10 Jul 2014

ကန့်ဘလူမြို့နယ်မှာ လုယက်/လူသတ်မှုဖြစ်


 
၇.၇.၂၀၁၄ နေ့  ၁၅း၀၀ အချိန်ခန့်တွင် ကန့်ဘလူမြို့နယ် ကာဘိုး-ဇီးကုန်းသွား  ကားလမ်းပေါ်ရှိ စကာချောင်း(တ၀က်ချောင်း) တံတား အနောက်ဘက်ပေ (၁၀၀)ခန့်အကွာတွင် အမည်မသိ အသက်(၃၀)နှစ်ခန့်ရှိ အမျိုးသားတစ်ဦး ဒါဏ်ရာများနှင့် လဲနေကြောင်း ကာဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်သိန်းမှ သတင်းပို့၍ တာဝန်မှူး ဒုရဲအုပ်ကီးနိမ်ကီးနှင့်အဖွဲ့ သွားရောက်စစ်ဆေးပြီး ဆေးရုံသို့ပို့အပ်စဉ် ဇီကုန်းဆေးရုံ အရောက် ၁၅း၃၀အချိန်တွင် သေဆုံးသွားခဲ့ပါသည်။


အဆိုပါအမည်မသိ အမျိုးသားတစ်ဦး ဒါဏ်ရာရသေဆုံးမှု အတွက် ကာဘိုးကျေးရွာအုပ်ချုပ်ရေးမှူးမှ တရားလို တိုင်တန်းခဲ့ရာ ဇီးကုန်းနယ်မြေရဲစခန်း (ပ)၁၁၂/၁၄ ပြစ်မှုပုဒ်မ ၃၀၂ဖြင့် အဖှုဖွင့် အရေးယူခဲ့ပါသည်။


ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအုံးလှိုင် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှထွန်းတို့၏ အနီးကပ်ကြီးကြပ်ကွပ်ကဲ ဆောင်ရွက်မှုကြောင့် သေဆုံးသူမှာ ဇော်နိုင်ထွန်း (၂၅)နှစ်ခန့် (ဘ) ဦးလှထွန်း ဆိုင်ကယ်ကယ်ရီမောင်း၊ အောင်ချမ်းသာရပ်၊ ရေဦးမြို့နယ်ဖြစ်ပြီး ၄င်းအား ဆိုင်ကယ်ကယ်ရီငှားပြီး ရိုက်နှက်ကာ ဆိုင်ကယ်လုယူသွားသူမှာ ဖိုးထိုက် (၂၅)နှစ်၊ (ဘ)ဦးဖိုးသီး၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်နှင့် ဖိုးချွန်း(ခ)ဖြိုးကိုကို (၂၃)နှစ် (ဘ)ဦးစိန်မောင်သန်း ၊ ကျဘမ်း၊ ကာဘိုးကျေးရွာ၊ ကန့်ဘလူမြို့နယ်တို့ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့ ပါသည်။


တရားခံ ဖိုးချွန်း(ခ)ဖြိုးကိုကိုအား ပြစ်မှုကျွန်းလွန်ပြီးနောက် (၁၁)နာရီအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် ကျန်တရားခံ ဖိုးထိုက်အား ဖမ်းဆီးရမိရေး ပိတ်ဆို့စုံစမ်း ထောက်လှမ်းရှာဖွေလျှက်ရှိပါကြောင်းနှင့် လုယက်ခံရသော ဆိုင်ကယ်မှာလည်း သိမ်းဆည်းရရှိပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။

 ကိုသူလေး

BY THIT HTOO LWIN

0 comments:

Post a Comment