16 Oct 2014

သင်၏မျက်လုံး အားပြန်ကောင်းပြီး " မျက်မှန်လွတ်တဲ့နည်း "


 
ပထမဦးဆုံး အိပ်ရာကနိုးပြီးပြီးချင်း ၊ မျက်နှာကိုအရင်မသစ်ရဘူး ၊
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက်
လောင်းပေးရမယ် ။ ဒါက တစ်ကိုယ်လုံးမှာပြန့်နှံနေတဲ့ အပူခိုးတွေကို
ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ ။ ။ ။


အိပ်ရာကထလာတာနဲ့အပူတွေကတစ်ကိုယ်လုံးမှာပြန့်နှံ့နေတာပါ
ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကိုအရင်သစ်လိုက်မယ်ဆိုရင်
ရေနဲ့ထိပြီးအေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ် ၊ ဒါကြောင့်မျက်စိကိုတစ်ကိုယ်လုံးက အပူခိုး ၊
အပူငွေ့တွေလာရိုက်တော့တာပေါ့ ။ ။ ။


သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ ၊
မျက်လုံးနှစ်လုံးစလုံး " ရဲ " နေတာတွေ့ရလိမ့်မယ်၊ အဲ့ဒီလိုအပူခိုးတွေ
ရိုက်ပါများလာတဲ့အခါ " ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပေါ့ " ။ ။ ။
ဒါကြောင့်အပူခိုးတွေ မျက်စိဆီကိုမသွားဘဲ အောက်ရောက်သွားအောင်
ခြေထောက်ကိုအရင်ရေလောင်းရတာပေါ့ ၊ ဒူးကနေရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ချင်းမျက်နှာမသစ်ရသေးဘူး ။ ချိုင်းကြားနှစ်ဖက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေ
ထွက်သွားအောင် မတ်တတ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက်
အောက်ချလိုက် နဲ့ အနည်းဆုံး အကြိမ် ၂၀ လောက်လုပ်ပေးရမယ် ။ ။ ။


အဲ့ဒါပြီးတဲ့အခါ တက်နေတဲ့ ဇက်ကြောတွေလျှော့သွားအောင် ခေါင်းကို
နောက်ကျောဘက်ရောက်နိုင်သလောက် လှန်ချရမယ် ၊ ရှေ့ကိုလည်း
ရသလောက် ငုံ့ရမယ် ။ ဒါကလည်းအကြီမ် ၂၀ လောက်ပေါ့ ၊ ပြီးရင် ခေါင်းကို
ဘယ်ညာ အခါ ၂၀ လောက်လှည့်ပေးရမယ် ။ ။ ။


ဒီလေ့ကျင့်ခန်း သုံးခု ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတဆင့် ထွက်နေတာ ကုန်သွားပါပြီ ။ သေချာသိချင်ရင်
ခြေထောက်ကိုစမ်းကြည့်လိုက်ပေါ့ ။


" ရေတစ်စက်မှမရှိတော့ဘဲ ခြောက်နေတာတွေ့ရလိမ့်မယ် " ။
အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ် ၊ သွားမတိုက်ရသေးဘူး ။
ပါးစပ်ကိုပိတ်ထားရမယ် ။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့သုတ်ပေတော့ ။


ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့ ၊
အဲ့ဒီကျတော့မှ သွားတိုက်ရမယ် ၊ သွားတိုက်ရင်းနဲ့ သွားကြိုသွားကြားမှာရှိတဲ့
အခိုးအငွေ့တွေဟာ " မျက်နှာကမွှေးညှင်းပေါက်များမှတဆင့် ထွက်ကုန်မယ်လေ" ။


ဒီနည်းကတော့" အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါ " ကို ကြိုတင်ကာကွယ်နည်းပါ ။
နောက်ပြီးဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ် ၊
ညဘက်ကိုနည်းနည်း ပဲကြည့်စေချင်တယ် ။


ွှ ဒီနည်းဖြင့် မျက်စိမှုန်နေသူများ ပြန်အားကောင်းနိုင်ပါတယ် ။
မျက်စိအားကောင်းသော သူများပင်လျှင် ဒီနည်းကို အမြဲတစေပြုလုပ်မည်ဆိုပါက
မျက်မှန်တတ်ရမည့် အဆင့်သို့ မရောက်နိုင်တော့ပါ ။ ။ ။


အရှင်ဇ၀န (မေတ္တာရှင် - ရွှေပြည်သာ )
စာရိတ္တသတ္တိ စာအုပ်မှ မျှဝေပါသည်
မေတ္တာဖြင့် ... မြစိုး

သက်ရှည်ကျန်းမာ


ပျော်ရွှင်အောင် ဘယ်လိုနေမလဲ ?



၁။ မေ့သင့်တာကို မေ့ပစ်ပါ။
သင့်မှာကြေကွဲဖွယ်ရာ အတိတ်ရှိခဲ့မယ်ဆိုရင် တတ်နိုင်သလောက်ပြန်မတွေးပါနဲ့။


၂။ ကြိုတွေးပြီး အစိုးရိမ်မလွန်ပါနှင့်။
မဖြစ်သေးတဲ့ ကိစ္စတခုအတွက်ကြိုတွေးပြီး စိုးရိမ်စိတ် မလွန်ကဲပါနဲ့။


၃။ မိမိ တာဝန်ယူရတဲ့ အလုပ်ကိုတန်ဖိုးထားပါ။
ဒီနေ့ပြီးရမယ့်အလုပ်ကို နောက်နေ့မသယ်ပါနှင့် အလုပ်ကြွေးမရှိလျှင် သင့်စိတ်တွေလွတ်လပ်ပေါ့ပါးနေပါလိမ့်မယ်။


၎။ သူတပါးကို ကူညီပါ။
သူတပါးကို တတ်နိုင်သလောက်ကူညီပေးပါ အကျိုးတခုခုကို မျှော်လင့်ပြီး ကူညီတာမျိုးတော့မဖြစ်ပါစေနှင့်။ သင် စေတနာ နဲ့ ကူညီလျှင် မေတ္တာ ရောင်ပြန်ဟပ်ပါလိမ့်မယ်။


၅။ သေရေး ရှင်ရေး ကိစ္စမှလွဲ၍ အကြွေးမယူပါနှင့်။
အကြွေးရှိနေတဲ့သူဟာ ဘယ်လိုနည်းနဲ့မှ စိတ်ချမ်းသာမှုအပြည့်အဝ မရနိုင်ပါဘူး။


၆။ သင်ယူပါ လေ့လာပါ စူးစမ်းပါ။
ကိုယ့် ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ စီးပွားရေး လူမှုရေး ကိစ္စတွေကို လေ့လာစူးစမ်းပါ။


၇။ တယောက်နဲ့ တယောက်အပြန်အလှန် respect ထားပါ။
ဘယ်လောက်ပဲ ရင်းနှီးတဲ့သူဖြစ်ပါစေ တယောက်နဲ့တယောက်ရိုသေမှုထားပါ။ ဒါဟာ မလိုလားအပ်တဲ့ လူမှုရေးပြသာနာတွေကိုလျော့ချပေးနိုင်ပါတယ်။


၈။ စိတ်ညစ်လျှင် ရင်ဖွင့်ပါ။
သင့်အရမ်း စိတ်ညစ် စိတ်ဓာတ်ကျလာရင် အရင်းနှီးဆုံး သူငယ်ချင်း မိတ်ဆွေ တွေကိုပြောပြဆွေးနွေးပါ။


၉။ အိပ်ရေးဝအောင်အိပ်ပါ။
အိပ်ရေးမဝတဲ့သူဟာ ဘယ်လိုမှလန်းဆန်းတက်ကြွမှုမရှိနိုင်သလို အလုပ်ကိုပါထိခိုက်နိုင်ပါတယ်


၁၀။ ကျန်းမာရေး လိုက်စားပါ။
နေ့စဉ်ပုံမှန် အားကစားလုပ်ပါ ဒါမှမဟုတ် လမ်းလျှောက်ပါ။

 
Credit To>>Black Sheet


14 Oct 2014

လိပ်ကျွန်းလူသတ်မှု အစိုးရသက်သေတွေ ထွက်ဆိုချက် အမှုမမြောက်

 ဓာတ်ပုံ- ဂူဂဲလ်


လိပ်ကျွန်း လူသတ်မှုနဲ့ ပတ်သက်ပြီး အစိုးရ တရားလိုပြ သက်သေ ထွက်ဆိုချက်တွေက လူသတ်မှုနဲ့ ဖမ်းဆီးခံထားရသူ မြန်မာ ၂ ဦး အတွက် အမှု မမြောက် နိုင်ဘူးလို့ သိရပါတယ်။ 
 
လိပ်ကျွန်း လူသတ်မှု တရားခံအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးထားတဲ့ မြန်မာ အလုပ်သမား မောင်ဇော်လင်း နဲ့ မောင်ဝင်းဇော်ထွန်းတို့ကို တရားရုံး တင်နိုင်ရေး အစိုးရ တရားလို သက်သေ ၃ ဦးကို ကော့စမွီတရားရုံး၊ တရားသူကြီး ရှေ့မှောက် ကြိုတင်သက်သေ စစ်ဆေးချက်ရယူခဲ့တာမှာ သက်သေ မောင်မောင် အပါအဝင် စုစုပေါင်း မြန်မာ ၃ ဦးရဲ့ ထွက်ဆိုချက်တွေဟာ အမှုနဲ့ပတ်သက်ပြီး မြင်သိထားတာ မရှိတာကို ထွက်ဆို သွားကြတယ်လို့ သိရပါတယ်။ 
 

 "မောင်မောင် နဲ့ နောက်ထပ် သက်သေ ၂ ဦး စုစုပေါင်း ၃ ဦးက ကြိုတင်သက်သေ ထွက်ဆိုချက် ပေး တာမှာ သူတို့ က အမှုနဲ့ပတ်သက်ပြီး မမြင်၊ မသိတဲ့တဲ့အကြောင်းတွေ ထွက်ဆိုသွားကြပါတယ်။ ဒီတော့ ဟို ကလေး ၂ ယောက်ကို လူသတ်မှုနဲ့ တရားစွဲဖို့ အမှုမမြောက်တဲ့သဘောပါ၊ မောင်ဇော်လင်းနဲ့ 
မောင်ဝင်းဇော်ထွန်း တို့ကလည်း တရားခွင်ရောက်ရင် အမှန်အတိုင်း အကုန် ထွက်ဆိုမယ်လို့ သိရပါတယ်" လို့ မြန်မာ သံရုံးကိုယ်စားလှယ်အဖွဲ့က ရှေ့နေ ဦးအောင်မျိုးသန့်က ဧရာဝတီကို ပြောပါတယ်။ 
 

ဒီကနေ့ အောက်တိုဘာလ ၁၄ ရက်နေ့ မနက် ၁ဝ နာရီခွဲကတည်းက ထိုင်း တောင်ပိုင်း ကော့စမွီတရားရုံး မှာ အစိုးရ တရားလို သက်သေ ၃ ဦးကို တရားသူကြီး ရှေ့မှောက် ကြိုတင်စစ်ဆေး ထွက်ဆိုချက် ပေးကြ ရတာဖြစ်ပြီး လူသတ်မှု ကျူးလွန်သူအဖြစ် ထိုင်းရဲက စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ မောင်ဇော်လင်း နဲ့ 
မောင်ဝင်းဇော်ထွန်းတို့ ၂ ဦးလည်း တရားခွင်ကို ရောက်လာကြပါတယ်။ 
 

အခုလို အစိုးရ တရားလိုပြသက်သေ ၃ ဦးကို ကြိုတင်စစ်ဆေး ထွက်ဆိုချက်ပေးတဲ့နေ့မှာပဲ ဗြိတိန်နိုင်ငံ ဒု နိုင်ငံခြားရေး ဝန်ကြီးက လန်ဒန်မှာ ရှိတဲ့ ထိုင်း သံရုံး အကြီးအကဲကို ဆင့်ခေါ် ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စုံစမ်း စစ်ဆေးမှုတွေ မှန်ကန်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့ သတိပေးကာ တရားဝင် စာလည်း ပေးခဲ့ပါတယ်။ 
 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာလည်း မြန်မာသံအမတ်၊ ဗြိတိန် သံအမတ်နဲ့ ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ကလည်း လိပ်ကျွန်း လူသတ်မှု အမှုမှန်ပေါ်ပေါက်ရေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ စုံစမ်း စစ်ဆေးရေးနဲ့ တရား စီရင်ရေးတွေဖြစ်စေဖို့ ၃ ပွင့်ဆိုင်ဆွေးနွေးကြပါတယ်။ 


 အိမ့်သံစဉ် ~ 


13 Oct 2014

ထိုင်းနိုင်ငံ ရနောင်းတွင် ဖုန်းအော်ပရေတာ မြန်မာအမျိုးသမီး ၈ ဦး အဖမ်းခံရထားရ

 
 
ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် မြန်မာအမျိုးသမီး ၈ ဦးအား ဆက်သွယ်ရေးလှိုင်း တရားမ၀င်အသုံးပြုကာ နိုင်ငံခြားဖုန်းခေါ်ဆိုသည့် ၀န်ဆောင်မှု အတွက် အသုံးပြုနေမှုဖြင့် ဖမ်းဆီးခဲ့သည်ဟု အမျိုးသား အသံလွှင့်ခြင်းနှင့် တယ်လီကွန်း ဆက်သွယ်ရေးကော်မရှင် (NBTC) ရုံးဥက္ကဋ္ဌ သာကန်သန်သာဆစ် က ပြောကြားသည်။


UHF 450 MHz လှိုင်းနှုန်းအား တစ်စုံတစ်ဦးက တရားမ၀င် အသုံးပြုနေကြောင်း သတင်းရရှိပြီးနောက် NBTC အရာရှိများ နှင့် ရဲတပ်ဖွဲ့ဝင် များက တမ်ဘွန်ဆန်နွန်ရှိ ၃ ထပ်တိုက် အဆောက်အအုံ တစ်ခုသို့ ၀ရန်းဖြင့် ၀င်ရောက်ရှာဖွေခဲ့ခြင်းဖြစ် သည်ဟု မနေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။ ၀င်ရောက်ရှာဖွေရာတွင် ဖုန်းခေါ်ဆိုသူအဖြစ် ဆောင်ရွက်နေသည့် မြန်မာ အမျိုးသမီး ၈ ဦး ဖုန်း ၃၇ လုံးနှင့် ဖောက်သည်များ၏ ဖုန်းနံပါတ်များ မှတ်သား ထားသည့် စာအုပ်များ ဖမ်း ဆီးရရှိခဲ့သည်ဟု ဆိုသည်။


ထို့အပြင် အဆောက်အအုံခေါင်မိုးထပ်တွင် အင်တင်နာတိုင် အများအပြားနှင့် ဆက် သွယ်ရေးကိရိယာ ၃၁ ခုတို့ တွေ့ရှိခဲ့သည်။ ထိုကိရိယာများဖြင့် ဆက်သွယ်ရေးလှိုင်းနှုန်းများအား တရားမ၀င် ခိုး ယူအသုံးပြုနေခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။


အဖမ်းခံထားသူထဲမှ လှ ဆိုသည့် အမျိုးသမီးက "ကျမတို့လည်း ဒါတရားဝင် မ၀င်ကို မသိပါဘူး။ ဖုန်းအေပတာ အလုပ်ကို အဆောင်ပါ ထမင်းကျွေးပြီး မပင်ပန်းတဲ့ အလုပ်မို့ ကျမတို့ လုပ်ကိုင်ခဲ့တာပါ။ စက်တွေ ပျက်ရင် လိုင်းမမိရင် ထိုင်းလူမျိုးတွေပဲ လာပြင်ပါတယ်။ ကျမတို့လည်း အဲသည် ခေါင်မိုးပေါ်က စက်တွေကို ဆိုရင် မြင်တောင် မမြင်ဘူးပါဘူး။ သူဌေး ဘယ်သူမှန်းတောင် မသိပါဘူး" ဟု ပြောကြားကြောင်း သည်နေရှင်းသတင်းစာမှ ဖော်ပြထားသည်။


အဆိုပါ ကမ္ဘာအနှံ့ တရားမ၀င်ဖုန်းခေါ်ဆိုမှုလုပ်ငန်းအား လုပ်ကိုင်နေသည်မှာ ၁ နှစ်ကျော်ခန့်ရှိပြီဖြစ်ပြီး အသုံး ပြုသူများက ၁ မိနစ်လျှင် ဘတ် ၅၀ ပေး ရသည် ဟု NBTC အကြီးတန်းအရာရှိ ချာရန်ကဆိုသည်။ ဖမ်းဆီးခံရသူ များအား ခွင့်ပြုချက် မရှိဘဲ တယ်လီကွန်းဆက်သွယ်ရေးဌာန တည်ထောင်သူ၊ လှိုင်းနှုန်း များ တရားမ၀င်အသုံးပြု မှုတို့ဖြင့် တရားစွဲဆိုထားသည်။


"ကျမတို့က မြန်မာ၊ လောအို၊ ကမ္ဘောဒီးယား တို့ကို ဖုန်းဆက်သွယ်ပေးတဲ့ လုပ်ငန်းပါ။ ရွှေ့ပြောင်းလုပ်သားတွေက ကျမတို့ဆီကို ဖုန်းခေါ်ရင် သူတို့ ဆက်သွယ်ချင်တဲ့ နိုင်ငံက ဖုန်းနံပါတ်ကို ကျမတို့က တဆင့် ချိတ်ဆက်ပေးရုံပါပဲ။ ကြိုတင်ငွေပေးကဒ်လား နောက်မှ ဘီလ်နဲ့ ငွေကောက်တာလားတောင် ကျမတို့ မသိရပါဘူး။ ဒါတွေကို စက်တွေနဲ့ စက်ခန်းထဲမှာပဲ လုပ်တဲ့သူတွေ ရှိပါတယ်" ဟ မလှက ပြောကြောင်း အဆိုပါသတင်းမှာ ဖော်ပြထားပါသည်။


အဆိုပါ ၃ထပ်တိုက် အဆောက်အအုံအား အလုပ်သမားများနေထိုင် ရန် မြန်မာနိုင်ငံသား တစ်ဦးက တစ်လလျှင် ဘတ် ၂၀,၀၀၀ ဖြင့် ငှားရမ်း ထားခြင်းဖြစ်သည်ဟု ဆိုသည်။ ထို တရားမ၀င်ဖုန်းဝန်ဆောင်မှု အဖွဲ့ခေါင်းဆောင်ကို ဖမ်းဆီးရမိရန် ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေလျက်ရှိသည်။


KHTun

Ref - The Nation

The Ladies News Journal

အရက်ကြောင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ကာကွယ်ရေး နှိုးဆော်


နှစ်စဉ် ကမ္ဘာ့ လူဦးရေသန်း ၂ဝဝဝ ကျော်သည် အရက်ကို စွဲစွဲမြဲမြဲ သောက်သုံး နေကြပြီး သန်း ၈ဝ နီးပါးသည် အရက်ကြောင့် ဖြစ်သော နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများ ခံစား နေရကြောင်း၊ လူငယ် အမျိုးသား၊ အမျိုးသမီး များသည်ပင် အရက်ဆိုင် ထိုင်ကာ အရက် သောက်သုံးမှု များကို တွေ့ရှိ ရကြောင်း၊ အရက် သောက်သုံးမှု ကြောင့် နောက်ဆက်တွဲ ဖြစ်ပွားသော ရောဂါများ အပြင် မတော်တဆ ထိခိုက်မှုများ ဖြစ်ပွား ခြင်းကြောင့် သေဆုံးမှု ပိုမို များပြားခြင်း၊ လူမှုရေး ပြဿနာများ၊ ရာဇဝတ်မှုများ ပိုမို များပြား လာကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ စစ်တမ်းများ အရ တွေ့ရှိ ရသည်။


အရက် သောက်သုံး ခြင်းကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာ ဖြစ်သော အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာ ဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ရောဂါဖြစ်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြော ရောဂါဖြစ်ခြင်း၊ ပန်းသေပန်းညှိုး ဖြစ်ခြင်း၊ သားသမီး မရခြင်း၊ စိတ်ရောဂါများ ဖြစ်ပေါ် နိုင်သည်။


ထို့အပြင် အရက်ကြောင့် ဖြစ်သော နောက်ဆက်တွဲ စိတ်ကျန်းမာရေး ဆိုင်ရာ ပြဿနာ ဖြစ်သော အရက်မူး ခြင်းကြောင့် ရာဇဝတ်မှု များကို ဆင်ခြင်မှု ကင်းမဲ့စွာ ပြုမူခြင်း၊ စိတ်ဖောက် ပြန်ခြင်း၊ စိတ်ကြွ၊ စိတ်ကျရောဂါ ဖြစ်ခြင်း၊ မိမိကိုယ်ကို သတ်သေရန် ကြိုးစားခြင်း နှင့် သတ်သေခြင်း၊ သံသယ လွန်ခြင်း၊ အတက်ရောဂါ ဖြစ်ခြင်း၊ ညအိပ် မပျော်သော ရောဂါရရှိခြင်း၊ မှတ်ဉာဏ် လျော့ပါး ပျက်စီးခြင်း၊ ဦးနှောက် ပျက်စီး၍ သူငယ်ပြန် ရောဂါဖြစ်ခြင်း နှင့် လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေးများ ထိခိုက်ပြီး သက်တမ်းစေ့ မနေရခြင်း တို့ ဖြစ်ပေါ်နိုင်သည်။ ထို့ကြောင့် အသက်အရွယ် မရွေး အရက် သောက်သုံးခြင်း ကို ရှောင်ကြဉ်ရန် လိုအပ် သကဲ့သို့ အရွယ် မရောက်သေး သူများ၊ အမျိုးသမီး များကို အရက် ဝယ်ခိုင်းခြင်း၊ ရောင်းချခြင်း မပြုလုပ်စေရန် နှင့် မသောက်သုံး စေရန်လည်း လိုအပ်သည်။


သို့ဖြစ်ပါ၍ အထက် ဖော်ပြပါ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး ထိခိုက်မှုများ မဖြစ်ပေါ် စေရန် အရက် သောက်သုံးမှုမှ လုံးဝ ရှောင်ကြဉ်ခြင်း၊ အထူးသဖြင့် အလွန်အကျွံ သောက်သုံးခြင်း၊ စွဲလမ်းစွာ သောက်သုံးခြင်း မှ ရှောင်ကြဉ်ရန် နှင့် အရက်စွဲ ရောဂါ ဖြစ်နေပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းနှင့်ကျန်းမာရေးဌာန များတွင် ဆောလျင်စွာ ပြသ၍ စနစ်တကျ ကုသမှု ခံယူကြပါရန် ကျန်းမာရေး ၀န်ကြီးဌာန မှ တိုက်တွန်း နှိုးဆော်ထားသည်။

 

7 Oct 2014

ဗန်းမော်ဆရာတော်ဘုရားကြီးဧ။် ဆုံးမစာ

 
 
တရားကို တေးလိုဆို၊

အဖကို သားကဆဲ၊

ဆွေမျိုးထဲက ဓားပြတိုက်၊

မိုက်ရဲလျှင် သောတပန်၊

မကောင်းကြံက သမာဓိ၊

ရွှေရှိမှ လူလိမ္မာ၊

လိမ်နိုင်မှ သစ္စာရှင်၊

ရိုးသားသူကို အရူးလို့ထင်၊

အင်္ကျီပါးနှင့် ဥပုသ်သည်၊

ဇရပ်အလည် ကို့ယိုးကားယား၊

လူဆင်းရဲက သူဌေးယောင်ဆောင်၊

အ၀တ်ပြောင်မှ လူရိုသေ၊

ရွှေရှိဘုရားမှ ရှိခိုးချင်၊

ဇာတ်သမားမှ လူခေါ်ချင်၊

အပျိုငယ်က၊ လင်နေစော၊

အမျိုးကောင်းသမီးက ပိုက်ဆံရှာ၊

လင်ရှိမယားက အပျိုလုပ်၊

ဆယ်နှစ်သမီးက အိမ်ထောင်ချင်၊

ဖိုးသူတော်က ဘိုစတောက်ချ၊

အပျိုပေါက်စ နှစ်လင်ယူ၊

လူရင်းနှီးတော့ အတိုးချ၊

ခိုးဓားပြက လူလို့အော်၊

ဆယ်အိမ်ခေါင်းက စိတ်ကြီးဝင်၊

မယ်သီလက အနုဆေးဖေါ်၊

မရှောင်တမ်းတိုးတာ တစ်ခုလပ်၊

အမှန်ပြောတော့ အမုန်းပွား၊

ဥပုသ်စောင့်ရင်း အတင်းပြော၊

ခေတ်ကြီးကိုတော့ အပြစ်ဆို၊

ကိုယ့်ကိုယ်ကိုတော့ဖြင့် အကောင်းထင်၊

အလှူပေးရင်း ထမင်းရောင်း၊

မသာပို့ရင်း အပျိုလှည့်၊

သူတော်ကောင်းတို့ တရားပျက်ကြပြီ။
 


(ဗန်းမော်ဆရာတော်)






4 Oct 2014

မေတ္တာတရား ကြီးမားသူ



“သူတို့ကျွေးမွေးဖို့အတွက် အန်တီပိုင်ဆိုင်တဲ့ ခြံလေးတွေကို ရောင်းချပြီး ဘဏ်ထဲမှာ သတ်သတ် ငွေထည့်ထားတယ်” ဟု ပြောလာသူမှာ ခွေးအကောင် ၃၀၀ နီးပါးကို မွေးမြူထားသည့် အသက် ၅၈ နှစ်အရွယ် ဒေါ်ခင်သန်းဝေ ဖြစ်သည်။


လွန်ခဲ့သည့် နှစ် ၂၀ ကျော် ကတည်းက ထိုကဲ့သို့ ခွေးများကို သူမွေးမြူ စောင့်ရှောက်ထားခြင်း ဖြစ်သည်။ လမ်းဘေးတွင် စွန့်ပစ်ခံထားရသော ခွေးများလည်း ပါသည်။ အိမ်တွင် လာရောက် စွန့်ပစ်ထားသော ခွေးများ၊ ဒုက္ခိတ ခွေးများကိုလည်း သူကျွေးမွေး စောင့်ရှောက်ထားသည်။ အားလုံးကို သူ့သားသမီးနှင့် မခြား အရိပ်တကြည့်ကြည့်နှင့်။


သားသမီး သုံးဦး၏ မိခင်လည်းဖြစ်သူ ဒေါ်ခင်သန်းဝေသည် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် နန္ဒဝန်ရပ်ကွက်၊ ရပ်ကွက်ကြီး (၉)၊ အိမ်အမှတ် (၄၉၉-က) တွင် နေထိုင်ပြီး ခွေးများ မွေးရန်အတွက် ယခုခြံကို ဝယ်ယူခဲ့ကာ တိုက်အိမ်လေး ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ဒေါ်ခင်သန်းဝေ၏ ခင်ပွန်းဖြစ်သော ဗိုလ်ကြီးအငြိမ်းစား ဦးတွမ်သည် ယခုလက်ရှိတွင် ကျန်းမာရေး အခြေအနေအရ အိပ်ရာထဲမှ မထနိုင်ဖြစ်နေပြီး ခင်ပွန်းကိုလည်း ပြုစုရင်း တစ်ဖက်တွင်လည်း ၎င်းချစ်ခင် ပြုစုစောင့်ရှောက်နေသည့် ခွေးအကောင် ၃၀၀ နီးပါး၏ နေ့စဉ် အလုပ်တာဝန်များကိုလည်း မမောမပန်းနိုင် အိမ်အကူ မောင်နှစ်မ နှစ်ဦးနှင့် လုပ်ဆောင်လျက် ရှိသည်။


“အိမ်မှာ မွေးထားပြီးတဲ့ ခွေးတွေကို ဘယ်သူလာတောင်းတောင်း မပေးဘူး။ သူတို့အတွက် တစ်နေ့ ကုန်ကျစရိတ်က ကျပ် ၆၀,၀၀၀ နီးပါး ကုန်ပေမယ့်လည်း အန်တီက သူတို့အတွက် လာလှူရင်လည်း သိပ်ပြီးတော့ လက်မခံဘူး” ဟု ဒေါ်ခင်သန်းဝေက ဆိုသည်။
အဆိုပါခွေးများ နာမကျန်း ဖြစ်ခဲ့သော အခါများတွင်လည်း ကိုယ်တိုင် ဆေးဝါးများဖြင့် ကုသပေးသကဲ့သို့ ကာကွယ်ဆေးထိုးသည့် အချိန်တွင်လည်း ဆရာဝန်များကို ခေါ်ကာ သေသေချာချာ ဆေးဝါးများ ကုသပေးလျက် ရှိသည်။


ဒေါ်ခင်သန်းဝေ၏ သားသမီး သုံးဦးမှာ အစိုးရဝန်ထမ်းများ ဖြစ်ကြပြီး သူ့တို့ဘဝကို သူတို့ဘာသာ ရပ်တည်နိုင်ကြပြီ ဖြစ်သည်။ လက်ရှိတွင် ခင်ပွန်းကို ပြုစုစောင့်ရှောက်ရင်း ကိုယ်ပိုင်လုပ်ငန်း အဖြစ် ခြံများကို ဝယ်ရောင်းလုပ်ကိုင်ခဲ့သည်။ ထိုသို့ စီးပွားရေးလုပ်၍ ငွေကြေးများ ရလာပါက ပျော်ရွှင်ရကြောင်း၊ ပျော်ရွှင်ရသည့် အကြောင်းရင်းမှာလည်း မွေးမြူထားသော ခွေးများကို ဒီထက်မက အစာဝဝလင်လင် ကျွေးမွေးလို၍ ဖြစ်ကြောင်း ဒေါ်ခင်သန်းဝေက ဆိုသည်။


ယခုအချိန်တွင် ဒေါ်ခင်သန်းဝေမှာ အသက်အရွယ်အရ စီးပွားရေး မလုပ်ဆောင်တော့ဘဲ ပိုင်ဆိုင်သည့် ခြံသုံးခြံကို ရောင်းချပြီး ဘဏ်ထဲတွင် အပ်နှံကာ ခွေးများကို ကျွေးမွေး စောင့်ရှောက်ထားပြီး ၎င်းမရှိတော့သည့် နောက်တွင်လည်း ၎င်းမွေးမြူထားခဲ့သည့် ခွေးများ နောင်ရေးအတွက်ပါ စီစဉ်ထားသည်။


“အခု ခြံတစ်ခြံကို သိန်းငါးထောင်ကျော်နဲ့ ဈေးစကား ပြောထားတာ ရှိတယ်။ ဒီခြံ အရောင်းအဝယ် တည့်သွားရင် ရတဲ့ ပိုက်ဆံကို လေးပုံပုံပြီး ဘဏ်ထဲမှာ အပ်နှံထားလိုက်မယ်။ သုံးပုံကတော့ သားသမီးတွေအတွက် တစ်ပုံကတော့ အန်တီ့ခွေးတွေ အတွက်ပါ။ သားသမီးတွေကိုလည်း စာချုပ်နဲ့ ချုပ်ဆိုပြီး ခွဲဝေပေးမှာ။ သူတို့အတွက် ပေးထားတဲ့ သုံးပုံကို အကုန်လုံး မထုတ်ယူခိုင်းဘဲ အတိုးသာ ထုတ်ခိုင်းမယ်။ အန်တီ့ခွေးတွေ အတွက်ထားတဲ့ တစ်ပုံကိုတော့ လုံးဝ မထုတ်ယူရဘူး” ဟု ခွေးလေးများကို အစာကျွေးရင်း အန်တီ ဒေါ်ခင်သန်းဝေက ဆိုလိုက်သည်။


ယခုလက်ရှိတွင် ခွေးအကောင် ၃၀၀ နီးပါးကို နေ့စဉ် ပြုစုစောင့်ရှောက်နေသော သူ့အတွက် ခွေးများနှင့် ပတ်သက်သော ဖြစ်ရပ်များလည်း ရှိသည်။

ခွေးမလေး ချောစုအပေါ် ဒေါ်ခင်သန်းဝေ သံယောဇဉ် အရှိဆုံးဖြစ်သည်။ လွန်ခဲ့သည့် ၁၅ နှစ်ကျော် ကတည်းက မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးတွင် ချောစုကို တွေ့ရှိကာ အိမ်တွင် ခေါ်ယူမွေးမြူခဲ့ခြင်း ဖြစ်သည်။ ယနေ့အချိန်အထိ ချောစုအကြောင်း တွေးမိ၊ ပြောမိလျှင် မျက်ရည် မဆည်နိုင်သေး။ 



“ဒီခွေးမလေးက အရမ်းလိမ္မာတယ်။ လူဝင်စား ခွေးမလေးလို့တောင် ထင်ရတယ်။ အန်တီ့ကိုလည်း အရမ်းချစ်တယ်။ သူက အနက်ရောင် ခွေးပုမျိုးလေး” ဟု သူက ဝမ်းနည်းစွာ ဆိုသည်။
သူ့အနားတွင်သာ မသေဆုံးခင် အချိန်အထိ ချောစု နေသွားခဲ့သည်။ ဒေါ်ခင်သန်းဝေမှာ တစ်ညလုံး မေတ္တာပို့၊ အမျှဝေပေးခဲ့ပြီး နံနက် ၁ နာရီလောက်တွင် ချောစု သေဆုံးသွားခဲ့သည်။ သူ မွေးမြူထားသော ခွေးများ သေဆုံးခါနီး အချိန်တိုင်းတွင် အမြဲမေတ္တာပို့ကာ သူ ဆုတောင်းပေးလေ့ ရှိသည်။


“နောက်ဘဝတွေမှာ အခုဘဝလို ခွေးဘဝ ဘယ်တော့မှ မရောက်ပါစေနဲ့။ ခွေးမဖြစ်ပါစေနဲ့လို့ပေါ့။ သူတို့သေသွားရင်လည်း အန်တီ ဘယ်တော့မှ လွှင့်မပစ်ဘူး၊ ခြံထဲမှာပဲ အမြဲ ကောင်းကောင်းမွန်မွန် မြှုပ်နှံပေးတယ်” ဟု ဒေါ်ခင်သန်းဝေက ငိုရင်းပြောဆိုသည်။


The Voice


လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား

Photo: လမ်းခွဲဖို့ စဉ်းစားထားပြီးမှ အဲ့ဒီလူနဲ့ ပြန်တွဲသင့်သလား
Saturday, October 4, 2014
 
အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက  ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com
Trend Myanmar

အကြောင်းအမျိုးမျိုးနဲ့ ပြသနာတွေ ခဏခဏတက်ရလွန်းလို့ လက်တွဲဖြုတ်လိုက်ဖို့ စဉ်းစားထားပြီးသားသူကို နောက်ထပ်ပြန်လည်လက်တွဲဖို့ သင့်မှာယုံကြည်မှုရှိရဲ့လား။ သူ့ကိုလက်ခံချင်သေးလား။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာရင် စဉ်းစားကြည့်သင့်တဲ့ အချက်လေးတွေ ရှိပါတယ်။ ဒီမေးခွန်းလေးတွေ ဖြေပြီးရင်တော့ သင်သူနဲ့ပြန်ပေါင်းထုတ်ဖို့ အိုကေမလား၊ ပထမ ဆုံးဖြတ်ချက်ကိုပဲ အတည်ပြုသင့်သလားဆိုတာ သေချာသွားစေမှာပါ။

၁။ သူနဲ့ထပ်ပြီး ပြသနာတွေ မတက်တော့ဘူး၊ သူအမှားတွေကို ခွင့်လွှတ်ပေးနိုင်ပြီဆိုတာ သေချာပါသလား။

ဘယ်လိုလမ်းခွဲခဲ့ကြလဲဆိုတာကို သေသေချာချာ ပြန်စဉ်းစားပါ။ သင့်ရဲ့နှလုံးသားနဲ့စဉ်းစားပြီးတော့ ဦးနှောက်နဲ့ဖြေရှင်းပါ။ ချစ်ရဲ့သားနဲ့ အခြားသော ပြသနာတွေဆိုရင်တော့ နှစ်ဦးအတူဖြေရှင်းဖို့ ကြိုးစားနိင်ပါတယ်။ အဲ့ဒီလို မဟုတ်ဘူး သူက ဖောက်ပြန်တာကြောင့်၊ အချိန်တိုင်း ပြသနာရှာနေတာကြောင့်၊ ကိုယ့်အပေါ်အလေးမထားတာတွေကြောင့်ဆိုရင်တော့ သင့်ကို နောက်ထပ်တစ်ကြိမ်ပိုလှည့်စားဖို့၊ ပိုခံရဖို့ပဲဆိုတာ သိထားပါ။ သင်ဒီကိစ္စတွေကို ကျော်လွှားနိုင်မလားဆိုပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ။

၂။ ဒီလိုလုပ်ခြင်းဟာ သင့်အတွက် အကောင်းဆုံးနည်းလမ်းဖြစ်လား။

အတိတ်ကတော့ အတိတ်ပေါ့။ ဒါပေမယ့် သင့်ဘဝမှာ ဒီလူကို ပြန်ရလိုခြင်းအကြောင်းပြချက်ကို သင့်စိတ်ထဲမှာ အဖြေရှိနေဖို့ လိုအပ်ပါတယ်။ ယခုနဲ့အနာဂတ်အတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာကို သင်ထည့်စဉ်းစားပါ။

၃။ အရင်လိုပဲ ဆက်ဆံရေးက ပြန်ကောင်းလာမှာသေချာလား။

ဒုတိယအကြိမ် ပြန်ပတ်သက်ကြတဲ့အခါ အရင်ကလို ပြန်ပြီးကြည်နူးခွင့်တွေ ရှိဦးမလား၊ ပြန်အဆင်ပြေနိုင်ဦးမလား။ ဘာတွေပြောင်းလဲလာနိုင်လဲ ဆိုတာကို သင်သေချာ ပြန်မေးခွန်းထုတ်ကြည့်ပါ။ ဒီလိုပြဿသနာမျိုးကိုပဲ နောက်တစ်ကြိမ် ထပ်မှား ပြန်တောင်းပန် အဲလိုနဲ့ သံသရာလည်သွားနိုင်ပါတယ်။

၎။ ဒီဘဝနဲ့သင် နေသားကျပြီလား။

သင်အသည်းကွဲပြီး တစ်ယောက်တည်းနေတာကို နေသားကျနေပြီလား။ ဒါမှမဟုတ် သင်ပြန်ပြီးတော့ သူနဲ့ပတ်သက်မှုကိုပဲ အမြဲတောင့်တနေလား။ သူ့ကို တစ်ချိန်လုံး လွမ်းနေမိလား။ ဆက်ဆံရေးက အရမ်းရှုပ်ထွေးတယ်လို့ ခံစားမိရင် အဲ့ဒီကနေ သင်ရုန်းထွက်ကြည့်ပါ။ သင်လွတ်လပ်မှုတွေကို ခံစားနေရတယ်ဆိုရင်တော့ သေချာပါတယ်။ ပြန်မလှည့်ပါနဲ့တော့။

Ref: teenvogue.com

Trend Myanmar

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူး ဖြစ်ခဲ့လျှင်


 
တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။


ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။ (၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။


ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။


ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။


အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။


ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။
သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။


ဒါက ပြဿ နာ နံပါတ်(၁)။


နောက်တစ်ချက်က ဧည့်စာရင်းမှုပြဿ နာ(၂)။

မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးက ကိုယ့်မြို့၊ ကိုယ့်ရပ် ကွက်မှာ ငှားနေတာတောင်မှ တစ်လတစ်ကြိမ် ဧည့်စာ ရင်းသွားသွားတိုင်နေရတယ် ဆိုတဲ့ ကိစ္စပဲ။ စဉ်းစား ကြည့်လေ၊ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်၊ ဒါမှမဟုတ် မြို့နယ်တူသူ တစ်ယောက်ဟာ ကိုယ့်မြို့ထဲ မှာပဲ အိမ်ငှားနေရင် ဧည့်စာရင်းတိုင်စရာ (လုံးဝ) မလို ပါဘူး။ ဒါက ခဏခဏတိုင်နေရတယ် ဆိုတဲ့အချက်ကို မရှင်းလို့။ ဒီစားပေါက်ကြီးက နှစ်ပေါင်းများစွာ ရိုးရှင်း ခဲ့ပါတယ်။ နောက်အများကြားမှာ ပြောစမှတ်တွင်တဲ့ စကားတစ်ခွန်းတောင်ရှိပါတယ်။

''မင်းဟာက ဧည့်စာ ရင်းမှုနဲ့ ပုံစံထိုင်ခိုင်းပြီး၊ ရိုက်စစ်နေသလား အောင့်မေ့ရ'' ဆိုတာလို စစ်ဆေးလို့ မိသွားရင်လည်း အပြစ်သားလို သူတို့ ဘာကြောင့်ဆက်ဆံတတ်ကြသလဲ။ ဧည့်စာရင်း မတိုင်ခြင်းဟာ ရာဇဝတ်မှုမြောက်စေသလား။


နောက် လာစစ်တဲ့ပုံစံလည်း မေးဦး။ ညကြီးသန်းခေါင်အချိန် မတော်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ တံခါးကို ထုနှက် ပါလိမ့်မယ်။ အုပ်၊မှူးမှန်းသိအောင် အာဏာပြချင်တာ လည်း ပါမှာပေါ့။

ကျွန်တော်သာ အုပ်/မှူး ဖြစ်ခဲ့ရင် ဧည့်စာရင်း ကိစ္စကို ပြင်ဆင်စေချင်တယ်။ သူတို့သောက်မြင်ကပ်တဲ့ အိမ်နဲ့ အဆင်မပြေ၊ အမြင်မကြည်တဲ့ အိမ်ကိုမှ ရွေးစစ် တတ်တာကိုး။ ဧည့်စာရင်း မစစ်ခင် အိမ်ရှင်ကလည်း သူတို့ကို ပြန်စစ်ဆေးခွင့်ရှိပါတယ်။ သက်ဆိုင်ရာ လူကြီး တွေရဲ့ လက်ထဲ၊ အိတ်ကပ်ထဲမှာ ကြိုတင်ယူလာတဲ့ အထုပ်တွေ။ စာရွက် စာတမ်းတွေ ရှိသလား။ ရိုးသား ရဲ့လားဆိုတာ အိမ်ရှင်ဘက်က စစ်ဆေးရမယ့် တာဝန် ပါ။ တချို့များဆို ဧည့်စာရင်းစစ်ရင်းနဲ့ ဆေးမှုနဲ့ မိသွား တာ၊ နိုင်ငံရေးမှုနဲ့ ပျောက်သွားတာတွေ အများကြီးပဲ သမိုင်းသက်သေတွေ ရှိခဲ့ကြတယ်။


နောက်၊ ရပ်ကွက် ထောက်ခံစာ ပြဿ နာ(၃)

ထောက်ခံစာရဲ့ အသက်က တစ်ပတ်နဲ့တစ်လကြားမှာမို့ ရက်ကျော်သွားရင် အသုံးမဝင်တော့ပါဘူး။ ဒါလေးက အုပ်/မှူးတွေအတွက် အသက်ရှုချောင်စေမယ့် စား ပေါက် လေးတစ်ခုပေါ့။ တစ်စောင်ကို ကျပ် ၁ဝဝဝပဲ ထားဦး။ တစ်ရက်ကို ၁ဝ ယောက်လာခဲ့ရင်ပဲ နေ့စား ကိုက်နေပြီ။ တစ်နေ့ အယောက် ၁ဝဝ လောက်လာရင် ပိုပြီးတော့တောင်ကြိုက်သေး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက တစ်အိမ်လုံး လူကြီးလုပ်စာနဲ့ ထိုင်စားတဲ့ ရပ် ကွက်လူကြီးမိသားစု တွေ့ဖူးတယ်။ သူ့ဇနီးသည်က ဘာမှ မလုပ်တတ်ဘူး။ ရပ်ကွက်ထောက်ခံစာနဲ့ ဧည့်စာ ရင်းကို သူတို့အိမ်မှာပဲ ဒိုင်ခံရေးတာ။ အရင်းက ဘာရှိလို့ လဲ။ ရုံးတံဆိပ်တုံးနဲ့ ဘောက်ချာစာရွက်ဖိုးပဲရှိမှာပေါ့။ ပြီးတော့ ရပ်ရွာကောင်းကျိုးလည်း ဘာမှပြန်မလုပ်ဘူး။


နောက် ရုံးဝင်ငွေ၊ ထွက်ငွေကိစ္စ ပြဿ နာ(၄)။

ဒီရုံးတစ်ရုံးရဲ့ အသုံးစရိတ်ကို ရပ်ကွက်နေ ပြည်သူ။ပြည်သားတွေနဲ့ စိတ်ဝင်စားသူ သတင်းသမားနဲ့ မည်သူ မဆို(အခမဲ့) သိခွင့်ကြည့်ခွင့် ရှိရပါမယ်။ အုပ်/မှူးတစ် ယောက်ဟာ နိုင်ငံတော်ရဲ့လစာကို စားပြီး တာဝန်ကျေ မကျေဆိုတာနဲ့ တခြားဘေးပေါက်တွေ ရှာမရှာဆိုတဲ့ ကိစ္စတွေကို ကျုပ်တို့အလေးအနက်ထားသင့်တယ်။ ကျွန် တော် တောင်ကြီးရပ်ကွက်တွေမှာ လေ့လာမိသမျှက တော့ ချမ်းမြသာစည်ရပ်ကွက်ရုံးအောက်က ဆိုင်ခန်းတွေ နဲ့ ရုံးဘေးနားက ဆိုင်ခန်းတွေဟာ လစာဝင်ငွေတွေ သိန်းကို ဆယ်နဲ့ချီပြီး ရှိနေပါတယ်။ ထားပါတော့ ၁ဝ သိန်းအထက်။ ဒီငွေတွေကို ဥက္ကဋ္ဌဆိုသူက စားသောက် ပစ်နေတာနဲ့ပဲ ပြီးရောလား။ ရပ်ကွက်ကောင်းကျိုးတွေ မလုပ်ပေးတော့ဘူးလား။ ရပ်ကွက်နေပြည်သူတွေကလည်း ဒါကို သိသိလျက်နဲ့ လျစ်လျူရှုထားတာလား။ အမုန်းမခံ ရဲကြတာလား။ အမုန်းခံရင် တစ်ခါပဲအမုန်းခံရပြီး၊ ပျက် စီးရင်တော့ တစ်သက်တာပတ်လုံးပျက်စီးနေမှာပါပဲ။


နောက်ပြီး လမ်းပန်းကိစ္စ။ ရပ်ရွာအေးချမ်းသာ ယာရေး ဆိုသလို ရပ်ရွာတွေမှာရှိတဲ့ လမ်းတွေ ကောင်း မကောင်း အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် တော့အုပ်/မှူးပါပဲ။ ဒီတာဝန်လေးကိုမှ မယူနိုင်ရင် အုပ်/မှူး လုပ်စားမနေပါနဲ့တော့လို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေကောင်းရဲ့လား။ ဘယ်နေရာ လမ်းပျက်နေသလဲဆိုတာ လူကြီးတစ်ယောက်အနေနဲ့ အမြဲတမ်း စစ်ဆေးနေရမှာ သူတို့ တာဝန်ပါပဲ။


နောက်အချက်က မဟောသဓာထုံးကို နှလုံးမူပြီး ''ကြီးသောမှုငယ်စေ၊ ငယ်သောအမှု ပပျောက်စေ'' ဆိုသလို စိတ်ကောင်းစေတနာကောင်းထားပြီး ဆောင် ရွက်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ''ငါနဲ့ မတည့်တိုင်း ထိပ်တုံး'' ဆိုတိုင်း လူမုန်းများပြီး တစ်နေ့ ကျရှုံးခြင်းဆိုတဲ့ ဝဋ်လည်လာမှာ မလွဲမသွေပါ။


ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်း က တောင်ကြီးမြို့ အေးသာယာမှာ ရဲနဲ့အရပ်သားရန်ဖြစ် ပြီး နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ရဲ့ အကျဉ်းကို ဖော်ပြရမယ်ဆိုရင် အုပ်/မှူး လုပ်သူက ရုံးဘေးနားမှဆိုင်ခန်းထဲမှာ အိပ်နေသူ တစ်ယောက်ကို ကန်နှိုးလိုက်ရာက စပြီးတော့ စကားတွေကျွံကုန်ပြီး၊ အုပ်၊ မှူးက ရဲခေါ်ပြီး နှိပ်စက်ခိုင်းတော့၊ ကာယကံရှင်ကလည်း ဘလိုင်းကြီး အတွယ်ခံနေရလို့ ပြန်လုပ်ရာကနေ သုံး လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။


ဒီဖြစ်စဉ်ကို သတ္တုချကြည့်တဲ့အခါ အုပ်/မှူး တစ်ယောက်ရဲ့ လုပ်ပုံ လုပ်နည်းနဲ့မညီ မသမာတဲ့လုပ်ရပ်ကို မြင်နိုင်ပါတယ်။


နောက်ဆုံးပြဿ နာတစ်ခုကတော့ မြေယာကိစ္စ။ အချို့အုပ်/မှူး မြေခိုးဖူးကြပါမယ်။ ဒါပေမဲ့ မြေတွေ ခိုးရောင်းတာ၊ ဇနီးနာမည်(ဒါမှမဟုတ်) အမျိုးတစ် ယောက်ယောက်ရဲ့နာမည်နဲ့ ပိုင်ဆိုင်မှုအသွင်ပြောင်းတာမျိုး၊ သူ့လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့ နှုတ် ပိတ်ခအနေနဲ့ မြေတစ်ကွက်ထိုးကျွေးလိုက်တာမျိုးတွေ၊ ရွာကတက်လာသူတွေကို ဥက္ကဋ္ဌအမိန့်နဲ့ လက်ညှိုးထိုး မြေရောင်းစားတာမျိုးတွေ အများကြီးပေါ့။


မြို့ပေါ်မှာ ကတော့ ဂရန်ပေါက်တဲ့အတွက် ဒီပြဿ နာနည်းနိုင် ပေမယ့် ချောင်ကျတဲ့ရပ်ကွက်တွေ၊ မြို့ပြင်ပိုင်းရပ် ကွက်နဲ့ မြို့သစ်နဲ့ စက်မှုဇုန်တို့လိုမှာဆိုရင် မြေယာ ပြဿ နာအများကြီးကြုံနေရပါတယ်။ ဒါ ဘယ်သူ့ကို သွားတိုင်မလဲ။ အထက်ကိုတက်ပြောလည်း အထက်က ထောင်းတာနဲ့ အောက်အထိ အတွဲလိုက် အကုန်ပါတာ မို့ ဘယ်သူမှလည်း အရေးမယူရဲဘူး။ အရေးယူလည်း အရင်တုန်းက စားထားတာ တွေကော၊ အရင်လူတွေ ကော တစ်ပြုံလုံးပါနေတာမို့ အားလုံးလက်ရှောင်ကြ မှာ မလွဲမသွေပါပဲ။


ပြောသာပြောရတယ်။ ကျွန်တော်သာရပ်ကွက်ဥက္ကဋ္ဌ ဖြစ်ခဲ့ရင်လည်း သူတို့လိုပဲ လုပ်မိဦးမလား မသိ။ ။

မောင်ထီး တောင်ကြီး

#Democracytoday

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ .....



သင်ဒါတွေပိုင်ဆိုင်နိုင်ပါစေ
===================
၁။ မျှော်လင့်ချက်သာရှိပါစေ ဘဝဆိုတာရှင်သန်လို့အကောင်းဆုံးအရာပါပဲ

၂။ သူပြုံးမှကိုယ်ပြုံးမယ့်အစား ကိုယ်ကစပြီးပြုံးပြလိုက်ပါနော်

၃။ လွယ်တယ်ဆိုပြီးမမေ့ပါနဲ့ ဘဝရဲ့သီအိုရီမှာ အသေးအဖွဲ့မရှိ

၎။ ယုံကြည်မှုရှိမှ အရာရာတိုင်းကို ရင်ဆိုင်ရဲတဲ့ စွမ်းအားနဲ့ သတ္တိရှိမှာ

၅။ မစဉ်စားပဲ လုပ်လိုက်တာ မှန်သွားရင်တောင် အကြိမ်တစ်ရာမှာ တစ်ခါလောက်ပဲဖြစ်မှာပါ

၆။ ဖန်ခွက်ထဲမှာရေတစ်စက် ရှိတာဟာ လုံးဝမရတာထက်စာရင် တော်ပါသေးတယ်

၇။ ကံတရားပါ ကွာလို့ ပြောနေသ၍ ဥာဏ်သမားဖြစ်လာမှာမဟုတ်ဘူး

၈။ စေတနာ သည် ကံတရား၏ အရင်းအမြစ်ဖြစ်သည်။

၉။ သံသယ ပျောက်စေဖို့ အကောင်းဆုံးနည်းလမ်းကတော့် လုံးဝ ယုံကြည် နေလိုက်ဖို့ပါပဲ။

၁၀။ ကိုယ်တိုင်ခံစားဖူးမှ ကိုယ်ချင်းစာမယ်ဆိုရင်တော့် မင်းဟာလူမိုက်ပဲ။

၁၁။ ကံကြမ္မာဆိုတာ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကိုတောင်ပြောင်းလဲပြစ်နိုင်ပါတယ်

၁၂။ လိုအပ်တဲ့အခြေအနေတွေ အားလုံးပြည့်စုံမှ အလုပ်လုပ်မယ်ဆိုပြီး ထိုင်စောင့်နေတဲ့သူဟာအလကားအချိန်ဖြုန်းနေတာပါပဲ။

၁၃။ လူတိုင်းအမှားနဲ့ မကင်းပေမယ့် ခဏခဏတော့်မမှားသင့်ဘူးလေ

၁၄။ ဘဝဆိုတာ ပညာရေးဖြစ်ပြီး လူအဖွဲ့အစည်းကတော့်ကျောင်းပါပဲ

၁၅။ ဒုက္ခအနီးတွင် သုခရှိ၏

၁၆။ ဘဝမြင့်သွားပေမယ့် ဘဝင်မမြင့်ပါစေနဲ့

၁၇။ ရိုးသားမှုကိုထိခိုက်လာရင် မာနဆိုတဲ့ လက်နက်ကို ထုတ်သုံးရလိမ့်မယ်သူငယ်ချင်း

၁၈။ ဘဝသည် အစမ်းသဘောနေထိုင်ခွင့်မရှိသော အရာ။

၁၉။ ပျက်စီးခြင်းတွေထဲမှာ ဆုံးရှုံးမှု အများဆုံးကတော့် စိတ်ဓါတ်ပျက်စီးခြင်းပဲ သူငယ်ချင်း

၂၀။ အချစ်အတွက်နဲ့ အသက်ပင်သေသေ ဆိုပြီး ဂုဏ်ယူမနေကြပါနဲ့။ အဲဒါ မိုက်ရူးရဲဆန်တာပဲ။

၂၁။ နားလည်မှုတွေရှိနေသ၍ မေတ္တာ တရားဆိုတာ မွေးဖွားနေဦးမှာ

၂၂။ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အပြုံးဟာ အခြေခံ အကျဆုံးအရာတစ်ခုပါ။

၂၃။ ဒေါသရဲ့နောက်ကွယ်မှာ အမှားဆိုတာ အမြဲဒွန်တွဲနေလျက်ပါ


Credit- Original Writer

အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး



အပါယ်လေးပါးမှလွတ်မြောက်စေနိုင်သော ကုသိုလ်(၇)မျိုး

အပါယ်လေးပါးဆိုတာက ငရဲ၊တိရိစ္ဆာန်၊ပြိတ္တာ၊ အသုရကာယ်တို့ဖြစ်ပါတယ်။ အပါယ်ဆိုတာက(အပါယ) ဆိုတဲ့ပါဠိပုဒ်ကနေ ဆင်းသက်လာတာပါ။ (အပါယ)မှာ (အပ +အယ)ဆိုပြီးနှစ်ပုဒ်ရှိပါတယ်။ အပ=ကင်းခြင်း၊ အယ=ကုသိုလ်တရား၊နှစ်ပုဒ်ပေါင်းလိုက်တော့ ကုသိုလ်တို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ဆိုလိုတာက အပါယ်လေးဘုံးသားတို့မှာ ကုသိုလ်တွေမှကင်းခြင်း၊ ကုသိုလ်တရားတို့ ကိုပြုလုပ်နိုင်စွမ်း မရှိခြင်း ချမ်းသာခြင်းတရားတို့မှကင်းခြင်းလို့အဓိပ္ပါယ်ရပါတယ်။ မှန်ပါတယ်။ အပါယ်လေးဘုံကိုရောက်သွားပြီဆိုရင် ကုသိုလ်တရားတွေကိုပြုလုပ်နိုင်စွမ်း မရှိသည့်အတွက် ကောင်းသောဘုံဌာနကို ပြန်ရောက်ဖို့အင်မတန်မှ ခက်ခဲပါတယ်။ Justify Fullအကုသိုလ်ကံ အဟုန်တွေကုန်ဆုံးမှသာ ကောင်းရာဘုံကိုရောက်စေတာပါ။ ငရဲဘုံဆိုရင်လည်းငရဲသူ၊ ငရဲသားတို့ရဲ့ ဆင်းရဲဒုက္ခအလွန်ကြီးပါတယ်။ 


သံရည်ပူများနှင် လောင်းခံရခြင်း ၊ခွေးနက်ကြီးများရဲ့ ကိုက်ခဲခြင်းကို ခံရခြင်း၊ ဓါး၊ လှံတို့ဖြင့်ထိုးခံရခြင်း စသည်ဖြင့် ဒုက္ခများစွာဖြစ်နေတဲ့နေရာ၊ ချမ်းသာဆိုလို့မြူမှုန်တစ်မှုန်မျှမရှိလို့ ငရဲလို့ခေါ်တာပါ။ဒုက္ခများစွာဖြစ်တည် ခံစားနေရတဲ့နေရာ၊ချမ်းသာကင်းတဲ့နေရာကို ငရဲလို့ခေါ်ပါတယ်။အိပ်ခြင်း၊ စားခြင်း၊ ကာမဂုဏ်မှီဝဲခြင်းမှလွဲပြီး ကုသိုလ်ကံကိုမသိ၊ ကုသိုလ်ကံရဲ့ ကောင်းကျိုးချမ်းသာကိုမသိ၊ အကုသိုလ်ကံကိုမသိ၊အကုသိုလ်ကံရဲ့ဆိုးကျိုးကိုမသိ၊ ဘုရား၊တရားသံဃာ၊မိဘ၊ ဆရာဆိုတာမသိ၊နှမသားချင်းမှန်းမသိပဲ မဂ်တရား ဖိုလ်တရားတို့မှဖီလာကန့်လန့်သွားတတ်ခြင်း ကိုတိရိစ္ဆာန်လို့ခေါ်တာပါ၊ တိရိစ္ဆာန်ဘဝကိုစ ဉ်းစားကြည့်ပါ၊မိဘ နှမသားချင်းကိုတောင် မိဘနှမသားချင်းမှန်း မသိသည့်အတွက် မှားယွင်းစွာဖောက်ပြန်မှုတွေ ရှိပါတယ်။ ကုသိုလ်ကို ကုသိုလ်ပါလို့ နားမလည်ပါဘူး။ 



အကုသိုလ်ဆိုတာကိုလည်းအကုသိုလ်လို့မသိ ရတဲ့ဘဝပါ။ဒါဖြင့် ယခုခေတ်အနေထားနဲ အကုသိုလ်အလုပ်ကို အကုသိုလ်အလုပ်လု မသိတဲ့သူများအထူးသတိထားသင့်ပါတယ်။ သတ္တဝါတစ်ကောင်ကို လည်ပင်းဖြတ်လို့ အကုသိုလ်မဖြစ်ဘူးကုသိုလ်ဖြစ်တယ်။ သတ်တဲ့သူမခံရဘူး၊ဖြတ်တဲ့ဓါးပဲခံရတယ်ဆိုရင် အဲလိုပုဂ္ဂိုလ်ဟာ ဘယ်လိုအနေထားကို ရောက်သွားပြီဆိုတာသိသာပါတယ်။ ဒါကတိရိစ္ဆာန်ပါ။ ပြိတ္တာဆိုတာကပေတဆိုတဲ့ပါဠိကနေ ဆင်းသက်လာတာပါ။ ချမ်းသာခြင်းတရားအပေါင်းတို့မှ ဝေးကွာသောသတ္တဝါ၊လူ့ခန္ဓာကိုယ် အတ္တဘောမှ ကင်းကွာသွားတဲ့အတွက်ကြောင့် ပေတ(ပြိတ္တာ)လို့ခေါ်ကာ ဒီပေတအရ ပြိတ္တာဘုံကို ရောက်သွားသူတို့ကို ဆိုကြောင်း စာပေများက ဖွင့်ဆိုပြပါတယ်။


စာပေအဖွင့်တွေအရ ပြိတ္တာဆိုတာ တောခြုံပိပ္ပေါင်း တောင်စောင်းဂူလှိုဏ် စတဲ့အရပ်တွေမှာ မှီခိုပြီး ဆင်းရဲထူပြောစွာ ခံစားနေရတဲ့ သတ္တဝါတစ်မျိုးကိုဆိုကြောင်း မှတ်သားနိုင်ပါတယ်။ လူ့ပြည်လောကမှာ လူဖြစ်စဉ်က ငြူစူဝန်တိုခြင်း များပြားပြီး ကိုယ်ကိုယ်တိုင်လည်းပေးကမ်းလှူဒါန်း ခြင်းမရှိ၊ သူတပါး ပေးကမ်းလှူဒါန်းတာကိုလည်း တားမြစ်ကာ ကုသိုလ် မလုပ်ဖြစ်အောင် အန္တရာယ်ပြုခဲ့ကြတဲ့ သူတွေဟာ များသောအားဖြင့် ပြိတ္တာဘဝမှာ အဖြစ်များကြတယ်လို့ဆိုပါတယ်။ ပြိတ္တာဘဝကို ရောက်ရှိသွားကြတဲ့သတ္တဝါတွေဟာ မိမိတို့လုပ်ခဲ့တဲ့ မကောင်းမှုကံကြောင့် အစာရေစာ ငတ်မွတ်ခြင်း ဒုက္ခကို ခံစားကာ နှစ်ပေါင်းရာထော င်း သိန်းသန်းမက ခံစားကြရသလို ဘုရားတစ်ဆူနဲ့ တစ်ဆူကြားကာလအထိမကျွတ်မလွတ်နိုင်ဘဲ ရှိနေတတ်ကြတဲ့ ပြိတ္တာများလည်းအများအပြား ရှိကြောင်းဆိုပါတယ်။ အဲဒီလို အချိန်ကာလ ကြာမြင့်စွာ အစာရေစာ မစားမသောက်ရဘဲ ဆင်းရဲဒုက္ခကို ခံစားကြရပေမယ့် အကုသိုလ်ကံ အရှိန်မကုန်သေးတဲ့အတွက် ကွယ်လွန်သေဆုံး၊ ဘဝတုံးခြင်း မရှိသေးဘဲ အသားအသွေးမရှိ အရေအကြော အရိုးမျှသာရှိကာ အလွန်ဆိုးဝါးတဲ့ အဆင်းနဲ့ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာ တည်ရှိနေရတယ်လို့ဆိုပါတယ်။


ပြိတ္တာတစ်ဦးရဲ့ အဆင်းဆိုးဝါးပုံကို ပေတဝတ္ထုမှာ ဖွင့်ပြထားတာကို တွေ့ရပါတယ်။ အဲဒီအဖွင့်အရ “ပြိတ္တာတစ်ဦးရဲ့ ကိုယ်ပမာဏဟာ ထန်းပင်လုံးပမာဏရှိပြီး ကိုယ်အရေဟာလည်း အလွန်ကြမ်းတမ်းကြောင်း၊ဖောက်ပြန်တဲ့ဆံအ မွေးရှိပြီး ကြောက်မက်ဖွယ်အဆင်းရှိကာ အလွန်ဖောက်ပြန် ဆိုးဝါးလျက် စက်ဆုတ်ရွံရှာဖွယ် အမြင်ရှိကြောင်း၊ထိုပြိတ္တာသည် ငါးဆယ့်ငါးနှစ်လုးလုံး ထမင်းတစ်လုံး ရေတစ်ပေါက်ကိုမျှမရရှိဘဲ ခြောက်ကပ်သော လည်ချောင်းနှုတ်ခမ်းရှိလျက် ဆာလောင်မွတ်သိပ်ခြင်း နှိပ်စက်ကာ ဟိုဟိုဒီဒီ ပြေးလွှားနေရတတ်ကြောင်း”စသဖြင့် သိရပါတယ်။ ဒါက ဒီဝတ္ထုမှာပါတဲ့ ပြိတ္တာအကြောင်း ဖွင့်ဆိုချက်ပဲ ဖြစ်ပါတယ်။ ပြိတ္တာအမျိုးအစားများသလောက် ခံစားရပုံချင်းလည်းမတူညီလှပါဘူး။


သင်္ဂါယနာတင် အဋ္ဌကထာ ဋီကာကျမ်းအဖွင့် များအရ ယေဘုယျအားဖြင့် ပြိတ္တာအမျိုးအစား လေးမျိုးရှိကြောင်းလည်းမှတ်သားရပါတယ်။ အဲဒီလေးမျိုးက.........

၁။ သူတပါးတို့ပေးအပ်တဲ့ အစားအစာကို အမှီပြုပြီး အသက်ရှင်ရသော ပရဒတ္တူပဇီဝိကပြိတ္တာ

၂။ ထမင်းငတ်ခြင်း၊ ရေမွတ်သိပ်ခြင်းတို့ မပြတ်နှိပ်စက်ခံနေရတဲ့ ခုပ္ပိပါသိကပြိတ္တာ

၃။ အမြဲအကြွင်းမဲ့ လောင်ကျွမ်းခံနေရတဲ့အတွက် ပူပန်ခြင်းရှိနေရသော နိဇ္ဈာမတဏှိကပြိတ္တာ

၎။ အသုရကာယ်လို့သီးသန့်ခေါ်ဆိုအပ်တဲ့ အသုရာကာယခေါ် ကာလကဉ္စိကပြိတ္တာ တို့ပဲ ဖြစ်ပါတယ်။


ဒီပြိတ္တာလေးမျိုးမှာ နံပါတ်တစ်အမျိုးအစား ပြိတ္တာကတော့ လူ့ဘဝက ဆွေမျိုးဉာတကာ စသူတွေရဲ့ ရည်စူးပြီး လှူဒါန်းပေးတဲ့ အလှူကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ဆိုနိုင်ပါက စားဖွယ်သောက်ဖွယ်များကို ရရှိခံစားနိုင်ကြောင်း ဆိုပါတယ်။ဒါကပြတ္တာပါ။


အသုရကာယ်ဆိုတာကတော့ နတ်တွေလို ရဲရင့်ခြင်း၊တောက်ပခြင်း၊တင့်တယ်ခြင်းကင်းနေတဲ့ သတ္တဝါ၊မှင်စာ နတ်သေးနတ်ငယ်၊ နတ်စုတ်၊ နတ်ပြတ် နတ်မွှားလေးတွေကိုခေါ်တာပါ။(မရယ်လိုက်နဲ့နော်)။ ဒါကအပါယ်လေးဘုံပါ။ အဲဒီအပါယ်လေးဘုံကို ရောက်သွားမယ်ဆိုရင် အတော်ကြောက်စရာ ကောင်းပါတယ်။ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ခွင့်မရသလို ချမ်းသာခြင်းလည်းကင်းပါတယ်။လူဘု လူလောကမှာကြုံဆုံနေရတဲ့ ဒုက္ခများပင် အင်မတန်မှကြောက်စရာ ကောင်းတယ်ဆိုရင် အပါယ်လေးဘုံသားများ ကြုံဆုံနေရတဲ့ ဘေးဒုက္ခများဟာ လူ့လောက…က ဒုက္ခများထက် အဆပေါင်းမြောက်များစွာ သာလွန်နေပါတယ်။


 ပြီးတော့ အပါယ်လေးဘုံရောက်သွားရင်လည်း ကောင်းသောဘုံဌာနသို့ပြန်ရောက်ဖို့သာ မလွယ်သောကြောင့် ထိုအပါယ်လေးဘုံမ အပြီးပိုင်ကင်းလွတ်အောင် ဒါန သီလ အစထားပြီး ဝိပဿနာတရားများကို ကြိုးစားအားထုတ် သင့်တယ်ဆိုတာ ပြောပြချင်တာပါ။ ဝိပဿနာအားထုတ်လို့သောတာပန်ပုဂ္ဂိုလ အဆင့်ရောက်သွားမယ်ဆိုရင် အပြီးပိုင် အပါယ်လေးပါးက ကင်းလွတ်ပါတယ်။ ဒီဘဝမှာ တပည့်တော်တို့ ဝိပဿနာတော့ကြိုးစား အားထုတ်ပါမယ်။ ဒါပေမယ့် သောတာပန်တည်၊ မတည်ဆိုတာတော့အာမခံလို့မရပါ။ သောတာပန်မတည်ရင်ရော အပါယ်လေးပါးက မလွတ်တော့ဘူးလား။ဒီဘဝကနေပြီးတော့ အပါယ်လေးပါးလွတ်မြောက်ချင်ရင် ဘယ်လိုကောင်းမှုတွေပြုလုပ်ရမလဲ။ ဘယ်လိုကောင်းမှုတွေပြုလုပ်ရင် အပါယ်လေးပါးလွတ်ကင်းမလဲ။ စသည်ဖြင့်ပေါ့လေ မေးဖွယ်ရာရှိပါတယ်။အဲဒီတော့ နောက်ဘဝ အပါယ်လေးပါးက လွတ်မြောက်ချင်ရင် အပါယ်လေးပါးရောက်ကြောင်း(တနည်း) အပါယ်လေးပါးက လွတ်မြောက်စေနို င်တဲ့ကုသိုလ်တွေရှိနေပါတယ်။


အဲဒီကုသိုလ်တွေကခုနစ်မျိုးရှိပါတယ်။ အဲဒါတွေကဘာတွေလဲလို့ဆိုတော့ (၁)။ဘုရား၊တရား၊သံဃာတော်များရဲ့ ဂုဏ်များကို မိရိုးဖလာဗုဒ္ဓဘာသာ လိုမကိုးကွယ် မဆည်းကပ်ပဲ တကယ့်စစ်မှန်သော ခိုင်မြဲသော သဒ္ဓါ၊ ပညာဦးစီးတဲ့စိတ်ထားနဲ့ ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)။အဲဒီကုသိုလ်မျိုးရှိထားရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၂)။ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်)။ ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးကလွတ် မြောက်ပါတယ်။(သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၃)။စာရေးတံ မဲချခြင်းကုသိုလ်၊ဆိုလိုတာက ဦးဇင်းတို့ဗုဒ္ဓဘာသာများသီတင်းကျွတ်ကာလမှာ ဆိုရင် ကျောင်းတိုက်များမှ သံဃာများကို မဲချပြီး ကျတဲ့ သံဃာတော်ကို ဆွမ်းစတဲ့လှူဘွယ်ပစ္စည်းများကို ပေးလှူတဲ့ကုသိုလ်မျိုးပါ။ကထိန်ရာသီမှာဆိုရင် ပဒေသာပင်များ လှူဒါန်းတဲ့ကုသိုလ်ပါ။မိမိလှူလိုက်တဲ့ပစ္စည်းဝတ္ထုများက မဲပေါက်တဲ့ ကျောင်းတိုက်က သံဃာတော်များကို ကပ်လှူခြင်းဖြစ်ပါတယ်။ မိမိလှူလိုက်ပြီဆိုတည်းက ပုဂ္ဂိုလ်ကိုမငဲ့ကွက်ပဲ(ဆိုလိုတာက ငါနဲ့သိတဲ့ဦးဇင်းအတွက် ငါတို့ကိုးကွယ်နေတဲ့ ကျောင်းအတွက်) ဆိုပြီး ပုဂ္ဂိုလ်ကိုမငဲ့ပဲ ကျရာသံဃာတော်တွေ ချမ်းချမ်းသာသာသုံးဆောင်မှီဝဲစေလို့တဲ့အတွက် သံဃာဂုဏ်ကိုရည်မှန်းပြီးလှူဒါန်းတဲ့အလှူ မျိုးကိုခေါ်မယ်ဆိုရင်ခေါ်လို့ရပါတယ်။ ဒါကို စာရေးတံဆွမ်း ဝတ်လို့ခေါ်တာပါ။အလွယ်မှတ်ချင်ရင စာရေးတံမဲချတဲ့ကုသိုလ်လို့မှတ်လိုက်ပါ။ အဲဒီကုသိုလ်ဟာ အင်မတန်မှပြုရလွယ်ပြီး အကုန်ကျနည်းပေမယ့် ရလိုက်တဲ့ အကျိုးတရားကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်တယ်ဆိုတော့ အင်မတန်ကိုမှ အကျိုးကျေးဇူးများပါတယ်။ ဒီကုသိုလ်များဟာ တကယ်ဘုန်းရှင်ကံရှင်များဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များသာ ပြုလုပ်ခွင့်ရတဲ့ ဒါနမျိုးပါ။ ဗုဒ္ဓဘာသာဖြစ်ရတာ အင်မတန်ကျေနပ်စရာကောင်းပါတယ်။ (သောတာပန်ပုဂ္ဂိုလ်တွေ အပါယ်လေးပါးကလွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၄)ပက္ခိယဘတ်လို့ခေါ်တဲ့ ကုသိုလ်ပါ။ ရှင်းအောင်ပြောမယ်ဆိုရင် မိမိတို့ကိုးကွယ်နေတဲ့ ကျောင်းတိုက်များကို တစ်လ ဆွမ်းတစ်ချိုင့် သော်လည်း၊တစ်လဆွမ်းနှစ်ချိုင့်သော်လည်းကောင်း လှူတဲ့အလှူကို ခေါ်တာပါ။လဆန်းပက္ခမှာလှူရ င် လဆန်းပက္ခဆွမ်းပေါ့၊လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တာပါ။ အဲဒီလို တစ်လကိုနှစ်ကြိမ်သော်လည်းကောင်း၊ တစ်ကြိမ်သော်လည်းကောင်းလှူတဲ့အလှူဒါနမျိုးကို (ပက္ခိယဘတ္တ)ကုသိုလ်လို့ခေါ်ပါတယ်။ ဒီကုသိုလ်လေးကငွေကုန်ကျေးကျလည်းနည်းပါတယ်။ ပင်ပန်းမှုလည်းမကြီးလေးပဲ ရလိုက်တဲ့ကုသိုလ်ကအပါယ်လေးပါး လွတ်မြောက်တဲ့အထိအကျိုးကျေးဇူး များပါတယ်။ ဒီကုသိုလ်ကိုလည်း အသက်ထက်ဆုံး ပြုလုပ်ပါလို့တိုက်တွန်းလိုတာပါ။(သောတာပန်ပုဂ္ဂို လ်တွေ အပါယ်လေးပါးက လွန်မြောက်သလို ဒီကုသိုလ်လေးရှိထားရင် သောတာပန်ပုဂ္ဂိုလ်နဲ့အဆင့်ချင်းတူပါတယ်။)


(၅)။ဝေဿဝါသိကကုသိုလ်ပါ။ ဗမာလိုရှင်းရှင်းပြောရင် ဝါဆိုသင်္ကန်းကပ်လှူတဲ့ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်းဝါဆို ဝါကပ်တော်မူကြတဲ သံဃာတော်အရှင်မြတ်များကို နှစ်စဉ်နှစ်တိုင်းဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင်(မှတ်ချက် မိမိတတ်နိုင်သလောက်ပေါ့နော် တစ်စုံတတ်နိုင်ရ င်တစ်စုံ။ နှစ်စုံတတ်နိုင်ရင်နှစ်စုံပေါ့) အဲဒီကုသိုလ်ဟာလည်းပြုလုပ်လိုက်တဲ့ ကုသိုလ်လေးပါး သေးပေမယ့်ရလိုက်တဲ့အကျိုးက အပါယ်လေးပါးကတောင် လွတ်မြောက်ချင်းဆိုတဲ့ အကျိုးမျိုးကိုခံစားရတာပါ။သောတာပန်ပုဂ္ဂိုလ်နဲ့အလားသဏ္ဍန် တူတယ်လို့ဆိုပါတယ်။ သောတာပန် ပုဂ္ဂိုလ်ကအပါယ်လေးပါးက လွတ်မြောက်သလို ဒီကုသိုလ်ကိုနှစ်စဉ်နှစ်တိုင်းလုပ်သွားမယ်ဆိုရင် စိတ်သာချပါ။အပါယ်လေးပါးကလွတ်မြောက်ပါတယ်။

(၆)။ဧကောအာဝါသော ဆိုတဲ့ကုသိုလ်ပါ။ ဆိုလိုတာက ကျောင်းတစ်ဆောင် သော်လည်းကောင်း၊ ဇရပ်တစ်စောင် သော်လည်းကောင်း လှူဒါန်းတဲ့အလှူဒါနကို ဆိုလိုခြင်းဖြစ်ပါတယ်။ ကျောင်းတစ်ဆောင်လုံး တပည့်တော်တို့မတတ်နိုင်ပါဘူးဘုရား။ ဆိုရင်တော့ တစ်ဆောင်လုံးမတတ်နိုင်ရင် တတ်နိုင်သလောက် လှူပါလို့ပြောချင်ပါတယ်။အဓိက ကျောင်းဆောက်တဲ့ကုသိုလ်ထဲမှာ မိမိရဲ့ဒါနပါဖို့သာ အရေးကြီးပါတယ်။ အဲဒီကုသိုလ်ဟာလည်း ကျန်တဲ့ကောင်းကျိုးချမ်းသာကို မပြောလိုတော့ပါဘူးအပါယ်လေးပါးက လွတ်မြောက်ခြင်းဆိုတဲ့ အဆင့်မြင့်တဲ့ အကျိုးကိုပဲပြောချင်ပါတယ်။အဲလို ကျောင်းတစ်ဆောင်။ဒါမှမဟုတ်တတ်နို င်သလောက် လှူဒါန်းလိုက်မယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်။ သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူဖြစ်ပါတယ်။ ဒီကုသိုလ်ကိုလည်းတတ်နိုင်သလောက် လှူဒါန်းပါလို့ပြောပြ အသိပေးပါတယ်။

နောက်ဆုံး(၇)။ဧကာပေါက္ခရဏီတဲ့ ဆိုလိုတာက ရေတွင်းရေကန်များကို တူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန် အဟောင်းများကိုပြုပြင် လှူဒါန်းခြင်းဆိုတဲ့ကုသိုလ်မျိုးပါ။အဲလောက်ထိ မလုပ်နိုင်သေးဘူးဘုရား ဆိုရင် မိမိအိမ်ရှေ့မှာ သော်လည်းကောင်း လမ်းထောင့်တစ်နေရာရာမှာ သော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင်လည်း ရပါတယ်။အဲလောက်ထိမလုပ်နိုင်ဘူးဆိုရင် အောက်ထစ်ဆုံး ရေသန့်ဗူးလေးကိုတည်ထားပြီး ခရီးသွား ရဟန်း၊ရှင်၊လူများသောက်သုံးဖို့ တည်ထားမယ်ဆိုရင်လည်းအဲဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာမယ်ဆိုရင် သေးပေမယ့် ရလိုက်တဲ့ အကျိုးကအပါယ်လေးပါးလွတ် မြောက်တဲ့အထိ တန်ဘိုးကြီး၊အကျိုးများပါတယ်။ သောတာပန်ပုဂ္ဂိုလ်များနဲ့အလားတူဖြစ်တာပါ။


ဒါဖြင့်ရင် အားလုံးသော ဒကာ ဒကာမများ ဆိုခဲ့ ပြီးတဲ့ ကုသိုလ်(၇)မျိုးထဲကတစ်မျိုးကိုသော်လည်း၊ နှစ်မျိုးကိုသော်လည်းကောင်း၊(၇)မျိုးလုံးကို သော်လည်း အမြဲတန်းဝတ်ထားပြီးပြုလုပ်မယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နှင့်အလားတူပါတယ်
၊သောတာပန်ပုဂ္ဂိုလ်များ အပါယ်လေးပါးက လွတ်မြောက်သလို အဲဒီကုသိုလ်များကို အမြဲတန်းပြုလုပ်တဲ့ ပုဂ္ဂိုလ်များလည်းအပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့သေသေချာချာဟောထားခဲ့တာပါ။ တစ်ကြိမ်လောက်လုပ်ပြီး အပါယ်လေးပါးက လွတ်မြောက်ချင်လို့တော့မရဘူးနော်၊(နိဗဒ္ဓ)ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတန်းဝတ်ထားပြီး ပြုလုပ်ရမယ်လို့ပြောတာပါ။ 


ဝါဆိုသင်္ကန်းဆိုလည်းနှစ်စဉ်၊စာရေးတံမဲဆိုရင် လည်းနှစ်စဉ်၊ ဆွမ်းချိုင့်ဆိုရင်လည်း လစဉ်၊ ရေအိုးစင်ဆိုရင်လည်းနေ့စဉ်နေ့တိုင်းပေါ့။ ရတနာသုံးပါးကိုလည်းအသက်ထက်ဆုံး ကိုးကွယ်ဆည်းကပ်ရမယ်။ ငါးပါးသီလကိုလည်း အတတ်နိုင်ဆုံး စောင့်ထိန်းမယ်ဆိုရင် အပါယ်လေးပါးက လွတ်မြောက်ပါတယ်လို့ တိုက်တွန်း အသိပေးချင်တာပါ။အားလုံးသော ဒကာ၊ဒကာမ များ မိမိနှင့်ပတ်သတ်တဲ့ဆွေမျိုး မိတ်ဆွေ အပေါင်းသင်းများကိုလည်း ဒီကုသိုလ်(၇)ချက်ကိုတစ်ဆင့်ပြောပြ ပေးပါလို့တိုက်တွန်းချင်ပါတယ်။ပြီးတော့ မိမိကိုယ်တိုင်လည်းတတ်နိုင်သလောက် တစ်မျိုးကိုဖြစ်စေ၊ နှစ်မျိုးကိုဖြစ်စေ၊ (၇)မျိုးလုံးကို ဖြစ်စေဝတ်ထားပြီးအားထုတ်ပါလို့တိုက်တွန်းလိုက်ရပါတယ်။


အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ၊ သာသနာတော်အကျိုးကိုလည်း ဆောင်ရွတ်နိုင်တ သာသနာပြု အမျိုးကောင်းသား၊အမျိုးကောင်းသမီးများဖြစ်ကြပါစေ။






1 Oct 2014

ဘွဲ့ဆိုတာ နိဂုံးလား၊ အဆုံးအဖြတ်လား


 
“ဘွဲ့ရလို့ အလုပ်ရရင် ကံကောင်းတယ်လို့ ပြောကြပါ တယ်။ အဲဒီ အလုပ်ရရင် ကံကောင်း လိုက်တာလို့ ပြောတဲ့ သီအိုရီက မှားနေတယ်။ တကယ်ဆိုရင် ကံတရားဆိုတာ ကိုယ်တိုင်စီမံမှ ရတာ။ လောကမှာ ကံတရားကို တောင်းဆိုနေတဲ့ သူတွေအတွက် နေရာမရှိဘူး။ ကံတရားကို ဖော်ထုတ်ပြနေသူတွေ အတွက်ပဲ နေရာရှိတယ်”


အဲဒီ အထက်က စကားကို ပြောသွားတဲ့သူဟာ Steve Blank ဆိုသူဖြစ်ပါတယ်။ ကံတရားကို စောင့်ပြီး ဗေဒင် တွေတွက်၊ ယတြာတွေချေပြီး အလုပ်ကို ထိုင်စောင့်နေသူတွေအတွက် မှတ်သားသင့်တဲ့ စကားဖြစ်ပါတယ်။


ဆယ်တန်းအောင်ပြီးသူတွေ ကျောင်းဆက်တက်ဖို့ စောင့်စားနေတဲ့ အချိန်မှာ ဆိုကြမယ် ပျော်ကြမယ် အစီအစဉ်က ကိုမေတ္တာ ထင်ပါတယ် သီချင်းလာဆိုတဲ့သူကို ပညာအရည်အချင်း မေးလိုက်တော့ အဲဒီကလေးက ဆယ်တန်း အောင်ထားပါတယ်လို့ ပြောလိုက်တယ်။ အမှတ်မထင် “သြော် ကျောင်းပြီးသွားပြီပေါ့နော်” လို့ နောက်လိုက်လို့ ဒုက္ခ ရောက်သွားခဲ့ရဖူးတယ်။ စစ်အစိုးရ လက်ထက် တက္ကသိုလ် ခဏခဏပိတ်တော့ ကျောင်းဆက်တက်ခွင့် မရကြတာကို ထိမိတဲ့ သရော်ချက် ဖြစ်ပေမယ့် အာဏာရှင်တွေက သူတို့ကို လှောင်တာ မကြိုက်တော့ သူ့ကို အနုပညာ လုပ်ခွင့်တွေတောင် ရပ်ဆိုင်းခံရတဲ့အထိ ဖြစ်သွားခဲ့တယ်။


အဲဒီသဘောတရားကို Catherine Pulsifer ဆိုသူကလည်း ပြောသွားဖူးပါတယ်။ “ဘွဲ့ရတယ်ဆိုတာ ကျောင်းပြီး သွားတာ မဟုတ်ဘူး။ နောက်ထပ် ပညာရှာဖို့ ခုမှစတင်တာ” ဆိုတဲ့ စကားလေးကို သဘောကျမိတယ်။ ဘွဲ့ရရင် ပညာတတ် ဖြစ်မသွားဘူး။ ဘွဲ့ရလိုက်တာဟာ နယ်ပယ်တစ်ခုထဲကို ဝင်ဖို့ အသိတရားတစ်ခု ရလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီအသိတရားကို ကိုင်စွဲပြီးတော့ တိုက်ပွဲဝင်ရတော့မှာ ပါလားလို့ စဉ်းစားထားသင့်တယ်။


Tom Brokaw ဆိုသူကလည်း “မင်းတို့ ပညာတတ် တစ်ယောက် ဖြစ်သွားပြီ။ မင်းတို့ ခုရထားတဲ့ လက်မှတ်ဟာ မင်းတို့ရဲ့ အဆင့်အတန်းကို ပြဆိုတဲ့ အဆောင်အယောင်တစ်ခု ဖြစ်တယ်။ အဲဒီလက်မှတ်ဟာ ကောင်းမွန်တဲ့ဘဝ တစ်ခုထဲကို ဝင်သွားဖို့ ခရီးသွားလက်မှတ် လို့လည်း ဆိုနိုင်တယ်။ အဲဒီလက်မှတ်နဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်ရ မယ်လို့ ခံယူထားနိုင်ရမယ်” တဲ့။


ဘွဲ့ရပြီးတော့ ဘွဲ့လက်မှတ်တန်ဖိုး ရှိတယ်၊ မရှိဘူးဆိုတာ ကိုယ်ပိုင်သတ်မှတ်ချက် တစ်ခု ဖြစ်ပါတယ်။ ဘွဲ့ရပြီး အလုပ်မရလို့ ဘွဲ့လက်မှတ် တန်ဖိုးမရှိဘူး ဆိုတာလည်း ကိုယ်ပိုင်သတ်မှတ်ချက်၊ ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ ဒါကလည်း ဘွဲ့ရလိုက်တာကို လမ်းဆုံးပြီလို့ သဘောထားလိုက်တဲ့ သူတွေအတွက် ဖြစ်နိုင်ပါတယ်။ ဘွဲ့ရတာဟာ ခုမှခြေလှမ်းအစလို့ ယူဆထားသူတွေ အတွက်ကတော့ Brokaw ပြောသလို လက်မှတ်တစ်ခုတော့ လက်ထဲ ကိုင်ထားပြီးပြီ၊ ဘာဆက်လုပ်မလဲလို့ ဆုံးဖြတ်ရမယ့် အချိန်ရောက်ပါပြီ။ ရှေ့တိုးမလား၊ နောက်ဆုတ်မလားပေါ့။


“ဘွဲ့ယူတယ်ဆိုတာ အခမ်းအနား၊ အဆောင်အယောင်၊ အလကား အလုပ်လို့ ယူဆချင်လည်း ရပါတယ်။ ဒါပေမဲ့ ဘွဲ့ယူတယ်ဆိုတာ သတ်မှတ်ချက်၊ အတိုင်းအတာတစ်ခု ပြီးမြောက်ခြင်းလို့ ယူဆနိုင်ပါတယ်။ လူတိုင်းဟာ နေ့စဉ် ကိုယ့်သတ်မှတ်ချက် အတိုင်းအတာတွေကို ကျော်လွှားဖြတ်သန်း နေရတာဆိုတော့ နေ့တိုင်းမလုပ်ချင်တဲ့ အရာတွေကို လုပ်နေရတာပဲလို့ သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ပြီးမြောက်ရင် ဘွဲ့ရတယ်။ မပြီးမြောက်သေးရင် ဘွဲ့မရသေးဘူးပေါ့။ လူတိုင်းမရနိုင်တဲ့ အရာတစ်ခုကို ရအောင် လုပ်နိုင်တာလို့ တန်ဖိုးထားနိုင်ရင်တော့ ဘွဲ့ရတာ တန်ဖိုးရှိတာပေါ့။ ဘာမှလည်း သုံးစားမရဘူး။ ငါလည်း ဘာမှ လုပ်စားမှာ မဟုတ်ဘူး။ အလကားဘွဲ့လို့ တန်ဖိုး သတ်မှတ်သူတွေ အတွက်ကတော့ ဘွဲ့ဆိုတာ အလကား အလုပ်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်” ဆိုတဲ့ စကားကို ပြောသွားသူကတော့ Arie Pencovici ဖြစ်ပါတယ်။ သူက တန်ဖိုးဆိုတာ ထားသူအတွက် ရှိတယ်၊ မထားသူအတွက် မရှိဘူးလို့ ရှင်းရှင်းပဲ ဖွင့်ဆိုသွားတာ ဖြစ်ပါတယ်။


“လူငယ်တွေဟာ ငယ်ရွယ်သေးချိန် ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ကျည်ဒဏ်ပြီးတဲ့သူတွေ၊ အနိုင်မခံ အရှုံးမပေး ရဲရဲတောက်တွေလို့ ထင်တတ်ကြတာ မဆန်းပါဘူး။ ဒါကြောင့် သူတစ်ပါးရဲ့ ချစ်ခင်မြတ်နိုး တန်ဖိုးထားမှုတွေ၊ သူတစ်ပါးရဲ့ ဆုတောင်းတွေကို ဘယ်တော့မှ အထင်ကြီး လေးစားရကောင်းမှန်း မသိကြဘူး” ဆိုတာကိုတော့ Tony Show ဆိုသူက ပြောသွားတာပါ။ ဘာကိုမဆို မျှတတဲ့ အတွေးတွေနဲ့ အဘက်ဘက်က စဉ်းစားတွေးခေါ် ဆုံးဖြတ်နိုင်မှ လူတော်လို့ဆို လိုက်တာပါ။ ယနေ့လူငယ်၊ နောင်ဝယ်လူကြီး ဆိုတဲ့ စကားတစ်ခု ရှိပါတယ်။ လူငယ်တွေး၊ တွေးနိုင်ခွင့် ရှိသလို၊ လူကြီးတွေးလည်း တွေးနိုင်စွမ်း ရှိရမယ်။ လူကြီးတွေကလည်း ငါလူကြီးပဲဆိုပြီး တစ်ဖက်သတ် အတွေးကို စွဲကိုင်ထားရင်လည်း လူငယ်တွေနဲ့ ဝေးသွားတတ်ပါတယ်။ ဒါကြောင့် အတွေးမှန်ဖို့ ဆိုတာ အမှန်တွေးတတ်ဖို့ လိုပါလိမ့်မယ်။


ကမ္ဘာကျော် မိုက်ခရိုဆော့ဖ် ကုမ္ပဏီရဲ့ သူဌေးကြီး တီထွင်သူ၊ ကမ္ဘာ့အချမ်းသာဆုံး လူသား ဘီလ်ဂိတ်စ်ဟာ ဘွဲ့မရမီ ကျောင်းထွက်သွားပြီးတော့ ကွန်ပျူတာမှာသုံးတဲ့ စက်လည်ပတ်ရေး စနစ်ကို တီထွင်ပြီး သူဌေးဖြစ်သွား ပါတယ်။ သူဟာ ဘွဲ့ရခဲ့တာ မဟုတ်ပေမယ့် တက္ကသိုလ်ဆိုတဲ့ နေရာကို ရောက်ခဲ့တယ်။ အပေါင်းအသင်း ကောင်းတွေနဲ့ ဆုံတွေ့ခဲ့ရတယ်။ ပူးပေါင်းလုပ်ဆောင်မှုတွေ၊ တွေးခေါ်ကြံစည် အားထုတ်မှုတွေ၊ တီထွင်ဖော်ထုတ် မှုတွေကို အဲဒီ မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်းတွေနဲ့ အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့လို့ ကျောင်းထွက်ပြီး လုပ်ငန်းထူထောင်၊ စွန့်ဦးတီထွင် ပညာရှင်တစ်ယောက် ဖြစ်အောင် ကြိုးစားရင်းက ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် သူဌေးကြီးဖြစ်ခဲ့တယ်။ သူနဲ့ ဘွဲ့ဟာ ဘာမှမဆိုင်ဘူးလို့ ပြောနိုင်ပေမယ့် တစ်နေ့မှာ သူတက်ခဲ့တဲ့ တက္ကသိုလ်က သူ့ကို ဘွဲ့ပြန်ပြီး ခေါ်ပေးတော့ သူက “ကျွန်တော် ဒီစကားပြောခွင့်ရဖို့ နှစ်သုံးဆယ်လောက် စောင့်ခဲ့ရတယ်။ အဖေ … ကျွန်တော် ခုတော့ ကျောင်းကို ပြန်လာပြီး ဘွဲ့ယူခဲ့ပါပြီ။ ဒီလို ကျွန်တော့်ကို ဂုဏ်ပြုချီးမြှင့် ဘွဲ့ပေးခဲ့တဲ့ ဟားဗတ် ကို ကျေးဇူးတင်ပါတယ်။ နောက်နှစ်မှာ ကျွန်တော့် အလုပ်တွေကို ပြောင်းပါတော့မယ်။ ကျွန်တော့် အစွမ်းအစနဲ့ ကောလိပ်က ပေးတဲ့ဘွဲ့ကိုရအောင် ကျောင်းပြန်တက်ပြီး ကြိုးစားပါ့မယ်” လို့ ပြောသွားပါတယ်။


ဘီလ်ဂိတ်စ်လို လူတစ်ယောက်ဟာ ဘွဲ့ကို အထင်မကြီးဘူးဆိုရင် ဒီလို စကားပြောမယ် မထင်ပါဘူး။ သူဟာ ဘွဲ့မရဘဲ ကျောင်းကထွက်ပြီး အချမ်းသာဆုံး သူဌေးကြီးဘွဲ့ကို ရခဲ့တာတောင် ဂုဏ်ထူးဆောင်ဘွဲ့ ဆိုတာထက်၊ ကိုယ်တိုင် ကျောင်းတက်ပြီး ဘွဲ့ယူမယ်လို့ ပြောသွားတာပါ။ ပညာနဲ့ဘွဲ့ကို တန်ဖိုးမထားရင် သူ့လို လူတစ်ယောက် ပါးစပ်က ဒီစကားမျိုး ထွက်လာမယ် မထင်ပါဘူး။ ပြီးတော့ သူကျောင်းပြီးအောင် ဆက်တက်နေရင် ခုလို သူဌေးကြီး လည်း ဖြစ်ချင်မှ ဖြစ်လာလိမ့်မယ်။ အခွင့်အရေးဆိုတာ နှစ်ခါမရတတ်မှန်း သိသူတွေဟာ ကိုယ်ပိုင်အတွေးနဲ့ ကိုယ့်ဘဝကိုကိုယ် အကောင်းဆုံး ရွေးချယ်တတ်ပါတယ်။


၂၉.၉.၂၀၁၄
မောက္ခပညာရေးမဂ္ဂဇင်း

ယောက်ျား ပီသချင်သူတို့ စိတ်ဓါတ် ကျသောအခါ…


အမျိုးသားမှန်ရင် ယောက်ျား ပီသချင် ကြပါတယ်။ အမျိုးသားလည်း လူပဲမို့  ရံဖန်ရံခါမှာ စိတ်ဓါတ် ကျတတ် ကြပါတယ်။ ဘယ်လောက်ပဲ စိတ်ဓါတ်ကျကျ လူတွေ မေးရင်တော့ ဟန်ကြီး တစ်ခွဲသားနဲ့  ဘာမှမဖြစ် သယောင် နေပြတတ်ကြပြီး တစ်ယောက် ယောက်ကို ဖွင့်ဟပြောဆိုပြီး အကူအညီ တောင်းလိုက်ရင်ကိုပဲ ကိုယ့်မှာ ယောက်ျား မ ပီသတော့မှာကို တွေးပူတတ် ကြသူတွေပါ။

ယောက်ျား ပီသတာ ကောင်းပါတယ်။ ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်မယ်။ အမှီသဟဲ ကင်းမဲ့စွာ ရှင်သန်မယ်။ ဒါဘ၀ အတွက် တန်ဖိုးရှိတဲ့ စိတ်ဓါတ်တွေပါ။ ဒါပေမယ့် ယောက်ျား ပီသလိုစိတ် လွန်ကဲလာမယ် ဆိုရင်ကိုက ကိုယ်ဟာ ယောက်ျား မပီသတော့ဘူး ဆိုတာကို သတိပြုရပါမယ်။ သတိပြုမိသည်ဖြစ်စေ၊ မပြုမိသည်ဖြစ်စေ အမျိုးသားတွေ ဟာလည်း လူထဲကလူပဲမို့  စိတ်ကျဝေဒနာ ခံစားရတဲ့ အချိန်မျိုးတွေ ရှိပါတယ်။

စိတ်ကျဝေဒနာဆိုတာ စကားပြော ကုထုံးနဲ့  ကနဦးကုသရမှာဖြစ်ပြီး လိုအပ်မှသာ ဆေးဝါးကုထုံးကို ဆက်ပေး ရတာပါ။ ဒါဆိုရင် ကိုယ်စိတ်ကျဝေဒနာ ခံစားနေရတာကို ပြောလိုက်ရင် ယောက်ျား မပီသရာရောက်မှာစိုးလို့  မပြောဘဲနေမယ်ဆိုရင် စကားပြောကုထုံးကို မရနိုင်တော့ဘူးပေါ့။

ဒီတော့ ယောက်ျား ပီသမှုဆိုတဲ့ သံမဏိဝတ်စုံကို မချွတ်တမ်း ၀တ်ထားမယ်ဆိုရင် နားလည်တတ်ကျွမ်း သူတွေ ဆီက နေ ကုထုံးကိုလည်းမရနိုင်သလို စိတ်ဓါတ်ကျတာကို ကြိတ်မှိတ်မြိုသိပ်ထားရင်း ကိုယ့်ကိုယ်ကိုယ် အန္တရယ် ဖြစ်စေ နိုင်တဲ့ အလေ့အကျင့်တွေကို လေ့ကျင့်မိပြီးသားဖြစ်သွားမှာမို့  အားလုံးအမြင်မှာ ယောက်ျားပီသတာထက် ခပ် ကြောင်ကြောင်လူတစ်ယောက်လို့ ပဲ မြင်ကြမှာပါ။

ဥပမာအားဖြင့် ဘောလုံး၊ ဂေါက်သီးလိုအားကစားတွေမှာ ကိုယ်ကနိုင်လိုက်လို့  အားပါးတရကြွားလိုက်ရရင် ယောက်ျားပီ သတယ် လို့ ခံစားရပေမယ့် ရှုံးလိုက်တဲ့နေ့ မှာ ရင်ထဲတနုံ့ နုံ့ ခံစားနေရမယ်ဆိုရင်၊ အဲဒီခံစားချက် နဲ့  ဆက်ကစားနေမယ် ဆိုရင်၊ ကစားဖို့ ထက် နိုင်ဖို့ ပဲအာရုံစိုက်လာမယ်ဆိုရင် ရေရှည်မှာ အကျိုးထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်ယောက်ျားပီသမှုကိုလည်း မယိမ်းယိုင်စေဘဲ လိုအပ်တဲ့အကူအညီတွေကိုလည်း ရလာအောင် လုပ် သင့်ပါတယ်။


ပထမဆုံးလုပ်သင့်တာကတော့ ယောက်ျားပီသမှုဆိုတဲ့ သံမဏိဝတ်စုံကို ချွတ်လိုက်ပါ။ အကူအညီ တောင်းရ တာ ဟာ လက်သင့်ခံနိုင်စရာမရှိတဲ့ကိစ္စလို့ မြင်မယ့်အစား တာဝန်ယူတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်တတ် ခြင်း၊ လက်တွေ့ ဆန်ခြင်းတို့ ကို သရုပ်ပြနေတာလို့  ယူဆလိုက်ပါ။ လူတွေကလည်း သင့်စိတ်ကျန်းမာရေးအတွက် သင်ကိုယ်တိုင်တာဝန်ယူကြိုးစားနေတာကို အသိအမှတ်ပြုပါလိမ့်မယ်။


သင်ကိုယ်တိုင်လည်း ပြန်စဉ်းစားကြည့်ပါ။ စိတ်ဓါတ် ကျတာကို လူတွေမသိအောင် ကြိတ်မှိတ်မြိုသိပ်ပြီး သင့်စွမ်း ရည် တွေ တဖြည်းဖြည်းကျလာတာက ယောက်ျားပီသမလား၊ ဒါမှမဟုတ် ကိုယ်စိတ်ဓါတ် ကျနေတာကို အများ သိအောင် ပြောပြပြီး လိုအပ်သလို ဆေးကုပြပြီးတော့ စိတ်ကျန်းမာရေး ကောင်းမွန်တဲ့ ယောက်ျားကောင်း တစ်ယောက်ပြန်ဖြစ် လာပြတာက ယောက်ျားပီသသလား။


တစ်ခါတုန်းက စစ်ပွဲအလီလီနိုင်လာတဲ့ သူရဲကောင်းတစ်ယောက်ကို သာမန်ရဲဘော်လေးတစ်ဦးက မေးဖူးပါတယ်။ ‘အရှင်၊ ဘယ်လိုလုပ်သူရဲကောင်းဖြစ်လာတာလဲ’ ဆိုတော့ သူရဲကောင်းကလည်း ‘ကျွန်ုပ်ကြောက်လို့ သူရဲကောင်း ဖြစ်လာတာပါ’ လို့ ပြန်ဖြေပါတယ်။ ‘ရှုံးရမှာကိုကြောက်တဲ့စိတ်နဲ့  ကျွန်တော်သူရဲကောင်းဖြစ်လာတာပါ’ လို့  ဆက် ရှင်းပြတော့မှ ရဲဘော်လေးက သဘောပေါက်သွားပါတယ်။


ဒီလိုပါပဲ ယောက်ျားပီသလှပါတယ်ဆိုသူတွေဟာ ယောက်ျားမပီသတော့မှာကို ကြောက်တဲ့စိတ်ကလေး ရှိပါတယ်။ ဒီဟန်၊ဒီမာန်ကိုတင်ထားဖို့  ကြိုးစားရင်း လူသား မဆန်တော့တဲ့ လူတစ်ယောက်ဖြစ်လာတတ်ကြပါတယ်။ အဲဒီ သူရဲကောင်းဟာ စစ်ပွဲအလီလီကိုနိုင်ခဲ့ပေမယ့် မိသား စုကိုကော အချိန်ပေးနိုင်ရဲ့ လားဆိုတာ တွေးကြည့်ရင် သိသာပါတယ်။ ကိုယ့်ရဲ့  သူရဲကောင်းအင်္ဂါရပ်က မိသားစု အတွက် ဘာအဓိပ္ပါယ်မှမရှိဘူးဆိုရင် ဒီလူကို အောင်မြင်တယ်လို့  သူ့ မိသားစုကလက်ခံမှာမဟုတ်သလို ပတ်ဝန်း ကျင်ကလည်း ယောက်ျားပီသတယ်လို့  မြင်မှာမဟုတ်ပါဘူး။


ဒါပေမယ့် ဒီသူရဲကောင်းဟာ အိမ်ကိုပြန်လာတယ်။ မိသားစုနဲ့ သာမန်လူသားတစ်ယောက်လို ပျော်ရွှင်စွာနေထိုင် စားသောက်တယ်။ အိမ်အလုပ်တွေဝိုင်းလုပ်တယ်။ ဇနီးနဲ့ သားသမီးကို အချစ်တွေမျှဝေပေးတယ်ဆိုရင်မှသာ ပျိုပျို ရွယ်ရွယ် လူတိုင်းက အားကျကျေနပ်တဲ့မျက်လုံးနဲ့  ၀ိုင်းကြည့်ကြမှာပါ။ သူရဲကောင်းကိုမဟုတ်ပါဘူး၊ သူ့ မိသားစုကို ပါ။ လူအများရဲ့ အားကျကျေနပ်တဲ့မျက်လုံးနဲ့ ကြည့်ခြင်းကို ခံလိုက်ရတဲ့မိသားစုအတွက် အဲဒီသူရဲကောင်းဟာ တစ် ကယ့်သူရဲကောင်းပဲပေါ့။ သိပ်ကိုယောက်ျားပီသတဲ့သူပေါ့။


ဇနီးဖြစ်သူဟာ မိန်းမသားပါ။ မိန်းမသားတို့ မည်သည် ကိုယ့်လင်ယောက်ျားရဲ့  အရေးပေးမှု၊ အလေးထားမှုကို အလွန်နှစ်သက်ကြပါတယ်။ ယောက်ျားပီသလှတယ်ဆိုတဲ့လူဟာ ကိုယ့်ဇနီးသည်ကိုကျတော့ ငြင်သာသိမ်မွေ့ စွာ စကားပြောဆိုပြီး ဟိုတုန်းက ချစ်သူဘ၀မှာလိုပဲ လိုက်လိုက်လျောလျောရှိတယ်ဆိုရင် ဒီအမျိုးသမီးဟာ သိပ်ကို ကျေနပ်ဝမ်းသာနေမှာပါ။ ငါယောက်ျားပီသတယ်ဆိုတဲ့ ဟန်နဲ့ မာန်နဲ့  ဇနီးသည် သား၊သမီးတွေကို တစ်ချိန်လုံး မာန် မဲ ဆူပူ ဟိမ်းဟောက်နေတဲ့ လူတစ်ယောက်ရဲ့  ပုပ်သိုးနေတဲ့မျက်နှာကို ပုံဖော်ကြည့်လိုက်ပါ။ ယောက်ျားပီသရဲ့ လား။


ယောက်ျားပီသမှုဆိုတဲ့လမ်းကြောင်းကိုလျှောက်နေရင်း ကိုယ်ချစ်တဲ့သူတွေဆီကနေ အဝေးကိုရောက်မှန်းမသိ ရောက် သွားနိုင်ပါသေးတယ်။ ဒါဟာလည်း ယောက်ျားပီသမှုကို အနက်ဖွင့်ဆိုတဲ့ပုံစံ မှားယွင်းနေလို့ ဖြစ်မှာပါ။ ယောက်ျားတစ်ယောက်ရဲ့ အလုပ်က သူ့ မိသားစုကို ကာကွယ်ပေးဖို့ ၊ စောင့်ရှောက်ပေးဖို့ ပါ။ သူ့ ကိုစော်ကား လို့ ၊ သူ့ ကို အလေးမထားလို့ ၊ သူ့ ကိုမရိုသေလို့  ဆူပူကြိမ်းမောင်းနေတဲ့ အိမ်ထောင်ဦးစီးဟာ ယောက်ျားပီသပါတယ် လို့  ဘယ်သူက အသိအမှတ်ပြုမှာလဲလေ။


ဒါဟာလည်း ကိုယ်လုပ်နေကျ ပုံမှန်အလုပ်တွေကနေ အာရုံလွတ်သွား လို့ ပါ။ ကိုယ်ပုံမှန်လုပ်ရမယ့်အလုပ်ကတော့ မိသားစုကို ဂရုစိုက်မယ်၊ လိုအပ်တာပံ့ ပိုးပေးမယ်၊ အန္တရယ်အသွယ် သွယ်ကနေ ကာကွယ်ပေးမယ်၊ ဖျားနာတဲ့ အခါ စောင့်ရှောက်ပေးမယ်။ ဒါ တစ်ကယ့်ကိုယောက်ျားပီသသူတွေလုပ် တဲ့အလုပ်ပါ။ ငွေတစ်ခုတည်းရှာနိုင်ရုံ၊ ရာထူးကြီးရုံ၊ ကိုယ့်လောက်အင်အားမရှိတဲ့သူတွေအပေါ် အနိုင်ယူရုံနဲ့  ယော က်ျားပီသတယ်လို့ မခေါ်ပါဘူး။


တစ်ခါ ကိုယ်က မိသားစုကို ဂရုစိုက်ပေမယ့် လိုအပ်ချက်ရှိနိုင်တယ်၊ ပံ့ပိုးပေးနေပေမယ့် မလုံလောက်တာ ရှိနိုင်တယ်၊ ကာကွယ်ပေးနေပေမယ့် ထိခိုက်သွားတာရှိနိုင်တယ်၊ စောင့်ရှောက်ပေးနေပေမယ့် ကျန်းမာရေး ပိုပြီးယိုယွင်းတာ ဖြစ် လာနိုင်တယ်။


ဒါကြောင့်လည်း ယောက်ျားတစ်ယောက်ဟာ စိတ်ဓါတ်ကျနိုင်ပါတယ်။ နောက်ပြီး မိသားစုအတွက် အချိန်ပေးရ လွန်းတဲ့အခါ ကိုယ့်ဘ၀အတွက် ကိုယ်ဘာမှမလုပ်နိုင်တော့တဲ့ အခြေအနေမျိုးဖြစ်လာရင်လည်း စိတ် ဓါတ်ကျနိုင် ပါသေးတယ်။ နောက်ပြီး ဒီယောက်ျားရဲ့ အလုပ်ကလည်း အမြဲအဆင်ပြေတယ်တော့ ဘယ်ရှိမှာလည်း။ ကျန်း မာရေး ညံ့ဖျင်းတာမျိုးလည်း ရှိမှာပဲ။ လူတိုင်းက ငါ့ကိုအားကိုးနေကြတယ်… ငါကကော ဘယ်သူ့ ကိုအားကိုးရ မှာလည်း ဆိုတဲ့စကားကိုသုံးပြီး သင့်မိသားစုဝင်တွေကို သင် အကူအညီ လိုအပ်နေတယ်ဆိုတာ ဖွင့်ပြောလိုက် စမ်းပါ။


ဒီမိသားစုဟာ သင့်ကို လောကကြီးထဲထွက်ပြီး ကူချင်မှကူနိုင်မှာပါ။ ဒါပေမယ့် လောကကြီးကို ရင်ဆိုင်မယ့် သင့်ကို တော့ အားတက်လာအောင် စကားတွေပြောပေးကြပါလိမ့်မယ်။ ဘာမှမပြောတတ်တဲ့ သမီးလေးကလည်း ‘ဖေဖေကြီး ကိုချစ်တယ်’ လို့ ပြောပါလိမ့်မယ်။ ဇနီးဖြစ်သူကလည်း ထမင်းဟင်းတွေ ကြိုးစားချက်ပါလိမ့်မယ်။ သားဖြစ်သူက လည်း ဘာမှမပြောဘဲ သင့်အနားမှာ ထိုင်နေပါလိမ့်မယ်။ သူတို့ လေးတွေကို တစ်စိမ့်စိမ့်ကြည့်ရင်း သင် အားတွေ ပြန် ပြည့်လာပါလိမ့်မယ်။


ကိုယ်စိတ်ဓါတ် ကျနေတာကို ပြောပြသင့်တဲ့ လူတွေကို ပြောပြလိုက်စမ်းပါ။ ယောက်ျား ပီသ တယ်လို့  သင်ပြန်ပြီး ခံစားရပါလိမ့်မယ်လို့  လေ့လာရေးသား တင်ပြလိုက်ရပါတယ်။


သမန်းကျား
Lashio News Diary

ဗောက်ထခြင်းကို အကောင်းဆုံးတုန့်ပြန်ခြင်း


 


 
ယနေ့ခေတ်လူကြီးလူငယ်မရွေးအထူးသဖြင့်မိန်းကလေးများမှာ ဗောက်ထခြင်းကြောင့် မိမိရဲ့ခေါင်းတစ်ခုလုံးယားယံပြီးဗောက်ဖတ်လေးများဦးခေါင်းအနှံ့ပျံ့နှံ့တတ်သည့် ဗောက်ထသည့် မှိုရောဂါတစ်မျိုးကိုရင်ဆိုင်ကြရလျက်ရှိပါတယ်။ ဗောက်ထခြင်းဟာမိန်းကလေးများသာမက အမျိုးသားများတွင်ဖြစ်ပွားတတ်ပြီး ဗောက်ထခြင်းကို အကောင်းမွန်ဆုံး တုန့်ပြန်ကာကွယ်ခြင်းမရှိပါက အခြားသော မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ပါတယ်။


ဒါ့အပြင်ယနေ့ခေတ်မှာလှပပြီးဆွဲဆောင်မှုရှိတဲိ့န်းကလေးတစ်ယောက်ဖြစ်ဖို့ဆိုတာဟာ ဦးခေါင်းမှာဗောက်တွေထနေလို့မဖြစ်ပါဘူး။ ထို့အတူပဲ ဆွဲဆောင်မှုရှိသော ယောကျာ်းလေးတစ်ယောက်ဖြစ်ဖို့ဆိုတာကလည်း ဦးခေါင်းမှာ အဖြူရောင်ဗောက်ဖတ်တွေထပြီးအချိန်ပြည့်ဦးခေါင်းကိုကုတ်နေလို့လဲ မဖြစ်ပါဘူး။ ဒါကြောင့် ယခုတစ်ပတ် NewsWatch Journal ရဲ့ကျန်းမာရေးနှင့်အလှအပ ကဏ္ဍကနေ ပျိုပျိုအိုအို ယောကျာ်းလေး၊ မိန်းကလေးများဆွဲဆောင်မှုအပြည့်ရှိပြီး ဗောက်ရှင်းတဲ့ဦးခေါင်းပိုင်ရှင်များဖြစ်ဖို့ ဗောက်ထခြင်းကို အကောင်းဆုံးတွန်းလှန်နိုင်တဲ့ နည်းလမ်းအချို့ကိုဖော်ပြပေးလိုက်ရပါတယ်။
 

၁။ ဗိုက်တာမင်ဓါတ်များကြွယ်ဝပါစေ

လူတစ်ယောက်ရဲ့ ဦးရည်ပြားကျန်းမာရေးဟာ ထိုလူရဲ့ခန္ဓာကိုယ်မှာ ဗိုက်တာမင်ဓါတ်ဘယ်လောက်ကြွယ်ဝသလဲဆိုတဲ့အချက်ပေါ်မှာမူတည်နေတာကြောင့် ဗိုက်တာမင် အေ၊ ဘီ နှင့် စီ ဓါတ်များပေါကြွယ်ဝတဲ့ အစားအစာများကို စားသောက်သင့်ပါတယ်။ ၎င်းအဟာရဓါတ်တွေဟာခန္ဓာကိုယ်ရဲ့ သွေားလှည့်ပတ်မှုစနစ် (Circulatory System) အတွက်မရှိမဖြစ်လိုအပ်သလို ဆဲလ်ကြီးထွားရေးကဏ္ဍမှာလည်း လိုအပ်ပါတယ်။ ဒါ့အပြင် ၎င်းဓါတ်များဟာ သွေးအတွင်းရှိဆဲလ်များ၏ခုခံစွမ်းအား (immune system) ကိုအထောက်အကူဖြစ်စေတာကြောင့် ဦးရည်ပြားမှာဗောက်ထခြင်းကို အကောင်းဆုံး ကာကွယ်နိုင်ကြပါတယ်။၎င်းဗိုက်တာမင်ဓါတ်တွေပြည့်ဝစွာပါဝင်တဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် စတော်ဘယ်ရီသီးစတဲ့အသီးတွေကို စားသုံးသင့်ပါတယ်။


၂။ သင့်ရဲ့ ဘီး နှင့် မိတ်ကပ်လိမ်းချယ်သည့်စုတ်တံများကို ဆေးကြောပါ

မျက်နှာမှာ မိတ်ကပ်လိမ်းချယ်သည့်အခါ အသုံးပြုတဲ့ စုတ်တံများကို အန္တရာယ်ဖြစ်ခြင်းမှ ကာကွယ်ရန် ဆေးကြောကြပါသလို ဦးခေါင်းရဲ့ ဦးရည်ပြားရောဂါများအထူးသဖြင့် ဗောက်ထခြင်းရောဂါကိုကုသကာကွယ်ရန်အတွက် မိမိတို့နေ့စဉ်အသုံးပြုနေတဲ့ ဘီးများကိုအခါအားလျော်စွာ ဆေးကြောသင့်ပါတယ်။ ဘီးမှာကပ်နေတဲ့ ဆံပင်များကို ဖယ်ထုတ်ပြီး ပန်ကန်ဆေးဆပ်ပြာနှင့်ဆေးကြောပါ၊ ပြီးနောက် ရေနွေးနှင့် အဖြူရောင် ရှာလကာရည် တို့ရောစပ်ထားသောအရည်ထဲတွင် နာရီဝက်ဝက်ခန့် စိမ်ကာ ဆေးကြောပေးခြင်းကို နှစ်ပတ်တစ်ကြိမ် (သို့မဟုတ်) သုံးပတ်တစ်ကြိမ်ပြုလုပ်ပေးခြင်းအားဖြင့်လည်း ဗောက်ထခြင်းရောဂါကိုကာကွယ်ပါ။


၃။ ဆေးပါဝင်သော ခေါင်းလျှော်ရည်ကိုအသုံးပြုပါ
ဇင့်ဓါတ်ဟာ ဗောက်ထခြင်းရောဂါကိုအကောင်းမွန်ဆုံးတွန်းလှန်နိုင်တဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ဇင့် ဓါတ်ဟာ ဗက်တီးရီးယားတွေကိုတိုက်ခိုက်နိုင်စွမ်းရှိသလို ခန္ဓာကိုယ်မှ ဆဲလ်များပြောင်းလဲမှုများကိုလည်းနှေးကွေးအောင်ပြုလုပ်နိုင်စွမ်းရှိပါတယ်။ မိမိတို့ကြိုက်နှစ်သက်ပြီး အစွမ်းထက်တဲ့ဆေးပါဝင်တဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုနိုင်ကြပြီး ဦးရည်ပြားကို Moisturize (အစိုဓါတ်ရရှိအောင်) ပြုလုပ်ပေးနိုင်သော ခေါင်းလျှော်ရည်မျိုးက ဗောက်ထခြင်းကိုကာကွယ်ရာမှာ ပိုမိုအစွမ်းထက်ပါတယ်။


၎။ အလှပြင်ဆိုင်တွင် ကုသမှုပြုလုပ်ခြင်း

လွန်ခဲ့တဲ့ ရာစုနှစ်တစ်ခုလောက်က စပြီး ဗောက်ထခြင်းနှင့်ပတ်သက်ပြီး လူတွေနားလည်ခဲ့တာကပုခုံးပေါ်မှာရှိနေတဲ့အဖြူရောင်ဗောက်ဖတ်လေးတွေဟာ ဦးခေါင်းရဲ့ဦးရည်ပြားပေါ်ကနေကျလာတာဟု ဖြစ်သည်။ ဒါကြောင့်
ဗောက်ထခြင်းကို အလှပြင်ဆိုင်သွားပြီးကုသလိုသူများအတွက် ဦးရည်ပြားအသစ်ပြုပြင်ခင်း (Scalp Renew) လို့လူသိများတဲ့ ကုသခြင်းမျိုးပြုလုပ်ရပါမယ်။ ဦးရည်ပြားအသစ်ပြုပြင်ခြင်း (Scalp Renew) ဆိုတာ ဦးရည်ပြားမှာရှိတဲ့ အဆီးပိုများကိုဖယ်ရှားခြင်းဖြစ်ပြီး ၎င်းကုသမှုကို ရက် ၃၀ မှ ၄၅ ရက်လျှင် တစ်ကြိမ်စီပြုလုပ်သင့်ပါတယ်။ ကျန်းမာသန်စွမ်းသော ဦးရည်ပြားပိုင်ရှင်တစ်ယောက်ဖြစ်ဖို့အတွက်လည်း ဦးရည်ပြား အသစ်ပြုပြင်ခြင်း ( Scalp Renew) ကုသမှုကိုမိမိတို့နှင့်နီးစပ်ရာ အလှပြင်ဆိုင်များတွင် ကုသမှုခံယူလိုက်ပါ။


၅။ မိမိမှာ ဘာကြောင့် ဗောက်ထသလဲ သိအောင်လုပ်ပါ။

လူတစ်ယောက်နှင့်တစ်ယောက် ဗောက်ထခြင်းပမာဏဟာ မတူညီပါဘူး။ ဒါ့အပြင် ကုသရေးနည်းလမ်းကိုလည်းလူအားလုံးအတွက်တစ်မျိုးတည်းအသုံးပြုလို့မရပါဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နှင့် တစ်ယောက်ဗောက်ထရောဂါဖြစ်ပွားမှု ရဲ့အရင်းအမြစ်အကြောင်းရင်းက တူညီမှုမရှိလို့ပါပဲ။ အဓိက ဗောက်ထခြင်းနည်းလမ်းအားဖြင့် pityiaris capitis simplex နှင့် pityriasis steatoides ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပထမ တစ်မျိုး ဖြစ်တဲ pityiaris capitis simplex ဟာ စိတ်ဖိအားများပြားခြင်း၊ အစားအသောက်မမှန်ခြင်းနှင့် ရေဓါတ်ခမ်းခြောက်ခြင်းများကြောင့်ဖြစ်ပွားခြင်းဖြစ်ပြီး ဖြစ်ပွားပါက ဦးရည်ပြားဟာ ခြောက်သွေ့လာပြီးဦးရည်ပြားယားယံခြင်းများဖြစ်ပေါ်စေသည်။ထိုကဲ့သို့ဖြစ်ပေါ်ပါက အစွမ်းထက် ခေါင်းလျှော်ရည်များကိုအသုံးပြုကာကုသနိုင်ပါတယ်။ ဒုတိယတစ်မျိုးဖြစ်တဲ့ pityriasis steatoides ကတော့ အဆီဓါတ်များပြားသော ဦးရည်ပြားများတွင်ဖြစ်ပေါ်တတ်ပြီး ထိုကဲ့သို့ဖြစ်ပေါ်နေသူတစ်ဦးကတော့ သက်ဆိုင်ရာ ဆရာဝန်များနှင့်တွေ့ဆုံဆွေးနွေးသင့်သည်ဟု သိရသည်။


http://www.lyhealthcare.com/ဗောက်ထခြင်းကို-အကောင်းဆ/

အောင်ဟိန်းခိုင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)


မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက်



၁- ဒန်ပေါက်ဆိုင်တွေ စားသောက်ဆိုင်တွေမှာအသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း
(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စုဝင်တွေဖြစ်လို့  ဖေါ့ဘူးတွေ
တစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်

၂-ကြက်သားမှုန့် တွငိလည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင်ပိုမိုဆိုးရွာစေပါသည်။

၃-ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို
ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာသုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကို
ရှောင်ကြဉ်သင့်ပါတယ်။

၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်
နှင့်ညီမျှသည်။ခြင်ဆေးခွေတစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသောအဆိပ်မှုန့် ပမာဏနှင့်ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း
ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။

၅-အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ
ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။
ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။

၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကိုဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။

၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များ
သည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့်
တင်သွင်းသော နှို့မှုန့် များနှင့်၎င်းတို့ ဖြင့် ပြုလုပ်သော မုန့် ပဲ သရေစာများကိုကလေးများအား လုံးဝ မတိုက်ကျွေးသင့်ပေ။

၈-ကော်ဖီမစ်များတွင် နှို့ဆီနှင့်နှို့မှုန့် အစားအသုံးပြုသော Creamer မှာ မလေးရှားတွင်
စားအုံးဆီကို အဆီထုတ်ပြီးကျန်သောကြိတ်ဖက်များကိုတရုတ်နိုင်ငံမှဝယ်ယူ၍ မှုန့် နေအောင်ကြိတ်ပြီး
Creamer အဖြစ် ပြန်လည်ရောင်းချကြောင်းသိရှိရသည်။ထိုကြိတ်ဖက်မှုန့် များသည် သွေးတိုးရောဂါ နှလုံးသွေးကြောပိတ်ရောဂါ လေဖြတ်ရောဂါ နှင့် ကင်ဆာရောဂါများကို ဖြစ်ပွားစေသည်။

၉- အချို့သော အသီအနှံများတွင် လူသေကောင်
မပုပ်အောင် ပြုလုပ်သည့် ဖေါ်မလင်းနှင့်အသုံးပြုထားသည့် အတွက် ရှောင်ကြဉ်သင့်ပေသည်။

၁၀-လမ်းဘေးလ္ဘက်ရည်ဆိုင်နှင့်စားဖွယ်စုံဆိုင်ကြီးများကို စစ်ဆေးရာတွင် ၁၀ ဆိုင်ကိုစစ်ဆေးရာတွင်
၁၀ ဆိုင်စလုံး အင်ဂျင်ဝိုင် အဟောင်းလို ညိုမဲနေသော ပြန်ကြော်ဆီများဖြင့် စမူဆာ အီကြာကွေးများကို ကြော်နေသဖြင့် ၎င်းတို့ ကိုစားသုံးပါက ပန်ကရိယကင်ဆာ အသံကင်ဆာ
အစာအိမ်လမ်းကြောင်းကင်ဆာ အူမကြီးကင်ဆာအမျိုးမျိုးကို ဖြစ်ပွားစေသည်။

အခုတင်ပြလိုက်သော မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး အသင်းမှ ထုတ်ပြန်ထားသော
အစီရင်ခံစာပါ အရေးကြီး အချက်အလက်များထဲမှ
တချို့တဝက်ကို ကောက်နုတ်ဖေါ်ပြလိုက်ခြင်းဖြစ်ပါသည်။

ဖတ်ရှု့လေ့လာပြီးနောက် လက်ဆင့်ကမ်းဝေမျှပေးကြပါရန် တိုက်တွန်းလိုက်ရပါသည်။

ဒီမိုမင်း
၂.၈.၂၀၁၄
၁၁း၃၀မိနစ် (နေ့ လည်)
https://www.facebook.com/364484143692148/photos/a.364489287024967.1073


လူကုန်ကူးခံရမယ့် မြန်မာ ၂၈ ဦးကို မလေးရှားရဲတပ်က ကယ်ဆယ်


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန် ၊ ဆွန်ဂေ ဘာကပ်မြို့နယ်က အိမ်ဆိုင်တစ်ဆိုင်ကို ရဲတပ်ဖွဲ့က သတင်းအရ မနေ့က ဝင်ရောက်စီးနင်းရာမှာ လူမှောင်ခို ကုန်ကူး ဂိုဏ်းတစ်ဂိုဏ်းက မြန်မာနိုင်ငံသား ၅ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး တရားဝင် စာရွက်စာတမ်း မရှိတဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို ကယ်တင်နိုင်ခဲ့ တယ်လို့ ဘာနားမား မလေးရှား သတင်းဌာနက ဖေါ်ပြပါတယ်။


မြန်မာတစ်ယောက်က သူ့ရဲ့ညီမနဲ့ ယောက်ဖရော၊ လေးနှစ်သား ကလေးငယ်ကိုပါ လူမှောင်ခိုကုန်ကူးဂိုဏ်းတစ်ဂိုဏ်းက ဖမ်းဆီးထားတယ်၊ သူတို့  လွတ်မြောက်စေလိုရင် ငွေဘယ်လောက်ပေးရမယ်လို့ ပြောလာလို့ ရဲစခန်းကို တိုင်စာပေးပို့လာပြီး အခုလိုသွားရောက် စီးနင်း ဖမ်းဆီးနိုင်ခဲ့တာလို့  ဒေသခံ ရဲစခန်းအုပ်ချုပ်ရေးမှူးက ပြောပါတယ်။


လူမှောင်ခိုကုန်ကူးသူတွေကို မလေးရှား ဥပဒေအရ အမှုဖွင့်အရေးယူနိုင်ဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့လဲ သိရပါတယ်။


RFA Burmese

ရန်ကုန်မြို့တွင် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ဦးနှုန်း စောင့်ရှောက်ပေးနေရ

 
ဒုတိယ ရဲမှူးကြီး မြင့်ထွေး (ဓာတ်ပုံ - ထွန်းထွန်းသိန်း)

 
လူဦးရေ ၇ သန်းကျော်ရှိတဲ့ ရန်ကုန်မှာ ရဲတပ်ဖွဲ့ ၀င်အင်အားက  ၅ ထောင် ကျော်သာရှိတဲ့ အတွက် လူ ၁၀၀၀ ကျော်ကို ရဲ ၁ ယောက်နှုန်းနဲ့ ကာကွယ် စောင့်ရှောက်ပေး နေရတာလို့ ရဲတပ်ဖွဲ့က ပြောကြား လိုက်ပါတယ်။


ရန်ကုန်မှာ ဒီကနေ့ကျင်းပတဲ့  မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်လာတဲ့  ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲမှူးကြီးမြင့်ထွေးက ရဲတပ်ဖွဲ့ဝင်အရေအတွက်နဲ့ ယူရတဲ့ တာဝန်မမျှမတဖြစ်နေတဲ့အကြောင်း မီဒီယာတွေကို ပြောကြားသွားတာပါ။


ရန်ကုန်မြို့မှာ လက်ရှိရဲဝန်ထမ်း ၅၅၃၈ ဦးရှိပြီး ရဲ ၁ ဦးက   လူ ၁၃၆၅ ဦး စောင့်ရှောက် နေရတာဖြစ်တဲ့ အတွက် ဒါဟာ နိုင်ငံတကာ စံနှုန်းနဲ့တော့ မညီဘူးလို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။

“ရန်ကုန်မှာ လူဦးရေ ၇.၃ သန်း ရှိတယ်။ ရဲတပ်ဖွဲ့ဝင် ၅၅၃၈ ရှိတဲ့အတွက် ရဲ ၁ ဦးက ပြည်သူအချိုး ၁၃၆၅ ဦး နဲ့ စောင့်ရှောက်ရတယ်။ နိုင်ငံတကာ စံနှုန်းနဲ့ဆိုရင် ရဲ ၁ ဦးက ပြည်သူ ၄၀၀ ပဲ အုပ်ချုပ်ရတယ်။ ကျနော်တို့မှာတော့ ရဲတပ်ဖွဲ့ အင်အားနည်းတဲ့အတွက် ရဲ ၁ ယောက်မှာ ၁၃၆၅ ဦး အုပ်ချုပ်ရတယ်။ သို့သော်လည်း ရန်ကုန်တိုင်းသည် တခြားပြည်နယ်နဲ့ တိုင်းတွေထက် လုပ်ငန်းတွေလည်း များတယ်၊ များတဲ့အတွက် မြန်မာနို်င်ငံ ရဲတပ်ဖွဲ့ချုပ်က ကျနော်တို့ကို အင်အားအနေနဲ့ ၆၂ ရာခိုင်နှုန်းထည့်ပေးထားတယ်။ ကျန်တဲ့ ပြည်နယ်နဲ့တိုင်းတွေမှာဆိုရင် ၄၀ ရာခိုင်နှုန်းလောက်တော့ ရှိတယ်။”


ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဟာ အီးယူနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတဲ့နောက်မှာ ပြည်သူတွေက လိုလားလာပြီး တိုင်ကြားမူတွေ ပိုများလာတယ်လို့ ဒုတိယရဲမှူးကြီး မြင့်ထွေးက ပြောပါတယ်။


“ဒီဘက်ကာလမှာ လှည့်ကင်းတွေလည်း စိုးမိုးပါတယ်။ လူတွေရှိတဲ့အတွက် အမှုတော့ ရှိပါတယ်။ ရှိလာတဲ့အမှုတွေကို ကျနော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်တယ်။ ကြိုတင်ကာကွယ်မှုလုပ်ရင်းနဲ့ ဖြစ်ပွားတဲ့အမှုတွေကို ရအောင်ဖော်ထုတ်တယ်။ ဖော်ထုတ်တဲ့အမှုတွေကို ခိုင်မာစွာတည်ဆောက်ပြီးတော့ ပြစ်ဒဏ်ရရှိရေး တရားရုံးစွဲတင်တယ်။ အီးယူနဲ့လုပ်တဲ့အခါမှာ ကျနော်တို့ကိုလည်း ပြည်သူတွေက ရဲတပ်ဖွဲ့ကို လိုလားလာတာ တွေ့တယ်။ တိုင်တမ်းမှုတွေလည်း များလာတယ်။ ၁၉၉ ပဲဖြစ်ဖြစ်၊ ရဲစခန်းဖုန်းတွေပဲဖြစ်ဖြစ် အမြဲတမ်းဆက်သွယ်တာတွေ များတယ်။ အကူညီတောင်းတာတွေ များလာတယ်။”


ရန်ကုန်တိုင်းဒေသကြီးမှာ ၂၀၁၄ စက်တင်ဘာလကုန်အထိ အမှုကြီး ၃၄၀ နဲ့ အခြားအမူ ၁၄၆၈ မှု ဖြစ်ပွားခဲ့ပြီး ကြိုတင်ကာကွယ်ဖမ်းဆီးမှုအနေနဲ့ ၁၈၀၀ ကျော်ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ၁၉၆၄ သြဂုတ် ၁ ရက်နေ့က စဖွဲ့ခဲ့ပြီး ဒီကနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ နှစ် ၅၀ ပြည့် ရွှေရတုနှစ်ပတ်လည်နေ့လည်း ဖြစ်ပါတယ်။


ရဲတပ်ဖွဲ့ရဲ့ ရွှေရတု အခမ်းအနားကို နေပြည်တော်မှာ ကျင်းပခဲ့သလိုပဲ ရန်ကုန်မြို့မှာလည်း မူးယစ်ဆေးဝါးပြတိုက်မှာ ဒီကနေ့ မနက်ပိုင်း ကျင်းပခဲ့ပါတယ်။


ဒီ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းစစ်ဌာနမှူးဗိုလ်မှူးချုပ် ထွန်းထွန်းနောင်၊ တိုင်းရဲတပ်ဖွဲမှူး ရဲမှူးကြီး ၀င်းနိုင်တို့ တက်ရောက်ခဲ့ပြီး ရန်ကုန်မြို့ မှုခင်းနှိပ်နှင်းရေးမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့တဲ့ ရဲဝန်ထမ်းတွေကို ရာထူးတိုး ဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။


By ထွန်းထွန်းသိန်း (ဒီဗွီဘီ)