22 Apr 2014

ဆံပင်ကျွတ်ခြင်း အတွက် ၁၅ မီးနစ်ထဲမှာ ထိရောက်စေမည့် နည်းလမ်းကောင်း



(၁) ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း

(၂) သံပုရာရည် အနည်းငယ်နှင့် ရောလိုက်ပါ။

(၃) ဆံပင်ကို ထိုအရည်များဖြင့် ပွတ်လိုက်ပါ။

(၄) ၁၅ မီးနစ်ထားပြီး ခေါင်းလျော်လိုက်ပါ။

(၅) တစ်ပတ်မှာ နှစ်ကြိမ်မှ သုံးကြိမ် လုပ်ပေးပါ။ နှစ်ပတ်မှ လေးပတ် အတွင်းမှာ ဆံပင်ကျွတ်ခြင်း သိသိသာသာ သက်သာလာပါ လိမ့်မည်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ကျောက်ကပ်ရောဂါ ခံစားနေရသော မိတ်ဆွေများ လက်ထဲရောက်အောင် မျှဝေပေးပါ



ကျောက်ကပ်ဝေဒနာ ခံစားနေရသူများမှာ လူလည်းပင်ပန်း၊ ငွေကြေး ကုန်ကျ မှု များပြားသော ရောဂါ တစ်ခုဖြစ်ပါသည်။ သိန်းထောင်ချီ၍ ချမ်းသာသောသူပင် ဒေ၀ါလီ ခံရသော ရောဂါပါ။ ကျောက် ကပ် ဆေးနေရသူများမှာ လူလည်းနာ ငွေလဲကုန်လှပါသည်။ အချိန်အခိုက်အတန့် တခုသာ ထိန်း ထား နိုင်ပြီး မရဏမင်းထံ သွားရသည်သာ များပါသည်။ လဲလှယ်နိုင်မှသာ အသက် ဆက်နိုင်ပါသည်။ လဲဖို့ စားရိတ်ကလည်း သိန်းထောင်ကျော် ကုန်ကျပါသည်။ ထို့ကြောင့် ကျောက်ကပ် ဝေဒနာသည်များ အောက် ပါအတိုင်း ဆောင်ရွက် ကြည့်ပါ။ ဖြစ်ခါစတွင် ပျောက်ကင်း၍ နာတာရှည် ခံစား နေရသူများ သက် သာပြီး ကျောက်ကပ် ဆေးနေရသူများ အကြိမ်ရေ လျော့ပါး လာစေရပါမည်ဟု လုံးဝ အာမခံပါသည်။
ကျွန်တော်ကိုယ်တိုင် လွန်ခဲ့သော သုံးနှစ်က ခံစားခဲ့ဖူးပါသည်။ သိသိခြင်းဆောင်ရွက်ခဲ့သဖြင့် သုံးလ အတွင်း ပျောက်ကင်းခဲ့ပါသည်။ စရိတ်သက်သာ အကုန်အကျနည်း၍ လုံးဝ အထင် မသေးပါနှင့်။ ကမ္ဘာပေါ်တွင် နံမည်ကြီး နေပြီဖြစ်သည့် HERBAL MEDICINE ကုသနည်းပါ။ အနောက် နိုင်ငံများတွင် ပင် ဘေးထွက်ဆိုးကျိုး များပြားလာသည့် အနောက်တိုင်း ဆေးများကို သောက်သုံးရန် ချင့်ချိန်လာကြပြီး သစ်ဥသစ်ဖု သဘာဝအပင်များမှ ထုတ်ယူ သောဆေးများကို ပြောင်းလဲသုံးစွဲနေပါပြီ။

မြန်မာပြည်တွင် ဒေါက်တာခင်မောင်လွင် ထုတ်လုပ်သည့် fame ဆေးတိုက်မှ ဆေးများ ကမ္ဘာတွင် နံမည်ရနေပါပြီ။ ယခုတင်ပြသော ဆေးနည်းမှာ... ကျွန်တော်တို့ မိသားစု ဘိုးစဉ် ဘောင်ဆက် သုံးစွဲခဲ့သော နည်းပါ။

၁။ ကျောက်ဖရုံသီး ဟင်းချိုကို နေ့စဉ် သောက်ပေးပါ။ (အသား၊ ငါး မရောပါနှင့်၊ ရောဂါမရှိသေး သူ များ သောက်ပါက ဆီးကောင်းစေပြီး၊ ယောက်ျားများအတွက် ယောက်ျား ပီသစေပါသည်)

၂။ တရုတ် နံနံပင် ငါးရွက်ကို ရေနွေးဖြူထဲတွင် ထည့်စိမ်ပါ။ လဖက်ခြောက် ခပ်၍ ရေနွေး သောက်သ လို သောက်ပါ။ အဖတ်ဝါးစားပါ။ ညနေစာစားပြီး နာရီဝက်ခန့် ခြားပြီးမှသောက်ပါ။ အိပ်ချိန်နှင့် ဝေး ပါစေ။ သွေးတိုးပါ ကျစေသဖြင့် မျက်လုံး ကြောင်တတ်ပါသည်။ ည ခုနစ်နာရီဆိုလျင် သင့်ပါသည်။

၃။ ကျောက်ကပ်ကြောင့် အသည်းအသန် အောင့်နေသူများ ကျောက်ဖရုံသီးကိုခွဲ အူတိုင်ထုတ်ပြီး ကျောက် ကပ်နေရာသို့ အတွင်းသားဖြင့် ကပ်၍ စည်းထားပါ။ ဖြေးဖြေးသက်သာလာပါမည်။

၎။ ရေပူစမ်းနှင့် နီးပါက တပါတ်တစ်ကြိမ် ချိုးပါ၊ မနီးပါက ရေနွေးနှင့်ချိုးပြီး ချွေးအောင်းပါ။ သုံးလ အနည်း ဆုံးထားပြီး ဆောင်ရွက်ပါ။ ကျောက်ကပ် ဆေးနေရသူများပင် အကြိမ်ရေ လျော့လာသည်ကို တွေ့ရပါမည်။

ပျောက်ကင်းသက်သာပါက လူတိုင်းအားဖြန့်ဝေပါ။ မသက်သာပါက ကျွန်တော့်အား စိတ်ဆိုးကြပါ။ ယနေ့ အချိန်အထိတော့ လာရောက် ကျေးဇူးတင်သူသာ ရှိပါသေးသည်။ သက်သာကြသူသာ တွေ့ရသဖြင့် အများ အသုံးချနိုင်စေရန် အင်တာနက်စာမျက်နှာပေါ် တင်လိုက်ရပါသည်။

ပြည်မြန်မာ

ယောက္ခမအကြိုက် စကား (၆) ခွန်း



လောကမှာ ယောက္ခထီးနဲ့ ချွေးမ မပြေလည်တာထက် ယောက္ခမ နဲ့ ချွေးမ မပြေလည်တာက ပိုများတတ်ပါ တယ်။ ဒီနေ့ တော့ ဘာရယ်မဟုတ် အင်တာနက်ထက်မွှေနောက်ကြည့်ရင်း တွေ့မိတာလေးတစ်ချို့ကို ဘာသာပြန်ပြီး တင်ပေးလိုက်ပါတယ်နော်။ အဆင်ပြေရင် မုန့်လာကျွေးနော်။ အဓိက လူတွေမှာ လိုအပ် တာက အပြောချိုသာမှုပါပဲ။ အပြောချိုရင် အရာအားလုံးမှာ အဆင်မပြေဘူးဆိုတာထက် ပြေလည်ကြတာ က ပိုများပါတယ်။ ဒီတော့ ကိုယ့်နဲ့ ယောက္ခမက အတူတူ နေလို့ပဲဖြစ်ဖြစ် မနေလို့ပဲဖြစ်ဖြစ် မပြေလည်ကြ ရင် ကိုယ့်ရဲ့ ခင်ပွန်းသည်ရော ကိုယ်ရော စိတ်ညစ်ရပါတယ်။ ဘာပဲပြောပြော ပြေလည်တာကတော့ အတိုင်းထက်အလွန်ပေါ့လေ။ ဒီတော့ ဘာလိုစကားတွေကို အဓိကထားပြောရမလဲ ……..

၁) ဘယ်တော့ကြည့်ကြည့် နုပျိုလန်းဆန်းနေတာပဲ။ ဒီစကားတစ်ခွန်းက တကယ်တော့ ဘယ်သူ့ ကိုပြောပြော အပြောခံရတဲ့သူတွေက ကျေနပ် သဘောကျကြပါတယ်။ ယောကျာ်းပြောပြော မိန်းမပြောပြော အားလုံးကကြိုက်ကြပေမဲ့၊ ကိုယ့်ယောက္ခမဖြစ်သူ ကိုပြောတော့မယ်ဆိုရင်တော့ အရမ်းကြီးအကဲမပိုဖို့ လိုပါတယ် ။ သူကဒီလိုက သက်သက်လာမြှောက်တယ် မထင်ရအောင် ပြောတတ်ဖို့လိုပါတယ်။ ဥပမာ ။ ။ အမေရယ် အမေ့ကို ဘယ်တော့ကြည့်ကြည့် လန်းဆန်းနေတာပဲ။ ခုနေသမီးနဲ့သွားရင် သမီးကတောင် အိုတဲ့ရုပ်ထွက်နေတာ ကိုယ့်ကိုယ်ကိုတောင် စိတ်ပျက်ပါတယ် ဆိုတာမျိုးလေးပေါ့ ။

၂) အမေ့လက်ရာက အရမ်းစားလို့ကောင်းတာပဲ ။ ဒီစကားကတော့ စားဖိုမှူးတစ်ယောက်နဲ့တွေ့မိလို့ သူ့ကို ဒီစကားလေးပြောပြီး ချီးကျူးပေးရင် သူလည်းသဘောကျပြီး နောက်ကို ကိုယ်လာရင်တောင် ကောင်းကောင်းမွန်မွန် ပိုထည့်ပေးဖို့ ၀န်လေးမှာမဟုတ်ပါဘူး။ နောက်ပြီး သူများအိမ် မှာ ဧည့်သည်သွားလုပ်ရင်လဲ အမလက်ရာလေးက ကောင်းလိုက်တာ ၊ ထမင်းဆိုင်ထက်တောင် သာတယ် ဆိုတာမျိုးလေး ချီးကျူးလိုက်ရင် ဘယ်သူမဆို ပီတိဖြစ်မှာပါပဲ။ ယောက္ခမ အိမ်ရောက်လို့ သူချက်ပေးတဲ့ ဟင်းစားရင် ဘယ်လောက်ပဲအရသာ မကောင်းမကောင်း အမှုအရာမပျက်ပဲ ဒါလေးက ဘယ်လိုချက်ထား တာလဲ အရမ်းစားကောင်းလို့ အမေ့ဆီက လာသင်ရဦးမယ် ဆိုတာမျိုး။

၃) ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေတာပဲ။ ဒီစကားကိုတော့ ယောက္ခမ အင်္ကျီ အသစ်ဝတ်တဲ့ အခါမျိုးတွေ မှာ မသိလိုက် မသိဖါသာ မနေပဲ အမေရယ် ဘာပဲဝတ်ဝတ်ကြည့်ကောင်းလိုက်တာ သမီးတို့များ အ၀တ်စားတစ်ခါရွေးရင် ပိန်အောင် ၊ ကြည့်ကောင်းအောင် မနညးရှာဝတ်ရတာ အမေတို့ကြတော့ ကံကောင်းလိုက်တာ ဘာဝတ်ဝတ် လှနေတော့တာပဲ ဆိုတာမျိုးလေး ။

၎) အမေ့မြေးတွေက သူ့အဘွားကိုပဲ တစ်ချိန်လုံးတနေတာ။ ပိတ်ရက်တွေ ယောက္ခမ အိမ်ကလေးခေါ် မသွားမိတာ ကြာလာပြီဆိုရင် ယောက္ခမကတော့ ကျိန်းသေနှာကစ်နေပါပြီ။ အဲလိုအချိန်မျိုးတွေဆို အိမ်အ၀ ၀င်တာနဲ့ အထုတ်မချခင် အမေရယ် အမေ့မြေးတွေက ဘွားဘွားကြီးဆီသွားမယ်ဆိုပြီး တစ်ချိန်လုံး ဂျီကျနေတာ သူ့အိမ်စာတွေနဲ့ စာမပြီးမှာစိုးလို့ ခုမှ အမေ့ဆီကို လာရတော့တယ်။ သားတို့နော် နောက်ကို စာကောင်းကောင်းလုပ် ၊ စာတွေပြီးရင် ဘွားဘွားကြီးဆီကို မေမေ အပတ်တိုင်းပို့ပေးမယ်ဆိုတာ မျိုးလေး ပြောလိုက်တော့ ယောက္ခမကြီးလည်း နှာကစ်ပြေသွားတာပေါ့နော်။

၅) အမေပြောတာလည်း ဟုတ်တာပဲ။ ဒီစကားကိုတော့ ယောက္ခမ ဘာပဲပြောပြော တစ်ခုခု ထင်မြင် ချက်ပေးလို့ပဲဖြစ်ဖြစ် ကိုယ်ကမကျေမနပ်ဖြစ်နေရင်တောင် အရင်ဦးဆုံး တုန့်ပြန်တာမျိုးမလုပ်ပဲ ။ အမေပြောတော့လည်း ဟုတ်နေတာပဲ သမီးတောင်မတွေးမိလိုက်ပါဘူး ။ ဒါပေမဲ့ သမီးကတော့ ဒီလိုမျိုး စဉ်းစားထားတယ် အမေလည်း ၀ိုင်းအကြံပေးပါဦး ဆိုပြီး နောက်ဆက်တွဲ စကားကို ပြီး မှဖြည့်ပြောပေးပါ။

၆) အရမ်းဝယ်တတ်တာပဲ ။ ဈေးဝယ်ပြန်လာတဲ့ ယောက္ခမဖြစ်သူကို သူဘာလေးပဲဝယ်လာဝယ်လာ ချီးကျူး စကားပြောပေးပါ။ ဥပမာ ။ ။ ဟင်းရွက်လေးဝယ်လာရင်တောင် အမေ၀ယ်တာလေးက လတ်လိုက်တာ သမီးဝယ်ရင် ဘယ်တော့မှ အမေ့လို ကောင်းကောင်းကန်းကန်းမရတတ်ဘူး။ အမေ၀ယ်ရင်ကို ဈေး သည်တွေက ပိုပေးချင်နေတော့တာလားမသိဘူး ။ ဆိုတော့ သူလည်းသဘောကျ ကိုယ်လည်းဈေးဝယ်ရ သက်သာသွားနိုင်တာပေါ့။

မနုဿ ရဲ့ စာမျက်နှာလေးများ

မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ ဗေဒင်


(သင်ဘယ်အချိန်တွင်မွေးသနည်း)

ညသန်းကောင်ကျော်တွင်မွေးသူများ ညမွန်း တည့်(၁၂)နာရီကျော်၍ တစ်နာရီ၊ နှစ်နာရီစသည့် အချိန်ပတ်ဝန်းကျင်တွင်မွေးဖွား သူများဖြစ်လျှင် ဘ၀တစ် လျှောက်လုံးတွင် ဆွေမျိုး ညီအစ် ကိုမောင်နှမ များနှင့် နီးစပ်ဆက်သွယ်ရသော အကျိုး ကိုပေးကိုရလိမ့်မည်။ ညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းများသည် ဇာတာရှင်၏ဘ၀တွင် ကောင်းကျိုး ဆိုးကျိုးပြုကြကုန်သောအဓိက ဇာတ်ဆောင် များဖြစ်ကြလိမ့်မည်။ မိဘမောင် ဘွားများကြောင့် အိမ်ထောင်ရေး အချစ်ရေးတို့တွင် အနှောင့်အယှက် အတားအဆီးတွေ့ရသူများ ၊ မိဘမောင်ဘွားများကိုငဲ့ညှာ၍ အလွယ်တကူ အိမ်ထောင်မပြုနိုင်ဘဲ ရှိကြသူများသည် သန်းခေါင်ယံကျော်တွင်မွေးကြသူများသာ ဖြစ်ပါသည်။

ညမွန်းတည့်သန်းခေါင်မှ (၂)နာရီအတွင်း မွေးကြသူများသည် ဘ၀တစ်လျှောက်လုံးတွင် ခရီးတိုများမနားမနေသွားရခြင်းများလိမ့်မည် ။ ကိုယ်စိတ်နှစ်ပါးနားနေငြိမ်ဆိတ်ရသည်ဟူ၍ မရှိပဲ တက်ကြွလှုပ်ရှားသူများဖြစ်သဖြင့် ခရီးသွားလာခြင်းအပြင် စာပေရေးသားခြင်း လေ့လာလိုက်စားခြင်း သိပ္ပံပညာ စိတ်ပညာ ဘာသာရေးတို့တွင် လေ့လာထူးချွန်ခြင်းတို့ဖြစ်လိမ့်မည်။ နံနက်နေမထွက်မီ မွေးဖွားသူများ ညသန်းခေါင်ကျော်အချိန်နှင့် နံနက်အာရုံတက်နေထွက်ချိန် အကြားကာလ နေမထွက်မီတွင်မွေးလျှင် စီးပွားရေး၊ ငွေရေးကြေးရေးတွင် ကံကောင်းထူးချွန်သူများဖြစ်လိမ့်မည်။

စက်နာရီအားဖြင့် ဆောင်းတွင်းကာလဖြစ်လျှင် နံနက် (၄)နာရီ (၅) နာရီခန့်တို့တွင် မွေးသူများသည် ဤအစုတွင် အားလုံးအကြုံးဝင်သူများဖြစ်သည်။ ၎င်းဇာတာရှင်တို့သည် ငွေကိုရှာတတ်ဖွေတတ်သူများ၊ ငွေရလွယ်သူများ၊ စီးပွားဖြစ်လွယ်သူများလည်းဖြစ်တတ်ကြသည်။ ဆရာလည်းလုပ်တတ်ကြ၏။ ယေဘုယျအားဖြင့် ဤသိုနေမထွက်မီ မွေးကြသူများသည် စီးပွားရေးလုပ်ငန်း အရောင်းအ၀ယ်လုပ်ငန်း တို့ဖြင့်သာ အကျိုးပေးသူများလေသည်။

နံနက်နေထွက်ချိန်တွင်မွေးသူများ နံနက်နေထွက်ချိန်နှင့် နေထွက်ပြီး (၁) နာရီအတွင်း (ဆောင်းတွင်းဖြစ်လျှင် နံနက် ၆နာရီနှင့် ၇နာရီ၊ နွေဖြစ်လျှင် နံနက်၅ နာရီနှင့် ၆ နာရီခန့်ဖြစ်သည်)၎င်းအချိန်တွင် မွေးဖွားသူများသည်ဘ၀မှာ ကုသိုလ်ကံကောင်းသူများဖြစ်လိမ့်မည်။ ကိုယ့်ကို ကိုယ် ယုံကြည်စိတ်ချခြင်း၊ ပျော်ရွှင်ဖျတ်လတ်၍ မျှော်လင့်အားတက်စိတ်မျိုးထားခြင်း စသည့်အရည်အချင်းတို့ကြောင့် ဘ၀မှာ အောင်မြင်ကြီးပွားသူများဖြစ်လိမ့်မည်။ သုခချမ်းသာနှင့်ပြည့်စုံသူများဖြစ်လိမ့်မည်။ ၎င်းအချိန်မွေးဇာတာရှင်များ သည် တာဝန်ကိုခံယူဝံ့သူများ၊ အုပ်ချုပ်ကွပ်ကဲမှုတွင် ကျွမ်းကျင်သူများဖြစ်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း၊ ပညာရပ်တစ်ခု ဖြင့် အသက်မွေးမှုလုပ်ငန်းတို့တွင် အောင်မြင်ကြသူများဖြစ်လိမ့်မည်။ ဘ၀တွင်ခပ်ငယ်ငယ်အသက်ပိုင်းကပင် စတင်၍ အခြေတည်ကြီးပွားကြသူများသည် ၎င်းအချိန်ပိုင်းတွင် အများအားဖြင့် မွေးဖွားသူများဖြစ်ပါသည်။

 နေထွက်နှင့်နေမွန်းတည့်ကြား အချိန်တွင်မွေးဖွားသူများ နံနက်နေထွက်နှင့် မွန်းတည့်ကြားအချိန် (နံနက် ၈နာရီ၊ ၉နာရီခန့်) တွင်မွေးဖွားသူများသည် အပေါင်းအသင်းဆန့်သူ၊ မိတ်ဆွေ သင်္ဂဟပေါများသူ၊ မိတ်ဆွေသင်္ဂဟများနှင့် ပတ်သတ်၍ အကျိုးခံစားကြီးပွားရသူများဖြစ်မည်။ ၎င်းးအချိန်ပိုင်းမွေးဖွားသူများသည် ငယ်စဉ်ကလေးဘ၀ကပင် သူငယ်ချင်းအပေါင်းအသင်းများကို ခင်မင်တွယ်တာ တတ်သူများဖြစ်သည်။ ၎င်းဇာတာရှင်များသည် ကိုယ့်ကိုကိုယ်လုံ့လ၀ီရိယစိုက်ထုတ် ကြိုးစားခြင်းထက် အပေါင်းအသင်း မိတ်ဆွေများ၏ အကူအညီကိုယူ၍ ပူးပေါင်းဆောင်ရွက်မှုဖြင့်ထမြောက်အောင်မြင်ခြင်းက များလိမ့်မည်။ ထို့ကြောင့်၎င်းအချိန်ပိုင်းမွေးဖွားသူများသည် လူအများစုပေါင်းတွေ့ဆုံရာဖြစ်သော အသင်းအဖွဲ့များ ၊ ကုမ္ပဏီများ၊ အစည်းအရုံးများ၊ သဟာယကလပ်များ စသည်တို့တွင်ဆက်သွယ်ဝင်ရောက်ထားသင့်သည်။ စီးပွားရေးသမားများ၊ ကုန်သည်များ၊ သမဂ္ဂ၊ ဆန်ဆက်ပိုင်ရှင်များအသင်း၊ ပုံနှိပ်ထုတ်ဝေသူများအသင်း စသည်တို့တွင် ကိုယ်နှင့်သက်ဆိုင် ရာတွင် မပျက်မကွက် ပါဝင်တက်ရောက်ထားရမည်။ စာပေအသိုင်းအ၀ိုင်း၊ စာနယ်ဇင်းလောကတွင်နေရာကောင်း တစ်နေရာရသူဖြစ်လိမ့်မည်။

မွန်းတည့်ချိန်အနီးကပ်၍မွေးလျှင် လူတို့တွင် ကိုယ့်ဘ၀၌အရေးထားဆုံကိစ္စဟူသည် တစ်ဦးစီတွင် ရှိကြစမြဲဖြစ်သည်။ အချို့ကအချစ်ရေး၊ အိမ်ထောင်ရေး ကိုအရေးကြီးဆုံးအဖြစ်ထားကြသည်။ အချို့ကမူကျန်းမာရေးသည်သာလျှင် အရေးကြီးဆုံးဟူ၍မှတ်ယူကြသည်။ အချို့ကလည်း သားသမီး၊ ဆွေမျိုး မိဘများအရေးသည်သာလျှင် အဓိကဖြစ်သည်ဟု ယူဆကြသည်။ သို့သော် မွန်းတည့် (၁၂)နာရီထိုးချိန်အနီးကပ်မွေးကြသူများသည် ဘ၀တစ်သက်တာတွင် အလုပ်အကိုင်အရေး ၊ ရာထူးဌာနန္တရေး၊ ကြီးပွားရေးသည်သာလျှင်အရေးကြီးဆုံးဖြစ်ပေလိမ့်မည်။ နေမွန်းတည့်ခါနီးကာလတွင် နီးကပ်စွာမွေးကြသူများသည် ဘ၀တွင်ကြီးပွားရမည် အောင်မြင်ချမ်းသာရမည်ဟု သိန္နဌာန် ချထားကြသူများဖြစ်ပြီး ထိုဆုံးဖြတ်ချက်အတိုင်းလည်း အောင်မြင်လေ့ရှိသည်။ ထိုအချိန်တွင်မွေးကြသူများသည်တန်ခိုး အာဏာကြီးမားခြင်း၊ ကျော်ဇော်ထင်ရှားခြင်း၊ ဌာနဆိုင်ရာအုပ်ချုပ်ရေးတို့တွင် နေရာရခြင်းတို့ဖြစ်လိမ့်မည်။ိုထို့ကြောင့် နေမွန်းတည့်အချိန် အနီးကပ်၍ မွေးသူများသည် အများအားဖြင့် သူ့အဆင့်အတန်းနှင့်သူ ဦးစီးခေါင်းဆောင် အကြီးအကဲဖြစ်တတ်ကြသူများသာဖြစ်လိမ့်မည်။

 နေမွန်းတည့်မှ (၂) နာရီကြားမွေးဖွားသူများ နေမွန်းတည့်မှ နေ့လည်စက် (၂)နာရီထိုးအကြားအချိန်တွင် မွေးဖွားသူများသည် ဘ၀တစ်သက်တာတွင် ရပ်ဝေးသို့ပြောင်း ရွေ့ကာ အိုးအိမ်ထူထောင်အခြေစိုက်ရခြင်း၊ နိုင်ငံရပ်ခြားခရီးများ၊ ပင်လယ်ရေကြောင်းခရီးများ မကြာခဏသွားရခြင်းများ ရှိလိမ့်မည်။ ၎င်းဇာတာရှင်များသည် မွေးဖွားကြီးပြင်းသည့်နယ်မြေမှ ကျော်လွန်သောအရပ်ဒေသတို့တွင် ကြီးပွားချမ်း သာအောင်မြင်ကံကောင်းလိမ့်မည်။ တစ်ရွာမပြောင်းသူကောင်းမဖြစ် ဆိုသောစကားပုံသည် ထိုသူများအတွက်ဖြစ်လိ့မ် မည်။ ၎င်းဇာတာရှင်များ၏ ထူးခြားချက်တစ်ရပ်မှာ ဘာသာတရားကိုင်းရှိုင်းကြ၏။ အိမ်ထောင်ဘက်၏ ဆွေမျိုးသားချင်း များသည် မိမိအတွက် ကောင်းကျိုးဆိုးကျိုးကို ထူးထူးခြားခြား ပေးစွမ်းနိုင်သူများဖြစ်ခြင်း၊ တရားဥပဒေပညာရပ်ကိုတတ် ကျွမ်းနားလည်ပြီး ဥပဒေဘက်တွင် အလုပ်အကိုင်လုပ်ရခြင်းများရှိလိမ့်မည်။

မွန်းလွဲ (၂) နာရီမှ (၄) နာရီကြားမွေးလျှင် ဤအချိန်အတွင်းမွေးဖွားသူများအဖို့ ဘ၀တစ်သက်တာတွင် ငွေကြေးနှင့်ပတ်သတ်၍ ကြွေတစ်လက်၊ ကြက်တစ်ခုန်ဆို သကဲ့သို့ တစ်ချက်ကောင်း အစုလိုက် အပြုံလိုက်ရတတ်ခြင်းများ မကြာခဏ ကြုံလိမ့်မည်။ လောင်းကစားရာတွင် အနိုင်ရခြင်း၊ မြင်းလောင်းခြင်း၊ ထီပေါက်ခြင်းများ တစ်ကြိမ်ထက်မနည်းဖြစ် လိမ့်မည်။ ငွေကြေးနှင့်ပတ်သတ်၍ ကိုယ်တိုင်ခြစ်ချုပ်၍ စုဆောင်းကာကြီးပွားရသည်ထက် ကံကောင်းထောက်မ၍ စုပုံရခြင်းဖြင့် ကြီးပွားချမ်းသာလိမ့်မည်။ ၎င်းဇာတာရှင်များသည် အမွေအနှစ် များကို အစုလိုက်အပြုံလိုက်ရရှိ ခံစားရမည်။ စီးပွားရေးတွင် စပ်တူလုပ်ကိုင်ခြင်းများဖြင့် အများဆုံး အောင်မြင်မှုရနေသူများဖြစ်လိမ့်မည်။

 နေ၀င်ချိန်အနီး ကပ်မွေးဖွားလျှင် ညနေ(၄)နာရီကျော်မှ (၆) နာရီ နေ၀င်ရီတရော အချိန်တွင် မွေးဖွားသူများသည် ဦးဆောင်ခေါင်း ဆောင်လုပ်ရန် ၀န်လေးသူများဖြစ်တတ်ကြ၏။ ဘ၀တစ်လျှောက်လုံးတွင် အစိုးရ၀န်ထမ်း လခစား အလုပ်မျိုး လုပ်ကိုင်ရတတ်ပြီး သူတစ်ပါး၏ အကျိုးဆောင်ခြင်း လုပ်ငန်းများဖြင့်သာ အကျိုးပေးတတ် ကြသည်။ ကိုယ်ပိုင်လုပ်ငန်းကို ဦးဆောင်ပြုလျှင် အောင်မြင်မှုရသင့်သလောက်မရပဲ ဖြစ်တတ်မည်။ နေမ၀င်မီကာလ အပိုင်းအခြားအတွင်း မွေးဖွားသူများသည် အိမ်ထောင်ဖက်ကို အမှီပြု၍ ကြီးပွား ချမ်းသာအောင်မြင်တတ်ကြသည်။ သို့သော်၎င်းတို့သည် အများအားဖြင့် အိမ်ထောင်ဘက်နှင့် စီးပွားဘက်တို့၏ လွှမ်းမိုးခြယ်လှယ်ခြင်းကို ခံရတတ်ပါသည်။ ၎င်းဇာတာရှင်များအတွက် အိမ်ထောင်ရေးသည် အရေးကြီးဆုံးဖြစ်၏။ အိမ်ထောင်ဘက်ကိုရွေးရာမှာ အထူးသတိပြုရွေးချယ်သင့်သည်။ မိမိ၏ အိမ်ထောင်ဘက်သည် လူကုံထံ၊ သြဇာအာဏာရှိသူမျိုးထဲမှ ဖြစ်တတ်ခြင်း၊ မာန်မာနကြီးသူများဖြစ်တတ်ခြင်းတို့ကြောင့် အိမ်ထောင်ရေးတွင် အဆင်မပြေဖြစ်ရ တတ်သဖြင့်၎င်းဇာတာရှင်များသည် ဘ၀တစ်လျှောက်လုံး သာယာမှုကင်းမဲ့တတ်သည်ကို အထူးနား လည်ကြရပေမည်။

 နေ၀င်ပြီး (၂)နာရီအတွင်း မွေးဖွားလျှင် နေ၀င်ပြီးနောက် (၂) နာရီကြားကာလအတွင်း မွေးဖွားသူများအဖို့ ကျန်းမာရေးကို အထူးသတိပြုရန်လိုပေသည်။ ဘ၀တစ်လျှောက်လုံးတွင် အလွန်ပင်အထိခိုက်နိုင်ဆုံးသော အရေး ကိစ္စဖြစ်နေပေလိမ့်မည်။ ထို့ကြောင့် ကျန်းမာရေးကို အထူးဂရုပြုရန်လိုမည်။ အထူးသဖြင့် အစာအိမ် နှင့်ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါများအတွက် စိုးရိမ်ရတတ်သည်။ အစာမကြေ လေနာရောဂါ ဖြစ်တတ်ခြင်း၊ စိတ်တုန်လှုပ်ခြောက်ခြားလွယ်ကာ နေမကောင်းထိုင်မကောင်း ဖြစ်လာတတ်ခြင်း တို့သည် ၎င်းဇာတာရှင် အများစုထဲတွင် အတော်ပင်များပေလိမ့်မည်။

ညဦးပိုင်းတွင်မွေးဖွားသူများ ညဦးပိုင်းကာလဖြစ်သော (၈) နာရီမှ (၉) နာရီထိကာလအတွင်း မွေးဖွားသူများအတွက် အချစ်ရေးသည် အရေးကြီးနေတတ်၏။ ၎င်းတို့သည် အချစ်ရေးနှင့် သံယောဇဉ်ကိစ္စများများ တတ်ကြ၏။ သားရေး သမီးရေးကိစ္စများလည်း များတတ်ကြ၏။ စိတ်နေစိတ်ထားအားဖြင့် ပျော်ရွှင်တက်ကြွသူများ ဖြစ်ပြီး လောင်းကစားခြင်းတွင် လွန်စွာ ၀ါသနာထုံတတ်မည်ဖြစ်၏။ ၎င်းဇာတာရှင်များသည် ငယ်စဉ်ကပင် အချစ်ရေးကိစ္စအလွန်များပြီး အရွယ်ကြီးသောကာလတွင် သားသမီးအလွန်များလိမ့်မည်။ ပါတီ၊ ပွဲလမ်းသဘင်၊ ရုပ်ရှင်၊ ဇာတ်သဘင်၊ စတိတ်ရှိုးများဆိုလျှင် ၎င်းဇာတာရှင်များလွန်စွာ နှစ်ခြိုက်လိမ့်မည်။ အောင်မြင်လိမ့်မည်။ တေးဂီတထုတ်လုပ်ရေး၊ ဗွီဒီယိုထုတ်လုပ်ရေး လုပ်ငန်းများဖြင့်လည်း အောင်မြင်ကြီးပွားလိမ့်မည်။

သန်းခေါင်ယံ အချိန်အနီး မွေးဖွားသူများ ည(၉)နာရီကျော်၍ သန်းခေါင်ယံ (၁၂) နာရီမထိုးမီ ကြားကာလတွင် မွေးဖွားသူများသည် ဘ၀တွင် တော်တော်နှင့် လူလားမမြောက်နိုင်၊ အခြေမကျနိုင်ပဲရှိမည့်သူများဖြစ်တတ်ကြ၏။ အသက်(၃၀) ရောက်သည့်တိုင်အောင် တစ်အိုးတစ်အိမ်ထူထောင်နိုင်ခြင်းမရှိပဲ နေရတတ်သည်။ အသက်(၃၀) ရောက်ခါမှအလုပ်အကိုင် အခြေအနေ အတည်တကျဖြစ်ရတတ်သည်။ အသက်(၃၀) မတိုင်မီကာလ တွင်မူ မိဘဆွေမျိုးများအလယ်တွင် ကလေးဆိုးကြီးသဖွယ်ဖြစ်ကာ ဟိုဆွေမျိုးအိမ်တက် ဒီဆွေမျိုးအိမ် တက်ဆိုသလိုပင် လှည့်လည်နေထိုင်ကာ ဘော်ကြော့နေထိုင်သူများ ဖြစ်တတ်လိမ့်မည်။ ဤဇာတာရှင် များသည် မိဘဆွေမျိုးအသိုင်းအ၀ိုင်းကို အလွန်ခင်တွယ်တတ်ကြသည်။ သူတို့၏ ကိုယ်စွမ်းကိုယ်စဖြင့် လွတ်လွတ်ကျွတ်ကျွတ်မဟုတ်ပဲ ဘာမဆို မိဘဆွေမျိုးသားချင်းများကိုပင် အားကိုမှုပြုတတ်ကြ၏။ အချို့ဇာတာရှင်များသည် မိဘဆွေမျိုးတို့၏ အိုးအိမ်ကို ထိန်းသိမ်းစောင့်ရှောက်ပေးနေရသည်နှင့်ပင် ကိုယ့်အိုးကိုယ့်အိမ်ကို မထူထောင်နိုင်ပဲ ရှိနေတတ်သည်။ အမျိုးသမီးဖြစ်လျှင် ၎င်းအချိန်မွေးသော ဇာတာရှင်များမှာ အများအားဖြင့် ကိုယ့်မိဘများကို ပြုစုစောင့်ရှောက်ရင်းပင် အပျိုကြီးဘ၀နှင့် တစ်ကိုယ်တော် ဖြစ်နေကြရတတ်သည်။ သို့သော်ထိုဇာတာရှင်များသည် အိုးအိမ်မြေယာပစ္စည်းနှင့် ပတ်သတ်ပြီး ကံကောင်းတတ်ကြ၏။ လယ်ယာလုပ်ငန်း၊ အဆောက်အဦးလုပ်ငန်း၊ ကန်ထရိုက် လုပ်ငန်းတို့တွင် အထူးတလည်အောင်မြင်ကြီးပွားနိုင်ကြပေသည်။

 ဤသို့နံနက်သန်းခေါင်ကျော် တစ်ချက်ထိုးကာလမှစ၍ ညသန်းခေါင်ယံ (၁၂)နာရီထိုးကာလထိ တစ်နေ့တာပတ်လုံး မည်သည့်အချိန်တွင်မဆိုမွေးဖွားကြသူများ၏ ကုသိုလ်ကံ အကျိုးပေးများကို အနောက်တိုင်းဗေဒင်အရ မွေးသည့်နာရီတစ်ခုတည်းကို အခြေပြုပြီး သင့်ဘ၀လမ်းညွှန်ဟောဆို ခြင်းပြီးပြည့်စုံပြီဖြစ်သည်။ သင့်ဘ၀လမ်းညွှန်အဟောများသည် စာရှုသူတို့၏ဘ၀တာတွင် အံ့သြ လောက်အောင် ကိုက်ညီမှန်ကန်စွာ အကျိုးပေးလာမည်ဖြစ်ပေသည်။ ဆရာဦးခန့်ကျော်ရေးသားသော ကိုယ်တွေ့သုခချမ်းသာစာအုပ်မှကောက်နူတ်ထားပါသည်။

Credit: Bo Mu


မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်လုနီးရှိနေ

ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းက ရန်ကုန်မြို့လယ် ဧရိယာအတွင်း သွားလာနေသူအချို့အား တွေ့ရစဉ် 

မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အမြင့်ဆုံးအပူချိန် ၄၄ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေပြီး အယ်လ်နီညိုဖြစ်ပွားသော နှစ်များတွင် ဖြစ်ပေါ်သည့် အပူချိန်သို့ ရောက်ရှိရန် ၁ ဒီဂရီ စင်တီဂရိတ်သာ လိုတော့ကြောင်း မိုးလေ၀သပညာရှင် ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။
“ဒီနှစ်က အပူချိန် အရမ်းပြင်းထန်တဲ့နှစ်တော့ မဟုတ်သေးဘူး။ ပူတာတော့ တော်တော်ပူနေတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတို့ စစ်ကိုင်းတို့မှာ ၄၄ ဒီဂရီ စင်တီဂရိတ်လောက်ထိ ဖြစ်နေတယ်။ အယ်လ်နီညိုဖြစ်တဲ့ နှစ်တွေမှာ ၄၅ ဒီဂရီ စင်တီဂရိတ် ကျော်ခဲ့တယ်” ဟု ဒေါက်တာဦးထွန်းလွင်က ပြောကြားသည်။

၁၈၅၀ ပြည့်နှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အပူဆုံးသော နှစ်သုံးနှစ်ရှိခဲ့ရာတွင် ၁၉၉၈ ခုနှစ်၊ ၂၀၀၅ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်တို့ဖြစ်ကြောင်း ကမ္ဘာ့မိုးလေ၀သ အဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။
“ကမ္ဘာကြီး ပူနွေးလာမှုကြောင့် မြန်မာနိုင်ငံရဲ့ အပူချိန်တွေက ပုံမှန်အပူချိန်ထက် ပိုမြင့်နေတယ်။ စစ်ကိုင်းတိုင်းအောက်ပိုင်း ကန့်ဘလူ၊ မုံရွာတို့မှာ ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ တောင်တွင်းကြီးမှာလည်း ၄၃ ဒီဂရီ စင်တီဂရိတ်လောက် ရှိတယ်။ စစ်ကိုင်းတိုင်း အောက်ပိုင်းမှာဆို ၂၀၁၀ လောက်တုန်းက စံချိန်တင် အပူချိန်အဖြစ် ၄၇ ဒီဂရီ စင်တီဂရိတ်လောက်ထိကို ဖြစ်ပွားခဲ့တယ်။ ၁၉၈၀ နောက်ပိုင်းမှာ ဧပရယ်၊ မေလတွေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေရဲ့ အပူချိန်က ၄၂ ဒီဂရီ စင်တီဂရိတ်ကနေ ၄၅ ဒီဂရီ စင်တီဂရိတ်လောက်အထိကို ရှိနေတယ်” ဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးက ပြောကြားသည်။

ဧပြီလ၏ ပျမ်းမျှအပူချိန်ထက်ပိုခဲ့သော ဒေသများသည် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် ပျမ်းမျှအပူချိန်ထက် ၇ ဒီဂရီစင်တီဂရိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၅ ဒီဂရီစင်တီဂရိတ်မှ ၆ ဒီဂရီစင်တီဂရိတ်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် တောင်ပိုင်းတို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ်အထိ ပိုမိုခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

၂၀၁၀ အတွင်း မတ်၊ ဧပြီ၊ မေလတွင် မြို့နယ် ၁၆ မြို့နယ်အတွင်း စံချိန်တင်ပူပြင်းမှု ၂၁ ကြိမ် ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်များက နှစ်နှစ်ဆက်တိုက် အယ်လ်နီညို ရာသီဥတုနှစ်များကို တွေ့ကြုံခဲ့ရကာ စံချိန်တင် ပူပြင်းမှုများ၊ မြစ်များတွင် ရေနည်းပါးကာ စိုက်ပျိုးရေ၊ သောက်သုံးရေ အခက်အခဲ ကြုံရခြင်းများ၊ ကျန်းမာရေး ချို့တဲ့ခြင်းများ၊ လူသေဆုံးရခြင်းများပင် ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၇၈ ခုနှစ် နောက်ပိုင်းတွင် ရာသီဥတု ပြောင်းလဲခြင်းများကို ရင်ဆိုင်လာရပြီး ယင်းတို့မှာ ရာသီဥတု ပိုမိုပူပြင်းခြောက်သွေ့လာခြင်း၊ မုတ်သုံဝင်ရောက်ချိန် နောက်ကျခြင်း၊ မုတ်သုံအထွက်စောလာခြင်း၊ ဆောင်းရာသီများတွင် ယခင်အေးမြသော ဒေသများ ပူနွေးလာခြင်း၊ မိုးရက်နည်းပါးလာခြင်း၊ မိုးခေါင်သောနှစ်များ ကြုံတွေ့လာခြင်း၊ သဘာဝဘေးအန္တရာယ်များကို ဆက်တိုက်ကြုံတွေ့လာခြင်း စသည်တို့ ဖြစ်ကြသည်။

ဧပြီလ ၂၂ ရက်နေ့ အပူချိန်များ

ပြည်နယ်နှင့်တိုင်းဒေသကြီးများ - အမြင့်ဆုံးအပူချိန်(ဒီဂရီစင်တီဂရိတ်)
ရန်ကုန်တိုင်းဒေသကြီး - ၃၉
မန္တလေးတိုင်းဒေသကြီး - ၄၄
နေပြည်တော် - ၃၉
မကွေးတိုင်းဒေသကြီး - ၄၃
စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) - ၄၃
ကချင်ပြည်နယ် - ၃၅
ကယားပြည်နယ် - ၃၆
ကရင်ပြည်နယ် - ၃၅
ချင်းပြည်နယ် - ၃၄
မွန်ပြည်နယ် - ၃၄


Eleven Media Group

မော်လမြိုင်မြို့ကို လျှပ်စစ်မီး စတင်ပေးတော့မည်

 
လျှပ်စစ်မီးတိုင် (Credit: ABC)

ဧပြီလကုန်ပိုင်းကျရင် ​သဘာဝဓါတ်ငွေ့နဲ့ ​စွန့်ပစ်အပူသုံးဓါတ်အားပေးစက်ရုံစီမံကိန်းကနေ ​ထွက်လာတဲ့ ​လျှပ်စစ် ​ဓါတ်အား ​၄၃.၅ ​မဂ္ဂါဝပ်ကို ​မွန်ပြည်နယ် ​မော်လမြိုင်မြို့ကို ​စတင် ​ထုတ်လွတ် ​ပေးတော့မယ်လို့ ​သိရပါတယ်။

ဒါ့အပြင် ​တာဝါတိုင်တည်ဆောက်မှုနဲ့ ​၀ါယာကြိုးသွယ်တန်းမှုတွေကိုလည်း ​ဧပြီလကုန်မှာ ​ပြီးစီးနိုင်ဖို့ ​လုပ်ကိုင်နေတယ် ​လို့လည်း ​လျှပ်စစ်ဓါတ်အား ​ထုတ်လုပ်ပေးတဲ့ ​ကုမ္ပဏီဖြစ်တဲ့ ​Myanmar ​Lighting ​(IPP) ​က ​ဒါရိုက်တာ ​ဦးဌေးမင်းက ​ပြောပါတယ်။

အဆိုပါ ​ကုမ္ပဏီက ​ဒါရိုက်တာ ​ရဲ့ ​အဆိုအရ ​သူတို့ရဲ့ ​စက်ရုံကို ​လည်ပတ်နိုင်ဖို့အတွက် ​လျှပ်စစ်ဝန်ကြီးဌာနက ​ဂက်စ်ချမယ့်အကြောင်း၊ ​သူတို့ရဲ့ ​စက်ရုံကနေထွက်လာတဲ့ ​ဓါတ်အားတွေကို ​တခါ ​လျှပ်စစ်ဝန်ကြီးဌာနကို ​ပေးမှာဖြစ်ကြောင်း ​ဒါပေမယ့် ​၂၄ ​နာရီ ​မီး ​ရ ​မရကိုတော့ ​သူတို့အနေနဲ့ ​ပြောရခက်တယ်ဆိုပါတယ်။

အကြောင်းအရင်းကတော့ ​သူတို့ကုမ္ပဏီက ​လျှပ်စစ်ဓါတ်အား ​ထုတ်လုပ်ပေးတဲ့အပိုင်းသာဖြစ်ပြီး ​ဖြန့်ဖြူးတာကတော့ ​မဟာဓါတ်အားလိုင်းအပိုင်းနဲ့ ​ဆိုင်တာဖြစ်တယ်လို့ ​ဦးဌေးမင်းက ​ပြောပါတယ်။

နိုဝင်ဘာလမှာလည်း ​အဲဒီစီမံကိန်းကနေ ​လျှပ်စစ်ဓါတ်အား ​(၅၄.၅) ​မဂ္ဂါဝပ်ကို ​မဟာဓါတ်အားလိုင်းနဲ့ ​ချိတ်ဆက်ပြီး ​ထုတ်လွတ်ပေးသွားမှာဖြစ်တယ်လို့ ​ဆိုပါတယ်။

ဒီလျှပ်စစ်မီး ​စီမံကိန်းကို ​၂၀၁၃ ​ခုနှစ်ကတည်းက ​စတင်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး ​လျှပ်စစ်စွမ်းအားဝန်ကြီး ​ဌာနဲ့ ​Myanmar ​Lighting ​(IPP) ​ကုမ္ပဏီတို့က ​ပူးပေါင်းလုပ်ဆောင်နေတာ ​ဖြစ်ကြောင်း ​မြစ်မခ ​သတင်းအရ ​သိရပါတယ်။

ABC Radio Australia

ရွှေမြန်မာလေကြောင်း (GMA)မှ လေယာဉ်က နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ၏ ခရီးစဉ်တွင် အသုံးပြုသော လေယာဉ်ကို ၀င်တိုက်မိ၍ အဆိုပါလေယာဉ်အား နောင်အသုံးပြုမည်မဟုတ်တော့



ရွှေမြန်မာလေကြောင်း (GMA)မှ လေယာဉ်က ရန်ကုန်လေဆိပ်အတွင်း လေယာဉ်ရွှေ့စဉ် ဝင်တိုက်မိသည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းပိုင် လေယာဉ်မှာ နိုင်ငံတော်သမ္မတနှင့် အကြီးအကဲများ၏ ခရီးစဉ်တွင် အသုံးပြုသည့်လေယာဉ် ဖြစ်ကြောင်း MAI ဥက္ကဋ္ဌ ဦးခင်မောင် လတ်ကပြောသည်။

‘‘အခုတိုက်မိသွားတဲ့ လေ ယာဉ်ဟာ နိုင်ငံတော်သမ္မတနဲ့ အကြီးအကဲတွေရဲ့ VIP ခရီးစဉ် တွေမှာ အသုံးပြုနေတဲ့ လေယာဉ် ဖြစ်ပါတယ်။ အခုလိုဖြစ်သွားတဲ့ အတွက် ဒီလေယာဉ်ကို VIP ခရီးစဉ်တွေမှာ ထပ်ပြီးအသုံးပြုဖို့ မဖြစ်နိုင်တော့ပါဘူး။ တခြားလေ ယာဉ်တစ်စီးကိုပဲ အသုံးပြုရတော့ မှာပါ’’ဟု ဦးခင်မောင်လတ်က ဆို သည်။

အပြည်ပြည်ဆိုင်ရာ မြန်မာ့ လေကြောင်းလိုင်း (MAI)တွင် နိုင်ငံတော်သမ္မတ၊ ဒုသမ္မတများ နှင့် နိုင်ငံတော်အဆင့်ခရီးစဉ်များ အတွက်ပြေးဆွဲရန် Airbus A-319 နှင့် A-320 တို့နှစ်စီးကို အသုံးပြုလျက်ရှိပြီး ဧပြီ ၁၄ ရက် တွင် ရွှေမြန်မာလေကြောင်းလိုင်း (GMA)မှလေယာဉ်ကို မြေပြင်တွင် ရွှေ့စဉ် MAI ၏ Airbus A-319လေယာဉ်ကို မတော်တဆထိခိုက် ကာ ဝင်တိုက်ခဲ့သည့်အတွက် ဆက်လက်သုံးစွဲရန် မဖြစ်နိုင် တော့ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

‘‘နိုင်ငံတော် အကြီးအကဲ ခရီးစဉ်တွေမှာ အသုံးပြုနေတဲ့ လေယာဉ်နှစ်စီးလုံးက အသစ် တွေပဲရှိသေးတယ်။ အခုလိုဖြစ် သွားတဲ့အတွက် တစ်စီးကိုပဲ အသုံးပြုရတော့မှာဖြစ်ပါတယ်’’ ဟု MAI လေကြောင်းလိုင်းမှ ဈေး ကွက်ရှာဖွေရေးနှင့် ပြည်သူ့ဆက် ဆံရေးမန်နေဂျာ ဒေါ်အေးမရသာ က ပြောသည်။

‘‘လေယာဉ်တစ်စီးရွှေ့မယ် ဆိုရင် ဘယ်လိုလုပ်ရမယ်။ လေ ယာဉ်ပေါ်မှာ ဘယ်လိုကျွမ်းကျင် သူတွေပါရမယ်၊ လုပ်ငန်းအဆင့် ဆင့်ကို ဘယ်လိုဆောင်ရွက် ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိ တယ်။ အခုက မလွတ်လို့ဝင်တိုက် တာမဟုတ်ဘူး။ စရွှေ့လာတဲ့နေ ရာကနေ တိုက်တဲ့အချိန်ထိ သုံးမိနစ်လောက်ကြာတယ်။ တကယ်လုပ်ရမှာတွေ မလုပ်လို့ဖြစ်တာ ပါ’’ဟု ဦးခင်မောင်လတ်က ၎င်းတို့ထံတွင်ရှိသော ဗီဒီယိုမှတ်တမ်းများနှင့်တကွ ရှင်းလင်းပြောကြား ခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ဧပြီလ ၁၄ ရက် နံနက်က ရွှေမြန်မာလေကြောင်း လိုင်း (GMA) မှ လေယာဉ်ကို မြေပြင်တွင်ရွှေ့စဉ် လေယာဉ်ဘီး ကို ကျမ်းတုံး မခုရသေးမီ လေ ယာဉ်ဘီးကိုဆွဲသောကားမှ Tow−Bar ဖြုတ်လိုက်၍ အရှိန်မထိန်း နိုင်ဘဲ လေယာဉ်ကရှေ့သို့ လိမ့်ကာ ရပ်ထားသော MAI လေယာဉ် ၏အမြီးပိုင်းကိုဝင်တိုက်ခဲ့သည်။

လက်ရှိတွင် MAI လေယာဉ် ၏ ထိခိုက်ပျက်စီးမှုကို သိရှိနိုင် ရန်အတွက် ပြင်သစ်နိုင်ငံမှ လေယာဉ်ထုတ်လုပ်သော အဲ ဘတ်စ်ကုမ္ပဏီက လေယာဉ်ကို တစ်စစီဖြုတ်၍ ဧပြီလ ၂၀ ရက်မှ ၂၈ ရက်အထိ စစ်ဆေးသွားမည် ဖြစ်ပြီး ပြန်လည်ပြင်ဆင်ပါက ကုန်ကျမည့်စရိတ်ကို မေလ လယ်ပိုင်းတွင် သိရှိနိုင်မည်ဖြစ် ကြောင်း ဦးခင်မောင်လတ်ကဆို သည်။

ထို့အတူ ရွှေမြန်မာလေကြောင်းလိုင်း (GMA)က ကုန်ကျမည့်စရိတ်များ သိရှိနိုင်ရန် အဖွဲ့အစည်းတစ်ခုဖြင့် လေ့လာ တွက်ချက်လျက်ရှိပြီး နှစ်ဦးနှစ် ဖက်ညှိနှိုင်း၍ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထိခိုက်မှုဖြစ်ပွားခဲ့သည့် လေယာဉ်၏ တန်ဖိုးမှာ ၁၉ ဒသမ ၅ သန်းရှိပြီး လေယာဉ်နှင့် အလုံးစုံအာမခံကြေးအတွက် ကန်ဒေါ်လာ သန်း ၇၅၀ အာမခံ ထားကြောင်း သတင်းရရှိသည်။

MAI လေကြောင်းလိုင်းတွင် လေယာဉ်ကိုးစီးရှိပြီး နိုင်ငံတကာ သို့ ပုံမှန်ပြေးဆွဲနေသည့် လေ ယာဉ်ငါးစီးရှိကြောင်း သတင်း ရရှိသည်။

Author: ခန့်ထက် / နိုင်လင်းအောင်

7DAY DAILY



မလေးရှားရှိမြန်မာများ အထူးသတိပြုရန် အရေးကြီးသတင်း



မလေးရှားရောက်နေတဲ့ အိုဗာစတေးမြန်မာအလုပ်သမားတွေ ကို ပါမစ်ထုတ်ပေးဖို့ သူတို့ရုံးမှာ လာရောက်လက်ဗွေနှိပ် မှတ်ပုံတင်နိုင်ကြောင်း မလေးရှားနိုင်ငံ KL MASJID JAMEKမှာဖွင့်လှစ်ထားတဲ့ တပ်မတော်အရာရှိ (အငြိမ်းစား) မြန်မာခရိုနီ ဗိုလ်မှူးသိန်းသန်းပိုင် Everfine ကုမ္ပဏီက ကြေညာထားပါ တယ်။

ကျွန်တော်တို့စုံစမ်းသိရှိရသလောက် ပါမစ်နဲ့ပတ်သက်ပြီး မလေးရှားအစိုးရက ဘာ ကြေညာချက်မှ တရားဝင်ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဒီ Everfine ကုမ္ပဏီ ဟာ ဟိုအရင်တခါ 6P တုန်းကလဲ ဆင်းရဲသားမြန်မာပြည်သူတွေ ဆီကနေ ငွေတွေယူ ပါမစ်ရမယ်ကတိပေးပြီး ပါမစ်တွေမရဘဲ ဆင်းရဲသား မြန်မာလုပ်သားတွေ ဒုက္ခပင်လယ်ဝေခဲ့ရပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီပါမစ်ကိစ္စ သတင်းထူးရင်တင်ပေးပါ့မယ်။ သတင်းမထူးခင်ကာလမှာ မြန်မာတွေအနေနဲ့ Everfine ကုမ္ပဏီကို ယုံကြည်ပြီး ငွေပေးငွေယူပြုလုပ်ရာမှာ အထူးသတိကြီးကြီး ထားဖို့လိုအပ်ကြောင်း တင်ပြလိုက်ရပါတယ်။

 
Credit : မလေးရှားရောက်မြန်မာများအပေါ် ခရိုနီများ၏နှိပ်စက်မှုများ'

Myanmar News Update

တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး K-pop အဖွဲ့ လာမည်


တောင်ကိုရီးယားနိုင်ငံက နာမည်ကြီး  K-pop အဖွဲ့ရဲ့ ဖျော်ဖြေပွဲတခုကို ရန်ကုန် သုဝဏ္ဏ အားကစားရုံမှာ ဧပြီ ၃၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပြီး လက်မှတ်ခ တွေကိုတော့ ကျပ်ငွေ တစ်သိန်းကနေ စ သတ်မှတ်ထားတယ်လို့ မန်းသီရိ တေးသံသွင်း အရောင်းကောင်တာက စုံစမ်းသိရပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ တိုက်ကွမ်ဒို ဥက္ကဋ္ဌဖလားနဲ့ ဥက္ကဋ္ဌရန်ပုံငွေပွဲ အဖြစ် ဖော်ကျွန် အင်တာနေရှင် ကုမ္ပဏီ (Fortune International)က ကျင်းပတာ ဖြစ်ပြီး လက်မှတ်ခအဖြစ် ကျပ် ၁ သိန်း၊ ၇ သောင်း၊ ၅ သောင်း၊ ၄ သောင်းကနေ ၁ သောင်း ၅ ထောင်အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။

K-pop အဖွဲ့မှာ နာမည်ကျော် တင့်တ်(Tint)၊ ဒန်လ် ရှာလ်ဘက် (Dal Shabet)၊ မိန်းကလေးနေ့ (Girl Day) နဲ့ မြန်မာကြိုက် ကိုရီးယား ဂီတပညာရှင် တချို့ ပါဝင်မယ်လို့ သိရပါတယ်။

DVB Burmese


တစ်ချိန်ချိန်မှာ ခွဲရမှာဘဲ ဒီသင်္ခါရတရားကို တွေးမိပါ



ရောဂါဝေဒနာခံစားနေရသူနှင့် ရောဂါဝေဒနာရှင် မိသားစု အသိုင်းအဝန်းများ သို့ တည်းမဟုတ် သတ္တလော က အတွင်းရှိလူသားများအတွက် မှန်ကန်သောသစ္စာအဖြစ်ရှိနေသည်ကို အသိမြင် စိတ်ခွန်အားဖြစ်စေ ရန် နှင့် မေးတက်ကြသည့်အတွက် ရေးမိပါသည် ။

အဖြစ်ပျက်တွေများစွာ ရှိနေ မြင်နေ တွေ့ နေကျဆဲပါ ။ ရောဂါတစ်ခုပြင်းထန်းစွာခံစာနေရသူတစ်ယောက်မှ အားကိုးကြီးစွာကြည့်နေသည့် မျက်ဝန်းအကြည့်တွေများစွာမြင်ခဲ့မိပါတယ် မပြောနိုင်တာရှိခဲ့သ လို့ ပြောနိုင်ပြီး လက်ကလေးကို ကိုင်တွယ်နေမိသည့် အနေအထားတွေလည်း များစွာပါဘဲ မဖွင့်နိုင် မပြောနိုင် ကျိတ်ခံစားသည့် လူနာတွေလည်း မရေတွက်နိုင်ခဲ့ပါဘူး ။ ဘယ်လို့ ဖြစ်နေဖြစ်နေ အကောင်းဆုံး တစ်ခုရရှိဖို့ ကြိုးစားကုသပေးရမည့် မဟုတ်ပါလား ။ ကြိုးစားခြင်းများစွာ ဝိုင်းဝန်းလုပ်ဆောင်ပေမဲ့ အချိန်တန်တော့ ဘဝသစ်တစ်ခု ခရီးဆက် ဆက်လက်ထွက်ခွာသွားခဲ့ရတာလည်း အနန္တများစွာပါ ။

လူနာရှင်တွေဖက်က ရောဂါအခြေအနေပေါ်မူတည်ပြီး အမေးများသည့် စကားရှိပါတယ် …. ဆရာ အခြေအနေ မကောင်းရင် အိမ်ခေါ်တော့မယ် ပြန်ပါတော့မယ် ဆရာအခြေအနေဘယ်လို့ လဲ ဆရာ လို့ ဆိုသည့် စကားခွန်းမပီတပီ အားအင်းချည်းနဲ့ လေအသံကတစ်မျိုး ၊ မျက်ရည်စများကျဆင်းခြင်း နဲ့ အပြိုင်ထွက်လာသည့် အသံတွေက တစ်သွယ် ကြားမိ မေးခံလိုက်သည့် အချိန်တွေမှာ နှလုံးသားရှိ လူသားတစ်ယောက်အနေဖြင့် ဖွင့်ဟမပြောချင်ပေမဲ့ ပြောခဲ့ရတာတွေလည်း ရှိပါတယ် ဒါတွေလည်း ကျွန်တော် မပြောချင်ပါဘူး ။

ဘယ်တော့မှ မခွဲဘဲ ချစ်နေမြဲဆိုတာ မရှိပါဘူး အချိန်တန်တော့ အားလုံးဟာ ကိုယ့်ခရီး ကိုယ့်နှင် ဆက်လက် ထွက်ခွာသွားကြရမှာပါ ။ ကျွန်တော်လည်းပါပါတယ် အတူတူပါဘဲ ။

ဖခင်ရှိစဉ် ကျန်းမာရေးမကောင်းတော့ ကုသမှု့ ကို တက်နိုင်သည့် အနေအထားများစွာ လုပ်ဆောင် ကုသပါတယ် တိုင်ပင်ပါတယ် ဆရာဆရာကြီးများစွာကို အားကိုးပါတယ် သို့ သော်လည်း အစဉ်ထာဝရ မဟုတ်သည့်အတွက် ဖခင်ဟာ သင်္ခါရ ခရီးလမ်းကို အဖေ လျှောက်လမ်းခဲ့ရပါတယ် ။ မျက်ရည်လည်မိတာ ခဏဘဲ ဖြစ်ခဲ့ပါတယ် မကျခဲ့ပါဘူး ဘာလို့ လည်းဆိုတော့ သည်လမ်းကို သိနေတယ် ရှင်နေစဉ်မှာ ဖခင်ကို အစစအရာရာ အကောင်းဆုံး ပြု့ စုပေးပါတယ် ကာယအား စိတ်အားရောပါ ။ ပြု့ စုရလို့ စိတ်မပျက်ခဲ့ပါဘူး မကောင်းသည့်စိတ်တွေလည်း မရှိခဲ့ပါ ။ ရှိနေစဉ်မှာ မလုပ်ဆောင်ဘဲ မရှိတော့မှာ အမလေး မတပါနဲ့  မကျပါနဲ့  ရှင်နေ ရှိနေချိန်မှာ မမေ့သော သတိတရား စိတ်ကောင်းများကို လက်ကိုင်ထားပါ ဒါဆို ရှင်လမ်း မဟုတ် သေလမ်းသွားလည်း စိတ်ကျေနပ်နေပါလိမ့်မယ်နော် ။

အိမ်မှာထက် ဆေးရုံးဆေးခန်းမှာအကောင်းဆုံးပြု့ စုပေးမယ် အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ် သက်သာစွာဖြစ်အောင်လုပ်ပေးနိုင်ပါတယ် ။

သို့ သော်တစ်ချို့ ဆိုပေမဲ့ ပိုလာပါတယ် ..ငွေအတွက်လိုက်သည့်သူတွေလည်းရှိပါတယ် မဆိုင်တာကို လွဲပြောင်းကုသမှု့ ခံယူသင့်တာကို မပြောကြားဘဲ ရလိုမှု့ ပိုင်ဆိုင်လို့ မှု့ စိတ်ကိုထား လူ့ အသက် တွက်မကြည့် ငွေကိုသာ အမိ အဖ လို့ ထားသည့် ဆရာများနှင့်လည်း တွေ့ ကြုံခံစား ကြားဖူးကြမှာပါ အပြစ်ပြောတာမဟုတ်ပါ လူလောကတွင်း ဒီလောကဝယ် တကယ့်ဖြစ်ခဲ့သည့် အဖြစ်ပျက်အမှန်တွေပါ ။

ဆေးရုံးတွေမှာ ကျန်ရှိသည့် ခန္ဓာအတွက် ခက်ခဲများစွာတွေ့ ကြုံ ငွေကုန်တာတွေလည်း ရှိပါတယ် သိပါတယ် ဒါကို အထူးမရေးသားတော့ပါဘူး (အရိုးစွဲသည့် ပြည်မြန်မာ ဒါတွေ မပြောချင်တော့လို့ ပါ ) ။ ကာယကံရှင် အပိုင်းမှာ ဆက်လက်ရင်ဆိုင်ရမည့် အခက်အခဲတွေများစွာရှိနေတက်ကြပါတယ် ။ အစွဲများကြီးသည့် အတွက် စိတ်မကောင်းဖြစ်ရသည့် ပြု့ မှု့ လုပ်ဆောင်ချက်တွေရှိနေဆဲပါ လူအများစု မြို့ အများစု ကျေး လက်တောရွာတွေမှာ ယနေ့ ထိ ရှိနေဆဲ ကျင့်သုံးနေဆဲပါ အရှင်သာလက်ခံပေမဲ့ မရှင်ရင် အပြင်မှာပါ ဆိုတဲ့ လုပ်ဆောင်ချက်တွေပါ ။ အရာရာတိုင်းကို အစဉ်ထာဝရလို့ ထင်နေကြတယ်လား မသိပါဘူး သင်္ခါရဆိုတာ မသိမမြင်ကြပါလား ။

ရှင်နေဆဲ့ ဘုရင်လို့ သဘောထားပြီး အဖိုးအဖွား မိဘဆရာ ဇနီးမယား သားသမီး တပည့်တူသား လူသားများကို စိတ်ကောင်းများနဲ့  ရှင်နေသည့် အချိန်ကို ပြု့ စုပါ ပေးပါ ထောက်ပံ့ပါ နိုင်သည့်ဝန်ကိုထမ်း ကူညီစောင့်ရှောက်လိုက်ပါ ။ သင့်မျက်ရည်များအတွက် ဖြေလိုက်ပါ ။

မြင်နေသမျှတို့ သည် အစဉ်ထာဝရ မဟုတ်ပါ သင်္ခါရဖြစ်နေသည့်အတွက် တစ်ချိန်ချိန်မှာ ခွဲရမှာဘဲ ဒီ သင်္ခါရ တရားကို တွေးမိ ရေးမိလိုက်ပါသည် ………………

အသက်ရာကျော် ရှည်ပါစေ
 
Mg Mandalay

ထိုင်းနိုင်ငံတွင်း ၀တ်ဖြူစင်ကြယ်ဝတ် ခိုးဝင်သူ မြန်မာ ၃၀ အဖမ်းခံရ

 
 
ထိုင်းနိုင်ငံထဲကို တရားထိုင်ဝတ်စုံအဖြူရောင် ၀တ်ဆင်ပြီး ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြသွားပါတယ်။

နယ်မြေထဲကို တရားမ၀င်အလုပ်သမားတွေ ၀င်ရောက်လာဖို့ရှိတယ်လို့ ကြိုတင်သတင်းရထားချက်အရ တာ့ခ်ခရိုင် ရဲတပ်ဖွဲ့ဝင် နဲ့ နယ်မြေအထူးလုံခြုံရေး တပ်ဖွဲ့တို့ ပူးပေါင်းပြီး စောင့်ကြပ် စစ်ဆေးရာ မှာ ဧပြီ ၂၁ ရက်နေ့ ည ၉ နာ ရီအချိန်လောက်က မှန်လုံကားအဖြူရောင် ၂ စီးပေါ်ပါလာတဲ့သူတို့ကို မဲဆောက်မြို့နယ် မယ်ပ ရပ်ကွက် ဘန့်ဟွေ့ ဟင်ဖွန်ဂိတ်မှာ ဖမ်းမိခဲ့တာလို့ တာ့ခရိုင်ရဲမှူး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းထောက်တွေ ကို ပြောပါတယ်။

စစ်ဆေးချက်အရ သူတို့တတွေကို ထိုင်းသံဃာ ၂ ပါးက ဦးဆောင်ခေါ်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံ အလယ်ပိုင်း ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင် ကျောင်းတိုက်က ဆင်းတုတော်ပူဇော်ပွဲကို သွားဖို့ဖြစ်ကြောင်း ၊ ဒါပေမယ့် ကားပေါ်ပါ လာတဲ့ ၀တ်ဖြူစင်ကြယ်အားလုံး ( ကျား ၁၈ ဦး နဲ့ မ ၁၂ ဦး ) လုံး ဘာတရားဝင် အထောက် အထားမှ မရှိတဲ့အတွက် ထိုင်းသံဃာ ၂ ပါး၊ ထိုင်းကားသမား ၂ ဦးနဲ့ သူတို့အားလုံးကို လိုအပ်သလို အရေးယူဖို့ တာ့ခ်ခရိုင် လ၀ကရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ ရဲမှူးက ဆက်ပြောပါတယ်။

ကားသမားရဲ့ ထွက်ဆိုချက်အရ သူတို့တွေကို ဖုတ်ဖရမြို့နယ် ဝေါလေရွာမှာ သွားကြိုခဲ့ကြောင်း၊ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ ခေါဝ်ကယောက်ကျောင်းတိုက်မှာ တနေ့ကို ဘတ် ၂၀၀ နဲ့ ခြံအလုပ်သမား အဖြစ် ခေါ် သွားဖို့ဖြစ်ကြောင်း ၊ စစ်ဆေးရေးဂိတ်တွေမှာ အလွယ်တကူဖြတ်ကျော်နိုင်ဖို့ အသင့်ယူသွားတဲ့ ၀တ်စုံဖြူတွေ ၀တ်ဆင်စေပြီး အမျိုးသားတချို့က မြန်မာဘုန်းကြီးဖြစ်ကာ ထိုင်းဝတ်စုံနဲ့ မတူမှာစိုးလို့ သင်္ကန်းကနေ ၀တ်စုံဖြူကို လဲလှယ်ဝတ်ဆင်စေခဲ့တယ်လို့ ပြောပါတယ်။

ဒီမတိုင်ခင်က ပထုန်ဌာနီခရိုင် ၀ပ်ထမကိုင်ကျောင်းတိုက်မှာ ဧပြီလ ၂၂ ရက်နေ့ကျရင် ကမ္ဘာမြေထိန်း သိမ်းရေး ပွဲတော် ကျင်းပဖို့ ကြေညာထားခဲ့ကြောင်း ၊ ထိုင်းတနိုင်ငံလုံးမှာရှိတဲ့ ကျောင်းတိုက်ပေါင်း ၃ သောင်းက ဘုရား ဆင်းတုတော် အဆူပေါင်း ၁ သိန်း ပင့်ဆောင်ပူဇော်ဖို့ရှိကြောင်း ကြေညာထားခဲ့ ပါတယ်။

DVB News


ကြို့ထိုးတာကို ရပ်စေလိုလျှင်


                                
ဒီနေ့ ထမင်းစားပြီးတော့ အခန့်မသင့် ကြို့ထိုးပါတယ်။ ဒါနဲ့ ရေများများသောက်တယ် မသက်သာဘူး။ သူငယ်ချင်းတစ်ယောက်က လန့်အောင်လာလုပ်တယ် မသက်သာသေးဘူး။ ပြီးတော့ သက်အောင့် ကြည့်တယ် မသက်သာဘူး။ ဒါနဲ့ အင်တာနက်မှာရှာကြည့်လိုက်တော့ အောက်ပါ အချက်ထဲက နားထဲကို လက်ချောင်းထည့်ပါ ဆိုတာ လုပ်ကြည့်သေးတယ် အဲ့ဒါလည်းမသက်သာသေဘူး။ နောက်ဆုံး နံပါတ် (၅) အချက် အတိုင်း "လျှာကို ဆွဲထားပါ" ဆိုတဲ့ အတိုင်းလုပ်ကြည့်မှ ကြို့ထိုးတာ သက်သာသွားပါတယ်။ မိတ်ဆွေများလည်း ကြို့ထိုးလာလျှင် သက်သာအောင် လုပ်လို့ ရမည့် နည်းလမ်းများကို အင်တာနက်မှာရှာတွေ့ထားတာလေး ပြန်ရှယ်လိုက်ပါတယ်။

ကြို့ထိုးတာကို လူတိုင်းနီးပါး ကြုံဖူးကြမှာပါ။ ရောဂါကြီးကြီးမားမား မဟုတ်ပေမယ့် သင့်ကိုစိတ်အနှောင့် အယှက် ဖြစ်စေပါတယ်။ ဒါကြောင့် ကြို့ထိုးတဲ့အခါ အောက်ပါနည်းတွေထဲက သင်နဲ့ သင့်တော်ရာ တစ်နည်းနည်းကို လုပ်ဆောင်ကြည့်ပါ။
 

၁) အချိုစားပါ
ပါးစပ်ထဲမှာရှိတဲ့ အာရုံကြောတွေက အချိုဓာတ်ကို ရရှိတာကြောင့် ကြို့ထိုးတာ သက်သာသွားစေပါတယ်။ သကြားတစ်ဇွန်းကို ယူပြီး လျှာအရင်းမှာ တင်ထားပြီး အချိုအရသာကို စိတ်နဲ့ ခံစားပေးပါ။
 

၂) နားထဲ လက်ချောင်းထည့်ပါ
နားထဲကို သင့်လက်ချောင်းလေး ထည့်ပေးတာက ကြို့ထိုးတာကို သက်သာစေပါတယ်။ ဦးနှောက်ကလာတဲ့ အာရုံကြောနံပါတ် ၁၀ က အကြားအာရုံ အဖွဲ့အစည်းထဲကို ရောက်ပါတယ်။ နားထဲကို လက်ချောင်းထည့်ပြီး အာရုံကြော အဆုံးပိုင်းကို နှိုးဆွပေးတာကြောင့် ကြို့ထိုးတာကို သက်သာစေတာပါ။ ညင်ညင်သာသာ ဆောင်ရွက်ဖို့တော့ လိုပါတယ်။
 

၃) ရုတ်တရက် ထိတ်လန့်အောင်လုပ်ပါ
သင်ကြို့ထိုးနေချိန်မှာ ရုတ်တရက် အံ့သြစရာတွေ့တာ၊ လန့်သွားတာတွေက ကြို့ထိုးတာကိုရပ်တန့်စေ ပါတယ်။
 

၎) ရေများများသောက်ပါ
ရေကို အသက်မရှူဘဲ ဆက်တိုက် သောက်လိုက်တာကြောင့် ကြို့ထိုးတဲ့ ဖြစ်စဉ်ကို ဟန့်တားပေးပါတယ်။
 

၅) လျှာကို ဆွဲထားပါ
ကြို့ထိုးနေချိန်မှာ သင့်လျှာကို ပါးစပ်အပြင်ထုတ်ပြီး လက်နဲ့ ဆွဲထားတာကလည်း ကြို့ထိုးတာကို ရပ်တန့်သွား စေပါတယ်။
 

၆) သင့်အာခေါင်ကို နှိုးဆွပေးပါ
ဂွမ်းစအနည်းငယ်ကို သင့်အာခေါင်နားမှာ ထားပေးပါက ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
 

၇) အသက်ရှူ အောင့်ထားပါ
သင့်နှာခေါင်းနဲ့ ပါးစပ်ကို ပိတ်ပြီး ရေထဲကို ခုန်ဆင်းသလိုမျိုး ခဏတာ အသက်ရှူအောင့်ထားပေးပါ။ ကြို့ထိုး တာ ရပ်တန့်သွားစေပါတယ်။
 

၈) စက္ကူအိတ်တစ်ခုနဲ့ ပါးစပ်ဟပြီး အသက်ရှူပါ
စက္ကူအိတ်တစ်လုံးကို ပါးစပ်အဝမှာ ပိတ်ပြီး အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။ စက္ကူအိတ်ထဲမှာ သင်ရှူထုတ် လိုက်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ပြန်ရှူမိတာကြောင့် သွေးတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ် ပမာဏ များလာ စေပြီး ကြို့ထိုးတာကို ရပ်တန့်စေပါတယ်။
 

၉) လေဆေးသောက်ပါ
မဂ္ဂနီဆီယမ်ပါဝင်တဲ့ လေဆေးသောက်ပေးတာက ကြို့ထိုးတာကို ပျောက်ကင်းစေပါတယ်။ မဂ္ဂနီဆီယမ်က အာရုံကြော နှိုးဆွမှုတွေကို လျော့နည်းစေတာကြောင့်ပါ။ မဂ္ဂနီဆီယမ် ပါဝင်တဲ့ လေဆေးတစ်ပြား ဒါမှမဟုတ် နှစ်ပြားကို ဝါးစားပါ။


ဒါတွေကတော့ ကြို့ထိုးနေသူတစ်ဦး သက်သာပျောက်အောင် ပြုလုပ်နိုင်တဲ့ အလွယ်ဆုံးနည်းလမ်းလေးတွေပါ၊ ကြို့မထိုးအောင် စားသောက်သင့်ပုံလေးတွေကို ပြောပြရမယ်ဆိုရင်ဖြင့်-
 

၁) အစာကို ဖြည်းဖြည်း စားပါ
အစာကို မြန်မြန်စားတတ်သူတွေဟာ အစာကို ကြေညက်အောင် မဝါးဘဲ မျိုချတတ်ကြပါတယ်။ အစာကို မြန်မြန်စားတာက လေတွေခိုအောင်းနေစေပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။
 

၂) အစားအလွန်အကျွံစားတာကို လျှော့ပါ
အစာကို အလွန်အကျွံ စားတာကြောင့် အစာအိမ်ထဲမှာ အစာတွေ ပြည့်ကျပ်ပြီး ကြို့ထိုးတာကို ဖြစ်စေပါတယ်။ ဒါကြောင့် အစာလျှော့စားတာက ကြို့ထိုးတာ မဖြစ်အောင် ကာကွယ်ပြီးသား ဖြစ်ပါတယ်။
 

၃) အစပ်များသော အစာများကို ရှောင်ပါ
အစပ်များတဲ့ တချို့အစားအစာတွေက အစာရေမျိုနဲ့ အစာအိမ်နံရံတွေကို နှိုးဆွတာကြောင့် အစာအိမ်ထဲမှ အက်စစ်တွေ အပေါ်ကို ဆန်တက်လာတတ်ပါတယ်။ အစာရေမျိုဆီကို အက်စစ်တွေ ဆန်တက်လာက ကြို့ထိုး တာကို ဖြစ်စေပါတယ်။
 

၎) အရက်လျှော့သောက်ပါ
အရက်အလွန်အကျွံသောက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ အတွင်းနံရံတွေကို ပျက်စီးစေပါတယ်။ အရက်ကို များများနဲ့ မြန်မြန်သောက်တာက ရုတ်တရက် အစာမကြေတာကို ဖြစ်စေပါတယ်။ အရက်က အစာအိမ်နဲ့ အူလမ်းကြောင်းကို နှိုးဆွတာကြောင့် အစာရေမျို ရုတ်တရက် ကျယ်သွားပြီး ကြို့ထိုးတာကို ဖြစ်စေလို့ပါ။

ကျွန်တော်တစ်ညနေ ထမင်းစားအပြီး ကြို့ထိုးနေတာမို့ အသက်ရှုအောင့်ပြီးနေလိုက်မှ ပျောက်သွားတာနဲ့ တစ်ခါတလေ ကြို့ထိုးနေရင် ဘာတွေအလွယ်တကူလုပ်ပြီး သက်သာစေလဲဆိုတဲ့ ဖတ်ဖူးတဲ့နည်းလေးတွေကို ဗဟုသုတအဖြစ် မျှဝေရေးပေးလိုက်ပါတယ်။
ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

ကိုခင်ခ


MyawadyNews

21 Apr 2014

ရေခဲရေသောက်ခြင်း ၏ အန္တရာယ်(ဆိုးကျိုး)


လွန်ခဲ့တဲ့ ရက်ပိုင်းက မန်းလေးမြို့ ကျုံးနံဘေးတွင် ညနေဘက်အပြေးလေ့ကျင့်သူတဦးကို
ရေခဲစိမ် ရေသန့်ဘူးပေးလိုက်ရာ တစ်ရှိန်ထိုးမော့ချလိုက်ပြီးနောက် သတိလစ်လဲကျပြီး ပါးစပ်မှ အမြှုပ်များ ထွက်လာသဖြင့် ဆေးရုံသို့ ပို့လိုက်ရသည်ဟု သိလိုက်ရသည်။

နေပူထဲမှပြန်လာပြီး အိမ်ရောက်သည် နှင့် ရေခဲသေတာထဲမှ ရေအေးအေးတစ်ပုလင်း
ထုတ်ယူပြီး အားရပါးရ သောက်ချလေ့ရှိသူ တစ်ဦးသည် လွန်ခဲ့သောရက်ပိုင်းက မျက်စိများ နီရဲလာပြီး ခေါင်းကိုက်လာသဖြင့် ဆေးခန်းတခု တွင် သွေးချိန်ကြည့်ရာ 200mmHg တတ်နေသဖြင့် ဦးနှောက်သွေးကြောပေါက်နိင်သောကြောင့် ဆရာဝန်းက ဆေးရုံတတ်ခိုင်း
လိုက်ကြောင်းသိရသည်။

ရာသီဥတုပူပြင်းသဖြင့် ပြင်ပသို့ လုံးဝ မထွက်ဘဲ အိမ်ထဲမှာနေရင်း ရေခဲရေကို(water Cooler)
စက်မှယူပြီး တစွတ်စွတ်သောက်လေ့ရှိသော မိသားစုတစုရှိသည်။သူတို့တအိမ်လုံး မိတ်အိုင်းခေါ် မိတ်ဖုအပျဉ်လိုက်ထွက်ပြီး နီရဲနေသည်ကိုတွေ့ရသည်။ ၂နှစ်၊၃နှစ်အရွယ်ကလေးများ ရေခဲရေသောက်ပြီး ခေါင်းတွင် အပူဖုကြီးများထွက်ပြီး အချို့
အဖုကြီးများ ပြည်တည်ပြီး အပူဖုကဲ့သို့ ဖြစ်နေသည်။

ရေခဲရေကိုလေဖြင့် မှုတ်ပေးသည်. ပန်ကာတမျိုး Air Cooler ၀ယ်ပြီးအသုံးပြုနေသူများမှာ
မျက်နှာများရောင်အမ်းညခင်း၊အရေပြာထူပြီး ယားနားများထွက်ခြင်းတို့ဖြစ်ကြောင်း သတိထားမိသဖြင့် လေမှုတ်ပန်ကာထဲသို့ရေခရြေ မထည့်ဝံတော့ဘဲ ရိုးရိုးရေကိုသာ
ထည့်ပြီး သုံးစွဲနေရကြောင် သဲချင်းတဦးက ပြောပြလို့ သိရသည်။

ရေခဲချောင်း၊ရေခဲထုတ်စား သည့် ကလေးများမှာ အပူကန်ခြင်း၊မျက်နှာနှင့် မျက်ခွံများပေါ်တွင်
မိတ်ဖုကြီးများ အနာဖုများ ထွက်ခြင်း၊ အစာမကြေခြင်း အာသီးေ၇ာင်ခြင်းများ အပြင် အချို့မှာ
ရေခဲမသန့်သဖြင့် ၀မ်းကိုက်ခြင်း၊၀မ်းလျှောဝမ်းပျက်ခြင်းများ ဖြစ်ကြောင်းသိရသည်။
စိတ်ပင်ပန်းသူ။သောကများသူ၊စာမေးပွဲနီးချိန် ၌ ကျောင်းသူ၊ကျောင်းသားများတွင်လည်း
ပါးစပ်နာများတွေ့ရသည်။

ထမင်းစားပြီးေ၇ခဲမုန့်စားကြသူများကို စားသောက်ဆိုင်ကြီးများတွင် တွေ့ဖူးသည်။ အချို့ဆိုင်က စားသုံးသူများကို Bill ရှင်းသည့်အခါ အချိုပွဲအဖြစ်ရေခဲမုန့်များလာချပေးသည်။
အချို့အလှူ၊မင်္ဂလာဆွမ်းကပ်များတွင် ၀ါးတီး သွားဆွဲ ကြသည့်အခါ ထမင်း(သို့)ဒံပေါက်
၊ကြက်ဆီထမင်း စသည်တို့ ကျွေးမွေးဧည့်ခံပြီးနောက် အချိုပွဲဝိုင်းသို့ ထပ်မံသွားရောက်ရန်
ဖိတ်ခေါ်ပြီး အချိုပွဲများနှင့် ရေခဲမုန့်ကျွေးသည်ကို တွေ့ရသည်။ရေခဲမုန့်အပြင်ရေခဲရေကို
တိုက်သည်. အလှူများလည်းရှိသည်။

ရှေးလူကြီးများပြောသည့် “၀မ်းမီး” ဆိုသောစကားကို ကြားဖူးမယ်ထင်ပါတယ်။
လူ၏အစာအိမ်ထဲတွင် မြန်မာတိုင်ရင်းဆေးဆိုအရ ၀မ်းမီးဆိုသော အစာချေသည့်မီးရှိသည်။
ဝမ်းမီးတောက်မှအစာကြေမည်။အစာကြေမှ ၀မ်းမှန်မည်။ဝမ်းမှန်မှသာ အကြောအခြင်များ
ပေါ့ပါးပြီး နေထိုင်ကောင်းမည်။ထိုင်းမှိုင်းခြင်း၊နောက်ကြောတတ်ခြင်း၊ဇက်ထိုးခြင်းတို့မှာ ၀မ်းချုပ်သူများတွင်ဖြစ်လေ့ရှိသော ရောဂါများဖြစ်သည်။

ထိုကဲသို့ရေခဲရေ သောက်ချလိုက်သည်နှင့် အစာကြေချက်ရန် တောက်နေသောဝမ်းမီးကို
ငြိမ်းလိုက်သည်နှင့်တူသည်။မီးပုံကြီးကိုရေနှင့်လောင်းချလိုက်သော်အခါ ၀ုန်းခနဲ့ အခိုးအငွေ့များနှင့် ပြာပူများ အထက်သို့ ပြန်လွင့်တက်သွားသည်ကို မြင်ရသည်ဟုတ်။ ။

ထိုအခိုးအငွေ့များသည် အစာအိမ်မှထက်သို့ တက်လျှင်လည်ချောင်းတလျှောက်နှင့်
အာခေါင်၊လျှာ၊သွားဖုံး စသည့်တို့သို့ ရောက်မည်ဖြစ်သည်။မြေသောက်ရေအိုးတွင်
ထည့်ထားသောေ၇အိုးသည် သာမန်ရေအေးဖြစ်သည်။ထိုရေကိုပင် အပူထဲကပြန်လာလျင်း
ချက်ချင်းမသောက်သင့်။ချွေးသိပ်ပြီးမှ သောက်ရမည်ဟု ရှေးလူကြီးများ ကဆိုသည်။

ရေခဲသေတ္တာ မှထွက်လာသော ရေပုလင်းများ၊Water Cooler မှကျလာသောရေတို့သည် သဘာဝ လွန်ကဲသော ရေပျက်ဖြစ်သည်။
ရေခဲရေကို အစဉ်သောက်သူများအားလေ့လာကြည့်
တဲ့အခါ ခဏတာသာ ရေငတ်ပြေ ပြီး ပြန်ပူလာခြင်း၊မကြာခဏရေငတ်ခြင်း၊အာခြောက်ခြင်း၊
အာသီးရောင်ခြင်း၊သွားနာခြင်း၊သွားဖုံးကြွခြင်း၊လျှာအရသာမတွေ့ခြင်း၊လည်ချောင်းပူခြင်း၊

နာခြင်း၊အစာရေမျိုပြွန်ရောင်ခြင်း၊ဖျားလျှင် အလွယ်တကူအူရောင်ခြင်း၊တကိုယ်လုံးညောင်း
ကိုက်ပြီးနောက်ကျောတတ်ခြင်း၊မျက်စိအမြင်မကြည်လင်ခြင်း၊အပူဖုများထွက်ခြင်းတို့
မလွဲမသွေ ဖြစ်နိင်သည် ဟု ဆေးပညာ ဂျာနယ်တစောင်က ရေးသားထားသည်။
ရတနာပုံသတင်းစာမှ……………………..

ပူသောရာသီတွင် မြေအိုး၊သဘာဝရေအိုးမှ အေးသောရေကိုသာသောက်ပါ။
ဖြစ်နိင်ရင်ကြိုချက်ပြီးသောရေကိုအအေးခံပြီး ရေကျက်အေးသောက်ပါ။
ရေနွေးကြမ်း(သို့) အဖန်ရေကို ထမင်းစားပြီးတိုင်းသောက်ပါ။
နံနက်အိပ်ယာထရေမချိုးမီ ၊ညအိပ်ယာဝင်ချိန်တို့တွင် ရေတခွက်သောက်သောအကျင့်ကို
ကျင့်ပါ။

ရေခဲရေ အလွန်အေးအောင်ပြုလုပ်ထားရေကိုရှောင်ပါ။ထမင်းစားနေစဉ် ထမင်းစားပြီး ရေခဲရေ တဆက်တည်းသောက်လျှင် အစာအိမ်ကိုဥပါတ်ဖြစ်စေသည်။
ရေကြောင့်အသက်ရှည်စေသည်။ရေခဲရေကြောင့်အသက်တိုစေသည်။ ။
ကဲ ရေခဲရေ ကို လျော့သောက်တော့နော်


MyawadyNews


အသည်းရောဂါအတွက် ဆေးတလက်


ယခုရေးမည့် ဆေးပင်အကြောင်းကား ဆရာကြီးသာဂဒိုး ရေးပြသောဆေးပင်ဖြစ်သည်။ ထိုဆေးကြောင့် အနာရောဂါကင်းပျောက်ပုံ သာဓကဖြစ်ရပ်မှန်ကို တင်ပြအပ်ပါသည်။
အသည်းရောဂါသည် ယခုအခါမှ ဖြစ်ပေါ်သည်မဟုတ်။
ရှေးအခါခေတ်မီဆေးဝါး မထွန်းကားမီ ကာလကတည်းက
ဖြစ်ခဲ့ကြသည်။ အသည်းရောဂါဟူ၍ အမည်မတပ်ခဲ့ကြ။
ရှေးလူကြီးသူမတို့က အသားနက်ရောဂါဟူ၍ အမည်တပ်ခဲ့ကြပါသည်။
ဆေးပညာထွန်းကားလာသောအခါ ဆရာဝန်ကြီးများသည် စီပိုး၊ ဘီပိုကြောင့် အသည်းရောဂါဖြစ်သည်ဟူသော အကြောင်းရင်းကို ရှာဖွေတွေ့ရှိခဲ့ကြသည်။ 


အသည်းရောဂါဖြစ်လျှင် သေဆုံးသည်ကများသည်။ ဆရာဝန်များနှင့်စမ်းသပ်၍ အသည်းရောဂါစီပိုးတွေ့
သည်ဆိုလျှင် အသည်းရောဂါရှင်များစိတ်အားငယ်ကြတော့သည်။
တာမခံ ဖားကန့်မှ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးကိုမန္တလေးမြို့သို့ စာရေးသူ သွားစဉ် တွေ့ခဲ့သည်။ မန္တလေးမြို့ မဟာဓမ္မိကာရာမတိုက် မင်္ဂလာအုတ်ကျောင်းတွင် တည်းခို၍ဆေးခန်းပြနေသည်ကို တွေ့ရသည်။ဒေါ်ခင်မိုးဦးသည် အသည်းခြောက်သောရောဂါကိုခံစားနေရသည်။ အသားဖြူသော အသားအရေမှာ မဖြူတော့ဘဲ မဲခြောက်ပြာနှမ်းနှမ်း ဖြစ်နေသည်။ အသည်းရောဂါထလာပြီး
ရောဂါတိုးလျှင် ဆေးရုံကြီး အမြန်သွား၍ ကုသမှုခံယူရသည်။ တန်ဖိုးကြီးသော အသည်းဆေးကို အလျင်အမြန် ထိုးရသည်။


ပထမတော့ ဒေါ်ခင်မိုးဦး၏ ခင်ပွန်း ဦးစိုင်းထွန်းထွန်း ကိုယ်တိုင်လာ၍ ကြပ်မတ်ကုသပေးသည်။
နှစ်ရှည်လများ ဖြစ်လာသောအခါ ငွေကြေးရှာဖွေရေးကလည်း တဖက် ရှိသေးသမို့ အခါခပ်သိမ်း မလာနိုင်တော့ဘဲ ငွေသာ ပို့ပေးနိုင်တော့သည်။အသည်းခြောက်ရောဂါရှင် ဒေါ်ခင်မိုးဦး ကုသရသော
နှစ်ကာလမှာ ၂-နှစ်ကျော်မျှ ကြာခဲ့ပြီ။ ဆေးဖိုးနှင့် ကုသစရိတ် သိန်း ရာကျော်မျှ ကုန်ကျနေပြီ။ ရောဂါမှာ ပျောက်သည်ဟူ၍ မရှိ၊ သက်သာရုံ ခံသာရုံမျှသာ ရှိသည်။ နေရပ်ပြန်၍လည်း မဖြစ်သဖြင့် မန္တလေးမြို့ ဘုန်းတော်ကြီးကျော်းတွင် တည်းခို၍ ၂-နှစ်ကျော်
ကာလ အိမ်မပြန်ဘဲ နေရတော့သည်။


တနေ့နေ့တော့ ဒီအသည်းရောဂါဖြင့် ကွယ်လွန်လိမ့်မည်ဟု
ဒေါ်ခင်မိုးဦးရော ဦးစိုင်းထွန်းထွန်းပါ မှတ်ချက်ချထားမိကြသည်။
ဒေါ်ခင်မိုးဦးသည် (*****)မြို့ ဆေးရုံတွင် ဗိုက်ခွဲ မီးဖွားစဉ်က
သွေးသွင်းရာတွင် ရရှိခဲ့သော အသည်းရောဂါ ပိုးကြောင့် ကူးစက်ခံရခြင်း ဖြစ်သည်။ ထိုရောဂါကို ၂-နှစ်ကျော် ၃-နှစ်နီးပါး ကုသမှုခံယူရပြီး ယခုအခါ ပျောက်ကင်းသွားပြီ။
ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်သည့်အခါ အသည်းရောဂါပိုး မရှိတော့ကြောင်း သိရသည်။ သို့ဖြင့် ဇာတိဌာနေ ကချင်ပြည်နယ်၊ တာမခံ ဖားကန့်နယ်မြေသို့ ပျော်ရွှင်ဝမ်းမြောက်စွာ
ပြန်သွားနိုင်လေပြီ။


ရွာက ဆွေမျိုးသားချင်း မိတ်ဆွေတို့ကမူသေလူအဖြစ် သတ်မှတ်သော ဒေါ်ခင်မိုးဦး ပြန်ရောက်လာ၍ အံ့သြ၀မ်းသာ ဖြစ်ကြပေတော့သည်။ဒေါ်ခင်မိုးဦး၏ အသည်းခြောက်ရောဂါ ပျောက်သောဆေးမှာ
တောရွာကျေးလက်များတွင် ငွေမကုန်ဘဲ လမ်းဘေးတွင် ခူးဆွတ်သုံးစွဲနိုင်သော ဆေးပင်ဖြစ်သည်။
ဆေးရုံကပေးသော ဆေးကိုလည်းစားရင်း အဆိုပါဆေးပင်ဆေးတို့ကိုလည်း မှန်မှန်သောက်သဖြင့် ပျောက်ကင်းချမ်းသာခဲ့ခြင်း ဖြစ်သည်။ ထိုဆေးပင်ဆေးကို သောက်သုံးစကပင် သိသိသာသာ သက်သာလာသောကြောင့် မှန်မှန် နံနက်ည လက်ဖက်ရည်ပန်းကန်တလုံး သောက်ခဲ့ရာမှ အသည်းရောဂါပိုးသေပြီး ကျန်းမာပကတိ ချမ်းသာစွာ ရှိခဲ့ခြင်းဖြစ်သည်။



ထိုအသည်းခြောက်ရောဂါကို အနိုင်ယူနိုင်သော ဆေးရွက်ကားမြို့တိုင်း၊ ရွာတိုင်း၊ နယ်တိုင်း၊ နေရာဒေသ တိုင်းတွင်ပေါက်ရောက်သော လွယ်ကူသော ဆေးပင်ဖြစ်သည်။
ထိုဆေးပင်ကား လမ်းဘေးတွင် ချုံပင်များအဖြစ် ပေါက်ရောက်၍တောင်သူလယ်သမားများ အမြဲတမ်း ခုတ်ထွင်ရှင်းလင်း မီးရှို့ပစ်ရသော ဆေးပင်ဖြစ်သည်။ ထိုဆေးပင်သည် ပွင့်ပြီးလျှင် မျိုးကျ၍ မိုးကျလျှင် အပင်ငယ်များ ပြန်ပေါက်သည်။ ဒီဇင်ဘာလလောက်တွင် အရွက်ကြွေကျပြီး ရွက်သစ်ပေါက်သောအခါ ရှင်သန်နေသော နှစ်ရှည်ခံပင် ဖြစ်သည်။


မခုတ်ထွင်ဘဲထားလျှင် ၁၀-ပေ၊ ၁၂-ပေခန့်ရှည်၍ တက်သွားတတ်သည်။ အသက်ကြီးသော အပင်များမှာ လက်မောင်းခန့်၊ ခြေသလုံးခန့် အပင်ကြီးများအထိ ရှိတတ်သည်။
ထိုအပင်၏ မူလအပင်လုံးမှာ ဖျော်ရည်သောက်စုပ်တံခန့်ရှိပြီး အလယ်တွင် အူကြောင်းအခေါင်းရှိသည်။ အကိုင်းဆတ်သည်။ ချိုးယူ၍ရသည်။ အရွက်မှာ ခွေးသွားစိပ်ကျဲကျဲရှည်ရှည် ပါရှိသည်။ နှစ်လက်မခွဲ၊ သုံးလက်မခန့် ရှိသည်။


နှစ်လက်မခန့် ပြန့်ကျယ်သည်။ ထိုအရွက်၏ အရသာမှာ စပ်ရှိန်းရှိန်း ရှိသည်။ ထိုအရွက်၊ ထိုဆေးပင်ကို လူတိုင်းသိနေကြသည်။ အပွင့်အဆုပ်လိုက် ပွင့်သည်။ အပွင့်မှာ အပြာရောင် (ဗေဒါရောင်) ရှိ၍ ကုန်းဗေဒါဟူ၍၄င်း၊
ဝံသာနုပင်ဟူ၍၄င်း၊
ဂျာမနီချုံပင်ဟူ၍၄င်း၊
ပိစပ်ကြီးပင်ဟူ၍၄င်း၊ ခေါ်ကြသည်။
အချို့အရပ်ဒေသများတွင် ဇီယာအရသာ အနံ့ရှိ၍ တောဇီယာဟူ၍
လည်း ခေါ်ကြသည်။


အဖြူပွင့်၊ အပြာပွင့် နှစ်မျိုးရှိရာ အပြာပွင့်ကို အသုံးများကြသည်။ အပြာပွင့်မှာ ပေါလည်းပေါသည်။
ထိုအရွက်သည် ပူ၍ စပ်ရှိန်းရှိန်းရှိသဖြင့် ကျွဲနွားများ ထိခိုက်ရှနာဖြစ်လျှင် ထောင်းထု၍ အုံကြသည်။ အနာအကျက်မြန်သည်။ အသည်းရောဂါရှင် ဒေါ်ခင်မိုးဦးသည် ထိုအပင်ကို ထောင်း၍ အရည်ကို နံနက်ည မှန်မှန်သောက်ခဲ့သည်။
သို့ဖြင့် အသည်းရောဂါ တနေ့တခြား သက်သာလာပြီး
ပျောက်ကင်းခဲ့သည်။


ထိုဆေးရွက်ကို သောက်သုံးသည့်အခါ မည်သို့နေပါသလဲ-ဟု စာရေးသူက မေးကြည့်သည်။ ဒေါ်ခင်မိုးဦးက တကိုယ်လုံး ပူရှိန်းရှိန်း ရှိသည်။ ဓာတ်သက်သည်။ ဆီးဝမ်းလေ မှန်သည်။ ထိုဆေးကြောင့် ဆိုးကျိုးရောဂါ တခုမျှ ဖြစ်ပေါ်မလာ။ သူ့ကိုသောက်ပြီးကတည်းက ပေါ့ပါးသွက်လက်လာသည်-ဟု ဆိုပါသည်။
ဤဆေးရွက်ရည်သောက်ပြီးကတည်းက ဆေးရုံမသွားရတော့ဘဲ ပျောက်ကင်းချမ်းသာလာပါသတဲ့။ ယင်းသို့ဆိုလျှင် ဤဆေးရွက်ဆေးပင်သည်အသည်းခြောက်ရော
ဂါကို အနိုင်ယူကုသပေးနိုင်သော ဆေးပင်အဖြစ်
ဆေးမှတ်တမ်းတခု ဖြစ်ပါတော့သည်။


သို့ရာတွင် တန်ဆေး လွန်ဘေး ဖြစ်တတ်သဖြင့် ဤဆေးရွက်ကိုမှီဝဲသုံးဆောင်ပြီး ဆရာဝန်များနှင့် စမ်းသပ်ခံယူ၍ အသည်းရောဂါပိုး မရှိတော့လျှင် မသောက်သင့်တော့ပါ။ အခြားသော ခန္ဓာကိုယ် အကျိုးပြု ပိုးမွှားများသေဆုံးသွားနိုင်သည်ကို သတိပြုသင့်ပါသည်။
ဤငါးမည်ရ ဆေးရွက်သည် အသည်းရောဂါပိုး နှိမ်နင်းပုံကို ကိုယ်တွေ့ခံစား၍ လက်တွေ့သောက်သုံး ပျောက်ကင်းသူ ကချင်ပြည်နယ်၊ မိုးကောင်း မြို့နယ်၊ တာမခံဖားကန့်မှ ဒေါ်ခင်မိုးဦး
၏ လက်တွေ့ပျောက်ကင်းပုံ သာဓကကို အမည်များ လွဲပြောင်း၍
ဖြစ်ရပ်မှန်ကို တင်ဆက်လိုက်ပါသည်။ ရှာဖွေသောက်သုံး၍ အသည်းရောဂါဝေဒနာရှင်များ ကျန်းမာပကတိ ချမ်းသာစွာ ရှိကြပါစေသော်။

ကသာဆွေဝင်း (ရွှေလီငါးတဲ ဆရာတော်)
(မြတ်မင်္ဂလာ ၂၀၀၇-ခု အောက်တိုဘာလ)
ရေးမိရေးရာလေးများ


 
MyawadyNews

“ရန်ကုန်မြို့က မစ္ဆရိယပြိတ္တာမ ”


                  
♦မစ္ဆရိယသည် သေးငယ်လျှင် “မိမိပစ္စည်း”ကိုသာ ဝန်တိုသည်။
♦ကြီးလာလျှင် “သူတပါး၏ ပစ္စည်း”ကိုပါလိုက်ပြီး ဝန်တိုလာတတ်သည်။
ကျွန်ုပ်၏ တပည့်မလေးတစ်ယောက်မှ တစ်ဆင့်သိရသော အဖွားကြီးတစ်ယောက်၏
အဖြစ်သည်ကား သနားစရာလည်းကောင်း၊ သံဝေဂရစရာလည်း ကောင်းလှပါသည်။
ထိုအဖွားကြီးသည် မစ္ဆရိယ၏ နှိပ်စက်မှုကြောင့် မပေးနိုင်မကမ်းနိုင် နှမြောစေးနည်း ဝန်တိုလှသည်။

မစ္ဆိရိယက ကြီးသထက်ကြီးလာသောအခါ မိမိပစ္စည်းကိုသာ ဝန်တိုရုံမကတော့ပဲ
အိမ်သားအားလုံး၏ ပစ္စည်းများကိုပါလိုက်ပြီး ဝန်တိုလာသဖြင့် အိမ်သားများ မည်သူ ဒါနပြုပြု၊
မပြုရန် တားဆီးပိတ်ပင်တော့သည်။ ထိုသို့ပြုခြင်းကို စာပေ၌ ပုညန္တရာယ် ဟုခေါ်သည်။
သူတစ်ပါး၏ “ကုသိုလ်ပျက်စီးအောင် အန္တရာယ်ပြုခြင်း”ဟု အဓိပ္ပါယ်ရသည်။ အလွန်အကုသိုလ်ကြီးသော အမှုပါတည်း။

တစ်နေ့တွင် ထိုအဖွားကြီးဆုံးသွားလေရာ ဗုဒ္ဓဘာသာတို့၏ ထုံးစံအတိုင်း ရက်လည်ဆွမ်းကျွေးပြီး
နောက်တစ်နေ့မှာပင် သူ၏ မြေးမလေးအား အိမ်မက်ပေးလေသည်။ အိမ်မက်ထဲတွင်
အဖွားကြီးမှာ ပိန်လှီနေပြီး အရိုးပေါ်အရေတင် ရုံသာရှိသည်။အဝတ်အစားလည်းမရှိဘဲ ကိုယ်တုံးလုံးကြီး ဖြစ်လျှက်ရှိသည်။အိမ်မက်ထဲ၌ မြေးနှင့်အဖွားပြောနေကြသည်မှာ...

“မြေးလေးရေ... အဖွားကို ကယ်ပါဦး၊ အဖွားမှာ စားစရာလည်းမရှိ၊
ဝတ်စရာလည်းမရှိ ဖြစ်နေပြီ။ မြေးလေး မြင်ရတဲ့ အတိုင်းပဲ”

“အဖွားရယ်... မြေးလေးတို့တစ်တွေ အဖွားဆုံးတဲ့နေ့ကလည်း သက်ပျောက်ဆွမ်းကပ်တယ်။
သင်္ဂြိုဟ်တဲ့နေ့ကလည်း မြေဆင်းဆွမ်း ကပ်လှူတယ်။ ရက်လည်တဲ့နေ့ကျတော့လည်း အဖွားသက်စေ့
သံဃာတွေပင့်ပြီး ဆွမ်းတွေ၊ သင်္ကန်းတွေ လှူခဲ့တာပဲ။ မြေးလေးတို့ အမျှပေးတာ အဖွား သာဓုမခေါ်ရဘူးလား”

“ခေါ်လို့မရပါဘူး ငါ့မြေးရယ်”

“ဘာလို့လဲ အဖွားရဲ့”

“ကိုယ်ပြုတဲ့ဒဏ် ကိုယ့်ပြန်ခံရတာပဲ ငါ့မြေးရယ်။ အဖွားမသေခင်တုန်းက ကိုယ်ကိုယ်တိုင်
ဒါနမပြုခဲ့တဲ့အပြင် သူတပါးပြုတဲ့ဒါနကိုလိုက်ပြီး တားဆီးခဲ့တဲ့ သူတစ်ပါးကုသိုလ်ကို ပိတ်ပင်တားဆီးခဲ့တဲ့
အကုသိုလ်ကံကြောင့် အခုအဖွားမှာ သာဓုခေါ်စရာ ပါးစပ်ပေါက်ပါမလာဘူး မြေးလေးရယ်”
ဟုပြောပြီး ပါးစပ်ပေါက် မပါသော သူ့မျက်နှာကို လှည့်ပြသဖြင့် မြေးဖြစ်သူမှာ လန့်ပြီး အိပ်ရာမှ နိုးသွားခဲ့ရပါသည်။

ထိုအဖွားကြီးကား ပြိတ္တာဘုံဘဝမှ ကျွတ်လွတ်ရန်မလွယ်တော့ပါချေ။ “ဣဿာမစ္ဆရိယ”သည်
ထိုကဲ့သို့ လောကီချမ်းသာများဆုတ်ယုတ်အောင် လုပ်သည်သာမကသေး၊ မဂ်ချမ်းသာ၊ ဖိုလ်ချမ်းသာ၊
နိဗ္ဗာန်ချမ်းသာမရအောင်လည်း လုပ်ပါသေးသည်။ “သုတ္တနိပါတ်ပါဠိတော်” ၌ “အဇိတရသေ့” က ဗုဒ္ဓအား-
ကေနသု နိဝုတောလောကောကေနသုန ပကာသတိ။ကိဿာ ကိလေပနံ ဗြူသိ။
ကိဿမဿံ မဟဗ္ဗယံ။

မြတ်စွာဘုရား ပရမတ်ရုပ်နာမ် သင်္ခါရတွေ အမြင်အောင် ဝါ မဂ်ဖိုလ်မရအောင် အဘယ်တရားတွေက
ပိတ်ဖုံးထာပါသလဲဘုရား ဟုမေးလျှောက်ရာ ဗုဒ္ဓက-ဝေဝိဇ္ဇာ ပမာဒါ ဉာဏပတံနကရောတိ။

ဣဿာမစ္ဆရိယ တရားနှစ်ပါးနှင့် မေ့လျော့ခြင်း၊ပမာဒတရားများက မဂ်ဖိုလ်မရအောင်
တားဆီးတတ်ကြောင်း ဟောကြားထားရာဣဿာမစ္ဆရိယသည် သာမန် အကုသိုလ်မဟုတ်။
မဂ်ဖိုလ်မရအောင်ပင် တားတတ်သည့် အကုသိုလ်တရားကြီးဖြစ်ကြောင်း သတိပြုကြရပါမည်။

[မေတ္တာရှင်(ရွှေပြည်သာ)၏ “အတွင်းရန်သူ” မှ-]
 
 

ဂန္ဒီ၏ ကမ္ဘာကျော် ဆိုရိုးစကားအချို့ 



မဟတ္တမ ဂန္ဒီနေ့ လို့ အိန္ဒိယနိုင်ငံသား တို့ သတ်မှတ်ထားကြပါတယ်။ ယင်းနေ့ဟာ အိန္ဒိယလွတ်လပ်ရေး ဖခင် (ကမ္ဘာ့ ငြိမ်းချမ်းရေး ခေါင်းဆောင် တစ်ဦး) ဖြစ်တဲ့ ဂန္ဒီရဲ့ မွေးဖွားရက် လည်း ဖြစ်ပါတယ်။ ဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကား အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့ လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ် ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။

1. Live as if you were to die tomorrow. Learn as if you were to live forever.

2. An eye for an eye only ends up making the whole world blind.

3. A man is but the product of his thoughts what he thinks, he becomes.

4. The greatness of a nation can be judged by the way its animals are treated.

5. First they ignore you, then they laugh at you, then they fight you, then you win.

 
 
Credit To : Lsomaungmaung Maung

Myanmar News Update


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ


ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော်နှင့် ရုပ်တုများ (Tallest Statues in the World) အကြောင်းကို ဗဟုသုတ ရရှိအောင် ဖော်ပြ ပေးလိုက်ပါတယ်။

(၁) Spring Temple Buddha

ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် ရုပ်တုကတော့ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပါတယ်။ မှတ်တမ်းအရ အမြင့် ၁၂၈ မီတာ(ပေ ၄၂ဝ) ရှိသော်လည်း ကြာဖူး၊ ပလ္လင်အမြင့်နဲ့ အောက်ခံပါဆို စုစုပေါင်း ၂ဝ၈မီတာ (၆၈၂ ပေ) ရှိပါတယ်။ ၂ဝဝ၂ ခုနှစ်မှာ ကမ္ဘာ့အမြင့်ဆုံး ရုပ်ပွားတော် အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။


(၂) Laykyun Sekkya (လေးကျွန်းစကြာ၊ မုံရွာ)

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့မှာ ကိုးကွယ်တော်မူ ထားတဲ့ လေးကျွန်းစကြာ ရုပ်ပွားတော်မြတ်ကြီးဟာ

၁၉၉၆ ခုနှစ်မှာ စတင်တည်ထားပြီး ၂ဝဝ၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ ၁၁၆ မီတာ (၃၈၁ ပေ) အမြင့်ရှိတယ်လို့ တရားဝင် မှတ်တမ်းတင် ထားပါတယ်။

(၃) Ushiku Daibutsu

ဂျပန်နိုင်ငံမှာ တည်ရှိတဲ့ ရုပ်ပွားတော်ပါ။ မီတာ ၁ဝဝ (ပေ ၃၆ဝ) မြင့်ပြီး အောက်ခံခုံ အပါအဝင် မီတာ ၁၂ဝ (၃၉၄ ပေ) မြင့်ပါတယ်။

၁၉၉၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပြီး ဂျပန်နိုင်ငံ၏ အမှတ်တံဆိပ်တစ်ခု ဖြစ်ခဲ့ပါတယ်။

(၄) Nanshan Haishang Guanyin

မြန်မာတို့သိကြတဲ့ ကွမ်ရင်မယ်တော် ရုပ်တုပါ။ တရုတ်နိုင်ငံ Henan ပြည်နယ်မှာ တည်ရှိပြီး ၁ဝ၈ မီတာ (၃၅၄ ပေ) မြင့်ကာ ၂ဝဝ၅ ခုနှစ်မှာ တည်ဆောက် ပြီးစီးခဲ့ပါတယ်။ ရေပြင်မှာ တည်ထားတာပါ။

Myawady News