Byမောင်သာချို On Friday, December 19, 2014
(တစ်)
အိမ်နားနီးချင်း ထိုင်းနိုင်ငံရောက် မြန်မာတွေက မေးဖူးပါတယ်။ ထိုင်းနဲ့
မြန်မာဘယ်လိုခွဲမလဲတဲ့။ ဟုတ်ပါ့။ ဘယ်လိုလုပ်ပြီး ခွဲတတ်ပါလိမ့်မလဲ။
ဆံပင်အတူတူ၊ အရပ်အတူတူ၊ မျက်နှာပေါက်အတူတူ၊ အသားအရောင်အတူတူ၊ ပါးစပ်က
ထွက်လာတဲ့ စကားသံကို မကြားဘဲနဲ့တော့ ဘယ်လိုမှ ခွဲခြားလို့မတတ်ပေါင်ဗျာ။
ကွယ်လွန်သူသံအမတ်ကြီး ဦးသက်ထွန်းကတောင် သူ့စာတစ်ပုဒ်မှာ ‘‘သိပ်မတူသော
အမြွှာညီနောင်’’လို ခေါင်းစဉ်တပ်ပြီး ထိုင်းနဲ့ မြန်မာတို့
ဆင်ဆင်တူပုံတွေကို ရေးခဲ့ဖူးသေးတာပဲဥစ္စာ။
ဟုတ်ပါတယ်။ ကွဲပြားခြား
နားမှုရဲ့ သော့ချက်ကို မသိသူတွေ အဖို့ ထိုင်းနဲ့ မြန်မာခွဲရတာ နည်း
နည်းကလေးခက်ပါတယ်။ ဒါပေမဲ့ခွဲနည်းကို သူတို့က ပြောပြတော့ လည်း
အရှင်းသားပါကလား။
ထိုင်းရဲတွေက မြန်မာကို ဖမ်းတဲ့အခါ
နှစ်ချက်ကြည့်လေ့ရှိပါ တယ်တဲ့။ ပထမတစ်ချက်က ပါး စပ်ကိုကြည့်တာပါ။ မသေချာရင်
ပါးစပ်ကို ဟပြခိုင်းတတ်ပါတယ်။ ကွမ်းစားထားသလား၊ မစားဘူး လား။
ကွမ်းစားထားရင် မြန်မာ၊ မစားရင် ထိုင်း။ လွဲခဲပါတယ်။ တောနေ
တောထိုင်သက်ကြီးရွယ် အို နည်းနည်းပါးပါးကလွဲလို့ သည်နေ့
မျိုးဆက်သစ်ထိုင်းတွေဟာ ဘယ်သူမှ ကွမ်းမစားကြတော့ပါ ဘူး။ ဒါကြောင့်
ပါးစပ်မှာ ကွမ်းစား ထားတဲ့ အရိပ်အယောင်ကလေး တွေ့လိုက်ရပြီဆိုတာနဲ့ အဲသည့်
လူကို ဖမ်းပြီး လိုချင်တာကို ညှစ် လို့ရပါပြီ။ ဧကန်မုချ အဲဒါ မြန်မာ
နိုင်ငံသားပါပဲ။ ကျွန်တော်တို့ နိုင်ငံမှာ ကားလမ်း၊ ရထားလမ်း၊ ဘူတာရုံ၊
လူသွားစင်္ကြံ၊ ဆေးရုံ၊ ကျောင်း၊ရုံး၊ လှေကားအတက်အဆင်းနေ ရာတိုင်းမှာ
ကွမ်းတံတွေးတွေနဲ့ ပေ လူးနေတာကို အားလုံးအသိပဲမို့
ထိုင်းရောက်မြန်မာအမျိုးကောင်း သားတို့က အဲဒါကို ဆက်ပြီးကျင့် သုံးကြတဲ့အခါ ထိုင်းရဲက ဖမ်းဖို့ လွယ်ကူသွားတာပါ။
(နှစ်)
ကျွန်တော်က ဒါဆိုရင် ကွမ်း မစားကြတော့ဘူးဆိုရင်ဖြင့် ခွဲရ
ခက်သွားမှာပေါ့လို့ အထွန့်တက် မိခဲ့ပါသေးတယ်။ မိတ်ဆွေက ရယ်ပါတယ်။ မခက်ဘူး
ဆရာရဲ့ တဲ့။ တခြားနည်းလမ်းတွေရှိသေး တယ်တဲ့။ ဆိုစမ်းပါဦးလို့ စကား
ကလေးထောက်ပေးတော့ ရယ် သွမ်းသွေးရင်းကနေ မလှမ်းမ ကမ်းက ပလက်ဖောင်းပေါ်မှာ
လျှောက်သွားနေတဲ့ လူတစ် ယောက်ကို လက်ညှိုးညွှန်ပြပါ တယ်။ အဲဒါ
မြန်မာဗျတဲ့။ ကျွန် တော်က ခင်ဗျား ဘယ်လိုခွဲခြားသ တုံးဗျာလို့ မေးမိတော့
သူက ဟိုမှာလမ်းသွားရင်းနဲ့ ဖုန်းကို ပွတ်သွား နေတာ မတွေ့ဘူးလားတဲ့။ ဟုတ်
တယ်ဗျ။ လမ်းတစ်လျှောက်လုံး မှာကို လက်ထဲက ဖုန်းကို တရစပ်ပွတ်ပြီး
လျှောက်သွားနေတာ။ သူ ပြောမှပဲ သတိထားမိတော့တယ်။ ထိုင်းနိုင်ငံသားအားလုံးလိုလိုဟာ
အကြောင်းမဲ့သက်သက် ဖုန်းကို ပွတ်နေတယ်ဆိုတာ အလွန်တွေ့ ရခဲတာကလား။
အမျိုးကောင်း သား မြန်မာတို့သာ ဘူတာရုံမှာ ပွတ်၊ ကားမှတ်တိုင်မှာပွတ်၊ ရ
ထားပေါ်၊ ကားပေါ်ပွတ်၊ ရုံးခန်းစားပွဲမှာပွတ်၊ ခြင်ထောင်ထဲမှာပွတ်၊
လှေကားထစ်ထောင့်ချိုးမှာပွတ်၊
လမ်းဘေးအုတ်ခုံမှာပွတ်၊ ထိုင်ပွတ်၊ ထပွတ်၊ လျောင်းပွတ်၊အိပ်ပွတ်။
ထိုင်းရဲက အရည်မရ အဖတ်မရ ဖုန်းပွတ်နေတာကို မြင်လိုက်တာနဲ့
ဒါမြန်မာနိုင်ငံသားဆိုတာ ကိုးဆယ့်ကိုးဒသမကိုးကိုး သေချာတယ်ဆိုပြီး
ဖမ်းတာပါ။ လွဲခဲတယ် ခင်ဗျ။
(သုံး)
မြန်မာနိုင်ငံသားဖြစ်မှန်း တန်းသိနိုင်တဲ့ အချက်တွေဟာ တော်တော်ပဲများပါတယ်။
ထိုင်း ရောက် မြန်မာတွေဟာ ထိုင်းနဲ့ ဆင်တူကြတာကြောင့် ထိုင်းလား၊
မြန်မာလားဆိုတာကို အထက်မှာ ပြောပြခဲ့တဲ့ နည်းလမ်းမျိုးတွေနဲ့ ခွဲရသလို
ဥရောပကမ္ဘာလို ၊အနောက်ကမ္ဘာလို နိုင်ငံကလူတွေကျတော့ လည်း ဒါဟာ မြန်မာလား၊
ထိုင်း လား၊ ဗီယက်နမ်လား၊ ကမ္ဘော ဒီးယားလားခွဲခြားရခက်တတ်ပါ တယ်။
ရင်းနှီးသူ၊ လူဖြူမိတ်ဆွေ တချို့က မြန်မာဖြစ်မှန်းတန်းသိ တဲ့အချက်တချို့ကို
အသိတရား လက်ဆောင်ဝေမျှပါတယ်။
လေဆိပ်ထဲမှာ Check In ၀င်တဲ့အခါ၊
လေဆိပ်ကောင်တာမှာ Boarding Pass ယူတဲ့အခါ၊ လေယာဉ်ပေါ်သို့တက်၊ လေယာဉ်ပေါ် က
ဆင်းတဲ့အခါ တန်းမစီဘဲနဲ့ ဟိုလိုလို သည်လိုလိုလုပ်ပြီး ၀င်လာ သူကို
တွေ့တဲ့အခါ အဲဒါမြန်မာပါ တဲ့။
အမှိုက်ကို ရထားပေါ်က၊ ကားပေါ်က၊ လမ်းလျှောက်သွား နေရင်းက၊ တိုက်ခန်းပေါ်က ပစ် ချသူကိုတွေ့တဲ့အခါ အဲဒါမြန်မာ ပါတဲ့။
ကလေးငယ်ကလေးတစ် ယောက်၊ သက်ကြီးရွယ်အိုတစ် ဦး၊ မသန်စွမ်းသူ
တစ်ပုဂ္ဂိုလ်ကို တွေ့နေပါလျက်နဲ့ ထိုင်ခုံက မထ ပေးဘဲ နေမြဲနေနေတာ အဲဒါမြန်
မာပါတဲ့။
မျဉ်းကျားကနေ လမ်းကူးဖို့ စောင့်နေတဲ့ လူကိုရပ်မပေး၊ ကူး နေတဲ့သူကို တွေ့တော့လည်း နင် ပဲ ငဆနဲ့ဆဲဆိုကြိမ်းမောင်းပြီး မထီမဲ့မြင်မောင်းနှင်ထွက်သွားတတ် တဲ့ ကားမောင်းသူနဲ့တွေ့တဲ့အခါ အဲဒါ မြန်မာပါတဲ့။
အသက်မပြည့်တဲ့ ကလေး တွေကို စီးကရက်ရောင်းပေးတာ မြန်မာ၊ အရက်ဘီယာရောင်းပေး
တာ မြန်မာ၊ အိမ်နားနီးချင်းတွေ နားမခံသာအောင် သီချင်းတွေ၊ တရားခွေတွေ
ဝက်ဝက်ကွဲဖွင့်တာ မြန်မာ၊ ကိုယ့်ကြောင့် လူတစ် ယောက်ယောက် အနေအထား
ပျက်သွားတဲ့အခါ တောင်းပန်ပါ တယ်လို့ တိုးလျှိုးဖို့ ၀န်လေးနေ တာ မြန်မာ၊
သြော်...မြန်မာရဲ့ သိ သာထင်ရှားတဲ့ အမှတ်အသား တွေဟာ များလှချည်ရဲ့။
ဒါပေမဲ့...အဲဒါတွေဟာ ကျေနပ်စရာတွေလားလို့ မေးခဲ့ရင် မြန် မာနိုင်ငံသားတွေ
ဘယ်လိုဖြေကြ လေမယ် မသိ။ စိတ်တွေ ဘာတွေ ရော ဆိုးနေကြဦးမှာလေလား။
ကျွန်တော်ကတော့ မဆိုးဘူး။ မ ဆိုးချင်ဘူး။ အဲဒါ ကျွန်တော်တို့ရဲ့
ပုံရိပ်ပဲလေ။ အဲသည့်ပုံရိပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ဖန်တီးခဲ့ကြ
တာပဲလေ။
မကျေနပ်ရင် အဲသည့်ပုံရိပ် တွေကို ဖျက်ပစ်ဖို့ပဲပေါ့။
ပုံရိပ်လှ အောင်ပြန်ပြီး ထုဆစ်ကြရုံပဲပေါ့။ အဲဒါ စာဖတ်တဲ့သူတွေရော၊ စာ
မဖတ်တဲ့သူတွေရော ပြန်ပြီး ထု ဆစ်ကြမှရမယ့်ကိစ္စ။ မြန်တာနှေး တာက
နိုင်ငံသားတွေနဲ့ စိတ်ဇော အဟုန်ထက်သန်မှု၊ မထက်သန် မှု။
မောင်သာချို