တိုက်ကြီးမှာ ရွှေညတော်ဆရာတော်အား တရားဟောခွင့်ပိတ်လို့် တရား ပွဲ ပျက်သော အကြောင်း အရာ နှင်.ပတ်သက်ပြီးပြောပြချက်
မြတ်ဗုဒ္ဓ ရဲ့ တကယ့်တရားအဆီအနှစ်တွေ ဟောပြောနေတဲ့ဘုရားသားတော်အစစ်
ရွှေညဝါ ဆရာတော်ကို ကျတော့ တရားဟောခွင့်ပိတ်..
အမုန်းတရားတွေ နဲ့ တိုင်းပြည် ဖျက်နေတဲ့
တရားတွေ ဟောပြောနေတဲ့
သင်္ဃန်းဝတ်တွေ ရဲ့ တရားပွဲတွေကို ကျတော့ ဟောပြောခွင့်ပြုတဲ့ အပေါ်
ရွှေညဝါဆရာတော် ကြီးရဲ့ ပြောကြားချက် အပြည့်အစုံ။
{ ဒီအခွင့်အရေးကိုပိတ်တဲ့သူက ပြိတ္တာလား။ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် အဲဒါ
ပြိတ္တာပဲ။ ဟုတ်ရဲ့လား။ ဗုဒ္ဓဘုရားရဲ့တရားကို ဗုဒ္ဓသားတော်တစ်ပါးက ဟောတာ
နာချင်ပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာတို့ရဲ့ မျက်စေ့၊ နား၊ နှလုံးသားအခွင့်အရေးကို
ပိတ်ပင်တာဟာ လူဖြစ်ဖြစ် ဘုန်းကြီးဖြစ်ဖြစ် အဲဒါ ပြိတ္တာပဲ။
ဒီမိုကရေစီစနစ်ဆိုတာ အပြန်အလှန်လေးစားနားလည်မှုနဲ့ အညမညသဘောတရားအတိုင်း၊
အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံလူတန်းစားအကြား အဲဒီနှစ်ခုကြားမှာ ဗိုလ်ကျတာတွေ၊
အနိုင်ကျင့်တာတွေ လွှမ်းမိုးတာတွေ၊ နိုင့်ထက်စီးနင်းလုပ်တာတွေမပါဘူး။
အခု သမ္မတကြီးက ဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲရေးနည်းနဲ့
သွားနေပါတယ်ဆိုပြီး ပြောနေတယ်။ သူကသာ ရှေ့ကနေပြီး မိဘပြည်သူများခင်ဗျာ နဲ့
ပြောနေပေမယ့် သူ့အောက်ကလူတွေက
နယ်လှည့်ပါးရိုက် မယ်လို့ ပြောလိုပြော။ ဗိုက်လှန်ပြီး ကျည်ဆံရာကြီးပြလိုပြ။
ဘာကောင်တွေမှန်းလဲ မသိဘူး။ ကျုပ်တို့က အရူးလင်လုပ်နေရသလိုဖြစ်နေတယ်။
အဲဒီကြားထဲမှာ ဒီပြဿနာတွေက သွေးထိုးလှုံ့ဆော်နေတယ်။
သူတို့ရဲ့ ၂၀၁၅ စီမံကိန်းအတွက် ဒါတွေဟာ ကျုပ်တို့ကို ပိတ် ပင်တယ်။
မကျေနပ်ဘူး။ လူထုအုံကြွမှုဖြစ်မယ်။ ဘာညာကွိကွ ဒါမျိုးတွေ သူတို့လိုချင်တာ။
လူထုတွေကို ဆက်အ,စေချင်တာ။ လူထုတွေကို ဆက်ပြီးတော့ ကြောက်စေချင်တာ။
လူထုတွေကို ဆက်ပြီးတော့ ညံ့စေချင်နေတာ။ ကျုပ်ကလည်း လူထုကို မအ အောင်
မကြောက်အောင် မညံ့အောင် တစ်နိုင်ငံလုံးလှည့်ဟောနေတာ။ ဒေါသနဲ့ဟောတာဆိုလို့
ဒီတစ်နေရာပဲရှိသေး တယ်။ ကျုပ်အေးအေးဆေးဆေးဟောခဲ့တာ။ ကျုပ်ကို
စိတ်တိုအောင်မလုပ်ပါနဲ့။ ကျုပ်လည်း မှော်ဘီမှာနေတာ။ ဒီဒေသတွင်း သားပဲ။
ဆွေတွေမျိုးတွေလို သဘောထားပြီးတော့ လက်ခံခဲ့တာ။ ဒီတရားပွဲကို
မကြွတော့ဘူးလို့ အပြီးဆုံးဖြတ်ပြီးတော့ ငြင်းထားတာ။ အခုကျတော့မှ
အောင်ချမ်းသာဆရာတော်က ကြွဖြစ်အောင်ကြွပါဘုရား ပလ္လင်ပေါ်
ငါးမိနစ်ပဲထိုင်ပြီးတော့ ငါနဲ့ပဲခွတုတ်တုတ် တပည့်တော်တို့သာဓုခေါ်ပါ့မယ်တဲ့။
ဘာကိုသာဓုခေါ်ရမှာတုန်း။ ငါနဲ့ခွတုတ်တာ သာဓုခေါ်စရာမှမဟုတ် တာ။
အလကားလျှောက်ပြီးတော့ တိုင်းပြည်ကို …….
(၂)ခင်ဗျားတို့ကျုပ်တို့ အားလုံးအမြင်သာကြီး။ ငြိမ်းချမ်းရေးလည်းမရသေးဘူး။
တိုင်းရင်းသားစည်းလုံးညီညွတ်မှု မရှိသေးဘူး။
အမျိုးသားပြန်လည်သင့်မြတ်မှုမရှိသေးဘူး။ တရားဥပဒေစိုးမိုးမှု မရှိသေးဘူး။
စီးပွားရေးမဖွံ့ဖြိုးသေးဘူး။
ကိုင်း … ကျန်းမာရေး ဘာမှမဟုတ်သေးဘူး။ အလုံးစုံ ချွတ်ခြုံကျနေခဲ့တဲ့တိုင်းပြည်။
ဒါကို ကျုပ်တို့က တက်ညီလက်ညီနဲ့ တိုင်းရင်းသားစည်းလုံးညီ ညွတ်မှုတွေရမှ၊ ငြိမ်းချမ်းရေးတွေရမှ၊ တရားဥပဒေစိုးမိုးရေးတွေရမှ၊
စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်မှ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိမှ
လူနဲ့ဆန်တဲ့ လူ့ဘ၀ရတယ်လို့ခေါ်တယ်။ အဲဒါမှ ဒီမိုကရေစီလူသားတို့ရဲ့ဘ၀လို့
ခေါ်တယ်။ ဘယ့်နှယ် အသံသာကြားပြီး ဘာမှန်းကိုမသိရသေးတဲ့ ဒီမိုကရေစီ။
အခု အမျိုးဘာသာ သာသနာ ပျောက်လိမ့်မယ် ပျက်လိမ့်မယ်နဲ့
မိုးပြော ကြိုးပြောနဲ့ အစ္စလာမ်ဘာသာ မွတ်ဆလင်ကုလား တွေချည်းပဲ
လက်ညှိုးထိုးထိုးပြီး ပစ်မှတ်ပြုပြောနေကြတယ်။ ဟောနေကြတယ်။ ဒါလည်းပဲ
သည်းခြေကြိုက်စကားပဲ။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေက အဲဒါမျိုးပြောလို့ရှိရင်
သည်းခြေကြိုက်။ တကယ်တမ်းကျတော့ မှိုင်းတိုက်နေကြတာ။ ကိုယ့်ဟန်ချက်ညီညီနဲ့
အဲဒါကိုလည်းကာကွယ် ကိုယ့်အတွင်းလူတွေကိုလည်း တွန်းလှန်ရမှာ။ အမျိုးပျက်မှာ၊
အမျိုးပျောက် အောင်လုပ်မှာ၊ တိုင်းပြည်ပျက်အောင်လုပ်မှာဆိုတာတွေဟာ
ကုလားချည်းသွားပြီးတော့ မဆဲနဲ့။ ကိုယ့်လူမျိုးအတူတူချင်း၊ ဘာသာ အတူတူချင်း၊
ဘုန်းကြီးအတူတူချင်းက အခုလိုဖျက်တာ ဒါအမျိုးဖျက်တာ ဘာသာဖျက်တာ
သာသနာဖျက်တာ။ ရှင်းလား။
ကျုပ်တို့က တိုင်းပြည်ပျက်အောင်လုပ်ကြဟေ့လို့ ပလ္လင်ပေါ်က တစ်ခွန်းမှမဟောဘူး။
ကျုပ်တို့က နိုင်ငံကို ဆူပူအုံကြွအောင် လုပ်ကြစို့ဟေ့လို့
တစ်ခွန်းမှမဟောဘူး။ သွယ်ဝိုက်ပြီးတော့လည်းမဟောဘူး။ တည့်တည့်လည်းမဟောဘူး။
အမျိုးသားပြန်လည် သင့်မြတ်ဖို့၊ တိုင်းရင်းသားစည်းလုံးညီညွတ်ဖို့၊
ငြိမ်းချမ်းရေးရဖို့၊ တရားဥပဒေစိုးမိုးဖို့၊ ကျန်းမာရေးစောင့်
ရှောက်မှုတွေပြည့်စုံဖို့၊ လူသာနဲ့တူတဲ့ လူ့ဘ၀တွေကိုရဖို့နဲ့ စီးပွားရေးတွေ
ပြန်လည်ဖွံ့ဖြိုးတိုးတက်လာဖို့၊ အစစအရာရာ အလုပ်အကိုင်အခွင့်အလမ်းလေးတွေ
ရလာဖို့။ ကဲ တောင်သူလယ်သမားအရေးတွေ အလုပ်သမားအရေးတွေမှာ ကျုပ်ကိုယ်တိုင်
အကုန်အကျခံပြီးတော့ သေနတ်တွေ တုတ်ဓါးကြားတွေထဲဝင်ပြီးတော့ ဖြန်ဖြေခဲ့တာ။
အလကား ပါးစပ်ကနေ ပြီးတော့ အာချောင်ပြီးလုပ်ခဲ့တာ တစ်ခုမှမပါဘူး။
ကျေးဇူးတင်ရကောင်းမှန်းမသိဘူး။
၃)ဒီတိုက်ကြီးမြို့နယ်က သံဃာ့နာယကဆိုတဲ့ကိုယ်တော်တွေ ပါသလား။ အဲဒီ
ဥက္ကံဖြစ်တုန်းက ပါသလား။ ကျုပ်ပါးစပ်ကြီးနဲ့ ၃၂ ကောဋ္ဌာသ ကျွတ်ကျမတတ်ဟောခဲ့တာ
ကျုပ်။ အဲဒီအရေးအခင်းကြီးကို အမြန်ဆုံးငြိမ်းချမ်းသွားအောင်ဟောခဲ့တာ
ကျုပ်ဟောခဲ့တာ။ အဲဒါကျုပ်။ မဏ္ဍာပ်တိုင်တက်ပြတာမဟုတ်ဘူး။ ကျုပ်ဘာကျုပ်
အေးအေးဆေးဆေး မသိချင်ဟန်ဆောင် မမြင်ချင်ဟန်ဆောင်နေရင် ရတာပဲ။
ငါ့တိုင်းပြည်ကွယ့်၊ ဥက္ကံဆိုတာလည်း ငါတို့တိုင်းပြည်ထဲက
ငါတို့မြို့တစ်မြို့ကွယ့်။ ဥက္ကံမြို့ မှာ ဆူပူအုံကြွနေတာလည်း
ငါတို့တိုင်းပြည် ငါတို့လူမျိုးတွေကွယ့် ဒီလိုမဖြစ်သင့်ဘူးဆိုပြီး
သွားပြီးတော့ ထိန်းသိမ်းအုပ်ချုပ် ပေးခဲ့တာ။ မကျေနပ်လို့ ဒီစကားတွေကို
ဒီလိုဒီလို ဒီနေရာတက်ပြောသွားတာ ကြိုက်တဲ့ပုံစံနဲ့ ဖြေရှင်း။ မိုးထိအောင်
လှေကား ထောင်တက်ဖို့ ၀န်ကိုမလေးဘူး။ လွန်လွန်းအားကြီးလာလို့ ပြောရတာ။
ဘယ့်နှယ် ဘုန်းကြီး ဘုန်းကြီးချင်းကလိုက်ပြီးတော့။
**အမျိုးဘာသာ သာသနာအတွက် မှန်ကန်တဲ့လမ်းကြောင်းပေါ်က လျှောက်တတ်အောင်
ဉာဏ်ရည်တွေထည့်ပေးနေတဲ့ဘုန်း ကြီးကို ဘာမှမလုပ်တဲ့ဘုန်းကြီးတွေက တားတယ်။
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်
သင့်မြတ်ရေးကို ပြိုကွဲအောင်၊ ဒီမိုကရေစီမရအောင်၊ ဒေါ်အောင်ဆန်းစုကြည်ကို
မဲမပေးနဲ့ ဦးသိန်းစိန်ကို မဲပေး။**
ဒီလိုဘုန်းကြီး တွေကျတော့ မသိကျိုးကျွံပြုပြီးတော့ မျက်ကွယ်ပြုပြီးတော့ အသာလေးလွှတ်ပေးထားတယ်။ မကြားချင်ဟန်ဆောင်နေကြတယ်။
တောက် …။
တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာကွဲသွားအောင်
ဟောပြောနေတဲ့ကိုယ်တော်တွေကျတော့ လွှတ်ပေးထားတယ်။ တိုင်းပြည်ကို စုစုစည်းစည်း
ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့သွားဖို့ဟောနေတဲ့ဘုန်းကြီးကျတော့
လိုက်ပိတ်တယ်။ ကျုပ် ဗမာပြည်မှာ ဒီလိုဒေါသထွက်တာ ဒီတစ်နေရာပဲရှိသေးတယ်။
ဒီတစ်နေရာပဲရှိသေးတယ်။ ဒီကိုယ်တော်တွေ ငါးစာချနေတဲ့ကိစ္စ၊ အမျိုးဘာ သာ သာသနာ
ပျက်စီးဆုံးရှုံးပျောက်ကွယ်သွားလိမ့်မယ်ဆိုတာ ကုလားကြောင့်ချည်းပဲဟောနေတာ။
ဗမာကြောင့်၊ ဗုဒ္ဓဘာသာ ကြောင့်၊ ဘုန်းကြီးတွေကြောင့် ဒီလိုမျိုးတွေ
ဖြစ်သွားနိုင်တယ်။ ကိုယ့်လူမျိုးအချင်းချင်း ဘာသာတူအချင်းချင်းက အသားထဲက
လောက်ထွက်နေတာ။ စကောလောက်မှ ဇောက်မနက်ပဲ ကိုယ့်အမျိုးချင်း
ကိုယ်ဖျက်နေကြတာ။ ဘုန်းကြီးတွေ။ အကုန်လုံးကို ပြောတာမဟုတ်ဘူး။
ဘာမှ မလုပ်နိုင် မကိုင်နိုင် မစွမ်းနိုင်ဘဲနဲ့ လုပ်နိုင် ကိုင်နိုင်
စွမ်းနိုင်တဲ့ လမ်းကြောင်းမှန်ပေါ်ကို ပြည်သူတွေလျှောက်တတ် အောင်သင်ပေးနေတဲ့
ဒီမိုကရေစီလေ့ကျင့်ရေးသင်တန်းကို ပလ္လင်ပေါ်ကနေပြီးတော့ ကျကျနနသင်ပြပြီးတော့
မကြောက်တရားတွေ ဟောပြနေတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးတွေ
ဟောပြနေတယ်။ ဒါကိုကျတော့ ပိတ်တယ်။ ဘယ်မဲထည့်နဲ့ ဘယ်မဲမထည့်နဲ့
အကုန်လုံးဘက်လိုက်ပြီးတော့ တိုင်းပြည်ကိုအစိတ်စိတ် အမွှာမွှာကွဲသွားအောင်
လျှောက် ဟောနေတဲ့ဘုန်းကြီးတွေကျတော့ လွှတ်ပေးထားတယ်။ ဂရုကိုမစိုက်ဘူး။
ဘယ်ဘုန်းကြီးမှ။ မှန်ကန်တဲ့ဘုန်းကြီးဆိုရင် ကျုပ်က ရှေ့ကလည်းနေရဲတယ်။
ပစ်စမ်းကြိုက်သလောက်။ ရင်ဘက်နဲ့ကာပြီးတော့ ဇကာပေါက်ဖြစ်သွားပါစေ။ အခုဟာကဗျာ
ဘယ့်နှယ်။
အခုကျုပ်ပြောနေတယ်။ လာလေ မြို့နယ်သံဃာ့နာယက လာလေ။ ခင်ဗျားတို့လည်းမပါနဲ့။
ဘယ်နှစ်ပါးလာမလဲ။ အကုန်လုံး ကန်ချပစ်လိုက်မယ်။ လက်ဝှေ့စင်လုပ်ပစ်လိုက်မယ်။
ရှင်းလား။ လေမဖြတ်သေးဘူး။ သွေးတိုးမရှိဘူး။ ဆီးချိုမရှိဘူး။ ဘာရော
ဂါမှမရှိဘူး။ ငါးပါးလောက်တော့ တစ်ချက်တည်းနဲ့ သိမ်းလို့ရတယ်။ အဲဒီလောက်အထိ
မိုက်မိုက်ရိုင်းရိုင်း မပြောချင်ဘူး။ မပြော ချင်ပေးမယ့်
ပြောဖြစ်အောင်လုပ်ခဲ့တဲ့အတွက် ကျုပ်ပြောရတာ။ ဘာမှ
တင်ပလ္လင်ခွေလည်းထိုင်မနေဘူး။ ယပ်တောင်လည်း ကိုင်မနေဘူး။
ဘုရားလည်းရှိခိုးမနေဘူး။ ရေစက်လည်းမချဘူး။ ပြီးရင် ခဏနေ ဆင်းသွားမှာ။
တိုင်းပြည်ကိုမပျက်အောင်၊ ဘာသာ သာသနာကိုလမ်းကြောင်းမှန်ပေါ်ကို ရောက်အောင်
ပို့ပေးနေတဲ့ဘုန်းကြီးတွေကို ပိတ်ပြီး တော့၊ ဘာသာ သာသနာကို
ဂယောက်ဂယက်ထသွားအောင် နိုင်ငံရေးအသုံးချဈေးကွက်ထဲမှာ
အသုံးချ နိုင်ငံရေးသားကောင် တွေအဖြစ်နဲ့ အသုံးချခံနေတဲ့ကိုယ်တော်တွေကျတော့ အေးအေးဆေးဆေး နောက်ကနေ လွှတ်ပေးနေတယ်။
မသိချင်ဟန် ဆောင်နေတယ်။ ဒါတွေကို ခင်ဗျားတို့ မျက်စေ့ရှင်ရှင်ကြည့်။ အမြဲတမ်းနားကိုစွင့်ထား။ အ မနေနဲ့။
အ နေရင် ဆက်ခံသွားရ မယ်။ တိုက်ကြီးမြို့က ဒကာ ဒကာမတွေ မအ,အောင်
ကျုပ်လာဟောမလို့။ မကြောက်အောင် ကျုပ်လာဟောမလို့။ မညံ့အောင်
ကျုပ်လာဟောမလို့။ ရက်ပေးထားတာ။ ဟောစရာမရှိတဲ့ဘုန်းကြီးမဟုတ်ဘူး။
တစ်နိုင်ငံလုံးလှည့်ဟောနေတာ တစ်ညတောင် မအားရဘူး။ ကားပေါ်နဲ့ပလ္လင်ပေါ်၊
ပလ္လင်ပေါ်နဲ့ ကားပေါ် ဒီလိုနဲ့ပဲ တစ်နိုင်ငံလုံးလှည့်လာတာ
ဒီ ဘာမဟုတ်တဲ့ တိုက်ကြီးကျမှ တောက် ….။
အဲဒီတော့ … အမျိုးဘာသာ သာသနာကိုဖျက်အောင် ကုလားချည်းပဲလို့
မျက်စိစုံမှိတ်ပြီးတော့ ဇွတ်ယုံမနေနဲ့။ ကိုယ့်ဘာသာတူ၊ ကိုယ့်လူမျိုးတူ၊
ကိုယ့်ဘုန်းကြီးအတူတူက ဖျက်နေတာကိုလည်း သတိထားကြည့်ကြဦး။ ဟုတ်ရဲ့လား။
ကိုင်း ညကျရင် ကျုပ်လက်ထောက်လာဟောလိမ့်မယ်။ ဒီတရားပွဲကို
ကျုပ်ဒီလိုပြောသွားလို့ ဖျက်လိုက်လည်း နားအေးတာပဲ။
ကဲ ကျုပ်သွားမယ်။ } ရွှေည၀ါဆရာတော်
Dawnmanhon( ဒေါင်းမာန်ဟုန်)
ရုပ်/သံ ကြည့်ရှု့နားဆင်ရန်...