24 Apr 2014

Facebook နှင့်လက်တွဲထားသော WhatsApp ကိုအသုံးပြုတဲ့သူတွေ ပိုမိုများပြားလာ


 
အခမဲ့မိုဘိုလ်းဖုန်း Messaging Service စနစ်တစ်ခုဖြစ်သည့် WhatsApp ကိုနေစဉ်အသုံးပြုတဲ့ ကမ္ဘာတစ်ဝန်းက Users တွေ ဟာယခုအခါ သန်း ၅၀၀ အထိရှိလာပြီးဖြစ်ကြောင်း ၎င်းကုမ္ပဏီနှင့်လက်တွဲပူးပေါင်းလုပ်ကိုင်နေသော Facebook ကပြောဆိုလိုက်သည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလစစ်တမ်းအရဆိုလျှင်ယင်းစနစ်ဟာ ဘရားဇီး ၊ အိန္ဒိယ ၊ မက်ဆီကို ၊ ရုရှားစတဲ့နိုင်ငံအထိတိုးတက်ပျံ့နှံ့လာခဲ့ပြီးဖြစ်သည်ဟုသိရ သည်။

ဒါ့အပြင်အသုံးပြုသူတွေဟာ ၇၀၀ ထက်ပိုသောဓာတ်ပုံတွေနှင့် ရုပ်ရှင်ဖိုင်ပေါင်း ၁၀၀ ကျော်ကိုနေ့စဉ် Sharing ပြုလုပ်လျက်ရှိနေကြောင်း WhatsApp က၎င်း၏ Blog တွင်ဖော်ပြထားသည်။

WhatsApp ဟာ Facebook ကိုစတင်တည်ထောင်သူမက်ဆူကာပတ် ကပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် ၁၉ဘီလီယံအကုန်အကျခံကာဝယ်ယူ ခဲ့ ခြင်းဖြစ်ပြီး WhatsApp ၏တိုးတက်လာတဲ့အသုံးပြုသူအများစုဟာ ၁.၂ဘီလီယံအသုံးပြုသူတွေရှိတဲ့ Facebook ကတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

မတ်ဆူကာပတ်က Facebook ဟာ WhatsApp နှင့်လက်တွဲလိုက်လျှင် ယခုထက်ပိုမိုကောင်းမွန်တဲ့စနစ်တွေကို Users တွေထံချပြပေးနိုင်လိမ့်မည် ဟု ပြီးခဲ့သည့် Mobile World Congress(MWC) တွင်ပြောဆိုခဲ့ဖူးသည်။

ဒါ့အပြင်ကမ္ဘာပေါ်မှာရှိတဲ့ Social Website တွေဟာသန်းချီသောလူတွေ ထံရောက်ရှိမှုကနည်းနေသေးပေမဲ့ယင်းထဲမှာတော့ Facebook ဟာအသုံးပြုသူအများဆုံနှင့်ထိပ်ဆုံးမှာရပ်တည်လျက်ရှိသည်ဟု မတ်ဆူကာပတ်ကထက်မံဖြည့်စွက်ပြောဆိုခဲ့သည်။

Ref : Dwan

Wai Phyo Aung (TSJ Team)
TechSpace Journal



စမတ်ဖုန်းတွေ ဈေးချိုတယ်ဆိုတာ


ပြည်တွင်းမှာတွေ့ရသလောက် လူတော်တော်များများဟာ ဈေးသက်သာ Huawei ဖုန်းတွေကို ကိုင်ဆောင်အသုံးပြုနေကြတာကိုတွေ့ရပါတယ်။ တရုတ်ဖုန်းတိုင်း မကောင်းဘူးလားဆိုတာ တကယ်တော့ ထို့သို့ မဟုတ်ပါဘူး။ OPPO တို့လို့ အမေရိက ကိုထိုးဖောက်ကြတဲ့ ဖုန်းတွေကြ တော်တော် အရည်အသွေးပိုင်းမှာ အဆင်ပြေတာကိုတွေ့ရပါတယ်။

တစ်နေ့က အိမ်မှာ သုံးနေတဲ့ Hauwei G 730 ကို တစ်ချက်ကြည့်လိုက်မိတော့မကောင်းဘူးမဟုတ်ပါဘူး ကောင်းပါတယ်။
ဈေးနှုန်းသက်သာရတဲ့ ချို့ယွင်းချက်တစ်ခုက အရည်အသွေးပိုင်းမှာ ညံဖျင်းသွားတာကို တွေ့ရပါတယ်။ အရည်အသွေးပိုင်း ညံဖျင်းတော့ ဘာဖြစ်လည်းဆိုတော့ ရုပ်ပိုင်းဆိုင်ရာ ခဏထားပါဦး
ကျန်းမာရေးထိခိုက်ပါတယ်။ တစ်ခု သတိသွားထားမိတာက ။ Samsung Galaxy Ace တစ်လုံးနဲ့ ယှဉ်ကြည့်ကြည့်တော့ Screen ကာလာပိုင်းမှာ Hauwei ဖုန်းကို ကြည့်ပြီး ရုတ်တရက် Samsung ဖုန်းကို ကောက်သုံးကြည့်တော့ ထိုနေရာမှာ ထို Brand နှစ်ခုရဲ့ Screen ကာလာကို သတိထားမိခဲ့ပါတယ်။Samsung ဖုန်းတွေက ကာလာပိုင်းမှာ သဘာဝကျပြီး လက်တွေ့နဲ့တော်တော်များများ နီးစပ်တာကို တွေ့ရပါတယ်။ ဒါကတစ်ချက်ပါ။ နောက်ပိုင်းက G 730 ရဲ့ ကင်မရာဖွဲ့စည်းမူ၊ တည်ဆောက်ထားမူကို ကြည့်မယ်ဆိုရင်လည်း တော်တော်ကို မသေမသပ်နိင်တာကို တွေ့ရပါတယ်။ ဒါက အပြင်ပိုင်းပဲ ရှိပါသေးတယ်။
အလေးချိန်တွေ အထဲက နက်ဝပ်ပိုင်းဆိုင်ရာတွေ မပါသေးပါဘူး။

ဒါက ကိုယ်သိထားတဲ့ ဖုန်းနှစ်လုံးကို နှိုင်းယှဉ်ချက် တစ်ခုလောက်သာ ဖြစ်ပါတယ်။ တစ်ခြားဖုန်းတွေကတော့ ကိုယ်တိုင်ပဲ နှိုင်းယှဉ်ကြည့်ကြပါတော့။

ဈေးကြီးတိုင်းလည်း အလုပ်ဖြစ်လားဆိုတော့ ကိုယ်က စိတ်ကြိုက်ရယ်၊ နည်းပညာပိုင်းရယ်၊ ကိုယ်အတွက် အသုံးဝင်မူပိုင်းရယ်ပါ ပေါင်းပြီး စဉ်းစားရဖို့ ရှိပါတယ်။ကိုယ်က သုတ်ပြာသုတ်ပြာ အလုပ်ကို လုပ်နေရသမားဆိုရင် Samsung Galaxy Tab 3 လိုမျိုး အကြီးကြီး ကိုင်ပြီး နေရာတိုင်း လျှောက်ပြေးလွှားဖို့ အဆင်ပြေမှာ
မဟုတ်ပါဘူး။ ဈေးချိုအောင် ပြုပြင်ထားတဲ့ အရည်အသွေးပိုင်းကို ကိုယ်ကကျေနပ်တယ်ဆိုလျှင် ထို ပစ္စည်းတစ်ခုကို ၀ယ်ယူနိင်ဖို့ သေချာနေပါပြီး။ စမတ်ဖုန်းမှ
မဟုတ်ပါဘူး။ တစ်ခြား ပစ္စည်းတွေပေါ်မှာပါ အကျုံးဝင် သက်ရောက်ပါတယ်.။ တစ်ချို့တွေက ဈေးသက်သာတာတစ်ခုပဲကြည့်ပြီး ကိုယ်အတွက် ဆိုးကျိုးကို မမြင်တာတွေ တစ်ပုံကြီးပါ။ ငါးစာသာ မြင်သည် စကားပုံလိုပင်။

ဒီတော့ ဗဟုသုတ၊ သိမြင်နားလည်မူ၊ အခြေအနေ စတဲ့ အချက်တွေနဲ့ ချိန်ရပါမယ်။

" ဈေးကြီးတိုင်းလည်း အကောင်းစာ မဟုတ်သလို၊ ဈေး သက်သာတိုင်းလည်း မကောင်းတာ မဟုတ်ပါဘူးလို့။ "

Aung Heine ....
 
Smart Pro Journal



Bangkok Airways ၏ သံတမန်အဖြစ် မိုးစက်ဝိုင်ကို ခန့်အပ်


ပြည်ပလေကြောင်းလိုင်း တစ်ခုဖြစ်သည့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်ကို ခန့်အပ်လိုက်ကြောင်း ယင်းလေကြောင်းလိုင်းအတွက် မီဒီယာနှင့် သတင်း ပြန်ကြားရေး ကဏ္ဍများကို ဆောင်ရွက်ပေးနေသည့် Wired Media Myanmar မှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဒေါ်ဝင်ဒီက The Voice သို့ ပြောကြားသည်။

မြန်မာအလှမယ် မိုးစက်ဝိုင်သည် Miss Universe ပြိုင်ပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်နိုင်ခဲ့ခြင်း၊ ကိုယ်ရေး အချက်အလက်များ ကောင်းမွန်ခြင်း တို့ကြောင့် Bangkok Airways ၏ မြန်မာနိုင်ငံ ကိုယ်စားပြု သံတမန်အဖြစ် တစ်နှစ်စာချုပ် ချုပ်ကာ ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းကာလအတွင်း Bangkok Airways မှ ပြုလုပ်သည့် ခရီးစဉ် အသစ်များကို မိတ်ဆက်ခြင်း၊  အရောင်းမြှင့်တင်ရေး အစီအစဉ်နှင့် တီဗီကြော်ငြာများတွင် မိုးစက်ဝိုင် ပါဝင်လှုပ်ရှား ပေးရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“ပြည်ပလေကြောင်းလိုင်း တစ်ခုရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတဲ့အပေါ် မိုးစက် အရမ်းဝမ်းသာပါတယ်။ မိုးစက် သံတမန်အဖြစ် လက်ခံ ဆောင်ရွက်ပေးတဲ့ Brand တွေအကုန်လုံးက ကိုယ်တိုင် ယုံကြည်ရတဲ့ Brand တွေမို့လို့ပါ။ Bangkok Airways ကလည်း ကိုယ်တိုင် ယုံကြည်ရတဲ့ Brand မို့လို့ ကိုယ်စားပြုချင်တာပါ။ သူတို့ လေကြောင်းလိုင်းရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာနိုင်ငံက ခရီးသည်တွေကို ဝန်ဆောင်မှု ကောင်းကောင်း၊ ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဆောင်ရွက် ပေးချင်တာဆိုတော့ မိုးစက်က သူတို့ရဲ့ ရည်ရွယ်ချက်ကို ပြည်သူတွေသိအောင် လုပ်ဆောင် ပေးရမှာပါ” ဟု သံတမန်အဖြစ် ခန့်အပ်ခံရသည့် Miss Myanmar Universe အလှမယ် မိုးစက်ဝိုင်က ပြောကြားသည်။  

The Voice Weekly



မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူ



မတူညီသော ဘာသာစကားကို လက်နှစ်ဖက်ဖြင့် ရေးနိုင်ခဲ့သူ တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ယောက်ဟာ ထူးထူဆန်းဆန်း သူမ၏ လက်နှစ်ဖက် စလုံးဖြင့် စာရေးပြခဲ့ ပါတယ်။ တစ်လုံးစီ နှေးကွေးစွာ မဟုတ်ဘဲ အလျင်အမြန် ရေးနိုင်ခဲ့တာကြောင့် ယခုဆိုလျှင် နာမည်ကြီးသူ တစ်ယောက်လည်း ဖြစ်နေပါပြီ။ သူမ၏ နာမည်ကတော့ Chen Siyuan လို့ ခေါ်ဝေါ်ကြပါတယ်။

သူမ၏ အသက်ကတော့ ၂၄ နှစ် ဖြစ်ပြီး ထူးချွန် ထက်မြက်သူ တစ်ယောက် ဖြစ်တယ်လို့ သိရ
ပါတယ်။

ဒါ့အပြင် စာရေးတာ တစ်ခုထဲ မဟုတ်ဘဲ ဖုန်းများ အသုံးပြုရာတွင်လည်း တစ်ခါတည်း နှစ်လုံး ကို စာရိုက်နိုင်ကြောင်းသိရပါတယ်။ သူမရေးပြနိုင်ခဲ့သော ဘာသာစကား နှစ်မျိုးကတော့ အင်္ဂလိပ်နှင့် တရုတ် ဘာသာ စကားတို့ ဖြစ်ပါတယ်။

ကျော်လင်းနိုင် 
(ရိုးရာလေး)


မလေးမှာ သမ္မတအိုဘားမားနဲ့ တွေ့ဆုံရေး မြန်မာလူငယ် ဆယ်ဦးရွေး


အမေရိကန်သမ္မတ အိုဘားမား ဦးဆောင်ပြုလုပ်မယ့် မလေးရှားနိုင်ငံက Town Hall Meeting လို့ ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲမှာ ပါဝင်နိုင်ဖို့ မြန်မာနိုင်ငံ က လူငယ် (၁၀)ဦးကို ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးက ကြာသာပတေးနေ့ ကရွေးချယ်လိုက်ပါတယ်။ အာဆီယံ (၁၀)နိုင်ငံက လူငယ်ခေါင်းဆောင် ၁၀ ဦးစီကို ရွေးချယ်ပြီး သူရဲ့ မလေးရှားနိုင်ငံ ခရီးစဉ် အတွင်းမှာ ဧပြီလ (၂၇)ရက်နေ့မှာ တွေ့ဆုံဖို့ သမ္မတအိုဘားမားက အခုလို ဖိတ်ကြားထားတာ လည်းဖြစ်ပါတယ်။ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြ မှာပါ။

အမေရိကန်သမ္မတ အိုဘားမားဟာ သူရဲ့အာရှခရီးစဉ်အတွင်း အာဆီယံဒေသ တွင်း လူငယ်ပေါင်း ၄၀၀ကျော်နဲ့တွေ့ဆုံဖို့ လာမယ့်တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ စီစဉ်ထားပါတယ်။ အဲ့ဒီမှာ လူငယ်တွေ အနေနဲ့ သမ္မတ အိုဘားမားကို တိုက်ရိုက်မေးခွန်းတွေ မေးနိုင်အောင် လည်း စီစဉ်ထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်း တနိုင်ငံချင်းစီက လူငယ် ကိုယ်စားလှယ် (၁၀)ဦးစီရွေးချယ်ပြီး ဒေသတွင်းကိစ္စတွေကို သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့လည်းရှိပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် လူငယ်(၁၀)ဦးရဲ့ အမည်စာရင်းရွေးချယ်ခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန် အမေရိကန် သံရုံးက ပြောခွင့်ရပုဂ္ဂိုလ်က Andrew Leahyက အခုလိုရှင်းပြပါတယ်။

"သမ္မတအိုဘားမားနဲ့ Town Hall Meeting လို့ခေါ်တဲ့ လူထုနဲ့ တိုက်ရိုက် တွေ့ဆုံပွဲ ပြုလုပ်ဖို့ မြန်မာနိုင်ငံ အပါဝင် အာဆီယံအဖွဲ့ဝင် (၁၀)နိုင်ငံက တနိုင်ငံချင်းစီ ကနေ လူငယ်ကျောင်းသား (၁၀) ဦးစီရဲ့ အမည်စာရင်း တင်သွင်းဖို့ တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီ့ကနေမှ လူထုအခြေပြု အဖွဲ့အစည်းတွေ၊ ပညာရေးနယ်ပယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တွေပါဝင်ကြဖို့ အများ သိအောင် အသိပေးအကြောင်းကြားပြီး လူငယ်ထုကြား ဦးဆောင်မှုပေးနိုင်တဲ့ လူငယ်ခေါင်းဆောင်တွေ ရွေးချယ်နိုင်ဖို့ လျှောက်လွှာအားလုံးကို လက်ခံခဲ့ပါတယ်။

ဒါကြောင့်လည်း တိုင်းနဲ့ပြည်နယ် အသီးသီးက လူမျိုး ၊ ဘာသာ မတူတဲ့ လူငယ်တွေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံရေးနဲ့ လူထု အခြေပြုနယ်ပယ်တွေ မှာ လှုပ်ရှားနေတဲ့ လုပ်ငန်း နယ်ပယ် မတူညီတဲ့ လူငယ်တွေ ကျနော်တို့ ရွေးချယ်နိုင်ခဲ့ပါတယ်။ ဒီကနေ့မှာပဲ သမ္မတရဲ့ လူထုနဲ့ တိုက်ရိုက်တွေ့ဆုံပွဲမှာ ပါဝင်မယ့် အဲဒီလူငယ် (၁၀)ဦးနဲ့ တွေ့ဆုံခဲ့ပါတယ်။"

အမေရိကန် သမ္မတတစ်ဦးအနေနဲ့တော့ ဒေသတွင်းအရေး ကိစ္စနဲ့ ပတ်သက်လို့ အာဆီယံဒေသတွင်း လူငယ်တွေနဲ့ အခုလို တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးပြောဆို တာဟာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မြန်မာ လူငယ်တွေအနေနဲ့ အမေရိကန်သမ္မတနဲ့ တိုက်ရိုက်တွေ့ဆုံပြီး သူတို့စိတ်ပါဝင်စားတဲ့ အရေးကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးပြောဆိုခွင့် ရမှာဖြစ်တယ်လို့လည်း Andrew ကပြောပါတယ်။

" အမေရိကန်သံရုံးအနေနဲ့ မြန်မာလူငယ်တွေအတွက် အစီအစဉ်မျိုးစုံရှိပါတယ်။ ဒါပေမဲ့ ဒီတခေါက်ကတော့ အာဆီယံ ၁၀နိုင်ငံက လူငယ်တွေအနေနဲ့ သမ္မတအိုဘားမားနဲ့ တွေ့ဆုံပြီး မေးခွန်းတွေ မေးခွင့်ရဖို့ အခွင့်အလမ်းကောင်းတခုဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ ကျနော်တို့ ရွေးချယ်ထားတဲ့ လူငယ်တွေဟာ နယ်ပယ်အသီးသီးမှာ ထဲထဲဝင်ဝင် လုပ်ဆောင်နေတဲ့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို ဦးဆောင်လိုစိတ် ရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။ သူတို့တစ်ဦးချင်းစီရဲ့ ခေါင်းဆောင်နိုင်မှု အရည်အချင်းတွေ၊ တိုင်းပြည်ကို အကျိုးပြုလိုတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကြောင့် အခုလို ရွေးချယ်ခဲ့တာပါ။"

ရန်ကုန် အမေရိကန်သံရုံးရဲ့ ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်မှာလည်း သမ္မတ အိုဘားမားကို မေးခွန်းတွေပေးဖို့ ရေးသားထားတာတွေကိုလည်း ဖေါ်ပြထားပါတယ်။ အရွေးခံရတဲ့ မြန်မာလူငယ် (၁၀)ဦးဟာ ဧပြီလ ၂၅ ရက်နေ့မှာ ရန်ကုန်မြို့ကနေ မလေးရှားနိုင်ငံကို ထွက်ခွာမှာဖြစ်ပြီး ၂၉ ရက်နေ့မှာ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိလာမှာဖြစ်ပါတယ်။

အင်ကြင်းနိုင် 
(ဗွီအိုအေမြန်မာပိုင်း)

နောက် ၅ နှစ်အတွင်း သေနိုင် မသေနိုင်ကို သွေးစစ်ပြီး သိနိုင်ပြီ


သွေးစစ်ဆေးမှုတစ်မျိုးဟာ အနာဂတ်(၅)နှစ်အတွင်း သေဆုံးနိုင်ချေရှိမရှိကို ခန့်မှန်းတွက်ချက်ပေး နိုင်မှာဖြစ်ကြောင်း သိရှိရပါတယ်။ ဒီစစ်ဆေးမှုကို နျူကလီးယားသံလိုက် စက်ကွင်းကို အသုံးပြုထားတဲ့ spectroscopy နဲ့ ဇီဝအမှတ်အသား (၂၀၀၀)ကျော်ကို တိုင်းတာခန့်မှန်း ဖော်ထုတ်နိုင်ခြင်း ဖြစ်ပါတယ် ။

လေ့လာမှုခေါင်းဆောင် ဖင်လန် နိုင်ငံ၊ Olulu၊ တက္ကသိုလ်မှ ပါမောက္ခ Mika Korpela က “ဇီဝ အမှတ်အသားတွေအရ သေဆုံးနိုင်ချေများတဲ့ ပုဂ္ဂိုလ်တစ်ဦးဟာဆိုရင် ဒီစစ်ဆေးမှုကို ပြုလုပ်ပြီးသေဆုံးနိုင်ချေကို သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဘ၀နေထိုင်မှုနဲ့ ကုသမှုတွေကို ပြင်ဆင်ပြီး အသက်ပိုရှည်ရှည် နေနိုင်မှာ ဖြစ်ပါတယ်” လို့ ရှင်းပြထားပါတယ်။ ဒီလေ့လာမှုဟာ ဖင်လန်နိုင်ငံသား (၁၇၀၀၀)ကျော်ရဲ့ သွေးနမူနာတွေကို အခြေခံပြီး ဖော်ထုတ်ထားတာ ဖြစ်ပါတယ်။

ဒီစစ်ဆေးမှုဟာ အဓိကသွေးတွင်းဇီဝအမှတ်အသား (၄)မျိုးဖြစ်တဲ့ ပရိုတင်းနှစ်မျိုး (အယ်ဗျူမင်နဲ့ အာလဖာ၊ အက်ဆစ် glyeoproter )၊ အဆီဓာတ်နဲ့ citric acid တွေကို အခြေခံ တွက်ချက်တာဖြစ်ပါတယ်။ ဒီအမှတ်အသားတွေဟာ လူတိုင်းမှာရှိနေတာဖြစ်ပြီး ပမာဏကတော့ မတူ ကြပါဘူး။ ပုံပန်းသဏ္ဌာန်အရ ကျန်းမာတဲ့သူတွေ ဖြစ်ပါစေ အဲဒီသွေးတွင်း ဇီဝအမှတ်အသားတွေ မူမမှန် ဖြစ်နေရင်တော့ သေဆုံးနိုင်ချေမြင့်တက် နိုင်ပါတယ်။ ဒီသွေးစစ်ဆေးမှုကို Nuclear Magnetic Resonance Spectroscopy ရှိမှသာ စစ်ဆေးနိုင်မှာဖြစ်ကြောင်း Mika Korpelam က ပြောကြားထားပါတယ်။
ဒီသုတေသနကို Journal Plos mediaire မှာဖော်ပြထားတာ ဖြစ်ပါတယ်။
 
သက်နှင်း
ref: IANS
 
Health Updates Journal


သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်



သီရီလကာင်္နိင်ငံမှ မြတ်စွာဘုရားရှင်၏ အောက်လက်ဝဲစွယ်တော်အား ဖူးမြင်နိုင်ပါသည်။

အသမ္ဘိန္နဓါတ်တော် .၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။

(၁) နဖူးသင်းကျစ်တော်ဓါတ် ဗြဟ္မြာ့ပည်၌ တစ်ဌာန၊

(၂) အထက် လက်ယာ စွယ်တော်နှင့်၎င်းညပ်ရိုးတော်ဓါတ် ၂-ဆူ
တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊

(၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊

(၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
(၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရ) သင်းတွဲပြည်၌ တစ်ဌာန၊

(၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့ကဆို၏၊

 

23 Apr 2014

အိုမင်းခြင်း ဖြစ်စဉ်ကို နှေးကွေးစေမည့် အချက် ၁၀ ရပ်



တစ်နေ့ပြီး တစ်နေ့ ကူးပြောင်းလာချိန်မှာ အိုမင်းလာနေတယ် ဆိုပေမယ့် ရိုးစင်းတဲ့ ဘဝနေထိုင်မှု ပုံစံကို ပြောင်းလဲ ပေးလိုက်ရုံနဲ့ ရှိရင်းစွဲ အသက်ထက် ၁၀ နှစ်လောက် ပိုငယ်တယ် ထင်ရအောင်၊ ဘဝမှာ နေထိုင်ရတာ ပိုမို သက်သောင့်သက်သာ ရှိအောင်နဲ့ စွမ်းအင်တွေ ပြန်ရအောင် လုပ်ဆောင်နိုင်ပါတယ်။

၁။ တက်တက်ကြွကြွ နေထိုင်ခြင်း

သင်ရဲ့ နေ့စဉ် ဘဝထဲမှာ အားကစားတစ်မျိုးကို လုပ်ဆောင်တာ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာ ပါဝင်ပါစေ။ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်ဟန်ချက် ထိန်းနိုင်တာ၊ ဦးနှောက် နျူထရွန်တွေကြား ဆက်သွယ်ရေးကို လှုံ့ဆော်နိုင်တာ၊ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

၂။ ပုံမှန် ချစ်တင်းနှီးနှောခြင်း

အိမ်ထောင်ရှိသူတွေ အတွက် ပုံမှန် Sex ကိစ္စ ရှိတာဟာ အိုမင်းတဲ့ ဖြစ်စဉ်ကို နှေးစေတဲ့ လျှို့ဝှက်ချက် တစ်ရပ်လို့ ကျွမ်းကျင်သူတွေက ထင်မြင် ယူဆထားကြပါတယ်။ Sex ကိစ္စကြောင့် ဘဝလက်တွဲဖော်နဲ့ ပိုရင်းနှီးလာတာ၊ ကြွက်သားတွေ ပိုသန်စွမ်းလာတာနဲ့ ကိုယ်အလေးချိန် ထိန်းနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေ ရှိလို့ပါ။ အမျိုးသမီးတွေမှာ Sex ကိစ္စကြောင့် အောက်ဆီတိုစင်ဟော်မုန်း ထွက်ရှိကာ စိတ်ခံစားမှုကို ကောင်းစေပြီး အမျိုးသားတွေမှာတော့ တက်စတိုစတီ ရုန်းထွက်အောင် လှုံ့ဆော်မှု ရှိတာကြောင့် အိုမင်းတာနဲ့ ဆက်စပ်နေတဲ့ အရာတွေကို နှေးကွေးစေပါတယ်။

၃။ မှတ်ဉာဏ်အတွက် လေ့ကျင့်ခန်း လုပ်ခြင်း

တစ်နေ့ကို မိနစ် ၃ဝ လောက် လမ်းလျှောက်တာ၊ ရွရွပြေးတာ၊ ပြေးတာ၊ စက်ဘီးစီးတာ စတဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ လုပ်ပေးပါ။ လတ်တလော လေ့လာမှုအရ အေရိုးဗစ် လေ့ကျင့်ခန်းနဲ့ မှတ်ဉာဏ်အကြား ခိုင်မာတဲ့ ဆက်နွှယ်မှုကို တွေ့ရှိခဲ့ရာ အာရုံကြော ပညာရှင်တွေက များစွာ အံ့အားသင့်ခဲ့ရပါတယ်။ ဒါဟာ ဦးနှောက်ဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိကာ သွေးလှည့်ပတ်မှု ကောင်းတာကြောင့်ပါ။
 လေ့ကျင့်ခန်းလုပ်တာဟာ မှတ်ဉာဏ်ကို ထိန်းချုပ်တဲ့ ဦးနှောက် အစိတ်အပိုင်းရှိ ဦးနှောက်ဆဲလ်တွေကို အသစ် ဖြစ်ပေါ်စေတာကြောင့်လို့ လေ့လာမှု အသစ်တစ်ရပ်က ဖော်ပြထားပါတယ်။

၎။ ဆေးလိပ်မသောက်ဘဲ နေခြင်း

ဆေးလိပ်၊ ဆေးရွက်ကြီး စတာတွေမှာ ပါတဲ့ ဓာတုပစ္စည်းတွေဟာ ဦးနှောက်ဆဲလ်တွေကို လေးလံ ထိုင်းမှိုင်းသွားစေပါတယ်။ ဆေးလိပ်သောက်တာဟာ ဦးနှောက်ရဲ့ သတင်း အချက်အလက်တွေကို မှတ်သားနိုင်စွမ်းနဲ့ သိုလှောင်နိုင်စွမ်းကို ဟန့်တားပစ်တတ်တာကြောင့် မှတ်ဉာဏ် မကောင်းတာနဲ့ စူးစိုက်အား နည်းတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ အပြင်လွှာကို အာဟာရ ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းသွားကာ အရေပြား ခြောက်သွေ့နွမ်းနယ်လာပြီး အရေးကြောင်းတွေ ဖြစ်ပေါ်လာစေပါတယ်။ ယေဘုယျအားဖြင့် ဆေးလိပ်သောက်သူရဲ့ အရေပြားဟာ ဆေးလိပ်မသောက်သူနဲ့ ယှဉ်ရင် ၁၀ နှစ်လောက် ပို ရင့်ရော်နေတတ်ပါတယ်။

၅။ အိပ်ချိန် အပြည့်အဝ ပေးခြင်း

တစ်ညမှာ အချိန်ရှစ်နာရီအောက် လျော့နည်းပြီး အိပ်တာဟာ ပင်ပန်း နွမ်းနယ်စေပြီး ကိုယ်အလေးချိန် မြင့်တက်ကာ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါ စတာနဲ့ လေဖြတ်ရောဂါတွေရဲ့ ဖြစ်နှုန်းကို တိုးစေပါတယ်။ အိပ်ရေးပျက်တာကြောင့် Ghrelin ဟော်မုန်းပမာဏ မြင့်တက်ကာ အစာစားချင်တဲ့ဆန္ဒ မြင့်တက်လာပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ပါက ဗိုက်ပြည့်စေတဲ့ Leptin ဟော်မုန်းကို ဖိနှိပ်ထားတာကြောင့် ကိုယ်အလေးချိန်ကို မြင့်တက်စေတာ ဖြစ်ပါတယ်။

၆။ အသားအရေ ထိန်းသိမ်းခြင်း

အသက်ကြီးလာတဲ့ အခါမှာ အရေပြားက သူ့အလိုလို ပြန်ပြီး ငယ်နုအောင် မလုပ်နိုင်တော့ပါဘူး။ အရေးကြောင်းတွေနဲ့ သက်ကြီး အစက်အပြောက်တွေလည်း ထင်ရှား လာတတ်ပါတယ်။ ဒါကြောင့် အရေပြားဆဲလ်တွေ အသစ်ဖြစ်အောင် လှုံ့ဆော်နိုင်ဖို့ ရက်တီနော (Retinol) ခရင်မ်ကို လိမ်းပေးသင့်ပါတယ်။ အပြင်ထွက်တဲ့ အခါမှာ နေရောင်ကာနိုင်စွမ်း SPE ၃၀ ဆနဲ့အထက် ပါတဲ့ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးပါ။

၇။ ငါးကြီးဆီ မှီဝဲခြင်း

အိုမီဂါသရီး ဖက်တီးအက်စစ် ပါတဲ့ ငါးကြီးဆီကို မှီဝဲတာက အသက်ကြီးတဲ့အခါ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် ကျဆင်းမှုကို ဟန့်တားပေးနိုင်ပါတယ်။ အိုမီဂါသရီး ဖက်တီးအက်စစ်ဟာ ဆဲလ်အဆင့်မှာ အိုမင်းမှု မဖြစ်အောင် ကာကွယ်နိုင်လို့ပါပဲ။

၈။ သိုင်းရွိုက်ကို စစ်ဆေးခြင်း

သိုင်းရွိုက်ဟာ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ် စနစ်တစ်ခုလုံးကို ထိန်းညှိပေးတာကြောင့် သိုင်းရွိုက်မကောင်းတာနဲ့ ကိုယ်အလေးချိန် တက်တာ၊ စွမ်းအင်နည်းတာ၊ လိင်စိတ် ကုန်ခန်းတာနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ကျဆင်းနေတယ်လို့ ထင်ရင် သိုင်းရွိုက် စစ်ဆေးမှုအတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

၉။ အရက် မသောက်ခြင်း

အရက် အလွန်အမင်း သောက်သူတွေကို ကြည့်လိုက်ရင် သူတို့ဟာ ရှိရင်းစွဲ အသက်ထက် ပိုရင့်ရော်နေတာကို တွေ့ရမှာပါ။ အရက်ဟာ ဆဲလ်တွေကို ထိခိုက်စေပြီး အရက်သောက်တာ ကြာလာတဲ့အခါ ကိုယ်အလေးချိန် မြင့်တက်တာ၊ မှတ်ဉာဏ် ဆုံးရှုံးတာ၊ ဆီးချိုသွေးချို ရောဂါဖြစ်နှုန်း မြင့်တက်တာ၊ အရေပြားပေါ်က ဆံခြည်မျှင် သွေးကြောတွေ ပေါက်ပြီး မျက်နှာနီမြန်းတာ စတာတွေကို ဖြစ်စေနိုင်ကာ ကြည့်ရတာ ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ တကယ်လို့ အရက်ကို မသောက်ရ မနေနိုင်ရင် အမျိုးသားတွေမှာ အရက်နှစ်ပက်အောက်၊ အမျိုးသမီးတွေမှာ အရက်တစ်ပက် အောက်ကိုသာ သောက်သင့်ပါတယ်။

၁ဝ။ အိပ်စက်မှု စွမ်းရည် ကောင်းမွန်ခြင်း

စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်မှု လျော့နည်းနေတယ်လို့ ထင်ရင် ဒါဟာ အိပ်ရေးမဝတာကြောင့် ဖြစ်နိုင်ပါတယ်။ အိပ်ချိန် အပြည့်အဝ ပေးပေမယ့် အိပ်နေစဉ် ဟောက်တာ၊ ခြေထောက်တွေ လှုပ်နေတာ၊ သွားကြိတ်တာ၊ တခြား အသက်ရှူလမ်းကြောင်းနဲ့ မျိုချမှုဆိုင်ရာ ပြဿနာတွေ ဖြစ်တာကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျတဲ့ အဆင့်ကို ဟန့်တားနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝရတဲ့ အခြေခံ အကြောင်းရင်းကို ရှာပြီး ကုသမှု ခံယူကာ အိပ်ရေးဝအောင် ကြိုးစားသင့်ပါတယ်။

Credit: Good Health


အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အခြေခံလူနေမှု ကုန်ကျစရိတ်များ စစ်တမ်းကောက်မည်


လုပ်ခလစာတိုးမြင့်ရရှိရေး ဆန္ဒပြနေသူများ (ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

အလုပ်သမားများအ တွက် အနိမ့်ဆုံးလုပ်ခလစာ သတ် မှတ်နိုင်ရေး အတွက် တိုင်းနှင့်ပြည် နယ်အားလုံးတွင် အခြေခံလူနေ မှု ကုန်ကျ စရိတ်များကို စစ်တမ်း ကောက်ယူ သွားမည် ဖြစ်ကြောင်း အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ တာ ဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘စစ်တမ်း ကောက်ယူနိုင်ဖို့ အတွက် ဆာဗေးဖောင်တွေပြင် ဆင်ထားပြီးပြီ။ မိသားစုတစ်စုရဲ့ အမှန်တကယ်ကုန်ကျမယ့် အခြေ ခံလူနေမှုကုန်ကျစရိတ်တွေကို သိနိုင်မယ့် အချက်အလက်တွေ ထည့်သွင်းထားပါတယ်’’ဟု ၎င်းက ဆိုသည်။

စစ်တမ်းကောက်ယူရာတွင် အခြေခံလူနေမှုကုန်ကျစရိတ်နှင့် စားသောက်စရိတ်တို့ကို အဓိက ကောက်ယူသွားမည်ဖြစ်ပြီး ကျန်း မာရေးအသုံးစရိတ်နှင့် အခြား အပိုကုန်ကျစရိတ်များထည့်သွင်းကောက်ယူသွားမည်      မဟုတ် ကြောင်း သတင်းရရှိသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် မြန်မာ့ ဖွံ့ဖြိုးမှုအရင်းအမြစ်အဖွဲ့ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့တို့၏ အကူအညီဖြင့် ရန်ကုန် တိုင်း၊ ပဲခူးတိုင်းနှင့်မန္တလေးတိုင်း တို့တွင် စစ်တမ်းများကောက် ယူထားပြီး ယခုကောက်ယူမည့် စစ်တမ်းမှာ ဝန်ကြီးဌာနက တိုင်း နှင့်ပြည်နယ်အသီးသီးတွင် ဖွဲ့ စည်းပေးထားသည့်အနည်းဆုံး အခကြေးငွေနှုန်းထားသတ်မှတ် ရေးကော်မတီများမှတစ်ဆင့် ကောက်ယူသွားမည်ဖြစ်ကာ
 နေ ပြည်တော်ကောင်စီအပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် ပြန်လည်ကောက်ယူသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘အခုလိုမျိုး ကောက်တာက လည်း လုပ်သင့်ပါတယ်။ အနည်း ဆုံးအခကြေးငွေသတ်မှတ်တဲ့ အခါမှာ ကျွန်တော်တို့က တစ်နေ့ ရှစ်နာရီလုပ်ခနဲ့ညီမျှတဲ့ လစာကို လိုချင်တာပါ။ အဲဒီထဲမှ ထောက် ပံ့ကြေးတွေ၊ ရက်မှန်ကြေးတွေ၊ အပိုဆုကြေးတွေကို ထည့်တွက် ထားမယ်ဆိုရင်တော့ အရင်က အခြေအနေနဲ့ သိပ်ထူးခြားလာမှာ မဟုတ်ပါဘူး’’ဟု အလုပ်သမား သမဂ္ဂများပူးပေါင်းဆောင်ရွက် ရေးကော်မတီတာဝန်ခံ ကိုထွန်း ထွန်းနိုင်က ပြောသည်။

အနည်းဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်နိုင်ရန် အလုပ် သမားအလုပ်အကိုင်နှင့်လူမှုဖူ လုံရေးဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်ဝင်းမော်ထွန်းက ပြည်နယ်နှင့် တိုင်းကော်မတီဥက္ကဋ္ဌများနှင့် သွား ရောက်ဆွေးနွေးလျက်ရှိပြီးရခိုင် ပြည်နယ်တစ်ခုသာ ဆွေးနွေးရန် ကျန်ရှိသည်။

အဆိုပါဆွေးနွေးမှုများပြီးပါက ပြည်နယ်နှင့်တိုင်းကော်မတီ များကို သင်တန်းပေး၍ သက်ဆိုင်ရာဒေသများတွင်  စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်သည်။

Author: နိုင်လင်းအောင်

7Day Daily

ဝက်ခြံထွက်သူများအတွက် ပင်စိမ်းရွက်



ဝက်ခြံ အမာရွတ် ပျောက်အောင် ကုသမှု

ဝက်ခြံ ပေါက်တဲ့အခါ ဝက်ခြံပျောက်သွားရင်တောင် အစက်အပြောက်တွေ ထင်ကျန်ရစ်တတ်ပါတယ်။ တစေးဟာ ဘက်တီးရီးယားပိုးတွေကို တွန်းလှန် နိုင်ပြီး လီမွန်သီးအရည်က အမည်းစက် နဲ့ အပြစ်အနာ အဆာတွေကို သက်သာ စေပါတယ်။

ပါဝင်ပစ္စည်းများ.....
-ဘီယာချက်ရာတွင် သုံးတဲ့တစေး
-လီမွန်သီး အရည်၊
-ရေ

ပြုလုပ်နည်း
-ဘီယာချက်တဲ့အခါမှာ သုံးတဲ့ တစေး (brewer’s yeast) ကို ပျစ်တဲ့ အရော အနှောရအောင် လီမွန်သီးအရည် တစ် စက်၊ ရေသင့်တင့်ရုံပမာဏနဲ့ ရောလိုက် ပါ။ ဝက်ခြံနဲ့ အပြစ်အနာအဆာတွေပေါ် လိမ်းပြီး ၁၀ မိနစ်လောက်ထားပါ။

ပင်စိမ်းရွက် တိုနာ ......
ဒီနည်းဟာ ဝက်ခြံပေါက်လွယ်တဲ့ အရေပြားအတွက် အထူးသင့်တော်ပါ တယ်။ ပင်စိမ်းရွက်ဟာ ပိုးသတ်အာနိ သင်ရှိပြီး ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီး ယားပိုးတွေ ကင်းစင်စေကာ အရေပြားဆီ သို့ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ ပါတယ်။

ပါဝင်ပစ္စည်းများ
-ပင်စိမ်းရွက်ခြောက်မှုန့် ထမင်းစား ဇွန်း သုံးဇွန်း၊
-ရေနွေးတစ်ခွက်၊

ပြုလုပ်နည်း
-ခြောက်သွေ့တဲ့ ပင်စိမ်းရွက်တွေနဲ့ ဆူ ပွက်နေတဲ့ ရေနွေးတစ်ခွက်ကို ထည့်ကာ ရောမွှေပြီး အေးအောင် ထားပါ။ အရွက် တွေကို စစ်ထားပြီး စပရေးဖျန်းလို့ရတဲ့ ပုလင်းထဲထည့်ကာ အရေပြားကို ပက် ဖျန်းပေးပါ။ မျက်နှာသန့်စင်ပြီးတိုင်း မျက် နှာပြင်အနှံ့ ဝါဂွမ်းစနဲ့ တိုနာ လိမ်းသလို လိမ်းပေးပါ။

Kayan Times
K.K(ကနောင်)
နည်းစနစ်ကျကျအတွေးအခေါ်


ဂီတသက်တမ်းနှစ်၂၀ကျော်မှ တစ်ကိုယ်တော်ဖျော်ဖြေပွဲလုပ်မယ့် မာရဇ္ဇ



မေလ ၃ရက်တွင် ပြုလုပ် မည့် တစ်ကိုယ်တော်ရှိုးပွဲမှစတင် ၍ အသစ်ဖွဲ့စည်းလိုက်သော Breakthrough တီးဝိုင်းနှင့်အတူ ဂီတလုပ်ငန်းများကို ရှေ့ဆက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုတော် မာရဇ္ဇ ကပြောသည်။

‘‘ကျွန်တော့်ရဲ့ ကိုယ်ပိုင်တီး ၀ိုင်းပါ။ ကိုယ်ပိုင်တီးဝိုင်းနာမည်နဲ့ ပဲ ရှေ့လျှောက်ဒီလိုပဲချီတက်မှာ ပါ။ တစ်ကိုယ်တော်အယ်လ်ဘမ် တွေ၊ တစ်ကိုယ်တော်ပွဲတွေမှာ ဒီ တီးဝိုင်းကိုပဲ သုံးမှာပါ။ ဒီနာမည် လေး ကတော့ ကျွန်တော်မွေးဖွား ထားတာကြာပြီ။ အခုတော့ ဒီတီး ၀ိုင်းကိုအကောင်အထည်ဖော် လိုက်ပြီ’’ဟု မာရဇ္ဇကပြောသည်။

Breakthrough တီးဝိုင်းတွင် ဂစ်တာတီးခတ်သူအဖြစ် အောင် သူ၊ A-Kam၊ ဘေ့စ်ဂစ်တာတီး ခတ်သူအဖြစ် ဟင်နရီ၊ ဒရမ်တီး ခတ်သူအဖြစ် ဝေဖြိုး၊ ကီးဘုတ်တီးခတ်သူအဖြစ် ဇေယျာမင်းတို့ က တာဝန်ယူ တီးခတ်ကြမည်ဖြစ် ပြီး မာရဇ္ဇက ပင်တိုင်အဆိုတော် အဖြစ် ဂီတခရီးဆက်မည်ဖြစ် ကြောင်း သိရသည်။

မာရဇ္ဇ၏ ဂီတသက်တမ်း နှစ် ၂၀ ကျော်အတွင်း ပြုလုပ် သော ပထမဆုံးတစ်ကိုယ်တော် ရှိုးပွဲကို မေလ ၃ရက်တွင် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ပြီး မည်သည့်ဧည့်သည်အဆိုတော်မှ မပါဘဲ တစ်ဦးတည်းသီချင်းအပုဒ် သုံးဆယ်ကျော် ဖျော်ဖြေပေးမည် ဖြစ်ကြောင်း မာရဇ္ဇကပြောသည်။

‘‘အဓိက ပေါက်ထားပြီးသား သီချင်းအများစုပါမယ်။ ကျွန် တော်ဆိုချင်တဲ့ သီချင်းလည်းပါ မယ်။ ကျွန်တော့် ပရိသတ်က နှစ် မျိုးနှစ်စားဖြစ်နေတော့ လွန်ခဲ့တဲ့ နှစ် ၂၀ လောက် အားပေးခဲ့တဲ့ ပရိသတ်တွေရော အခုဒီဘက် အ ချိုးအကွေ့မှာ အားပေးတဲ့ လူငယ် ပရိသတ်တွေရော ပရိသတ် နှစ်မျိုးလုံးကို တစ်နေရာ တည်းမှာ တစ်ပြိုင်တည်းဖျော်ဖြေလို့ရအောင်ပြင်ဆင်ထားတယ်’’ဟု မာရဇ္ဇကပြော သည်။ ယခုပြုလုပ်မည့် ရှိုးပွဲ၏ အောင်မြင်မှုရလဒ်အပေါ် မူတည် ပြီး နောက်ထပ်တစ်ကိုယ်တော် ရှိုး ပွဲများဆက်တိုက် လုပ်ဆောင် ရန် ရည်ရွယ်ထားသည်ဟု မာရဇ္ဇက ဆိုသည်။

7Day Daily


Alcohol – How to quit အရက်ဘေးက ဝေးကြပါစေ



ဆရာခင်ဗျား အစဉ်တစိုက်ဖတ်ရူ‌လေ့ လာနိုင်‌‌အောင် တင်‌‌ပေး‌နေတာ ‌ကျေးဇူးပါ ခင်ဗျား။ အရပ်ထဲမှာ သုံး‌နေကြတဲ့ အရက်‌ဖြတ်‌‌ဆေး Chronol (Disulfiram-500 mg) အ‌ကြောင်းသိလိုပါတယ် အကျိုး၊အပြစ် နဲ့ ‌သောက်ရမယ့်‌ ပမာဏ၊ ကာလတိုရှည်ကို ပြောပြ‌ပေး‌စေလိုပါတယ်။ ရမ်းသမ်းပြီး ‌သောက်ချင်သ လို‌သောက်‌ ‌နေကြတာ ‌တွေ့‌နေရလို့ပါ။

Disulfiram အရက်ဖြတ်ဆေး မေးလို့သာ ဒီဆေးကို နံပါတ် (၁) နေရာမှာ ရေးပါတယ်။ တကယ်တန်း စနစ်တကျ အရက်ဖြတ်ဘို့ဆိုရင် အောက်မှာ ရေးထာတွေကို ဖတ်ပြီး လိုက်နာပါ။

(၁) Disulfiram ဆေးကို Antabuse လို့လဲခေါ်တယ်။ အရက်ဖြတ်ဆေးလို့ဆိုပေမဲ့ တကယ်တော့ ဒီဆေးနဲ့အရက်ဟာ ရန်သူတွေဖြစ်တယ်။ မတည့်ကြဘူး။ အရက်မူးနေသူကို ဆေးပေးလို့ မရဘူး။ ဆေးနဲ့ အရက်တွေ့ကြရင် ဓါတ်ပြုမှုတွေဖြစ်ပြီး မနေနိုင်အောင် ခံစားရမယ်။ ဆေးနဲ့အရက်တွေ့ကြရင် ၅-၁ဝ မိနစ်မှာ မျက်နှာတွေနီမြန်းလာမယ်။ နှလုံးခန်မြန်မယ်။ အသက်ရှူမဝ ဖြစ်မယ်။ ပျို့-အန်မယ်။ ခေါင်းထိုး ကိုက်မယ်။ စိတ်ရှုတ်ထွေးမယ်။ သတိလက်လွတ်ဖြစ်မယ်။ သွေးလျှောက်တာတွေ နည်းမယ်။ အရက်သောက်ထားပြီးနောက် ၁၂ နာရီအတွင်း ဆေးသောက်တာနဲ့ ဖြစ်စေမယ်။ Disulfiram ဆေးကနေ Alcohol cravings အရက်သောက်ချင်စိတ်ကို မနည်းစေနိုင်ပါ။ တနေ့မှာ 500 mg ကနေ စပေးတယ်။ ၁-၂ ပါတ်ကြာပေးတယ်။ နောက်မှာ 250 mg ပေးတယ်။ ဒီဆေးကို တခြားရောဂါတွေမှာလဲ သုံးသေးတယ်။ ဝဲ၊ ကင်ဆာ။ Cocaine ကိုကိန်း စွဲနေသူတွေ ဖြတ်ရာမှာလဲ သုံးတယ်။

ဆေးတခုထဲနဲ့ အရက်ဖြတ်မရပါ။ အထူးကုဆရာဝန်ရဲ့ စိတ်ပိုင်းပြုပြင်ပေးမှုနဲ့ တခြားဆေးတွေ လိုသေးပါတယ်။

(၂) Baclofen (Kemstro, Lioresal, Liofen, Gablofen, Beklo and Baclosan) ဆေးကိုလဲ အရက်ဖြတ်ရာမှာ သုံးရတယ်။ Spasticity ရောဂါအတွက်လဲသုံးတယ်။ ကျို့ထိုးတာအတွက်လဲပေးတယ်။ အဓိက အားကောင်းချက်ကတော့ Alcohol dependence အရက်သောက်ရမှနေနိုင်တာကိုရော Withdrawal symptoms အရက်ဖြတ်လို့ ခံစားရမှာတွေကို သက်သာစေပြီး Alcohol cravings အရက်ကို ချဉ်ခြင်းတပ်နေစိတ်ကို ပျောက်စေမယ်။ အစမှာ တနေ့ကို 80mg ပေးပြီးနောက်မှာ မနက် 20mg ၁ ပြား၊ ည 20mg ၁ ပြားပေးတယ်။

(၃) Benfinuron Forte (Benfotiamine, Folic Acid, Methylcobalamin, Vitamin B12, Vitamin B6) ဆေးကိုပါ တွဲပေးသင့်တယ်။ ဦးနှောက်နဲ့ အာရုံကြောတွေပေါ်သက်ရောက်ထားတဲ့ အရက်ဒဏ်တွေကို ကုစားဘို့ဖြစ်ပါတယ်။

(၄) Zolpidem (Ambien, Ambien CR, Intermezzo, Stilnox, Sublinox and Zolsana) ဆေးကတော့ အရက်ဖြတ်ကာစ အိပ်မပျော်တာအတွက် ပေးနိုင်တယ်။ ဆေးသောက်ပြီး ၁၅ မိနစ်ဆို အစွမ်းပြတယ်။ ၂-၃ နာရီကြာ အိပ်စေမယ်။ ညအချိန် ၁ ပြား၊ ဒါမှမဟုတ် ၁ ပြားခွဲပေးလေ့ရှိတယ်။

(၅) Lorazepam (Ativan or Orfidal) ထိုးဆေး အရက်ဖြတ်စရက်မှာ လိုမယ်။ Anxiety disorders စိုးရိမ်စိတ်ကို အမြန်သက်သာစေမယ်။ အိပ်စေမယ်။ ကြွက်သားတွေပြေလျော့စေမယ်။ တက်တာရှိရင် သက်သာမယ်။ အသားဆေး-အကြောဆေး ထိုးပေးနိုင်တယ်။

(၆) Counseling psychology စိတ်ပညာပေး ဆွေးနွေးမှု ခံယူခြင်းဟာ အရေးပါတယ်။ ဆရာဝန်ကနေ မေးမယ်။ လွဲနေတာတွေကို ပြင်ပေးမယ်။ ဆွေးမျိုးမိဘတွေကနေ နားချ ဖြောင်းဖျတာနဲ့ မတူဘူး။ သက်သာလာရင် စည်းကမ်းချက်လေးတွေ ချပေးမယ်။ အစားအသောက်၊ အိပ်ချိန်၊ ကိုယ်လက်လှုပ်ရှားမှု စတာတွေကို အကြံပေးမယ်။

လူတွေ ဘာလို့ အရက်သောက်ကြသလဲ HALT ဆိုတဲ့ အကြောင်းတရား ၄ ပါးရှိတယ်။ Hunger ဆာလောင်ခြင်း၊ Anger ဒေါသထွက်ခြင်း၊ Loneliness တကိုယ်တည်းဖြစ်ခြင်း၊ Tiredness မောပမ်းခြင်း၊

အစာစားဘို့ အားပေးမယ်။ ဒေါသထွက်ရတဲ့အခြေခံကို စစ်ဆေးမေးမြန်းပြီး မထွက်သင့်ဘဲ ထွက်နေတဲ့ ဒါသကို ရှင်းပြမယ်။ ဥပမာ ဘောလုံးပွဲမှာ ကိုယ့်အသင်းမနိုင်ရကောင်းလားဆိုတဲ့ဒေါသကို ဘယ်လိုနည်း နဲ့မှ ပြင်မရတဲ့အတူ စိတ်ကို အေးချမ်းမှုနဲ့ နေဘို့ ရှင်းပြမယ်။

တကိုယ်တည်းမနေဘဲ အဖေါ်နဲ့၊ အဖေါ်မှာလဲ လူကောင်းသူကောင်းနဲ့သာရွေးပြီးနေဘို့ ပြောမယ်။ အရက် သမား၊ ဆေးသမားတွေကို ရှင်ခန်းဖြတ်ရမယ်။ ဘယ်သူမှမရှိရင် ဖေ့စ်ဘွတ်မှာ မိတ်ကောင်းဆွေကောင်းတွေနဲ့ စကားပြောပါလေ။

အလုပ်ပင်ပန်းလို့ ဘီယာလေးမော့ချင်တာဟာ နည်းလမ်းမှားယွင်း၊ မှားလွန်းတယ်။ နည်းနည်းလေး ဝင်ကာစတော့ ဟုတ်သလိုလိုနဲ့။ ခဏနေတော့ အရက်သောက်သူ မောင်ဖြူဟာ မောင်ဖြူ မဟုတ်တော့ ဘဲ မောင်မဲဖြစ်တာတော့မယ်။ မပမ်းမပြေတဲ့အပြင် ရင်မောစရာတွေ စဉ်တိုက်ဆက်တိုက် လာတော့မယ်။ မှုခင်းတွေလဲ ကျူးလွန်မယ်။ ကိုယ်ကသူများကို ရန်ပြုမယ်။ ကိုယ့်ကိုသူများက ရန်ပြုမယ်။

အရက်ဖြစ်စရက် ပထမနဲ့ ဒုတိယရက်တွေက အရေးကြီးတယ်။ ဆေးရုံတက်ကုသဘို့ လိုနိုင် တယ်။ သောက်ထားခဲ့တဲ့ အရက်ဓါတ် (အဆိပ်ဓါတ်) တွေကို ကိုယ်ထဲကနေ မြန်မြန်ရှင်းထုတ် ဘို့ သွေးကြောထဲဆေးသွင်းတာ လုပ်ရလိမ့်မယ်။ ဆီးကောင်းကောင်းသွားရင် သက်သာလာတော့မယ်။

ဒီတပုဒ်မှာ ဒီလောက်သာ ရေးပါမယ်။ မြန်မာ လူကြီး-လူငယ်၊ ယောက်ျားလေး-မိန်းကလေး အရက်ဘေး ကဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

၁၉-၁၂-၂ဝ၁၃


ဝမ်းသွားနေရင် သောက်သင့်တဲ့ လက်ဖက်ရည်ခါးခါး



လက်ဖက်ရည်ကို လက်ဖက်ခြောက် ခါးခါးနဲ့ သောက်ရင် ၀မ်းသွားနေပါက ရပ်တန့်ပေးစေနိုင် ပါတယ်။

တစ်ချို့လည်း သိပြီးသား ဖြစ်ပါတယ်။ သို့သော် လက်ဖက်ရည် ခါးခါးဟာ ၀မ်းပိတ်ဆေးတွေ လောက်တော့ အလျင် အမြန် ရပ်တန့်တာ မဟုတ်ဘဲ ဖြည်းဖြည်းချင်း သက်သာစေနိုင် ပါတယ်။

ဒါ့အပြင် လက်ဖက်ရည်သောက်ပြီး ကျန်ရှိတဲ့ လက်ဖက်ခြောက် အဖတ်များကို စားပေးနိုင် ပါတယ်။ ဒါကြောင့် ၀မ်းတွေအရမ်း သွားနေရင် လက်ဖက်ရည်ကို လက်ဖက်ခြောက်များများ ထည့်ကာ မှီဝဲပေးဖို့ တိုက်တွန်းပါတယ်။

ကျော်လင်းနိုင်

ကျန်းမာရေးနှင့် အလှအပ သတင်းများ


စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ် ပြောင်းလဲပေးမယ့် Rocki



Rocki က စပီကာ အဟောင်းများ ကို WiFi Speaker အဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ Rocki က အရွယ်သေးငယ် ပြီး ရောင်စုံ ထုတ်လုပ်ပေးထားပါတယ်။ Rocki ကို သာမာန် စပီကာများ နဲ့ ကြိုးဖြင့် ချိတ်ဆက်နိုင်ပါတယ်။ ပြီးရင် Rocki ကို စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ နဲ့ WiFi မှ တစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။ စမတ်ဖုန်း ၊ တက်ဘလက် ၊ ကွန်ပြူတာများ မှ ဖွင့်တဲ့ သီချင်းများ ကို စပီကာ က ထုတ်လွှင့်ပေးမှာ ဖြစ်ပါတယ်။ Rocki ကို ၄၉ ဒေါ်လာ နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။

Rocki ကို ကားများမှာလည်း အသုံးပြုနိုင်ပါတယ်။ Apple, Google, Microsoft စတဲ့ Company များရဲ့ in-car system ကို မ၀ယ်နိုင်ရင်တောင် အနည်းဆုံး တော့ Rocki ကို ၀ယ်နိုင်ရင် ကားရဲ့ Audio System မှာ သီချင်းဖွင့်ဖို့ အတွက် စမတ်ဖုန်း မှတစ်ဆင့် ကြိုးမဲ့ ခိုင်းစေနိုင်မှာ ဖြစ်ပါတယ်။

Rocki ကို တီထွင်သူများ က ဆီလီကွန် ကာဗာ ခုနစ်ခု ကို ပြုလုပ်ပေးထားပါတယ်။ သီးခြား ၀ယ်စရာမလို ဘဲ ၄၉ ဒေါ်လာ ထဲမှာ ပါပြီးသား ဖြစ်ပါတယ်။ နေအိမ် ၊ ရုံးများ မှာ ထားရှိ အသုံးပြုနိုင်အောင် လှပစွာ ဒီဇိုင်းလုပ်ပေးထားတာဖြစ်ပါတယ်။

Rocki ကို စမတ်ဖုန်း နဲ့ အခြား Device များနဲ့ ချိတ်ဆက်ဖို့ အတွက် စမတ်ဖုန်း မှာ Rocki App ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ အခုလောလောဆယ် မှာ Android Device များအတွက်ပဲ App ကို ထုတ်လုပ်ပေးထားပါတယ်။ ဒါပေမယ့် Rocki ကို Apple Device များနဲ့ ချိတ်ဆက်ချင်ရင် AirPlay ကို အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ Rocki အတွက် iOS App ကို မေလ မှာ ထုတ်လုပ်ပေးမယ်လို့ သိရပါတယ်။

Rocki ရဲ့ အလုပ်လုပ်ပုံကို အောက်က ဗီဒီယိုမှာလေ့လာနိုင်ပါတယ်။

https://www.youtube.com/watch?v=ePUMieMfbkI

သူရ

Myanmar Digital Life Journal


Hitachi က ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကားကို တည်ဆောက်



Hitachi က တရုတ်နိုင်ငံ မှာ ဆောက်လုပ်ဆဲဖြစ်တဲ့ အမြင့်ပေ (၁၇၀၀) ရှိ Guangzhou CTF Finance Centre အဆောက်အဦး အတွက် ဓာတ်လှေကားများ ကို ပြုလုပ်ပေးနေပါတယ်။ အဲဒီဓာတ်လှေကားများ ဟာ ကမ္ဘာ့ အမြန်ဆုံး ဖြစ်လာမှာ ဖြစ်ပါတယ်။

ဓာတ်လှေကားတစ်ခုစီ ရဲ့ ပျမ်းမျှ အမြန်နှုန်း မှာ တစ်နာရီလျှင် ၄၅ မိုင် ဖြစ်ပါတယ်။ အောက်ဆုံးထပ် ကနေ ၉၅ ထပ် ကို ၄၃ စက္ကန့် အတွင်းမှာ ပို့ဆောင်ပေးနိုင်ပါတယ်။

ဓာတ်လှေကား ကို လုံခြံစေဖို့ Governor လို့ ခေါ်တဲ့ အဆင့်မြင့် Brake ဖမ်းတဲ့ နည်းပညာ ကို အသုံးပြု ထားပြီး သတ်မှတ်ထားတဲ့ အရှိန် ကျော်လွန်တာနဲ့ အရေးပေါ် Brake အုပ်ပေးမှာဖြစ်ပါတယ်။ အလွန် လျှင်မြန်တဲ့ အရှိန် မှာ ဓာတ်လှေကား ကို ရပ်နားဖို့အတွက် Brake စနစ် မှာ အပူ ကို ခံနိုင်ရည် ရှိတဲ့ ပစ္စည်းများ နဲ့ တည်ဆောက်ထားပါတယ်။

ဓာတ်လှေကား ကို တုန်ခါမှု မဖြစ်စေတဲ့ နည်းပညာ ကိုလည်း Hitachi က အသုံးပြုထားပြီး စီးနင်းသူများ ရဲ့ နားကို ထိခိုက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုကာကွယ်ဖို့ အတွက် လေဖိအား ကို ထိန်းညှိပေး တဲ့ နည်းပညာ ကို Hitachi က အသုံးပြုထားပါတယ်။ အဲဒီနည်းပညာ က လျှင်မြန်တဲ့နှုန်း နဲ့ ဓာတ်လှေကား သွားတဲ့အခါမှာ လေထုဖိအား ပြောင်းလဲမှု ကို လျှော့ချပေးမှာ ဖြစ်ပါတယ်။

Hitachi က အဆောက်အဦး မှာ ဓာတ်လှေကားပေါင်း (၉၅) ခု တပ်ဆင်မှာ ဖြစ်ပေမယ့် ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား နှစ်ခုသာ တပ်ဆင်မှာ ဖြစ်ပါတယ်။

သူရ

Myanmar Digital Life Journal



အိပ်ယာဝင်ခါနီး ရေတစ်ခွက်သောက်ပါ



အိမ်ယာဝင်ခါနီး ရေသောက်ပြီး အိပ်ပါက နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် နှစ်ခြိုက်စွာ အိပ်ပျော်စေပြီး ခန္ဓာကိုယ်အတွက် ခွန်အားရှိစေမှာ ဖြစ်ပါတယ်။

ရေသောက်ပြီး အိပ်ခြင်းက မျက်နှာ အဆီပြန်ခြင်းကို လျော့နည်းစေပြီး အသားအရေ အတွက်လည်း ကောင်း မွန်စေတာကြောင့် ရေတစ်ခွက် သောက်ပြီးမှ အိပ်ဖို့ အကြံပြု ပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ဧပြီနောက်ဆုံးပတ်တွင် ရွာဖွယ်ရှိသည့်မိုးကြောင့် သဘာဝဘေးအန္တရာယ်ကို သတိပြုရန်လို



ဧပြီနောက်ဆုံး သီ တင်းပတ်အတွင်း မြန်မာနိုင်ငံဒေသအချို့တွင် မိုးတိမ်တောင်မှဖြစ် ပေါ်လာသော မိုးရွာဖွယ်ရှိပြီး အဆိုပါမိုးကြောင့် ဖြစ်ပေါ်လေ့ရှိ သည့် သဘာဝဘေးအန္တရာယ်ကို သတိပြုရန်လိုကြောင်း မိုးလေ၀ သပညာရှင်ဒေါက်တာထွန်းလွင် ကပြောသည်။

ထိုင်းနိုင်ငံဘက်တွင်ဖြစ်ပေါ် နေသော တိမ်တိုက်အစုအဝေး ရွေ့လျားလာခြင်းကြောင့် မြန်မာ နိုင်ငံ အရှေ့တောင်ပိုင်းဒေသများ တွင် မိုးအများဆုံးရွာနိုင်ပြီး ရုတ်တရက်မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်း တိုက်ခြင်း၊ မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးများဖြစ်လေ့ရှိကြောင်း ဒေါက်တာထွန်းလွင်က ပြောသည်။

ဒေါက်တာထွန်းလွင်က‘‘ဒီ မိုးမျိုးမှာ လျှပ်စီးလက်ပြီးမိုးခြိမ်း တာတွေ၊ မိုးသက်လေပြင်းကျပြီး မိုးကြီး တာတွေဖြစ်လေ့ရှိတယ်။ မိုး တိမ်တောင်က အားကောင်းရင် တော့ ဒါတွေအပြင် နောက်ထပ် ပါလာ တတ်တာတွေကတော့ မိုး ကြိုးပစ်တာ၊ လေဆင်နှာမောင်း တိုက်တာ၊ မိုးသီးကြွေတာတွေကြုံ ရနိုင်တယ်’’ ဟု ပြောသည်။

ဧပြီ ၁၅ရက်မှစတင်၍ ၂၀၁၄ခုနှစ်၏ မိုးကြိုကာလစတင်ခဲ့ပြီးမိုးတိမ်တောင်ရာသီဥတုကြောင့် နေပြည်တော်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ စစ်ကိုင်း တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် လေပြင်းတိုက်ခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းစသည့် သဘာဝဘေးများဖြစ်ပေါ်ခဲ့ပြီး လူသေ ဆုံးမှုနှင့်အတူ နေအိမ်အဆောက်အအုံပျက်စီးမှုများလည်း ရင်ဆိုင်ခဲ့ရသည်။

ပြီးခဲ့သည့်နှစ် မိုးကြိုကာလ ကလည်း မိုးတိမ်တောင်ရာသီဥတု ဖြစ်စဉ်ကြောင့် နေရာကွက်ပြီး မိုး ကြီးကာ ရှမ်းပြည်နယ်သတ္တုတွင်း လုပ်ငန်းတစ်ခုတွင် မြေပြိုပြီးလူ ၁၇ဦးသေဆုံးခဲ့သည်အထိ သဘာဝဘေး အန္တရာယ် ကြုံတွေ့ခဲ့ရ သည်။

‘‘နေရာကွက်မိုးကြီးရင် ရွာတဲ့ဒေသကိုလိုက်လို့ လျှပ်တစ် ပြက်ရေကြီးတာ တို့၊ မြေပြိုတာတို့ ဖြစ်တတ် ပါတယ်။ ဒါကြောင့် ပြန် ကျမိုးတွေရဲ့ သဘာဝကိုသိထား သင့်တယ်။ မွန်းလွဲညနေပိုင်းတွေ မှာ ရွာတတ် ပါတယ်’’ဟု ဒေါက် တာထွန်းလွင်က သတိပေးသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၏ ဧပြီ ၂၄ ရက်အတွက် ခန့်မှန်းချက်များတွင် မန္တလေး၊ ရန်ကုန်နှင့်ပဲခူးတိုင်းဒေ သကြီးတို့တွင် နေရာကွက်၍ ထစ် ချုန်းမိုးရွာနိုင်ကြောင်း သတင်း ထုတ်ပြန်ထား သည်။

7Day Daily