17 Jan 2012

ဒေါ်အောင်ဆန်းစုကြည် နဲ့ အနုပညာလောက ကို စော်ကားလိုက်တဲ့ နတ်ကတော် သားစိုး


ခုတလော ပြောင်းလဲနေတဲ့ မြန်မာ့ နိုင်ငံရေး နဲ့ ပါတ်သက်လို့ ဝေဖန်သံ ကဲ့ရဲ့သံ ထောက်ခံသံ ရှုံ့ချသံတွေ အမျိုးမျိုး အဖုံဖုံ ပုံစံများစွာ နဲ့ ကြားနေခဲ့ရပါတယ်။

ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့အညီ လူသားတိုင်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည် ဝေဖန် သုံးသပ် ခံစား ဖွင့်အန် ပိုင်ခွင့်ကို လေးစားတဲ့အနေနဲ့ ကျွန်တော် နဲ့ သဘောတူတူ မတူတူ အတွေးအခေါ်များစွာ ကို တတ်နိုင်သမျှ အကောင်းဖက်က ကြည့်ရှုခံစားပေးခဲ့ပါတယ် ... ။

ကျွန်တော် ဟာ ၈၈ မျိုးဆက်ပေမယ့် တော်လှန်ရေးသမား လဲ မဟုတ်ပါ ...
ကိုသူရ တို့ ကိုမင်းကိုနိုင် တို့လို ကိုယ်ကျိုးစွန့် အနစ်နာခံရဲတဲ့ နိုင်ငံရေးသမားလဲ မဟုတ်ပါ ...
ကိုကျော်သူတို့ မရွှေဇီးကွက်တို့လို လူမှုရေးသမားလဲ မဟုတ်ပါ ...
ရုပ်ရှင် ဂီတ စာပေ နဲ့ စစ်မှန်တဲ့ အနုပညာ မှန်သမျှကို မြတ်နိုးတန်ဖိုးထားတဲ့ အနုပညာ သမားတစ်ယောက်ပါ ...

၂၀၀၀ ခုနှစ်နောက်ပိုင်း အင်တာနက် နဲ့ လူမှုကွန်ယက် ကြောင့် ခေတ်မှီ တိုးတက်လာတဲ့ ဂီတ လောက မှာ HipHop ဟာ လျှင်မြန်စွာ ရေပန်းစားလာခဲ့ပြီး ဆယ်ကျော်သက်လူငယ်အမျးစု ကို အတိုင်းအတာကြီးမားစွာ လွှမ်းမိုးခဲ့ပါတယ်

ဒီကနေပြီး Hip Hop ဂီတ ပညာရှင် လူငယ်များစွာ လဲ ပေါ်ထွန်းလာခဲ့ပါတယ်

မျိုးကျော့မြိုင် ရဲ့ " Rap သီချင်းဆိုရင် လုံးဝမကြိုက် " ကနေ စလိုက်တဲ့ Hip Hop ရဲ့ သက်တမ်းဟာ Acid, Theory, Sinergy စတဲ့အဖွဲ့တွေ ကနေ ခု ရေပန်းစားနေတဲ့ မြောက်များလှစွာသော မရေတွက်နိုင်တော့တဲ့ လူငယ် တေးသံရှင်သစ်တွေ ပေါ်ထွန်းလာတဲ့ထိပါဘဲ ..

ဒီမှာ ကျွန်တော့်ရဲ့ ကိုယ်ပိုင် သုံးသပ်ခံစားမှု တစ်ခုပေါ်လာပါတယ်

ကျွန်တော် မှားချင်လဲ မှားမယ် မှန်ချင်လဲ မှန်မယ် ပေါ့လေ

ကျွန်တော် မြင်တာကတော့ Hip Hop ဆိုတာ Computer Program တစ်ခု နဲ့ ပိုတူပါတယ်
အားလုံးက Acid, Pro Tools, Cu-base ဆိုတဲ့ Software တွေ နဲ့ ဖန်တီးထားတဲ့ Drum Beats တွေ ရဲ့နောက်မှာ Rhymes ဆိုတဲ့ကာရန်တွေ နဲ့အညီ ဖွဲ့စည်းထားတဲ့ ကဗျာ တွေကို Pre-Programmed Music တွေ နဲ့ စည်းချက်ညီအောင် ရွတ်ဆိုခြင်းပါဘဲ

ဒါကလဲ လွယ်ကူသလားဆိုရင်တော့ မခက်ခဲပေမယ့် မလွယ်ကူပါဘူး

Hip Hop သမား သို့မဟုတ် Rapper တစ်ယောက်မှာ တခင်္ဏုပတ္တိ ဥာဏ် ဆိုတဲ့ ဖြတ်ထိုးဥာဏ် အရမ်းထက်မြက်ရပါတယ်

ဒီတော့ Hip Hop ကို ကျွန်တော် ရိုးသားစွာ ဝန်ခံရမယ်ဆိုရင် သေချာ မနှစ်သက်ပေမယ့်

သင့်တင့်တဲ့ လေးစားမှုတစ်ခု တော့ ပေးနိုင်ပါသေးတယ်

ဒါပေမယ့် မြန်မာ့ဂီတလောက မှာ ကျွန်တော် ဘယ်လို မှ မမျှော်လင့်ထားတဲ့ အကွေ့တစ်ခု ရုပ်တစ်ရက်ရောက်လာပါတယ် ...

အဲ့ဒါကတော့ မြန်မာသံစဉ် သီချင်းတွေကို နတ်ကတော် ဒိုး တွေလို Drum Machine တွေ နဲ့ တီးထားပြီး မြန်မာ သံစဉ်တွေကို Hip Hop ပုံစံဝင်အောင် ဇွတ်ဆွဲယူ ဖန်တီးထားတဲ့ ဘာမှန်းအမည်မတတ်နိုင်တဲ့ မျိုးမစစ်ဂီတ တစ်ခုပါဘဲ ...

အဲ့ဒိဖန်တီး မှု ရဲ့ အကျိုးဆက်အနေနဲ့ ..
ကျေးလက်နေ လူတန်းစားတွေ ...
ဂီတ ကို ဖျော်ဖြေရေး အနေ ထက် ပိုပြီးတန်ဖိုးမထားတတ်တဲ့ ...
ထားရကောင်းမှန်းလည်း မသိတဲ့ ...
လူတန်းစားတစ်ရပ်အတွက်
(မြန်မာသံ Hip Hop ) ဆိုတဲ့ အမျိုးမစစ်တဲ့ အပေါစား ရောယှက် ဂီတ ကုန်ပစ္စည်းတစ်ခု ကိုအမှီပြုပြီး သားစိုး ဆိုတဲ့ (တောကြိုက် Rapper) တစ်ယောက် ထင်ပေါ်လာခဲ့ပါတယ်

ဒါ သားစိုး ရဲ့ သမိုင်းပါ ...

သူဟာ ယနေ့စာရေးနေချိန် မတိုင်ခင်အထိ မြန်မာ ဂီတသမား စစ်စစ် များရဲ့ ခေါင်းထဲမှာ ဟာသပျက်လုံးတစ်ခု ထက် ပိုပြီး နေရာမယူနိုင်ခဲ့ပါဘူး

ဒါပေမယ့် ယနေ့ ထွက်လာတဲ့ ပေါ်ပြူလာသတင်းဂျာနယ် ရဲ့ အင်တာဗျူးတစ်ခုမှာဖြင့် ....

"ကြားဖြတ် ရွေးကောက်ပွဲမှာ တိုင်းပြည် ကောင်းစားဖို့ကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း၊ ပုဂ္ဂိုလ်ကိုပဲ ထောက်ခံသွားမယ့် သားစိုး"

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဂီတအနုပညာရှင် တို့တွေ့ဆုံခဲ့ကြတာ အခုဆိုရင် ၃ကြိမ် တွေ့ဆုံမှုမှာ ၁ကြိမ်ထက် တစ်ကြိမ် ဂီတဘက် က အနုပညာရှင်တွေ စုံသလောက် နီးပါးတွေ့ခဲ့ ရပေမယ့် ဟစ်ဟော့ပ် အဆိုတော် သားစိုးကိုတော့ တွေ့ဆုံမှုတွေ အထဲမှာ မတွေ့ခဲ့ရပါဘူး။ တွေ့ဆုံမှုထဲမှာ ဘာကြောင့် မပါဝင်ဖြစ် တာလဲဆိုတဲ့ အမေး ကို တော့ သားစိုးက ”ကျွန်တော်က သာကူး မဟုတ်ပါဘူး။ အရင်တုန်းက အဘ အဘ နဲ့အခုမှ အစ်မ အစ်မ ဖြစ်သွားတဲ့ လူတွေထဲမှာလည်း ကျွန်တော်မပါဘူး။ ကျွန်တော် နဂိုကတည်းက BBC, VOA, RFA စသဖြင့် နိုင်ငံရေး အကျပ်အတည်း ရှိတဲ့ အချိန်ကတည်းက ကမ္ဘာ့ သတင်းစာတွေ နဲ့ကအစ မြန်မာ နိုင်ငံရေး အခြေအနေကို ပွင့်လင်း စွာပြောခဲ့တယ်။ ကျွန်တော်က ဖြစ်သင့်တာ၊ ကောင်းတာကို ပြောတဲ့အတွက် ဘယ်သူမှ အနှောင့် အယှက်မပေးဘူး။ အခုမှ ဒီလိုမျိုးသွားတဲ့ အထဲမှာ အရင်တုန်း ကတော့ အခွင့်အရေး ရတဲ့ဘက်မှာ နေပြီး၊ အခုမှ ပြောင်းလာကြတဲ့ လူတွေလည်းပါတယ်။ ဘယ်သူတွေ ဘာလဲဆိုတာ ပရိသတ် က သိပါတယ်။ ဒါကြောင့် ကျွန်တော့်လိပ်ပြာ ၊ကျွန်တော် လုံတဲ့ အတွက်ကြောင့် ဘာမှလုပ်စရာ မလိုပါဘူး။ ကျွန်တော် ဘာလုပ်သလဲ ဆိုတာ ပရိသတ်က သိပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လည်း ကျွန်တော့် ရဲ့ရပ်တည်ချက် က ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ။  အခုလက်ရှိ အစိုးရ ကကော ဘာတွေ လုပ်ပေးမှာလဲ။ ကျွန်တော်တို့ တိုင်းပြည်ကို ဦးဆောင်မယ့်သူက ဘယ်သူပဲ ဖြစ်ပါစေ။ တိုင်းပြည် တိုးတက်အောင်၊ အခြေအနေ တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ သူတွေ ဘက်ကို ကျွန်တော် လိုက်မှာပါပဲ။ ကျွန်တော့်မှာ ပုဂ္ဂိုလ်စွဲ မရှိပါဘူး။ သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။ သာကူး နဲ့နှာဘူး၊ နှာဘူး နဲ့ဂန်ဒူး၊ ဂန်ဒူးနဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ်” လို့ပြောပါတယ်။ ဆက်လက်ပြီး သားစိုးက ဧပြီ ၁ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက် ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်မယ့် ပါတီတွေနဲ့ ပတ်သက်ပြီးလည်း ”အရင် ကျော်ဖြတ်ခဲ့ရတဲ့ သင်ခန်းစာ အဟောင်းတွေကို ယူပြီးတော့ အခု လက်ရှိမှာ ဘယ်လိုလုပ်ကြမလဲ ဆိုတာကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ကျွန်တော်တို့က ဘယ်ဟာက အကောင်းဆုံး ဖြစ်နိုင်မလဲပေါ့။ ကိုယ့်တိုင်းပြည် အတွက် တကယ်ကောင်းတဲ့ သူကို ကျွန်တော် တို့က တကယ် ထောက်ခံမှာပါ။ လောလောဆယ် မှာတော့ ဘယ်သူ့ဘယ်သူကိုမှ ကျွန်တော် မပြောနိုင်သေးပါဘူး။ ကျွန်တော့် အနေနဲ့ နိုင်ငံရေးအစွဲ လည်းမရှိပါဘူး။ တိုင်းပြည် ကောင်းစားဖို့ အတွက် ဘာကိုမှ မစဉ်းစားဘဲနဲ့ တိုင်းပြည် အကျိုးကိုပဲ စဉ်းစားပြီး လုပ်တဲ့ အဖွဲ့အစည်း ၊လူပုဂ္ဂိုလ်ကိုပဲ ကျွန်တော် ထောက်ခံ သွားမှာပါ” လို့ ပြောပါတယ်။

(လင်းအက္ခရာ)

ဆိုပြီးပါလာပါတယ် ...

သူ့ဘာသာ ဘာပြောပြော ဘယ်လို နေနေ ကျွန်တော် ဘယ်လို မှ အလေးမထားသလို ခံစားနေဖို့တောင် စိတ်ကူးမရှိပါဘူး ဒါပေမယ့် သူငယ်ချင်းတစ်ယောက် က တို့ထိ လာလို့ ဖတ်လိုက်မိတဲ့ ... သူပြောခဲ့တဲ့ ... စကားတစ်ခွန်းက ကျွန်တော့် ရင်ဝ ကို ဆောင့်ကန် ခံလိုက်ရသလို ခံစားလိုက်ရပါတယ် ..

" ဒေါ်အောင်ဆန်းစုကြည်က ကော ကျွန်တော်တို့ကို ဘာတွေလုပ်ပေးမှာလဲ "..  တဲ့
အမေစု ဘာတွေ လုပ်ပေးခဲ့ပြီးပြီလဲ

ခုထိလဲ အမေစု ဘာတွေ လုပ်ပေးနေသလဲ ဆိုတာ သားစိုး အိမ်ရှေ့ ဆိုက်ကားဂိတ် က ဆိုက်ကားသမားတွေ နဲ့ သူတို့ ထိုင်တဲ့ လဖ္ဘက်ရေဆိုင်က စားပွဲထိုးတွေ ကို မေးရင်တောင် သိနိုင်တဲ့ အဖြေပါ

အမေစု ကိုတောင် ဒီလိုမေးခွန်းထုတ်ရအောင် သူဟာ မြန်မာ့အကျိုးကို ဘယ်တုန်းက ဘယ်လောက် သယ်ပိုးခဲ့ပါသလဲ
မြန်မာတွေ အတွက် သူဘယ်လောက် အနစ်နာခံခဲ့ဖူးပါသလဲ

သားစိုးဆိုတာ မနေ့တနေ့ကမှ နတ်ဆိုင်းသံတွေကို Drum Machine နဲ့တွဲပြီး မြန်မာသံစဉ်ကို ရုပ်ပျက်ဆင်းပျက် ဖျက်ဆီး အမြတ်ထုတ် ခဲ့တဲ့ ပေါ်ပင်လိုက် တောကြိုက် အညတြ ကောင်ပါ

ဒီလိုကောင်က ခုမှ နားထင်သွေးရောက်ပြီး အမေစု ကိုရော
အမေစု ကို ထာဝရ လေးစာချစ်ခင်ခဲ့ ပေသော်လည်း လက်ရှိ အစိုးရရန်ကိုကြောက်နေရလို့ မခေါ်ပြောရဲပေမယ့် ကိုသူရ ဦးဆောင်ဖိတ်ခေါ်မှုကြောင့် ပူးပေါင်းပါဝင် ကျိုးစားနေစဖြစ်တဲ့ အနုပညာ သမားတွေ အားလုံးကို ...

" သာရင် ကူးတတ်ကြတဲ့ လူတွေ အတွက်လည်း ကျွန်တော် သီချင်းစပ်ထားပါတယ်။
သာကူး နဲ့ နှာဘူး၊ ၊ နှာဘူး နဲ့ ဂန်ဒူး ၊ ဂန်ဒူး နဲ့ အာလူး ဆိုပြီး စပ်ထားတယ်။ ထွက်လာပါလိမ့်မယ် ” 
 လို့ တိုက်ရိုက်စော်ကားလိုက်ပါတယ် ၊

ဒီတော့ ကျွန်တော့်မှာလဲ ကျွန်တော့် အသိုင်းအဝိုင်းထဲမှာ မသန့်တဲ့သွေးကိုဖေါက်ထုတ်ဖို့ တာဝန်တစ်ခုရှိလာပါတယ်

တစ်ကယ်တန်း သားစိုး ဆိုတဲ့ ချာတိတ် ပြောတဲ့ စကားကမှ သူကတော့ တကယ် မသေချာမခြင်း ဘယ်သူနဲ့မှ မပေါင်းစည်းဘူး ဆိုတဲ့ သာကူးအစစ်ရဲ့ အတ္တကို ကွတ်တိထင်ဟပ်နေတာ လုံးဝ သိသာထင်ရှားပါတယ် ..

ဒါကြောင့် ကျွန်တော်ချစ်တဲ့ မိတ်ဆွေ ပရိသတ်ကြီးကို ကနေ့ကစပြီး ဘာမဟုတ်တဲ့ ပါမွှား နတ်ကတော် သားစိုး ရဲ့ နတ်ဆိုင်းသီချင်းတွေ ကို ဒေါ်အောင်ဆန်းစုကြည် ကိုသူရ ကိုမင်းကိုနိုင် ကိုကိုကြီး ကိုဌေးကြွယ် အစရှိတဲ့ သူရဲကောင်းတို့ရဲ့ မျက်နှာကို ထောက်ထားခြင်းအားဖြင့် လုံးဝ ဆန့်ကျင် ဖို့ အားမပေးဖို့ တိုက်တွန်းလိုက်ပါတယ် ...

သားစိုး ဒီစာကိုဖတ်မိမယ်လို့ မျှော်လင့်သလို ဖတ်မိတဲ့အခါမှာ အရာအားလုံးက နောက်ကျသွားလေပြီဆိုတာ သူသဘောပေါက်သွားမယ်လို့ မျှော်လင့်ပါတယ် ..

ကျွန်တော် ဘယ်တော့မှ သည်းမခံမယ့် အထိခိုက် အပုတ်ခတ် မခံမယ့် ကျွန်တော်ချစ်တဲ့သူတွေ စာရင်းမှာပါတဲ့ အမေစု ကိုစော်ကားလာရင် ကျွှန်တော် ဘယ်တော့မှ ဘာအကြောင်းပြချက် နဲ့မှ သည်းခံ နားလည် ပေးမှာ မဟုတ်ဘူးဆိုတာ ပြင်းထန်စွာသတိပေးလိုက်ပါတယ်  ...


ထာရမေတ္တာဖြင့်


မျိုးချစ်မြန်မာ

15 Jan 2012

*လောကနီတိ (၁)*

“နီတိ” ဟူသော ဝေါဟာရသည် သင်္သကရိုက်ပါဠိ ဘာသာစကားဖြစ်၍ လမ်းညွှန် ဟု အဓိပ္ပာယ် ဖွင့်ဆို နိုင်ပေသည်။ လောက လူသားတို့ သိမှတ် လိုက်နာအပ်သည့် လူမှုကျင့်ဝတ်နှင့် လူမှုစည်းကမ်းများ ဆိုင်ရာ ထုတ်ဖော် လမ်းညွှန်ထားချက်များကို ပေါင်းရုံး၍ လောကနီတိ ဟု ခေါ်ဝေါ်သုံးနှုန်းခြင်း ဖြစ်သည်။
လောကနီတိသည် ဘုရားဟော မဟုတ်ဟုဆိုနိုင်သော်လည်း ဘုရားဟောကျမ်းဂန် များစွာမှ လောကီရေးရာများနှင့် ပတ်သက်သည့် အဆိုအမိန့်များ၊ ရှေးသူဟောင်းတို့ ထားရစ်ခဲ့သော စကားပုံများ၊ မှတ်သားလိုက်နာဖွယ် အဆိုအမိန့်များ၊ သင်ခန်းစာရယူဖွယ် ဇာတ်ကြောင်းပုံပြင်များမှ ကောင်းနိုးရာရာများကို စုစည်းဖော်ထုတ်၍ ထည့်သွင်းပြုစုထားသော ကျမ်းဖြစ်ပါသည်။ ဤကျမ်းသည် ဘာသာမရွေး၊ လူမျိုးမရွေး အရွယ်သုံးပါး လိုက်နာအပ်သည်ဖြစ်၍ အထူးပင် နှစ်လိုဖွယ် ကောင်းလှပါပေသည်။
နီတိကျမ်းများစွာရှိသည်ဖြစ်ရာ ထင်ရှားသော နီတိကျမ်းများမှာ ငါးကျမ်းရှိသည်ဟု ဆို၏။ ယင်းတို့သည်ကား ကျွန်းနီတိ၊ လောကနီတိ၊ ရာဇနီတိ၊ ဓမ္မနိတိနှင့် မဟာရဟနီတိ တို့ဖြစ်ပါသည်။ လောကီနီတိသည် လူအများသိသော ကျမ်းတစ်စောင်ဖြစ်ပါသည်။ မြန်မာတို့အတွက် လောကနီတိကျမ်းကို သက္ကရာဇ် ၇၀၄ ခုနှစ်တွင် သီဟသူရ မင်းလက်ထက်၌ အမတ်ပညာရှိကြီး စတုရင်္ဂဗလက ကျမ်းအစောင်အစောင်မှ သင့်နိုးရာရာကို ကောက်နုတ်ပြင်ဆင်၍ ပါဠိဘာသာဖြင့် ရေးသားပြုစုခဲပါသည်။ စတုရင်္ဂဗလ၏ ကျမ်းရင်းကို ဘကြီးတော်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၁၁၉၆ တွင် စက္ကိဒ္ဓဘီသီရိသဒ္ဓမ္မ ဓဇ မဟာရာဇဓိရာဇ ဂုရု ဘွဲ့တံဆိပ်တော်ရ အောင်မြေဘုံစံ အုတ်ကျောင်းဆရာတော် ဦးဗုဓ်က မြန်မာပြန်ဆိုခဲ့ပါသည်။
လောကနီတိကျမ်းကို လေ့လာသင်ကြားသူအဖို့ -
သာရော = အနှစ်သာရ မည်၏။
မာတာပီတု = မိဖသဖွယ် မည်၏။
အာစရိယော = ဆရာသမားနှင့် တူ၏ ။
မိတ္တော = မိတ်ဆွေနှင့် တူ၏ ဟူသော ဂုဏ်လေးမျိုး ရှိလေသည်။ အကျိုးတရားများမှာ -
ဥာဏိ = ဥာဏ်ကြီးရှင် ဖြစ်နိုင်ခြင်း
မဟာ = ကြီးကျယ် မြင့်မြတ်သူ ဖြစ်နိုင်ခြင်း
ဗဟုသုတော = အကြားအမြင် များနိုင်ခြင်း ဟူသော အကျိုးကျေးဇူးများလည်း ရရှိနိုင်လေသည်။ ထို့ကြောင့် လူအများ လိုက်နာကျင့်သုံးဖွယ်ရာ၊ မှတ်သားဖွယ်ရာ ဗဟုသုတ ရရှိစေရန်အလို့ငှာ လောကနီတိ စာအုပ်မှ ကူးယူးပြီး ဖော်ပြလိုက်ခြင်းဖြစ်ပါသည်။

အခန်း (၁)
ပဏ္ဍိတ ကဏ္ဍ
ပညာရှိတို့ကိုဆိုသောအခန်း
(၁)။ ပျင်းသောသူအား အတတ်ပညာ အဘယ်မှာ တတ်အံ့နည်း။ အတတ်ပညာ မရှိသောသူအား ဥစ္စာအဘယ်မှာ ရအံ့နည်း။ ဥစ္စာမရှိသောသူအား အဆွေခင်ပွန်းအဘယ်မှာ ရအံ့နည်း။ အဆွေခင်ပွန်းမရှိသောသူအား ချမ်းသာ အဘယ်မှာ ရအံ့နည်း။ ချမ်းသာမရှိသောသူအား ကောင်းမှုအဘယ်မှာ ရအံ့နည်း။ ကောင်းမှုမရှိသောသူအား နိဗ္ဗာန် အဘယ်မှာ ရနိုင်အံ့နည်း။
(၂)။ အတတ်နှင့်တူသော ဥစ္စာသည်မရှိ။ အတတ်ကိုခိုးသူတို့သည် မယူနိုင်ကုန်။ ဤလောက၌ အတတ်သည်ကား အဆွေခင်ပွန်းဖြစ်၏။ တမလွန်ဘ၀၌ ချမ်းသာကို ဆောင်တတ်၏။
(၃)။ အကြားအမြင်ပညာကို နည်း၏ဟူ၍ မအောက်မေ့ရာ။ မိမိစိတ်ထဲ၌ သွင်းထားရာ၏။ တောင်ပို့၌ ရေပေါက်သည် ကျဖန်များစွာ ကြာရှည်သဖြင့် ပြည့်သကဲ့သို့တည်း။
(၄)။ နှုတ်မှုပညာကို လည်းကောင်း၊ လက်မှုပညာကိုလည်းကောင်း ငယ်သည်ဟူ၍ မအောက်မေ့ရာ။ ကုန်စင်အောင် တတ်မူကား တစ်ခုသော အတတ်သည်လည်း အသက်မွေးဝမ်းကျောင်း ဖြစ်ပါသည်သာလျှင်တည်း။
(၅)။ သုတနှင့်ပြည့်စုံသော ပညာရှိသည် အကြင်အရပ်၌ ရှိ၏ဟူ၍ ကြားငြားအံ့၊ ထိုအရပ်သို့ သုတရှာသော အမျိုးကောင်းသားသည် သည်းစွာအားထုတ်၍ သွားရာသည်သာလျှင်တည်း။
(၆)။ အတတ်ကို ဖြည်းဖြည်းသင်ရာ၏၊ ဥစ္စာကို ဖြည်းဖြည်းရှာရာ၏၊ တောင်ကို တက်သောသူသည် ဖြည်းဖြည်းတက်ရာ၏၊ ကာမဂုဏ်ကို ဖြည်းဖြည်းလိုရာ၏၊ အမျက်ကို ဖြည်းဖြည်းထွက်ရာ၏၊ ဤငါးပါးတို့ကို ဖြည်းဖြည်းအလိုရှိရာ၏။
(၇)။ အကြားအမြင်အတတ်သည် လည်းကောင်း၊ ဓမ္မအတတ်သည် လည်းကောင်း၊ သင်္ချာဂဏန်း အတတ်သည်လည်းကောင်း၊ တံစည်းစူးဆောက် အတတ်သည်လည်းကောင်း၊ နီတိကျမ်းအတတ်သည် လည်းကောင်း၊ ယာယီယတြာစသော ဗျာကရိုဏ်း အတတ်သည် လည်းကောင်း၊ စောင်းစသော ကဗျာအတတ်သည်လည်းကောင်း၊ လက်ပစ်အတတ်သည် လည်းကောင်း၊ ဒူးလေး လင်းလေး အတတ်သည် လည်းကောင်း၊ စကားဟောင်းအတတ်သည် လည်းကောင်း၊ ဆေးအတတ်သည် လည်းကောင်း၊ ရယ်ရွှင်မှု အတတ်သည်လည်းကောင်း၊ ဗေဒင်အတတ်သည်လည်းကောင်း၊ လှည့်ပတ်တတ်သောအတတ်သည လည်းကောင်း၊ ဆန်းကျမ်းအတတ်သည် လည်းကောင်း၊ သံတမန်အတတ်သည် လည်းကောင်း၊ မန္တန်အတတ်သည် လည်းကောင်း၊ သဒ္ဒါကျမ်းအတတ်သည် လည်းကောင်း ဤသည်တို့ကား ဆယ့်ရှစ်ပါးသော အတတ်တို့တည်း။
(၈)။ လောက၌ ပညာရှိသူသည် မမေးမူကား စည်ကြီးသဖွယ်ဖြစ်၏။ သူတည်း မေးမူကား မိုးကြိုးသဖွယ်ဖြစ်၏။ လူမိုက်သည် မေးသော်လည်းကောင်း၊ မမေးသော်လည်းကောင်း အခါခပ်သိမ်းများစွာလည်း ဟောတတ် ပြောတတ်သည်သာလျှင်တည်း။
(၉)။ လောက၌ ပေတို့၌ အကြင်အတတ်သည် လည်းကောင်း၊ သူတပါးတို့၏ လက်တို့၌ အကြင်ဥစ္စာသည် လည်းကောင်း ရှိ၏။ ပြုဖွယ်ကိစ္စသည် ဖြစ်လတ်သော် ထိုပေ၌ရှိသော အတတ်သည် လည်းကောင်း၊ အတတ်မမည်။ ထိုသူတစ်ပါးတို့၏ လက်၌ရှိသော ဥစ္စာသည်လည်း ဥစ္စာမမည်။
(၁၀)။ လောက၌ ရေတိမ်ရေနက်ကိုကား ပုဒ္ဒမာကြာကို မြင်သဖြင့် သိအပ်၏။ အမျိုးယုတ်မြတ်ကိုကား ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် သိအပ်၏။ မြေကောင်းမကောင်းကိုကား မြက်ညှိုးမညှိုးကို မြင်သဖြင့် သိအပ်၏။
(၁၁)။ လောက၌ နည်းသောသုတရှိသူသည် နည်းသော သုတကို အများအောက်မေ့တတ်၏။ မာန်မာနရှိတတ်၏။ အဘယ်သို့နည်းဟူမူကား သမုဒ္ဒရာရေပြင်ကို မမြင်ဘူးသော ဖားသူငယ်သည် တွင်းဝ၌ ရေကို အများထင်သကဲ့သို့တည်း။
(၁၂)။ လောက၌ ပထမအရွယ်၌ကား အတတ်မရတုံအံ့။ ဒုတိယအရွယ်၌ကား ဥစ္စာမရတုံအံ့။ တတိယအရွယ်၌ကား တရားမရတုံအံ့။ စတုတ္တအရွယ်တိုင်မှာကား အဘယ်မူစအံ့နည်း။
(၁၃)။ ချစ်သားတို့ ... အတတ်ပညာသင်ကုန်လော့။ အဘယ်ကြောင့် ပျင်းရိဘိသနည်း။ ချစ်သားတို့ နေ့တိုင်း နေ့တိုင်း အတတ်ပညာ သင်ကုန်လော့။ အတတ်ပညာ မရှိသောသူသည် သူ၏ ၀န်ထမ်းဖြစ်တတ်၏။ အတတ်ပညာရှိသူကို လောက၌ သူတစ်ပါးတို့ ပူဇော်အပ်၏။
(၁၄)။ အကြင်အမိသည် သားငယ်ကို အတတ်ပညာသင်မပေး။ အတတ်ပညာသင်၍ မပေးသော အမိသည် ရန်သူမည်၏။ အကြင်အဖသည် အတတ်ပညာ သင်၍မပေး။ အတတ်ပညာသင်၍ မပေးသော အဖသည် ရန်သူမည်၏။ ထိုအတတ်ပညာ မရှိသောသူသည် ဟင်္သာတို့အလယ်၌ ဗျိုင်းကဲ့သို့ သဘင်အလယ်တွင် မတင့်တယ်။
(၁၅)။ တောင်ချောက်ကြား၌ ရောက်သောဆူးကို ဘယ်သူထက် စိမ့်ချွန်သနည်း။ မိမိ အလိုလိုသာလျှင် ထက်ပချေ၏။ သမင်တို့၏ မျက်စိ၌ ဘယ်သူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏။ ညွန်၌ကြာကို ဘယ်သူအနံ့ကောင်း ထည့်ပေးချေသနည်း။ အလိုလိုသာလျှင် အနံ့ကောင်းထုံ၏။ အမျိုးကောင်းသား၏ သဘောသည် ဘယ်သူပြု၍ ဖြစ်သနည်း။ မိမိအလိုသာ ဖြစ်ပချေ၏။
(၁၆)။ ထုံးမရှိသော ကွမ်းသည် အရသာမရှိ။ ဥစ္စာမရှိသူ၏ တန်ဆာဆင်ခြင်သည်လည်း အရသာမရှိ။ ဆားမရှိသော စားဖွယ်သည်လည်း အရသာမရှိ။ အတတ်မရှိသောသူ၏ ပျို့ကဗျာ ဖွဲ့ခြင်းသည်လည်း အရသာမရှိ။
(၁၇)။ နာခြင်း မှတ်ခြင်း၌ ကောင်းစွာ အားတုတ်သော သူသည် သုတဖြင့် ပြည့်စုံ၏။ သုတပညာဖြင့် ပွား၏။ သုတပညာဖြင့် အနက်ကိုသိ၏။ သိအပ်သော အနက်သည် ချမ်းသာကို ဆောင်၏။
(၁၈)။ လောက၌ အစာစားခြင်းသည် လည်းကောင်း၊ မေထှန်မှီဝဲခြင်းသည် လည်းကောင်း၊ အိပ်ခြင်းသည် လည်းကောင်း၊ နွား၌လည်းကောင်း၊ ယောက်ျား၌ လည်းကောင်း ရှိ၏။ အတတ်ပညာ ဟူသည်ကား ယောက်ျားအား အထူးပေးတည်း။ အတတ်ပညာမှ ယုတ်ခဲ့မူကား နွားနှင့်တူသည် ဖြစ်၏။
(၁၉)။ လောက၌ အတတ်ပညာနှင့်တူသော အဆွေခင်ပွန်းသည် မရှိ။ အနာနှင့်တူသော ရန်သူသည် မရှိ။ ကိုယ်နှင့်တူသော ချစ်သော သူမည်သည် မရှိ။ ကံနှင့် တူသော အားသည်မရှိ။
(၂၀)။ လောက၌ ဟင်္သာသည် ကျီးတို့၏အလယ်၌ မတင့်တယ်။ ခြင်္သေ့သည် နွားတို့၏ အလယ်၌ မတင့်တယ်။ မြင်းသည် မြည်းတို့၏ အလယ်၌ မတင့်တယ်။ လူမိုက်တို့၏ အလယ်၌ ပညာရှိသည် မတင့်တယ်။
(၂၁)။ သူမိုက်သည် အသက်ထက်ဆုံးလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့၊ ထိုသူမိုက်သည် တရားကိုမသိ။ အဘယ်ကဲ့သို့ နည်းဟူမူ ယောက်မသည် ဟင်း၏ အရသာကို မသိသကဲ့သို့တည်း။
(၂၂)။ ပညာရှိသည် ခဏမျှလည်း ပညာရှိကို အကယ်၍ ဆည်းကပ်ငြားအံ့။ တရားကိုသိ၏။ အဘယ်ကဲ့သို့ နည်းဟူမူကား လျှာသည် ဟင်း၏ အရသာကို သိသကဲ့သို့တည်း။
(၂၃)။ ရဲရင့်သောသူသည် လက်နက်ကို ကင်း၍ စစ်မြေအရပ်သို့ မသွားရာ။ ထို့အတူ ပညာရှိသည် ကျမ်းဂန်ကို ကင်း၍ စကားမဆိုရာ။ အဓွန့်ရှည်သော ခရီးသို့သွားသော ကုန်သည်သည် အဖော်ကင်း၍ မသွားရာ။ အရပ်တစ်ပါးသို့ သွားသောသူသည် အဖော်ကို ကင်း၍ မသွားရာ။
(၂၄)။ လောက၌ ဥစ္စာပျက်ခြင်းသည် လည်းကောင်း၊ နှလုံးပူပန်ခြင်းသည် လည်းကောင်း၊ အိမ်၌ မကောင်းမှုကို ကျင့်ခြင်းတို့ကို လည်းကောင်း၊ လှည့်ပတ်ခြင်းကို လည်းကောင်း၊ မထီမဲ့မြင် ပြုခြင်းကိုလည်းကောင်း၊ ပညာရှိသည် ထင်ရှားမပြရာ။
(၂၅)။ လောက၌ အရေးအခွင့်ရောက်သည်နှင့် လျော်သောစကားကို လည်းကောင်း၊ ကိုယ်အား လျောက်ပတ်သော ချစ်အပ်သောသူကို လည်းကောင်း၊ ကိုယ်နှင့် တန်ရုံသော အမျက်ကို လည်းကောင်း အကြင်သူသည် သိတတ်၏။ ထိုသူသည် ပညာရှိမည်၏။
(၂၆)။ ဥစ္စာမရှိဘဲလျက် အရသာ စားကြူးသောသူ၊ ခွန်အားမရှိဘဲလျက် အသတ်အပုတ် ကြိုက်တတ်သောသူ၊ ပညာမရှိဘဲလျက် စကားလိုလားသောသူ၊ ဤသူတို့ကား သူရူးနှင့် တူကုန်၏။
(၂၇)။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများပြောတတ်သောသူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူ၊ ဤသုံးပါးသည် သူယုတ်၏ လက္ခဏာတည်း။
(၂၈)။ အဆင်းမလှသော သူသည် စကားများတတ်၏။ ပညာနည်းသောသူသည် ထင်ရှား ပြတတ်၏။ ရေမပြည့်သော အိုးသည် ချောက်ချားတတ်၏။ နို့ရည်မထွက်သော နွားမသည် ကျောက်ကန်တတ်၏။
(၂၉)။ ဖားသူငယ်သည် ဆောင့်ကြောင့်ထိုင်တတ်ကာမူ ခြင်္သေ့ဟုထင်၏။ ကျီးတည်းချီးမူကား ချစ်ဆွေ ချစ်ဆွေဟု မြည်တတ်၏။ ပညာမရှိသော သူမိုက်သည်လည်း မိမိကိုယ်ကို ပညာရှိ ထင်ခြင်းကြောင့် ပညာရှိတို့သည် မေးလတ်သော် ငါ့ရှင်ငါ့ရှင်ဟု ချစ်စဖွယ်သော စကားကို ဆိုတတ်၏။
(၃၀)။ ဖားသူငယ်သည်လည်း ဆောင့်ကြောင့်ထိုင်ခြင်းတူမူကား ခြင်္သေ့ တူကောင်းအံ့လော။ ၀က်သည်လည်း အုတ်အုတ်မြည်တတ်ကာမူ ကျားသစ် တူကောင်းအံ့လော။ ကြောင်သည်လည်း အဆင်းသဏ္ဌာန်တူကာမူ ကျားတူကောင်းအံ့လော။ ပညာရှိတို့သည်လည်း အတတ်ချင်း တူကောင်းအံ့လော။
(၃၁)။ မင်းတို့သဘော မည်သည့်ဥစ္စာ၌ ရောင့်ရဲခြင်းမရှိ။ မျက်စိသည်လည်း ချစ်သောသူကို မြင်ခြင်း၌ ရောင့်ရဲခြင်းမရှိ။ သမုဒ္ဒရာသည် ရေ၌ ရောင့်ရဲခြင်း မရှိ။
(၃၂)။ အဆင်းအရွယ်နှင့် ပြည့်စုံခြင်းမူလည်း၊ ပြန့်ပြောကြွယ်ဝသော အမျိုး၌ ဖြစ်လျှင်မူလည်း အတတ်ပညာမှ ယုတ်ခဲ့မူကား မတင့်တယ်ကုန်။ ပေါက်ပန်းတို့သည် အနံ့ကင်းကုန်သကဲ့သို့တည်း။
(၃၃)။ လောက၌ အမျိုးယုတ်သောသူ၏ သားဖြစ်လျက် မင်း၏ အမတ်ဖြစ်တတ်၏။ လူမိုက်၏ သားဖြစ်လျက်လည်း ပညာရှိဖြစ်တတ်၏။ ဥစ္စာမရှိသောသူ၏ သားဖြစ်လျက်လည်း ဥစ္စာများတတ်၏။
(၃၄)။ အကြင်တပည့်သည် အတတ်ပညာလိုသဖြင့် အထူးထူးအပြားပြားများစွာ သင်တတ်၏။ ထိုတပည့်လည်း အတတ်ကို အိပ်မက်ကိုမြင်သော သူအကဲ့သို့ ပြန်ဆိုခြင်းငှာ မစွမ်းနိုင်ရာ။
(၃၅)။ အိုးထိန်းသည်သည် အိုးကို ကွဲစိမ့်သောငှာ မခတ်၊ တင့်တယ်စိမ့်သောငှာ ခတ်၏။ ဆရာသည် တပည့်တို့အား အပယ်ဆင်းရဲသို့ ကျစေခြင်းငှာ မပုတ်ခတ်၊ အတတ်ပညာ အစီးအပွားဟူသော အကြောင်းကြောင့် ပုတ်ခတ်၏။
(၃၆)။ အကြင်သူသည် တောင်ဇလပ်ပန်းကိုလျှင် ပေါက်ဖက်နှင်ထုပ်၏။ ထိုသူ၏ တောင်ဇလပ်ပန်း သည်သာလျှင် ကောင်းသောအနံ့ကို လှိုင်စေသည်ကား မဟုတ်၊ ပေါက်ဖက်တို့သည်လည်း ကောင်းသော အနံ့ကို လှိုင်စေကုန်၏။ ထို့အတူ ပညာရှိနှင့် ပေါင်းဖက်မှီဝဲရသော သူတို့ကို မှတ်အပ်၏။
 
ဆက်လက်ဖော်ပြပါမည်…
မိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေရှင်။
မြတ်လေးမွန်

12 Jan 2012

*****မင်္ဂလာသတင်းကောင်း*****





မြန်မာနိုင်ငံနဲ့ နိုင်ငံသူ/သားများ ကမ္ဘာမှာရင်ဘောင်တန်းနိုင်စေဖို့ မြန်မာပြည်သားတို့ ရဲ့ မျှော်လင့်ချက်တွေကို ရဲရဲရင့်ရင့်ဖြည့်ဆည်းပေးနေတဲ့ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် နှင့် တာဝန်ရှိပုဂ္ဂိုလ်များအား လေးစားစွာဂုဏ်ပြုလိုက်ပါတယ်...




ပြည်သူတွေရဲ့အသံတွေကို နားထောင်ပြီး ပြည်သူတွေရဲ့ ဆန္ဒများကို လက်တွေ့ကျကျ ဖြည့်ဆည်းပေးခဲ့သော သမ္မတကြီး ဦးသိန်းစိန် ၏ လုပ်ရပ်များအား ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ သမ္မတကြီး ကျန်းမာချမ်းသာပါစေ ပြည်သူ့အကျိုးကို ထမ်းရွက်လို့ ပြည်သူချစ်သော ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပါစေခင်ဗျား))




‎*****မင်္ဂလာသတင်းကောင်း*****


အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသူ အကျဉ်းသား ၆၅၁ ဦးကို ဇန်န၀ါရီ ၁၃ ရက်မှ စတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယနေ့ညနေ ၆ နာရီတွင် နိုင်ငံပိုင် ရုပ်သံ သတင်းဌာနများမှ ကြေညာလိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက်လည်းကောင်း၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးအတွက် လည်းကောင်း၊ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိစေရေးအတွက် လည်းကောင်း၊ လူသားခြင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသော နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက် လည်းကောင်း အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျခံနေရသူ ၆၅၁ ဦးအား ဇန်နဝါရီလ ၁၃ ရက်နေ့မှ စကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်ပါသည်။
လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သူများတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ကြောင်း
 အကျဉ်းဦးစီးဌာန(နေပြည်တော်) မှ စုံစမ်းသိရှိရသည်။
 

လွန်ခဲ့သော နာရီဝက်က အင်းစိန်ထောင်ရှေ့မြင်ကွင်း....

 

ဘူးသီးတောင်အကျဉ်းထောင်မှလွတ်မြောက်လာသော ကိုဌေးကြွယ်ကို တွေ့ရစဉ်
 
 
 ကိုမင်းကိုနိုင်
 

နေဘုန်းလတ် (ဘလော့ဂ်ဂါ)

သာယာဝတီထောင်မှ ပြန်လည်လွတ်မြောက်လာတဲ့ ၈၈မျိုးဆက်ကျောင်းသူ မနီလာသိန်းနှင့် ဆက်သွယ် မေးမြန်းချက်
 


ဦးခွန်ထွန်းဦး

တောင်ငူထောင်မှ လွှတ်မြောက်လာသော ဦးခွန်ထွန်းဦး





အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာ
အရှင်ဂမ္ဘီရ မြောင်မြထောင်မှ လွတ်မြောက်လာပြီးပါက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းတွင် ရဟန်းခံမည်ဖြစ်ကြောင်း အရှင် ဂမ္ဘီရ၏မိခင် ဒေါ်ရေးက ပြောကြားခဲ့ပါသည်။ အရှင်ဂမ္ဘီရ ၂၀၀၇ နိုဝင်ဘာ (၄) တွင် အဖမ်းခံရပြီး ပုဒ်မ (၁၇)ခုဖြင့် ထောင်ဒဏ် (၆၈)နှစ်ကျခံထားရသူဖြစ်သည်။




ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း)


ယနေ့လွတ်မြောက်လာသည့် ဦးခင်ညွန့် (ဗိုလ်ချုပ်ကြီးဟောင်း) အား ရန်ကုန်မြို့ရှိ ၄င်း၏ နေအိမ်တွင် တွေ့ရစဉ်
နိုင်ငံရေးသို့ ၀င်ရောက်ဖွယ် ရှိ၊ မရှိနှင့် ပတ်သက်၍ "အခုထိတော့မစဥ်းစားရသေးဘူး။ အသက်လည်းကြီးပြီကွယ့်"ဟု ဦးခင်ညွန့်(ဗိုလ်ချုပ်ကြီးဟောင်း) က ပြောကြားခဲ့သည်။ အနာဂတ်အစီအစဉ်များနှင့်ပတ်သက်၍ ၄င်းက "အဘက အိမ်မှာပဲ မိသားစုတွေနဲ့ အေးအေးဆေးဆေး နေချင်သေးတယ်။ မိသားစုတွေနဲ့ မနေရတာ (၇) နှစ်ကျော်ပြီ။ သားတွေနဲ့လည်း အခုမှ တွေ့ရတာ။ သားက အခုမှရောက်တာ။"ဟု ပြောကြားခဲ့ပါသည်။

အကုန်လွတ်ပြီး အားလုးံပျော်ရွှင်တဲ့နေ့။

ကလေးထောင်
(၁) ဦးဂမ္ဘီရ

ကျောက်ဖြူထောင်
(၁) စစ်ထောက်လှမ်းရေး ဒုဗိုလ်မှူးကြီးဟောင်း စိုးညွန့်
- နိုင်ငံရေး အကျဉ်းသား ၉ ဦး

ဘားအံထောင်
(၁) နေဘုန်းလတ် (ခ) နေမျိုးကျော်
(၂) ညဏ်လင်း
(၃) သန့်စင်အောင်
(၄) ကျော်ကျော်နိုင်
(၅) နန္ဒစစ်အောင်
(၆) ပြည့်ဖြိုးအောင်
(၇) ဦးညီပု (၁၉၉၀ လွှတ်တော်ကိုယ်စားလှယ်)

တောင်ငူထောင်
(၁) ဦးခွန်ထွန်းဦး
(၂) စိုင်းညွန့်လွင်
- ၁၃ ဦးတွင် ၁၃ ဦးလုံး လွှတ်

တောင်ကြီးထောင်
(၁) ဂျင်မီ
(၂) မြအေး
(၃) ဇော်သက်ထွေး
(၄) ကျော်ကိုကို
(၅) ဇော်မင်းဦး
(၆) ကိုဇော်ဝင်း
(၇) ကိုအောင်ကျော်ကျော်
(၈) သူရစိုး
(၉) မန်းဇော်ထွေး
(၁၀) ကိုမောင်ကံ

လားရှိုးထောင်
(၁) ကိုမင်းဇေယျာ
(၂) ကိုမင်းဟန်
(၃) မဟန်နီဦး

ဘူးသီးတောင်ထောင်
(၁) ဌေးကြွယ်
(၂) စည်သူမောင်
(၃) သန့်စင်မျိုး
(၄) အောင်ဇော်ဦး
(၅) ကျော်ဝင်းဆန်း
(၆) မောင်မောင်လတ်
(၇) ဦးပြည်ကျော်
(၈) ကျော်မင်း
၁၀ ဦးတွင် ၉ ဦးလွှတ်၊ ၁ဦးကျန်မ(အေးမင်းဖြိုး)

မြစ်ကြီးနားထောင်
(၁) သီဟသက်ဇင်
(၂) ကျော်ဝင်း
(၃) ကြည်စိုး
(၄) ဇေယျာအောင်
(၅) မျိုးမင်းသန်း
(၆) ဦးဝီရသူ

မြောင်းမြထောင်
(၁) စန္ဒာမင်း
(၂) ကိုကံမြင့်
(၃) ကပ်လန်ခွ

မိုင်းဆတ်ထောင်
(၁) ကိုကိုကြီး (၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်)
(၂) ကရင်လေး စောနေထူး

မြင်းခြံထောင်
(၁) မသက်သက်အောင်

ရွှေဘိုထောင်
(၁) ကိုသက်ဇော်
(၂) မီးမီး (ခ) သင်းသင်းအေး

ဗန်းမော်ထောင်
(၁) ဦးဘမြင့် (အန်အယ်ဒီ အလုံမြို့နယ်)
(၂) ဒေါ်မာမာဦး (၈၈ မျိုးဆက်)
(၃) ကိုကျော်စွာဋ္ဌေး
(၄) ဒေါက်တာဝင့်သူ

သရက်ထောင်
(၁) ကိုမင်းကိုနိုင်
(၂) မင်းခေါင်ထွဋ်
(၃) တင်ထွဋ်ပိုင်
(၄) မင်းသိန်းထွန်း
(၅) သူရအောင်
(၆) ကိုကိုလှိုင်
(၇) ဂျော်လီထွန်း
- ၉ ဦးလွှတ်၊ ၉ ဦးကျန်

သာယာဝတီထောင်
(၁) မနီလာသိန်း
(၂) မကြည်ကြည်ဝါ
(၃) ဘိုဘို
(၄) ဦးရဲမြင့်
(၅) လွင်မိုးမြင့်
(၆) အောင်သန်း(ခေါ်)အောင်မိုး
(၇) ခင်လှိုင်(ခ)ဖိုးဆောင်း
(၈) ကျော်အောင်
(၉) ၀င်းထိုက်(ခ)ဦးရာဇဓမ္မ
(၁၀) ဆရာရဲ
- ၁၀ဦးတွင် ၁၀ဦးလွှတ်

Facebook မှ စုစည်းတင်ပြပါသည်။ 

သမိုင်းတွင်မဲ့ 13 Jan 2012 သောကြာနေ့ လေးအတွက် အမှတ်တရ။

6 Jan 2012

စိတ်ဓာတ်ကျတယ်

နေ့တိုင်း နိစ္စဓူဝ လုပ်ငန်းတွေကို လုပ်ကိုင်ရင်းက ကြားနေရတတ်၊ ကိုယ် တိုင်လည်း ခံစားရတတ်၊ ပြောမိတတ် တဲ့ အသံ တစ်ခုက စိတ်ဓာတ်ကျတယ် ဆိုတာပါပဲ။ ပုံမှန် အတိုင်း အိပ်မရတာ၊ အစား အသောက်ပျက်တာ၊ ကိုယ့်ကိုယ် ကို အကောင်း မမြင်နိုင်တာ၊ ဘဝနဲ့ ချီပြီး စဉ်းစားရင်လည်း အပျက်တွေပဲ စဉ်းစားမိ၊ တွေးမိတတ်တာဟာ ပူးတွဲ အတွေ့ရများတဲ့ လက္ခဏာတွေပါ။
စိတ်ဖိစီးမှုတွေ ခံစားရရင်၊ ဆုံးရှုံး မှုတွေ ရင်ဆိုင် ရရင်၊ မှန်းထားသလို မဖြစ်တာတွေ များလာရင် စိတ်ဓာတ် ကျတယ် ဆိုတဲ့ ခံစားမှုက ဖြစ်တတ် ပါတယ်။ လူတိုင်း လိုလိုပါပဲ။ ဒါပေမယ့် တချို့တွေမှာ ခံစားမှု အဆင့်နဲ့တင် အပြီးသတ်ပြီးရောဂါ အဆင့်မရောက်ပါ ဘူး။ ပြီးပြီးပျောက်ပျောက်ပေါ့။ ဒါပေ မယ့် တချို့ကျတော့ ရက်ရှည်လများ ခံစားရပြီး ရောဂါ အဆင့်ကို ရောက်ရှိ သွားတတ်ပါတယ်။
ချစ်ခင်ရင်းနှီးတဲ့ သူတစ်ဦးဦး ဆုံး ပါးရင် စိတ်ထိခိုက်တတ်၊ စိတ်ဓာတ် ကျတတ်ပါတယ်။ အထူးသဖြင့် ရက် ရှည်လများ ပေါင်းသင်းလာခဲ့တဲ့ ဇနီး မောင်နှံတွေမှာ တစ်ဦးဦး ဆုံးပါးခဲ့ရင် ကျန်ရစ်ခဲ့တဲ့ သူတွေမှာ ဆုံးပါးပြီး တစ်နှစ် အတွင်းမှာ သိသိသာသာ စိတ်ဓာတ် ကျတတ်တာကို တွေ့ကြရပါ တယ်။ ရောဂါဝေဒနာ တစ်ခုခု ခံစားရ ရင်၊ အလုပ်အကိုင်ထဲမှာ အဆင် မပြေရင်၊ အလုပ်ပြုတ်ရင်၊ ငွေရေး ကြေးရေး အခက်အခဲတွေ ရှိရင်လည်း စိတ်ဓာတ်ကျတဲ့ ခံစားမှုတွေ ခေတ္တ ခဏ ခံစားရတာမျိုးဖြစ်နိုင်သလို၊ ရေ ရှည် ခံစားရပြီး ရောဂါ အဆင့်ကိုလည်း ရောက်ရှိတတ်တာကို တွေ့ရပါတယ်။
ရောဂါ အဆင့်ရောက်ဖို့ ဆိုရင် ဆုံး ရှုံးမှုတွေကို မဖြေသိမ့်နိုင်၊ ရင်မဆိုင် နိုင်တဲ့အခါမှာ ဖြစ်တတ်ပါတယ်။ တရားသဘောနဲ့ပြောရင်တော့ နှလုံး မသွင်းတတ်လို့ပါ။ ဆုံးရှုံးတာ မှန်ပေ မယ့် လောကဓမ္မတာ အရ ဖြစ်တာ ပဲ၊ တစ်နေ့ကိုယ်လည်း သေရမှာပဲ၊ ပစ္စည်းသင်္ခါရ၊ လူသင်္ခါရ၊ လူမသေ ငွေမရှား၊ မွေးတုန်းက လက်ချည်းပဲ၊ ပြန်စတာပေါ့၊ အရှုံးထဲက အမြတ် ထုတ်တတ်ရမယ် ဆိုတာမျိုး အတွေး တွေ၊ ခံယူချက်တွေနဲ့ ဖြေသိမ့်နိုင်၊ ရင်ဆိုင်နိုင်ရင် အချိန် ကြာလာတာနဲ့ အမျှစိတ် ဓာတ်ကျတာ သက်သာ လာနိုင်ပါတယ်။ ဒီလို မဖြေသိမ့်နိုင်ရင်၊ရင်မဆိုင် နိုင်ရင်၊ ရင်မဆိုင် တတ်ရင် တော့ အအိပ် မမှန်၊ အစား မမှန်နဲ့တွေးခေါ်တာတွေပါ လွဲလာ၊ သံသယ တွေပါဝင်လာပြီး ကို ကူးပြောင်းသွားတတ်ပါတယ်။
တကယ်လို့ စိတ်ဓာတ်ကျတယ် ဆိုတာ ရောဂါအဆင့်ရောက်နေပြီ ဆိုရင် ရောဂါတစ်ခု အနေနဲ့ စဉ်းစား ပေးသင့်ပါတယ်။ ရောဂါတစ်ခု အနေ နဲ့ လက်မခံဘဲ ကာယကံရှင်ကပဲ သတ်မှတ်ရင် ပြဿနာက ပိုပြီးကြီး လာတတ်ပါတယ်။ ဒီလောက် ကိစ္စလေး ကိုတောင်မှ မရှင်းနိုင်ဘူးလား။ ပြဿနာ မဟုတ် ပြဿနာ ရှာနေတယ်နဲ့ ကဲ တယ်၊ သည်းတယ် ထင်တတ်တာတွေ ဖြစ်လာပြီး ပြဿနာကကြီးထွားလာ တာပါပဲ။Depression is an illness, not a weakness လို့ ဆိုရိုး ရှိပါတယ်။
တွေ့ခဲ့ဖူးတဲ့ အဖြစ်အပျက် တစ်ခု မှာဆိုရင် စိတ်ဓာတ်ကျပြီး ရောဂါသည် အဆင့်ရောက်နေတဲ့ဝေဒနာရှင်တစ်ဦး ဟာ ၄င်းရဲ့ဆုံးပါးသွားပြီဖြစ်တဲ့ ခင်ပွန်း သည် သက်ရှိထင်ရှား ရှိစဉ်က ရုံးကနေ ယူလာခဲ့တဲ့ ဖိုင်တွဲ တစ်တွဲကို တွေ့ရ တာနဲ့တင် မဆိုင်တဲ့ပစ္စည်း အိမ်မှာ ရှိနေလို့ သူ့ကိုဖမ်းတော့မယ်၊ အရေး ယူတော့မယ်ဆိုပြီး မအိပ်နိုင်၊ မစား နိုင်ဖြစ်တတ်ပါတယ်။ ဘေးက လူတွေ၊ မိသားစုဝင်တွေက အကျိုးအကြောင်း ဘယ်လောက်ပဲ ရှင်းပြရှင်းပြ သူ့ရဲ့ ခံစားမှုဝေဒနာ လျော့မှာ မဟုတ်သလို၊ သူ့ရဲ့ ထင်မြင်ချက်ကလည်း ပြောင်း လာမှာမဟုတ်ပါဘူး။ ဒီအချိန်မျိုးမှာ အတိုက်အခံ ငြင်းမနေဘဲ ဝေဒနာကို သာ သက်သာအောင် ကုပေးမှ သူတို့ ကို ကူညီရာရောက်မှာပါ။
ရောဂါမဖြစ်ခင်က ဝေဒနာရှင်ရဲ့ ကိုယ်ရည်ကိုယ်သွေး၊ အကျင့်စရိုက် တွေအပေါ် မူတည်ပြီး ရောဂါလက္ခဏာ ပုံစံတွေ ကွဲပြားတတ်တာကိုလည်း တွေ့ရတတ်ပါတယ်။ တာဝန်ယူတတ်၊ နားလည်ခွင့်လွှတ်တတ်တဲ့ သူတစ်ဦးရဲ့ စိတ်ဓာတ်ကျချိန်မှာ ကိုယ့်ဘာသာ ကိုယ် အပြစ်တင်ကြတာရှိတတ် ပေမယ့် နဂိုကတည်းက သူများ အပေါ် လွှဲချ၊ တာဝန် မယူတတ်တဲ့ သူမျိုးမှာကျတော့ တခြားသူတွေက မကောင်းကြံနေကြတယ်၊ တခြားသူ တွေက မကောင်းကြံနေကြလို့ သူ ဒီလိုဖြစ်ရတယ်၊ လောကကြီးက မတရားဘူး၊ ညီအစ်ကိုမောင်နှမတွေ က မတရားဘူး၊ မိဘတွေကတောင် မတရားဘူး ဆိုပြီး ဖြစ်လာတတ်ပါ တယ်။
ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ သိပ် ကွာခြားလွန်းချိန်မှာ စိတ်ဓာတ် တွေ ကျတတ်ပါတယ်။ ကောင်းတာ က တစ်လှမ်းချင်း ခြေလှမ်းဖို့ပါ။ မိုင် ၁၀ဝ၀ ခရီးကို ခြေတစ်လှမ်းနဲ့ စတယ် လို့ဆိုသလိုပဲ ခြေတစ်လှမ်းစလှမ်းမိချိန် မှာနောက်လှမ်းရမယ့် ခြေလှမ်းတွေကို က တစ်လှမ်းစာလျော့သွားပြီဆိုတာ ကို သတိထားတတ်ရပါမယ်။ အဝေး ကြီးကို လှမ်းကြည့်မနေဘဲ တစ်ရက် ချင်း၊ တစ်ပတ်ချင်း၊ တစ်လချင်း ပန်းတိုင် ကလေးတွေထားပြီး လှမ်း ကြည့်ကြဖို့ပါ။ လက်ရှိ ပစ္စုပ္ပန်တည့် တည့်မှာ တတ်နိုင်သမျှ အကောင်း ဆုံးဖြစ်အောင် ကြိုးစားဖို့၊ လုပ်ဖို့ပါ။ ဖြစ်ခဲ့တာတွေ အတွက်လည်း နောင်တ ရ၊ အပြစ်တင် မနေပါနဲ့။ မဖြစ်သေး တာတွေ အတွက်လည်း ကြိုတွေးပူပန် မနေပါနဲ့။ နေ့မြင် ညပျောက်ဖြစ်တတ် တာတွေ များလှတဲ့ ကာလမှာ ကိုယ် တွေးပူသလိုလည်း ဖြစ်ချင်မှ ဖြစ်တတ် တာပါ။ ဒီကနေ့ လက်ရှိ အချိန်ကို အကောင်းဆုံး မပြင်ဆင်မိလို့ နောင် တစ်နေ့မှာ အကျိုးမရှိ မဖြစ်ရင် တော် ပါပြီ။
စိတ်ဓာတ်ကျလို့ အိပ်မရတာ တွေမှာလည်း များသောအားဖြင့်က တော့ မဖြစ်သေးတာတွေကို တွေးပူ နေတတ်ကြတာ၊ဖြစ်ခဲ့တာတွေ အတွက် ယူကျုံးမရဖြစ်နေတတ်ကြတာတွေ ကြောင့်ပါ။ ကျေးဇူးတော်ရှင် မိုးကုတ် ဆရာတော် ဘုရားကြီးစကား ယူပြောရ ရင် "ဖြစ်ကြောရှည်"နေတာကြောင့် ပါ။ တကယ်တမ်း တန်ဖိုးရှိ၊ အသုံး တည့်တာက လက်ရှိ အချိန်လေးပါ။ ပြီးခဲ့တဲ့ အချိန်တွေက ပြန်မရနိုင်တော့ သလို၊ မလာသေးတဲ့ အချိန်တွေကလည်း ကိုယ်မပိုင်ပါဘူး။
လက်ရှိ အချိန်လေးကို အတတ် နိုင်ဆုံး ကိုယ့်အတွက်၊ ကိုယ့် မိသားစု အတွက်၊ ကိုယ့်ပတ်ဝန်းကျင်က လူ တွေအတွက်၊ ဖြစ်နိုင်ရင် လောကကြီး အတွက် တစ်ခုခု အရာထင်၊ ကောင်း ကျိုးဖြစ်အောင် ကြိုးစားကြည့်ပါ။ ရ လာတဲ့ အကျိုးအမြတ်က သိသိသာ သာ မဟုတ်ရင်တောင် ကြိုးစားနေရင်း နဲ့ပဲ တွေးပူတာတွေ၊ ဆွေးယူတာတွေ လျော့ကျလာပါလိမ့်မယ်။ လုပ်ငန်း ခွင်တွေမှာ အထက်ကလူကြီးနဲ့က အဆင်မပြေ၊ လက်အောက်ကသူတွေ က ပြောမရနဲ့ တွေးပူပြီး လက်ရှိ တာဝန်ကို ထမ်းနေရင် အမှားတွေ ပိုလုပ် မိတတ်ပါတယ်။ ဒီလိုတွေးပူမနေဘဲ ဒီနေ့လုပ်သင့်တဲ့ ကိစ္စတွေထဲက အလုပ် သင့်ဆုံးကို စိတ်ထဲမှာနှစ်၊ ရှင်းရှင်း ဖြစ်အောင်လုပ်၊ ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ရင် စိတ်ဓာတ်ကျစရာတွေ နည်းလာပါလိမ့်မယ်။
ဒီတော့ ဒီဆောင်းပါးကို ပြန်ချုပ် ရရင် လောက သဘာဝ စိတ်ဓာတ်ကျ စရာတွေကြုံတွေ့လာတတ်ပါတယ်။ ဒိလိုကြုံလာရင် ခံစားမှု အဆင့်ကနေ ရောဂါ အဆင့်မရောက်ရအောင် နှလုံး သွင်းတတ်ဖို့ လိုပါတယ်။ ဆွေးပူ တွေးယူပြီး ရင်မဆိုင်ဘဲ ပစ္စုပ္ပန်တည့် တည့်ကိစ္စကို တစ်ခုချင်းခေါင်းအေး အေးထား ဖြေရှင်းခဲ့ရင် ပြဿနာ အများစုဟာ ဖြေရှင်းလို့ရတတ်ပါ ကြောင်း အကြံပေးလိုက်ပါရစေ။
မေတ္တာဖြင့်
ဒေါက်တာဌေးအောင်

5 Jan 2012

ဖုန်းတစ်လုံး ကျပ်ငါးထောင်ဖြင့် မကြာမီ ရောင်းချပေးတော့မည်




ငွေကျပ် ငါးထောင်နှုန်းဖြင့် အင်တာနက်ပါ သုံးစွဲနိုင်သော ဖုန်းများအား ယခုနှစ်အတွင်း အများပြည်သူ သုံးစွဲနိုင်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဝန်ဆောင် မှုပေးသည့် ရွှေပြည်တံခွန်ကုမ္ပဏီမှ မန်နေးဂျင်း ဒါရိုက်တာ ဦးလွင်နိုင်ဦးက ပြောသည်။

”နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်ထားတာပါ။ ဒီနှုန်းနဲ့ ဖုန်းသုံးစွဲနိုင်ဖို့ အတွက် နိုင်ငံတော် သမ္မတကြီးရဲ့ ခွင့်ပြုချက်အရ ဆောင်ရွက်ပေးတာပါ။ အဓိက ကတော့ ဝင်ငွေနည်းတဲ့ ပြည်သူ တွေနဲ့ အခြေခံလူတန်းစားတွေ ဖုန်း သုံးစွဲနိုင်အောင် ရည်ရွယ်ပြီး နိုင်ငံ တော် သမ္မတကြီးက ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။အဆိုပါ ဖုန်းလိုင်းအား ၅ နှစ်အတွင်း ဖုန်းလိုင်း သန်း ၃ဝ ထုတ်လုပ်ဖြန့်ချိပေးသွားမည် ဖြစ် ပြီး ယခုနှစ်အတွင်း ဖုန်းလိုင်း ၁ သန်း ထုတ်လုပ်ဖြန့်ချိပေးမည် ဖြစ် ကြောင်း သိရသည်။

”မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပတ်သက်မှု မရှိပါဘူး။ အထွက်ခေါ်ဆိုနှုန်း မြို့တွင်း ၂၅ ကျပ်၊ နယ်ဝေး ၃ဝ ကျပ်နဲ့ ကောက်ခံသွားမှာပါ။ ဖုန်းကတ် တွေကိုလည်း ဖုန်းဆိုင်တွေမှာ မှတ်ပုံတင်ပြရုံနဲ့ ဝယ်နိုင်မှာပါ။ ဘယ် တော့ဖုန်းတွေ ချထားပေးမလဲ ဆိုတာကတော့ လာမယ့် မတ်လ မှာ စတင် အကောင်အထည် ဖော်ဆောင်ရွက်သွားဖို့ ရှိပါတယ်” ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောသည်။

၎င်းဖုန်းများအား စတင် သုံးစွဲခွင့်ရပါက တစ်ခါသုံးဖုန်းကတ်များ ကဲ့သို့ နံပါတ်ပြောင်းလဲသွားမည် မဟုတ်ဘဲ နံပါတ်အသေ ဖုန်းများ ဖြစ်ကြောင်း၊ 3 G ကွန်ရက်စနစ်ဖြင့် ပေးသွားမည်ဖြစ်ပြီး ဖုန်းဘေလ်ကြို တင်ငွေဖြည့်ကတ် စနစ်ဖြင့် အသုံး ပြုရမည် ဖြစ်ကြောင်း နံပါတ်မှာ ဝ၉-၁ ဖြင့် စတင်သွားမည် ဖြစ် ကြောင်း၊ အင်တာနက်သုံးစွဲမှုမှာ မြန် နှုန်းအပေါ် မူတည်၍ ကျသင့်မည် ဖြစ်ကြောင်း သိရသည်။

”ဖုန်းကတော့ GSM ဖုန်း အမျိုးအစားပါ။ ပြည်တွင်းခေါ်ဆိုမှု သာမက အာဆီယံနဲ့ အာရှနိုင်ငံ များကိုပါ ဖုန်းခေါ်ဆိုနိုင်မှာပါ။ နှုန်း ထားကတော့ လက်ရှိအသုံးပြုနေ တဲ့ နှုန်းအတိုင်း ကတ်ထဲက နုတ် ယူသွားမှာပါ။ ပထမနှစ် ဖုန်း ၁သန်းမှာတော့ ရန်ကုန် တိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီး ၂ ခုပဲ သုံးစွဲနိုင်မှာပါ။ နောက်ပိုင်း မန္တလေးတိုင်းဒေသကြီးနဲ့ နေပြည် တော်တိုင်းဒေသကြီးတို့ အပြင် တစ်နိုင်ငံလုံး သုံးစွဲနိုင် အောင် ဆောင်ရွက် သွားမှာပါ” ဟု ၄င်းက ဆက်လက် ပြောသည်။

Ref: FacebookLinkedInTwitterGoogle+Share/Bookmark

အံ့ဖွယ် ရာဘာလူသား....

RUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THISRUBBER BOYAMAZING CAN U DO THIS

Ref:http://lwanmapyay.blogspot.com

2 Jan 2012

ချစ်သူကို တရားဟောပါ



ချစ်သူကို တရားဟောပါ
ရဝေနွယ်(အင်းမ)

မြတ်စွာဘုရား လက်ထက်တော်က သားအမိနှစ်ယောက်ရှိပါတယ်။ သမီးရဲ့နာမည်က ကေသကာရီလို့ခေါ်ပါတယ်။
တစ်နေ့ အိမ်တံခါးဝမှာ ထိုင်ပြီး သမီးက အမေ့ရဲ့ဦးခေါင်းမှာ သန်းရှာပေးနေပါတယ်။ အဲဒီအချိန်မှာပဲ ရဟန်းတော်တွေ အများကြီး အိမ်ရှေ့ကဆွမ်းခံ ကြွသွားတာကို မြင်လိုက်ရပါတယ်။ ဒီတော့ သမီးကေသကာရီက အမေလုပ်သူကိုမေးပါတယ်။
“အမေ.. ဒီရဟန်းတွေဟာ ပထမအရွယ်ရုပ်ရည်အဆင်း လှလှပပရှိပါလျက်နဲ့ ဘာမှလည်း မပျက်ဆီးသေးဘဲနဲ့ ဘာဖြစ်လို့ ရဟန်းပြုကြတာလဲ”
ဒီတော့ အမေလုပ်သူက ပြန်ပြောပြပါတယ်။
“သမီး.. မြတ်စွာဘုရားပွင့်နေတယ်။ မြတ်စွာဘုရား တရားနာကြားပြီး ရဟန်းပြုကြတာ”
သားအမိ နှစ်ယောက် သန်းရှာရင်း စကားပြော နေတုန်းမှာပဲ သောတာပန် ဒကာ တစ်ယောက် အိမ်တံခါးဝ ရောက်လာပါတယ်။ သားအမိနှစ်ယောက် ပြောတဲ့စကားကိုလည်း ကြားသွားပါတယ်။
အမေလုပ်သူက အိမ်ရှေ့ရောက်လာတဲ့ သောတာပန်ဒကာကို “ဥပသကာကြီး… တစ်ခုမသိ လို့မေးပါရစေ။ အမျိုးကောင်းသားတွေ စည်းစိမ်တွေစွန့်၊ ဆွေမျိုးမိတ်ဆွေ တွေစွန့်ပြီး မြတ်စွာဘုရား ထံမှာ ရဟန်းပြုကြတယ်။ ဘာအကျိုးကိုမြင်လို့ ရဟန်းပြုကြတာလဲ”လို့ ထပ်ဆင့်မေးကြည့် ပါတယ်။
သောတာပန် ဒကာကလည်း “ ကာမဂုဏ်ရဲ့ အပြစ်ကိုမြင်လို့ ရဟန်းပြုကြတာပါ”လို့ ပြောပြ ပါတယ်။ သောတာပန် ဒကာကဆက်ပြီး သရဏဂုံနဲ့ ငါးပါးသီလအကြောင်းကို ပြောပြပေးပြီး ကျင့်သုံးရင် ရမယ့် အကျိုးရလဒ် တွေကိုပါ ပြောပြပါတယ်။
သောတာပန် ဒကာရဲ့စကားကြးရတော့ ကေသကာရီက စိတ်ဝင်စားသွားပြီး “သရဏဂုံနဲ့ ငါးပါးသီလကို ကျွန်မတို့ မိန်းမသားတွေ ကျင့်သုံးရင်ကော သင်ပြောပြတဲ့ မျက်မှောက်တမလွန် အကျိုးတွေ ရနိုင်သလား”လို့ မေးလိုက်ပါတယ်။ သောတာပန် ဒကာကလည်း “သမီးရယ် ဒီတရား တွေဟာ လူသား အားလုံးနဲ့ ဆိုင်ပါတယ်။ လူသားအားလုံး ကျင့်ဖို့ ဟောထားတာပါ”လို့ ပြန်ပြော ပြပါတယ်။
နောက် သောတာပန် ဒကာက ကေသကာရီကို သရဏဂုံနဲ့ ငါးပါးသီလကို ကိုယ်တိုင် တိုင်ပေး ပါတယ်။
ကေသကာရီက ငါးပါးသီလကို ခံယူပြီးတော့ “ဥပသကာကြီးရယ် သရဏဂုံ ငါးပါးသီလ ထက်မြင့်တဲ့ တရားရှိသေးလား”လို့ ဆက်မေးလာပြန်ပါတယ်။
ဒီအခါမှာတော့ သောတာပန်ဒကာက ကေသကာရီ တရားကို တော်တော် စိတ်ဝင်စားနေပြီ ဆိုတာသိရသလို တရားပါရမီ ရှိသူဆိုတာလည်း သိလိုက်ပါတယ်။ ဒါကြောင့် တရားကို ဆက်ဟောပြပေးပါတယ်။
“ရှိတာပေါ့၊ ချစ်သမီး သေချာနားထောင်ပါ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေ၊ အသား၊ အကြော၊ အရိုး၊ ရိုးတွင်းချင်ဆီ၊ အညှို့၊ နှလုံး၊ အသည်း၊ အမြှေး၊ အဖျဉ်း၊ အဆုတ်၊ အူမ၊ အူသိမ်၊ အစာသစ်၊ အစာဟောင်း၊ ဦးဏှောက်၊ သည်းခြေ၊ သလိပ်၊ ပြည်၊ သွေး၊ ချွေး၊ အဆီခဲ၊ မျက်ရည်၊ ဆီကြည်၊ နှပ်၊ တံတွေး၊ အစေး၊ ကျင်ငယ်၊ အဲဒီ သုံးဆယ့်နှစ်ကောဋ္ဌာသ ကမ္မဋ္ဌာန်းကို အပြန်ပြန် အလှန်လှန်စီးဖြန်းပါ။ ဒီကနေတစ်ဆင့်တက်ပြီး အဆင်းဖြစ်ပျက်၊ အသံဖြစ်ပျက်၊ အနံ့ဖြစ်ပျက်၊ အရသာဖြစ်ပျက်၊ ကြမ်းချော ဖြစ်ပျက်၊ တွန်းတိုးဖြစ်ပျက်၊ ပူအေးဖြစ်ပျက်၊ မြင်ဖြစ်ပျက်၊ ကြားဖြစ်ပျက်၊ နံဖြစ်ပျက်၊ လျက်ဖြစ်ပျက်၊ တွေ့ထိဖြစ်ပျက်၊ ဖြစ်ပျက် ဖြစ်ပျက် အဲဒီလို နှလုံးသွင်းပါ”လို့ သုံးဆယ့်နှစ်ကောဋ္ဌာသကမ္မဋ္ဌာန်းနဲ့ ဖြစ်ပျက်ကမ္မဋ္ဌာန်း ကို သေချာဟောပြပေးပြီး ပြန်သွားပါတယ်။
ကေသကာရီလည်း သောတာပန် ဒကာဟောပြ ပေးခဲ့တဲ့ ကမ္မဋ္ဌာန်းကို နေ့စဉ်ပွါးများ အားထုတ် လိုက်တာ မကြာမီ ကာလမှာပဲ သောတာပန် တည်သွားပါတယ်။
လူ့ပြည်မှာ သက်တမ်းစေ့နေပြီး ကွယ်လွန်တော့ တာဝတိံသာနတ်ပြည်မှာ နတ်သမီးအခြံ အရံ တစ်သိန်းနဲ့ သိကြားမင်းရဲ့ မိဖုရားငယ် ဖြစ်သွားရပါတယ်။

(ဝိမာနဝတ္ထုအဋ္ဌကထာ၊ကေသကာရီဝတ္ထု)

တရားဟောတယ်လို့ ပြောလိုက်ရင် ရဟန်းကလူကို ဟောတာကိုပဲ ပြေးပြေးမြင်လေ့ရှိပါ တယ်။ ဒီဝတ္ထုလေး မှာတော့ လူအချင်းချင်းပဲ ဟောလိုက်လို့ ကေသကာရီ သောတာပန်တည် သွားတာပါ။ လူထောင်သောင်း ပရိသတ်ကို ဟောမှရယ် မဟုတ်ပါဘူး၊ တစ်နာရီ နှစ်နာရီ ဟောမှရယ် လည်း မဟုတ်ပါဘူး။ လူအချင်းချင်း တစ်ယောက်တည်းကို ဟောလည်း တရားက တရားပါပဲ။ အလှူတကာ့ အလှူတွေထဲမှာ တရားအလှူဟာ အမြတ်ဆုံးဆိုတာ အားလုံး သိပါတယ်။
တရားအလှူ ပေးလှူလိုက်တာဟာ အမတဒါန=နိဗ္ဗာန်အလှူကို ပေးလှူလိုက်တာပါ။ ဒီတော့ ကိုယ့်မိတ်ဆွေကို ဆယ်မိနစ်၊ ဆယ့်ငါးမိနစ် ကိုယ့်သိသ လောက်လေး ပြောပြပေးလိုက် ရင်လည်း အမတဒါန=နိဗ္ဗာန်အလှူကိုပေးလှူလိုက်တာပါပဲ။
တရားဟောပြီးတဲ့အခါ “ဘုရားတပည့်တော် ဟောပြောပေးရသော ကုသိုလ်ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောပြတဲ့ တရားလေးကို နာကြားပြီး တရားအသိလေး တွေရသွားကြပါစေ။ ရသည့်အားလျော်စွာ ကျင့်နိုင်ကြပါစေ၊ ကျင့်နိုင် သည့်အားလျော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေရသွားကြပါစေ”လို့ မေတ္တာပို့ ပေးလိုက်ရမှာပါ။ အထူးသဖြင့် တရားဟောပြီးတိုင်း နိဗ္ဗာန်ကို ဆုတောင်းတဲ့ အလေ့လေးကို ထုံထား ရမှာပါ။ ဒါဆိုကိုယ်ဟောတဲ့ တရားကို ပိုပြီး တန်ဖိုးထားသွားမှာပါ။ “ငါပြုတဲ့ကုသိုလ်ဟာ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ နိဗ္ဗာန်အထိ ဦးတည်နေတယ်”ဆိုပြီး ကိုယ့်ကုသိုလ်အပေါ် အားရ ကျေနပ်နေတော့မှာပါ။
ဒီလိုပါပဲ။ ကိုယ့်ခင်ပွန်းကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ဇနီးကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်သားသမီး ကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်မိဘကိုလည်း ဟောပြပေးရမှာပါ။ ကိုယ့်ချစ်သူ ကိုလည်း ကိုယ်သိသလောက် ဟောပြပေးရမှာပါ။ ချစ်သူသဘာဝ သံယောဇဉ်အကြောင်း၊ မေတ္တာအကြောင်း၊ သီချင်းလေးတွေအကြောင်း၊ အိပ်မက်အကြောင်း၊ ပန်းလေးတွေအကြောင်း၊ ပစ္စည်းလေးတွေ အကြောင်း စသည်ဖြင့် ပြောပြရမှာပါပဲ။ ဒီသံယောဇဉ် အကြောင်းတွေအပြင် တစ်ခါတလေ ကိုယ်သိ သလောက် ကိုယ်လေ့လာ ထားသလောက် တရားစကားလေး တွေလည်း ပြောပြပေးရမှာပါ။ ဒါနအကြောင်း၊ သီလအကြောင်း တွေအပြင် ဒီကတစ်ဆင့်တက်ပြီး ဝိပဿနာရှုပုံ အကြောင်း လေးတွေလည်း ပြောပြပေးရမှာပါ။ အဲဒီလို ပြောပြပေးနေရင် ကိုယ့်ချစ်သူကို တရားအလှူ ပေးလှူနေတာပါပဲ။
မွေးနေ့နီးလာလို့ ကိုယ့်ချစ်သူက ကိုယ့်ကို “ဘာလိုချင်သလဲ”လို့ မေးလာရင် “သောကြာ, စနေ, တနင်္ဂနွေ နှစ်ညအိပ် သုံးရက် တရားစခန်း ဝင်ပေးပါ”လို့ တောင်းလိုက်ရုံပါ။ ဒါဆိုသူ့အတွက် ရော ကိုယ့်အတွက်ရော အမြတ်ဆုံး ကုသိုလ်တွေဖြစ်သွားတာပါ။
သုံးရက်ဆိုတော့ တရားစခန်း ဝင်ပေးရမယ့် ကိုယ့်ချစ်သူအတွက် မခက်သလို သောကြာ စနေ တနင်္ဂနွေဆိုတော့ သောကြာ ညနေရုံးကအပြန် တရားစခန်းဝင်၊ တနင်္ဂနွေနေ့ခင်းပြန်ထွက်၊ ပြီးရင် ဘုရားကို အတူတူသွား၊ ဘယ်လောက် ပျော်ဖို့ကောင်းသလဲ။
ဘုရားမှာ အတူတူပန်းကပ်၊ ပြီးတော့ ဘုရားပေါ်မှာ တရားစခန်းက ပြန်ထွက်လာတဲ့ ချစ်သူက ကိုယ်နာခဲ့တဲ့ တရားလေးတွေ၊ အားထုတ်ခဲ့ရတဲ့ တရားသဘော လေးတွေ ပြန်ပြောပြပေပြီး ကိုယ်ဆောက်တည်ခဲ့ရတဲ့ သီလကုသိုလ်၊ ကိုယ်ပွားများ အားထုတ်ခဲ့ရတဲ့ ဝိပဿနာ ဘာဝနာ ကုသိုလ်တွေကိုလည်း ကိုယ့်ချစ်သူကို အမျှပေးဝေလိုက်မယ် ဆိုရင်လည်း ချစ်သူရဲ့ သာဓုခေါ်သံဟာ ကိုယ့်အတွက်တော့ ကမ္ဘာပေါ်မှာ အသာယာဆုံး အသံတစ်ခု ဖြစ်နေတော့မှာပါ။ ဒါတင်မကပါဘူး။ အမျှဝေသံ၊ သာဓုခေါ်သံတွေဟာ စည်းချက်ညီ “ပါရမီသံစဉ်” တစ်ခုအဖြစ် ဘဝအဆက်ဆက် တည်တံ့ပျံ့လွင့် နေတော့မှာပါ။
ကုသိုလ်ကောင်းမှုတွေ အတူတူပြုခဲ့ရင် ဘဝအဆက်ဆက် ဆုံတွေ့ဦးမှာပါပဲ။ ဘဝအဆက် ဆက်ဆုံတွေ့ တဲ့အခါ ကိုယ်လည်း တရားရှိဘို့လိုသလို ကိုယ့်ချစ်သူလည်း တရားရှိဘို့လိုပါတယ်။ နောက်ဘဝတွေမှာ ပြန်တော့ဆုံပါရဲ့ ကိုယ်ကတော့ တရားရှိပြီး ကိုယ့်ချစ်သူက တရားမရှိရင်, မရှိခဲ့ရင် အဆင်မပြေလှပါဘူး။ ဥပမာ- ကိုယ့်ချစ်သူက “ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်”ဆို တဲ့အတိုင်း ဒေါသကြီးခဲ့လို့ ဒေါသကြီးနေလို့ ရုပ်ဆိုး အကျည်းတန် နေမယ်။ နောက်- “ညှဉ်းဆဲသူ ကား၊ အနာများ၊ သနားကျန်းမာသည်”ဆိုတဲ့အတိုင်း ကိုယ့်ချစ်သူက သူတစ်ပါး, သူတစ်ပါးတွေကို ညှဉ်းဆဲခဲ့လို့ အနာရောဂါ ထူပြောနေမယ် ဆိုရင် ကိုယ်ပဲ ဆေးကုပေး နေရမှာပါ။ အကုသိုလ်ရဲ့ အကျိုးကို ကိုယ်က မခံရပေမယ့် ကိုယ့်ချစ်သူကို ကြည့်ပြီး ကိုယ်ပါစိတ်ဆင်းရဲ နေရတော့မှာပါ။ ဒီတော့ ကိုယ်လည်းတရားရှိဘို့ လိုသလို သူလည်းတရားရှိဘို့ လိုပြန်ပါတယ်။
ဒါကြောင့် ကိုယ့်ချစ်သူလည်း တရားရှိဘို့ ကိုယ်က ကိုယ့်ချစ်သူကို တရားဟော ပေးရမှာပါ။ တော်ကြာနောက်ဘဝမှာ လေဖြတ်တဲ့ချစ်သူနဲ့ ပြန်ဆုံနေရင် ဘယ်လိုလုပ်မလဲ။ ဒီလိုပြန်ဆုံမယ် ဆိုရင်တော့ ကိုယ့်ဟာကို တွေးသာကြည့်ပါတော့။ အမျှဝေသံ, သာဓုခေါ်သံ လေးတွေဟာ သံယော ဇဉ်တွေကြားမှာ အခါအားလျှော်စွာ ကြားနေမှ နောက်ဘဝပါ စိတ်အေးစိတ်ချရမှာပါ။ သတိထားပါ၊ လေဖြတ်တဲ့ ချစ်သူနဲ့ ပြန်ဆုံနေမှာကို။
ဒီနေရာမှာ အမျှဝေတာနဲ့ ပတ်သက်ပြီး ပြောပြချင်ပါသေးတယ်။
အမျှဝေတဲ့နေရာမှာ ၁။ ဒါနပြုပြီး အမျှဝေတာရယ်၊ ၂။ သီလ ဆောက်တည်ပြီး အမျှဝေတာ ရယ်၊ ၃။ သမထဝိပဿနာ ပွါးများပြီး အမျှဝေတာရယ်ဆိုပြီး သုံးမျိုးရှိပါတယ်။
၁။ ဒါနပြုပြီးအမျှဝေရင် အမျှဝေတဲ့သူဟာ ဒါနကုသိုလ်ကိုထပ်မံရရှိပါတယ်။ လူတစ်ရာ သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ရာ ထပ်မံရရှိပါတယ်။ လူတစ်ထောင် သာဓုခေါ်ရင် ဒါနကုသိုလ် တစ်ထောင် ထပ်မံရရှိပါတယ်။ သာဓုခေါ်ကြတဲ့ လူတစ်ရာ ၊လူတစ်ထောင် တွေလည်းဒါနကုသိုလ် ကို ရကြပါတယ်။
၂။ သီလ ဆောက်တည်ပြီး သီလကုသိုလ်ကို အမျှဝေရင် သီလကုသိုလ်ကို ထပ်မရတော့ ပါဘူး။ ဒါနကုသိုလ် ကိုပဲရရှိပါတယ်။ သာဓုခေါ်တဲ့ ပုဂ္ဂိုလ်တွေကျတော့ သီလကုသိုလ် မရကြပါဘူး။ ဒါနကုသိုလ်ကိုပဲရကြပါတယ်။
၃။ သမထဝိပဿနာ ပွါးမျာပြီး အမျှဝေရင် သမထဝိပဿနာ ကုသိုလ်တွေ ထပ်မရတော့ပါ ဘူး။ ဒါနကုသိုလ်ကိုပဲရပါတယ်။ သာဓုခေါ်တဲ့ သူတွေလည်း သမထဝိပဿနာ ကုသိုလ်ကိုတော့ မရပါဘူး၊ ဒါနကုသိုလ်ကိုပဲရရှိပါတယ်။
အမျှဝေတာနဲ့ သာဓုခေါ်တာဟာ ဒါနထဲမှာပါပါတယ်။ ဒီသုံးမျိုးကို သဒ္ဓမ္မရံသီ ဆရာတော်ကြီး က မှတ်ရလွယ်အောင် ဆောင်ပုဒ်လေး စီပေးထားပါတယ်။
၁။ ဒါနဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၂။ သီလဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
၃။ ဘာဝနာဝေလျှင်၊ ဒါနပင်၊ အမှန်ပင် ရရှိသည်။
စိတ်ထဲမှာ ရှင်းကြရဲ့လား မသိပါဘူး။ မရှင်းသေးဘူးဆိုရင် ပုညကြိယဝတ္ထု (၁၀) ပါးကို အာရုံ ပြုကြည့် လိုက်ပါ။
ပုညကြိယာ ဝတ္ထု(၁၀)ပါး
၁။ဒါန=ပေးကမ်းလှူဒါန်းမှု၊ ၂။ သီလ=၅-ပါး ၊ ၈-ပါး၊ ၁၀-ပါးစသော သီလ ဆောက်တည်မှု၊ ၃။ ဘာဝနာ- ကမ္မဋ္ဌာန်းစီးဖြန်းမှု၊ ၄။ အပစာယန= အသက်သိက္ခာကြီး သူအား အရိုအသေပြုမှု၊ ၅။ ဝေယျာဝစ္စ= သူများကုသိုလ် ကိစ္စ၌ ကူညီဆောင်ရွက်မှု၊ ၆။ပတ္တိဒါန= မိမိရသော ကုသိုလ်အဖို့ကို အမျှဝေမှု၊ ၇။ ပတ္တာနုမောဒန= မိမိသို့ ရောက်လာသော ကုသိုလ်အဖို့ကို ဝမ်းမြောက် ဝမ်းသာ သာဓု ခေါ်မှု၊ ၈။ ဓမ္မဿဝန=တရားနာမှု၊ ၉။ ဓမ္မဒေသနာ= လာဘ်လာဘကို မငဲ့ဘဲ တရားဟောမှု၊ ၁၀။ ဒိဋ္ဌိဇုကမ္မ= အယူကို ဖြောင့်မတ်စွာပြုမှု။
ဒီ(၁၀)ပါးကို ဒါန- သီလ - ဘာဝနာထဲ ပြန်သွင်းပုံ လင်္ကာလေးကို အရင်ကျက်ထား လိုက်ရ အောင်ပါ။
ဒါန၊ သီလာ၊ ဘာဝနာ သုံးဖြာစဉ်၍ခင်း။
စနှစ်ကိုလယ်၊ လယ်နှစ်ကိုစ၊ နောက်မှ နောက်ချင်းသွင်း။
ကဲ..ရပြီလား။ လင်္ကာကို ရှင်းပြရအောင်ပါ။ ပုညကြိယာဝတ္ထု (၁၀)ပါးကို သေချာပြန်ကြည့် ထားလိုက်ပါ။ တတ်နိုင်ရင် ခဲတံလေးနဲ့လိုက်တို့လိုက်ပါ။
ဒါန-သီလ-ဘာဝနာကို အစဉ်အတိုင်း ထားလိုက်ပါတဲ့၊ အစဖြစ်တဲ့ အပစာယန၊ ဝေယျာဝစ္စ (၂)ပါးကို အလယ်ဖြစ်တဲ့ သီလထဲမှာ သွင်းလိုက်ပါတဲ့။
အလယ်ဖြစ်တဲ့ ပတ္တိဒါန၊ ပတ္တာနုမောဒန(၂)ပါးကို အစဖြစ်တဲ့ ဒါနထဲမှာသွင်းလိုက်ပါတဲ့။
နောက်ဖြစ်တဲ့ ဓမ္မဿဝန၊ ဓမ္မဒေသနာ၊ ဒိဋ္ဌိဇုကမ္မ(၃)ပါးကို ဘာဝနာထဲမှာ သွင်းလိုက်ပါတဲ့။
ဒီခွဲပြပုံလေးကို အာရုံပြုလိုက်ရင် ဘာတွေဟာ ဘယ်ထဲမှာ ပါတယ်ဆိုတာ ခွဲခြားသိလို့ ရပါပြီ။
အမျှဝေတာ၊ သာဓုခေါ်တာဟာ ဒါနထဲမှာ ပါတဲ့အတွက် ဒါနကုသိုလ်ပဲရတာပါ။
တရားနာတာ ၊တရားဟောတာ ကတော့ ဘာဝနာထဲမှာ ပါနေပါတယ်။
ဒါကိုထောကပြီး ကိုယ့်ချစ်သူကို တရားဟောတာ၊ ကိုယ့်ချစ်သူဟောတဲ့ တရားကိုနာတာ တွေဟာ ဘာဝနာထဲမှာ ပါနေပါတယ်။
အရိုအသေပေးတာ၊ ဝေယျာဝစ္စလုပ်တာ တွေကတော့ သီလထဲမှာ ပါပါတယ်။
လိုရင်းကတော့ ကိုယ့်ချစ်သူ၊ ကိုယ်ချစ်တဲ့သူကို တရားဟောတာဟာ အမတဒါန= နိဗ္ဗာန် အလှူ၊ အမြတ်ဆုံး အလှူကြီးကို ပေးလှူလိုက် တာပါပဲ။
အမေကိုချစ်တယ်၊ အဖေကိုချစ်တယ်၊ သားသမီးကိုချစ်တယ်၊ သူငယ်ချင်းကိုချစ်တယ်၊ မိတ်ဆွေကိုချစ်တယ်၊ ချစ်သူကို ချစ်တယ်ဆိုရင် တရားဟောရမှာပါ၊ တရားဟောရင်း အမြတ်ဆုံး ကုသိုလ်တွေယူရမှာပါပဲ။
မြတ်စွာဘုရား လက်ထက်တော်က ဝဍ္ဎမာတာထေရီ ဆိုတာရှိပါတယ်။ သူလူ့ဘဝတုန်းက သူ့ရဲ့သားလေးရဲ့ နာမည်က ဝဍ္ဎပါ။ ဝဍ္ဎဆိုတာ တိုးပွါးခြင်းလို့ အဓိပ္ပါယ် ရပါတယ်။ သားနာမည်ကို အစွဲပြုပြီး “ဝဍ္ဎမာတာ=တိုးပွါးအမေ”လို့ခေါ်ကြတာပါ။
ယောင်္ကျားဆုံးပြီး ကာလတစ်ခု ကြာတော့ ဘိက္ခုနီမဝတ်ပါတယ်၊ ဘိက္ခုနီမ ဝတ်တော့လည်း ဝဍ္ဎမာတာ ထေရီရယ်လို့ ခေါ်ဝေါ် ထင်ရှား သွားပြန်ပါတယ်။ ကမ္မဋ္ဌာန်းကို ကြိုးစား အားထုတ်လိုက်တာ ရဟန္တာ ဖြစ်သွားပါတယ်။
နောက်လူ့ဘဝမှာ ကျန်ခဲ့တဲ့သား “မောင်တိုးပွါး”ကိုခေါ်ပြီး ကိုရင်ဝတ်ပေးပါတယ်။ သားကိုရင် အသက် နှစ်ဆယ် ပြည့်ပြန်တော့လည်း ရဟန်းဘောင်ကို ပို့ဆောင်ပေးပြန်ပါတယ်။ သားရဟန်း ဝဍ္ဎထေရ်ဟာ စာသင်ရင်း ပိဋကတ်သုံးပုံကို ကျွမ်းကျင် တတ်မြောက် သွားပါတယ်။ သားရဟန်းက တရားဟောပြန် တော့လည်း နာမည်ကျော် ဓမ္မကထိက တစ်ပါးဖြစ်သွား ပြန်ပါတယ်။ နာမည်ကျော် စာတတ် ဓမ္မကထိက ဖြစ်လာတော့ ကြည်ညိုသူတွေ ပေါပြီး လာဘ်လာဘတွေ ပေါချင်တိုင်းပေါနေ ပါတော့တယ်။ တရား ဟောတာနဲ့ပဲ အချိန်ကုန် နေတဲ့အတွက် ဝိပဿနာတရား အားထုတ်မှုကို မလုပ်နိုင်ပါဘူး။ ဒါကိုမိခင်ထေရီမက မနှစ် သက်ပါဘူး။
တစ်နေ့မှာတော့ ဓမ္မကထိက သားရဟန်းဟာ မိခင် ဘိက္ခုနီမ ကျောင်းကို သင်္ကန်းမရုံဘဲကြွ လာပါတယ်။ ကျောင်းထဲရောက်တော့ မိခင်ထေရီမက တုတ်ကိုကိုင်ပြီး “အို.. သားရဟန်း ဘာဖြစ်လို့ သင်္ကန်းမရုံဘဲ ဘိက္ခုနီမ ကျောင်းကိုလာရတာလဲ သင့်အမူအယာကို ပြန်ကြည့်ပါဦး၊ တရားဟောတာ၊ ဂန္ထဓုရလုပ်တာနဲ့ပဲ အချိန်ပုပ်နေတယ်။ မာန်မာန ကလည်း တက်ကြွ နေသေးတယ်၊
ရဟန်းတစ်ပါး တကယ်လုပ်ရမယ့် ဝိပဿနာ ဘာဝနာ အလုပ်ကို သာလုပ်ပါ။ ကိုယ်ဟန် ကြော့ကြော့မော့မော့နဲ့ အမူအယာ ကိုပြင်ပါ” လို့ဆိုပြီး ခပ်တင်းတင်းလေး ပြောလိုက် ပါတော့တယ်။
သားရဟန်းလည်း မိခင်ထေရီမ ပြောစကားကြားရတော့ ချက်ချင်းသတိရပြီး “မိခင်.. ကျွန်ုပ်မှားပါပြီ၊ နောင်ဒီလို အမူအယာတွေနဲ့ မနေတော့ပါဘူး”လို့ ဝန်ခံကတိ ပေးလိုက်ပါတယ်။
သားရဟန်း သတိဝင်သွားတော့ မိခင်ထေရီမကြီးက သားရဟန်းကို ဂါထာလေးတွေနဲ့ ထပ်မံ ဟောပြ ပေးပြန်ပါတယ်။
သားရဟန်းဟာ မိခင်ကျောင်းက ပြန်ခဲ့ပြီး တရားဟောမှုတွေကို လုံးဝရပ်လိုက်ပါတယ်။ မိခင် ဖြစ်စေချင်တဲ့ ဝိပဿနာ ဘာဝနာ ပွါးများမှုကိုပဲ ကြိုးစားအားထုတ် ပါတော့တယ်။ ပါရမီပါပြီးသား ဆိုတော့ မကြာမီကာလမှာပဲ ရဟန္တာ ဖြစ်သွားပါတော့တယ်။
ဇာတ်သိမ်းတော့ သားရဟန်းရော မိခင်ထေရီမကြီးရော အရတ္တဖိုလ် ကိုယ်စီရပြီး ပရိနိဗ္ဗာန် စံသွားကြပါတယ်။
ဇာတ်သိမ်းပိုင်းလေးက သိပ်လှတာပါ။ ဘယ်အချိန် ပြန်ဖတ်ဖတ် လှနေတာပါပဲ။ နောက်ဆုံး တော့ အားလုံးအားလုံးဟာ ဒီအတိုင်းပဲ ဇာတ်သိမ်းကြဖို့ လိုရင်းပါ။ သံသရာ ဘယ်လောက်ရှည်ကြ ရဦးမယ်မသိပါဘူး။
ဒီဝတ္ထုလေးမှာလည်း မိခင်က သားကို တရားဟောတာပါ။ တရားဟောတဲ့ နေရာမှာလည်း ရိုးရိုးဣနြေ္ဒ ရရထိုင်ပြီး ဟောတာတောင် မဟုတ်ပါဘူး။ တုတ်ကိုကိုင်ပြီး ခပ်တင်းတင်း လေးဟော လိုက်တာပါ။
ဒီသာဓကလေးတွေ ထောက်ပြီး သားအမိချင်း၊ ဇနီးမောင်နှံချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ချစ်သူချင်း ကိုယ်သိထားတဲ့ တရားလေးတွေကို ဟောပေးရမှာပါပဲ။ ဟောပေးရင် ကုသိုလ်တွေရနေတာပါပဲ။
ဒီလိုပါပဲ။ ရဟန်းအချင်းချင်း လည်းဟောရမှာပါပဲ။ ကိုယ်ချစ်တဲ့ရဟန်း၊ ကိုယ်သံယောဇဉ်ရှိ ရှိတဲ့ရဟန်းကို ဟောရမှာပါပဲ။ စာတွေအခြေခံရှပြီးသားဆိုတော့ ဟောသူရော နာသူရော ပိုလို့ တောင်သဘောပေါက် လွယ်ဦးမှာပါ။ ချစ်တဲ့ရဟန်း အချင်းချင်း ဟောမှလည်း ပိုပြီး လက်ခံတာပါ။
လိုရင်းကတော့ တရားဟောပြီးတိုင်း “ဘုရားတပည့်တော် တရားဟောပြောရသော ကုသိုလ် ကောင်းမှု အဖို့ဘာဂသည် နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ။ ဘုရားတပည့်တော် ဟောတဲ့တရား လေးကိုနာကြားပြီး ကို..ဘယ်သူ၊ မ…ဘယ်သူတရား အသိလေးတွေ ရသွားပါစေ။ ရသည့်အား လျှော်စွာကျင့်နိုင်ပါစေ။ ကျင့်နိုင်သည့် အားလျှော်စွာ မဂ်ဖိုလ် နိဗ္ဗာန်ရဲ့ အထောက်အပံ့ ကောင်းတွေ ရသွားပါစေ”လို့ နိဗ္ဗာန်ကို ဆုတောင်းတာရယ်၊ မေတ္တာပို့ တာရယ်ကို အလေ့အကျင့် အထုံလေး လုပ်ထားရမှာပါ။ ကိုယ့်ရဲ့ တရားဟောပြော မှုဟာ နိဗ္ဗာန်ရဲ့ အထောက်အပံ ကောင်းတွေ ဆိုတာကိုလည်း အထူးအာရုံ ပြုထားရမှာပါ။
ကိုယ်ချစ်တဲ့ မိဘ၊ ကိုယ်ချစ်တဲ့ သားသမီး၊ ကိုယ်ချစ်တဲ့ဇနီး၊ ကိုယ်ချစ်တဲ့ ခင်ပွန်း၊ ကိုယ်ချစ်တဲ့ မိတ်ဆွေ၊ ကိုယ်ချစ်တဲ့ သူငယ်ချင်း၊ ကိုယ်ချစ်တဲ့ ချစ်သူကို ကိုယ်သိတဲ့ တရားလေး တွေကို သိသလောက် ဟောလိုက်ဖို့ပါပဲ။
ဘဝမှာ ဘယ်သူကိုပဲ ချစ်ချစ်၊ ချစ်တဲ့သူကို တရားဟော လိုက်ဖို့ပါပဲ ။ တရားဟောလိုက်ရင် အမြတ်ဆုံးကုသိုလ်တွေ ဖြစ်သွားတာပါပဲလေ။

ကျမ်းကိုး
၁။ ဝိမာနဝတ္ထုတော်ကြီး ။ မြို့မိဆရာတော်
၂။ အခြေပြုသဂြိုဟ်။ အရှင်ဇနကာဘိဝံသ
၃။ သိကောင်းစရာ ဓမ္မပဒေသာ (တတိယတွဲ)
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
၎။ ထေရီအပဒါန်ဝတ္ထုတော်ကြီး။ အရှင်ဓမ္မဿာမီဘိဝံသ

ရဝေနွယ်(အင်းမ)

1 Jan 2012

အကိုင်းအခက်တွေနဲ့... ၀ိုင်းစက်နေတဲ့.. အုန်းပင်...


အကိုင်းအခက်တွေနဲ့...
ဝိုင်းစက်နေတဲ့.. အုန်းပင်...


19 Dec 2011

ဆင်ဆာဖြတ်မယ်

18 Dec 2011

အရှင် ဉာဏိဿရ မင်းကျင့်တရား၁၀ပါး နှင့် ဒီမိုကရေစီ (၂)


အရှင် ဉာဏိဿရ မင်းကျင့်တရား၁၀ပါး နှင့် ဒီမိုကရေစီ (၂)
1989 ခုနှစ် အမရပူရမြို.တွင် ဟောကြားတော်မူခဲ့သော တရား...
 
နာချင်ရင် 

16 Dec 2011

သက်သက်လွတ်စားခြင်းသည် မြတ်သလား?


အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့  ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။             ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန့်တော်မူခဲ့၏။
            ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊ တကယ်အန္တရာယ်ပြုသည်က သူတို့ကြောက်သော သားငါးမဟုတ်၊ ရသာ တဏှာ လောဘ စသည်တို့ကသာ အန္တရာယ်ပြုတတ်၏။ ထိုအန္တရာယ်ပြုတတ်သော လောဘ တဏှာ စသည်မှာ သားငါးတို့ကိုသာ စွဲ၍ဖြစ်သည်မဟုတ်၊ သူတို့က နိရာမဂန္ဓ (အညှီအဟောက်မဟုတ်)ဟု ဆိုလျက်သုံးဆောင်နေသော သစ်သီး သစ်ဥ သစ်ဖုစသည်တို့ကိုလည်း အစွဲပြုဖြစ်သည်သာ၊ ပေါရိသာဒ လူသားစွဲသလို၊ သုဇာတသူကြွယ်၏သားကလေး ရသေ့တွေပေးသော သပြေသီးစားရပြီး ရသေ့တွေပြန်သွား၍ မရသောအခါ သေသွားရသည်အထိ မက်မောစွဲလမ်းမှုဖြစ်ရ၏။ (ဇာတက-ဋ္ဌ-၅-၅၃၁)
            ဤသို့ဆိုလျှင် တဏှာဆိုသည်မှာ သားငါးစသည်တို့ကို အစွဲပြု၍သာ လွန်ကဲစွာဖြစ်သည်မဟုတ်၊ သစ်သီး သစ်ရွက် သစ်ဥစသော သက်သက်လွတ်ပစ္စည်းတို့ကို အစွဲပြု၍လည်း အလွန်အကဲ ဖြစ်ရသည်သာ။
            ထို့ကြောင့် တကယ်ရှောင်ရမှာက သားငါးလော၊ သစ်သီး သစ်ရွက်စသည်လော၊ ရသာတဏှာစသည်လော ဤအချက်ကို လေးနက်စွာ စဉ်းစားသင့်ပါ၏။
            ဗုဒ္ဓ၀ါဒမှာ သားငါးရှောက်ကြဉ်ဖို့မဟုတ်၊ ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ကိုရှောင်ဖို့ ဖျက်ဖို့သာဖြစ်၏၊ သားငါးဟင်းကို ရှောင်ဖို့မဟုတ်၊ တိကောဋိပရိသုဒ္ဓ (အစွန်းသုံးပါး လွတ်ကင်းစင်ကြယ်မှု) ဖြစ်လျှင် အန၀ဇ္ဇ (အပြစ်မရှိ) ဖြစ်သည်ဟူသော ဘုရားအလိုတော် အရလည်းကောင်း၊ ရှုမှတ်ပွားများခြင်းဖြင့် ဆန္ဒရာဂဖျက်ဖို့ လိုလားသော ဘုရားအလိုတော်အရလည်း ကောင်း စားသင့်သော အာဟာရသာ ဖြစ်ပေသည်။
            ဤနေရာ၌ ဗုဒ္ဓ၀ါဒကိုအတန်ငယ် ပြဆိုသင့်ပါ၏။ တိုင်းတစ်ပါးသွားမည့် ရဟန်းတော်တို့ကိုနည်းပေးတော်မူသော အရှင်သာရိပုတြာက ပစ္ဆာဘူမက သွားမည့်ရဟန်းတော်တို့အား တိုင်းတစ်ပါးရောက်သောအခါ မင်း၊ ပုဏ္ဏား၊ သူကြွယ်၊ ရဟန်းပညာရှိတို့က "ကိံဝါဒီပနာယသ္မန္တာနံ သတ္ထာ ကိမက္ခာယီ= အရှင်ဘုရားတို့၏ ဆရာဘုရားသည် ဘယ်သို့သောဝါဒ ရှိပါသနည်း" (သံ-၂-၆) ဟု မေးလျှင် "ဆန္ဒရာဂ၀ိနယက္ခာ ခေါ နော အာဝုသော သတ္ထာ = ငါ့အရှင်တို့ စင်စစ်ငါတို့ ဆရာဘုရားသည် ဆန္ဒရာဂ (လိုချင်တပ်မက်မှု) ပယ်ရှားခြင်းကို ဟောတော်မူသည်ဟု ဖြေဖို့ နည်းပေးတော်မူခဲ့၏။
            တစ်ခါ ဆန္ဒရာဂပယ်ရသည်ဆိုလျှင် "ဘယ်မှာဖြစ်သည့် ဆန္ဒရာဂကို ပယ်ရမည်နည်း"ဟုမေးလိမ့်ဦးမည်၊ ထိုအခါ "ရုပ်၌ဖြစ်သော ဆန္ဒရာဂကို ပယ်ဖို့ရာ ဟောတော်မူကြောင်း" ဖြေဖို့ နည်းပေးခဲ့ပြန်သည်။
            ရုပ်၌ဖြစ်သော ဆန္ဒရာဂပယ်ရမည်ဆိုတော့ ကဗဠီကာရအာဟာရရုပ်၌ဖြစ်သော ဆန္ဒရာဂကိုလည်း ပယ်ရမည်သာ၊ 
" ကဗဠီကာရေ ဘိက္ခဝေ အာဟာရေပဋိညာတေ ပဉ္စကာမဂုဏိကော ရာဂေါ ပရိညာတော ဟောတိ = ကဗဠီကာရ အာဟာရကို ပိုင်းခြားသိအပ်တော့သည်။" (သံ-၁-၃၂၃) အရ သား၊ ငါး၊ အာဟာရ ကဗဠီကာရ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ။
            သစ်သီး သစ်ရွက် သစ်ဥစသည် ကဗဠီကာရ အာဟာရသြဇာ၌လည်း ပရိညာသုံးပါး ရနိုင်သည်သာ၊ သို့ဖြစ်လျှင် ရှုမှတ်ခြင်းဖြင့် သားငါး၌ ပရိညာတရား ဖော်နိုင်မှ အစာစားတတ်သူဖြစ်၍ အမြတ်ရသလို သစ်သီးစသော အာဟာရတို့၌ လည်း ထိုသို့ပင် ရှုမှတ်ပွားများ ပရိညာတရားပေါ်အောင် ပြုလုပ်တတ်က စားတတ်သူ အမြတ်ရသူဖြစ်၍ ပရိညာမတင်၊ အဆင်ခြင်မရှိ စားရုံမျှ မထင်၊ ဘယ်အမြင်မျှမတက် သက်သက်စားရရုံမျှ စားရသူတစ်ယောက်ပါပေတည်း။
အမှန်တရား လွန်ထွန်းကား အများချမ်းသာစေ။
အမှားကိုကား လူအများ ပယ်ရှားနိုင်ပါစေ။
ရွှေတောင်ကုန်းဆရာတော်ကြီး မေးလျှောက်၍ သပြေကန်ဆရာတော်ကြီး ဖြေဆိုသည်။

Miss People 2011 Beauty Contest, Yangon, Myanmar

မင်းကျင့်တရား ၁၀ ပါး

၁၉၈၉ ခုနှစ်က အရှင် ဉာဏိဿရ မန္တလေးတက္ကသိုလ်တွင် ဟောခဲ့သော မင်းကျင့်တရား ၁၀ ပါး တရားနာချင်ရင် အောက်က လင့်ကို ကလစ် ပြီးနားဆင်နိုင်ပါတယ်ခင်မျာ......



15 Dec 2011

ဆေးလိပ်သောက်သူများ အဆုတ်သန့်ရှင်းစေသောနည်း(ဆေးချိုးခွာနည်း)

ဆေးလိပ်သောက်ခြင်းမှာ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်ကို
 သိကြသော်လည်း ဆေးလိပ်စွဲနေပြီး ဆေးလိပ်မဖြတ်နိုင်ကြသူများအတွက် အဆုတ်သန့်ရှင်းနည်း
 (ဝါ) အဆုတ်တွင်ကပ်နေသော နီကိုတင်းဆေးချိုး၊ ဆေးချေး(ကြေး)များ ကွာကျစေသည့်နည်းကို
 တင်ပြအပ်ပါသည်။ ထို့အပြင် ဆေးလိပ်စွဲမြဲစွာ သောက်သုံးခဲ့ပြီး ဆေးလိပ်ဖြတ်သူများလည်း အဆုတ်
 သန့်ရှင်းအောင် ပြုလုပ်ရန် သင့်လျှော်သောနည်း ဖြစ်ပါသည်။
                                 နည်းစနစ်မှာ အောက်ပါနည်းဖြင့် ပြုလုပ်ရပါမည်-
 လူတိုင်းနီးပါးသိရှိသော လောက်သေပင်မှ လောက်သေရွက် (၅) ကျပ်သား ခူးယူပြီး ရေမတ်ခွက်
 သုံးခွက်နှင့် ပြုတ်ကျိုပါ။ ရေမတ်ခွက်တစ်ခွက်စာကျန်လျှင် အအေးခံစစ်ယူပြီး ထိုပြုတ်ရည်အား
 တစ်နေ့တည်း ကုန်အောင် သောက်ပေးပါ။ ထိုသို့ (၅) ရက်ဆက်တိုက်သောက်ပေးလျှင် ဆေးချိုး၊
 ဆေးချေး(ကြေး) များကွာကျပြီး အဆုတ်သန့်ရှင်းသွားပါလိမ့်မည်။ ဆယ်ရက်ခန့်အထိ ဆက်တိုက်
 ပြုလုပ် သောက်နိုင်ပါသည်။ ဆေးချိုး(ကြေး) များ ကွာကျသွားလျှင် အသက်ရှူ ၍ ပိုမိုကောင်းမွန်
 လာပြီး သိသာစွာ လန်းဆန်း ပေါ့ပါး လာပါလိမ့်မည်။
                                   အထက်ပါနည်းစနစ်က အဆုတ်တွင် အနာပေါက်သူ၊ တီဘီရောဂါကိုပင်
 တစ်လမှ သုံးလအထိ ဆက်တိုက်မှန်မှန် သောက်ပေးခြင်းဖြင့် အဆုတ်နာရောဂါ သက်သာပျောက်
 ကင်းသူ ရှိခဲ့ပါသည်။ ထို့အပြင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိဘဲ အဆုတ်ကို စင်ကြယ်
 ကောင်းမွန်စေပါသည်။
မှတ်ချက်။      ။ နတ်မောက်မင်းသန့်နိုင် ရေးသားသော သူရဇ္ဇ မဂ္ဂဇင်းမှ ကူးယူဝေငှပါသည်။

ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း

စာအုပ်အမည် – ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း
ရေးသားသူ – ဆန်းလွင်
အမျိုးအစား – ဘာသာရေး
ရတနာသုံးပါးကို ယုံကြည်ကိုးကွယ်ဆည်းကပ်လာသူတစ်ယောက် အကြောင်း (ဆန်းလွင်)

ဒီမှာဒေါင်းယူနိုင်ပါတယ် ဖတ်သင့်တဲ့စာအုပ်လေးပါ

ခောတ်သစ် အခြေခံ ကွန်ပြူတာ ထိန်းသိမ်း စောင့်ရှောက်နည်း

ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကိုလုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ။

 စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါကကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

 ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

 ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

 CPU heat မတက်စေရန် ကွန်ပြူတာဖင်ကို ရေစိမ်ပြီးသုံးပါ။ လိုအပ်ပါက သုံးသူကိုယ်တိုင်ပါ စိမ်ကောင်းစိမ်ရ လိမ့်မည်။ ရေစိမ်လို့မှ အဆင်မပြေလျှင် ရေခဲတိုက်ထဲ သွားသုံးပါ။

 ကွန်ပြူတာကို ပုံမှန်အပူချိန်ထက် ပိုမမြင့်ပါစေနှင့်။ အပူချိန်ကြီးလာပါက ရေခဲဝတ်အုပ်ပေးပါ။ သို့မှသာ ကွန်ပြူတာတုပ်ကွေးမ၀င်မှာ ဖြစ်သည်။

 အပူချိန်မြင့်နေသော ကွန်ပြူတာကို လေတိုက်ထဲမထားပါနှင့်။ တတ်နိုင်သမျှ လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနေပါစေ။ ပလတ်စတစ်အိတ်နှင့်ထုပ်ထားပါ။ တိပ်နှင့်ကပ်ထားပါ။ အခြေအနေပေးပါက ဖီနိုင်း ပရော်ပါ နော်လမင်း မပါသော ဖလူဇာကို တစ်နေ့သုံးကြိမ် တိုက်ပေးပါ။(ရေအေးဖြင့်သာတိုက်ပါ)

 ဗိုင်းရပ်စ် ၀င်မ၀င် စစ်ရန် အန်တီဗိုင်းရပ်စ်ကိုသုံးပါ။ လိုအပ်လျှင် အန်တီဗိုင်းရပ်စ်၏ ယောကျာ်း အန်ကယ်ဗိုင်းရပ်စ် ကိုပါ ခေါ်ပြီးရှာခိုင်းပါ။

 အန်တီနှင့် အန်ကယ် ဗိုင်းရပ်စ်လင်မယားမှ ကွန်ပြူတာတွင် ဗိုင်းရပ်စ် ၊ ပိုးကောင်၊ ကုတ်ကမြင်းများ ၀င်ရောက်နေသည်ကို အချက်ပြလျှင် အထူးဂရုစိုက်ပါ။ ချက်ချင်း ဇာဂနာ ဖြင့် ကလော်ထုတ်လိုက်ပါ။ ပိုသေချာစေရန် ပုရွက်ဆိတ်ဆေး ၊ ကြမ်းပိုးဆေး၊ ခြဆေး များလည်း ထည့်ပေးပါ။

 အပတ်စဉ် ခြင်နိုင်ဆေး မှုတ်ပေးပါ။ ကွန်ပြူတာအနီး ခြင်ယင် ပိုးမွှားများမလာရောက်စေရန် ခြင်ထောင်ချထားပေးလျှင်လည်း အဆင်ပြေပါမည်။

 ကွန်ပြူတာအသုံးများပြီး motherboard လောင်ပါက fatherboard ပြောင်းတပ်ပါ။ ထို့နောက်မှ တစ်ဆင့် sonboard ၊ daughterboard ၊ စသဖြင့် ဆွေမျိုးစုံအောင်တပ်ပါ။ တစ် board မဟုတ် တစ် board နှင့် အဆင်ပြေပါလိမ့်မယ်။ ဘယ်ဘုတ်မှ အဆင်မပြေပါက မော်တော် ဘုတ် တပ်ကြည့်ပါ ။ အဆင်ပြေသွားနိုင်ပါသည်။

 မိမိကွန်ပြူတာကို အခြားတစ်ဦး မကိုင်စေရန် system ပုံး ကိုသွားလေရာ ဖြုတ်ပြီး သယ်သွားပါ။ laptop ကွန်ပြူတာဆိုပါက စိတ်အချရဆုံးနည်းလမ်းမှာ သော့တပ်ပြီး ခတ်ထားပါ။ သတိ မူရင်းသော့ မပျောက်ပါစေနှင့်။

facebook က ကိုလမင်း ရေးထားတာကို ပြန်လည် ကူးယူဖေါ်ပြပါသည်။

ဦးသုမင်္ဂလ (ဒယ်အိုးဆရာတော်) နှင့် ရွှေညဝါဆရာတော်တို့ သာသနာရေးဆောင်ရွက်မှု တားမြစ်ခံရ..။

ဦးသုမင်္ဂလ(ဒယ်အိုးဆရာတော်)နှင့်​ ရွှေညဝါဆရာတော် ဦးပညာသီဟ နှစ်ပါးကို နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ တားမြစ်ချက်များ ထုတ်ပြန်လိုက်သည်။

 ဆရာတော်ဦးသုမင်္ဂလအား ၂၀၁၁ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ၂၀၁၂ ဒီဇင်ဘာ ၈ရက်နေ့အထိ တရားဟောခွင့် ပိတ်လိုက်ပြီဖြစ်ကြောင်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။

 “အခုထိတော့ ဘုန်းဘုန်းဆီကို ဘာညွှန်ကြားချက်မှ မရောက်သေးဘူး”ဟု ဆရာတော်ဦးသုမင်္ဂလက ဆိုသည်။ နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့က ဦးသုမင်္ဂလကို ထေရဝါဒပိဋကတ်တော်နှင့် မညီသောစာသားများကို ထည့်သွင်းဟောပြောခဲ့ခြင်းကြောင့်​ ယခုကဲ့သို့ တရားဟောကြားခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

 ယင်းတားမြစ်ချက်ကို ဆရာတော်က မလိုက်နာပါက သံဃာအဖွဲ့အစည်း ဆိုင်ရာဥပဒေအရ အရေးယူသွားမည်ဟု အထက်ပါ ထုတ်ပြန်စာတွင် ဖော်ပြထားသည်။

 ဆရာတော် ဦးသုမင်္ဂလကဲ့သို့ သာဓုကျောင်းထိုင်ဆရာတော်ဖြစ်သော​ ရွှေညဝါဆရာတော်ဦးပညာသီဟကိုလည်း လက်ရှိသတင်းသုံးနေထိုင်သော သာဓုကျောင်းတိုက်မှ ဖယ်ရှားပေးရန် ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာ နာယက အဖွဲ့၏အစည်းအဝေးဆုံးဖြတ်ချက်အရ ညွှန်ကြားလိုက်သည်။

 ရွှေညဝါဆရာတော်ကို မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် တရားဟောခွင့် လာရောက်လျှောက်ထားမှုနှင့် သာဓုကျောင်းတွင် သင်တန်းများပိုချပေးနေခြင်းကြော​င့် ယခုကဲ့သို့ ညွှန်ကြားခြင်းဖြစ်ကြောင်း နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ထုတ်ပြန်စာအရ သိရသည်။

 ရွှေညဝါဆရာတော်သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရန်ကုန်သို့ရောက်ရှိ လာစဉ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ သေးသည်။

 အထက်ပါဆရာတော်နှစ်ပါးသည် လူမှုရေးလုပ်ငန်းများနှင့် နိုင်ငံရေးလုပ်ဆောင်ချက်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးနေသည့် ပြည်သူလူထု ယုံကြည်ကိုးကွယ်မှုများပြားသော ဆရာတော်နှစ် ပါးဖြစ်ကြောင်းသိရသည်။

 နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့၏ ယခုကဲ့သို့သောလုပ်ဆောင်မှုသည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် မလုပ်ဆောင်သင့် တော့ကြောင်း ၈၈မျိုးဆက်ကျောင်းသားဟောင်းတစ်ဦးက သုံးသပ်ပြောဆိုသည်။

 သတင်း...Transparency Myanmar

http://​myatlayngon.blogspot.com/