6 Feb 2015

မြန်မာရုပ်ရှင်ဇာတ်ကားကြီးများပြသရန် ဖလင်တစ်ကော်ပီ ကူးစရာမလိုတော့ဘဲ DCP စနစ်ဖြင့် တိုက်ရိုက်ပြသနိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်



ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မြန်မာ ရုပ်ရှင်ဇာတ်ကားကြီးများပြသရန် အတွက် ဖလင်တစ်ကော်ပီကူးစရာ မလိုတော့ဘဲ DCP (Digital Cinema Package) စနစ်ဖြင့် တိုက်ရိုက်ပြသ နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။


ယခင်ကမြန်မာရုပ်ရှင်ဇာတ် ကားများအား ရုံတင်ပြသခွင့်ရရှိရန် အတွက် မည့်သည့်စနစ်ဖြင့်ရိုက်ကူး ထားသည့်ရုပ်ရှင်ဇာတ်ကားများဖြစ် စေ ရိုက်ကူးပြီး ရုပ်ရှင်ဇာတ်ကားများ အားဖလင်တစ်ကော်ပီကူး၍ မြန်မာ နိုင်ငံရုပ်ရှင် အစည်းအရုံးသို့ ဆင်ဆာ ခွင့်ပြုချက်လက်မှတ်ရရှိရန်အတွက် တင်ပြရလေ့ရှိကြောင်း သိရသည်။


''အရင်တုန်းကအစည်းအရုံး ကို ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက် ရင် ဘာစနစ်နဲ့ပဲ ရိုက်ရိုက်ဖလင်တစ် ကော်ပီကူးပြီးတော့ ဆင်ဆာတင်ရ တယ်။ ဒါပေမဲ့ အခုနောက်ပိုင်းရိုက် ကူးတဲ့ဇာတ်ကားတွေမှန်သမျှ ဖ လင်ကူးပြီးတော့ တင်ပေးစရာမလို တော့ဘူး။ DCP စနစ်နဲ့တိုက်ရိုက် ဆင်ဆာကတ်တွေယူလို့ရပြီ။ ဖလင် ကူးခိုင်းတာကလဲ ဒစ်ဂျစ်တယ်စနစ် မပြောင်းနိုင်သေးတဲ့နယ်မြို့က ရုံတွေ အတွက်စဉ်းစားပြီးတော့ လုပ်တာ ပါ။ အခုတော့ တော်တော်များများ ရုံတွေကလဲ ဒစ်ဂျစ်တယ်စနစ်ကို ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် ဖလင် ကူးစရာ မလိုတော့ပါဘူး'' ဟု မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ပြောသည်။


ယင်းကဲ့သို့မြန်မာရုပ်ရှင်ဇာတ် ကားများအား DCP (Digital Cinema Package) စနစ်ဖြင့်ပြသခွင့် အား ၂ဝ၁၅ခုနှစ်ဇန်နဝါရီ ၁၃ရက် နောက်ပိုင်းရိုက်ကူးသည့် ရုပ်ရှင် ဇာတ်ကားများအားလုံးသည် ဖလင် တစ်ကော်ပီကူးရန်မလိုတော့သော် လည်း ယခင်က ရိုက်ကူးထားသည့် ရုပ်ရှင်ဇာတ်ကားများအနေဖြင့် ဖလင် တစ်ကော်ပီကူး၍ အစည်းအရုံးသို့ တင် ပြရန် လိုအပ်သေးကြောင်းသိရသည်။


မြန်မာနိုင်ငံရုပ်ရှင်အစည်းအ ရုံး ထုတ်လုပ်သူအခြေခံအလွှာမှ ယခုအခါတွင် ရုပ်ရှင်ရုံတော်တော် များများသည်လည်း မြန်မာ့ရုပ်ရှင် မြှင့်တင်ရေး ဦးစီးဌာန၏ အစီအစဉ် ဖြင့် ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်း နေပြီဖြစ်သောကြောင့် မြန်မာရုပ် ရှင်ဇာတ်ကားများအား ဆင်ဆာ ကတ်ရရှိရန်အတွက် မြန်မာနိုင်ငံရုပ် ရှင်အစည်းအရုံးသို့တင်ပြရာတွင် ဖလင်တစ်ကော်ပီကူးယူသည့်စနစ် အား ပယ်ဖျက်ပေးရန် ဆွေးနွေးတင် ပြလာခြင်းကြောင်း ယင်းကဲ့သို့ခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း သိရသည်။


''အကယ်ဒမီစာရင်းဝင်တဲ့ ဇာတ်ကားတွေကို ဖလင်နဲ့ကြည့်တာ ထက် ဒစ်ဂျစ်တယ်နဲ့ကြည့်တာက တော့ အကယ်ဒမီအကဲဖြတ်အဖွဲ့ အတွက် ပိုပြီးတော့မှန်ကန်တဲ့ဆုံး ဖြတ်ချက်တွေချနိုင်တာပေါ့''ဟု အ ကယ်ဒမီ အကဲဖြတ်အဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။


အကယ်ဒမီစာရင်းဝင်ရုပ်ရှင် ဇာတ်ကားများအား အကဲဖြတ်စိစစ် ရန်အတွက် ဖလင်ဖြင့်ရိုက်ကူးထား သည့်ရုပ်ရှင်ဇာတ်ကားများအား ကြည့်ရှုစစ်ဆေးရာတွင် ရုပ်သံမပီပြင် မှုများကြောင့် အကဲဖြတ်မှုမမှန်ကန် ခြင်းများဖြစ်ပေါ်တတ်ပြီး ဒစ်ဂျစ်တယ် စနစ်ဖြင့်ရိုက်ကူးထားသည့် ရုပ်ရှင် ဇာတ်ကားများအား ကြည့်ရှုရာတွင် ယင်းကဲ့သို့ ဖြစ်ပေါ်တော့မည်မဟုတ် ကြောင်း သိရသည်။

NN

ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။
 

0 comments:

Post a Comment