20 Oct 2013

သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်


သံဗူးကိုအသုံးပြုထားတဲ့ အဖျော်ယမကာတွေ သောက်တော့မယ်ဆိုရင်
==========================

eptospira ဆိုတဲ့ virus ကြောင့်ဖြစ်တဲ့ ရောဂါပါ။ ကြွက်သေးတွေထဲမှာ ခိုအောင်းနေတတ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ (ဘယ်နိုင်ငံလဲမမှတ်မိတော့ပါ) မိသားစုတစ်စုက တနင်္ဂနွေအားလပ်ရက်မှာ ပျော်ပွဲစားထွက်တယ်။ စားစရာနဲ့  အဖျော်ယမကာသံဗူး (tin cans) တွေ ယူသွားတယ်။ တနင်္လာနေ့ မှာ မိသားစုဝင်နှစ်ယောက် ဆေးရုံ (အထူးကြပ်မတ်ဆောင်) တက်ရတယ်။ ဗုဒ္ဓဟူးနေ့ မှာတစ်ယောက် ဆုံးသွားတယ်။ Autopsy result က leptospirosis ပါ။

ဘာကြာင့်ဖြစ်တာလဲဆိုတော့ ခြောက်သွေ့ နေတဲ့ကြွက်သေးနဲ့ အတူ leptospira ကပ်ညှိနေတဲ့ သံဗူးတွေကိုသောက်မိတာကြောင့်ပါ။Tin Can မျက်နှာပြင်ကို သန့် ရှင်းမှုမရှိဘဲ၊ ဖန်ခွက် (သို့ ) ခွက်တခုခုနဲ့ မထည့်ဘဲ မော့သောက်ခဲ့တာပါ။
အဖျော်ယမကာများဈေးကွက်ထဲဖြန့် ဖြူးရောင်းချခြင်းမပြုမှီ stock မှာသိုလှောင်သိမ်းဆည်းထားလေ့ရှိပါတယ်။ ကြွက်များဖြတ်လျှောက်သွားရုံသာမက ကြွက်သေးများပါရှိနေတတ်ပါတယ်။
ဒါကြောင့် အဖျော်ယမကာသံဗူး တွေသောက်တဲ့အခါ သံဗူး မျက်နှာကိုပြန်သန့် စင်ဖို့ မမေ့နဲ့ နော် ။


ဆေးဝါးဆိုင်သတင်းဆောင်းပါး မှ

Ref : https://www.facebook.com/AP.NewsLover

19 Oct 2013

Play Store က Free ပေးတဲ့ Game တွေ , App တွေကို IDM နဲ့ ဒေါင်းယူရအောင်

Play Store က Free ပေးတဲ့  ဖိုင်လ်ဆိုက်ဒ်ကြီးတဲ့ Game တွေ , App တွေကို ဒေါင်းယူ ကြတဲ့အခါ....
Broswer ကပါတဲ့ Downloader (သို့) Phone နဲ့ ဆွဲရတာ အရမ်းကြာပါတယ်..
ခုတော့ အဲ့ဒီပြဿနာကို ဘာဆော့ဖ်ဝဲ မှ သုံးစရာမလိုပဲ Internet Download Manager (IDM) နဲ့ မြန်မြန် ဆန်ဆန် အလွယ်တကူ ဒေါင်းယူနိုင်ပါပြီ....

APK ဖိုင်လ်တွေကို ကွန်ပျူတာပေါ်ကနေ တိုက်ရိုက် ဒေါင်းယူချင်တဲ့ , ဒေါင်းမရတဲ့ သူငယ်ချင်းတွေအတွက်လည်း
တခါထဲ အဆင်ပြေသွားစေမဲ့ နည်းလေးပါ....

နည်းလမ်းကတော့.... အရင်ဆုံး (IDM)  Internet Download Manager ကို နည်းနည်းပြင်ပေးဖို့လိုပါတယ်.. IDM ကိုဖွင့်ပြီး Options ကို နှိပ်ပါ...

File types  မှာပုံထဲကအတိုင်း Space ခြားပြီး APK ရေးထည့်ပါ..(တခြား ကိုယ်ဒေါင်းယူစေချင်တဲ့ File Types တွေကိုလည်း အဲ့ဒီအတိုင်း ရေးထည့်ပေးနိုင်ပါတယ်)


 OK နှိပ်ပြီး Save လိုက်ပါ...။

ဒါဆိုရင် APK ဖိုင်လ်တွေကို IDM နဲ့ ဒေါင်းယူဖို့ အဆင်သင့်ဖြစ်နေပါပြီ....။
ပြီးရင်.....
Play Store ကိုသွားပါ.... မိမိ ဒေါင်းယူလိုတဲ့ Game,App နေရာက URL ကို (Link) ကို Copy ကူးပါ...



ပြီးရင် ဒီ Link ကို  http://apps.evozi.com/apk-downloader/   နှိပ်လိုက်ပါ...

Package name or Google Play URL အောက် Box ထဲမှာ Right Click > Paste ချပြီး....
 

Generate Download Link ကို နှိပ်လိုက်ပါ...

ခဏနေရင် အောက်မှာ အစိမ်းရောင်လေးနဲ့ Click here to download ကိုနှိပ်ပြီး Internet Download Manager (IDM) နဲ့ အဆင်ပြေစွာဒေါင်းယူနိုင်ပါပြီ....
 
နောက်တစ်ခု ထပ်ဒေါင်းယူတော့မယ်ဆိုရင်တော့ APK Downloader Page ကို F5 Key ကို နှိပ်ပြီး Refresh လုပ်ပေးပါ...

အဆင်ပြေကြပါစေ...
 
ခင်မင်လျှက်

ဝင်းကမ္ဘာကျော်

အားလုံးအတွက် အဆင်ပြေခဲ့တယ်ဆိုရင်  ဒီနေရာမှာ   Like & Share လုပ်ပေးခြင်းဖြင့်ကူညီကြပါဦးး... ကျေးဇူးတင်ပါတယ်...:)


www.winkabarkyaw.net


16 Sept 2013

ပျင်းသူများအတွက် သတင်းကောင်း :D



ပျင်းသူများအတွက် သတင်းကောင်း
===================
မနက်ခင်း နိုးလို့ အိပ်ယာ မသိမ်းဆည်းတာက သင့်အတွက် ကျန်းမာရေးနဲ့ ပိုညီညွတ် နိုင်ခြေ ရှိပါတယ်။ ဘာလို့လဲ ဆိုတော့ လူခန္ဓာကိုယ်က ကွာကျတဲ့ အရေခွံ လေးတွေကို စားသုံးပြီး အသက်ရှင် နေရတဲ့ House dust mites မွှားလေးတွေက ဒီလို မခေါက်သိမ်း ထားတဲ့ အိမ်ရာတွေရဲ့ ပူနွေး ခြောက်သွေ့တဲ့ အခြေအနေမှာ မရှင်သန် နိုင်လို့ပါတဲ့။ အိပ်ရာ တစ်ခုမှာ ဒီလို အကောင်လေး တွေက 1.5 million ထိရှိနိုင်ပြီး ပန်းနာရင်ကျပ် (asthma) နဲ့ အလာဂျီ ဖြစ်စေနိုင် ပါတယ်။ သူတို့က လေထုထဲက ရေငွေ့ကို ခန္ဓာကိုယ် ပြင်ပက glands လေးတွေက တဆင့် ရယူပါတယ်။ ခြောက်သွေ့တဲ့ သေချာ မသိမ်းဆည်း ထားတဲ့ အိပ်ရာတွေက မွှားလေးတွေကို ရေဓာတ် ကုန်ခန်းစေပြီး သေဆုံးစေ နိုင်တာကြောင့် တစ်ခါတစ်လေ အိပ်ယာ မသိမ်းတာက သင့်အတွက် ကောင်းကျိုး ရှိပါတယ်။

[source: http://news.bbc.co.uk/2/hi/4181629.stm, image from apartmenttherapy]

10 Sept 2013

"ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"


"ဒေါသဖြစ်လွယ်သည့်အခါ ၆ ပါး"

Wednesday, September 10, 2013

၁။ ခရီးသွားရာမှ ပြန်လာသော အခိုက်
၂။ ထမင်းစားခါစ အခိုက်
၃။ အိပ်ယာထစ အခိုက်
၎။ ဆာလောင် မွတ်သိပ်နေသော အခိုက်
၅။ ဝေဒနာခံနေရသော အခိုက်
၆။ စိတ်တွင် အငြိုးဖြစ်နေသော အခိုက် (၀ါ) စိတ်တိုနေခိုက်

(သုခမှတ်စု မှ)

Credit To : အနှိုင်းမဲ့စာတိုပေစများ

6 Situations Which Can Make You Angry So Easily

1. When you just arrived from Journey or Outside.
2. When you are eating.
3. When you just woke up.
4. When you are very hungry.
5. When you are in pain or suffering.
6. When you are upset about something.

D-eXistence မှ ဘာသာပြန်ပူဇော်သည်။

World Of Wisdom
 

8 Sept 2013

မိန်းမ လေးမျိုး

 
 
မိန်းမ လေးမျိုး

က) ရုပ်လည်းမချော၊ ဥစ္စာလည်းမပေါ၊သြဇာလည်းမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီး၏၊
သူများက နည်းနည်းပါးပါး မခံချင်အောင်ပြောလျှင် စိတ်ဆိုး၍ မပြီးနိုင်၊
နေရာတိုင်းတွင် မနှစ်သက်မကျေနပ်သော အမူအရာကို ပြတတ်၏။
၂) စွန့်ကြဲပေးကမ်းလှူဒါန်းလေ့ မရှိ၊
၃) ကိုယ့်ထက်သာလျှင် မနာလိုတတ်...
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဒေါသကြီးသောကြောင့် ရုပ်ဆိုးသည်။ စွန့်ကြဲပေးကမ်းခြင်းမရှိသောကြောင့်ဥစ္စာပစ္စည်း ဆင်းရဲ သည်။
မနာလိုသောကြောင့် သြဇာမရှိသူ ဖြစ်ရသည်...

ခ)ရုပ်လည်းမချောပါ။ သို့သော်ဥစ္စာပေါပြီး သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသကြီးသည်။
၂) စွန့်ကြဲပေးကမ်းလေ့ ရှိသည်။
၃)မနာလိုစိတ်မရှိ။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် အရုပ်ဆိုးသည်။သို့သော်ဥစ္စာပေါပြီး သြဇာရှိသူဖြစ်ရသည်။

ဂ) ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁)ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းလေ့ မရှိ
၃) မနာလိုသော စိတ်ရှိတတ်သည်။
ထိုမိန်းမတို့သည် နောက်ဘ၀ တွင် ရုပ်ချောသော်လည်း စည်းစိမ်ဥစ္စာ နှင့် သြဇာမရှိသူဖြစ်ရသည်။

ဃ) ရုပ်ချော၊ ဥစ္စာပေါ၍ သြဇာရှိသူ
လောကတွင် အချို့ မိန်းမတို့သည်
၁) ဒေါသမကြီးတတ်
၂) စွန့်ကြဲပေးကမ်းတတ်သည်။
၃) မနာလိုစိတ်လည်းမရှိပေ။
ထိုမိန်းမတို့သည် နောက်ဘ၀တွင် ဥစ္စာပေါ၊ ရုပ်ချော ၍ သြဇာအာဏာရှိသူ ဖြစ်ရသည်။

အရှင်ဇနကာဘိဝံသ (ဗုဒ္ဓဘာသာ လက်စွဲစာအုပ်မှ)
 
ပန်းချီ- Indoxotic

မေတ္တာဖြင့် စာစီပူဇော်သူ

6 Sept 2013

ဗုဒ္ဓဘာသာဝင်တွေဟာ အုတ်ပုံကြီးကို ရှိခိုးဦးချနေကြတာမဟုတ်ပါ




ပုံတော်မှန်းပြီး ဂုဏ်တော်ကိုရှိခိုးကြတာဖြစ်ပါတယ်။ရှိခိုးဦးချရာ စေတီသာရဲ့ အင်္ဂါရပ်

တစ်ခုချင်းစီ၏ အဓိပ္ပါယ် အကျဉ်းကတော့ -

(၁)တံခွန်တိုင်=မာန(ရတနာ ၃ ပါးအား ဖူးမျှော်မာန်လျော့ ကန်တော့ရန်)

(၂)ပန်းတင်ခုံ=ပတ္ထနာ - နိဗာန်ရောက်ကြောင်း ဆုတောင်းရန်

(၃)ရှစ်မြှောင့်=မွေးခြင်း(၄)မျိုး+သေခြင်း(၄)မျိုးကို နှလုံးသွင်းဆင်ခြင်ကြရန်

(၄)ကြီဝင်း-၅ခု=ဂတိ-၅ပါးမှလွတ်အောင် ကြိုးစားကြရန်

(၅)ခါးစည်း=သီလ/သမာဓိ/ပညာ ဟူသော သိက္ခာ-၃ပါးဖြင့် ခါးကိုစည်းနိုင်ကြရန်

(၆)ခေါင်းလောင်း=မိမိတို.၏ ကုသိုလ်ကောင်းမှုများကို ကုသိုလ်ငတ်မွတ်နေသောသတ္တ၀ါများသို. မျှဝေ(share)ပေးရန်

(၇)ဖောင်းရစ်-၇ရစ်=၀ိသုဒ္ဓိ ၇ပါး(စင်ကြယ်ခြင်း ၇မျိုး)ပြည့်စုံအောင်ကြိုးစားကြရန်

(၈)သပိတ်မှောက်=တဏှာ/မာန/ဒိဌိ(အယူမှား)ဟူသော သံသရာနယ်ချဲ.တတ်သည့်ပပဉ္စတရား(၃)ပါးတို.ကို သပိတ်မှောက် ဆန်.ကျင်ကြရန်

(၉)ဘီလူးပန်းဆွဲ-၁၆ခု=ဥာဏ်စဉ်-၁၆ပါး ရအောင်ကြိုးစားကြရန်

(၁၀)ကြာမှောက်/ကြာလှန်=ကြာပန်းသည် ဗုဒ္ဓဘုရား၏သင်္ကေတ

(၁၁)ထီးတော်ဘုံ ၇ဆင့်=အေးငြိမ်းသည့် အရိယာသူတော်စင်တို. ရရှိခံစားရသည့်မဂ်(၃)တန်+ဖိုလ်(၄)တန်(သောတာပတ္တိမဂ်မပါဝင်)
(၁၂)ငှက်မြတ်နား=ရဟန္တာအရှင်မြတ်တို. ခန္ဒာဝန်မချမီ တရားဟော/သာသနာပြုအလုပ်များဖြင့် ခေတ္တနားခိုရာ

(၁၃)စိန်ဖူးတော်=စိန်တွင် ကာဗွန်ပါဝင်မှု ကင်းစင်သွားလို. ကမ္ဘာပေါ်တွင် အမာဆုံးပစ္စည်းဖြစ်သလို၊စိတ်အညစ်အကြေး(ကိလေသာ)အားလုံး
ကင်းစင်သည့် နိဗ္မာန်တရားမြတ်

Wing Mg

Ref : http://shwenewnews.blogspot.com/2013/09/blog-post_2958.html


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။

အဲဒီကုသိုလ် ၅မျိုးကတော့

၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ

တို့ ဖြစ်ပါတယ်။

အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။

၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။

၉-၁။ ဒါန

ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။

၉-၂။ သီလ

ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။

၉-၃။ ဂုဏ်တော်

တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။

အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား၊
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား၊
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား၊
လို့ ပွားများရပါတယ်။

အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။

ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။

၉-၄။ မေတ္တာ

စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။

၉-၅။ ၀ိပဿနာ

နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။

(မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )

၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ

ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။

၁၀-၁။ အိပ်ရာထ

မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။ ဘုရားခန်းကို အရင်သွားပါ။

ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )

အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု

နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။

၁၀-၂။ နေ့လည်

အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။

ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။

၁၀-၃။ ညပိုင်း

တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။

၁၁။ နေ့စဉ်ပြုအပ်သည်

ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။

ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။

ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။

ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။

ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။

၁၂။ ဒုက္ခကြံရင် သစ္စာဆို။

ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ

ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။

” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..

၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့

ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။

ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …

ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။

ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်

Nang Homying

7 Aug 2013

ကြက်ဥပြုတ်သည်ဘဝမှ အိုင်တီ Developer တစ်ယောက် ဖြစ်လာသူ


အမည် အပြည့်အစုံကတော့ Emerson Paguia လို့ခေါ်ပါတယ်။ ဖလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင် ပါတယ်။ မိဘဆင်းရဲတာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ်ဆက်မတတ် နိုင်ခဲ့ပါဘူး။

ဒါကြောင့် မနီလာမြို့ ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီက သူ့ကိုလက်မခံပါဘူး။ အထက်တန်း ကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့အလုပ်ရနိုင်တယ်ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။ ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရတာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချွေတာခဲ့ပါတယ်။
ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီမှာ လေ့လာချင်စိတ်လေး ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။ အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို့  Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။
အသွားကော၊ အပြန်မှာပါ။ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ့  အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ့ မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ့  ကြိုးစားမှု ကြောင့်လည်း လက်ရှိ ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလို့ ပညာသင်ရင်း တစ်ဖက် အသက်မွေးဝမ်းကျောင်း လျက်ရှိတယ်လို့ သိရပါတယ်။
.
Ref: dyknow
Ref: International news for myanmar


5 Aug 2013

"ပြောဆိုရာမှာ ယဉ်ကျေးပါ"




"ပြောဆိုရာမှာ ယဉ်ကျေးပါ"

အသစ်ခန့်လိုက်တဲ့ အတွင်းရေးမှူးမလေးဟာ ရုပ်ရည်ချောမောလှပသလောက် စကားပြောရာမှာလည်း လိမ္မာပါးနပ်လှတယ်။

တရက်တော့... ...
အိမ်သာကထွက်လာတဲ့ သူဌေးဟာ မေ့ပြီး ဘောင်းဘီဇစ်ကို ပြန်ဆွဲမပိတ်မိဘူး
ဒါကို အတွင်းရေးမှူးမလေးကမြင်တော့ သူဌေးကို သတိပေးလိုက်တယ်... ...

"ဆရာရှင့်၊ ဆရာ့ရဲ့ စစ်တန်းလျားတခါး ပွင့်နေပါတယ်ရှင်"

ဒါကို သူဌေးက ဘာပြောမှန်းမသိဘူး
ဇဝေဇဝါဖြစ်ပြီး ဘာမှပြန်မပြောဘဲ သူ့ရုံးခန်းထဲဝင်သွားတယ်
ခဏနေတော့မှ သူ့ဘောင်းဘီဇစ် မပိတ်မိတာကို သတိထားမိသွားပြီး အတွင်းရေးမှူးလေးရဲ့ စကားကို သဘောပေါက်တော့တယ်

ဒါနဲ့ သူ့အတွင်းရေးမှူးလေးကို နောက်ချင်လာလို့ အင်တာကွန်းကနေ လှမ်းခေါ်လိုက်တယ်... ...

"တွီ တွီ..."

"ပြောပါဆရာ"

"သမီးရေ... ခုနက စစ်တန်းလျားထဲမှာ စစ်သားတစ်ယောက် တောင့်တောင့်ကြီးရပ်နေတာ မတွေ့မိဘူးလားကွဲ့"

ဒီတော့ အတွင်းရေးမှူးမလေးက ပြန်ပြောတယ်... ...

"ဟင့်အင်းဆရာ၊ ဒုက္ခိတဖြစ်နေတဲ့ စစ်သားတစ်ယောက်တော့ တွေ့တယ်၊ သဲအိတ်အစုတ်ကြီးနှစ်လုံးပေါ်မှာ ပုံ့ပုံ့ကြီးထိုင်လို့... "

"ဟေ...အေ..."

 Credit - သန်၎ကို-ဘာသာပြန်သည်
ဟာသဗိမာန်-ဆရာသန်



4 Aug 2013

အင်ဂျင်နီယာဘဝ မရခဲ့သော်လည်း နိုင်ငံကျော်ဘဝရခဲ့သူ


မြန်မာ့တူရိယာ ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံကြား တွင် ကြီးပြင်းခဲ့ရပြီး ဆိုင်းသံကြားလျှင် ကချင်သူ၊ အင်ဂျင်နီယာတစ်ဦး ဖြစ်နိုင်သည့် အခွင့်အလမ်းကို ငွေကြေးအခက်အခဲကြောင့် စွန့်လွှတ်ခဲ့ရသော်လည်း နိုင်ငံကျော်အနုပညာရှင် ဖြစ်လာသူ၊ ဇာတ်ခုံပေါ်တွင် LED Screen ကို စတင်သုံးစွဲ၍ ဇာတ်ခုံအပြင်အဆင် ခေတ်မီအောင် လုပ်ဆောင်ခဲ့သူ၊ ဇာတ်သဘင်သမားများ နားခိုနိုင် ၍ အနုပညာအလုပ်များ လုပ်ဆောင်နိုင်ရန် သဘင်ခြံ တစ်ခု အကောင်အထည်ဖော်နေသူမှာ မြို့ရွှေမန်းသား ဖိုးချစ် ဖြစ်သည်။

ဆိုင်းသံကြားရင် “က” ချင်သူ

သူ၏ဇာတိက ရွှေဘိုခရိုင် ကန့်ဘလူမြို့။ မွေးချင်း မောင်နှမ ခြောက်ယောက်တွင် အငယ်ဆုံးသား ဖြစ်သည်။ ဖခင်ဖြစ်သူက မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်လုပ်ရေးမှ ဝန်ထမ်းတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူက ကန့်ဘလူ ဘူတာ နှင့် မူလတန်းကျောင်းများတွင် ဈေးရောင်းခဲ့ရသည်ဟု သူက ပြောပြသည်။

သူငယ်တန်းမှ နဝမတန်းအထိ ကန့်ဘလူ အ.ထ.က (၃) တွင် ပညာသင်ကြားခဲ့ပြီး ဒသမတန်း တွင် မန္တလေး အ.ထ.က (၁၄) သို့ ပြောင်းရွှေ့ပညာ သင်ကြားခဲ့သည်။
ဖခင်ဖြစ်သူမှာ မြန်မာ့သစ်ထုတ်လုပ်ရေးမှ ဖွဲ့စည်းထားသော ကျွန်းရွှေဝါ တေးဂီတဝိုင်းတွင် ဆိုင်း ဆရာ ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက ဆိုင်းသံ၊ ဗုံသံ၊ ပတ်မသံ၊ နှဲသံများကြားတွင် ကြီးပြင်းခဲ့ရသည်ဟု သူကပြောပြသည်။ သူလေးနှစ်ခွဲအရွယ် ကျောင်းစ မတက်ခင်အချိန်ကတည်းက သစ်ထုတ်လုပ်ရေးပိုင် ကားကြီးများပေါ်တွင် သစ်သားပြားများခင်း၍ လုပ်ထား သောစင်ပေါ်တွင် သင်္ကြန်ပွဲ၊ ကထိန်ပွဲများတွင် ကခဲ့သလို၊ နဝမတန်း ရောက်သည်အထိ ဖခင်ဖြစ်သူ ဆိုင်းနှင့် အလှူ မင်္ဂလာပွဲများတွင် လိုက်လံကပြရင်း စာမေးပွဲဖြေခဲ့ရ သည်ဟု သူကဆိုသည်။

ငယ်စဉ်ကတည်းက ဆိုင်းသံကြားလျှင် ကချင်သည်မှာ မိမိဝါသနာဗီဇကြောင့် ဖြစ်သလို ဆိုင်းဆရာ အဖေနှင့် အိမ်ထောင်မကျခင် အချိန်က ရပ်ကွက်ပွဲများ တွင် အမြဲလိုလို ပါဝင်ကခဲ့သော အမေဖြစ်သူတို့၏ အနုပညာပိုးကူးစက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်ဟု သူကဆိုသည်။

ရွှေတံဆိပ်ဆုများရှင်

ဆိုင်းသံ၊ ဗုံသံကြားလျှင် မြေကြီးပေါ်မှာဖြစ်စေ၊ ခုံပေါ်မှာဖြစ်စေ၊ လှည်းပေါ်မှာဖြစ်စေ နေရာမရွေး ကလေ့ရှိသောသူက ကျောင်းကပွဲများတွင်လည်း မလွတ်တမ်း ဆင်နွှဲလေ့ရှိသည်။ ခြောက်တန်း ကျောင်းသား အရွယ်ကတည်းက နိုင်ငံတော်မှ ကျင်းပသော ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲများတွင် ကျောင်းကိုယ်စားပြု၍ နှစ်စဉ် ယှဉ်ပြိုင်ခဲ့ရာ အကပြိုင်ပွဲတွင် ရွှေတံဆိပ်နှစ်ခု၊ ငွေတံဆိပ် နှစ်ခု ရရှိခဲ့သလို အိုးစည်နှင့် ဒိုးပတ်အတီး ပြိုင်ပွဲတွင်လည်း ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ်တစ်ခုနှင့် ကြေးတံဆိပ်တစ်ခု ကို ရရှိခဲ့သူဖြစ်သည်။

ဇာတ်သဘင် နယ်သို့အဝင်

မန္တလေးတွင် ဆယ်တန်း အောင်မြင်ပြီးနောက် အင်ဂျင်နီယာတစ်ယောက် ဖြစ်လိုသည့်အတွက် နည်းပညာ တက္ကသိုလ်တက်ရောက်ခွင့်ရရန် ဝင်ခွင့်ဖြေသောအခါ ဝါးခယ်မတွင် သူတက်ရောက်ခွင့် ရခဲ့သည်။ သူ့ကို ချစ်ခင်သော ဆရာမ ဒေါ်ခင်မာချိုက အိမ်တွင် နေခွင့် ပေးသလို လိုအပ်သော အကူအညီများပေးသော် လည်း နည်းပညာတက္ကသိုလ်ကို ခဏသာတက်ရောက်ပြီး မန္တလေးသို့ သူပြန်လာခဲ့သည်။ နည်းပညာကျောင်းသားတစ်ယောက် အတွက် တစ်လကုန်ကျစရိတ်ဖြစ် သော ငွေကျပ် ၅၀၀၀ ရှိလျှင် အင်ဂျင်နီယာ ဖြစ်နိုင်သော်လည်း ထိုငွေပမာဏကို မတတ်နိုင်၍ သူဖြစ်ချင်သော အင်ဂျင်နီယာဘဝကို စွန့်လွှတ်ခဲ့ရသည်ဟု သူက ပြောပြသည်။

နည်းပညာတက္ကသိုလ် မှနေ၍ ရတနာပုံတက္ကသိုလ် တွင် သင်္ချာမေဂျာဖြင့် သူအဝေးသင်တက်ရောက် ခဲ့သည်။ ရတနာပုံတက္ကသိုလ်တွင် စတင်တက်ရောက် နေဆဲအချိန်တွင်ပင် မန္တလေးမြို့ရှိ မွေးစားမိဘများ၏ အဆက်အသွယ်ဖြင့် ရွှေမန်းသူအငြိမ့်တွင် ယိမ်းမင်းသား လေးအဖြစ် သူကပြခဲ့သည်။ ဇာတ်သဘင်လောကသို့ စတင်ဝင်ရောက်စဉ် ကြုံခဲ့ရသော အခက်အခဲများကို သူက အခုလို ပြောပြသည်။ "အခက်အခဲကတော့ အဲဒီ အချိန်တုန်းက ကက်ဆက်ခေတ် ဖြစ်ပေမယ့် ကျွန်တော့်မှာ သီချင်းနားထောင်ဖို့ ကက်ဆက်မရှိဘူး။ စတိတ်ရှိုးဆိုဖို့ ရှူးဖိနပ်မရှိဘူး။ မင်းသားအဝတ်အစား ကလည်း တစ်ထည်ပဲရှိတယ်။ ချွေးစိုရင် လှန်းထားပေါ့။ လှန်းထား တဲ့အခါမှာလည်း ကြိုးလေးနဲ့ ချည်ပြီး စောင့်နေရတယ်။ ပျောက်သွားရင် ညကျ ဝတ်စရာမရှိဘူးလေ။ ကိုယ့် အဝတ်အစားကို ကိုယ်လျှော်တယ်။ ညကြေးရှင်းတဲ့ နေရာမှာလည်း ဝင်ကူတယ်။ အောက်ခြေသိမ်း ဝင်လုပ် ပေးရတယ်"

မြို့ရွှေမန်းသားဖိုးချစ်သဘင်

ရွှေမန်းသူအငြိမ့်တွင် သုံးနှစ်လောက် ကပြီးသော အခါ သူနာမည်ရလာပြီး သူ့ကိုတည်၍ ကလာသော အချိန်တွင် ရွှေမန်းသူဆိုသည့် အမည်မှာ မိန်းမဆန်သည့် အတွက် ရွှေမန်းသားဟု ပြောင်းခဲ့ကာ နောက်ပိုင်းတွင် မြို့ရွှေမန်းသားဖိုးချစ်တို့ကတဲ့ အကအလှသဘင် အမည် ဖြင့် သူဦးဆောင်၍ ကခဲ့သည်။ နာမည်မရခင် အချိန်တွင် ပရိသတ်များ၏ ခဲနှင့်ထုခြင်း၊ ဆဲဆိုခြင်းများကို သူခံခဲ့ရ သည်။ ထိုစဉ်က သူ၏ညကြေးမှာ တစ်ရက်ကို ၁၅၀၊ တစ်လ လျှင် ၈၀၀၀ လောက်သာရခဲ့သည်ဟု သူကပြော ပြသည်။

အောင်မြင်မှုမရခင် ကြိုးစားဆဲကာလတွင် ပရိသတ်သိသည့် ရုပ်ရှင်အနုပညာရှင်များ၏ အကူအညီ ကို ယူ၍လည်း သူကြိုးစားခဲ့ရဖူးသည်။ "အဲဒီတုန်းက ပဲခူးဘုရားပွဲ စကတော့ ကိုယ့်ကို ဘယ်သူမှ မသိသေးဘူး ဆိုတော့ ရုပ်ရှင်သရုပ်ဆောင်တွေဖြစ်တဲ့ ကိုသီဟတင်စိုး၊ ကိုရဲအောင်၊ ဦးအောင်ခိုင်တို့ကို ဖိတ်ခေါ်ပြီး ကရတယ်။ ပရိသတ်က သူတို့ကို ကြည့်ချင်လို့လာတာ ဆိုတော့ သူတို့အလှည့်ပြီးသွားရင် ဇာတ်ရုံထဲမှာ လူ ၂၀၊ ၃၀ လောက်ပဲ ကျန်တော့တယ်။ ကိုယ့်ကိုလည်း နောက်ရက် ကျတော့ ခိုင်းတာပေါ့။ အစ်ကိုတို့ပြန်သွားရင် ရုံထဲမှာ လူမရှိတော့လို့ ကျွန်တော်ရှေ့က ကပါရစေလို့ ပြောပြီး အကူအညီတောင်းတော့ သူတို့လည်း ကူညီပေးပါတယ်။
နောက်နှစ်ရက်လောက်နေတော့ ပရိသတ်ကလည်း ကိုယ့်ရဲ့ ကြိုးစားမှုကိုကြည့်ပြီး ကရုဏာ သက်သွားဟန် တူပါတယ်။ မအော်ကြတော့ဘူး" ဟု သူကပြောပြသည်။

ဝါသနာအရ ဇာတ်သဘင်လောကသို့ စတင် ဝင်ရောက်ခဲ့ရာမှ တဖြည်းဖြည်းနှင့် ပရိသတ်များ၊ ဇာတ်သူဇာတ်သားများအပေါ် သံယောဇဉ်တွယ်ရင်း လုပ်ငန်းအပေါ် ချစ်သွားခဲ့သည်ဟု သူကဆိုသည်။ သူဇာတ်မင်းသား စဖြစ်သောအချိန်တွင် ဇာတ်သဘင် လောကအခြေအနေမှာ ခေတ်မကောင်းသော်လည်း ကိုယ်ရွေးချယ်လိုက်သော အလုပ်တစ်ခုအပေါ် အကောင်းဆုံး ဖြစ်ချင်သောစိတ်ဖြင့် သူကြိုးစားခဲ့သည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ရိုက်ကူးခဲ့သော နှစ်ပါးသွားအစီအစဉ်နှင့် သရုပ်ဆောင် ရတနာခင်၊ မိုးပြည့်ပြည့်မောင်တို့နှင့် ရိုက်ကူးခဲ့သော အကခုနစ်ဖြာ အနုပညာ နှစ်ပါးသွားခွေ များကြောင့် သူပိုမိုအောင်မြင် လာခဲ့ပြီး ပြက္ခဒိန်၊ တီဗီကြော်ငြာများ ရိုက်ခဲ့ရသည်။
အောင်မြင်လာသောသူ့ကို ဗီဒီယိုထုတ်လုပ်သူများက စာချုပ်ချုပ်ဆို၍ ရိုက်ကူးရန် ကမ်းလှမ်းကြသော်လည်း လက်မခံခဲ့ဘဲ အစ်ကိုဖြစ်သူ တည်ထောင်ထားသော ကုမ္ပဏီနှင့်သာ ပရိသတ်အတွက် ဗီဒီယိုနှင့် ရုပ်ရှင် ဇာတ်ကားများကို သူရိုက်ကူးခဲ့သည်။ နောင်တွင်လည်း ပရိသတ်အတွက် ဗီဒီယိုဇာတ်ကားများ အလျဉ်းသင့် သလို ရိုက်ကူးသွားမည်ဖြစ်သော်လည်း ဗီဒီယိုပဲရိုက်ပြီး လုံးဝဇာတ်မကဘဲ နေဖြစ်မည်မဟုတ်ဟု သူကဆိုသည်။

LED သုံး ပထမဆုံးသဘင်

မြန်မာနိုင်ငံတွင် ယခင်က သဘင်၊ ရုပ်ရှင်၊ ဂီတ ဟူ၍ သဘင်က ထိပ်ဆုံးမှရှိသော်လည်း ယခုအခါ စာနယ်ဇင်းများတွင် ရေးသားကြသောအခါ ရုပ်ရှင်၊ ဂီတ၊ သဘင်ဆိုပြီး သဘင်က နောက်ဆုံး ရောက်သွားသည့်အတွက် ဝမ်းနည်းရသည်ဟု သူကဆိုသည်။

စတင်သန္ဓေတည်ခဲ့သော အနုပညာသက်တမ်း၊ အနုပညာ၏ အစဉ်အလာနှင့် ဝါသမ္ဘာအရလည်း ရှေ့ဆုံး ကရှိပြီး ကိုယ်ပိုင်ဟန်နှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအရှိဆုံး သဘင်က နောက်ဆုံးရောက်နေရခြင်းမှာ နည်းပညာပိုင်း နောက်ကျမှုကြောင့် ဖြစ်သည်ဟု သူတွေးမိခဲ့သည်။ သူ၏အမြင် မှားကောင်းမှားနိုင်သည်ဟု သူကဆိုသည်။

ဇာတ်ခုံပေါ်တွင် LED Screen ကို ဇာတ်သဘင် လောက၌ သူစတင်သုံးစွဲခဲ့သလို ဇာတ်ခုံ အပြင်အဆင် Lighting ပိုင်းနှင့် Sound System ပိုင်းကိုလည်း ခေတ်မီအောင် သူလုပ်ဆောင်ခဲ့သည်။ ခလုတ်တစ်ချက် နှိပ်ရုံဖြင့် ဖျော်ဖြေရေးမှန်သမျှကို အိမ်ထဲမှာတင် ကြည့်ရှု ခွင့်ရနေသောအချိန်တွင် ဇာတ်သဘင်မှာ အခက်အခဲ များနှင့် ပိုမိုရင်ဆိုင်နေရပြီး ရေရှည်ရပ်တည် နိုင်ရန် အတွက် ပရိသတ်များအပေါ် မေတ္တာထားပြီး ပိုမို ကြိုးစားရမည်ဖြစ်ကြောင်း သူကပြောပြသည်။

သဘင်ခြံ

ဇာတ်သဘင်လောကသားများ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့နှင့် အနုပညာအလုပ် များကို စိတ်အေးချမ်းသာစွာ အနှောင့်အယှက်ကင်းကင်းနှင့် လုပ်နိုင်ဖို့ သဘင်ခြံတစ်ခုကို မင်္ဂလာဒုံ၊ ဝိုင်ယာလက် အကျော်တွင် သူအကောင်အထည်ဖော်လျက် ရှိသလို နေပူမရှောင် မိုးရွာမရှောင် ခရီးသွားလာနေရသော ဇာတ်အဖွဲ့သား များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ဖို့အတွက် သူကိုယ်တိုင်စီးရန် ကားအကောင်းစားကြီး မရှိသော်လည်း Express ကားကောင်းကောင်းတစ်စီးကို သူဝယ်ပေးထားသည်။

ဇာတ်ကရာ အရပ်များတွင် ဘုန်းကြီးကျောင်းနှင့် ဇရပ်များကို တောင်းပန်ပြီး တည်းခိုခွင့်တောင်းရသော ဇာတ်အဖွဲ့သားများမှာ လူများသည့်အတွက် အဆင် မပြေမှုတစ်ခုခု ဖြစ်လာသောအခါတွင် ဇာတ်သမားများ စည်းကမ်းမရှိဘူး ဆိုပြီး ပြောဆိုခံခဲ့ရသည့် အဖြစ်များ ကြုံခဲ့ဖူးသည့်အတွက် ဇာတ်သမားများ အနားယူသော အချိန်တွင် လုံခြုံစိတ်ချစွာ နားစေချင်သလို တီးလုံး တိုက်သော အခါတွင်လည်း ကိုယ်ပိုင်နေရာတွင် စနစ် တကျ တိုက်စေချင်ပြီး သူများအပြောအဆိုလည်း မခံစေချင် သည့်အတွက် သဘင်ခြံကို အကောင်အထည် ဖော်ရခြင်းဖြစ်သည်ဟု သူက ဆိုသည်။ သဘင်ခြံတွင် အကခန်းမတစ်ခု၊ အသံသွင်းခန်း၊ ဇာတ်တိုက်ရန် ဇာတ်ရုံတစ်ရုံ၊ ဘောလုံးဝါသနာပါသော သူ့အတွက် ဖူဆယ်ဘောလုံးကွင်း အသေးလေးတစ်ခု ပါဝင်မည်ဖြစ်သည်။

သဘင်ခြံပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုလည်း "ဒီခြံကို လုပ်တာက ကြီးကျယ်ချင်လို့လည်း မဟုတ်ပါ ဘူး။ ပေါ်ပြူလာ ဖြစ်ချင်လို့လည်းမဟုတ်ပါဘူး။ ကျွန်တော် ကြုံတွေ့ခံစားခဲ့ရသလိုမျိုး ကျန်တဲ့လူတွေကို မကြုံတွေ့စေချင်လို့ ကျွန်တော်နိုင်တဲ့ ဘက်ကနေ ဝင်ထမ်းတာပါ။ သဘင်ခြံက ၆၀ ရာခိုင်နှုန်းလောက် ပြီးနေပါပြီ။ ပြီးသွားတဲ့အခါ သဘင့်ခေါင်းစဉ်အောက်က အငြိမ့်၊ ဆိုင်း၊ မည်သည့်အဖွဲ့မဆို လွတ်လပ်စွာ လာနားလို့ ရပါတယ်။ အခကြေးငွေပေးစရာမလိုပါဘူး။ ရေဖိုး၊ မီးဖိုး ကျွန်တော် လှူပါတယ်" ဟု သူကပြောပြသည်။

ပံ့ပိုးမှုလိုတယ်

ယနေ့ခေတ် ဇာတ်သဘင်အများစုမှာ စတိတ်ရှိုး နှင့် နှစ်ပါးသွားကိုသာ အဓိကအားပြုပြီး ဇာတ်တော် ကြီးများ ကပြမှု နည်းပါးလာခြင်းကြောင့် “ဇာတ်သမား လာရင် မှတ်သားစရာ ကျန်ရမယ်” ဆိုသော ဆိုရိုးစကား မှာလည်း တိမ်ကောပျောက်ကွယ်လုနီးပါး ဖြစ်လျက် ရှိသည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ဇာတ်သဘင်အများစု သည် စားဝတ်နေရေးကို အဓိကဦးစားပေး၍ လုပ်နေရ သည့်အတွက် လိုအပ်ချက်များ ရှိနိုင်ကြောင်း သူက ဆိုသည်။

သဘင်သည် သဘင်ပီပီသသဖြစ်ဖို့ ဆိုသည်မှာ ဇာတ်သမားချည်း ကြိုးစား၍မရဘဲ အသိအမှတ်ပြု ထောက်ပံ့ကူညီမှု များလည်း လိုအပ်ကြောင်းကို "ခေတ် အနေအထားအရ ကျွန်တော်တို့ ဇာတ်သမားတွေမှာ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းနေတယ်ဆိုပြီး ဘယ်ကမှ ထောက်ပံ့ပေးတာမျိုး မရှိဘူး။ ရုပ်ရှင်နဲ့ ဂီတဘက်မှာ ကိုယ်ပိုင်အဆောက်အအုံတွေ ထည်ထည်ဝါဝါ ရှိကြပေမယ့် ကျွန်တော်တို့သဘင်မှာ ကိုယ်ပိုင် အဆောက်အအုံတောင် မရှိဘူး။ တရုတ်ဘုံကျောင်းဘေးမှာ ကပ်နေရတာ။ သဘင်လိုဟာမျိုးက ကိုယ်ပိုင်ဇာတ်ရုံ ရှိသင့်တာပေါ့။ ပံ့ပိုးမှုလိုအပ်သလို သဘင်သမားတွေရဲ့ စိတ်ဓာတ် တွေကိုလည်း ပြောင်းလဲရမယ်။ သဘင်လောကတိုးတက် ဖို့က တစ်ဦးတစ်ယောက်တည်း လုပ်လို့မရဘူး။ အားလုံး မှာ တာဝန်ရှိတယ်" ဟု သူကဆိုသည်။

ပွင့်လင်းမြင်သာမှုလိုတယ်

ဇာတ်သဘင်လောက မြင့်မားတိုးတက်ဖို့အတွက် သူတတ်နိုင်သလောက် ကြိုးစားသွားမှာဖြစ်သလို သဘင်ထု တစ်ရပ်လုံး ပါဝင်ရမည့်ကိစ္စ မျိုးတွင်မူ သဘင်လောကတွင် ပွင့်လင်းမြင်သာမှု လိုအပ်ကြောင်းကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။
"ဂီတနဲ့ ရုပ်ရှင်ထက်စာရင် လူအင်အား အများဆုံးက သဘင်ပါ။ ရုပ်ရှင်သမားက ရန်ကုန်နဲ့ မန္တလေးမြို့ လောက်မှာတင်ရှိတာ။ သဘင်သမားမရှိတဲ့ မြို့နယ် တစ်မြို့နယ်မှ မရှိဘူး။ သဘင်သမား များပြီး လုပ်နိုင်တဲ့ အင်အားက နည်းနေတယ်။ သဘင်ထုအားနဲ့ သွားရမယ့် ကိစ္စတွေမှာ သဘင်ထုတစ်ရပ်လုံး ပါပြီလားဆိုတာ လုပ်နေတဲ့လူတွေ သိကြမှာပါ။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့နေရာမှာ နေရာလိုချင်လို့ အလုပ်လုပ်တာလား၊ အလုပ်လုပ်ဖို့အတွက် နေရာလိုတာလားဆိုတာ စဉ်းစားရမယ်။ အခုလိုပြောတာ ဘယ်သူ့ကိုမှ ပုဂ္ဂိုလ်ရေးထိခိုက် ပြီး ပြောတာမဟုတ်ပါဘူး။ သဘင်လောကတစ်ခုလုံး အတွက် ပြောတာပါ"။

(သန့်ဇင်ဦး)
The Voice Weekly

Ref: သစ်ထူးလွင်



23 Jul 2013

ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ် တဲ့လူရှိခဲ့ရင် ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ

 
အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခု ကို တွေ့ရခြင်း ဖြစ်ပါသည်။
 ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။ အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် ) ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။
ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို ကျွမ်းကျင်ပါတယ်။
ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်၊ အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊ တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။ သကြားပါသည့် အချိုများ မစားရပါ။
ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက် စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။
ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။ အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။ ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ၊
သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။ သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။ တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။ ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင် ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

 
ဦးစန်းမောင် (မန်း)
Mg Mandalay


22 Jul 2013

"ဥပုသ်သီလ ဆိုသည်မှာ"



"ဥပုသ်သီလ ဆိုသည်မှာ"

ညစာ ဘာလို့ မစားရသလဲ..။
တဏှာနည်းအောင်လို့ ဗျ။ မနက်စားတဲ့ အစာဟာ
တစ်နေ့ လုပ်တဲ့ အားနဲ့ အတူတူ။ တို့ ရဟန်းမှာ တစ်ထပ်နဲ့ 
တစ်နေ့ စာကို စားရပါတယ်။
ပိုစားရင် သူက သုတ်သွေးဘက်ကို သွားတာ။
ဒီမနက်စားတဲ့အစာသည် တစ်နေ့ တာ လူသားလုပ်ဖို့  တာဝန်ပြီးပြီ။
ညစားတာက အဲဒါ တစ်ညလုံး ဘိန်းဖြူချက်သလိုကို
အိပ်ပြီးတော့ အစာချက်တာ။
ရိုးတွင်းချဉ်ဆီကို ပို့ ပေးရတဲ့ဟာ..ညစာက။
ဒါမို့  ရဟန်းက ညစာမစားရတာ။
အဲဒီကကို သုတ်သွေးကို သိုလှောင်မှာစိုးလို့ ။
တို့ အားထုတ်သာရုံ မနက်ပဲ စားရတယ်။
အဲတော့ ၀ိကာလ ဘောဇနာ ..ညစာ ဘာလို့ မစားရတာလဲ.. တဏှာနည်းအောင်လို့ .။

သူသည် ဘယ်သူ့ အတွက်တုန်း ... အဗြဟ္မစရိယာ သိက္ခာပုဒ်ရဲ့ ကျားကန်ဗျ။
အဗြဟ္မစာရီဆိုတာ မမြတ်သော မေထုန်အကျင့်ကို ကျင့်တာ မဟုတ်ဘူးလား။
ကာမေသုမိစ္ဆာစာရက သူများလင် သူများကာမပိုင်တွေနဲ့  သွားပြီးကျူးလွန်တာ။ အဗြဟ္မ ဆိုတာ ကိုယ့်လင် ကိုယ့်မယားနဲ့ ကျူးလွန်တာကို ပြောတာ။
ဒါမမြတ်တဲ့ မေထုန်.. မမြတ်တာတော့ ကိုယ့်ဘာသာသိ။
အဲဒါက ဒီ ညစာစားလို့ ရာဂထကြွနေရင် ကိုယ့်နားမှာရှိတာ အကြင်လင်မယား၊ ထပြီးအခုကျူးလွန် အခုရတာပဲ။
ကျူးလွန်လွယ်လို့  ဒါကြောင့်မို့ အစာနှုတ်ထားရတယ် ဒီကနေ့ ။ တဏှာနည်းအောင်လို့ ။
ပြီးတော့ ကိစ္စနည်းအောင်လို့ ။ ခံစစ်ကနေ ထိုးစစ်လုပ်ချင်တာမလား.. ကိစ္စနည်းအောင်လို့ ။
ပြီးတော့ အအိပ်နည်းအောင်။
ညစာမစားရတာ ဟောဒီ သုံးချက်ကြောင့်။

ညစာတော့ မစားဘူး.. ဆာဆာနဲ့ ပေအိပ်ရင် ဘာထူးတုန်း။
အဲတော့ အဗြဟ္မစရိယ မမြတ်တဲ့မေထုန်ကို ကျင့်မှာစိုးလို့  ဟောဒီ တဏှာနည်းအောင်
ဝိကာလ ဘောဇနာကို ပယ်ရတယ်။

ယူနေကျ ငါးပါးထဲကနေ နံပါတ်သုံးမှာ အပြောင်းအလဲဖြစ်လို
့နောက်မှာ သုံးခုတိုးရတာ။
နစ္စ ဂီတ ၀ါဒိတ .ကခြင်း သီဆိုခြင်း ချစ်ကြောင်းကြိုက်ကြောင်းဖွဲ့ နွဲ့ ထားတာတွေ...အဲဒါလည်း တပ်မက်ခြင်းရဲ့ အကြောင်းဖြစ်လို့ တဏှာထကြွမှာ စိုးလို့ ပါ။
အဗြဟ္မ ထိန်းတာပါပဲ။

ဥစ္စာ သယန မဟာ သယနာ .. မြင့်တဲ့ မြတ်တဲ့ နေရာမှာ မနေရဘူး..။
ဆိုဖာတို့  မွေ့ ယာတို့  အိကနဲ ငြိမ့်ကနဲ .. ရာဂထမှာပေါ့။ မြင့်တဲ့နေရာ နေတော့
မာန တက်မှပေါ့။ ဒင်းတို့ ငါနဲ့ တူလို့ လားဆိုတာ ဖြစ်မှာပေါ့ ။
ဒါကြောင့် ဘုရင်ဖြစ်ပေမယ့် ဒီကနေ့ ဥပုသ်ယူရင် ပလ္လင်ပေါ်မတက်တော့ဘူး။
ဥပုသ်ဆောင် ကြမ်းပြင်မှာ ဘုရင်က သွားနေတော့တာ။ ဒါကြောင့် မြင့်တဲ့နေရာ မနေရဘူး.. မာနတက်မှာစိုးလို့ ။
မြတ်တဲ့ နေရာ မနေရဘူး.. တဏှာထမှစိုးလို့ ။ အဲတော့ ကျန်တဲ့သုံးပုဒ်က
ကာမေသု မိစ္ဆာစာရ မှာလဲတဲ့ အဗြဟ္မစရိယ သိက္ခာပုဒ်အတွက် ကျားကန်ယူရတာချည်းပဲ။

နေ့ တိုင်းတော့ ကာမေသု မစ္ဆာစာရ မရှောင်ဘူးလားဗျ..
ဒီကနေ့ တော့ အဗြဟ္မစရိယ မရှောင်ကြဉ်ဘူးလားဗျ။
ပြီးတော့ နေ့ တိုင်း ငါးပါးကျတော့ သီလ နော်။ ငါးပါးသီလ ဗျ။
ဒီကနေ့ တော့ ဥပုသ်တော်သီလဗျ။ ဥပုသ်နဲ့ တွဲတယ်ဗျ။
အဲတော့ ဒီနေ့ ဟာ ရိုးရိုးသီလလား၊
ဥပုသ်တော် သီလလား.. ဥပုသ်တော် သီလဗျ။
ဥပုသ်တော်သီလမို့  အဗြဟ္မ ကို ရှောင်ရတာ။
အဗြဟ္မ ရှောင်တဲ့အတွက် နောက်သုံးခု ထပ်တိုးရတာဗျ။

ဒီကနေ့  ဘာသီလတုန်း ... ဥပုသ်တော် သီလ။
နေ့ တိုင်းငါးပါးသီလ .. ဒီကနေ့  ဥပုသ်နဲ့ သီလ တွဲတယ်။
အဲတော့ ဘယ်နယ်တုန်း.. သီလစောင့်ရုံပဲလား.. ဥပုသ်ကော ယူမှာလား။
ဥပုသ်က ဘယ်သွားယူမတုန်း.. ရှောင်ကြဉ်တာ သီလဗျ...။
သီလက ကိုယ်နဲ့ နှုတ်နဲ့ ကို တာဝန်ယူတယ်..
ဥပုသ်က စိတ်ကို တာဝန်ယူတာဗျ။
ဥပုသ်က စိတ်နဲ့ ဆိုင်တယ်။ အာရုံကင်းဆိတ်ပြီး
နေထိုင်တာကို ဥပုသ်လို့ ခေါ်တယ်။
မျက်စိရှိမြင်မှာပဲ ... ဘာလဲလို့  အာရုံနောက်ပါသွားရင် ထွက်ပြီ ဥပုသ်။
နားကြားလိုက်တယ် ကြားတာ ကြားတာနဲ့ ပြီးရမယ်။
အာရုံနောက် စိတ်မပါစေနဲ့ ။
အာရုံမခံစားရဘူးပေါ့  အကောင်းပဲ အဆိုးပဲ
အာရုံနောက် မခံစားရဘူး။

မျက်စိ နား နှာ လျှာ ကိုယ် စိတ် ဆိုတာ စိတ်ရဲ့ ထွက်ပေါက်တွေမဟုတ်လား..။
အဲတော့ မျက်စိကမြင်တဲ့ အချိန် သတိ မျက်စိမှာ အစောင့်ချထား။
နားကကြားတဲ့အချိန် သတိ နားမှာ အစောင့်ချထား.ရမယ်.။
အဲဒါ ဥပုသ်စောင့်တာ .. စိတ် လုံအောင်စောင့်တာ။ နံရင် နှာခေါင်းထိပ်..။
စားရင် လျှာထိပ် အာထိပ်..၊ ထိရင်လည်း သူထိတဲ့နေရာလေးကို တို့ က
သတိ နဲ့ အစောင့်ချရမှာ။ အဲဒါ အာရုံလုံအောင်စောင့် ဥပုသ်စောင့်တာ။
ကိလေသာ .. အတွေးကလာတာ ..တခြားကလာတာ မဟုတ်ဘူး။
သတိမလွတ်လို့ ရှိရင် ဘာမှတ်မှတ် ဓမ္မံသရဏံ ဂစ္ဆာမိပဲ။

အာရုံလုံလိုက်ရင် ကြက်သတ်ဖို့ ဝက်သတ်ဖို့ ရှိသေးလား..
မရှိတော့ပါဘူးဗျ။ အလိုလို သီလလုံသွားတယ်။
ဆိုင်ရာတံခါးပေါက်က သတိနဲ့ စောင့်တာ၊
အဲဒါ အာရုံလုံအောင်စောင့်တာ။
ကိုယ်ထဲက စိတ် အာရုံနောက် မပါစေရဘူး၊
အာရုံနောက်က ကပ်မြှောင်လိုက်လာတဲ့
ကိလေသာ ကိုယ့်စိတ်ထဲမ၀င်ရဘူး။
ကြားက စောင့်ရမယ်။ အဲဒါ ဥပုသ်စောင့်တာ။
ဥပုသ်စောင့်ရင် ပါရမီတက်တယ်။

သီလကတော့ လွယ်တယ်ဗျ.. ကိုယ်နဲ့ နှုတ်ပဲစောင့်တာ..။
သီလလောက်နဲ့  ခါးတောင်းကျိုက်မနေကြနဲ့ ။ ဥပုသ်ရမှ ဗျ။
ဟောဒီ သီလဟာ နတ်ပြည်သွားတဲ့ စောင်းတန်း၊ နိဗ္ဗာန်ရဲ့ တံခါးဝ။
သီလနဲ့ တူတာ ဘာမှမရှိဘူးလို့  ဘုရားကဟောတာ။
ဒါန နဲ့ သီလ ဒီတိုင်းပြောတာ..။ တကယ်လို့  တို့ သီလတော့ ယူပါတယ်။
အာရုံလုံအောင် ဥပုသ်မစောင့်ရင် သီလတော့ ဖြစ်မယ်.. နတ်ပြည်တက်ချင်တက်မယ်၊
နိဗ္ဗာန်တံခါးဝတော့ မရောက်နိုင်ဘူး၊ ပါရမီ မဖြစ်တော့လို့ ။

သီလတော့ဖြင့် ကိုယ်နဲ့ နှုတ်နဲ့ လုံပါတယ်..
စိတ်မှမလုံလို့  အာရုံမှ မလုံရင်
ဥပုသ်မစောင့်ရင် ပါရမီမဖြစ်နိုင်ဘူး..
ခင်ဗျားတို့  နတ်ပြည်တော့ ရောက်ချင်ရောက်မယ်၊
နိဗ္ဗာန်တံခါးဝမဟုတ်။ အဲတော့ ဘယ့်နှယ်တုန်း .. နတ်ပြည်လောက်ပဲလား။

မဟာဗောဓိမြိုင်ဆရာတော်ကြီး
(သရဏဂုံ ဥပုသ်တော်နှင့် သီလရှင်းတမ်းတရားတော်မှ ဝေမျှပါသည်)

Special credit & Specail Thanks - မနန်းမွန်- မေတ္တာဖြင့် စုစည်းဝေမျှသူ အနှိုင်းမဲ့စာတိုပေစများ

18 Jul 2013

ကလေး သူငယ်များ ပညာရေး မြင့်မား ဖွံ့ဖြိုးရေးတွင် မိဘ အုပ်ထိန်းသူ၏ ကြင်နာယုယမှုက ပိုမို အရေးပါ


ကမ္ဘာနှင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ကလေးသူငယ် ကျောင်းသား၊ ကျောင်းသူများ၏ မူလတန်းမှ တက္ကသိုလ်၊ ကောလိပ်များ အထိ ပညာရေး ကဏ္ဍတွင် ထူးချွန်ထက်မြက်သော ပညာတတ်ကြီးများ အဖြစ် အောင်မြင်မှု ရရှိရန် စာသင်ကျောင်း ကောင်းကောင်းနှင့် ကမ္ဘာကျော် ကျောင်းကြီးများတွင် ကျောင်းအပ် စာသင်စေခြင်းထက် မိခင်၊ ဖခင်အုပ်ထိန်းမှု အောက်တွင် ကြင်နာယုယ နွေးထွေးစွာ ပြုစုပေးခြင်းက ကျောင်းနေအရွယ် ကလေး သူငယ်များ၏ ဥာဏ်ရည်ဥာဏ်သွေး ပိုမိုထက်မြက် ဖွံ့ဖြိုး၍ ကျောင်းပညာရေး ကဏ္ဍနှင့် လူမှုစီးပွား ရေးကဏ္ဍများစွာ တို့တွင် ပိုမို အရေးပါကြောင်း ''ကျောင်းနေအရွယ် ကလေးသူငယ်များ မျိုးဆက်သစ် ဖွံ့ဖြိုးရေး သုတေသန ပညာရှင်များ'' ၏ လေ့လာဆန်းစစ် သုတေသန ပြုချက် တစ်ရပ်အရသိရသည်။

မူကြိုအရွယ်၊ မူလတန်း ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား မိခင်၊ ဖခင် အုပ်ထိန်းသူများက နေ့စဉ် မိမိတို့၏ ရင်သွေး ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ၊ သားသမီးတို့အား နေ့စဉ် ညဘက် ကျောင်း သင်ခန်းစာများနှင့် အိမ်တွင် မိဘအုပ်ထိန်းသူများနှင့် အတူ လေ့ကျင့် သင်ယူ တွက်ချက်ကြရန် (အိမ်စာ)များကို မိသားစု လက်ရည်တစ်ပြင်တည်း ထမင်းစားပြီးချိန် အချိန်ယူပြီး သင်္ချာများ တွက်ပေးခြင်း၊ အဖြေ ထုတ်ပေးခြင်း၊ အလေးထား သင်ပြပေးခြင်း၊ ဥပမာပေး၍ ရှင်းလင်းအောင် ပြောဆိုပြခြင်း၊ ပြိုင်တူ စာအံပေးခြင်းများကို ကူညီ ဖြေရှင်းပေးခြင်း၊ နှစ်သိမ့် အားပေးစကား ပြောကြားပေးခြင်း၊ အိပ်ရာဝင် အဘိုးအဘွားများ အကြောင်း၊ မြန်မာ့သမိုင်း၊ ကမ္ဘာ့သမိုင်းထဲမှ အံ့ဖွယ် သူရဲကောင်းများ အကြောင်း၊ ပုံပြင်များ အကြောင်း၊ ဘုရားရှိခိုးနည်း အမျိုးမျိုး၊ သွန်သင်ဆုံးမ စကားများ ပြောပေးခြင်း သည် ကျောင်းနေ အရွယ် ကလေးသူငယ်များ၏ ပညာရည် မြင့်မားရေးတွင် အလွန် အရေးပါ အရာရောက်သော အပြု အမူ ဖြစ်သည်။ ကြင်နာ ယုယမှု၏ နွေးထွေးသော မေတ္တာ၊ ကရုဏာ ဘဝ အစပင်
ဖြစ်သည်။

ကျောင်းနေအရွယ် ကလေးသူငယ်များ၏ ပညာရေး ကဏ္ဍတွင် လူ့ဘဝအစ နွေးထွေးသော မေတ္တာတရား၊ ကြင်နာ ယုယမှု၊ အပြုအမူများ အပေါ် အလေးအနက်ထား ကြည်နူး ခံစားတတ်စ ကလေးသူငယ် အရွယ် ချစ်စဖွယ် ပြောဆို ဆက်ဆံမှုများကို အတုယူ တတ်အောင် ကျောင်းနေအရွယ် ကလေးသူငယ်များ ဘဝ တစ်သက်တာ ကောင်းသော အပြုအမူ လိမ္မာယဉ်ကျေး ကလေးသူငယ်များ ဘဝ အောင်မြင်ရေး ကိစ္စရပ် များကို ဖြည့်ဆည်း ကူညီဖေးမ ဆောင်ကြဉ်း လိုက်သည့် အခါ ကလေးသူငယ် များစွာတို့၏ ပညာရေး ကဏ္ဍတွင် ထွန်းတောက် အောင်မြင်မှု ရှိလာမည်ဟု သုတေသန ပညာရှင်များက လေ့လာ တွေ့ရှိခဲ့ ကြသည်။
မိခင်၊ ဖခင် အုပ်ထိန်းသူများ၏ နွေးထွေး ကြင်နာ ယုယ ပြုစုမှု နေ့စဉ်ခံစားရသော ကလေးသူငယ်များသည် အရည် အသွေး ညံ့ဖျင်းသော ကျောင်းများဟု သတ်မှတ် မှတ်ယူထားသော ကျောင်းများတွင် နှစ်စဉ် ပညာ သင်ကြားစေ ကာမူ နှစ်စဉ် ထူးချွန်ထက်မြက်သော ပညာတတ် ကလေးသူငယ်များ ထူးဆန်းစွာ ပေါ်ထွက် လာသည်ဟု လေ့လာ ဆန်းစစ်ချက်က ဆိုထားသည်။
ပညာရေးကို စိတ်မဝင်စားသော မိခင်၊ ဖခင် အုပ်ထိန်းသူများက မိမိရင်သွေး ကလေးသူငယ်များကို နွေးထွေး ကြင်နာမှု မရှိ၊ ယုယစွာ ပြုစုမှု မရှိသော မိဘ အုပ်ထိန်းသူများ၏ ရင်သွေးငယ် ကလေး သူငယ်များကို အကောင်းဆုံး စာသင်ကျောင်း၊ နာမည်ကြီး ထိပ်တန်း ကမ္ဘာကျော် ကျောင်းများတွင် စာသင်ကြားစေကာမူ ပညာရေး ညံ့ဖျင်းပြီး ထူးချွန် ထက်မြက်သူများ အနည်းအကျဉ်းသာ ထွက်ရှိကြောင်း သုတေသန ပညာရှင်များက စမ်းသပ် တွေ့ရှိချက်အရ တွေ့ ရသည်။
ကျောင်းနေအရွယ် ကလေးသူငယ်များ၏ ပညာရေးသည် စာသင်ကျောင်းများ၏ ဖွဲ့စည်းပုံစနစ် တစ်ခုတည်း ဖြင့်လောက အလယ် အသိမကြွယ်သေးသော ကလေးသူငယ်များ မေတ္တာ၊ ကြင်နာယုယ နွေးထွေးမှု အာရုံကို မခံစားနိုင်သလို လူမှုရေးဆိုင်ရာ ပေးဆပ်ခြင်း၊ သင်ယူခြင်း၊ သင်ကြားခြင်း၊ လှုပ်ရှား ရုန်းကန်မှုများတွင် အောင်မြင်မှု မရနိုင်ကြောင်းနှင့် လူ့လောကအလယ် လူမှုရေး၊ စီးပွားရေး၊ စိတ်ချမ်းသာရေး အောင်မြင်မှု မရနိုင်ကြောင်း သုတေသီ ပညာရှင်များက အသိပေး နှိုးဆော်ရန် ယင်း လေ့လာတွေ့ရှိချက်များ စေ့ဆော် လုပ်ဆောင် ပေးခဲ့သည်။
ကျောင်းနေအရွယ် ကလေးသူငယ်များ၏ ပညာရေး ကဏ္ဍတွင် မိဘဘိုးဘွား၊ ဆွေမျိုးများ၏ နွေးထွေး ကြင်နာမှု၊ ကူညီပံ့ပိုးမှု၊ ဂရုတစိုက် ကြင်နာမှု၊ အမြတ်တနိုး ချစ်ခင်မှု၊ နားလည်သိတတ်မှု၊ အခြေခံဗဟုသုတ များစွာတို့ကို သင်ပေးနိုင်မှု၊ အိမ်တွင် ကျောင်းစာများဖြစ်သော သင်္ချာ၊ သမိုင်း၊ နိုင်ငံခြား ဘာသာစကား တို့ကို စိတ်ရှည်လက်ရှည် သင်ကြား ရှင်းလင်းပြခြင်း၊ ပုံမှန် တစ်ပတ်တစ်ကြိမ် ကျောင်းစာများကို စစ်ဆေးမေးမြန်း အဖြေများ ထုတ်ပေးခြင်းနှင့် ကလေးသူငယ်များ၏ ပင်ကို စိတ်ဆန္ဒ၊ ဝါသနာ၊ ရည်မှန်းချက် များကို အမြဲတမ်း မေးမြန်း ဖော်ထုတ် နှစ်သိမ့် အားပေး ချီးကျူး၊ ချီးမြှောက်ပေးခြင်း၊ ကျောင်းသွားဖော် သူငယ်ချင်း မိတ်ဆွေ များ၊ ဆရာ၊ ဆရာမများ အကြောင်း စကားစမြည် မေးမြန်းပေးခြင်းဖြင့် အထင်အမြင် လွဲမှားမှုများကို ချေဖျက် ပေးနိုင်သည်။
ယဉ်ကျေးမှု အစဉ်အလာအရ လူကြီးကို ရိုသေ၊ လူငယ်ကို ကြင်နာ၊ ဆရာသမားကို လေးစား၊ မိဘများကို တန်ဖိုး ထားတတ်အောင် ရည်မွန်သော အပြောအဆိုများ၊ အလေ့အကျင့်များကို သင်ကြားပြသ၍ သီးခြား နှစ်လိုဖွယ်ရာ ကိစ္စရပ်များကို ပြောဆိုပြခြင်း၊ ကလေးသူငယ်များ၏ ခံစားချက် အချို့ကို စိတ်ဝင်တစား နားထောင် ပေးခြင်း သည် ကျောင်းနေအရွယ် ကလေးသူငယ်များ၏ လူမှုရေး၊ ပညာရေးဆိုင်ရာ အမြော် အမြင် ဗဟုသုတများ ပွား၍ ဥာဏ်ရည် ဖွံ့ဖြိုးတိုးတက်မှု အဆင့် ကောင်းမွန်မြင့်မားမှုများ ရရှိနိုင်သည်ဟု သုတေသန ပညာရှင်များ စမ်းသပ် တွေ့ ရှိကြောင်း သိရသည်။

 

  Ref:  http://www.myawady.net.mm/library/stories/storiesforall/item/19674-2013-07-16-10-19-49


14 Jul 2013

ယောကျာ်းလေးတွေ အလွန်ကြောက်သော ဒီလိုမိန်းမများ (ပေးစာ - ၁၇၅)

From : သာနောင်



 (၁) ညစ်ပတ်သောမိန်းမ

 ညစ်ပတ်သောယောက်ကျားမှာ ချစ်သူရနိုင်သော်လည်း ညစ်ပတ်သော မိန်းကလေးကိုမူ နှာခေါင်းရှုံ့ချင်ကြသည်။ မသန့်ရှင်းသော မိန်းကလေးများ၏ အိပ်ခန်းမှာ အမှိုက်ဗုံးများ ပေါက်ကွဲထားသလို ကျောချစရာမရှိအောင် ရှုတ်ပွနေတတ်သည်။ ပစ္စည်းတစ်ခု ပျောက်လျှင် လွယ်လွယ်နှင့် ရှာလို့မရတော့ပေ။ ၄င်းကဲ့သို့သော မိန်းကလေးသည် အပြင်ထွက်လျှင် ရှုပ်ပွနေသော အိတ်ထဲမှ သော့ကို အလွယ်တကူ ရှာမတွေ့ နိုင်တော့။ ၀တ်ထားသော အ၀တ်အစားမှာလည်း အ၀တ်လျှော်စက်ထဲက ယခုမှထုတ်လာသည့် အတိုင်းပင်၊ ၀တ်ထားသော အနွေးထည်မှာလည်း ကြယ်သီးများပြုတ်၊ ချုပ်ရိုးများ ပြေနေတတ်သည်။ လက်သည်း ခြေသည်းများလည်း ဂျီးများနှင့် မဲနေတတ်ပြီး ဆိုးထားသော လက်သည်းနီများလည်း ညီညာမှု မရှိပေ။ အဆိုးဆုံးမှာ စကားပြောဖို့ ပါးစပ်ဟလိုက်သည်တွင် အာပုပ်နံ့ရနေတတ်သည်။ သွားများတွင်လည်း ဟင်းဖတ်များ ကပ်နေတတ်သည့်အပြင် နုတ်ခမ်းနီများလည် ပေကျံနေတတ်သည်။




 (၂) အတင်းပြောသောမိန်းမ
 
 BMW ကုမ္ပဏီမှထုတ်သောကားများကို ယောကျာ်းများကြိုက်ကြသော်လည်း BMW (Big Mouth Women)မိန်းကလေးများကိုတော့ လန့်တတ်ကြသည်။ တစ်အိမ်တက်ဆင်းဖြင့် အတင်းပြောနေရလျှင် ထမင်းမေ့ ဟင်းမေ့သောသူဖြစ်သည်။ တစ်ခါတရံ သူမပြောသော စကားများသည် အမှန်ဖြစ်ကြောင်း ယောကျာ်းလေးများကို သူမအား ထောက်ခံရန် မဲဆွယ်တတ်သေးသည်။ တချို့ယောကျာ်းလေးများက မထောက်ခံလျှင် သူမသာ အမှန်ြဖစ်ကြောင်း ငြင်းချက်များထုတ်တတ်သေးသည်။ ထိုမိန်းကလေးမျိုးကို အိမ်ထောင်ပြုမိပါက ယောက္ခမနှင့် ချွေးမတို့၏ စစ်ပွဲ စတင်ခြင်းပင် ဖြစ်သည်။ ၄င်းအပြင် ဆွေမျိုးသားချင်း သူငယ်ချင်းများကပါ စက်ကွင်း မလွတ်နိုင်တော့ချေ။ အတင်းပြောတတ်သော အမှန်မကန် စကားပြောတတ်သော မိန်းကလေးများကို ယောကျာ်းလေးများသာမက မိန်းကလေးများလည်း ဝေးဝေးရှောင် နိုင်ရမည်။သူမ၏ အမှန်မကန် ပြောသော စကားလေပွေထဲတွင် ၀င်မပါမိအောင် သတိထားရမည်ဖြစ်သည်။

 (၃) စကားများသောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စကားပြောရတွင် မိမိပြောချင်ရာ ဇွတ်ပြောတတ်သည် ၊ စဉ်းစားဆင်ခြင်မှု နည်းသည်။ မပြောသင့်သော စကားကို အချိန်အခါမဟုတ် မပြောထိုက်သောလူကို ပြောတတ်သည်။ ဆွေမျိုးသားချင်း သူငယ်ချင်းများကြားတွင် အထင်လွဲစရာဖြစ်အောင် ပြောခြင်း၊ သူတစ်ပါး သိက္ခာကျအောင် လေးစားမှု လျော့အောင်ပြောခြင်းများ ပြုလုပ်တတ်သည်။ ကိုယ်ကို သွက်လက်ချက်ချာသည်ဟု အထင်ကြီး နေတတ်သူဖြစ်သည်။

 (၄)  ခိုင်းနိုင်းတတ်သောမိန်းမ 

ထိုမိန်းကလေးမျိုးသည် စိတ်အနှောင့်အယှက် အပေးဆုံးမိန်းကလေးဖြစ်သည်။ ဘယ်အရာမဆို နိုင်းယဉ်နေတတ်သည်။ တစ်ခြားမိန်းကလေး၏ ရည်းစား(သို့) ယောကျာ်းကို နိုင်းယှဉ်ကြည့်ပြီး အသုံးမကျသော ယောကျာ်းဟု၍ လက်ညိုးထိုး ပြီး ဆဲတတ်သော မိန်းကလေးမျိုးဖြစ်သည်။ တကယ်တမ်းဆိုရလျှင် အသုံးဝင်သော ယောကျာ်းကို သူမရွေးသင့်ပြီး ထိုအသုံးမ၀င်သော ရည်းစား(သို့) ယောကျာ်းအတွက် စိတ်မတိုနေသင့်ပေ။ တစ်ခြားသူနှင့် နိုင်းယဉ်ပြီး ဆဲနေစရာမလိုပေ။ မိမိ ရွေးယူထားသောကြောင့် မိမိကိုယ်သာ အပြစ်တင်ရမည်ဖြစ်သည်။ လူတိုင်းတွင် အရည်အချင်း တစ်ခုစီ ရှိတတ်ကြသည်။ ယောကျာ်းလေးတစ်ယောက် မိမိကိုယ်ကို ယုံကြည်မှုနည်းသွားအောင် တစ်ခြားလူနှင့် ခိုင်းနိုင်းပြီး မဆဲသင့်ပေ။ ထိုယောကျာ်းလေးအတွက် ကံမကောင်းဆုံးအရာ အသုံးမကျဆုံး အရာမှာ ထိုမိန်းကလေးမျိုးကို ရွေးမိခြင်းပင်ဖြစ်သည်။




 (၅) အနေအထိုင်မတတ်သောမိန်းမ 

 အနေအထိုင်မတတ်သော မိန်းကလေးမျိုးသည် လုပ်ငန်းခွင်တွင်ဖြစ်စေ ပတ်ဝန်းကျင်တွင်ဖြစ်စေ ဆက်ဆံရခက်သော မိန်းမဟု နာမည်ကြီးတတ်သည်။ ပစ္စည်းတစ်ခု သွားဝယ်သည်ဖြစ်စေ အစားသွားစားသည်ဖြစ်စေ ဆိုင်ဝန်ထမ်းနှင့် ရန်ဖြစ်ခဲ့ရမှ ကျေနပ်သော မိန်းကလေးမျိုးဖြစ်သည်။ ထိုမိန်းကလေးမျိုးနှင့် အတူအပြင်ထွက်မိလျှင် ရှက်လွန်း၍ မျက်နှာ ဖွက်ထားစရာမရှိ အောင်ဖြစ်တတ်သောကြောင့် သူမနှင့်မရင်းနှီးသလို ဟန်ဆောင်က ခပ်လှမ်းလှမ်းတွင် နေချင်ကြသည်။ ထစ်ခနဲဆို ရန်ဖြစ်ချင်သော နုတ်ကြမ်းသော မိန်းကလေးမျိုးကို လက်ထပ်ပြီး မိဘနှင့်အတူ နေရမည့် ပုံရိပ်ကို မြင်ယောင်ဖူးပါသလား။ ထိုမိန်းကလေးမျိုးကို ရွေးချယ်မည့်အစား သူမလောက် အသုံးမ၀င်သော၊ တုံးအသော၊ သာမန်သော မိန်းကလေးမျိုး ကိုသာ ယောကျာ်းလေးအများစုက ရွေးချယ်မည်ပင်။

 (၆) သ၀န်တိုလွယ်သောမိန်းမ 

 ထိုမိန်းကလေးမျိုးသည် မိမိကိုယ်ကို ယုံကြည်မှုနည်းသလို တစ်ပါးသူကိုလဲ မယုံကြည်သော မိန်းကလေးဖြစ်သည်။ ယောကျာ်းလေး အသက်ရှူမချောင် နိုင်လောက်အောင် ချုပ်ချယ်တတ်သော မိန်းကလေးမျိုးလည်းဖြစ်သည်။ သံသယစိတ် ၀င်လာလျှင် ရှင်းပြတာကိုနားထောင်မနေတော့ သ၀န်တို စိတ်ကောက်ဖို့က ပထမပင်။ သူမ၏ရည်းစား(သို့) ယောကျာ်း၏ သူငယ်ချင်းများကိုလည်း မိမိရည်းစားနှင့် အပေါင်းအသင်းမလုပ်ရန် ပြောတတ်သောကြောင့် သူငယ်ချင်းများက ထိုမိန်းမမျိုးနှင့် ပတ်သက်သော ယောကျာ်းလေးကိုပါ ရှောင်လာတတ်ကြသည်။ ထိုအခါ ယောကျာ်းလေးမှာ အကျဉ်းချထားသလို ခံစားရသော်လည်း မိန်းကလေးမှာမှု ပျော်ရွှင်နေတတ်သည်။ လူဆိုသည်မှာ အဖွဲ့အစည်း အသိုင်းအ၀န်းနှင့် နေသော အမျိုးဖြစ်သည်။ အသက်ရှူရန် နေရာလေး တစ်ခု ချန်မထားဘဲ ချုပ်ချယ်တတ်သော ထိုမိန်းကလေးမျိုးကို ယောကျာ်းလေးများက ရှောင်ချင်ကြသည်။

 (၇) တုံးအသောမိန်းမ 

အာလာဒင် ပုံပြင်ကို နားထောင်ဖူးကြပါသလား။ ထိုပုံပြင်ထဲက အာလာဒင်၏ တုံးအသော မိန်းမသည် မသိနားမလည်သည်ကို မမေးဘဲ ဆီမီးခွက်ကို ခွက်စုတ်ဟု အထင်ဖြစ် ရောင်းလိုက်ဖူးသည်။ ထိုမိန်းကလေးမျိုးသည် ဥစ္စာပစ္စည်းပေါ်တွင်ဖြစ်စေ အတွေးအခေါ်ပိုင်းတွင် ဖြစ်စေ အလွယ်တကူ အလိမ်မိတတ် သည်။ ယခုခေတ်တွင် ထိုကဲ့သို့ တုံးအသော မိန်းကလေးမျိုး နည်းပါးသွားပြီလား။ ထက်မြက်ပြီး တွေးခေါ်ဆင်ခြင်ဥာဏ် ရှိသော မိန်းကလေးမျိုးကို ယောကျာ်းလေးက လေးစားသော်လည်း တုံးအသော မိန်းကလေးမျိုးမှာမှု ယောကျာ်းလေးအတွက် ဆူးညှောင့်ခလုတ် တစ်ခုလိုပင်။ ယခုခေတ် မိန်းကလေးများသည် မိမိကိုယ်ကို ထက်မြက်မှု အပြည့်အ၀နှင့် ယုံကြည်မှု ရှိနေသင့်သည်။ သူတစ်ပါးကြင်နာလာအောင် တုံးအ ဟန်ဆောင် မနေသင့်ပေ။ တုံးအတိုင်း အပြစ်မဲ့သည် မဟုတ်။ တုံးအလျှင် ဖယ်ထုတ်ခြင်းခံရမည်မှာ ဧကန်မလွဲပင်။ 



 (၈) ငွေသုံးကြမ်းသောမိန်းမ 

Shopping Mechine ကဲ့သို့သော မိန်းကလေးမျိုးမှာ လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ ပစ္စည်းအ၀ယ်ကြမ်းသော သူဖြစ်သည်။ ယောကျာ်းလေး အနည်းစုမှာ ထိုမိန်းကလေးမျိုးနှင့် ကြုံရန် မကြောက်ကြသော်လည်း အကောင်းမြင် အမြင့်ကြိုက်သော သူမအတွက် မိမိအိတ်ထဲမှ ငွေများ အလာဟသ စီး ဆင်းကုန်မည်ကို ကြောက်တတ်ကြသည်။ ဥစ္စာ ပစ္စည်းထဲတွင်သာ နစ်မျှောနေတတ်သော မိန်းကလေးမျိုးသည် အများအားဖြင့် စိတ်သဘောထား သေးသိမ်တတ်သည်။ တစ်ကိုယ်ကောင်း ဆန်တတ်သည်။ စိတ်တိမ်းညွတ် လွယ်သည်။ လိုချင်သော ပစ္စည်းရရန် မိမိကိုယ်ကို သစ္စာဖောက်ခြင်း၊ တန်ဖိုးမထားခြင်းများဖြင့် ရမ္မက်အိုင်ထဲတွင် နစ်နေတတ်ကြသည်။ မြင်သမျှ ၀ယ်ယူတတ်သော မိန်းကလေးမျိုးနှင့် ဈေးသွားလည်ဖူးသော ယောကျာ်းလေးများမှာ ရင်ထဲတွင်နာကျင် နှမြောသမျှကို ဖုံးကွယ်ရင်း ဒုတိယအကြိမ် သွားရမည်ကို ခေါင်းခါကြမည်ပင်။

 (၉) လမ်းခွဲစကားပြောလွယ်သောမိန်းမ

 ဘာမဟုတ်သော ကိစ္စလေးတခုဖြင့် လမ်းခွဲဖို့ပြောတတ်သော ထိုမိန်းကလေးမျိုးသည် တကယ့်ခွါရခက်သော မိန်းကလေးမျိုးဖြစ်သည်။ လမ်းခွဲကြစို့ဟု အမြဲပြောတတ်သည်မှာ သူမ၏ အကျင့်တစ်ခုလို ဖြစ်နေသည်။ တကယ်တမ်း ယောကျာ်းလေးဘက်က လမ်းခွဲတော့မည်ဆိုလျှင် ငိုယိုပြီး လက်မခံတော့။ လမ်းခွဲစကားပြောခြင်းသည် အခံရခက်သော ဝေဒနာတစ်ခု ဖြစ်သည်။ ပြောသူက အကျင့်တစ်ခု အနေဖြင့် ပြောသော်လည်း ခံရသူမှာ တစ်ခါပြောတိုင်း တစ်ခါ အသဲနင့်အောင် ခံစားရတတ်သည်။ နှလုံးသားတွင် အမာရွတ်အထုံး များကျန်နေခဲ့တတ်သည်။ တကယ့် လမ်းခွဲတော့မည်ဆိုလျှင် တစ်ကြိမ်ထဲဆုံးဖြတ် တစ်ခါထဲ လမ်းစဖျောက်လိုက်တာက ခံရပိုသက်သာဦးမည်။ လမ်းခွဲစကားဖြင့် တစ်ဖက်သားကို ခြိမ်းခြောက်နေသောသူသည် နုံအသောသူသာလျှင်ဖြစ်သည်။



 (၁၀) ချွဲနွဲ့လွန်သောမိန်းမ 

 မိန်းကလေးတိုင်းချွဲနွဲ့တတ်သည်မှာ သဘာဝပင်ဖြစ်သည်။ သို့သော် အချွဲနွဲ့လွန် မိန်းကလေးများမှာ လူအမြင်ကပ်စရာဖြစ်သည်။ ထိုမိန်းကလေးမျိုးသည် အမြဲတမ်း အချော့ခံချင်၊ လူတွေဂရုစိုက်နေတာကို ခံချင်နေသော မိန်းကလေးမျိုးဖြစ်သည်။ လူရှေ့တွင် စကားပြောလျှင် နုတ်ခမ်းလေး ဟချင် မဟချင်နှင့်(ခေတ်စ ကားနှင့်ပြောရလျှင် ဘဲများလွန်းနေခြင်းဖြစ်သည်) လူကွယ်ရာတွင်မှု ဆန့်ကျင်ဖက် ဖြစ်နေတတ်သည်။ ယခုခေတ် မိန်းကလေးများသည် တဖက်သား သနားကြင်နာလာအောင် ညုာတာလာအောင် ဟန်ဆောင်ချွဲနွဲ့ပြီး အားနွဲ့ မနေသင့်တော့ပေ။ ယောကျာ်းလေးတွေနှင့် တန်းတူ မဟုတ်တောင် ယောကျာ်းလေးနီးနီး လုပ်နိုင်ကိုင်နိုင်စွမ်း ရှိကြောင်းကို ပြသင့်သောအချိန်ပင်ဖြစ်သည်။ 
 
Ref:Myanmar Express


11 Jul 2013

သင်သောက်နေတဲ့ ကိုကာကိုလာ

ကိုကာကိုလာကို ပထမဆုံး တီထွင်ခဲ့သူကတော့ ဆေးပညာရှင် John Pemberton ဆိုသူဖြစ်ပြီး ခေါင်းကိုက်ရောဂါကို ကုသဖို့တီထွင်ခဲ့တာပါ။

ကိုကာကိုလာ လို့ဘာလို့ခေါ်ရတာလဲဆိုတော့ ဆေးအဖြစ်တီထွင်စဉ်က ပါဝင်ပစ္စည်းတွေကို အစွဲပြုပြီးခေါ်တာပါ။အဲဒီထဲမှာ Coca သစ်ရွက်နဲ့ Kola အစေ့တွေ ပါဝင်ပါတယ်တဲ့။

ဝိုင်နီထဲကို သကြားအချိုးအစားမှန်မှန်ထည့်လိုက်ရင် ကိုလာအရသာနဲ့ အတူတူပါပဲတဲ့။

ကိုကာကိုလာက အစွန်းချွတ်တဲ့အာနိသင်ရှိပါတယ်တဲ့။ညစ်ပတ်နေတဲ့ အိမ်သာခွက်တွေ၊သံချေးတွေကို ချွတ်ပေးနိုင်ပါတယ်တဲ့။

တကယ်လို့ သင့်ဆံပင်မှာ ပီကေတွေကပ်သွားရင် ကိုကာကိုလာနဲ့ ခေါင်းလျှော်လိုက်ပါ။အလွယ်တကူ ကျွတ်သွားပါလိမ့်မယ်။

ပထမဆုံး ကိုကာကိုလာက အစိမ်းရောင်ရှိပါတယ်တဲ့။

ကိုကာကိုလာဆိုတာ တရုတ်လို ပါးစပ်ကိုပျော်ရွင်စေသောအရာ ဟုအဓိပ္ပါယ်ရပါတယ်။

ကိုကာကိုလာ ကို တစ်နေ့ကို ၈ပုလင်းထက်ပိုသောက်ရင် အခန့်မသင့်ရင် သေစေနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ များစွာပါဝင်ပြီး အသက်ရှူမှုကို ဟန့်တားပါတယ်။

'Coca-Cola' was invented on May 8, 1886 by Dr John Styth Pemberton, a pharmacist, in Atlanta, Georgia, USA. It first went on sale in Jacob's Pharmacy, Atlanta, Georgia.

တစ်စက္ကန့်မှာ ကိုကာကိုလာပုလင်းပေါင်း ၁၀၄၅၀ ကို ကမ္ဘာတစ်ဝှမ်းမှာသောက်သုံးနေကြပါတယ်တဲ့။

ကိုကာကိုလာမှာ သကြားပါဝင်မှုမြင့်မားတဲ့အတွက် တစ်နေ့ကို တစ်ပုလင်းပဲ သောက်ရင်တောင် အသက်၅၀ကျော်ရင် ဆီးချိုသွေးချို ဖြစ်နိုင်ပါတယ်တဲ့။

မောင်စိုင်း
(ကနောင်)

Source:http://papatoto.com/


9 Jul 2013

“ ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်းငုံထားလေ့အကျင့်ရှိသူများ ”


“ ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်းငုံထားလေ့အကျင့်ရှိသူများ ”

၆-၇-၂၀၁၃ ရက်နေ့က အင်းဝဘက်ကို ကွင်းဆင်း ဆေးကုထွက်တုန်းက တွေ့လိုက်ရတဲ့ လူနာတစ်ယောက်ပါ။

သူကတော့ အဓိက ကွမ်းယာကို ပါးစောင်မှာ အမြဲတမ်း ငုံထားလေ့ အကျင့်ရှိတယ်လို့ ယာယီအားဖြင့် မှတ်ချက်ပြုနိုင်ပါတယ်။

ဒီလိုနဲ့ ကျွန်တော်စိတ်ထဲ အကြံတစ်ခုပေါ်လာတာက ကျွန်တော်တို့ နိုင်ငံမှာ ကွမ်းယာဆိုင်တွေ တော်တော်များလာပြီး၊ တော်တော်လည်း လူကြီးလူငယ် စားနေတာတွေ့ရပါတယ်။

အစားအသောက်ကွပ်ကဲဌာနတို့လို ကွမ်းယာဆိုင်တွေမှာ သုံးတဲ့ ထုံးတွေ၊ ကွမ်းသီးတွေကိုတော့ စစ်ဆေးဖို့ လိုအပ်နေပြီထင်ပါတယ်။

ရှေးကကွမ်းစားတာက မူရင်းအတိုင်း ဖြစ်ပေမဲ့ ယနေ့ခေတ်မှာ ကွမ်းယာဆိုင်တွေက ထုံးတွေ ဆေးတွေ နဲ့ ကွမ်းသီးတွေကို စာသုံးသူအကြိုက် အမျိုးမျိုးပြုပြင်ကြတယ်လို့သိရပါတယ်။


Credit to: Hlamyo Win




29 Jun 2013

ပြူတင်းပေါက်မှာ ချစ်တင်းနှောနေစဉ် ပြုတ်ကျသေဆုံးသော စုံတွဲ



လူသေစေနိုင်လောက်အောင် ပူသော ရာသီဥတုဖြစ်ပါတယ်။ အကြောင်းမှာ ဝူဟန်က စုံတွဲတစ်တွဲ ပြူတင်းပေါက်မှာ ချစ်တင်းနှောရင်း ပြုတ်ကျသေဆုံး ရသောကြောင့် ဖြစ်သည်။

မကြာသေးခင်က စုံတွဲတစ်တွဲက လေရအောင် ပြူတင်းပေါက်မှာ ချစ်တင်းနှောရလောက်တဲ့အထိ ပူအိုက်ကြောင်းကို netizen က ဖော်ပြသွားခဲ့ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာပဲ အဲဒီစုံတွဲက ပျော်ရွှင်ရန်အတွက်သာ စိတ်အားပြင်းပြနေခဲ့ပြီး၊ သူတို့ရဲ့ ပျော်စရာအချိန်လေးကို ၎င်းပြူတင်းပေါက်က ဖျက်ဆီးသွားလိမ့်မယ်ဆိုတာကို သတိမပြုမိခဲ့ပါဘူး။ သူတို့ ပျော်ပါးနေစဉ်မှာပဲ ရုတ်တရက် ပြူတင်းပေါက်ကျိုးပျက်သွားပြီး သူတို့နှစ်ဦးလည်း အဆောက်အအုံထက်မှ ပြုတ်ကျသေဆုံးခဲ့ရပါတယ်။


netizen ရဲ့ ပြောပြချက်အရ ထိုစုံတွဲက သူတို့ရဲ့ ပျော်စရာအချိန်လေးမှာ ဒီပြူတင်းပေါက်ရဲ့ အားနည်းမှုကို သတိမပြုမိခဲ့ကြပါဘူး။ အဲဒီလိုနဲ့ အမျိုးသမီးက အထွတ်အထိပ်ရောက်လာတာနဲ့ တပြိုင်နဲ့ သူမခါးကိုလည်း ခုံးလိုက်တာကြောင့် ပြူတင်းပေါက်က တွန်းအားကို မခံနိုင်ပဲ ကျိုးပျက်သွားပြီး သူမ ဟန်ချက်ပျက်သွားပါတယ်။ စုံတွဲနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဖက်ထားတာကြောင့် သူတို့နှစ်ဦးစလုံး အဆောက်အဦးပြင်ပကို ပြုတ်ကျသေဆုံးခဲ့ပါတယ်။

ReF : MDSG