11 Nov 2011

ဗိုလ်ချုပ်နဲ့ ဒေါ်စုရဲ့ ပုံကားချပ်တွေ လွတ်လပ်စွာ ဝယ်နိုင်ပြီ



ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်မှ ပုံကားချပ်များ အရောင်းဆိုင် တဆိုင် 
(ဓာတ်ပုံ - ဧရာဝတီ)

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ပုံတွေရိုက်နှိပ်ထားတဲ့ ဗီနိုင်းကားချပ်တွေကို ရန်ကုန်မြို့လယ်လမ်းမတွေမှာ လွတ်လွတ်လပ်လပ်ရောင်းချနေကြတာဟာ ၁ လကျော်နေပါပြီ။
ဗိုလ်ချုပ်ဈေးရှေ့မှ အရောင်းဆိုင် တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)

အင်္ကျီအ၀ါရောင်လေး ၀တ်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက်တည်း ပုံရယ်၊ ဗိုလ်ချုပ်နဲ့ နှစ်ယောက်တွဲထားတဲ့ ပုံတွေကို လူကြိုက်ပိုများတယ်လို့ ပုံတွေရောင်းချတဲ့သူတယောက်က ပြောပြပါတယ်။ ဒီလိုပုံတွေကိုတော့ လူငယ်ပိုင်းတွေက ပိုမိုဝယ်ယူကြပြီး ဗိုလ်ချုပ်အောင်ဆန်း တယောက်တည်းပုံတွေကိုတော့ သက်လတ်နဲ့ သက်ကြီးပိုင်းတွေက ပိုစိတ်ဝင်စားကြတယ်လို့ ပြောပြပါတယ်။
အနော်ရထာလမ်းမှ အရောင်းဆိုင်တဆိုင် (ဓာတ်ပုံ - ဧရာဝတီ)
အရွယ်အစားစုံ၊ ဒီဇိုင်းအစုံနဲ့ ပုံတွေ စထွက်ခါစတုန်းက ဝယ်တဲ့သူတချို့ဟာ ဒီပုံတွေ ၀ယ်ဖို့ ကြောက်သလိုလို ဖြစ်နေကြပြီး ဈေးမေးတဲ့အခါမှာလည်း တိုးတိုးလေးပဲ မေးဝယ်တယ်၊ ပြီးတော့ ပုံတွေကိုလည်း အိတ်ထဲကို မြန်မြန်ဆန်ဆန်ပဲ ထိုးသွင်းကြတယ်လို့ ဈေးသည်တယောက်က ပြောပြပါတယ်။ အခုနောက်ပိုင်းမှာတော့ ဝယ်သူတွေဟာ အရင်ကလို ကြောက်စိတ် သိပ်မထားတော့တာတွေ့ရတယ်လို့ ပြောပြပါတယ်။

ပုံတပုံကို ကျပ် ၁၀၀၀၊ ၁၅၀၀၊ ၁၈၀၀၊ ၂၀၀၀ အသီးသီး ဈေးရှိကြပါတယ်။ ပုံတွေ စထွက်တုန်းက တနေ့ကို ကျပ် ၅သောင်းကျော် အထိ ရောင်းရတယ်လို့ ဆိုပါတယ်။ အခုအချိန်ထိလည်း ရောင်းနေရဆဲဖြစ်ပြီး တနေ့ကို ကျပ် ၃သောင်းကျော်ဖိုးအထိ ရောင်းနေရတယ်လို့ ပြောပြကြပါတယ်။ တချို့လည်း ရောင်းအား မကျသေးဘူးလို့ ဆိုတယ်။

ဖက်ရှင်

Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်
Fashion euphoria ဖက်ရှင် ပွဲတော်မှ သက်မွန်မြင့်
Fashion euphoria ဖက်ရှင် ပွဲတော်မှ ဝိုင်းစုခိုင်သိန်း
Fashion euphoria ဖက်ရှင် ပွဲတော်မှ သဉ္စာနွယ်ဝင်း
Fashion euphoria ဖက်ရှင် ပွဲတော်မှ မိုးဟေကို
Fashion euphoria ဖက်ရှင် ပွဲတော်မှ မိုးယုစံ
Fashion euphoria ဖက်ရှင် ပွဲတော်မှ ဖွေးဖွေး
Fashion euphoria ဖက်ရှင် ပွဲတော်မှ အေးမြတ်သူ
Fashion euphoria ဖက်ရှင် ပွဲတော်မှ ခင်လေးနွယ်
Fashion euphoria ဖက်ရှင် ပွဲတော်မှ ချေရတနာ
Fashion euphoria ဖက်ရှင် ပွဲတော်မှ မေသန်းနု နှင့် စိုးမြတ်သူဇာ
Fashion euphoria ဖက်ရှင် ပွဲတော်မှ ရဲအောင်၊ ခန့်စည်သူ၊ ပြေတီဦး၊ စိုင်းစိုင်းခမ်းလှိုင်
Fashion euphoria ဖက်ရှင် ပွဲတော်မှ ဟိန်းဝေယံ နှင့် ဝတ်မှုန်ရွှေရည်

10 Nov 2011

ကမ္ဘာပေါ်မှာ အချမ်းသာဆုံးပုဂ္ဂိုလ် ကွန်ပြူတာ ဆော့ဝဲလ်သူဌေးကြီး Bill Gates အကြောင်း သိကောင်းစရာ

 

ကျွန်တော်တို့ အသက်ရှင်နေထိုင်ရာ ဤကမ္ဘာကြီးပေါ်၌ ဥစ္စာဓနကြွယ်ဝဆုံး၊
အချမ်းသာဆုံး ပုဂ္ဂုလ် အဖြစ် ၁၁ နှစ်တိုင်တိုင် နေရာယူခဲ့ဖူးပါသည်။
သူပိုင်ဆိုင်သည့် ဒေါ်လာငွေစက္ကူများကို ဆက်ကြည့်လိုက်လျှင် လနှင့်
ကမ္ဘာကြား ၆ ခေါက်လောက် ဆက်မှ ကုန်သွားမည်ဟု ဆိုပါသည်။
သူလျှောက်လှမ်းသွားရာ တစ်နေရာ၌ တစ်ဒေါ်လာတန် ငွေစက္ကုတစ်ရွတ်ကျနေမည်
ဟုဆိုပါအံ့။ သူ့အနေနှင့် လှမ်းကောက်ယူရန် မသင့်ဟု ဆိုကြပြန်ပါသည်။
သူတစ်ဒေါ်လာတန်ကိုကောက်ယူရမည့် အချိန်မှာ တစ်စက္ကန့်လောက် ကြာညောင်းမည်
ဖြစ်ရာ စက္ကန့်တိုင်း စက္ကန့်တိုင်း၌ ၄ ဒေါ်လာလောက် ၀င်ငွေ ရှိနေတော့
တစ်မိနစ် ဒေါ်လာ ၁၄၀။ တစ်နာရီ ဒေါ်လာ ၁၄၄၀၀။ တစ်ရက်ဆိုတော့ ဒေါ်လာ ၃၄၅၆၀၀၊
ဒေါ်လာ သုံးသိန်းခွဲနီးပါး။ ဒါ့ကြောင့်လဲ ၅၈ ဘီလျှံ ပိုင်ဆိုင်သူ အဖြစ်
ကမ္ဘာ့ အချမ်းသာဆုံးနေရာမှာ သူဆယ်စုနှစ်စွန်းသည်အထိ
ရှိနေခဲ့ခြင်းဖြစ်ပါလိမ့်မည်။ ထိုသူကတော့ ဘီလ်ကိတ် ကွန်ပြူတာ
ဆော့ဝဲလ်သူဌေးကြီး Bill Gates ။


ဘီလ်ကိတ်ကို အမေရိကန်နိုင်ငံ စီတယ်မြို့လေးမှာ မွေးသည်။ မွေးသက္ကရာဇ်က ၁၉၅၅-အောက်တိုဘာလ ၂၈ ။ အဖေက
ရှေ့နေ။ အမေက ကျောင်းဆရာမ ။ သူ့အထက်မှာတော့ အစ်မ နှစ်ယောက်ရှိပါသတဲ့ ။
၁၉၇၃ ခုနှစ်မှာ ဟားဗတ်(Harvard) တက္ကသိုလ်သို့ သူတက်ရောက်သည်၊ ၁၆၃၆
ခုနှစ်ထဲက စတင်တည်ထောင်ခဲ့သော ဟားဗတ် တက္ကသိုလ်မှာ သူက သချာင်္ကျောင်းသား ၊
သို့သော်လည်း သူဘွဲ့ရသည် အထိ မတက်ခဲ့၊ အချိန်ကုန်သည်ဟုဆိုကာ
တစ်နှစ်ကျော်နှစ်နှစ်နီးပါးမှာ ကျောင်းထွက်ခဲ့သည်။၁၉၇၅ နှစ်ကိုရောက်တော့
ကမ္ဘာကျော် မိုက်ခရိုဆော့ (Micro Soft) ကွန်ပြူတာကုမ္ပဏီကို
တည်ထောင်ခဲ့ပါသည်။ သို့နှင့် ၁၉၇၀ နှစ်လွန်များက ဗိုလ်ဆွဲထားသော IBM
ကွန်ပြူတာ ကုမ္ပဏီကို ၁၉၉၀ အလွန်နှစ်များမှာ Bill Gates ၏ မိုက်ခရိုဆော့ က
ဘေးဖယ်ထုတ်ပြစ်နိုင်ခဲ့ပါတယ်။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Executive Chairman
ဘီလ်ကိတ်။ ဘီလ်ကိတ် အမေ ကျောင်းဆရာမက သူ့သား ဘီလ်ကိတ်အား ငယ်ငယ်လေးထဲက
ဘ၀လမ်းညွှန်အဖြစ် ဆုံးမစကားတစ်ခုဆိုလေ့ ရှိခဲ့သည်။ ပရဟိတ လုပ်ပါတဲ့ ………
အမေ့စကားကြောင့်လားတော့မသိ ဘီလ်ကိတ်တို့ ဇနီးမောင်နှံက ၂၀၀၀
ပြည့်နှစ်တွင် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်လိုက်သည်။ Bill and Me Linda
Gates Foundation ။ မတည်ငွေ ဒေါ်လာ ၃၇.၃ ဘီလီယံ ဖြစ်သည်။ ၂၀၀၄
ကိုရောက်လာတော့ ပရဟိတ ကို စိတ်နှစ်လုပ်ဖို့ သူစဉ်းစားသည်။ ၂၀၀၆ မှာ
မိုက်ခရိုဆော့ ကုမ္ပဏီကနေ အလုပ်ထွက်ဖို့ သူဆုံးဖြတ်သည်။ ၂၀၀၈ ၊ ဇွန်လ ၂၈
ရက်နေ့တွင်တော့ တကယ့်ကိုပဲ မိုက်ခရိုဆော့ကနေ သူအလုပ်ထွက်လိုက်ပါတော့တယ်။
သို့သော် Non- Executive Chairman အဖြစ် တစ်ပတ်ကိုတစ်ရက်လောက်
ကုမ္ပဏီအလုပ် လာလုပ်ပေးဖို့ သူသဘောတူခဲ့သည်။ အဓိက ဘ၀ အစိတ်အပိုင်းကတော့
ပရဟိတ လုပ်ငန်းတွေထဲမှာ နှစ်မြှုတ်ဖို့။ ဘီလ်ကိတ်က အားလပ်ချိန်တော့မှာ
Online ကနေ ဘူမိဗေဒ။ ရူပဗေဒ နှင့် သမိုင်း တို့ကို သင်ယူမည်ဟု ဆိုသည်။
သူက ပိုင်ဆိုင်ထားသော ဒေါ်လာ ၅၈ ဘီလီယံ ကို အကုန်လှူမည်ဟု ကြေငြာထားသည်။
သူ၏ သား နဲ့ သမီးကိုပင် အမွေမပေး ။ ပညာသင်ပေးထားပြီးဖြစ်၍
လုံလောက်ပါပြီတဲ့။ဘီလ်ကိတ်က ဌက်ဖျား နဲ့ AIDS တိုက်ဖျက်ရေးတွင် သူ့ငွေတွေ
သုံးဖို့ အဓိက ရည်မှန်းသည်။ နောက် AIDS ကာကွယ်ဆေးထုတ်ဖို့ ၊
ဆင်းရဲမှုတိုက်ဖျက်ရေး၊ ရေရရှိရေး၊ ပညာရေး၊လယ်ယာမြေဖွံဖြိုးရေး
စသည်..စသည်များ အတွက် ။ ဒါ့အပြင်လောလောဆယ် ၂၀၀၈ ခုနှစ် မေလ ၂ရက်နေ့နဲ့ ၃
ရက်နေ့များက တိုက်ခတ်သွားခဲ့သော နာဂစ်မုန်တိုင်းလွန် သောကတွေ
၊မျက်ရည်စက်တွေ၊ ခြေလွတ်လက်လွတ်ဘ၀များစွာအတွက် ဒေါ်လာ ၃သန်း ပေးလှူထားသည့်
ဘီလ်ကိတ်။ တကယ့်တကယ်တမ်းတော့ အတ္တဟိတတွေနှင့် ထူထူထဲထဲ
ကျပ်ညပ်လျှက်ရှိနေသော ဤလောက ထဲမှာ ပရဟိတ စိတ်ရှိဖို့ဆိုတာ
တော်တော်လေးခဲယဉ်းပါတယ်၊ အရိုးအရင်းလေး အကြွင်းအကျန်လေးများကိုသာ
ပေးချင်သူက တော်တော်များပါတယ်၊ အကြွင်းမဲ့ ပေးဆပ်ဖို့ဆိုတာ
မဟာဒုလ္လဘတရား၊။ အခု ၅၈ ဘီလီယံတဲ့ ၊ရှိတာ အကုန်တဲ့ မျက်ရည်မခြောက်သော
ကမ္ဘာ့သားများအတွက်တဲ့ ။ မိုက်ခရိုဆော့ ကုမ္ပဏီ၏ Window System ထက်
ဘီလ်ကိတ်၏ လူသားအကျိုးပြုနှလုံးသားကို ကမ္ဘာက မှတ်တမ်း တင်ထားခဲ့ပြီ
ဖြစ်ပါသည် ………

from Ko Sithu Latt (facebook)

8 Nov 2011

အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ် ( ကိုရီးယား )


နိုင်ငံတကာက လာရောက်ကြည့် ရှုသူတွေနှင့် ပါစည်ကားလှပါတယ်…

တောင်ကိုးရီးယားနိုင်ငံ၊ ဂျင်ဒို ဆိုတဲ့ ကျွန်းကလေးတစ်ခုမှာ မိုးစက်ရဲ့ အံ့ သြဖွယ်ရာဖြစ်ရပ်ဆန်းကျယ် လို့ 
ခေါ်ဆိုတဲ့ အလွန်ထူးဆန်းလွန်းတဲ့ သဘာဝဖြစ်ရပ်တစ်ခုနှစ်စဉ်ဖြစ်ပေါ်လေ့ ရှိပါတယ်…


တစ်နှစ်ကိုနှစ်ကြိမ်၊ ပင်လယ်ရေကျချိန်မှာ အဆိုပါ ဂျင်ဒိုကျွန်းနှင့် မိုဒိုကျွန်းအကြားကရေပြင်မှာ အရှည်
၂.၈ ကီလိုမီတာ ( ၁.၇ မိုင်ခန့် ) နဲ့ အကျယ် ၄၀ မီတာ ( ၁၃၁ ပေ ခန့်  ) ရှိတဲ့ မြေပြင်ပေါ်လာပြီး လူ
တွေဖြတ်သွားလို့ ရအောင် တစ်နာရီလောက်ကြာအောင် ဖြစ်နေတတ်ပါတယ်…


လောကကြီးဟာဆန်းကျယ်လှပါတယ်…
ထိုသဘာဝဖြစ်ရပ်ဆန်းကို ပွဲတော်တစ်ခုအနေနဲ့ ကျင်းပကြပြီး

ကမ္ဘာတစ်ဝှမ်းကလာရောက်ကြ သူတွေလည်းနှစ်စဉ်ပါဝင်လေ့ ရှိကြပါတယ်…
ထိုဖြစ်ရပ်ဆန်းကို ၁၉၇၅ ခုနှစ်အထိ ပြင်ပကမ္ဘာမှ မသိရှိကြသေးပါဘူး….၎င်းနှစ်မှာပြင်
သစ်ပြည်က သံ
တမန်တစ်ဦး တောင်ကိုရီးယားကိုလာရောက်လည်ပတ်ခဲ့ ပြီး
နောက်ထိုအကြောင်းကို ပြင်သစ်သတင်းစာမှာရေးသားခဲ့ ပြီးနောက်မှ ကမ္ဘာကသိရှိသွားခဲ့ တာဖြစ်ပါတယ်…

ကမ္ဘာ္ဘ့ တစ်ခြားဘယ်နေရာမှာမှ ဒီလိုမရှိပါ….
ထိုဖြစ်ရပ်ဆန်းကြယ်ရဲ့ သမိုင်းကတော့ ဒီလိုပါ…
တစ်ချိန်မှာ ဂျင်ဒိုကျွန်းရဲ့ ရွာကလေးဟာ ကျားဆိုးတွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းခံခဲ့ ရပါတယ်…
ရွာသားတွေအားလုံးဟာ အနီးအနားက မိုဒိုကျွန်းကိုထွက်ပြေးခိုလုံနိုင်ခဲ့ ကြပေမယ့် 
အသက်အရွယ်ကြီးရင့် သူ အဘွားအိုတစ်ဦးကတော့ ကူညီမယ့် သူမရှိလို့ 
နောက်မှာကျန်နေခဲ့ ရရှာပါတယ်…
စိတ်ပျက်အားငယ်စွာနဲ့ သူမဟာ
ပင်လယ်စောင့် နတ်မင်းကိုတိုင်တည်ရှိခိုးဆုတောင်းခဲ့ ရာမှာ၊
နတ်မင်းကြီးက ပင်လယ်ပြင်ကြီးကို နှစ်ခြမ်းခွဲကာ သူမကို သွေးဆာနေတဲ့ တောရိုင်းတိရိစ္ဆာန်တွေရဲ့ ဘေးကနေ
လွတ်အောင် မိုဒိုကျွန်းကိုထွက်ပြေးနိုင်ဖို့ ဖန်ဆင်းပေးခဲ့ တယ်လို့ ဆိုပါတယ်…
အဲဒီကနေစပြီးနှစ်စဉ်နှစ်တိုင်း ပင်လယ်ရေပြင်ဟာ
ကျွန်းနှစ်ကျွန်းကိုကူးပြီး လူတွေဖြတ်သွားနိုင်အောင်လျော့ နည်းပေးခဲ့ ရတယ်လို့ ဆိုပါတယ်…

ကြုံတောင့် ကြုံခဲမို့ လာရောက်ဆင်နွှဲကြပါတယ်…
ထိုပွဲတော်အဖြစ်အပျက်ဟာ နှစ်စဉ် မေလ ၁၈ ရက်နေ့ မှာဖြစ်ပေါ်လေ့ ရှိပါတယ်…
ကိုရီးယားတွေကတော့ နှစ်စဉ် မတ်၊မေ နဲ့ ဂျူလိုင် လတွေမှာ ပွဲတော်ကိုကျင်းပကြပါတယ်…
အခုတော့ ပိုမိုများပြားလာတဲ့ ဧည့် သည်တွေကြောင့် 
ပွဲတော်ကို ဧပြီ လမှာလည်းကျင်းပဖို့ ဆုံးဖြတ်ခဲ့ ကြပါတယ်…

အင်ဒိုနီးရှား ရိုးရာ ဖက်ရှင် ဒီဇိုင်းများ