12 May 2014

စစ်အသုံးစရိတ် က အလှူအတန်း စရိတ်ထက် များနေ



၂၀၁၂ ခုနှစ်ရဲ့ စစ်အသုံး စရိတ်ကို စစ်တမ်းချုပ် ကြည့်တဲ့ အခါမှာ အမေရိကန် ဒေါ်လာ ၁၇၃၅ ဘီလျံ ရှိပါတယ်။ ယင်းဟာ တစ်ကမ္ဘာလုံးက စစ် အသုံးစရိတ် များကို စုပေါင်းလိုက်ခြင်း ဖြစ်ပြီး အမေရိကန် နဲ့ တရုတ်က ကမ္ဘာ့ စစ်အသုံးစရိတ် အများဆုံး နှစ်နိုင်ငံ ဖြစ်ပါတယ်။


 ပြီးရင် ရုရှား၊ မြောက်ကိုရီးယား၊ ပြင်သစ် နဲ့ အခြားသော ဥရောပနဲ့ အမေရိက နိုင်ငံ များက အစဉ်လိုက် ရှိနေပြီး အသုံးစရိတ်က တစ်နှစ်ထက် တစ်နှစ် ပိုမြင့် လာကြ ပါတယ်။ ယင်းထဲမှာ အမေရိကန်က ဦးဆောင် နေပါတယ်။ တစ်ဖက်မှာလည်း ကမ္ဘာ့ ဆင်းရဲသား နိုင်ငံ များက ပညာ မတတ်သေးတဲ့ ကလေးတွေ၊ လူငယ်တွေကို ပညာသင်ပေးရင် ကုန်ကျမယ့် စရိတ်ကို တွက်ပြ ထားပေး ပါတယ်။ ယင်းဟာ အမေရိကန်ဒေါ်လာ ၁၃၅ ဘီလျံပဲ ရှိပါတယ်။ ဒီတော့ လက်ရှိ ကမ္ဘာ့ စစ်အသုံး စရိတ်ရဲ့ ဆယ်ပုံပုံ တစ်ပုံတောင် မရှိ ပါဘူး။

ဒါကြောင့်မို့ စစ် အသုံးစရိတ် အစား ပညာရေးနဲ့ ကမ္ဘာ့ ဆင်းရဲသား နိုင်ငံများက လူဆင်းရဲ များရဲ့ ကျန်းမာရေး တို့အတွက် အသုံးပြု သင့်ကြောင့် လေ့လာသူများက မှတ်ချက်ပြု ပြောဆို ထားပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)


ခုခံအားကျဆင်းမှု ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ

Photo: ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ
===================
ခန္ဓာကိုယ်ပြင်ပတွင် လျင်မြန်စွာ သေကျေပျက်စီးသဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။

          ၁။ လက်ဆွဲနှုတ်ဆက်ခြင်း

          ၂။ ဖက်ရမ်းခြင်း။

          ၃။ အလုပ် အတူတူလုပ်ခြင်း။

          ၄။ အစား အတူတူစားခြင်း။

          ၅။ ခရီး အတူတူသွားခြင်း။

          ၆။ ကျောင်း အတူတူတက်ခြင်း။

          ၇။ ရေကူးခြင်း။

          ၈။ နှာစေးချောင်းဆိုးခြင်း။

          ၉။ အစားအစာများ။

          ၁၀။ အသုံးအဆောင်ပစွည်းများ (ဥပမာ- အိမ်သာ၊ ပန်းကန်ခွက်ယောက်၊
တယ်လီဖုန်း။)

          ၁၁။ ခြင်၊ ယင်၊ ကြမ်းပိုး။

          ၁၂။ ပါးကို နမ်းခြင်း။

https://www.facebook.com/pages/%E1%80%B1%E1%80%9B%E1%82%8A%E1%80%A1%E1%80%AD%E1%80%99%E1%80%B9%E1%80%85%E1%80%8A%E1%80%B9%E1%80%85%E1%80%AC%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%80%B7%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9-%E1%80%85%E1%80%AC%E1%80%B1%E1%80%95%E1%80%92%E1%80%AB%E1%80%94%E1%80%BB%E1%80%95%E1%80%B3%E1%80%9E%E1%80%8A%E1%80%B9/511509612202059

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ AIDS မကူးစက်နိုင်သော နည်းလမ်းများ
===================
ခန္ဓာကိုယ်ပြင်ပတွင် လျင်မြန်စွာ သေကျေပျက်စီးသဖြင့် အောက်ပါနည်းလမ်းများဖြင့် မကူးစက်နိုင်ပါ။

၁။ လက်ဆွဲနှုတ်ဆက်ခြင်း

၂။ ဖက်ရမ်းခြင်း။

၃။ အလုပ် အတူတူလုပ်ခြင်း။

၎။ အစား အတူတူစားခြင်း။

၅။ ခရီး အတူတူသွားခြင်း။

၆။ ကျောင်း အတူတူတက်ခြင်း။

၇။ ရေကူးခြင်း။

၈။ နှာစေးချောင်းဆိုးခြင်း။

၉။ အစားအစာများ။

၁၀။ အသုံးအဆောင်ပစွည်းများ (ဥပမာ- အိမ်သာ၊ ပန်းကန်ခွက်ယောက်၊
တယ်လီဖုန်း။)

၁၁။ ခြင်၊ ယင်၊ ကြမ်းပိုး။

၁၂။ ပါးကို နမ်းခြင်း
 
ရွှေအိမ်စည်စာကြည့်တိုက်-စာပေဒါနပြုသည်

မြန်မာအလုပ်သမားများအား နိုင်ငံသားများနှင့် တန်းတူအခွင့်အရေးပေးမည်ဟု ထိုင်းနှင့် မလေးရှားအစိုးရကတိပြု

 
photo:BKK post

ထိုင်းနှင့် မလေးရှား အစိုးရတို့က မြန်မာအလုပ်သမားများက ၎င်းတို့နိုင်ငံသားများနှင့် တန်းတူ လုပ်သား အခွင့်အရေး ပေးမည်ဟု မြန်မာအစိုးရအား ကတိပြုခဲ့ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ၀န်ကြီးဌာနဒုတိယ၀န်ကြီး ဦး ထင်အောင်ကပြောကြားသည်။

ထိုင်းနှင့် မလေးရှားနိုင်ငံတို့ တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများသည် လုပ်သား အခွင့်အရေးပြည့်ဝစွာ မရရှိဘဲ အကြမ်းဖက်ဖိနှိပ်ချုပ် ချယ်မှုခံနေရပြီး လုပ်ခလစာနှင့် လူမှုဖူလုံရေး အကျိုးခံစားခွင့်တို့ မှာလည်း ဆုံးရှုံးနေရဆဲပင်ဖြစ် သည်။ ယင်းနိုင်ငံများသို့ အလုပ် သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး က အလုပ်သမားအခွင့်အရေး ကာကွယ်မြှင့်တင်ရေး ခရီးစဉ်တွင် မြန်မာအလုပ်သမားများ အခွင့် အရေးချိုးဖောက်ခံရမှုများရှိနေ၍ ယင်းကဲ့သို့ မဖြစ်ပွားစေရန် နှစ် နိုင်ငံ အလုပ်သမားဝန်ကြီးများအား ဒုဝန်ကြီးက ကတိပြုတောင်းဆိုခဲ့သည်။ ယင်းတောင်းဆိုချက်များကို ဆောင်ရွက်ပေးမည်ဟု ကတိပြု ခဲ့ကြောင်း သတင်းရရှိသည်။

‘‘ယောက်ျားချင်း တစ် ယောက်နဲ့ တစ်ယောက်ပြောကြ တာလေ။ Gentleman agree- ment ရှိတယ်လေ။ တစ်ယောက် နဲ့ တစ်ယောက် ယုံကြည်မှုနဲ့ အလုပ်လုပ်နေတာ။ ကိုယ်လည်း ကတိပေးထားသလို သူတို့ ဘက်ကလည်း ကတိပေးထားတယ်’’ဟု ဒုဝန်ကြီး ဦးထင်အောင်ကပြောသည်။

ထို့အပြင် မြန်မာအလုပ်သ မားအရေးပိုမိုတွင်ကျယ်စွာ လုပ် ဆောင်နိုင်ရန် ယင်းနိုင်ငံများမှ မြန်မာလူမှု အဖွဲ့အစည်းများနှင့်လည်း ချိတ်ဆက်ကာ အလုပ်သ မားကာကွယ်စောင့်ရှောက်မှုလုပ် ငန်းစဉ်များကို တိုက်ရိုက်ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုသည်။

‘‘လူမှုအဖွဲ့အစည်းတွေကို လည်း ပြောထားတယ်။ အချိန်မ ရွေးဖုန်းနဲ့ ဆက်သွယ်ပါ။ နောက် ပြီး အဲဒီနိုင်ငံတွေမှာရှိတဲ့ အလုပ် သမား သံအရာရှိတွေနဲ့လည်း အနည်းဆုံးတစ်လတစ်ကြိမ်တွေ့ ဖို့ ဆွေးနွေးဖို့ လည်း ပြောထားခဲ့ပါ တယ်’’ဟု ၎င်းကဆက်လက်၍ ပြောသည်။

အဆိုပါနိုင်ငံများတွင် အ ထောက်အထားမဲ့ဖြစ်နေသည့် မြန်မာအလုပ်သမားများကို အကာအကွယ်ဖြစ်စေ သည့် သာမန် နိုင်ငံကူးလက်မှတ်များ ထုတ်ပေး လျက်ရှိသော်လည်း လာရောက် လုပ်ဆောင်သူ နည်းပါး လျက်ရှိနေ သေးသည်။ ထို့ကြောင့် ယခု နောက်ပိုင်းတွင် အလုပ်သမားများထံ သတင်းအချက်အလက်များ ပိုမိုလျင်မြန်စွာရောက်ရှိရန် ယင်း နိုင်ငံများအတွင်း ရုပ်သံမီဒီယာ များနှင့်လည်း ချိတ်ဆက်၍ ထုတ်လွှင့်ပြသ ရန်စီစဉ်လျက်ရှိ ကြောင်းသတင်းရရှိသည်။

ယင်းရုပ်သံသတင်းမီဒီယာ များတွင် မြန်မာအစိုးရဘက်မှ ထုတ်ပြန်သည့် လုပ်ငန်းစဉ် သတင်းအချက် အလက်များကို သက်ဆိုင်ရာနိုင်ငံမှ ဘာသာ စကားနှင့် မြန်မာဘာသာစကား နှစ်မျိုးစလုံးဖြင့် ထုတ်လွှင့်ဖော်ပြမည်ဖြစ်သည်။

လတ်တလောတွင် ပြည်ပ ရောက် မြန်မာအလုပ်သမားများ သည် မြန်မာအစိုးရဘက်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံမှုအား နည်းလျက်ရှိသည့်အပြင် အလုပ် ရှင်တို့၏ ဖိနှိပ်မှုကြောင့် ၎င်းတို့ အကာအကွယ် ရရှိမည့် သတင်း အချက်များကို အလွယ်တကူမသိ ကြဟုဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အ တွင်းက မလေးရှားနိုင်ငံတွင် မြန် မာအလုပ်သမားများ မကြာခဏ အကြမ်းဖက် သတ်ဖြတ်ခံရမှုများ ဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံတွင် လည်းမြန်မာအလုပ်သမားများ အကြမ်း ဖက်သတ်ဖြတ်ခံရမှု တို့ဖြစ်ပွားကာ ထိုင်းရဲများ၏ ဖမ်းဆီးငွေညှစ်မှုများ၊ ဖိနှိပ်ခိုင်းစေမှုများလည်း ကြုံတွေ့လျက်ရှိသည်။

7Day Daily


မရိုးနိုင်တဲ့ဗျူဟာ

မရိုးနိုင်တဲ့ဗျူဟာ .

Cartoon Win Aung

၂၀၀၈အခြေခံဥပဒေကိုချိုးဖောက်လိုက်တဲ့ပြည်ခိုင်ဖြိုးပါတီ


ပြီးခဲ့တဲ့ရက်ပိုင်းက ဧရာဝတီတိုင်း လေးမျက်နှာမြို့မှာ ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေးဆိုပြီး ဆန္ဒထုတ်ဖော်ပွဲတစ်ရပ်လုပ်ပါတယ်။

အဲဒီဆန္ဒထုတ်ဖော်ပွဲဟာ ၂၀၀၈ခုနှစ်ထုတ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း(၁၀) နိုင်ငံရေးပါတီများ ကဏ္ဍအောက်ရှိ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ပိုင်ခွင့်မရှိခြင်း ကဏ္ဍနှင့် ငြိစွန်းနေပါသည်။

ထိုကဏ္ဍရှိ ပုဒ်မ ၄၀၇(ဃ)တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစားပြုခြင်းဟု ရေးသားဖော်ပြထားပြီး ပုဒ်မ ၄၀၈တွင် နိုင်ငံရေးပါတီတစ်ရပ်ရပ်သည် ပုဒ်မ ၄၀၇ ပါ ပြဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းကြောင်း မှတ်ပုံတင်ခွင့်ပေးနိုင်သောအဖွဲ့အစည်းကတွေ့ရှိလျှင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ရမည်ဟု ရေးသားဖေါ်ပြထားသည်။

ထိုသို့သော်အချက်အလက်များကြောင့် လေးမျက်နှာမြို့မှ ပြည်ခိုင်ဖြိုးအမတ်ဖြစ်သူ ဦးဘရီအား တယ်လီဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဦးဘရီက သူ့အနေဖြင့် တစ်ဖက်ကမ်းတွင်နေထိုင်သောကြောင့် ယင်းဆန္ဒပြပွဲကို မသိကြောင်းသာ ဖြေကြားခဲ့သည်။

လေးမျက်နှာမြို့နယ် ဆန္ဒပြပွဲသည် ပြည်ခိုင်ဖြိုးရုံးရှေ့မှစတင်ပြီး ထိုရုံးရှေ့တွင်ပင် အဆုံးသတ်သလို ဆန္ဒပြပွဲတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ ပါဝင်နေသဖြင့် အဲဒီဆန္ဒပြပွဲက အခြေခံဥပဒေကို ချိုးဖောက်နေရာရောက်နေတဲ့အတွက် ပါတီတာဝန်ရှိသူတွေက တားမြစ်ခြင်းမပြုဘူးလားလို့ ဦးဘရီကို မေးခွန်းထုတ်တဲ့အခါမှာတော့ ဦးဘရီဘက်က ဖုန်းကိုချပစ်ခဲ့ပြိး စက်ပါပိတ်လိုက်သည်။

ဒါ့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပါတီများ ဆက်လက်ရပ်တည်ခွင့်နှင့် ငြိစွန်းနေသော ပြည်ခိုင်ဖြိုးပါတီကြိးသည် ၂၀၁၅ ရွေးကောက်ပွဲကို ပြိုင်ခွင့် ရမရဆိုသည်မှာ စိတ်ဝင်တစား စောင့်ကြည့်ရတော့မည် ဖြစ်သည်။


 
credit to -မင်းမင်းလတ်
Khor Nyo

မေ ၁၃ ရက်နေ့ မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာ – ထွန်းလွင်)

ဒေါက်တာ ထွန်းလွင်
ဒေါက်တာ ထွန်းလွင်
 
 မေ ၁၃ ရက်နေ့
 
မေလ ၁၂ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနဲ့ မြောက်ပိုင်းတို့မှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
မြန်မာနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း၊ တောင်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ
တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေခန့်မှန်းချက် ကတော့ မြန်မာကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပြီး အမြင့် ၁ ပေကနေ ၂ ပေခန့် ရှိနိုင်ပါတယ်။
အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေဟာ ရန်ကုန်၊ ပဲခူး၊ ဘားအံမြို့တွေမှာ လွန်ကဲအဆင့်အောက် ကို လျှော့နည်းနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အနိမ့်ဆုံးတန်ဖိုး ၆.၂ ကျရောက်နိုင်တာကတော့ ဘားအံမြို့ဖြစ်ပါတယ်။ ပဲခူးမှာ ၇.၅၊ ရန်ကုန်မှာ ၈.၃ ရှိနိုင်ပါတယ်။

ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ အညွှန်းကိန်း ၁၀ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည် အမြင့်ဆုံးကျရောက်နိုင်တာကတော့ မြိတ်မြို့နဲ့ ကော့သောင်းမြို့ဖြစ်ပါတယ်။ အညွှန်းကိန်းတန်ဖိုးကတော့ ၁၃.၃ အထိဖြစ်နိုင်ပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၂၉ ဒီဂရီစင်တီဂရိတ်ကနေ ၃၃ ဒီဂရီစင်တီ ဂရိတ်ခန့် ရှိနိုင်ပြီး ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၄ ဒီဂရီစင်တီဂရိတ်ကနေ ၄၀ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက် ပိုင်း၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတို့မှာ မိုးတိမ် တောင်ဖြစ်ပေါ်နိုင်မှု ၃၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှု ၁၅ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။

မိုးရွာသွန်းနို်င်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်တောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှာ နေရာကွက်ကြားမိုး ရွာနိုင်ပြီး သေချာမှု ၇၀ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ မိုးရွာဖို့ သေချာ မှုအနေနဲ့ ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ တနင်္သာရီတိုင်းမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းဒေသတွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၅ မီလီမီတာ ကနေ ၂၀ မီလီမီတာလောက် မိုးရွာနိုင်ပါတယ်။

မြို့တော်ကြီးတွေ ခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၆ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့သေချာမှု ၆၀ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။
ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၄ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၆၀ ရာခိုင်နှုန်း လောက် ရှိနိုင်ပါတယ်။

၏မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးရွာဖို့ သေချာမှု ၄၀ ရာခိုင်နှုန်း လောက်ရှိနိုင်ပါတယ်။
 
ဒီဗွီဘီ

“ ဗုဒ္ဓနေ့ သဝဏ်လွှာ”


“ ဗုဒ္ဓနေ့ သဝဏ်လွှာ”
=====================================
သာသနာနှစ်(၂၅၅၈) “ကဆုန်လပြည့်ဗုဒ္ဓနေ့”
လူ့လောကတစ်ခုလုံးသို့ပေးပို့ပါသည်။
●သကျမုနိဂါတမသိဒ္ဓတ္ထ ဖွားမြင်တော်မူခဲ့သည်မှာ
နှစ်ပေါင်း(၂၆၃၈) နှစ် ကြာခဲ့လေပြီ။
●သကျမုနိဂါတမသိဒ္ဓတ္ထ ဗုဒ္ဓအဖြစ်သို့
ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း (၂၆၀၃) နှစ် ရှိခဲ့လေပြီ။
●သကျမုနိဂေါတမသိဒ္ဓတ္တဗုဒ္ဓ ပရိနိဗ္ဗာန်
ပြုခဲ့သည်မှာ နှစ်ပေါင်း (၂၅၅၈) နှစ် မျှလွန်ခဲ့လေပြီ။
●ကမ္ဘာအသင်္ချေအနန္တ လွန်လေသောအခါမှ
တစ်ဆူတလေသာပေါ်ပေါက်သည်ဖြစ်သော “မြတ်ဗုဒ္ဓ”။

●သူ၏ လက်တစ်ကမ်းသို့ရောက်နေသော
“ဝိမုတ္တိနှင့်သန္တိသုခ” ကို ကမ္ဘာများစွာ ရပ်ဆိုင်းထားလျက်
သတ္တ၀ါများအတွက် ကိုယ်ကျိုးစွန့်၊ အနစ်နာခံကာ
အားထုတ်အလုပ်လုပ်ခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှန်တရား၊ လွတ်မြောက်ရေးနှင့် ငြိမ်းချမ်းရေးအတွက်
အသက်ခန္ဓာ၊ ရာထူးအာဏာ၊ စည်းစိမ်ဥစ္စာ၊
ဇနီးမယားသမီးသား အားလုံးကို ရက်ရက်ရဲရဲ
စွန့်လွှတ်ခဲ့သော “မြတ်ဗုဒ္ဓ”။

●သူသိသော ဗောဓိဉာဏ်ကို သူ့လက်ဆုပ်မှာသာ
မထားဘဲ သူတစ်ပါးတို့အား ဝေပေးသော “မြတ်ဗုဒ္ဓ”။

သူလွတ်မြောက်ခဲ့ပြီးသော ဘဝထောင်မှ
သူတစ်ပါးတို့အားလည်း လွတ်မြောက်စေသော “မြတ်ဗုဒ္ဓ”။
●သူ၏ လွတ်မြောက်ရေး၊ ချမ်းသာရေးအတွက်
မည်သူ့ကိုမျှ ဒုက္ခမပေးသော “မြတ်ဗုဒ္ဓ”။

●လူ့ဘဝ၏အနှစ်သာရသည် “သစ္စာတရား”၊
“သစ္စာ”ကို သိမြင်ခြင်းသည် လူသားတိုင်း၏ ဘဝပန်းတိုင်၊
“သစ္စာ”ကို သိမှ ဘဝပြဿနာအားလုံးကို ဖြေရှင်းနိုင်မည်
ဟူသော မူစနစ်ကို ချမှတ်တော်မူခဲ့သည်မှာ “မြတ်ဗုဒ္ဓ”။

●“သစ္စာတရား” ဟူသည် တစ်လံမျှရှိသည့် ခန္ဓာမှာရှိသည်။
ဤကိုယ်ကာယ တစ်လံမျှ၌၊ လေးလီသစ္စာ မြတ်ဓမ္မာကို
အတည်ပြုဟောကြားတော်မူသည်မှာ “မြတ်ဗုဒ္ဓ”။

●အမှန်တရား ထွန်းကားရေးနှင့် လွတ်လပ်ရေး၊
ငြိမ်းချမ်းရေးအတွက် ထီးနန်းနှင့် ရာထူးအာဏာကို
ရက်ရက်ရဲရဲ စွန့်လွှတ်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှန်တရား၊ ငြိမ်းချမ်းရေးနှင့် လွတ်လပ်ရေးတို့အတွက်
အရိုးကြေကြေ၊ အရေခမ်းခမ်း မည်သည့်အကျင့်မျိုးကိုမဆို
ရက်ရက်ရဲရဲ ကျင့်ဆောင်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။
●“သစ္စာ၊ သန္တိ နှင့် ဝိမုတ္တိ” တို့ကို လမ်းညွှန်ပေးနိုင်မည်ဆိုလျှင်
မည်သည့်အရာမျိုးကိုမဆို ချဉ်းကပ်တော်မူခဲ့သည့် “မြတ်ဗုဒ္ဓ”။

●မည့်သည့်ဆရာမျိုးကမျှ သူ၏ရည်မှန်းချက်တို့ကို
လမ်းညွှန်မပေးနိုင်ခဲ့ကြသဖြင့် ကိုယ့်လမ်းကိုယ်ဖောက်၊
ကိုယ့်လမ်းပေါ်မှာ တစ်ယောက်ထီးတည်း
လျှောက်လှမ်းခဲ့ရသည့် “မြတ်ဗုဒ္ဓ”။

●ငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးကို ပေးမည်ဟု
ကြွေးကြော်ကြကုန်သော ရှေးရှေးက ဘာသာရေး
ဂိုဏ်းဆရာတို့သည် တစ်ဖက်သတ်၊ တစ်ယူသန်၊
အစွန်းရောက်တို့သည်သာချည်းဟု သိမြင်တော်မူသောအခါ
“ဒွေမေဘိက္ခဝေ အန္တာ ပဗ္ဗဇ္ဇိတေန နသေဝိတဗ္ဗာ”
သစ္စာတရားနှင့် ငြိမ်းချမ်းရေးကို ရှာဖွေသောသူတိုင်းသည်
အစွန်းနှစ်ဖက် လွတ်အောင်ရှောင်ရမည်။

“မဇ္ဈိမပဋိပဒါ” သည်သာလျှင် အကန်းကမ္ဘာ၌ မျက်လုံးကို ပေးလိမ့်မည်၊
ရန်များသော ကမ္ဘာ၌ ငြိမ်းချမ်းရေးကို ပေးလိမ့်မည်။
ကွဲပြားသော ကမ္ဘာ၌ ညီညွတ်မှုကို ပေးလိမ့်မည်။
အစွဲသန်သော ကမ္ဘာ၌ စွန့်လွှတ်ခြင်းကို ပေးလိမ့်မည်။

အယူဝါဒနှင့် ကိလေသာ အကျဉ်းထောင်၌
ကျရောက်နေကြကုန်သော သတ္တ၀ါအပေါင်းတို့အတွက်
လွတ်မြောက်ခြင်းကို ပေးလိမ့်မည်ဟု တစ်လောကလုံးကို
လမ်းညွှန်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●ဘယ်လူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ၊ ဘယ်သတ္တဝါတစ်စုံ
တစ်ယောက်ကမှ ဖော်ထုတ်နိုင်စွမ်းမရှိသော
“မဇ္ဈိမပဋိပဒါနှင့် စတုသစ္စာ” တို့ကို ကိုယ်ပိုင်ဉာဏ် ၊
ကိုယ်ပိုင်ဝီရိယဖြင့် ဖော်ထုတ်တော်မူခဲ့သော “မြတ်ဗုဒ္ဓ”။

●အမှောင်လမ်းမှာ ရောင်ရမ်းစွာဖြင့်၊ ပြင်ပမှ ကိုးကွယ်ရာကို
ရှာနေကြကုန်သော လူသားတို့အား “သင်တို့၏ အတွင်းကမ္ဘာ၌ရှိသော
“သစ္စာတရား” ကို သိမြင်နားလည်ခြင်းသည်သာလျှင်
သင်တို့၏ ကိုးကွယ်ရာအစစ်” ဟု ညွှန်ပြတော်မူသော “မြတ်ဗုဒ္ဓ”။

●စမ်းတ၀ါးဝါးနဲ့ လမ်းမှားနေကြကုန်သော လူသားတို့အား
သင်တို့ကိုယ်တိုင်ကျင့်သော “စရဏ” နှင့် ကိုယ်တိုင်သိသော
“ဝိဇ္ဇာ” သည်သာလျှင် သင်တို့၏ ကိုးကွယ်ရာ အစစ်အမှန်ဖြစ်သည်
ဟု ညွှန်ပြတော်မူသော “မြတ်ဗုဒ္ဓ”။

●မသိသူတို့က မမြင်သူတို့ကို ခေါင်းဆောင်ခဲ့သော
လူကန်းတို့၏အစဉ်အတန်းကြီး လမ်းသွားသလိုဖြစ်နေသော
ကမ္ဘာဦးဘာသာရေး၌ “မဇ္ဈိမပဋိပဒါ” ဖြင့်
မျက်စိဖွင့်ပေးသော “မြတ်ဗုဒ္ဓ”။

●သူ၏ဓမ္မစက်ကို စတင်လှည့်လည်တော်မူသည်မှစ၍
ယနေ့ထက်တိုင်အောင် လူသားတို့၏သွေး၊
ကမ္ဘာမြေ၌ တစ်စက်တစ်ပေါက်မျှ မစွန်းထင်းစေခဲ့သည့် “မြတ်ဗုဒ္ဓ”။

●မင်းနှင့်ပြည်သူ၊ သဌေးနှင့်ဆင်းရဲသား၊
သူတော်ကောင်းနှင့် လူမိုက်များ၊
မင်းသမီးနှင့် ပြည့်တန်ဆာ၊
ဗြဟ္မဏာနှင့် အမှိုက်ကြုံးသမား၊ မကွဲမပြား၊
မခွဲမခြား တစ်သားတည်း ဆက်ဆံတော်မူသော “မြတ်ဗုဒ္ဓ”။

●Non- Aggressive, Non Dogmatic, Non Extremist,
Non Theocentric, Realistic, Homocentric,
Ethicalistic Teaching ဖြစ်သည့်၊
“ဝိဇ္ဇာ နှင့် စရဏ” မြတ်ဓမ္မာကို ဟောကြားတော်မူခဲ့သည့် “မြတ်ဗုဒ္ဓ”။

●သိဒ္ဓတ္ထဂေါတမသည် ဗုဒ္ဓကလေးလေးအဖြစ်
(Little Buddha) မွေးလာသည်မဟုတ်၊
နှစ်ပေါင်းများစွာ ရှည့်မြင့်ကြာအောင် ပြုလုပ်၊
ကြိုးကုတ်၊ အားထုတ်ခဲ့သည့် “မြတ်ဗုဒ္ဓ”။

●လူသားတစ်ယောက်အဖြစ် မွေးဖွားလာသော “မြတ်ဗုဒ္ဓ”။

●လူသားတစ်ယောက်ကဲ့သို့ နေသွားသော “မြတ်ဗုဒ္ဓ”။

●ဒဏ္ဍာရီထဲက လူသားမျိုးမဟုတ်သော “မြတ်ဗုဒ္ဓ”။

●နတ်ဗြဟ္မာ မျိုးနွယ်မဟုတ်သော “မြတ်ဗုဒ္ဓ”။

●လူသား သာမာန်တို့ထက် ထူးမြတ်သော “မြတ်ဗုဒ္ဓ”။

●လူသားတို့ မကျင့်နိုင်သည့် အကျင့်မြတ်တို့ကို ကျင့်တော်မူသော “မြတ်ဗုဒ္ဓ”။

●လူသားတို့၊ နတ်ဗြဟ္မာတို့ မသိနိုင်သည့် ဓမ္မ တို့ကို သိတော်မူသော “မြတ်ဗုဒ္ဓ”။

●သဘောထားကြီးသောအရာမှာ အတုမဲ့ “ မြတ်ဗုဒ္ဓ”။

●သည်းခံသောအရာမှာ အနှိုင်းမဲ့ “မြတ်ဗုဒ္ဓ”။

●ခွင့်လွတ်သောအရာမှာ ပြိုင်ဘက်ကင်းသော “မြတ်ဗုဒ္ဓ”။

●သတ္တ၀ါလောကကို လမ်းညွှန်ကောင်းပေးဖို့ ရောက်ရှိလာသော “မြတ်ဗုဒ္ဓ”။

●ကိုယ်တိုင်ကျင့်ထားသော ကိုယ်၏ “ဓမ္မ” သည်သာလျှင်
ကိုယ့်အတွက် အားကိုးရာ၊ ကိုယ့်ကျင့်ထားသော “ဓမ္မ” သည်
ကိုယ့်ဘဝ၏ လမ်းပြဆီးမီးတိုင်၊ ကိုယ်ကျင့်ထားသော ကိုယ့်
“ဓမ္မ” သည်သာလျှင် ကိုယ်ကိုယ်တိုင် ကူးခတ်နေရသော
ဘဝပင်လယ်မှာ ကိုယ်၏ မှီခိုရာကျွန်း၊
ဤသို့လျှင် မိမိကိုယ်ကို မိမိအားကိုးစိတ်
“အတ္တဒီပ၊ အတ္တသရဏ”ဟူသော “လူ့သတ္တိ” ကို
တောက်ပြောင်လာအောင် နှိုးဆော်ပေးတော်မူသော “မြတ်ဗုဒ္ဓ”။

●လူ့ဘဝတစ်ခုလုံး လူသားအားလုံးတို့၏ အမြတ်ဆုံးဥစ္စာသည်
“သီလနှင့် ပညာ” ဤနှစ်ဖြာကို ထင်းရှားပြတော်မူသော “မြတ်ဗုဒ္ဓ”။
အမျိုးဇာတ်အားဖြင့် မည့်သည့်လူမျိုးမှာမှ အယုတ်၊
အလတ်၊ အမြတ်မရှိ ဝိဇ္ဇာ နှင့် စရဏ ပြည့်စုံသူ
မည်သည့်လူမျိုး၊ မည်သည့်နိုင်ငံသားမဆို မြတ်သည်သာတည်း။

“ဝိဇ္ဇာ” ကိုလည်းကောင်း၊ “စရဏ”ကိုလည်းကောင်း
(Wisdom and Character) တစ်ခုခုကို ဖယ်ထား၍
လူပီသသော လူ့ဘ၀တစ်ခုကို တည်ဆောက်၍ မရနိုင်၊
ထိုနှစ်ပါးပြည့်စုံမှ ဘဝအဓိပ္ပါယ် ပြည့်စုံသည်ဟု
အစဉ်မပြတ် ဆုံးမတော်မူလေ့ရှိသော “မြတ်ဗုဒ္ဓ”
ကွယ်လွန်ခဲ့သည်မှာ ယနေ့ နှစ်ပေါင်း (၂၅၅၈) ရှိခဲ့လေပြီ။
သူ (မြတ်ဗုဒ္ဓ) သည် ဘာကိုမျှယူမသွား၊
သူ့ငြိမ်းချမ်းရေးကိုသာ သူယူဆောင်သွားသည်။

ကမ္ဘာအသင်္ချေအနန္တ သူကျင့်သွားသော “စရဏဓမ္မ”
(ကျင့်နည်းစနစ်) များနှင့် သူကိုယ်တိုင်သိခဲ့သည့် “ဝိဇ္ဇာဓမ္မ”
(အမှန်တရားနှင့် ငြိမ်းချမ်းရေး) တို့ကို သူအပြည့်အစုံ ထားခဲ့ပေသည်။
မြတ်ဗုဒ္ဓ၏ “ဝိဇ္ဇာ” နှင့် “စရဏဓမ္မ” သည်လည်းကောင်း၊
“သစ္စာ၊ သန္တိနှင့် ဝိမုတ္တိဓမ္မ” တို့ သည်လည်းကောင်း၊
တစ်စုံတစ်ခုသောလူမျိုး၊ တစ်စုံတစ်ခုသော ဘာသာတရား၊
တစ်စုံတစ်ခုသော တိုင်းပြည်အတွက် ကွက်၍
ဟောထားခဲ့သည် မဟုတ်ပါ။

ဤ “ဝိဇ္ဇာ နှင့် စရဏမြတ်ဓမ္မ” သည်
အကောင်းမြင်ဝါဒလည်း မဟုတ်၊ အဆိုးမြင်ဝါဒလည်း မဟုတ်။
အရှိနှင့် အမှန်ကို ရှာ ကြည့် သိမြင် ရမည့်ဝါဒ ဖြစ်သည်။
တစ်ယူသန် တစ်ဖက်သတ် အမျိုးဇာတ်စွဲသော
ဝါဒမျိုး မဟုတ်။သန့်ရှင်းမြင့်မြတ်သော စိတ်ဓာတ်ရှိသူတိုင်း
ပိုင်ဆိုင်ခွင့်ရှိသော ဝါဒမျိုး ဖြစ်သည်။

“ဗုဒ္ဓ နှင့် ဓမ္မ” ကို ဗုဒ္ဓဘာသာဝင်တို့သာ ပိုင်ဆိုင်ကြသည်
မဟုတ်ပါ၊ တတ်သိယဉ်ကျေးသော လူသားတို့၏
သမိုင်းကြီး တစ်ခုလုံးက ပိုင်ဆိုင်ကြပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “ဝိဇ္ဇာ နှင့် စရဏ”သည်
လူသားအားလုံးတို့၏ Common ground ဖြစ်ပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “သီလ နှင့် ပညာ”သည်
လူသားအားလုံးတို့၏ Common Platform ဖြစ်ပါသည်။
မြတ်ဗုဒ္ဓထားခဲ့သော “သစ္စာ နှင့် သန္တိ” သည်
လူသားအားလုံးတို့၏ Common Destination ဖြစ်ပါသည်။
“နေမင်း”နှင့်တူသော သူ၏ပညာရောင်ဖြင့် လောကကြီး
တစ်ခုလုံးကို နွေးထွေးသည့် အလင်းရောင် ပေးတော်မူသော
“မြတ်ဗုဒ္ဓ”။

“လမင်း” နှင့်တူသော သူ၏ မေတ္တာ၊ ကရုဏာဖြင့်
လောကကြီးတစ်ခုလုံးကို အေးမြသော အလင်းရောင်
ပေးတော်မူသော “မြတ်ဗုဒ္ဓ”။
ဤသို့ဆိုအပ်သည့် ဂုဏ်တော်၊ ကျေးဇူးတော်အပေါင်းတို့နှင့်
ပြည့်စုံတော်မူသော ပြိုင်ဖက်ရည်တူရှိသော် မမူသည့်
အခြေနှစ်ချောင်းရှိသည့် သတ္တ၀ါအပေါင်းတို့၏ ဆရာ
“မြတ်ဗုဒ္ဓ” ကို ကျွန်ုပ်တို့သည် အလွန်ရိုသေစွာ အစဉ်သဖြင့်
ဦးညွတ်ရှိခိုးကြပါကုန်၏။

■တစ်ဖက်သတ်ကျသော ဤကမ္ဘာမှာ
အလယ်လမ်းက လျှောက်လှမ်းကြပါစို့။
■မုသားလွှမ်းသော ဤကမ္ဘာမှာ
သစ္စာတရား လက်ကိုင်ထားကြပါစို့။
■စွပ်စွဲပြစ်တင်ခြင်းများသော ဤကမ္ဘာမှာ
ခွင့်လွတ်ခြင်းဖြင့် နေထိုင်ကြပါစို့။
■ရန်ငြိုးဖွဲ့တတ်သော ဤကမ္ဘာမှာ
မေတ္တာ တရားဖြင့် ဖြေရှင်းကြပါစို့။
■ရန်များသော ဤကမ္ဘာမှာ မည်သူ့ကိုမျှ
ရန်မပြုဘဲ နေထိုင်ကြပါစို့။
■မငြိမ်းချမ်းသော ဤကမ္ဘာမှာ
ငြိမ်းချမ်းစွာ နေထိုင်ကြပါစို့။
■နှစ်တစ်ရာမပြည့်မီမှာဘဲ ဘဝတစ်ခု ကုန်ဆုံးကြရမည့်
ကျွန်ုပ်တို့တတွေသည် တိုတောင်းလှစွာသော
ဘဝလေးတစ်ခုအတွင်းဝယ်ငြိမ်းချမ်းစွာ
နေထိုင်သွားကြပါစို့။

မြတ်ဗုဒ္ဓ ကွယ်ခဲ့သည်မှာ နှစ်ပေါင်း(၂၅၅၈)ရှိခဲ့သော်လည်း
သူညှိထွန်းထားခဲ့သည့် “ဓမ္မဒီပိကာ”ဓမ္မဆီမီးတိုင်သည်
အာရှတိုက်တွင်သာမက၊ကမ္ဘာတစ်ခုလုံး
လင်းလင်းတောက်လျှက် ကျွန်ုပ်တို့ လျှောက်ရမည့်
ငြိမ်းချမ်းရေးလမ်းကြောင်းကို ကောင်းကောင်းညွှန်ပြ၊
ထွန်းလင်းတောက်ပလျှက် ရှိနေပါသေးသည်။
ကမ္ဘာသူ ကမ္ဘာသားအားလုံး ဤ “ဝိဇ္ဇာ နှင့် စရဏ”
ဟူသော Common Platform ပေါ်မှာ လက်တွဲ၍
ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ကြပါစေကုန်သတည်း။
သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ။

သီတဂူဆရာတော်
(အဓိပတိ)
သီတဂူအပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်
(စစ်ကိုင်း၊ မန္တလေး၊ ရန်ကုန်)
သီတဂူအပြည်ပြည်ဆိုင်ရာကမ္ဘာ့ဗုဒ္ဓသာသနာပြု အဖွဲ့
၂၅၅၈ နှစ်မြောက် ဗုဒ္ဓနေ့ (၁၃.၅.၂၀၁၄)

====================================
Ref : https://www.facebook.com/pages/Venerable-Ashin-Nyanissara-SitaguThegon-Sayadaw/189920130276

မန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား

Photo: မန်မာလုပ်သားများကို မတရားနှိပ်စက်၊ ငွေတောင်းခံနေမှု အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေးကို ပြင်းပြင်းထန်ထန် သတိပေးထား
Monday, May 12, 2014

မြန်မာလုပ်သားများကို ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း အလုပ်သမား ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အထောက်ထား ရှိလည်း တောင်းတယ်၊ မရှိလည်း တောင်းတယ်။ ဒီဒဏ် တွေကို ကျွန်တော်တို့ လုပ်သားတွေ ခံစား နေရတာ ကြာပြီ။ ဒါကို ထိုင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးကို ပြောတော့ သူတို့ အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးပါ မယ်လို့ ပြောခဲ့တယ် ဟု ၎င်း က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော်ရှိ နေပြီး၊ ထက်ဝက်ခန့် မှာ အထောက်ထား ပြည့်စုံမှု မရှိသောကြောင့် ထိုင်းရဲများ၏ ငွေညှစ်ခြင်း ကို မကြာခဏ ခံစားနေကြ ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေး ကွန်ရက် မှ သိရသည်။ အထူး သဖြင့် နယ်စပ်တွေ က ရဲတွေ က ပိုဆိုးတယ်။ သူတို့ ပြောတဲ့ ဘာသာစကား ကို နားမလည်း ရကောင်းလား ဆိုပြီး ပါးရိုက် နှိပ်စက်တာတွေ၊ ပိုက်ဆံ တောင်းတာတွေ မကြာခဏ လုပ်လေ့ရှိတယ်။ အဲဒီမှာ လုပ်သားတွေက ကြောက်ပြီး ထွက်ပြေး လို့ကတော့ သေနတ်နဲ့ပါ ပစ်သတ်တာတွေ ရှိခဲ့ဖူးတယ်။ အဲလို အမှုတွေ ကို အစိုးရက ဖျောက်ပေးထားတာတွေ အများကြီး ရှိတယ် ဟု အဆိုပါ ကွန်ရက်မှ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဇောလင်း က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများကိုထိုင်း ဥပဒေ နှင့် အညီ အကျိုး ခံစားခွင့်ရရှိရေး၊ လူမှုဖူ လုံရေး အကျိုးခံစားခွင့်အပြည့်ရရှိရေး၊ မြန်မာ လုပ်သားများကို ဖိနှိပ်ချုပ်ချယ်မှု မပြုလုပ်ရေး အစရှိသည်တို့ကိုပါ သက်ဆိုင်ရာဝန်ကြီးဌာန များထံ တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။ 

အဆိုပါ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ခံစား နေရသောပြဿနာ မျာကို ဖြေရှင်းပေးနိုင်ရန်အတွက် ယခုလ အစောပိုင်း ကစတင်ကာ အလုပ်သမား ၀န်ကြီးဌာမှ ဒုတိယ ၀န်ကြီး ဦးထင်အောင် ဦးစီးသော အဖွဲ့ သည် မြန်မာလုပ်သားများ အများဆုံး သွား ရောက် လုပ်ကိုင်နေသော ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့တွင် သွားရောက် လေ့လာမှုများ၊ လုပ်သားများနှင့် တွေ့ဆုံမေးမြန်မှုများတို့ကို ဆောင် ရွက်ခဲ့ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စိုးထက်ဝင်း

The Messenger 
 
 မြန်မာလုပ်သားများကို ထိုင်းရဲများက အကြောင်းမဲ့ မတရား နှိပ်စက်၊ ငွေညှစ်တောင်းခံနေခြင်းကို အမြန်ဆုံး ထိန်းချုပ်ပေးရန် ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနအား ပြင်းပြင်းထန်ထန် သတိပေးထားကြောင်း အလုပ်သမား ဒုတိယ၀န်ကြီး ဦးထင်အောင် က ပြောသည်။ ယမန်နေ့က ရန်ကင်း အလုပ်သမား သင်တန်းကျောင်းတွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် အလုပ်သမား အလုပ်အကိုင် နှင့် လူမှု ဖူလုံရေး ၀န်ကြီး ဌာန ဒုတိယ၀န်ကြီး က အထက်ပါ အတိုင်း ပြောကြား ခဲ့ခြင်း ဖြစ်သည်။

အထောက်ထား ရှိလည်း တောင်းတယ်၊ မရှိလည်း တောင်းတယ်။ ဒီဒဏ် တွေကို ကျွန်တော်တို့ လုပ်သားတွေ ခံစား နေရတာ ကြာပြီ။ ဒါကို ထိုင်း ပြည်ထဲရေး ဒုတိယ၀န်ကြီးကို ပြောတော့ သူတို့ အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးပါ မယ်လို့ ပြောခဲ့တယ် ဟု ၎င်း က ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ၌ မြန်မာရွှေ့ပြောင်း လုပ်သား သုံးသန်းကျော်ရှိ နေပြီး၊ ထက်ဝက်ခန့် မှာ အထောက်ထား ပြည့်စုံမှု မရှိသောကြောင့် ထိုင်းရဲများ၏ ငွေညှစ်ခြင်း ကို မကြာခဏ ခံစားနေကြ ရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်ရေး ကွန်ရက် မှ သိရသည်။ အထူး သဖြင့် နယ်စပ်တွေ က ရဲတွေ က ပိုဆိုးတယ်။ သူတို့ ပြောတဲ့ ဘာသာစကား ကို နားမလည်း ရကောင်းလား ဆိုပြီး ပါးရိုက် နှိပ်စက်တာတွေ၊ ပိုက်ဆံ တောင်းတာတွေ မကြာခဏ လုပ်လေ့ရှိတယ်။ အဲဒီမှာ လုပ်သားတွေက ကြောက်ပြီး ထွက်ပြေး လို့ကတော့ သေနတ်နဲ့ပါ ပစ်သတ်တာတွေ ရှိခဲ့ဖူးတယ်။ အဲလို အမှုတွေ ကို အစိုးရက ဖျောက်ပေးထားတာတွေ အများကြီး ရှိတယ် ဟု အဆိုပါ ကွန်ရက်မှ ပြန်ကြားရေး တာဝန်ခံ ဦးကျော်ဇောလင်း က ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေကြသော မြန်မာလုပ်သားများကိုထိုင်း ဥပဒေ နှင့် အညီ အကျိုး ခံစားခွင့်ရရှိရေး၊ လူမှုဖူ လုံရေး အကျိုးခံစားခွင့်အပြည့်ရရှိရေး၊ မြန်မာ လုပ်သားများကို ဖိနှိပ်ချုပ်ချယ်မှု မပြုလုပ်ရေး အစရှိသည်တို့ကိုပါ သက်ဆိုင်ရာဝန်ကြီးဌာန များထံ တောင်း ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

အဆိုပါ ပြည်ပရောက် မြန်မာရွှေ့ပြောင်း လုပ်သားများ ခံစား နေရသောပြဿနာ မျာကို ဖြေရှင်းပေးနိုင်ရန် အတွက် ယခုလ အစောပိုင်း ကစတင်ကာ အလုပ်သမား ၀န်ကြီးဌာမှ ဒုတိယ ၀န်ကြီး ဦးထင်အောင် ဦးစီးသော အဖွဲ့ သည် မြန်မာလုပ်သားများ အများဆုံး သွား ရောက် လုပ်ကိုင်နေသော ထိုင်းနိုင်ငံ နှင့် မလေးရှား နိုင်ငံ တို့တွင် သွားရောက် လေ့လာမှုများ၊ လုပ်သားများနှင့် တွေ့ဆုံမေးမြန်မှုများတို့ကို ဆောင် ရွက်ခဲ့ပြီးနောက်ပိုင်းတွင် ယင်းကဲ့သို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

စိုးထက်ဝင်း

The Messenger


ဘာများ ဖြစ်သွားမှာမို့လို့လဲကွယ်

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာနေသော မိသားစုဝင်တစ်စုအား ဧပြီလအတွင်းက တွေ့ရစဉ်

(၁) သူငယ်ချင်းနှစ်ယောက် စကားတပြောပြောနဲ့ ကားကလေးတစ်စီးနဲ့ တစ်ယောက်က မောင်း နောက်တစ်ယောက်နံဘေးက  ထိုင်လို့ ကားတွေကလည်း ဒီကနေ့ မဟာရန်ကုန်ရဲ့ သရုပ်သကန်ကို အပီအပြင်ဖော်လို့ ကျပ်လို့။

“ဟာ ကျော်သွားပြီ လမ်းကျော်သွားပြီ”

ပြောပြောဆိုဆိုဘဲ ကားကို ဘရိတ်အုတ်“ဂ”ငယ်ကွေ့ပြန်ကွေ့ဖို့ တစ်ဖက်ယာဉ်ကြောကို ခေါင်းတစ်စောင်းထိုးပြီး ရပ်တယ်။ ဘယ်ကွေ့မယ့် အချက်ပြမီးက ဖွင့်လိုက် ပိတ်လိုက်နဲ့။

ရုတ်တရက် ရပ်လိုက်တဲ့နေရာက မျဉ်းသေကြောမှာ ဖြတ်သန်းခွင့်မရှိတဲ့နေရာမှာ နောက်က ကားတွေရပ်ပြီး ဟွန်းတွေတီးကြသလို ရှေ့ကလာတဲ့ ကားတွေလည်း မောင်းမရတော့ပါ။ ကားတစ်စီး စည်းကမ်းမဲ့စွာ ရုတ်တရက်ကိုးလို့ ကန့်လန့် ရပ်လိုက်တာနဲ့ ယာဉ်ကြောလေးကြောမှာ နှစ်ကြော မောင်းမရတော့ဘူးဖြစ်သွားပြီ။

မီးအချက်ပြ အရှိန်လျှော့ပြီး ဖြည်းဖြည်းမောင်းသွား ကားကွေ့လို့ရတဲ့ မျဉ်းပြတ်နေရာကျမှ ကိုယ့်ယာဉ်ကြောထဲမှာ သပ်သပ်ရပ်ရပ်ကလေး ခဏရပ်ပြီးစောင့်ရင် မကောင်းဘူးလား သူငယ်ချင်းရယ်။

အဲဒီလိုလေး စည်းနဲ့ကမ်းနဲ့ တခြားကားတွေကိုလည်း ကိုယ်ချင်းစာစိတ်ကလေး နဲ့မောင်းရင် ဘာများဖြစ်သွားမှာမို့လို့လဲ။

(၂)    ဒီရက်ပိုင်းမှာ ဟိုတယ်အခန်းတွေ လူဝင်နည်းတယ်။ ဒီတော့ အခန်းရှင်းရတာ နည်းတယ်။ ၀တ္တရားအရ အခန်းတံခါးကို ခေါက်တယ်။

“အခန်း သန့်ရှင်းရေးလုပ်မလို့ပါရှင်”

ဘာမှ ထူးသံမကြားရဘူး။ အခန်းတံခါးကို ဖွင့်ဝင်လိုက်တယ်။ အခန်းထဲမှာ ကစားစရာတွေရယ်၊ စားစရာတွေရယ်၊ အ၀တ်တွေရယ်၊ စာအုပ်တွေရယ်ပွလို့။ ခြောက်နှစ် ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် ရယ်၊ ၁၅၊ ၁၆ အရွယ် မိန်းကလေးတစ်ယောက်ရယ် မောင်နှမနှစ်ယောက် တည်းခိုတဲ့အခန်းလေး။ မနက်ခင်းကတောင် အဲဒီက လေးလေး ဘောလုံးတစ်လုံးနဲ့ ဟိုတယ်နံဘေးမှာ ကစားနေတာ တွေ့သေးတယ်။

မောင်လေးနဲ့ဆို အရွယ်တူလောက်ရှိမှာပေါ့။ စဉ်းစားရင်း ဖတဆိုးမောင်လေးနဲ့ အဖေကို သတိရမိတယ်။ သူတို့ ဒုက္ခသည်စခန်းမှာ ဘယ်လိုများနေကြပါလိမ့်။ အစားအသောက်မှ အဆင်ပြေကြရဲ့လား။ မောင်လေးကော စာသင်ရရဲ့လား။ ဒီအခန်းက  ကလေးလေးလို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာ ကစားနိုင်မှာ မဟုတ်တာတော့ သေချာတယ်။ အဖေကတော့ ကောင်းကင်ဘုံမှာ အေးဆေးနေရောပေါ့။ မိုင်းထိတဲ့ဒဏ်ရာက သွေးထွက်လွန်ပြီး အဖေဆုံးခဲ့တာ မောင်လေးတစ်သက် နီးပါးလေ။

ဒီဟိုတယ်မှာ အလုပ်ကလေး အခြေတည်မိသွားရင် အမေတို့ကိုခေါ်မယ်။ တောကြား၊ တောင်ကြားမှာ မြင်မြင်ရာကြောက်နေရတဲ့ ဒုက္ခသည်ဘ၀နဲ့စာရင် ဒီမှာအများကြီးအဆင်ပြေမှာ။ နောက်ပြီး မောင်လေးကိုလည်း ကျောင်းထားပေးရမယ်။

မောင်လေးကို သတိရစွာနဲ့ အခန်းသန့်ရှင်းရေးလုပ်ရင်း ဝေါ့ကင်းရှူးလေး ညစ်ပတ်နေတာတွေ့တယ်။ အို မနက်က ဒီအခန်းက ကလေးလေး ဒီအခန်းက မောင်လေး ဘောလုံးကစားရင်း ပေနေတာနေမှာပေါ့။ ဝေါ့ကင်းရှူးလေးကို တယုတယကိုင်ပြီး သေသေချာချာသန့်ရှင်းရေး လုပ်ပေးလိုက်တယ်။

“ကလင်၊ ကလင်”အခန်းထဲက ဖုန်း မြည်လာတယ်။“သူငယ်ချင်း မပြီးသေးဘူးလား။ အခန်းလည်း ဘာမှမများဘဲနဲ့”

“အေးပါဟယ်၊ ငါ ငါ့မောင်လေးရဲ့ ဝေါ့ကင်းရှူးလေး ညစ်ပတ်နေလို့ သန့်ရှင်းပေးနေတာ” “နင့်မောင်လေးက နင့်အမေနဲ့ တောမှာဆို” “သြော် ဟုတ်တယ်ဟဲ့။ ဒါက ဒီအခန်းမှာ တည်းတဲ့ ကလေးလေးရဲ့ ဖိနပ်ဟ” “ပြီးရော ထမင်းစား နောက်ကျနေဦးမယ်”

ထမင်းစားနောက်ကျတော့ ဘာဖြစ်လဲ နော့။ စေတနာထားပြီး သေသေချာချာလုပ် တာ။ အခန်းရှင်းတဲ့တာဝန်ထဲမှာ မပါတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၃)    “ချောကလက်တောင့်တွေ ကျန်နေသေးတယ်။ သိမ်းလိုက်ဦးမယ်”

ချာ့ကလက်ဘူးကတော့ ဖောက်ပြီးသားပေမယ့် မစားရသေးတဲ့ ချောကလက်တောင့်တွေက အသစ်အတိုင်းရယ်။ သိသားပဲ တမင်တားထားတဲ့ ဟာကို။

“သိမ်းမနေပါနဲ့ မိန်းမရယ်။ ဟိုတယ်က အခန်းရှင်းတဲ့ကလေးတွေ စားကြပါစေ။ နောက်ပြီး အဲဒါတွေ စားပြီးရင် မင်းဂျင် (Gym) ထပ်သွားနေရဦးမယ်။

ဟုတ်တယ်လေး။ နှမြောစိတ်နဲ့ အတင်းစားမှာနဲ့ စာရင် ဒီကကလေးတွေ စားဖို့ထား ပေးခဲ့လိုက်တော့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၄)    မူလတန်းကျောင်းကလေးရဲ့ ဆရာ၊ ဆရာမများ နားနေခန်းကနေ အပြင်ကို လှမ်းကြည့်လိုက်တယ်။ နားနေခန်းဆိုပေမဲ့ ခါးလောက်အမြင့် ၀ါးထရံကာထားတာဆိုတော့ စာသင်ခန်းကလေးကို အလွယ်တကူမြင်ရပါတယ်။
အို ဒီကလေး နေ့လယ်ထမင်းစားချိန်မှာ အပြင်မထွက် မုန့်မစားအခန်းထဲမှာ စာဖတ်နေတာများပါ ပကောလား။

စာကြိုးစားတာ လက်ခံနိုင်ပေမဲ့ ထမင်းချိုင့်မပါတာ လက်ခံနိုင်ပေမဲ့ ဒီလိုပဲကြည့်ပြီး အမှတ်တရနဲ့ နေ့ပေါင်းများစွာ ကျော်ဖြတ်ခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်တော့ လက်မခံချင်တော့ပါ ဘူး။

ထမင်းစားတာကို ရပ်လိုက်တယ်။ မ၀သေးပေမဲ့ အဆာတော့ပြေသွားခဲ့ပြီ။ ချိုင့်ထဲမှာ ထမင်းကတစ်ဝက်ရယ်၊ ငါးဆုပ်ကြော်လေးရယ်။ ကန်စွန်းရွက်လေးရယ် ကျန်နေသေးတယ်။ စာသင်ခန်းလေးတွေဆီ ပြန်ခဲ့တယ်။

“သားရေ ရော့ ဆရာမထမင်းချိုင့်၊ အကျန်မဟုတ်ဘူးနော်။ ဆရာမသပ်သပ် စားထားတာ အခန်းတွေ”

ကျောင်းသားလေး ခေါင်းခါတယ်။ သူ့ကို ဘာမှပြောခွင့်မပေးဘဲ ပြောလိုက်တယ်။

“သားစားပြီးရင် ဆရာမတို့ ပန်းကန်ဆေးတဲ့နေရာမှာ ဆပ်ပြာနဲ့သေသေချာချာ ဆေးပေးဟုတ်လား။ ထမင်းလုံးတွေ ပွမနေစေနဲ့”

ကျောင်းသားလေးရဲ့ မျက်လုံးလေးတွေ ၀င်းလက်သွားတယ်။ ဟုတ်တယ်လေ။ စားရမှာ ရဲသွားတယ်။ ဆရာမရဲ့ ထမင်းချိုင့်လေး ပြောင်လက်နေအောင် ဆေးပေးမယ်။

ချမ်းသာတာ ဆင်းရဲတာမဟုတ်ပါဘူးကွယ်။ လိုအပ်တဲ့ သူကို ကိုယ့်မှာရှိတာ မျှဝေကူညီလိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲ။

(၅) မြို့ကလေးရဲ့ ဘုရားပွဲမှာ လူတွေ စည်ကားလှတယ်။ အပျော်အပါး ရှားပါးတဲ့နေရာ ဆိုတော့ ဘုရားပွဲကို မျှော်ကြ။ ဘုရားပွဲမှာ ပျော်ကြတာ မဆန်းလှပါဘူး။ ဒီဘက်ခေတ်ရောက်လာတော့ ဟိုအရင်ခေတ်က တိုးတိတ်တိတ် ဘုံဆိုင်လေးတွေ ပျောက်သွားပြီး တံဆိပ်ကြီးကြီးနဲ့ ဘီယာဆိုင်တွေပေါ်လာတာ အရက်တွေဖောချင်း သောချင်းရလာတာ။

ဘုရားပွဲမှာ စောင်ထုပ်ကို ညာပခုံးမှာထမ်းပြီး လျှောက်လာတဲ့ လူငယ်တစ်ယောက် နဲ့ တခြားလူရွယ်တစ်ယောက် ပခုံးချင်းတိုက် မိတယ်။

“ဟေ့ကောင် လူတစ်ယောက်လုံး မမြင်ဘူးလား”

“မတော်လို့ဖြစ်တာဗျာ။ ဒီမှာစောင်ထုပ်ကြီးနဲ့ မတွေ့ဘူးလား”

“လူကို တမင်ဝင်တိုက်ပြီးတော့မှများ မင်းက”

“ခင်ဗျားကြီး မူးပြီးလာရမ်းမနေနဲ့”

“ရမ်းတော့ ဘာလုပ်ချင်သလဲ။ ကဲကွာ”

ဘုရားပွဲခန်းမျာ အကျည်းတန်တဲ့ မြင်ကွင်းတစ်ခု ဖြစ်သွားခဲ့တယ်။

အစ်ကိုရေ မတော်လို့ တိုက်မိတာပါ။ စိတ်မရှိပါနဲ့နော်ဆိုတဲ့ လူငယ်ရဲ့စကားအဆုံး အေးပါကွာ ညီလေးရာ။ မင်းက အလေးအပင်ကြီးနဲ့လာတာ။ ငါကရှောင်ရမှာကွ ဆိုတာမျိုးဆိုရန် ဘယ်လောက်လှမလဲဗျာ။ ပြေပြေလည်လည်နဲ့ နားလည်မှုရှိစွာ ပြောဆိုဆက်ဆံကြတော့ ဘာများဖြစ်သွားမှာ မို့လို့လဲ။

(၆) ကမ္ဘာကျော်ကုန်တိုက်ကြီးတစ်ခုရဲ့ ဂေါက်ပစ္စည်း အရောင်းဆိုင်ကြီး တစ်ခုမှာပါ။ တံဆိပ်တစ်မျိုးတည်းကိုပဲ သီးသန့်ရောင်းတာဖြစ်ပြီး ဂေါက်တုတ်တွေကလည်း ဈေးကြီးလှပါတယ်။

“ဘော့စ် နောက်ဆုံးထွက်တဲ့ မော်ဒယ်တွေရောက်နေပြီ။ Limited Edition နော်”

အရောင်းမန်နေဂျာ မိန်းကလေးက လှိုက်လှဲပျူငှာစွာ ခရီးဦးကြိုပြုတယ်။ ၀ယ်နေ့ကျ ဖောက်သည်ပေကိုး။

“ဒီတုတ်က အရှေ့တောင်အာရှမှာ တစ်စုံပဲရှိတာ”

မိန်းကလေးက သိပ်မပြောရသေးဘူး။  ကိုယ့်ဆရာက ၀ယ်ချင်နေပြီ။ သိတာပေါ့ ဆရာတပည့်ပေါင်းခဲ့တာ နှစ်တွေက မနည်းတော့တာ။ သူဌေးကြီး သားသမီးတွေ တစ်ဖက်၊ အခုမြေးတောင်ရနေပြီလေ။

ဒီတစ်ခေါက် ခရီးမထွက်ခင်ရွာမှာ ဧရာဝတီမြစ်ရေတိုးလို့ ကမ်းပါးပြိုပြီး ရွာဦးကျောင်းနဲ့ စာသင်ကျောင်းရေထဲပါသွားတာ သတိရမိတယ်။ အဲဒီအတွက် ဆရာက ငါးသောင်း လှူခဲ့သေးတယ်။

“ဟေ့ကောင် ငါမေးနေတာမကြားဘူးလား။ ဒေါ်လာငါးသောင်းတဲ့ ဘယ်လိုနေလဲ”

“ခင်ဗျားဒေါ်လာငါးသောင်း၊ သိန်းငါး ရာနီးပါး။ အဲဒါဆိုရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအသစ်ပြန်ဆောက်ဖို့ လောက်တယ်ဆရာ။

“ဟာ ဒီကောင် ငါမေးနေတာ ဒီဂေါက်တုတ် ၀ယ်သွားပြီး ရန်ကုန်မှာ ရိုက်ရင် ကွင်းကလူတွေ ဘယ်လိုအထင်ကြီးမလဲ။ ဘာလဲမေးတာ။ တော်တော် နောက်ဆို မင်းကို နိုင်ငံခြား အဖော်မခေါ်တော့ဘူး”

ဆရာသမား မခေါ်တော့လည်း မလိုက်ရရုံပဲပေါ့ဗျာ။ သူ့အိမ်မှာ စတိုခန်းအပြည့် အကောင်းစားဂေါက်တုတ်တွေရှိတာ အသိဆုံး။ အရမ်းချမ်းသာမှန်း လူတွေသိပြီးသား သူတစ်ယောက်အတွက် ဒါတွေဝယ်သုံးပြီး ချမ်းသာကြောင်းပြဖို့ လိုသေးလို့လား။ ကြွားစရာလိုသေးလို့လား။ အဲဒါတွေ မ၀ယ်ဘဲနဲ့ ရွာကဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းအတွက် လှူတော့ရော ဘာများဖြစ်သွားမှာမို့လို့လဲ။

(၇)    နေထိုင်စားသောက်ဖို့အတွက်
    သင့်မှာ အလုံအလောက်ရှိခဲ့ပြီးရင်လည်း
    ပိုလျှံတာနည်းနည်းလောက်တော့
    ခွဲဝေမျှခြမ်းပေးကမ်းသင့်ပါတယ် တဲ့

၂၀၀၈ ခုနှစ် နာဂစ်အပြီးမှာ ကြားခဲ့ဖူးတဲ့ မျိုးချစ်မြန်မာရဲ့ သီချင်းသံလေးကြား ယောင်မိလာတယ်။ ဘ၀ရာထောင် သုံးမကုန်အောင် စုဆောင်းသိုမှီးထားတော့ရော တကယ်သုံးရမှာမို့လို့လား။ ဒီဘ၀ပါပဲ။ ဒီတစ်ဘ၀ဆိုတာတောင်မှ အခြေအနေပေးပါမှ။ မကျန်းမာလို့ အိပ်ရာထဲ ပက်လက်ဖြစ်နေချိန်မှာ အာရောဂျံကို ၀ယ်လို့မရဘူးလေ။ စက်တွေ ဆေးတွေအကူအညီနဲ့ အသက်ကို ဆွဲဆန့်လို့ ရတယ်ထား လူသိသူသိ၊ လူမသိသူမသိ ခံစားရတဲ့ ဝေဒနာကို ကိုယ်သာအသိဆုံးလေ။

လောဘတွေ အတ္တတွေလျှော့လိုက်လို့ ဘာများဖြစ်သွားမှာမို့လို့လဲကွယ်။

eleven media group


တပ်မတော်(ရေ)၏ ပထမဆုံး မြန်နှုန်းမြင့် တိုက်ရေယာဉ် ရေချ


မြန်မာ့တပ်မတော်(ရေ)အတွက် ပထမဆုံးဖြစ်သော မြန်နှုန်းမြင့်အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေချရန်ပြင်ဆင်နေသည်ကို တွေ့ရစဉ် (MYANMAR NAVY)
တပ်မတော်(ရေ)၏ ပထမဆုံး Torpedo Boat  ဖြစ်သော  မြန်နှုန်းမြင့် အပေါ့စား တိုက်ရေယာဉ်တစ်စီးကို မေလ ၉ ရက်က ရေတပ်သင်္ဘောကျင်း ဌာနချုပ်တွင် ရေချခဲ့ကြောင်း သတင်းရရှိသည်။

အခြားနိုင်ငံမှ ရေငုပ် သင်္ဘောများ မြန်မာ့ရေပိုင်နက်အတွင်း ၀င်ရောက်လာပါက တိုက်ဖျက်နိုင်ရန်အတွက် တပ်မတော် ရေ အင်ဂျင်နီယာများကိုယ်တိုင် တည်ဆောက်ခဲ့သည်ဟုဆိုပြီး သင်္ဘောကိုယ်ထည်ကို အလူမီနီယံဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ အမည်မဖော်လိုသည့် တပ်မတော်အရာရှိတစ်ဦးက ပြောသည်။

‘‘အရင်က ရေတပ်မှာ Torpedo Boat ကို သုံးခဲ့ဖူးပေမယ့် အခု စစ်ရေယာဉ်လောက် မြန်နှုန်းမမြင့်ဘူး။ နောက်ပြီး ဒုတိယကမ္ဘာစစ်လက်ကျန်တွေဖြစ်လို့ တပ်တော်ဝင်စာရင်းက ဖျက်လိုက်ပါပြီ။ ဒီစစ်ရေယာဉ်ကလည်း မြန်မာ့ရေတပ်အတွက် ကနဦးစမ်းသပ်ထုတ်လုပ်တာဖြစ်တဲ့အတွက် တိုက်ပွဲဝင်အနေအထားဖြစ်ဖို့ စမ်းသပ်မှုတွေ အဆင့်ဆင့်လုပ်ဖို့ လိုပါသေးတယ်’’ ဟု ၎င်းက ပြောသည်။

(Torpedo Boat) အမှတ် ၂၀၁ သည် အလျားပေ ၇၀ ရှည် ပြီး တစ်နာရီလျှင် ရေမိုင် ၃၅ မိုင် အထက် မောင်းနှင်နိုင်ကာ မြန်မာ့ ရေပိုင်နက်အတွင်း ကင်းလှည့်နေသည့် စစ်ရေယာဉ်အားလုံးထက် မြန်သည်ဟုဆိုသည်။

‘‘အလူမီနီယံကိုယ်ထည်ကိုသုံးပြီး ရေယာဉ်ကို ထောင့်ချိုးပုံစံ အများဆုံးသုံးထားတော့ ညရေဒါ နဲ့ ဖမ်းယူနိုင်မှု အားနည်းတယ်။ ကိုယ်ပျောက်ရေယာဉ် အသေးစားလေးပေါ့’’ ဟု ၎င်းက ပြောသည်။

တပ်မတော်(ရေ)သည် မကြာသေးမီက ပြည်တွင်းထုတ် သုံးစီးမြောက် ဖရီးဂိတ် စစ်ရေယာဉ်တစ်စီးကိုလည်း ရေချခဲ့သည်။

7day daily


မကောင်းမှု၏ရလာဘ်


ဒီဖြစ်စဉ်ဟာ ဟင်္သာတမြို့နယ်မှာ တစ်ကယ်ဖြစ်ပွားခဲ့တာပါ။ ဒါကို လိုက်အတုမယူဖို့ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့…..
တစ်နေ့ ကျွန်တော်တာဝန်ကျရာ အိမ်မဲမြို့ရေးမှာ အနားယူနေတုန်း အိမ်ရှေ့ကို သူဖုန်းစားအမ်ျုးသမီးတစ်ဦး ရောက်ရှိလာပါတယ်။ ကျွန်တော်လည်း ထမင်းထုပ်လေးသွားပေးတော့ လားလားကျွန်တော်နဲ့ရင်းနှီးဖူးတဲ့ စတိုးဆိုင်ပိုင်ရှင် ဒေါ်ဝတုတ်ပါလား။ ဒေါ်ဝတုတ် ကျုပ်ကိုမှတ်မိသေးလား မေးတော့ သူကအသေအချာကြည့်ပါတယ်။ပြီးတော့ ခေါင်းခါတယ်။ သူမမမှတ်မိပါ။
သူမတော်တော်လေးအိုမင်းသွားပါပြီ။ မျက်နှာတစ်ခြမ်းမှာ မီးလောင်ဒဏ်ရာလို အမာရွတ်နှင့်အတူ မျက်လုံးပါကန်းနေပါတယ်။တစ်ဖက်ကတော့ ၀ါးနေပါတယ်။ 
 
အ၀တ်အစားက ကြေးအထပ်ထပ်နှင့်ဟောင်းနွမ်းနေပြီး တစ်ခါကစတိုးဆိုင်ပိုင်ရှင်ကြီး ဆိုလျှင်သံသယရှိပေမည်။
ကျွန်တောလေ အရီးရဲ့။ ဟင်္သာတမှာ နေတုန်းက ဘေးအိမ်ကဖိုးသားလေ ဆိုတော့ အတန်ကြာ စဉ်းစားပြီး မျက်ရည်ဝဲလာတယ်။ ကျွန်တော်လည်း သူမကိုတွဲပေးရင်း ခြံထဲမှာ နားစေပါတယ်။ ဒေါ်ဝတုတ်ရယ် ဘယ်လိုဖြစ်တာလည်းဗျာ ဆိုတော့ သူမအဝေးကို ငေးရင်း……
ဟင်္သာတနယ်မှာ ၁၉၉၈ခုနှစ်လောက်က. ..ရပ်ကွက်မှာ ဒေါ်ဝတုတ်စတိုးဆိုရင် မသိသူမရှိပါဘူး။ ပြိုင်ဘက်ကင်းမို့ ဈေးလည်းကြီးပါတယ်။ သူကအတိုးလည်း ပေးစားပါတယ်။
 
 ဒါကြောင့် ရပ်ကွက်မှာ တော်တော်လေး သြဇာညောင်းပါတယ်။ သူ့အကြွေးမှမကင်းကြကိုး။ အစကတော့ ကောင်းရောင်းကောင်းဝယ်ပါ။ ကြာတော့ သူလည်းလောဘတက်လာပြီး အရင်းရှင်ဆန်လာပါတယ်။ အတိုးမပေးနိုင်သူဆိုရင် ကျွဲနွားတွေသိမ်းပြီး ကုလားတွေကိုပြန်ရောင်းစားပါတယ်။ သူကျိုးပေးမို့လေလားမသိပါ သူမစီးပွားရေးတော်တော်အဆင်ပြေပါတယ်။

တစ်ခါတော့ သူမရဲ့မျက်စောင်းထိုးမှာ စတိုးဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။ ဈေးနှုန်းလည်းသက်သာပြီးဆက်ဆံရေးပြေပြစ်ပါတယ်။ အကြွေးကိုလည်း အရစ်ကျဆပ်နိုင်တာမို့ အချိန်တိုအတွင်း ရောင်းအားတက်လာပါတယ်။ ဒေါ်ဝတုတ်ဆိုင်ကတော့ ရောင်းအားကျပေမယ့် နယ်ဝယ်လက်တွေအစိုးရထားတော့ ပုံမှန်ရောင်းဝယ်နိုင်ပါတယ်။ကြာတော့လည်း သူမကမနာလို စိတ်များလာပါတယ်။ ဒီတော့ မကြံအပ်တာကြံပါတော့တယ်။

အောက်လမ်းဆရာ အကြံပေးချက်အတိုင်း တစ်ခုသောညရဲ့ လမိုက်ညသန်းခေါင်ယံမှာ ဒေါ်ဝတုတ်တစ်ယောက် ပြိုင်ဘက်စတိုးဆိုင်ရှေ့ရောက်နေပါတယ်။ သူမတစ်ယောက်တည်းပါ။ ခွေးတွေလည်း အူနေပါတယ်။ အချိန်ရောက်တော့ သူမအိပ်ျသးထဲက သဲတဆုပ်ယူပြီး တိုင်တည်လိုက်ပါတယ်။ ထိုသဲကား သင်္ချိင်းမြေမှ စီရင်ထားသောသဲ။ိ အသင်မကောင်းဆိုးဝါးနာနာဘ၀များ ဒီအိမ်ကြီးအား နှောင့်ယှက်ကြလေလော့။ သင်တို့စိတ်ကြိုက် ပြုမူကြလေလော့။ စီးပွားကျအောင်နှောင့်ယှက်ကြလေလော့။ ကျွနုပ်၏ လက်ထဲကိုင်ထားသော မဟာပထ၀ီမြေကြီး သဲအစုစုအားသက်သေထားလျက် နောင်ဘ၀အဆက်ဆက် ဒီအကုသိုလ်ကံကို ဒီသဲီပမာဏရှိသော အဆအတိုင်းခံယူပါမည်ဟု ကျွန်ုပ်သက်သေပြုပါသည် ဆိုလျက် အသက်အောင့်ပြီး ဆိုင်ရှေ့ဝယ် လက်နောက်ပြန် ကျောခိုင်းပြီး သဲတဆုပ်ကို ကြဲလိုက်သည်။ ညသည် တိတ်ဆိတ်လျက်။

မကြာပါ အဆိုပါပြိုင်ဘက်ဆိုင်သည် စီးပွာဒကျပြီး ပိတ်သိမ်းကာပြောင်းသွားရလေသည်။ အိမ်ပိုင်အဆက်ဆက် ဒုက္ခရောက်ရလေသောကြောင့် ထိုအိမ်ကို ဘယ်သူမှမ၀ယ်ရဲပဲ သောင်တင်နေတော့သည်။ ဒေါ်ဝတုတ်ကြီးကတော့ တပြုံးပြုံး။ သူမကားပြိုင်ဘက်ကင်းမဲလေပြီ။

ဝဋ်သည် လည်စမြဲ။ သူမတိုင်တည်ထားသည့်အတိုင်း နောင်ဘ၀တောင်မကူးပေ။ ငွေချမ်းသာလာတော့ ယောကျားက ဖောက်ပြန်ပြီး နောက်မိန်းမနှင့် အိမ်ကရွှေတွေယူကာ အစပျောက်သွားသည်။ သားသမီးများမှာလည်း မကောင်းသူများနှင့်ညားကာ စိတ်ဒုက္ခရောက်လေသည်။ တစ်ခုသော ည၀ယ်သူမ၏ ဆိုင်မှမီးစလောင်လေရာ သူမ၏စတိုင်းဆိုင်မှာ ပြာပုံအတိပြီးလေတော့သည်။ သူမလည်း ထောင်ကျလေသည်။ ပြီးတော့ မီးလောင်ဒဏ်ရာဖြင့် မျက်စိကွယ်ခဲ့သည်။

ထောင်ကထွက်တော့ ပိုင်ဆိုင်မှုရယ်လို့ ဘာမှမရှိ
တစ်ခါက သူဌေးမကြီး ခုတော့အမှိုက်ပုံတကာ လမ်းတကာ ဘုန်းကြီးကျောင်းတကာ ရှာဖွေစားသောက်ရင်း အိမ်မဲကိုရောက်လာခဲ့သည်။ သူမခဗျာ မျက်ရည်ဝဲလျက်။
ကျွန်တော်လည်း ဇနီး၏ အ၀တ်တစ်စုံကို လက်ဆောင်ပေးရင်း နောင်အစားအစာလိုလည်း လိုသလိုလာယူပါဟုမှာလိုက်လေသည်။ သူမကားတောင်ဝှေးတစ်ချောင်းဖြင့် နားခိုရာ ဘုန်းကြီးကျောင်းသို့ ပြန်သွားလေသည်။

တစ်ခုသောညနေ၀ယ် ဆရာAccident caseနဲ့ Dedbody ရောက်နေပါတယ်။ ရဲတွေပါ ပါတယ်ဆရာ။ဆိုတော့ ဆေးရုံလိုက်သွားသည်။ ရဲအုပ်ဖြေတော့ အဖွားအိုတစ်ဦး မမြင်မစန်းလမ်းဖြတ်ကူးရင်း ကားတိုက်မိရာ ပွဲချင်းပြီးသေဆုံးသွားသည် ဆိုသောကြောင့်ဆေးရုံလာပို့ရကြောင်း ပြောလေသည်။ အလောင်းကို ကြည့်လိုက်ရာ ဒေါ်ဝတုတ်။ ကျွန်တော်တွေဝေသွားသည်။ တစ်ချိန်က ကျိကျိတက်ချမ်းသာခဲ့သောဒေါ်ဝတုတ်ခဗျာ သူမ၏ မကောင်းမှုကျိန်စာကြောင့် မရှုမလှဘ၀ကူးရလေသည်။ို့ပြင်နောင်သံသရာဘ၀အဆက်ဆက် သဲဆုပ်မျှသော ဘ၀ပေါင်းများစွာ ခံရပေတော့မည်။ သြော်လူသားတွေရဲ့ လောဘမနာလိုစိတ်ကားကြောက်ဖို့ကောင်းလေစွ။ ။

ဖြစ်ရပ်မှန်အား နာမည်လွှဲပြီး ကာယကံရှင်အား ငဲ့ကွက်သောအားဖြင့် ပြန်လည်ရေးသားထားပါသည်။

လေးစားလျက်…..
Dr.မင်းလုလင်


ရွှေမြန်မာတွေတဲ့လား


ကမ္ဘာပေါ်တွင် စားသောက်ရန် အကောင်းဆုံးနိုင်ငံမှာ နယ်သာလန်ဖြစ်ပြီး အဆိုးဆုံးနိုင်ငံမှာ ချဒ်ဖြစ်ကြောင်း ၁၂၅ နိုင်ငံ၏ အစားအသောက်စားသောက်ပုံ လေ့လာကာ Oxfom မှ စစ်တမ်း ထုတ်ခဲ့သည်။

အကောင်းဆုံးဖြစ်ရခြင်းမှာ အစားအသောက်ဈေး သက်သာခြင်း၊ ဆီးချိုဖြစ်ပွားနှုန်း နည်းပါးခြင်းနှင့် အခြားသော ဥရောပနိုင်ငံများထက် အာဟာရ ပြည့်ဝခြင်းတို့ကြောင့်ဖြစ်ကြောင်း ချဒ်နိုင်ငံသည်အာဟာရနည်းပါးသည့် အစားအစာများသာရှိခြင်း၊ ဈေးကြီးခြင်းနှင့် သန့်ရှင်းမှုမရှိခြင်းတို့ကြောင့်ဖြစ်သည်တဲ့။

နောက်ထပ် သတင်းတစ် ပုဒ်ဖတ်ရပြန်တာက မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှတွင် အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံး ခံစားရသည့် တတိယမြောက် နိုင်ငံဟု UNICEF က ပြောထားသည်။ စားနပ်ရိက္ခာမလုံလောက်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု အလေ့အထနည်းခြင်း၊ ရေကောင်းရေသန့်နှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုအကန့် အသတ်ဖြင့်သာရရှိခြင်း၊ အစားအစာကျွေးသည့် ပုံစံမမှန်ခြင်းစသည့်အချက်များ ထောက်ပြထားသည်။

ဆန်ရေစပါးပေါများကြွယ်ဝ တဲ့၊ စိုက်ပျိုးရေးနိုင်ငံဖြစ်တဲ့ မြန်မာ နိုင်ငံဟာ အာဟာရချို့တဲ့မှုနှုန်း အမြင့်ဆုံးပါတဲ့။ စိတ်မကောင်း စရာပါပဲ။ ‘အမျိုးသမီးတွေနဲ့ က လေးငယ်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်ချို့တဲ့နေတာကို သိပ် ပြီးသတိမထားမိကြဘူး။ ဒီချို့တဲ့ မှုဟာ ဖုံးကွယ်နေတဲ့ ဆာလောင် ခြင်းလို့ပြောလို့ရပြီး အာဟာရချို့ တဲ့မှုကို ပိုမိုဆိုးရွားစေပါတယ်’လို့ FAO ဌာနေကိုယ်စားလှယ် ဘူသီလန်က ဆိုထားပါတယ်။ တော် သေးတာပေါ့။ စားသောက်ရန် အဆိုးဆုံးနိုင်ငံက ကျွန်မတို့နိုင်ငံ မဖြစ်ဘဲ ချဒ်နိုင်ငံဖြစ်နေလို့။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ကင်ဆာအဖြစ်ဆုံး ၁၀ နိုင်ငံထဲမှာ ပါဝင်နေပါသတဲ့။ အခုခေတ်မှာ ခေတ်စားနေတဲ့ရောဂါက ကင်ဆာပါ။ ဖြစ်လိုက်ကြတဲ့ကင်ဆာရောဂါအမျိုးမျိုးက လူကြီး၊ လူငယ်တွေကို သေမင်းဆီပို့ပစ်ခဲ့တာ။ ကင်ဆာနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချို၊လေဖြတ်ကြတာဟာ လူတွေရဲ့စားသောက်ကြတဲ့ အစားအသောက်တွေကြောင့် စားသောက်ပုံမမှန်ကြတာကြောင့်ဆိုတာ ဘယ်လိုမှငြင်းမရနိုင်ပါ။

ကျွန်မတို့ငယ်ငယ်က ကင်ဆာဆိုတာ မကြားဖူးပါ။ တီဘီ ရောဂါဟာ အဆိုးရွားဆုံးရောဂါ။ တီဘီရောဂါသည်ဆိုရင် ဆိုးဆိုး ရွားရွားရောဂါသမားပဲ။ အဆုတ်ရောဂါကုဆေးရုံတက်ပြီး နှစ်ရှည်လများဆေးကုသခံယူကြရတယ်။ နှလုံး၊ သွေးတိုး၊ ဆီးချိုဝေဒနာရှင်များလည်း ယခုလောက်မပေါများကြပါ။

ကျွန်မရဲ့ မိဘတွေက ပဲခူးသူ၊ ပဲခူးသားတွေပါ။ ပဲခူးမြို့က ပုစွန်ခြောက်၊ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်ကောင်းကောင်းထွက်ပါတယ်။ အိမ်တိုင်းအိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ပုစွန်ခြောက်မှုန့် ပုလင်းလေးတွေရှိကြပါတယ်။ အချိုမှုန့်ကို မသုံးတတ်ကြသေးပါဘူး။ ပုစွန်ခြောက်မှုန့်ကိုပဲ ဟင်းခတ်မှုန့်အဖြစ် သုံးကြပါတယ်။ ချဉ်ရည်ဟင်း၊ ဟင်းချိုချက်ရင် ပုစွန်ခြောက်မှုန့်လေးနဲ့ ချက်ကြပါတယ်။ အသုပ်သုပ်ရင်လည်း ပုစွန်ခြောက်မှုန့်လေးနဲ့၊ ငါးပိရည် ဖျော်ရာမှာလည်း ပုစွန်ခြောက်မှုန့်လေးဖြူးလိုက်တာပါပဲ။

နောက်ပိုင်း TV တွေပေါ် လာတော့ TV မှာ အာဂျီနိုမိုတို အချိုမှုန့်ကြော်ငြာရာကနေ အစပြုပြီး တဖြည်းဖြည်းနဲ့ အချိုမှုန့်ကို နတ်သုဒ္ဓါတစ်ပါးလို ခုံခုံမင်မင်စားသုံးလာခဲ့ကြတာ ယနေ့ထိတိုင်ပါပဲ။ မြို့ပြမှာ အချိုမှုန့်ကို ရေလဲသုံးကြသလို။ ကျေးလက်မှာလည်း အချိုမှုန့်မသုံးတတ်ရင်ဘဲ ခေတ်မမီတော့သလို၊ ဘာလိုလိုဆိုတော့ ရွာကအလှူပွဲတွေမှာလည်း အချိုမှုန့်ကမပါရင်မဖြစ်။ မြို့သွားမယ့်သူကို မမှာမဖြစ်မှာကြတာက အချိုမှုန့်ပေါင်ထုပ်ပဲ။ မော်လမြိုင် ရထားလမ်းဟာ အချိုမှုန့်မှောင်ခိုခေတ်တစ်ခေတ် ဖြစ်လိုက်ကြသေးတယ်။ အခုထိတော့ တစ်နိုင်ငံလုံးရဲ့ မီးဖိုချောင်မှာ အချိုမှုန့်ပုလင်းက နေရာယူလို့ကောင်းနေတုန်းပါပဲ။ အချိုမှုန့် မပါရင် ဟင်းမချက်တတ်တော့တဲ့ အိမ်ရှင်မတွေ၊ အချိုမှုန့်မပါတဲ့ဟင်းကို အရသာမတွေ့တော့တဲ့သူတွေ တစ်နိုင်ငံလုံးမှာ ဒုနဲ့ဒေး ဖြစ်နေကြဆဲပါ။

တချို့ကျတော့လည်း ဘေးဖြစ်မယ်ဆိုတာ သိသိကြီးနဲ့ ဈေးကြီးတဲ့ ပုစွန်ခြောက်မှုန့်အစား ဈေးနည်းတဲ့ အချိုမှုန့်ကို အစားထိုးစားသုံးနေခဲ့ကြတာမို့ အချိုမှုန့်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို ဘယ်သူတွေ ဘာပဲပြောပြော၊ ဘာပဲဆိုဆို၊ အချိုမှုန့်က လက်ရှိဘဝနဲ့ အံဝင်ခွင်ကျဖြစ်နေလေတော့ မြန်မာပြည်မှာ အချိုမှုန့်က ပန်းပန်လျက်ပါပဲ။

ကျွန်မတို့ဆီမှာ အချိုမှုန့်နဲ့ ကင်းလွတ်တဲ့နေရာဆိုတာ ရှားမှရှားပါ။ ကျွန်မတို့မြန်မာတွေ မနက်ခင်းစာအဖြစ် ပက်ပက်စက်စက်စားကြတဲ့ မုန့်ဟင်းခါးက ငါးများများနဲ့ချက်တဲ့ဆိုင်က ရှားပါတယ်။ များသောအားဖြင့် ငါးက နည်းနည်း၊ အချိုမှုန့်ကများများ၊ ဟင်းရည်မှာ ငါးအနံ့ကလေးသာရပြီး ပါးစပ်ထဲမှာတော့ အချိုမှုန့် အရသာက စွဲကျန်နေတော့တာပါ။ ကြာဆံသုပ်၊ ခေါက်ဆွဲသုပ်၊ လက်သုပ်စုံဆိုတာတွေကလည်း ပဲမှုန့်နဲ့ အချိုမှုန့်များများ၊ ငရုတ် သီးအချဉ်ရည်တွေနဲ့ သုပ်ထားတာ အာဟာရဘယ်မှာရှိမှာလဲ။ အာဟာရမရှိတဲ့အပြင် ငရုတ်သီးရဲ့ ဆိုးဆေးကြောင့် ကင်ဆာဖြစ် ဦးမှာ။ အချိန်မအား၊ အလုပ်မအားကြတော့ စားမှု၊ သောက်မှု ကိစ္စကလည်း နိစ္စဓူဝကိစ္စဆိုတော့ ကြေးများမနေအားဘဲ ပြီးလွယ်စီးလွယ် ဝယ်စားကြရတာပါပဲ။

မြန်မာပြည်သူလူထုအများစုက ဆင်းရဲကြတော့ မနက်စာကို နွားနို့လည်း ဝယ်မသောက်နိုင်၊ လက်ဖက်ရည်တစ်ခွက်နှစ်ရာ၊ အီကြာကွေးတစ်ချောင်းတစ်ရာ၊ ရေကျဲကျဲ မုန့်ဟင်းခါးတစ်ပွဲနှစ်ရာ၊ အသုပ်တစ်ပွဲနှစ်ရာနဲ့ မနက်ခင်း အဆာပြေဝယ်စားကြရတဲ့ဘဝတွေ။ တချို့မုန့်ဟင်းခါးတစ်ပွဲဝယ် အိမ်ကထမင်းကြမ်းနဲ့ရော ပြီး နှစ်ယောက်စားရတဲ့ဘဝတွေ လည်း အများကြီးပါ။ အာဟာရ ပြည့်ဖို့ဆိုတာထက်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာတွေထက် မနက်နဲ့ည ထမင်းနပ်မှန်ဖို့ပဲ ခေါင်းထဲထည့်စဉ်းစားနေကြရတာဆိုတော့ UNICEF ပြောတာက အရေးမကြီး၊ ဆီဖိုး၊ ဆန်ဖိုးနဲ့ မီတာခပေးဖို့တွေက ပိုပြီးအရေးကြီးနေကြတာလေ။

ခန္ဓာကိုယ်အတွက် အသား ဓာတ်လိုတယ်ဆိုတာ သိကြပေ မယ့် အနီရောင်အသားက ရှားပါး ကုန်ဖြစ်နေပြီ။ ကြက်သားက လည်း သင်္ကြန်ပြီးကတည်းက ဈေးပြန်မကျသေးဘူး။ ငါးခူက ရှစ်ရာ၊ ငါးကြင်းက ခြောက်ရာ၊ သားစို၊ ငါးစိုရှားတော့ ငါးခြောက်တွေလည်း ဈေးတက်ပြီပေါ့။ ရခိုင်ပြည်မှာ ပေါချက်ပက်စက်တယ်ဆိုတဲ့ ငါးနီတူခြောက်တောင် အရင်က သုံးရာ၊ လေးရာဈေးပဲရှိတာ။ အခုသမ္မတကြီး ဦးသိန်းစိန်လက်ထက်ကျမှ ရှစ်ရာ၊ တစ်ထောင်ဈေးဖြစ်နေပြီ။
 
 ရန်ကုန်သူတွေ ဝယ်စားဖို့ လက်တွန့်ကြရပြီ။ သားဈေး၊ ငါးဈေး၊ ကြက်၊ ဝက်ဈေးတက်တော့ ဆင်းရဲသားလက်လုပ်လက်စားတွေ စားဖို့ အာဟာရက ဘာဖြစ်နိုင်မလဲ။ ကြက်ဥ၊ ဘဲဥက တစ်လုံး တစ်ရာ့နှစ်ဆယ်၊ တစ်ရာ့သုံးဆယ်။ မိသားစုများတဲ့အိမ်တွေမှာ တစ်ယောက်တစ်လုံးနှုန်းနဲ့ မစားနိုင်ကြတော့ဘူး။ မိသားစုကိုးယောက်၊ ၁၀ ယောက်ရှိတဲ့ အိမ်တွေမှာ ဘဲဥတစ်ယောက်တစ် ခြမ်းစီနဲ့ ငါးပိ၊ တို့စရာနဲ့ စားနေကြ တာ ကျွန်မ ခဏခဏတွေ့ဖူး တယ်။ ဆင်းရဲသားအများစုတွေ စားနေကြတဲ့ ဟင်းပွဲကတော့ ရိုးရိုးလေးပါ။ ထိုင်ဝမ်ကန်စွန်းရွက်ပွပွက တစ်စည်းနှစ်ရာ၊ မြန်မာရေကန်စွန်းကျစ်ကျစ်က တစ်စည်းတစ်ရာ အခြေအနေအရ ထိုင်ဝမ်ပဲဖြစ်ဖြစ်၊ မြန်မာပဲဖြစ်ဖြစ်၊ စားအုန်းဆီနဲ့ အချိုမှုန့်များများ၊ ကော်မှုန့်လေးဖြူးထားတဲ့ ကန်စွန်းပလိန်းကြော်တစ်ခွက်၊ ငါးပိတို့စရာလေးနဲ့ဆို ဟင်းလျာမြည်သွားပြီ။
 
 တကယ်တော့ ကန်စွန်းပလိန်းနဲ့ငါးပိတို့စရာက ဘယ်လိုမှမလိုက်ဖက် မအပ်စပ်လှတာပါ။ မလိုက်ဖက်လှတာကိုပဲ လိုက်ဖက်ချင်ယောင်ဆောင် လိုက်ဖက်သလို တွဲဖက်ပြီး ကျွန်မတို့မြန်မာတွေ စားလာခဲ့ကြတာ နှစ်ပေါင်းများစွာပါ။ မြန်မာထုရဲ့ ဆင်းရဲခြင်းခံနိုင်ရည်စွမ်းပကားကတော့ဒီတစ်ချက်နဲ့တင် အံ့မခန်းပါပဲ။ အစိမ်းရောင်ရှိသော အသီးအရွက်တွေက ဗီတာမင်ကိုရစေတယ်ဆိုတဲ့အသိနဲ့ အားမွေးခဲ့ကြရတာပေါ့။ အချိုမှုန့်၊ စားအုန်းဆီ၊ ကန်စွန်းရွက် စားပြီး လူလုပ်နေကြသူတွေပေါ့။

ဝန်ထမ်းတွေ လစာတိုးပြီး ကုန်ဈေးနှုန်းတွေ မကျသေး သရွေ့တော့  အခြေခံလက်လုပ် လက်စားဘဝတွေနဲ့ လစာတိုးတဲ့ ဝန်ထမ်းတွေလည်း ဆင်းရဲနေကြဦးမှာပဲ။ တိုင်းပြည်လည်း ဆင်းရဲ နေဦးမှာပါပဲ။ သမ္မတကြီးက ပြည် သူတွေဆင်းရဲခြင်း ပပျောက်စေ ချင်ရင်တော့ အရင်ဦးဆုံး ကုန်ဈေး နှုန်းတွေကျနိုင်အောင် ကြိုးစားရ မှာပါ။ ခေတ်အဆက်ဆက်မှာ တရိပ်ရိပ်နဲ့ မသိမသာကျလာအောင်လုပ်နိုင်စွမ်းရမှာ။ ဒါမှ ပြည်သူတွေလည်း အာဟာရပြည့်ပြည့်ဝဝစားသုံးရပြီး သမ္မတကြီးလည်း ဂင်းနစ်စံချိန်ဝင်ချင်ဝင်သွားမှာ။ဝန်ထမ်းတွေကို လစာတိုးအောင်လုပ်နိုင်ခဲ့သေးရင် ကုန်ဈေးနှုန်းတွေကျဆင်းအောင်လည်း လုပ်နိုင်စွမ်းရမှာပေါ့။

ခုတော့ ကမ္ဘာက လက်ညှိုး ထိုးကုန်ကြပြီ။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေအလျှံပယ် ထွက်တဲ့နိုင်ငံ။ အဖိုးတန်ကျောက် မျက်ရတနာတွေဆိုတာ မြေကြီးထဲကနေ ထွက်ထွက်နေကြတာ ဆိုတဲ့နိုင်ငံက နိုင်ငံသူ၊ နိုင်ငံသား တွေကတော့ အာဟာရချို့တဲ့ နေကြတာ စံချိန်မြင့်ပါပဲတဲ့လေ။ တော်သေးတာပေါ့။ အာဟာရချို့ တဲ့တဲ့အဆင့်မှာပဲရှိနေသေးလို့။ ငတ်မွတ်ခေါင်းပါးတဲ့အဆင့်ကို ရောက်ရင်ဖြင့် ရွှေမြန်မာတို့ အတွက် ရှက်စရာကောင်းပါဘိ။

7day daily


ဗိုလ်ချုပ်ကြေးရုပ်


ဗိုလ်ချုပ်ကြေးရုပ်ရဲ့ဆောင်ဓား ပျောက်ဆုံးခြင်းနောက်မှာ

ဗိုလ်ချုပ်ကြေးရုပ်လက်ထဲကို ပစ္စည်းအမျိုးမျိုးရောက်လာတယ်။


ဗိုလ်ချုပ်ကြေးရုပ်လက်ထဲမှာ အလံတွေတစ်ခုပြီးတစ်ခု တက်လိုက်ဆင်းလိုက် တလူလူလွင့်လာတယ်။

စပါးနှံ၊ စက်သွား၊ ကြယ်ဖြူဆယ့်လေးလုံးနဲ့ အလံတော်ဟောင်း။ အလယ်မှာကြယ်ဖြူနဲ့ သုံးရောင်ခြယ်

အလံတော်သစ်။ အနီရောင်နောက်ခံနဲ့ ဒေါင်းရုပ်အလံ။ အစိမ်းရောင်နောက်ခံနဲ့ ခြင်္သေ့ရုပ်အလံ။

အနက်ရောင်နောက်ခံနဲ့ အရိုးခေါင်းရုပ်အလံ။ ဗိုလ်ချုပ်လက်ထဲမှာ ဖြုတ်လိုက်တပ်လိုက်။

တလူလူလွင့်။ ဗိုလ်ချုပ်ဟာ မြို့လယ်ခေါင်မှာ မြင်းကြီးစီးလို့။ တစ်နေ့တစ်လံ။


လွတ်လပ်ရေးအတွက် လက်နက်ကိုင်တော်လှန်ခဲ့တဲ့ သမိုင်းထဲကဗိုလ်ချုပ်လိုပဲ။

အခု။ မြို့လယ်ခေါင်က ဗိုလ်ချုပ်ကြေးရုပ်ကြီးလည်း လက်နက်အမျိုးမျိုးကိုင်ဆောင်။

လက်စွဲတော်ဆောင်ဓားပျောက်သွားပြီးတဲ့နောက်မှာ ဗိုလ်ချုပ်ဟာ ကျွဲဂျိုလေးခွကိုင်တယ်။

လှံရှည်ကိုင်တယ်။ ဒူးလေးကိုင်တယ်။ ဂျင်ကလိကိုင်တယ်။ ဝါးရင်းတုတ်ကိုင်တယ်။ ကျိုက်ထီးရိုးသေနတ်ကိုင်တယ်။



တစ်ခါတလေ ဗိုလ်ချုပ်ကြေးရုပ်ဟာ သူ့ပန်းခြံထဲကပန်းပွင့်တချို့ကို ဆုပ်ကိုင်ထားတတ်သေးတယ်။

အနံ့မမွှေး။ အရောင်မလှ။ တောပန်း။ တောင်ပန်း။ အလေ့ကျပန်းတွေ ဗိုလ်ချုပ်လက်ထဲမှာ

တွေ့ရတယ်။ သင်္ကြန်ဆို အုန်းခက်အုန်းလက်တွေ၊ ပိတောက်ပန်းတွေလည်း ကိုင်တယ်။

သီတင်းကျွတ်ဆို ဆီမီးတိုင်ကိုင်တယ်။


ညညဆို ဗိုလ်ချုပ်ကြေးရုပ်ရဲ့ခြေရင်းမှာ အိမ်ခြေယာမဲ့တွေ အိပ်စက်ကြတယ်။ ဗိုလ်ချုပ်လက်ထဲက

ထမင်းထုပ်ဟာ သူတို့အတွက် အရသာရှိတဲ့ညစာ။ ဗိုလ်ချုပ်မြင်းဝမ်းဗိုက်အောက်မှာ သူတို့တွေ

မိုးလုံလေလုံ။ ဗိုလ်ချုပ်ပုခုံးနှစ်ဖက်ဟာ သူတို့မျှော်စင်။


နေ့ထူးနေ့မြတ်ရောက်ရင် ဗိုလ်ချုပ်ကြေးရုပ်ကြီးဟာ ရွှေရောင်တဝင်းဝင်းနဲ့။

ပတ်ပတ်လည်မှာ လက်နက်ကိုင်အစောင့်တွေနဲ့။ ပတ်ပတ်လည်မှာ နိုင်ငံတော်အလံတွေနဲ့။ ပတ်ပတ်လည်မှာ ရောင်စုံပန်းခွေတွေ၊ ပန်းခြင်းတွေနဲ့။ ပတ်ပတ်လည်မှာ သတိဆွဲငြိမ်သက်သူတွေ၊ ခါးကိုင်းဦးညွှတ်သူတွေနဲ့။

ပတ်ပတ်လည်မှာ မျက်ရည်ယိုဗုံးခွဲမယ့်သူတွေနဲ့။


ဗိုလ်ချုပ်ကြေးရုပ်ကြီး ဓားပျောက်နေတာကို တခြားဗိုလ်ချုပ်ကြေးရုပ်များ သိကြပေမယ့်

ဝင်ရောက်စွက်ဖက်ခြင်း၊ အကူအညီပေးခြင်း မရှိ။ ဓားပျောက်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို

ဓားကိုင်ထားတဲ့ ဗိုလ်ချုပ်ကြေးရုပ်များက ပြက်ရယ်ပြုကြ။ ဘေးဖယ်ထုတ်ကြ။

ဓားပျောက်နေတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကြီးကတော့ ထုံးစံအတိုင်း တိတ်ဆိတ်ငြိမ်သက်။

ပျောက်ဆုံးနေတဲ့ဓားဟာ ဗိုလ်ချုပ်ရဲ့ခန္ဓာကိုယ်ထဲမှာ

စိုက်ဝင်နစ်မြုပ်နေမှန်း ဘယ်သူမှမသိကြ။

' လင်းဇင်ယော် '


ကမ္ဘာပေါ်တွင် ဘီလျံနာသူဌေး အများပြားဆုံး မြို့တော်အဖြစ် ရပ်တည်နေသည့် လန်ဒန်



ကမ္ဘာပေါ်တွင် အချမ်းသာ အကြွယ်ဝဆုံး လူပုဂ္ဂိုလ်များ စုစည်းနေထိုင်သည့် မြို့တော်ကြီးများ၌ လန်ဒန်မြို့က ထိပ်ဆုံးနေရာမှ
ရပ်တည်နေကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ၏ မြို့တော်သည် အခြားသော ကမ္ဘာ့နိုင်ငံ မြို့တော်ကြီးများထက် ပြည်တွင်း ဘီလျံနာ သူဌေးကြီးများ အရေအတွက်
ပိုမိုများပြားသလို လူဦးရေ အချိုးအစားနှင့် ဘီလျံနာသူဌေးများ နှိုင်းယှဉ်ချက်တွင်လည်း ထိပ်ဆုံးနေရာမှ ရှိနေကြောင်း Sunday Times
သတင်းစာ၏ သုတေသန စစ်တမ်းက ဖော်ပြထားခဲ့သည်။ 
 
လန်ဒန်သည် ကမ္ဘာကျော် မြို့ကြီးများအနက် စူပါအဆင့် အချမ်းသာဆုံး ဘူမိနက်သန် နေရာတစ်ခုဟု သတင်းစာက ညွှန်းဆိုခဲ့သည်။ ဘဏ္ဍာရေးအရ ရုန်းကန်နေရသူ အများအပြား ရှိနေဆဲဖြစ်သည့် လန်ဒန်သည် ဒူဘိုင်းကဲ့သို့ ကျိကျိတက် ကြွယ်ဝသူ အများအပြား ရှိနေသည့် မြို့ကြီးများကို ကျော်ဖြတ်ကာ ထိပ်ဆုံးနေရာ ရောက်နေခြင်း အတွက်မူ မေးခွန်းထုတ်မှုများ ရှိနေခဲ့သည်။

ဗြိတိန်နိုင်ငံတွင် ဘီလျံနာ (၁၀၄)ဦးထိရှိပြီး (၇၂)ဦးက လန်ဒန်တွင် နေထိုင်ကြောင်း သိရသည်။ ဒုတိယနေရာတွင် ရုရှားနိုင်ငံ၏မြို့တော် မော်စကိုက ရပ်တည်နေပြီး ဒေါ်လာ(၁)ဘီလျံအထက် ကြွယ်ဝသူ (၄၈)ဦးထိ နေထိုင်သည်။ အမေရိကန်၏ စီးပွားရေး အချက်အခြာ မြို့တော်များဖြစ်သည့် နယူးယော့ခ်နှင့် ဆန်ဖရန်ဆစ္စကိုတို့ကမူ တတိယ၊ စတုတ္ထနှင့် ပဉ္စမ နေရာများ၌ ဘီလျံနာ အရေအတွက် (၄၃)ဦး၊ (၄၂)၊ (၃၈) ဦးစီဖြင့် အသီးသီး ရပ်တည်လျှက် ရှိသည်။ အာရှတိုက်မှ ဟောင်ကောင်ကမူ ဘီလျံနာ အရေအတွက် (၃၄)ဦး မှီခိုနေထိုင်ရာ မြို့တော်အဖြစ် ရှိနေသည်။

လန်ဒန်၏ အချမ်းသာဆုံး ပုဂ္ဂိုလ်များ စာရင်းတွင် ဘဏ်လုပ်ငန်း၊ ရေနံလုပ်ငန်း၊ မော်တော်ယာဉ်လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်းများဖြင့်
အကြီးအကျယ် စီးပွားဖြစ် အောင်မြင်လျှက်ရှိသည့် အိန္ဒိယဖွား ဟင်ဒူဂျား ညီအစ်ကိုများက ပေါက်စတာလင် (၁၁.၉)ဘီလျံ ပိုင်ဆိုင်မှု ပမာဏဖြင့် ဦးဆောင်နေသည်။ 
 
ယူကရိန်းနိုင်ငံသား အေလီရှာ အူစမာနော့ဗ်မှာမူ ယူကရိန်း နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရှယ်ယာတန်ဖိုး ကျဆင်းမှုများ ဖြစ်ပေါ်ခဲ့သည့်နောက် လန်ဒန်၏ အချမ်းသာဆုံး စာရင်းတွင် ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။ ဗြိတိန်တစ်နိုင်ငံလုံးမှ ဘီလျံနာသူဌေး (၁၀၄)ဦးလုံး၏ စုစုပေါင်း ပိုင်ဆိုင်မှုသည် ပေါင်စတာလင် (၃၀၁.၁၃)
ဘီလျံထိ ရှိနေကြောင်းလည်း သိရသည်။

Planet Myanmar Network


လက်မှတ် တစ်စောင် ၁၅ သိန်းပေးရမည့် ကမ္ဘာ့နာမည်ကြီး ကိုရီးယား အဆိုတော်များပါသည့် ရှိုးပွဲ မြန်မာပြည်တွင် ပြုလုပ်တော့မည်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/05/blog-post_3185.html
 
 
 

လာမည့် ဇူလိုင်လ အတွင်းတွင် မြန်မာ နိုင်ငံ၌ လက်မှတ်ဈေးနှုန်း အမြင့်ဆုံးနှုန်းဖြင့် ရှိုးပွဲတစ်ခု ပြုလုပ်ကျင်းပရန်ရှိပြီး ကမ္ဘာ့ နာမည်ကြီး အဆိုတော်အဖွဲ့  လာရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း ဘိုဘိုမြူးဇစ်အင်တာ တိန်းမန့် မှ ကိုဘိုစန်းက ပြောသည်။

ယင်း ဖျော်ဖြေပွဲကို ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်မှ စီစဉ်ခြင်း ဖြစ်ပြီး ပွဲကျင်းပရန် ပါမစ်များလည်း ရနေပြီဖြစ်ကြောင်း သိရသည်။ ကျွန်တော်တို့က ဒီပွဲကို အစောကြီး ကတည်းက လုပ်ဖို့ စီစဉ်ထားတာပါ။ လော လောဆယ်ဆိုရင် ခုနစ်လပိုင်းလောက်ပေါ့ နော်။ လက်ရှိကမ္ဘာမှာ နာမည် အကြီးဆုံး အဖွဲ့ တစ်ဖွဲ့ ကို ခေါ်ထားပါတယ်။ ကိုရီးယား ကပဲ ဖြစ်မှာပါ။ 
 
ပါမစ် ကျပြီးပေမယ့် အာမခံတွေ စောင့်နေရသေးတယ်။ ပြည်တွင်း အဆိုတော် တွေလည်းပါမယ်။ ဒါကို ကျွန်တော်တို့ က လုပ်ပြချင်စိတ် တစ်ခုတည်းနဲ့ လုပ်မှာပါ။ လက်မှတ်ဈေးနှုန်းကတော့ ဈေးကြီးမယ်။ မထင်မှတ်ထားတဲ့ ဈေးနှုန်း ပေါ့၊ (၁၅) သိန်း လောက် မှန်းထားတယ်။ အခုက ပွဲကုန်ကျ စရိတ်ကိုတော့ တွက်နေတုန်းပဲ။ တစ်ရာမှာ (၉၉) ရာခိုင်နှုန်းက သေချာသွားပြီ။ အာမခံကြေး တွေ။ Sound System တွေက ရှိသေး တယ်။ အားလုံး ညှိပြီးရင် လုပ်မှာပါ ဟု ကိုဘိုစန်း ကပြောသည်။ဘိုဘိုမြူးဇစ် အင်တာတိန်းမန့်သည် ယခင်က လည်း ဂျပန်နိုင်ငံရှိ နာမည်ကြီး အကအဖွဲ့  ဖြင့် ပွဲစီစဉ် ကျင်းပခဲ့ခြင်း များ ရှိကြောင်း သိရသည်။

The Messenger



ကဆုန်လပြည့်နေ့ - Vesākha Day


ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။
စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။


မည်သည့် အရာများကို ရေသွန်းလောင်းသလဲ မေးလာလျှင်၊ ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်း ဖြစ်ပါတယ်ဟု ဖြေရပါလိမ့်မယ်။
ကျွန်တော်တို့ ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ 
 
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့်၊ သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါတယ်။
 
 မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါတယ်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ 
 
ထို့ကြောင့် ဗုဒ္ဓဘာသာဝင် အပေါင်းတို့သည် ထိုဗောဓိပင်မှ ပင်ပွားများကို မိမိတို့ နိုင်ငံ၌ စိုက်ပျိုးကိုးကွယ် လေ့ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း ဗုဒ္ဓသာသနာ ရောက်ချိန်ကပင် စတင်၍ ဗောဓိပင်များကို စိုက်ပျိုးကိုးကွယ်ခဲ့ကြဟန် ရှိပါတယ်။ နွေရာသီ အလယ်ဗဟိုကျတော့ မြန်မာတို့၏ ကဆုန်လကား နေပူပြင်းလှပါတယ်။ “တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုသလို ကဆုန်လတွင် အင်းအိုင်၊ ကန်ချောင်း၊ ရေနုတ်မြောင်းများ ခြောက်ခမ်း၍ ရေပြတ်လေ့ရှိပါတယ်။ ရေပြတ်၍ အပူချိန် ပြင်းခြင်းတို့ကြောင့် အချို့သစ်ပင် ပန်းပင်များမှာ နွမ်းခြောက် ပျက်စီးကြရပါတယ်။ 
 
ထိုအချိန်တွင် ရှေးမြန်မာတို့သည် မိမိတို့ အမြတ်တနိုး ကိုးကွယ်ထားကြသည့် မဟာဗောဓိညောင်ပင်များ ညှိုးနွမ်းပျက်စီးမည်ကို စိုးရိမ်ခဲ့ကြပါတယ်။ ဗောဓိပင်ဆိုသည်မှာလည်း အိန္ဒိယနိုင်ငံ၊ သီဟိုဠ်နိုင်ငံတို့ရှိ မူလဗောဓိပင်တို့မှ ဆင့်ပွားယူရသော အပင်မျိုးဖြစ်၍ ရှားပါးပင်မျိုးဖြစ်ပါတယ်။ 
 
ထို့ကြောင့် ရှေးခေတ် ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ပူပြင်း၍ ရေပြတ်သော ကဆုန်လတွင် ဗောဓိပင်များကို မညှိုးမနွမ်း၊ လန်းဆန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ရေသွန်းလောင်း ပူဇော်ကြခြင်း ဖြစ်ပါတယ်။

ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပေါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါတယ်။

ဖွား၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့ ။ ကဆုန်လပြည့် (၅)နေ့။

(၁) ဗျာဒိတ်ခံယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

စာဖတ်သူများအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနှင့် မိမိတို့ ခန္ဓာဝန်ကို ရွက်ဆောင်နိုင်ကြပါစေ…

https://www.facebook.com/World0fWisdom

......................အောင်ဦး.....................
http://www.dhammaratha.com/
မှ ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
...................................

ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

(၁) အလောင်းတော်သည် နောက်ဆုံးသောဘ၀၌ မိခင်ဝမ်းကြာတိုက်တွင် ပဋိသန္ဓေ နေတော်မူသည်။ (ဒီမှာထူးခြားတာက နတ်ပြည်ကနေ စုတေကြတာပဲ ဖြစ်ပါတယ် ။ အလောင်းတော်တွေဟာ ဗြဟ္မာပြည်ကနေ စုတေပြီး ပဋိသန္ဓေ နေတော်မူတာမျိုးမရှိပါဘူး..တဲ့ ။ ဘာလို့လဲဆိုတော့ ဗြဟ္မာပြည်ကနေ လာရင် ကာမဂုဏ်ကို ရွံမုန်းတဲ့စိတ် အထုံ လူ့ပြည်ကို ပါလာမယ် ။ အိမ်ထောင်ပြုမှာ မဟုတ်ဘူး ။ (တချို. အပျိုကြီး ၊ လူပျိုကြီး တွေလဲ ဗြဟ္မာပြည်က လာလို့ အိမ်ထောင်မပြုတာလို့ ပြောတာပဲ…ဤကားစာကြွင်း)

အလောင်းတော်တွေဟာ ဒီလို စောစောစီးစီး ကတည်းက ကာမဂုဏ်ကို ရွံမုန်းနေရင်လည်း မဇ္စိမပဋိပဋာ လမ်းစဉ်ကို တွေ့ဖို့ခက်မယ် လို့ ဆိုပါသည် ။

(၂) မယ်တော်ဝမ်း၌ ထက်ဝယ်ပလ္ဘင်ဖွဲ့ခွေ၍ အရှေ့သို့ မျက်နှာမူပြီး နေပါသည် ။ (အလောင်းတော်တွေဟာ သာမန်လူ သန္ဓေသားတွေလို အမိဝမ်းမှာ ပြောင်းပြန်မနေပါ။ အတည့်ပဲနေပါသည်။ မယ်တော်ရဲ. ၀မ်းဗိုက်ဟာလည်း ပူထွက်လာခြင်းမရှိပါ ။ မယ်တော်ဟာ ကိုယ့်သားကို ဗိုက်ကနေ ကောင်းကောင်းမြင်နေရပါသည်။ ချင်ခြင်းတပ်ခြင်း ၊ နာကျင်အော့အန်ခြင်း မရှိပါ ။ အလောင်းတော်တွေဟာ မယ်တော်တွေကို ကိုယ်ဝန်ဆောင်ခြင်းဒုက္ခ မပေးကြပါ ။)

(၃) အလောင်းတော်ကို မတ်တတ်ရပ်လျက် ဖွားသည် ။ (ညစ်ပေမှု မရှိပါ ၊ မိခင်လည်း ကျန်းမာစွာ ရှိရပါသည် ၊ နောက် (၇) ရက်မှာတော့ မိခင် ကံတော်ကုန်ရပါသည် ။ သကျသာကီဝင် ဆိုသည်မှာ ပင်ကိုယ်စွမ်းရည်ရှိသူဟု အဓိပ္ပာယ်ရသည့်အတိုင်း မွေးမွေးခြင်း ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပါသည် ။ စောင့်ကြည့်နေကြသော နတ်၊ဗြဟ္မာတွေတောင် မျက်လုံးပြူးကုန်ကြသည်ဟု ဆိုသည်။(ဤကား။ အရှင် ဥာဏိသာရ၏ အဟော)

(၄) တောအရပ်၌သာ ဖွားတော်မူပါတယ်။

(၅) ဖွားပြီးပြီးခြင်း မြောက်အရပ်သို့ ခြေ (၇)လှမ်းကြွကာ…“ဤလောက၌ ငါသာ အမြတ်ဆုံးတည်း ၊ ငါ၏ နောက်ဆုံး ပဋိသန္ဓေ နေရခြင်းတည်း ၊နောက်ထပ် ပဋိသန္ဓေ နေစရာ မလိုတော့ပြီ ”ဟု ကြုံးဝါးတော်မူပါသည်။ (ထိုကာလတွင် အကိုးကွယ်ခံ ဘ၀သို့ ရောက်မှန်းမသိရောက်နေသော ဗြဟ္မာတွေကို အသိပေးကြုံးဝါးခြင်း ဟုဆို၏။ ဂေါတမ ဘုရားလောင်းသည် (၃) ဘ၀၌ ဖွားစမှာပင် စကားပြော၏။
မဟောသဓာ ၊ ဝေဿန္တရာ နှင့် နောင်ဆုံးဘ၀ -(သုခမှတ်စု)


World Of Wisdom


ပြည်တွင်း၌ နိုင်ငံခြားသားများက လိမ်လည်မှုနှင့် ခိုးမှုဖြစ်စဉ်များ ပိုမိုကျူးလွန်လာခြင်းကြောင့် သတိပြုရန် ရဲတပ်ဖွဲ့ပြောကြား


Written by:
ဝင်းမြင့်ကျော်
မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် နိုင်ငံခြားသားများကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စစ်ဆေးနေစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ပြည်တွင်းသို့ဝင်ရောက်လာသည့် နိုင်ငံခြားသားအရေအတွက်မှာ ယခုနှစ်ကာလအတွင်း ပိုမိုဝင်ရောက်လာခြင်းနှင့်အတူ နိုင်ငံခြားသားအချို့ လိမ်လည်မှုနှင့် ခိုးမှုများ ကျူးလွန်လာမှုများကြောင့် မြန်မာနိုင်ငံသားများအနေဖြင့် လောဘမကြီးရန်နှင့် အထင်မကြီးရန် လိုအပ်နေသည်ဟု ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့၏ အဆင့်မြင့်ရဲအရာရှိများက မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
 
ပြည်တွင်း၌ နိုင်ငံခြားသားအချို့အနေဖြင့် လိမ်လည်မှုအများစုမှာ စီးပွားရေးအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ယုံကြည်အောင် ပြောဆိုဆောင်ရွက်ပြီး လိမ်လည်မှု၊ တန်ဖိုးကြီး စိန်ထည်၊ ရွှေထည်နှင့် ကျောက်မျက်ရတနာများကို ခိုးယူမှုများဖြစ်ပွားနေကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က “အခုဖြစ်ပွားနေတဲ့ နိုင်ငံခြားသားတွေက လိမ်လည်တဲ့အခါမှာ အမြတ်အရမ်းလိုချင်တဲ့သူတွေကို မက်လုံးပေးပြီးတော့ လိမ်လည်တာတွေရှိတယ်။ ဆိုင်ပိုင်ရှင်တွေနဲ့ ဈေးရောင်းတဲ့သူတွေကလည်း နိုင်ငံခြားသားတွေက မခိုးလောက်ဖူးဆိုပြီးတော့ အထင်ကြီးနေတာတွေရှိတယ်။ သူတို့ဆိုရင် ပစ္စည်းတွေရောင်းရပြီဆိုပြီးတော့ ထင်ကြတယ်။ အဲဒီအခြေအနေတွေကို အခွင့်ကောင်းယူပြီးတော့ လိမ်လည်သွားတာတွေ၊ ခိုးယူတာတွေ အများအပြားဖြစ်လာတယ်။ အခုနှစ်ပိုင်းမှာ တရုတ်နဲ့ ပါကစ္စတန်နိုင်ငံသားအချို့က လိမ်လည်ခိုးယူမှုဖြစ်စဉ်တွေရှိလာတယ်” ဟု မေ ၁၂ ရက်တွင် သုံးသပ်ပြောကြားခဲ့သည်။
 
နိုင်ငံခြားသားများမှ လိမ်လည်သွားသည့် ဖြစ်စဉ်တစ်ခုမှာ ဧပြီ ၉ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် Junction Square ရှိ Rose Mary စိန်ရွှေရတနာဆိုင်မှ ပါကစ္စတန်နိုင်ငံသားနှစ်ဦးက စိန်ထည်ပစ္စည်းများအား ကြည့်ချင်ယောင်ဆောင်ပြီး ကျပ် ၁၁၈ သိန်းတန်ဖိုးရှိ အသည်းပုံ စိန်လော့ကတ်တစ်ခုနှင့် ငွေကျပ် ၉၆ သိန်းကျော်တန်ဖိုးရှိ မိုးစက်ပုံ စိန်လော့ကတ်တစ်ခုတို့အား ခိုးယူမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
 
“ပြည်တွင်းမှာရှိနေတဲ့ နိုင်ငံခြားသားတွေထဲမှာ ကောင်းတဲ့သူတွေရော မကောင်းတဲ့သူတွေရှိပါတယ်။ မဖြစ်နိုင်တဲ့အလုပ်တစ်ခုကို အမြတ်အစွန်းအများကြီးရမယ်ဆိုပြီးတော့အတွက် လိမ်လည်သွားတာတွေလည်းရှိတယ်။ ဘယ်အလုပ်ကိစ္စမဆို သေသေချာချာ ဆွေးနွေးစုံစမ်းပြီးတော့ လုပ်သင့်ပါတယ်။ နိုင်ငံခြားသားတွေဆိုပြီးတော့ ယုံကြည်မှုကို အလွန်အကဲမပေးသင့်ပါဘူး။ အခုပြစ်မှုကျူးလွန်ပြီးတော့ မမိသေးတဲ့ဖြစ်စဉ်တွေကိုလည်း ဖော်ထုတ်ဖို့အတွက် အင်တာပိုနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်” ဟု အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်အေးက မေ ၁၂ ရက်တွင် ပြောကြားသည်။
 
၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ဒဂုံမြောက်မြို့နယ်နေ ဦး…. (၄၉) နှစ်အား ဂါနာနိုင်ငံသားသုံးဦးက ပူးပေါင်းကာ ဟိုတယ်လုပ်ငန်း အကျိုးတူဆောင်ရွက်လိုကြောင်း ဆက်သွယ်ပြောဆိုပြီး အမေရိကန်ဒေါ်လာ ၄၆၀၀ အား လိမ်လည်မှု၊ ထို့အပြင် လုံခြုံရေးစနစ်အရ ထည့်သွင်းထားသော ဒေါ်လာများအား အများပြည်သူသုံးစွဲနေသည့် အနေအထားရောက်ရှိရန်အတွက် ဓာတုဆေးရည်ဖြင့် ဆေးကြောရမည်ကြောင်း ထပ်မံပြောဆိုပြီး အမေရိကန်ဒေါ်လာ ၅၀၀၀၀ အား ထပ်မံလိမ်လည်ရယူသွားမှု ဖြစ်ပွားခဲ့သည်။
 
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် လည်း ဗိုလ်ချုပ်အောင်ဆန်းဈေးရှိ နေလ၀န်းရတနာပစ္စည်းဆိုင်မှ တရုတ်နိုင်ငံသားနှစ်ဦးက ကျပ်သန်း ၂၀ တန်ဖိုးရှိ စိန်အလွတ်နှစ်ပွင့်အား ခိုးယူခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီးအောင်မြတ်မိုးက ” ပြီးခဲ့တဲ့နှစ်က ပြည်တွင်းကို နိုင်ငံခြားသားဦးရေ နှစ်သန်းကျော်လောက် ၀င်ရောက်ခဲ့တယ်။ ဒီနှစ်မှာ ဦးရေသုံးသန်းလောက် မှန်းထားတယ်။
ရဲတပ်ဖွဲ့တွေအနေနဲ့ နိုင်ငံခြားသားတွေကို ဖော်ရွေ ဖို့၊ ကူညီစောင့်ရှောက်ဖို့မှာထားတယ်။ ဒီလိုတစ်ဆက်တည်းမှာပဲ လေဆိပ်မှာ နိုင်ငံခြားသားတွေခိုးယူလာတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို စစ်ဆေးတွေ့ရှိရတယ်။ ဟိုတယ်အခန်းခတွေကိုလည်း အပြည့်အ၀မရှင်းဘဲနဲ့ ရှောင်ပြေးသွားတာတွေ စတဲ့မှုခင်းဖြစ်စဉ်တွေ တဖြေးဖြေးဖြစ်လာတယ်။ ဒါကြောင့် ပြည်သူတွေအနေနဲ့ သတိထားပြီးတော့ ဆောင်ရွက်မယ်ဆိုရင် နစ်နာမှုမရှိနိုင်ဘူး။ အိမ်ရှင်ဖြစ်တဲ့အတွက် ကူညီရမယ်ဆိုပေမဲ့လည်း ဧည့်သည်တွေက အိမ်ရှင်တွေကို မစော်ကားသင့်ပါဘူး” ဟု ပြောကြားခဲ့သည်။
 
ယင်းကဲ့သို့ နိုင်ငံခြားသားနှင့် ဆက်စပ်မှုခင်းများ ဖြစ်ပွားလာမှုကြောင့် ပညာပေးဆွေးနွေးဟောပြောမှုများ ပြုလုပ်ရာတွင် ထည့်သွင်းဟောပြောမှုများ ပြုလုပ်လာရကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောကြားခဲ့သည်။
 
“ကျွန်တော့်ပြည်နယ်မှာတော့ လုပ်ငန်းရှင်တွေအနေနဲ့ ထွက်ရှိတဲ့ငါးတွေကို ပြည်တွင်းမှာပဲ ရတဲ့ဈေးနှုန်းနဲ့ ညှိနှိုင်းပြီးတော့ ရောင်းချဖို့ပြောထားတယ်။ ဆက်စပ်တဲ့နိုင်ငံတွေကို တင်ပို့ရောင်းချမယ်ဆိုရင်တော့ တရားဝင်စာချုပ်စာတမ်းတွေပြုလုပ်ဖို့ ပြောထားပါတယ်။ နိုင်ငံခြားသားအချို့က တရားဝင်ကိုယ်စားလှယ်ဆိုပြီး စာရွက်စာတမ်းအတုပြုလုပ်ကာ လိမ်လည်မှုတွေရှိလာတယ်” ဟု ရဲမှူးကြီး ကြည်လင်းက ဆက်လက်ပြောကြားခဲ့သည်။
 
မှုခင်းဖြစ်စဉ်များအား ဖော်ထုတ်ရာတွင် အထောက်အကူဖြစ်စေရန် အများနှင့်ဆိုင်သောနေရာများတွင် စီစီတီဗွီများတပ်ဆင်ရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရုံးမှ သိရသည်။

News Eleven