8 Jul 2014

ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်


ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်

ဘရာဇီးနှင့်ပွဲစဉ်တွင် ထပ်ဆင့်ကန်ချက်ဖြင့် ဒုတိယဂိုး သွင်းယူခဲ့သည့် ဂျာမနီတိုက်စစ်မှူး ကလိုဆေးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ရော်နယ်ဒိုသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၆)ခုနှစ်အတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ(၃)ရပ် ကစားပြီး ဘရာဇီးအတွက် (၁၅)ဂိုး သွင်းယူနိုင်ခဲ့ကာ ကလိုဆေးမှာ (၂၀၀၂)ခုနှစ်မှ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ရပ် ကစားရာတွင် ၁၆ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုလန်တွင် မွေးဖွားခဲ့သည့် ဂျာမနီ တိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲပျမ်းမျှ သွင်းဂိုး (၁.၀၆)ဂိုးအထိ သွင်းယူနိုင်သူအဖြစ် ရပ်တည်နေသည်။

@z (ရိုးရာလေး)

ခေါင်းဆောင်နှင့် ခေါင်းရှောင်

JOB seekers Journal Vol.2,No.52

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ 
 
အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။


တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။


ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။


“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။


ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။


အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။


ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။


ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။


တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။


ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။


၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။


၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။

၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။ 


၎။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ်္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ 


၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

မြန်မာတို့ရဲ့ မြန်မာဘီယာ

ref;papawady.com
---------------------------------------


ကားမောင်းနေစဉ် အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာများ



 
သင့် ဟာ ကားမောင်းသူတစ်ဦး အနေနှင့် ယာဉ် အန္တာရယ် ကင်းအောင် အရင်ဆုံး တွေးတော ဖြစ်ပါတယ်။ မိမိအတွက် အန္တ္တာရယ်အများဆုံးလဲ ? ဘယ် အရာတွေက မပြုမူ သင့် ဘူးလဲ၊
ဘာကိုလိုက်နာသင့် သလဲဆိုတာ တွေးထားသင့် ၊သိထားသင့် ပါတယ်။တကယ်လို့ မတော်ဆမူတစ်ခု ဖြစ်ပွားတဲ့ အခါ မိမိအတွက်၊မိသားစုအတွက်၊ တစ်ခြားတစ်ပါးသူအတွက်ရောမကောင်းလှပါဘူး..

ဒါကြောင့် ရှောင်၇န်ဆောင်ရန်လေးတွေကို ဖတ်ကြည့် လိုက်ရအောင်

လက်ကိုင်ဖုန်း

ဟုတ်ပါတယ်။သင့် ဟာ ကားမောင်းခြင်းကို မည်မျှပင် ကျွမ်းကျင် စေကာမူ ကား မောင်းနှင်နေစဉ်မှာ ဖုန်းပြော ခြင်းက လုံးဝ အန္တာရယ် များစေပါတယ်။ ဒါကြောင့် ဆင်ခြင်ရှောင်ရှားသင့် ပါတယ်။တခြားအန္တာရယ်များစေတဲ့ အချက်တွေအနေနှင့် ဘာတွေရှိဦးမလဲ…စဉ်းစားကြည့် ရအောင်

အီးမေးလ်

ကား မောင်းရင်းတစ်ဖက်ကလာသောအီးမေးလ်ကိုပြန်လည်ချိတ်ဆက်စာရိုက်ခြင်းကလည်းအန္တာရယ်ကြီးပါတယ်။များသောအားဖြင့် ဖုန်းမှာစာရိုက်ခြင်းက လက်နှစ်ဖက်စလုံးအသုံးပြုကာ လုပ်ဆောင်ခြင်းဖြစ်တာတစ်ချ က်၊အမြင်အာရုံအနေနှင့် ကားရှေ့ တည့် တည့် မှာရှိရမည်အစား ဖုန်းပေါ်သို့ အာရုံရောက်နေခြင်းတို့ က တစ်ချက် ထိုအချက်များက မည်သူမှမကြုံချင်ကြတဲ့ အနိဌာန်အာရုံတစ်ခုကို ဖြစ်ဖို့ အားပေးစေပါတယ်။ ဌင်းတို့ ကိုမလွဲမသွေအသုံးပြုရမည့် ဆိုရင် ကားကို လမ်းဘေးကိုချကာရပ်နားပြီးလုပ်ဆောင်ခြင်းကသင့် ကို လုံခြုံစိတ်ချရစေပါတယ်။

အစားစားခြင်း

တကယ်ပါ။ သင့် ဟာဗိုက်ဆာလို့ မုန့် စားခြင်းကို တော့  ဒီလိုကားပေါ်မှာဖြစ်သလိုဖြေရှင်းချင်မှာ မဟုတ်ပါဘူး သို့ ပေမဲ့  သင့် တကယ်တမ်း ဗိုက်ဆာလာတဲ့ အချိန်ကျရင် ဘေးနားမှာရှိနေတဲ့  မုန့် တစ်ခုခုကို ကားမောင်းရင်းစားမိမှာ ကြိမ်းသေပါတယ်။ ဒါဟာ အန္တာရယ်များပါတယ်။ ကားမောင်းရာမှာ နည်းနည်းမှ အနှောင်အယှက်မဖြစ်စေဖို့ ဒီလိုအချက်တွေက စလို့  ဆင်ခြေရန် ရှိပါတယ်။ ဒါကြောင့် ဗိုက်ဆာလာတဲ့ အခါကျရင် ကားကို ပါကင် ခဏဖြစ်ဖြစ်ထိုးကာ ဖြေရှင်းလိုက်ပါလို့ အကြံပေးချင်ပါတယ်။

ပင်ပန်းနွမ်းနယ်နေခြင်း

ဒီအချက်ကအဆိုးဆုံးပါပဲ။ များသောအားဖြင့် ခရီးရှည်ဟိုင်းဝေးမောင်းနှင်တဲ့ နေရာမျိုးမှာပိုမိုကြုံတွေ့ ရတတ်ပါတယ်။ သင့် ဟာတကယ်လို့ မောင်းနှင်နေစဉ်မှာ ပင်ပန်းနွမ်းနယ်ကာအိပ်ချင်လာသလိုဖြစ်လာရင်မောင်းနှင်မူကို ခဏနားပြီးမှာ ပြန်လည်စတင်သင့် ပါတယ်။ပင်ပန်းနေပြီးလို့ အချက်ပြနေတဲ့ သင့် ရဲ့ 
အာရုံကြောတွေကိုအတင်းညစ်ကာ မခိုင်းသင့် ပါဘူး။ သင့် ရဲ့ ခေါင်းမာမူကြောင့်  မလိုလားအပ်တဲ့ အရာတွေကို မဖြစ်ပါစေနဲ့ ။

တစ်စုံတစ်ခုကိုဖြတ်ခနဲ့ ကြည့် မိခြင်း

လမ်းပေါ်မှာ ကားမောင်းသွားရင်းက သင့် စိတ်ဝင်စားမိတဲ့ အကြောင်းအရာတစ်ခုဖြတ်ခနဲ့ တွေ လိုက်တယ်ဆိုပါစို့ ။ သင့်  ဟာမဖြစ်မနေလှမ်းကြည့် မိမှာ သေချာပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့ မယ်ဆိုလျှင်ကားကို မောင်းနေရာက လမ်းလေးတစ်ဘက်တစ်ချက်ကို ကပ်ကာ အရှိန်လျော့ ရပ်တန်းပြီး ကြည့် ရူ ပါ။ ဒါဟာသေချာတဲ့ ကြိုတင်ကာကွယ်မူတစ်ခုဖြစ်ပါတယ်။မောင်းနှင်နေချိန်မှာ တော့ ကိုယ်မျက်စိရှေ့ တည့် တည့် ကိုသာ အာရုံစိုက်ထားသင့် ပါတယ်။

ဒီ အချက် တွေက တော့ အန္တာရယ်
ကင်းအောင် ရှောင်ကြည်ရမဲ့ အချက်တွေထဲက အချို့ အနည်းသာ ရှိပါသေးတယ် ။ အကောင်းဆုံးကတော့  သင့် ရဲ့  အသိတွေ ၊အာရုံတွေ၊ သတိတွေကို ယာဉ်မောင်းနှင်းခြင်းအပေါ်မှာ အပြည့် အ၀ အလေးပေးထားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ၊ အလုပ်တစ်ခုအပေါ်အာရုံစိုက်ကာ တစ်စိုက်မတ်မတ် လုပ်မှ သာ အကောင်းဆုံးအခြေအနေကိုရောက် ရှိနိင်မှာဖြစ်ပါတယ်။

စာဖတ်သူအပေါင်းတို့  မော်တော်ယာဉ်ကြောင့်  ဖြစ်တဲ့ မတော်တဆ မူများမှ ကင်းဝေးကြပါစေ။

Ref: Automobile


အောင်ဟိန်း (ရိုးရာလေး)


ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း

 
 
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။

ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia

ဘရာဇီးလ်တွင် ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိ Samsung ဖုန်းများနှင့် ကွန်ပျူတာများ ဓားပြတိုက်ခံရ


ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့ အနီးရှိ Samsung Electronics စက်ရုံတစ်ခုတွင် ဓားပြများက အမေရိကန်ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိသည့် စမတ်ဖုန်းများ၊ tablet များနှင့် notebook ကွန်ပျူတာများကို လုယက်ခဲ့ပြီး ဝန်ထမ်းများကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။


ထို့အပြင် လက်နက်ကိုင်ဆောင်ထားသည့် ဓားပြများသည် စက်ရုံဝန်ထမ်းများ အသုံးပြုသည့် ပစ္စည်းသယ်သည့် ကားကိုလည်း ယူဆောင်သွားခဲ့သည်။


ပြည်နယ်၏ အများပြည်သူလုံခြုံရေး အတွင်းဝန်များရုံးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လက်နက်ကိုင် ဓားပြများသည် ထရပ်ကား ၇ စီးနှင့်အတူ Samsung ထုတ်ကုန် ၄၀,၀၀၀ ကျော်ကို လုယက် သယ်ဆောင်သွားခဲ့ကြောင်း၊ ပြည်နယ်ရဲများ အနေဖြင့် အဆိုပါ လုယက်မှုကို စုံစမ်းစစ်ဆေးနေသော်လည်း မသင်္ကာဖြစ်စရာ အခြေအနေများ မတွေ့ရှိရသေးပေ။


အစောပိုင်းကမူ လုယက်ခံရသည့် Samsung ထုတ်ကုန်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၆ သန်း ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် Samsung က လုယက်ခံရသည့် ထုတ်ကုန်တန်ဖိုး ခန့်မှန်းသည်ထက် နည်းပါးကြောင်းဆိုခဲ့သည်။ Samsung သည် လုယက်ခံရမှုတွင် ဝန်ထမ်း ၅၀ ဦး ပြန်ပေးဆွဲခံရကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားရန် ငြင်းဆိုခဲ့သည်။


“ကျွန်တော်တို့ ရဲအဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ နောက်တစ်ခါ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင်လည်း အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ” ဟု Samsung Electronic ဘရာဇီးလ်ဌာနခွဲက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: Reuters


အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ


၎.၇ လက်မ iPhone 6 တွင် အသုံးပြုမည့် အကြမ်းဒဏ်ခံနိုင်သော sapphire display နှင့် ပတ်သက်သည့် ဗီဒီယိုများသည် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

၎.၇ လက်မ sapphire crystal display cover အကြောင်းကို ဆန်နီဒစ်ခ်ဆန်ဆိုသူက ဗီဒီယိုတစ်ခုဖြင့် ပထမဦးဆုံး ဖော်ပြခဲ့သလို မားကက်စ်ဘရောင်လီဆိုသူကလည်း sapphire display ၏ အကြမ်းဒဏ်ခံနိုင်ပုံကို YouTube တွင်ဖော်ပြခဲ့သည်။

ဘရောင်လီ၏ ဗီဒီယိုတွင် sapphire display ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း ခြစ်ရာများ မထင်ကျန်ခဲ့သလို ပျက်စီးမှုလည်း မဖြစ်ပေါ်ခဲ့ပေ။ ထို့အပြင် ၎င်းသည် display ကို ခေါက်ချိုးရန် ကြိုးပမ်းခဲ့သော်လည်း မိမိ၏ အားဖြင့် display ကို လုံးဝမချိုးနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗီဒီယိုဖော်ပြချက်များကြောင့် Apple အနေဖြင့် ၄.၇ လက်မ iPhone 6 တွင် sapphire display ကို ပထမဦးဆုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက် ပိုမိုအားကောင်းလာခဲ့သည်။ Apple သည် လက်ရှိတွင် iPhone 5S home button နှင့် ကင်မရာ မှန်ဘီလူးတွင်သာ sapphire ကို အသုံးပြုထားသည်။

ထို့အပြင် အခြားသော ကောလာဟလ သတင်းများကလည်း Apple အနေဖြင့် တန်ဖိုးကြီးမြင့်သည့် ၅.၅ လက်မ iPhone 6 တွင်သာ sapphire display ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။


 


http://www.myanmarinternetjournal.com

တယ်လီနောမြန်မာရဲ့ တေးသွားငွေကြယ်ပွင့် ပြိုင်ပွဲ


မင်္ဂလာပါ တယ်လီနောမြန်မာ fan များခင်ဗျာ။ တယ်လီနောမြန်မာရဲ့ တေးသွားငွေကြယ်ပွင့် ပြိုင်ပွဲမှ ဝါသနာရှင် အားလုံးကို စောင့်ကြိုနေပါတယ်။ တယ်လီနောမြန်မာအတွက် signature tune တစ်ခုဖန်တီးပြီး ငွေကျပ် သိန်း ၁၀၀ကို ရယူပိုင်ဆိုင်လိုက်ပါ။

https://www.facebook.com/TelenorMyanmar/app_398936763578791) ကို အခုပဲပေးပို့နိုင်ပါပြီ။

Follow us on Twitter now: https://twitter.com/Telenor_mm

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ


* ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ *
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~
Credit to စာဖတ်သမားတစ်ဦး၏ မှတ်စုများ >thanks<
 

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သတင်းဖော်ပြခဲ့သည့် မွန်းတည့်နေဂျာနယ်ကို အစိုးရအရေးယူမည်



ရန်ကုန်-     Bi မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ထို့ပြင် ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း အမှန်တကယ် စစ်ဆေးပေါ်ပေါက်ခဲ့ပါက ယင်း လုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။


ဇူလိုင်လ ၇ ရက်နေ့နံနက်က မြို့တော်ခန်းမရှေ့တွင် MCDF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ် ရှားသူများ အင်အားစု)အဖွဲ့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ရွေးချယ်၍
ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာမှုပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့မှ ဦးကျော်လွင်ကပြောသည်။


အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး ယနေ့အစိုးရသည် အလုပ်လက်မဲ့နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားများ ပြဿနာ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းမှုများရှိနေခြင်း၊ လယ်ယာမြေပြဿနာများကို မဖြေရှင်းပေးဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေခြင်းတို့ကြောင့် လက်ကျန် ပြည်ထောင်စုအစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို
ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်လိုက်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

  
အဆိုပါသတင်းကို မွန်းတည့်နေဂျာနယ်က ဇူလိုင် ၇ ရက်ထုတ်တွင် မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစိုးရက ဇူလိုင် ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။



မလေးရှားတွင် တရားမ၀င်လုပ်သားများ အောက်လမ်းမှ ပြန်ပို့ပေးရာ၌ နာမည်ကြီးသော ကိုတိုနီအသတ်ခံရ


ရန်ကုန် - မလေးရှားနိုင်ငံရှိ တရားမဝင်နေထိုင်သော မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသော လုပ်ငန်းလုပ်ကိုင်နေသောကိုတိုနီသည် ဇူလိုင်၇ရက်က ပီနန်မြို့နယ်၊ဘတ်တာဝပ်မြို့တွင် အသတ်ခံရကြောင်း သတင်းရရှိသည်။

အသက် ၄၀ ကျော်အရွယ်ကိုတိုနီသည် မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်နေထိုင်ပြီး တရားမဝင်လာရောက်လုပ်ကိုင်သည့် မြန်မာနိုင်ငံသားများကို အောက်လမ်းမှပြန်ပို့ပေးသောလုပ်ငန်း
လုပ်ကိုင်ရာတွင် နာမည်ကြီးသူတစ်ဦးဖြစ်ပြီး ဇူလိုင်၇ရက်ညက မလေးရှားရင်းဂစ်ငွေ ၈၅၀၀၀ ရရန်ရှိသူထံမှအကြွေးတောင်းပြီး အပြန်တွင် အသတ်ခံရခြင်းဖြစ်ကာငွေအားလုံးကိုလည်း ယူဆောင်သွားကြသည်။

ကိုတိုနီကို ဇူလိုင် ၉ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

http://www.7daydaily.com/

7 Jul 2014

ဘာသာစကားမဲ့ အချစ်


မြန်မာရွှေ့ပြောင်း အလုပ်သမားလေးနဲ့ ထိုင်းမလေး တယောက်တို့ရဲ့ အချစ်ဇာတ်လမ်းကို Tanadnung Film မှ ရိုက်ကူး တင်ဆက် ထားတာ ဖြစ်ပါတယ်။ 


ရုပ်ရှင် ဇာတ်ကားကြီး အဖြစ် ထိုင်းနိုင်ငံ တဝန်းမှာ မကြာမီ ရုံတင်သွားမှာပါ။ ဇာတ်ကားရဲ့ ထိုင်းနာမည် ကတော့ "รักภาษาอะไร" ဖြစ်ပြီး - "အချစ်ဟာ ဘယ်ဘာသာ စကားလဲ" လို့ တိုက်ရိုက် အဓိပ္ပါယ်ရပါတယ်။ ဆီလျော်အောင် ဘာသာပြန်ရရင်တော့ "အချစ်ရဲ့ ဘာသာစကား" ပေါ့။ 

ထိုင်းလူမျိုး ခပ်မိုက်မိုက် တက်တူး ဆရာမလေး Kay အဖြစ် Kaew ၊ ရိုးသားတဲ့ မြန်မာအလုပ်သမားလေး Dan အဖြစ် အောင်နိုင်စိုး ၊ Dan ရဲ့ သူငယ်ချင်း Soe အဖြစ် စောဖောဒေး တို့က ပါဝင်သရုပ်ဆောင် ထားပါတယ်။ 

ဇာတ်ကား ထဲမှာတော့ ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကို တွေ့နိုင် မှာဖြစ်ပါတယ်။ 


ဒီဇာတ်ကားကို ထုတ်လုပ်သူများရဲ့ ရည်ရွယ်ချက်ကတော့ ပင်ပန်းတဲ့ အလုပ်တွေ လာရောက် လုပ်ကိုင်နေ ကြတဲ့ ရိုးရိုးသားသား မြန်မာ အလုပ်သမားတွေ အကြောင်း ထိုင်းလူမျိုးတွေကို သိစေချင်လို့ ဖြစ်ပါတယ် တဲ့။ 


အာဆီယံနိုင်ငံတွေ အားလုံး AEC အဖြစ် မကြာခင် ပူးပေါင်းတော့မှာမို့ အိမ်နီးချင်း နိုင်ငံသားတွေ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရှိစေဖို့ ဒီဇာတ်လမ်းလေးက တဖက်တလမ်းကနေ အထောက်အကူ 
ဖြစ်စေချင်ကြောင်း ထုတ်လုပ်သူများက အင်တာဗျူးတခုမှာ ပြောပြသွားပါတယ်။

Credit: Myanmar Pictures, รักภาษาอะไร / Facebook

 

ဧရာဝတီ

ရဟန်းတော်တွေ သဘောကွဲရတဲ့ မဟာသန္တိသုခ အရေး

 ရွှေည၀ါဆရာတော်, မဟာသန္တိသုခကျောင်းတိုက်, ပီနန်ဆရာတော်, မဟန, မဘသ, မဟာဂန္ဓာရုံကျောင်းတိုက်, ၀ိန္ဆယအဖွဲ့
သန္တိသုခ သံဃာ ၅ ပါး အမှုကို လာရောက်စောင့်ကြည့်သော ရွှေည၀ါ ဆရာတော်နှင့် သံဃာတော်များ (ဓာတ်ပုံ – သော်ဟိန်းထက် / ဧရာဝတီ)


ဇွန် ၁၀ ရက်နေ့ ည ၁၀ နာရီလောက်မှာ မဟာသန္တိသုခ ကျောင်းထဲကို သံဃာတော်အပါး ၄၀ဝ ကျော်၊ လူအင်အား ၄၀ဝ ဝန်းကျင် လောက်က ရဲတွေနဲ့လာပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ကာ ဦးပဉ္စင်းတို့ နေတဲ့ ၆ ထပ်ကို တက်လာတယ်၊ ရန်ကုန်တိုင်း သံဃ မဟာနာယ က ဒု ဥက္ကဋ္ဌ ဆရာတော်က စာရွက်ကို ကိုင်ရင်း ဒီမှာဘယ်သူ တာဝန်ခံလဲဆိုပြီး ၆ ထပ်မှာ ရှိနေတဲ့ သံဃာ ၂၁ ပါးကို အပြင်ထွက် ခိုင်းပြီးတော့ ဘယ်ရက်စွဲနဲ့ မဟာသံဃနာယက (မဟန) အဖွဲ့က ထုတ်ထားတဲ့ စာတွေအကြောင်းကို ပြောရင်း ဝရုန်းသုန်းကား ဖြစ် ခဲ့ပုံကို တရားစွဲဆို ခံနေရတဲ့ လန်ဒန် ဆရာတော် ဦးဥတ္တရက ဧရာဝတီကို ပြန်ပြောပြတယ်။


အဲဒီနောက် ဆရာတော် ဦးဥတ္တရ အပါအဝင် သံဃာ ၂၁ ပါးလုံးဟာ အခင်းဖြစ်တဲ့ညက ကမ္ဘာအေး မဟန အဖွဲ့ရုံး၊ တိုင်း မဟနရုံးနဲ့ မင်္ဂလာဈေး ဓမ္မာရုံမှာ ၃ ည ဖြတ်သန်းပြီးတဲ့အခါကျတော့ မဟာသန္တိသုခ ကျောင်းထဲက ၃ ထပ်ဆောင် ဆရာတော်နဲ့ ကျန်တဲ့ သံဃာ ၁၅ ပါးတို့က ခံဝန်ကတိ လက်မှတ်ထိုးပြီး ပြန်ထွက်လာနိုင်ပေမယ့် ဦးဥတ္တရ အပါအဝင် ဦးနန္ဒိယ၊ ဦးပညာသာရ၊ ဦးသုန္ဒရာ သီရိ၊ ဦးတေဇိန္ဒ တို့ ၅ ပါးကိုတော့ အင်းစိန်ထောင်ထဲကို ပို့ပြီး တရားစွဲဆို ခဲ့ပါတယ်။
“အမှန်က ဦးပဉ္စင်းတို့က ဒီကျောင်းပိုင်ဆိုင်မှု၊ မပိုင်ဆိုင်မှုဆိုတာ ဘာမှ မဆိုင်ဘူး၊ ပီနန်ဆရာတော်ကြီး နိုင်ငံခြားကို ထွက်သွားတုန်း ကလည်း ကျောင်းကို ဦးပဉ္စင်းတို့ဆီ တရားဝင် အပ်ခဲ့တာလည်း မဟုတ်ဘူး၊ ကိုယ်က နေထိုင်ရုံ နေထိုင်တာ”လို့ ဆရာတော်က မိန့်ကြားတယ်။
အမှန်တကယ် ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟန အဖွဲ့အနေနဲ့ တာဝန်အရ လုပ်သည်ပဲ ဖြစ်ဖြစ်၊ တရားနည်းလမ်း ကျကျ၊ မကျကျ ကျောင်းပိုင်ဆိုင်သည်ဟု တရားဝင် ပြောဆိုထားသော ပီနန်ဆရာတော် ဘုရားကြီးရှိစဉ်က မလုပ်ဘဲ တာဝန်ရှိသူမရှိမှ လုပ်တဲ့ ကိစ္စဟာ မတရားအနိုင်ကျင့်တဲ့ ပုံစံမျိုးလို ခံစားရမိတယ်လို့ ဆရာတော်က ဆက်မိန့်တယ်။


ဒီ မဟာသန္တိသုခ ကျောင်းကို ၁၉၉၉ ခုနှစ်မှာ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီးဟောင်း မောင်အေးနဲ့ ဗိုလ်ချုပ်ဟောင်း ခင်ညွန့်တို့ ကိုယ်တိုင် ပီနန်ဆရာတော်ကြီးကို ရေစက်ချ လှူဒါန်းခဲ့ပြီး နောက်ပိုင်း ပီနန် ဆရာတော်ကြီးက ၂၀ဝ၂ ခုနှစ် နိုင်ငံခြား သာသနာပြုနေချိန်တွင် ကျောင်းကို နိုင်ငံတော် အစိုးရက သိမ်းပိုက်ခြင်း မဟုတ်ဘဲ သာသနာ့အကျိုး ထပ်ဆင့်ပွား ကြိုးပမ်းနိုင်ရန် စီမံအုပ်ချုပ်ခွင့်ကို မဟနအဖွဲ့ကို လွှဲပြောင်း အပ်နှံထားခြင်းသာ ဖြစ်တယ်လို့ ဗိုလ်ချုပ်ဟောင်း ခင်ညွန့်က ပီနန်ဆရာတော်ကြီး ဆီကို အကြောင်းကြားတဲ့ စာထဲမှာ ရေးသားထား ပါတယ်။


ပီနန်ဆရာတော်ကြီး နိုင်ငံခြား သာသနာပြု သွားရောက်ခဲ့ပြီး နောက်ပိုင်းမှာ မဟာသန္တိသုခ ကျောင်းမှာ မင်္ဂလာဆောင် ပွဲများ၊ အခမ်း အနားပွဲများနဲ့ အကလေ့ကျင့်ခန်း သင်တန်းမျိုးလို စီပွားရေးဆန်ဆန် လုပ်ကိုင်လာတာကို တွေ့ရပြီးတော့ ၂၀၁၃ ခုနှစ် ပီနန်ဆရာတော်ကြီး မြန်မာနိုင်ငံ ပြန်ကြွလာတဲ့အခါမှာ ဒီကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး မဟနနဲ့ ပီနန်ဆရာတော်တို့ အကြားမှာ ပဋိပက္ခ စတင်ဖြစ်လာခဲ့တယ်။
ကျောင်းပိုင်ဆိုင်မှု ဆိုတာ သာမန်လူနေအိမ် ပိုင်ဆိုင်မှုကို ဖြေရှင်းရတာထက် ပိုလို့လေးနက်ပြီး သံဃာ့ကိစ္စများကို သံဃာတော်တွေ အချင်းချင်း စုပေါင်းညှိနှိုင်း ဖြေရှင်းတဲ့ နည်းလမ်းကိုသာ အသုံးပြုသင့်ကြောင်း နိုင်ငံရေး၊ အမျိုးသားရေး စတဲ့ နယ်ပယ်များမှ  သံဃာတော် အများအပြားက ဧရာဝတီကို တညီတညွတ်တည်း ပြောခဲ့ကြတယ်။


ဒီ ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ ဘယ်သူပိုင်တယ် ဆိုတာ မပြောလိုပေမယ့် တကယ်တမ်း ကျောင်းပိုင်ဆိုင်မှု ဖြစ်လာပြီ ဆိုရင် သံဃာတော်တွေ အချင်းချင်း သံဃာ့စည်းမျဉ်း အတိုင်း ဖြေရှင်းသင့်ကြောင်း၊ ထိုအဆင့်ကို မပြုလုပ်ဘဲ အခုလို မဟနအဖွဲ့က လုပ် ကိုင်လိုက်ခြင်းက နှစ်ဖက်လုံးမှာ အကျိုး ဖြစ်ထွန်းခြင်း မရှိစေခဲ့ကြောင်း အမျိုးဘာသာ၊ သာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့ရဲ့ ပြန်ကြားရေး တာဝန်ခံလည်း ဖြစ်သူ၊ ၅ ကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယက မိန့်ကြားပါတယ်။


“ပြီးခဲ့တာတော့ ပြီးပြီ။ ဒီလို အချိန်မျိုးမှာ ဒီကျောင်း ပိုင်ဆိုင်မှုကို ဦးတည်ပြောနေမယ့် အစား သံဃာ့ကိစ္စ သံဃာတော်တွေ အချင်း ချင်း မျက်နှာစုံညီ ဖြေရှင်းရမှာ။ အခုချိန်လည်း ဒီလိုလုပ်ဖို့ အချိန် မနှောင်းပါဘူး။ ဝိနိစ္ဆယခုံရုံးတွေ ရှိတာပဲ။ သံဃာတော်တွေ မပြော နဲ့။ လူအချင်းချင်း နှစ်ပေါင်းများစွာ လက်နက်ကိုင် တိုက်ခိုက်ခဲ့ကြတဲ့ သူတွေတောင်မှ အခုဆို မျက်နှာစုံညီ စကားပြောနိုင်တာပဲ။ သံဃာတော်တွေ ကြားမှာ ဘာလို့ ဒီလိုလုပ်လို့ မရနိုင်မှာလဲ”လို့ ဆရာတော်က ဆက်မိန့်တယ်။
ဒါ့အပြင် မဟနအဖွဲ့က ဆရာတော်ကြီးများ အနေနဲ့ အောက်ခြေမှာ ဘယ်လိုဖြစ်ပျက်နေတယ် ဆိုတာကို အောက်ခြေအထိ သေချာ စွာ စိစစ်သင့်ကြောင်း၊ ဆရာတော်ကြီးများကို တင်ပြတဲ့ စာများကိုပဲ ကြည့်ပြီးတော့ မှန် မမှန် ဆိုတာကို ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ စီရင်ဆုံးဖြတ်ဖို့ လိုအပ်ကြောင်း ရွှေညဝါ ဆရာတော်ကလည်း မိန့်ကြားပါတယ်။
သာသနာရေးမှာ လာဘ်စားမှု၊ ကိုယ်ကျိုးရှာမှု များစွာရှိနေပြီး အစိုးရရဲ့ သာသနာရေး ဝန်ကြီးဌာနတွေမှာ ဝင်ရောက် ခြယ်လှယ် နေ ကြတဲ့ လူပုဂ္ဂိုလ်တွေလည်း များစွာ ရှိခဲ့ကြောင်း ဆရာတော်က ဧရာဝတီကို မိန့်ပါတယ်။


“ဦးပဉ္စင်းရဲ့ သာဓုကျောင်း ကိစ္စကိုပဲ ကြည့်ပါ။ ဦးပဉ္စင်းရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဆွမ်းကျွေးဖိတ်တာကို လက်ခံလို့ တရားဟောခွင့် ပိတ်တာကို ချိုးဖောက်တယ် ဆိုပြီးတော့ ဒီကျောင်းက သူတို့ ပိုင်တဲ့ကျောင်း၊ ဒီကျောင်းကနေ ထွက်ခွာပါ ဆိုပြီး လုပ်တယ်။ ဦးပဉ္စင်းဒကာတွေက သာသနာရေး ဦးစီးဌာနကို လိုက်တော့ ကျပ်သိန်း ၆၀ဝ ပေးရင် အားလုံး အဆင်ပြေတယ် ဆိုတဲ့ စကားသံတွေ ကြားလာရတယ်။ ရှင်းရှင်းပြောရရင် အဲဒါ ဦးအံ့မောင်ရဲ့ လက်ထဲမှာပဲ။ ဦးပဉ္စင်းက ဒကာတွေကို ပြောလိုက်တယ်။ မင်းတို့လည်း အကုန်မခံနဲ့။ သူတို့ပေးမှ ငါက နေခွင့်ရမယ်ဆိုတဲ့ ဟာမျိုး မလိုချင်ဘူး။ နောက်ပိုင်းမှာလည်း ဒီလိုမျိုး ငွေတောင်း တာတွေ ထပ်လုပ်နိုင်တယ်”လို့လည်း ရွှေညဝါ ဆရာတော်က မိန့်ဆိုပါတယ်။


တခါတရံမှာ မဟနအဖွဲ့ရဲ့ ဖွဲ့စည်းပုံ အရ ၄၇ ပါးလုံးက အချိန်ပြည့်တာဝန်ယူရတာ မဟုတ်ဘဲ ၄ လတကြိမ် တာဝန်ယူဖို့ အဖွဲ့ ၃ ဖွဲ့ခွဲပြီး စီမံဆောင်ရွက်တဲ့ အတွက် ကိစ္စရပ်တိုင်းဟာ မဟန အဖွဲ့ဝင် ဆရာတော်အားလုံး သိနိုင်မှာ မဟုတ်ကြောင်း ၅ ကျမ်းပြန် ဆရာတော် အရှင်ဓမ္မပီယ ကလည်း မိန့်ပါတယ်။
ဒါပေမယ့် မဟနရဲ့ ကိစ္စရပ်တိုင်းကိုတော့ မဟနအဖွဲ့ အားလုံးက တာဝန်ခံကြရတယ်၊ ဒါမှလည်း မဟန သံဃာတော်တွေ ညီညွတ် တယ် ဆိုတာကို ပြသရာရောက်မယ်လို့ ဆရာတော်က ဆိုပါတယ်။
“သံဃာတော်တွေ မှာလည်း အမြင်ချင်းက တူကြတာမှ မဟုတ်တာ။ ဒါက သဘာဝပဲလေ။ ဒါပေမယ့် အမြင်မတူရုံနဲ့ သင်းကွဲတယ် ဆိုတာ မဟုတ်ဘူး လေ။ တဦးနဲ့တဦး မပြောနိုင်၊ မဆိုနိုင်ဖြစ်နေကြရတာမှ မဟုတ်တဲ့ဟာ။ မဘသ အဖွဲ့က ဒီကိစ္စအပေါ်မှာ အဖွဲ့အနေနဲ့ ဘာမှ မထုတ်ပြန်တာကလည်း ဒီ သဘောပဲလေ။ မဘသ အဖွဲ့ဝင်တွေ တဦးချင်းစီကတော့ ကိုယ့်အမြင်၊ ကိုယ့်သဘော ထားကို ထုတ်ပြောနေတာပဲ။ အဖွဲ့အစည်းနဲ့လုပ်တယ် ဆိုတာက တပိုင်းလေ”လို့ ဆရာတော် အရှင်ဓမ္မပီယ က မိန့်တယ်။


ဒါပေမယ့် ကိုယ်တိုင်တရားစွဲဆို ခံလိုက်ရတဲ့ ဆရာတော် ဦးဥတ္တရကတော့ ဒီကိစ္စမှာ မဟန အဖွဲ့ရဲ့ ဥက္ကဋ္ဌ ဆရာတော်ဖြစ်တဲ့ ဗန်းမော် ဆရာတော်ကြီး ကိုယ်တိုင် သိနေတဲ့ကိစ္စ ရပ်တခုလို့ ဧရာဝတီကို မိန့်ပါတယ်။
သူတို့တရားစွဲ၊ လူဝတ်လဲခံရတဲ့ကိစ္စ ကိုယ်တိုင်က ဥက္ကဋ္ဌ ဆရာတော်ကြီးကိုယ်တိုင် မိန့်မှာကြားတာကို ကြုံတွေ့ခဲ့ရပြီးတော့ အင်းစိန် ထောင်ထဲကို အချုပ်သား အဖြစ် ရောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
“ဥက္ကဋ္ဌ ဗန်းမော် ဆရာတော်ဘုရားကြီးက သူတို့သတင်း ကြားထားတာ ဦးပဉ္စင်းတို့က လက်နက်တွေ စုဆောင်းထားပြီး နေနေ တယ် ပေါ့၊ နောက်ထပ်လည်း သံဃာတွေ ထပ်လာဦးမယ်ပေါ့၊ မဟုတ်တဲ့ သတင်းတွေ ပေးတာကို ယုံကြည်ပြီးတော့ နောက်ဆုံး ဦးပဉ္စင်းတို့ကို လူထွက်ပါ ဆိုပြီး ပြောတယ်” လို့ ဦးဥတ္တရက မိန့်ပါတယ်။


ဒီလို မဟာသန္တိသုခ ကျောင်းကို အကြမ်းဖက်သိမ်းယူ တာမျိုးက သံဃာတော်တွေရဲ့ လုပ်ရပ်နဲ့ မကိုက်ညီတော့ဘဲ အရင် စစ်အစိုး ရ လက်ထက်က ၂၀ဝ၇ ရွှေဝါရောင် သံဃာ အရေးအခင်းမှာ တောင်ဥက္ကလာပ မြို့နယ်ထဲက ငွေကြာယံ၊  သင်္ဃန်းကျွန်း မြို့နယ် ထဲက မဂ္ဂင်ကျောင်းတို့ကို စစ်တပ်က ဝင်ရောက်စီးနင်းတဲ့ ဖြစ်ရပ်တွေနဲ့ အတူတူ ဖြစ်နေတယ်လို့ ရေနံချောင်းမြို့က ရွှေဝါရောင် သံဃာတော်တပါး ဖြစ်တဲ့ ဦးဣဿရိယက မိန့်ကြားပါတယ်။


“ဖြေရှင်းပုံတွေ အများကြီး ရှိပါတယ်။ သံဃာအချင်းချင်း ဖြေရှင်းလို့ မရတဲ့ကိစ္စ မရှိပါဘူး။ နည်းလမ်းတွေ အများကြီးပါ။ စားပွဲဝိုင်း ဆွေးနွေးတာနဲ့ အဆင်ပြေရမယ့် ကိစ္စကို အခုလို ဖြေရှင်းလိုက်တာက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်တွေကို အများကြီး ထိခိုက်စေတယ်။ သံဃာကိစ္စ ဆိုတာ သံဃာတွေ အချင်းချင်းပဲ ဖြေရှင်းသင့်တယ်”လို့ ဆရာတော်က ဆက်ဆိုတယ်။
ဒါ့အပြင် မဟနအဖွဲ့ အနေနဲ့ ၎င်းတို့ရဲ့ စိတ်ထဲမှာက အစိုးရအဖွဲ့ရဲ့ သံဃာတော်များလို စိတ်ထားမျိုး ထားတတ်ကြကြောင်း၊ ရွှေဝါရောင် သံဃာအရေးအခင်း တုန်းကလည်း ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်တွေကို အကြမ်းဖက် ဖြိုခွင်းစဉ်ကလည်း နှုတ် ဆိတ်နေခဲ့တာက သံဃာတော် အချင်းချင်း စည်းလုံးမှုကို ထိခိုက်စေတယ် လို့ မန္တလေး၊ မဟာ ဂန္ဓာရုံကျောင်းက ဘဝအလင်း ဆရာတော် ဦးသောဘိတ ကလည်း မိန့်ကြားပါတယ်။


၂၀ဝ၇ ရွှေဝါရောင် သံဃာအရေးအခင်း နောက်ပိုင်းမှာ စစ်အစိုးရက သံဃာတွေရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျအောင် လုပ်ခဲ့သလို မဟန ရဲ့ ဂုဏ်သိက္ခာကလည်း ထို့နည်းတူ ကျဆင်းခဲ့ရတယ် လို့ ဆရာတော်က ဆက်မိန့်ကြားတယ်။


မဟန အနေနဲ့ ကျောင်းပိုင်ဆိုင်မှု ကိစ္စကို အမှန်တကယ် ပြေလည်အောင် ဖြေရှင်းချင်တဲ့ စိတ်သာ တကယ်ရှိခဲ့မယ် ဆိုရင် မြန်မာနိုင်ငံ အတွင်းက လူထုရော၊ သံဃာထုပါ ကြည်ညိုလေးစားတဲ့ ဆရာတော်တွေကို အမှူးပြု ပြီးတော့ ပီနန်ဆရာတော်နဲ့ မဟနတို့ စုံညီ ဖြေရှင်းခြင်းကသာ အကောင်းဆုံး နည်းလမ်း ဖြစ်တယ်လို့ တရားစွဲဆို ခံထားရတဲ့ ဆရာတော် ဦးဥတ္တရက ဆိုပါတယ်။
အရင် အချိန်များက မဟန အနေနဲ့ သံဃာတော်တွေ ကြားမှာ ဝိနည်းအငြင်းပွားမှု ဖြစ်ရင် မဟန ကိုယ်တိုင် ဦးဆောင်ဖြေရှင်းခဲ့ ပေ မယ့်လည်း အခုတကြိမ်မှာ မဟနကိုယ်တိုင်က ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်နေတဲ့ အတွက် မဟန ဦးဆောင်ဖြေရှင်းလို့ မရ ဘူး လို့ ဆရာတော်က မိန့်တယ်။


“ဒီပြဿနာ ကျတော့ မဟနက တရားလိုဘက် ဖြစ်နေတယ်။ ဒါ့ကြောင့် သူ့ရဲ့ဝိနည်းခုံရုံးအဖွဲ့ ဖွဲ့ဖို့ မသင့်ဘူး။ ဒါကို အစိုးရဘက်က ဦးဆောင်လို့ပဲ ဖြစ်ဖြစ် မဟနရော၊ ပီနန်ဆရာတော်တို့ကပါ လက်ခံမယ့် လူထု၊ ရဟန်းတွေ ကြည်ညို လေးစားနေတဲ့ ဆရာတော် တွေ ဦးဆောင်တဲ့ ဝိနိစ္ဆယ အဖွဲ့ကို ဘယ်လိုနည်းလမ်းနဲ့ ဖွဲ့မလဲ၊ အဲဒီအဖွဲ့က ဦးဆောင်ပြီးတော့ ဆုံးဖြတ်တာမျိုးက အသင့်လျော်ဆုံး ပဲ” လို့ ဆိုပါတယ်။
အခုနောက်ဆုံး တိုင်းမဟန အဖွဲ့နဲ့ နီးစပ်တဲ့ သံဃာတော်တွေရဲ့ပြောစကားအရ မဟနအဖွဲ့ဝင်တွေ အားလုံးဟာ ဒီအရေး နဲ့ပတ် သက်ပြီး မျက်နှာစုံညီဆွေးနွေးနေတယ်၊ အကောင်းဆုံး ဘယ်လိုဖြေရှင်း ကြမလဲဆိုတာကို ဆွေးနွေး ညှိနှိုင်းနေတယ်လို့ ဘွဲ့အမည် မဖော်လိုတဲ့ ဆရာတော်တပါးက မိန့်ကြားပါတယ်။


အခုလို သံဃာတော်တွေ ကြားမှာ ကြီးမား ကျယ်ပြန့်တဲ့ ဖြစ်ရပ်မျိုးအထိ ဖြစ်ပေါ်လာတာကြောင့် မဟန အဖွဲ့ဝင်တွေ ကြားမှာလည်း ဆွေးနွေး အဖြေရှာရမယ့် ကိစ္စတခုလို ဖြစ်လာစေတယ်လို့ ဆရာတော် က ဆက်မိန့်တယ်။


“အားလုံးကို ဘယ်နည်းနဲ့ အဆင်ပြေမလဲဆိုတာ စဉ်းစားနေကြပါတယ်။ ဖြစ်လာမယ့် နည်းလမ်းကတော့ အားလုံးပျော်ရွင် ဝမ်းမြောက်စေမယ့် နည်းလမ်းကို ရွေးချယ်ကြမှာပါ။ မဟနအဖွဲ့ဝင် ဆရာတော်တွေ အားလုံးကလည်း ဒီအရေးကို မဆွေးနွေးလို့ ရမယ့် ကိစ္စ မဟုတ်တော့ဘူး ဆိုတာ သိလာကြပြီလေ”လို့လည်း အထက်ပါ ဆရာတော် မိန့်ကြားပါတယ်။
ဒါ့အပြင် ပီနန်ဆရာတော်ကြီး အနေနဲ့ကလည်း ကျောင်းပိုင်ဆိုင်မှုနဲ့ ပတ်သက်ရင် ဝိနည်းနဲ့ အညီ ခုံရုံးအဖွဲ့ ဆုံးဖြတ်တာကို အမြဲကြိုဆိုနေတယ် လို့ ဆိုပါတယ်။ အရင် ကျောင်းပိုင်ဆိုင်မှု အငြင်းပွားစဉ်ကတည်းက ဒီလို ဖြေရှင်းမှုမျိုးကို ဖြစ်စေချင်ခဲ့ပေမယ့် တကယ်တမ်း ဖြစ်မလာခဲ့တာက စိတ်မကောင်းစရာ တခုပဲလို့ ဆိုပါတယ်။


အခုလို သံဃာတော်တွေကြားက ဖြေရှင်းရမယ့် ကိစ္စတွေကို အရပ်ဘက် တရားရုံးမှာ ဖြေရှင်းနေတာကြောင့် မိမိကိုယ်တိုင် ကြည့်မြင် တိုင် သာဓု ကျောင်းတိုက်ကနေ နှင်ထုတ်ခြင်း ခံလိုက်ရတာမို့ မိမိကျောင်းကို မိမိပြန်ရအောင် ဆောင်ရွက်သွားမယ်လို့ ရွှေညဝါဆရာတော်ကလည်း မိန့်ကြားပါတယ်။     ။


ကျန်းမာရေးမကောင်းခြင်း၊ဝိနည်းအပြစ်လွတ်ရန်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ပြောကြား


ကျန်းမာရေးမကောင်းခြင်း၊ဝိနည်းအပြစ်လွတ်ရန်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ပြောကြား 


ကျန်းမာရေးမကောင်းခြင်းး၊ဝိနည်းအပြစ်လွတ်၇န်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု
မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)က ၎င်း၏ တပည့်သာဝကများထံ ပေးပို့သော လက်ရေးမူတွင်ဖော်ပြထားချက်အရ သိရသည်။ နှစ်သုံးဆယ်ကျော်ကြိုးပမ်းအားထုတ်ခဲ့ရသည့် ရဟန်းဘဝအား စွန့်ပစ်ရသည့်အတွက် ကာယကံရှင်အနေဖြင့် ဘေးလူများထက် ပိုခံစားရကြောင်း၊အများအကျိုးအတွက်ရည်ရွယ်ကာ ယခုလိုလုပ်ဆောင်
ရခြင်းဖြစ်ကြောင်း၊တချိန်တွင် မေတ္တာရှင်(ရွှေပြည်သာ)အနေဖြင့် အောင်မြင်မှုအသီးအပွင့်များကိုထွေးပွေ့ကာ မြန်မာပြည်သူ၊ပြည်သားများထံ ပြန်ရောက်လာမည်ဖြစ်ကြောင်း ဆရာတော်၏လက်ရေးမူဖြင့်ရေးသားထားသည့်
ပေးစာတွင်ဖော်ပြထားသည်။


ရိပ်သာကြိးငါးခုတွင် ဆောက်လုပ်လှုဒါန်းထားသည့် အဆောက်အဦးများသည် ဓမ္မပူဇာငွေဖြင့်ဆောက်လုပ်လှုဒါန်းထားခြင်းသာဖြစ်ပြီး တစ်ဦးတည်းအလှုရှင်မရှိကြောင်း ယင်းပေးစာတွင်ဆက်လက်ဖော်ပြထား
သည်။ ဆရာတော်လူဝတ်လဲရသည်မှာ ရဟန်းကိစ္စအား လူများက ဝင်ရှုပ်သောကြောင့် လဲရခြင်းဖြစ်သည်ဟု ဆရာတော်နှင့်ဆက်နွယ်ကာ အလှုအတန်းများ၊ဖောင်ဒေးရှင်းများလုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြားများရှိသကဲ့သို့ ဆရာတော်လူဝတ်လဲသည်မှာ ကျန်းမာရေးအပြင် တခြားအချက်များရှိနိုင်သည်ဟု မှန်းဆချက်များ၊ကောလဟလများ များစွာထွက်ပေါ်နေသဖြင့် ဆရာတော်ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားမည့်သူ မရှိပေ။
 
 
 မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)မှာ ပြိးခဲ့သည့်ခြောက်လပိုင်း ၂၄ရက်နေ့က လူဝတ်လဲခဲ့ခြင်းဖြစ်ပြီး ဆရာတော်လူဝတ်လဲပြီးနောက် ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊မူဆယ်၊ဂျပန်၊စင်ကာပူစသည့်ပြည်တွင်းပြည်ပမြို့ကြိးများတွင် ဖွဲ့စည်းထားသည့် မေတ္တာရှင်ဖောင်ဒေးရှင်းများ၏ ဦးဆောင်သူအသီးသီးတို့က မေတ္တာရှင်ဖောင်ဒေးရှင်းဟူသည့်နာမည်အစား အခြားနာမည်များသို့ ပြောင်းလဲဖွဲ့စည်းခဲ့သကဲ့သို့ မေတ္တာရှင်ဖောင်ဒေးရှင်းနှင့်မသက်ဆိုင်တော့ကြောင်း ကြေငြာချက်အသီးသီးထုတ်ပြန်ခဲ့ကြသည်ကိုတွေ့
ရသည်။
 

နီနီခင်ဇော်ရဲ့ မျှော်လင့်ချက် တစုံတရာ ???


ဇူလိုင်လ ၅ ရက်နေ့က ထွက်ရှိတဲ့ မာရီယို အမည်ရ တကိုယ်တော် တေးစီးရီးထဲက တေးသံရှင် နီနီခင်ဇော် ရဲ့ မျှော်လင့်ချက်တစ်စုံတစ်ရာ ဆိုတဲ့ MTV ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ခံစား ဖွဲ့ဆို တင်ပြထားတယ်လို့ သိရပါတယ်။ 

အဆိုတော် နီနီခင်ဇော် ဟာ ဒေါ်အောင်ဆန်းစုကြည်လို မြန်မာဆန်ဆန်ဝန်စားထားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ခန်းပုံစံထဲမှာ ရိုက်ကူး တင်ဆက်ထားတာဖြစ်ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံရစဉ်က ဘဝဖြစ်စဉ်ပုံစံကို နမိတ်ပုံဖော်ကျူးကာ ဒါရိုက်တာ မောင်မောင်မြင့် က ရိုက်ကူးထားတာပါ။ 


 
 
 ဧရာဝတီ
 
 

လူမောင်းနှင်စရာမလိုတဲ့ အနာဂတ်ရဲ့ မားစီးဒီး ထရပ်စ်ကား


လူမောင်းနှင်စရာမလိုတဲ့ အနာဂတ်ရဲ့ မားစီးဒီး ထရပ်စ်ကား
ဂျာမန် အော်တိုမိုဘိုင်း ကုမ္ပဏီ မားစီးဒီး ကားတွေ ထုတ်လုပ်တဲ့ Mercedes-Benz ရဲ့ လူမောင်းနှင်စရာမလိုတဲ့ ကုန်တင်ယာဉ် အမျိုးအစား ဖြစ်ပါတယ်။ အနာဂတ်ရဲ့ နည်းပညာ ဖွံ့ဖြိုး တိုးတက် လာရခြင်းရဲ့ အကျိုးရလဒ် တစ်ခု ဖြစ်ပါတယ်။


ထိုသို့ လူ မမောင်းဘဲ ယာဉ်ကိုသာ မောင်းနှင်ထားစေနိင်ခြင်းက ဟိုင်းဝေး ပိုက်လော့ခ် လို့ခေါ်တဲ့ စနစ်တစ်ခုကို အသုံးပြု ထား လို့ ဖြစ်ပြီး
ယာဉ်မှာ တပ်ဆင်ထားတဲ့ ထိန်းချုပ် မူတွေနဲ့ လူ ယာဉ်မောင်းသူဟာ ခရီးသည် တစ်ဦးကဲ့သို့ မောင်းနှင်စရာ မလိုပဲ လိုက်ပါ နိင်မှာ ဖြစ်ပါတယ်။ ရူပ်ထွေး လွန်နေတဲ့ ကားများ ကြားတွင်လည်း မောင်းနှင်နိင် ပြီး ထို ဟိုင်းဝေး ပိုက်လော့ခ် လို့ခေါ်တဲ့ စနစ်တွင် ကားကားချင်း ဆက်သွယ် နိင်တဲ့ ၀ိုင်ဖိုင် တစ်မျိုးကို ပေါင်းစပ် ထားတာ ဖြစ်ပါတယ်။ ထရပ်ကားရဲ့ ဘေးဖက် အရှေ့ဖက် တွေမှာ ရေဒါတွေကို တပ်ထားပြီး ဘေးဘက်ဆိုရင် (၁၉၇ပေ) အထိ အာရုံခံနိင်မှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ 


ထိုသို့ လူမဲ့ မောင်းနှင် နိင်ဖို့ ထိုသို့ အာရုံခံမူတွေက လိုအပ်ပါတယ်။ ကားရဲ့ လေ ကာအောက်ဖက်မှာ အရှေ့ဖက် စတူရီယို ကင်မရာတစ်လုံးကိုလည်း သုံးထားပါသေးတယ်။
၂၀၁၅ အတွင်း ဟိုင်းဝေးလမ်း တွေဆီကို ရောက်ရှိလာဖို့ ကုမ္ပဏီ အနေနဲ့ မျှော်လင့်ထား ပြီး သို့ပေမဲ့ ထိုသို့ လမ်းတွေထက်ကို ရောက်ရှိနိင်ဖို့ လူမဲ့ ကားမောင်းနှင်နိင်ခြင်း ဥပဒေဆိုတဲ့ အစိုးရနဲ့ ဆိုင်တဲ့ စည်းမျဉ်းတွေ လိုအပ်ဦးမှာ ဖြစ်ပါတယ်။


ဗီဒီယို ကြည့်ရူရန် > >> http://goo.gl/5SFrFg
.
Ref: mercedes-benz
အောင်ဟိန်း ( ရိုးရာလေး)

မန္တလေးတွင် ထိတ်လန့်ဖွယ်မှုခင်းများ အယောင်ဆောင်တိုင်ကြားမှုများရှိဟုဆို


 မန္တလေးမြို့ တည်ငြိမ် အေးချမ်းစပြုချိန်တွင် တိုင်းရဲတပ် ဖွဲ့သို့ သတင်းအမှားများ၊ ထိတ် လန့်ဖွယ် မှုခင်းများအကြောင်းကို   လက်ကိုင်ဖုန်းများစွာဖြင့်  အ ယောင်ဆောင်တိုင်ကြားမှုများရှိ နေပြီး  မြို့ခံများနှင့် ရဲတပ်ဖွဲ့ဝင်များအား  ရှုပ်ထွေးမှုများဖြစ်စေရန် ပြု လုပ်နေသေးကြောင်း သတင်းရရှိသည်။


‘‘ဘယ်ဗလီနားမှာ လူတစ် ယောက်ကို  ၀ိုင်းရိုက်နေပြီတို့၊ ဘယ်နေရာမှာ မီးလောင်နေပြီဆို ပြီး ၁၅၀၀ တန်ဖုန်းတွေနဲ့ တိုင်း ရဲတပ်ဖွဲ့ကို လှမ်းဆက်တာ။ တပ် ဖွဲ့ဝင်တွေက ချက်ချင်းစုံစမ်း တော့လည်း မဟုတ်ပြန်ဘူး။  ဖုန်း တွေကိုပြန်ဆက်ပြီး ဘယ်သူလဲလို့ ပြန်မေးရင် ဖုန်းကိုချပစ်တယ်။ ပြန်ဆက်တော့ ဒါလမ်း ဘေးဖုန်းတို့၊ ဖုန်းခဏ ငှားဆက်တာတို့ဆိုပြီး ပြောတယ်။ ဖုန်းတွေကို လက်ပြောင်းပစ်တယ်။ ဒီနေ့ထိ (ဇူလိုင် ၇) ရက် ဖုန်းတွေရနေတုန်းပဲ’’ဟု အမှတ် (၃) လုံခြုံရေးကွပ်ကဲမှုအဖွဲ့ဒုတိယကွပ်ကဲရေးမှူး ရဲမှူးကြီးအောင်မြတ်စိုးကပြောသည်။
 

အဆိုပါ အယောင်ဆောင် ဖုန်းများမှာ တိုင်းရဲတပ်ဖွဲ့ကြိုး ဖုန်းများကို ဆက်သွယ်ခြင်းလုံးဝမ ရှိဘဲ တပ်ဖွဲ့ဝင်များ၏ လက်ကိုင် ဖုန်းများကို သိရှိပြီး ဆက်သွယ် လာခြင်းမှာ  အံ့အားသင့်ဖွယ် ကောင်းကြောင်း ၎င်းကဆိုသည်။ ထို့အပြင် နည်းပညာတိုးတက်မှု နှင့် ထိန်းချုပ်မှုများ အားနည်းနေ သည့်အတွက် အယောင်ဆောင် ဖုန်းများကို ခြေရာခံ၍ ဖမ်းဆီး ဖော်ထုတ်ရန် ခက်ခဲကြောင်း ၎င်း ကပြောသည်။


‘‘မြို့ကို ထိတ်လန့်အောင်၊ စိတ်ရှုပ်အောင် လုပ်တာ။ နိုင်ငံ ရေးရည်ရွယ်ချက်တွေလည်း ပါ မှာပေါ့။ ကျွန်တော်တို့က အခု ဆိုင်ကယ်၊ ကားတွေမှာ တုတ်၊ ဓားလက်နက်ပါရင် လက်နက်မှု နဲ့ အရေးယူခိုင်းထားတယ်။ ဘယ် ဘာသာဆိုပြီး ခွဲခြားမှာမဟုတ် ဘူး။ လက်နက်ပါရင် လက်နက်မှု နဲ့ ဖမ်းတယ်’’ဟု ၎င်းကပြော သည်။


လက်ရှိတွင် မန္တလေးမြို့ အခြေအနေမှာ အေးဆေးနေပြီး ကောလာဟလများနှင့် အွန်လိုင်းတွင် တက်နေသည့် လှုံ့ဆော်ရာ ရောက်သော သတင်းမှားများကို မယုံကြည်ကြရန် မြန်မာနိုင်ငံ ရဲ တပ်ဖွဲ့က တိုက်တွန်းပြောကြား ထားသည်။


မန္တလေးမြို့၌ ဖြစ်ပွားသည့် ဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ ၁၆ ဦးအား အမှုဖွင့်အရေးယူထားပြီး ကျန် ၇ မှုမှာ ပြစ်မှုကျူးလွန်သူ များကို စုံစမ်းဆဲဖြစ်၍ ပုဒ်မ ၁၄၄မလိုက်နာသူ ၃၄၆ ဦးအား ပုဒ်မ ၁၈၈ ဖြင့်အရေးယူထား ကြောင်း အစိုးရက သတင်းထုတ် ပြန်ထားသည်။

7day daily