21 Aug 2014

မလေးရှားကို အနိုင်ယူပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်နှင့် မြန်မာအသင်း ဗိုလ်လုပွဲတက်

 
 
ယနေ့ မြန်မာစံတော်ချိန် နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် ဘရူနိုင်းနိုင်ငံ၌ ယှဉ်ပြိုင်ကစားခဲ့သော မြန်မာ ယူ ၁၉ အသင်းနှင့် မလေးရှား ယူ ၂၁ အသင်းတို့၏ ဘရူနိုင်း ဘုရင့်ဖလား အကြိုဗိုလ်လုပွဲစဉ်တွင် မြန်မာအသင်းက ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ယူ ပြီး ဗိုလ်လုပွဲသို့ ထိုက်ထိုက်တန်တန်
တက်ရောက်သွားသည်။


မြန်မာအသင်းသည် မလေးရှား အသင်းအပေါ် ကစားကွက်အသာ ခြေအသာ ဖြင့် ကစားနိုင်ခဲ့ပြီး
ပထမပိုင်းတွင် သွင်းယူသော သွင်းဂိုး ၃ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည်
အုပ်စုပွဲ ၄ ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာတွင်လည်း ပြိုင်ဘက်အသင်းတိုင်းကို ၃ ဂိုးသွင်းပြီး အနိုင်ယူခဲ့သည်။
ယနေ့ အကြိုဗိုလ်လုပွဲတွင်လည်း မလေးရှားကို ၃ ဂိုးပြတ်အနိုင်ရရှိပြီး ပွဲတိုင်း ၃ ဂိုးသွင်းသည့် စံချိန်ကို
ဆက်ထိန်းနိုင်ခဲ့သည်။ မြန်မာအသင်းသည် ဗိုလ်လုပွဲအဖြစ်ထိုင်းနှင့် ဗီယက်နမ်အသင်းတို့မှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။ 
 
 
အဆိုပါဗိုလ်လုပွဲကို  (၂၃-၈-၂၀၁၄) ရက်နေ့ ဒေသစံတော်ချိန် ည (၈း၃၀) မြန်မာစံတော်ချိန် ည (၇) နာရီတွင် ဆက်လက်ယှဉ်ပြိုင် ကစားရမည် ဖြစ်ပြီး၊ ယင်းပွဲစဉ်ကိုလည်း MRTV မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်
ဖြစ်ကြောင်း သိရှိရသည်...


NayMin

0 comments:

Post a Comment