5 Jul 2012

တရုတ်မင်းသား ကို မန္တလေးလူထု သောင်းသောင်းဖျဖျကြိုဆို


 
တရုတ်မင်းသား ဂျက်ကီချမ်းကို ကို မန္တလေးလူထု က သောင်းသောင်းဖျဖျကြိုဆို ကြောင်း သတင်းရရှိပါတယ်။ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စေတနာ့ ဝန်ထမ်း သံအမတ်ကြီး တဦးဖြစ်တဲ့ ဟောလိဝုဒ် အက်ရှင်မင်းသား ဂျက်ကီချန်းဟာ ဒီကနေ့ မန္တလေးမြို့ကို ကိုယ်ပိုင်လေယာဉ်နဲ့ ရောက်ရှိလာပါတယ်။

ဂျက်ကီချန်းရောက်လာပြီးနောက် ပရိသတ်ပိုများလာသဖြင့် ဂျက်ကီချန်းမှာ ကျောင်းအတွင်း ခေတ္တသာ နေပြီး ပြန်လည်ထွက်ခွါသွားကြောင်း သိရပါတယ်။ သို့သော် သတင်းထောက်များမှာ ဂျက်ကီချန်းပြန်လာမည်ဟု ယူဆပြီး စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။

မင်းသား ဂျက်ကီချန်းဟာ ၃ ရက်တာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူကုန်ကူးမှု တားဆီးရေးဌာန (မန္တလေး) တို့မှာ ရှိတဲ့ လူကုန်ကူးခံရပြီး ပြန်လွတ်မြောက်လာတဲ့ ကလေးသူငယ်တွေ၊ မိဘမဲ့ ကလေးတွေနဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

မစ္စတာချန်းဟာ ၂ဝဝ၄ ခုနှစ်က စပြီး UNICEF ရဲ့ စေတနာ့ ဝန်ထမ်း အထူး သံအမတ်ကြီး တာဝန် ယူခဲ့ပြီး ကလေးသူငယ်များ လူကုန်ကူးခံရမှု ပပျောက်ရေး အတွက် UNICEF ရုံးစိုက်ရာ နိုင်ငံပေါင်း ၁၉ဝ ကို သွားရောက် လည်ပတ်ခဲ့ပါတယ်။

တရုတ် အက်ရှင်မင်းသား မစ္စတာချန်းဟာ ဇူလိုင်လ ၇ ရက်နေ့ကျရင် ရန်ကုန်မြို့ UNICEF ရုံးမှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ်လို့လည်း သိရပါတယ်။

မြန်မာမင်းသား လူမင်းအပါအဝင် မြန်မာ သရုတ်ဆောင် ၁၀ ဦးခန့်ကလည်း တရုတ်မင်းသားဆီက ပညာများကို အနီးကပ်လေ့လာသင်ယူကြမယ်လို့ သတင်းရရှိပါတယ်။

ref: Myanmar Express

4 Jul 2012

လမ်းပေါ်က အနုပညာ

လမ်းလျှောက်နေရင်း..ရုတ်တရက်ခြေလှမ်းတွေရပ်တန့်သွားစေလောက်အောင်ကို ပြောင်မြောက်တဲ့လက်ရာ ဖန်တီးမှုတွေနဲ့ ရေးဆွဲထားတဲ့ လမ်းပေါ်ကအနုပညာ (3D Street Art) ကို မြင်သူတိုင်း ရင်သပ်ရှုမော ကြည့်ရှု အားပေးကြမှာမလွှဲပါဘူး။
ပန်းချီပညာနဲ့ပတ်သက်လို့လဲ ကျွန်တော့်မှာနားလည်မှုမရှိပေမယ့်...ရေးဆွဲသူပန်းချီဆရာရဲ့စိတ်ကူးပုံဖော် စုတ်ချက်တွေကိုတော့ အခါအားလျော်စွာ မြင်မိပြီး.နှစ်သက်သဘောကျမိတာတွေရှိပါတယ်။  ဆီဆေး၊ ရေဆေး၊ ပုံတူ၊ ကယ်ရီကေချာ၊ အရင်ကရုပ်ရှင်ပိုစတာကြီးတွေ(ခုလို Vinyl တွေမရှိခင်က)၊ စသည် ဖြင့်မြင်မိတိုင်း ဆေးစက်ကျရာအရုပ်ထင်နိုင်စွမ်းရှိတဲ့ ပန်းချီပညာရှင်တွေကိုလဲ လေးစားအားကျ မိပါတယ်။

ကိုယ်တိုင်ပန်းချီဆွဲတတ်ဖို့နေနေသာသာ..ကျောင်းတုန်းက ပထ၀ီမြေပုံ၊ ဘိုင်အိုပုံတွေမဆွဲတတ်ခဲ့လို့ ခဏ ခဏဒဏ်ပေးခံရတာပေါ့ဗျာ။ ကျောင်းသားဘ၀က ပန်းချီပြိုင်ပွဲတွေကျင်းပရင်လဲ ပန်းချီဆွဲတတ်တဲ့သူ သယ်ချင်းတွေကိုအားပေးခဲ့ရတာအမော။

3D လို့ဆိုကျတဲ့ သရီးဒိုင်မေးရှင်းသုံးဖက်မြင် နည်းပညာကလဲစိတ်ဝင်စားဖို့ကောင်းသလို ကြည့်ရှုတဲ့သူတွေ ကိုလည်း တကယ်ကိုယ်တိုင်ကိုယ်ကျပါဝင်ခံစားနိုင်ပြီး..ထူးကဲလှတဲ့ခံစားမှုကိုဖြစ်ပေါ်စေပါတယ်။ ပြော သာပြောရတယ်..ကျွန်တော်ကိုယ်တိုင် ခုချိန်ထိ 3D ရုပ်ရှင်တစ်ခါမှမကြည့်ဖူးသေးပါဘူး။

မျက်မှန်ကြီးတွေတပ်ပြီး ရုပ်ရှင်ရုံထဲမှာ တကယ်အပြင်မှာအတိုင်းခံစားမှုပေးနိုင်တဲ့ 3D ရုပ်ရှင်ဇာတ်ကား တွေလဲ ကြည့်ဖူးသူတိုင်းကတော့..နှစ်ခြိုက်ကြတယ်လို့လဲ စာစောင်တွေမှာဖတ်ဖူးပါတယ်။ အခုတော့ ရုပ်ရှင်မကြည့်နိုင်သေးခင် ပန်းချီပုံတွေကိုပဲ အရင်ခံစားကြည့်ရတာပေါ့ဗျာ။

ဗြုန်းခနဲမြင်လိုက်ရင်..လမ်းမပေါ်မှာ ချိုင့်ခွက်တွေနဲ့...ရေကူးကန်လဲရှိ၊ ကော်ဖီခွက်ကြီးကြီးတွေနဲ့ တကယ့် အစစ်လို့ထင်ရလောက်အောင်ကို ပါရမီရှင်ပန်းချီဆရာတွေရေးဆွဲထားတဲ့ လမ်းပေါ်ကပုံတွေကိုတော့ ကျွန် တော်တော်တော်လေးကိုသဘောကျမိပါတယ်။

ပုံလေးတွေကိုလည်း တစ်ရက်နည်းနည်းချင်းစီ ရှာဖွေစုဆောင်းပြီး..ပြန်လည်တင်ဆက်မျှဝေဖို့ကြိုးစား လိုက်ရတာလဲ...(၇)ရက်လောက်အချိန်ကုန်စေခဲ့တယ်။ ခုတလော..အင်တာနက်လိုင်းတွေကလည်း ပုံမှန် ထက်ကို ဆိုးရွားစွာနှေးကွေးနေတာကြောင့်လဲပါတာပေါ့။ကဲ...ဓာတ်ပြားဟောင်းကြီးပဲခဏခဏဖွင့်နေ ရတော့ ခွေလဲထစ်နေပါပြီ။ ပုံလေးတွေပဲ ကြည့်ကြတာပေါ့ဗျာ။ပုံအားလုံး (၉၀)ကျော်မို့...ဇိမ်လေး နဲ့ အေးအေးဆေးဆေးရှုစားကြတာပေါ့။



























































































































































































ခုလိုစိတ်ရှည်လက်ရှည်နဲ့ ပုံတွေကိုကြည့်ရှုအားပေးသွားတဲ့အတွက်လဲ ကျေးဇူးတင်ပါတယ်ဗျာ။ တိတ် တိတ်လေးပဲကြည့်သွားသွား၊ comment ရေးပြီးပဲကျေးဇူးတင်ကြောင်းပြောပြော၊ CBox မှာပဲ ခြေရာချန်ချန် တကူးတကအချိန်ပေးရတာကတော့...တင်တဲ့သူရော၊ ကြည့်တဲ့သူရောပဲမို့ ကျွန်တော်တော့ ခဏနားလိုက် ပါဦးမယ်ဗျာ။
အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
တွတ်တွတ်

ref: http://www.kyaukme.com