19 May 2014

အမျိုးသားရေးသစ္စာဖောက်လို့ခေါ်တာ နည်းတောင်နည်းသေး တယ်တဲ့လား


မျိုးစောင့်ဥပဒေကြမ်းကို ကန့်ကွက်တဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကို အမျိုးသားရေး သစ္စာဖောက်လို့ စွပ်စွဲထားတဲ့ (မဘသ)လို့ခေါ်တဲ့ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို)က ဒီလိုစွပ်စွဲချက်တွေကို အတည်ပြုလိုက် ပါပြီ။ ဘာ့ကြောင့် ဒီလိုစွပ်စွဲရတာလဲ။

မျိုးစောင့်ဥပဒေကြမ်းတွေကို အစိုးရက ဦးဆောင်ပြီးရေးဆွဲနေချိန်မှာ ဘယ်လိုအချက်အလက်တွေ ပါဝင်တယ်ဆိုတာ ဘယ်သူမှမသိသေးဘဲ ကန့်ကွက်ဝေဖန်နေတာ သဘာဝမကျသလို နောက်ကွယ်မှာ မသမာတဲ့ရည်ရွယ်ချက်တွေရှိနေတယ်လို့ မဘသက မေလ ၁၇ရက်နေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

အမျိုးသမီးအဖွဲ့တွေ၊ အရပ်အဖွဲ့အစည်း ၁ဝဝကျော်က ကန့်ကွက်လို့ မန္တလေးတိုင်း မဘသက အမျိုးသားရေး သစ္စာဖောက်လို့ သတ်မှတ်တာဟာ ကန့်ကွက်တဲ့သူတွေက အပြင်းအထန်ကန့်ကွက်တယ်ဆိုတဲ့စကားလုံး သုံးစွဲလို့ တန်ပြန်စွပ်စွဲခဲ့တာဖြစ်တယ်လို့ ဓမ္မစက္ကဦးမောင်မောင်က အတည်ပြုပါတယ်။

ရန်ကုန်မြို့ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မဘသနဲ့ ကြံ့ခိုင်ရေးပါတီ ဘယ်လိုမှ ပတ်သက်မှုမရှိတဲ့အကြောင်း၊ သံဃာတွေ မဲပေးခွင့်တောင်းဆိုသွားမယ်ဆိုတာလည်း မဘသရဲ့ ဆုံးဖြတ်ချက်မဟုတ်တဲ့အကြောင်း စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။

မျိုးစောင့်ဥပဒေကို သေချာမသိဘဲ မကန့်ကွက်ဖို့နဲ့ ဒီဥပဒေကြမ်းတွေဟာ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစေဖို့ ဦးတည်ထားတာကြောင့် သေချာလေ့လာပြီးမှ သဘောထားမှတ်ချက်ပေးပါလို့ မဘသရဲ့ ဥပဒေအကြံပေး ဦးအေးပိုင်က ဆိုပါတယ်။

မျိုးစောင့်ဥပဒေကြမ်းဆိုင်ရာ ရှင်းလင်းပွဲကို အမျိုးသားရေးဝါဒီ ဦးပါမောက္ခနဲ့ ကိုရဲမင်းဦးတို့လည်း တက်ရောက်ခဲ့သလို ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ဥက္ကဌ ဦးသုဝေလည်း တက်ရောက်ခဲ့ပါတယ်။ အမျိုးသားရေး သစ္စာဖောက်လို့ မန္တလေးတိုင်း မဘသက စွပ်စွဲပြီးနောက်ပိုင်း The Voiceနဲ့ မြန်မာပို့စ်ဂလိုဘယ် သတင်းစာ၂စောင်ကိုလည်း အမျိုးသားရေးသစ္စာဖောက်အဖြစ်စွပ်စွဲခဲ့သလို ဒီမိုကရေစီရေး အင်အားစုတွေကိုပါ စွပ်စွဲတိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်နေပါတယ်။

Kamayut Media 

တပ်မတော်အနေနှင့် အာဏာ မမက်မောကြောင်း ပြရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_8416.html


မန္တလေး၊ မေ ၁၈

အခြေခံဥပဒေပြင်ဆင်ရေး လုပ်ငန်းစဉ်များတွင် တပ်မတော်က အာဏာ မက်မောခြင်း မရှိကြောင်းပြရန် ပြည်သူလူထုအတွက် အကောင်းဆုံး အခြေခံဥပဒေ တစ်ရပ် ဖြစ်စေရန် ပြင်ဆင်ပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

မေလ ၁၈ ရက်တွင် မန္တလေးမြို့ အောင်ပင်လယ် အားကစားကွင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သော အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲနှင့် လူထုဆန္ဒလက်မှတ် ကောက်ယူရေး အခမ်းအနားတွင် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“အခြေခံဥပဒေ ပြင်ဆင်တဲ့ နေရာမှာ တပ်မတော်က ကျုပ်တို့တွေ အာဏာ မက်မောလို့၊ အထူးအခွင့်အရေး မက်မောလို့၊ နေရာမက်မောလို့ လုပ်နေတာ မဟုတ်ဘူး ဆိုတာကို သက်သေ ထူလိုက်ပါလို့ ကျွန်မက တိုက်တွန်းချင်ပါတယ်။ တိုက်တွန်းတယ်လို့ ပြောပေမယ့် တစ်နည်းအားဖြင့် စိန်ခေါ်မှုလို့လည်း ပြောနိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူလူထု၏ ထောက်ခံမှု ရယူထားခြင်းမ ရှိဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အခရာကျသည့် ဆုံးဖြတ်ပိုင်ခွင့်များ ရယူထားခြင်း ကိစ္စကို တပ်မတော်သားများ ကိုယ်တိုင် ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
“တပ်မတော်ရဲ့ တာဝန်ဆိုတာ ပြည်သူကို ကာကွယ်ဖို့၊ တိုင်းပြည်ကို ကာကွယ်ဖို့၊ ပြည်သူကို အုပ်ချုပ်ဖို့လို့ ကျွန်မ ဘယ်တော့မှ မကြားဖူးပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ပူးပေါင်းကာ ၂၀၁၄ ခုနှစ် မေလအတွင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့၌ အခြေခံဥပဒေ ပုဒ်မ (၄၃၆) အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်းကို လွှတ်တော်ကတစ်ဆင့် ပြင်ဆင်ပေးရန် လူထုဆန္ဒ ကောက်ယူသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ပုဒ်မ ၄၃၆ ပြင်ဆင်နိုင်ရန်အတွက် မေလ ၂၇ ရက်နေ့ကနေ ဇူလိုင် ၁၉ ရက်အထိ လူထုဆန္ဒ လက်မှတ်များ ကောက်ခံသွားမည် ဖြစ်ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ NLD ပါတီ ရုံးခန်းများတွင် သွားရောက် လက်မှတ်ရေးထိုးနိုင်ကြောင်း ကြေညာထားသည်။

NLD ပါတီက ယင်းသို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ အခန်း ပုဒ်မ (၄၃၆) ကို ပြင်ဆင်ရန် လှုပ်ရှားမှုများ ပြုလုပ်လျက် ရှိသော်လည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကမူ အဆိုပါ ပုဒ်မကို ထိန်းထိန်းသိမ်းသိမ်း ပြင်ဆင်သင့်ကြောင်း ၎င်း၏ မိန့်ခွန်းများအတွင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရာတွင် နိုင်ငံတော် အချုပ်အခြာအာဏာကို အထိခိုက်မခံဘဲ ဥပဒေဘောင် အတွင်းက ဆောင်ရွက်ရမည် ဖြစ်ကြောင်း မေလ ၁၅ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့ မြို့တော်ခန်းမ ၁ တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှု ဂုဏ်ပြုညစာ စားပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
“ဒီကိစ္စတွေကြောင့် တိုင်းပြည် ဆူဆူပူပူဖြစ်ဖို့ ဘယ်သူမှ မလိုလားပါဘူး။ ကိုယ့်တိုင်းပြည် ဆူပူမှုဖြစ်ရင် ကိုယ့်တိုင်းပြည်ပဲ နစ်နာမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

သို့သော် ပြည်ထောင်စုလွှတ်တော်ကမှု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီတစ်ရပ်ကို အဖွဲ့ဝင် ၃၁ ဦးဖြင့် ဖွဲ့စည်းထားပြီး ပြည်သူ့လွှတ်တော် အမတ် ၁၀ ဦး၊ အမျိုးသားလွှတ်တော် အမတ် ၁၀ ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ဖြင့်၂၀၁၄ ခုနှစ် ဇန်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့သည်။

The Voice Weekly

မိန်းမနဲ့ ယောက်ျား


Written by  စိုပြေ (သံချောင်းပါတီ)

ကျုပ်တို့ အမျိုးသားများ တယ်လည်း အခွင့်အရေး နည်းသကိုးဗျ။ မိန်းမများကတော့ အခွင့်အရေးတွေ များလိုက်တာ။ ယောက်ျားနဲ့ မိန်းမ ယှဉ်လို့ရရင် ယောက်ျားတွေအနေနဲ့ မိန်းမတွေလောက် အခွင့်အရေး မရတာ အမှန်ပါပဲဗျာ။

စဉ်းစားကြည့်လေ။ အမျိုးသမီးရေးရာ အဖွဲ့ဆိုပြီး ရှိတယ်။ အမျိုးသားရေးရာ အဖွဲ့ဆိုပြီး ရှိမှမရှိပဲ။ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရှိတယ်။ ဖခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ရှိလို့လား။ အချို့ကတော့ ပြောပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဆိုပြီးရှိတယ်။ အမျိုးသမီး ဒီမိုကရေစီအဖွဲ့ချုပ် မရှိဘူးတဲ့။ တကယ်တော့ဗျာ သူတို့ဆိုလိုတဲ့ အမျိုးသားဆိုတာ National ကို ဆိုလိုတာဗျ။ Men ကို ဆိုလိုတာ မဟုတ်ဘူးတဲ့။ ဒါကြောင့်လည်း NLD ဆိုပြီး ဖြစ်နေတာပေါ့။ ယောက်ျားတွေကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဆိုရင် MLD ဖြစ်ရမှာပေါ့လေ။

ထားပါတော့ဗျာ။ အခွင့်အရေး တောင်းတာ ဆိုရင်လည်း ကြည့်လိုက်ပါဦး.....။ အမျိုးသမီး အခွင့်အရေးတွေပဲ တောင်းနေကြတယ်။ ကျုပ်တို့ အမျိုးသားများ တစ်ခါမှ အခွင့်အရေး မတောင်းခဲ့ဖူးပါဘူး။ ကျုပ်တို့ အမျိုးသားအခွင့်အရေး တောင်းတာဆိုလို့ ကိုယ့်မိန်းမဆီက အရက်သောက်ခွင့်နဲ့ ဘောလုံးပွဲ ကြည့်ခွင့်လောက် တောင်းတာပါ။ ဒါလည်း တစ်ခါတလေမှ ရတာပါ။ သူတို့ မိန်းမတွေလို ကြီးကြီးကျယ်ကျယ် တစ်နိုင်ငံလုံးနဲ့ချီပြီး အမျိုးသမီးအခွင့်အရေး မတောင်းဖူးပါဘူး။

NGO ဆိုရင်လည်း ကြည့်လိုက်ပါဦးဗျာ။ အမျိုးသမီး အခွင့်အရေးအတွက် လုပ်နေတဲ့ NGO ပဲ ရှိတယ်။ အမျိုးသား အခွင့်အရေးအတွက် လုပ်တဲ့ NGO ရှိတယ်လို့ကို မကြားဖူးပါဘူးဗျာ။

အဲ့ဒီလိုမျိုး ပြောတော့ အမျိုးသမီးတွေ ပြန်ပြောတယ်။ သူတို့ကို ယောက်ျားတွေက အခွင့်အရေး မပေးဘဲ နှိမ်ထားတဲ့အတွက် အခွင့်အရေးတွေ တောင်းရတာပါတဲ့။ ကျုပ်တို့က ဘယ်မှာများ ချုပ်ချယ် ထားလို့ပါလဲဗျာ။ မိန်းမတွေကို ယောက်ျားတွေက တန်းတူလို အခွင့်အရေး ပေးထားတာပဲလေ။ အလုပ်လုပ်ချင်သလား။ လုပ်ရမယ်။ လုပ်ခွင့် ပေးထားတာပဲ။ အရက်သောက်ချင်သလား။ သောက်လေ။ ဖဲရိုက်မလား။ ရိုက်လေ။ ဟင်းမချက်ချင်ဘူးလား။ အပြင်မှာ ဝယ်စားကြမယ်လေ။

အားလုံးကို တန်းတူထားတာပါပဲဗျာ။ နှိမ်တယ်လို့ကို မရှိရပါဘူး။ ဒါကိုများ သူတို့က အခွင့်အရေးတွေ ထပ်လိုချင်သေးတယ်တဲ့။
သူတို့တောင်းတဲ့ အခွင့်အရေး....။ သူတို့ရော သိရဲ့လား မသိပါဘူး။
အဲ့...ဒီလို ပြောလိုက်တော့ သူတို့က သိတယ်ဗျ။ အလုပ်မှာ ယောက်ျားတွေနဲ့ တန်းတူအခွင့်အရေး ရဖို့တဲ့...။ သူတို့ ပြောတာက ရာထူးကြီးတွေမှာ ယောက်ျားတွေချည်းပဲတဲ့။ မိန်းမရာထူးကြီးတာ နည်းတယ်တဲ့။ ဒါကတော့ ကြိုးစားရမှာပဲဗျ။ အခုဆို စစ်ဗိုလ်မမတွေ ခေါ်နေပြီလေ။ စစ်ဗိုလ်မမတွေလည်း စစ်တပ်ထဲက အနားယူပြီး အရပ်ဘက်ကို ပြောင်းရင်း ရာထူးကြီးကြီး ရမှာပေါ့ဗျာ။ အခုလည်း ရာထူးကြီးကြီး ယောက်ျားတွေ ဆိုတာ စစ်တပ်က အနားယူထားတဲ့ လူတွေပဲ မဟုတ်လား။ သူတို့ ပြောပြန်တယ်။ လွှတ်တော်ထဲမှာလည်း မိန်းမနည်းတယ်တဲ့။ ဒါတော့ မပြောနဲ့လေ။ ဒီမိုကရေစီ။

လွှတ်တော်ထဲမှာ မိန်းမနည်းတယ် ဆိုပြီး စစ်တပ်လူတွေလို လွှတ်တော်ထဲ ဝင်တိုင်ခွင့် ပေးလို့မှ မရတာ။ အရွေးခံပေါ့။ အမျိုးသမီးတွေ များများ ဝင်အရွေးခံပြီး နိုင်ရင် အမျိုးသမီးအမတ်တွေ များလာမှာပေါ့လေ။

နောက်ပြီး ပြောသေးတယ်။ အမျိုးသားဆိုတဲ့ အသုံးအနှုန်းတဲ့....။ သတင်းစာထဲမှာ ကြည့်လိုက်ရရင်လည်း အမျိုးသားလုံခြုံရေး၊ အမျိုးသားအမြင်၊ အမျိုးသားလွှတ်တော် ဆိုတဲ့ အမျိုးသားနဲ့ သက်ဆိုင်တာတွေပဲ များနေတယ်တဲ့။ ဒါက အမျိုးသမီးတွေကို သတ်သတ်နှိမ်တာ ဆိုပဲ။ အဲ့ဒါတော့ စောစောက ပြောပြီးပြီပါကော....။ အမျိုးသားဆိုတာ National ကို ပြောတာလို့။ Men ကို ပြောတာ မဟုတ်ဘူးလို့။

ဒီစကားလုံး ကိစ္စကလည်း တော်တော် လက်ပေါက်ကပ်တာပဲဗျာ။ National ကို ဘယ်ပညာရှိကများ အမျိုးသားလို့ ဘာသာပြန်လိုက်လဲ မသိဘူး။ အဲ့ခေတ်တုန်းကတော့ နိုင်ငံကို အမျိုးသားတွေ အုပ်ချုပ်နေတဲ့ ခေတ်မို့ ထင်တယ်လေ။ နောက်ပိုင်း အမျိုးသမီးတွေ အုပ်ချုပ်တဲ့ အခါများ ဆိုရင်တော့ National ကို အမျိုးသမီးလို့များ ပြင်လိုက်မလားမသိ။

အချို့ အခွင့်အရေးတွေကတော့ ယောက်ျားတွေက ပေးထားပေမယ့် မိန်းမတွေကိုယ်တိုင် စိတ်ထားပြောင်းမှ ဖြစ်မှာလေ။ အမျိုးသမီးတွေကို တန်းတူအခွင့်အရေး ပေးပါတယ်။ ကျိုက်ထီးရိုးဘုရား ရွှေကပ်လေ၊ ရွှေတိဂုံ အထက်ပစ္စယာ တက်လေ ဆိုတော့ သူတို့က မတက်ရဲဘူးဗျ။ မိုးကြိုးပစ်မှာ ကြောက်တယ် ဆိုလားပဲ။ အဲ့ဒါသာကြည့်.... သူတို့ မိန်းမတွေကို သတ်သတ်နှိမ်ထားတဲ့ ဘုရားပေါ် မတက်ရတဲ့ ကိစ္စကိုတော့ မတွန်းလှန်ဘူး။ စကားအဖြစ် ပြောတာပါဗျာ။ ဒါမျိုးတော့ လုပ်လို့ ဘယ်ဖြစ်မလဲ။ ဘာသာရေးကိုဗျ။ မိုးကြိုးပစ်တာက နောက်မှ၊ အဆဲခံရမှာက အရင်လေ။ ဘုရားပေါ်တက်ရခြင်း၊ မတက်ရခြင်းက ဘဝမှာ သိပ်မှ အရေးမပါတာ။

နောက်တစ်ခု ပြောသေးတယ်ဗျ။ ယောက်ျားတွေက ကားပေါ်မှာဖြစ်ဖြစ်၊ လူပြတ်တဲ့နေရာမှာ ဖြစ်ဖြစ် မိန်းမတွေကို ဟိုကိုင်ဒ်ီကိုင်၊ ဟိုပွတ်ဒီပွတ် လုပ်တာတဲ့။ ဒါတော့ ခင်ဗျားတို့လည်း ယောက်ျားတွေကို ပြန်ကိုင်ပေါ့လို့ ပြောလို့ မဖြစ်ပြန်ဘူး။ မိန်းမနဲ့ ယောက်ျားက သဘာဝချင်း တူတာမှ မဟုတ်တာ။ မိန်းမတွေက ကိုယ်ချစ်တဲ့လူကို တစ်ကိုယ်လုံး ပုံပေးချင် ပေးပေမယ့် ကိုယ်မသိတဲ့ ယောက်ျားက လက်ညှိုးလေးနဲ့ တို့တာကိုတောင် စိတ်သိပ်ဆိုးတာ။ ယောက်ျားများကတာ့ ကိုယ်နဲ့ သိသိမသိသိ နည်းနည်းလေး အသားယူလိုက်ရမှာ ဝန်မလေးတဲ့ လူမျိုးကိုး။

အမျိုးသမီးအခွင့်အရေး များတာကို ပြောရရင် မိန်းမနဲ့ ယောက်ျား သဘောတူလို့ အတူတူအိပ်တာတောင် မိန်းမက အခြားတစ်ခုခုကြောင့် စိတ်ဆိုးတဲ့အခါ အဓမ္မကျင့်ပါတယ် ဆိုပြီး တိုင်လို့ ရသေးတာပဲ။ မိန်းမနဲ့ ယောက်ျား ရန်ဖြစ်ရင်လည်း မိန်းမက တူနဲ့ထုပြီး ယောက်ျားက လက်သီးနဲ့ ထိုးရင်လည်း ယောက်ျားပဲ ထောင်ကျတာလေ။

ပြောတာတွေလည်း ဘာတွေမှန်းကို မသိတော့ပါဘူးဗျာ။ နောက်ဆုံးတော့လည်း မိန်းမနဲ့ ယောက်ျားက သဘာဝခြင်း မတူဘူး။ မိန်းမက အားနွဲ့တယ်။ ယောက်ျားက အားကြီးတယ်။ ဒီတော့လည်း မညီမမျှ ဖြစ်မှာစိုးလို့ အားနည်းတဲ့ လူဘက်မှာ ဥပဒေကို ထားလိုက်တာပဲလို့ မှတ်လိုက်ကြရအောင်။

The Voice Weekly



ရထားစီး ကားစီးတဲ့ မိန်းကလေးများအတွက် နှာဘူးယောင်္ကျားများ နောက်ကနေ ထောက်လှမ်းခြင်း မခံရအောင် ကာကွယ်မည့် အ၀တ်အစားလာပြီ


အေသင်အောင်

အမျိုးသမီးတွေဟာ မီးရထားစီးနင်း တဲ့အခါ၊ ဘတ်စ်ကား စီးနင်းတဲ့ အခါတွေမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။ ဒီပြဿနာကို ပြေလည်စေဖို့ ဟောင်ကောင်မှာအခြေစိုက်နေထိုင်တဲ့ အမေရိကန်အမျိုးသမီး မက်ဒါမော့စ်ကထူးခြားတဲ့အ၀တ်အစားကို တီထွင် မိတ်ဆက် ပြသခဲ့ပါတယ်။ အဖြူရောင်နဲ့ ပန်းရောင်ရောစပ်ချုပ်လုပ်ထားတဲ့ အ၀တ်အစားဟာ ထီးပုံသဏ္ဍန်နဲ့ ဆင်တူပြီး ကိုယ့်နားကို အန္တရာယ်ပြုသူ ရောက်မလာ အောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။ ဒီအ၀တ်အစားကို ချုံ့နိုင်၊ ချဲ့နိုင်အောင် ပြုလုပ်ထားပြီး အန္တရာယ်ပေးနိုင်သူလို့ ယူဆပါက ဆန့်ထုတ်နိုင်အောင်စီစဉ် ထားခြင်းဖြစ်ပါတယ်။
 
 အ၀တ်အစားရဲ့ အောက်ခြေပိုင်းကို ထီးဖွင့်ထားသလိုဖြစ်အောင် ပြုလုပ်ထားတာမို့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့ရ တော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။ အများ နဲ့သက်ဆိုင်တဲ့ နေရာတွေကိုသွားလာတဲ့အခါ နေရာယူတဲ့ အ၀တ်အထည်ဝတ်ဆင်လိုက်ခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ကာကွယ်နိုင်ကြောင်း မက်ဒါမော့က ဆိုခဲ့ပါတယ်။ အ၀တ်အစားအတွင်းမှာငြမ်းပုံစံကော်ချောင်းတွေထည့်ထားတာမို့ ပြန့်ကားသွားအောင် ပြုလုပ်နိုင်စွမ်းရှိပါတယ်။

ကမ္ဘာတစ်ဝန်းမှာ မြေအောက်မီးရထားစီးနင်တဲ့ အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ ကြုံတွေ့နေရပြီး ပြီးခဲ့တဲ့ နှစ်ပတ်က လော့စ်အိန်ဂျလိစ်မြို့မှာပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ မြေအောက်မီးရထား စီးနင်းတဲ့ အမျိုးသမီးငါးဦးမှာ တစ်ဦးစော်ကား ခြင်းခံနေရတယ်လို့သိရပါတယ်။ တိုကျိုမြို့ မှာလည်း ရုံးတက်၊ ရုံးဆင်းချိန်မှာ အမျိုးသမီးတွေ စော်ကားခံရမှုများပြားလာတာမို့ အမျိုးသမီးသီးသန့် စီးနင်းတဲ့ ယာဉ်တွေကို စီစဉ်ပေးနေ ရပါတယ်။ မက်ဒါမော့ကသူ့ရဲ့အ၀တ်အစားကို ကျယ်ပြန့်စွာ ရောင်းချနိုင်ဖို့ စီစဉ်နေကြောင်း ပြောကြားသွားခဲ့ပါတယ်။


The Messenger




ဗမာဝတ်စုံကို အနောက်တိုင်းနဲ့ပေါင်းပြီးပုံသွက်သွက်လေးတွေချုပ်ရတာနှစ်သက်တဲ့ ဒီဇိုင်နာ ဌေးဌေးတင်


ဒီဇိုင်နာလောကထဲမှာ နေရာတစ်နေရာကို အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူအဖြစ် နာမည်တွင်နေသူကတော့ ဒီဇိုင်နာဌေးဌေးတင်ပဲဖြစ်ပါတယ်။ သူမဟာ ၈၈ခုနှစ်ကတည်းက လက်မချုပ်နဲ့
စချုပ်တတ်ပြီဖြစ်ပြီး ဂျပန်စင်တီမီတာနည်းနဲ့ ချုပ်လုပ်ခဲ့တာကတော့ ၃နှစ်ကျော်လောက်ပဲရှိသေးသူပါ။ ဒီဇိုင်နာသက်တမ်းတစ်လျှောက် သူမတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရရှိပိုင်ဆိုင်ထားတဲ့အောင်မြင်မှုတွေအပေါ်သူမရဲ့ ခံယူချက်တွေကတော့…….။

-ဒီဇိုင်နာလောကထဲကို စ၀င်ဖြစ်ခဲ့ပုံလေးပြောပြပေးပါဦး။

အစ်မက ဒီအလုပ်ကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်။ ဆော့တာကအစ အချုပ်၊ အလုပ်ကို စိတ်ဝင်စားခဲ့တဲ့အတွက် အကျီင်္ံချုပ်တိုင်း ကစားခဲ့တယ်။ မိန်းကလေးတစ်ယောက်ဖြစ်တဲ့အတွက်လဲ ဒီအလုပ်က သင့်တော်တယ်လို့ထင်တဲ့အတွက် ရွေးချယ်ခဲ့တယ်။ ကိုယ်လဲဝါသနာပါတယ်ဆိုတော့ ဒီအလုပ်က အခုချိန်မှာတော့ အစ်မနဲ့အဆင်ပြေဆုံးပါပဲ။

-အစ်မအားသာတဲ့ အချုပ်အလုပ်အပိုင်းက။

အစ်မပိုနှစ်သက်တာက Evening Grown ပေါ့။ ဒါပေမဲ့ လူပိုအ၀တ်များပြီး စီးပွားဖြစ်တာကိုတော့ များသောအားဖြင့် အချုပ်များတယ်။ လူကြီး၊ လူလတ်၊ လူငယ်အကုန်လုံးက မြန်မာဝတ်စုံတွေပဲ အချုပ်များတယ်။ Evening ကတော့ လူငယ်ပဲပေါ့နော်။



-အစ်မရဲ့လက်ဦးဆရာက ဘယ်သူများဖြစ်မလဲ။

ငယ်ငယ်က အစ်မက လက်မချုပ်နဲ့သင်ခဲ့တုန်းက နယ်ကဆရာမနဲ့ပေါ့နော်။ အရမ်းကြီးတော့မဟုတ်ဘူးပေါ့နော်။ အခြေခံပဲပေါ့။ အဲဒါက ဆရာမဒေါ်သိန်းသိန်းမြင့်ပါ။ ခုနောက်ပိုင်း စင်တီမီတာနဲ့သင်ပေးတာကတော့ Dozo က ဒေါ်သီတာဝင်းပါ။

-အစ်မချုပ်တဲ့အခါ အားနည်းချက်၊ အားသာချက်ရှိရင်လဲပြောပြပေးပါဦး။

အစ်မကတော့ မျှပါတယ်။ အားနည်းချက်ရှိတယ်လို့ကိုယ့်စိတ်ထဲမှာထင်တိုင်း ပြန်ပြင်လိုက်တယ်။ ဂရုစိုက်ပြီးပြန်ပြင်တယ်။ အမှားအယွင်းသိပ်မရှိဘူးပဲပြောရမှာပေါ့နော်။ အားသာချက်ကတော့ အစ်မကပုံဆန်းလေးတွေချုပ်ပြီးထွင်တယ်။ နောက်ပြီးတော့ အစ်မက Cutting ပိုင်းကို အဓိကထားတယ်။ လူတိုင်းက Cutting ကောင်းကောင်းလေးတွေနဲ့ဆိုရင် အကျီင်္ံပုံက ရိုးနေရင်တောင်ပဲ ဆန်းသွားတယ်လို့ထင်ရတယ်ပေါ့နော်။



-အစ်မချုပ်တဲ့အခါ သူများနဲ့မတူတဲ့ ထူးခြားချက်တွေက။

အရမ်းထူးထူးခြားခြားကြီးအစ်မက မထွင်တဲ့အတွက် သိပ်မရှိဘူးပေါ့နော်။ အစ်မက မြန်မာဝတ်စုံဆိုရင်လဲ အနောက်တိုင်းနဲ့ပေါင်းစပ်ပြီးတော့ ခေတ်ဆန်ဆန်လေးတွေ ရွေးတယ်။ ရွေးပြီးလို့ရှိရင် ပုံသွက်သွက်လေးတွေ ချုပ်လေ့ချုပ်ထရှိတယ်။ အဲဒါက အစ်မရဲ့ထူးခြားမှုပေါ့နော်။

-အစ်မသုံးစွဲတဲ့ ပစည်းတွေကရော။

တချို့ကလဲ ဈေးအသင့်အတင့်ဆိုလဲ အသင့်အတင့်ပုံလေးတွေအစ်မချုပ်ပေးတယ်။ အစ်မသုံးလေ့သုံးထရှိတာကတော့ ကွာလတီကောင်းကောင်းနဲ့ဈေးကြီးတာတွေပေါ့။

-အစ်မဆီမှာ သင်တန်းသူရောလက်ခံလား။

လက်ခံပါတယ်။ မြန်မာဝတ်စုံသီးသန့်လဲရှိတယ်။ Basic Course ကို ငါးသိန်းယူတယ်။ မြန်မာဝတ်စုံကို ခြောက်သိန်းခွဲယူတယ်။သင်တန်းကာလက သုံးလပေါ့နော်။ မတတ်ရင်လဲ တတ်တဲ့ အထိသင်ပေးတယ်။

-၂၀၁၄ထဲမှာရော ဘယ်လို အရောင်တွေခေတ်စားမယ်လို့ထင်လဲ။

အရောင်တွေ ကတော့ လူတိုင်းနဲ့လိုက်မယ့်အသားရောင်ကိုအစ်မက ရွေးချင်တယ်။ ကာလာကတော့ ကိုယ်ကြိုက်တဲ့ကာလာကိုသုံးခွင့်ရှိတယ်။ အရောင်တိုင်းလိုလိုကို အခုက ၀တ်နေကြပြီဆိုတော့လေ။

-အစ်မဆီမှာလာအပ်တဲ့အခါကျရင်ရော ဘယ်လိုပုံစံလေးတွေဝတ်တာများလဲ။

ပွဲတက်တွေပိုများနေတယ်။ Dailyနည်းတယ်။ ပွဲတက်ပိုများတယ်။ ပုံစံကတော့ Elegant ဖြစ်တဲ့ပုံစံတွေပဲ ချုပ်တာများတယ်။ Accessorie ဆိုလဲ တန်ဖိုးကြီးကြီးလေးတွေ သုံးတာများတယ်။ တချို့ကလဲ Accessorie လျှော့သုံးတာကြိုက်တယ်။



-လာအပ်တဲ့ သူရဲ့စိတ်ကူးအတိုင်းပဲချုပ်ပေးတာလား။ အစ်မစိတ်ကူးအတိုင်းရောမချုပ်ပေးဘူးလား။

သူတို့လိုချင်တဲ့ပုံစံကို အစ်မအိုင်ဒီယာနဲ့ညှိနှိုင်းပြီး ချုပ်ပေးပါတယ။် အစ်မသဘောဆိုရင်တော့ ပိတ်စကိုကြည့်ပြီး သေချာလေးချုပ်ပေးတယ်။

-ဒီဇိုင်းပညာနဲ့ပတ်သတ်ပြီးလေ့လာမှုလေးတွေရှိရင်လဲပြောပြပေးပါဦး။

အရင်လက်မချုပ်နဲ့ရော၊အခုစင်တီမီတာနဲ့ရော အစ်မနဲ့အဆင်ပြေနေတယ်။ လေ့လာတာတော့ နိုင်ငံခြားကတ်တလောက်နဲ့ ဖက်ရှင်တီဗီတွေကြည့်တယ်။ အဲဒါလေးတွေ အပြင်လူတွေ ဘာကို အဓိကထားပြီးဝတ်နေသလဲဆိုတာတွေ လေ့လာဖြစ်တယ်။

-အစ်မဖွင့်ထားတဲ့ဆိုင်လေးတွေရှိရင်လဲပြောပြပေးပါဦး။

ဖွင့်ထားတာက ဗိုလ်ချုပ်ဈေးမှာ တစ်ဆိုင်၊ ညောင်ပင်လေးဈေးမှာ အခန်းနံပါတ် ၃၁၈ ၊၃လွှာမှာတစ်ဆိုင်၊  ဒီဇင်ဘာလလောက်ဆိုရင် ပြည်သူ့ရင်ပြင်မှာလည်း ထပ်ဖွင့်ဖို့ရှိပါတယ်။

-ဆိုင်မှာက ပိုးထည်ပါတွဲရောင်းလား။

ရောင်းပါတယ်။ ပိုးထည်တွေက အမရပူရကယူတာပါ။ ထိုင်းပိုးကတော့ ဘန်ကောက်ကပါ။ဇာတွေကလဲဘန်ကောက်ကပဲ။

-အစ်မချုပ်ပေးခဲ့တဲ့ အနုပညာရှင်တွေက။

အနုပညာရှင်တော်တော်များများကို ချုပ်ပေးဖူးတယ်။ ပြောရရင်အများကြီးပဲ။ ပင်တိုင်အပ်တာကတော့ သဉ္ဇာနွယ်ဝင်း၊ ပုလဲဝင်း၊မိုးယုစံ၊ ချမ်းချမ်းအများကြီးပါပဲ။ နောက်ပြီးနန်းဆုပင်တိုင်အပ်တယ်။


-အခုလိုအောင်မြင်လာတဲ့အပေါ် အစ်မရဲ့စိတ်ခံစားမှုက။

ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုမှာ အောင်မြင်မှုတစ်ခုရတဲ့အတွက် ကျေနပ်တယ်။ ၀မ်းလဲသာတယ်။ ဒီအလုပ်က မိန်းကလေးတွေနဲ့လဲသင့်တော်တယ်။ ကိုယ်လဲအရမ်းကိုပဲဖြစ်ချင်ခဲ့တဲ့ ဆန္ဒဖြစ်တဲ့အတွက် အစ်မဘ၀မှာအပျော်ဆုံးပါပဲ။

-အစ်မဆီမှာ ချုပ်တဲ့ ကာစတမ်မာတွေကိုရော ဘာပြောချင်သေးလဲ။

အစ်မဆီမှာမှမဟုတ်ပါဘူး။ ကိုယ်နဲ့လိုက်ဖက်မဲ့အရောင်နဲ့ဒီဇိုင်းကို သေချာတတ်သိနားလည်တဲ့ ဒီဇိုင်နာတွေနဲ့ ညှိနှိုင်းဆွေးနွေးပြီးမှ ၀တ်စုံလေးတွေကိုဖန်တီးပါ။ အစ်မဆီမှာ ချုပ်တဲ့ customerတွေလဲ စိတ်ကျေနပ်မှုအပြည့်အ၀ရရှိအောင်အစ်မက ချုပ်ပေးမှာပါ။

Trend Myanmar



16 May 2014

ရွှေမြန်မာလေကြောင်းလိုင်း၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ

 
 
ရွှေမြန်မာလေကြောင်းလိုင်း၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခြင်း
 
***********************************************

ပြည်တွင်းခရီးစဉ်များ တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် ရွှေမြန်မာလေကြောင်းလိုင်း ၏ လေယာဉ်သစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မေလ (၁၅) ရက်နေ့က ရောက်ရှိလာကြောင်း သိရပါသည်။

MRTV

ကမ္ဘာ့ပထမဆုံး ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့



အဝေးက ကြည့်လိုက်ရင်တော့ သင်္ဘောတစ်စီးလို့ ထင်ရပါတယ်။ တကယ်တော့ ရေပေါ်မှာ တည်ဆောက်ထားတဲ့ မြို့တစ်ခု ဖြစ်ပါတယ်။

ရေပေါ်မှာ တည်ဆောက် ထားတဲ့ မြို့ဆိုပေမယ့်လည်း အားလုံးရှိပါတယ်။ အဲဒါတွေ ကတော့ ရှော့ပင်း စင်တာများ၊ ပန်းခြံ များများ၊ ဈေးများ၊ ကျောင်းများ၊ ဆေးရုံးများ၊ မြို့တော် ခန်းမများ၊ ပန်းချီ၊ ပန်းပု စသည့် အနုပညာ လက်ရာပြခန်း အဆောက်အအုံများ ၊ ရုပ်ရှင်ရုံများ အပြင် လေယာဉ်ကွင်းတောင် ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်းမြေပေါ်ရှိ မြို့တစ်မြို့ ကဲ့သို့ပင် စီစဉ်ပေးထား ပါတယ်။

၎င်းမြို့မှာ အလွှာပေါင်း ၂၅ လွှာရှိပြီး အရှည်အားဖြင့် ၄၅၀၀ ပေ အမြင့် ၇၈၀ ပေ ဖြစ်ပါတယ်။ တည်နေရာ ကတော့ ဖလော်ရီဒါ ကမ်းခြေမှာ ဖြစ်ပါတယ်။ ကြီးမားပြီး ကျယ်ပြန့်တဲ့ သင်္ဘောတစ်စီးကဲ့သို့ တည်ဆောက်ထားတဲ့ ရေပေါ် လူနေ အဆောက်အအုံကြီးကို ကမ္ဘာ့ပထမဆုံး ရေပေါ် တည်ဆောက်ထားတဲ့ မြို့ အဖြစ် သတ်မှတ်ခံထား ရပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)

ဗိုလ်ချုပ်မှုးကြီးလဲ မသေ သေး ... စိန်တလုံးသရက်သီးလဲ မသီးသေး


မကြာသေးခင်က နေပြည်တော်က မြို့ နယ်တခုမှာတောင်သူတွေရဲ့ လယ်မြေတွေကို ဗိုလ်သန်းရွှေ သမီးတော်တွေအတွက် စိန်တလုံးသရက် စိုက်ဖို့ တပ်ပိုင်မြေအဖြစ်သိမ်း
လိုက်တာကို အားလုံးလဲကြားသိပြီးဖြစ်မှာပါ။

စိန်တလုံးသရက်သီး စီမံကိန်းက ခုချိန်ထိကို မပြီးနိုင်သေးတော့ ကျနော်သိထားတဲ့
မင်္ဂလာဒုံလေတပ်ထဲက စိန်တလုံးသရက်စိုက်ခင်းအကြောင်းလေးပြောပြချင်ပါတယ်။

ဗိုလ်ခင်ညွန့်ကောင်းစားစဉ်ကာလ ပေါ့ ..

ဗိုလ်ချုပ်မှုးကြီးသန်းရွှေဇနီးဒေါ်ကြိုင်ကြိုင်နဲ့သမီးတော်များကစိန်တလုံးသရက်သီးကို
လက်ဆောင်ရလို့စားကြရင်းကနေအင်မတန်ကြိုက်တဲ့အတွက်စိန်တလုံးသရက်သီးကို
ပြည်ပ( EXPORT ) ထုတ်ကုန်အဖြစ်ပို့နိုင်ဖို့အတွက်ထိရည်မှန်းပြီး စစ်တပ်တွေထဲမှာ စိန်တလုံးသရက်ပင်တွေကို စီမံကိန်းနဲ့ စိုက်ခိုင်းခဲ့တယ်။ စိုက်ဖို့အတွက် ငွေကိုလဲ
အထက်က ချပေးထားသတဲ့။

အဲဒီတော့ဗိုလ်သန်းရွှေရဲ့သမက်တော်ဖြစ်တဲ့ ဒုဗိုလ်မှုးကြီးမြင့်နိုင်တပ်ရင်းမှုးဖြစ်တဲ့
မင်္ဂလာဒုံလေတပ်(လက်ရှိရန်ကုန်လေဆိပ်ဘေးက လေတပ်) ထဲမှာစိန်တလုံးသရက်
စိုက်ခင်းကိုစိုက်ကြတာပေါ့။

စိုက်ခင်းတာဝန်ယူရတဲ့ ဗိုလ်မှုးက စိန်တလုံးသရက်မျိုးကိုဘယ်လိုရှာရမယ်
ဆိုတာမသိတော့ စိတ်ညစ်နေရာကနေ သူ့ တပ်ခွဲက အရာခံဗိုလ် ဆရာကြီးကို အကြံဥာဏ်တောင်းတယ်။

အဲဒီမှာအရာခံဗိုလ်ဆရာကြီးက ...ဗိုလ်မှုးအသာနေ..

ကျနော်ကြည့် စီစဉ်မယ်ပြောလိုက်တယ်။

နောက်တနေ့မှာသူတို့လေတပ်ထဲက အိမ်ထောင်သည်လိုင်းထဲ က ကလေးတွေကို အကုန်ခေါ်လိုက်တယ်။

ကလေးတွေကို မင်းတို့ ပိုက်ဆံလိုချင်ရင် အမှိုက်ကုန်းတွေ ၊ လမ်းဘေးတွေ မှာပေါက်နေတဲ့ သရက်ပင်ပေါက်တွေကို ရှာပြီး နှုတ်လာခဲ့ကြလို့ပြောပြီး
တပင်ကို ( ၅ )ကျပ်ပေးမယ်လို့လဲပြောလိုက်တော့ တပ်လိုင်းထဲ ကကလေးတွေ
က ပျော်ပျော်ပါးပါး နဲ့ အမှိုက်ပုံတွေ ပေါ်မှာပေါက်နေတဲ့သရက်ပင်ပေါက်တွေကို အကုန်နှုတ်ယူလာကြတယ်။

ကလေးတွေ အမှိုက်ကုန်းနဲ့လမ်းဘေးက နုတ်ယူလာတဲ့ သရက်ပင်ပေါက်လေးတွေကို
တပင်ကို ( ၅ )ကျပ်နဲ့ရှင်းပေး ပြီးတော့စိုက်ခင်းထဲမှာသေချာညီညီညာညာလေး စိုက်လိုက်တယ်။
စိုက်ပြီးတော့အရာခံဗိုလ်ဆရာကြီးက သူ့အထက်က စိန်တလုံးသရက်စိုက်ခင်းတာ
ဝန်ယူထားရတဲ့ဗိုလ်မှုးကိုခေါ်ပြတယ်။ (၁၅)ရက် လောက်ရှိတော့ လေတပ်ဦးစီးချုပ်
နဲ့အတူအခြားအရာရှိကြီးတွေလဲလာကြည့်ပြီး သတ်မှတ်ချိန် အမှီစိုက်ပျိုးနိုင်တယ်ဆိုပြီး ချီးကျူးသွားကြတယ်။

စိုက်ခင်းတာဝန်ခံဗိုလ်မှုးလဲ မျက်နှာရသပေါ့လေ...
စိတ်ထဲကလဲ အရာခံဗိုလ်ဆရာကြီးကို သိပ်ကျေးဇူးတင်နေမိတယ်။

လူကြီးတွေလဲကြည့်ပြီးပြန်သွားတော့ ဗိုလ်မှုးက အရာခံဗိုလ် ဆရာကြီးကို သူ့ရုံးခန်းထဲ
ခေါ်ပြီး မေးတယ်။

ဆရာကြီး ...ဒီ စိန်တလုံးသရက်ပင်ပေါက်တွေကိုအချိန်တိုတိုအတွင်းမှာရအောင် ဆရာကြီးဘယ်လိုရှာဝယ်သလဲမေးတယ် ၊

ဒီတော့ အရာခံဗိုလ်ဆရာကြီးက .. ဗိုလ်မှုးနားကပ်ပြီး ...

ဘယ်ကလာ စိန်တလုံးသရက်မျိုးကမှာလဲ အဲဒါ လိုင်းထဲက ကလေးတွေကို အမှိုက်ပုံတွေမှာပေါက်နေတဲ့ ရင်ကွဲအောင်ချဉ်တဲ့သရက်ပင်ပေါက်တွေကို တပင် ( ၅ ) ကျပ်ပေးပြီး ကျ နော် နှုတ်ခိုင်းလို့ ကလေးတွေ နှုတ်လာတဲ့အပင်တွေကို စိုက်ထားတာ လို့ပြန်ပြောလိုက်တော့ ...

သရက်စိုက်ခင်းတာဝန်ယူထားရတဲ့ဗိုလ်မှုးက .." လန့် " ဖြန့်သွားပြီး..

ဟာ . ဆရာကြီးကလဲ.... အကုန်.ပြုတ်ကုန်တော့မှာပဲ.. ?

သရက်သီး သီးလာရင်ဘယ်နှယ့်လုပ်မတုန်း...? လို့ မေးလိုက်တော့...

အရာခံဗိုလ်ဆရာကြီးက .. အဲဒီအတွက် ဘာမှတွေး ပူမနေနဲ့ ဗိုလ်မှုး ...

အဲဒီသရက်ပင်တွေကနောင် အနှစ်( ၂၀ ) ( ၂၅ ) နှစ်လောက်မှ သရက်သီး သီးမှာ.
.
အဲဒီအချိန်ဆိုရင် ဗိုလ်မှုးလဲ တပ်ထဲမှာ မရှိတော့ဘူး ၊ ကျနော်လဲတပ်ထဲမှာမရှိတော့ဘူး၊

တပ်ချုပ် ဗိုလ်ချုပ်မှုးကြီးလဲ သေပြီ...တဲ့ ..

ဒီ စိန်တလုံးသရက်စိုက်ခင်းအတွက် အထက်ကချထားပေးတဲ့ ငွေအပို သိန်း(၃၀ )ကို
ဗိုလ်မှုးက သိန်း ( ၂၀ ) ယူ ..ကျနော်က ( ၁၀ ) သိန်းယူမယ်ဆိုပြီး ခွဲဝေယူလိုက်ကြ
တယ်။

...... အခုတော့ .....

* * မင်္ဂလာဒုံလေတပ်ဝန်းထဲက ရင်ကွဲသရက်ပင်တွေကလဲ မသီးသေး ...>

* * ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လဲ မသေ သေး ..... >

ကျနော်ဖီလော်ဆိုဖာမောင်မြသာပါ —

အဲဒါ တကယ်နော် ...အဲဒီ အခင်းအကျင်းမှာ ကျနော့်ဘော်ဒါ ပါတယ်။ အခုတော့ သူလဲ သေရှာ ပြီ ..

Philosophermg Myathar

အာရှတွင် ဒုက္ခသည် အများဆုံးနိုင်ငံစာရင်း မြန်မာဒုတိယချိတ်


အာရှတိုက်၏ အိုးအိမ်မဲ့ ပြည်တွင်းဒုက္ခသည် အများဆုံး နိုင်ငံစာရင်းတွင် မြန်မာနိုင်ငံက ဒုတိယနေရာ၌ ရပ်တည်နေ ကြောင်း အိုးအိမ်မဲ့ပြည်တွင်းဒုက္ခ သည်များ စောင့်ကြည့်ရေးဌာန (IDMC)၏ ထုတ်ပြန်ချက်အရ သိရသည်။

အာရှဒေသအတွင်း အိုးအိမ် မဲ့ဒုက္ခသည်အများဆုံးရှိနေသော နိုင်ငံအဖြစ် ပါကစ္စတန်နိုင်ငံသည် ဒုက္ခသည် ၇၄၆,၀၀၀ ကျော်ဖြင့်ရပ်တည်နေသည်။

ထို့ကြောင့် ဒုက္ခသည် အများဆုံးစာရင်းတွင် ပါကစ္စတန်၊ မြန်မာ၊ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် သီရိလင်္ကာနိုင်ငံတို့က အစဉ်လိုက်ရှိနေသည်။ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ နီပေါ၊ လာအိုနှင့် အရှေ့တီမောနိုင်ငံတို့တွင်လည်း ဒုက္ခသည်များရှိနေသည်။


ဒုက္ခသည်များဆိုင်ရာ နော်ဝေးကောင်စီ (NRC)၏ အဖွဲ့ ခွဲတစ်ခုဖြစ်သော အိုးအိမ်မဲ့ပြည် တွင်းဒုက္ခသည်များ စောင့်ကြည့် ရေးဌာန (IDMC)၏ ထုတ်ပြန် ချက်တွင် မြန်မာနိုင်ငံ၌ အိုးအိမ်မဲ့ ဒုက္ခသည် ၆၅၀,၀၀၀ နီးပါး ရှိနေ ကြောင်း ဖော်ပြသည်။

အိမ်နီးချင်း နိုင်ငံများဖြစ် သော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဒုက္ခသည် ၂၉၀,၀၀၀ ဦး၊ ထိုင်းနိုင်ငံတွင် ဒုက္ခသည် ၃၅,၀၀၀ ဦး၊ ဖိလစ်ပိုင်နိုင်ငံတွင် ၁၁၅,၈၀၀ ဦး၊ အင်ဒိုနီးရှားနိုင်ငံတွင် ၉၀,၀၀၀ ဦးနှင့် လာအိုနိုင်ငံတွင် ဒုက္ခသည် ၄,၅၀၀ ဦး ရှိနေပြီး စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ဒုက္ခသည်မရှိကြောင်း ဖော်ပြထားသည်။

၂၀၁၃ ခုနှစ်ကုန်တွင် ကမ္ဘာ တစ်လွှား လူ့အခွင့်အရေး ချိုး ဖောက်မှုများ၊ အကြမ်းဖက်မှုများ နှင့် လက်နက်ကိုင် ပဋိပက္ခများ ကြောင့် အိုးအိမ်မဲ့ဒုက္ခသည် ၃၃ ဒသမ ၃ သန်းခန့်ရှိလာပြီး ယခင် နှစ်ထက် ၁၆ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ယခုနှစ်အစောပိုင်းက ထုတ် ပြန်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး၏ ၂၀၁၃ နှစ်လယ်အစီရင်ခံစာတွင် ကမ္ဘာ့ဒုက္ခသည်အများဆုံး ၁၀ နိုင်ငံ၌ မြန်မာနိုင်ငံက အဆင့်(၆)နေရာတွင် ရှိခဲ့သည်။


ဦးသိန်းစိန် အစိုးရ လက် ထက်တွင် ရခိုင်ပြည်နယ်၌ လူမျိုး ရေး ပဋိပက္ခများဖြစ်ပေါ်ခဲ့သလို ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ဖြစ်ပွားနေခြင်းကြောင့် မြန်မာ နိုင်ငံ၌ အိုးအိမ်မဲ့ဒုက္ခသည် ဦးရေမြင့်တက်သွားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် အိုးအိမ်မဲ့ ဒုက္ခသည်များနှင့် ယင်းကဲ့သို့ အခြေအနေတွင် နေထိုင်နေရသူ စာရင်းမှာ ခြောက်သိန်းလေးသောင်းကျော်နှင့် နိုင်ငံမဲ့စာရင်း ဝင်သူအရေအတွက်မှာ ရှစ်သိန်း ကျော်ရှိနေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်း ကြီးရုံး၏ အစီရင်ခံစာတွင် ဖော် ပြထားသည်။

7DAY

လျှာဖျားနဲ့ပန်းချီရေးဆွဲတဲ့ အံ့ဖွယ်အိန္ဒိယပန်းချီဆရာ



အိန္ဒိယနိုင်ငံက ပန်းချီဆရာတစ်ယောက်ရဲ့ ပန်းချီရေးဆွဲတာက ထူးခြားပါတယ်။ သမားရိုးကျ တခြားပန်းချီဆရာတွေ ပန်းချီရေးဆွဲကြသလို ဆေးစုတ်တံနဲ့ ရေးဆွဲတာမျိုးမဟုတ်ပဲနဲ့သူ့ရဲ့ လျှာကိုပဲအသုံးပြုပြီးရေးဆွဲတာပါ။ အေနီကေ လို့ အမည်ရတဲ့ အိန္ဒိယပန်းချီဆရာက တစ်ခြားသူတွေနဲ့ မတူညီတဲ့ ထူးခြားမှုတွေလုပ်ပြီး တော့ အောင်မြင်ချင်တဲ့ သူတစ်ယောက်ပါ။

သူ့ရဲ့ အနုပညာဖန်တီးချက်က အရမ်းကို တော်ပါတယ်။ ဦးခေါင်းနဲ့ မျက်နှာကို ထောင့်ချိုးကျကျ နေရာကျအောင်ထားပြီးတော့ လျှာဖျားနဲ့ သုတ်ဆေးတို့ပြီး ပန်းချီကားတစ်ချပ်ကို ဖန်တီးရေးဆွဲပြတာပါ။ တကယ့်ကို အာရုံစိုက်ပြီး လုပ်ရတဲ့အနုပညာတစ်ခုပါပဲ။

အသက် ၃၅ နှစ်ရှိတဲ့ ကျောင်းဆရာလည်းဖြစ်၊ ပန်းချီဆရာလည်းဖြစ်တဲ့ သူက  သူရဲ့ ဒီလို ထူးထူးခြားခြားဖန်တီးထားတဲ့ ပန်းချီလက်ရာနဲ့ပတ်သက်ပြီးတော့ အကောင်းဆုံး ဆု အောင်မြင်မှုရရှိဖို့ကိုလည်းမျှော်လင့်ထားပါတယ်။ ဒီပန်းချီကားကိုရေးဆွဲပြီးဆုံး သွားတော့ သူက”ကျွန်တော့ မေးရိုးတွေနဲ့ လျှာတွေ အရမ်းကို နာကျင်နေပါတယ်။

အမြင်အာရုံတွေလည်းေ၀၀ါးနေပါတယ်။ မျက်စိက သေချာအာရုံစိုက်ပြီးတော့ လျှာကတော့ အားစိုက်ထုတ်ကတာပေါ့။ နှစ်ပတ်လောက်တော့ နာနေအုံးမှာသေချာ ပါတယ်” လို့ပြောပါတယ်။
သူ့မှာ  ဒီလို လျှာနဲ့ရေးဆွဲခဲ့တဲ့ ပန်းချီကားပေါင်း တစ်ထောင်ကျော်ရှိပြီးတော့ အဲ့အထဲမှာ အထင်ကရပုဂ္ဂိုလ်တွေဖြစ်တဲ့ ရှစ်ပေအမြင့်ရှိ ဒါဗင်ချီ ပန်းချီကားနဲ့ ဂျက်ဆက်ခရစ်တို့ရဲ့ ပုံတူပန်းချီ ကားတို့ပါဝင်ကြပါတယ်။

 သူ့အနေနဲ့က ဆက်လက်ပြီး ပုံတူပန်းချီတွေကို ဆက်လက်ရေးဆွဲသွားမှာဖြစ်ပြီး ခြေလက်လေးဖက်ကို တစ်ပြိုင်နက် တည်းအသုံးပြုပြီးတော့ ပန်းချီကားလေးကားဆွဲကာ ဂရင်းနစ်စံချိန်ဝင်နိုင်အောင်ရေးဆွဲ သွားဖို့လည်းရှိပါတယ်။

ဖိုးသူတော်



၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့်သြဂုတ်မှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားမည်

ရန်ကုန်မြို့တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု အစည်းအဝေးကို တွေ့ရစဉ်

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းကို လာမည့် သြဂုတ်လမှစပြီး ရှစ်လအတွင်း အပြီးကောက်ယူသွားရန် မျှော်မှန်းထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကြည်က ပြောကြားသည်။

အဆိုပါ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ပတ်သက်၍ စမ်းသပ်စီမံချက်ကို မြို့နယ်သုံးမြို့နယ်တွင် စတင်ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက မေ ၁၅ ရက်က ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ပြုလုပ်သည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများအကြား ရွေးကောက်ပွဲဆိုင်ရာ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှု အစည်းအဝေးတွင် အဖွင့်စကား ပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။

အဆိုပါစမ်းသပ်စီမံချက်ကို ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်၊ ချင်းပြည်နယ် တီးတိန်မြို့နယ်နှင့် ကချင်ပြည်နယ်ရှိ ၀ိုင်း မော်မြို့နယ်များတွင် ပြုလုပ်သွားမည်ဖြစ်ပြီး မကြာမီ စတင်ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့်အဆိုပါ စမ်းသပ်စစ်တမ်းကို အခြေခံပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မဲဆန္ဒရှင်စာရင်း စမ်းသပ်အစီအစဉ်နှင့် ပတ်သက်ပြီး မေ ၁၆ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံကာ မည်သည့် မြို့များတွင် မည်ကဲ့သို့ ကူညီနိုင်မှုများ ပြုလုပ်သွားနိုင်မည် ဆိုသည်ကို ဆွေးနွေးသွားရန် ရှိကြောင်းလည်း ဦးဝင်းကြည်က ပြောကြားသည်။

“Pilot Project က အတွေ့အကြုံတွေကို အခြေခံပြီး အခုနှစ်သြဂုတ်လကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြီးအောင်ကောက်ပါ့မယ်။ ရှစ်လလို့ မှန်းထားပါတယ်။ မျှော်မှန်းတဲ့အတိုင်း ပြည့်စုံမယ်ဆိုရင် ရှစ်လဆိုရင် အခြေခံမဲစာရင်း ရပါလိမ့်မယ်။ အခြေခံ မဲစာရင်းရပြီးရင် သုံးလတစ်ခါဖြစ်စေ၊ လေးလတစ်ခါဖြစ်စေ၊ ခြောက်လတစ်ခါဖြစ်စေ အမြဲတမ်း Update လုပ်သွားရင် ၂၀၁၅ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး ကြေညာတာနဲ့ တစ်ပြိုင်နက်မဲစာရင်းကို ကြိုပြီးကပ်နိုင်မှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

မဲစာရင်းကိုကြိုပြီး စောစောကပ်နိုင်သည့်အတွက် မဲစာရင်းတွင် မပါသေးသည့်သူများ၊ မပါသင့်သည့်သူများကို ၀ိုင်းဝန်းကန့်ကွက် နိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြုလုပ်ရာတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အားကိုယူသကဲ့သို့ နိုင်ငံရေးပါတီများ၏ အားကိုလည်း ယူသွားမည်ဖြစ်ကြောင်း ဦးဝင်းကြည်က ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကာလက မဲဆန္ဒရှင်စာရင်းကို ကြိုတင်ကြေညာခဲ့သော်လည်း ရွေးကောက်ပွဲနီးကပ်သည်အထိ စောဒကတက်ခြင်းမျိုး များရှိကြောင်း၊ မဲဆန္ဒရှင် စာရင်းပြည့်ပြည့်စုံစုံ ဖြစ်ရေးမှာ ကော်မရှင်တွင် လုံးဝနီးပါး တာဝန်ရှိသော်လည်း မဲပေးပိုင်ခွင့်ရှိသူများကလည်း စာရင်းပါမပါ သွားကြည့်ထားသင့်ကြောင်း၊ ယင်းအတွက် အသိပညာပေးခြင်းကို အရပ်ဘက် အဖွဲ့အ စည်းများနှင့် နိုင်ငံရေးပါတီများက ပြုလုပ်ပေးရန်လိုကြောင်း ဦးဝင်းကြည်က ပြောကြားသည်။

မဲစာရင်းပြုစုရာတွင် အခြေခံမဲစာရင်း ပြုစုခြင်း၊ မဲစာရင်းကြေညာခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်းနှင့် အတည်ပြုမဲစာရင်း ပြုစုခြင်းဆိုသည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အခြေခံမဲစာရင်း စတင်ပြုစုစဉ်ကတည်းက Computerized (ကွန်ပျူတာဖြင့် ထိန်းချုပ်) လုပ်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲဆန္ဒရှင်များကို မဲစာရင်းပြုစုခြင်းနှင့် ပတ်သက်ပြီး အသိပညာပေးရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရန် CSOs အဖွဲ့အစည်း ဖြစ်သည့် ငြိမ်းအေးရှေ့ဆောင် အဖွဲ့လည်း ပါဝင်မည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ ဒေသများတွင်ရှိသည့် နိုင်ငံရေးပါတီများ အနေဖြင့်လည်း မဲဆန္ဒရှင်များ အသိပညာပေးရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပြီး အကြံဥာဏ်ပေးစေ လိုကြောင်းလည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားသည်။

၂၀၁၀ ပြည့်နှစ် ပြည်လုံးကျွတ်ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၇ ရက်တွင်ပြုလုပ်ခဲ့ပြီး၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုလည်း နှစ်ကုန်ပိုင်းခန့်မှသာ ပြုလုပ်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားထားသည်။

eleven media group


အွန်လိုင်းချစ်သူ အပြင်မှာတွေ့တဲ့အခါ ရုပ်ဆိုးလို့ တိုက်ပေါ်က ခုန်ချ

တရုတ်အမျိုးသား တစ်ဦးလည်း ကောင်မလေးက ရှုဖိနပ်တွေ ထပ်ဝယ်ဖို့ ပူဆာလို့ ကောင်လေးက ရှော့ပင်းမောပေါ်ကနေ ခုန်ချခဲ့

ဖိလစ်ပိုင်က လူငယ်တစ်ယောက်ရဲ့ ကြေကွဲဖွယ်ရာဖြစ်ရပ်ကလေးကတော့ ဒီလိုပါ။ ယနေ့ခေတ်မှာ အားလုံးသိတဲ့အတိုင်း အီးခေတ်(အင်တာနက်)ကိုး။ ကမ္ဘာ တစ်လွှားမှာလည်း ဒီအီးကို ပဲ နယ်ပယ်အသီးသီးမှာ အသုံးချနေကြတယ် ဆိုပါတော့။ လူငယ်တွေကြားမှာ အင်တာနက်အသုံးချတာနဲ့ ပတ်သက်ပြီးတော့ အများဆုံး အသုံးပြုကြတာက အွန်လိုင်းပေါ်မှာ တစ်ယောက် နဲ့တစ်ယောက် စကားပြောကြ တာပါ။ အပြင်မှာ မမြင်ဖူးကြပေမဲ့ အွန်လိုင်းပေါ်မှာတော့ အချိန်အတော်ကြာ မိတ်ဆွေ တွေဖြစ်နေတတ်ကြပါတယ်။ ဒါကိုပဲ  စိတ်အပန်းဖြေမှုတစ်ခုလို ခံစားတတ်ကြ လာတာပါ။

အနေဝေးတဲ့ မိသားစုတွေ၊ အပေါင်းအသင်းတွေ၊ ချစ်သူရည်စားတွေ အတွက်ကတော့ အတော့ကိုအဆင်ပြေစေတယ်လေ။ လေလှိုင်းပေါ်မှာပဲ ချစ်သူဖြစ် သွားကြတဲ့ (အွန်လိုင်းချစ်သူ) တွေလည်းပါမှာပေါ့။

အခုဒီမှာလည်း ငိုအားထက် ရယ်အားသန် အဖြစ်အပျက်လေးတစ်ခုကို ပြောပြပါရစေ။ ဖိလစ်ပိုင် လူငယ်ကောင်လေးတစ်ယောက်က နိုင်ငံပိုင် အွန်လိုင်းမီဒီယာတစ်ခုကနေပြီး ရုပ်ကလေး လှတပတ ပုံတင်ထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ အွန်လိုင်းပေါ်မှာ ချစ်ကျွမ်းဝင်ခဲ့တာ အချိန်အားဖြင့် ခြောက်နှစ်လောက်တောင်ရှိပါပြီတဲ့။ တကယ့်ကို ခိုင်မြဲတဲ့ ချစ်သူသက်တမ်းဆိုပေမဲ့ အပြင်မှာတစ်ခါမှတော့ မမြင်ဖူးပါဘူး။ ဒီလိုနဲ့ပဲ ကောင်လေးက တစ်ရက်လောက်အပြင်မှာတွေကြဖို့ ချိန်းပါတော့တယ်။

 ပြဿ     နာက တော့ ဒီကစတာပါပဲ။ အားလုံးသိပြီးသားဖြစ်မှာပါ။ ဒီကနေ့ခေတ်ကြီးထဲမှာ ကောင်မ လေး၊ ကောင်လေးတော်တော်များများ လုပ်နေကြတဲ့ လုပ်ကွက်တွေအတိုင်း ကိုယ့်ရဲ့ စာမျက်နှာမှာ တင်ထားတဲ့ပုံက တစ်မျိုး၊ တကယ့်အပြင်က ရုပ်ကတစ်မျိုးနဲ့ပြောင်းပြန် လက်မခံနိုင်တဲ့အနေအထားပါ။ ဒီမှာလည်း ဒီလိုပါပဲ။ ကောင်လေးက ကောင်မလေးကို အပြင်မှာ ဘယ်လိုရုပ်ကလေးနဲ့ တွေ့ရမလဲဆိုတာ စိတ်ကူးယဉ်ချင်ယဉ်ခဲ့မှာပေါ့။ တကယ်လည်းတွေ့ရော ရှော့ခ်ရသွားမယ့် ရုပ်ရည်မျိုးကို တွေ့ခဲ့တယ်ထင်ပါတယ်။ ချိန်းတွေ့တဲ့ ကုန်တိုက်ခြောက်ထပ်ကနေ အောက်ကိုဒိုင်ဗင်ကို ထိုးချသွားခဲ့တယ်လေ။

သူတို့နှစ်ဦး ဘာတွေဖြစ်ခဲ့ကြလဲ ဘာတွေပြောခဲ့ကြလဲဆိုတာကို မျက်မြင်သူတွေက ပြောပါတယ်။ ကောင်လေးက ကောင်မလေးကို “ နင့်ရဲ့ ရုပ်ရည်က ဒီပုံကြီးလား။ ပုံတင်ထားတာ ဒီလိုမဟုတ်ပါဘူး။ ဒါဆိုနင်ငါ့ကိုခြောက်နှစ်ကြီးတောင် လိမ်ညာနေခဲ့ တာပေါ့။နင့်ရဲ့ အသားရေကိုက မဲတူးနေတာပဲ။ ငါတော်တော်ကံဆိုးတာပဲ။ ဒီလိုတော့ငါ လက်မခံဘူး” ဆိုပြီးတော့ ခုန်ချသွားပါတယ်တဲ့ လို့ပြောကြပါတယ်။ အင်း   ဒါပါပဲ.......

 ကောင်လေးဘက်က သနားရမှာလား။ ကောင်မလေးကိုရော အပြစ်ပြောလို့ရမလား။ ဒီလောက်ခြောက်နှစ်ကြာချစ်ခဲ့ကြပြီးမှ ရုပ်ရည်ကိုလည်းမြင်လိုက်ရော ဒီလိုလုပ်သွား တာက မှန်လား၊ မှားလားဆိုတာကို မပြောတတ်တော့ပါဘူး။ကံကောင်းတာတစ်ခုက အောက်ကိုခုန်ချတာ
မသေလို့ပေါ့....
  
ဖိုးသူတော်

ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ

Photo: ကြွက်နို့ ပျောက်သည့် သဘာဝဆေးနည်းများ
Wednesday, May 14, 2014

ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ်သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။
စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း
ကျန်းမာရေးသတင်းများ
 
ကြွက်နို့ ပေါက်သူများ လိမ်းဆေးအမျိုးမျိုးဖြင့် ကုသသော်လည်း မပျောက်၍ စိတ်ညစ်နေလျှင် အောက်ပါ မြန်မာ့ရိုးရာ သဘာဝဆေးနည်းများဖြင့် ကုသနိုင်ကြပါတယ်။

ဆေးနည်း(၁)

ရေချိုးပြီးခါစ ကြွက်နို့ ရေစိုပြီး နူးနေတဲ့အချိန်မှာ အ၀တ်စသန့်သန့် (သို့မဟုတ်) သန့်ရှင်းသည့် အရာဝတ္ထု တစ်ခုဖြင့်ဖြင့် အနည်းငယ် သွေးစို့လာသည့်အထိ ပွတ်သပ်ပေးပါ။ ကြက်သွန်ဖြူကို လှီးဖြတ်လိုက်ပြီး ၄င်းကြက်သွန်ဖြူ အစေးဖြင့် ကြွက်နို့ပေါ်ကို သုတ်လိမ်းပွတ်တိုက်ပေးပါ။ ကြွက်နို့၏ အမြစ်များ၊ ပိုးများကို
ကြက်သွန်ဖြူအစေးမှ တိုက်စားသွားပြီး နောက်တစ်နေ့ဆိုလျှင် တစ်ဖြေးဖြေး ချောက်သွားပြီး အမြစ်ပြတ်ပျေက်ကင်းသွားပါလိမ့်မည်။

ဆေးနည်း(၂)

ဂျင်းတက်ကို ထိပ်ပိုင်းမှ အနည်းငယ် လှီးဖြတ်လိုက်ပြီးလျှင် ၄င်းနေရာကို ထုံးအနည်းငယ် သုတ်လိမ်းပြီး ကြွက်နို့ပေါ်ကို ဖြေးဖြေးချင်း ပွတ်တိုက်ပေးပါ။ ဂျင်းနှင့် ထုံးတို့၏ အပူရှိန်ဖြင့် ကြွက်နို့၏ ပိုးများ အမြစ်ပြတ် သွားပါလိမ့်မည်။

ဆေးနည်း(၃)

စိန်၊ ကနခို၊ ရှားစောင်း၏အစေးတို့ကို အနည်းငယ်စီရောကြိုက်၍ ၄င်းအမှုန့်ဖြင့် ကြွက်နို့ထိပ်ကို အနည်းငယ် ဆွပြီး သုတ်လိမ်းပေးပါ။ တစ်ဖြေးဖြေး ပျောက်ကင်းသွားလိမ့်မည်။
သတိပြုရန်။ ။ အသားထဲကို ပိုးမ၀င်စေရန် သန့်ရှင်းစွာ ပြုလုပ်ပေးရပါမည်။

စောနွဲ့ နေဆိုင်(ပူတာအို)
ကိုးကား။ ။ တိုင်းရင်းဆေးများ၏ အစွမ်း
ကျန်းမာရေးသတင်းများ


နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်

Photo: နိုင်ငံတော်သမ္မတ မန္တလေးမြို့တွင် မိန့်ခွန်းပြောမည်
Thursday, May 15, 2014

အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲအဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ်သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly 
 
 အင်အားကြီးပါတီ တစ်ခုအဖြစ် ရပ်တည်လျက် ရှိသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲ ပြုလုပ်ရန် ရှိသည့် အထက်မြန်မာပြည် ခရီးစဉ်မတိုင်မီ သုံးရက်အလိုတွင် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲအတွက် နိုင်ငံတော်သမ္မတက မန္တလေးမြို့တော်တွင် မိန့်ခွန်း ပြော ကြားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင် ကျင်းပမည့် စာတတ်မြောက်ရေး တစ်နိုင်ငံလုံး အထိမ်းအမှတ် အောင်ပွဲ အဖြစ် နိုင်ငံတော်သမ္မတက မိန့်ခွန်း ပြောကြားမည် ဖြစ်ပြီး မန္တလေးတက္ကသိုလ်နှင့် မြို့တော် စည်ပင်
သာယာရေး ကော်မတီ ရုံးစိုက်ရာ မြို့တော်ခန်းမ နေရာနှစ်ခုအနက် နေရာတစ်ခုတွင် မိန့်ခွန်းပြောရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ထပ်လောင်း ပြောကြားသည်။
တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် ရှိသည့် စာတတ်မြောက်ရေးလုပ်ငန်း ဗဟိုကော်မတီဝင်များ တက်ရောက်မည် ဖြစ် သဖြင့် ယင်းကော်မတီဝင်များ၏ သွားလာနေထိုင် စားသောက်ရေးများကို တိုင်းဒေသကြီး အခွန်နှင့် ဘဏ္ဍာရေးဝန်ကြီး၊ မြို့တော်ဝန်နှင့် လူမှုရေးဝန်ကြီးတို့က တာဝန်ယူ စီစဉ် ဆောင်ရွက်နေကြောင်း ယင်းတာဝန်ရှိသူများက ထပ်မံ ပြောကြားသည်။
မူလက မန္တလေးတက္ကသိုလ်သို့ နိုင်ငံတော်သမ္မတ လာရောက်ရန် ရှိသော်လည်း လက်ရှိတွင် လာရောက်မည့် အစီအစဉ် မဖြစ်တော့ကြောင်း မန္တလေးတက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာ ဒေါ်ခင်မြင့်မြင့်က ဆိုသည်။
နိုင်ငံတော်သမ္မတ မန္တလေးသို့ လာရောက်မည့် ခရီးစဉ်အတွင်း မိန့်ခွန်းပြောမည့် တစ်နိုင်ငံလုံး စာတတ်မြောက်ရေး အထိမ်းအမှတ် အောင်ပွဲ အခမ်းအနားကို မန္တလေးခရိုင် အတွင်းရှိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း မဟာအောင်မြေ မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးပြေဝင်းက ပြော ကြားသည်။

နိုင်ငံတော်သမ္မတသည် မန္တလေးမြို့ပေါ်သို့ မေလ ၁၅ ရက်နေ့တွင် ရောက်ရှိမည် ဖြစ်ပြီး ယင်းခရီးစဉ်အတွင်း မြို့ပေါ် တန်ခိုးကြီး ဘုရားများသို့ ဖူးမြော်ခြင်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံမည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတာဝန်ရှိသူ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

The Voice Weekly


ရန်ကုန်မြို့ အခြေခံပညာ ကျောင်းအချို့ ဝင်ခွင့် ကျပ် ၁၀ သိန်းနီးပါးအထိ ပေးရကြောင်း သတင်းထွက်ပေါ်


ပညာရေး ဝန်ကြီးဌာန အခြေခံပညာ ကျောင်းဖွင့်ရာသီ ရန်ကုန်မြို့တော်ရှိ နာမည်ကြီး အခြေခံ ပညာ ကျောင်းအချို့တွင် ကျောင်းဝင်ခွင့်အတွက် သက်ဆိုင်ရာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တစ်ဆင့်ခံ ဝန်ဆောင်ပေးသူများကို ကျပ်ငါးသိန်းမှ ၁၀ သိန်းအထိ ပေးရကြောင်း အဆိုပါ ပညာရေး အသိုင်းအဝိုင်းက စုံစမ်းသိရှိရသည်။

ကျောင်းအပ်နှံစဉ် ကာလတွင် အလှူငွေနှင့် ရန်ပုံငွေ ကောက်ခံခြင်းကို ပညာရေး ဝန်ကြီးဌာနက နှစ်စဉ် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားသော်လည်း အချို့ကျောင်းများတွင် ငွေကြေးပေး၍ ကျောင်းအပ်နှံမှုများ ရှိနေကြောင်း အခြေခံပညာ ဆရာ၊ ဆရာမများက The Voice သို့ ပြောကြားသည်။
“ကျောင်းလေးတွေကျတော့ အလှူငွေ ယူတယ်လို့ အသံကြားရင် အတင်းဖိ စစ်ပြီးတော့ ဒီလို ကျောင်းကြီး ကျတော့ လွှတ်ထားတာ ဘာသဘောလဲ မသိဘူး” ဟု ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ် ဆရာ တစ်ဦးက ထပ်လောင်း ပြောကြားသည်။

အခြေခံပညာ ကျောင်းများတွင် သက်ဆိုင်ရာ မြို့နယ် အတွင်းက ကျောင်းသား၊ ကျောင်းသူများကိုသာ ဦးစားပေး လက်ခံ ရမည် ဖြစ်ပြီး အခြားမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများကို ဒုတိယ ဦးစားပေး အဖြစ်သာ ထည့်သွင်းထားသည်။

သို့သော် ကျောင်းဝန်ဆောင်မှု ကွာဟချက်၊ အခြား သင်ကြားရေး လိုအပ်ချက်နှင့် အကြောင်းရင်း အမျိုးမျိုးကြောင့် ကျောင်းသားမိဘ အချို့က နာမည်ကြီး ကျောင်းများကို ရွေးချယ် အပ်နှံလေ့ ရှိကြသည်။
အလားတူ ရန်ကုန်ပညာရေး တက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်းတွင် ဆရာ၊ ဆရာမ အသိုင်းအဝိုင်းနှင့် အစိုးရဝန်ထမ်း အရာရှိ အသိုင်းအဝိုင်းကိုသာ ခွင့်ပြုထားသော်လည်း ပြင်ပ အသိုင်းအဝိုင်းမှ ကျောင်းသား၊ ကျောင်းသူများကိုမူ ကျပ်တစ်သိန်းမှ ၁၀ သိန်းအထိ အလှူငွေ ကောက်ခံကာ ကျောင်းဝင်ခွင့် လက်ခံကြောင်း အဆိုပါကျောင်းမှ ကျောင်းသားမိဘ တစ်ဦးက ဆိုသည်။

ယင်းအလှူငွေ ကောက်ခံမှုများသည် ယခင် ပညာသင်နှစ်များထက် လျော့နည်းလာကြောင်း ၎င်းက ပြော ဆိုသည်။

အဆိုပါ ကျောင်းဝင်ခွင့် အခက်အခဲများအပြင် ဆရာ၊ ဆရာမများ၏ သင်ကြားရေး လိုအပ်ချက်ကြောင့် ကျူရှင်၊ စာကျက်ဝိုင်းများ အကူအညီ ထပ်မံယူရသဖြင့် ကျောင်းသားတစ်ဦး၏ အခြေခံ ကုန်ကျစရိတ် ပိုမြင့်မားနေရခြင်း ဖြစ်ကြောင်း ကျောင်းသားမိဘများက ဝေဖန်ကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အမှတ် (၃) အခြေခံပညာ ဦးစီးဌာနသို့ The Voice က ဆက်သွယ် မေးမြန်းစဉ် အလှူငွေ ကောက်ခံမှုအကြောင်း သတင်းတိကျ ခိုင်လုံမှု ရှိလျှင် ဆက်သွယ် တိုင်ကြားစေလိုကြောင်း အဆိုပါ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးညွှန့်ရွှေက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းက အခြေခံပညာ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများကို ကျောင်းအပ်နှံစဉ် အတွင်း အလှူငွေ ကောက်ခံခြင်း၊ သူငယ်တန်း ကလေးငယ်များကို အသက်စိစစ် လက်ခံခြင်းနှင့် အခြား စည်းကမ်းချက်များကို ယခုဆန်းပိုင်းတွင် ပညာရေး ဝန်ကြီးဌာနက သတိပေး ထုတ်ပြန်ထားသည်။

The Voice Weekly


မြန်မာဝတ်စုံဒီဇိုင်း

Photo

Photo




ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အခမဲ့ ပညာသင်နိုင်တော့မည်


ယူနက်စကိုအဖွဲ့နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တို့ ပူးပေါင်းရေးဆွဲမည့် သင်ရိုးညွှန်းတမ်းဖြင့် စီးပွားရေး ဆိုင်ရာ ဘာသာရပ် အခမဲ့သင်တန်းများကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ဇွန်လတွင် စတင်သင်ကြားပေး သွားမည်ဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုဌာန ပါမောက္ခဒေါက်တာ မိုးမိုးခိုင်က မေလ ၁၄ ရက်တွင် မဇ္ဈိမကို ပြောသည်။
“လူငယ်တိုင်းဟာ စီးပွားရေးဆိုင်ရာ ဘာသာရပ်ကို အခြေခံဆင့်လောက်တော့ တတ်ထားသင့်ပါတယ်။
လုပ်ငန်းခွင်မှာလက်တွေ့အသုံးချနိုင်ဖို့အတွက် သင်ရိုးညွှန်းတမ်းကို ယူနက်စကိုနဲ့ပူးပေါင်းပြီး ရေး ဆွဲ သွားမှာဖြစ် ပါတယ်။ ဒီသင်တန်းတွေမှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်က ဆရာမတွေ သင်ကြားပေး မှာပါ”ဟု ပြောသည်။
 
အဆိုပါ အခမဲ့သင်တန်းတွင် စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စီမံခန့်ခွဲရေးဆိုင်ရာ ဘာသာရပ်များ၊ လူသားရင်းမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ ဘာသာရပ်များကို သုံးလကြာ သင်ကြားပို့ချသွားမည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် လူ့စွမ်းအားရင်းမြစ် ဖွံ့ဖြိုးရေးဌာနတွင် မေလ ၁၆ ရက်တွင် လျှောက်လွှာများ စတင်လျှောက်ထားရမည်ဖြစ်ပြီး မေလ ၂၀ ရက် နောက်ဆုံးထား လျှောက်ထားရမည်ဖြစ်သည်။ သင်တန်း များကို ဇွန်လ ပထမပတ်အတွင်း စတင် သင်ကြားပေးသွားမည်ဖြစ်သည်။
အဆိုပါ ဘာသာရပ်များအလိုက် လျှောက်ထားသူများထဲမှ ဘာသာရပ်တစ်ခုလျှင် သင်တန်းသား ၃၀ ဦး လက်ခံသင်ကြားပေးသွားမည်ဖြစ်သည်။
 
ယူနက်စကိုအဖွဲ့နှင့် ပညာရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆရာ၊ ဆရာများအရည်အသွေးမြှင့်တင်ခြင်းနှင့် ပညာရေးမြှင့်တင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ပထမစီမံကိန်းအဖြစ်လည်းကောင်း၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်နှင့် ပူးပေါင်း၍ စီးပွားရေးဆိုင်ရာ ဘာသာရပ်များ အခမဲ့သင်ကြားပေးနိုင်ရေးကို ဒုတိယစီမံကိန်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
ပညာရေးဝန်ကြီးဌာနနှင့် ယူနက်စကိုအဖွဲ့တို့ ပူးပေါင်း၍ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များ၊ အခြေခံ ပညာရေးဆိုင်ရာ ဘာသာရပ်များ၊ ပညာရေးစီမံကိန်းများ၊ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် ပညာရေးဆိုင်ရာ စီမံခန့်ခွဲမှုများကို အဆင့်မီစွာ သင်ကြားပို့ချပေးနိုင်ရေးများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲကို မေလ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပ ပြုလုပ်ခဲ့သည်။

Mizzima - News in Burmese