15 Nov 2011
ဦးကျော်သူ နှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ တို့အား ဒေါက်တာဘွဲ့ ချီးမြှင့်
ပြည်သူ့ဂုဏ်ရည်ဆုရှင်တစ်ဦးဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ နှင့် ဇနီးဖြစ်သူ ဒေါ်မြင့်မြင့်ခင်ဖေ တို့ အား
ရန်ကုန်မြို့  ဧမာနွေလ နှစ်ခြင်းခရစ်ယာန်ဘုရားရှိခိုးကျောင်းမှ Doctor of Humane Social Services ဘွဲ့ နှင့်
Master of Humane Social Services ဘွဲ့ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။
နိုဝင်ဘာလ ၁၃ ရက်နေ့  ညနေက ပြုလုပ်သော
ရန်ကုန်မြို့  ကျောက်တံတားမြို့ နယ် အမှတ် ၄၁၁၊ မဟာဗန္ဓုလလမ်းရှိ
ဧမာနွေလ နှစ်ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်း၏ ၂၁ နှစ်မြောက်
မဟာဓမ္မသဘင်ပွဲတွင် ယင်းသို့  လူမှုရေးဆိုင်ရာ ဘွဲ့ တံဆိပ်များ
ချီးပေးအပ်ခဲ့ခြင်းဖြစ်သည်။
ယင်းအခမ်းအနားတွင် ဦးကျော်သူ (ခ) ဦးကျော်ဝင်း အား
Doctor of Humane Social Services (D.H.S.S) ဘွဲ့ ၊
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား Master of Humane
Social Services (M.H.S.S) ဘွဲ့ တံဆိပ် ချီးမြှင့်ခဲ့ပြီး သိက္ခာတော်ရ
သင်းအုပ်ဆရာတော်ကြီး Rev. Dr. Paul F. Johns က ပေးအပ်ခဲ့သည်။
ထို့ ပြင် ဆရာမကြီး ဒေါ်မေမေခင်အား Doctor of Divinity (D.D)
ဘွဲ့ ပေးအပ်ခဲ့ပြီး ဒေါ်မော်မော် (စာရေးဆရာမ လမင်းအိမ်)၊ ဒေါ် Peggy Gyaw၊ ဒေါ် Rowena Hein တို့အား
Master of Humane Social Services (M.H.S.S) ဘွဲ့ များ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဦးကျော်သူအား D.H.S.S ဘွဲ့  ချီးမြှင့်ရခြင်းအကြောင်းနှင့်ပတ်သက်၍ ဧမာနွေလ နှစ်ခြင်းအသင်းတော်၏
သိက္ခာတော်ရဆရာတော်ကြီး ပေါလ်အက်ဖ် ဂျွန်စ် က “ဦးကျော်သူကို ဖာသာတို့က ဂုဏ်ထူးဆောင်ဘွဲ့  ပေးအပ်ရတဲ့ အကြောင်းရင်းက
ဘာလဲဆိုရင် ဦးကျော်သူက လူမှုရေးလည်းလုပ်တယ်။ လူမျိုးမရွေး၊ ဘာသာမရွေး ကူညီမစတတ်တဲ့လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်
ဦးကျော်သူကို ပေးအပ်ရတာ ဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ ဘုရားသခင်က လူတွေရဲ့ မျက်ရည်သုတ်ပေးတယ်တဲ့။ အဲဒီတော့
လူတွေရဲ့ မျက်ရည်ကိုသုတ်ပေးတဲ့လူတွေ အကုန်လုံးက ဘုရားသခင်ရဲ့အလုပ်ကို လုပ်တာနဲ့  အတူတူပါပဲ။ သေခြင်းတရား တွေ့မှပဲ
လူတွေက မျက်ရည်ကျတာ များတယ်လေ။ ဦးကျော်သူက အဲဒီလိုလူတွေကို မျက်ရည်သုတ်ပေးတာက တကြောင်း၊ ဆင်းရဲချမ်းသာမရွေး
မှန်အခေါင်းလေးနဲ့ အသုဘပို့ ပေးတယ်လေ။ ဘုရားသခင် လုပ်တဲ့အလုပ် ကိုကျော်သူက လုပ်တယ်။ ဒါကြောင့် ဘုရားသခင်အလိုတော်ရ
ဒီဘွဲ့ ကိုချီးမြှင့်ပေးခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်အား M.H.S.S ဘွဲ့ ချီးမြှင့်ခြင်းနှင့် ပတ်သက်၍လည်း “ခင်ပွန်းဖြစ်သူနှင့်အတူ
လူမှုရေးလုပ်ငန်းများကို ‘မောင်တထမ်း မယ်တရွက်’ တက်တက်ကြွကြွ ဆောင်ရွက်ပေးသည့်အတွက် ချီးမြှင့်ရခြင်းဖြစ်တယ်”
ဟု ပြောကြားခဲ့သည်။
ဦးကျော်သူက ကျေးဇူးတင်စကား ပြန်လည်ပြောကြားရာတွင် “ယခုကဲ့သို့  ချီးမြှင့်ခံရခြင်းအတွက် အံ့သြ၀မ်းသာမိပါကြောင်း၊
အံ့သြရခြင်းမှာ မိမိတို့ ဗုဒ္ဓဘာသာမှ ယခုကဲ့သို့  ချီးမြှင့်ခံရခြင်းမရှိဘဲ မိမိတို့နှင့် ဘာသာမတူသော ခရစ်ယာန်အဖွဲ့ မှ
ချီးမြှင့်ပေးသည့်အတွက် အံ့သြရခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မိမိ ဤဘွဲ့ အားရရှိခြင်းမှာ မိမိတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ
အသင်းသားများ၏ ပေးဆပ်မှုများ၊ အလှူရှင်များ၏ လှူဒါန်းမှုများနှင့် ပါဝင်ပတ်သက်ကြောင်း၊ နိုင်ငံတော်အစိုးရအား မိမိတို့ တဖက်တလမ်း
လူမှုရေးကူညီမှုများဖြင့် ပံ့ပိုးပေးခဲ့သလို၊ တိုင်းရင်းသားဒေသ နယ်စပ်ဒေသများရှိ စစ်ပွဲများကိုလည်း အမြန်ဆုံးရပ်ဆိုင်းခွင့် ရရှိကာ
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသော နိုင်ငံရေးသမားများအားလုံး လွတ်ငြိမ်းခွင့်ရရှိစေရန် ဘုရားသခင်မှ ကောင်းချီးပေးပါစေ”
ဟူ၍ ပြောကြားခဲ့သည်။
ဒေါ်မြင့်မြင့်ခင်ဖေ ကလည်း “ယခုကဲ့သို့  ဘွဲ့ ချီးမြှင့်ခံရသည့်အတွက် များစွာ ၀မ်းမြောက်မိပါတယ်။ မိမိတို့ လို ဘာသာခြားကို
မုဒိတာထားနိုင်တဲ့ ဆရာတော်ကြီးတွေကို ကျမ ကျေးဇူးအများကြီးတင်ပါတယ်။ ယခုကဲ့သို့ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းသည်
နိုင်ငံတော်တွင် အထူးလိုအပ်နေသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှာ ဘာသာတွေကွဲပြားနေခြင်း၊ လူမျိုးများကွဲပြားနေခြင်းကို
အမြန်ဆုံး စည်းလုံးညီညွတ်မှုကိုရနိုင်မယ့် ပြယုဂ်လေးတစ်ခုဖြစ်ပါစေလို့  ကျမ ဆုတောင်းပေးပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့နောက် ဧမာနွေလဘုရားကျောင်းရှိ ဆရာတော်ကြီးများက ကောင်းချီးပေးခြင်း၊ ငြိမ်းချမ်းရေးဖယောင်းတိုင် နှင့် မွေးနေ့
အထူးဖယောင်းတိုင်များ ထွန်းညှိဆုတောင်းခြင်း၊ ပရိသတ်များက ဓမ္မသီချင်းများ သီဆိုခြင်း၊ တေးသံရှင် ဖြူဖြူကျော်သိန်းနှင့်
UBS အဖွဲ့ က ဓမ္မတေးများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသည်။  
မှ
ကူးယူတင်ပြပါသည်.......
14 Nov 2011
(အမူးသမား ၁၁ ပါး) ကဲ သယ်ရင်းတို့ရော ဘယ်နံပါတ်ထဲကလဲ?
(1) ခွေးမူး.... မူးလာသည်နှင့် အခြားသူများကို
ဒေါသထွက်ကာ ရန်ရှာတတ်သူ
(2)ဆိတ်မူး..... တွေ့သမျှ စားစရာများ အမြည်းများကို
တယောက်တည်း ဒိုင်ခံ အားပေးသူ
(3) ကြက်မူး.... ရေချိန်မှန်လာလျှင် မိန်းကလေးများကိုသာ
စိတ်ဝင်စားတော့သူ
(4) မျောက်မူး....ခုန်ချင်ပေါက်ချင်
ကချင်လာသူ
(5)၀က်မူး....တွေ့ရာနေရာတွင်
ထိုးအိပ်တတ်သူ
(6)ဆက်ရက်မူး..... အဆက်မပြတ်
တော်ကီလွှတ်သောသူ
(7)တောက်တဲ့မူး.....ခွါမရတော့အောင်
ကပ်ရစ်၍ တိုင်ပတ်သောသူ
(8)နွားမူး......မူးလာလျှင် ချည်တိုင်ကို
သတိရ၍ ပြန်ရန်ပြင်တတ်သူ
(9)ဖွတ်မူးပုတတ်မူး.... အမူးပြေသွားလျှင် မူးနေစဉ် လုပ်သည်များကိုဘာမျှမမှတ်မိဟု ပြောတတ်သူ
(10))မြွေမူး... မည်မျှသောက်သောက် တွင်းဝင်ဖြောင့်သည်
လုပ်စရာရှိသည်များကို မမှားဘဲလုပ် နိုင်သူဟု ဆိုလိုသည်
(11)သာလိကာမူး... နှစ်ပက်လောက်သောက်ပြီးတိုင်း
ငါမူးနေပြီကွ ဟု အမြဲပြောတတ်သူ
ထူးဆန်းဖြစ်ရပ်
ကလေး ရှစ်မွှာပူးမိခင်
အမေရိကန်နိုင်ငံ - ကယ်လဖိုးနီးယားပြည်နယ်မှာ ရှိတဲ့  Nadya Suleman ဆိုတဲ့ အမျိုးသမီးဟာ ... သူမယောင်္ကျားနဲ့  1999 ခုနှစ်မှာ ကွာရှင်းပြီးတဲ့နောက်ပိုင်း ကလေးလိုချင်လာပါတယ် ... 
အဲဒီနောက် David Solomon ဆိုတဲ့ သုတ်ပိုးလှူတဲ့ အမျိုးသားဆီမှ သုတ်ပိုးရယူပြီး ကိုယ်ဝန်ဆောင်ခဲ့ရာကနေ.. မထင်မှတ်ပဲ ၈ မွှာပူးကိုယ်ဝန်ဆောင်နိုင်ခဲ့ပါတယ် .... 
သူမဟာ 2009 ခုနှစ် ဇန်န၀ါရီလမှာ ရှစ်မွှာပူးကို မွှေးခဲ့ပါတယ်... သူမဟာ ကမ္ဘာမှာဒုတိယမြောက် ရှစ်မွှာပူးကိုယ်ဝန်ဆောင်ခဲ့သူဖြစ်ပါတယ် .. 
ခု ရှစ်မွှာပူးကလေးတွေကိုတော့ sulemom octuplets လို့ ခေါ်ပါတယ် ... 
( ပုံထဲ က ဗိုက်ကြီးက အကြီးကြီးနော် :P )
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
ကမ္ဘာ့အသက်အငယ်ဆုံး မိခင် ( အသက် ၅ နှစ် )
တစ်လခွဲအကြာ မေလ 14 ရက် 1939 ခုနှစ်မှာ သူမဟာ ၆ ပေါင်ရှိတဲ့ ယောင်္ကျားလေးကို ခွဲစိတ်ပြီးမွေးဖွားခဲ့ပါတယ်....
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကမ္ဘာ့အသက်ကြီးဆုံး ပထမဆုံးကလေးမွေးဖွားသူ  ( အသက် ၇၀ )
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် 
ကလေးအများဆုံး မွေးသူမိခင် ( ကလေး ၆၉ ယောက် ) 
ယခု ခေတ်သစ် ကလေးအများဆုံးမွေးသူ အဖြစ်စံချိန် တင်ထားရသူကတော့ Leonitan Albina ဆိုတဲ့ San Antonio ပြည်နယ် Chile က အမျိုးသမီးဖြစ်ပါတယ် .. သူမဟာ တရားဝန် ၅၅ ယောက်တိတိမွေးပြီးဖြစ်ပြီး ၆၄ ယောက် မွေးဖို့  ရည်မှန်းထားတယ်လို့ ဆိုပါတယ်....
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
ကမ္ဘာ့ပထမဆုံး အမျိုးသားအဖြစ် ကိုယ်ဝန်ဆောင်မိခင်
Oregon ပြည်နယ်က Thomas Beatie ဆိုတဲ့အမျိုးသားဟာ အမျိုးသမီးအဖြစ်မှ လိင်ပြောင်းကုသမှူခံယူပြီး အမျိုးသားဘ၀ သို့ ပြောင်းလဲထားသူ ဖြစ်ပါတယ် ...
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့အသက်အကြီး ဆုံးအမွှာပူးမိခင် ( ၇၀ နှစ် )
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကမ္ဘာ့ကလေးအများဆုံး အငှားမွေးသူ မိခင်
ကလေး အငှားမွေးသူမိခင် ဖြစ်တဲ့ Carole Horlock ( အသက် 42 နှစ် ) ဟာ ၁၃ နှစ်အတွင်း ကလေး ၁၂ ယောက်ကို အငှားကိုယ်ဝန်ဆောင်ပေးခဲ့သူ ဖြစ်ပါတယ် ။ သူမဟာ ၃ မွှာပူးအပါအ၀င် ကလေးများကို အငှားကိုယ်ဝန်ဆောင်ခဲ့သူ အဖြစ် စံချိန်တင်ခဲ့ပါတယ်...သူမဟာ ကလေးတစ်ယောက်ကို ကိုယ်ဝန်ဆောင်ခ ဒေါ်လာ 25.000 မှာ 30.000 အထိ ရပါတယ်...
ကမ္ဘာ့အသေးဆုံးမိခင် 
ကမ္ဘာ့အသေးဆုံးမိခင် 
ကမ္ဘာ့အသေးဆုံးမိခင် နှစ်ယောက်ရှိပါတယ် ပထမ တစ်ယောက်ကတော့ ၂ ပေ ၄ လက်မသာရှိတဲ့ Stacey Herald ဖြစ်ပါတယ် ... သူမဟာ ကိုယ်ဝန်ဆောင်ခြင်းဟာ သေစေနိုင်မယ်လို့  ဆရာဝန်တွေ အတန်တန် တားတဲ့အထဲက ကလေး နှစ်ယောက်ကို မရမက မွေးထားပြီးဖြစ်ပြီး ခု တတိယမြောက်ကိုယ်ဝန်ဆောင်ထားပါတယ် ...
ဒုတိယမြောက် အသေးဆုံးမိခင်က တော့် ၂ ပေ ၉ လက်မ ရှိတဲ့ Cristianne Ray ဖြစ်ပါတယ် .. သူမ ဟာ Kyrsten Bowden ဆိုတဲ့ ကလေးတစ်ယောက်ကို မွေးထားပါတယ် ။
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
ကမ္ဘာ့ကလေးအသေးဆုံး ( အရှင် ) မွေးသူမိခင်
Mahajabeen Sheikh ဆိုတဲ့ အမျိုးသမီးဟာ စက်တင်ဘာ 19 ရက် 2004 မှာ  Rumaisa Rahman ဆိုတဲ့ ၁၀ လက်မ - 8.6 အောင်စ ရှိတဲ့ မိန်းကလေးကို  Loyola University Medical Center မှာမွေးခဲ့ပါတယ် ...  
Rumisa Rahman ဆိုတဲ့ ကလေးလေးနဲ့  ၁ ပေါင် ၄ အောင်စ ပါတဲ့ Hiba ဆိုတဲ့ အမွှာယောင်္ကျားကလေးတစ်ယောက်ကိုပါ မွေးခဲ့တာပါ.. 
ဟောလိဝုဒ် စူပါစတား မာရီလင်းမွန်ရိုး၏ ဧရာမ ရုပ်ထုကြီး
ဟောလိဝုဒ် စူပါစတား မင်းသမီး မာရီလင်းမွန်ရိုး၏ ပုံတူ အမြင့်ပေ ၂၆ ပေရှိသော ဧရာမ ရုပ်ထုကြီးကို ဇူလိုင်လ ၁၅ရက် သောကြာနေ့က အမေရိကန် ပြည်ထောင်စု ချီကာဂိုမြို့တော်တွင် ပြသခဲ့ရာ လူအများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြသည်။
ထာဝရ မာရီလင်း “Forever Marilyn” ဟု အမည်ပေးထားသော ထိုရုပ်ထုကြီးကို တစ်ချိန်က ကမ္ဘာကျော် မင်းသမီး မာရီလင်း မွန်ရိုး၏ နာမည်ကျော် ရုပ်ရှင်ဇတ်ကား ‘Seven Year Itch’ အတွင်းမှ ဇတ်ဝင်ခန်းကို အခြေခံပြီး အမေရိကန် ပန်းချီနှင့် ပန်းပုပညာရှင် Seward Johnson ကထုလုပ်ခဲ့ခြင်းဖြစ်ပြီး လာမည့် နွေဦးရာသီအထိ အဆိုပါနေရာတွင် ပြသထားမည်ဟု သိရသည်။
Marilyn Monroes Giant Statue Marilyn Monroes Giant Statue1 Marilyn Monroes Giant Statue2 Marilyn Monroes Giant Statue3 Marilyn Monroes Giant Statue6 Marilyn Monroes Giant Statue7
မြို့ပြလူနေမှုစနစ်ကိုတစ်ခေတ်ပြောင်းစေမဲ့solowheel
solowheel1.jpg
ကမ္ဘာမြို့ကြီးတွေရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်လျှော့ချဖို့နဲ့နေ့စဉ် မြို့တွင်းလမ်းပန်းဆက်သွယ်ရေးတွေအစဉ်ပြေချောမွေ့စေဖို့ တီထွင်ထုတ်လုပ်နေကြရာယခုဆို solowheel ဆိုတဲ့တစ်ကိုယ်ရေသုံး unicycle လေးကိုဖေါ်ထုတ်ခဲ့ပါတယ်
ဒီယူနီဆိုင်ကယ်လေးဟာ အလေးချိန် ပေါင် ၂၀ သာရှိပြီ တစ်ခါအားသွင်းရင် ၄၅ မိနစ်သွင်းရုံနဲ့ ၂ နာရီခန့်အသုံးပြုနိုင်မှာပါ
ဒါပေမဲ့ကုန်းတင်းများဆိုရင်တာ့သူ့အလိုလိုအားပြန်သွင်းပေးနေမှာပါ
ဈေးနှုန်းကတော့ $1500 ပါတဲ့
ဗီဒီယိုလင့်လေးကဒီမှာပါ
12 Nov 2011
ကမ္ဘာ့ အကြီးဆုံးတိရိစ္ဆာန်များ....
ကမ္ဘာ့ အလေးချိန်အကြီးဆုံးခွေးကတော့ ဟာကျူလီအမည်ရှိတဲ့ ခွေးကြီးဖြစ်ပါတယ်...
သူ့ ရဲ့ အလေးချိန်ကတော့ ကြောက်ခမန်းလိလိ ပေါင် ၂၈၂ ပေါင်ပါတဲ့ ...
 The world’s heaviest dog was Hercules, an English mastiff. He had a 38 inch neck and weighed an astonishing 282 pounds.
ကမ္ဘာ့ အကြီးဆုံးမြင်းကတော့ ဘယ်လ်ဂျီယံမြင်းကြီးေ၇ဒါပဲဖြစ်ပါတယ်...
အမြင့် ၆ ပေရှိပြီး အလေးချိန်ကတော့ ကြောက်စရာလန့် စရာ ၂၃၉၃ ပေါင်ပါတဲ့ ...
 The largest horse was this Belgian beauty named Radar, who stood 6 feet and weighed an amazing 2,393 pounds.
တရုတ်နိုင်ငံက ဒီဝက်ကြီးကတော့ မသေခင် ကမ္ဘာ့ ထူးဆန်းမှတ်တမ်းထဲကို အကြီးဆုံးစံချိန်တင်သွား
နိုင်ခဲ့ ပါသေးတယ်...အရှည် ၈.၂ ပေ၊ ခါးအရွယ်အစားလုံးပတ်က ၇.၃ ပေ နဲ့ သွားအစွယ်ကပင်
၅.၇ လက်မ ရှိပါတယ်...
The world’s largest pig was from China and she died before she could make it into the Guinness Book of World Records. Her length was 8.2 feet, had a 7.3 waist and her long teeth measured 5.7 inches.
ထိုင်းနိုင်ငံပင်လယ်ကမ်းခြေမှာဖမ်းမိခဲ့ တဲ့  ၇၆၇ ပေါင်ရှိတဲ့ ငါးလိပ်ကျောက်ကြီးဖြစ်ပါတယ်...
ဒီငါးလိပ်ကျောက်ကြီးကို သူ့ အိမ်ရှိရာ အထိသယ်သွားနိုင်ခဲ့ ပေမယ့် သူ့ လှေတော့ မှောက်လု
မတတ်ဖြစ်ခဲ့ ရတယ်လို့ ဆိုပါတယ်...
 A resident of Hampshire, Ian Welch, caught this 767-pound stingray off the coast of Thailand. He managed to pull this huge specimen back home, but his boat was almost flipped over in the process.
ထိုင်နိုင်ငံမြောက်ပိုင်း မဲခေါင်မြစ်အတွင်းမှဖမ်းမိတဲ့ အကြီးဆုံးငါခူကြီးဖြစ်ပါတယ်...
အရှည် ၆.၅ ပေ ရှိပြီး အလေးချိန်ကတော့ ၆၄၄ ပေါင်ရှိပါတယ်...
 The largest catfish was caught in northern Thailand on the Mekong River. The fish stretched 6.5 feet and weighed in at 644 pounds.
မီယာမီမှ အလေးချိန် ၈၉၇ ပေါင်ရှိတဲ့ ခြင်္သေ့ နဲ့ ကျားစပ်ထားတဲ့ အကောင်ကြီးကတော့ ကမ္ဘာ့ အကြီးဆုံး
ကြောင်မျိုးနွယ်ဝင်တိရိစ္ဆာန်ကြီးဖြစ်ပါတယ်...
 The largest cat ever was this mixture of a lion and tigress from Miami that weighed 897 pounds.
ဒီဝေလငါးမန်းကြီးကိုတော့ တရုတ်နိုင်ငံ၊ ကမ်းခြေဒေသမှာဖမ်းမိခဲ့ တာဖြစ်ပြီး ၃၂ ပေရှည်ကာ
အလေးချိန် ၈ တန်ရှိပါတယ်...
 This huge shark was caught off the coast of China and named “The Whale.” It weighed 8 tons and was 32 feet long.
  အကြီးဆုံမြွေကြီးကတော့ အင်ဒိုနီးရှားနိုင်ငံမှဖြစ်ပြီး အရှည် ၄၈.၇ ပေရှိကာ 
အလေးချိန် ၉၈၃ ပေါင် ရှိပါတယ်...
 The largest snake was found in Indonesia, and stretched 48.7-feet and weighed 983 pounds.
အကြီးဆုံးသမင်ကြီးပါ...ဂရိတ်ဗြိတိန်မှာတွေ့ ရှိခဲ့ တာဖြစ်ပြီး ၉ပေမြင့် ကာ ပေါင် ၃၀၀ အလေးချိန်
ရှိပါတယ်...သို့ သော်လည်း ထိုသမင်ကြီးကို အမဲလိုက်သမားများက ၂၀၁၀ ခုနှစ်တွင် သတ်ဖြတ်
ခဲ့ ပါတယ်....
 The mighty Emperor of Exmoor: The largest deer ever spotted in Great Britain was 9 foot 300 pound red stag and was unfortunately killed by poachers in 2010.
အရပ်အမြင့် ဆုံးဂရိတ်ဒိန်းခွေးကြီး ဂျော့ ကတော့ ၃.၅ ပေ မြင့် ပါတယ်...
 The Great Dane George is the tallest reported dog. He stood at 3.5 feet.
နွားကြီးချီလီ ( ငရုတ်သီး ) ကတော့ အလေးချိန် ၁ တန် နဲ့ အမြင့် ၁.၈၃ မီတာဖြင့် 
ကမ္ဘာ့ အလေးဆုံးနဲ့ အမြင့် ဆုံးနွားစံချိန်တင်ထားခဲ့ ပါတယ်...
Big Cow Chili is the heaviest and tallest cow on Earth at a ton and standing at 1.83 cm.
ကမ္ဘာ့ အရှည်ဆုံး ယုန်ကတော့ အမ်မီလို့ ခေါ်ပြီး အရှည် ၂.၆ ပေရှိပါတယ်...
The longest rabbit was this 2.6-foot fluffy bunny called Emy.
မူရင်း။ ။ကိုပီတာ
ထူးဆန်းသည့် အဆောက်အအုံများ
1. The Crooked House
ဒီအိမ်က ပိုလန်နိုင်ငံမှာ ရှိတာပါ။ ၂၀၀၃ ခုနှစ်၊ ဇန်နဝါရီက စတင် တည်ဆောက်ခဲ့ပြီး ၂၀၀၃ ခုနှစ် ဒီဇင်ဘာလမှာ ပြီးစီးခဲ့ပါတယ်။
……………………………………………………..
2. The Basket Building
Longaberger basket company က သူတို့ရဲ့ ရုံးအဆောက်အအုံအဖြစ် တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။ United States မှာ တည်ရှိတာပါ။ ဒီအဆောက်အအုံ ပြီးစီးဖို့အတွက် အချိန် (၂) နှစ် ယူခဲ့ရပါတယ်။ အမေရိကန် ဒေါ်လာ (၃၀) မီလီယံ ကုန်ကျခဲ့တယ်လို့ ဆိုပါတယ်။
……………………………………………………..
3. Habitat 67
ကမ္ဘာ့အကြီးဆုံး export ကုမ္ပဏီကြီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တဲ့ Expo 67 က တည်ဆောက်ထားတာပါ။ ကနေဒါနိုင်ငံ Montreal မှာ တည်ရှိပါတယ်။
……………………………………………………..
4. Cubic Houses
ဒီအဆောက်အအုံ ဒီဇိုင်းရဲ့ အခြေခံ idea ကတော့ ၁၉၇၀ ပြည့်နှစ် ကတည်းက ရရှိခဲ့တာ ဖြစ်ပါတယ်။ နယ်သာလန်နိုင်ငံ၊ Rotterdam မှာ ရှိပါတယ်။
……………………………………………………..
5. Manchester Civil Justice Centre
( မန်ချက်စတာ၊ UK မှာ ရှိပါတယ် )
……………………………………………………..
6. Stone Houses
( ပေါ်တူဂီနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..
7. Erwin Wurm: House Attack
( Austria နိုင်ငံ၊ Viena မှာ ရှိပါတယ် )
……………………………………………………..
8. Wooden Gagster House
( ရုရှားနိုင်ငံမှာ ရှိပါတယ် )
……………………………………………………..
9. Nord LB building
( ဂျာမနီနိုင်ငံ၊ Hannover မှာ ရှိပါတယ် )
……………………………………………………..
10. Lloyd’s building
( London မှာ ရှိပါတယ် )
ကမ္ဘာကျော်ကြား ဗုဒ္ဓရုပ်ပွားတော်များ
1. Leshan Giant Buddha
ဒီထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်ကတော့ တရုတ်ပြည် အနောက်ပိုင်းမှာ တည်ရှိပါတယ်။ ၇၁၃ ခုနှစ်မှာ စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ၈၀၃ ခုနှစ်တိုင်အောင် ပြီးပြတ်အောင် တည်ဆောက်နိုင်ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ အမြင့်ဟာ ၇၁ မီတာ (၂၃၃ ပေ) အမြင့်ရှိပြီး လက်ချောင်းတော်များကတော့ ၁၁ ပေ အရှည်ရှိပါတယ်။
2. Temple of the Emerald Buddha
မြန်မာပြည်ရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ တည်ရှိတဲ့ ကမ္ဘာကျော် ဗုဒ္ဓရုပ်ပွားတော် တစ်ဆူပဲ ဖြစ်ပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကို ဘီစီ ၄၃ မှာ ထုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယမှာ ထုလုပ်ခဲ့တာပါ။ အေဒီ ၄ ရာစုမှာတော့ ရဟန်းတော်များက သီရိလင်္ကာနိုင်ငံကို ပင့်ဆောင်ခဲ့ကြပါတယ်။ ၁၇၇၉ ခုနှစ်ရောက်မှသာ ထိုင်းနိုင်ငံကို ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ကိုယ်မှာ လွှမ်းခြုံထားတဲ့ ရွှေသင်္ကန်းကိုတော့ ထိုင်းဘုရင်က ရာသီအကူးအပြောင်းတစ်ခုမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတစ်ခုမှာ ပူဇော်ခဲ့တာလို့ သိရပါတယ်။
3. Great Buddha of Kamakura
ဂျပန်နိုင်ငံမှာရှိတဲ့ ကျော်ကြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်ပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်ဟာ ပေ ၄၀ ရှိပြီး အလေးချိန်ကတော့ ခန့်မှန်းခြေအားဖြင့် ၉၃ တန် ရှိတယ်လို့ သိရပါတယ်။ ဒီဗုဒ္ဓရုပ်ပွားတော်ကို Joko လို့ခေါ်တဲ့ ရဟန်းတစ်ပါးက ၁၂၅၂ ခုနှစ်မှာ သွန်းလုပ် လှူဒါန်းခဲ့ခြင်း ဖြစ်တယ်လို့ ယုံကြည်ကြပါတယ်။
4. Temple of the Reclining Buddha
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရဲ့ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲက တစ်ဆူဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာရှိတဲ့ ရှေးအကျဆုံး ဘုရားတစ်ဆူလို့လည်း ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကို ဘန်ကောက်မြို့ မတည်ခင် နှစ်ပေါင်း ၂၀၀ လောက်ကတည်းက ထုလုပ်ခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ လျောင်းတော်မူ အလျားအားဖြင့် ၄၆ မီတာ ရှိပြီး အမြင့်ကတော့ ၁၅ မီတာ ရှိပါတယ်။ ဒီလျောင်းတော်မူဗုဒ္ဓရဲ့ ခြေတော်မှာတော့ ၁၀၈ ကွက် ဗုဒ္ဓစက်ကို သွန်းလုပ်ထားတယ်လို့ ဆိုပါတယ်။
5. Ushiku Daibutsu
ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော် တစ်ဆူဖြစ်ပြီး ၁၉၉၅ ခုနှစ်မှာ သွန်းလုပ်ပြီးစီးခဲ့ပါတယ်။ ကမ္ဘာ့ အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ တစ်ဆူအပါအဝင် ဖြစ်ပြီး ၃၉၄ ပေ အမြင့်ရှိတယ်လို့ ဆိုပါတယ်။
6. Gal Viharaya
သီရိလင်္ကာနိုင်ငံမှာ တည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူဖြစ်ပြီး ၁၂ ရာစုမှာ သွန်းလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ဟာ အတိုင်းအတာအားဖြင့် အလျား ၄၆ ပေ ရှည်ပြီး ၂၃ ပေ အမြင့်ရှိတယ်လို့ ဆိုပါတယ်။
7. Ayutthaya Buddha Head
ဒီဗုဒ္ဓရုပ်ပွားတော်ကတော့ ထိုင်းနိုင်ငံ အယုဒ္ဓယမြို့မှာ တည်ရှိတာ ဖြစ်ပါတယ်။ ကမ္ဘာ့ ဆန်းကြယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေထဲက တစ်ဆူပဲ ဖြစ်ပါတယ်။
8. Monywa Buddhas
ကျွန်တော်တို့ မြန်မာပြည် အလယ်ပိုင်း မုံရွာမြို့မှာ တည်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်များ ဖြစ်ပါတယ်။ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကတော့ ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူ ဖြစ်ပါတယ်။ အလျားအားဖြင့် ပေ ၃၀၀ ရှိပြီး ဦးခေါင်းတော်ပိုင်းကတော့ အမြင့်အားဖြင့် ပေ ၆၀ မြင့်ပါတယ်။ ၁၉၉၁ ခုနှစ်မှာ စတင် သွန်းလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ရပ်တော်မူ ဘုရားကြီးကိုတော့ တည်ဆောက်ခဲ့တာကတော့ သိပ်ပြီး မကြာသေးပါဘူး။ ရပ်တော်မူ ဘုရားကြီးဟာ အမြင့်အားဖြင့် ၄၃၃ ပေ အမြင့်ရှိပြီး ကမ္ဘာ့ အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်တွေထဲမှာ တစ်ဆူ အပါအဝင် ဖြစ်တယ်လို့ သိရပါတယ်။
9. Tian Tan Buddha Statue
ဟောင်ကောင်နိုင်ငံ Lantau ကျွန်းမှာ တည်ရှိပြီး ၁၉၉၃ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ အမြင့်အားဖြင့် ပေ ၁၁၀ ရှိပါတယ်။ ဗုဒ္ဓရုပ်ပွားတော်ရဲ့ ညာလက်တော်ဟာ ရောဂါဘယ ဘေးဒုက္ခတွေကို ဖယ်ရှားပေးခြင်းကို ကိုယ်စားပြုပြီး ဒူးခေါင်းတော်ပေါ် တင်ထားတဲ့ ဘယ်လက်တော်ကတော့ သာယာ ချမ်းမြေ့ခြင်းကို ကိုယ်စားပြုတယ်လို့ သိရပါတယ်။
10. Hussain Sagar Buddha Statue
အိန္ဒိယနိုင်ငံရဲ့ ကျော်ကြားတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူပဲ ဖြစ်ပါတယ်။ Hyderabad မြို့က Artificial Lake ရဲ့ အလယ်မှာ တည်ရှိပါတယ်။ ရုပ်ပွားတော်ရဲ့ အမြင့်က ၅၆ ပေရှိပြီး တန်ချိန်အားဖြင့် တန်ပေါင်း ၃၂၀ ရှိပါတယ်လို့ ဆိုပါတယ်။ ရုပ်ပွားတော်ကို တည်ဆောက်ခဲ့စဉ် ၁၉၉၂ ခုနှစ်က ရုပ်ပွားတော်ဟာ ရေကန်ထဲကို ပြိုကျသွားခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး တည်ဆောက်ရေး အလုပ်သမား ၈ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အိန္ဒိယ အစိုးရက ပြန်လည် ပြီးစီးအောင် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
source : http://www.touropia.com/