30 Apr 2012

ဒု ၊ သ ၊ န ၊ သော အဓိပ္ပာယ်

 
 
ဤပို့စ်လေးကို ဆရာတော် အရှင်ဝိစိတ္တ (မနာပဒါယီ) ရေးသားတော်မူသောမနာပဒါယီဆိုဒ်မှကူးယူပြီး စာဖတ်သူဓမ္မမိတ်ဆွေများကို ပြန်လည်၍မျှဝေလိုက်ခြင်းဖြစ်ပါတယ်ခင်ဗျာ။
ဒု - သ - န - သော ဆိုတဲ့ ဒီစကား လေးလုံးအကြောင်း မကြာမကြာ အမေးခံရဖူးပါတယ်။ တစ်ချို့လည်း ကြားဖူးနေပေမယ့် အဓိပ္ပါယ် တိတိကျကျ မသိတဲ့အတွက် မေးကြခြင်းဖြစ်သလို တစ်ချို့လည်း စာအုပ်စာပေ တွေဖတ်ရင်းကြားညပ်ပါလာလို့ ဖတ်လိုက်ရပေမယ့် အကျယ်မရှင်းထားတော့ ဘာမှန်းမသိ ဖြစ်တဲ့အတွက် မေးကြတာလည်း ရှိပါတယ်။ တကယ်တော့ ဒီအသံတွေဟာ မကောင်းတဲ့ အလုပ်ကြောင့် မကောင်းတဲ့ဘ၀ ကနေခံစားနေရတဲ့ မကောင်းကျိုးတွေအပေါ် နောင်တရတဲ့ သူတွေရဲ့ သံဝေဂနဲ့အတူ အသိပေးတဲ့သတိ ပေးသံတွေပဲ ဖြစ်ပါတယ်။ ဒီစကားလေးတွေ ဖြစ်ပေါ်ခဲ့ရခြင်း အကြောင်းရဲ့ အတိတ်ကို ပြန်ကြည့်လိုက်ရင် ကြောက်လန့်စရာ တကယ့်ကိုပဲ ကောင်းလှပါတယ်။ ဒီအသံပိုင်ရှင်တွေရဲ့ အတိတ်က လုပ်ရပ်တွေဟာ ကြောက်တတ်မယ်ဆိုရင် တကယ်ပဲ ကြောက်စရာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓအနေနဲ့ ဒီအကြောင်းတရားကိုဟော ကြားဖြစ်ခဲ့တာကတော့ ကောသလဘုရင်နဲ့ ဆက်စပ်နေပါတယ်။
မြတ်စွာဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ၀န် ကျောင်းတော်မှာ သီတင်းသုံး နေတော်မူချိန်က ဖြစ်ပါတယ်။ တစ်နေ့သာဝတ္ထိပြည်ရှင် ကောသလဘုရင်ဟာ တိုင်းခန်းလှည့်လည်ရင်း မထင်မရှား ဆင်းရဲသားအမျိုးသမီး တစ်ဦးကိုနှစ်သက်သဘောကျခဲ့ပါတယ်။ နန်းတော်ပြန်ရောက်ပြီး အဲဒီအမျိုးသမီးအကြောင်းကို စုံးစမ်းခိုင်းတဲ့ အခါအိမ်ထောင်ရှိ အမျိုးသမီး တစ်ယောက်ဆိုတာ သိခဲ့ရပေမယ့် ဘုရင်ကောသလဟာ အမျိုးသမီးအပေါ်စွဲ လန်းနေမိတဲ့အတွက် ဒီအမျိုးသမီးကို အရယူဖို့သူမရဲ့ ယောက်ျားကိုခေါ်ပြီး နန်းတော်မှာအလုပ်ခန့်ခဲ့ပါတယ်။ ကောသလမင်းကြီးဟာ အမျိုးသမီးဟာ လင်ရှိမယား ဖြစ်နေတဲ့အတွက် အဲဒီလင်ယောက်ျားကို တစ်နည်း နည်းနဲ့အပြစ်ရှာပြီး အပြစ်အတိုင်းအဆုံးစီရင်ကာ ကျန်ခဲ့တဲ့အမျိုးသမီးကို သိမ်းပိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ သူဆင်းရဲသား လင်ယောက်ျားကို နန်းတော်မှာ တာဝန်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
လင်ရှိမယားကို သိမ်းပိုက်လိုတဲ့ ဘုရင်ဟာ ရည်ရွယ်ချက်အတိုင်း တစ်နေ့တော့ သူဆင်းရဲသား ယောက်ျားကို တာဝန်တစ်ခုကို စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးက “အချင်းယောက်ျား… ငါ့ဘုရင်နန်းတော်ကနေ တစ်ယူဇနာ ကျော်ကျော်လောက်မှာရှိတဲ့ မြစ်တစ်ခုကိုသွားပြီး အဲဒီမှာရှိတဲ့ ကုမုဒြာကြာပန်းနဲ့ အရုဏ၀တီမြေကို ငါဘုရင် ရေးချိုးချိန်အမီ ဆောင်ယူကာ ဆက်သရမယ်၊ အချိန်မီ ရောက်မလာရင် သင့်ကိုမင်းပြစ်မင်းဒဏ်ပေးမယ်၊ အမြန်သွားပြီး ဆောင်ယူခဲ့လော့”လို့ မင်းအမိန့်နဲ့ စေခိုင်းခဲ့ပါတယ်။ ဘုရင်ကြီးဟာ မဖြစ်နိုင်တာကိုတမင် အပြစ်ရှာပြီး ခိုင်းတဲ့သဘော ဖြစ်ပေမယ့် မင်းခယောက်ျား သူဆင်းရဲသားကတော့ အမိန့်အတိုင်းသွားရောက် ဆောင်ယူရမှာဖြစ်ပါတယ်။
ဒါနဲ့သူဆင်းရဲသားလည်း ဇနီးမယားကို အကျိုးအကြောင်းပြောကာ ထမင်းရိက္ခာပြင်စေပြီး တစ်ယူဇနာခရီးကို အပြီးနှင်ခဲ့ပါတယ်။ လမ်းခရီးမှာ ထမင်းစာချိန်ရောက်လို့ ထမင်းစားပြီးတဲ့အခါ ပါလာတဲ့ ထမင်းဟင်းများရဲ့ တစ်ချို့တစ်ဝက်ကို ခရီးသွား ယောက်ျားကိုလည်း လှူကာ ကျန်တဲ့အစားအစာတွေကိုလည်း မြစ်ထဲမှာရှိတဲ့ သတ္တ၀ါတွေကို ကျွေးမွေးလှူဒါန်းပြီး သစ္စာပြုလိုက်ပါတယ်။ တိုတိုပြောရရင် ဒီကုသိုလ်ကောင်းမှုကြောင့်ပဲ မရနိုင်တဲ့ကုမုဒြာကြာနဲ့ အရုဏ၀တီမြေကို ရရှိခဲ့ပါတယ်။ဘုရင်အမိန့်အတိုင်း လိုအပ်တာကိုယူဆောင်ပြီး နန်းတော်သို့အချိန်မီရောက်အောင် ပြန်လာခဲ့ပေမယ့် အကြံကြီးတဲ့ဘုရင်ကြီးဟာ သူဆင်းရဲသားမရောက်ခင် နန်းတော်မြို့တံခါးကို စောစောအပိတ်ခိုင်းလိုက်ပါတယ်။ ဆင်းရဲသားယောက်ျားဟာ မြို့တံခါးပိတ်ထားတဲ့ အတွက်အဲဒီည အိပ်စရာမရှိတဲ့အခါနောက်ဆုံး သတ္တ၀ါတွေရဲ့ထုံးစံအတိုင်းဒုက္ခရောက်မှ ဘုရားကျောင်း ကန်ကိုသတိရကာ မြတ်စွာဘုရားကျောင်းတော်မှာ သွားရောက်အိပ်စက်ခဲ့ရပါတယ်။
ကောသလဘုရင်ဟာ အဲဒီညမှာ ဆင်းရဲသားယောက်ျားကို မင်းဒဏ်နဲ့ အဆုံးစီရင်ပြီး သူ့မယားကို သိမ်းပိုက် ဖို့အရေး၊ သူမနဲ့အတူ နေထိုင်နိုင်ရေး စတဲ့အတွေးတွေနဲ့ ကိလေသာမီး တောက်လောင်ကာ အိပ်မရဖြစ်နေ ခဲ့ပါတယ်။အိမ်မပျော်ဖြစ်နေတဲ့ ဘုရင်ဟာ ညဥ့်နက်နက်အချိန်မှာ လောဟကုမ္ဘီငရဲမှာ ငရဲခံနေရတဲ့ငရဲသား လေးယောက်ရဲ့အသံကို ထူးထူးခြားခြား ကြားလိုက်ရပါတယ်။ အဲဒီငရဲသား လေးယောက်ဟာ ငရဲခံရင်းသူတို့ မှားခဲ့တဲ့အမှားအတွက် ခံရတဲ့ဒုက္ခတွေကို တစ်ယောက်နဲ့တစ်ယောက် ကြားရအောင် အော်ဟစ်ညဉ်းညူ ပြောကြားဖို့ ကြိုးစားကြရင်း အပြည့်အစုံ မပြောနိုင်ဘဲ တစ်ယောက်က“ဒု”၊ တစ်ယောက်က“သ”၊ တစ်ယောက်က “န”၊ တစ်ယောက်က “သော”လို့ တစ်လုံးစီလောက်ပဲ အော်ပြောနိုင်ကြပြီး ငရဲအိုးထဲပြန်မြုပ် သွားခဲ့ကြပါတယ်။ အိပ်မပျော်ဖြစ်နေတဲ့ ကောသလမင်းကြီးဟာ အဲဒီအသံကြီးတွေကို ကြားပြီး အရမ်းထိတ် လန့်ကာဘယ်လိုမှ အိပ်မရတော့ဘဲ တစ်ညလုံး မိုးလင်းခဲ့ရပါတယ်။
မနက်လင်းတော့ ကောသလဘုရင်ဟာ ညကအဖြစ်အပျက်တွေကို တွေးတောကြောက်လန့်ပြီး ပညာရှိပု ရောဟိတ်ကို မေးမြန်းတဲ့အခါ ပုရောဟိတ်ပုဏ္ဏားက “အရှင်မင်းကြီး ဒါဟာ အရှင်မင်းကြီး အသက်အန္တရာယ် အတွက်စိုးရိမ်စရာဖြစ်ပါတယ်၊ ဒီအန္တရာယ်တွေကင်းဖို့ သဗ္ဗသတဆိုတဲ့ ယဇ်ကိုပူဇော်ရပါမယ်၊ဒီယဇ်ပူဇော်ဖို့ အတွက် ဆင်၊မြင်း၊နွားလဥသဘ၊ နို့ညှစ်နွားမ၊ဆိတ်၊ အာဇာနည်မြင်း၊ ကြက်၊၀က်၊ သတိုးသား၊သတိုးသမီး စသဖြင့်သတ္တ၀ါတစ်မျိုးမျိုးကို တစ်ရာစီပြုကာ သတ်ပြီးပူဇော်ရပါမယ်၊ အဲဒါဆိုဘုရင်ကြီးရဲ့ အသက်အန္တရာယ် အတွက်စိုးရိမ်စရာမရှိပါ အရှင်မင်းကြီး”လို့ လျှောက်တင်လိုက်ပါတယ်။ ကောသလဘုရင်ဟာ ဉာဏ်အမြင် နည်းပါးပြီး ကိုယ့်အသက်ရှင်ရေးဆို ဘာမဆိုလုပ်နိုင်တဲ့ သူဖြစ်တဲ့အတွက် ပုရောဟိတ်ပြောတဲ့အတိုင်းစီရင် စေပါတယ်။ဘုရင်ရဲ့ယဇ်ပူဇော်မှုအစီအစဉ်ကြောင့် တိုင်းပြည်တစ်ပြည်လုံး အုပ်အုပ်ကျက်ကျက်ဖြစ်ပြီး သား သမီးပါသွားတဲ့ မိဘဆွေမျိုးတွေဟာ အမျိုးမျိုးပူဆွေး ငိုကြွေးကြပါတယ်။ဒီအသံတွေကြောင့် ကောသလမင်း ကြီးရဲ့မိဘုရားဖြစ်တဲ့ ပညာရှိ မလ္လိကာမိဘုရားဟာ ဘုရင်ကြီးကိုတွေ့ပြီး ဒါဟာလမ်းမှန်တဲ့ အလုပ်မဟုတ်တဲ့ အကြောင်း၊ ဒီပြဿနာကို ဖြေရှင်းပေးနိုင်မှာ ဘုရားရှင်သာဖြစ်ကြောင်းနဲ့ ဘုရားရှင်ထံ သွားရောက်လျှောက် ကြားဖို့အကြောင်း အကြံပြုလိုက်ပါတယ်။ နောက်ဆုံးတော့ကောသလမင်းကြီးဟာ မိဘုရားကြီးရဲ့အကြံအ တိုင်းဘုရားရှင်ထံ သွားရောက်ခဲ့ပါတယ်။
ဘုရားရှင်ထံရောက်တဲ့အခါ ကောသလမင်းကြီးက ညကကြားခဲ့ရတဲ့ အသံတွေအကြောင်း လျှောက်ထားတဲ့ အခါ မြတ်ဗုဒ္ဓက အဲဒီအသံတွေဟာ တခြားမဟုတ် မကောင်းတဲ့ ကာမေသုမိစ္ဆာစာရကံကြောင့် လောဟကုမ္ဘီ ငရဲမှကျရောက်နေတဲ့ ငရဲသား လေးယောက်တို့ရဲ့ အသံပဲဖြစ်ကြောင်း မိန့်တော်မူကာ အဲဒီ ငရဲသားတွေရဲ့ အတိတ်အကြောင်းကို ဟောတော်မူပါတယ်။
မြတ်ဗုဒ္ဓက “ဒီငရဲသားတွေဟာ ကဿပမြတ်စွာဘုရားရှင် လက်ထက်တုန်းက အတူသွားအတူလာအတူပျော် ပါးစားသောက်ကြတဲ့ ချမ်းသားတဲ့ သူဋ္ဌေးသားတွေ ဖြစ်ခဲ့ကြကြောင်း၊ သူဋ္ဌေးသားလေးယောက်ဟာ ငွေကြေး ချမ်းသာကြတဲ့အတွက် အပျော်အပါး အမျိုးမျိုးကို ပျော်ပါးကြရင်း နောက်ဆုံးသူတို့ လေးယောက်တိုင်ပင်ကာ စည်းစိမ်ဥစ္စာတွေကို ချောမောလှပတဲ့ အမျိုးသမီးတွေကိုပေးကာ သူတို့နဲ့ပျော်ပါးတဲ့အခါ အသုံးပြုကြဖို့ဆုံး ဖြတ်ပြီးချောမောလှပတဲ့ အမျိုးသမီးမှန်သမျှ အိမ်ထောင်ရှိရှိ မရှိရှိ စည်းစိမ်ပေးပြီးပျော်ပါးခဲ့ကြကြောင်း၊ ကဿပဘုရားရှင် ပွင့်တော်မူတဲ့ အချိန်ဟာ အနှစ်နှစ်သောင်းတမ်းမှာ ပွင့်တဲ့အတွက် သူဋ္ဌေးသားလေး ယောက်ဟာကာမေသုမိစ္ဆာစာရ အမှုကိုနှစ်သောင်းနဲ့ချီပြီး ပြုလုပ်ခဲ့ကြကြောင်း၊ ဒီအကုသိုလ်ကြောင့်ပဲသူတို့ လေးယောက်သေတဲ့အခါ အ၀ီစိငရဲမှာ ကျရောက်ကာ အ၀ီစိငရဲမှာ နှစ်ပေါင်းမြောက်များစွာ ခံစားပြီးအခု တစ်ခါလောဟကုမ္ဘီငရဲမှာ ထပ်ပြီးခံနေရတာဖြစ်ကြောင်း၊ မင်းကြီးကြားတဲ့ အသံတွေဟာ လောဟကုမ္ဘီငရဲမှာ ခံစားနေရတဲ့ အဲဒီသူဋ္ဌေးသား လေးယောက်ရဲ့ အသံပဲဖြစ်ကြောင်း” စသဖြင့် အတိတ်ဆောင်ကာ ကောသလမင်းကြားခဲ့တဲ့ အသံကြီးလေးခုရဲ့ အဓိပ္ပါယ်ကို ထပ်မံရှင်းလင်း မိန့်တော်မူပါတယ်။
မြတ်စွာဘုရားရှင်က ကောသလမင်းကြီး ကြားခဲ့တဲ့ အသံတွေထဲက
“ဒု”ဆိုတဲ့ အသံဟာ ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ၀ိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။ ငါတို့အားစည်း စိမ်ဥစ္စာများ ထင်ရှားရှိကုန်ပါလျက် မပေးမလှူမိကြကုန်၊ မိမိ၏မှီရာ ကိုင်းကျွန်းသဖွယ် ဖြစ်သည့်ကုသိုလ် ကောင်းမှုကို မပြုမိကြသည့် ငါတို့သည် မကောင်းသဖြင့် အသက်မွေးခြင်းကို ပြုလုပ်ခဲ့ကြကုန်၏” လို့ပြောလို တာဖြစ်ကြောင်း၊
“သ” ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ငရဲသား အနေနဲ့
“သဋ္ဌိဝဿ သဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘ၀ိဿတိ။ လောဟကုမ္ဘီ ငရဲမှ ခံစားနေရသည့် ငါအားတို့ ခပ်သိမ်းသော အခြင်းအရာအားဖြင့် အနှစ်ခြောက်သောင်းတို့ ပြည့်ကုန်ပြီး ဖြစ်သော်လည်း ထိုငရဲခံရမှုသည် မည်သည့်အခါတွင် အဆုံးသတ်မည်နည်း” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“န”ဆိုတဲ့ အသံဟာလည်း ဒီအသံကို ပြုတဲ့ ငရဲသား အနေနဲ့
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။ ငါတို့အား အဆုံးအပိုင်းအခြားသည် မရှိခဲ့၊ ငရဲ၏ အဆုံးကား အဘယ်မှာ ရှိအံ့နည်း၊ ငရဲခံရခြင်း၏အပိုင်းအ ခြားသည်မထင်ရှား၊ ငါတို့သည် လူဖြစ်စဉ်က မကောင်းမှု အများအပြားကို ပြုမိခဲ့လေပြီ” လို့ ပြောလိုတာ ဖြစ်ကြောင်း၊
“သော”ဆိုတဲ့ အသံဟာလည်း ဒီအသံပိုင်ရှင် အနေနဲ့
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ၀ဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။ ငါသည် ဤသံပူရည် ငရဲမှ လွတ်မြောက်ပြီး လူ့ဘ၀ကို ရပါမူကား အလှူခံသူ လူပုဂ္ဂိုလ်တို့၏ စကားကိုသိ လေ့ရှိသည်ဖြစ်၍၊ သီလနှင့်ပြည့်စုံသည်ဖြစ်၍၊ များစွာသော ကုသိုလ်ကောင်းမှုကို ပြုပါတော့အံ့” လို့ပြော လိုတာဖြစ်ကြောင်း စသဖြင့် ဒု - သ - န - သော ဆိုတဲ့ အသံတွေရဲ့ ဆိုလိုရင်း အကျယ်ကို ဟောကြား ချီးမြှင့်တော်မူပါတယ်။
အသံပိုင်ရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်းနဲ့ ဆိုလိုရင်းအဓိပ္ပါယ်တွေကို ကြားနာလိုက်ရတဲ့ ကောသလဘုရင်  အရမ်းကြောက်လန့်သွားပြီး သူများသားမယားကို ပြစ်မှားကျူးလွန်လိုတဲ့ စိတ်တွေလည်း ပျောက်ကုန်ပါ တော့တယ်။
ဒီဖော်ပြချက်တွေကတော့ ဒု - သ - န - သော ဆိုတဲ့ တရားစကားကို ဟောကြားဖြစ်ခဲ့တဲ့ အကြောင်းနဲ့ ဒု - သ - န - သော ဆိုတဲ့ စကားအဓိပ္ပါယ်နဲ့ ဒီစကားပိုင်းရှင်တွေရဲ့ အတိတ်ဇာတ်ကြောင်း လေးပဲ ဖြစ်ပါတယ်။
ဒီနေရာမှအဓိက ပြောချင်တာက အများသိထားကြတဲ့ ဒု - သ - န - သော ဆိုတဲ့စကားလုံးတွေအကြောင်းနဲ့ ဒီအသံတွေကို ပြုကြတဲ့ ငရဲသားတွေရဲ့ မကောင်းတဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောချင်တာဖြစ်ပါတယ်။ ဒီငရဲသားတွေရဲ့ အတိတ်ကလုပ်ခဲ့တဲ့ သူတပါးသားမယားကို ဖျက်စီးခဲ့တဲ့ ကာမေသုမိစ္ဆာစာရ ကံရဲ့တန်ပြန် သက်ရောက်မှု အကျိုးပေးရဲ့ ကြောက်စရာ ကောင်းပုံကို သိစေချင်တာ ဖြစ်ပါတယ်။ စေတနာ ရည်ရွယ်ချက် ရှိရှိနဲ့ ကျူးလွန်ခဲ့ကြတဲ့ အကုသိုလ် ကံတစ်ခုဟာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ခံရတတ်တဲ့ သဘောကို သဘောပေါက် နားလည်စေချင်တာ ဖြစ်ပါတယ်။ ပြီးတော့ ဒီလို အကုသိုလ်မျိုး မပြုဖြစ်အောင်ကိုယ်ကျင့် သီလကို အထူးလုံခြုံစေချင်တာ ဖြစ်ပါတယ်။
ဒါကြောင့် ဒု - သ - န - သောဆိုတဲ့ စကားလုံးတွေနဲ့ပတ်သက်တဲ့ အကြောင်းအရာအဖြစ်အပျက် အဓိပ္ပါယ် တွေကိုကောင်းကောင်းနားလည် သဘောပေါက်ပြီး ရခဲတဲ့လူ့ဘ၀ကို ရထားကာ ဘုရားသာသနာနဲ့လည်း ကြုံနေကြတဲ့ အခိုက်မှာ ကိုယ်ကျင့်သီလကို လုံခြုံအောင် စောင့်ထိန်းရင်း ကုသိုလ် ကောင်းမှုများကိုပါ ရသမျှ စုဆောင်းနိုင်ကြဖို့ ဒီစာစုလေးနဲ့ အသိပေးရင်း ဒု သ န သောမှ ရှောင်နိုင်အောင် ကြိုးစားကြဖို့လည်း စေတနာစကား မေတ္တာအားဖြင့် တိုက်တွန်းသမှု ပြုလိုက်ရပါတယ်။
စာရေးသူ = အရှင်ဝိစိတ္တ (မနာပဒါယီ)

ref:http://www.futurelifemm29.com

29 Apr 2012

တရားထိုင်ခြင်း


 

တရားထိုင်ခြင်း
တရားဘာဝနာအလုပ်အားထုတ်တယ်ဆိုတာ စိတ်အလုပ်ပါ။ ဘာဝနာက နှစ်မျိုးရှိပါတယ်။ စိတ်ကိုထိန်းရတဲ့ ဘာဝနာနဲ့ စိတ်ကို စောင့်ရှောက်ရတဲ့ ဘာဝနာ လို့ ခေါ်ပါတယ်။

စိတ်ကို ထိန်းတဲ့နည်းနဲ့ ဘာဝနာကို အားထုတ်ဖို့ ဆိုရင် လောက ဥပမာအရ ကဆုန် ပေါက် ပြေးလွှားဆော့ကစားနေတဲ့ အရွယ် နွားငယ်တစ်ကောင်ရှိတယ် ဆိုပါစို့။ ဒီနွားကို ငြိမ်သွားစေချင်တဲ့သူဟာ နွားဖားကြိုး ထိုး၊ ဒါမှမဟုတ် လည်ပင်းကို ကြိုးကွင်း လည်ပတ်ချည်၊ နောက်ပြီး တိုင်ငုပ်တစ်ခု ခိုင်ခိုင်စိုက်၊ အဲဒီနွားငယ်နဲ့ တိုင်ငယ်ကို ကြိးခိုင် ခိုင်နဲ့ ချည်ထားလိုက်ပါ။ ကြိုးကလည်းခိုင်၊ တိုင်ကလည်းမြဲ ဆိုတော့ ဒီနွားငယ်ဟာ အတင်းရုန်းပြေးနေပေမယ့် တဖြည်းဖြည်း မောလာပြီး ဒီတိုင်ခြေမှာပဲ ငြိမ်ဝပ်သွားပါတယ်။

အဲဒီလိုပဲ စိတ်က နွား၊ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုက တိုင်ငုတ်၊ သတိက ကြိုးပေါ့။ စိတ်က အလွန်ပြေးတယ်။ ဘယ်အာရုံမဆို လှစ်ခနဲလှစ်ခနဲ ရောက်သွားတတ်တယ်။ သတိကောင်းကောင်းနဲ့ ထင်ရှားတဲ့ ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို အာရုံပြု သတိထားနိုင်ရင် ဒီစိတ်ဟာ မပြေးတော့ပါဘူး။ ငြိမ်သွားတယ်လို့ ခေါ်ပါတယ်။ ဒီစိတ်ကို ထိန်းတဲ့နည်းနဲ့ အားထုတ်တဲ့အခါ သာမန်မျက်စိနဲ့ မတွေ့မြင်နိုင်တဲ့ စိတ်ကို ထိန်းဖို့ ဆိုတာတော့ သတိ အားလည်း မကောင်း သေးတဲ့ သူတွေဟာ သတိအား ကောင်းအောင် မကြိုးစားဘဲ ကမ္မဋ္ဌာန်းအာရုံကို မထင်ရှား၊ ထင်ရှားအောင် လုပ်ယူတတ်ကြပါ တယ်။ အတင်းစိတ်ရော ကိုယ်ပါ တင်းကြပ်အောင် ချုပ်ထားနေကြပါတယ်။
အမှန်က မိမိစိတ်မှာ သတိအားကောင်းအောင် ကြိုးစားရမှာပါ။ သတိအားကောင်းရင် သမာဓိအားကောင်းလာပြီး စိတ်ကို ထိန်းနိုင်လာပါတယ်။ သတိနည်းရင်၊ သတိလွတ်ရင် တော့ စိတ်လည်း လွတ်ထွက်သွားပါပြီ။ ဒါက စိတ်ကို ထိန်းတဲ့နည်းပါ။ စိတ်ကို စောင့်ရှောက်တယ်ဆိုတာက စိတ်ရဲ့သဘောကို သိအောင် စောင့်ကြည့်ရပါတယ်။ စိတ်မှာ အန္တရာယ်ကင်းအောင် ကာကွယ်ပေးရပါတယ်။  စိတ်ကိုစောင့်ရှောက်တဲ့နည်း ပေါ် လွင်အောင် ထိန်းတဲ့နည်းနဲ့ ဥပမာတွဲပြီး ပြောပြပါမယ်။ ကလေးထိန်းတာနဲ့ ကလေးစောင့်ရှောက်တာပေါ့။ အိမ်မှာ ခိုင်းနေတဲ့ သူကို ဈေးဝယ် သွားစရာရှိလို့ ကလေးထိန်းထားပေးပါလို့ မှာခဲ့ရင် သူကလည်း ထိန်းဆိုတဲ့အတိုင်း ကလေးက ဟိုဟာ လိုချင် လည်းမယူနဲ့၊ ဒီဟာ စားချင်လည်း မစားနဲ့၊ ဟိုဟာ လုပ်ချင်လည်း မလုပ်နဲ့လို့တားမြစ် တာမျိုးလည်း ရှိပါတယ်။
ကလေးကို နိုင်တဲ့လူ၊ ကလေးက ကြောက်ရတဲ့သူဆိုတော့ ကြောက်ပြီး ငြိမ်ကုပ်နေပါတယ်။ ဒါက ထိန်းတာပါ။ တစ်ခါတလေ သားသမီးငယ် တွေ နေမကောင်းတဲ့ အခါ မိဘတွေက ပြုစုကြပါတယ်။ အဖျားရှိန်ရှိနေလို့ အိပ်ရာကုတင်ပေါ်မှာ လူးလွန့်ရင်း ယောင်ရမ်းပြီးအော် တတ်ပါတယ်။ နိုးသွားတာလည်း မဖြစ်အောင်၊ လိမ့်ကျမှာလည်း မဖြစ်အောင် ကုတင်ဘေး အသာပြေးရပ်ပြီးကာကြပါတယ်။
အန္တရာယ် မကျအောင် စောင့်ရှောက်ကြပါတယ်။ ယောင်ရမ်းပြီး ပြောချင်ရာပြော၊ အော်ချင်ရာတွေအော်နေရင်လည်း ရင်ဘတ် ပေါ် အ၀တ်ထူလေးတင်လို့၊ နဖူးပေါ် လက်ကလေးဖိလို့ လုပ်ပေးကြပါတယ်။ အဖျားရှိနေရင်လည်း ထိုက်သင့်တဲ့ ဆေးတိုက်လို့၊ ရေခဲပတ်တိုက်ပေးလို့၊ ကျွေးသင့်တဲ့ အစာကျွေးလို့ စောင့်ရှောက်ကြပါတယ်။ ကလေးရဲ့ အခြေအနေမှန်ကို သိအောင်လို့ပါ။ အန္တရာယ် မဖြစ်အောင်ပေါ့။ ဒီလိုပဲ။ စိတ်ရဲ့သဘောလက္ခဏာတွေကို အမှန်အတိုင်း သိအောင် စောင့်ရှောက်တဲ့နည်း စောင့် ကြည့်ရတဲ့နည်းလည်း ရှိပါတယ်။ 

စိတ်ကို ထိန်းတာက သမထ၊ စိတ်ကို သိအောင် ကြည့်တာက ၀ိပဿနာပါ။ စိတ်ကို ထိန်းတဲ့ နည်းနဲ့ အားထုတ်ရင် စိတ်ကို ထိုက်သင့်သလောက် ထိန်းနိုင်ပါတယ်။ အမြဲတော့ မရနိုင်ပါဘူး။ အတိုင်းအတာတစ်ခုထိပဲ ရနိုင်ပါ တယ်။ စိတ်ကို စောင့်ရှောက်တဲ့နည်းနဲ့ အားထုတ်ရင် စိတ် လည်း မပင်ပန်း၊ လူလည်း မပင်ပန်းဘဲ စိတ်ရဲ့ သဘောတွေကို အသေအချာ နားလည်သဘောပေါက်လာပါတယ်။ ကိုယ့်စိတ်ရဲ့သဘောကို ကိုယ်အသိဆုံးဆိုတာ  အားကောင်းသူတွေကသာ သိနိုင်တာပါ။ စိတ်ဆိုတာ ထိန်းရာကနေ လွတ်သွားတတ်တယ်ဆိုတဲ့ သဘောမျိုး တွေလည်း အသိတိုးလာနိုင်ပါတယ်။ 
စိတ်လွင့် ရင်၊ လွင့်မှန်းမသိ၊ လွတ်ရင်လည်း လွတ်မှန်း သိပါ။ စိတ်မလွင့်ရင်၊ မလွတ်ရင်လည်း မလွင့်မှန်း၊ မလွတ်မှန်းသိပါ။ အဲဒီလို သတိ ထားရာကနေ စိတ်ရဲ့ သဘောတွေကို တစ်ဆင့်ပြီး တစ်ဆင့် သိလာပါလိမ့်မယ်။ ဒါကြောင့် စိတ်ထိန်းရာကနေ လွတ်သွားရင် စိတ်ထိန်းတဲ့ ဘာဝနာနည်းပျက်ပေမယ့် စိတ်ကို စောင့်ရှောက်တဲ့နည်း မပျက်နိုင်ပါဘူး။ စိတ်အကြောင်းကို သိအောင်ကြည့် နေရင် စိတ်ရဲ့လွင့်တတ်မှု သဘောတွေကို ပိုပြီး သိသာလာနိုင်ပါတယ်။ အသိတွေလည်း တိုးလာနိုင်ပါတယ်။ အသိတိုးလာရင် ၀ိပဿ နာတရားလည်း တိုးလာပါပြီ။ တရားမပျက်တော့ပါဘူး၊
စိတ်ကိုထိန်းတဲ့ နည်းထက် စိတ်ကိုစောင့် ရှောက်တဲ့ ၀ိပဿနာ နည်းကိုလည်းအားထုတ်တတ်ပါစေ၊

17 Apr 2012

9 Apr 2012

ညီမလေးရယ် အိမ်မှာပဲနေပါ။


မကြာသေးမီက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Datuk Seri Najib Tun Razak မှ မြန်မာအမျိုးသမီးလးများကို အိမ်ဖော်အဖြစ် မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် ခေါ်ယူလို သည်ဟု ဆိုသည်။ ပြောင်းလဲတိုးတက်နေသော ခေတ်နှင့်အညီ အိမ်ထောင်စုတစ်ခုတွင် ခင်ပွန်းနှင့် တန်းတူ ရင်ဘောင်တန်းကာ အလုပ်လုပ်ရသော ဇနီးသည်များထဲတွင် မလေးရှားအိမ်ထောင်ရှင်မများလည်း အပါအဝင် ဖြစ်သည်။ အနှီ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အိမ်မှုကိစ္စများကို ဆောင်ရွက်ရန် Domestic Worker ဟူသော အိမ်ဖော်များသည် မရှိမဖြစ် လိုအပ်လှပေသည်။
.
မလေးရှားနိုင်ငံသို့  အင်ဒိုနီးရှား၊ ကမ်ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်၊ ဗီယက်နမ် အစရှိသော အာရှနိုင်ငံများမှ မိန်းကလေးများ အိမ်ဖော်အဖြစ် လာရောက်အလုပ်လုပ်ကိုင်ကြသည်။ ယင်းသို့ လာရောက်သော အိမ်ဖော်ဦးရေမှာ ၃၀၀,၀၀၀ ခန့် ရှိပြီး ၈၀% မှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်သည်။ အင်ဒိုနီးရှား အိမ်ဖော်မလေး များသည် မလေးရှားတွင် လူကြိုက်များလှသည်။ အကြောင်းရင်းမှာ အင်ဒိုနီးရှားဘာသာစကား Bahasa Indonesia သည် မလေးရှားနိုင်ငံ ရုံးသုံးဘာသာစကားဖြစ်သော Bahasa Melayu နှင့် အလွန်နီးစပ်၍ အင်ဒိုနီးရှား အိမ်ဖော်များသည် မလေးရှားနိုင်ငံသား အလုပ်ရှင်များနှင့် ကောင်းမွန်စွာ ပြောဆိုဆက်ဆံနိုင်သော ကြောင့် ဖြစ်သည်။
.
ဤလောကကြီးသည် အကောင်းနှင့် အဆိုးကား ဒွန်တွဲနေတတ်သည်။ လူဆိုသည်ကား သူတော်ကောင်းရှိသလို သူယုတ်မာလည်း ရှိပါသည်။ လူကောင်းရှိသလို လူဆိုးများလည်း ပေါလှချေသည်။ ထိုကဲ့သို့ အိုးပစ်အိမ်ပစ် တနယ်တကျေးတွင် စွန့်စားလာရောက် အလုပ်လုပ်ရရှာသော အိမ်ဖော်မလေးများ၏ ဘဝသည်ကား ကံဇာတ်ဆရာနှင့် လောင်းကြေးထပ်ကြရသည်။ ကံကောင်းပါက ကြင်နာသနားတတ်သော အလုပ်ရှင်နှင့် ကြုံရတတ်ပြီး ကံအကြောင်းမလှသူ အချို့ သော မိန်းကလေးများမှာမူ ရက်စက်တတ်သော၊ ညှင်းပန်းနှိပ်စက် တတ်သော အလုပ်ရှင်များနှင့် ကြုံကြရကာ အသက်ပင်ဆုံးရှုံးရတတ်သည်။ ဤစာစုတွင်ကံအကြောင်းမလှ၍ ကြမ္မာ၏ သားကောင်ဖြစ်ရရှာသော ညီမငယ်လေးများအကြောင်းကို အနည်းငယ် တင်ပြလိုပါသည်။
.
အင်ဒိုနီးရှားမှ Nirmala Bonat သည် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၀၄ခုနှစ်၊ မေလအထိ Hik Ik Ting နှင့် ဇနီးဖြစ်သူ Yim Pek Ha တို့ နေထိုင်သော Kuala Lumpur, Jalan Tun Ismail ရှိ Villa Putera သို့  ရောက်ရှိ ခဲ့သည်။ သူမ နေထိုင်စဉ်ကာလအတွင်း အိမ်ရှင်ဖြစ်သူ Madam Yim Peh Ha ၏ ညှင်းပန်းနှိပ်စက်မှုဒဏ် ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ရရှာကာ သေမတတ်ခံစားခဲ့ရရှာသည်။ သူမ၏ ပြောကြားချက်အရ
.
'ကျွန်မရဲ့ သူငယ်ချင်းတွေ မလေးရှားကို သွားအလုပ်လုပ်ပြီး ရွာကို ပိုက်ဆံထုပ်ပိုက်ပြန်လာတာတွေ တွေ့တော့ အားကျမိတယ်။ ဒါကြောင့် လာခဲ့တာပါ။ ဒီရောက်တော့ အနှိပ်စက်ခံရပါတယ်။ Mdm Yim က ကျွန်မကျောပေါ် ကို ရေနွေးပူပူနဲ့ လောင်းချပါတယ်။ သူစိတ်မထင်ရင် မထင်သလို စတီးလ်မတ်ခွက်နဲ့ မျက်နှာကို ရိုက်ပါတယ်။ မီးပူတိုက်တာ မပြန့်လို့ဆိုပြီး ကျွန်မရင်သားကို မီးပူ ပူပူနဲ့ ကပ်ပါတယ်။'
.
Nirmala Bonat ၏ တိုင်ကြားချက်အရ ညှင်းပန်းသူ အလုပ်ရှင် လေယာဉ်မယ်ဟောင်း အသက် (၄၂)နှစ်ရှိ Yim Pek Ha ခမျာ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရကာ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၁၈)နှစ် ချမှတ်ခြင်း ခံရသည်။
.
အလားတူ ကြမ္မာဆိုးနှင့် ရင်ဆိုင်ရသူ နောက်ထပ် အိမ်ဖော်မလေးတစ်ဦးမှာလည်း အင်ဒိုနီးရှားမှပင် ဖြစ်သည်။ အသက် (၂၆)နှစ်အရွယ် Win Faidah သည် ၂၀၀၉ခုနှစ်ကုန်ပိုင်းတွင် မလေးရှားနိုင်ငံ၊ Jelutong သို့ လာရောက်ခဲ့သည်။ သူမ၏အဖြစ်အပျက်မှာ ရင်နာစရာ ကောင်းလှပေသည်။ Win Faidah ၏ ပြောပြချက်အရ သူမ၏ အလုပ်ရှင် အသက် (၄၂)နှစ်ခန့် ခင်ပွန်းသည်က သူမအလုပ်လုပ်ကိုင်ခဲ့သော ၂၀၀၉နှစ်ကုန်မှစ၍ ၂၀၁၀ ခုနှစ်၊ မေလအတွင်း သူမအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုပါသည်။ ထိုသို့ အိမ်ရှင်အမျိုးသားမှ ပြုကျင့်စဉ်တွင် ၄င်း၏ အသက် (၃၆)နှစ်ခန့်ရှိသူ ဇနီးသည်ဖြစ်သူမှ အားပေးကူညီခဲ့သည်ဟု ဆိုပါသည်။ Win FaiDah မှ ရုန်းကန်ဟစ်အော် အကူအညီ တောင်းခံခြင်း မပြုနိုင်ရန် ယင်းဇနီးသည်ဖြစ်သူမှ သူမအား ကန်ကျောက်ရိုက်နှက်ခြင်း၊ ခြေလက်များကို ချုပ်ကိုင်ပေးခြင်း စသဖြင့် ၄င်း၏ ခင်ပွန်းသည်ဖြစ်သူအား ကူညီပေးသည်ဟု ဆိုပါသည်။ ထိုသို့ ညှင်းပန်း၍ အားရသောအခါ လူမဆန်သော ဇနီးမောင်နှံသည် Win Faidah အား မလေးငွေ ရင်းဂစ် ၃၀ ပါသော စာအိတ်တလုံးဖြင့် ၄င်းတို့အိမ်မှ ကီလိုမီတာ ၈၀ ကွာဝေးသော Nibong Tebal အရပ်ရှိ လူမနေသော အိမ်ဟောင်းတစ်လုံးတွင် တကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေသော Win Faidah အား ကြိုးတုပ်ကာ စွန့်ပစ်ခဲ့သည်။ တာဝန်သိ ပြည်သူ လမ်းသွားလမ်းလာတစ်ဦးမှ သူမအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာသို့ အကြောင်းခဲ့ပြီး သူမအား ကယ်တင်နိုင်ခဲ့သည်။ ထိုစဉ်က Win FaiDah သည် ဦးခေါင်းမှ သွေးတသွင်သွင် ယိုစီးလျက်ရှိသည်။ သူမ၏ ရင်သားနှင့်ကျောတွင် ရေနွေးပူလောင် သောကြောင့် ဒဏ်ရာအကြီးအကျယ်ရခဲ့သည်။ ခြေလက်များလည်း ရက်ရက်စက်စက် ကျိုးလုနီးနီး ရိုက်နှက်ခံ ထားရရှာသည်။ သေကံမရောက် သက်မပျောက်ဟူသော စကားအတိုင်း သူမ သေတွင်းမှ လွတ်မြောက်ခဲ့ရရှာ
သည်။
.
၂၀၀၉ခုနှစ်တွင် အလားတူ ဖြစ်ရပ်တစ်ခုမှာ အသက် ၃၅ နှစ်အရွယ် အင်ဒိုနီးရှားအိမ်ဖော် Siti Hajar အား အလုပ်ရှင်ဖြစ်သူ Madam Hau Yuan Tyng, အသက် ၄၅ နှစ်မှ တူဖြင့်ထုခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း စသဖြင့် ညှင်းပန်းနှိပ်စက်မှုကြောင့် သူမခမျာ ကိုယ်လွတ်ရုန်းထွက်ပြေးကာ အင်ဒိုနီး ရှားသံရုံးသို့ အကူအညီတောင်းခံခဲ့ရသည်။ အနှီလူမဆန်သော အလုပ်ရှင်မှာလည်း ဥပဒေအရ အရေးယူခြင်း ခံရပြီး ထောင်ဒဏ် ၁၁ နှစ် ကျခံခဲ့ရလေသည်။
.
ဤကဲ့သို့ မလေးရှားနိုင်ငံမှ အလုပ်ရှင်များ၏ လူမဆန်သောအပြုအမူများကြောင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၀၉ခုနှစ်၊ ဇွန်လတွင် မလေးရှားသို့  ယင်းနိုင်ငံသူများအား အိမ်ဖော်အဖြစ် စေလွှတ်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး မလေးရှားအစိုးရထံ အင်ဒိုအိမ်ဖော်များအား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပေးရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ မလေးရှားနိုင်ငံ၏ လူနေမှုပုံစံအရ အိမ်ဖော်များမှ မိသားစုတိုင်းလိုလိုအတွက် မရှိမဖြစ် လိုအပ်သောကြောင့် မလေးရှားအစိုးရမှ အင်ဒိုနီးရှားအစိုးရနှင့် ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်မူ အင်ဒိုနီးရှား အစိုးရမှ ယင်းတို့ သဘောထားကို အတိအလင်း ဤသို့ကြေငြာခဲ့သည်။
.
'တစ်လကို လစာ ရင်းဂစ် ၄၀၀, ၅၀၀ လောက်နဲ့ တနေ့ကို ၁၈နာရီမှ နာရီ၂၀ ထိ ကျွဲလိုနွားလို လုပ်ရတဲ့အဖြစ် မျိုးတွေ မရှိစေချင်တော့ပါဘူး။ တစ်လကို လစာအနည်းဆုံး ရင်းဂစ် ၇၀၀ ပေးစေချင်ပါတယ်။ ဒါ့အပြင် ယင်းလစာမှာလည်း အလုပ်တာဝန်တစ်ခုတည်း အတွက် ဖြစ်ပါတယ်။ ဥပမာ ကလေးထိန်းဖို့အတွက် လစာ ရင်းဂစ် ၇၀၀ ပေးပြီး ခေါ်ထားတဲ့ အိမ်ဖော်တစ်ဦးကို အိမ်မှုကိစ္စတွေလုပ်စေချင်ရင် နောက်ထပ် လစာ အပိုဆောင်းပေးရမှာ ဖြစ်ပါတယ်။'
.
ထိုကြေငြာချက်ကြောင့် အိမ်ဖော်ခေါ်ယူလိုသော မလေးရှားမိသားစုများအကြား အုတ်အော်သောင်းနင်း ဖြစ်သွား ခဲ့သည်။ အများစုမှာ ဤမျှလစာကို ဈေးကြီးသည်ဟု ထင်ကြသည်။ လက်ရှိ အိမ်ဖော်တစ်ဦး၏ လစာမှာ ရင်းဂစ် ၅၀၀ မျှသာ ရှိသည်။ ထို့ ကြောင့်လည်း မလေးရှားဝန်ကြီးချုပ် Datuk Seri Najib Tun Razak မှ ယခုနှစ် မတ်လတွင်း မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် လာရောက်စဉ် မြန်မာအမျိုးသမီးများ အိမ်ဖော်အဖြစ် ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။
.
မလေးရှားအလုပ်ရှင်များသည် အိမ်ဖော်မလေးများအား ညှင်းပန်းနှိပ်စက်တတ်ကြောင်း မကြာခဏဆိုသလိုပင် သတင်းစာများမှ လည်းကောင်း၊ တဆင့်စကားဖြင့်လည်းကောင်း ကြားရတတ်သည်။ ကိုယ်တွေ့အဖြစ်အပျက် တစ်ခုအား ရေးပြချင်ပါသည်။ လွန်ခဲ့သော လေးနှစ်ခန့်ကဖြစ်ပါသည်။ ထိုစဉ်က ကျွန်မသည် မလေးရှားတွင် အလုပ်လုပ်ဆဲ ဖြစ်ပါသည်။ ကျွန်မ၏ ဘေးအိမ်တွင် သားသမီးမရှိသော ဇနီးမောင်နှံမှ Wati ဆိုသူ ၁၉နှစ်အရွယ် အိမ်ဖော်မလေးတယောက်အား ငှားထားပါသည်။ အတိုချုပ်ဆိုရပါလျှင် အိမ်ရှင်အမျိုးသား၏ မကြာခဏ မတရားပြုကျင့်မှုကို ခံရရှာသော Wati တယောက် လပိုင်းအတွင်း ကိုယ်လေးလက်ဝန် ရှိလာပါသည်။ ကလေးမျက်နှာမြင်သောအခါ မိန်းကလေးဖြစ်သောကြောင့် အနှီလင်မယားမှ မမွေးလိုဟု ဆိုပါသည်။ ထိုကလေး ဘာဖြစ်လေသနည်း။ ဆက်ပါမည်။ အနှီ လူ့ တိရစ္ဆာန်ဇနီးမောင်နှံသည် လပိုင်းသာရှိသော ကလေးငယ်အား အင်ဒိုနီးရှား၊ Batam မှ နာမည်ကြီး လူကုန်ကူးဂိုဏ်းမှတဆင့် ပြည့်တန်ဆာအိမ်သို့ ရင်းဂစ် ၇၀၀၀ ဖြင့် ရောင်းချလိုက်လေသည်။ နောက်ထပ်ဖြစ်ရပ်တစ်ခုကို ထပ်၍ ပြောပြချင်ပါသေးသည်။ မယုံလျှင် ပုံပြင်ဟုသာ မှတ်ပါ။ သို့သော် ပုံပြင်မဟုတ်ပါ။ ငွေကြေးချမ်းသာသော မိသားစုတစ်ခုတွင် သားတစ်ယောက် ရှိပါသည်။ အဆိုပါသားသည် ထိုစဉ်က ၁၅နှစ်အရွယ် ဖြစ်ပါသည်။ သူတို့အိမ်တွင်အသက် ၂၂နှစ်အရွယ် အိမ်ဖော်မလေး ရှိပါသည်။ Ahmar ဟု ခေါ်ပါသည်။ အင်ဒိုမလေးပင် ဖြစ်ပါသည်။ သားဖြစ်သူသည် မူးယစ်ဆေးဝါး သုံးစွဲခြင်းကို မလိုလားသော မိဘများမှ အိမ်ဖော်မလေး Ahmar အား သားဖြစ်သူ၏ တနေ့တာ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေစေပြီး ဆေးလိပ်ခိုးသောက်ပါက ၄င်းတို့အား အသိပေးရန် မှာကြားထားခဲ့သည်။ Ahmar တယောက် တာဝန်ကျေရှာပါသည်။ ထို့ကြောင့်လည်း ထိုသူငယ်လေးမှ အာဃာတထားကာ မိဘများ နယ်ဝေးသို့ ခရီးထွက်နေစဉ်တွင် အပေါင်းအပါတစုအား အိမ်သို့ခေါ်ကာ လက်စားချေလေတော့သည်။ မည်သို့လက်စားချေလေသနည်း။ နားနှင့်မနာ ဖဝါးနှင့်နားတော်မူကြပါရှင့်။ ဆင်းရဲနွမ်းပါးရှာသော သနားစရာ Ahmar လေးအား သူရို့တတွေမှ ဝိုင်းဝန်းချုပ်နှောင်ထားကြကာ အိမ်တွင် မွေးထားသော ခွေးထီးကြီးနှင့် အတင်းအကြပ် အဝှာဟိုဒင်း သံဝါသမှုကို ဇွတ်အတင်း သွတ်သွင်းခဲ့ကြပါသတဲ့။ ကလေးမခမျာမှာ သူရို့တတွေ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဆေးရုံရောက်ပြီး မကြာခင်မှာပင် အသက်ပျောက်ခဲ့ သည်။ ငွေကြေးပြည့်စုံသော မိဘများ၏ ဝိုင်းဝန်ဖုံးဖိမှုကြောင့် တိုင်းသိပြည်သိ မဖြစ်ခဲ့သော်ငြား ထိုသတင်းသည် နီးစပ်ရာအသိုင်းအဝိုင်းတွင်မတော့ ဟိုးဟိုးကျော်ခဲ့လေသည်။
.
မလေးရှားနိုင်ငံတွင် အိမ်ဖော်အဖြစ် လာရောက်နေထိုင်သူ အာရှနိုင်ငံများမှ ညီမလေးများ သိန်းနှင့်ချီ၍ ရှိနေပါသည်။ မိသားစုအတွက် အိုးပစ်အိမ်ပစ် စွန့်စားရုန်းကုန်ရှာသော အနှီမိန်းကလေးများထဲတွင် Wati တို့လို၊ Siti တို့လို ကံဆိုးရှာသူ ညီမလေးများ မည်ရွေ့မည်မျှ ရှိပေမည်နည်း။
.
အကယ်၍များ .... အကယ်၍များပေါ့လေ မိမိနှင့် နီးစပ်ရာ မြန်မာမလေးများမှ 'မမရေ၊ မလေးရှားမှာ အိမ်ဖော်လုပ်ရင် ကောင်းမလား' မေးလာပါက ကျွန်မတွင် အဖြေတစ်ခု အဆင်သင့်ရှိနေပါသည်။
'ညီမလေးရယ်၊ ကိုယ့်အိမ်ကိုယ့်ရာနဲ့ တူတဲ့ အမိမြန်မာပြည်မှာပဲ နေပါ' ဟူ၏။
.
(လူအချင်းချင်း ညှင်းပန်းခြင်း ကင်းဝေးကြပါစေ။)
.
.
မှီညွှန်းကိုးကား
.
http://news.malaysia.msn.com/regional/article.aspx?cp-documentid=6081981
http://news.asiaone.com/News/AsiaOne+News/Crime/Story/A1Story20100920-238036.html
http://thestar.com.my/news/story.asp?file=/2008/11/27/nation/20081127110151&sec=nation
http://thestar.com.my/news/story.asp?file=/2012/3/17/nation/20120317191715&sec=nation
http://www.freemalaysiatoday.com/category/nation/2012/03/29/malaysia-may-bring-in-myanmar-maids/
 
 ref:http://www.facebook.com/note.php?note_id=148972231895748

7 Apr 2012

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)


မောင်လူဝေးဧပြီ ၈၊ ၂၀၁၂

ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သောအစိုးရအဖွဲ့နှင့်အတူ မလေးရှားလုပ်ငန်းရှင်များ လည်း တအုပ်ကြီးလိုက်ပါသွားသည့်သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှလည်းကောင်း၊ အင်တာနက်သတင်းဝက်ဆိုက်ဒ်များ မှတ ဆင့် ကြားလိုက်မြင်လိုက်ရသည်။
ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီး ဖုန်းဆက်အကြောင်းကြားလေသည်။ အကိုရေ ..မလေးရှားဝန်ကြီးချုပ်နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ..တဲ့။ ကျနော်သိလိုက်သည်။ ဟုတ်မယ်..ဗျ။ သူတို့က မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် သွားတာပါ။ မြန်မာ ပြည်သူပြည်သားများအတွက် ဘာမှဝမ်းသာစရာမရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီမလေးရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ မြန်မာစစ်အစိုးရ တပိုင်း ဦးသိန်းစိန်အစိုးရက လူတွေရဲ့အကျိုးစီးပွားအတွက် သွားတာပါလို့ ကျနော် ဖုန်းထဲကနေပြန်ပြောလိုက်မိတယ်။
တကယ်လည်း မြန်မာပြည်သူပြည်သားများ အတွက်မပါ ပါဘူး။ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်လို့ ၀တ်ကျေ တန်းကျေ သံတမန်စကားလုံးလေးအရလွဲပြီး အင်တိုက်အားတိုက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ပါ။
အာရှကျားတကောင်ဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့တာကိုတော့ ချီးကျုးစရာဖြစ်ပေမဲ့ … မလေးရှား အတိုက်အခံပါတီတွေကို နိုင်ငံရေး အရနှိပ်ကွပ်ခဲ့ပုံတွေကတော့ သူကလည်း တော်တော်လက်သံပြောင်ပါတယ်။ အခုမကြာသေးတဲ့ကာလကမှ အမှုမှပြန်လည်လွတ်မြောက် လာတဲ့ အတိုက်အခံခေါင်းဆောင် အန်နာဝါအီဘရာဟင်ဟာ အဲဒီ မဟာသီလက်ထက်ကတော့ ဒုဝန်ကြီးချုပ်တဦးဖြစ်ခဲ့ပေမဲ့ မဟာသီရဲ့ နိုင် ငံရေးအရ နှိပ်ကွပ်ချင်လာတဲ့အခါမှတော့ ..ယောင်္ကျားချင်း ကာမဆက်ဆံတယ်၊ (SODOMY ) တယ်ဆိုပြီး ဇွတ်အတင်းထောင်ချပစ်ခဲ့ပါတယ်။
ဗမာပြည်က စစ်အစိုးရလို မဟာသီကလည်း ယဉ်ယဉ်လေးနဲ့လက်သံပြောင်ခဲ့သူပါ။
အခုမြန်မာပြည်ကိုရောက်နေတဲ့ မလေးရှားအစိုးရ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်တဲ့အဖွဲ့ဟာ နှစ်နိုင်ငံစီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ ရောက်ရှိပြီး နေပြည်တော်က စစ်အစိုးရတပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုပါတယ်။ သူတို့ဆွေးနွေးတာ..မဆွေးနွေးတာကို ကျနော်စိတ် မ၀င်စားပါဘူး။ ဘာဖြစ်လို့စိတ်မ၀င်စားလည်းပြောရရင် မြန်မာပြည်က ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရဟာ သူတို့လုပ်ခဲ့သမျှ လုပ် ငန်းမှန်သမျှဟာ မြန်မာပြည်သူပြည်သားများအတွက်တော့ ဘာမှအကျိုးကျေးဇူး မဖြစ်လာဘူးဆိုတဲ့အချက်နဲ့ .. နောက်တချက်က လာ ရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားတိုင်းပြည်နဲ့ မြန်မာပြည်က စစ်တပိုင်း ဦးသိန်းစိန်အဖွဲ့အစိုးရကလူတွေအတွက်သာလျှင် ကွက်ကွက် က လေးသာ ကောင်းစားသွားတာတွေချည်းပဲမို့ ကျနော်စိတ်မ၀င်စားဘူးလို့ ပြောခြင်းဖြစ်ပါတယ်၊
ဗိုလ်ခင်ညွှန့်ကောင်းစားစဉ်ကာလက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ကြီးထဲကို ဇွတ်သွင်းပေးခဲ့တဲ့နိုင်ငံပါ။ အဲဒီကာလက မလေး ရှားဝန်ကြီးချုပ်ဟာ မဟာသီယာမိုဟာမက်ဖြစ်ပါတယ်။ မဟာသီဟာ မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒါဖြင့်ရင် ..စိတ်မ၀င်စားရင် ဘာဖြစ်လို့ထည့်ပြောနေလည်းမေးလာရင် ကျနော်ဖြေပါ့မယ်။
မလေးရှားအစိုးရနဲ့ မြန်မာပြည်က ဦးသိန်းစိန်အစိုးရတို့ နေပြည်တော်မှာ စီးပွားရေး ရင်းနှီးမြုပ်နှံမည့်ကိစ္စတွေအပြင် ..မြန်မာပြည်မှ မြန်မာ အမျိုးသမီးများအား မလေးရှားကို အိမ်ဖော်အဖြစ်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို ကျနော်တို့ သိရှိလိုက်ရတဲ့အတွက်…. ကျနော်ဒီစာလေးကို ချက်ခြင်းတင်ပြလိုက်တာပါ။
မလေးရှားမှာ အများဆုံးအိမ်ဖေါ်အလုပ်၊ တနည်း အစေခံအလုပ်ကို များသောအားဖြင့် တောနေ အင်ဒိုနီးရှားအမျိုးသမီးများနှင့် ဖိလစ်ပိုင် အမျိုးသမီးများသာ လုပ်ကိုင်ကြတာပါ၊ အင်ဒိုအမျိုးသမီးများက အများဆုံးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်ဒိုနီးရှားလူမျိုးများရဲ့စကားဟာ မလေးရှားစကားနဲ့ တူပါတယ်။ အင်ဒိုစကားလဲ သက်သက်တော့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးအားလုံးက မလေးရှားစကားကို ပြောနိုင်ပါ တယ်။ နောက်တချက်က နိုင်ငံချင်းကလည်း နီးပါတယ်။ ကိုးကွယ်ယုံကြည်မှုဘာသာလည်း တူကြပါတယ်။ အဲဒီလို ဘာသာတူ စကားတူတဲ့ အင်ဒိုနီးရှားအိမ်ဖေါ်တွေကို မလေးရှားအိမ်ရှင်များက ခဏခဏနှိပ်စက်လို့ ပြသာနာခဏခဏတက်နေဆဲပါ။
အဲဒီအတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေက သူတို့နိုင်ငံသူများအတွက် ၀င်ရောက်ကူညီမှုတွေ အပြည့်ရှိပါတယ်ဆိုတာတောင်မှ မ လေးရှားအိမ်ရှင် တရုတ်အများစုကတော့ အိမ်ဖော်ကို “ကျွန်” သဖွယ်ခိုင်းစေရုံသာမက ကိုယ်ထိလက်ရောက် နှိပ်စက်လျှက်ပါပဲ။ အိမ်ရှင်မှ အိမ်ဖော်အား ဓားနဲ့မွှန်းခြင်းများ၊ မီးပူဖြင့်ကပ်ခြင်းများ၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ နည်းမျိုးစုံနှိပ်စက်ပါတယ်။ မလေးတရုတ်လူမျိုး အများစု ဟာ နိုင်ငံခြားသား အလုပ်သမားများအပေါ်မှာ ရက်ရက်စက်စက် ကိုယ်ချင်းမစာ ခိုင်းလေ့ရှိပါတယ်။ နောက်ပြီး လစာကိုလည်း တန်ရာ တန်ကြေး မပေးပါဘူး။ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်စာစကား အရမ်းအားနည်းကြပါတယ်။ အဲဒီအတွက် အများကြီး အ ခက်အခဲ ရှိပါတယ်။
မလေးနိုင်ငံသုံး မလေးစကားကိုလည်း အင်ဒိုနီးရှားအမျိုးသမီးတွေလို မပြောနိုင်တော့ ပိုလို့သာဆိုးစရာအကြောင်းရှိပါတယ်။ နောက်တချက် မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားသံရုံးဟာ မိမိနိုင်ငံလူမျိုးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့နေရာမှ မိုးနဲ့မြေလို အရမ်းကွာပါတယ်။ အင်ဒိုနီးရှားသံရုံး က နိုင်ငံသားများ ပတ်စ်ပို့လဲခြင်း၊ ပျောက်လို့ ပတ်စ်ပို့အသစ်လျှောက်ခြင်းကိစ္စတွေမှာ အရမ်းမြန်ပါတယ်။ ပတ်စ်ပို့စ်ပျောက်လို့ အသစ် လျှောက်ပါက ထူးထူးထွေထွေ သိပ်မပြောရပါ။ အလွန်ဆုံးကြာရင် တရက် နှစ်ရက်ပါပဲ။ ပတ်စ်ပို့ကြေးသွင်းရငွေကလည်း မလေးရှားရင်းဂစ် ၅၀ အောက်ပဲရှိပါတယ်။
ကျနော်တို့ မြန်မာသံရုံးကတော့ ပတ်စ်ပို့ပျောက်လို့ သွားအကြောင်းကြားရင် မချေမငံဆက်ဆံပါတယ်။ ပတ်စ်ပို့ကြေးသွင်းရတဲ့ငွေဟာ မလေးငွေ ရာကျော်ရှိပါတယ်။ တခြားနိုင်ငံသံရုံးများမှ ကောက်ခံတဲ့ငွေနဲ့နှိုင်းယှဉ်လိုက်ရင် အရမ်းများလွန်းတဲ့ငွေပါ။ ၎င်းအပြင် မည့်သည့်နိုင် ငံမှ မရှိသော၊ မကောက်သော TAX အခွန်ငွေကိုလည်း လက်ရှိဆက်လက် ကောက်ခံနေဆဲပါ။
များမကြာခင်က ဦးသိန်းစိန်အစိုးရမှကြေငြာလိုက်သော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအားလုံး TAX အခွန်ပေးဆောင်ရန်မလိုတော့ ကြောင်း ကြေငြာပေးခဲ့ပေမဲ့ မလေးရှားရှိ မြန်မာသံရုံးကတော့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စမှာဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်မတိုင်ခင် နှစ် များက အကြောင်းအမျိုးမျိုးကြောင့် TAX မဆောင်နိုင်သူများ ယခုအခါ ပတ်စ်ပို့အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ပေးနေတဲ့အချိန် ဖြစ် တော့ ပတ်စ်ပို့အသစ်လဲလှယ်လိုသူများအားလုံး TAX အခွန်ကြေးကို ၂၀၁၂ ခုနှစ်မတိုင်ခင်က နှစ်တွေအားလုံးအတွက် သိမ်းကျုံး ကောက် နေပါတယ်။ TAX မပေးနိုင်ပါက ပတ်စ်ပို့မလဲပေးပါဘူး။ ပတ်စ်ပို့သက်တမ်းတိုးသူများလည်း ထိုနည်းအတိုင်းပါပဲ။ ၂၀၁၂ မတိုင်ခင်က နှစ်တွေအားလုံးကိုတွက်ပြီး TAX အခွန်ကောက်ပါတယ်။ TAX အခွန်မပေးနိုင်ပါက ပတ်စ်ပို့သက်တမ်း လုံးဝမတိုးပေးပါဘူး။ လက်ရှိမြန်မာ သံရုံးကတော့ TAX အခွန်ငွေကို မိမိနိုင်ငံသားများ အလုပ်အဆင်ပြေ မပြေ လုံးဝမစဉ်းစားဘဲ ပျော်ပျော်ကြီးကို ကောက်ခံနေဆဲပါ။
နောက်ပြီး မလေးရှားမှာအလုပ်လာလုပ်သူမှန်သမျှ အားလုံးဟာ မလေးရှားအစိုးရကို အလုပ်လုပ်ခွင့်ပါမစ် ( work permit ) ကြေးလည်း မလေးအစိုးရကို ပေးဆောင်ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံသားအားလုံးဟာ မလေးအစိုးရကိုလည်း အလုပ်ပါမစ်အတွက် အခွန်ပေး ဆောင်ရ၊ နောက်တခါ မြန်မာသံရုံးကိုလည်း ဘယ်နိုင်ငံမှမကောက်တဲ့ မယူတဲ့ TAX အခွန်ငွေကို ပေးဆောင်နေရတဲ့အတွက် အခွန်နှစ် ထပ်ပေးဆောင်နေရပါတယ်။
မလေးရှားမှာ အလုပ်လုပ်လို့ရတဲ့ လစာက အများစုက တလကို မလေးငွေ ရင်းဂစ် ၆၀၀ နဲ့ ၉၀၀ တန်းပဲရှိတာမို့ ဘယ်လိုမှ အဆင်မပြေကြ ပါဘူး။ မြန်မာပြည်ပြန်ရင် အလုပ်ကမရှိ၊ လာစဉ်က ချေးဌားလာရတဲ့ အကြွေးတွေကရှိနေတော့ ပြန်လို့မရဖြစ်နေတာ အများစုပါပဲ။ အဲဒီ အထဲက တချို့သာလျှင် ကိုယ်ပိုင်အလုပ်လေးတွေထွင်ပြီးလုပ်နိုင်ကြလို့ တချို့လည်း လုပ်သက်တွေအရမ်းကြာလာလို့သာ နေထိုင်နိုင်ကြ တာပါ။ နောက်ပြီး မလေးရဲကလည်း နိုင်ငံခြားသူအလုပ်သမများ အလုပ်လုပ်ခွင့်ပါမစ်မရှိရင် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ် ပါတယ်။ ပါမစ်ရှိရင်တောင်မှ ရဲက နည်းအမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ပါတယ်။ မပေးရင် ပြသာနာရှာပါတယ်။
အလုပ်ကအဆင်မပြေ အလုပ်ကအဆင်ပြေရင်လည်း လစာကအရမ်းနည်း၊ လစာနည်းရတဲ့အထဲ မြန်မာသံရုံးကို အခွန်ပေးရ။ မလေးရှား အစိုးရကို ပါမစ်ကြေး အခွန်ပေးရဆိုတော့ အဆင်မပြေမှုတွေ များသထက်များလာရင်း နောက်ဆုံးတော့ မြန်မာအမျိုးသမီးတချို့ မလုပ်သင့် တာတွေကို လုပ်မိလျက်သား ဖြစ်လာရပါတော့တယ်။ ငွေကြောင့် တခြားနိုင်ငံသားများနှင့် လိင်ကိစ္စတွေ ရှုပ်ရှက်ခတ်ကုန်ပါတော့တယ်။ အဲဒီအဖြစ်အပျက်အခြေခံ အကြောင်းတရားများဟာ မိမိနိုင်ငံရဲ့အစိုးရ ညံ့ဖျင်းမှု၊ မကောင်းလို့သာ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေသာ ဖြစ် တာမို့ လက်ရှိမြန်မာအစိုးရဆိုသူတွေမှသာ တာဝန်အရှိဆုံးပါ။
ခုတခါ မြန်မာအမျိုးသမီးများ မလေးရှားကို အိမ်ဖော် တနည်း.. အိမ်စေ အစေခံအနေနဲ့လွှတ်ဦးမယ်ဆိုရင်တော့ လက်ရှိအစိုးရက ဘယ်လို တာဝန်ယူမှာလဲ..? မလေးရှားရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့ကို အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ အေးဂျင့်လူပွဲစားက တရားမ၀င်သိမ်း ထားတာတောင် ရအောင်ပြန်မတောင်းပေးနိုင်ပါဘူး။ ကျနော်တို့ ပတ်စ်ပို့နောက်ကျောအဖုံးအတွင်းမှာ …(သတိပြုရန်အချက်) ဆိုတဲ့ခေါင်း စဉ်အောက်က အတိအလင်းရေးထည့်ထားတာရှိပါတယ်။
… နိုင်ငံခြားတိုင်းပြည်များဆိုင်ရာ အရာရှိများမှတပါး အခြားမည်သူကမှ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ဂဏန်းအမှတ်အသားများပြုလုပ် ခြင်း၊ မပြုလုပ်ရ..လို့ ပါရှိပါတယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ (လူပွဲစားအေးဂျင့်) များကတော့ ရောက်လာတဲ့မြန်မာနိုင်ငံသားလူသစ်များကို လေဆိပ်ကနေဖမ်းပြီး ပတ်စ်ပို့ကို ပတ်စ်ပို့မှာ အလုပ်လုပ်ခွင့်ပါမစ်ကပ်ရန်အကြောင်းပြပြီး တခါတည်း သိမ်းလိုက်ပါတော့တယ်။
အမှန်မှာမူ နိုင်ငံကူးပတ်စ်ပို့အား ဥပဒေအရ လူပွဲစားအေးဂျင့်များက သိမ်းခွင့်မရှိသလို … မြန်မာပြည်တွင်းမှာလည်း စာချုပ်စဉ်ကတည်းက ပတ်စ်ပို့ကို လူပွဲစားအေးဂျင့်များက အကြွေးကျန်သူများ အကြွေးမကျေသေးပါက ပတ်စ်ပို့သိမ်းထားမည်ဟုလည်း စာချုပ်ထဲထည့်သွင်း ရေး ထားလို့ မရပါဘူး။ ရေးခဲ့ရင်လည်း ဥပဒေအရ အကျုံးမ၀င်ပါဘူး။ သို့သော် မလေးရှားလူပွဲစားအေးဂျင့်များကတော့ ပြောင်ပြောင်တင်းတင်း ပင် ရောက်စဉ်ကတည်းက လေဆိပ်မှာတင် ပတ်စ်ပို့ကို တခါတည်းသိမ်းပါတော့တယ်။
အဲဒီပြဿနာများကို မြန်မာသံရုံးမှသိသော်လည်း မျက်နှာပြောင်တိုက်ကာ ဘာမှမဆောင်ရွက်ပေးခြင်းမရှိဘဲ ရှိနေလျှက်ပါ။ တခြားပြဿနာတစုံတရာပေါ်ပေါက်ခဲ့လို့ မြန်မာသံရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရင်လည်း ဘာမှဆောင်ရွက်ပေးတာမရှိသလို ဘာမှလည်းဆောင်ရွက် နိုင်တာမရှိခဲ့ပါ။
ကျနော် အင်တာနက်တွင် ဗွီအိုအေမှ ဒေါ်ခင်စိုးဝင်းနှင့် မြန်မာနိုင်ငံခြားေ၇းဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အင်တာဗျုးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက သံရုံးအားလုံးအား မြန်မာနိုင်ငံသားများအား အခက်အခဲပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ် ကြောင်းဖြေဆိုခဲ့တာကို ပြန်လည်ကြားယောင်ရင်း မလေးရှားသို့ .. မြန်မာအမျိုးသမီးများအိမ်ဖော် တနည်း အိမ်အစေခံနှင့် အလုပ်လာလုပ် ဦးမည်ဆိုရင်တော့ ကျနော်တို့ မြန်မာအမျိုးသမီးလေးများအရေး မတွေးဝံ့စရာတွေဖြစ်လာတော့ ဧကံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
(မှတ်ချက်။ ။ မလေးရှားမှ အိမ်ဖော် အိမ်အစေခံ မြန်မာအမျိုးသမီးများအလိုရှိနေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အင်ဒိုအမျိုးသမီးများ အိမ်ဖော် အဖြစ် မလေးရှားကို သွားရောက်အလုပ်လုပ်ခြင်းကို ခွင့်မပြုတော့လို့ဖြစ်ကြောင်း နောက်ဆက်တွဲသိရကြောင်းပါ။)

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

4 Apr 2012

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)


အထက်ပါကလေးများတွေ့ ရှိပါက..ဆက်သွယ်အကြောင်းကြားကူညီစောင့်ရှောက်ပေးပါ

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ  ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(
female survivos  of  gender based violence)  အမျိုးသမီးများအတွက်  အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ  အခမဲ့  ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်

-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ  အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက်  ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ  ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံ
ရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

"
 အမြန်ဆုံး  သတင်းပို့ပါ  ဥပဒေကြောင်းအရ  အခမဲ့ အကူအညီ ပေးပါသည်   "
Legal Aid Project  အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊  ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

                      ဦးငိုင်ဆာခ့်
               (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြိ
ု့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း

ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်
ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉


ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁


ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း

ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅


လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှ
င့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅


မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်
ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊
ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွ
က်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈


ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(
၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃


တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့

၀၉-၄၉၆၆၈၁၃၉


မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်
။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀


ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

===========

ဆက်လက်ဖြန့် ဝေစေချင်ပါသည်
လေးစားချစ်ခင်သော
ရွှေအိမ်စည်

3 Apr 2012

စားသတိ၊ သွားသတိ၊ နေသတိ ရှိစေဖို့ ...



နည်းပညာအသစ်အဆန်းတွေ တစ်နေ့ တစ်မျိုး မရိုးနိုင်လောက်အောင် ပေါ်ပေါက်နေတဲ့ နည်းပညာ
ခေတ်ကြီးမှာ အမျိုးသမီးတွေသတိထားနိုင်ဖို့ ( အမျိုးသားတွေလည်းပါသပေါ့ လေ...) ၊ အသွားအလာ
အနေအထိုင်ဆင်ခြင်နိုင်ဖို့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ၊ လျှို့ ဝှက်အပ်တဲ့ ကိစ္စတွေ တစ်ကမ္ဘာလုံး မသိစေ
ဖို့ အတွက် နောက်ဆုံးပေါ် လျှို့ ဝှက်ကင်မရာများ မည်သို့ တပ်ဆင်ကာ ထောက်လှမ်းရိုက်ကူးထားနိုင်
ကြောင်းတင်ပြလိုက်ပါတယ်...
နည်းပညာများကတော့ အစုံပါပဲ...ယခုပုံများသာမမြင်တွေ့ ဖူးပါက ပြောလို့ ပင်ယုံနိုင်ဖွယ်မရှိပါဘူး...










































ref: ကိုပီတာ

31 Mar 2012

သင်္ကြန် သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။

ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။

 အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။

ပုဂံခေတ်မြန်မာသင်္ကြန် အကြိုနေ့

သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။

မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

http://yinminkhine.multiply.com မှကူးယူဖေါ်ပြပါသည်.။

22 Mar 2012

ငရဲပြည်အတွေ့အကြုံ



မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။


၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။


ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။


နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့  ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။  နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊  လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။  ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။  ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။   ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။  ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။  ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။  ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။  ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

9 Mar 2012

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

တံတောင်ဆစ်

ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။
                                                                                            

     ခရစ္စတယ်ဦး

8 Mar 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ်



အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေ ကြားခဲ့သည်။


ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။



SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်​ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထား​ခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။

NBC FaceBook

4 Mar 2012

တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်


မတ်လ၅ရက်နေ့မှစတင်ကာတန်ဖိုးနည်းGSMဖုန်းများကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သိရသည်။
“လာမယ့် မတ်လ ၅ ရက်နေ့ကစပြီး စတင်ချပေးသွားမှာပါ။ အရေအတွက် ကတော့ကျွန်တော်တို့လည်းအတိအကျမပြောနိုင်သေးပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖုန်းများအားကျပ်ငွေတစ်သိန်းရှစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ဖြစ်ကြောင်းနှင့် ဦးစွာ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်းများကိုOne stopservice ဖြင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသော ဆိုင်များအနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ထားသော ပုဂ္ဂလိကကုမ္မဏီ ၂၃ ခုတွင် ချိန်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“သုံးသိန်းတန်းဖုန်းတွေကို ပြည်သူအများစုက မျှော်နေကြတာကြာပါပြီ။ အခုလို နှစ်သိန်းဝန်းကျင်နဲ့ ချပေးမယ်ဆိုတော့လည်း ဝမ်းသာရပါတယ်။ ဒါပေမယ့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကျပ် ၅ ထောင်တည်းနဲ့ ရောင်းချပေးမယ်ဆိုတော့ ပြည်သူတွေမှာ ဇဝေဇဝါနဲ့ ဝယ်ရမလို၊မဝယ်ဘဲထပ်စောင့်ရမလိုဖြစ်နေကြပါတယ်”ဟု အသေးစားစက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို၀၉-၄၂နံပါတ်မျာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖုန်းများကို စတင်ရောင်းချပေးသည့်အချိန်မှ ခြောက်လအတွင်း MMS (Multiamedia Serfvice) စနစ်ကိုအသုံးပြုနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GSM ဖုန်းပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံနှင့်သတင်း-မြစ်မခမီဒီယာဂရု