လောကကြီးမှာ လူသန်းပေါင်း ၆၀၀၀ ကျော်ရှိတဲ့ လူတွေအထဲမှာ အဒိန္နာဒါန သူများမပေးတဲ့ပစ္စည်းကို
မယူတဲ့သူက များတယ်လို့ ထင်ကောင်းထင်ကြမယ်။ အရပ်ထဲမှာ သူခိုးကနည်းတယ်။
လူကောင်းတွေကများတယ်လို့ ဒီလိုပြောကြတယ်နော်။ ဟိုအိမ်တက်ခိုး၊ ဒီအိမ်တက်ခိုးတဲ့ သူခိုးကတော့နည်းတယ်။သို့သော် ဒိပြင်နည်းနဲ့ ခိုးနေကြတာက တော်တော်များတယ်။
ဥပမာ ငရုပ်သီးမှုန့်ထဲကို ဒိပြင်ဟာတွေ ရောထည့်ပြီးရောင်းတယ်။နာမည်တပ်လိုက်တာက ငရုပ်သီးမှုန့်။
ဒိပြင်ဟာတွေထည့်ရောင်းတာဆို
အဒိန္နာဒါန ထဲပါတယ်နော်။သတိထားကြရမှာနော်။
တံဆိပ်ကပ်ထားတာက တစ်မျိုး၊ရောင်းနေတဲ့ ပစ္စည်းက တစ်မျိုးဆိုရင် ဒါလဲ ခိုးခြင်း ၂၅ ပါးထဲပါတာပဲ။
ကောင်းတဲ့ပစ္စည်းနဲ့ မကောင်းတဲ့ပစ္စည်းရောတယ်။အဲဒါကျတော့ လူတွေက “သူခိုး” လို့ မထင်ကြဘူး။
ဘယ်သူမလည်း သူခိုးလို့ မသတ်မှတ်ကြဘူးလေ။ တကယ်ကတော့ “ခိုးခြင်း ၂၅ ပါး”က လွတ်တဲ့ပုဂ္ဂိုလ်က
အင်မတန်နည်းသွားပြန်ရော။ အဲ ခုနက သူခိုးဆိုတဲ့ ပုဂ္ဂိုလ်ကတော့ ရှားကောင်းရှားမယ်။
“မဟုတ်တဲ့နည်းနဲ့ သူများရဲ့ပစ္စည်းကို ရအောင်ယူတယ်”ဆိုတဲ့ အရာအားလုံးဟာ “အဒိန္နဒါနာ” ပဲ။
ဒါကြောင့်မို့ အဒိန္နဒါနရဲ့ အဓိပ္ပါယ်ကိုက “အဒိန္န+အာဒါန” အဒိန္န=သူတစ်ပါးက ကြည်ကြည်ဖြူဖြူပေးတာမဟုတ်တဲ
ကြည်ကြည်ဖြူဖြူပေးတဲ့ ပစ္စည်းမဟုတ်တာကို ၊ရယူတာမှန်သမျှ “အဒိန္နာဒါန”လို့ မှတ်ရမယ်။
စင်စင်ကြယ်ကြယ် အသက်မွေးတယ်၊ရိုးသားတယ်၊ ဖြောင့်မတ်တယ်၊ အမှန်တိုင်းလုပ်တယ်ဆိုတဲ့
အဒိန္နာဒါန ကရှောင်လိုက်ပြီဆိုရင် ကျန်တဲ့တစ်ဖက်သား အန္တရာယ်တွေကင်းသွားတာပေါ့။
မိမိတည်းဟူသော အကြောင်းကြောင့် ဒုက္ခရောက်တာ မရှိတော့ဘူး။
ဥပမာမယ် ဆီထဲကိုမသန့်တာတွေရောထဲ့လို
ဆေးတုတွေရောင်းတာ သောက်မိလို့ ဒုက္ခမရောက်တာတွေ မရှိတော့ဘူး။ကနေ့ခေတ်မှာဆိုရင် အင်မတန်မှ ဒီအတုတွေ အန္တရာယ်က များလာတယ်ပေါ့။ ပစ္စည်းမျိုးစုံကို အတုတွေလုပ်ပြီးရောင်းလာကြတေ
ငါပေးနေတယ်လို့ စိတ်ထဲမှာဒီလိုအောက်မေ့ပြီ
“အဒိန္နာဒါနအမှု” ကို ရှောင်ကြဉ်ရမယ်ပေါ့။
-【ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ၏
“မဟာဒါန” စာမျက်နှာနှာ ၂၅ -၂၈ မှ - 】
--------*------------*----
“အဒိန္နာဒါနာ ၂၅ ပါး”
•••••••••••••••••••••••••
(၁။) နာနာဘဏ္ဍ ပဉ္စက ၅ ပါး
--------------------------
၁။ အာဒိယေယျ - တရားဆင်၍ခိုးခြင်း။
၂။ ဟရေယျ - မိမိယူဆောင်သွားသော သူတစ်ပါးဥစ္စာ ပစ္စည်းကို ခိုးခြင်း။
၃။အဝဟရေယျ - မိမိထံ အပ်နှံထားသော ဥစ္စာကိုခိုးယူခြင်း။
၎။ ဣရိယာပထဝိကောပေယျ - ဥစ္စာယူဆောင်သူ၏ဣရိယာပုတ်ကို
၅။ ဌာနာစာဝေယျ - နေရာမှ ရွှေ့စေ၍ ခိုးခြင်း။
(၂)။ ဧကဘဏ္ဍ ပဉ္စက ၅ ပါး
--------------------------
ထိုငါးပါးသည် ရှေ့၌ ဖော်ပြခဲ့ပြီးသော နာနာဘဏ္ဍပဉ္စက ငါးပါးနှင့် အတူတူပင်ဖြစ်သည်။
သို့သော် ဤငါးပါး၌ “သက်ရှိငါးပါး”ကိုသာ ဆို၏။
(၃)။ သာဟတ္တိက ပဉ္စက ၅ ပါး
--------------------------
၁။ သာဟတ္တိက - ကိုယ်တိုင်ခိုးခြင်း။
၂။ အာဏတ္တိက-တပါးသူကို စေခိုင်း၍ ခိုးခြင်း။
၃။ နိဿဂ္ဂိယ - ကင်းချထားရာ အရပ်တွင်းရှိ ဥစ္စာကို အပြင်သို့ ပြစ်လွှင့်၍ လိုးခြင်း။
၎။ အတ္ထသာဓက - မခိုးမီကပင် ကံထိုက်သော အကျိုးကို ဖြစ်စေ၍ နောက်မှယူမည်ဟူ၍ ခိုးခြင်း။
၅။ ဓုရနိက္ခေပ - သူအပ်ထားသော ဥစ္စာကို ပြန်မပေးသဖြင့် ခိုးခြင်း။
(၄)။ ပုဗ္ဗပယောဂ ပဉ္စက ၅ ပါး
--------------------------
၁။ ပုဗ္ဗပယောဂ - မခိုးမီ ရှေ့အဖို့၌ ဖြစ်သော ပယောဂဖြင့် ခိုးခြင်း။
၂။ သဟပယောဂ - ခိုးခြင်းနှင့်တကွဖြစ်သော တူသောခိုးခြင်း။
၃။ သံဝိဓာဝဟာရ - လူများစွာ တုင်ပင်၍ ခိုးခြင်း
၎။ သင်္ကေတကမ္မ - အမှတ်ပြု၍ ခိုးခြင်း။
၅။ နိမိတ္တကမ - မျက်စိမှိတ်ခြင်း ၊ လည်ညိမ့်ခြင်း စသော နိမိတ်ပြု၍ ခိုးခြင်း။
(၅) ။ ထေယျာဝဟာရ ပဉ္စက ၅ ပါး
--------------------------
၁။ ထေယျာဝဟာရ - တင်း စဉ်းလဲ၊ အသပြာ စဉ်းလဲ၊ အလေး စဉ်းလဲ၍ ခိုးခြင်း။
၂။ ပသယှာဝဟာရ - အနိုင် အထက် လုယက် တိုက်ခိုက်၍ခိုးခြင်း။
၃။ ပရိကပ္ပါဝဟာရ - ဥစ္စကို၎င်း၊ အရပ်ကို၎င်း ကြံဆ၍ ခိုးခြင်း။
၎။ ပဋိစ္ဆန္နာဝဟာရ - မြေမှုန့်၊ မြက် သစ်ရွက် စသည်တို့ ဖြင့် ဖုံးလွှမ်း၍ ခိုးခြင်း။
၅။ ကုသာဝဟာရ - ကမ္ဗည်းစာရင်း လိမ်လည်ပြောင်းလဲ၍ ခိုးခြင်း
(အထွေထွေ ဗဟုသုတကျမ်းစာအုပ်မှ -ကူးယူဖော်ပြပါသည်။လွဲမှားတာ
(စာရိုက်ပူဇော်သူ - မြတ်ဗုဒ္ဓ၏သာဝက)
Dhamma Dãna Source ► မြတ်ဗုဒ္ဓ၏သာဝက &
www.facebook.com/
0 comments:
Post a Comment