19 May 2014

ကင်ဆာသုတေသနပြုလုပ်သူ အသက် ၁၅ နှစ်သား ကမ္ဘာ့အမြင့်မားဆုံး သိပ္ပံဆုရရှိ


လော့စ်အိန်ဂျလိစ်၊ မေ ၁၇

Intel ကုမ္ပဏီကကြီးမှူးကျင်းပသည့် နိုင်ငံတကာသိပ္ပံနှင့် အင်ဂျင်နီယာပွဲ (ISEF) တွင် လူငယ်မျိုးဆက်သစ် တီထွင်ပညာရှင်များကို ဆုချီးမြှင့်ရာ၌ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်၊ ဘော့စ်တွန် လက်တင် အထက်တန်း ကျောင်းမှ နာသန်ဟန်းက အမြင့်ဆုံးဆု (ဒေါ်လာ ၇၅,ဝဝဝ) ကိုရရှိသွားကြောင်း Student Science သတင်းတွင် ဖော်ပြထားသည်။

ပုံတွင်တွေ့ရသည့်အတိုင်း ယခုနှစ်အတွက် အမြင့်မားဆုံး သိပ္ပံနှင့် တီထွင်ဆုရှင်များမှာ ဝဲဘက်အစွန်မှ ရှန်နွန်လီသည် စင်ကာပူနိုင်ငံမှဖြစ်ပြီး အသက် ၁၇ နှစ်၊ အလယ်မှ လန်းနတ် ကလင်းဝေါ့သည် ဂျာမနီနိုင်ငံမှဖြစ်ပြီး အသက် ၁၅ နှစ်နှင့် ယာစွန်မှ နာသန်သည် အမေရိကန်ပြည်ထောင်စုမှဖြစ်ပြီး အသက် ၁၅ နှစ်တို့ဖြစ်ကြကြောင်း ISEF ကသတင်းထုတ်ပြန် ထားသည်။

နာသန်သည် ကင်ဆာရောဂါနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှုအတွက် အဖွဲ့က အမြင့်ဆုံးဆု အဖြစ် သတ်မှတ်ကာ ရွေးချယ်ပေးခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုနှစ်အတွက် နိုင်ငံပေါင်း ၇ဝ မှ လူငယ်ပညာရှင် ၁,၇၈၇ ဦး၏ တီထွင်မှုများကို ISEF အဖွဲ့က ရွေးချယ်ပြီးဆန်ခါတင် စစ်ဆေးကာ နောက်ဆုံးအဆင့်သို့တက်နိုင်သူတိုင်းအတွက် ဆုချီးမြှင့် ရန် ဒေါ်လာ ၅ သန်း အထိ သုံးစွဲခဲ့ကြောင်း ယင်းသတင်းကဆိုသည်။

ယခုနှစ်အတွက် ဒုတိယဆုရရှိသူ ရှန်နွန်လီနှင့် လင်းနတ်တို့သည် ဒေါ်လာ ၅ဝ,ဝဝဝ စီအသီးသီးရရှိ သွားကြပြီး၊ အိန္ဒိယနိုင်ငံမှ ဆန်ခါတင်စာရင်းဝင်သူကျောင်းသား ရှစ်ဦးရှိကြောင်း Tech First Post သတင်းတွင် ရေးသားထားသည်။

မောက္ခပညာရေး magazine


0 comments:

Post a Comment