16 Jul 2014

အိမ်ထောင်ဖက် ရွေးချယ်တော့မယ်ဆိုရင်....


သင် ချောမောလှပတဲ့မိန်းကလေးကို ရွေးချယ်ရင် သူ့ရဲ့အလှပြင်ပစ္စည်းဖိုးကို မညဉ်းငြူမိပါစေနဲ့

ဝင်ငွေကောင်းပြီး ပိုက်ဆံရှာနိုင်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့အလုပ်က Stress တွေအတွက် သူရင်ဖွင့်တာကို သင်လက်ခံနိုင်ရမယ်

အိမ်ထောင်ရှင်မပီသတဲ့မိန်းမကို သင်ရွေးချယ်ရင် သူ ပိုက်ဆံအများကြီး မရှာနိုင်တာကို အပြစ်မပြောပါနဲ့

စဉ်းစားဥာဏ်ရှိပြီး ထက်တဲ့မိန်းမကို သင်ရွေးချယ်ရင် သူ့ရဲ့အကြံပေးမှုတွေ ကြိုမြင်တတ်တာတွေပြောရင် သူဆရာလုပ်တယ်လို့ မမြင်ပါနဲ့

သင့်စကားကိုပဲ နားထောင် သင်ပြောတဲ့အတိုင်းလိုက်လုပ်တဲ့ မိန်းမကို သင်ရွေးချယ်ရင် သူ့ကိုယ်သူ အမြဲနိမ့်ကျပြီး အားငယ်တတ်တဲ့စိတ်ကို အပြစ်မပြောပါနဲ့

သတ္တိကောင်းတဲ့မိန်းမကို သင်ရွေးချယ်ရင် သူခေါင်းမာတာကိုလဲ သင်လက်ခံရမယ်

သင့်ထက်အရမ်းတော်တဲ့မိန်းမကို သင်ရွေးချယ်ရင် တခါတလေ သူ့ရဲ့အထင်သေးမှုနဲ့ အကြောင်းပြချက်များစွာကို သင်လက်ခံနိုင်ရမယ်

ကမ္ဘာပေါ်ရှိ မိန်းမသားတိုင်းသည် အစစအရာရာ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး အပြစ်ပြောစရာမရှိအောင် ပြည့်စုံတဲ့သူဆိုတာ အိပ်မက်ထဲမှာပဲရှိတယ်

ပြည့်စုံစေချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ချစ်သူကို အချစ်စိတ်လေးနဲ့ ကြည့်ပြီး ဖြည့်တွေးပေးဖို့ပဲလိုတယ်

Crediit : နှင်းဆီဖြူ

15 Jul 2014

သို့ ..... ညီမလေး


သို့ ..... ညီမလေး

တစ်လောက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ပက်သက်ပြီး

မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အနည်းငယ် ပြောလိုပါတယ် ။

မြန်မာဆိုတာ ခေတ်အဆက်ဆက်က အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူတွေပါ ။

အမျိုးထိရင် မချိအောင်နာတတ်တာ မြန်မာလူမျိုးပါ ။

မြန်မာဆိုတာ ကိုယ့်လူမျိုးကို မဆိုထားနဲ့ ၊ လူမျိုးခြားတွေ ကိုယ့်မျက်စိရှေ့မှာ ဒုက္ခရောက်နေတာတွေ့ရင်တောင် ၊

ကိုယ်နဲ့မဆိုင်သလို မနေတတ်ပဲ ၊ စိတ်ရောကိုယ်ပါ ဝင်ရောက်ကူညီတတ်သူတွေပါ ။

မြန်မာလူမျိုးတွေရဲ့ စိတ်ထားကို မြန်မာလူမျိုးချင်း ပြန်ပြီး တရားချနေတာ မဟုတ်ပါဘူး ။

မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ ၊

မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ၊ မာန်လည်ဆရာတော်ဘုရားကြီးကို လျှောက်ထားခဲ့ဖူးပါတယ် ။

ဖောက်လုပ်မယ့် မီးရထားလမ်းဟာ ကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို ရွှေ့ပေးဖို့ ကိစ္စပါ ။

ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်း မိန့်တော်မူတဲ့အခါမှာ

အရေးပိုင်မင်းက ၊ ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ ဆိုပါတယ် ။

အဲဒီတော့ ဆရာတော်ဘုရားကြီးက ....

" တကာတော်ရဲ့ မိခင်က တကာတော်ရဲ့ ဖခင်ကို မချစ်မနှစ်သက်တော့လို့ ၊

တရုတ်ကို ယူလိုက်တယ် ဆိုပါစို့ ။

တကာတော့်မိခင်ဟာ တရုတ်ဖြစ်သွားပါသလား..... "

" မဖြစ်ပါဘူး ဆရာတော်

အမေကတော့ အမေပါပဲ ။ "

" ဒါဆိုရင် တရုတ်ကလည်း ဝက်သားစားလွန်းလို့ဆိုပြီး ကုလားကိုပြောင်းယူလိုက်တော့ရော ၊
တကာတော့်မိခင်ဟာ ကုလားဖြစ်သွားရောလား..... " ။

" မဖြစ်ပါဘူး ဆရာတော်

အမေကတော့ အမေပါပဲ ။ "

" အေး..... အဲဒီလိုပဲ တကာတော်.....

ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်.....

သာသနာ့ နယ်မြေဟာ သာသနာ့ နယ်မြေသာ ဖြစ်တယ် " ။

ကျောင်းကပြန်အဆင်းမှာ စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက ဆရာတော်ကြီးကို လျှောက်တယ် ။

" အရှင်ဘုရား..... ဒီအုတ်လှေကားထစ်တွေကိုလည်း အုတ်နဲ့လုပ်တာပါပဲ ၊

ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့လုပ်တာပါပဲ ။

ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့လုပ်တာပဲဖြစ်လို့ ၊

အုတ်နဲ့လုပ်ထားတဲ့ လှေကားထစ်တွေ အိမ်သာတွေကို ရှိခိုးကန်တော့ရင်ရော ၊

အတူတူပဲ မဟုတ်ဘူးလား ဘုရား ။ "

" အေး..... တကာတော်.... တကာတော့်မှာ အမေရှိလား "

" ရှိပါတယ် ဆရာတော် "

" အမ နှမတွေရော ရှိလား "

" ရှိပါတယ် ဆရာတော် "

" ဇနီးမယားရော ရှိလား "

" ရှိပါတယ် ဆရာတော် "

" အေး..... ဒါဆိုရင်..... အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ၊

ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ ..... အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား "

" အဲဒီလိုတော့ မရပါဘူး ဆရာတော် "

" အမေကို အမေလို.... အမကို အမလို..... နှမကို နှမလို.... သူ့နေရာနဲ့သူ ဆက်ဆံရပါတယ် "

" အေး..... အဲဒီလိုပါပဲ တကာတော် "

" အုတ်ချင်းတူပေမယ့် ဘုရားအုတ် သိမ်အုတ်နဲ့ ၊ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း ၊

သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ် တကာတော် " ။

ဒီနေရာမှာ.... ကျွန်တော့်အနေနဲ့ အခုလက်ရှိဖြစ်ပျက်နေတာတွေကို သုံးသပ်မိတာ တစ်ခုရှိပါတယ် ။

ဘာလည်းဆိုတော့ .....

ပထမအချက်အနေနဲ့

ဘယ်လိုနေရာပဲရောက်နေနေ ..... ဘယ်လိုအခြေအနေပဲရောက်နေနေ.....

ဘယ်လိုခေတ်မျိုးပဲ ရောက်နေနေ ၊

မြန်မာမိန်းကလေးဟာ မြန်မာမိန်းကလေး ဆိုတာပါပဲ ။

ဒုတိယအချက်အနေနဲ့

အမျိုးသမီးချင်းအတူတူ

မြန်မာ အမျိုးသမီးကောင်းလေးတွေကို တန်ဖိုးရှိတဲ့ အုတ်ကလေးတွေပဲ ဖြစ်စေချင်ပါတယ် ။

မြန်မာဟာ မြန်မာပါပဲ ။

ကမ္ဘာပေါ်မှာ အရှက်အကြောက်ကြီးတဲ့ လူမျိုးဟာ မြန်မာပါ ။

မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ ဆိုတာ မြန်မာမိန်းကလေးတွေကို တင်စားခဲ့တာပါ ။

အထူးသဖြင့် ပြည်ပမှာ .....

လစာနည်းလို့ .... အကြွေးနဲ့လာခဲ့ရလို့ .....

မိသားစုတွေကို ထောက်ပံ့ချင်လို့ ....

အဲဒီလို အကြောင်းတရားတွေကြောင့် ၊ တိုင်းတပါးသားတွေနဲ့ Living Together နေနေရတာပါတဲ့လား ။

ဒါတွေက မလုံလောက်တဲ့ အကြောင်းပြချက်တွေပါ ။

မိသားစု အဆင်မပြေတာကို ထောက်ပံ့ချင်တိုင်းသာ လူမျိုးခြားတွေနဲ့ ၊

Living Together နေကြစတမ်းဆိုရင် ၊

မြန်မာတစ်ပြည်လုံးက မြန်မာမိန်းကလေးတွေ နိုင်ငံထဲမှာ ရှိရှိသမျှ လူမျိုးခြားတွေကို ၊

အပြေးအလွှားနဲ့ကို Living Together အမြန်ဆုံးနေရမယ့် ကိန်းပါပဲ ။

ဆင်ခြင်နိုင်ကြပါစေ ညီမလေးတို့ရယ် ။

မလေးရှားက အဖြစ်အပျက်တစ်ခုအကြောင်း နားထောင်ကြည့်ပါ ။

မလေးရှားမှာ မြန်မာမိန်းကလေးအချို့ နီပေါလူမျိုးတွေနဲ့ ရည်းစားဖြစ်ပြီး သွားအိပ်တယ် ။

မလေးရှားမှာပဲ အလုပ်လုပ်နေတဲ့ အကိုဝမ်းကွဲလုပ်သူက သိတော့ ၊

နီပေါတွေနဲ့ ပြဿနာတက်တယ် ။ ရိုက်ကြ နှက်ကြ ဖြစ်တယ် ။

နောက်ဆုံး အဲဒီကောင်လေး နီပေါတွေဆီမှာ ဓားထိုးခံရတယ် ။

သူ့သူငယ်ချင်း မြန်မာအမျိုးသားလေးတွေက မခံနိုင်တော့ ၊ နီပေါတွေနဲ့ ရိုက်ပွဲတွေ ဆက်ဖြစ်တယ် ။

နောက်ဆုံး ဒီပြဿနာရဲ့ အစ ဖြစ်တဲ့ နီပေါတွေနဲ့ သွားအိပ်ခဲ့တဲ့ မြန်မာမိန်းကလေး အချို့ကို ၊

ကိုယ်ထိ လက်ရောက် ၊ ဒေါသ အလျောက် လက်နဲ့ ရိုက်ခဲ့ကြတယ် ။

အခု You Tube မှာ ပျံ့နှံ့နေတဲ့ အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ဒီမိန်းကလေးတွေရဲ့ မိဘတွေ မဟုတ်ပါပဲနဲ့ ၊

မဆိုင်ပါပဲနဲ့ ဝင်ရိုက်တဲ့ မြန်မာ ယောင်္ကျားလေးတွေကို ၊

ကျွန်တော်အပါအဝင် တော်တော်များများက လက်မခံနိုင်ကြတာ အမှန်ပါပဲ ။

သူတို့ ဘာကြောင့် ဒီလို လုပ်ခဲ့ရတာလဲ ။

ကျွန်တော်တို့ တစ်ချက်ပြန်ကြည့်ရအောင်ပါ ။

သွေးမတော် သားမစပ်လို့ မဆိုင်ပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို အပွန်းပဲ့ မခံနိုင်လို့ ၊

ဒီလိုအဖြစ်တွေ ဖြစ်သွားခဲ့တယ်ဆိုတာတော့ သေချာလွန်းနေပါတယ် ။

ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းမယ့်အလုပ်ဆိုတာလောက်တော့ သူတို့ သေချာပေါက် သိနေပါလိမ့်မယ် ။

သူတို့တွေ မှန်တယ်လို့ မဆိုလိုပါဘူး ။

မှားတယ်ကွာ..... ဆိုရင်တောင်.....

စေတနာ အမှားဆိုတာ သေချာ သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ် ။

ဗွီဒီယိုဖိုင်ထဲမှာ မြန်မာမိန်းကလေးတွေ အရိုက်ခံနေရတာ မြင်တော့ စိတ်မကောင်းပါဘူး ။

အဲဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး ကျေနပ်ဝမ်းသာ ပီတိဖြစ်နေမယ့်သူတွေ တစ်ယောက်မှမရှိတာတော့ သေချာပါတယ် ။

ကျနော်တို့ မလေးရှားရောက်ခါစက မြန်မာ မိန်းကလေးဆိုတာ

မူးလို့ ရှူစရာတောင် မရှိတဲ့ အနေအထားပါ ။

ဒီနေ့လို အနေအထားမှာတော့ နေရာတိုင်းမှာ မတွေ့ချင်မှ အဆုံး မြန်မာမိန်းကလေးတွေ ဒုနဲ့ဒေးပါပဲ ။

စားဝတ်နေရေးကြောင့် ၊ အကြောင်းကြောင်းကြောင့် ပြည်ပမှာ မိဝေး ဖဝေး ငွေလာရှာနေကြတယ် ဆိုပါတော့ ။

အဲဒီတော့ ထမင်းစားရင် ငရုပ်သီးလေး ကိုက်စားပြီး တစ်ပြားကို နှစ်ပြားခွာတတ်တဲ့ ၊

ဘင်္ဂလားလို နီပေါလို လူမျိုးခြားတွေဟာ ၊

မြန်မာမိန်းကလေးတွေသာ ရမယ်ဆိုရင် လစာပါ အပြုတ်ခံတဲ့အထိ Living Together ဇာတ်လမ်းတွေ

မမြင်ချင်မှ အဆုံး ဖြစ်လာပါတော့တယ် ။

အဲဒီတော့ ..... မြန်မာယောင်္ကျားလေးတွေရဲ့ စိတ်ထဲမှာ မချိအောင်နာပါတယ် ။

ဂျိုဟိုးဘာရူးမြို့လေးမှာ မြန်မာမနဲ့အတူ တစ်ခါ ဆက်ဆံရင် မလေးငွေ မလေးငွေ 10 တဲ့ ။

ဈေးပေါလွန်းလို့ဆိုပြီး ဘင်္ဂလားတွေ ၊ နီပေါတွေ ၊ အင်ဒိုတွေ ၊ ဗီယက်နမ်တွေများ

ကြက်ပျံမကျ စည်ကားနေသတဲ့ ။

ကျွန်တော်တို့ နှလုံးသားမှာ ကျွန်တော်တို့ စိတ်ထဲမှာ မချိအောင်နာပါတယ် ညီမလေးတို့ရယ် ။

မလက္ကာမြို့မှာ မြန်မာမတစ်ယောက် ဘင်္ဂလားနဲ့ Living Together နေရင်း .....

သေလုမျောပါး အရိုက်ခံနေရတာတွေ့လို့ ၊ အဲဒီ မြန်မာမိန်းကလေးနဲ့ စက်ရုံ တစ်ခုထဲအတူလုပ်နေတဲ့ ၊

မြန်မာ ယောင်္ကျားလေးတွေက မခံနိုင်လို့ အဲဒီဘင်္ဂလားကို ဝင်ရိုက်ကြရင်း ၊

မြန်မာ ၊ ဘင်္ဂလားရိုက်ပွဲဖြစ်ခဲ့တယ် ။

အဆုံးသတ်တော့ မြန်မာယောင်္ကျားလေး ၄ ယောက် ဆေးရုံရောက်တယ် ။

၂၀ ကျော်ပြန်ပို့ခံရတယ် ။

ဒီလိုမျိုး အလားတူ ဇာတ်လမ်းတွေဟာ မလေးရှားမှာ အချိန်တိုလေး အတွင်းမှာတင် ၊

မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ပြီးပါပြီ ။

ငါပစ္စည်းနဲ့ ငါ (.....) တာ နင်တို့ကဘာဝင်ပြီး (.....) ကြိမ်းနေတာလည်းလို့ ၊

မပြောလိုက်ပါနဲ့ ညီမလေးတို့ရယ် ။

ဘယ်နေရာပဲရောက်နေနေ..... အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းနေထိုင်တဲ့ ၊

မြန်မာမိန်းကလေးတွေလည်း ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အကြွင်းမဲ့ လက်ခံပါတယ် ။

ဒါပေမယ့် .....

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုတ်မခံနိုင်သလို ၊

ငါးခုံးမတွေက မမြင်မတွေ့ချင်တော့လောက်အောင် သိပ်ကို များလာတော့လည်း ၊

ကျွန်တော်တို့ အကြိမ်ကြိမ် စိတ်ထိခိုက်ရပါတယ် ။

အမျိုးမတူတဲ့အပြင် ဘာသာပါ မတူသူတွေနဲ့ အခုလို Living Together ဆိုတာတွေကို ၊

ကျွန်တော်တို့ ဘယ်လိုစိတ် ဘယ်လို နှလုံးသားနဲ့ လက်ပိုက်ကြည့်နေရမလဲ ။

မြန်မာမိန်းကလေးတစ်ယောက် နီပေါ လူမျိုးနဲ့ Living Together နေရင်း နီပေါကို လိုက်ပါသွားခဲ့တယ် ။

နီပေါမှာ သူတို့အတွဲ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို နီပေါတွေက အင်တာနက်ပေါ်မှာ ၊

အကြိမ်ကြိမ်တင်ပြခဲ့တယ် ။

ကျွန်တော်တို့ ဘယ်လို နှလုံးသား ဘယ်လိုစိတ်နဲ့ ကြည့်ရမလဲ ညီမလေးတို့ရယ် ။

ကျွန်တော်တို့ မလေးရှား ရောက်ခါစက မလေးရှားမှာ မြန်မာမိန်းကလေးတွေရဲ့ ညစ်ညမ်းခွေဆိုတာ ၊

ရွှေပေးရင်တောင် ကြည့်လို့မရနိုင်ပါဘူး ။

ရှိလည်း မရှိခဲ့ပါဘူး ။

အခုများတော့ Home Made လို့ခေါ်တဲ့ မြန်မာလူမျိုးချင်း လိင် ဆက်ဆံနေတဲ့ ပုံတွေ ဗွီဒီယိုတွေ ၊

လူမျိုးခြားနဲ့ ဘာသာကွဲတွေနဲ့ လိင် ဆက်ဆံနေတဲ့ ပုံတွေ ၊ ဗွီဒီယိုဖိုင်တွေဟာ ၊

အွန်လိုင်းပေါ်မှာ ဖုန်းတိုင်းလိုလိုမှာ မမြင်ချင်မှ အဆုံးပါ ။

ကျွန်တော်တို့တွေ အရင်က တစ်ခြား လူမျိုးခြားတွေကို ပြောခဲ့တဲ့ ၊

" ငါတို့ မြန်မာတွေဆိုတာ ညစ်ညမ်းခွေမရှိဘူးကွ ..... "

" ငါတို့ မြန်မာမိန်းကလေးတွေ ပါတဲ့ ညစ်ညမ်းအခွေတွေ ဘယ်တော့မှ မရှိဘူးကွ ..... "

ဆိုတဲ့ စကားတွေကို အခုလိုအချိန်မှာ ၊ ကျွန်တော်တို့ ဘယ်လိုနှလုံးသားနဲ့ ဘယ်လိုစိတ်နဲ့ ငြင်းလို့ရနိုင်ဦးမှာလဲ ။

ဆင်ခြင်ကြပါ..... သတိဝင်ကြပါ.....

ကိုယ်ပြုလုပ်လိုက်တဲ့ အမှားတစ်ခုဟာ ..... ကိုယ့်တစ်ယောက်သာ ထိပါးနိမ့်ကျရုံတင်မကပဲ ၊

တစ်မျိုးသားလုံးကို တန်ဖိုးမဲ့စေတယ်ဆိုတာ သတိရကြပါ ။

မြန်မာယောင်္ကျားလေးတွေအနေနဲ့လည်း ကိုယ့်ရည်းစားနဲ့ကိုယ် အတူဆက်ဆံတဲ့ ကိစ္စကို ၊

ဗွီယိုဒီနဲ့ မှတ်တမ်းတင်တာဟာ ၊

ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် နင်းချေရုံသာမကပဲ ၊

မြန်မာတစ်မျိုးသားလုံးရဲ့ သရဖူဖြစ်တဲ့ ယဉ်ကျေးမှု နဲ့ ဟီရိသြတပ္ပတရားကိုပါ နင်းချေ ဖျက်ဆီးပစ်လိုက်တာပါပဲ ။

ကျွန်တော့်ကို အကူအညီတောင်းလို့ အလုပ်သွင်းပေးခဲ့ဖူးတဲ့ Living Together နှစ်ယောက်အကြောင်း အနည်းငယ်ပြောပြပါမယ် ။

ကောင်မလေးက သိပ်လှတယ်..... ရန်ကုန် ကြို့ကုန်းကပါ ။

သူ့အဖေက ရှေ့နေတစ်ယောက် ဖြစ်သလို မုဆိုးဖိုကြီးပေါ့ ။

ညီအမနှစ်ယောက်ထဲ ရှိတာမှာ သူကအကြီး..... အဲဒီတော့ တိုတိုပြောရရင် မလေးကို ရှိတာလေး ထုခွဲရောင်းချပြီးလာတယ် ။

တစ်နေ့လုပ်ခ ၁၈ ရင်းဂစ်နဲ့ မလုံလောက်တော့ စက်ရုံကနေ ထွက်ပြေးပြီး အိုဗာစတေးနဲ့ အပြင်မှာ အလုပ်ရှာလုပ်တယ် ။

အဲဒီတော့ ဘာသာခြား မြန်မာနိုင်ငံသား တစ်ယောက်နဲ့ ငြိစွန်းတယ် ။

သူ့ချစ်သူ ကောင်လေးက ကတိပေးတယ် ။

သူ့ကိုယူရင် ကိုရင် ဝတ်ပြပါ့မယ် ၊ ဗုဒ္ဓဘာသာထဲ ဝင်ပါ့မယ်.... တဲ့.....။

ကောင်မလေးက ယုံလိုက်တယ် .... နှစ်ယောက်ထဲသာ နားလည်တဲ့ Living Together နေကြတယ် ။

မကြာပါဘူး ။

ကိုရင် ဝတ်ဖို့မပြောနဲ့ ..... ကောင်မလေးကိုပါ သူတို့ဘာသာထဲ မဝင်လို့ဆိုပြီး နေ့စဉ်ပြဿနာရှာတယ် ၊ ရိုက်တယ် ။

ကောင်မလေးကတော့ ဒူးနဲ့ မျက်ရည်သုတ်ပေါ့ ။

အဲဒီတော့ သူတို့ ရန်ဖြစ်တိုင်း ကျွန်တော်က မြင်တွေ့နေရတယ် ။

နောက်ဆုံး..... ကျနော် လူကြီးစိတ် မမွေးနိုင်တဲ့တစ်နေ့ ပြဿနာဖြစ်လာနိုင်တာမို့ ၊

စိတ်မကောင်းစွာနဲ့ပဲ နှစ်ယောက်လုံးကို အလုပ်ကနေ ထွက်ခိုင်းလိုက်ပါတယ် ။

ကောင်မလေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ သူ့ဘဝအနေအထား ဘာတွေများ ဆက်ဖြစ်နေမလဲ ဆိုတာကိုတော့ ၊

ကျွန်တော် မသိတော့ပါဘူး ။

ဒီဘဝကို သူကိုယ်တိုင်ရွေးချယ်ပြီး သူပဲ စီရင်ခဲ့တာဖြစ်လို့ သူစိုက်ပျိုးခဲ့တဲ့အတိုင်း သူရိတ်သိမ်းနေလောက်ပါပြီ ။

အချုပ်ပြောရရင်တော့ .....

မြန်မာအမျိုးသမီးကောင်းလေးတွေ အနေနဲ့ ဘယ်လို ဘဝမျိုးပဲရောက်နေနေ ၊

ဘယ်နေရာမှာပဲ ရောက်နေနေ ၊

အမျိုးကိုစောင့်ရှောက်ပြီး ၊ မိန်းမတို့အိနြေ္ဒ ရွှေပေးလို့မရ ဆိုတဲ့ မြန်မာမလေးတွေအဖြစ်ပဲ မြင်တွေ့ချင်ပါတယ် ။

ညီမလေးတွေကို ထိရင် မချိအောင် နာတတ်တဲ့ မြန်မာနှလုံးသားတွေကို

နင်တို့နဲ့ ဘာဆိုင်လို့လည်းဆိုတဲ့ စကားနဲ့တော့

ရိုက်ချိုးမပစ်လိုက်ပါနဲ့ ညီမလေးတို့ရယ် ။

Moe Tha Gyar fb မှပြန်လည်ကူးယူဖော်ပြပါသည် ......

မလေးရှားရေပိုင်နက်အတွင်း အင်ဒိုနီးရှားတရားမ၀င် ရွှေ့ပြောင်းစက်လှေနစ်မြုပ်

 
 
ကွာလာလမ်ပူ ဇူလိုင် ၁၅

 မလေးရှားနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ အင်ဒိုနီးရှား လူမျိုး တရားမဝင် ရွှေ့ပြောင်းလာသူများကို တင်ဆောင်လာသော စက်လှေတစ်စင်း အင်္ဂါနေ့ နံနက်အစောပိုင်းက တိမ်းမှောက်ခဲ့ရာ နှစ်ဦးသေဆုံးပြီး ၁၉ ဦး ပျောက်ဆုံး နေဆဲဖြစ်ကြောင်း မလေးရှားနိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

မီးသတ်နှင့်ကယ်ဆယ်ရေးလုပ်ငန်းမှ လက်ထောက်ညွှန်ကြားရေးမှူး Mohd Rizal က ၎င်းစက်လှေသည် မလေးရှားရေကြောင်းအေဂျင်စီ သင်္ဘောနှင့်တိုက်မိကာ နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး အခြား ၆ဝ ကို ကယ်ဆယ်ရေးအဖွဲ့ဝင်များက ကယ်တင်နိုင်ခဲ့သည်။ ၁ဝ ဦးမှာ ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးရုံသို့ပို့ဆောင်ထားရကြောင်း အခြား ၄၆ ဦးမှာဘေးအန္တရာယ်ကင်းရှင်းကြောင်း ၎င်းကထပ်လောင်းပြောကြားလိုက်သည်။

ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၂ဝ သည် ကျန်ရှိနေသော ခရီးသည်များကို ဆက်လက်ရှာဖွေနေဆဲဖြစ်သည်။

(ဆင်ဟွာ)
The Mirror Daily

ကန့်ဘလူထွန်တုံး တိုက်ပွဲဝင် လယ်သမားများ ထောင်ချခံရ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း သိမ်းဆည်း ခံထားရတဲ့ လယ်ယာမြေတွေ ပြန်ရရေး ထွန်တုံး တိုက်ပွဲ ၀င်နေတဲ့ လယ်သမားတွေ၊ ကူညီနေသူတွေ သာမက ကျေးရွာ အုပ်ချုပ်ရေးမှူးကိုပါ ထောင်ဒဏ် ချမှတ် အပြစ်ပေး လိုက်ပါတယ်။ ဥပဒေကြောင်းအရ ရသင့်ရထိုက်တဲ့ ခုခံချေပခွင့် တောင်မရခဲ့ဘဲ ထောင်ဒဏ် အပြစ်ပေး ခံခဲ့ရတာပါ။
စစ်တပ်က သိမ်းထားတဲ့ မြေတွေထဲကနေ မူလပိုင်ရှင်တွေကို ပြန်ပေးတာတွေ ရှိနေတယ်ဆိုတဲ့ကြားကပဲ အခုလို ဖြစ်ရပ်တွေကလည်း ရှိနေဆဲပါပဲ။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲမှာ တောင်သူတွေဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်က စစ်တပ်က လေ့ကျင့်ရေးကွင်းအဖြစ် သိမ်းထားတဲ့ တောင်ယာတွေအပေါ်မှာ ထွန်တုံးတိုက်ပွဲ ဆင်နွှဲခဲ့တာပါ။ စစ်တပ်က သေနတ်တွေနဲ့ ပစ်ဖောက်ခြိမ်းခြောက်မှုတွေ လုပ်ခဲ့ပေမဲ့ ထွန်တုံးတိုက်ပွဲက ဆက်ပြီး လုပ်နေဆဲဖြစ်ပါတယ်။

ဒီထဲက လယ်သမားရေးကူညီသူတွေ လယ်သမားတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှုတွေကို ဇူလိုင်လ ၁၄ ရက်နေ့က ပိုင်နက်ကျုးလွန်မှု အပါအ၀င် ပုဒ်မတွေနဲ့ ထောင်ဒဏ်တွေနဲ့ ကန့်ဘလူတရားရုံးကနေ ချမှတ်လိုက်ကြောင်း တောင်သူတဦးက ပြောပြပါတယ်။

“ဦးကောင်းထွန်း စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ သူက ထောင်ဒဏ် ၂ နှစ်၊ နောက်တခါ ပေကြီးရွာအုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းဆိုတာ သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာ အုပ်ချုပ်ရေးမှူး သူကလည်း ထောင်ဒဏ် ၂ နှစ်၊ ထောက်ရှာအိုင်ရွာကပဲ ဦးကျော်လင်း ဆိုတဲ့ တဦးရယ်၊ နောက်တခါ ကိုကျော်တင့် ဆိုတဲ့သူရယ်၊ ကိုဇော်မင်း ဆိုတဲ့သူရယ်၊ သူတို့ ၃ ဦးကတော့ ထောင်ဒဏ် ၂ နှစ်၊ ဦးကျော်ရင်က ၃ ထောင်ဒဏ် ၃ နှစ်၊ အားလုံး မနေ့က စုစုပေါင်း ၆ ဦး၊ ၄၄၇၊ ၄၂၇၊ ပိုင်နက်ကျူးလွန်မှုနဲ့ သီးနှံဖျက်ဆီးမှုပေါ့။ ဒီကနေ့မနက်ပဲ မိသားစုတွေနေပြီးတော့ ကန့်ဘလူမြို့နယ်နဲ့ အနီးဆုံးဖြစ်တဲ့ ရွှေဘိုထောင်ကို သွားပြီးတော့ စုံစမ်းနေကြတယ်။ ရွှေဘိုထောင်မှာ ဘယ်နှစ်ဦးရောက်တယ်၊ တခြားထောင်တွေမှာ ဘယ်နှစ်ဦးရောက်တယ်၊ သို့တည်းမဟုတ်လို့ရှိရင် ရွှေဘိုထောင်မှာပဲ ၆ ဦးစလုံးရောက်သလားဆိုတာ မသိရသေးဘူး။”

ရှေ့နေတွေနဲ့ ခုခံချေပခွင့်မရဘဲ ထောင်ဒဏ်များ ချမှတ်ခံရတဲ့အတွက် ဥပဒေပါ အခွင့်အရေးဆုံးရှုံးမှုအဖြစ် တောင်သူတွေဘက်ကလည်း ပြောဆိုနေတာပါ။ လယ်သမားတွေကို ထောင်ချလိုက်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ရှေ့နေ ဦးအောင်သူရိန်ထွန်း ကတော့ အခုလို ပြောပါတယ်။

“ရှေ့နေရှေ့ရပ် ငှားရမ်းထုချေခွင့် အခွင့်အရေးကို တရားရုံးက ပေးအပ်ရမှာဖြစ်ပါတယ်။ ရှေ့နေငှားရမ်းခွင့် အခွင့်အရေးလည်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားတဲ့ နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးကို ရရှိသင့်သည်ဖြစ်ပါတယ်။ ဒီလို ခုခံချေပခွင့် မပေးဘဲနဲ့ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်ဆိုရင်တော့ ဒါ တရားမျှတမှုမရှိတဲ့ လုပ်ရပ်ပဲ ဖြစ်ပါလိမ့်မယ်။”

တောင်သူတွေရဲ့မြေဧက ၃၀၀ ကျော်ကို အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်က သိမ်းယူခဲ့ပြီးတဲ့နောက် တောင်သူတွေက ပြီးခဲ့ဇွန်လကစပြီး ထွန်တုံးတိုက်ပွဲ လုပ်ဆောင်ခဲ့တာပါ။ စစ်တပ်က မြေမွန်ရွာမှာတော့ သေနတ်တွေနဲ့ ခြောက်လှန့် ပစ်ခတ်မှုတွေကိုလည်း လုပ်ဆောင်ခဲ့ပါတယ်။ မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းဆည်းထားတဲ့ မြေယာတွေနဲ့ပတ်သက်လို့ တောင်သူတွေကို ဖမ်းဆီးထောင်ချခြင်းဟာ ဥပဒေနဲ့မညီဘူးလို့လည်း ရှေ့နေ ဦးအောင်သူရိန်ထွန်း ကဆိုပါတယ်။

“၈၉ ခုနှစ် မြန်မာနိုင်ငံ မြေသိမ်း အက်ဥပဒေနဲ့အညီ သိမ်းယူထားတာတွေ မဟုတ်ဘူး။ ဒါကြောင့် မြေသိမ်းဥပဒေနဲ့မညီဘဲ သိမ်းထားတဲ့မြေတွေဟာ တရားဝင် လက်ရှိ ဖြစ်မှာမဟုတ်ဘူး။ သို့သော်လည်းပဲ သိမ်းဆည်းထားတဲ့ မြေယာတွေ အကုန်လုံးကို တရားမ၀င် သိမ်းဆည်းထားပြီးတော့ တရားဝင်သရောင်နဲ့ ဒီလို တောင်သူလယ်သမားတွေကို ထောင်ဒဏ်တွေ ချမှတ်တာဟာဖြင့် တရားမျှတမှု မရှိဘူး။”

မြန်မာစစ်တပ်ကတော့ သူတို့သိမ်းဆည်းထားတဲ့ လယ်မြေတချို့ကို ပြန်လည် စွန့်လွှတ်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပြီး တချို့မြေတွေကိုတော့ ပြန်လည်ပေးအပ်မှာ မဟုတ်ကြောင်းကိုလည်း ပြောဆိုထားတာပါ။  ပြီးခဲ့တဲ့လက မြန်မာနိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Tom Malinowski ရဲ့  ခရီးစဉ်အတွင်းမှာ မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပြီး  မြန်မာစစ်တပ်က သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေကို ပိုင်ရှင်တွေထံ ပြန်လည်ပေးအပ်ရေး အပါအဝင် လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

တပ်မတော်သားပီပီ နိုင်ငံ့ကာကွယ်ရေးစွမ်းရည်၊ ကျင့်ဝတ်သိက္ခာကို တိကျလေးနက်စွာ လိုက်နာရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာမှု၊ မတူကွဲပြားမှုကို လက်ခံခြင်း၊ အရပ်သားထိန်းချုပ်မှုကို ထောက်ခံခြင်း စတဲ့ အမေရိကန်စစ်တပ်ရဲ့ ခံယူချက်တွေကိုလည်း ရှင်းလင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

 မအေးအေးမာ  / ဗွီအိုအေ (မြန်မာပိုင်း

အမေ့အတွက် သားလိမ္မာ ဖြစ်စေဖို့


 
ကလေးအရွယ်တုန်းကတော့ သားကိုချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောင်္ကျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ  အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေ ရှုပ်၊ စိတ်တွေရှုပ်လာတဲ့အချိန် အမေ့ကိုပါ  အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။
 
 
 ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊ ကိုယ့်သားသမီးက ပြန်ပြောဆိုတာခံရလို့၊ အော်ငေါက်တာခံရလို့ စိတ်မကောင်းဖြစ်ကြရတဲ့ အမေတွေ အများကြီးပါ။ သူတို့မှာ လိုအပ်နေတာ ငွေကြေးဆိုတာထက် သားသမီးတွေရဲ့ မေတ္တာတွေပါ။ အသက်ကြီးလို့ အားငယ်လာတတ်ကြတဲ့ မိခင်အတွက် သားလိမ္မာတစ်ယောက်ဖြစ်အောင် ဘယ်လိုအချက်ကလေးတွေ ဖြည့်ဆည်းပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။


အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။

အချိန်အားတိုင်း အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ သူလိုအပ်တဲ့ သေးသေးမွှားမွှားကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း သူ့ကိုချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ့်သူ့ကိုချစ်တယ်ဆိုတာ ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုးလုပ်ပေးပါ။ ကော်ဖီအတူတူ သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။


အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။

ကိုယ်က အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည၁၀နာရီနောက်ဆုံး ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။ မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင်ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။


စကားပြော ဆင်ခြင်ပါ။

အမေကလည်း ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့် စကားမျိုးမပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း အမေ့ရဲ့ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။


အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည်သင်ပေးပါ။

အီလက်ထရောနစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ အိမ်မှာပဲနေရတဲ့အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ်ဆိုတာမျိုး သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည်သင်ပေးပါ။


ပွင့်ပွင့်လင်းလင်း ပြောပါ။

အမေက အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။

တစ်ပတ်မှာတစ်ခါ၊ ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက် အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။


ဂရုစိုက်စောင့်ရှောက်ပါ။

အမေဆိုတာ သားသမီးတွေအတွက် ၂၄နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အဆင်သင့်ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။ သူတို့နေထိုင်မကောင်းဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊ အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။


အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။

သူနားမလည်ပဲ ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။ အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကိုဟာသလုပ်တာမျိုးက ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ ပြောဆိုတာမျိုးဆိုရင်တော့ သူစိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။


Ref:mensxp.com
Trend Myanmar


မြန်မာနိုင်ငံက ဈေးအကြီးဆုံး ရှိုးပွဲလာပြီ

 
 
မြန်မာနိုင်ငံမှာလာ ရောက်ဖျော်ဖြေမယ့် ကိုရီးယားနာမည်ကျော် Girl Band ဖြစ်တဲ့ 2NE1 ရဲ့ဖျော်ဖြေပွဲ လက်မှတ်ဈေးနှုန်းကို အမြင့်ဆုံးကျပ်ကိုး သိန်းသတ်မှတ်ထားတယ်လို့ Bo Bo Entertainment မှသိရပါတယ်။

2NE1 ဖျော်ဖြေပွဲကို ယခင်က သြ Bo Bo Music နဲ့ Samsung Myanmar တို့ ပူးပေါင်းပြုလုပ်ဖို့ စီစဉ်ထားသော်လည်း အခက်အခဲတချို့ကြောင့် Living Sound Entertainment နဲ့ ဆက်လက်ဆောင်ရွက် ခဲ့တယ်လို့ သိရပါတယ်။

''အစကကျွန်တော်တို့ Samsung နဲ့ ပေါင်း လုပ်ဖို့စီစဉ်ထားတာပါ။ အကြောင်းအမျိုး မျိုးကြောင့် အထမမြောက်ခဲ့ပါဘူး။ အခုပွဲ ကို Living Sound ကနေ ဦးစီးပြီးလုပ်မှာ ပါ။ သူတို့ကလဲပွဲကို 2NE1 In Myanmar Galaxy Stage အမည်နဲ့ပဲ ဆက်လုပ်သွား မယ်လို့သိရပါတယ်''လို့ Bo Bo Music Entertainment မှ ကိုဘိုဆန်းကပြော ပါတယ်။

2NE1 Myanmar ပွဲမှာ ပရိသတ်ကြိုက် မြန်မာအမျိုးသမီးအဆို တော်တစ်ဦးနဲ့ အမျိုးသားအဆိုတော်နှစ်ဦး တို့ပါဝင်ဖျော်ဖြေမှာဖြစ်ပြီး 2NE1 အဖွဲ့ အပြင်အခြားအကအဖွဲ့ များရဲ့ ဖျော်ဖြေမှုများလည်းပါဝင်မှာ ဖြစ် တယ်လို့ သိရပါတယ်။

ဒီဖျော်ဖြေပွဲကို သြဂုတ် ၂ ရက် မှာကျင်းပမှာဖြစ်ပေမယ့် သုဝဏ္ဏမိုးလုံလေ လုံအားကစားကွင်းမှာ ဖျော်ဖြေမှာမဟုတ် ဘဲ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခု မှာည ၇ နာရီမှ ၁ဝ နာရီအထိကျင်းပမှာ ဖြစ်ကာ လက်မှတ်ဈေးနှုန်းကို ကျပ် ၂၅ဝဝဝ၊ ၄၅ဝဝဝ၊ ၂၅ဝဝဝဝ၊ ၅ဝဝဝဝဝ၊ ၇ဝဝဝဝဝ နဲ့ ၉ဝဝဝဝဝ အထိသတ်မှတ်ထားပြီး ဇူ လိုင် ၂၁ ရက်မှာ လက်မှတ်ရောင်းချမယ့်နေ ရာများကို ကြေညာပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။

From: YMG


14 Jul 2014

မန္တလေးလူသတ်မှုနှင့် ပတ်သက်သည့် တရားခံအချို့ ဖမ်းမိထားပြီဟုဆို


ဓာတ်ပုံ − ငြိမ်းချမ်းနိုင်/အီးပီအေ
 မန္တလေးမြို့တွင် ယခုလဆန်းက ဖြစ်ပွားခဲ့သော လူသတ်မှုများနှင့် ပတ်သက်သည့် တရားခံများထဲမှ သုံးပုံတစ်ပုံခန့်ကို ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်း ရရှိသည်။

ဇူလိုင် ၂ ရက် ညက ဖြစ်ပွားခဲ့သည့် လူသတ်မှုနှစ်မှုနှင့် ဆက်စပ်သည့် တရားခံအချို့ကို ဆယ်ရက်ကျော်အတွင်း ဖမ်းဆီးရရှိနိုင်ခဲ့ပြီ ဖြစ်သော်လည်း အမှန်တကယ် ကျူးလွန်ခဲ့ပြီး တိမ်းရှောင်နေဆဲ တရားခံများ ဆက်လက်ဖမ်းဆီးနိုင်ရန် ကြိုးစားနေရဆဲဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

‘‘တရားခံထဲက သုံးပုံတစ်ပုံလောက်တော့ ဖော်ထုတ်ထားနိုင်ပြီ။ တိတိကျကျ ကွင်းဆက်တွေကို ဆက်ဖော်ထုတ်ဖို့ လုပ်နေတယ်။ လိုနေသေးတဲ့သူတွေက လိုနေသေးလို့ အတိအကျ ထုတ်ပြန်တာမျိုးတော့ လုပ်လို့မရသေးဘူး’’ ဟု ဒုတိယရဲမှူးကြီးစိန်ထွန်း က ပြောသည်။

ယခုလ ၁ ရက်၊ ၂ ရက်နှင့် ၄ ရက်တို့တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်၍ လူသတ်မှု မသင်္ကာသူသုံးဦး အပါအ၀င် မီးရှို့ဖျက်ဆီးမှုဖြင့် မသင်္ကာသူ ၁၀ ဦးနှင့် နာကျင်စေမှု မသင်္ကာသူ ခြောက်ဦးကိုလည်း ဖမ်းဆီးအရေးယူထားပြီး ဥပဒေနှင့်အညီ ဆက်လက် ဖော်ထုတ်စစ်ဆေးနေကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက ယခုလ ၁၃ ရက်တွင် တရားဝင်ထုတ်ပြန်ခဲ့သည်။

ထို့အပြင် အစ္စလာမ်ဘာသာဝင် သင်္ချိုင်း ဖျက်ဆီးသူများ၊ မြို့တွင်း ဆူပူလှုံ့ဆော်သူများ၊ ဗလီအတွင်း လက်နက်များနှင့် တွေ့သူများကို တရားစွဲဆိုရန် တင်ပြထားပြီးဖြစ်ကြောင်း၊ ကျန် ပြစ်မှုကျူးလွန်သူများကိုလည်း ဆက်လက်ဖော်ထုတ်  အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ  သတင်းရရှိသည်။

ယခုလ ၃ ရက်က စတင် ထုတ်ပြန်ခဲ့သည့် ညမထွက်ရအမိန့် မလိုက်နာသည့် ဖြတ်သန်းသွားလာသူပေါင်း ခြောက်ရာကျော်ကို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း ဒုတိယရဲမှူးကြီးစိန်ထွန်းက ဆက်လက်ပြောကြားသည်။

7day daily


Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားသည့် အီရန်လူငယ်(၈)ဦး ထောင်ဒဏ်များ ချမှတ်ခံရ



Facebook ပေါ်တွင် အစိုးရ ဆန့်ကျင်ရေးဆိုင်ရာ ရေးသားလှုံ့ဆော်မှုများအတွက် အီရန်လူငယ်
 (၈)ဦးကို ထောင်ဒဏ်များ ချမှတ်လိုက်ကြောင်း
သိရှိရသည်။

ဇူလိုင် (၁၄)ရက်တွင် အီရန်တရားရုံးတစ်ခုက အမည်ဖော်မပြသော လူငယ်(၈)ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ၎င်းတို့သည် အမျိုးသား လုံခြုံရေးကို ထိပါးခြင်း၊ အစိုးရ ဆန့်ကျင်ရေး ဝါဒဖြန့်မှုများ လုပ်ဆောင်ခြင်း၊ အီရန်နိုင်ငံ ခေါင်းဆောင်များ၏ ဘာသာရေးဆိုင်ရာ စံနှုန်းတန်ဖိုးများကို စော်ကားခြင်းတို့အတွက် ပြစ်ဒဏ်ချမှတ် ခံရခြင်းဟု ဆိုသည်။

တဟီရန်၊ ယာ့ဇ်၊ ရှီရက်ဇ်၊ အေဘာဒန်၊ ကာမန်မြို့များမှ လူငယ်များသည် ထောင်ဒဏ် (၁၁)နှစ်မှ (၂၁)နှစ်ထိ အသီးသီး ပြစ်ဒဏ်ချမှတ် ခံခဲ့ရပြီး အဆိုပါ စီရင်ချက်များကို အယူခံဝင်ရန် တရားရုံးက ခွင့်ပြုထားကြောင်းလည်း သိရသည်။

အီရန်အစိုးရသည် Twitter နှင့် Facebook တို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်တွင် အစိုးရကို ဆန့်ကျင်ခြင်း၊ ဘာသာရေးကို ဆန့်ကျင်ခြင်းစသော ရေးသားဖြန့်ဝေမှုများအား လိုက်လံစိစစ် အရေးယူလေ့ ရှိသည်။ အီရန်သမ္မတ ဟူစိန်ရိုဟာနီသည် မိမိကိုယ်ကိုယ် အစွန်းမရောက်သူ တစ်ဦးဟု ကြေညာကာ လူမှုရေး၊ ယဉ်ကျေးမှုနှင့် မီဒီယာ ကဏ္ဍများတွင် ယခင်ထက် လွတ်လပ်ခွင့် ပေးအပ်သွားမည်ဟူသော ကတိဖြင့် ကွန်ဆာဗေးတစ်တို့ကို အနိုင်ရလာသူ ဖြစ်သည်။

သို့သော်လည်း ၎င်း၏ အစိုးရအဖွဲ့သည် ရှေးရိုးစွဲ ဝါဒီများနှင့် ကွန်ဆာဗေးတစ်တို့၏ အတိုက်အခံ ပြုမှုများကြောင့် တရားစီရင်ရေး အပါအဝင် အရေးပါသော အပြောင်းအလဲများကို လက်တွေ့ အကောင်အထည်ဖော်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ မေလအတွင်းကလည်း အီရန်တွင် အစိုးရ ဆန့်ကျင်ရေး လှုံ့ဆော် ရေးသားမှုများအတွက် လူ(၈)ဦးကို ထောင်ဒဏ် (၇)နှစ်မှ နှစ်(၂၀)ထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရှိရသည်။

_Ref: Channelnewsasia
7Day News Daily


အာဇာနည်နေ့တွင် ဟွန်းသံရှည်တီးက လိုင်စင်ပိတ်မည်


ဇူလိုင် ၁၉၊ အာဇာနည်နေ့တွင်ဟွန်းဆက်တိုက်တီးသည့် မော်တော်ယာဉ်များကို
ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည်ဟု အမှတ်(၂)
ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူး ရုံးဒုရဲမှူးကြီး ဦးလင်းထွဋ်
က ပြောသည်။

“ဟွန်း အဆက်မပြတ်တီးခြင်းက ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်တယ်။ တီးတဲ့အတိုင်းအတာအပေါ် မူတည်ပြီး ဆုံးဖြတ်မှာပါ”ဟု ၎င်းက ဆိုသည်။

ဇူလိုင် ၂ ရက်က ထုတ်ပြန်လိုက်သည့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး ဥပဒေများအရ ပထမအကြိမ် တစ်လမှ တစ်နှစ်၊ဒုတိယအကြိမ် သုံးလမှ နှစ်နှစ်၊ တတိယအကြိမ်ခြောက်လမှ သုံးနှစ်နှင့် စတုတ္ထအကြိမ် တစ်နှစ်မှ လေးနှစ်အထိ လိုင်စင်ပိတ်သိမ်းမည်ဖြစ်သည်။

၂၀၁၃ ခုနှစ် အာဇာနည်နေ့က ဘတ်စ်ကားများနှင့် ကိုယ်ပိုင်ယာဉ်များတွင် ၁၉ ဇူလိုင် မမေ့နိုင်ပါ စာတန်းများ ကပ်ကာ လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပြီး ရန်ကုန်မြို့ပေါ်တွင် ယနေ့အချိန်ထိ လှုပ်ရှားမှုတစ်စုံတစ်ရာ မတွေ့ရသေးပေ။

စည်းကမ်းမလိုက်နာသူများကို လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူခြင်းကို ဇူလိုင် ၁၁ ရက်မှ စတင်ခဲ့ပြီး စည်းကမ်းမဲ့အရေးယူမှု အမျိုးအစားပေါင်း ၁၄ မျိုးဖြင့် ယာဉ်မောင်းလိုင်စင် ပိတ်သိမ်းလိုက်သည့်အမှုပေါင်း ၃၆ မှု ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Mizzima News Daily


လက်တစ်ဖက် မရှိတော့ပေမယ့် အလှမယ်ဆု ရရှိထားသူ


အေသင်အောင်

မသန်စွမ်း ဘ၀ကို ရောက်နေပေမယ့် ဘယ်တော့မှ အရှုံးမပေးခဲ့တဲ့ အသက် (၂၃) နှစ် အရွယ် နီကိုးလ်ကယ်လီဟာ အမေရိကန် ပြည်ထောင်စု၊ အိုင်အိုဝါ ပြည်နယ်ရဲ့ အလှ မယ်ဆုကို ရရှိသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အခြားပြိုင်ပွဲဝင် များစွာကို ကျော်ဖြတ်ပြီး ၂၀၁၄ အလှမယ် ချန်ပီယံဆုကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ မွေးရာပါ လက်တစ်ဖက် ပါဝင် ခြင်းမရှိခဲ့ပေမယ့် တက္ကသိုလ်မှာ စီမံခန့်ခွဲ ဘာသာရပ်နဲ့ ဘွဲ့ရယူထားတဲ့ နီကိုးလ် ကယ်လီဟာ ဘ၀တူ မသန်စွမ်းသူတွေ အတွက် လေးစားအားကျစရာ ဖြစ်လာခဲ့ပါတယ်။ ဘာပဲလုပ်လုပ် ယုံကြည်မှုထားလုပ်ကိုင်ခဲ့တဲ့ နီး ကိုးလ်ကယ်လီ ဟာ လက်ရှိအချိန်မှာတော့ နယူးယောခ်မြို့မှာ အခြေချပြီး လုပ်ငန်းခွင် ၀င်ရောက်လျက်ရှိပါတယ်။


နီကိုးလ်ကယ်လီက ကျွန်မဟာ အလုပ်တစ်ခု လုပ်တိုင်း ချိန်ဆတွေးတော လုပ်လေ့ရှိပါတယ်။ စိတ်ညစ်စရာတွေ ရှိခဲ့ပေမယ့် အရှုံးမပေးခဲ့ပါဘူး။ အရာအားလုံးကို ကြိုးစားလုပ်ခဲ့လို့ ဘေ့ဘောကစားခြင်းကနေ ကခုန်ခြင်း၊ ဒိုင်ဗင်ထိုးခြင်းအထိ ပြုလုပ်နိုင်စွမ်း ရှိပါတယ်။ ကျွန်မအနေ နဲ့ ဘာမှမကြိုးစားရင် ဖြစ်လာမှာ မဟုတ်ပါဘူး လို့ ပြောသွားခဲ့ပါတယ်။ နီကိုးလ် ကယ်လီဟာ မသန်စွမ်းသင်တန်ကျောင်းတွေကို သွားရောက်ပြီး သူနဲ့ဘ၀ တူတွေကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။ နီကိုးလ်ကယ်လီက မသန်စွမ်းဖြစ်နေတဲ့သူတွေရဲ့ မိဘတွေနဲ့ တွေ့ဆုံရန် အလွန်အရေးကြီးကြောင်း၊ စိတ်ပိုင်း ဆိုင် ရာထိခိုက်မှုမရှိစေရေး အတွက် မိဘတွေကို သတိပေးမှုတွေ ပြုလုပ် သွားရမည် ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ နီကိုးလ်ကယ်လီဟာ အဖွဲ့အစည်း တွေနဲ့ ဆက်သွယ်ပြီး လူမှုအကျိုးပြုလုပ်ငန်းတွေ ဆက်လုပ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။

Messenger


ငရဲ ဆိုတာ တကယ်ရှိပါတယ်လို့ သိပ္ပံနည်းကျ သက်သေလိုချင်ရင် ဖတ်ကြည့်ပါ



မြတ်စွာဘုရားဟောကြားခဲ့တဲ့ငရဲကြီးရှစ်ထပ်ဆိုတာကို နော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်များကအတည်ပြု၊ ကျနော်တို့ မြေကြီးရဲ့ မြေအောက်အလွှာတွင် ရွေ.လျှားမှုအကြောင်း လေ့လာကြတဲ့
ဆိုဗီယက်နိုင်ငံမှ ဘူမိဗေဒပညာရှင်များနှင့် ပြည်ပက ငှာရမ်းထားတဲ့ ဖင်လန်နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒပညာရှင်များရယ် ပူးပေါင်းပြီး…ဆိုဗီယက်နိုင်ငံ ဆိုက်ဗေးရီးယား နယ်စွန်တစ်နေရာတွင် မြေအောက်ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။

ပိုက်လုံးတွေချပြီး တူးကြရင်းက မြေအောက် အနက်ကိုးမိုင် အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူး အဖွဲ့ ခေါင်းဆောင် ဆိုဗီယက် ဘူမိဗေဒပညာရှင်ဒေါက်တာ
ဒီမီထရီအက်ဇာကော့လို့ ခေါ်ပါတယ်။ တွင်းအနက် ကိုးမိုင်ရောက်တဲ့ အခါ တွင်းတူးတဲ့ပိုက်ဟာ ထိန်းမရအောင် တုန်ခါလာတာကို တွေ့ရှိရပါတယ်။ ဘာကြောင့် တုန်ခါသလဲဟု စစ်ဆေးကြတဲ့အခါ
တွင်းတူးပိုက် ထိပ်ပိုင်းဟာ လေဟာနယ်လို တွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကို ရောက်နေလို့  ထိမ်းမရအောင် လှုပ်ရမ်းနေခြင်း ဖြစ်တယ်လို့ တွေ့ ရှိပါတယ်

အဲဒီအခါမှာတော့ လုံးဝမခံ မရပ်နိုင်အောင် နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့ အသံကို စတင်ကြားရပါတယ်။

ပထမတော့ သူတို့ ရဲ့ တွင်းတူးစက်နဲ့ ပိုက်လုံးတွေနဲ့ မြေလွှာတွေရဲ့ တုန်ခါမှုအသံဟု ထင်မှတ်ထားကြပေမဲ့ သေချာစူစမ်းပြီး နားထောင်တဲ့ အခါမှာတော့ ပိုက်လုံးတစ်လျှောက်ထဲမှာ ကြားနေ
ရတယ် အသံတွေ ဖြစ်တာကြောင့် နားတွေတောင် မယုံနိုင်အောင် ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာ ဒီမီထရီအက်ဇာကော့က ဆိုပါတယ်။ သေချာအောင်လို အသံဖမ်းစက်ကို တွင်းထဲချပြီး
အသံဖမ်း နားထောင်တဲ့ အခါမှာတော့ မခံမရပ်နိုင်အောင် အော်ဟစ်နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက် ရတယ်။ အဲဒီအသံနဲ့အတူ လူပေါင်း ထောင်ပေါင်းများစွာ
သို့ မဟုတ် သန်းပေါင်းများစွာရဲ့ အော်ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ဒေါက်တာ ဒီမီထရီအက်ဇာကော့ အပါအဝင် တခြားပညာရှင်တွေရော..တွင်းတူး လုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများစွာ ဖြစ်ခဲ့ရပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ 
အသံကူးထားလိုက်ပြီး လုပ်ငန်းကို ဆက်မလုပ်တော့ပဲ တွင်းပေါက်ကို အဖုံးဖုံးပြီး ပိတ်ထားလိုက်ကြတယ်။
ဒါဟာငရဲကို တွေ့ ရှိခြင်းလို့ သူတို့ ခံယူထားလိုက်ကြတယ်။ အနိဌာရုံတွေနဲ့လူ လောကကို ဆက်ပေးလိုက်ကြပြီးလို့ ထင်မိပါတယ်။

ကျနော်အခု ခင်ဗျားတို့ကို ပြောပြနေတဲ့ ဟာတွေက တွင်းတူးအဖွဲ့ ခေါင်းဆောင် ဒေါက်တာ ဒီမီထရီအက်ဇာကော့နဲ့  တွင်းတူးအဖွဲ့ ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ် အသက် ၆၅ နှစ်တို့ရဲ့ ပြောကြားချက်တွေပါပဲ။
ဒီသတင်းတွေကို ဖင်လန်နိုင်ငံက အင်မန်နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ် စာစောင်က ရေးသားဖော်ပြကြတယ်။

ဒီကျနော်တို့ ကမ္ဘာမြေကြီးရဲ့အောက် ကိုးမိုင်မှာ သိပ်ကို ပူလောင်တယ်လို့ သိခဲ့ရပါတယ်။ အခုကျနော်တို့ ရောက်နေတဲ့ ပူအိုက်စွတ်စိုတဲ့ တောဟာ ဖာရင်ဟိုက် အပူချိန်ဒီဂရီ ကိုးဆယ့်ငါးလောက်ပဲ ရှိတယ်။ မြေကြီးအောက်
်ကိုးမိုင်အကွာက အပူချိန် ဒီဂရီဖာရင်ဟိုက် 2000 ရှိတယ်လို့ တွက်ချက် သိရှိရတယ် ။
သူတို့ မူလခန့်မှန်းထားတဲ့ အပူချိန်ထက် ဆယ်ဆလောက်တောင် များနေတယ်လို့ တွင်းတူးအဖွဲ့ဝင်နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်က ဆိုပါတယ်။
တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှိချုပ်တို့ဟာ နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှု အရှိဆုံး အော့ဘရမ်းဘတ်စတိုက်ကီး ဆိုတဲ့ သတင်းစာကြီးက
1990ခု ဇန်နဝါရီလ4ရက်နေ့မှာ တွေ့ဆုံမေးမြန်းခဲ့တယ်။

ဘာနီနန်မီဒယ် ပြောတာတွေကို သတင်းစာမှာ ရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့…
ဒီကမ္ဘာကြီးရဲ့အောက် ကိုးမိုင်းအကွာမှာ ငရဲပြည်ဆိုတာ တကယ်ရှိနေပြီ၊ တွင်းတူးတွေ့ရှိချက်အရ ငရဲပြည်ရဲ့ ဂိတ်ပေါက်တံခါးဝပဲဟု ရေးသားခဲ့ကြတယ်။ဒီလိုတွေ့ရှိမှုတွေပြီးတဲ့နောက်မှာ နော်ဝေးနိုင်ငံနဲ့
ဖင်လန်နိုင်ငံမှ ဘူမိဗေဒပညာရှင်တချို့..အလုပ်က နှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြခဲ့ ကြတယ်။


အမှန်တစ်ကယ် ဖြစ်ရပ်က သူတို့ ငှားရမ်းထားတဲ့ နိုင်ငံခြားသား အားလုံးကို တွေ့ ရှိချက် အပြီးနှစ်ရက်အကြာမှာ ဆိုဗီယက်နိုင်ငံတွင် မထားတော့ပဲ ပြည်ပကို ပြန်ပို့လိုက်ကြပြီး အလုပ်ကနှုတ်ထွက် ခိုင်းတယ်လို့ ဆိုပါတယ်။
အဲဒီသတင်းကို ကြားတဲ့အခါမှာ ဆိုဗီယက် အာဏာပိုင်တွေဟာ လာဒ်ထိုးမှုတစ်ခုနှင့် ဖြေရှင်းလိုက်ကြတယ်။
ဆိုဗီယက် သာသနာရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်က တစ်ဦးချင်းကို ငွေပေးပြီးနှုတ်ပိတ်ခဲ့တယ်။

ဒါပေမဲ့ ငွေဘယ်လောက် ဆိုတာကိုတော့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင် ဘာနီနန်မီဒယ်ကို မေးလို့ မရခဲ့ပါဘူး။ ခန့်မှန်းရသလောက် ကတော့ တစ်ဦးစီကို သိန်းဂဏန်းလောက်
ပေးပုံရတယ်လို့  မီဒီယာသမားတွေက ထင်မြင်ချင်ဖြင့် ရေးသားခဲ့ကြပါတယ်။ ဘာနီနန်မီဒယ် ကတော့ သူရရှိတဲ့ ငွေတွေကို တပြားတချပ်မှ မယူပဲ ကယ်ဆယ်ရေး လုပ်ငန်းတွေကို
လှူဒါန်းလိုက်တယ်လို သိရပါတယ်။ ဒီသတင်း ပေါက်ကြားတဲ့ အခါမှာတော့ သူ့အသက်လဲ ဆိုးရိမ်ရပါတယ်ဟုလဲ ပြောခဲ့ပါတယ်။ ဆိုဗီယက် အာဏာပိုင်တွေဟာ ထိုငြီးငြူသံတွေကို
မြေဆီလွှာ လှုပ်ရှားသံဟု..ဆိုပြီးပယ်ချခဲ့ပါတယ်။
နောက်စာတစ်စောင်ကတော့ နော်ဝေးနိုင်ငံသား အေ့(ချ)ရန်ဒါလန်ဂျူနီယာ ဆိုတဲ့ လူရေးခဲ့တဲ့စာပါပဲ။
သူဟာ နော်ဝေးနိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီးရဲ့ အထူးအတိုင်ပင်ခံ တစ်ယောက်လဲ ဖြစ်တယ်။


စာရေးတဲ့ နေ့စွဲက ၁၉၉၀ခု ဇန်နဝါရီလ ၇ ရက်နေ့  သူ့ စာထဲမှာ ရေးခဲ့တာကတော့ ၁၉၈၉ ခု ခရစ်စမတ် ရုံးပိတ်ရက်မှာ သူက အမေရီကန်နိုင်ငံ ကားလီဖိုးနီးယား ပြည်နယ်ကို အလည်အပတ် ရောက်နေချိန်မှာ
နော်ဝေးနိုင်ငံက ဆိုက်စမစ် ဘူမိဗေဒပညာရှင်တွေဟာ တွင်းတူးရင်းနဲ့ ဟောင်းလောင်းပေါက် ဟင်းလင်းပြင်ကို တွေ့ရပြီး လူထောင်းပေါင်း များစွာရဲ့ အော်ဟစ်သံကို ကြားရကြောင်း သတင်းစာကို
ဖတ်ရတယ်။ ဒီသတင်းစာကို ဟာသဆိုပြီး ပြက်ရယ်ပြုခဲ့ပါသေးတယ်ဟု ဆိုပါတယ်။

ဒါပေမဲ့ မကြာပါဘူး ပြည့်ပြည့်စုံစုံ ရေးထားတဲ့ နော်ဝေးနိုင်ငံမှ စာတန်းကို ဖတ်လိုက်ရတဲ့ အခါမှာတော့ သူဟာ အရမ်းအံ့သြတုန်လှုပ် သွားမိပါကြောင်းနှင့် နောက်ဆုံးမှာတော့ သူ့ ကို ဘုရားသခင်ထံမှာ
အပ်နှံကြောင်းနှင့် လုံခြုံတဲ့နေရာမှာ ထားပေးကြပါလို့  ရေးသားထားကြောင်းသိရပါတယ်။


မှတ်ချက်( ၂၀၁၀ တုန်းက ဖော်ပြခဲ့တာပါ။ မဖတ်မိ၊ မမှတ်မိတဲ့သူတွေ အတွက်ပါ၊ ယုံကြည်ခြင်း မယုံကြည်ခြင်းက မိမိကိုယ်တိုင်နှင့် သာ သက်ဆိုင်ပါကြောင်း)


မူရင်း သတင်းကို ဖော်ပြထားတာတွေက

http://www.truthorfiction.com/rumors/d/drilltohellfacts.htm#.U8PD-kC8GSo


http://isrlabs.net/rants/hellsounds.html

http://ammenusastia.blogspot.com/2010/03/sounds-from-hell-real-or-hoax.html

Express Times


ဂေါ့ဇီ၏အချိန်ပိုသွင်းဂိုးဖြင့် ဂျာမနီအသင်း (၄)ကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုရယူ


၂၀၁၄ ကမ္ဘာ့ဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့သည့်ဗိုလ်လုပွဲတွင်မူ ပွဲချိန် မိနစ် (၉၀)ပြည့်သည်အထိ ဂိုးမရှိသရေကျနေခဲ့ပြီး အချိန်ပို မိနစ်(၃၀)အဆုံးအဖြတ် ဆက်ကစားခဲ့ရာတွင် ဂျာမနီအသင်းက လူစားဝင်လာသည့် ဂေါ့ဇီ၏ (၁၁၂)မိနစ်တွင် သွင်းယူသည့်တစ်လုံးတည်းသော ဂိုးဖြင့် အာဂျင်တီးနားအသင်းကို အနိုင်ရဗိုလ်စွဲခဲ့သည်။


ဂျာမနီအသင်းသည် တုံ့ပြန်ကစားခဲ့သည့် အာဂျင်တီးနား၏ ခြေစွမ်းကောင်းမွန်ခဲ့သော်လည်း ဟီဂူအင်၊ ပလာစီယိုတို့ ဂိုးသမားနှင့်တစ်ယောက်ချင်းကန်ခွင့်ရသည့် အပိုင်အခွင့် အရေးများကို လွဲချော်ခဲ့မှုကြောင့် ဒုတိယဖြင့်သာကျေနပ်ခဲ့ရခြင်းဖြစ်သည်။ အာဂျင်တီးနားအသင်း ပေးခဲ့ရသည့်ဂိုးကလည်း ဂျာမနီတိုက်စစ်ကို ပွဲချိန်တစ်ခုလုံးထိန်းထားနိုင်သည့် ဒီမစ်ချယ်လစ်၊ ဂါရေးတို့၏ အမှားတစ်ကြိမ်က တန်ဖိုးကြီးမားသွားစေခဲ့သည်။

ပွဲရလဒ်
ဂျာမနီ ၁-၀ အာဂျင်တီးနား

Eleven Media


13 Jul 2014

အရက်အနည်းငယ်သောက်ခြင်းသည် လူအချို့ ယုံကြည်သလို ကျန်းမာရေးအကျိုးကျေးဇူး မရှိ

 
 
ပါရီ− အရက်သောက်သူများ သဘောကျနှစ်ခြိုက်၍ မကြာခဏညွှန်းဆိုလေ့ရှိသည့် အချိန်ကြာမြင့်စွာယုံကြည်ထားခဲ့ကြသော ဆေးဘက်ဆိုင်ရာ အကြံပေးချက်တစ်ခုအရ အရက်တစ်ခွက် (သို့မဟုတ်)နှစ်ခွက်သောက်ခြင်းသည် နှလုံးအတွက်ကောင်းသည်ဟုဆို၏။

သို့သော် အရက်အနည်းအကျဉ်းသောက်သုံးနေခြင်းကိုလျှော့ချလိုက်ပါက နှလုံးသွေးကြောဆိုင်ရာရောဂါများကို ကာကွယ်နိုင်ခြေပိုများလာစေရုံသာမက ကိုယ်အလေးချိန်လျှော့ချရာတွင်လည်းကူညီနိုင်ကာသွေးတိုးလည်းကျစေနိုင်ကြောင်း လေ့လာမှုအသစ်
တစ်ရပ်ကဖော်ပြသည်။
မိမိတို့၏လေ့လာမှုအရ အရက်ကိုအနည်းငယ်သောက်သူဖြစ်စေ၊ အသင့်အတင့်သောက်သူဖြစ်စေ၊ အလွန်အကျွံသောက်သူဖြစ်စေ ၎င်းတို့၏အရက်သောက်သုံးမှုကိုလျှော့ချလိုက်ခြင်းဖြင့် နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးဆက်နွှယ်မှု
ရှိကြောင်းတွေ့ရှိရသည်ဟု သုတေသီများက ပြောသည်။

အရက်သောက်သုံးမှုလျှော့ချလိုက်သူများအနေဖြင့် နှလုံးသွေး ကြောဆိုင်ရာရောဂါအန္တရာယ် ၁၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်ပြီး သွေးတိုးခြင်းလည်း လျော့သွားသကဲ့သို့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) လည်းလျော့ကျသွားနိုင်သည်ဟုလေ့လာမှုအသစ်ကဖော်ပြသည်။

သင်သည် အရက် အတန်အသင့်သောက်သုံးသူဆိုလျှင်အရက် သောက်ခြင်းကိုလျှော့ချလိုက်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများရရှိနိုင်သည်ဟု လေ့လာသူများကပြောသည်။
ယင်းလေ့လာမှုရလဒ်မှာ ယခုခေတ် လူတိုင်းနီးပါးလက်ခံထား သောအရာတစ်ခုကို စိန်ခေါ်လိုက်သောကြောင့် စိတ်ဝင်စားစရာကောင်းသည်ဟု အမှီအခိုကင်းသောသတင်းတင်ဆက်သူများက ပြောသည်။ သို့သော် အချေအတင်ပြောဆိုမှုများဖြစ်လာနိုင်သည်ဟု ၎င်းတို့ကသတိပေးထားသည်။

အရက် အနည်းအကျဉ်းသောက်သုံးခြင်းနှင့် အတန်အသင့်သောက်သုံးမှုဆိုသည်မှာ သီတင်းတစ်ပတ်လျှင် အရက်ယူနစ်ပေါင်း ၁၂ ယူနစ်နှင့် ၂၅ ယူနစ်ကြား သောက်သုံးမှုကိုဆိုလိုသည်။
အရက်ပါဝင်မှု ၅ ရာခိုင်နှုန်းရှိသော ယမကာ ၃၃၀ မီလီလီတာကို အရက် ၁ ဒသမ ၆ ယူနစ်ဟုသတ်မှတ်ပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်သည့် ဝိုင် ၁၂၅ မီလီလီတာကို အရက် ၁ ဒသမ ၅ ယူနစ်အဖြစ်သတ်မှတ်ကြောင်းသိရသည်။

သို့သော် အရက်ကို လက်မခံနိုင်သော မျိုးရိုးဗီဇရှိသူများတွင် နှလုံးရောဂါကိုလျှော့ချနိုင်သောအတိုင်းအတာဖြစ်သည့်အပြုအမူများ (သို့မဟုတ်)စရိုက်များရှိကြောင်း ပါမောက္ခတင်ဆက်တာကပြောသည်။
 
Ref: AFP


ကျော်ကြားသူ ၆ဝ၈ဦး၏ ရုပ်ပုံများဖြင့် ပုံဖော်ထားသော ဗိုလ်ချုပ်မျက်နှာပန်းချီကား အာဇာနည်နေ့တွင် စတင်ပြသမည်



ကျော်ကြားသူ ၆ဝ၈ဦး၏ ရုပ်ပုံများဖြင့် ပုံဖော်ထားသော
ဗိုလ်ချုပ်မျက်နှာပန်းချီကား အာဇာနည်နေ့တွင် စတင်ပြသမည်
=============================================


ရန်ကုန်၊ ဇူလိုင် ၁၁ - အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အမှတ်တရအဖြစ် ဗိုလ်ချုပ် ကိုယ်တိုင် ပဲပြုတ်နံပြားစားသုံးနေပုံနှင့် မြန်မာပြည်တွင် အောင်မြင်ကျော်ကြား သူ ၆ဝ၈ဦးပုံပါဝင်သော ဗိုလ်ချုပ်မျက်နှာ ပန်းချီကားများကို အလှသစ်ပန်းချီပြခန်း ၌ ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါပြပွဲကို ဇူလိုင် ၁၉ရက် မှ ၃ဝရက်အထိပြသသွားမည်ဖြစ်ပြီး ပန်းချီဆရာ ၃၂ဦးမှ ပန်းချီကားပေါင်း ၇ဝခန့် ကိုပြသသွားမည်ဖြစ်သည်။

''အဓိကက ဗိုလ်ချုပ်ဘယ်လို နေခဲ့လဲ၊ ဘာလုပ်ခဲ့လဲ၊ ဗိုလ်ချုပ်က ဘာဖြစ်စေချင်တာလဲဆိုတာတွေ၊ ဗိုလ်ချုပ်ရဲ့ ကိုယ်ကျိုးစွန့်တတ်တဲ့ စိတ်ဓာတ်တွေကို သိစေချင်လို့ ပြပွဲပြုလုပ်ခဲ့တာဖြစ်ပါတယ်

ဗိုလ်ချုပ်သက်ရှိထင်ရှားရှိစဉ်က ပဲပြုတ်နဲ့ နံပြားစားနေပုံတွေ၊ သီးနှံတွေကို ကိုယ် တိုင်စိုက်ပျိုးနေပုံတွေ၊ မြန်မာနိုင်ငံမှာ အောင်မြင်ကျော်ကြားခဲ့တဲ့ မြန်မာဘုရင်၊ မိဖုရား၊ ရဟန်း၊ လူတွေရဲ့ပုံ ၆ဝဝကျော်နဲ့ရေးဆွဲထားတဲ့ ဗိုလ်ချုပ်ပုံကိုလဲ ပြသထား မှာ ဖြစ်ပါတယ်''ဟု ပြပွဲစီစဉ်သူဦးနန်းနွယ်က ပြောသည်။

ယင်းဗိုလ်ချုပ်ပုံပန်းချီကားကို အဖြူအမည်း အရောင်နှစ်မျိုးသာသုံးပြီး ရေးဆွဲထားကာ အောင်မြင်ကျော်ကြားသူ များ၏ပုံရိပ်များကို အသေးစိတ်ရေးဆွဲ ထားကြောင်း သိရသည်။

''အဲဒီပန်းချီကားမှာ ဗိုလ်ချုပ်ပုံ ကို ပုံပေါင်း ၆၈၃ပုံနဲ့ပုံဖော်ထားပါတယ်။ မြန်မာဘုရင်တွေ၊ မိဖုရားစုဖုရားလတ်တို့၊ ဦးဝိစာရတို့ကအစ မင်းကိုနိုင်၊ ကိုကိုကြီး တို့ပါ ပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည် ပုံကတော့ အများဆုံးပါဝင်တာပေါ့''ဟု ယင်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိ ရန်ကြိုးပမ်းခဲ့သော ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများသည် ဇူလိုင် ၁၉ရက်တွင် လုပ်ကြံခံရ၍သေဆုံး ခဲ့ရသော်လည်း ယနေ့တိုင် မြန်မာပြည်သူ များရင်ထဲ ရှင်သန်ကျန်ရှိနေသဖြင့် နှစ်စဉ် အမှတ်တရပွဲများ ကျင်းပလျက်ရှိသည်။
 
 သူသူထက်လွင် - Flower News ဂျာနယ် အတွဲ (၁၀)၊ အမှတ် (၂၇)။

12 Jul 2014

ပုဂ္ဂလိက၀န်ထမ်းများလည်း တစ်ပတ်လျှင်တစ်ရက် နားရက်ရတော့မည်

 
ကုမ္ပဏီဝန်ထမ်း အမျိုးသမီးငယ်များကို တွေ့ရစဉ် ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)
 နိုင်ငံ့ဝန်ထမ်းများနည်း တူအလုပ်ပိတ်ရက်ခံစားခွင့် တူ ညီစွာမရသော ပုဂ္ဂလိက လုပ်ငန်း များမှ အလုပ်သမားများအား တစ်ပတ်လျှင် တစ်ရက် မဖြစ်မ နေနားရက်အဖြစ် သတ်မှတ်ပေး ရမည်ဖြစ်ပြီး အဆိုပါနားရက်အ တွက် လုပ်ခလစာအပြည့်အ၀ရရှိ နိုင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
ယခုလ ၉ ရက်တွင်ပြုလုပ် သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ သည့် ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအရ ပုဂ္ဂလိက လုပ်ငန်းများမှ အလုပ် သမားများမှာ အထက်ပါခံစားခွင့် များရရှိမည်ဖြစ်ကြောင်း ပြည် ထောင်စုလွှတ်တော်ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေး မှူး ဦးစောလှထွန်းကပြောသည်။


‘‘ဒီဥပဒေမှာ ထူးခြားချက်က ဘာရှိလဲဆိုတော့ ပြင်ပပုဂ္ဂလိက လုပ်ငန်းက အလုပ်သမားတွေ တော်တော်များများက ပိတ်ရက် ခံစားခွင့်မညီမျှဘူး။ အခုဒီဥပဒေ ပြဋ္ဌာန်းပြီးပြီချင်း ဒီဥပဒေအရတစ် ပတ်ကို တစ်ရက်ပိတ်ရက်ရမယ်။ အဲဒီအတွက် လစာဖြတ်လို့မရ ဘူး။ အပြည့်ပေးရမယ်’’ဟု ဦး စောလှထွန်းကပြောသည်။


နိုင်ငံ့ ၀န်ထမ်းဖြစ်သော အစိုးရ၀န်ထမ်းများ အနေဖြင့်မူ တစ်ပတ်လျှင် ပိတ်ရက်နှစ်ရက်ခံ စားခွင့်ရရှိသည့်အပြင် အစိုးရရုံး ပိတ်ရက်တိုင်းတွင် ပိတ်ရက်ရရှိ နေသော်လည်း ပုဂ္ဂလိကလုပ်ငန်း  များမှ ၀န်ထမ်းများမှာမူ ထိုအခွင့် အရေးများရရှိခြင်းမရှိသဖြင့် အ ဆိုပါအချက်ကို ထည့်သွင်းထား ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ စက်ရုံက ပိတ်ရက်ဆိုတာ မရှိသလောက်ဘဲ။ တစ်လမှာ တစ်ရက်ပဲပိတ်ရက် ပေးထားတယ်။ အဲဒီပိတ်ရက်က လည်း မသွားရင် လစာအဖြတ်ခံ ရတယ်။ အဲဒါကြောင့် ဆင်းနေ  ရတာပဲ။ နေမကောင်းလို့ တောင် မနားရဲဘူး’’ဟု လှိုင်သာယာစက် မှုဇုန်အတွင်းရှိ စက်ရုံတစ်ခုတွင် အလုပ်လုပ်ကိုင်သူ ကိုအေးစိုးက ပြောသည်။


ယခု နှစ်ဆန်းပိုင်းတွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံဝန်ထမ်းနည်း ဥပဒေနှင့် ကိုက်ညီစေရန် အထက်ပါဥပဒေကို ပြင်ဆင်ရခြင်းဖြစ်ပြီး အချို့သော ခွင့်ရက်များနှင့် ပိတ်ရက်များကို ပြင်ဆင်မှုပြုခဲ့ ကြောင်း ဦးစောလှထွန်းကပင် ပြောသည်။

နိုင်ငံ့ဝန်ထမ်းနည်းဥပဒေအ ရအစိုးရ၀န်ထမ်းအမျိုးသမီးများ အနေဖြင့် ယခင်က မီးဖွားခွင့် သုံးလသာရရှိရာမှ ယခုနှစ်မတ်လ ၂၆ ရက်မှစတင်ကာ မီးဖွားခွင့် ခြောက်လ တရားဝင်ခံစားခွင့်ရရှိနေပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး က ယခုလအတွင်းပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ပြောကြားခဲ့သည်။

http://www.7daydaily.com

တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ


တရားထိုင်ခြင်းနဲ့ အိပ်မပျော်ဝေဒနာ
-----------------------------------------

အိပ်ယာထဲမှာ အိပ်မပျော်နိုင်လို့ အတင်းအိပ်ပျော်အောင်ကြိုးစားရင်း
တလူးလူးတလိမ့်လိမ့်နဲ့ ပိုပြီးအိပ်မပျော်ဖြစ်တက်ပါတယ်။
စိတ်ကိုအနားပေးပြီး ခန္ဓာကိုယ်ကိုအကြောလျော့ကာ အနားယူပါ။
ပြီးမှ နှာသီးဝမှာတိုးဝင်နေတဲ့ လေနဲ့ တိုးထွက်နေတဲ့လေ
(ဝင်လေထွက်လေ) ကိုအာရုံပြုပေးရင်မကြာခင် အိပ်ပျော်သွားပါလိမ့်မယ်။

တရားမှတ်ခြင်းဟာ ယောဂကျင့်ခြင်း၊ အသက်ရှုလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းတွေလိုပ
စိတ်ကိုငြိမ်သက်စေပြီး အိပ်ပျော်လွယ်ပါတယ်။

#KoMyintKhine

တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ


တရားထိုင်ခြင်းနဲ့ နှလုံးရောဂါ
-------------------------------------

တရားထိုင်ခြင်းနဲ့ နှလုံးရဲ့ဆက်စပ်ပုံကို အကြိမ်ပေါင်းများစွာ
သုတေသနပြုစမ်းသပ်ပြုပြီးပါပြီ။

နှလုံးရောဂါသည်အများစုဟာ ထိတ်လန့် စရာကြုံရင် ရောဂါကဖေါက်လာတက်ပါတယ်။
သူတို့ စိတ်ထဲမှာ နှလုံးရောဂါရှိတယ်ဆိုတဲ့အသိနဲ့ 
ထိတ်လန့်စရာကြုံလို့ မရဘူးဆိုတဲ့အသိ ဒွန်တွဲနေတာကြောင့်ပါ။


ထိတ်လန့် ချောက်ခြားစရာကြုံလာရင်တုန့် ပြန်နိုင်တဲ့တည်ငြိမ်မှုရအောင်
တရားထိုင်ပေးသင့်တယ်လို့ စိတ်ပညာရှင်များစွာက အကြံပြုထားကြပါတယ်။


အမေရိကန် ဂျာနယ်တခုရဲ့လေ့လာဖေါ်ပြချက်အရ
တနေ့ ကို ၁၅ မိနစ်ခန့် ၂ ကြိမ်တရားထိုင်ပေးတဲ့ သွေးတိုးရောဂါရှင်တွေဟာ
၎ လအကြာမှာ သွေးပေါင်ချိန်သိသိသာသာ ကျဆင်းသွားတယ်လို့ ဖေါ်ပြထားပါတယ်။
တရားထိုင်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းရှိသွေးလည်ပတ်မှုစနစ်ကိုပါ
အားကောင်းစေတဲ့အတွက် နှလုံးရှိသွေးသန့် စင်အားကောင်းကာ
နှလုံးရောဂါကို ပျောက်ကင်းစေတယ်လို့ ဖော်ပြထားပါတယ်။

#KoMyintKhine