14 Mar 2015

လီကွမ်ယု အထင်မသေးရဲလောက်တဲ့ မြန်မာလူတော်တွေ




လီကွမ်ယု အထင်မသေးရဲလောက်တဲ့ မြန်မာလူတော်တွေ

======================================


“အရောင်မွဲခြောက်ခြောက် မြင်း၂ ကောင်က မြင်းဖြူလေး မွေးဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ အထီးရော အမရော မြင်းဖြူဆိုရင် မြင်းဖြူလေးရဖို့ ရာခိုင်နှုန်းပိုများတာပေါ့။
ပညာတတ်တစ်ယောက်က ပညာတတ်တစ်ယောက်ကို လက်ထပ်လိုက်တယ်။ ကလေးတွေ ရလာတော့ သူတို့ကလေးတွေက အလုပ်ကြမ်းသမား ကလေးတွေထက် ပိုတော်ဖို့များတာပေါ့။ အလုပ်ကြမ်းကလေးသမားတိုင်း ညံ့တယ်လို့တော့ မပြောပါဘူး။


ဟန်ဖု(က်)ကွမ်နဲ့အဖွဲ့တို့ လီကွမ်ယုကို ဝိုင်းဝန်းအင်တာဗျူးစဉ် ဖြေကြားခဲ့တဲ့ စကားလေး တစ်ခွန်းပါ။
လီကွမ်ယုဟာ သူအုပ်ချုပ်စဉ်ကာလမှာ ကလေး ၂ယောက်ထက် ပိုမယူဖို့ ၊ပိုယူခဲ့ရင် ကြီးလေးတဲ့ ဒဏ်ကြေးတပ်တဲ့ ဥပေဒထုတ်ပြန်ခဲ့ပါတယ်။ အခြေခံလူတန်းစားက ကလေးတွေအများကြီးယူပြီး စင်ကာပူမှာ ခပ်ထူထူ လူတွေ များလာမှာ စိုးလို့ဖြစ်တယ်လို့ ခပ်ရှင်းရှင်းပြောခဲ့ပါတယ်။ ပညာတတ်လူတန်းစားတွေက ဒဏ်ကြေးပေးနိုင်လို့ ကလေး ၂ယောက်ထက်ပိုယူချင် ယူဆိုတဲ့ သဘောပေါ့။


အခြားနိုင်ငံတွေက ပညာ သိပ်တော်သူလာမယ်ဆိုရင် စင်ကာပူကအမြဲ welcome ပါပဲ။ citizenship အလွယ်တကူ ရပါတယ်။ လီကွမ်ယုက မြင်းဖြူလေးတွေ မရမှာ အမြဲပူနေတတ်ပါတယ်။ သူ့နိုင်ငံမှာလည်း လူဦးရေ ၃ သုံးသန်း ကျော်ပဲ ရှိလို့ လူတော် ရွေးရတာ ခက်ခဲတယ်လို့ အမြဲ ညဉ်းညူ တတ်ပါတယ်။
သူ့ကို ဆက်ခံတဲ့ ဝန်ကြီးချုပ် ဂိုချောက်တောင် ကလည်း စင်္ကာပူနိုင်ငံ သား များ တွင် လူတော်တွေ မများကြောင်း .. သာမာန်အဆင့်ပြည်သူများသာ ရှိကြတယ်လို့ ဝန်ခံပါတယ်။ ဒါကြောင့်လည်း စင်ကာပူဆီကို ယိုစီးလာတဲ့ ဦးနှောက်တွေကို ဖမ်းဖို့ အစီအမံကောင်းကောင်း ချထားပါတယ်။
လီကွမ်ယုက တရုပ်၊ အိန္ဒိယနိုင်ငံသားတွေ တော်ကြတယ်။ ဗီယက်နမ်ကလည်း လူတော်တွေလာတယ်။ သူက အလယ်အလတ် ဦးနှောက်ပိုင်ရှင်လို့ ဒဲ့ပြောတဲ့နိုင်ငံတွေက အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်တို့ပါပဲ။


- မြန်မာနိုင်ငံကိုတော့ စိတ်နာနေလို့ ထည့်မပြောပေမယ့် တော်တဲ့နိုင်ငံတွေထဲမှာထည့်ထားပုံရပါတယ်။ ဒါကြောင့် ၁၉၈၉ တံခါးဖွင့်ပြီလဲဆိုရင် မြန်မာပြည် တိုးတက်တော့မယ်တွက်ပြီး ဟိုတယ်လုပ်ငန်းရှင် အများအပြားကို ရင်းနှီးမြုပ်နှံဖို့ ခေါ်ဆောင်လာခဲ့တာပေါ့။ ဒါပေမယ့် ဗိုလ်ချုပ်တွေက ရွေးကောက်ပွဲနိုင် ပါတီကို အာဏာ မလွှဲဘဲ ကတိဖျက်တော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ရတယ်။
စင်ကာပူမှာ နိုင်ငံခြားသား ၁ သန်းကျော်ရှိပြီး မြန်မာလူမျိုး တစ်သိန်းခန့်ရှိတယ် ခန့်မှန်းကြတယ်။


“မြန်မာစီတီဇင်း ကလေးတွေဟာ ကျောင်းစတက်တော့ အင်္ဂလိပ်စာလည်း မကျွမ်းနဲ့ အူတူတူ အတတလေးတွေ။ ဒါပေမယ့် ၄ - ၅ နှစ်ကြာရော အတန်းထဲမှာ ထိပ်ဆုံးတွေရောက်ကုန်ရော” လို့ လီကွမ်ယု ဆိုတဲ့ စကားကြည့်ရင် သူဟာ မြန်မာနိုင်ငံကိုလည်း အထင်မသေးဘူးဆိုတာ သိနိုင်ပါတယ်။
စစ်အုပ်ချုပ်ရေး အောက်မှာ ဖိနှိပ်အုပ်ချုပ်ခံရပြီး ပညာရေးစနစ်လည်း မကောင်းခဲ့တော့ ဗဟုသုတ နည်း အင်္ဂလိပ်စာ ညံ့ပြီး အူတူတူ ပုံစံဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် ဘယ်ကျောင်းမှာ ဖြစ်ဖြစ၊် ဘယ်အလုပ်မှာဖြစ်ဖြစ် အချိန်တိုအတွင်း သင်ယူတတ်မြောက်နိုင်စွမ်းတော့ ရှိကြတယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေမှာ၊ သင်္ဘောပေါ်မှာနဲ့ shore job တွေ မှာ မြန်မာတွေဟာ တော်တယ်လို့ပဲ နာမည်ထွက်ပါတယ်။


ဟိုတနေ့က DVB သတင်းတစ်ပုဒ်ကြည့်လိုက်ရတယ်။ မြန်မာရွေ့ပြောင်းအလုပ်သမား အိမ်ထောင်စုထဲက ကလေးတစ်ဦးက ထိုင်းကျောင်းမှာ ထိုင်းလိုသင်တာတောင် အဆင့် ၁ အမြဲရတယ်ဆိုတဲ့ သတင်းပေါ့။ လီကွမ်ယုစကားနဲ့ဆိုရင် မြင်းညိုလေးတွေက ရှားရှားပါးပါး မြင်းဖြူလေးမွေးတာပေါ့။
အင်္ဂလန် နိုင်ငံ City & Guilds International ( UK )က တိုက်ရိုက် စစ်ဆေး သော စာမေးပွဲမှာ တစ်ကမ္ဘာလုံး အတော်ဆုံး အင်ဂျင်နီယာ ကျောင်းသား အဖြစ် မန္တလေး မှ ကျောင်းသား မောင်အာကာဟိန်း မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်မှာ ရွှေတံဆိပ်ဆု ရခဲ့ပြန်တယ်။

 
အမျိုးထဲမှာ ၃ နှစ်ကျော်အရွယ် ကလေးမလေးရှိတယ်။ ၂ နှစ်ကျော်လောက်ထဲက သူကြိုက်တဲ့ သီချင်းကို ၃ ခေါက်လောက်ဖွင့်ပေးလိုက်၊ အလွတ်လိုက်ဆိုနိုင်သွားတယ်။ ၂ နှစ်ခွဲလောက်မှာ ကကြီး၊ ခခွေး ရသွားတော့ အ အာ အိ အီ တွေ မသင်ရသေးဘူး။ သတင်းစာ ကောက်ကိုင် ဖတ်တယ်။ ဗီဒီယို စာတန်းထိုးတွေ လိုက်ဖတ်နိုင်တယ်။ လမ်းက ဆိုင်းဘုတ်တွေ ဖတ်တယ်။ ပါတ်ဆင့် တွေကလွဲပြီး ဖတ်နိုင်တယ်။


-မြန်မာလူမျိုးတွေ ညဏ်ကောင်းတယ်ဆိုတာ ဗုဒ္ဓတရားနဲ့ ကွက်တိပါပဲ။ ဗုဒ္ဓက သိပ်ဥာဏ်ထက်တဲ့သူတွေဟာ အရင်ဘဝက ခန္ဓာ ဥာဏ်ရောက် ဝိ ပ ဿ နာ တရားကျင့်သူတွေ လို့ဆိုတယ်။ ဝိ ပ ဿ နာ ကျင့်ထားဘူးသူတွေဟာ အရိယာ အဆင့်ဆင့် တက်လှမ်းဖို့ ဗုဒ္ဓဘာသာ နိုင်ငံတွေမှာ လူပြန်ဝင်စားကြပြီး တရားထပ် ကျင့်ကြမယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဥာဏ်ရည်ထက်မြက်တဲ့ လူတော်လေးတွေ မရှားတာဖြစ်မယ်။
လီကွမ်ယု အထင်မသေးရဲလောက်အောင်လည်း မြန်မာလူတော်တွေက ကမ္ဘာမှာ အထင်အရှားပဲလေ။


၁။ ကမ္ဘာ့ မှတ်ညဏ်အကောင်းဆုံးလူသားအဖြစ် ဂင်းနက်စ်စာအုပ်မှာ မှတ်တမ်းတင်ခံရတဲ့ မင်းကွန်းဆရာတော်ကြီး


၂။ အာရှမှ ပထမဦးဆုံး ရွေးချယ်တင်မြှောက်ခံရတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးသန့်(သက်တမ်း ၂ခါဆက်)


၃။ သန့်မြင့်ဦး၊ ကမ္ဘာ့ တွေးခေါ်မှုအကောင်းဆုံး ပညာရှင် နံပါတ် (၁၅)


၎။ အမေရိကန်လွှတ်တော်ထဲထိ ခေါ်ပြီ ဂုဏ်ပြုချီးကျူရတဲ့ ဆူရှီဆိုင်လုပ်ငန်းရှင် ဖိလစ်မောင် (အမေရိကန်ရောက်စဉ် ၁၃ ဒေါ်လာသာရှိပြီး ယခု ဆိုင်ခွဲများစွာပိုင်လာခဲ့)


၅။ HTC smart phone ကုမ္ပဏီ CEO - မစ္စတာ ပီတာချူ


၆။ နာဆာ Ames Reserch Center မှာ အလုပ်လုပ်တဲ့ အင်ဂျင်နီယာ ဦးခင်ကျော် စတဲ့ မြောက်များစွာတဲ့ မြန်မာလူတော်တွေ ရှိကြတယ်လေ။


မင်းတို့နိုင်ငံက လူတော်တွေ ရှိတယ်သာဆိုတယ်၊ ဘယ်လိုဖြစ်ပြီး အဆင်းရဲဆုံးနိုင်ငံထဲရောက်နေရတာလဲလို့ အပြစ်ပြောစရာတော့ ရှိပါတယ်။ ဖြေရတော့ ခက်ခက်ပါပဲ။ ဒါပေမယ့် လီကွမ်ယု စကားယူသုံးပြီးဖြေလိုက်မယ်။ အပြေးသန်တဲ့ မြင်းဖြူလေးတွေ ရှိပါရက်နဲ့ မြင်းညိုအုပ်စုက ပိတ်ဆို့နေမှတော့ ဘယ်လို ရှေ့တန်းရောက်နိုင်တော့မှာလဲဗျာ။
၂၀၁၁ ဝီကီလိဒ်ပေါက်ကြားမှုထဲမှာတော့ လီကွမ်ယုကလည်း မြန်မာဗိုလ်ချုပ်တွေ ရဲ့ အရည်အချင်းကို နားလည်တယ်ဗျ။ stupid generalညံ့ဖျင်းတဲ့ဗိုလ်ချုပ်တွေလို့ဆိုထားပြီး သူတို့နဲ့ ပြောရတာဟာ လူသေကောင်တွေကို ပြောရသလိုပဲတဲ့ဗျာ။


Shwe Moe Hein ၏ မြင်းဖြူ မြင်းညို ဒသန

“ကျောင်းသားတွေ နိုင်တယ်“


ဒီ (၁၀) ချက်ဟာ ... “ကျောင်းသားတွေ နိုင်တယ်“ ... ဆိုတဲ့ ၁၀ ချက်ပါပဲ။

လက်ပံတန်း ဖြစ်ရပ် တစ်ခုတည်း “ကွက်“ ကြည့်ရင် .. အဖြိုခွဲခံရတယ်။ အဖမ်းခံရတယ်ပေါ့။ တချို့အမြင်မှာ ရှုံးတယ် မြင်နိုင်တယ်။ ကျွန်တော်ကတော့ သူတို့ကို စတင်ဖြိုခွဲလိုက်တယ်လို့ သိရတဲ့ အချိန်ကတည်းက ... “ကျောင်းသားတွေနိုင်တယ်“ ဆိုတာကို သေချာကို ပြောခဲ့၊ ရေးခဲ့ပါတယ်။


ဘာလို့ ပြောနိုင်သလဲ ဆိုတော့ .. နိုင်ငံရေး ဖြစ်စဉ်ကြီး တစ်ခုလုံးအတွက် သက်ရောက်မှုကို ပြန်ကြည့်။ ကျောင်းသားတွေက အပြတ်အသတ်နိုင်သွားတယ်။


..သေချာတဲ့ အနီးကပ် အနိုင်ရမှုတွေက ..


(၁) လက်ပတ်ဝတ် စွမ်းအားရှင်၊ တာဝန် ဆိုတဲ့ ကောင်တွေရဲ့ ကဏ္ဍကို တစ်ခန်းရပ်နိုင်ခဲ့တယ်။


(၂) ရဲတွေကို စစ်တပ်က ကောင်တွေက ထိန်းချုပ် အမိန့်ပေးနေတာဖြစ်ပြီး စစ်တပ်ဟာ ဒီနေ့အထိ လူမိုက် လူရမ်းကားတွေ အပြည့်ရှိနေသေးတယ် ဆိုတာကို သက်သေပြနိုင်ခဲ့တယ်။


(၃) ၂၀၁၀ အစောပိုင်းကာလတွေမှာ ဒီမိုကရေစီ ပြောင်းလဲရေး ဆိုပြီး အမှတ်တွေယူ၊ အခွင့်အရေးတွေ ယူနေတဲ့ ချိတ်ထမိန်ဝတ် သိန်းစိန်နဲ့ လူစိမ်းတသိုက်ဟာ ဒီမိုကရေစီ သူရဲကောင်းတွေ မဟုတ်ဘဲ .. အာဏာရူးဖွတ်တွေ ဖြစ်တယ် ဆိုတာကို အပြီးသတ် ပြနိုင်လိုက်တယ်။


(၄) ပညာရေး ဥပဒေဟာ ပြင်ကို ပြင်ရမယ် ဆိုတာကိုလည်း ပြည်သူတွေ အားလုံး အာရုံစိုက်လာအောင် လုပ်ပြနိုင်ခဲ့တယ်။


(၅) လက်ရှိ အစိုးရဟာ ပြည်သူ့အကျိုးထက် ကိုယ်ကျိုးကြည့် အစိုးရ ဖြစ်တယ် ဆိုတာ ပြသနိုင်ခဲ့တယ်။


(၆) ၂၀၁၅ ရွေးကောက်ပွဲအတွက် အတိုက်အခံ ပါတီတွေအတွက် မဲဆွယ်ပေးနိုင်ခဲ့တယ်။


(၇) ၂၀၁၅ ရွေးကောက်ပွဲ အတွက် ... ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းတွေနဲ့ အတိုက်အခံတွေကို နှစ်ရှည်လများ စနစ်တကျ အစီအစဉ်ချပြီး သိက္ခာချခဲ့တဲ့ ပရောဂျက်ကြီး တစ်ခုလုံး ကျောင်းသားတွေရဲ့ ၂ လတာ လုပ်ဆောင်မှု အောက်မှာ နစ်မြုပ်သွားခဲ့တယ်။


(၈) ကျောင်းသား သမဂ္ဂကို နှစ်ပေါင်များစွာ ဖျက်စီးခဲ့ပေမယ့် ကျောင်းသား ရှိရင် ကျောင်းသား သမဂ္ဂရှိတယ်။ လိုအပ်ရင် ကျောင်းသားတွေက ညီညီညွတ်ညွတ်နဲ့ နိုင်ငံရေးမှာ ပါဝင်တယ်ဆိုတဲ့ သမိုင်းကို သက်သေထပ်ပြနိုင်ခဲ့တယ်။


(၉) .နိုင်ငံတကာမျက်နှာစာမှာ သိန်းစိန်ရဲ့ ဟန်ဆောင်ထားတဲ့ သရုပ်မှန်ကို အပြည့်အဝ ပျက်စီးစေခဲ့တယ်။


(၁၀) နိုင်ငံရေး အခင်းအကျဉ်း တစ်ခုလုံးမှာ စစ်တပ်က ကောင်တွေက ဒီမိုကရေစီ လိုလားလို့ ဦးဆောင် လုပ်နေသယောင် ထင်ယောင်မှား ဖြစ်နေခဲ့တာကို ...မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့တယ်။


ဒီ (၁၀) ချက်ဟာ ... “ကျောင်းသားတွေ နိုင်တယ်“ ... ဆိုတဲ့ ၁၀ ချက်ပါပဲ။


ပညာရေး စနစ် ပြုပြင်ဖို့ ဆိုတာ နိုင်ငံရေး ဖြစ်စဉ်ထဲကနေ မွေးဖွားလာတဲ့ ဖြစ်ရပ်တစ်ခု။ .နိုင်ငံရေးဖြစ်စဉ် ဆိုတာက အဲဒီလို ဖြစ်ရပ်လေးတွေ စုပေါင်းထားတာ မဟုတ်ပါလား။


(ကိုထိုက်)
.
Credit : Thant Htike
.


13 Mar 2015

The Irrawaddy Weekly Journal - Vol 2, No 11



The Irrawaddy Weekly Journal - Vol 2, No 11 ကို download လုပ်ပြီး ဖတ်ရှုနိုင်ပါပြီ။
 
 



http://burma.irrawaddy.org
 

9 Mar 2015

ရယ်ပြသော ရုပ်ပွားတော်



ခုရက်ထဲ လိုင်းပေါ်မှာ မျက်လုံးတော် တစ်ဖက်မှိတ်တဲပုံတော်တွေ စကားပြောတဲ့ ဗွီဒီယို ဖိုင်တွေ ရယ်တော်မူတဲ့ ပုံတွေ တက်တက်လာတာတွေတွေ့နေရတယ်
ပြုံးတော်မူတာတောင် အကြောင်းရှိမှ ပြုံးတော်မူတဲ့ အတုမရှိဗုဒ္ဓမြတ်စွာကို မဖွယ်မရာ အကြည်ညိုပျက်စရာတွေ လုပ်တာကို မြင်ရတာဟာ ဘာသာသာသနာအတွက် ဝမ်းလည်းနည်းမိပါတယ်..


ဗုဒ္ဓဘာသာ အများစုဟာ ကြည်ညိုလွန်းတဲ့ သဒ္ဓါတရားတွေ အရမ်းများပြီးတော့ အကောင်းအဆိုးအကြောင်းအကျိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားတတ်တဲ့ ပညာဥာဏ်ကြ အရမ်းနည်းကြပါတယ်။


ဒီဥာဏ်နည်းတဲ့အတွက် သူများလိမ်တိုင်းပတ်တိုင်း ခံနေရခြင်းဖြစ်ပါတယ်။
အာ့ကြောင့် ဒီအကြောင်းနဲ့ ပတ်သက်ပြီး သိစေချင်တဲ့အတွက်မေတ္တာရှင်ဆရာတော်ရဲ့ ထေရဝါဒမှတ်ကျောက်စာအုပ်မှ ကောက်နုတ်တင်ပြချက်များကို မျှဝေပေးလိုက်ပါတယ်။
ဆုံးအောင်ဖတ်ပေးစေချင်ပါတယ်။


ရယ်ပြသော ရုပ်ပွားတော်
•••••••••••••••••••••••

၁၉၉၈ ခုနှစ်ခန့်က အမေငြိမ်းအမည်ရှိသော သားဖွားဆရာမကြီးတစ်ဦးသည် အသိမိတ်ဆွေတစ်အိမ်တွင် ရယ်လည်းရယ် မျက်စိလည်းဖွင့်ပြသော ရုပ်ပွားတစ်ဆူ ပင့်ထားသည်။
ယင်းရုပ်ပွားတော်အား ဆရာတော်ဖူးမျှော်ရန်လိုက်ခဲ့ပါဟု ပင့်သဖြင့် ဗဟုသုတရအောင် လိုက်သွားခဲ့၏
ပင့်ထားသောအိမ်က သူဌေးအိမ်ဖြစ်၏။ ဘုရားပုံတော်ကို ကြည့်လိုက်သောအခါ ဒက္ခိဏာသာခါပုံပင်ဖြစ်နေ၏။ 


ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ဖြင့် စီချယ်ထားလိုက်သည်မှာလည်း ဘုရားပုံတော်ပင် ပျောက်လုမခန်း ဖြစ်နေ၏။ ပင့်သူများကလည်း ထိုသို့အဖိုးတန်ပစ္စည်းများပါမှ ဂုဏ်ယူဝင့်ကြွားစွာ သူ့ထက်ငါ ပင့်ကြ၏။


ထိုသို့လူပင့်များသော ရုပ်ပွားမှန်သမျှတွင် ရတနာများ ညွတ်နေအောင် ဆင်ထားခြင်းဖြစ်၏။ အမြင်ရအဆိုးဆုံးကား ဗုဒ္ဓရုပ်ပွားတော်ကို ဆွဲကြိုးများ ထပ်နေအောင် ဆွဲထားခြင်းပင်ဖြစ်၏။ ရွှေ ငွေ ကျောက် သံ ပတ္တမြားတို့ကို ဘုရားရှင်ကိုယ်တော်တိုင်ပင် မသုံးဆွဲသလို တပည့်ရဟန်းများကိုလည်း မသုံးဆွဲရပါ။


ထိုသို့ ရွှေ ငွေ ကိုပယ်ထားသော ဗုဒ္ဓရုပ်ပွားတော်အား ရွှေ ငွေ များ ညွတ်နေအောင် ဆင်ခြင်းသည် မည်သို့မျှ မသင့်တော်ပေ။


ယခုကဲ့သို့ သိပါလျှက် ရတနာများကို ဆက်လက်ဆင်မြန်းနေမည် ဆိုလျှင် ဗုဒ္ဓဂရုက - ဘုရားကို အလေးထားခြင်း မဟုတ်တော့။ လာဘဂရုက - လာဘ်လာဘကို အလေးထားခြင်းသာ ဖြစ်၏။
ဗုဒ္ဓဂရုကသည် ဘုရားကို ကြည်ညိုသော သဒ္ဓါဓာတ် (ကုသိုလ်တရား) သာဖြစ်သည်။
လာဘဂရုကကား လာဘ်ကိုလိုချင်သော လောဘဓာတ်(အကုသိုလ်တရား)သာဖြစ်သည်။
ရုပ်ပွားပိုင်ရှင်များသည် လောဘစသော ကိလေသာကင်းသော ဘုရားကို အကြောင်းပြုပြီး မိမိကိုယ်တိုင် လောဘကင်းအောင် ကြိုးစားသင့်သည်။ လောဘပွားအောင်ကား မပြုလုပ်သင့်။
စာရေးသူတို့သည် ရုပ်ပွားတော်ကို သုံးနာရီကြာအောင် ထိုင်ဖူးသော်လည်း ရုပ်ပွားကရယ်လည်းမရယ် ပြုံးလည်းမပြုံးပြပေ။ ထို့ကြောင့် ရုပ်ပွားတော်နှင့် အတူပါလာသော ဥပါသကာကို မေးရ၏။


" ဒကာကြီးတို့ ရုပ်ပွားတော်က ဘာမှလည်းလုပ်မပြပါလား "
" ဒီလိုရယ်တာ မျက်စိဖွင့်တာ ပိတ်တာက အိမ်တိုင်းမှာတော့ မဖြစ်ဘူး ဘုရား တချို့အိမ်မှာပဲ ဖြစ်တာပါ ဘုရား "
ဒကာကြီးရေ ဦးပဉ္ဇင်းတို့ ကြားဖူးတာက --
သံဃာညွှန်ညစ် ကျွနစ်ဟိန္ဒဂူ
သားချစ်ရာဟု မျှော်ရှုပုံတူ
ကြည်းကုန်းထက်သို့ ဆွဲလျှက်တင်သူ
ကျွန့်ထိပ်ဦး ကွန့်မြူးစံတော်မူ……တဲ့။
" ဘုရားရှင်ဟာ ဝေနေယျ သတ္တဝါဟူသမျှကို ရင်သွေးရာဟုလာကဲ့သို့ တစ်တန်းတစားတည်း မေတ္တာထားတော်မူတာပါ ဗုဒ္ဓကို သုံးကြိမ်တိုင်တိုင်သေကြောင်းကြံခဲ့တဲ့ ဒေဝဒတ်အပေါ်မှာတောင် မေတ္တာပျက်တော် မမူပါဘူး။


ဒီလိုစိတ်ထားမျှတတော်မူတဲ့ ဘုရားရှင်က ဟိုအိမ်ကျတော့ မျက်လုံးဖွင့်ပြ ဒီအိမ်ကျတော့ ဖွင့်မပြဆိုရင်မျက်နှာလိုက်သလို ဖြစ်မနေဘူးလား။ "

စကားအဆုံးတွင် ထိုသူသည် စာရေးသူကို မကြည်သော အကြည့်ဖြင့် လှမ်းကြည့်နေ၏။စာရေးသူက မမြင်ဟန်ဆောင်ပြီး သည်းခံနေလိုက်၏။

ထိုသူသည် ချိုကြည့်ကြည့်ပြီးသည်နှင် အပြင်ကို ချက်ချင်းထွက်သွား၏။ ခဏကြာလျှင် ဗီဒီယိုအခွေကိုင်ပြီး ပြန်ရောက်လာ၏။ ရင်ကော့ကာ စစ်အောင်နိုင်သူ၏ လေသံမျိုးဖြင့် ……
" ရယ်ပြတာ မျက်စိမှိတ်ပြတာတွေကို ဗီဒီယိုရိုက်ထားတာ ရှိပါတယ် အရင်ပင့်တဲ့အိမ်က ကြည့်မပြီးသေးဘူးဆိုလို့ ချက်ချင်းယူမလာတာပါ အခုယူလာခဲ့ပြီ ကြည့်ပါ "
ဟု ဆိုပြီး အခွေကို ထည့်လိုက်၏ ခဏကြာလျှင် ထူးမခြားနားသီချင်းသံဖြင့် ဘုရားဘွဲ့တော် အပူဇော်ခံရာမြို့ ရပ်ကွက် အိမ် နံပါတ်နှင့်အတူ ရယ်နေသော ဘုရားပုံတော် ပေါ်လာ၏။
ဗုဒ္ဓရှင်တော်မြတ်သည် ပြုံးရုံသာ ပြုံးတော်မူလေ့ရှိ၏။ အော်ဟစ်ရယ်မောခြင်း မျက်ရည်ထွက်အောင်ရယ်ခြင်း ရှေထိုးနောက်လန် ရယ်ခြင်း ဟူသော လူညံ့ရယ်ခြင်းမျိုးကို မည်သည့်အခါမျှ ရယ်တော်မမူပေ။ 


ဗုဒ္ဓ၏ အာဝေဏိကဂုဏ်တော်(၁၀)ပါးတွင် နတ္ထိရဝါ-မြူးထူးရယ်မောခြင်း မရှိ ဟူ၍ ပြဆိုထားသည်။
ယခုရယ်နေသော ရုပ်ပွားတော်၏ ပါးစပ်သည်ကား ဦးတည်ဘွားပါးစပ်ထက်ပင် ကျယ်ဦးမည်ထင်၏။ သွားကြီးများပင် ပေါ်နေသည်ကို တွေ့ရ၏။ ဗီဒီယိုကို လှည့်စားပြီး ရိုက်ထားခြင်းသာ ဖြစ်သည်။ လိမ်သောသူသည် မပိမယိဖြစ်နေတော့သည်။ 

မြတ်စွာဘုရား ပြုံးရုံသာ ပြုံးသည် ဆိုသည်ကို သူတို့တစ်တွေ မကြားဖူးသောကြောင့် ပါးစပ်ပြဲပြီး ရယ်သောပုံကို ရိုက်ပြထားခြင်း ဖြစ်၏။

မိနစ်အတော်ကြာသောအခါ မျက်စိဖွင့်သောပုံ ပေါ်လာပြန်သည်။ တကယ်ဆိုရင် ဣနြေ္ဒရရဖြစ်အောင် နှစ်ဖက်စလုံးဖွင့်သောပုံ ဖြစ်သင့်၏။
ယခုက ဘုရားပုံဖြစ်လျှက် မျက်လုံးတစ်ဖက်သာ ဖွင့်ထားပြီး တစ်ဖက်က မှိတ်လျှက်သာ ဖြစ်၏။
မျက်လုံးတစ်ဖက်မှိတ်ရသော အလုပ်မှာ မည်သူကမည်သူ့ကို လုပ်ပြခြင်းဖြစ်ကြောင်း အရွယ်ရောက်သူတိုင်း သိနိုင်၏။

မျက်စိတစ်ဖက် ဖွင့်ပြသောပုံကို ရိုက်ပြလိုက်လျှင် မျက်စိတစ်ဖက်မှိတ်ပြသော ကလေကလားဆန်သော ပုံဖြစ်သွားမည်ကို မုသာဝါဒီ ဗီဒီယိုဆရာ ဓါတ်ပုံဆရာတို့ သတိထားမိဟန် မတူပေ။
ကျွန်ုပ်တို့ ကျောင်းသို့ပြန်ရောက်သောအခါ ပင့်သွားသူ အမေ့ငြိမ်းက
" ဆရာတော် အံသြစရာ မကောင်းဘူးလားဘုရား "
" အံ့သြစရာမကောင်းပါဘူး စိတ်ပျက်ဖို့ပဲ ကောင်းပါတယ် "
" ဘာဖြစ်လို့လဲ ဘုရား"
" ဒကာမကြီး စဉ်းစားကြည့်ပေါ့ တကယ်အစစ်အမှန်ဆိုရင် ဦးပဉ္ဇင်းတို့ ရှေ့မှာတင် ရယ်ပြ မျက်လုံးဖွင့်ပြရမှာပေါ့ အခုတော့ လုပ်ကြံပြီး ရိုက်ထားတဲ့ ဗီဒီယိုဘဲ ပြတယ် ဒီကတည်းက လိမ်နေတယ်ဆိုတာ အထင်အရှားပဲ ဒီလိုလိမ်တာကလည်း အလွယ်လေးပါ ရုပ်ပွားခေါင်းတော်ကို အရှင် သုံးမျိုး လုပ်ထားရတယ်
တမျိုးက ရိုးရိုးခေါင်း တစ်မျိုးက ရယ်နေတဲ့ခေါင်း နောက်တစ်မျိုးက မျက်လုံးတစ်ဖက်ဖွင့်လိုက် ပိတ်လိုက်လုပ်တဲ့ခေါင်းပေါ့ "

" ဒါဆိုလည်း ဆရာတော် အိမ်ရှင်တွေကို လိမ်နေတာ ဖြစ်ကြောင်း တစ်ခါတည်း ရှင်းပြခဲ့ရောပေါ့ "
" လိမ်စားနေတဲ့သူဟာ အကုသိုလ်ဖြစ်တာပါ အလိမ်ခံရတဲ့သူတွေကတော့ သဒ္ဓါဓာတ်တွေ နိုးကြားတက်ကြွနေကြတော့ ကုသိုလ်တွေ ဖြစ်နေတာပေါ့ သူတို့ရဲ့ ဖြစ်ပွားနေတဲ့ ကုသိုလ်လေးတွေ ချက်ချင်းပျက်သွားမှာစိုးလို့ မပြောခဲ့သေးတာပါ နောက်တော့ ဒီအကြောင်းကို ဆောင်းပါးရေးဦးမှာပါ နောက်တဖြည်းဖြည်းမှ ဒကာမကြီးကိုယ်တိုင်ကလည်း ရှင်ပြလိုက်အုန်းပေါ့ "


*မေတ္တာရှင် ရွှေပြည်သာ*


 May Myanmar

လက်ပတ်အနီဝတ်အရပ်သားအချို့ ပြည်သူကို တောင်းပန်လိုဟုဆို

မတ်လ ၅ ရက် ညနေက ငြိမ်းချမ်းစွာဆန္ဒပြနေသော ကျောင်းသားနှင့်ပြည်သူများကို တာဝန်နှင့်စည်းကမ်းဟု လက်ပတ်အနီဝတ်ထားသည့် အရပ်သားများနှင့် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေစဉ် (ဓာတ်ပုံ − ခင်မောင်ဝင်း/အေပီ)
 

ဆူးလေစေတီအနီးတွင် မတ်လ ၅ ရက်က ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများ နှင့်   ပြည်သူအချို့ကို အဓိကဖြိုခွင်းခဲ့သည့် လက်ပတ်အနီဝတ်အရပ်သားများ၌ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ အမျိုးသားအချို့ ပါဝင်နေပြီး ၎င်းတို့ထဲမှ အချို့မှာ ဖြစ်စဉ်ကို ဂဃနဏမသိဘဲ လိုက်ပါခဲ့ရကာ ကျောင်းသားများကို ရိုက်မိသည့်အတွက် ပြန်လည် တောင်းပန်လိုကြောင်း မိသားစုဝင်အချို့က 7Day Dailyအား ပြောသည်။

လူမှုကွန်ရက်နှင့် မီဒီယာများတွင် ပျံ့နှံ့နေသော အကြမ်းဖက် ဖမ်းဆီးမှု၌ ထင်ရှားစွာပါဝင်နေ သူအများစုမှာ ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ ရပ်ကွက်အချို့ တွင် နေထိုင်သူများဖြစ်သည်ဟု ၎င်းတို့ကိုသိသော ဒေသခံများက အတည်ပြုခဲ့ကြသည်။ ထိုသို့လူ တစ်စုပါဝင်ပတ်သက်ခဲ့ခြင်း ကြောင့် ပြည်သူအများ၏ မုန်းတီး မှုကို ကျန်ဒေသခံများက ရောနှောခံစားနေရသည်ဟု ၎င်းတို့က ဆို သည်။


‘‘အဲဒီလို လက်တစ်ဆုပ်စာ လူတစ်စုကြောင့် ကြည့်မြင်တိုင် တစ်ဖက်ကမ်းကပါ ပြောတာနဲ့ ရန်ကုန်မြို့နေ လူထုက ချဉ်နေကြပြီ။  လူဆိုးလူမိုက်တွေလို့မြင်ပြီး ပေါင်းသင်းဆက်ဆံမှုမလုပ်ချင်ကြတော့ဘူး’’ဟု စက်ကလေး ကျေးရွာနေ ဇောတိက နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးအောင်မင်းကပြောသည်။
မတ်လ ၅ ရက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးလျှင် လူ ၁၅ ဦး ခေါ်ယူခိုင်းခဲ့ကြောင်း ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ရာအိမ်မှူးတစ်ဦးကပြောသည်။ 


ကြည့်မင်တိုင်တစ်ဖက်ကမ်းတွင် နေထိုင်သူအချို့အား မြို့နယ်တာဝန်ရှိသူများက အဆက်ဆက်အားကိုးခဲ့ရကြောင်းနှင့် ယခုတာဝန်လက်ပတ်များကို ၀တ်ဆင်ခိုင်းသည်မှာ နှစ်ကြိမ်ရှိပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။
ခေါ်ဆောင်ခံခဲ့ရသူအချို့မှာ  အုပ်ချုပ်ရေးမှူးများက အခြားကိစ္စများ အကြောင်းပြခေါ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအတွင်းရောက်မှသာ ထိုအလုပ်ကို လုပ်ခိုင်းခြင်းဖြစ်ကြောင်း ကိုယ်တိုင် လိုက်ပါခဲ့သူတစ်ဦးကပြောသည်။
7 Day က အကြမ်းဖက်ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ ၁၀ ဦးကျော်၏ နေရပ်လိပ်စာကိုသိခဲ့ပြီး ငါးဦး၏ အမည်နှင့် နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တို့ကို ရရှိထားသည်။


‘‘အမှန်တကယ် ဒါလုပ်ရမယ်လို့ မသိခဲ့ဘူး။ ဟိုရောက်တော့မှ မြို့တော်ခန်းမထဲပိတ်ထားပြီး လူအုပ်ထဲကို အတင်း ထိုးထည့်လိုက်တာ။ အဲဒီအတွက်  ငွေကြေးတစ်စုံတစ်ရာ မရခဲ့ပါဘူး’’ဟု လက်ပတ်အနီဝတ် အမျိုးသားတစ်ဦးက မတ်လ ၇ ရက်တွင် ပြောသည်။


၎င်းအမျိုးသားမှာ လူသိရှင်ကြား ပြန်လည်တောင်းပန်လိုကြောင်း၊ ၎င်းအနေဖြင့် ကျောင်းသားများကို ယခုလိုရိုက်နှက်ရန် မစဉ်းစားခဲ့ကြောင်းနှင့် မိမိတို့ ပတ်ဝန်းကျင်ကလည်း မိမိတို့ကို ၀ိုင်းဝန်းအပြစ်တင်နေကြောင်း ၎င်း၏ ဇနီးက 7DAY Daily အား ပြောသည်။


‘‘ကျွန်မဗိုက်ထဲက မွေးလာမယ့် ကလေးတွေအတွက် အခုလို သူ့အဖေကို နာမည်ဆိုးမဖြစ်စေချင်ဘူး။ အမှန်တကယ် ဒီလိုလုပ်ဖို့လည်း ကျွန်မယောက်ျားမှာ ဆန္ဒလည်းမရှိဘူး။ နှစ်ဖက်အသိုင်းအ၀ိုင်းကလည်း ဒီလိုကိစ္စကို လက်မခံဘူး’’ဟု လက်ပတ်အနီဝတ်အရပ်သားများတွင် ပါဝင်ခဲ့သူတစ်ဦး၏ ဇနီးကဆိုသည်။
ထို့ကြောင့် အဆိုပါအမျိုးသားအပါအ၀င် အနီရောင်လက်ပတ်ဝတ်အရပ်သားများတွင် ပါဝင်သူနှစ်ဦးအား 7DAY က  မတ်လ ၈ ရက်တွင် သီးသန့် ထပ်မံ တွေ့ဆုံမေးမြန်းရန်သွားရောက်ရာ တွေ့ခွင့်မရတော့ပေ။‘‘မီးဘေးတုန်းက သွားလှူခဲ့တဲ့နေရာက သူတွေက ဒီကိစ္စမှာ ပါလာတယ်ဆိုတော့ လှူရတာ အဆိပ်ပင်ရေလောင်းသလိုဖြစ်တယ်ဆိုပြီး ကျောင်းသားတွေ ပြောတာကြားရတော့ စိတ်မကောင်းဘူး။ လူနည်းစုပဲဆိုတာ သူတို့တွေသိစေချင်တယ်’’ဟု လူအနည်းစု ပါဝင်ခဲ့ခြင်းကြောင့် ရပ်ကွက်ရှိ ပြည်သူအများစုအပေါ် အထင်သေးခံနေရခြင်းနှင့် ပတ်သက်၍ စက်ကလေးကျေးရွာမှ ကိုတင်ထွန်းအောင်ကပြောသည်။


လက်ပတ်အနီဝတ် တာဝန်အတွက် သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် နီးစပ်သူများကို ခေါ်ခဲ့ကြောင်း ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ထိုအမျိုးသားကဲ့သို့ပင် အရပ်သားအချို့မှာလည်း အုပ်ချုပ်ရေးမှူးက အတင်းအဓမ္မခေါ်ယူခြင်းနှင့် လိမ်ညာခေါ်ယူမှုများ ရှိခဲ့သည်။ ထိုသို့ မလိမ့်တစ်ပတ် ခေါ်ယူခြင်းသည် လူကုန်ကူးမှု မြောက်ကြောင်းနှင့် လူကုန်ကူးမှု ဥပဒေဖြင့် ပြန်လည်တရားစွဲဆိုနိုင်ပြီး ခေါ်ယူသည့် အုပ်ချုပ်ရေးမှူးသာ တာဝန်ယူရမည်ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောသည်။


လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည့် ဓာတ်ပုံမှ လူများကို နိုင်ငံတော်အစိုးရက အသိအမှတ်မပြု သလို လက်ရှိအာဏာရပါတီမှလည်း တာဝန်မခံကြောင်း၊  ယင်းတို့ကို ရှေ့နေများ ကွန်ရက်မှ ကာယိနြေ္ဒပျက်ပြားစေမှု၊ နာကျင်စေမှုများဖြင့် တရားစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
‘‘တရားဥပဒေစိုးမိုးဖို့ ဥပဒေ လိုက်နာအောင် လုပ်တဲ့သူတွေမှာ တာဝန်ရှိတယ်။ ဘယ်ကမှန်းမသိတဲ့ လက်ပတ်နီကို လက်မခံဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး’’ဟု ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးကပြောသည်။


ရန်ကုန်မြို့တော်ခန်းမကဲ့သို့ နေရာမျိုးတွင် ရမ်းကားပြီး ဥပဒေမဲ့လုပ်ရပ်ကို ပြည်ထောင်စု အစိုးရအနေဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရကသော်လည်းကောင်း တာဝန်ယူသင့်ကြောင်းနှင့် ဥပဒေနှင့်မညီကြောင်းကို သတ္တိရှိရှိဝန်ခံသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။


ပြည်သူကို မလိမ်ညာဘဲ ရိုးသားစွာ ဆက်ဆံသင့်ကြောင်းနှင့် အုပ်စုဖွဲ့ရမ်းကားမှုကို အစိုးရအနေဖြင့် တာဝန်မခံပါက အစိုးရအနေဖြင့် ရှေ့အလားအလာမကောင်းနိုင်ကြောင်း ၎င်းကဆိုသည်။
ရန်ကုန်မြို့နေ ပြည်သူများမှာ အဆိုပါကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ ဒေသခံများအပေါ် ယခင်ကာလများကပင် အထင်အမြင်သေးစွာ ခွဲခြားဆက်ဆံခံနေကြပြီး ကျောင်းသားဆန္ဒပြမှုများကို အကြမ်းဖက်ဖမ်းဆီးရာတွင် အဆိုပါဒေသခံအချို့ ပါဝင်ကြောင်း သတင်းများပျံ့နှံ့ခဲ့ပြီး နောက် ၎င်းတို့အပေါ် အထင်အမြင်သေးမှုများ ထပ်မံမြင့်တက်လာမည်ကို ဒေသခံများကစိုးရိမ်နေကြကြောင်း ပြည်သူအချို့က ပြောသည်။


သို့သော် လက်ပတ်အနီဝတ်သူများမှာ ငြိမ်းချမ်းရေးကို လိုလားသော ပြည်သူများနှင့် အထောက်အကူပြုအဖွဲ့များသာဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးမှူးက မတ်လ ၅ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဆိုခဲ့သည်။


http://7daydaily.com

22 Feb 2015

လေယာဉ်ပျက်ကျအန္တရာယ်မှ မိမိကိုယ်ကို ကာကွယ်စောင့်ရှောက်ရန် နည်းလမ်းကောင်းလေးများ



ကမ္ဘာတ၀ှမ်း နိုင်ငံတကာလေကြောင်းလိုင်းများဟာ တစ်နှစ်လျှင် လေယာဉ်စီးခရီးသွားဦးရေ ပျမ်းမျှသန်းပေါင်း ၂၅၀၀ ခန့် ကို တင်ဆောင် ၍ လိုရာခရီးသို့ ပျံသန်းပေးလျှက်ရှိပါတယ်။ အဲဒီလိုပျံသန်းရာမှာ စက်ချို့ ယွင်းခြင်း၊ ဆောင်းခိုဌက်ပြဿနာ၊ ရာသီဥတုဆိုးရွားမှု စတဲ့ သဘာဝဘေးအန္တရာယ်တို့ သာမက၊ ဘေးပယောဂကြောင့်လည်း လေယာဉ်ပျက်ကျမှု သတင်းတွေကို ကြားသိနေကြရပါ တယ်။ လေယာဉ်တစ်စီးဟာ မြေပြင်အထက် ပျမ်းမျှ ပေ ၃၃၀၀၀ ခန့် အမြင့်မှပျံသန်းရတာကြောင့်၊ အကယ်၍လေယာဉ်မှာ အ ရေးပေါ်အခြေအနေမျိုးကြုံတွေ့ လာရတဲ့အခါ “သေမလား” “ရှင်မလား” နှစ်မျိုးထဲကတစ်မျိုးကို အနှေးနဲ့ အမြန်ဆိုသလို ရင်ဆိုင် ရလေ့ရှိပါတယ်။
သို့ သော် အရမ်းကြီးမတုန်လှုပ်လိုက်ပါနဲ့ ။ 


သုတေသီများ၏ စမ်းစစ်မှုမှတ်တမ်းများအရ ဖော်ပြပါ လေယာဉ်ပျက် ကျမှုတွေ၏ ပျမ်းမျှ ၉၅ ရာခိုင်နှုန်းဟာ အသက်ရှင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ မည်သို့ ပင်ဆိုစေကာမူ၊ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်အတွက် မိမိကိုယ်ကိုစောင့်ရှောင်စေနိုင်ခြင်းအလို့ ဌာ ဆောင်ရန်/ရှောင်ရန်လေးများကို ဗဟုသုတတစ်ရပ်အနေဖြင့် လေ့လာသိရှိနိုင်ကြပါစေကြောင်း အောက်ပါအတိုင်း အကြံပြုရေးသားလိုက်ရပါတယ်။


(၁) ထိခိုက်ဒဏ်ရာလျော့ပါးစေဖို့ အတွက် ခန္ဓာကိုယ်တခုလုံးကို လြုံခုံဖုံးအုပ်ထားသော ဘောင်းဘီရှည်၊ အကျီလက်ရှည် တို့ ကို သာဝတ်ဆင်ပါ။ (ပုဆိုး၊ ထမီ တို့ က လုံခြုံမှုကိုမဖြစ်စေနိုင်ပါဘူး)


(၂) အပူလောင်လွယ်တဲ့ အလက်စတစ်သား၊ ဆွဲသား၊ နိုင်လွန်သား အ၀တ်အထည်တွေကိုမ၀တ်ပါနှင့်။ ချည်သား(သို့ )သိုးမွှေး ထည်မျိုးကိုသာ ၀တ်ဆင်ပါ။ (သိုးမွှေးထည်၏ဂုဏ်သတ္တိက ရေပေါ်တွင်ပေါလောပေါ်စေနိုင်တာကြောင့် ဖြစ်နိုင်ရင် သိုးမွှေးထည် ကို ဦးစားပေးရွေးချယ်ပါ)


(၃) အလွယ်တကူကျွတ်ထွက်နိုင်သော ခြေညှပ်ဖိနပ်တွေကို မစီးပါနှင့်။ အမျိုးသားများက ရှုးဖိနပ်၊ အမျိုးသမီးများက ကြိုးသိုင်းဖိ နပ်ကိုသာစီးပါ။ ဖိနပ်တွေကို ဒေါက်အမြင့်ကြီးတွေမစီးဘဲ၊ သက်တောင့်သက်သာဖြစ်စေမယ့် ဖိနပ်မျိုးကိုသာရွေးချယ်ပါ။ (လောင် စာဆီမှာချော်ကျ၍ အရည်ပျော်စေနိုင်သော သားရေစိမ်းဖိနပ်မျိုးကိုရှောင်ပါ)


(၄) လေယာဉ်လက်မှတ် ဘိုကင်ယူတဲ့အခါမှာ ပြူတင်းပေါက်နံဘေး(သို့ )exit ထွက်ပေါက်ဘေး(သို့ )aisle(ခေါ်)အရှေ့ ဘက် လူ သွားစင်္ကြဘေးမှ ခုံတွေကိုဦးစားပေးမှာယူပါ။ ဖြစ်နိုင်ရင် လေယာဉ်၏အနောက်ဘက်အပိုင်းမှ နေရာယူပါ။ (လေ့လာမှုမှတ်တမ်း များအရ လေယာဉ်အမြီးပိုင်းနေရာမှာထိုင်သော ခရီးသည်တွေဟာ အသက်ရှင်နိုင်ခြေ အခွင့်အလမ်း ၄၀ ရာခိုင်နှုန်းပိုပါတယ်တဲ့)


(၅) လေယာဉ်ပေါ်ရောက်တဲ့အခါ၊ safety information card(ခေါ်)အရေးပေါ်အခြေအနေ သတင်းအချက်အလက်များအ ကြောင်း ဝေဌထားသောကဒ်ပြားကို သေသေချာချာဖတ်ရှုပါ
(သို့ မဟုတ်)လေယာဉ်မယ်မှ ရှင်းပြသောသတင်းအချက်အလက် တွေကိုစူးစိုက်နားထောင်ပါ။
(လေယာဉ်စီးနေကျဖြစ်သူမို့  မိမိအတွက်မထူးဆန်းပါဘူးလို့ မထင်လိုက်ပါနဲ့ ။ အမျိုးအစားမတူညီ တဲ့ လေယာဉ်တွေမှာ ကွဲပြားခြားနားတဲ့ အကြောင်းအရာတွေ ရှိတတ်ပါတယ်)


(၆) အကယ်၍ သင်ဟာ ၀င်ထွက်ပေါက် အနီးထိုင်ရပါက တံခါး၏အရေးပေါ်ဖွင့်နည်းကို လေ့လာထားပါဦး။ အကယ်၍ သင်ဟာ ၀င်ပေါက်ထွက်ပေါက်နဲ့ ဝေးတဲ့ခုံမှာနေရာရပါက၊ ထိုထွက်ပေါက် နှင့် သင့်ထိုင်ခုံကြားအကွာအဝေး ခုံတန်းအရေအတွက်ကို အမှတ်စဉ်ရေတွက်ထားပါ။ (လေယာဉ်မှာ တစုံတရာအန္တရာယ်ဖြစ်တဲ့အခါ၊ လေယာဉ်၏ဆင်းသက်မှုလားရာကို ကြိုမသိနိုင်တဲ့ အတွက်၊ အသက်ကယ် jacket အကျီရနိုင်တဲ့နေရာကို ကြိုတင်လေ့လာ မှတ်သားထားပါ)


(ရ) ထိုင်ခုံခါးပတ်ကို ပတ်တဲ့အခါ၊ ခါးပတ်ခေါင်းကို သေသေချာချာအံဝင်ဂွင်ကျဖြစ်အောင် ပတ်ထားပေးပါ။ ပြီးရင် ခါးပတ်ခေါင်း ကို အစာအိမ်နေရာမှာမထားဘဲ အောက်ဖက်သို့ နည်းနည်းလျော့ထားပါ။
(ဤနည်းက အကယ်၍ သင်နှစ်နှစ်ခြိုခြိုက်အိပ်ပျော် နေစဉ်မှာ လေယာဉ်တစ်စုံတစ်ရာဖြစ်ပါက ခါးပတ်ခေါင်းကြောင့် အစာအိမ် နဲ့ ဝမ်းဗိုက်ကို ထိခိုက်နာကျင်မှုမဖြစ်စေတော့ပါဘူး)


(၈) သင့်ထိုင်ခုံဟာ သင့်အရှေ့ ကခုံနဲ့ တော်တော်လေးနီးကပ်နေတယ်ဆိုပါစို့ ။ ဦးစွာ ရှေ့ ခုံ၏နောက်မှီပေါ်သို့  လက်ဖ၀ါးတစ် ဖက်ကို မှောက်တင်ပါ။ ပြီးရင် ထိုလက်ဖက်ဝါးပေါ်သို့  ကျန်လက်တစ်ဖက်ကို မှောက်တင်ပါ။ လက်ဖိုးပေါ်မှာ နဖူးကိုတင်းတင်း ဖိ ကပ်၍ခေါင်းငုံ့ ထားပါ။(ဤနည်းက လေယာဉ်အောက်သို့ ပျက်ကျတဲ့အခါ ဦးခေါင်း၊ မျက်နှာ၊ လည်ပင်းတို့ ကို မထိခိုက်စေပါဘူး)


(၉) သင့်ထိုင်ခုံဟာ သင့်အရှေ့ ခုံနဲ့ ဝေးနေတယ်ဆိုပါစို့ ။ ခြေဖ၀ါးနှစ်ဖက်ကို ပြားပြားဖိကာ၊ အရှေ့ သို့ ကုန်း၍ ရင်ဘတ်ကို ပေါင် ပေါ်သို့ ဖိကပ်ထားပါ။ ပြီးရင် ဒူးခေါင်းနှစ်လုံးကြားမှာခေါင်းကိုငုံ့ ၍ လက်နှစ်ဖက်က ခြေသလုံးကိုဖက်ထားပါ။
(ဤနည်းက လေ ယာဉ်အောက်သို့ ပျက်ကျတဲ့အခါ ခြေဖ၀ါး၊ ခြေထောက်၊ ခြေသလုံးရိုးတွေကို မထိခိုက်စေပါဘူး)


(၁၀) အရမ်းကြီးမတုန်လှုပ်ပါနဲ့ ။ ကြိုးစား၍ စိတ်ကိုငြိမ်ငြိမ်ထားပါ။ လေယာဉ်ပျက်ကျသော်လဲ အသက်ရှင်ကျန်ရစ်တဲ့ သာဓက တွေရှိတာမို့  သင့်အတွက် အခွင့်အရေးရှိနိုင်ပါတယ်။ မိမိယုံကြည်ကိုးကွယ်ရာဘာသာကို ပူဇော်၍ ဘုရားစာကိုရွတ်ရင်း စိတ် တည်ငြိမ်မှု ကိုဖန်တီးပါ။ ခေါင်းအေးအေးထား၍ လက်ရှိနေရာမှ လွတ်ရာလွတ်ကြောင်းကို တွေးတောကြံဆပါ။


(၁၁) အသက်ရှုမ၀သလို ခံစားရပါက Oxygen Mask ကို နှာခေါင်းနဲ့ ပါးစပ်မှာတပ်၍ ၁၅ စက္ကန့် လောက်ရှုရှိုက်ပေးပါ။ ကလေး ငယ်(သို့ )သက်ကြီးရွယ်အိုများ(သို့ )အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါရှိသူ(သို့ )စီးကရက်စွဲသူများကတော့ Oxygen Mask ကို ခပ်ကြာကြာတပ်ထားသင့်ပါတယ်။


(၁၂) လေယာဉ်ထဲရှိ မီးခိုးငွေ့ များဟာ အဆိပ်အတောက်ဖြစ်စေပြီး အသက်ရှုလမ်းကြောင်းကို ဒုက္ခဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အ၀တ်ဖြင့် နှာခေါင်း နဲ့ ပါးစပ်ပေါ်ကိုအုပ်ထားပေးပါ။ (ထိုအ၀တ်စကိုရေဆွတ်၍ အသုံးပြုနိုင်ရင် ပိုကောင်းဧ။်)


(၁၃) လေယာဉ်တစ်ခုလုံး မီးခိုးတွေအလုံးလိုက်ထွက်လာပြီဆိုပါစို့ ။ 
 ဤအခြေအနေတွင် လေယာဉ်ထဲမှာ နှစ်မိနစ်ထက်ပို၍မနေ သင့်တော့ပါဘူး။ လေယာဉ်မောင်မယ်များ ညွှန်ကြားချက်အတိုင်းလိုက်နာ၍၊ တခြားခရီးသည်များနှင့်အတူတကွ ပူးပေါင်းဆောင် ရွက်ပါ။

 
(၁၄) အရေးပေါ်ဖြစ်နေတဲ့အချိန်မှာ လက်ဆွဲအိတ်နှင့်တကွ ပစ္စည်းဥစ္စာတွေကို သံယောဇဉ်မတွယ်နေပါနဲ့ ။ လူ့ အသက်ထက် ဘယ်အရာမျှ တန်ဖိုးမရှိပါဘူး။ ထိုလက်ဆွဲအိတ်က သင့်ရဲ့ ပြေးပေါက်ကို အဟန့် အတားဖြစ်စေနိုင်ပါတယ်။


(၁၅) သင်ရွေးချယ်တဲ့ ထွက်ပေါက်မှ ခုန်မချခင်၊ ဦးစွာ မှန်ပြူတင်းပေါက်မှအပြင်ဖက်သို့ လေ့လာကြည့်ရှုလိုက်ပါဦး။ ပြူတင်း ပေါက်အပြင်ဘက်မှ မီးခို(၀ါ)မီးတောက် မတွေ့ မှသာ ၄င်းထွက်ပေါက်ကို အသုံးပြုပါ။


(၁၆) လေယာဉ်အပျက်အစီးဟာ ပေါက်ကွဲတတ်ပါတယ်။ ဒါကြောင့် လေယာဉ်နဲ့  အနည်းဆုံး ခြေလှမ်း ၅၀၀ အကွာအဝေးမှာ နေပါ။ 


အကယ်၍ ရေထဲသို့ လေယာဉ်ပျက်ကျပါက၊ လေယာဉ်နဲ့  ဝေးနိုင်သမျှခပ်ဝေးဝေးဆီသို့ ရေကူးသွားပါ။
(မှတ်ချက်) အထက်ပါနည်းလမ်းများကို နံပါတ်စဉ်အတိုင်းပြုလုပ်သွားဖို့ မဆိုလိုပါ။ 


မိမိ ဖြစ်ပေါ်ကြုံတွေ့ ရတဲ့အခြေအနေပေါ်မူ တည်၍ အကျိုးရှိရှိအသုံးချနိုင်ပါစေ။


<<စာနာထောက်ထားစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်း မျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည် >>


(ဆောင်းပါးရှင်…ပေါက်ပေါက်..ရေးသားမျှဝေသည်)

============
Promise Pauk

17 Feb 2015

"အာလူး သာကူး နှာဗူး ဂန်ဒူး" က တိုက်ဆိုက်မှုရှိတဲ့သူကို ရည်ရွယ်ပါတယ်ဆိုတဲ့ သားစိုး


  မြန်မာသံစဉ်သီချင်းတွေ နတ်သီချင်းတွေကို Techno သံစဉ်တွေနဲ့ပေါင်းစပ် ဖန်တီးနေတဲ့ အဆိုတော် သားစိုးတယောက် အခု တခါမှာလည်း အဲ့လိုပေါင်းစပ်ထားတဲ့ တေးစီရီးတခွေ ထွက်ဖို့ ရှိပါတယ်တဲ့။

စီးရီးနာမည်ကတော့ အဆန်းပါပဲ။ “အာလူး သားကူး နှာဗူး ဂန်ဒူး” ပါတဲ့။

“အဲဒီသီချင်းက ဘယ်သူရယ်လို့ ရည်ရွယ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်ဘာသာတွေးမိပြီး ဒီအတိုင်းလေး ရေးလိုက်တာပါ။ ဘယ်သူကိုမှ ရည်ရွယ်ထားတာမဟုတ်လို့ တိုက်ဆိုင်မှုရှိသွားခဲ့ရင်လည်း အဲဒီသူကိုသာ ရည်ရွယ်ပါတယ်” လို့  အဆိုတော် သားစိုးက ဧရာဝတီကိုပြောပါတယ်။

ဒီတေးစီးရီးမှာ အလှူမင်္ဂလာ၊ ဗြော၊ နတ်ဒိုး၊ မီးဘေးရှောင် စတဲ့ တေးသီချင်းတွေကို ပြန်ပြီး Remix ပြုလုပ်ထားကာ Featuring အဆိုရှင်တွေအနေနဲ့ မေရှင်၊ ဘာဘူ၊ ဖြိုးကြီး၊ ချမ်းချမ်း၊ Lဆိုင်းဇီ၊ အိမ့်ချစ်၊ နဒီဝင့်နိုင်၊ ဇင်သူမိုး၊ ဆိုင်းညီရဲရင့်၊ ဗစ်တား၊ ရွာစားလေး ထက်အာကာနဲ့အဖွဲ့တို့က ပါဝင်ထားပါတယ်။

နောက်ပြီး ဘိုဘိုအင်တာတိန်းမန့်ကနေ တဆင့် ဖေဖော်ဝါရီလ ၁၈ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်ကာ အခွေဝယ်ယူအားပေးမယ့် ပရိသတ်တွေကို သားစိုးက အမေရိကန်ပြည်ထောင်စု New York မြို့မှာရှိတဲ့ OBG အဖွဲ့ရဲ့ အခွေကို လက်ဆောင်အဖြစ် ပြန်ပေးသွားမှာပါတဲ့။

ဒ့ါထက် ခေါင်းစဉ်ဖြစ်တဲ့ “အာလူး သာကူး နှာဗူး ဂန်ဒူး” တေးသီချင်းကိုတော့ အရင် သီအိုရီ အဖွဲ့ ကတည်းက  လက်တွဲညီခဲ့တဲ့ အဆိုတော် ဘာဘူနဲ့ အတူတူ ရေးစပ်ထားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

“အာလူး သာကူး နှာဗူး ဂန်ဒူး” တေးစီးရီးကို လုပ်ထားတာ လေးနှစ်ကျော်ကြာပြီဖြစ်ပေမယ့်လည်း အခွေထဲက စာသားတွေကို အခုခေတ်နဲ့အညီ Current ဖြစ်အောင်လို့လည်း ပြန်လည်ဖြည့်စွက် သီဆိုထားပါတယ်တဲ့။

အခွေထဲမှာ ပါဝင်တဲ့ တေးသီချင်း စာသားတွေနဲ့ ပတ်သတ်ပြီးတော့ အဆိုတော် သားစိုးက  “အခွေက အရင်ခေတ် ဆင်ဆာရှိတဲ့အချိန်ဆိုရင် ကျွန်တော့်အခွေ တစ်ခွေလုံး ဆင်ဆာထိနိုင်တယ်” လို့လည်း ပြောပါတယ်။

သင်္ကြန်နားနီးတိုင်း Remix အခွေတွေကို ဖြန့်ချိလေ့ရှိတတ်တဲ့ အဆိုတော်သားစိုးရဲ့ “အာလူး သာကူး နှာဗူး ဂန်ဒူး” ကရော ဒီနှစ် သင်္ကြန်ရဲ့မဏ္ဍပ်တိုင်းမှာ နေရာယူထားနိုင်မလားဆိုတာကတော့…..။

ယုမွန်ကျော် 
 
 
 http://blog.irrawaddy.org/2015/02/blog-post_17.html

IS တို့ကိုတိုက်ခိုက်ရန် ဘာရိန်းစစ်လေယာဉ်များကို ဂျော်ဒန်သို့ပို့



ဒူဘိုင်း၊ ဖေဖော်ဝါရီ ၁၆

ဘာရိန်းနိုင်ငံက ဂျော်ဒန်နိုင်ငံ သို့ ၄င်း၏စစ်တပ်လေယာဉ်များကို ဂျော်ဒန်နိုင်ငံသို့ ရွှေ့ပြောင်းချထား လိုက်ကြောင်း နိုင်ငံပိုင် BMA သ တင်းက ဖော်ပြခဲ့သည်။

ဆီးရီးယား နှင့် အီရတ်မှ အစ္စလာမ္မစ်ဂျီဟတ်များ ကိုတိုက်ခိုက်ရန် ပင်လယ်ကွေ့နိုင်ငံ များမှ ဒုတိယမြောက်ဂျော်ဒန်သို့ လေ ယာဉ်ပေးပို့ခဲ့သည့် နိုင်ငံဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့သည်။

ဂျော်ဒန်ပိုင်းလော့ မို့ဇ်အယ်လ် ကက်ဆက်ဘားအား စစ်သွေးကြွများ က သတ်ဖြတ်ခဲ့ပြီးနောက် IS တို့အား လေကြောင်းတိုက်ခိုက်မှုအား ဂျော်ဒန် နိုင်ငံက ဦးစီးလုပ်ဆောင်လာခဲ့သည်။

ဘာရိန်းတော်ဝင်လေတပ်ယာဉ် များသည် ဟာရှီမိုက်မင်းဆက် ဂျော်ဒန် ၌ စခန်းချခဲ့ကြသည်။ နိုင်ငံတကာ ၏ အကြမ်းဖက်ဝါဒနှိမ်နင်းရေး၌ ပါ ဝင်ခြင်းဖြစ်ကြောင်း BNA သတင်း က ဆိုသည်။ လေယာဉ်စင်းရေနှင့် လေယာဉ်အမျိုးအစားများကိုမူ ဖော် ပြခြင်းမရှိခဲ့ဟု ဆိုသည်။

လွန်ခဲ့သောလပတ်က ယူအေ အီးနိုင်ငံက E-16 ဂျက်တိုက်လေ ယာဉ်အုပ်စုတစ်စုကို ဂျော်ဒန်နိုင်ငံ သို့ ပေးပို့ခဲ့သည်။ ဂျော်ဒန်နိုင်ငံနှင့် အတူ IS တို့အား လေကြောင်းတိုက် ခိုက်သွားရန် ဖြစ်သည်။

ယူအေအီးမှာ အမေရိကန်ဦး ဆောင်သည့် IS လေကြောင်းတိုက် ခိုက်ရေး၌ ပါဝင်ခဲ့သော်လည်း ရပ် ဆိုင်းထားခဲ့သည်။ သို့ရာတွင် ဂျော် ဒန်ပိုင်းလော့ ပစ်ချခံရပြီးနောက် ရှာ ဖွေရေးနှင့် ကယ်ဆယ်ရေးများကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ဂျော်ဒန်ဘုရင် အဗ္ဗဒူလာက သူ၏ပိုင်းလော့အသတ်ခံရပြီးနောက် သူ၏တပ်မှူးများအား IS တို့အား တိုးမြှင့်တိုက်ခိုက်မှုကို အမေရိကန်ဦး ဆောင်သည့် မဟာမိတ်လေကြောင်း တိုက်ခိုက်ရေးနှင့်အတူ လုပ်ဆောင် သွားရန် အမိန့်ပေးခဲ့သည်။

Reuters

#Democracytoday

အခြေခံပညာ စာမေးပွဲများ ပုံမှန်ထက် နောက်ကျမည်


အခြေခံပညာ လေးတန်းနှင့် ရှစ်တန်း၊ ဆယ်တန်း စာမေးပွဲများမှလွဲ၍  အခြေခံပညာအတန်းများ အားလုံး စာမေးပွဲ ဖြေဆိုရန် ဖေဖော်ဝါရီလ တတိယပတ် နောက်ဆုံးတွင် ဖြစ်နိုင်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးသိုက်က ပြောကြားခဲ့သည်။


၂၀၁၅ ခုနှစ် စတုတ္တတန်းနှင့် အဋ္ဌမတန်း စာမေးပွဲများကို ခရိုင်နှင့်တိုင်းမှ မေးခွန်းထုတ်၍ စာမေးပွဲများ စစ်ဆေးသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အခြေခံကျောင်းပေါင်းသုံးသောင်းခန့်ရှိကြောင်း သိရှိရသည်။
“စာမေးပွဲဖြေဆိုရက်ကို စောပြီး စစ်ဆေးမှာမဟုတ်ပါဘူး။ နောက်ကျပြီး စစ်ဆေးမှာဖြစ်တယ်။ 


ရက်ရွှေ့လိုက်တာပေါ့။ လေးတန်းနဲ့ ရှစ်တန်းဖြေပြီးမှ နှစ်တန်းတို့၊ သုံးတန်းတို့၊ ငါးတန်းတို့၊ ခုနှစ်တန်းတို့ ဖြေကြရမှာဖြစ်တယ်။ ကိုးတန်းကတော့ မတ်လထဲ ဆယ်တန်းဖြေတဲ့ လထဲကို နောက်ရောက်သွားမယ်” ဟု ပြောကြားခဲ့သည်။


စတုတ္တတန်းနှင့် အဋ္ဌမတန်း စာမေးပွဲဖြေဆိုရက်ကို ကြေညာထားသည့်အတိုင်း ဖေဖော်ဝါရီလ၁၉ ရက်မှ ၂၆ ရက်အထိ ပုံမှန်စစ်ဆေးသွားမည်ဖြစ်ပြီး ကျန်အတန်းများကို ၎င်းတို့ဖြေဆိုပြီးနောက် ပိုင်းမှ  အတန်းပြီးဆုံးခြင်း စာမေးပွဲများကို စစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။


 http://internetjournal.media/new/1622


မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁) မှ ( အပိုင်း-၁၁.ခ)


မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁)
http://minus.com/l8YwrExQQItF
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၂)
http://minus.com/lAEQuEuAr6wLY
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၃)
http://minus.com/l6a1Fk6UIZt4W
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၄)
http://minus.com/lfGJnOXhA6cLL
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၅.က)
http://minus.com/lbpVJNgL6yYa3A
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၅.ခ)
http://minus.com/lbh6vjj1eWb26t
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၆.က)
http://minus.com/lDeMSLtKx1yKc
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၆.ခ)
http://minus.com/lbzBwo5s21VxEG
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၇.က)
http://minus.com/lbgVhM69QXYj4K
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၇.ခ)
http://minus.com/lHDguuhTYvYQ1
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၈.က)
http://minus.com/lg5NzPKwHMr7f
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၈.ခ)
http://minus.com/lpQ2IwKmzVcEX
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၉.က)
http://minus.com/loJGJqVjcqlMg
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၉.ခ)
http://minus.com/lPB4zqQ8DLcZt
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁၀.က)
http://minus.com/lbnduNoSveS85u
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁၀.ခ)
http://minus.com/l23Ark74YWyw
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁၁.က)
http://minus.com/lVfhAQhPTl7Mf
မဟာဗုဒ္ဓ၀င် ပဌမပိုင်း ( အပိုင်း-၁၁.ခ)
http://minus.com/lbnEl2af5fidvs
 
 
 

ဓမ္မ စာအုပ်များ

 
 
 
မာဏ၀။ မိလိန္ဒပဥှာ
http://www.mediafire.com/download/jpi3yy9cpeoiy0k/မာဏ၀။+မိလိန္ဒပဥှာ.pdf
ကျီးသဲလေးထပ်ဆရာတော်၊ ဇိနတ္ထပကာသနီ
http://www.mediafire.com/download/r3twimzzgwt/Kyee+the+lay+htup-Jinatthapakasani.pdf
အရှင်ဇနကာဘိဝံသ၊ ပဋ္ဌာန်း
http://www.mediafire.com/download/iijxs0m1tvm/patthana.pdf
အရှင်ဇနကာဘိဝံသ၊ ဓမ္မစကြာ
http://www.mediafire.com/error.php?errno=378&origin=download
အရှင်ဇနကာဘိဝံသ၊ ရတနာ့ဂုဏ်ရည်
http://www.mediafire.com/error.php?errno=378&origin=download
အရှင်ဇနကာဘိဝံသ၊ အနာဂတ်သာသနာရေး
http://www.mediafire.com/download/ytmijmtzkzc/အရှင်ဇနကာဘိဝံသ၊+အနာဂတ်သာသနာရေး.pdf
အရှင်ဆန္ဒာဓိက၊ နို့နှစ်လုံးဖိုးကျေပါတယ်
http://www.mediafire.com/error.php?errno=320&origin=download
အရှင်ဆန္ဒာဓိက၊ အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်
http://www.mediafire.com/?y9m1u091o1i+
ဓမ္မအတွေးအမေးအဖြေများ
http://www.mediafire.com/?1dibiswlv33+
ဓမ္မဒဿနသြ၀ါဒများ
http://www.mediafire.com/?dybndb3lfyl+
ရဝေထွန်း၊ ဘာသာရေးပြဿနာများ
http://www.mediafire.com/?jmxwyj1mhrh+
ဦးရွှေအောင်၊ ဗုဒ္ဓ၀ါဒပေါ်ထွန်းခြင်း
http://www.mediafire.com/?tnung43niwd+
ဦးရွှေအောင်၊ ဘ၀အမြင်သစ်
http://www.mediafire.com/?n4gklnuydtw+
ဦးရွှေအောင်၊ ဘ၀အကျဉ်းသား
http://www.mediafire.com/?n4gklnuydtw+
ဦးရွှေအောင်၊ ဓမ္မပဒ
http://www.mediafire.com/?1j42ccxm3cw+
ဓမ္မစကြာနှင့်ဝိပဿနာ
http://www.mediafire.com/?bwuydzmglii+
တစ်ယောက်တည်းနေ တစ်စိတ်တည်းထား၊ အရှင်ဆန္ဒာဓိက
http://www.mediafire.com/?0tyg1gumg1z+
သင်္ဂါယနာတင် သမိုင်းစုံ
http://www.mediafire.com/?lnz1wlhjji2+
(တစ်ဘ၀သာသနာ၊ မိုးကုတ်ဆရာတော်)
http://www.mediafire.com/?dxyduom2ytd+
တက္ကသိုလ်ဝိပဿနာ
http://www.mediafire.com/?9sygnxtachd+
တရားအနှစ်သာရများ၊ ဝေဘူဆရာတော်
http://www.mediafire.com/?1rblmmjipxv+
တရားမရခြင်းအကြောင်း
http://www.mediafire.com/?yx1m7nebgst+
စိတ်ဓာတ်ကိုပြုပြင်ပြောင်းလဲရေး
http://www.mediafire.com/error.php?errno=320&origin=download
စိတ်ဓာတ်ကို မြှင့်
http://www.mediafire.com/?yg9djcmt4mm+
စတုသစ္စပကာသနီကျမ်း
http://www.mediafire.com/?tdmtmmuyvxd+
ကထာဝတ္ထုပါဠိတော်နိဿယ အတွဲ-၁
http://www.mediafire.com/?4fgdginemij+
မြတ်ဗုဒ္ဓပွင့်တော်မူရာ မဇ္ဈိမဒေသ
http://www.mediafire.com/?twxignmi40n+
မတ်ဗုဒ္ဓဒေသနာ၊ ဇေယျာမောင် ဦးကိုလေး
http://www.mediafire.com/?1mt54mzzo3k+
ကျောက်ကွင်းအရေးတော်ပုံ
http://www.mediafire.com/download/znnl3zm2jmt/ကျောက်ကွင်းအရေးတော်ပုံ.pdf
ကိုလိုနီခေတ်မြန်မာဗုဒ္ဓဘာသာဥပဒေ
http://www.mediafire.com/?ljzri1w9oxj+
မဟာဗျူဟာမြောက် အကြမ်းမဖက်တိုက်ပွဲ (ရောဘတ်၊ အယ်လ်၊ ဟယ်လ်ဗီ)
https://app.box.com/shared/yipw4ifgoo
မိမိသည်ပင် အကောင်းဆုံးပန်းပုဆရာ (သန်းငြိမ်းအေး)
https://app.box.com/shared/uyc3lhmsko
ဝိပဿနာတရားအမေးအဖြေများ ၁၊ အရှင်ဆေကိန္ဒ
http://www.mediafire.com/?t9f53nxhcmj+
ဝိပဿနာတရားအမေးအဖြေများ ၂၊ အရှင်ဆေကိန္ဒ
http://www.mediafire.com/?yngnwhdmxmb+

 


13 Feb 2015

ဒီဇယ်၊ လျှပ်စစ်နှစ်မျိုးသုံး ရထားတွဲဆိုင်းများ ဂျပန်မှဝယ်ယူမည်


ဒီဇယ်၊ လျှပ်စစ်နှစ်မျိုးသုံး ရထားတွဲဆိုင်းများ ဂျပန်မှဝယ်ယူမည်
==========================================
အာကာထက်

လျှပ်စစ်ရထား စီမံကိန်းအတွက် ဒီဇယ်နှင့် လျှပ်စစ်စွမ်းအင်နှစ်မျိုးသုံး ရထား တွဲဆိုင်းများကို ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား တိုင်း(၆)(အောက်မြန်မာ ပြည်)မှ အထွေထွေမန်နေဂျာ ဦးထွန်းအောင် သင်းကပြောသည်။ ယင်းဝယ်ယူမည့် ရထား တွဲဆိုင်းများမှာ ဂျပန်နိုင်ငံမှဖြစ်ကြောင်းသိ ရသည်။


''၂ဝ၁၆ ခုနှစ်မှာ ပြုလုပ်မယ့် လျှပ်စစ် ရထားစီမံကိန်းအတွက် နှစ်မျိုးသုံး တွဲဆိုင်း တွေ ထပ်မံဝယ်ယူသွားမှာပါ''ဟု ယင်းက ပြောသည်။
ယင်းဝယ်ယူမည့် တွဲဆိုင်းများအား လက်ရှိပြေးဆွဲနေသည့် ရထားတွဲဆိုင်းများ နေရာတွင် အစားထိုး ပြေးဆွဲသွားမည်ဖြစ် ကြောင်း သိရသည်။
''အဲဒါတွေကို လက်ရှိပြေးဆွဲနေတဲ့ Air Conditioned RBE နေရာတွေမှာ အစားထိုး ပြေးဆွဲသွားမှာပါ''ဟု အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။


ယင်းရထားတွဲဆိုင်းများ ဝယ်ယူရန်အ ပါအဝင် မြန်နှုန်းမြင့် မြို့ပတ်ရထားများ ပြေး ဆွဲရန်အတွက် အဆင့်မြှင့်တင်ခြင်း လုပ်ငန်း ဆောင်ရွက်ရန် နှစ်ခုပေါင်း ဒေါ်လာသန်း ၂ဝဝ ခန့် သုံးစွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။


ယင်းလျှပ်စစ်ရထား (Tram Train)မှာ လွန်ခဲ့သည့် အင်္ဂလိပ်အစိုးရလက်ထက် ကတည်းက ပြေးဆွဲခဲ့ကြောင်းလည်း သိရ သည်။ ယင်းအပြင် လျှပ်စစ်ရထား စက် ခေါင်းများအားလည်း ဝယ်ယူလျက်ရှိကြောင်း သိရသည်။
''လျှပ်စစ်ရထား စက်ခေါင်းက တွဲဆိုင်း တွေ မတိုင်မီကတည်းက ဝယ်ယူနေတာ ပါ။ စက်ခေါင်းတွေကလဲ ဂျပန်နိုင်ငံကပဲ ဝယ်ယူတာပါ''ဟု ယင်းကပြောသည်။
လက်ရှိတွင် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် ညှိနှိုင်းမှုများ ပြုလုပ်ပြီးလျက်ရှိ ကြောင်းလည်း သိရသည်။


လက်ရှိတွင် ရထားသွားလာရေးနှင့် ဝန်ဆောင်မှုအား အဆင့်မြှင့်တင်လျက်ရှိ ရာ လျှပ်စစ်ရထား ပြေးဆွဲခြင်းသည် ယင်း အဆင့်မြှင့်တင်ခြင်း၌ ပါဝင်ကြောင်းလည်း ထပ်မံသိရသည်။
 
 
 
 

ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အမှတ်တရစာအုပ်များစုစည်းမူ



ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့စကား ဗိုလ်ချုပ်အောင်ဆန်းဟောခဲ့တဲ့စကား(နန္ဒာမိုးကြယ်) 

Download 

၁၉၄၅ မြန်မာနိုင်ငံဖက်ဆစ်တော်လှန်ရေးသမိုင်း(တက္ကသိုလ်စိန်တင်)

 Download

အာဇာနည်(ဦးနု)

Download

ဗိုလ်ချုပ် နှင့် အတူကျဆုံးခဲ့သောမိုင်းပွန်းစော်ဘွား

Download

ဗိုလ်ချုပ်အောင်ဆန်၏စီးပွားရေးအမြင်(တင်စိုး-ဘောဂဂုဏ်)

Download

မ.ဆ.လ ခေတ်နိုင်ငံ့ခေါင်းဆောင်ကြီးများလုပ်ကြံမူ(မင်းပုည)

Download

အောင်ဆန်းဦးတို့အဖေ(တက္ကသိုလ်နေဝင်း)

Download

ဗိုလ်ချုပ်အောင်ဆန်းအထ္ထုပ္ပတ္တိ(ဗိုလ်သိမ်းဆွေ)

Download

ငါးနှစ်ရာသီဗမာပြည်(၁၉၄၁-၁၉၄၅)(ဦးနု)

Download

ဗိုလ်ချုပ်အောင်ဆန်း၏နိုင်ငံရေးဂန္တဝင်(မောင်ကျော်ရင်)

Download

ဗိုလ်ချုပ်အစ်ကိုဦးအောင်သန်း ၁၆ နှစ် နိုင်ငံရေး အတွေ.အကြုံများ(ဦးအောင်သန်း)

Download

အောင်ဆန်းမိသားစု(ဦးအောင်သန်း)

Download

ဗိုလ်ချုပ်အောင်ဆန်း၏ရေနံချောင်းအမျိုးသားကျောင်းသားဘဝပထမအရွယ်

(ရေနံသာဝင်းမောင်)

 

Download

ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁၀၀၊ စာ ၁၀၀ (ကလောင်စုံ)

Download

ကိုးယောက်ကသတ်လို့ကိုးယောက်ကသေတဲ့လူသတ်ပွဲကြီး(ဒေါ်အုန်းကြည်သား)

Download

ဗိုလ်နေ၀င်းဇာတ်လမ်းရှုပ်သမျှ(ကြေးမုံဦးသောင်း)

Download

ရဲဘော်သုံးကျိပ်ဝင်(ပန်းဝေဝေ)

Download

ဗိုလ်ချုပ်အောင်ဆန်းနှင့်ကြိုးပေးခြင်းစံရသော ဂဠုန်ဦးစော(အာဇာနည်သွေး-ဆရာစံမြေ)

 Download

ဗိုလ်ချူပ်အောင်ဆန်းနှင့်ဂဠုန်ဦးစော(နေစိုးထက်)

Download 




မြန်မာစာအုပ်ဆိုင် မှ တင်ထားသမျှ ကိုဖတ်ချင်ရင်{ ဒီမှာ } သွားလိုက်ပါ


12 Feb 2015

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတိ စာအုပ်

ကျွန်တော် ဗိုလ်ချုပ်မွေးနေ့ 100 ပြည့်နှစ်မှာ အမှတ်တရအနေနဲ့ ဗိုလ်ချုပ်အတ္ထုပ္ပတိ စာအုပ်လေး Site တစ်ခုမှာရေးထားတဲ့ ဆောင်းပါးလေးကို PDF ပြောင်းပြီးတင်ပေးလိုက်ပါတယ်။ကျွန်တော်တွေ့တာတော့ ဗိုလ်ချုပ်အတ္ထုပ္ပတိ စာအုပ်က အိမ်တိုင်းမှာ Hard Copy ပဲရှိကြတာများတယ်လေ။အဲဒါကြောင့်တင်ပေးလိုက်ပါတယ်။လေ့လာချင်သောမိတ်ဆွေများ Download ဆွဲပြီး သိမ်းထားလိုက်ကြပေါ့ဗျာ။


http://myatthantint.blogspot.com

8 Feb 2015

ဂျော်ဒန်တွေ IS ကို ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်

IS စစ်သွေးကြွတွေရဲ့ မီးရှို့သတ်ဖြတ်မှုခံခဲ့ရသူ တိုက်လေယာဉ်မှူးရဲ့ ဓာတ်ပုံကို ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့တဲ့ ဂျော်ဒန်မိဘုရား Rania 
 
ဂျော်ဒန် တိုက်လေယာဉ်မှူးကို အရှင်လတ်လတ် မီးရှို့သတ်ဖြတ်လိုက်တဲ့ ဗွီဒီယိုကို အင်တာနက်ပေါ် ကတဆင့် ပြသပြီး နောက်ပိုင်း ဂျော်ဒန် လေတပ်က IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို လေကြောင်း စစ်ဆင်မှု ၅၆ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဂျော်ဒန်နိုင်ငံက တနင်္ဂနွေနေ့မှာ ပြောပါတယ်။


ဂျော်ဒန်လေတပ်ဟာ တိုက်လေယာဉ်မှူး Muath al-Kaseabeh အတွက် လက်တုံ့ပြန်တိုက်ခိုက်မှုတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီး Mansour al-Jabour က ပြောပါတယ်။ ဂျော်ဒန်တိုက်လေယာဉ်တွေဟာ IS စစ်သွေးကြွတွေရဲ့ လေ့ကျင့်ရေးသင်တန်းစခန်းတွေ၊ စစ်တန်းလျားတွေ၊ လက်နက်နဲ့ လောင်စာဆီသိုလှောင်တဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်ချုပ်ကြီးကပြောပါတယ်။


အီရတ်နဲ့ ဆီးရီးယားနိုင်ငံနယ်မြေအတွင်းမှာရှိတဲ့ IS ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ဂျော်ဒန်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီးပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းကစလို့ လေကြောင်း စစ်ဆင်ရေးတွေ ပြုလုပ်ခဲ့ကြရာမှာ စစ်သွေးကြွ (၇) ထောင်ကျော်ကို သုတ်သင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour ကပြောပါတယ်။
 

ကျနော်တို့ရဲ့ ရည်မှန်းချက် အလုံးစုံ အောင်မြင်တဲ့အထိ IS အစွန်းရောက် စစ်သွေးကြွတွေကို ခြေမှုန်းပစ်ဖို့ သံဓိဌန် ချထားပြီးဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး al-Jabour က Amman မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။


ဂျော်ဒန်နိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်ရေး အစီအစဉ်ကို အကူညီပေးဖို့အတွက် အာရပ်စော်ဘွားများနိုင်ငံ UAE က F-16 တိုက်လေယာဉ် တပ်ဖွဲ့တခုကို စေလွှတ်ထားတယ်လို့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။


ဗွီအိုအေ (မြန်မာဌာန)

7 Feb 2015

ပထမဆုရသူခေါင်းပေါ်က သရဖူလုယူလွှင့်ပစ်တဲ့အလှမယ်



ဖေဖော်ဝါရီ ၆

ဘရာဇီးနိုင်ငံ မန်နာ့စ်မြို့ မှာကျင်းပခဲ့တဲ့ 2015 Miss Amazon အလှမယ်ပြိုင်ပွဲမှာ ဒုတိယဆုရရှိသူက သရ ဖူရရှိသွားသူရဲ့သရဖူကို ပွဲအပြီးမှာ စင် ပေါ်တက်ပြီး ချွတ်ယူလွှင့်ပစ်ခဲ့ပါတယ်။

ဒုတိယဆုရရှိခဲ့တဲ့အလှမယ် ဟေရာလာရဲ့လုပ်ရပ်ကြောင့် ပြိုင်ပွဲကို တက်ရောက် အားပေးခဲ့တဲ့ပရိသတ်အား လုံးကို အံ့သြမှင်တက်သွားစေခဲ့ပါတယ်

ဟေရာလာသူမရဲ့လုပ်ရပ်အတွက် စိတ် ဆန္ဒရှိလို့လုပ်ခဲ့တာမဟုတ်ဘူးလို့ ခုခံပြော ကြားခဲ့ပြီး ပထမဆုရရှိသွားတဲ့ ကာရိုတို လီဒါရဲ့မိသားစုက သရဖူကို ဝယ်ယူခဲ့ခြင်း ဖြစ်တယ်လို့ ဘရာဇီးနာမည်ကျော်အနု ပညာရှင်ဝက်ဘ်ဆိုက် Ego ကို ပြောကြား ခဲ့ပါတယ်။

ဟေရာလာက အခုလိုလုပ် တာ မိမိအတွက်မဟုတ်ဘဲ အခြားပြိုင်ပွဲ ဝင်တဲ့သူတွေအတွက်သာဖြစ်တယ်လို့ ဆို ပါတယ်။

သရဖူလုယူလွှင့်ပစ်ခံရတဲ့ပထမ ဆုရအလှမယ်တိုလီဒါကတော့ အခုဖြစ် ရပ်အတွက် တစ်စုံတစ်ရာတုံ့ပြန်ပြော ကြားခဲ့ခြင်းမရှိဘဲ အလွန်စိတ်လှုပ်ရှား ဖွယ်ရာ ညတစ်ညဖြစ်ခဲ့ပြီး သူမရဲ့အိပ်မက် တွေအမှန်တကယ်ဖြစ်လာတာကို အား လုံးက ဂုဏ်ယူဝမ်းမြောက်ကြမှာပါလို့ ပြောကြားခဲ့ပါတယ်။

Ref: CBA