19 Nov 2014

3ီဇင်ဘာ 31 ရက်နေ့ နောက်ဆုံး တရားမဝင်များထွက်ခွာရန်ကြော်ငြာ (မလေးရှား သတင်း (အထူး) 19.11.2014)





မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနနှင့် လဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့မှ လက်ရှိအသစ် စတင်အမှုထမ်းသော ညွန်ကြားရေးမှုးများမှ မနေ့က သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံတွင်းရှိနေသာတရားမဝင်နေထိုင်သူများ ၊ Overstay နေထိုင်သူများသည် မလေးရှားနိုင်ငံ၏ ပစ်မှုမှုခင်းများအတွက် ကိုင်တွယ်ရန်ခက်ခဲသကဲ့သို့ နိုင်ငံ၏ တရားစီရင်ရေးစရိတ်စကအတွက် များစွာကုန်ကျနေသည့်အတွက် အဆိုပါညွန်ကြားရေးမှုးချုပ်လက်ထက်တွင် အထူးကိုင်တွယ် ရှင်းလင်းသွားမည်ဖြစ်ကြောင်းကို မနေ့က နှင့် ယနေ့ထုတ်သတင်းစာများတွင် တရားဝင်ဖော်ပြသွားခဲ့သည်။


အဆိုပါ director-general Datuk Mustafa Ibrahim မှ ပြီးခဲ့သည့် အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲတွင် လာမည့် ဒီဇင်ဘာ 31 ရက်နေ့နောက်ဆုံးထားကာ တိုင်းပြည်မှ ရှင်းလင်းမှုပြုလုပ်သွားမည်ဖြစ်ကြောင်း ။ အလုပ်ရှင်များ အနေဖြင့် တရားမဝင် နေထိုင်သူ အလုပ်သမားများ ဌားရမ်းထားမည်ဆိုပါက သက်ဆိုင်ရာ ဌာနများသို့သတင်းပို့ကာ အပ်နှံရမည်ဖြစ်ကြောင်း တရားမဝင် အလုပ်သမားများ နှင့် တရားမဝင်နေထိုင်သူများသည် ယနေ့ မလေးရှားနိုင်ငံအတွက် အထူး ပြဿနာ တစ်ခုဖြစ်လာနေကြောင်း တို့ကို ယနေ့ထုတ် Thestar သတင်းဌာနတွင် ထပ်မံဖော်ပြထားသည်။


ထို့အတူ မလေးရှားနိုင်ငံတွင်းသို့ တရားမဝင် လူတင်သွင်းနေသော အေးဂျင်းများ ၊ ကြားလူများ အား အထူးစီမံချက်ဖြင့် ဖော်ထုတ်အရေးယူနေကြောင်း ကိုလည်း ညွန်ကြားရေးမှုးချုပ်မှ ပြောကြားသွားခဲ့သည် ။
ဆက်လက်ပြီး တနင်္လာနေ့ တွင် ပြုလုပ်သော ဖမ်းဆီးမှုတွင် တရားမဝင်နေထိုင်သူများရှိသည်ဟု ယူဆရာ နေရာများသို့ ဝင်ရောက်စစ်ဆေးမှုစတင်ခဲ့ကာ နိုင်ငံခြားသား 178 ဦးအား ၂ နာရီအတွင်း စစ်ဆေးနိုင်ခဲ့ကြောင်း ။


ပြီးခဲ့သည့် အင်္ဂါနေ့က Sentul Raya တွင်ပြုလုပ်သော ဖမ်းဆီးမှုတွင် အင်ဒိုနီးရှားနိုင်ငံသား 35 ဦး ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား 16 ဦး ၊ မြန်မာနိုင်ငံသား 1 ဦးနှင့် အန္ဒိယနိုင်ငံသားတစ်ဦး စုစုပေါင်း 53 ဦးအား တရားမဝင်နေထိုင်မှု ဥပဒေ Section 15(1)(c) of the Immigration Act 1959/63 အရ အရေးယူပစ်ဒဏ်ပေးပြီးဖြစ်ကြောင်း ။


ဆက်လက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး Datuk Seri Dr Wan Junaidi Tuanku Jaafar မှ သံသယရှိသူ တရားခံများအပါအဝင် 2014 ဇန်နဝါရီလမှ ယနေ့ထိ တရားမဝင် နိုင်ငံသား 14 ရာခိုင်နှုန်း အထိ ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း ။


ယနေ့အထိ ပစ်မှုဆိုင်ရာ သံသယရှိသူတရားခံများကို ဖမ်းဆီးနေပြီး အဆိုပါဖမ်းဆီးမှုအတွက် ကုန်ကျငွေ မလေးရှားရင်းဂစ် 22.875 မီလီယံအထိ အသုံးပြုထားခဲ့ရကြောင်း ကိုယနေ့ထုတ်သတင်းစာများတွင် ကြော်ငြာသွားခဲ့သည်။
မြန်မာနိုင်ငံသားများအတွက်မူ ယနေ့အထိ မြန်မာနိုင်ငံသာမျးားအတွက် အထူးအစီအစဉ်အဖြစ် ပြုလုပ်နေသော osc သည် ယနေ့အထိ ရှိနေပြီး တဖန် တ၇ားမဝင်ဖြစ်နေသူများအတွက် 

Amnesty ဖြင့် မြန်မာနိုင်ငံသို့ လေယာဉ်ဖြင့်တရားဝင် ပြန်နိုင်ရန် ဆောင်ရွက်ပေးနေကြောင်းလည်း
 မြန်မာနိုင်ငံသားများသိရှိရန်လိုအပ်သည် ။


မိမိအစီအစဉ်ဖြင့် မိမိပြန်မည်ဆိုပါကလည်း ပထမဦးစွာ မြန်မာသံရုံးတွင် CI လျှောက်ထားကာ လဝက တွင် Special Pass အတွက်ကုန်ကျငွေ မလေးရင်းဂစ် 100 - Compound ကြေး 400 ရင်းဂစ် ကို ဆောင်ကာ ပြန်နိုင်ပြီဖြစ်သည် ။


ထိုသို့ပြန်လိုသူများအနေဖြင့် မိမိတို့ သက်ဆိုင်ရာ နေရပ်မှ မှတ်ပုံတင် ၊ သန်းခေါင်စာရင်း ၊ မိမိတို့လက်ဝယ်ရှိ ပတ်စပို့ စာအုပ်တို့ဖြင့် မြန်မာသံရုံးတွင် CI လျှောက်ရမည်ဖြစ်သည် ။
CI ရရှိပါက လေယာဉ်လက်မှတ်တစ်ကြောင်းစာ ဝယ်ကာ လဝကသို့ သွား၍ တုံကင်ယူရမည်ဖြစ်သည် ။
ထိုသို့လဝကတွင် သတ်မှတ်ရက်ရပါက ဒဏ်ငွေ 400 + Special Pass 100 ဆောင်ကာ ၅ ရက်အတွက် မြန်မာပြည်သို့ ပြန်ထွက်ရမည်ဖြစ်သည် ။
ဆက်လက်သတင်းများရှိပါကလည်း မလေးရှားရောက်မြန်မာနိုင်ငံသားများ သိရှိစေရန် ဖော်ပြပေးသွားပါမည်။


မလေးရှားရောက်ုမြန်မာများ Facebook Official Page

www,facebook.com/mmrinmy


Ref : Thestar , Bernama , Metro.

Photo : Thestaronline

0 comments:

Post a Comment