7 Apr 2012

မလေးရှားအစိုးရနှင့် မြန်မာအစိုးရကြား မြေဇာပင်ဖြစ်ရရှာဦးမည့် မြန်မာအမျိုးသမီးများဘ၀ (ပေးစာ)


မောင်လူဝေးဧပြီ ၈၊ ၂၀၁၂

ပြီးခဲ့သောတရက် နှစ်ရက်ကလားမသိ ..မလေးရှားအစိုးရ ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်သောအစိုးရအဖွဲ့နှင့်အတူ မလေးရှားလုပ်ငန်းရှင်များ လည်း တအုပ်ကြီးလိုက်ပါသွားသည့်သတင်းကို မလေးရှားတီဗွီ TV.3 ချယ်နယ်မှလည်းကောင်း၊ အင်တာနက်သတင်းဝက်ဆိုက်ဒ်များ မှတ ဆင့် ကြားလိုက်မြင်လိုက်ရသည်။
ကျနော့်မိတ်ဆွေတဦးမှလည်း ကျနော့်ထံသို့ ညဖက်ကြီး ဖုန်းဆက်အကြောင်းကြားလေသည်။ အကိုရေ ..မလေးရှားဝန်ကြီးချုပ်နာဂျစ် မြန်မာပြည်ကိုသွားပြီဗျ..တဲ့။ ကျနော်သိလိုက်သည်။ ဟုတ်မယ်..ဗျ။ သူတို့က မြန်မာပြည်မှာ စီးပွားရေးလုပ်ဖို့အတွက် သွားတာပါ။ မြန်မာ ပြည်သူပြည်သားများအတွက် ဘာမှဝမ်းသာစရာမရှိပါဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီမလေးရှားနိုင်ငံရဲ့အကျိုးစီးပွားနဲ့ မြန်မာစစ်အစိုးရ တပိုင်း ဦးသိန်းစိန်အစိုးရက လူတွေရဲ့အကျိုးစီးပွားအတွက် သွားတာပါလို့ ကျနော် ဖုန်းထဲကနေပြန်ပြောလိုက်မိတယ်။
တကယ်လည်း မြန်မာပြည်သူပြည်သားများ အတွက်မပါ ပါဘူး။ မလေးရှားအစိုးရဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီအရေးကို ထောက်ခံပါတယ်လို့ ၀တ်ကျေ တန်းကျေ သံတမန်စကားလုံးလေးအရလွဲပြီး အင်တိုက်အားတိုက် ဘယ်တုန်းကမှ မရှိခဲ့ပါဘူးလို့ပါ။
အာရှကျားတကောင်ဖြစ်လာအောင်လုပ်ဆောင်နိုင်ခဲ့တာကိုတော့ ချီးကျုးစရာဖြစ်ပေမဲ့ … မလေးရှား အတိုက်အခံပါတီတွေကို နိုင်ငံရေး အရနှိပ်ကွပ်ခဲ့ပုံတွေကတော့ သူကလည်း တော်တော်လက်သံပြောင်ပါတယ်။ အခုမကြာသေးတဲ့ကာလကမှ အမှုမှပြန်လည်လွတ်မြောက် လာတဲ့ အတိုက်အခံခေါင်းဆောင် အန်နာဝါအီဘရာဟင်ဟာ အဲဒီ မဟာသီလက်ထက်ကတော့ ဒုဝန်ကြီးချုပ်တဦးဖြစ်ခဲ့ပေမဲ့ မဟာသီရဲ့ နိုင် ငံရေးအရ နှိပ်ကွပ်ချင်လာတဲ့အခါမှတော့ ..ယောင်္ကျားချင်း ကာမဆက်ဆံတယ်၊ (SODOMY ) တယ်ဆိုပြီး ဇွတ်အတင်းထောင်ချပစ်ခဲ့ပါတယ်။
ဗမာပြည်က စစ်အစိုးရလို မဟာသီကလည်း ယဉ်ယဉ်လေးနဲ့လက်သံပြောင်ခဲ့သူပါ။
အခုမြန်မာပြည်ကိုရောက်နေတဲ့ မလေးရှားအစိုးရ၀န်ကြီးချုပ် နာဂျစ်ဦးဆောင်တဲ့အဖွဲ့ဟာ နှစ်နိုင်ငံစီးပွားရေးကိစ္စတွေ ဆွေးနွေးဖို့ ရောက်ရှိပြီး နေပြည်တော်က စစ်အစိုးရတပိုင်း ဦးသိန်းစိန်အစိုးရနဲ့ ဆွေးနွေးနေတယ်ဆိုပါတယ်။ သူတို့ဆွေးနွေးတာ..မဆွေးနွေးတာကို ကျနော်စိတ် မ၀င်စားပါဘူး။ ဘာဖြစ်လို့စိတ်မ၀င်စားလည်းပြောရရင် မြန်မာပြည်က ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရဟာ သူတို့လုပ်ခဲ့သမျှ လုပ် ငန်းမှန်သမျှဟာ မြန်မာပြည်သူပြည်သားများအတွက်တော့ ဘာမှအကျိုးကျေးဇူး မဖြစ်လာဘူးဆိုတဲ့အချက်နဲ့ .. နောက်တချက်က လာ ရောက် ရင်းနှီးမြုပ်နှံတဲ့ နိုင်ငံခြားတိုင်းပြည်နဲ့ မြန်မာပြည်က စစ်တပိုင်း ဦးသိန်းစိန်အဖွဲ့အစိုးရကလူတွေအတွက်သာလျှင် ကွက်ကွက် က လေးသာ ကောင်းစားသွားတာတွေချည်းပဲမို့ ကျနော်စိတ်မ၀င်စားဘူးလို့ ပြောခြင်းဖြစ်ပါတယ်၊
ဗိုလ်ခင်ညွှန့်ကောင်းစားစဉ်ကာလက ၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံကို အာစီယံအဖွဲ့ကြီးထဲကို ဇွတ်သွင်းပေးခဲ့တဲ့နိုင်ငံပါ။ အဲဒီကာလက မလေး ရှားဝန်ကြီးချုပ်ဟာ မဟာသီယာမိုဟာမက်ဖြစ်ပါတယ်။ မဟာသီဟာ မလေးရှားနိုင်ငံကို စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင်၊ ဒါဖြင့်ရင် ..စိတ်မ၀င်စားရင် ဘာဖြစ်လို့ထည့်ပြောနေလည်းမေးလာရင် ကျနော်ဖြေပါ့မယ်။
မလေးရှားအစိုးရနဲ့ မြန်မာပြည်က ဦးသိန်းစိန်အစိုးရတို့ နေပြည်တော်မှာ စီးပွားရေး ရင်းနှီးမြုပ်နှံမည့်ကိစ္စတွေအပြင် ..မြန်မာပြည်မှ မြန်မာ အမျိုးသမီးများအား မလေးရှားကို အိမ်ဖော်အဖြစ်နှင့် အလုပ်လုပ်ကိုင်နိုင်ရန်စေလွှတ်ပေးဖို့ ဆွေးနွေးခဲ့တယ်ဆိုတဲ့သတင်းကို ကျနော်တို့ သိရှိလိုက်ရတဲ့အတွက်…. ကျနော်ဒီစာလေးကို ချက်ခြင်းတင်ပြလိုက်တာပါ။
မလေးရှားမှာ အများဆုံးအိမ်ဖေါ်အလုပ်၊ တနည်း အစေခံအလုပ်ကို များသောအားဖြင့် တောနေ အင်ဒိုနီးရှားအမျိုးသမီးများနှင့် ဖိလစ်ပိုင် အမျိုးသမီးများသာ လုပ်ကိုင်ကြတာပါ၊ အင်ဒိုအမျိုးသမီးများက အများဆုံးပါ။ ဘာဖြစ်လို့လည်းဆိုတော့ အင်ဒိုနီးရှားလူမျိုးများရဲ့စကားဟာ မလေးရှားစကားနဲ့ တူပါတယ်။ အင်ဒိုစကားလဲ သက်သက်တော့ရှိပါတယ်။ အင်ဒိုနီးရှားလူမျိုးအားလုံးက မလေးရှားစကားကို ပြောနိုင်ပါ တယ်။ နောက်တချက်က နိုင်ငံချင်းကလည်း နီးပါတယ်။ ကိုးကွယ်ယုံကြည်မှုဘာသာလည်း တူကြပါတယ်။ အဲဒီလို ဘာသာတူ စကားတူတဲ့ အင်ဒိုနီးရှားအိမ်ဖေါ်တွေကို မလေးရှားအိမ်ရှင်များက ခဏခဏနှိပ်စက်လို့ ပြသာနာခဏခဏတက်နေဆဲပါ။
အဲဒီအတွက် အင်ဒိုနီးရှားအစိုးရတာဝန်ရှိသူတွေက သူတို့နိုင်ငံသူများအတွက် ၀င်ရောက်ကူညီမှုတွေ အပြည့်ရှိပါတယ်ဆိုတာတောင်မှ မ လေးရှားအိမ်ရှင် တရုတ်အများစုကတော့ အိမ်ဖော်ကို “ကျွန်” သဖွယ်ခိုင်းစေရုံသာမက ကိုယ်ထိလက်ရောက် နှိပ်စက်လျှက်ပါပဲ။ အိမ်ရှင်မှ အိမ်ဖော်အား ဓားနဲ့မွှန်းခြင်းများ၊ မီးပူဖြင့်ကပ်ခြင်းများ၊ တုတ်ဖြင့်ရိုက်နှက်ခြင်းများ နည်းမျိုးစုံနှိပ်စက်ပါတယ်။ မလေးတရုတ်လူမျိုး အများစု ဟာ နိုင်ငံခြားသား အလုပ်သမားများအပေါ်မှာ ရက်ရက်စက်စက် ကိုယ်ချင်းမစာ ခိုင်းလေ့ရှိပါတယ်။ နောက်ပြီး လစာကိုလည်း တန်ရာ တန်ကြေး မပေးပါဘူး။ ကျနော်တို့ မြန်မာလူမျိုးအများစုဟာ အင်္ဂလိပ်စာစကား အရမ်းအားနည်းကြပါတယ်။ အဲဒီအတွက် အများကြီး အ ခက်အခဲ ရှိပါတယ်။
မလေးနိုင်ငံသုံး မလေးစကားကိုလည်း အင်ဒိုနီးရှားအမျိုးသမီးတွေလို မပြောနိုင်တော့ ပိုလို့သာဆိုးစရာအကြောင်းရှိပါတယ်။ နောက်တချက် မြန်မာသံရုံးနဲ့ အင်ဒိုနီးရှားသံရုံးဟာ မိမိနိုင်ငံလူမျိုးတွေကို ကြည့်ရှုစောင့်ရှောက်တဲ့နေရာမှ မိုးနဲ့မြေလို အရမ်းကွာပါတယ်။ အင်ဒိုနီးရှားသံရုံး က နိုင်ငံသားများ ပတ်စ်ပို့လဲခြင်း၊ ပျောက်လို့ ပတ်စ်ပို့အသစ်လျှောက်ခြင်းကိစ္စတွေမှာ အရမ်းမြန်ပါတယ်။ ပတ်စ်ပို့စ်ပျောက်လို့ အသစ် လျှောက်ပါက ထူးထူးထွေထွေ သိပ်မပြောရပါ။ အလွန်ဆုံးကြာရင် တရက် နှစ်ရက်ပါပဲ။ ပတ်စ်ပို့ကြေးသွင်းရငွေကလည်း မလေးရှားရင်းဂစ် ၅၀ အောက်ပဲရှိပါတယ်။
ကျနော်တို့ မြန်မာသံရုံးကတော့ ပတ်စ်ပို့ပျောက်လို့ သွားအကြောင်းကြားရင် မချေမငံဆက်ဆံပါတယ်။ ပတ်စ်ပို့ကြေးသွင်းရတဲ့ငွေဟာ မလေးငွေ ရာကျော်ရှိပါတယ်။ တခြားနိုင်ငံသံရုံးများမှ ကောက်ခံတဲ့ငွေနဲ့နှိုင်းယှဉ်လိုက်ရင် အရမ်းများလွန်းတဲ့ငွေပါ။ ၎င်းအပြင် မည့်သည့်နိုင် ငံမှ မရှိသော၊ မကောက်သော TAX အခွန်ငွေကိုလည်း လက်ရှိဆက်လက် ကောက်ခံနေဆဲပါ။
များမကြာခင်က ဦးသိန်းစိန်အစိုးရမှကြေငြာလိုက်သော နိုင်ငံခြားရောက်မြန်မာနိုင်ငံသားများအားလုံး TAX အခွန်ပေးဆောင်ရန်မလိုတော့ ကြောင်း ကြေငြာပေးခဲ့ပေမဲ့ မလေးရှားရှိ မြန်မာသံရုံးကတော့ ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလမှ စမှာဖြစ်သောကြောင့် ၂၀၁၂ ခုနှစ်မတိုင်ခင် နှစ် များက အကြောင်းအမျိုးမျိုးကြောင့် TAX မဆောင်နိုင်သူများ ယခုအခါ ပတ်စ်ပို့အသစ်လဲလှယ်ခြင်းများ ဆောင်ရွက်ပေးနေတဲ့အချိန် ဖြစ် တော့ ပတ်စ်ပို့အသစ်လဲလှယ်လိုသူများအားလုံး TAX အခွန်ကြေးကို ၂၀၁၂ ခုနှစ်မတိုင်ခင်က နှစ်တွေအားလုံးအတွက် သိမ်းကျုံး ကောက် နေပါတယ်။ TAX မပေးနိုင်ပါက ပတ်စ်ပို့မလဲပေးပါဘူး။ ပတ်စ်ပို့သက်တမ်းတိုးသူများလည်း ထိုနည်းအတိုင်းပါပဲ။ ၂၀၁၂ မတိုင်ခင်က နှစ်တွေအားလုံးကိုတွက်ပြီး TAX အခွန်ကောက်ပါတယ်။ TAX အခွန်မပေးနိုင်ပါက ပတ်စ်ပို့သက်တမ်း လုံးဝမတိုးပေးပါဘူး။ လက်ရှိမြန်မာ သံရုံးကတော့ TAX အခွန်ငွေကို မိမိနိုင်ငံသားများ အလုပ်အဆင်ပြေ မပြေ လုံးဝမစဉ်းစားဘဲ ပျော်ပျော်ကြီးကို ကောက်ခံနေဆဲပါ။
နောက်ပြီး မလေးရှားမှာအလုပ်လာလုပ်သူမှန်သမျှ အားလုံးဟာ မလေးရှားအစိုးရကို အလုပ်လုပ်ခွင့်ပါမစ် ( work permit ) ကြေးလည်း မလေးအစိုးရကို ပေးဆောင်ရပါတယ်။ ဆိုတော့ မြန်မာနိုင်ငံသားအားလုံးဟာ မလေးအစိုးရကိုလည်း အလုပ်ပါမစ်အတွက် အခွန်ပေး ဆောင်ရ၊ နောက်တခါ မြန်မာသံရုံးကိုလည်း ဘယ်နိုင်ငံမှမကောက်တဲ့ မယူတဲ့ TAX အခွန်ငွေကို ပေးဆောင်နေရတဲ့အတွက် အခွန်နှစ် ထပ်ပေးဆောင်နေရပါတယ်။
မလေးရှားမှာ အလုပ်လုပ်လို့ရတဲ့ လစာက အများစုက တလကို မလေးငွေ ရင်းဂစ် ၆၀၀ နဲ့ ၉၀၀ တန်းပဲရှိတာမို့ ဘယ်လိုမှ အဆင်မပြေကြ ပါဘူး။ မြန်မာပြည်ပြန်ရင် အလုပ်ကမရှိ၊ လာစဉ်က ချေးဌားလာရတဲ့ အကြွေးတွေကရှိနေတော့ ပြန်လို့မရဖြစ်နေတာ အများစုပါပဲ။ အဲဒီ အထဲက တချို့သာလျှင် ကိုယ်ပိုင်အလုပ်လေးတွေထွင်ပြီးလုပ်နိုင်ကြလို့ တချို့လည်း လုပ်သက်တွေအရမ်းကြာလာလို့သာ နေထိုင်နိုင်ကြ တာပါ။ နောက်ပြီး မလေးရဲကလည်း နိုင်ငံခြားသူအလုပ်သမများ အလုပ်လုပ်ခွင့်ပါမစ်မရှိရင် ဖမ်းဆီးပြီး လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေ လုပ် ပါတယ်။ ပါမစ်ရှိရင်တောင်မှ ရဲက နည်းအမျိုးမျိုး အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ပါတယ်။ မပေးရင် ပြသာနာရှာပါတယ်။
အလုပ်ကအဆင်မပြေ အလုပ်ကအဆင်ပြေရင်လည်း လစာကအရမ်းနည်း၊ လစာနည်းရတဲ့အထဲ မြန်မာသံရုံးကို အခွန်ပေးရ။ မလေးရှား အစိုးရကို ပါမစ်ကြေး အခွန်ပေးရဆိုတော့ အဆင်မပြေမှုတွေ များသထက်များလာရင်း နောက်ဆုံးတော့ မြန်မာအမျိုးသမီးတချို့ မလုပ်သင့် တာတွေကို လုပ်မိလျက်သား ဖြစ်လာရပါတော့တယ်။ ငွေကြောင့် တခြားနိုင်ငံသားများနှင့် လိင်ကိစ္စတွေ ရှုပ်ရှက်ခတ်ကုန်ပါတော့တယ်။ အဲဒီအဖြစ်အပျက်အခြေခံ အကြောင်းတရားများဟာ မိမိနိုင်ငံရဲ့အစိုးရ ညံ့ဖျင်းမှု၊ မကောင်းလို့သာ ဖြစ်ပေါ်လာရတဲ့ ပြဿနာတွေသာ ဖြစ် တာမို့ လက်ရှိမြန်မာအစိုးရဆိုသူတွေမှသာ တာဝန်အရှိဆုံးပါ။
ခုတခါ မြန်မာအမျိုးသမီးများ မလေးရှားကို အိမ်ဖော် တနည်း.. အိမ်စေ အစေခံအနေနဲ့လွှတ်ဦးမယ်ဆိုရင်တော့ လက်ရှိအစိုးရက ဘယ်လို တာဝန်ယူမှာလဲ..? မလေးရှားရှိ မြန်မာသံရုံးကတော့ ပတ်စ်ပို့ကို အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ အေးဂျင့်လူပွဲစားက တရားမ၀င်သိမ်း ထားတာတောင် ရအောင်ပြန်မတောင်းပေးနိုင်ပါဘူး။ ကျနော်တို့ ပတ်စ်ပို့နောက်ကျောအဖုံးအတွင်းမှာ …(သတိပြုရန်အချက်) ဆိုတဲ့ခေါင်း စဉ်အောက်က အတိအလင်းရေးထည့်ထားတာရှိပါတယ်။
… နိုင်ငံခြားတိုင်းပြည်များဆိုင်ရာ အရာရှိများမှတပါး အခြားမည်သူကမှ ဖြည့်စွက်ခြင်း၊ ပြောင်းလဲခြင်း၊ ဂဏန်းအမှတ်အသားများပြုလုပ် ခြင်း၊ မပြုလုပ်ရ..လို့ ပါရှိပါတယ်။ အာဏာပိုင်အဖွဲ့အစည်းမဟုတ်တဲ့ (လူပွဲစားအေးဂျင့်) များကတော့ ရောက်လာတဲ့မြန်မာနိုင်ငံသားလူသစ်များကို လေဆိပ်ကနေဖမ်းပြီး ပတ်စ်ပို့ကို ပတ်စ်ပို့မှာ အလုပ်လုပ်ခွင့်ပါမစ်ကပ်ရန်အကြောင်းပြပြီး တခါတည်း သိမ်းလိုက်ပါတော့တယ်။
အမှန်မှာမူ နိုင်ငံကူးပတ်စ်ပို့အား ဥပဒေအရ လူပွဲစားအေးဂျင့်များက သိမ်းခွင့်မရှိသလို … မြန်မာပြည်တွင်းမှာလည်း စာချုပ်စဉ်ကတည်းက ပတ်စ်ပို့ကို လူပွဲစားအေးဂျင့်များက အကြွေးကျန်သူများ အကြွေးမကျေသေးပါက ပတ်စ်ပို့သိမ်းထားမည်ဟုလည်း စာချုပ်ထဲထည့်သွင်း ရေး ထားလို့ မရပါဘူး။ ရေးခဲ့ရင်လည်း ဥပဒေအရ အကျုံးမ၀င်ပါဘူး။ သို့သော် မလေးရှားလူပွဲစားအေးဂျင့်များကတော့ ပြောင်ပြောင်တင်းတင်း ပင် ရောက်စဉ်ကတည်းက လေဆိပ်မှာတင် ပတ်စ်ပို့ကို တခါတည်းသိမ်းပါတော့တယ်။
အဲဒီပြဿနာများကို မြန်မာသံရုံးမှသိသော်လည်း မျက်နှာပြောင်တိုက်ကာ ဘာမှမဆောင်ရွက်ပေးခြင်းမရှိဘဲ ရှိနေလျှက်ပါ။ တခြားပြဿနာတစုံတရာပေါ်ပေါက်ခဲ့လို့ မြန်မာသံရုံးသို့ သွားရောက်အကြောင်းကြားခဲ့ရင်လည်း ဘာမှဆောင်ရွက်ပေးတာမရှိသလို ဘာမှလည်းဆောင်ရွက် နိုင်တာမရှိခဲ့ပါ။
ကျနော် အင်တာနက်တွင် ဗွီအိုအေမှ ဒေါ်ခင်စိုးဝင်းနှင့် မြန်မာနိုင်ငံခြားေ၇းဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်အင်တာဗျုးတွင် မြန်မာနိုင်ငံခြားရေးဝန်ကြီးက သံရုံးအားလုံးအား မြန်မာနိုင်ငံသားများအား အခက်အခဲပြဿနာများကို ကူညီဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားထားပြီး ဖြစ် ကြောင်းဖြေဆိုခဲ့တာကို ပြန်လည်ကြားယောင်ရင်း မလေးရှားသို့ .. မြန်မာအမျိုးသမီးများအိမ်ဖော် တနည်း အိမ်အစေခံနှင့် အလုပ်လာလုပ် ဦးမည်ဆိုရင်တော့ ကျနော်တို့ မြန်မာအမျိုးသမီးလေးများအရေး မတွေးဝံ့စရာတွေဖြစ်လာတော့ ဧကံဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
(မှတ်ချက်။ ။ မလေးရှားမှ အိမ်ဖော် အိမ်အစေခံ မြန်မာအမျိုးသမီးများအလိုရှိနေခြင်းမှာ အင်ဒိုနီးရှားနိုင်ငံမှ အင်ဒိုအမျိုးသမီးများ အိမ်ဖော် အဖြစ် မလေးရှားကို သွားရောက်အလုပ်လုပ်ခြင်းကို ခွင့်မပြုတော့လို့ဖြစ်ကြောင်း နောက်ဆက်တွဲသိရကြောင်းပါ။)

NLABR
Web-site: www.nlabr.com
Blog: http://wanna23-23.blogspot.com/

4 Apr 2012

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)


အထက်ပါကလေးများတွေ့ ရှိပါက..ဆက်သွယ်အကြောင်းကြားကူညီစောင့်ရှောက်ပေးပါ

အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်(နယ်မြို့ ရုံးခွဲများ)

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်အောက်ရှိ  ပြစ်မူကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ ၊ လူငယ်များနှင့် သက်သေများ ၊ ပြစ်မူကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များ နှင့် လူငယ်များ၊ အသက်(၁၈)နှစ် ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မူကျူးလွန်စော်ကားခံရသော(
female survivos  of  gender based violence)  အမျိုးသမီးများအတွက်  အမူလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာမယူဘဲ ဥပဒေကြောင်းအရ  အခမဲ့  ကူညီပေးသည့် စီမံချက်ဖြစ်ပါသည်

ရည်ရွယ်ချက်

-မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊ မိမိနစ်နာသောအမူကိုတိုင်တန်းရန် (သို့) စွပ်စွဲခံရသောအမူကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် ဥပဒေကြောင်းအရ  အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အသက်(၁၈)နှစ်အောက်  ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ်ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ် နှင့် တရားရုံးသို့သွားလာစရိတ် အခက်အခဲရှိပါက လူမူရေးစရိတ် ထောက်ပံ့ကူညီရန်
-ပြစ်မူကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲ ရှိပါက အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့သကူညီရန်

xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ  ပြစ်မူကျူးလွန်စော်ကားခံရလျှင်
xxx အသက်(၁၈)နှစ်အောက် ကလေးများ၊လူငယ်များ ပြစ်မူကျူးလွန်ကြောင်းစွပ်စွဲခံ
ရ၍ တရားရုံးတွင် အမူရင်ဆိုင်ရလျှင်
xxx အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည်အတွက် ပြစ်မူကျူးလွန်စော်ကားခံရလျှင်

"
 အမြန်ဆုံး  သတင်းပို့ပါ  ဥပဒေကြောင်းအရ  အခမဲ့ အကူအညီ ပေးပါသည်   "
Legal Aid Project  အောက်တွင် အမူလိုက်ပါဆောင်ရွက်သော ရှေ့နေများအား ရှေ့နေခ၊  ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခ များကို အမူသည်များက လုံးဝ မပေးရပါ၊
ရှေု့နေများမှ ငွေကြေးတစ်စုံတစ်ရာတောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

                      ဦးငိုင်ဆာခ့်
               (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ၀၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ၀၁-၃၉၈၂၁၅

"ရုံးခန်း"
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။

အကူအညီတောင်းခံနိုင်သောနေရာနှင့်ဖုန်းနံပါတ်များ

ဥပဒေကြောင်းအရ အကူအညီလိုအပ်သူများအနေဖြင့် အောက်တွင်ဖော်ပြထားသော လိပ်စာနှင့် ဖုန်းနံပါတ်များသို့ ဖုန်းဖြင့်ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ အချိန်မရွေးအကူအညီ တောင်းခံနိုင်ပါသည်။

ရန်ကုန်ရုံးချုပ်
အမှတ်(၃၈၅/၃၈၉)၊  (၆)ထပ်၊  အခန်း(ခ)၊ ဂလိုဘယ်တာဝါ ၊  မဟာဗန္ဒုလလမ်း နှင့် ပန်းဆိုးတန်းလမ်းဒေါင့်၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။၀၉-၂၀၅၄၇၈၂၊ ၀၁-၃၉၈၂၁၅

မန္တလေးရုံး
၂၆(ဘီ)လမ်း၊၆၂x ၆၃ လမ်းကြား၊
မဟာဇေယျာဘုံရပ်၊အောင်မြေသာစံမြိ
ု့နယ်၊
မန္တလေးမြို့၊၀၉-၄၉၂၄၀၈၇၃

ပုသိမ်ရုံး
အမှတ်(၅၆) ၊ ပုသိမ်-မုံရွာ-ရေဦးလမ်း၊
(၁၅)နယ်မြေ ၊ မြတ်တိုရပ်ကွက် ၊ပုသိမ်မြို့။
၀၉-၈၅၅၃၄၃၀၊ ၀၉-၇၃၁၃၀၅၂၁

ပြည်ရုံး
အခန်းအမှတ်(၁၅)၊မီးသတ်တိုက်ခန်း

ကန်လမ်း၊ကျောင်းကြီးအိုးတန်းရပ်
ကွက်၊ပြည်မြို့။
၀၉-၇၃၁၃၀၅၂၃

ပဲခူးရုံး
အမှတ်(၂၂၄/ခ)၊ (၃)ထပ် ၊မင်းလမ်း၊ရုံးကြီးရပ်ကွက်၊
ပဲခူးမြို့။၀၉-၇၃၁၂၆၄၂၅

တောင်ကြီးရုံး
အမှတ်(၁၁၂)၊ မြေညီထပ်၊ဇောတိကလမ်း၊သစ်တောရပ်
ကွက်
တောင်ကြီးမြို့။၀၉-၄၉၃၁၉၉၄၈

မြစ်ကြီးနားရုံး
အမှတ်(၆၂)၊ စီတာပူရပ်ကွက်
မြစ်ကြီးနားမြို့။၀၉-၆၄၁၂၁၇၉


ပခုက္ကူရုံး
အမှတ်(၃၅)၊တပ်မလမ်း၊ (၇)ရပ်ကွက်
ပခုက္ကူမြို့။၀၉-၄၉၃၂၁၁၈၁


ကလေးရုံး
အမှတ်(၄/၇)၊ပင်လုံလမ်းမတော်လမ်း

ပင်လုံရပ်ကွက်၊ကလေးမြို့။
၀၉-၄၉၃၃၀၇၁၅


လားရိုးရုံး
ဆိုင်ခန်းအမှတ်(၁၁)၊စစ်သားစုဆောင်းရေးတိုက်တန်း၊ကံ့ကော်လမ်းနှ
င့် ဘူတာလမ်းထောင့်၊
ရပ်ကွက်(၁)လားရိုးမြို့။၀၉-၇၃၁၃၆၃၂၆၊၀၈၂-၃၀၅၃၅


မော်လမြိုင်ရုံး
အမှတ်(၃၃/ဘီ) သိပွံလမ်း၊အန်းဘဲတန်း ရပ်ကွက်၊
မော်လမြိုင်မြို့။၀၉-၄၉၃၂၅၉၀၂

မုံရွာရုံး
မုံရွာတက္ကသိုလ်ဘုရားအနီး၊ကျောက်
ကာလမ်း၊
မုံရွာမြို့။၀၉-၄၇၀၅၈၂၅၅

မကွေးရုံး
အမှတ်(၈၀)၊ကမ်းနားလမ်း၊အလယ်ရပ်၊
မကွေးမြို့။၀၉၄၉၃၂၂၁၁၇၈

ကျိုင်းတုံရုံး
နောင်နွန်ကျေးရွာ၊မိုင်းဇိုင်း၊
ကျိုင်းတုံမြို့။
၀၉၅၂၅၂၀၈၆

သံတွဲရုံး
အမှတ်(၁၂၃)၊ဇီဇဝါလမ်း၊(၆)ရပ်ကွ
က်၊သံတွဲမြို့။
၀၉-၈၅၁၆၆၄၈


ဘားအံရုံး
အမှတ်(၆/၄၃၂)မြို့တော်ဦးလမ်း၊(
၆)ရပ်ကွက်။
ဘားအံမြို့။၀၉-၇၃၁၄၀၂၃


တောင်ကုတ်ရုံး
ပြည်-တောင်ကုတ်လမ်း၊ ကန်ပိုင်ရပ်ကွက်၊တောင်ကုတ်မြို့

၀၉-၄၉၆၆၈၁၃၉


မြိတ်ရုံး
အမှတ်(၃၅)၊ သိန်းညီနောင်လမ်း၊ကံဖျားရပ်ကွက်
။မြိတ်မြို့။
၀၉-၄၉၈၇၂၄၃၀


ထားဝယ်ရုံး
အမှတ်(၄၃၀)၊ရေးလမ်း၊ဆင်ဆိမ့်ရပ်ကွက်၊ထားဝယ်မြို့။၀၉-၄၉၈၅၀၈၂၆

===========

ဆက်လက်ဖြန့် ဝေစေချင်ပါသည်
လေးစားချစ်ခင်သော
ရွှေအိမ်စည်

3 Apr 2012

စားသတိ၊ သွားသတိ၊ နေသတိ ရှိစေဖို့ ...



နည်းပညာအသစ်အဆန်းတွေ တစ်နေ့ တစ်မျိုး မရိုးနိုင်လောက်အောင် ပေါ်ပေါက်နေတဲ့ နည်းပညာ
ခေတ်ကြီးမှာ အမျိုးသမီးတွေသတိထားနိုင်ဖို့ ( အမျိုးသားတွေလည်းပါသပေါ့ လေ...) ၊ အသွားအလာ
အနေအထိုင်ဆင်ခြင်နိုင်ဖို့ မိမိရဲ့ ကိုယ်ရေးကိုယ်တာ၊ လျှို့ ဝှက်အပ်တဲ့ ကိစ္စတွေ တစ်ကမ္ဘာလုံး မသိစေ
ဖို့ အတွက် နောက်ဆုံးပေါ် လျှို့ ဝှက်ကင်မရာများ မည်သို့ တပ်ဆင်ကာ ထောက်လှမ်းရိုက်ကူးထားနိုင်
ကြောင်းတင်ပြလိုက်ပါတယ်...
နည်းပညာများကတော့ အစုံပါပဲ...ယခုပုံများသာမမြင်တွေ့ ဖူးပါက ပြောလို့ ပင်ယုံနိုင်ဖွယ်မရှိပါဘူး...










































ref: ကိုပီတာ

31 Mar 2012

သင်္ကြန် သမိုင်းကြောင်း

အီးမေးလ်က ရတဲ့သင်္ကြန်သမိုင်းလေး တင်ပေးလိုက်ပါတယ် သင်္ကြန် သမိုင်း …. ယခုလို နှစ်သစ်ကူးတဲ့ အချိန်သမယမှာ မြန်မာတွေအနေနဲ့ မြန်မာ ရိုးရာသင်္ကြန်ပွဲတော်ရဲ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း အစကို သိထားဖို့လိုပါတယ်။ သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
သိကြားမင်း -ဗြဟ္မာမင်း
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဂနေဆာ
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။

ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။

 အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။

သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။ ယခုအချိန်မှာ မြန်မာနိုင်ငံအပြင် ထိုင်းနိုင်ငံ၊လောနိုင်ငံ နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဆက်လက်ကျင်းပဆဲဖြစ်တာကိုတွေရပါတယ်။

ပုဂံခေတ်မြန်မာသင်္ကြန် အကြိုနေ့

သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။

ဒီနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။ ခလေးတွေကို ဒီအချိန်မှာ လူကြီးတွေပြောလေ့ရှိတာက ကောင်းတာလုပ်တဲ့သူတွေရဲ့ အမည်စာရင်းကို သိကြားမင်းက ရွေပုရပိုက်မှာ ရေးမှတ်ပြီး ဆိုးသွမ်းသူတွေရဲ့ နံမယ်ကို ခွေးသားရေ ပုရပိုက်မှာ ရေးမှတ်တယ်လို့ ပြောလေ့ရှိပါတယ်။

တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။

မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။ ဒီလိုထူးခြားမှုတွေ အနှစ်သာရတွေနဲ့ ထုံမွှမ်းနေတဲ့ အချိန်အခါမှာ မြန်မာတွေ မေတ္တာတရား များပွားနိုင်ကြပြီး လူလူခြင်း နိုင်ထက်စီးနင်းပြုခြင်း ဘေးအန္တရာယ်မှ နောင်နှစ်များမှာ ကင်းဝေးနိုင်ကြပါစေ သတ္တ၀ါအပေါင်း ကျန်းမာကြပါစေ ချမ်းသာကြပါစေ ဘေးကင်းရန်ကွာကြပါစေ ရန်သူ မျိုးငါးပါးရန်မှ ကင်းဝေးကြပါစေ နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေလို့ နှစ်သစ်မှာ ဆန္ဒပြုလိုက်ပါတယ်။

http://yinminkhine.multiply.com မှကူးယူဖေါ်ပြပါသည်.။

22 Mar 2012

ငရဲပြည်အတွေ့အကြုံ



မသိမမြင်သူတို့ ထူး၍မကြောက်ကြသော်လည်း၊ သိသူမြင်သူတို့ကား ငရဲဘေးကို လွန်စွာကြောက်ရွံ့တတ်ကြသည်။ အလောင်းတော် တေမိမင်းသားသည် ငရဲဘေးကိုမြင်၍ (၁၇)နှစ်တိုင်တိုင် ဆွံ့ထိုင်းအယောင် ဆောင်ခဲ့သည်။ သူ့မယားလိုချင်၍ သူ့လင်ကိုသတ်မည် တကဲကဲဖြစ်နေသော ပသေနဒီကောသလမင်းကြီးသည် ဒုသနသော အသံများကြားရသည်မှစ၍ ဗုဒ္ဓ၏အကျယ်တဝင့်ဟောပြမှုကြောင့် ယုတ်မာသောအကြံဆိုးကို စွန့်လွှတ်ခဲ့ဖူးသည်။ ယခုလည်း သက်ရှိဆိုလျှင် ခြင်၊ ပုရွက်ဆိတ်မှအစ ဘာကောင်ကိုမျှ မသတ်ရဲတော့သူ၊ ငရဲဘေးကို ကိုယ်တွေ့ကြုံခဲ့ရဖူးသူတစ်ဦးနှင့် မမျှော်လင့်ဘဲ ဆုံတွေ့ခဲ့ရသည်။

------------------------------------------------------------------------------


ကျနော့်နာမည် အောင်နိုင်ဦးပါ။ ကျနော် (၇)ရက်တိုင်တိုင် သတိလစ်ပြီး ငရဲပြည်ကို ရောက်သွားခဲ့တဲ့အကြောင်း တစ်နေ့ကပဲ ဆရာတော်ကို လျှောက်ထားဖြစ်ခဲ့ပါတယ်။ ခု ဆရာတော်နဲ့ အမှုဆောင်များရဲ့ တိုက်တွန်းမှုကြောင့် ယောဂီများ အားလုံးရဲ့ရှေ့မှာ ကျနော့်ကိုယ်တွေ့ ငရဲပြည်အကြောင်း ပြန်ပြောပြမှာ ဖြစ်ပါတယ်။ ကျနော့်အဖြစ်အပျက်တွေကို နားထောင်ပြီး ငရဲဘေးကလွတ်အောင် မကောင်းမှုတွေကိုရှောင်၊ ကောင်းမှုတွေကို ဆောင်နိုင်ကြစေဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။


၂၀၀၂ ခုနှစ်၊ ဂျူလိုင်လ (၃)ရက်နေ့၊ (၁၃၆၄ -ခု၊ နယုန်လပြည့်ကျော် (၈)ရက်) နေ့က၊ ကျနော်ဟာ ဟုမ္မလင်းမြို့နယ်၊ မန်မော်ရွာမှာ ရောက်ရှိနေခဲ့ပါတယ်။ အဲဒီမှာ ရေချိုးမှားပြီး (၇) ရက်တိုင်တိုင် သတိလစ်သွားခဲ့ပါတယ်။ သတိလစ်သွားတယ်ဆိုပေမယ့် ကျနော်ကတော့ ကိုယ့်ကိုယ်ကို သတိလစ်တယ်လို့ မထင်မိပါဘူး။ ဧရာမ လူသန်ကြီးနှစ်ယောက်က ကျနေ့လက်မောင်းကို ကိုင်မပြီး ကျနော့်ကို ခေါ်သွားခဲ့တာပါ။ ကျနော်ဟာ သူတို့နောက်က ပါသွားချိန်မှာ ငိုနေတဲ့ ကျနော့်မိဘနှစ်ပါးနဲ့ သတိလစ်နေတဲ့ ကျနော့်ကိုယ်ခန္ဓာကိုယ်ကို ကျနော် အတိုင်းသား ပြန်မြင်နေခဲ့ရပါတယ်။

ကျနော့်ကို ကောင်းကင်ကနေ ဆွဲခေါ်သွားချိန်မှာ အောက်မှာ ရေပြင်ကြီးကို ဦးစွာ မြင်တွေ့ရပါတယ်။ ချင်းတွင်းမြစ်ရေပြင်ပါ။ ခဏကြာတော့ ဘာကိုမှ မမြင်ရတော့ပဲ ဟင်းလင်းပြင်ကြီးကိုသာ တွေ့မြင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူတို့က ကျနော့်ကို တွန်းချလိုက်ကြပါတယ်။ ကျနော်ပြုတ်ကျသွားချိန်မှာပဲ ဧရာမခွေးကြီးနှစ်ကောင်က ကျနော့်နောက်ကို ပြေးလိုက်လာကြပါတော့တယ်။ ကျနော်ပြေးရင် သူတို့လိုက်တယ်၊ ကျနော်ရပ်ရင် သူတို့ရပ်နေတယ်။ ခွေးကြီးတွေရဲ့ မျက်လုံးတွေဟာ အနီရောင် တလက်လက်တောက်နေပါတယ်။ ကျနော်လည်း ကြောက်အားလန့်အားနဲ့ ပြေးရင်း ဗိမာန်တစ်ခုကို သွားတွေ့ပါတယ်။ အရမ်းလှတဲ့ဗိမာန်ကြီးတစ်ခုပါ။ ဗိမာန်ကြီးထဲကို ဝင်ပြေးမယ်လုပ်တော့ အစောင့်က ပေးမဝင်ပါဘူး။ ဗိမာန်ပိုင်ရှင်ဟာလည်း လူ့ပြည်မှာပဲ ရှိနေသေးတယ်လို့ သိရပါတယ်။


ဒီလိုနဲ့ ပြေးရင်းလွှားရင်းကနေ ငရဲမင်းလို့ ပြောရမလားမသိပါဘူး။ အဝတ်အစားပြိုးပြိုးပြောင်ပြောင်ဝတ်ထားတဲ့ ခန့်ခန့်ငြားငြား လူကြီးတစ်ယောက်ရှေ့ကို ရောက်သွားပါတယ်။ သူ့လက်ထဲမှာ ရွှေရောင်စာအုပ်ကြီးတစ်အုပ်ကိုင်ထားပြီး နာမည်ဘယ်လိုခေါ်သလဲလို့ ကျနော့်ကို လှမ်းမေးပါတယ်။ အောင်နိုင်ဦးပါဆိုတော့ ကျနော့်ကိုခေါ်လာတဲ့သူတွေကို “မင်းတို့လူမှားခေါ်လာတယ်၊ သူ့ကို ပြန်ပို့ပေးလိုက်ပါ၊ ငရဲခန်းတွေကိုလည်း လိုက်ပြပေးလိုက်ဦး” ဆိုပြီး ပြောပါတယ်။ ပြီးတော့ “ မင်းသူငယ်ချင်း အောင်ကျော်ဦးကို ပြောလိုက်ပါ၊ လကွယ်နေ့၊ နေ့လည် မွန်းတည့်ချိန်မှာ သူ့ကို လာခေါ်မယ် လို့ ပြောလိုက်ပါ” ဆိုပြီးမှာပါတယ်။

အဲဒီမှာ ကျနော်ကို ပထမဆုံးလိုက်ပြကြတာက သန်းတုပ်ခဲ့တဲ့သူတွေ ခံစားနေရတဲ့နေရာပါ။ ငရဲခံရသူတွေကို ဧရာမ ကျောက်ပြင်ကြီးပေါ်ကို ပစ်တင်လိုက်ကြပြီးတော့ ဧရာမကျောက်လုံးကြီးတွေနဲ့ လှိမ့်ပြီး ကြိတ်နေကြတာပါ။ အရမ်းကြောက်စရာ ကောင်းပါတယ်။ နောက်တစ်နေရာကတော့ ဒယ်အိုးလို့ ပြောရမလားမသိပါဘူး။ ဒယ်အိုးလို့သာ ပြောရတာပါ၊ ကျနော်မြင်ခဲ့ရတာကတော့ မြစ်ကြီးတစ်မြစ်လိုပါပဲ၊ အခိုးတထောင်းထောင်းထနေတဲ့ သံရည်ပူတွေကြားထဲမှာ လူတွေ အပြည့်ပါပဲ၊ အော်ဟစ်ညည်းတွားပြီး ကူးခပ်နေကြရပါတယ်။ ကမ်းပေါ်တက်လာသူတွေကို ကမ်းထိပ်က စောင့်နေတဲ့ ငရဲထိန်းတွေက လှံနဲ့ထိုးချ၊ တင်းပုတ်တွေနဲ့ရိုက်ချကြတော့ ပြန်ပြီးဆင်းပြေးကြ၊ ပြန်ပြီးကူးခပ်ကြနဲ့ တကယ်ကို ကြောက်စရာကြီးပါ။


နောက်တစ်နေရာကတော့ လူတွေရဲ့ ခြေတွေလက်တွေ ခေါင်းတွေကို ဖြတ်လိုဖြတ်၊ ရင်ကိုခွဲပြီး အူတွေကို ထုတ်လိုထုတ်၊ နားနဲ့မနာ ဖဝါးနဲ့နာပါ၊ အင်္ဂါဇာတ်တွေကို ဖြတ်လိုဖြတ်နဲ့  ပိုပြီးတော့ ကြောက်စရာ ကောင်းပါတယ်၊ သူတို့ဟာ လူ့ဘဝတုန်းက ကာမေသုမိစ္ဆာစာရကံကို ကျူးလွန်ခဲ့သူတွေလို့ သိရပါတယ်။  နောက်တစ်နေရာမှာတော့ ဧရာမမြေပြင်ကျယ်ကြီးမှာ လူတွေဟာ အတုန်းအရုန်းလူးလဲအော်ဟစ် နေကြတာကို တွေ့ရပါတယ်၊ ငရဲထိန်းတွေက ဆူးချွန်တွေတပ်ထားတဲ့ ဧရာမဒလိမ့်တုန်းကြီးတွေနဲ့ သူတို့ကို ကြိတ်ချေနေကြပါတယ်၊ သေသွားလိုက်၊ ပြန်ရှင်လာလိုက်၊ ပြန်ခံရလိုက်နဲ့ တကယ်ကို ကြောက်စရာကြီးပါ။

နောက်တော့ ကျနော့ကို ပြန်ခေါ်လာကြပြီး တွန်းချလိုက်ကြပါတယ်၊ ကျနော်လည်း သတိရလာပြီး အဖေတို့ဆီက ရေတောင်းသောက်ရပါတယ်။ အဲဒီနေ့မှာမှ သတိမရရင် ကျတော့်ကို သင်္ဂြိုလ်ကြတော့မယ်လို့ ဆိုပါတယ်။ အော်.. မေ့လို့၊ ငရဲထိန်းကြီးနှစ်ယောက်က ကျနော့်ကို လာခေါ်ကြတုန်းမှာ အဝတ်ဖြူဝတ် သူတော်စင်ကြီးတစ်ယောက်ကို တွေ့ခဲ့ရပါသေးတယ်။ သူက “ကောင်းကောင်းလိုက်သွားပါ၊ မင့်လက်တွေကို ငါလှုပ်ပေးထားမယ်” လို့ ပြောပါတယ်။ ကျနော် သတိလစ်နေစဉ် ခုနစ်ရက်အတွင်း အသက်လည်းမရှူ၊ နှလုံးလည်း မခုန်ပေမဲ့ ကျနော့်လက်ချောင်းလေးတွေကတော့ ခုနစ်ရက်လုံးလုံး ကွေးလိုက်ဖြန့်လိုက် ဖြစ်နေခဲ့တယ်လို့ ဝိုင်းပြောကြပါတယ်။ ဒါကြောင့်မို့ သေပြီလို့ မဆုံးဖြတ်ရဲတာနဲ့ ခုလို (၇) ရက်တိုင်တိုင် စောင့်ကြည့်နေခဲ့ကြကြောင်း ပြောပြကြပါတယ်။ ကျနော့်အမေကဆို “လက်တွေမညောင်းဘူးလား သားရယ်” လို့တောင် မေးပါသေးတယ်။

ကျနော်လည်း ခုနစ်ရက်တိုင်တိုင် သတိလစ်မေ့မျောနေခဲ့တော့ လေသံသဲ့သဲ့လေးနဲ့ပဲ ပြောနိုင်ပါတော့တယ်။ အောင်ကျော်ဦးနဲ့ လူမှားခေါ်ခံရတာဖြစ်ကြောင်း၊  လကွယ်နေ့ မွန်းတည့်ချိန်မှာ သူ့ကိုလာခေါ်မယ်လို့ မှာလိုက်တဲ့အကြောင်း အမေတို့ကို ပြောပြတော့ အမေတို့က ပြန်မပြောဖို့ ပြောပါတယ်။ မတော်ရင် တရားစွဲခံရနိုင်တယ်လို့လည်း ပြောကြတဲ့အတွက်ရော၊ ကျနော်ကိုယ်တိုင်ကလည်း အားမရှိလို့ ပင်ပန်းနေတဲ့အတွက်ရော၊ အောင်ကျော်ဦးအကြောင်းကို နောက်ထပ် မပြောဖြစ်တော့ပါဘူး။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ပြောလိုက်တဲ့အတိုင်း လကွယ်နေ့၊ မွန်းတည့်ချိန်မှာ အောင်ကျော်ဦးတစ်ယောက် ထမင်းစားနေရင်းကနေ နောက်ပြန်လန်ကျပြီး ဆုံးပါးသွားခဲ့ရှာပါတယ်။ ကျနော့်အဖြစ်အပျက်ကတော့ ဒါပါပဲခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ ငရဲဆိုတာ တကယ်ရှိပါတယ်။ ငရဲဘေးကလွတ်အောင် ကြိုးစားနိုင်ကြပါစေ ခင်ဗျာ..။
------------------------------------------------------------------------

ယောဂီတစ်ဦး။ ။ နေပါဦးညီလေး၊ ညီလေးကို လာခေါ်တဲ့သူတွေက ဘယ်လိုပုံစံတွေလဲ။
အောင်နိုင်ဦး။  ။ အဝတ်အစားတွေ ဝင်းဝင်းဝါဝါနဲ့ ပြောင်ပြောင်လဲ့လဲ့တွေပါ။ လူကောင်ကတော့ အကြီးကြီးတွေပါ။
ယောဂီတစ်ဦး။  ။ ငရဲမှာ ဗိမာန်လှလှကြီး တစ်ခု တွေခဲ့တယ်ဆိုတာကရော ဘယ်လိုဖြစ်မလဲ။
စာရေးသူ။   ။ ထောင်မှူး ထောင်ပိုင်တွေလို၊ ငရဲပြည်မှာ အုပ်ချုပ်ကြီးကြပ်သူတစ်ဦးဦးရဲ့ နေရာဗိမာန် ဖြစ်ပါလိမ့်မယ်။

အောင်နိုင်ဦး။  ။ အရှင်ဘုရား၊ ငရဲပြည်ကိုရောက်သွားတာက တပည့်တော်ရဲ့ဝိဉာဏ်ကရောက်သွားတာလား၊ စိတ်ကထင်မြင်နေတာများလား ဘုရား။
စာရေးသူ။  ။ ဂတိနိမိတ်ထင်တာလို့ ပြောရမှာပါ။ ဒါပေမယ့် ဂတိနိမိတ်ထင်ပြီးမှ ကံအဟုန် မကုန်သေးတဲ့ အတွက် ပြန်ရှင်လာတယ်လို့ ပြောရမှာဖြစ်ပါတယ်။ ပြန်ရှင်လာသူတွေမှာလည်း အချို့က နာရီပိုင်းလောက်၊ အချို့က နှစ်နဲ့ချီပြီး ပြန်ရှင်လာသူတွေရယ်ဆိုပြီး အစားစားရှိနိုင်ပါတယ်။ ဝိဉာဏ်ကောင်၊ အသက်ကောင်၊ လိပ်ပြာကောင်မျိုးရှိပြီး အဲဒီဝိဉာဏ်၊ အသက်၊ လိပ်ပြာက ငရဲကို ရောက်ခဲ့တယ်လို့ မယူရပါဘူး။ ဗုဒ္ဓအဘိဓမ္မာအလိုအရ စိတ်ဟာ သိပ်ကိုဆန်းကြယ်ပြီး အမျိုးမျိုးသော အာရုံကိုယူနိုင်စွမ်း၊ ထင်မြင်နိုင်စွမ်းရှိတယ်လို့ မှတ်ရပါမယ်။

အောင်နိုင်ဦး။  ။ တပည့်တော်လက်တွေကို လှုပ်ပေးနေမယ်လို့ ပြောခဲ့တဲ့သူတော်စင်ကြီးကရော ဘယ်လိုပုဂ္ဂိုလ်မျိုး ဖြစ်နိုင်ပါမလဲဘုရား။
စာရေးသူ ။  ။ ဒကာလေးရဲ့ ကိုယ်စောင့်နတ် ဖြစ်နိုင်ပါတယ်။

(မှတ်ချက်။ ။ မလေးရှားနိုင်ငံ၊ ဂျိုဟိုးဘာရုမြို့၌ ၂၃-၁-၂၀၁၂ နေ့တွင် ဖွင့်လှစ်ခဲ့သော မိုးကုတ်ဝိပဿနာ တရားစခန်းဝင်၊ ယောဂီ ကိုအောင်နိုင်ဦး၏ ပြောပြချက်များနှင့် အမေးအဖြေအချို့ကို အစီအစဉ်ကျအာင် ပြန်လည်ရေးသားမျှဝေခြင်း ဖြစ်ပါသည်။ ငရဲခန်းပန်းချီများမှာ မုံရွာမြို့၊ ရပ်တော်မူဘုရားကြီး၏ အတွင်းနံရံများ၌ရေးဆွဲထားသော ပန်းချီကားများဖြစ်ပါသည်။)

မေတ္တာဖြင့်
အရှင်ဝိသာရဒ (ရမ္မာဝတီ)

9 Mar 2012

မည်းနေတဲ့ တံတောင် ဆစ်ကြောင့် စိတ် မညစ်နဲ့

တံတောင်ဆစ်

ကိုရီးယား ကားတွေ ခေတ်စား လာတာနဲ့ အမျှ ကိုရီးယား ဖက်ရှင် တွေ ကိုရီးယား အလှကုန် တွေ ခေတ်စားလာပြီး ယောကျာ်းလေးတွေ ရော မိန်းကလေးပါ ကိုရီးယားစ တိုင်လ်လေးတွေပြင်ဆင်လာကြပါ တယ်။ ဒီလိုပြင်ဆင်လာကြရာမှာ မျက်နှာလေးကို မိတ်ကပ်ဖွေးနေ အောင်လိမ်းပြီး ဖက်ရှင်ကျအောင် ဝတ်လိုက်ရင် Perfect ဖြစ်သွားပြီ လို့ တော်တော်များများက ထင်နေ ကြတယ်။ ခန္ဓာကိုယ်အသားအရေ ကို ဂရုစိုက်ဖို့မေ့နေကြတယ်။ လူ တော်တော်များများက တံတောင် ဆစ်နဲ့ ဒူးခေါင်းမှာ မည်းညစ်ပြီး အသားအရောင်မညီမညာဖြစ်နေ ကြပါတယ်။ အထူးသဖြင့် စကတ် တိုဝတ်တဲ့မိန်းကလေးတွေနဲ့ ဘောင်းဘီတိုဝတ်တဲ့ယောကျာ်း လေးတွေအတွက်တော့ ပြဿနာ တစ်ရပ်ပဲပေါ့။မျက်နှာမှာ မိတ် ကပ်ဖွေးနေအောင်လိမ်း၊ ဖက်ရှင် ကျအောင်ဝတ်ထားပေမယ့် တံ တောင်ဆစ်နဲ့ ဒူးခေါင်းကမည်းညစ် နေတော့ ကြည့်လို့ကောင်းပါ့မ လား။
တံတောင်ဆစ်၊ ဒူးခေါင်းမည်း ရခြင်းအကြောင်းရင်း
အကြောင်းရင်းကတော့ တံ တောင်ဆစ်နဲ့ဒူးခေါင်းကို အလွန်အ ကျွံအသုံးပြုလို့ဖြစ်ပါတယ်။ စားပွဲခုံ မှာ တံတောင်ဆစ်နဲ့ အကြာကြီး ထောက်ထားတာတို့၊ ဒူးအကြာကြီး ထောက်တာတို့ အဲဒီလို ကိုယ်ရုတ် တရက်သတိမထားမိလိုက်တဲ့အ ကြောင်းလေးတွေကြောင့်ပေါ့။

ဒီတံတောင်ဆစ်၊ ဒူးခေါင်းက အမည်းကွက်တွေပျောက်ကင်းပြီး လှပတဲ့အသားအရေကိုရရှိစေဖို့ အ ခုပြောပြမယ့် ငွေအကုန်အကျသက် သာပြီး တစ်နေ့တစ်ကြိမ်ပုံမှန်သာ လုပ်ပေးသွားဖို့လိုအပ်မယ့်နည်း လမ်းလေးတွေကို စမ်းသပ်ကြည့်ပါ လား။
ကုသမှု(၁)
သံပရာရည်၊ ဆားနဲ့ သကြား ညိုတို့ကိုရောစပ်ပြီး မည်းညစ်နေ တဲ့ တံတောင်နဲ့ဒူးခေါင်းမှာ ငြင်ငြင် သာသာလေးပွတ်ပေးပါ။ သံပရာ ရည်ဟာ သဘာဝချေးချွတ်နိုင်စွမ်း ရှိတဲ့အတွက် အသားအရေကိုကြည် လင်စေပြီး အသားညိုနဲ့ဆားက တော့ အစိုဓာတ်ကိုပြန်လည်ဖြည့် တင်းပေးပါတယ်။ ဆားကလည်း အံဩစရာကောင်းလောက်အောင် အသားအရေကိုသန့်ရှင်းစေတဲ့သ ဘာဝချေးချွတ်ပစ္စည်းဖြစ်ပါတယ်။ သကြားညိုက အရေပြားဆဲလ်အ သေတွေကို ဖယ်ရှားပေးပြီး အသား အရေကိုတောက်ပစေတဲ့အပြင် ခန္ဓာကိုယ်သွေးလည်ပတ်ခြင်းကို လည်းလှုံ့ဆော်ပေးပါတယ်။ သ ကြားရည်က မျက်လုံးတစ်ဝိုက်မှာ ဖြစ်ပေါ်တတ်တဲ့ အရေးအကြောင်း တွေကို လျော့နည်းစေပါတယ်။ ဒီ အဆင့်တွေပြီးသွားတဲ့နောက် အုန်း ဆီအနည်းငယ်ကို တံတောင်နဲ့ဒူး ခေါင်းမှာပွတ်လိမ်းပေးပါ။ အုန်းဆီ က အရေပြားမှာကုန်ခမ်းသွားတဲ့ ဗီ တာမင်တွေကို ပြန်လည်ဖြည့်တင်း ပေးပြီး အရေပြားဆဲလ်တွေကို လှုံ့ ဆော်ပေးပါတယ်။ တစ်ပတ်ကိုနှစ် ကြိမ်လောက် ပုံမှန်လုပ်ပေးနိုင်ပါ တယ်။
ကုသမှု(၂)
အာလူးဖျော်ရည်က သဘာဝ အတိုင်း အမည်းစက်၊ အမည်းကွက် တွေကို သက်သာပျောက်ကင်းစေ နိုင်စွမ်းရှိပါတယ်။ ဈေးနှုန်းသက် သာပြီး နေရာတိုင်းမှာ အလွယ်တ ကူရရှိနိုင်တဲ့ပစ္စည်းဖြစ်ပါတယ်။ အာလူးအရည်ကို မည်းညစ်ခြောက် သွေ့နေတဲ့တံတောင်ဆစ်နဲ့ ဒူး ခေါင်းမှာ ပွတ်လိမ်းပေးခြင်းဖြင့် အ မည်းကွက်တွေကို သက်သာစေပါ တယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ် ပေးမယ်ဆိုရင် သုံးလအတွင်း အ မည်းကွက်တွေကို သိသိသာသာ လျော့နည်းစေနိုင်ပါတယ်။
ကုသမှု(၃)
အလှဆီ (Glycerine) စားပွဲ တင်ဇွန်းတစ်ဝက်၊ နွားနို့နှစ်ဇွန်း၊ န နွင်းမှုန့်စားပွဲတင်ဇွန်းတစ်ဇွန်းရဲ့ လေးပုံတစ်ပုံကို နှံ့အောင်မွှေပြီး တံ တောင်နဲ့ဒူးခေါင်းမှာ နေ့စဉ် မိနစ် (၂၀)ခန့် လိမ်းထားပေးပါ။ ထို့ နောက်ရေဖြင့်ဆေးချပါ။ အမည်း ကွက်တွေကို တဖြည်းဖြည်းပျောက် ကင်းစေပြီး အရေပြားကို နူးညံ့စေ ပါတယ်။
                                                                                            

     ခရစ္စတယ်ဦး

8 Mar 2012

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ်



အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။
ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်​ဖြေ ကြားခဲ့သည်။


ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်​ပေါက်​ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါ​ရောက်​မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာက​တော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်း​တွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။



SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်​ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထား​ခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။

NBC FaceBook

4 Mar 2012

တန်ဖိုး ကျပ် ၂သိန်းအောက် GSM ဖုန်းများ မတ်လ ၅ ရက်နေ့တွင် စတင်ရောင်းချမည်


မတ်လ၅ရက်နေ့မှစတင်ကာတန်ဖိုးနည်းGSMဖုန်းများကို ရောင်းချပေးသွားမှာ ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ သိရသည်။
“လာမယ့် မတ်လ ၅ ရက်နေ့ကစပြီး စတင်ချပေးသွားမှာပါ။ အရေအတွက် ကတော့ကျွန်တော်တို့လည်းအတိအကျမပြောနိုင်သေးပါဘူး”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါဖုန်းများအားကျပ်ငွေတစ်သိန်းရှစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဟု သိရသည်။ ထို့ပြင် မြန်မာတစ်နိုင်ငံလုံးသို့ ဖြန့်ဖြူးရောင်းချ ဖြစ်ကြောင်းနှင့် ဦးစွာ နေပြည်တော်နှင့် ရန်ကုန်တို့တွင် ၅ ရက်နေ့မှ စတင်ကာရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းဖုန်းများကိုOne stopservice ဖြင့်ရောင်းချပေး သွားမည်ဖြစ်ကြောင်းနှင့် တစ်ဆင့်ပြန်လည် ရောင်းချလိုသော ဆိုင်များအနေဖြင့် မြန်မာ့ဆက်သွယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ထားသော ပုဂ္ဂလိကကုမ္မဏီ ၂၃ ခုတွင် ချိန်ဆက်ဝယ်ယူနိုင်ကြောင်း သိရသည်။
“သုံးသိန်းတန်းဖုန်းတွေကို ပြည်သူအများစုက မျှော်နေကြတာကြာပါပြီ။ အခုလို နှစ်သိန်းဝန်းကျင်နဲ့ ချပေးမယ်ဆိုတော့လည်း ဝမ်းသာရပါတယ်။ ဒါပေမယ့် အခြားပုဂ္ဂလိက ကုမ္ပဏီတစ်ခု ကျပ် ၅ ထောင်တည်းနဲ့ ရောင်းချပေးမယ်ဆိုတော့ ပြည်သူတွေမှာ ဇဝေဇဝါနဲ့ ဝယ်ရမလို၊မဝယ်ဘဲထပ်စောင့်ရမလိုဖြစ်နေကြပါတယ်”ဟု အသေးစားစက်မှုလုပ်ငန်း ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းထိုက်က ပြောသည်။
အဆိုပါ ဂျီအက်စ်အမ်ဖုန်းများ၏ နံပါတ်ကို၀၉-၄၂နံပါတ်မျာဖြင့်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဖုန်းများကို စတင်ရောင်းချပေးသည့်အချိန်မှ ခြောက်လအတွင်း MMS (Multiamedia Serfvice) စနစ်ကိုအသုံးပြုနိုင်အောင်စီစဉ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
GSM ဖုန်းပြောဆိုခမှာ ယခင်နှုန်းထား အတိုင်း တစ်မိနစ် ကျပ် ၅၀ နှုန်း ဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်မည့် ဧရိယာအတွင်း အဆိုပါ GSM ဖုန်းနှင့် တွဲဖက်၍ အင်တာနက် ဝင်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ အင်တာနက် အသုံးပြုရန်အတွက် ထပ်မံ လျှောက်ထားပါက ကျပ် ၁၀၀၀၀ ကျသင့်မည်ဖြစ်ပြီး အသုံးပြုခမှာ တစ်မိနစ်လျှင် လေးကျပ်နှုန်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံနှင့်သတင်း-မြစ်မခမီဒီယာဂရု

19 Feb 2012

မလေးရှား 6P စီမံချက် သတင်းများ ( မလေးရှားရောက်မြန်မာအားလုံးဖတ်ပါရန် )


 မင်္ဂလာပါ
မလေးရှားမှ ဧဒင်အဖွဲ့ဝင်များသို့ 6P သတင်းများမတင်ပေးခဲ့တာ အတော်ကြာခဲ့ပါပြီ။ အကြောင်းက ကျွန်တော်ကိုယ်တိုင် ဒီစီမံချက်မှာ  စက်တင်ဘာလကုန်အထိ ပါဝင်ကူညီပေးခဲ့ပါတယ် ။ 10 လပိုင်းမှစပြီး ကျွန်တော့် အလုပ်ဝတ္တရားများကြောင့် 6P သာမကဧဒင်ဥယျာဉ်မှပါ 4 လတိတိ ကျွန်တော် အနားယူထားခဲ့ရပါတယ် ။ ကျွန်တော့်ကိုယ်ပိုင် အလုပ်ကြောင့်  6P သတင်းများသာမက ဧဒင်ဥယျာဉ်ကိုပါ စိတ်ချလက်ချ လက်လျှော့ ခဲ့ရတာ ယနေ့မှသာ ဧဒင်ကိုရောက်ဖြစ်ပါတယ်ခင်ဗျာ ။
ဆက်လက်ပြီး ကျွန်တော် ရေးသားမယ့် မလေးရှား အိုဗာစတေးသမားများအတွက် ပြုလုပ်ထားတဲ့ 6P စီမံချက်သတင်းများကိုသေချာဖတ်ရှု့ရင်းဆောင်ရန်ရှောင်ရန်များကို ဆုံးဖြတ်နိုင်ဖို့ ရေးသားပေးပါတယ် ။
ယနေ့ အားလုံးသိတဲ့ 16.2.2012 မှာ 6P စီမံချက်ရဲ့ ဒုတိယ  အဆင့်ဖြစ်တဲ့
Legalization - ပါမစ်ပြန်လည်ထုတ်ပေးပြီး တရားဝင်ဆက်လက်နေထိုင်ခွင့်လုပ်ကိုင်ခွင့်နဲ့
Amnesty - ပစ်ဒဏ်အားလုံးလွတ်ငြိမ်ပြီး တရားဝင်ပြန်လည်ထွက်ခွာခွင့်
ဆိုတဲ့ အဆင့် 2 ဆင့်ပြီးဆုံးပြီလို့ အများပြောနေတာတွေ ရှိပါသည် ။အမှန်လည်း ပထမပိုင်း Metro သတင်းစာ Thr Star သတင်းစာတွေမှာ 16.2.2012 မှာ တရားမဝင်ဆက်လက်ရှိနေတဲ့ အိုဗာစတေး နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးခြင်းဆိုတဲ့  Enforcement Operation ( အဆင့် ၅ ) စတင်ပြီလို့ တရားဝင်ကြော်ငြာသွားခဲ့တာ အမှန်ဖြစ်ပါတယ် ။
သို့သော် 15.2.2012 မနက် 9 နာရီခန့်မှာပဲ လက်ဗွေနှိပ်ထားတဲ့ အိုဗာစတေး အလုပ်သမားများ အလုပ်ရှင်နှင့်အတူ ဆက်လက် မှတ်ပုံတင်သွားရန် အချိန်ကို 10.4.2012 (မြန်မာသင်္ကြန်မတိုင်မီ) အထိတိုးမြှင့်လိုက်ကြောင်း မလေးရှားတစ်နိုင်ငံလုံးရှိလူဝင်မှု့ ကြီးကြပ်ရေး ဌာနများမှာ တရားဝင်ထုတ်ပြန်သွားခဲ့ပါတယ် ။ လုပ်ငန်းရှင်သူဌေးမရှိသူများ (သို့) Tiada Majakan ဖြင့်စာရွက်သာရှိနေသူများ မိမိတို့လက်ရှိလုပ်နေသော လုပ်ငန်းရှင်သူဌေးများဖြင့် ညှိနှိုင်းပြီး အမြန်ဆုံးမှတ်ပုံတင်သွားရန် အကြံပေးရပါသည် ။
ယခု 6P စီမံချက်မှာ ပါဝင်ဆောင်ရွက်ထားတဲ့ မြန်မာ အလုပ်သမားများသိရန်မှာ 6P စီမံချက်ရဲ့ Enforcement အဆင့် (5) မဆောင်ရွက်မီအဆင့် 3 နှင့် 4 ဖြစ်တဲ့ ( Monitoring & Supervision ) အဆင့်များကို ဆောင်ရွက်နေပြီး ယနေ့အထိ တရားမဝင်စာရင်းသွင်းခံရသော အလုပ်သမား 12,287 ယောက်နှင့် အလုပ်ရှင် 39 ဦးကို ဖမ်းဆီးထားပြီးပြီဖြစ်ပါတယ် ။ ယနေ့အထိ တရားဝင်ပြုလုပ်သွားတဲ့ ဖမ်းဆီးမှု့များမှာအကြိမ် 540 ရှိခဲ့ပြီး နိုင်ငံလုံးဆိုင်ရာစီမံချက်ကိုတော့ လာမယ့် ဧပရယ်လ 10 ရက်နောက်ပိုင်းမှာ ဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးပါတယ်
မြန်မာ အလုပ်သမားများအတွက် ယခု အချိန်သည် ငွေကြေး ၊ အလုပ်ရှင်နှင့် အေးဂျင့် များကို အထူးဂရုစိုက်ရန်လိုသည့်အချိန်ဖြစ်ပါတယ်။ အချို့သော အလုပ်သမားတော်တော်များများ ကိုယ်ပိုင်အလုပ်ရှင်ဖြင့် 6P တွင် ဝင်ရောက်လက်ဗွေနှိပ်ထားပြီး ယခု အခါမှ အလုပ်ရှင်နှင့်အဆင်မပြေပဲ သူဌေးပြောင်းမည်ဆိုပါက အခက်ခဲရှိနိုင်မည်ဖြစ်ပါတယ် ။ ကျွန်တော် ယနေ့အထိ ကြုံတွေ့ခဲ့ရတာက ထိုသို့သော သူအတော်များများ ရှိကြောင်းတွေ့ရပြီး အကြပ်ရိုက်နေတာကို သိရှိပါတယ် ။
ထိုသို့ဖြစ်ပါက ပထမ အလုပ်ရှင်ထံမှ ထွက်စာရရှိရန် လိုအပ်ပါတယ် ထိုမှသာ နောက်လုပ်ငန်ရှင်သူဌေး ကုမဏီ (သို့) လိုင်စင်ဖြင့် ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သိရန်လိုအပ်ပါသည်  ။ တစ်ချို့သော အလုပ်ရှင်များမှာ ကြောက်ရွဲ့ပြီး (သို့) ညစ်ပြီး အလုပ်ထွက်စာ မပေးသူများအဖို့ KL ၊ ပီနန်း ၊ Butter Worth ၊ Ipoh ၊ Johour စသဖြင့်နီးစပ်ရာ ဝန်ဆောင်မှု့ပေးသော မြန်မာ အေဂျင်စီများထံတွင် အမြန်သွားရောက်တိုင်ပင်ဆောင်ရွက်ထားရန် လိုအပ်ပါတယ် ။ မဟုတ်ပါက ယခု  စီမံချက်များ ဖြင့် တိုးပြီး အမေးမြန်းမရှိ ခေါ်ဆောင်စစ်ဆေးခံရပါက အလုပ်ရှင်မှ တာဝန်မယူလျှင် ဖမ်းဆီးခံရမည်ဖြစ်ပါတယ်ခင်ဗျာ ။ ထိုအချက်ကို သတိထားရန် အလွန်အရေးကြီးပါတယ် ။
ထပ်မံပြီး ပထမဦးဆုံး လက်ဗွေနှိပ်ကတည်းက Tiada Majikan ( သူဌေးမရှိ ) ဖြစ်နေပါက မိမိယုံကြည်စိတ်ချသော သူဌေးတစ်ယောက်ယောက် ဖြင့် အမြန်ဆုံး သွားရောက် မှတ်ပုံတင်ရန်လိုပါသည် ၊ သူဌေးမရှိပါကလည်း အေးဂျင်းများဖြင့်တိုင်ပင်ဆောင်ရွက်ထားရန် လိုအပ်ပါသည် ။ ထိုသို့မှတ်ပုံတင်မထားပါကယခု ဖမ်းဆီးနေသာ စီမံချက် ( Operacy ) များတွင်  ထိန်းသိမ်းခံရပါလိမ့်မည် ။
နောက်တစ်ချက် မြန်မာ တော်တော်များများ ပတ်စပို့စာအုပ်ရမှသာ ပါမစ်လျှောက်ရမည်ဟု အထင်လွဲမှားနေတာမျိုးတွေ့ရပါတယ် ။ အမှန်က ပတ်စပို့စာအုပ်မရှိသေးသော်ငြားလည်း 6P တွင်လက်ဗွေ နှိပ်ထားသော စာရွက်ဖြင့်မှတ်ပုံတင်နိုင်ပြီး နေထိုင်ခွင့်သက်တမ်းတိုးထားနိုင်ပါတယ် ။ စာအုပ် (သို့) ယာယီပတ်စပို့စာရွက် ရှိနေစေကာမူ မှတ်ပုံတင်ထားခြင်းမရှိပါက ဖမ်းဆီးခံမည်ဖြစ်ကြောင်း အထူးသတိပြုရန်လိုအပ်ပါတယ် ။ ယနေ့ အရေးကြီးသော လုပ်ဆောင်ရန်မှာ မိမိ ဆောင်ရွက်ထားသော အေးဂျင်စီ ၊ (သို့) သူဌေး စသဖြင့် ဆောင်ရွက်ထားသော နေရာများတွင် မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးရန်အထူးအရေးကြီးပါတယ် ။ ထိုသို့မှတ်ပုံတင်ပြီးပါက မလေးရှား လူဝင်မှု့ကြီးကြပ်ရေးဌာနမှ ဆက်လက်ထုတ်ပေးသော ID ခေါ် လျှောက်ထားဆဲဖြစ်ကြောင်း မှတ်တမ်းစာရွက် ရရှိမည်ဖြစ်ပါသည် ။ ထိုစာရွက်မှာ အရေးကြီးပါသည် ။
ယနေ့ အားလုံး စိုးရိမ်နေသာ နိုင်ငံလုံးဆိုင်ရာ အထူုးစီမံချက် မှာ ဧပရယ် လ 10 ရက်နောက်ပိုင်းမှ လာမည်ဖြစ်ပါသည် ။သို့သော် ကျွန်တော် ရေးသားထားသလို ကြားတွင် စီစစ်ကြီးကြပ်ခြင်း ၊ ရှာဖွေဖမ်းဆီးခြင်းများ ဆောင်ရွက်နေတာကြောင့် ကြားညှပ်ပါမသွားစေရန်  မိမိတို့သူဌေး ၊ အေးဂျင်စီများဖြင့် တိုင်ပင်ဆောင်ရွက်ထားသင့်ကြောင်း အသိပေးပါတယ် ခင်ဗျာ ။
ကျွန်တော် ကူညီပေးခဲ့သော 6P စီမံချက်အတွက် ဧဒင်ဥယျာဉ်မှ အဖွဲ့သားများသိရန် ပြောလိုသည်မှာ ။ ကျွန်တော်ယနေ့အထိ ယခုစီမံချက်အတွက် ဆောင်ရွက်ခဲ့သမျှအားလုံး သည် လစာ ၊ ဝန်ဆောင်ခ ၊ စသဖြင့် ငွေကြေး မယူခဲ့သလို ကျွန်တော် အဖွဲ့သားများယုံကြည်မှု့ဖြင့်ဆောင်ရွက်ထားခဲ့သမျှ အတွက် ဧဒင်ဥယျာဉ်မှ အကျိုးအမြတ်လုံးဝယူမသွားခဲ့ပါ ။
ထို့အတူ ကျွန်တော် အလုပ်ကိစ္စ ၊ ဝတ္တရားများကြောင့် ဆက်လက်မလုပ်ကိုင်နိုင်တော့ပေမယ့် ၊ ယခင်အစမှ ယနေ့တိုင် အားလုံး စနစ်တကျ ဆက်လက်လည်ပတ်နေကြောင်းသိရပြီး စိတ်ပူရန်မလိုကြောင်းအသိပေးပါတယ်ခင်ဗျာ ။
ဆက်လက်ပြီး မလေးရှားသတင်းများ ၊ အလုပ်သမားများအတွက် မှန်ကန်သော လမ်းညွှန်မှု့များရရှိရန် ကျွန်တော်တို့ တရားဝင်ခွင့်ပြုချက်ရထားသော မလေးရှားကုမ္မဏီများ ၊ လဝက ဝန်ထမ်းများထံမှ စုံစမ်းရရှိသလောက် ဆက်လက် တင်ဆက်ပေးသွားပါမည် ။
6P စီမံချက်လက်ဗွေ နှိပ်နေသော ကာလအတွင်း ကျွန်တော့်အားဝေဖန်ထားသော သူအားလုံးသိရန်မှာ ဧဒင်ဥယျာဉ်မှ ကျွန်တော်သာမက အဖွဲ့ဝင်တစ်ချို့ ပါဝင်ဆောင်ရွက်ပေးခဲ့မှု့များသည် ငွေကြေးအတွက် မဟုတ်ခဲ့ကြောင်း ယနေ့ မည်သူမဆိုစုံစမ်းနိုင်သည် ။  ကျွန်တော်ဆောင်ရွက်ပေးခဲ့မှု့များအတွက် တာဝန်အပြည့်ယူသည် ။ ယနေ့အထိ မည်သည့် ဝန်ဆောင်ခ အခကြေးငွေမှ ကျွန်တော် မယူသွားခဲ့ပါ ။
လေးစားလျှက်
KOMYO (ဥယျာဉ်မှူး)
014 3414 613
www.edinooyin.com
ခက်ခဲနေသော မည်သည့်အလုပ်သမားများမဆို ကျွန်တော့်ထံမေးမြန်း အကူညီတောင်ယူနိုင်ပြီး ၊ မည်သည့်လုပ်ငန်းရှင်မဆို  မိမိတို့လက်ဝယ်ရှိ မှန်ကန်သော အခွင့်လမ်းများဖြင့် မြန်မာ အိုဗာစတေးသမားများကို ဧဒင်ဥယျာဉ်တွင်ကူညီနိုင်သည်

10 Feb 2012

Android အသုံးပြုသူငါးသန်းခန့်သည် အန္တရာယ်ရှိသည့် app များကို download ပြုလုပ်နေဟုဆို





Android Market တွင်ရရှိနိုင်သည့် app 13 ခု၌ Android.Counterclank ဟုခေါ်သော Trojan horse ဗိုင်းရပ်စ်တစ်မျိုးကိုတွေ့ရှိရကြောင်း လုံခြုံရေးကုမ္ပဏီတစ်ခုက သတိပေးပြောကြားခဲ့သည်။ အဆိုပါ malware သည် မိုဘိုင်းဖုန်းများမှ အရေးကြီးသည့်အချက်အလက်များကို စုဆောင်းရယူနိုင်ပြီး

ယင်း malware ကို Android အသုံးပြုသူတစ်သန်းမှ ငါးသန်းခန့်အထိက ရင်ဆိုင်နေရပြီဖြစ်ကြောင်း Symantec ၏ အဆိုအရသိရသည်။ ၎င်း malware သည် ယခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများတွင် အကြီးမားဆုံးဖြစ်ပြီး တချို့သော app များကို Android Market ၏စာရင်းမှ ဖယ်ရှားပေးခဲ့ပြီးဖြစ်ကာ အကယ်၍ Android အသုံးပြုသူများအနေဖြင့် အန္တရာယ်ရှိသော app များကို download ပြုလုပ်ထားမိပါက အလျင်အမြန်ပြန်လည် uninstall ပြုလုပ်သင့်ကြောင်း သတိပေးထားသည်။ အဆိုပါ app 13 ခုမှာ iApps7 Inc ၏ CounterElite Force, Counter Strike Ground Force, Counter Strike Hit Enemy, Heart Live Wallpaper, Hit Counter Terrorist, Stripper Touch girl, Orge Games ၏ Balloon Game, Deal Or Be Millionaire, Wild Man, redmicapps ၏ Pretty Women lingerie puzzle, Sexy Girls Photo Game, Sexy Girls Puzzle နှင့် Sexy Women Puzzle တို့ဖြစ်ကြသည်။ ၂၀၁၂ နှစ်ဆန်းပိုင်းမှစတင်၍ Android malware များ၏အန္တရာယ်မှာ မြင့်တက်လာခဲ့ပြီး အသုံးပြုသူများအနေဖြင့် နာမည်ဂုဏ်သတင်းကောင်းရှိသည့် publisher များ၏ app များကိုသာ ရွေးချယ်ပြီး download ပြုလုပ်သင့်ကြောင်းသိရသည်။

Ref:http://www.myanmarinternetjournal.com

အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်ဆိုနိုင်ပြီ





ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်ကပြောသည်။ Y Talk အမည်ရှိ အဆိုပါအင်တာနက်ဖုန်းဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး

ပြည်တွင်း၌အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများဖြစ်သည့် Skype , Pfingo နှင့် တခြားသောအင်တာနက်ဖုန်းဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။ “ဈေးက အရမ်းသက်သာ တယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ်အများဆုံး ၃၅၀ ကျပ်ပဲကျမှာပါ။ နိုင်ငံအလိုက်တော့ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်ကဆိုသည်။ အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင်ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန်လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက်ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမှု ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ကြိုတင်ငွေဖြည့်ကတ်များကို FEC 10 တန်၊ FEC 30 တန်နှင့် FEC 50 တန်ဟူ၍ သုံးမျိုးသတ်မှတ်ရောင်းချသွားမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်ကတ်များကို အင်တာနက်ဆိုင်များနှင့် တခြားသော ဈေးဝယ်စင်တာများ၌ ဝယ်ယူရရှိနိုင်စေရန် ဆောင်ရွက်ပေးသွားမည်ဟု ဦးအောင်စံမြတ်ကပြောသည်။ http://voip.yatanarpon.com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့်အစီအစဉ်ကို လက်ရှိကာလ၌ ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်းနှေးကွေးနေသော်လည်း Y Talk ၏ အင်တာနက်ဖုန်းခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးကပြောသည်။ “ကျွန်တော်တို့အနေနဲ့က PAC (အများပြည်သူသုံးအင်တာနက်ဆိုင်) လိုင်စင်ရှိတဲ့ဆိုင် အကုန်လုံးမှာလိုက်ပြီးတော့ ဆော့ဖ်ဝဲလ်ထဲသွင်းပေးဖို့ အစီအစဉ်ရှိပါတယ်။ PAC က ရန်ကုန်မှာဆိုရင် ၃၀၀ ကျော်လောက်ရှိပြီး တစ်နိုင်ငံလုံးမှာဆိုရင် ၇၀၀ ဝန်းကျင်လောက်အထိကို ရှိပါတယ်” ဟု ဦးအောင်သန်းစိုးကဆိုသည်။
 
Ref:  http://www.myanmarinternetjournal.com

1 Feb 2012

Mobile Phone နှင့်ကျန်းမာရေး အန္တရာယ်


Mobile Phone နှင့်ကျန်းမာရေး အန္တရာယ် (မျှဝေပေးကြပါ )
Image

မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ ဓါတ်ရောင်ခြည် Radiation တွေက လူတွေရဲ့ ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်စေမှုရှိတယ်ဆိုတာဟာ လတ်တလော စိတ်ဝင်စားမှုအကောင်း ဆုံးနဲ့ လေ့လာစမ်း သပ်မှုတွေပြု လုပ်နေကြတဲ့အရာတစ်ခုဖြစ်ပါတယ် ။ ဘာကြောင့်လည်းဆိုတော့ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မိုဘိုင်းဖုန်း အသုံးပြုမှုဟာ တကမ္ဘာလုံး ( ၂၀၀၉ ခုနှစ် ဂျွန်လအထိဆိုရင် 4.3 billion တောင်ရှိပါတယ် ) များပြားလာတဲ့အတွက်ဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းတွေဟာ သေးငယ်တဲ့ လှိုင်းနှုန်း Microwave မှာ Electromagnetic radiation တွေကို အသုံးပြုပါတယ် ။ တခြား ၀ါယာ လက် စနစ်တွေဖြစ်တဲ့ Data Communication networks တွေမှာလည်း ဒီလိုအလားတူ radiation တွေကို အသုံးပြုကြပါတယ် ။

WHO လို့ခေါ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက မိုဘိုင်းဖုန်း ကထွက်တဲ့ ဓါတ်ရောင်ခြည်ကို IARC scale ပေါ် မူတည်ပြီးတော့ Group 2B ( ကင်ဆာဖြစ်နိုင်ခြေရှိသော ) အဆင့်လို့ သတ်မှတ်ထားပါတယ် ။ ဘာကိုဆိုလိုသ လဲဆိုတော့ ကင်ဆာဖြစ်နိုင်ချေရှိခြင်း Carcinogenicity ဟာ မိုဘိုင်းဖုန်းတွေကို အချိန်ကြာမြင့်စွာ အသုံးပြုခြင်း နဲ့များများ အသုံးပြုခြင်းတို့ဟာ ကင်ဆာ နဲ့ဆက်နွယ်မှုရှိနေတယ်ဆိုတာပါပဲ ။ ဒါကြောင့်အချို့သော နိုင်ငံတွေမှာ ဓါတ်ရောင်ခြည် အကြံပေးအဖွဲ့တွေက မြို့နေလူထုထဲမှာ ဒီအန္တရာယ်ကိုလျော့ချဖို့အတွက် precautionary approach လို့ခေါ်တဲ့ မဖြစ်ခင်ကြိုတင်ကာကွယ်သတိထားနည်းလမ်းကို စတင်ကျင့်သုံးနေကြပြီဖြစ်ပါတယ် ။

Image

များစွာသော လေ့လာစမ်းသပ်မှုတွေကနေပြီး မိုဘိုင်းဖုန်းတွေရဲ့ ဓါတ်ရောင်ခြည်တွေကနေ ကျန်းမာရေးကို ဘယ်လိုဆိုးကျိုးတွေ ရှိသလဲဆိုတာ လေ့လာစမ်းသပ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ ဒီလိုလေ့လာစမ်း သပ်မှုတွေ ကို လည်း များစွာသော သိပ္ပံဆိုင်ရာ ကော်မတီတွေကနေပြီး ဖြစ်နိုင်ခြေရှိမှုအကုန်လုံး ကို ပြန် လည်လေ့ လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ကြပါတယ် ။ လတ်တလော accessment တစ်ခုကတော့ ၂၀၀၇ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ European Commission Scientific Committee on Emerging and Newly Identified Health Risks ( SCENIHR ) ပဲဖြစ်ပါတယ် ။ မိုဘိုင်းဖုန်းကနေထုတ်လွှတ်လိုက်တဲ့ ရေဒီယို လှိုင်းတွေရဲ့ တချို့ကို လူတွေရဲ့ဦးခေါင်းကနေ စုပ်ယူပါတယ် ။ ရေဒီယိုဝေ့ဖ်တွေဟာ GSM ဟမ်းဆက်မှာဆိုရင် peak power - 2 watt ရှိပြီး US analogue phone တွေမှာတော့အမြင့်ဆုံး ထုတ်လွှတ်တဲ့ စွမ်းအင်ဟာ 3.6 watt တောင် ရှိပါတယ် ။ တခြား မိုဘိုင်းနည်းပညာတွေဖြစ်တဲ့ CDMA2000 နဲ့ D-AMPS တွေကတော့ ဒီထက်ပိုနည်းတဲ့ စွမ်းအင်ကို အသုံးပြုကြပြီး 1 watt အောက်မှာပဲရှိပါတယ် ။ အမြင့်ဆုံးဘယ်လောက်ထိ စွမ်းအင်ထုတ်သလဲဆိုတာကတော့ တိုင်းပြည်တစ်ပြည်မှာသုံးစွဲနေတဲ့ mobile phone standard အပေါ်မူတည်နေပါတယ် ။ USA မှာဆိုရင်တော့ FCC လို့ခေါ်တဲ့ Federal Communications Commission ကနေပြီး SAR သတ်မှတ်မှုကို 1.6 W/kg လို့ သတ် မှတ်ထားပြီး ဦးခေါင်းထဲက တစ်ရှူးတွေထဲမှာ ပျမ်းမျှ တစ်ရှူး ၁ ဂရမ်ကို လွှမ်းမိုး သက်ရောက်မှုရှိစေပါတယ် ။

SAR ဆိုတာကတော့ Specific Absorption Rate ဖြစ်ပြီး လူခန္ဓာကိုယ်ကနေ ဓါတ်ရောင်ခြည်ကို ဘယ်လောက် ထိ စုပ်ယူသလဲဆိုတာကို တိုင်းတာတဲ့စနစ်တစ်ခုဖြစ်ပါတယ် ။ ဥရောပရဲ့ FCC ကနေ သတ်မှတ်မှုကတော့ 2 W/kg ဖြစ်ပြီး တစ်ရှူးတွေရဲ့ ၁၀ ဂရမ်ကို လွှမ်းမိုးမှုရှိပါတယ် ။

အပူချိန်ပြောင်းလဲမှု ( Thermal Effects)
Image
မိုကခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေရဲ့ ကောင်းကောင်းနားလည်နိုင်တဲ့အချက်ကတော့ dielectric heating ဖြစ်ပြီး Dielectirc material တွေဖြစ်တဲ့ သက်ရှိတစ်ရှူးတွေဟာ Electromagnetic field ထဲမှာဆိုရင် Polar molecules တွေ လည့်ပတ်နေခြင်းကြောင့် အပူပေးခြင်းခံနေရပါတယ် ။ ဆဲလ်ဖုန်းတစ်လုံးကိုသုံးနေတဲ့ လူတစ်ယောက် မှာဆိုရင် ဒီလို heating effect ကို ဦးခေါင်းရဲ့မျက်နှာပြင်မှာ တွေ့နိုင်ပြီး အပူချိန် တက်လာခြင်းကို ဖြစ်စေပါတယ် ။ ဦးနောက်ထဲမှာရှိတဲ့ သွေးလည်ပတ်မှုစနစ်ဟာ local blood flow များလာ တာကြောင့် မလိုလားအပ်ပဲ အပူချိန်မြင့်မားလာခြင်းနဲ့ ရင်ဆိုင်နေရပါတယ် ။

Blood Brain Barrier Effects

Lund Univerisity မှ ဆွီဒင်လေ့လာသူများဖြစ်တဲ့ Salford, Brun, Persson , Edberhardt နဲ့ Malmgren ဆိုသူတို့က ကြွက်တွေရဲ့ ဦးနှောက်ထဲမှာ ဒီ မိုက်ခရိုဝေ့ဖ် ဓါတ်ရောင်ခြည်တွေကိုလေ့လာမှုပြုလုပ်ခဲ့ကြပါတယ် ။ အဲဒီအခါ Blood - brain barrier ( ဦးနှောက်နှင့် သွေး ကြားသယ်ယူပို့ဆောင်ပေးသူ ) တွေကနေတဆင့် စိမ့်ဝင်ပျံ့နှံ့ပြီး albumin လို့ခေါ်တဲ့ ပရိုတိန်းဓါတ်တွေ ထွက်ရှိနေခြင်း (Leakage) ကို ရှာတွေ့ခဲ့ကြပါတယ် ။ ဒါကို ထပ်မံသက်သေပြဖို့အတွက် Allan Frey, Oscar and Hawkins ,Albert နဲ့ Kerns ဆိုသူတို့က Blood Brain Barrier ကို စမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။

မိုဘိုင်းဖုန်းနှင့် ကင်ဆာရောဂါ

၂၀၀၆ ခုနှစ်တုန်းက မိုဘိုင်းဖုန်းနဲ့ ကင်ဆာရောဂါရဲ့ ဆက်နွယ်မှုကို သက်သေပြဖို့အတွက် Danish Study ဆိုပြီးစမ်းသပ်လုပ်ဆောင်ခဲ့ကြပါတယ် ။ တခြား လေ့လာမှုတွေကတော့ 13 nation INTERPHONE Project လို့အမည်တွင်ပြီး မိုဘိုင်းဖုန်းနဲ့ ဦးနှောက်ကျူမာတွေရဲ့ ဆက်သွယ်မှုကိုလေ့လာခဲ့ကြပါတယ် ။ မိုဘိုင်းဖုန်း ဆက်သွယ်မှု ကြာမြင့်လာချိန်နဲ့ မိုဘိုင်းဖုန်း အမျိုးအစားတွေပြောင်းလဲလာမှုကြောင့် လူငယ်လူရွယ်တွေမှာ မိုဘိုင်းဖုန်းအသုံးပြုမှုနဲ့ ဦးနှောက်ကင်ဆာရဲ့ဆိုးကျိုးတွေကို ထပ်မံလေ့လာကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ် ။

Genetoxic effects

2008 ခုနှစ် Meta-analysis က ဘာကိုဖော်ပြထားသလဲဆိုရင် အချို့သောအခြေအနေတွေမှာဆိုရင် RF Radiation တွေဟာ genotoxic ( မျိုးဗီဇ အဆိပ်အတောက်ဖြစ်စေခြင်း ) ကိုတွေ့ရပါတယ်တဲ့ ။ ၂၀၀၉ ခုနှစ်မှာပြု လုပ်ခဲ့တဲ့ Meta-study မှာဆိုရင်လည်း ၁၀၁ ယောက်စမ်းသပ်ခဲ့ရာမှာ ၄၂ ယောက်က ပုံမှန်ဖြစ်ပြီး ၄၉ ယောက် မှာ Genotoxic effect ရှိတာကိုတွေ့ခဲ့ရပါတယ် ။ ဒါကြောင့် RF- EMF ( Electormagnetic fields) တွေဟာ မျိုဗီဇ genetic material တွေကို နည်းလမ်းတစ်ခုထက်ပိုပြီး ပြောင်းလဲစေနိုင်တယ်ဆိုတာကို သက်သေတွေရှိနေပါပြီလို့ လေ့လာစမ်းသပ်သူတွေက ပြောခဲ့ကြပါတယ် ။ ၁၉၉၅ ခုနှစ်မှာလည်း Jounal Bioelectomagnetics မှာ Henry Lai နဲ့ Narenda P.Singh တို့ဖော်ပြခဲ့တာကတော့ U.S government standard အတိုင်း အန္တရာယ်ကင်းအဆင့်လို့သတ်မှတ်ထားတဲ့ microwave radiation ကို ၂ နာရီကြာ ထိတွေ့ပြီးတဲ့အခါ DNA ပျက်ဆီးသွားတာကို တွေ့ခဲ့ရခြင်းဖြစ်ပါတယ်တဲ့ ။ ဒီလိုအလားတူ DNA ကို ထိခိုက် မှုရှိကြောင်းကိုလည်း ဥရောပဖက်မှာလည်း သက်သေပြမှုတွေ စမ်းသပ်မှုတွေများစွာပြုလုပ်ခဲ့ကြပါတယ် ။ ၂၀၀၉ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ သြစတေးလျ လေ့လာစမ်းသပ်မှုမှာတော့ လူရဲ့ သုတ်ကောင် Spermatozoa ကို radio-frequency 1.8 GHz နဲ့ Specific absorption rate SAR 0.4 to 27.5 W/kg အတွင်း စမ်းသပ်စေခဲ့ပါတယ် ။

အဖြေကတော့ သုတ်ကောင်တွေရဲ့ လှုပ်ရှားမှု နှုန်း Motality နဲ့ ရှင်သန်မှုနှုန်း Vitality ကို လျော့ ကျစေတာတွေ့ခဲ့ရပြီး Oxidative stress ကိုများစေတာလည်းတွေ့ခဲ့ရတယ် ။ ဒါကြောင့်အမျိုးသားတွေ အနေနဲ့ ဖုန်းကို မျိုးအဂါင်္နဲ့ နီးတဲ့ ခါးစပ်တွေနဲ့ ဘောင်းဘီ အိပ်ကပ်တွေထဲမထည့်ထားဖို့ အင်တာနက်စာမျက်နှာတွေမှာ ထွက်ပေါ် လာရခြင်းဖြစ်ပါတယ် ။ ပြီးတော့ 8-Oxo-2'-deoxyguanosiene markers တွေများလာပြီး ဒီအန်အေ ပိုင်းပြတ် မှုနှုန်း DNA fragmentation များလာတာကိုတွေ့ခဲ့ရပါသတဲ့ ။ မိုဘိုင်းဖုန်းနဲ့ ဆက်နွယ်နေ တဲ့အန္တရယ်တွေ ကို မီးမောင်းထိုးပြယုံပါပဲ ။

အကြံပေးချက်များ

၂၀၁၁ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေ ပြုလုပ်ထားတဲ့ WHO International Agancy for Research on Cancer မှာ ကြေငြာထားတာကတော့ မိုဘိုင်းဖုန်းတွေကနေထွက်တဲ့ EMF ( Electromagnetic fields ) တွေနဲ့ တခြားအရာတွေက လူတွေကို ကင်ဆာဖြစ်နိုင်ခြေ "possibly carcinogenic to humans" ရှိတယ် လို့ ဖော်ပြထားပါတယ် ။ ပြီးတော့ အကြံပေးချက်တချို့ကိုလည်းရေးသားထားပါသေးတယ်

- ဦးခေါင်းပိုင်းကို ဓါတ်ရောင်ခြည်တိုက်ရိုက်မသက်ရောက်အောင်လို့ Hands-free သုံးစွဲပါ ။
- ခန္ဓာကိုယ်ကနေ တတ်နိုင်သမျှ ဖုန်းကို ဝေးဝေးမှာထားပါ ။
- ပြင်ပ အင်တာနာ မပါပဲနဲ့ကားထဲမှာ တယ်လီဖုန်းအသုံးမပြုပါနဲ့ ။

ကဲ ဒီလောက်ဆိုရင်တော့ မိုဘုန်းဖုန်းကနေထွက်တဲ့ EMF နဲ့ Micro wave တွေရဲ့ အန္တရာယ်ကို ရှင်းရှင်းလင်း လင်းသိကြပြီလို့ထင်ပါတယ် ။ အားလုံးပဲ နီးစပ်ရာကို မျှဝေပေးကြပါ ။ တတ်နိုင်သမျှ ကာကွယ်တဲ့ နည်း လမ်းတွေနဲ့ အန္တရာယ်တွေကို ရှောင်ရှားကြပါစို့ ။

သက်တန့်ချို
6/1/2012

Ref : http://en.wikipedia.org/wiki/Mobile_phone_radiation_and_health
^ "Market Data Summary (Q2 2009)". GSM Association. Retrieved 2010-01-30.
^ a b IARC classifies radiofrequency electromagnetic fields as possibly carcinogenic to humans. (PDF). World Health Organization press release N° 208 (International Agency for Research on Cancer). 2011-05-31. Retrieved 2011-06-02.
^ a b "Information: Wie gefährlich sind Handystrahlen wirklich?" (in German). Marktgemeinde Pressbaum. Retrieved 2008-01-23.
^ "Conclusions on mobile phones and radio frequency fields". European Commission Scientific Committee on Emerging and Newly Identified Health Risks (SCENIHR). Retrieved 2008-12-08.


စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................

Ref: http://www.acmv.org