7 Jul 2014

ကျန်းမာရေးမကောင်းခြင်း၊ဝိနည်းအပြစ်လွတ်ရန်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ပြောကြား


ကျန်းမာရေးမကောင်းခြင်း၊ဝိနည်းအပြစ်လွတ်ရန်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု
မေတ္တာရှင်(ရွှေပြည်သာ)ဆရာတော်ပြောကြား 


ကျန်းမာရေးမကောင်းခြင်းး၊ဝိနည်းအပြစ်လွတ်၇န်နှင့် ကြီးမားသော ရည်ရွယ်ချက်ရှိခြင်းကြောင့် လူဝတ်လဲရခြင်းဖြစ်သည်ဟု
မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)က ၎င်း၏ တပည့်သာဝကများထံ ပေးပို့သော လက်ရေးမူတွင်ဖော်ပြထားချက်အရ သိရသည်။ နှစ်သုံးဆယ်ကျော်ကြိုးပမ်းအားထုတ်ခဲ့ရသည့် ရဟန်းဘဝအား စွန့်ပစ်ရသည့်အတွက် ကာယကံရှင်အနေဖြင့် ဘေးလူများထက် ပိုခံစားရကြောင်း၊အများအကျိုးအတွက်ရည်ရွယ်ကာ ယခုလိုလုပ်ဆောင်
ရခြင်းဖြစ်ကြောင်း၊တချိန်တွင် မေတ္တာရှင်(ရွှေပြည်သာ)အနေဖြင့် အောင်မြင်မှုအသီးအပွင့်များကိုထွေးပွေ့ကာ မြန်မာပြည်သူ၊ပြည်သားများထံ ပြန်ရောက်လာမည်ဖြစ်ကြောင်း ဆရာတော်၏လက်ရေးမူဖြင့်ရေးသားထားသည့်
ပေးစာတွင်ဖော်ပြထားသည်။


ရိပ်သာကြိးငါးခုတွင် ဆောက်လုပ်လှုဒါန်းထားသည့် အဆောက်အဦးများသည် ဓမ္မပူဇာငွေဖြင့်ဆောက်လုပ်လှုဒါန်းထားခြင်းသာဖြစ်ပြီး တစ်ဦးတည်းအလှုရှင်မရှိကြောင်း ယင်းပေးစာတွင်ဆက်လက်ဖော်ပြထား
သည်။ ဆရာတော်လူဝတ်လဲရသည်မှာ ရဟန်းကိစ္စအား လူများက ဝင်ရှုပ်သောကြောင့် လဲရခြင်းဖြစ်သည်ဟု ဆရာတော်နှင့်ဆက်နွယ်ကာ အလှုအတန်းများ၊ဖောင်ဒေးရှင်းများလုပ်ဆောင်နေသည့် ပုဂ္ဂိုလ်များက ထုတ်ဖော်ပြောကြားများရှိသကဲ့သို့ ဆရာတော်လူဝတ်လဲသည်မှာ ကျန်းမာရေးအပြင် တခြားအချက်များရှိနိုင်သည်ဟု မှန်းဆချက်များ၊ကောလဟလများ များစွာထွက်ပေါ်နေသဖြင့် ဆရာတော်ထံ ဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားမည့်သူ မရှိပေ။
 
 
 မေတ္တာရှင်ဆရာတော်(ရွှေပြည်သာ)မှာ ပြိးခဲ့သည့်ခြောက်လပိုင်း ၂၄ရက်နေ့က လူဝတ်လဲခဲ့ခြင်းဖြစ်ပြီး ဆရာတော်လူဝတ်လဲပြီးနောက် ရန်ကုန်၊မန္တလေး၊စစ်ကိုင်း၊မူဆယ်၊ဂျပန်၊စင်ကာပူစသည့်ပြည်တွင်းပြည်ပမြို့ကြိးများတွင် ဖွဲ့စည်းထားသည့် မေတ္တာရှင်ဖောင်ဒေးရှင်းများ၏ ဦးဆောင်သူအသီးသီးတို့က မေတ္တာရှင်ဖောင်ဒေးရှင်းဟူသည့်နာမည်အစား အခြားနာမည်များသို့ ပြောင်းလဲဖွဲ့စည်းခဲ့သကဲ့သို့ မေတ္တာရှင်ဖောင်ဒေးရှင်းနှင့်မသက်ဆိုင်တော့ကြောင်း ကြေငြာချက်အသီးသီးထုတ်ပြန်ခဲ့ကြသည်ကိုတွေ့
ရသည်။
 

0 comments:

Post a Comment