုင်ပါစေ။

ယုံကြည်ချက်နှင့် အသက်ရှင်ပါ။
ခံယူချက်နှင့် ရပ်တည်ပါ။
အသက်သွေးနှင့် ပေးဆပ်ပါ။
သရုပ်ပျက်နိုင်ငံရေးကို အားမပေးပါ။

ဝီရသူ (မစိုးရိမ်)
ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ် – မန္တလေး
e-mail.wirathu2012@gmail.com
ဖုန်း ၀၉-၂၀၀၄၀၁၃


Ref: www.facebook.com

23 Aug 2012

ဓာတ်ဆီ၊ ဓာတ်ဆံ အပါအဝင် ရှေးဟာသပျက်လုံးများ



ဓာတ်ဆီ၊ ဓာတ်ဆံ အပါအဝင် ရှေးဟာသပျက်လုံးများ

ကန့်ကွက်မူများ ပေါ်ပေါက်ပြီးနောက် မဇ္ဈိမ သတင်း အမှန်ပြင်ရေး

သြဂတ်စ်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်း ရှင်စောပုလမ်းတွင် ပြုလုပ်ခဲ့သော ရခိုင်အမျိုးသားများ ဆန္ဒဖေါ်ထုတ်ပွဲနှင့် ပတ်သက်ပြီး မှားယွင်းစွာ ရေးသားဖေါ်ပြခဲ့သော မဇ္ဈိမ သတင်းဌာန အနေဖြင့် ယခုအခါ အဆိုပါ သတင်းကို အမှန်ပြင်ရေး လိုက်ပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။
အင်္ဂလိပ်ပိုင်း ၀က်ဆိုက်စ် စာမျက်နာတွင် Anti Rohingya demonstration Held in Rangoon (ရိုဟင်ဂျာများကို ဆန့်ကျင် ဆန္ဒပြ) ဟု ခေါင်းစည်းတွင် အစပိုင်းတွင် ရေးသား ဖေါ်ပြခဲ့သော်လည်း နောက်ပိုင်းတွင် Arakanese demonstrate against UN, INGOs ရခိုင်အမျိုးသားများက ယူအန်နှင့် အိုင်အန်ဂျီအိုများကို ကန့်ကွက် ဆန္ဒပြ ဟု ရေးသား ဖေါ်ပြခဲ့သည်။
စာသားတွင်လည်း ရခိုင် ၅၀ ခန့်က ရိုဟင်ဂျာများကို ယူအန်နှင့် အိုင်အန်ဂျီအိုများက အကူအညီ ပေးနေမူများကို ရပ်တန့်ရန် ဆန္ဒပြတောင်းဆိုခဲ့သည် အစား ရခိုင်အမျိုးသား ၁၀၀ ခန့်က ခွဲခြား ဆက်ဆံမူများ မပြုလုပ်ရန် ယူအန်နှင့် အိုင်အန်ဂျီအိုများ ဆန္ဒပြတောင်းဆိုဟု ပြန်လည် ပြင်ဆင် ရေးသားခဲ့သည်။
ယခုကဲ့သို့ ပြင်ဆင်ရေးသားပေးမူနှင့် ပတ်သက်ပြီး ဦးဆောင်လူပ်ရှားသူ ကိုစည်သူ၏ သဘောထားကို သိရှိနိုင်ရန် အကြိမ်ကြိမ် ဖုံးဆက်ခဲ့သော်လည်း ဖုံးပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
ယနေ့ နိရဉ္စရာမှ လက်ခံ ရရှိသော စာတစ်စောင်တွင် သံဃာတပ်ပေါင်းစုအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ အဆိုပါ အမှားများ ရေးသား ဖေါ်ပြမူနှင့် ပတ်သက်ပြီး မဇ္ဈိမ တာဝန်ရှိသူများ အနေဖြင့် တောင်းပန်ရန်နှင့် မတောင်းပန်ပါက သံဃာတော်များ၏ သပိတ်မှောက်မူကို ခံရလိမ့်မည် ဖြစ်ကြောင်း ဖေါ်ပြထားသည်။
၎င်းပြင် စာထဲတွင် သတင်းဌာနများ အနေဖြင့် ရိုဟင်ဂျာအသုံး အနုန်းကို မသုံးဖိုအတွက် ပန်ကြား အပ်ကြောင်းနှင့်  နိုင်ငံတော်သမ္မတ သုံးခဲ့သည့် အသုံးအနူန်း ဘင်္ဂလီများဟုသာ သုံး သင့်ကြောင်း ဖေါ်ပြထားသည်။


Ref:http://www.narinjara.com





အံသြဖွယ်ရာ သခွားသီး အစွမ်းများ


၁။ သခွားသီးဟာ နေ့တိုင်း လိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်း နိုင်ပါတယ်။ သခွားသီး တစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင် ပါတယ်။

၂။ နေ့လည် နေ့ခင်း မောပန်း နွမ်းနယ်နေရင် ကဖင်းဓါတ် ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် မြန်မြန် လန်းဆန်းမှုကို ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန် ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင် သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

၎။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီး နေပါသလား။ ဒါဆိုရင်တော့ သခွားသီး စိတ်လေး တွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာ ပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ် ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြား မှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီး ကွင်းနဲ့ အဆီများတဲ့ နေရာတွေကို မိနစ် အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါး စေပါတယ်။ ပါးရည် တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင် ပါတယ်။

၆။ ဆိုးဝါးသော ခေါင်းကိုက် ဝေဒနာကို သက်သာ လိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီး အနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့ အခါမှာ ခေါင်းကိုက် သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရ ဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတ နေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာ စေပါတယ်။

၇။ တံခါး ပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွား ပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကောလိပ် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျ စေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံး သွားစေပါတယ်။

၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင် နည်းလမ်းကို ရှာဖွေ နေပါသလား။ သခွားသီးနဲ့ ပွတ်သပ် ပေးလိုက်ပါ။ သန့်ရှင်း တောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်း တွေကိုလည်း မထိခိုက်စေပါ။

၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ် မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ ရပါတယ်။

Ref: https://www.facebook.com/ko.pauk.35


မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ



မျက်ကပ်မှန်သုံးတဲ့ သူငယ်ချင်းများ သတိထားပါ.... !!!!( ★Super Warning★)

ဒီပုံကို သေချာကြည့်ပါ ... တော်တော်ကိုကြောက်ဖို့ ကောင်းပါတယ်
ဒါ ပိုးဝင်နေတဲ့... (မသန့်ရှင်းတဲ့)မျက်ကပ်မှန်တပ်ခြင်းရဲ့ အကျိုးဆက်ပါ ..... တခြားသူတွေ သိအောင် Share ပေးပါ......
(★မျက်ကပ်မှန်ကို မျက်ကပ်မှန်ဆေးရည်သာသုံးပါ....
★မျက်ကပ်မှန်တစ်စုံကို 4လ မှ 6 လအတွင်း ပြောင်းလဲသုံးပါ .....
★မျက်ကပ်မှန် တပ်နေစဉ် မျက်သားထိခိုက်မှု ခမ်းခြောက်မှု နဲ့ ပိုးဝင်မှုတို့ ကို ကာကွယ်ရန် မျက်စဉ်းအမြဲခတ်(ဆောင်ထား)ပါ )


Ref : www.facebook.com

21 Aug 2012

သင့်ရင်သွေး သတိရပါ


အမျိုးသမီးတွေလည်း သူတို့ ရည်းစား တွေကိုလှမ်းပြီး ငွေချူနေကျတယ်။
အမျိုးသားတွေလည်း လှမ်းပြီးငွေချူနေကြတယ်။
လိုင်းပေါ်တစ်ယောက် အပြင်တစ်ယောက် ယူတော့တစ်ယောက်
ပြန်ပေးတော့တစ်ယောက် ဒီကြားထဲ အိမ်ထောင်သည် မိန်းမ ယောင်္ကျား
တစ်နိုင်ငံသွားစီးပွားရှာတယ် သွားတုန်းကမိသားစုဘဝ
ရည်မှန်းချက် အောင်မြင်အောင်
ပြည့်စုံအောင်သွားတာပါ မိသားစုနဲ့ အနေဝေးတော့ မိသားစု
ဖွဲစည်းထားတဲ့  မိသားစုကို မေ့သွားကြတယ် နိုင်ငံရပ်ခြားတိုင်းတပါး
သွားတုန်းကတော့ မိသားစုချမ်းသာ ပြည်စုံနေထိုင်စေချင်တဲ့ စိတ်နဲ့ သွားတာ
ဟိုရောက်တော့မိန်းမကဖောက်ပြန်...ယောင်္ကျားကဖောက်ပြန်..
နီးစပ်ရာသာယာ သူတို့ တဏှာထတာအရေးမကြီးဘူး
..မြန်မာပြည်ကမိသားစုကိုမေ့ ကိုယ့် မိသားစုကိုပြည်ပမှာရှိတဲ့  မိန်းမမှ
မြန်မာပြည်မှာ ကျန်ခဲ့ တဲ အမျိုးသားလင်ယောင်္ကျားကို ကွာရှင်းဖို့ လှမ်းပြော
ပြည်ပမှာရှိတဲ့ ယောက်ကျာင်္ကလည်း
မြန်မာပြည်မှာကျန်ခဲ့ တဲ့ မိန်းမအမျိုးသမီးကို ကွာရှင်းဖို့ ပြည်ပကနေလှမ်းပြောနဲ့ 
လက်မထပ်ပဲ တူတူနေကြတယ် အပျိုလူပျိုတွေရော အိမ်ထောင်သည်တွေရော
ဒီတော့ကြားက ကလေးတွေ ဒုက္ခ ရောက်ပြီ မိသားစုဆိုတဲ
့ဖွဲ့ စည်းပေါင်းစပ်မှုကိုမေ့နေကြပြီ မြန်မာပြည်ကနေထွက်ခွာတော့ မိသားစုကို
အားရရွှင်လန်းစွာနဲ့  ကျမ်းမာအောင်နေဖို့  ပြည့်စုံအောင်ထားဖို့မှာကြား လှမ်းပြော
အဆင်ပြေကြရဲ့ လား လို့ ပူပင် စိတ်ထားလို့  ပြည်ပကလည်းမှာ
ပြည်တွင်းကလည်းလွမ်း အပြန်အလှန်ပြောဆို နေကြတယ် ကြာလာတော့
မိသားစုကိုမေ့
အနေနီးတာသာယာတာလား သူတို့ တဏှာကြီးကြတာလားကြားထဲက
ကလေး သူငယ်တွေက ဘ၀မှာ သိမ်ငယ်စွာနဲ့  လောကမှာအလယ်မှာ
လူခြင်းတူတူ စိတ်ဓာတ် သိမ်ငယ်စွာ နေထိုင်ကြီးပြင်းရတော့မှာ
ကိုယ်မွေးထားတဲ့  သားသမီးလေးတွေ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမှာ
ကိုယ်အပျော်နေတာ တကယ်အတည်နေထိုင်တာ အဝေးကအိမ်သူ
အိမ်သား မိသားစုကို စိတ်ဆင်းရဲအောင် စိတ်ပင်ပမ်းအောင် တစ်ယောက်နဲ့တစ်ယောက်
လှမ်းပြောဆိုနေတာ ကြတာ မြင်နေကြားနေတွေ့ နေရတယ် တချို့ မိသားစုကို
ပြန်မဆက်သွယ်တော့တာ ဘ၀ပျက်မှာ ကိုယ့်သား သမီးသတိနဲ့  ယှဉ်စိတ်ထားပြင်
အတွေးအခေါ်င်္စဉ်းစားနော် ပိုက်ဆံရှာလို့ ရတယ် ထမင်းမငတ်ဘူး
တဏှာနဲ့ ကြည့်ပြီး ပေါင်းရင်မိသားစု အသိုက်ပျက်တတ် တဏှာထနေကြတော့
စကားနားမထောင်ကျဘူး တပ်မက်မှုတွေများ နေကျတောသူတို့ အပူနှစ်ဖက်
မိဘတွေလည်းကူးတယ်။
ကြားထဲက ကလေးတွေလည်းကူးတယ် ဆွေမျိုးတွေလည်း ဒေါသဖြစ်တယ်
သူတို့ ၂ယောက် တဏှာကြီးလိုက် သေးလိုက်ဖြစ်တာ အရေးမကြီးဘူး
ကြားက ကလေးတွေ တန်ဖိုးမဲ့ တဲ သားသမီးဖြစ်မှာ
ခုလည်းတစ်ယောက် တစ်နေရာနေကြတာလေနော် အပိုတွေဘာလို့ ပြောနေကြမလည်း
တူတူညအိပ် စပ်ယှက်နေလို့ လား သားသမီးတွေနဲ့  လည်းကွဲနေတာကြတာလေ
ပေါင်းနေရလို့ လား တန်ဖိုးမဲ့ တဲ့ စကားတွေမပြောနဲ့ အသိတရားရှိအောင်
နားလည်သဘောပေါက်အောင် ရှင်းပြတာနော်။
်ဘာဖြစ်ဖြစ် ကိုယ့် မိသားစုဖြစ်တာနော် သူများမိသားစုမဟုတ်ဘူး မိသားစုဆိုတဲ့ 
သဘောကိုသေချာစဉ်းစား ချမ်းသာလည်းအထင်မကြီးဘူး ဆင်းရဲလည်းအထင်မကြီးဘူး
ပညာတတ်လည်းအထင်မကြီးဘူး
ပညာမဲ့လည်းအထင်မကြီးဘူးရာထူးဂုဏ်ထူးရှိလည်းအထင်မကြီးဘူး
သူတို့ ကို အထင်လည်းမသေးဘူး အသိတရားရှိတဲ လူကိုတော့
သူတောင်းစားဖြစ်ပေ့စေ* မ..မ * အထင်ကြီး တယ်လေးစားတယ်နော်
အသိတရားရှိတဲ့ လူက
လူဘ၀မှာ လူဖြစ်နေလည်း ပစ်စည်းဥစ္စာမချမ်းသာလည်းပညာမရှိလည်း
လူပြည်က နတ်ပြည်တမျှ သူနဲ့ ပတ်သက်တဲ့ လူနတ်သတ္တ၀ါမှန်သရွှေ
့သူကြောင့် စိတ်ချမ်းသာမှု ဖြစ်ရတယ်တဲ့ သူကြောင့်သူပတ်ဝန်းကျင်
သာယာစေတယ်
ငွေကျေးချမ်းသာ ပညာတတ်လည်း သူကအသိမရှိရင် ဂုဏ်ထူးရာထူးရှိလည်း
အလကားပဲတဲ့ သူကြောင့် သူ့ ပတ်ဝန်းကျင် မိဘဆွေမျိုးသားသမီးသူနဲ
့စပ်ဆက်ပတ်သက်မိ သမျှကို ငရဲတမျှ ပူလောင်စေတယ်တဲ့ 
ဘာကြောင့်လည်းဆိုတော့ သူကသူရူးလိုလူမျိုး လူပြည်ရောက်နေလည်း
ငရဲနမိတ်ပြလိုသူနဲ့ ပတ်သက်ဆက်စပ်သမျှ မိသားစု သတ္တ၀ါ အကုန်
ပူလောင်စေတယ်နော် ဒီတော့ ကိုယ်က အသိတရားရှိတဲ့ လူလား
အသိပညာမဲ့သူလား လူလို့ သာခေါ်နေတာ လူစစ်ရဲ့လားစဉ်းစားပေါ့
နော်ကိုယ်ကြောင့် မိဘ ဆွေမျိုး မိမိပတ်ဝန်းကျင်ကို တစ်ခါမှ စိတ်ရောလူရော
ဘယ်သူမှဒုက္ခမပေးပါနဲ့  ကိုယ်နဲ့ ပတ်သက် ဆက်စပ်တာမှန်သမျှအတတ်နိုင်ဆုံး
စိတ်ချမ်းသာ ကိုယ်ချမ်းသာအောင်ထားပါ မျက်ရည်ကျစရာရှိလည်း
ကိုယ်တစ်ယောက်ဘဲ မျက်ရည်ကျပါ။ပူစရာဘယ်သူမှမပေးပါနဲ့ 
သူများမကောင်းကြောင်းလည်းနားမထောင်ပါနဲ
ကိုယ်အကြောင်းလည်းလာစပ်စုရင်မပြောပါနဲ့ 
အသိုက်ပျက်တာ စရိုက်ပျက်တာလည်း မကြိုက်ဘူး
လူဘဝ
ခဏလေးမို့ 
ဘယ်သူလာလာ
ဖြူဖြူစင်စင်ချစ်ခင်ပါ
တန်ဖိုးရှိတယ် တန်ဖိုးသိတယ်ထင်လို့ ပြောတာနော် ဒီစာကိုသတိရတိုင်း ထုတ်ဖတ်ပေါ့
တတ်နိုင်ရင် ပတ်ဝန်းကျင်ပါပြ ငါ့မိသားစုကို
ငါလုပ်ကျွေးမယ်ဆိုတဲ့  စိတ်ထားဘဲထားလိုက်ပါ ပြစ်ထားတဲ့စိတ်
တစ်ကိုယ်ကောင်းစံခဲ့ ရင် မိမိရဲ့ မိသားစု အသိုက်ပျက်ပြီ
အနီးနားကစောင့်ရှောက်မှု့သားသမီးလေးတွေကို မပေးနိုင်ဘဲနဲ့ 
သားသမီးလေးတွေ အနီးကပ်ရှာဖွေကျွေးမွေးစောက်ရှောက်နေတဲ့လင် ဖြစ်စေ
မိမိမယားဖြစ်စေ အဝေးကနေ အပြစ်လှမ်းတင်နေ ကွာရှင်းခိုင်းလုပ်နေကြတာနော်
ခွေးမတောင် သားသမီး အန်ကျွေးသေးတယ် တစ်ရာသီဘဲ မိတ်လိုက်တယ်
လူထက် ခွေးကပိုတော်နေပြီ ခွေးထက်ယုတ်ညံတဲ့ လူမဖြစ်စေနဲနော်
သတိ
ပိုတယ်မရှိ
သင့်ကြောင့်
အပူ
မကူးပါစေနဲ့  :
မိသားစုကို စောင့်ရှောက်ထိမ်းသိမ်း ပါ။
ယခုလက်ရှိအချိန်တန်ဖိုးရှိတယ်။
သင့်ကြောင့်မိသားစုဘ၀ ပျက်စီး လစ်ဟင်းတယ်နော် လောလောဆယ်
ကလေးတွေကို အနီးကပ်စောင့် ရှောက်နေတဲ့ လူကပိုပင်ပမ်းပါတယ်
နားလည်တယ်နော် ......မ..မ.........ရေးသင့်တယ်ထင်လို့ ရေးတာပါ၊
ကြက်တောင်ရှင်မကသူ့ (--)ကိုမွေးကတည်းက
ကြက်တောင်နဲ့ ကလိမှအငိုတိတ်တယ်
ဘုရားရှင်လက်ထက်ထဲက
(သိရိမာ)ဆိုတဲ့ ပြည့်တန်ဆာမရှိသည်
ကောသလမင်းအိမ်မက်
ရှေ့ ကကြိုးကျစ် နောက်ကခွေးစား
အလကားစကားမဟုတ်ဘူး
ဘုရားဟောတာခု စင်္ကာပူ၊မလေးရှား၊ဒူဘိုင်း၊နိုင်ငံရပ်ခြားတိုင်းတစ်ပါး
ရောက်တာမကြာသေးဘူး
ယခုဘေးမှာမြင်နေရတာ ကြားနေရတာတွေ အဝေးတိုင်းတပါး
ရောက်တာမှမကြာသေး ဘူးလင်ကိုကွာရှင်းခိုင်းနေတာမြင်နေလို့ 
သိသင်တယ်ထင်လို့  ပြောထားတာပါ။
မိမိဘယ်အမျိုးအစားထဲပါလည်း။
စဉ်းစာစားပါ တွေးခေါ်ပါ။
မ.မ ရေးထားတာမုန်းလည်းမတတ်နိုင်ဘူး ရေးသင့်တယ်ထင်လို့ ပါ
ဘယ်သူမုန်းမုန်းပြုံးနေပါတယ် သိသင်တယ်ထင်လို့ ပါနော်......................။
( မိမိ မိသားစုက ရှာဖွေကျွေးမွေး စောင့်ရှောက်ပေးကမ်း ထိမ်းသိမ်း
အနစ်နာခံနေသောသူများအား ရှိပါသည်။
ထိုသို့ သောသူများအားမရည်ညွန်းပါ။ )
ကောင်းမှု့တစ်ခု နေ့စဉ်ပြု ကောင်းကျိုး ကိုယ်၌တည်ပါစေ။
တစ်ဦး တစ်ယောက် ကောင်းဖို့ရောက်မူ တစ်ယောက်သူမှာ ပျက်လင့်ကာသာ
ဓမ္မတာတည်း။
လောကတံထွာလူတို့ ထံတွင်
အမှန်သဘော မရှိသောရှင့်
လောကီအစုတ် လူတို့ နှုပ်ကား
မဟုတ်လည်းပြော
ဟုတ်လည်းပြော၏....
(မာဏ္ဍဒေ၀ပျို့)
ညစ်ပေသော သင်၏ စိတ်ဓါတ် ကျွန်နုပ်၏ ဖိနပ်ချွပ်မှာ ထားခဲ့ ပါ။
မကျေနပ်လည်းမတတ်နိုင်ပါ။
ရေးတတ်သလိုရေးထားပါသည်။
တိုက်ဆိုင်မှု့ ရှိလျှင် မတတ်နိုင်ပါ။
သင့်ရင်သွေး သတိယပါ။

ရွှေမြို့တော်မှမ.မ


Ref: www.facebook.com

19 Aug 2012

အရက်နှင့်ဆေး တွဲဖက်မသုံးပါနှင့်


မည်သည့် ဆေးဝါးမျိုးကိုမဆို အရက်နှင့်တွဲဖက်မသုံးစွဲ မမှီဝဲသင့်ကြောင်း သုတေသန ပညာရှင်များက သတိပေးပြောကြားလိုက်သည်။ အရက်သည် တချို့သော ဆေးဝါးများ၏ မူလပမာဏကို သုံးဆခန့်မြင့်တက်သွားစေနိုင်ခြင်းကြောင်း ဖြစ်သည်ဟုဆိုသည်။

ဆေးဝါးတချို့သည် ခန္ဓာကိုယ်အတွက် ဆေးဝါးရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် ကြောင်း ဓာတ်ခွဲစမ်းသပ်မှုများအရ သိရှိရသည်။ Monash Univorsity မှ ဆေးဝါးဗေဒတွဲဖက်ပါမောက္ခ Christel Bergstrom က ဦးဆောင်ပြုလုပ်သော သုတေသန၏ တွေ့ရှိချက်ဖြစ်သည်။

ဆေးဝါးများကို သတ်မှတ်ပမာဏ သုံးစွဲထားသော်လည်း အရက်သည် ခန္ဓာကိုယ်ရရှိနိုင်မှုကို သုံးဆခန့်မြင့်တက်စေနိုင် သည်ဟု Monash ကပြောကြားခဲ့သည်။ ဈေးကွက်အတွင်းမှ ဆေးဝါး ၅၀၀၀ ခန့်ကို စစ်ဆေးခဲ့သည်ဟု သိရသည်။

အရက်သည် မည်သို့မည်ပုံ ဆေးဝါးများ၏ ပျော်ဝင်နိုင်မှုကို အားကောင်းစေသည်ဆို ခြင်းနှင့် စွမ်းရည်သုံးဆ ပိုလာခဲ့သည်ဆိုခြင်းကို ရှာဖွေနိုင်ခဲ့ကြသည်။ စမ်းသပ်စစ်ဆေးခဲ့ပြီး ဆေးဝါး ၂၂ မျိုးအနက် ၆၀ ရာခိုင်နှုန်းကျော်မှာ အရက်ကြောင့် ပိုမိုပျော်ဝင်နိုင်စွမ်းရှိလာသည်။ လျင်မြန်စွာ ပျော်ဝင်နိုင်ကြသည်။ အက်စစ်သတ္တိရှိသော ဆေးဝါးများအပေါ် အကျိုးသက်ရောက်မှု ပိုကဲစေသည်ဟု ဆိုသည်။ သွေးခဲခြင်းကို ဆန့်ကျင်သည့် ဆေး warfarin ကင်ဆာရောဂါကုဆေး Tamoxifen နှင့် အကိုက်အခဲနှင့် အရောင်ကျဆေး Naproxan တို့သည်အက်စစ်သတ္တိရှိသော ဆေးဝါးများဖြစ်ကြ သည်။

အရက်နှင့်ဆေးဝါးများ တွဲစပ်မသောက်ကြရန် သုတေသနပညာရှင်များ၏ သတိပေး ချက်မှာ အလေးထားဖွယ်ရာ ကိစ္စတစ်ရပ်ဖြစ်သည်။
Health

Facebook

26 Jul 2012

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အကြောင်းသိကောင်းစရာ



ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့
အကြောင်းသိကောင်းစရာ
=====================
မြန်မာသက္ကရာဇ် ၁၃၇၄ ခုနှစ် ခရစ်နှစ်၂၀၁၂ခုနှစ် ယခုနှစ် သြဂုတ်လ ၂-ရက်နေ့တွင် ဝါဆိုလပြည့် ပါတော့မည်။ မြန်မာပြက္ခဒိန်အရ လေးနှစ်တိုင်း ဝါတစ်ခါ ထပ်သဖြင့် ပထမဝါဆို၊ ဒုတိယဝါဆိုဟု ခွဲခြားထားရသည်။ သို့တိုင် ဝါထပ်နှစ်တိုင်း ဒုတိဝါဆိုကိုသာ ဝါဆိုလပြည့်နေ့ဟု သတ်မှတ်ကြသဖြင့် (ပထမ ဒုတိယ ခွဲမနေဘဲ) ဝါဆိုလပြည့်ဟုသာ ရိုးရိုး ပင်သတ်မှတ်ကြသည်။
ဝါဆိုလသည် အရပ်ရှစ်မျက်နှာတိုင်း မိုးသားတို့ဖြင့် အုပ်ဆိုင်းသော အချိန်သမယ ဖြစ်သည်။ အာသဠှီနက္ခတ်နှင့် ယှဉ်သော ဂြိုလ်ခွင်ကာလ ဖြစ်သည်။ ဝဿန္တ မိုးလေးလတို့၏ ဥတုအစ ဖြစ်သည်။ ကောင်းကင်တစ်ခုလုံး မိုးချုန်းသံတို့ဖြင့် တဂျိန်းဂျိန်း မြည်သံပေးသော အခါသမယ ဖြစ်သည်။ ရဟန်းခံ ရှင်ပြုသော ကာလ ဖြစ်သည်။ အဖြူရောင် ပုန်းညက်ပန်းတို့ ပွင့်လန်းရာ ရာသီဦး ဖြစ်သည်။

မြန်မာဆယ့်နှစ်လ ရာသီပွဲတော်တွင် ဝါဆိုလ၏ အဓိပ္ပါယ်မှာ “ရဟန်းသံဃာတော်တို့ မိမိ၏ ကျောင်းအရာမ်အတွင်း၌ ဝါတွင်းသုံးလပတ်လုံး အရပ်တစ်ပါးသို့ မရွှေ့မပြောင်းဘဲ နေထိုင် သီတင်းသုံးခြင်းကို ရည်စူး၍ ဝါဆိုလ ခေါ်သည်” ဟု ဖွင့်ဆိုသည်။ ဝါဆိုလတွင် ရှင်၊ ရဟန်း ပဉ္စင်းခံသည့်လဟုလည်း သတ်မှတ်ကြသည်။ အကြောင်းကား ဝါတွင်းသုံးလအတွင်း ညအိပ် ခရီးသွားလာခွင့် မရှိသဖြင့် ရဟန်းသံဃာတော်များ အစုံအလင်ရှိကြသည်။ ထိုကြောင့် ရှင်၊ ရဟန်း ခံရန်၊ ပြုရန် အသင့်တော်ဆုံးလဟု ဆိုသင့်ပေသည်။

ထို့အပြင် ဗုဒ္ဓရှင်တော်ဘုရား မယ်တော်မဟာမာယာဒေဝီ ဝမ်းကြာတိုက်သို့ ပဋိသန္ဓေ ယူတော်မူသည့်နေ့၊ နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ တောထွက်တော်မူသည့်နေ့၊ ဘုရားအဖြစ်သို့ ရောက်ရှိကာ တရားဦး ဓမ္မစကြာ ဟောကြားတော်မူသောနေ့တို့သည် ဝါဆိုလပြည့်နေ့တွင် ဖြစ်ကြပါသည်။ ဗုဒ္ဓရှင်ဘုရား ပဋိသန္ဓေ တည်တော်မူခြင်း၊ ထွက်တော်မူ နန်းက ခွါခြင်း၊ တရားဦးဓမ္မစကြာ ဟောကြားခြင်းတို့သည် တိုက်ဆိုင်စွာ ဝါဆိုလပြည့်နေ့ချည်း ဖြစ်နေခဲ့သည်။
ထို့ကြောင့် “သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက်သံချို လဝါဆို” ဟူ၍ စပ်ဆိုထားကြသည်

(၁) ပဋိသန္ဓေတည်သည့်နေ့ -မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ့ )

(၂) တောထွက်သည့်နေ့ - မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ့ )

(၃) ဓမ္မစင်္ကြာတရားဦးဟောနေ့ - မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ့ )

ထိုကြောင့်လည်း ဗုဒ္ဓဘာသာ တိုင်းပြည်မှန်သမျှ ဝါဆိုလပြည့်ကို နေ့ထူးနေ့မြတ် တစ်ရက်အဖြစ် သတ်မှတ်ထားကြခြင်း ဖြစ်နိုင်ပေသည်။

ref: facebook.com

25 Jul 2012

အသည်းရောဂါအတွက် ဆေး



အသည်းရောဂါခံစားနေရသော လူသားများ အတွက် ကျန်းမာလာဘ်တစ်ပါး ဝမ်းမြောက်စေသည့် သခွတ်ပြုတ်ဆေးရည် ..…( အသည်းရောဂါအတွက် ဆေး သိရှိစေရန် ထပ်မံတင်ပေးပါသည် )


ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်၏….( အသည်းရောဂါဖြစ်နေသော မိသားစုဝင်များအား စိတ်ချမ်းသာမှု့  ဖြစ်စေပြီး လူ့ သက်တမ်းအပြည့်နေနိုင်သောကြောင့် Mg Mandalay မှ လေးနက်စွာ မျှဝေပါသည် ။ )

အခုဖော်ပြသော သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။
ဆရာကြီးစီမှာ အသည်းအတွက် သောကများစွာ ငွေမြောက်များစွာ ကုန်ကျနေပြီးမှ ရရှိလာသော အစွမ်းထက်ဆေးနည်းလည်း ဖြစ်ပါသည် ထို စီပိုးလူနာ၏ ကိုယ်တွေ့ ဆေးဖြစ်သောကြောင့် လူနာကိုယ်တိုင်းမှ ဌင်းကဲ့သို့  ပိုက်ဆံ ရာပေါင်းများစွာ ကုန်ကျခြင်းလည်း မရှိစေဘဲ တကယ်လည်း သောက် တကယ် စီပိုးပျောက်ခဲ့ရလို့  သူကိုယ်တိုင်လည်း ဆေးကုသိုလ် ပြု့ နေပါသေးသည် ။

လုပ်ဆောင်သောက်သုံးရန်မှာ ….
သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ အပွင့်နှင့်အရွက်ကိုတော့ နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ ( လက်ဖက်ခြောက်လို့ လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည် ။

ဆေးရည်ကျိုနည်း ….
ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ 
မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။ အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ 
အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။

အရွက်ခြောက်နဲ့  အပွင့် ခြောက်အနည်းငယ်ကိုလည်း လက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း ဆေးအဖြစ်သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့် ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ 

သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

ရောဂါဟူသမျှ တခဏဖြစ်ကြပါစေ……

Ref: http://facebook.com

ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်

ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ် 
download ဆွဲချင်သူများ
ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6ko8ek7s
(ကျေးဇူးတင်ပါတယ်)
http://www.facebook.com/BuddhismBeams

Credit:  Buddhism Beams(myanmar)'s photo.
 
ကျေးဇူးပြု၍ တဆင့် share ခြင်းဖြင့် သာသနာ ပြုကြပါ
ပိဋကတ်(၃)ပုံမြန်မာပြန် စာအုပ်ဖြစ်ပါတယ်
download ဆွဲချင်သူများ

ဒီမှာ နှိပ်ပါ http://www.mediafire.com/?s0nt69m6...

Ref: http://facebook.com

15 Jul 2012

တညင်းသီး နှင့် သူ၏အဆိပ်



အဆိပ်တွေနဲ့အသီး

အားလုံးသိကြတဲ့အသီးပါပဲ။ ကြိုက်တဲ.လူလည်း တော်တော်များမယ်ထင်ပါတယ်။
အထူးသဖြင်. အမျိုးသမီးတွေဖြစ်မယ်ထင်ပါတယ်။ အဲဒါကတော့တညင်းသီးပါ။
တညင်းသီးကို English လို Djenkol Bean လို.ခေါ်ပြီး၊ သူ.ရဲ. Scientific
name ကတော. Pithecolobium -lobatum လို.ဆိုပါတယ်။ တညင်းသီးမှာ လူကိုအကျိုးပြုတဲ. ဗီတာမင်ဓာတ်ပါဝင်မှု မရှိပါဘူး။ သူ.မှာ ပါဝင်တာကတော.လူကို ဒုက္ခပေး နိုင်တဲ. အဆိပ်ဓာတ်ပါ။ တညင်းသီးမှာ Djenkolic acid ဆိုတဲ.အဆိပ်တွေ ၀.၃% ကနေ ၁.၃% အထိပါဝင်ပါတယ်။ တညင်းသီးဟာ အဆိပ်သင်.တတ်တဲ.အစားအစာတစ်ခုဖြစ်ပါတယ်။ တညင်းသီးအဆိပ်သင်.တာကို Djenkilism လို.ခေါ်ပါတယ်။ အဆိုးရွားဆုံးကတော. ကျောက်ကပ်နှစ်ခုစလုံး တစ်ပြိုင်နက်ပျက်စီးပြီး
အသက်ဆုံးရှုံးတဲ.အထိ ဖြစ်နိုင်တာပါပဲ။ မြန်မာနိုင်ငံမှာ တညင်သီးပေါတဲ.ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ ရွေကျင်နဲ.သံတောင်ကြီးဒေသတွေမှာ တညင်းသီးအဆိပ်သင်.မှု အများဆုံးတွေ.ရပါတယ်။
တညင်းသီးပေါတဲ. ရာသီမှာ အဆိုးဆုံးဖြစ်ပြီး နှစ်စဉ် အဆိပ်သင်.မှုကြောင်.အသက်ဆုံးရှုံးမှုတွေ ရှိပါတယ်။ အထူးသဖြင်. အဆိပ်သင်.တဲ.အခါ ဆေးရုံတက်ရောက်ပြီး စနစ်တကျကုသမှု မခံယူရင်သေဆုံးဖို.လမ်း
ပိုများတယ်လို.ဆိုပါတယ်။

အဆိပ်သင်.ခြင်း

တညင်းသီးအဆိပ်ရဲ. ဖွဲ.စည်းပုံမော်လီကျုးကတော. အပ်ချောင်းပုံလေးတွေကိုပုတီးသီသလို သီထားတဲ.ပုံဖြစ်ပါတယ်။ တော်တော်ရှည်ပြီး တစ်ခုနဲ.တစ်ခုအလွယ်တကူ ချိတ်တွယ်နိုင်ပါတယ်။ ကျနော်တို. ခန္ဓာကိုယ်မှာ အဆိပ်တွေဝင်လာရင်အသည်းက ပျက်ပြယ်အောင်လုပ်ပေး ပါတယ်။ ကျောက်ကပ်ကတော.ခန္ဓာကိုယ်ကအညစ်အကြေးတွေကို စွန်.ထုတ်ပေးပါတယ်။ တညင်းသီးစားလိုက်ရင်ပါဝင်တဲ.အဆိပ်တွေဟာ သွေးထဲကို အရင်ရောက်သွားပါတယ်။ ပြီးတဲ.အခါ
အသည်းကိုရောက်ပါတယ်။ အသည်းဟာ ခန္ဓာကိုထဲကို ရောက်လာတဲ. အဆိပ်တွေကို
ပျက်ပြယ်အောင်လုပ်ပေးနိုင်ပေမယ့်
တညင်းသီးမှာပါတဲ. အဆိပ်ကိုတော.ပျက်ပြယ်အောင်
မလုပ်နိုင်ဘူးလို.ဆိုပါတယ်။ အဲဒီအခါ ကျောက်ကပ်ကနေစွန်.ထုတ်ဖို.ကြိုးစားရပါတယ်။ ဒါပေမယ်. တညင်းသီးအဆိပ်မော်လီကျုးရဲ.တည်ဆောက်ပုံကြောင်. ဆီးပြွန်ငယ်လေးတွေ ပိတ်ဆို.တတ်ပါတယ်။
နောက်ပြီးအပ်ချောင်းပုံအဆိပ်မော်လီကျုးတွေကထိုးလို. သွေးကြောလေးတွေပေါက်တတ်ပါတယ်။ အဲဒီအခါ ဆီးသွားရင် သွေးပါတာ၊ ဆီးသွားနည်းတာတွေဖြစ်လာပါမယ်။ ပိုပြီးဆိုးလာတဲ.အခါ ဆီးလမ်းကြောင်းပိတ်ပြီး ဆီးလုံးဝသွားလို.မရဖြစ်လာပါမယ်။ ကျောက်ကပ်နှစ်ခုစလုံးက ဆီးမထွက်နိုင်လို.
တင်းလာပြီး မခံမရပ်နိုင်အောင် နာကျင်လာပါမယ်။ သွေးထဲမှာ Ureaနဲ.အဆိပ်အတောက်တွေများလာပြီး
ဆေးရုံကို အချိန်မီ တက်ရောက်ကုသမှုမခံယူရင်အသက်သေဆုံးနိုင်ပါတယ်။ ဒါကို ရုတ်တရက်
ကျောက်ကပ်ပျက်စီးခြင်း (Acuterenal failure) လို.ခေါ်ပါတယ်။ ကျောက်ကပ်သန်.စင်စက် (Renal dialysis) နဲ.အချိန်မီကုသ နိုင်မှသာ အမြန်ဆုံးသက်သာမှာ ဖြစ်ပါတယ်။

တညင်းသီးစားမယ်ဆိုရင်

တညင်းသီးမှာပါတဲ. အဆိပ်ဓာတ်ဟာ ရေမှာအနည်းငယ်သာ ပျော်ဝင်တဲ.
အဆိပ်မျိုးဖြစ်ပါတယ်။ ပျော်ဝင်နှုန်းက ၀.၅% သာဖြစ်ပါတယ်။ တညင်းသီးကိုပြုတ်လိုက်ရင် အဆိပ်ဓာတ်နည်းနည်းသာ ပျော်ဝင်ပြီးပြည်.၀သွားတဲ.အတွက်အဆိပ်တွေ ထပ်ပြီးမပျော်နိုင်ပါဘူး။ ဒါကြောင်. ရေနဲ.ပြုတ်တဲ.အခါတစ်ကြိမ်တည်းနဲ. မလုံလောက်ပါဘူး။ အနည်းဆုံး သုံးကြိမ်မှ ငါးကြိမ်ထိ
ရေများများနဲ. ပြုတ်ရမှာဖြစ်ပါတယ်။ ပြုတ်ပြီတဲ. ရေတွေကိုလည်း သွန်ပစ်ပြီးရေအသစ်နဲ. ထပ်ပြုတ်ရမှာပါ။ ဒါဆိုရင်တော. အန္တရယ်တော်တော်လျော.သွားမှာပါ။တညင်းသီးအဆိပ်ဟာ 300ֹC ကျော်မှသာ ဓာတ်ပြယ်ပျက်စီးပါတယ်။ ရေဆူမှတ်ဟာ 100ֹC သာရှိတာကြောင်.ဘယ်လိုမှ ဓာတ်မပြယ်နိုင်ပါဘူး။ တကယ်လို.များမီးဖုတ်ပြီးစားရင် အဆိပ်တွေဟာ ဓာတ်လည်းမပြယ်၊ အပြင်လည်းမရောက်တော. 100%ခန္ဓာကိုယ်ထဲရောက်ပြီး ဒုက္ခပေးမှာဖြစ်ပါတယ်။
တညင်းသီးကို ဆားရည်မှာကြာကြာစိမ်ပြီးစာရင်တော. အဆိပ်တွေတော်တော်လေးလျော.နည်းသွားတယ်
လို.ဆိုပါတယ်။
တညင်းသီး အဆိပ်ဟာ ဆားရည်မှာ အလွယ်တကူပျော်ဝင်ပါတယ်။ သိပ္ပံနည်းအရ pH များလေလေ
ပျော်ဝင်မှု Solubility များလေလေဖြစ်ပါတယ်။

အနံ.ပြင်းပြင်း၊ အဆိပ်ပြင်းပြင်း

တညင်းသီးစားပြီးတဲ.အခါ ပါးစပ်မှာနံနေတာ၊ ဆီးသွားရင် အနံ.ဆိုးတာတွေဟာခန္ဓာကိုယ်ထဲမှာ အဆိပ်တွေဝင်နေပြီလို.ဆိုလိုတာပါပဲ။ တညင်းသီးအဆိပ်နဲ.ပတ်သက်ပြီး WHO(1970), South East Journal of Tropical Medicine(1978) စသဖြင်.ထုတ်ပြန်ရေးသားထားတာတွေလည်း
ရှိပါတယ်လို.ဆိုတယ်။
ဒါကြောင်.စားပြီးရင် ခန္ဓာကိုယ်ကိုလည်း ဒုက္ခပေးသလို အိမ်သာထဲမှာလည်း အနံ.ဆိုးပေးတဲ.
ဒီလိုအသီးကို တတ်နိုင်သမျှတော့မစားသင့်ဘူးလို့ထင်ပါတယ်။

(ဒေါက်တာ ခင်မောင်လွင်-FAME ၏ ကျန်းမာသုတအစီအစဉ်မှ ကောက်နုတ်၍
အကျဉ်းချုံးဖော်ပြပါသည်။)

Ref: http://www.facebook.com

7 Jul 2012

မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ တရားဝင်ငွေလွှဲပေးပို့နိုင်ပြီ


မလေးရှားနိုင်ငံ May Bank မှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ တရားဝင်ငွေလွှဲများ ပေးပို့နိုင်ပြီဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သတင်းရရှိသည်။ မြန်မာအလုပ်သမား အများအပြား လုပ်ကိုင်လျက်ရှိရာ မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံ ကမ္ဘောဇဘဏ်သို့ ဇူလိုင် ၂ ရက်မှစတင်ကာ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ မလေးရှားနိုင်ငံမှ ငွေလွှဲပေးပို့လိုသူများအနေဖြင့် အများဆုံးအမေရိကန်ဒေါ်လာ ၃၀၀၀ အထိငွေလွှဲနိုင်ပြီး ငွေလွှဲခနှုန်းထားများမှာ အမေရိကန် ၁ ဒေါ်လာမှ ၅ ဒေါ်လာအထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို မလေးရှားရင်းဂစ် ၁၅ ရင်းဂစ်၊ အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၂၀၀၀ အထိကို ရင်းဂစ် ၃၀ နှင့်အမေရိကန်ဒေါ်လာ ၂၀၀၀ မှ ဒေါ်လာ ၃၀၀၀ အထိကို ရင်းဂစ် ၆၀ နှုန်း ဖြင့် ငွေလွှဲခနှုန်းထားများ သတ်မှတ်ထားကြောင်း သိရသည်။ ငွေလွှဲပေးပို့လိုသူများအနေဖြင့် May Bank နှင့် ကမ္ဘောဇဘဏ်တို့တွင် ငွေစာရင်း (Bank Account) ရှိရန် မလိုအပ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲများသို့ လုံခြုံစိတ်ချစွာဖြင့် ငွေလွှဲပေးပို့နိုင်ကြောင်း သိရသည်။ ငွေထုတ်သူများအနေဖြင့်လည်း သက်ဆိုင်ရာ ကမ္ဘောဇဘဏ်များတွင် လွယ်ကူလျင်မြန်စွာဖြင့် ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်လီမိတက်မှ သိရသည်။ ကမ္ဘောဇဘဏ်လီမိတက်သည် ထိုင်းနိုင်ငံရှိ Siam Commercial Bank နှင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးထာြးေ ကာင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

ref :http://www.facebook.com

ကင်ဆာရောဂါနှင့် သင်္ဘောရွက်


ကင်ဆာရောဂါနှင့် သင်္ဘောရွက် ........(ကိုယ်ကိုယ်တိုင် မခံစားရလည်း ခံစားနေရသော မိမိပတ်ဝန်းကျင်ကို မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူကြပါစို့...)

လွန်ခဲ့တဲ့ ၅ လကျော်လောက်က ကျွန်တော်တို့ဌာနကို ကင်ဆာဝေဒနာရှင် ဆရာတော်တစ်ပါး ရောက်လာ တယ်။ ဆရာတော်က ကင်ဆာရနေလို့ ဓါတ်ရောင်ခြည်ကင်ဖို့ သက်ဆိုင်ရာ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်လည်းပါလာတယ်။ ကျွန်တော်တို့က ဆရာတော်ကို ဓါတ်ရောင်ခြည်ကင်ဖို့စီစဉ်တော့ ဆရာတော်က လက်မခံဘူး။ ပြန်ကြွသွားတယ်။ အဲ့ဒီလိုနေလာရာက ၃-လကျော်လောက် အကြာမှာ အဲဒီဆရာတော် ပြန်ကြွလာတယ်။ ကျွန်တော်သူရောဂါကို စစ်ဆေးကြည့်တဲ့အခါ ကင်ဆာရော ဂါ ပျောက်ကင်းနေတာကို တွေ့ရတယ်။ ကျွန်တော်တို့လည်းအံ့သြမဆုးံဖြစ်သွားတယ်။

ဒါနဲ့ ‘ဆရာတော်ဒီကြားထဲ ဘာဆေးတွေ သောက်လဲလို့ မေးကြည့်တယ်။ ဆရာတော်က သင်္ဘော ရွက်အစိမ်းတွေကိုပဲ အရည်ညှစ်သောက်တယ်’ လို့ပြောပြတယ်။

သည့်နောက် ဆရာတော်လည်း ၀မ်းသာအားရ ပြန်ကြွသွားတာပဲ။ ဆရာတော်ရဲ့ ကင်ဆာရောဂါဟာ သင်္ဘောရွက် အစိမ်းကြောင့် ပျောက်တယ်ထင်တာပဲ၊ အတိအကျတော့ မပြောနိုင်ဘူး။ ဆေးသိပ္ပံသဘောအရ တစ်ဦး တစ်ယောက် သင်္ဘောရွက်ကြောင့် ကင်ဆာပျောက်တယ်ဆိုပေမဲ့ အားလုံးပျောက်လိမ့်မယ်လို့ ကောက် ချက်ချ မပြောနိုင်ဘူးဆရာ။ ကင်ဆာအမျိုးအစားနဲ့ ကင်ဆာလူနာပေါင်းများစွာကို စမ်းသပ် ကြည့်ပြီး ပျောက်မှ အတည်ပြုပြောနိုင်မှာပါ။ ထူးခြားတာကတော့ အမှန်ပဲဆရာ” ဟူ၍ ဆရာဝန်ကြီးဒေါက်တာ တင်အောင်က ပြောပြခဲ့သည်။ ကျွန်တော်လည်း ထိုစဉ်ကပင် သင်္ဘောရွက် စိမ်းအာနိသင်ကို သတိပြုမိသည်။ ၁၅-နှစ်ခန့်ကြာသောအခါ ဆရာဝန်ကြီး ဒေါက်တာတင်အောင်သည် ကွယ်လွန် သွားရှာသည်။

ကျွှန်တော်လည်းကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်း သူ၏ပြောပြချက် ကို မေ့မေ့ပျောက် ပျောက် ပင်ရှိခဲ့သည်။ ဤသို့ရှိရာမှ မကြာမီက ရန်ကုန်မြို့မဟာသိမ်တော်ကြီး ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရက လက်ကမ်းစာစောင် ကလေးတစ်စောင်ကို မြတ်မင်္ဂလာတွင် လိုသလို အသုးံပြုနိုင်ရန် တာဝန်ခံအယ်ဒီတာ ဦးဥာဏ်လင်းအောင်မှတဆင့် ကျွန်တော့်ကို ပေးလိုက်သည်။ ဤလက်ကမ်း စာစောင်တွင် “ကင်ဆာရောဂါပျောက်စေသောသင်္ဘောရွက်” ဟူသော ဆောင်းပါးတစ်ပုဒ် ပါလာ သည်။ ရေးသားတင်ပြသူမှာ ဒေါက်တာခင်ရွှေ ( တိရစ္ဆာန်ဆေးကုဆရာဝန်) ဟူ၍ ဖော်ပြထားသည်။

ကျွှန်တော်ဖတ်ရူလေ့လာကြည့်ရာ ကင်ဆာရောဂါ ပျောက်စေသော သင်္ဘောရွက်အကြောင်း စုံစုံ လင်လင် ရေးသားထားသည်ကို တွေ့ရသည်။ ဤတွင်ကွယ်လွန်သူဆရာဝန်ကြီင်္း ဒေါက်တာ တင်အောင်၏ ကင်ဆာရောဂါနှင့် သင်္ဘောရွက်အကြောင်းပြောကြားချက်ကို သတိရကာ အများပြည် သူတို့ ဖတ်ရူနိုင်ရန် ထပ်ဆင့်တင်ပြပါသည်။ ကျွန်တော်သည် ဆရာဝန်လည်းမဟုတ်ပါ။ ဆေးဆရာ လည်းမဟုတ်ပါ။ ဆေးမြီးတို အကြောင်းရေးသားသူလည်း မဟုတ်ပါ။ သို့ရာတွင် ဤဖြစ်ရပ်၊ ဤ ဆောင်းပါးတို့သည် ကင်ဆာ ရော ဂါဝေဒနာရှင်တို့အတွက် တစ်စုံတစ်ခုသော အတိုင်းအတာအထိ အကျိုးပြုနိုင် လိမ့်မည်ဟုထင်မြင်ကာ မူရင်းအတိုင်း ကုသိုလ်ပြု တင်ပြအပ်ပါသည်။

ဒေါက်တာခင်ရွှေ (တိရစ္ဆာန်ဆေးကုဆရာဝန်) ဘာသာပြန်တင်ပြသော ဆောင်းပါးအပြည့်အစုံ မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ “သင်္ဘောပင်ကို အပူပိုင်း အမေရိကန်နိုင်ငံတွင် စ-တင်စိုက်ပျိုးနေကြ သည်။ လက်တင်ဘာသာအားဖြင့် ( Carica Papaya ) ဟုခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန် တွင် ပေါပေါဟု ခေါ်ဆိုသည်။ မြောက်အမေရိကရှိ လက်တင်ဘာသာအားဖြင့် ( Asi-mina Tirbola ) နှင့်ရှိသော အပင်နှင့်မတူချေ။ ၎င်းကိုလည်း ပေါပေါဟုခေါ်ဆိုသည်။ နှစ်ပင်စလုံး ဆေးဖက်ဝင်ပါသည်။ သင်္ဘောရွက်အရည်သည် သြစတြေးလျနိုင်ငံ ရွှေကမ်းခြေရှိလူများအား ကင်ဆာရောဂါပျောက်စေပါသည်။

စာရေးဆရာ ( Harold Tieze )က ၎င်းစာအုပ်တွင် မည်သို့မည်ပုံ အဆီထုတ်မည်နှင့် ကင်ဆာပျောက် ကင်းသူတို့၏ ဇာတ်လမ်းတို့ကို အတိအကျ ရေးသားထားသည်။ ဤစာအုပ်တွင် ရွှေကမ်းခြေလက် ကမ်းစာစောင်တွင်ပါရှိသော အောက်ပါ အစီရင်ခံစာကိုဖော်ပြပါမည်။ “ပေါပေါသည် ကင်ဆာပျောက် သစ်သီးဖြစ်သည်။ ဥယျာဉ်မူးတို့သည် ကင်ဆာရောဂါရှင်တို့၏ သင်္ဘောရွက်အလှူခံမူကို အားပေး ကြသည်။ လွန်ခဲ့သော ၁၄- နှစ်က ဤအရပ်နေသူသည် ကင်ဆာရောဂါပျောက်ကြောင်း အရွက်၏ ဂုဏ်သတ္တိကိုထုတ်ဖော်ပါသည်။ ၎င်းကိစ္စကိုခြေရာခံလိုက်ရာ သူနာပြုဆောင် ရောက်သွားပါသည်။ မစ္စတာစတန်ရှယ်တန်သည် ပြုတ်ထားသော သင်္ဘောရွက်သတ္တုရည်ကို သောက်ခြင်းဖြင့် ပိန်းကြာ ရွက်ပေါ် ရေမတင်သကဲ့သို့ ကင်ဆာရောဂါ ရှောရှောရှူရှူ ပျောက်သွားသည်။

အမေရိကန်၌ သုသေသနလုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား ရရှိပါသည်။ ၎င်းသုသေသန၌ သင်္ဘောပင်မှ ဓာတုပစ္စည်းတစ်ခုကို ထုတ်နုတ်ရာ ကင်ဆာရောဂါ အဆတစ်သောင်းခန့် ထက်မြက် သွားပါသည်။ မစ္စတာရှယ်တန်က ဤတွေ့ရှိမူသည် ကျွန်ုပ်ကို သောက်သုံးရန် အကြံပေးခဲ့ပါသည်။ ကျွနှ်ပ် နှစ်လ စမ်းသောက်ကြည့်သည်။ ကျွန်ုပ်သည် တီဘီရောဂါကို ဓါတ်မှန်ဖြင့်အဆုတ် စစ်ဆေးခဲ့ သည်။ ဆရာဝန်တို့က ကင်ဆာပျောက်ပြီဟု ပြောပါသည်။ ထိုနှင့် ကျွန်ုပ်က အထူးကုတို့အား ပြော ကြားရာ ၎င်းတို့က မယုံကြည်ကြချေ။ နောက်ဆုးံ ခေါင်းကုတ်ပြီး ကျွနှ်ပ်က ကင်ဆာရောဂါအတွက် သင်္ဘော ရွက်ကို ပြုတ်သောက်ခဲ့ကြောင်း ထောက်ခံချက်ရေးခဲ့သည်။ ၁၉၆၂-ခုနှစ် ကင်ဆာသည် ဘယ်တော့ မှ ပြန်လည်မဖြစ်ပေါ်ခဲ့ပါ။ ရှယ်တန်၏ဇနီး သည်ကင်ဆာပျောက်ကြောင်း ဆေးမြီးတိုတို့ကို အခြားဝေဒနာ သည်တို့အားဖြန့်ဝေပေးရာ ၁၆-ယောက် ပျောက်ကင်းချမ်းသာပါသည်။

သင်္ဘောရွက်နှင့်ရိုးတံတို့ကိုမသောက်ခင် နှစ်နှစ်ရီကြာဒယ်အိုးထဲတွင် ပြုတ်ထားရပါသည်။သို့သော် ရေခဲသေတ္တာထဲတွင် ထားပါက ၃၊၄ရက် ခံပါသည်။ ထို့နောက် ပုပ်သွားမည်။ နောက်လူတစ်ယောက်က ၁၉၇၈-ခု စာစောင်ပါအတိုင်း ဖတ်ပြီး သင်္ဘောရွက်တို့ကိုဆေးလုပ်ကာ ကင်ဆာရောဂါသည်တို့အား ပေးခဲ့ပါသည်။ အဘယ်ကြောင့်ဆိုသော် ယခင် ကင်ဆာရောဂါတွေ့ရှိမူကြောင့် သေမည့်လူတို့သည် ယခုအခါ အသက်ရှင်နေကြသည်။ ထို့ကြောင့် သင်္ဘောရွက်ကုထုံးသည် ကင်ဆာကို တကယ်ပျောက် ကင်းပါသည်။ (ဆေးမြီးတို) သင်္ဘောရွက်အလတ်စားတို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက် တောက်စဉ်းကာ ဒယ်အိုးထဲတွင်ရေနှစ်လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင်ထည့်ထားပါ။ ရေခဲသေတ္တာထဲတွင်ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက် ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်းသုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ်တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံးဇာတ်လမ်းသည် အခြားဆေးဖက်ဝင်ကုထုံးများထက် ပိုမို ဆန်းပြားသည်။

R.J.W မှ အောက်ပါအတိုင်း စာတစ်စောင်ရေးသားသည်။ ကင်ဆာရောဂါဖြင့် သေလုဆဲဆဲ ဖြစ်နေသော လူနာများအား သင်္ဘောရွက်ပြုတ်ရည်နှင့် ကုရပါသည်။ ရှေးဦးစွာ အသက် ၄၀-ရှိ ငှက်ပျောတောင် သူတစ်ယောက်တွင် ဆီးအိမ်ကင်ဆာရောဂါ ပြန့်ပွားမူကို မရပ်တန့်နိုင်ခဲ့ချေ။ ကျွန်ုပ်က တောစာ များ၊လတ်ဆတ်သောဂျုံဖြူများ၊ သကြားများ၊ ထိန်းဆေးမပါသော အစားအစာများစားရန် ပြောကြားပြီး သင်္ဘောရွက်တစ်ဆုပ်ကျ ဒယ်အိုးထဲတွင်ထည့်ပြုတ်ကာ သောက်စေသည်။ ထိုတောင် သူသည် ၅-ပါတ် သောက်လိုက်ရာ ကင်ဆာရောဂါ ပျောက်ကင်းသွားသည်။ အရွက်တို့ကို အခြောက် လှန်း၊ အမှုန့် ထောင်းပါကပိုမိုစွမ်းပါသည်။ ကြွက်များတွင် စမ်းသပ်ကြည့်ရာ အောင်မြင်ပါသည်။ သင်္ဘောရွက်များကို ထုထောင်း၍ ကြွက်များကိုဆေးထိုးကြည့်ရာ ကြွက်ရှိကင်ဆာအကျိတ်များ ပျောက် ကုန်ပါသည်။ သင်္ဘောရိုးတံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကိုမျှတစေပါသည်။

ဤသို့အားဖြင့် ကင်ဆာဆဲလ်များဖြင့် သွေးကြောများရှင်သန်မှုတို့ကို Acetogenin ဖျက်ဆီး ပစ်ပါ သည်။ သင်္ဘောရွက်သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်ပါသည်။ ၎င်းတို့သည် ခန္ဓာကိုယ်ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုးကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း၊ ပါကျူးတက္ကသိုလ်ပါမောက္ခသည် အမျိုးသားကင်ဆာသိပ္ပံမှ မေတ္တာရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာထိရောက်မှုကို စမ်းသပ်ခဲ့သည်။ အပင် ၃၅၀၀-တွင် အစွမ်းထက်ပစ္စည်း ၅၀-တွေ့ပါသည်။ ၎င်းအနက် Acetogenin သည် အလွန်အစွမ်းထက်ပြီးသန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ်တို့ကို တိုက်ဖျက်ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခမဖြစ်စေပါ။

အထူးသဖြင့် သင်္ဘောရွက်သည် ကင်ဆာကျိတ်တို့ကို ထူးကဲစွာ ချေဖျက်ပေးပါသည်။ ထို့ပြင် ဓာတု နှင့်ဓါတ်ရောင်ခြည်ကုထုံးတို့တွင် ပံ့ပိုးမှုအဖြစ် သင်္ဘောရွက်ကိုသုံးကြပါသည်။ ဘေးထွက်ဆိုးကျိုး မရှိပါ။ ထို့အတွက်ကြောင့် သင်္ဘောရွက်သည် မြစ်ချင်းပြီးဆေးတစ်လက်ဖြစ်ရာ ၎င်းနှင့်အလား တူဆေးအမည်မှာ ရဲယိုရွက်၊ ရဲယိုသီး၊ ခုခံအားကျဆင်းမှု ကယ်တင်ရှင်တို့ဖြစ်ကြပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကင်ဆာတို့ကို တိုက်ဖျက်သည်။ သို့သော်လည်း သင်္ဘောရွက်ဆေးကို KC-H (သို့) COQ10 COENZYNE 10 ကဲ့သို့သော် လည်ပင်းကျိတ်ဆွဆေးပြားဖြင့် ပူးတွဲအသုံးပြုနိုင်သည်။ Laetrine ဆေးကိုမှီဝဲသော ကင်ဆာရောဂါရှင်တို့သည် သင်္ဘောရွက်နှင့်နာနတ်သီးကို စားပေးရပါမည်။ အဘယ်ကြောင့်ဆိုသော် အယ်ဇိုင်းဓာတ်တို့သည် ကင်ဆာဆဲလ်တို့ကို ဖယ်ရှားပေးသည်။ ထို့ကြောင့် အစေ့အတွင်းရှိ B-17 သည် အလုပ်လုပ်နိုင်သည်။

တုပ်ကွေးရောဂါနှင့်ပတ်သက်၍ ကျောင်းသားတစ်ဦးမှ သိရှိရသည်မှာ ၎င်း၏သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အားချည့်နဲ့နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီးဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘော ရွက်အရည်ကိုသာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ်အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက်ဆေးကို မှီဝဲပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့တောင်မှ အံ့အားသင့်ပြီး ကလေးကို ဆေးရုံမှဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတိုအရ သင်္ဘောရွက်နှစ်ရွက်ကို ဆေးကြောထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကိုရွေးပါ။ အလွန်ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။

နောက် ဇာတ်လမ်းတစ်ပုဒ်မှာ အသက် ၃၂-နှစ်ရှိသော ကျွှန်တော့်သူငယ်ချင်းတွင် လွန်ခဲ့သောနှစ်က တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရသည်။ ဆရာဝန်ကတုပ်ကွေး ပျောက်ခြင်း မရှိကြောင်းပြောပြပါသည်။ မိမိခုခံအားကိုသာ မြင့်ပေးရန်ပြောသည်။ ထိုလူနာတွင် သွေးနှစ်ခါသွင်းပြီး ဘုရားဆီတွင် ဆုတောင်း နေရ သည်။ ၎င်း၏ သွေးဥတို့သည် ၂၈၀၀၁ သို့ ၃-ရက်အတွင်းကျသွားသည်။ ထိုအခါ ယောက္ခမ ဖြစ်သူက သင်္ဘောရွက်ရည်တိုက်ပြီး ကုသရာ သွေးများပြန်လည်မြင့်တက်ပြီး ၃-ရက်အတွင်း ပိန်းကြာရွက် တွင် ရေမတင်သကဲ့သို့ ရောဂါပျောက်ကင်းခြင်းသို့ ရောက်၏။ ထူးခြားသည်မှာ သင်္ဘော ရွက်သည် တုပ်ကွေးရောဂါဖြစ်သူအား အပူငြိမ်းစေကာ အေးမြမှုကိုပေးပါသည်။ လည်ချောင်း ရောဂါဖြစ်ပါက သင်္ဘောရွက်ကို မှီဝဲသင့်သည်။ ထို့်ကြောင့် အိုသူတော်ကောင်းအပေါင်းတို့ သင်္ဘော ရွက်ကို မွှေစက်ထဲ သို့ထည့်ပြီး ညှစ်၍ သုံးဆောင်ကြပါလေ။
ဒေါက်တာခင်ရွှေ
(တိရစ္ဆာန်ဆေးကုဆရာဝန်)

ref : http://www.facebook.com