21 May 2014

ရုတ်တရက် လေဖြတ်ခံရသောလူနာကို အမြန်ကယ်ဆယ် ကုသနည်း



(၁) လေဖြတ်သောလူနာကို (မည်သည့်နေရာတွင်ဖြစ်စေ) ဖြစ်သော နေရာမှ ရွှေ့ပြောင်းသယ်မခြင်း မပြုရပါ။

ထိုသို့ချက်ခြင်းရွှေ့ပြောင်းသယ်ဆောင်ပါက ကားဆောင့်ခြင်း အစရှိသော
လှုပ်ရှားခြင်း ဒဏ်များကြောင့် ဦးနှောက် သွေးကြောငယ်များကို လျှင်မြန်စွာ ပေါက်ကွဲစေပြီး လူနာ၏ အခြေအနေကို ပိုဆိုးစေပါသည်။ ထို့ကြောင့် ရွှေ.ပြောင်းခြင်း မပြုပါနှင့်။

(၂) လူနာကိုဖြစ်သည့် နေရာတွင်ပင် အသာ,ထူမပေးပြီး ပြန်လဲ မကျအောင် အသာမှေးပြီး ထိုင်စေရပါမည်။

လူနာကိုယ်တိုင် မထိုင်နိုင်ပါက ဘေးမှတစ်ဦးက ထူမပေးထားပါ။ ပြီးနောက် ပိုးသတ်ထားသော ဆေးထိုးအပ် (သို့) လက်အပ်ဖြင့် လူနာ၏လက်ချောင်း ဆယ်ချောင်း ထိပ်ဖျားများကို (ပဲစေ့ခန့်) သွေးတစ်စက်စီ ထွက်လာအောင် ဖောက်ပေးပါ။ ဖောက်ရုံမျှဖြင့် သွေးမထွက်ပါက လက်ဖြင့် ညှစ်ထုတ်ပေးပါ။ ထိုသို့ သွေးထွက်ပြီး မိနစ်အနည်းငယ်အတွင်း လူနာပြန်လည် သတိရ လာပါလိမ့်မည်။

(၃) လူနာပါးစပ် ရွဲ့သွားပါက လူနာ၏ နားရွက်နှစ်ဖက်ကို နီလာသည်အထိ လက်ဖြင့် ပွတ်သပ်ပေးပါ။

နီလာပါက နားရွက်အောက်ပိုင်း (နားပေါက်ဖောက်သည့် နေရာ) ကို ပိုးသတ် ထားသောအပ်ဖြင့် တစ်ဖက်လျှင် နှစ်ပေါက်စီ ဖောက်ပေးပါ။ နားရွက်နှစ်ဖက် လုံးမှ (ပဲစေ့ခန့်) သွေးနှစ်စက်စီ ထွက်လာပြီး မိနစ်ပိုင်းအတွင်း ရွဲ့နေသောပါးစပ် ပြန်တည့် သွားပါလိမ့်မည်။

(၄) ထိုအခြေအနေ ရောက်သည်အထိ ပြုစုပြီးမှ ဆေးရုံ၊ ဆေးပေးခန်းသို့ ခေါ်သွားစေလိုပါသည်။

ထိုအခြေအနေရောက်အောင် စောင့်ပြီးမှ ဆေးကုသခံစေပါက
(၁) အကြောသေခြင်း
(၂) ကိုယ်တစ်ခြမ်းသေခြင်း
(၃) ခြေလက်လှုပ်မရခြင်း
(၄) စကားမပီသခြင်း စသည်တို့ လုံးဝမဖြစ်နိုင်တော့ပါ။

လက်တွေ့ ပျောက်ကင်း သက်သာ စေသောနည်း ဖြစ်ပါသည်။ လေဖြတ်ခြင်း ဝေဒနာမှ ကင်းဝေးစေရန် အတွက် ကုသိုလ်ပြုလိုက်ပါသည်။ တရုတ်ပြည်မှ ပေးပို့သော တရုတ်ရိုးရာ ဆေးကျမ်းမှ တိုက်ရိုက် ဘာသာပြန်ဆိုထား ပါသည်။

Myawaddy News


ချစ်သူနှစ်ဦး နှစ်ဦးသဘောတူဆွဲကြိုးချသေ(ဓါတ်ပုံ)

 
ချစ်သူစုံတွဲ သေကွဲကွဲခြင်း မဖောလီ နဲ့  မောင်ရွှေဟဲ သံလွင် အနောက် ကမ်းကလေးကျေးရွာ တွင်နေထိုင်ကြပြီး ချစ်သူနှစ်ဦး အဆင်မပြေဘဲ ဇွဲကြိုးချပြီး နှစ်ဦးသဘောတူ အပေါက်ဝမှာ သေပွဲဝင်ကြသည်မှာ သံဝေဂ ယူစရာပါ
၁၉ ရက် တနင်္လာနေ့  နံနက်ဖြစ်ပါတယ် ထာဝရ မာဃ သံလွင်အနောက်






Credit To: Oaker San


TB (Tuberculosis) တီဘီ


ဆရာ ကျွန်တော့်မိန်းမက TB ဖြစ်တာ ဆေးဒီနေ့ စသောက်ရပါတယ်ဆရာ။ "ဓါတ်မှန်မှာတွေ့ပါတယ်။ သလိပ်မှာ မတွေ့ပါဘူး။ ကျွန်တော်ကို ကူးနိုင်ပါသလားခင်ဗျာ။ ဘယ်အချိန်ဆို မကူးနိုင်ပါဘူးလဲဗျာ။ ကာကွယ်ဆေးကော ထိုးလို့ရပါသလားဗျာ။

ဒီခေတ်မှာ (တီဘီ) ဖြစ်တာ ကံဆိုး-ကံကောင်း အောက်မေ့ပါ။ ဆေးတွေ ပိုကောင်းလာတယ်။ ဆေးသေခြာသောက်ရင် သေခြာပျောက်တယ်။ သေတယ်ဆိုတာ ရှားလာယတ်။ တချို့နိုင်ငံတွေမှာ (တီဘီ) မဖြစ်တော့လို့ ဆေးကျောင်းတွေမှာ TB သင်မပေးတော့ဘူး။

အဖြစ်များသော သေစေနိုင်သည့် ကူးစက်ရောဂါဖြစ်သည်။ Mycobacterium tuberculosis ဗက်တီးရီးယားကြောင့် ဖြစ်သည်။ ဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်း စနစ်တကျနှင့် ပုံမှန် ဆေးဝါးကို သုံးစွဲခြင်းဖြင့် တီဘီရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်သည်။ ဖွံ့ဖြိုးဆဲ ကမ္ဘာတွင် အများဆုံး ဖြစ်သည်။ ရောဂါရှိသူများအားလည်း ဖြစ်စေသည်။ ဆေးပြီးသည့် ပြဿနာ ရှိသည်။ ဒုတိယတန်းစား ဆေးများပေးရသည်။

Pulmonary TB အဆုပ် တီဘီ ရောဂါ လက္ခဏာများ
• သတင်းသုံးပတ်ထက်ပိုသော အချိန်ကာလအထိ ချောင်းဆိုးနေခြင်း၊
• ချောင်းဆိုးသောအခါ တံတွေးမှ သွေးပါခြင်း၊ (Hemoptysis)
• သတင်းသုံးပတ်ထက်ပိုသောအချိန်ထိ ညတိုင်း အဖျားတက်ခြင်းနှင့် ခန္ဓာကိုယ်မှ ချွေးထွက်ခြင်း၊
• အစားအသောက်ပျက်လာခြင်းနှင့် ခန္ဓာကိုယ် အလေးချိန် လျော့နည်းလာခြင်း၊
• ရင်ဘတ်အတွင်း နာကျင်လာခြင်း။

အဆုပ်အပြင် အရိုး-အဆစ် တီဘီ၊ ဗဟို အာရုံကြောစနစ်၊ (လင့်ဖ်)ကြောစနစ်၊ ဆီး-မွေးလမ်းကြောင်း၊ အရေပြားတို့တွင်လည်း တီဘီရောဂါ ရစေသည်။ အဆုပ်အားဖုံးနေသည့်အလွှာ (Pleura) နှစ်လွှာအကြား အရည်-ပြည်တို့ စုဝေးနေခြင်းဖြစ်စေတတ်သည်။ တီဘီဆေးများအပြင် ၄င်းအရည်-ပြည်တို့အား စုပ်ထုတ်ကုသပေးရန်လိုသည်။

လက္ခဏာများမှာ ယင်းကိုယ်အင်္ဂါများ သာမန်အားဖြင့် အလုပ်လုပ် နည်းပါးလာခြင်းတို့ပင် ဖြစ်သည်။ တီဘီရောဂါ၏ လက္ခဏာများ ပေါ်ပေါက်လာသည်နှင့် ဆရာဝန်ထံ အစစ်အဆေးခံယူရမည်။

အိန္ဒိယနိုင်ငံတွင် တီဘီရောဂါ၏ အခြေအနေ
၁။ အိန္ဒိယနိုင်ငံတွင် သိန်းတရာ့လေးဆယ်သော လူတို့သည် တီဘီရောဂါကို ခံစားနေရသည်။ ယင်းရောဂါသည်များအနက် နှစ်ဆယ့်ငါးသိန်းသောလူတို့သည် ၄င်းတို့မှ အခြားလူများသို့ ရောဂါပိုး ကူးစက်နိုင်သော အခြေအနေတွင် ရှိနေသည်။
၂။ အိန္ဒိယနိုင်ငံတွင် တနှစ်တာကာလအတွင်း ငါးသိန်းသော လူတို့သည် တီဘီရောဂါဖြင့် သေဆုံးကြသည်။
၃။ တီဘီရောဂါသည် ကလေးလူကြီးမရွေး ဖြစ်နိုင်သည်။
၎။ သို့သော် တီဘီရောဂါကို အမြစ်ဖြတ်အောင် ကုသနိုင်သည်။

ဆေးဝါးများကို မှန်ကန်စွာ မှီဝဲခြင်းမပြုပါက မည်သို့ ဖြစ်နိုင်သနည်း။
1. အကယ်၍ ဆေးဝါးများကို မှန်မှန်နှင့် စနစ်တကျ မသုံးစွဲပါက တီဘီရောဂါ၏ လက္ခဏာများ ပြန်လည်ပေါ်ပေါက်လာနိုင်သည်။
2. ပထမ သုံးစွဲသည့် ဆေးဝါးများသည် အစွမ်းမထက်တော့သည်ကို မကြာခဏတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် ရောဂါပိုးများသည် ထိုဆေးများကို ခံနိုင်ရည် ရှိလာသောကြောင့် ဖြစ်သည်။ ၄င်းအပြင် ရိုးရိုးတီဘီဆေးများသည်လဲ ထိုရောဂါကို ပျောက်ကင်းရန် အစွမ်းဆောင်နိုင်တော့ခြေ။
3. ထိုရောဂါသည် အချိန်ကြာမြင့်စွာ ဆေးကုခံရတော့မည်ဖြစ်သည်သာမက ငွေကြေးအကုန်အကျ များပြားလာနိုင်သည့်အပြင် အသက်အန္တရာယ်လည်း ရှိလာနိုင်သည်။
4. အချိန်မှန်မှန်နှင့် စနစ်တကျ ဆေးဝါးများကို မှီဝဲခြင်းမရှိသော တီဘီရောဂါ စဖြစ်သည့်သူများမှာ တီဘီရောဂါ ကုဆေးများက အာနိသင် နည်းပါးလာပါသည်။

အခြေခံဆေးကုဌာနများ၏ တာဝန်များ
1. အများ ပြည်သူလူထုများအား တီဘီရောဂါနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို နားလည်သဘောပေါက်အောင် ပညာပေးခြင်း။
2. တီဘီရောဂါဖြစ်နေသည်ဟု ယူဆရသောရောဂါသည်များအား ဆေးစစ်ခြင်းကို ဆောင်ရွက်ပေးခြင်း။
3. ရောဂါဖြစ်နေသည်ဟု ယူဆရသောသူတို့၏ သလိပ်နှင့် တံတွေးများကို စစ်ဆေးနိုင်ရန် ဆောင်ရွက်ပေးခြင်း။
4. တီဘီရောဂါသည်များကို အချိန်မှီ သင့်တော်သည့်ဆေးဝါးများ ရရှိရန် ဆောင်ရွက်ပေးခြင်း။
5. တီဘီရောဂါသည်တို့၏ မှတ်တမ်းများကို ပြုစုထားရန်
6. တီဘီရောဂါသည်တို့၏ မိသားစုမှ အခြားသူများအား ဆေးစစ်ခြင်း ပြုလုပ်ရန် အားပေးတိုက်တွန်းခြင်း။
7. လုပ်ငန်းအစီအစဉ်ကို မကြာခဏ ပြန်လည်စမ်းစစ်သုံးသပ်ရန်။
8. ကလေးများအား တီဘီဂျီ ကာကွယ်ဆေး ထိုးပေးနိုင်ရန် ဆောင်ရွက်ခြင်း။

တီဘီရောဂါ မည်သို့ ကူးစက်သနည်း
1. ရောဂါသည်၏ တံတွေးနှင့် သလိပ်တို့မှ တီဘီရောဂါ၏ ပိုးမွှားကလေးများသည် လေထုထဲတွင် ပြန့်ကျဲကာ အခြားသူများ အသက်ရှူသောအခါနှင့် ချောင်းဆိုးသောအခါတို့တွင် သူးစက်သွားနိုင်သည်။
2. လူများတွင် ရောဂါပိုးကို ခုခံကာကွယ်ရန် ကိုယ်ခံအားနည်းသောအခါတွင် ကူးစက်နိုင်သည်။
3. အောက်ဖော်ပြပါအခြေအနေများသည် တီဘီရောဂါပြန့်ပွားကူးစက်ခြင်းကို အားပေးသည်။
o လူသူများ၍ ကျဉ်းကြပ်ပြီး မှောင်မိုက်နေသောနေရာများတွင် အချိန်ကြာရှည် နေထိုင်ရခြင်း။
o အစားအသောက်နှင့် အဟာရ ချို့တဲ့ခြင်း။
o အေအိုင်ဒီအက်စ် နှင့် အိပ်ခ်ျအိုင်ဗွီရောဂါ ကူးစက်ခြင်း။

တီဘီရှိ-မရှိ Mantoux tuberculin skin test နှင့် Tuberculosis radiology လူထုအား ဓါတ်မှန်ရိုက်ခြင်းလုပ်သည်။ သလိပ်ထဲပိုး ရှိ-မရှိ စစ်သည်။ AFB +ve or –ve

တီဘီရောဂါမှ ကာကွယ်ခြင်း
1. တီဘီရောဂါသည် ချောင်းဆိုးသောအခါတွင် လက်ကိုင်ပုဝါနှင့် ပါးစပ်ပိတ်၍ ချောင်းဆိုးရမည်။
2. တီဘီရောဂါသည် မိမိတံတွေးကို နေရာတကာတွင် မထွေးရ။ အဖုံးရှိသောခွက်တွင် စံနစ်တကျ ထွေးရမည်။
3. ယင်းတံတွေးများကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းတို့ကို ပြုရမည်။
4. တီဘီရောဂါသည်အား ဝင်လေ-ထွက်လေ ကောင်းသောအခန်းတွင် နေထိုင်စေရမည်။
5. ထိုရောဂါသည်များနှင့် ဆက်ဆံမှုရှိသောသူများသည် (၂) နှစ်တာကာလအချိန်အတွင်း တီဘီရောဂါ ကူးစက်ရန် အန္တရာယ် ပိုများလာသည်။ ထိုသူများသည် တီဘီရောဂါ လက္ခဏာ ပေါ်ပေါက်လာပါက လိုအပ်သည့် ဆေးစစ်မှုများကို ဆောင်ရွက်သင့်သည်။
6. ရောဂါသည်နှင့် ဆက်ဆံမှုရှိနေကြသော ကလေးများနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ရောဂါကူးရန် ပို၍ အန္တရာယ်ရှိ၍ အထူးသတိရှိရန် လိုအပ်ပါသည်။

HIV မရှိသည့်လူနာအတွက် TB ဆေးများ

များသောအားဖြင့် ၆ လနှင့်ရသော်လည်း တချို့ကို ၉ လ ပေးရသည်။
လူနာကို တိုက်ရိုက်စောင့်ကြည့် ကုသမှု (DOT) နည်း (၃) နည်းအနက် ကြိုက်ရာပေးနိုင်သည်။
(၁) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို နေ့စဉ် (၂) လ ပေးပြီးနောက်၊ Isoniazid + Rifampin ကို ၇ ရက်တပါတ်မှာ ၂-၃ ကြိမ် (၄) လ ပေးရမည်။ စုစုပေါင်း ၆ လ ကြာမည်။
(၂) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို ၂ ပါတ် ပေးပြီးနောက် ၄င်းအတိုင်း တပါတ်လျှင် ၂ ကြိမ် ၆ ပါတ် ပေးသည်။ ထို့နောက် Isoniazid + Rifampin ကို တပါတ် ၂ ကြိမ် ၄ လ ပေးသည်။
(၃) Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို တပါတ် ၃ ကြိမ် ၆ လ ပေးသည်။

ကိုယ်ဝန်ရှိနေသူအား Pyrazinamide မပေးဘဲ Isoniazid + Rifampin + Ethambutol တို့ကို ၄-၈ ပါတ်ပေးသည်။
Isoniazid နှင့် Rifampin တို့အား ဆေးမယဉ်ဟုသိရပါက Ethambutol ကို မပေးတော့ဘဲ၊ ဆေး ၂ မျိုးထဲ ၉ လ ပေးနိုင်သည်။
ဆေးယဉ်မှာ စိုးရိမ်ပါက Isoniazid + Rifampin + Ethambutol တို့ကိုတွဲပြီး ၉ လ ပေးပါ။
သလိပ်ပိုးမတွေ့သူအား Isoniazid + Rifampin + Pyrazinamide တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid + Rifampin တွဲကာ နောက် ၆ လ ပေးပါ။
နေ့စဉ်ပေးနည်း မဟုတ်ဘဲ ၁ ပါတ် ၂-၃ ကြိမ်ပေးပါက Isoniazid, Pyrazinamide, Ethambutol တို့၏ ဆေးအလေးချိန်ကို တိုးရမည်။

Recommended dosages for the initial treatment of tuberculosis
Isoniazid = Daily 5 mg/kg Max: 300 mg/dose = Twice a Week 15 mg/kg Max: 900 mg/dose = Three Times a Week 15 mg/kg Max: 900 mg/dose
Rifampin = Daily 10 mg/kg Max: 600 mg/dose = Twice a Week 10 mg/kg Max: 600 mg/dose = Three Times a Week 10 mg/kg Max: 600 mg/dose
Pyrazinamide = Daily 15–30 mg/kg Max: 2 g/dose = Twice a Week 50–70 mg/kg Max: 4 g/dose = Three Times a Week 50–70 mg/kg Max: 3 g/dose
Ethambutol = Daily 5–25 mg/kg Max: 2.5 g/dose = Twice a Week 50 mg/kg Max: 2.5 g/dose = Three Times a Week 25–30 mg/kg Max: 2.5 g/dose
Streptomycin = Daily 15 mg/kg Max: 1 g/dose = Twice a Week 25–30 mg/kg Max: 1.5 g/dose = Three Times a Week 25–30 mg/kg Max: 1.5 g/dose

လူနာကို တိုက်ရိုက်စောင့်ကြည့် ကုသမှု (DOT) နည်း (၃) နည်းအနက် ကြိုက်ရာပေးနိုင်သည်။
1. Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို နေ့စဉ် (၂) လ ပေးပြီးနောက်၊ Isoniazid + Rifampin ကို ၇ ရက်တပါတ်မှာ ၂-၃ ကြိမ် (၄) လ ပေးရမည်။ စုစုပေါင်း ၆ လ ကြာမည်။
2. Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို ၂ ပါတ် ပေးပြီးနောက် ၄င်းအတိုင်း တပါတ်လျှင် ၂ ကြိမ် ၆ ပါတ် ပေးသည်။ ထို့နောက် Isoniazid + Rifampin ကို တပါတ် ၂ ကြိမ် ၄ လ ပေးသည်။
3. Isoniazid + Rifampin + Pyrazinamide + Ethambutol တို့ကို တပါတ် ၃ ကြိမ် ၆ လ ပေးသည်။

• ကိုယ်ဝန်ရှိနေသူအား Pyrazinamide မပေးဘဲ Isoniazid + Rifampin + Ethambutol တို့ကို ၄-၈ ပါတ် ပေးသည်။
• Isoniazid နှင့် Rifampin တို့အား ဆေးမယဉ်ဟုသိရပါက Ethambutol ကို မပေးတော့ဘဲ၊ ဆေး ၂ မျိုးထဲ ၉ လ ပေးနိုင်သည်။
• ဆေးယဉ်မှာ စိုးရိမ်ပါက Isoniazid + Rifampin + Ethambutol တို့ကိုတွဲပြီး ၉ လ ပေးပါ။
• သလိပ်ပိုးမတွေ့သူအား Isoniazid + Rifampin + Pyrazinamide တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid + Rifampin တွဲကာ နောက် ၆ လ ပေးပါ။
• နေ့စဉ်ပေးနည်း မဟုတ်ဘဲ ၁ ပါတ် ၂-၃ ကြိမ်ပေးပါက Isoniazid, Pyrazinamide, Ethambutol တို့၏ ဆေးအလေးချိန်ကို တိုးရမည်။

Recommended dosages for the initial treatment of tuberculosis
• Isoniazid = Daily 5 mg/kg Max: 300 mg/dose = Twice a week 15 mg/kg Max: 900 mg/dose = Three times a week 15 mg/kg Max: 900 mg/dose
• Rifampin = Daily 10 mg/kg Max: 600 mg/dose = Twice a week 10 mg/kg Max: 600 mg/dose = Three times a week 10 mg/kg Max: 600 mg/dose
• Pyrazinamide = Daily 15–30 mg/kg Max: 2 g/dose = Twice a week 50–70 mg/kg Max: 4 g/dose = Three times a week 50–70 mg/kg Max: 3 g/dose
• Ethambutol = Daily 5–25 mg/kg Max: 2.5 g/dose = Twice a week 50 mg/kg Max: 2.5 g/dose = Three times a week 25–30 mg/kg Max: 2.5 g/dose
• Streptomycin = Daily 15 mg/kg Max: 1 g/dose = Twice a week 25–30 mg/kg Max: 1.5 g/dose = Three times a week 25–30 mg/kg Max: 1.5 g/dose

သလိပ်ပိုးမတွေ့သူအား Isoniazid 300 mg + Rifampin 600 mg + Pyrazinamide 2 g တွဲပြီး ပဌမ ၂ လ ပေးပြီးနောက် Isoniazid 300 mg + Rifampin 600 mg တွဲကာ နောက် ၆ လ ပေးပါ။

Dr. တင့်ဆွေ


ဝက်ခြံပျောက်တဲ့ သဘာဝဆေးနည်းတစ်မျိုး


မျက်နှာပေါ်က ၀က်ခြံများကို လိမ်းဆေးမျိုးစုံဖြင့် လိမ်းပြီး မသက်သာဘူးဆိုလျှင် အောက်ပါ သဘာဝဆေးနည်းလေးကို သုံးကြည့်ပါ။ လက်တွေ့ ပျောက်တဲ့ ဆေးနည်းလေးမို့  ပြန်လည်မျှဝေလိုက်ပါတယ်။

၁။ ထောပတ်သီးတစ်လုံး
၂။ ငှက်ပျောသီးတစ်လုံး
၃။ ပျားရည်စစ်စစ် (၂ ဇွန်းခန့် )
၎။ ဒိန်ချဉ် (၂ ဇွန်းခန့် )

ပျားရည်စစ်စစ် မရနိုင်သော်လည်း ၃ မျိုးတည်းဖြင့် ပြုလုပ်နိုင်ပါတယ်။ ၄င်းတို့ကို သမနေအောင်မွှေပြီး ကြိတ်နယ်လိုက်ပါ။ ညက်နေအောင် ကြိတ်ပြီးလျှင် မျက်နှာပေါ်ကို သုတ်လိမ်းပေးပါ။ မျက်နှာဖုံးပြုလုပ်သလို ဖုံးအုပ်ပေးထားပါ။

မိနစ် ၂၀ (သို့မဟုတ်) နာရီဝက်ခန့်ကြာပြီးလျှင် ရေနွေးဖြင့် မျက်နှာကို သန့်စင်လိုက်ပါ။ မျက်နှာပေါ်မှာ ၀က်ခြံ၊ တင်းတိပ်၊ မှဲ့ခြောက်နှင့် အဖုလေးများ ကင်းစင်သွားပြီး မျက်နှာပိုမို တောက်ပလာပါလိမ့်မည်။

မျက်နှာအဆီပြန်သူများလည်း ၄င်းဆေးနည်းကို အသုံးပြုပေးပါက မျက်နှာအဆီမပြန်တော့ပဲ အသားအရေကို တင်းတင်းရစ်ရစ်ဖြစ်စေပြီး ၀င်းပလာစေမှာဖြစ်ပါတယ်။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ ပျိုမေတို့သိစရာ


ဆီးချို ပျောက်တဲ့နည်း


ဆီးချို ပျောက်တဲ့နည်းတဲ့ မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ဆီးချိုဖြစ်တဲ့လူ ရှိခဲ့ရင်
ကူညီပြီးပြောပေးကြပါ အင်မတန်မှ လွယ်သူတဲ့ နည်းလေးပါ။

အကျိုးရှိသော စကားသည် မှတ်သားသူများအဖို့ အဖိုးထိုက်တန်သည့် ဗဟုသုတ ဘဏ်တိုက်တစ်ခုကို
တွေ့ရခြင်း ဖြစ်ပါသည်။ ဆီးချိုဖြစ်လို့ မန္တလေး ဆေးရုံကြီးကို သွားရောက်ပြပါတယ်။
အထူးကုသမားတော်ကြီးက ဆရာဝန်ကြီး ဦးထွန်းတင် (ယခု ဆရာကြီး ကွယ်လွန် )
ဆေးပညာရှင်များ အထူးလေးစားရသည် ဆရာကြီး ဖြစ်ပါသည် ။

… ဆရာဝန်ကြီးဟာ ခေတ်ပေါ်နည်းများမှာ အထူးကု ဖြစ်သလို ရှေးမြန်မာဆေးပညာကို
ကျွမ်းကျင်ပါတယ်။ ကျွန်တော့်ကိုပေးတဲ့နည်းက မြန်မာနည်းပါ။

ဆင်တုံးမနွယ် လက်ခလယ်အရွယ် တစ်တောင်လောက်ကို ဖြတ်၊ သန့်ရှင်း၊ မီးဖုတ်၊ အပေါ်ခံ ကျွန်းကာနီး ပြန်ထုတ်
အပေါ်မှ အမည်းများ ခြစ်ထုတ်၊ သန့်ရှင်းတဲ့ လက်ရိုက်တခုနှင့် ထုပြီး ဆန်ဆေးရည် နှစ်ပိဿာထဲမှာ စိမ်၊
တစ်နေ့တစ်ည စိမ်ပြီး နေ့စဉ် အချိုပန်းကန် တစ်လုံး သောက်ရပါသည်။

ခါးတာကတော့ ရက်စက်တယ်။ အချိုတစ်ခု ထန်းလျက်၊ ပျားရည် ဆောင်ထားပါ။
သကြားပါသည့် အချိုများ မစားရပါ။ ဆရာဝန်ကြီး ပေးတဲ့နည်းနဲ့ တစ်လလောက်
စွဲသောက်ခဲ့တာ တစ်ခါတည်း ပျောက်ခဲ့တယ်။ ဆေးရုံကြီး ပြန်ပြတော့ မရှိတော့ဘူး။
အဲဒီဆရာဝန်ကြီးကတော့ ရန်ကုန်မှာရှိပြီး တာဝန်ကြီးကြီးပိုင်း ထမ်းဆောင်နေတယ် ပြောပါတယ်။

ကျွန်တော်က လက်တွေ့စမ်းကြည့်ချင်တယ်၊ အသင့်ပဲ လူနာက သမီးအငယ်ဆုံး၊ ကိုယ်တိုင်ပဲ
ပြုလုပ်စီမံပြီး သောက်စေခဲ့တယ်။ (၁၀)ရက်နဲ့ ပုရွက်ဆိတ် မတက်တော့တာ တွေ့ရတယ်။
စီမံတဲ့အခါ တစ်ခုသတိပြုရမှာက အဝကျယ် ကြွေဇလုံ သုံးပါ။
ညဦးပိုင်း တစ်ခွက်ကျ သောက်ပါ။

သောက်ကာနီး အပေါ်ယံမှ အမြှုပ်များကို ဖယ်ထုတ်ပါ။
သောက်ပြီးတိုင်း ဆန်ဆေးရည် တစ်ပန်းကန် ပြန်ထည့်ပါ။
တစ်လထိ သုံးနိုင်ပါသည်။ တစ်လပြည့်က အသစ်ပြန်လုပ်ပါ။
ရှင်းရှင်းပျောက်တဲ့အထိ ဆက်လက်သုံးစွဲရန် လိုပါသည်။

ငွေမကုန်ဘဲ လွယ်ကူသည့် နည်းတစ်ခုဖြစ်လို့ စာရှုသူများကိုယ်တိုင်
ခံစားနေရလို့ဖြစ်စေ၊ နီးစပ်ရာ ပုဂ္ဂိုလ်များကို ဖြစ်စေ ကူညီနိုင်ပါက
ဝေဒနာရှင် ချမ်းသာရာရသလို တူသောအကျိုး ခံစားရမှာ ဖြစ်ပါတယ်။
တူသောအကျိုး ခံစားရပါစေ။

Credit to: ဦးစန်းမောင် (မန်း)


သင့်ကို စိတ်ချမ်းသာစေမည့် နည်းလမ်း(၁၀)ခု


၁။ သင့်ကို ပျော်ရွှင်စေတဲ့ message တစ်ခုခု ရပါက သင် ပြုံးဖို့မမေ့ပါနဲ့။ ပြီးရင် အဲ့ဒီ့ message ကို ဖျက်ပစ်လိုက်ပါ။

၂။ ပိုက်ဆံကို ဘယ်လို ရှာရမလဲဆိုတာ စဉ်းစားပါ။ ပိုက်ဆံကို ဘယ်လိုချွေတာရမလဲဆိုတာ မစဉ်းစားပါနဲ့။

၃။ ဒေါသထွက်တဲ့အခါ ၁ ကနေ ၃၀ အထိ စိတ်ထဲကရေတွက်ပါ။ ပြီးမှ စကားဆက်ပြောပါ။

၎။ လိုချင်ရင် ကိုယ့်ကိုကိုယ်ကြိုးစားပြီး ၀ယ်ပါ။ တခြားသူကို မ၀ယ်ခိုင်းပါနဲ့။

၅။ အချိုရည် တွေလျော့သောက်ပါ။ ရေများများသောက်ပါ။

၆။ ၂၄ နာရီလုံးကို အသုံးပြုပြီး လူ တစ်ယောက်တည်းကို မလွမ်းနေပါနဲ့။ အချိန်တချို့ကို မိသားစုနဲ့ သူငယ်ချင်း တွေကို ခွဲပေးလိုက်ပါ။

၇။ မစားနိုင်တော့မှ အန်ထုတ်ပစ်ဖို့ မကြိုးစားပါနဲ့။ မစားခင်ကတည်းက သေချာစဉ်းစားပါ။

၈။ အထီးကျန်တဲ့ အခါ သီချင်းဆွေးတွေနားထောင်ပြီး အင်တာနက်စာမျက်နှာပေါ်မှာပဲ ပတ်ချာလည်မနေပါနဲ့။ အားကစားတစ်ခုခုလုပ်၊ ဒါမှမဟုတ်
သူငယ်ချင်းတွေနဲ့ ပေါက်ကရတွေပြောပစ်ပါ။ ပိုပြီး နေလို့ကောင်းသွားပါလိမ့်မယ်။

၉။ လိုချင်တဲ့ ပစ္စည်းကို ၀ယ်ပါ။ ပိုက်ဆံတော့ ချေးပြီး မ၀ယ်ပါနဲ့။ သေချာစဉ်းစား၊ ဆုံးဖြတ်ပြီးပြီဆို နောင်တ မရမိပါစေနဲ့။

၁၀။ ကောင်းမွန်တဲ့စာတွေ များများဖတ်ပါ။ သင့်ဦးနှောက်ကို သင်ထွန်ယက်ပါ။ ဘ၀ကို မြင့်တင်ပါ။

Page ၀န်ဆောင်မှုပေးခြင်းမှ ပြန်လည်မျှဝေပါသည်။

Myanmar Ask Online News


ဆယ်နှစ်ကျော်ကြာပြန်ပေးဆွဲခံထားရသောအမျိုးသမီး

 
ကယ်လီဖိုနီးယားပြည်နယ်တွင် ၁၅နှစ်အရွယ်ထဲ ကပြန်ပေးဆွဲခံထားရပြီး ယခုလွတ်မြောက်လာချိန်တွင် အသက်၂၅နှစ်ရှိသူအမျိုးသမီးသည် သူမ၏ဖြစ်စဉ်များကို ရဲဌာနအားအကြောင်းကြားပြီး၊ ပြစ်မှုကျုးလွန်ခံခဲ့ရသည် များကိုထုတ်ဖော်ပြောကြားခဲ့သည်။ သူမသည်ပြန်ပေးဆွဲ ခံရသည့်အပြင် လိင်မှုဆိုင်ရာကျူးးလွန်မှုများ၊ စိတ်ပိုင်း ဆိုင်ရာစော်ကားမှုများ၊ ကိုယ်ထိလက်ရောက်နှိပ်စက်မှု များကိုခံခဲ့ရသည်။ ပြစ်မှုကျူးလွန်သူမှာအသက် ၄၁နှစ်အရွယ် ဂါဆီယာဟုခေါ်သည်။ သူမသည်ထိုသူနှင့်ကလေးတစ်ယောက်ထွန်းကားခဲ့သည်ဟုလည်းထွက်ဆိုသည်။

၂၀၀၄ ခုနှစ်အတွင်း ပြစ်မှုကျုးလွန်သူ ဂါဆီယာနှင့်ပြစ်မှုကျုးလွန်ခဲ့ရသူ မိန်းကလေး၏မိခင်တို့ မှာ ချစ်သူရည်းစားများဖြစ်ကြပြီး အိမ်တစ်အိမ်တွင် အတူနေထိုင်ကြသူများဖြစ်သည်။ အတူနေထိုင်ကြစဉ်အတွင်း မိခင်မှာသူမ၏သမီးကို သူမ၏ရည်းစားမှလိင်မှုဆိုင်ရာစော်ကားမှုရှိနေပြီဟု သကာင်္မကင်းဖြစ်ရာမှ ဂါဆီယာမှာ ထိုမိန်းကလေးကို ဂျွန်လ ၂၀၀၄ခုနှစ်တွင်တပါးတည်း အိမ်ကထွက်ပြေးကာခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်တွင်မိန်းကလေး၏အသက်မှာ ၁၅နှစ်ဖြစ်သည်။

ဖမ်းဆီးခေါ်သွားခဲ့ပြီး ဂါဆီယား၏နေအိမ်ရှိ ကားဂိုထောင်တွင်ချုပ်နောင်ထားခြင်းခံရသည်။ ၂၀၀၇ခုနှစ်တွင်အတင်းအကျပ်လက်ထပ်ခံရပြီး ၂၀၁၂ခုနှစ်တွင် ကလေးတစ်ယောက်ထွန်းကား ခဲ့သည်ဟုတာဝန်ရှိရဲများကိုထွက်ဆိုထားသည်။

အဆိုပါပြစ်မှုများကြောင့် ဂါဆီယား ကိုဖမ်းချုပ်ထားသော်လည်း ပြစ်မှုအမိန့် ချမှတ်ထားခြင်းမရှိသေးပေ။တရားခံသည် သူ၏အပြစ်မှသက်သာစေရန် ရှေ့ နေဌားရမ်းထားသည်ကိုလည်းသိရှိရပါသည်။

Ref: Yahoo
World Myanmar


ဆောင်ရန်ရှောင်ရန် အွန်လိုင်း အပြုအမူလေးများ


ယဉ်ယဉ်ကျေးကျေးဆက်ဆံခံချင်ရင် ကိုယ်ကလည်း ယဉ်ယဉ်ကျေးကျေးပြုမူပါ။ ဖေ့ဘွတ်ပေါ်မှာ လူတွေဆီက လေးနက်တဲ့ commentလေးတွေလိုချင်ရင် ကိုယ်ကလည်းဒီလိုပဲလုပ်ပါ။ ကိုယ်တစ်ဖက်သားကို ဖြစ်စေချင်တဲ့ပုံစံအတိုင်း ကိုယ်ကနေပါ။ ကိုယ်ကောင်းကောင်းပြုမူဆက်ဆံတယ်ဆိုရင် ကိုယ့်ကိုလည်း ကောင်းကောင်းတုံ့ပြန်မှာပါ။

ဆောင်ရန်အချက်များ

-      သင့်ရဲ့ ကွန်းမန့်(comments)တွေနဲ့ ပို့စ်(posts)တွေက သင့်အနောက်ကို အမြဲလိုက်နေတယ် ဆိုတာကို အမြဲသတိရပါ။(ရှဲ(share)လုပ်ပြီးတဲ့အခါ ပိုပြီးလိုက်နေပါတယ်)
-      သင်ပြောချင်တဲ့ လေသံကို ထည့်စဉ်းစားပါ။ နှိမ့်ချပြီး ကြွားတာ၊ တိုက်ရိုက်ကြီးကြွားတာ၊ အမြဲတမ်း မကျေမနပ်ဖြစ်နေတာ၊ အဆက်မပြတ်မေးခွန်းတွေမေးနေတာတွေက ဘယ်တော့မှ မကောင်းပါဘူး။ တကယ်လို့ ဖေ့ဘွတ်(Facebook)က သင့်ရဲ့တစ်ခုတည်းသော ရင်ဖွင့်ရာနေရာဖြစ်လာရင် လူတွေက သင်နဲ့သင့်လုပ်ငန်းကို ဒီလိုလေသံမျိုးနဲ့ပဲ ပြောဆိုဆက်နွယ်လာကြမှာပါ။



-      Tag သို့မဟုတ် upload မလုပ်ခင် စဉ်းစားပါ။ လူတော်တော်များများက အွန်လိုင်းပေါ်မှာ သူတို့ရဲ့ အကောင်းဆုံးတွေပဲပါဝင်ချင်တယ်လေ။ သူတို့ရဲ့နာမည်ထိခိုက်စေမယ့်၊ မိုက်ရူးရဲဆန်တဲ့ပုံပေါက်နေတဲ့ အရာမျိုးကို ရှောင်ပေးတာကို အားလုံးလိုလိုက သဘောကျကြပါတယ်။ ကိုယ်လည်းတူတူပဲလေ၊ မလှမပဖြစ်နေတဲ့ ကိုယ့်ပုံကို တစ်ယောက်ယောက်က tag လုပ်ထားတာလောက် ဆိုးရွားတာမရှိဘူး မဟုတ်လား။ ကိုယ့်ရဲ့ အွန်လိုင်းပေါ်က အပြုအမူတွေက သူများအပေါ် အကျိုးသက်ရောက်စေတယ်ဆိုတာကို အမြဲ သတိထားပါ။

-      လျစ်လျူရှုပါ။ တကယ်လို့ တစ်စုံတစ်ယောက်က ကိုယ်လုံးဝလက်မခံတဲ့အရာတစ်ခုကို ပြောနေတယ်ဆိုရင် သူတို့ကို လျစ်လျူရှုလိုက်ပါ။ ဒီလိုလုပ်တာ ပိုပြီးစိတ်ချမ်းသာဖို့ကောင်းပါတယ်။

ရှောင်ရန်အချက်များ

-      ရှဲ(share)တွေ အများကြီးမလုပ်မိပါစေနဲ့။ ကန့်သတ်ထားတဲ့ မျဉ်းတစ်ကြောင်းတော့ရှိတယ်၊ အရေးကြီးတာက ဘယ်နေရာမှာဆွဲရမလဲဆိုတာပါ။ လူတွေက သင့်ရဲ့ကိစ္စအသေးအမွှားတွေနဲ့ ဝမ်းနည်းစရာဇာတ်လမ်းတွေကို အမှန်တကယ်တော့ သိပ်ဂရုမစိုက်တတ်ကြဘူး။ တချို့ကိစ္စတွေကို လျှို့ဝှက်ထားတာက ပိုကောင်းပါတယ်။

-      လူတော်တော်များများက သူတို့ရဲ့အင်တာနက်စာမျက်နှာပေါ်မှာ တစ်ယောက်ယောက်ရဲ့update တွေ တရဆက်လာနေတာကို မကြိုက်တတ်ကြဘူး။ အထူးသဖြင့်ကိုယ်post လုပ်နေတဲ့ကြိမ်ရေက သူတို့ update လုပ်တာထက် တော်တော်လေးကိုကွာခြားနေမယ်ဆိုရင်ပေါ့။

-      အရမ်းတစ်ကိုယ်ရေ မဆန်ပါနဲ့။ ငြင်းခုံတာတွေ၊ ရန်ငြိုးတွေဆိုတာ ထိန်းသိမ်းထားတာ အကောင်းဆုံးပါပဲ။ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထိခိုက်အောင်ပြောတာက ပြောတဲ့သူအပေါ် ရောင်ပြန်ဟပ်တဲ့အပြင် ပွင့်ပွင့်လင်းလင်းပြောရရင် ဘယ်သူမှလည်း ဒါတွေကို မမြင်ချင်ကြပါဘူး။ ပုဂ္ဂိုလ်ရေးကိစ္စတွေကို စိတ်ထဲမထားပါနဲ့။ တကယ်လို့ ကိုယ်သူငယ်ချင်းလုပ်ချင်တဲ့ သူတစ်ယောက်က ကိုယ့်ကိုအကြောင်းမပြန်ဘူးဆိုရင် သူတို့ရဲ့ account ကို သင့်လိုမကြာခဏ မစစ်ဆေးလို့ပါ။ သူတို့ကို အချိန်ပေးလိုက်ပါ။

http://www.gandawin.net

အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်သောအကြောင်းအရင်း(၇)ခု


ချစ်သူစုံတွဲတွေမှာဆက်လက်မချစ်နိုင်တော့တဲ့ အကြောင်းပြချက်တွေတော့ တစ်မျိုးဆီရှိကြမှာပါ။ ဘယ်သူကမှ ဒီ relationship ကြီးမှာအချစ်တွေပြောင်းလဲသွားလိမ့်မယ်လို့ သိနိုင်မှာလဲ။ ဒါပေမယ့် တချို့အခြေအနေတွေမှာအချစ်ဆိုတာအမြဲထာဝရမရှိနေပါဘူး၊ မထင်မှတ်ဘဲနဲ့ relationship ကြီးကိုအဆုံးသတ်လိုက်ရတာမျိုးရှိပါတယ်။ ဒါကြောင့် အနာဂတ်မှာဖြစ်လာနိုင်မယ့်အရာတွေကို ကြိုတင်ကာကွယ်နိုင်အောင်လို့ အချစ်ကိုပြောင်းလဲရပ်တန့်သွားစေနိုင်တဲ့ အကြောင်းအရင်းလေးတွေကိုလေ့လာကြည့်လိုက်ရအောင်။
၁။     လူတွေရဲ့ ပြောင်းလဲခြင်း
တခါတရံမှာတစ်စုံတစ်ရာအကူးအပြောင်းကြောင့် လူတွေကပြောင်းလဲသွားတတ်ကြပါတယ်။ ဒါကြောင့် အရင်ကချစ်ခင်မြတ်နိုးတဲ့ ချစ်သူပုံစံလည်းပြောင်းလဲသွားပါတယ်။ ဘဝမှာကိုယ်လိုချင်တာကိုသိရှိနားလည်ပြီးပြောင်းလဲသွားတတ်ကြတာလူတွေရဲ့သဘာဝပါ။ အသစ်ဖြစ်ပေါ်ပြောင်းလဲလာတဲ့ ကိုယ့်လိုအင်ဆန္ဒက ကိုယ့်ချစ်သူဆန္ဒတွေနဲ့ မတူညီတော့ဘူး။ ဒီလိုနဲ့ တဖြည်းဖြည်းရင်းနှီးမှုတွေ စတင်နည်းပါးလာပါတယ်။
လူတွေရဲ့ပြောင်းလဲခြင်းကအချစ်ကိုပြောင်းလဲစေနိုင်တဲ့ အကြောင်းအရာတွေထဲကမှ အဖြစ်အများဆုံးတစ်ခုပါပဲ။

၂။     ယုံကြည်စိတ်ချမှုကိုထိခိုက်ခြင်း
ကိုယ့်ချစ်သူကကိုယ့်အပေါ်လိမ်ညာခဲ့တဲ့ ကိစ္စတစ်ခုခုကိုကိုယ်နောက်ကျမှသိလိုက်ရပြီဆိုရင် ကိုယ်ဘာမှမလုပ်နိုင်တော့ဘူးလေ။ သူ့ကိုခွင့်လွှတ်ကောင်းခွင့်လွှတ်လိုက်မယ်။ ဒါပေမယ့် ကိုယ့်အပေါ်သစ္စာမရှိဘူးဆိုတဲ့ ခံစားချက်ကကိုယ့်ကိုခြောက်လှန့်နေပါလိမ့်မယ်။ ဒီ relationship ကြီးကိုဘာမှမဖြစ်ခဲ့သလိုရှေ့ဆက်ဖို့လည်းခက်ခဲပါလိမ့်မယ်။ တချို့ဒဏ်ရာတွေက ပြန်ကုလို့မရတော့တာကြောင့် ဒါကိုဖြေရှင်းဖို့ တစ်ခုတည်းသောနည်းလမ်းကလမ်းခွဲခြင်းဖြစ်လာပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၃။     ပုံမှန်အဆက်အသွယ် ပျက်တောက်ခြင်း
အချစ်တွေခိုင်မြဲနေစေဖို့ ကြီးထွားလာစေဖို့ ချစ်သူနှစ်ဦးကသူတို့ရဲ့ခံစားချက်တွေကိုစကားပြောဆိုခြင်းတွေ၊ ပုံမှန်အဆက်အသွယ်လေးတွေကနေတဆင့် ဖော်ပြကြပါတယ်။ တကယ်လို့ အဆက်အသွယ် ပျက်တောက်သွားမယ်ဆိုရင် ကိုယ့်ခံစားချက်တွေ ဖော်ပြဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါဆို relationship မှာဆက်ဆံရေးကအေးဆက်သွားမှာဖြစ်ပါတယ်။ အဆက်အသွယ်နည်းပါးတာကြောင့် အထင်အမြင်လွှဲမှားမှုတွေ၊ နားလည်မပေးနိုင်တာတွေ ဖြစ်လာဖို့အခွင့်အရေးပိုများလာခြင်း ဖြစ်ပါတယ်။

၎။     စိတ်လှုပ်ရှားဖွယ်မကောင်းခြင်း
ကိုယ့်ရဲ့ relationshipကိုလန်းဆန်းပြီးပျော်ရွှင်စရာကောင်းအောင် ထိန်သိမ်းထားဖို့ထက် ပိုပြီးအရေးကြီးတာမရှိပါဘူး။ နှစ်ယောက်တူတူအချိန်ပိုပေးကြလေ နှစ်ယောက်သားပိုရင်းနှီးလေပါပဲ။ ဒါဆိုရင် relationship ကြီးကလည်းရင်ခုန်စရာသိပ်မကောင်းတော့ဘူးပေါ့။ ဒါကြောင့် ပုံမှန်အတိုင်း ငြီးငွေ့လာတဲ့ထိချိန်းတွေ့မနေကြဘဲစိတ်ကူးယဉ်ဆန်ဆန် အပြောင်းအလဲလေးတွေနဲ့ ချိန်းတွေ့ကြပါ။

၅။     ပန်းတိုင်နဲ့ လိုအင်ဆန္ဒတွေ မတူညီခြင်း
တစ်ယောက်အကြောင်းတစ်ယောက် ပိုပိုပြီးသိလာတဲ့အခါ ကိုယ်က relationship ရဲ့ဘယ်လိုပုံစံဘက်ကရပ်တည်သလဲဆိုတာရှင်းရှင်းလင်းလင်းမြင်လာပါတယ်။ တချို့စုံတွဲတွေကလိုက်ဖက်ညီနေတဲ့အချိန်မှာတချို့တွေမှာလည်းပန်းတိုင်နဲ့ အမြင်တွေကွဲပြားနေတာမျိုးရှိပါတယ်။ ဥပမာပြောရရင် ကလေးများများနဲ့ မိသားစုဘဝကိုလိုချင်တဲ့ အမျိုးသားတစ်ယောက်အတွက် ကလေးယူဖို့အစီအစဉ်မရှိတဲ့ အမျိုးသမီးတစ်ယောက်နဲ့ လက်တွဲဖို့ဆိုတာတော်တော်လေးကိုခက်ခဲပါလိမ့်မယ်။

၆။     မနာလိုဝန်တိုခြင်း
မနာလိုတာလေးတွေ၊ သဝန်တိုတာလေးတွေ နည်းနည်းပါးပါးရှိခြင်းက relationship တစ်ခုအဆင်ပြေနေစေဖို့ အရေးပါပါတယ်။ ဒါပေမယ့် တစ်ချိန်လုံးမနာလိုဖြစ်နေရင်တော့ နားလည်မှုလွှဲမှားလာတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ မနာလိုဝန်တိုလွန်းရင် relationship ကိုထိခိုက်သွားစေနိုင်ပါတယ်။

၇။     ဘဝအလှည့်အပြောင်းများ
တခါတရံမှာဘဝအလှည့်အပြောင်းတွေကြောင့် အချစ်ကိုလည်းပြောင်းလဲသွားစေနိုင်ပါတယ်။ အလုပ်တစ်ခုကိုဆုံးရှုံးလိုက်ရတဲ့အခါ၊ ကိုယ်ချစ်တဲ့လူတစ်ယောက်ယောက်ကိုဆုံးရှုံးလိုက်ရတဲ့အခါမျိုးမှာကိုယ့်ဘဝကြီးက
ဆိုးရွားအကြီးတန်တဲ့နေရာကိုရောက်နေရသလိုပါပဲ။ ဒီလိုအချိန်မျိုးမှာလက်ရှိကိုယ့်ရဲ့ relationship ကိုထိခိုက်စေနိုင်ပါတယ်။ ဘဝမှာတွေ့ရတဲ့ စိတ်ဆင်းရဲစရာကိစ္စတွေက relationship တစ်ခုရဲ့ ခရီးလမ်းမှာဆူးခလုတ်တွေဖြစ်စေနိုင်ပါတယ်။ လူတွေရဲ့အချစ်ကိုပြောင်းလဲစေနိုင်တဲ့ တခြားအကြောင်းအရာလေးတွေများရှိဦးမလား။
အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။

http://www.gandawin.net

အိမ်ထောင်ဘက်၏ ချစ်စရာကောင်းသောအပြုအမူ (၅)ချက်


ကျွန်မတို့ အိမ်ထောင်ဘက်က ပြုလုပ်တတ်တဲ့ ချစ်မြတ်နိုးစရာ အပြုအမူလေးတွေရှိပါတယ်။
လက်တွဲဖော်နဲ့အတူတူအချိန်တွေကုန်လွန်ခဲ့ကြပေမယ့်တခါတရံမှာသူတို့ရဲ့အပြုအမူသေးသေးလေးတွေကို ကျွန်မတို့မေ့နေတတ်ကြပါတယ်။ဒီအပြုအမူလေးတွေကိုသာမာန်ပဲလို့သဘောထားမယ့်အစားသေချာ
စဉ်းစားကြည့်လိုက်ပါ။ သူတို့ရဲ့နေ့စဉ်အပြုအမူတွေကို ကျွန်မတို့ဘယ်လောက် နှစ်သက်ခုန်မင်လည်းဆိုတာတွေ့ရမှာဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ ကျေးဇူးတင်ဖို့တောင် ထိုက်တန်တဲ့ ကျွန်မတို့အိမ်ထောင်ဘက်တွေရဲ့ ချစ်စရာအပြုအမူလေးအချို့ပဲဖြစ်ပါတယ်။

၁။ ကိုယ့်ကိုပြတဲ့ မျက်နှာအမူအရာလေးတစ်ခု

ကိုယ်အမြဲတမ်းမရိုးအီနိုင်တဲ့ သူ့ရဲ့မျက်နှာအမူအရာလေးတွေရှိပါတယ်။ သူနှုတ်ခမ်းကိုကိုက်ထားတဲ့အခါလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မဟုတ်ရင်လည်းသူမျက်ခုံးနှစ်ဖက်ကိုပင့်တင်လိုက်တဲ့ အခါမျိုးပေါ့။ တစ်ယောက်နဲ့တစ်ယောက်တော့ တူမှာမဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်အိမ်ထောင်ဘက်ဆီမှာကိုယ်အလွန်နှစ်သက်ရတဲ့ မျက်နှာအမူအရာလေးတစ်ခုသေချာပေါက်ရှိပါတယ်။ အဲဒီအမူအရာလေးကတော့ သူတို့တောင်ကိုယ်တိုင် သတိမထားမိတဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာလေးတစ်ခုဖြစ်ပါတယ်။

၂။ ချစ်စနိုးနဲ့ နာမည်လေးတစ်ခုခေါ်တဲ့အခါ

ကိုယ့်အိမ်ထောင်ဘက်ကကိုယ့်ကိုချစ်စနိုးနဲ့နာမည်တစ်ခုပေးထားတာမျိုးရှိတတ်တယ်လေ။ ဒါမှမဟုတ်ကိုယ့်ကို ပြုံးအောင်လုပ်နိုင်တဲ့ ချစ်စနိုးစကားလေးတစ်ခွန်းရှိတယ်မဟုတ်လား။ အဲဒါလေးကတခြားလူတွေမသိတဲ့ ချစ်သူနှစ်ယောက်ကြားရဲ့ လျှို့ဝှက်စကားလေးတစ်ခွန်းဖြစ်နေတာကြောင့် ထူးထူးခြားခြားခံစားရစေပါတယ်။ လင်မယားစုံတွဲတွေကတစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိကြတယ်။ ဘေးလူတွေ နားမလည်နိုင်တဲ့ စကားဝှက်လေးတွေ၊ အဌာလေးတွေနဲ့ အချင်းချင်းဆက်သွယ်ကြပါတယ်။ ကိုယ့်မှာလည်းကိုယ်ပိုင်အချစ်ရဲ့ လျှို့ဝှက်ဘာသာစကားလေးရှိသလိုပေါ့။

၃။ အိပ်ချင်မူးတူးနဲ့ အနမ်းလေးပေးတဲ့အခါ

ရုတ်တရက်ညလယ်မှာလန့်နိုးလာခဲ့တဲ့အခါ ယောက်ျားဖြစ်သူဘေးမှာရှိနေတာကစိတ်ကြည်နူးစေပါတယ်။ ဒီလိုဘေးမှာရှိပေးနေတဲ့အပြင် အိပ်ချင်မူးတူးနဲ့ အနမ်းပေးလိုက်တာ၊ ပွေ့ပိုက်လိုက်တာတွေကကိုယ့်ကိုအိပ်ပျော်တစ်ဝက် နိုးတစ်ဝက်အချိန်လေးမှာတောင် ဘယ်လောက်ချစ်တယ်ဆိုတာ ပြသလိုက်တာပါ။ အိပ်ချင်မူးတူးအသံနဲ့ ကိုယ့်ကိုချစ်ပါတယ်လို့ ပြောလာရင်တော့ ပိုပြီးတောင်ချစ်ဖို့ကောင်းတာပေါ့။

၎။ ကိုယ့်အကြောင်းတွေးနေတယ်လို့ မက်ဆေ့ခ်ျပို့လာတဲ့အခါ

ကိုယ်တောင့်တတဲ့အချိန်မှာအိမ်ထောင်ဖက်ကကိုယ့်ဆီကိုမက်ဆေ့ခ်ျပို့တာဒါမှမဟုတ်ဖုန်းခေါ်တာတို
့ ပြုလုပ်ကြပါတယ်။ ကိုယ်ကမနက်တိုင်းသူ့အသံကိုကြားချင်တာဖြစ်ဖြစ်၊ မဟုတ်ရင်လည်းကိုယ့်အလုပ်ရဲ့အရေးတကြီးကိစ္စတွေ မတိုင်ခင်မှာသူ့အသံကိုကြားချင်တဲ့ အခါမျိုးမှာ ဖြစ်ဖြစ်ပေါ့။ ဘယ်အချိန်ပဲဖြစ်ဖြစ်ပါ ကိုယ်တောင့်တတဲ့အခါမျိုးမှာသူကကိုယ့်အတွက်ရှိနေပေးတတ်ကြတယ်။

၅။ အရာရာကိုကောင်းကောင်းဖြေရှင်းပေးနိုင်တယ်။

ကိုစိတ်ပျက်အားငယ်နေတဲ့အခါ အိမ်ထောင်ဖက်ဖြစ်သူကအခြေအနေတစ်ခုလုံးကိုဘယ်လိုဖြေရှင်းရမလဲ
ဆိုတာကောင်းကောင်းနားလည်ပါတယ်။ ကိုယ့်မှာရှိတဲ့ပြဿနာကနေအာရုံမထားချင်တဲ့ အချိန်မျိုးမှာဆိုရင် သူကနေကြာစေ့လေးယူလာပေးပြီးတီဗွီဖွင့်ပေးတာမျိုး ပြုလုပ်ပေးတတ်တယ်။ ကိုယ်ရင်ဖွင့်ချင်တဲ့အခါမှာလည်းသူကကိုယ့်ဘေးမှာထိုင်ပြီးကိုယ့်ပြဿနာကိုတူတူအဖြေရှာပေး တယ်။

ကိုယ့်ချစ်တဲ့သူနဲ့ တူတူရှိနေရရင် သူတို့ဘာမှမလုပ်ဘဲဘေးမှာရှိနေပေးတာကိုကကိုယ့်ခံစားချက်တွေကိုအများကြီးသက်သာစေပါ တယ်။
တစ်ယောက်ယောက်ကိုတကယ်ချစ်တယ်ဆိုရင် သူ့ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူသေးသေးလေးတွေကိုသတိထားမိပါလိမ့်မယ်။ ဒါကြောင့် အိမ်ထောင်ရေးတစ်ခုသာသာယာရှိဖို့ အိမ်ထောင်ဖက်ရဲ့ အပြုအမူလေးတွေကိုကိုယ်ဘယ်လောက်နှစ်သက်တယ်ဆိုတာမမေ့ကြပါနဲ့နော်။

http://www.gandawin.net

ချောင်းဆိုးနေသူ များအတွက် နည်းလမ်းကောင်း


ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။

အသုံးပြုပုံလေးကတော့

နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေးခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေပါတယ်။

ကျော်လင်းနိုင် (ရိုးရာလေး)


အဝါရောင်အဆင့်ရှိ မုန်တိုင်းငယ် နှစ်ရက်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်သို့ ဦးတည်နိုင်


Written by  ဇာဏီထွဏ်း  
 
ရန်ကုန်၊ မဇ္ဈိမ။           ။

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိလာခဲ့ရာ မုန်တိုင်းငယ်မှာ အဝါရောင် အဆင့်သာရှိသော်လည်း နောက်နှစ်ရက်အတွင်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများသို့ ဦးတည်နိုင်ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။
“ကမ်းနီး၊ ကမ်းဝေး သင်္ဘောတွေကိုတော့ မုန်တိုင်းအန္တရာယ် အသိပြောထားပါတယ်” ဟု အဆိုပါ ဌာန တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် မုန်တိုင်းငယ်အရှိန်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မုန်တိုင်းအရှိန်ကြောင့် မေလ ၂၁ ရက် ညနေမှ နောင်သုံးရက်အတွင်း ပဲခူးတိုင်းတွင် နေရာစိပ်စိပ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာသွန်းမည်ဖြစ်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတမ်းတစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းကျပြီး လှိုင်းကြီးပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်- မြေပြင်လေသည် တစ်နာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ဒေသခံ ဦးသန်းထွန်းက မုန်တိုင်းသတင်းနှင့် ပတ်သက်၍ “ မုန်တိုင်းသတင်း တော့ကြားတယ်၊ သေချာတော့ မသိသေးဘူး။ အခုတော့ ရာသီဥတုက သာသာယာယာပဲ၊ အပူချိန်တော့မြင့်တယ်။ ကမ်းနီးကမ်းဝေး ငါးဖမ်းတဲ့သူတွေကို သတိပေး ကြေငြာချက်တော့မကြားသေးဘူး” ဟု မဇ္ဈိမကို ပြောသည်။

အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံ တောင်ပိုင်း တနင်္သာရီတို
င်း အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း၊ အရှေ့အလယ်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နေပြီး ပိုမိုအားကောင်းကာ မုန်တိုင်းငယ် တစ်ခု ဖြစ်လာနိုင်သည်ဟု မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ဦးထွန်းလွင်က မေလ ၂ဝ ရက်နေ့က ခန့်မှန်းခဲ့သည်။
မဇ္ဈိမ

ဟံသာဝတီဦးဝင်းတင် ကွယ်လွန်သည့် တစ်လပြည့်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူ

21m5

Written by  အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။             ။

 မန္တလေးစာပေအဖွဲ့၊ စာပေချစ်သူများနှင့် ဟံသာဝတီဦးဝင်းတင်ကို လေးစားကြည်ညိုချစ်ခင်သူများ စုပေါင်းကာ ဦးဝင်းတင် ကွယ်လွန်သည့် တစ်လပြည့်အထိမ်းအမှတ် ကျောက်စာတိုင်စိုက်ထူခြင်းနှင့် အမှတ်တရအထိမ်းအမှတ် သစ်ပင် စိုက်ပျိုးခြင်း အခမ်းအနားကို အမရပူရမြို့ တောင်လေးလုံးကျောင်းတိုက်တွင် မေလ ၂၁ ရက်က ကျင်းပခဲ့သည်။


အခမ်းအနားသို့ နိုင်ငံအနှံ့မှ စာပေအနုပညာရှင်များ၊ လူမှုပရဟိတ အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ တက်ရောက်ကြပြီး ဦးသိန်းတန်၊ မောင်သစ်လွင်(လူထု)၊ ကိုလေး(အင်းဝဂုဏ်ရည်)နှင့် တော်ဝင်နှင်းဆီဦးစိုးညွန့် စသည့် ဆရာများက ဟံသာဝတီ ဦးဝင်းတင်၏ သမိုင်းဖြတ်သန်းမှုများကို အမှတ်တရပြောဆိုသည်။

ဦးဝင်းတင်သည် ခေတ်အဆက်ဆက် တာဝန်ကျေခဲ့ရုံသာမက ပြည်သူကို မည်သည့်အခါကမျှ ကျောမခိုင်းသော နိုင်ငံရေး သမားတစ်ဦးအဖြစ်လည်း နောက်ဆုံးထွက်သက်အထိ ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံး ထိခိုက်နာမကျန်းဖြစ်နေသည့်တိုင် နိုင်ငံရေးသတိမြဲမြံစွာဖြင့် တာဝန်ကျေခဲ့သူဖြစ်သည်။

တက်ရောက်လာကြသော ကဗျာဆရာ၊ စာရေးဆရာများက ဟံသာဝတီဦးဝင်းတင်အား ဂုဏ်ပြုစပ်ဆိုရေးဖွဲ့ထားသည့် စာစုများပါသည့် လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။ ထို့အပြင် ဆရာကြီးရေးသားထားသော စာအုပ်များကိုလည်း ပြသထားပြီး ဖြတ်သန်းခဲ့သော သမိုင်းပုံရိပ်များကိုလည်း ထိုကျောင်းဝင်းအတွင်း ပြသထားသည်။

တောင်လေးလုံးကျောင်းတိုက်အတွင်း ဆရာမြသန်းတင့်၊ ဆရာတင်မိုး စသည့် အထင်ကရစာပေသမားများ၏ အထိမ်းအမှတ် ကျောက်စာတိုင်များလည်းရှိသည်။

မဇ္ဈိမ

ဧရာဝတီတိုင်းမှာ ကြံ့ခိုင်ရေးပါတီက NLD ကို ဖွဲ့စည်းပုံ မပြင်ရေး အားစမ်း

ဖွဲ့စည်းပုံ အခြေခံဥပဒေ, ဧရာဝတီတိုင်း, ကြံ့ခိုင်ရေးပါတီ
ဖွဲ့စည်းပုံ အခြေခံဥပဒေ မမြင်ရေးအတွက် ကြံ့ခိုင်ရေးပါတီက လူစုစည်းကာ ဆန္ဒပြခိုင်းခဲ့သည် (ဓာတ်ပုံ – ဧရာဝတီ)

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေနဲ့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းလာချိန်မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ဗဟိုကော်မတီဝင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဖွဲ့စည်းပုံပြင်ဖို့ မလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် ဇလွန်မြို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဖို့ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

 ဒါကြောင့် ကြံ့ခိုင်ရေးပါတီက ဖွဲ့စည်းပုံ မပြင်ရေးအတွက် အဟန့်အတား စတင်လုပ်ဆောင်လာပြီးလားလို့ နိုင်ငံရေးအသိုင်းအ၀ိုင်းက ဝေဖန်ပြောဆိုနေကြပါတယ်။
ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးသိန်းအောင်က မအူပင်မြို့မှာ မေလ ၁၀ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ “ဘာမှ မပြင်ချင်ဘူး။ ဒီအတိုင်း ဆက်ကျင့်သုံးဖို့ လိုတယ်။ ပြင်သင့်တယ် ဆိုတာက ဘယ်လိုဟာမျိုးတွေပါပြီး ဘယ်လိုဟာမျိုးတွေကို ပြင်သင့်တယ်၊ တိုင်းပြည်ကို ဘယ်လောက် ထိခိုက်စေသလဲ၊ ပြည်သူလူထုကို ဘယ်လောက် ထိခိုက်နေသလဲ။ တိုင်းပြည်ရဲ့ စီးပွားရေးကို ဘာတွေ ထိခိုက်နေသလဲ၊ နိုင်ငံရေးကို ဘာတွေ ထိခိုက်နေသလဲ၊ ဒီလိုဟာမျိုး ကြီးကြီးမားမား အချက်တွေ ပေါ်လာလို့ရှိရင် ပြောလေ။ ရှိရင်တော့လည်း စဉ်းစားမှာပေါ့နော်။ အခု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒါမျိုးတွေ သိပ်မရှိပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မအူပင်မြို့မှာ ဖွဲ့စည်းပုံပြင်ဆင်ရေး ဟောပြောပွဲကျင်းပတဲ့ မတ်လ ၁၀ ရက်နေ့နဲ့ တိုက်ဆိုင်စွာပဲ ဧရာဝတီတိုင်း ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ၊ ဗိုလ်မှူးချုပ်ဟောင်း၊ စစ်အစိုးရလက်ထက် သစ်တောဌာန ၀န်ကြီးဟောင်း ၀န်ကြီးချုပ် ဦးသိန်းအောင်က ဖွဲ့စည်းပုံ မပြင်လိုဘူးလို့ မအူပင်မြို့မှာ ထုတ်ဖော်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းကုန်းမြို့က NLD ပါတီဝင်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (စ၊ ဃ) ပြင်ဆင်ရေးတို့ ဆန္ဒဖော်ထုတ်ခဲ့တဲ့ မေလ ၁၅ ရက်နေ့မှာပဲ ကြံ့ခိုင်ရေးပါတီကလည်း ဇလွန်မြို့မှာ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးကို လူ ၃ ထောင်ကျော်လောက်နဲ့ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ မဖြစ်အောင် ကန့်သတ်ထားတဲ့ပုဒ်မလို့ အငြင်းပွား ပြောဆိုနေကြတဲ့ ပုဒ်မ ၅၉ (စ) မပြင်ဖို့ ဆန္ဒပြတာတွေဟာ ယခင်က အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပေမယ့် မေလ ၁၅ ရက်နေ့မှာတော့ ဇလွန်မြို့နယ် ကြံ့ခိုင်ရေးပါတီက ဦးဆောင်ပြီး “အမျိုးမစစ်ရင် အမျိုးမချစ်ဘူး”၊ “အမျိုးစစ်မှ အမျိုးချစ်မည်”၊“အမျိုးဖျက်သူ အလိုမရှိ”၊ “ပြည်ထောင်စုသားစစ်စစ် ဒီမိုကရေစီပုဒ်မ၅၉ (စ) ကို ထောက်ခံသည်။”၊ “အမျိုးဘာသာ၊ သာသနာ တိုးတက်စေဖို့ ပုဒ်မ ၅၉ (စ)ကို ထောက်ခံစို့”၊ “မြန်မာ့ဒီမိုကရေစီ တိုးတက်စေဖို့ ယဉ်ကျေးမှုနှင့်အညီ ဆောင်ရွက်စို့” စတဲ့ ပိုစတာတွေ ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ဒီလုပ်ဆောင်မှုတွေဟာ မိမိတို့ NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုကို ကြံ့ခိုင်ရေးပါတီက အားပြိုင်လာခြင်းလို့ ယူဆကြောင်း ဧရာဝတီတိုင်း NLD ပါတီရဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးလင်းသူက ဧရာဝတီကို ပြောပါတယ်။

“အခုဟာက ပါတီ ၂ ခုမှာ တခုနဲ့တခု အားပြိုင်လာတဲ့သဘော ဖြစ်နေတာပေါ့။ ကျနော်တို့ဘက်မှာ အောင်မြင်နေတာတွေ ရှိနေတော့ မနာလိုတာတွေများ ပါနေမလားတောင် သံသယဖြစ်မိတယ်” လို့ သူက ပြောပါတယ်။

ဇလွန် ဆန္ဒဖော်ထုတ်ပွဲ မှားခြင်း၊ မှန်ခြင်းထက် ပြောင်းလဲလာတဲ့ ခေတ်စနစ်မှာ ၎င်းတို့ ဆန္ဒသဘောထားကို ဖော်ထုတ်ကြခြင်းသာ ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီရဲ့ တိုင်းကော်မတီဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဥာဏ်လင်းက ပြောပါတယ်။
“၅၉ (စ) က ပြည်သူလူထု ဆန္ဒနဲ့အညီ ဥပဒေနဲ့အညီပဲ ဆောင်ရွက်လိမ့်မယ် ထင်ပါတယ်။ ဆန္ဒဖော်ထုတ်ပွဲကလည်းပဲ သူတို့ဆန္ဒ၊ သူတို့ခံယူချက်နဲ့အညီ ဆန္ဒဖော်ထုတ်တယ်လို့ပဲ မြင်ပါတယ်။ မှားတယ်၊ မှန်တယ်ဆိုတာ တထစ်ချ ပြောလို့မရပါဘူး။ နိုင်ငံက ပွင့်လင်းလာတဲ့အချိန်မှာ မိမိ ထင်မြင်ယူဆချက်ကို ဖော်ထုတ်ပိုင်ခွင့်ရှိပါတယ်” လို့ သူက ပြောပါတယ်။
ဇလွန်မြို့က ဆန္ဒဖော်ထုတ်ပွဲဟာ တိုင်းကြံ့ခိုင်ရေးပါတီထံ သတင်းပို့ပြီး လုပ်ဆောင်တဲ့ပွဲဖြစ်ကြောင်း သိရပါတယ်။

ထူးခြားချက်ကတော့ ဇလွန်မြို့က ဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့သူအများစုဟာ ကိုယ့်သဘောနဲ့ကိုယ် ပါဝင်ဆန္ဒပြကြသူတွေ မဟုတ်ကြပါဘူး။ ဘုရားဆင်းတုတော်တွေ မဲဖောက်ပေးမယ်ဆိုလို့ ဇလွန်မြို့ပေါ်ကို ဘုရားပင့်ဖို့ တက်လာသူတွေကို ဇလွန်မြို့နယ် ကြံ့ခိုင်ရေးပါတီက ဆန္ဒပြပွဲထဲ ပါဝင်လမ်းလျှောက်စေခဲ့တာလို့ ကျုံခမွန်ကျေးရွာက ဒေသခံတဦးက ပြောပြပါတယ်။
“ဘုရားမဲဖောက်ပေးမယ်ဆိုလို့ လိုက်လာတာပါ။ ဇလွန်မြို့လည်းရောက်ရော ကြံ့ခိုင်ရေးပါတီက လူတွေက အချိုရည် တိုက်တယ်။ ပြီးတော့ လမ်းလျှောက် ဆန္ဒပြခိုင်းတယ်။ ဆန္ဒပြရမယ်လို့လည်း ကြိုမသိပါဘူး။ ဘာကိုဆန္ဒပြမှန်းလည်း မသိပါဘူး။ သူတို့ပေးတဲ့ စာရွက်ထဲကဟာ အော်ရမယ်ဆိုလို့ လိုက်အော်တာပါ” လို့ သူက ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီက ဘုရားဆင်းတုတော် အဆူ ၁၀၀၀ ကို လစဉ်မဲဖောက်ပြီး လှူပေးနေတာ ၄ ကြိမ် ရှိပြီဖြစ်ကြောင်း  သိရပါတယ်။
ဆန္ဒပြသူတွေထဲမှာ ရှေ့ဆုံးက ဦးဆောင်သူ လူ ၅၀၀ လောက်ကပဲ ကြံ့ခိုင်ရေးပါတီကဖြစ်ပြီး ကျန်တဲ့ ၂၅၀၀ လောက်ကတော့ ဘုရားပင့်ဖို့ လာတဲ့သူတွေဖြစ်တယ်လို့ ဇလွန်မြို့ခံတွေက ပြောပါတယ်။ ဆန္ဒပြပွဲထဲမှာ ယောဂီထမီ၊ အင်္ကျီအဖြူနဲ့ ၀တ်အသင်းသူတွေလည်း ပါဝင်လမ်းလျှောက် ဆန္ဒပြနေတဲ့ပုံတွေဟာလည်း Facebook လို လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပါတယ်။
“ဒီလိုမျိုး ပြည်သူကို လိမ်လည်ပြီး ဆန္ဒပြခိုင်းတာတွေက မဖြစ်သင့်တဲ့ ကိစ္စတွေပါ။ မလုပ်ကောင်းပါဘူး။ ဆန္ဒပြတယ်ဆိုတာ ရင်ဘတ်ထဲကလာတဲ့ အစစ်အမှန်ပဲ ကောင်းပါတယ်” လို့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးလင်းသူက ပြောပါတယ်။

ပုသိမ်ခရိုင်အတွင်းက ရေကြည်နဲ့ ငါးသိုင်းချောင်းမြို့က NLD ပါတီဝင်တွေက ဖွဲ့စည်းပုံပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊အတွက် ဒီတပတ်အတွင်း ဆန္ဒဖော်ထုတ်သွားဖို့ ပြင်ဆင်နေကြပြီး ဒါဟာ ဖွဲ့စည်းပုံ မပြင်ဆင်ရေးအတွက် တန်ပြန်ဆန္ဒပြမှုတွေ ရှိနေပေမယ့် NLD ပါတီဝင်တွေကတော့ ဖွဲ့စည်းပုံပြင်ပေးဖို့ ဆက်လက် တောင်းဆိုကြမယ့် အနေအထား ဖြစ်ပါတယ်။
ဒါ့အပြင် NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ဧရာဝတီတိုင်း အတွင်းမှာရှိတဲ့ လူတန်းစား အလွှာအသီးသီးက လက်မှတ်တွေ လိုက်လံကောက်ခံဖို့ ပြင်ဆင်နေပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ဖို့အတွက် လက်မှတ်ကောက်ခံမယ့် အစီအစဉ်ကို ဒီတပတ်အတွင်း စတင်ဖို့ ကျနော်တို့ ပြင်ဆင်နေပါပြီ။ လက်မှတ်တွေကို ပါတီဝင်တွေသာမက ပြည်သူလူထုတွေဆီကလည်း ကောက်ခံသွားမှာပါ။ ဧရာဝတီ တတိုင်းလုံး အနေအထားနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်မှတ်တွေ ကောက်မှာပါ” လို့ ပုသိမ်ခရိုင် NLD အတွင်းရေးမှူး ဦးကျော်ကျော်ဝင်းက ပြောပါတယ်။

ဒါဟာ NLD ပါတီအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးလှုပ်ရှားမှုကို ဧရာဝတီတိုင်းအတွင်း အရှိန်မြှင့်မယ့်သဘော ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ရေး၊ မပြင်ရေးကိစ္စမှာ မြန်မာပြည်ရဲ့ အင်အားအကြီးဆုံးပါတီ ၂ ခုဖြစ်တဲ့ NLD နဲ့ ကြံ့ခိုင်ရေး အားပြိုင်မှု ပြင်းထန်လာတာနဲ့အမျှ မတည်ငြိမ်မှုတွေနဲ့ အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်လို့ တွက်ဆထားသူတွေလည်း ရှိနေပါတယ်။

“ဖွဲ့စည်းပုံ ပြင်ရေး၊ မပြင်ရေးအားပြိုင်မှုတွေ ရှိလာရင် ထိုင်းမှာလို ရှပ်နီ၊ ရှပ်ဝါလိုမျိုး ဖြစ်လာနိုင်တယ်။ မလိုလားအပ်တဲ့ အဓိကရုဏ်းတွေလည်း ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်ခဲ့ရင် ဖြစ်နိုင်ချေ ၂ ခုရှိတယ်။ ဖွဲ့စည်းပုံ မပြင်ဆင်ရေးတွေ နေရာအနှံဆန္ဒပြပြီး အနိုင်ယူသွားမလား၊ အဲဒီလို ဆန္ဒပြလို့ လူထုအုံကြွမှုဖြစ်ရင် လုံခြုံရေး အခြေအနေအရ တိုင်းပြည်ကို အရေးပေါ်အခြေအနေ ပြဌာန်းပြီး အာဏာပြန်သိမ်းမလား။ ၂ ခုစလုံးကတော့ သူတို့အတွက် အမြတ်ချည်းပဲ” လို့ ပုသိမ်မြို့က နိုင်ငံရေးလေ့လာသူ ဦးသန်းဝင်းက ပြောပါတယ်။

ဖွဲ့စည်းပုံအတွက် အားပြိုင်နေကြတဲ့ ပါတီကြီး ၂ ခုဟာ ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲ ကျရင်လည်း ဧရာဝတီတိုင်းအတွင်းက မဲဆန္ဒနယ် ၂ ခုမှာ ပါတီဂုဏ်သိက္ခာအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကြဖို့ ရှိနေပါတယ်။

ဧရာဝတီ

ပုဒ်မ ၄၃၆ ပြင်ဆင်သင့်ကြောင်း လွှတ်တော်ကော်မတီဆုံးဖြတ်

section-305
 
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင် သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထား တဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်နေ့က ပြုလုပ် တဲ့ ကော်မတီအစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်ဖို့ခက်ခဲနေတဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်ကို ဒီမိုကရေ စီဘောင်အတွင်း ထည့်သွင်းနိုင်ရေး စတာတွေကို အကြိတ်အနယ် ဆွေးနွေးပြီးနောက် သဘောတူညီ ချက်တွေ ရရှိခဲ့တဲ့အကြောင်း ကော်မတီဝင် တစ်ဦးဖြစ် တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေး သားပါတယ်။

ကော်မတီက သဘောတူလိုက်ပေမဲ့ လွှတ်တော်မှာ နောက်ထပ်ဆောင်ရွက်စရာ အဆင့်တွေ အများကြီး ရှိနေသေးတဲ့အတွက် လက်ရှိအတည်ပြုပြောလို့ မရနိုင်သေးဘူးလို့ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” အစည်းအဝေးတွေကို လွှတ်တော်စတင်မယ့် မေလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကော်မတီအဖွဲ့ဝင်တဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးအောင်ကြည်ညွန့်ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာကို တဆက်တည်း နားဆင်နိုင်ပါတယ်။

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားတဲ့ အခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက ဆုံးဖြတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

နေပြည်တော်မှာ မေလ ၁၉ ရက်နေ့က ပြုလုပ်တဲ့ ကော်မတီအစည်းအဝေးမှာ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက ပြင်ဆင်ဖို့ခက်ခဲနေတဲ့ ပုဒ်မ (၄၃၆) ပြင်ဆင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းနိုင်ရေး စတာတွေကို အကြိတ်အနယ် ဆွေးနွေးပြီးနောက် သဘောတူညီချက်တွေ ရရှိခဲ့တဲ့အကြောင်း ကော်မတီဝင် တစ်ဦးဖြစ်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးကို ကိုးကားပြီး ဧရာဝတီသတင်းဌာနက ရေးသားပါတယ်။

ကော်မတီက သဘောတူလိုက်ပေမဲ့ လွှတ်တော်မှာ နောက်ထပ်ဆောင်ရွက်စရာ အဆင့်တွေ အများကြီး ရှိနေသေးတဲ့အတွက် လက်ရှိအတည်ပြုပြောလို့ မရနိုင်သေးဘူးလို့ ကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့   NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

အဖွဲ့ဝင် ၃၁ ဦးပါဝင်တဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီ” အစည်းအဝေးတွေကို လွှတ်တော်စတင်မယ့် မေလ ၂၈ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။

RFA

အာဏာသိမ်းတာမဟုတ်တဲ့ စစ်အုပ်ချုပ်ရေးနဲ့ ထိုင်းအခြေအနေ

 
ထိုင်းနိုင်ငံမှာ အင်္ဂါနေ့မနက် အစောပိုင်းကတည်းက စစ်တပ်က Martial Law စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်လိုက်ပေမဲ့ အာဏာသိမ်းတဲ့အဆင့်တော့ မဟုတ်ဘဲ နိုင်ငံထဲမှာ လပေါင်းများစွာ မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ထိန်းသိမ်းပေးဖို့ပဲ ဖြစ်တယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

အစိုးရနဲ့အတိုက်အခံ ဆန္ဒပြသူတွေအကြား ဖြစ်နေတဲ့ပြဿနာကို စစ်တပ်အနေနဲ့ ဘယ်ဘက်ကမှ မလိုက်ဘဲ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အထိ အခြေအနေကို ထိန်းသိမ်းသွားဖို့ ရည်ရွယ်တယ်ဆိုပေမဲ့ အမေရိကန်အပါအ၀င် ဒေသတွင်းနဲ့ အိမ်နီးချင်းနိုင်ငံတွေကလည်း စိုးရိမ်မကင်း စောင့်ကြည့်နေကြပါတယ်။ ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေနဲ့ တုံ့ပြန်ချက်တွေကိုတော့ ဦးသန်းလွင်ထွန်းက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံတ၀ှမ်း စစ်တပ်က အချက်အခြာကျတဲ့ နေရာတွေအားလုံး သိမ်းပိုက်ပြီး Martial Law စစ်အုပ်ချုပ်ရေးဥပဒေကို ကြေညာလိုက်ပေမဲ့ ထိုင်းပြည်သူတွေကတော့ ခပ်အေးအေးပဲ ရှိနေကြပါတယ်။ လပေါင်းများစွာ အစိုးရထောက်ခံသူ ရှပ်နီတွေနဲ့ ဆန္ဒပြသူ အတိုက်အခံ ရှပ်ဝါတွေအကြား ပဋိပက္ခတွေဖြစ်နေခဲ့အပြီး အခြေအနေကို ပြန်ထိန်းပေးနိုင်ဖို့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းပိုက်ခြင်း မဟုတ်ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha က အမိန့်ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ochaထိုင်းကာကွယ်ရေးဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး Prayuth Chan-Ocha

ထိုင်းဝန်ကြီးချုပ် Yingluck Shinawatra ကို တရားလွှတ်တော်ချုပ်အမိန့်နဲ့ ရာထူးကနေ ဖယ်ရှားခဲ့အပြီး ယာယီခန့်အပ်ထားခဲ့တဲ့ လက်ရှိ ၀န်ကြီးချုပ်ကိုလည်း နှုတ်ထွက်ပေးစေဖို့ အတိုက်အခံတွေက ကြိုးစားနေတာပါ။ ထိုင်းအထက်လွှတ်တော် အမတ်တချို့နဲ့ ဆန္ဒပြသူတွေက ရွေးကောက်ပွဲမတိုင်မီ ဒီအစိုးရနဲ့မသက်ဆိုင်တဲ့ နောက်ထပ် သီးသန့် ၀န်ကြီးချုပ်တစ်ဦး ခန့်အပ်ပေးဖို့ တောင်းဆိုနေတာကို ယာယီဝန်ကြီးချုပ်က ယတိပြတ် ငြင်းပယ်လိုက်အပြီး စစ်တပ်က အခုလို ကြားဝင် ဆောင်ရွက်လာတာပါ။ ဘန်ကောက်မြို့တော်ထဲမှာ ဆန္ဒပြနေတဲ့ အစိုးရထောက်ခံတဲ့ ရှပ်နီတွေရဲ့စခန်းမှာ အခြေအနေက ခပ်အေးအေးပဲ ရှိနေပါတယ်။

“ဆန္ဒပြသူတွေအားလုံးကို လောလောဆယ် တည်တည်ငြိမ်ငြိမ် ရှိကြဖို့ပဲ ကျနော်တို့ တိုက်တွန်းထားပါတယ်။ အဆင်သင့်အနေအထားနဲ့ သတင်းတွေကို စောင့်ကြည့်နေမှာပါ။”

ရှပ်နီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Korkaew Pikulthong က အခုလို ပြောခဲ့သလိုပဲ မြို့ထဲ တခြားတနေရာမှာ စခန်းချနေတဲ့ ရှပ်ဝါဆန္ဒပြသူတွေဘက်မှာလည်း ထူးထူးခြားခြား တက်ကြွလာမှုတွေ မရှိပါဘူး။ ယာယီအစိုးရ နှုတ်ထွက်ပေးရေးအတွက် ရည်ရွယ်တဲ့ ဆန္ဒပြချီတက်ပွဲတခုကိုလည်း ဖျက်သိမ်းပြီး အခြေအနေကို စောင့်ကြည့်နေပါတယ်လို့ ရှပ်ဝါခေါင်းဆောင်တစ်ဦးက ဆိုပါတယ်။

နှစ်ဘက်စလုံးမှာ လက်နက်ကိုင်တွေလည်းရှိနေပြီး နိုင်ငံရေးအရလည်း မလျှော့တမ်း တင်းမာနေကြတာမို့ ပြီးခဲ့တဲ့အပတ်အတွင်းမှာလည်း သွေးထွက်သံယို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းစစ်တပ်က လုံခြုံရေးအတွက် ၀င်ပြီး ဆောင်ရွက်ရတာလို့ ဘန်ကောက်မြို့ ပုဂ္ဂလိက ရုပ်မြင်သံကြားဌာနတွေကို ၀င်ရောက်စီးနင်းပြီး ထုတ်ပြန်ခဲ့တဲ့ စစ်တပ်ရဲ့ ကြေညာချက်တွေမှာ ဖော်ပြထားပါတယ်။ ထိုင်းနိုင်ငံရေးသုံးသပ်သူ Thitinan Pongsudhirak ကတော့ -

“စစ်တပ်ရဲ့အခုလို အခန်းကဏ္ဍနဲ့ပဲ နိုင်ငံရေးက ရှေ့ဆက်တိုးသွားတော့မယ့် အခြေအနေ၊ Martial Law စစ်အုပ်ချုပ်ရေးဥပဒေထုတ်တာနဲ့ စစ်အာဏာသိမ်းတာ မတူတဲ့အတွက် အခုလောလောဆယ်မှာ စစ်တပ်ဟာ နှစ်ဘက်စလုံးကို မျှအောင် ထိန်းပေးတဲ့သဘော ရှိပါတယ်။ တဘက်ကိုကူရင်လည်း နောက်တဘက်က ဆန္ဒပြမှာမို့ ဒါကို သူတို့ လိုလားပုံမရပါဘူး။ ဥပဒေစိုးမိုးရေး၊ ငြိမ်ဝပ်ပိပြားရေးပဲ အာရုံစိုက် လုပ်ဆောင်ပေးသွားမယ် ဆိုရင်တော့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၆ လလုံးလုံး ဖြစ်နေခဲ့တဲ့ ပြဿနာတွေကို ပြေလည်ဖို့ လမ်းစရောက်နိုင်ပါလိမ့်မယ်။”

အလားတူပဲ စစ်တပ်အနေနဲ့ အစောပိုင်းကတည်းက အခုလိုဝင်ပြီး ဆောင်ရွက်သင့်တယ်လို့ မြင်တဲ့သူတွေလည်း ရှိပါတယ်။ ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေကို အစောကြီးကတည်းက ၀င်ပြီး ထိန်းသိမ်းပေးသင့်တယ်လို့ ဘန်ကောက်ရုံးအမှုထမ်းတစ်ဦးက ပြောပါတယ်။

အခုမှပဲ စိတ်သက်သာရာရသွားတယ်လို့ ပြောသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုအနေနဲ့က ထိုင်းနိုင်ငံရဲ့အခြေအနေကို စိုးရိမ်မကင်း စောင့်ကြည့်နေတယ်လို့ နိုင်ငံခြားရေးဌာန ကြေညာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။ ဒေသတွင်းက သြစတြေးလျနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Julie Bishop ကလည်း -

“ထိုင်းဝန်ကြီးချုပ်ကို တရားလွှတ်တော်ချုပ်အမိန့်နဲ့ ဖယ်ရှားခဲ့ပြီးကတည်းက အခြေအနေကို စောင့်ကြည့်နေတာပါ။ ထိုင်းဘုရင့်တပ်မတော်အနေနဲ့ အခု စစ်အုပ်ချုပ်ရေးဥပဒေထုတ်ပြန်ပြီး နောက်ပိုင်း ဘာဆက်လုပ်မလဲဆိုတာကို စောင့်ကြည့်နေရပါတယ်။”

အာဆီယံအဖွဲ့ဝင်နိုင်ငံတခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက နိုင်ငံခြားရေးပြောခွင့်ရပုဂ္ဂိုလ် Charles Jose ကတော့ -

“ထိုင်းနိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်လို့ မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်အရဆိုရင် အခြေအနေတွေကို အေးအေးချမ်းချမ်းနဲ့ ဒီမိုကရေစီနည်းလမ်းကျ ဆွေးနွေးဖြေရှင်းသွားတာမျိုးကိုပဲ မြင်ချင်ပါတယ်။ ထိုင်းပြည်သူတွေ လိုလားတဲ့အတိုင်း အခြေအနေတွေ ပုံမှန်ဖြစ်သွားစေဖို့ ဖိလစ်ပိုင်နိုင်ငံက မျှော်လင့်ပါတယ်။”

ဒီနေ့မနက်အစောပိုင်းကမှ ရုတ်ချည်းဖြစ်ပေါ်လာတဲ့ အခြေအနေဖြစ်တဲ့အတွက် ထိုင်းနိုင်ငံအတွင်း ပြည်တွင်းမှာရော၊ ပြည်ပမှာပါ အခြေအနေတွေကို စောင့်ကြည့်နေကြဆဲ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရေး နောက်ဆုံးအခြေအနေတွေကို ဦးသန်းလွင်ထွန်း စုစည်းတင်ပြပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို ထိုင်းနိုင်ငံမှာ စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်လိုက်တဲ့အပေါ်မှာ ထိုင်းနိုင်ငံမှာနေထိုင်ပြီး အရင် စစ်အုပ်ချုပ်ရေးဥပဒေ ကြေညာမှုတွေကို သိနေခဲ့သူတချို့ရဲ့ အမြင်တွေကိုတော့ မဆုမွန်က တဆက်တည်း စုစည်းတင်ပြထားပါတယ်။

မေလ ၂၀ ရက်နေ့ မနက်လင်းအားကြီးမှာပဲ ထိုင်းစစ်တပ်ဘက်က စစ်အုပ်ချုပ်ရေးဥပဒေကို အရေးပေါ် ကြေညာလိုက်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံတွင်း စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပေမဲ့လို့ ဘန်ကောက်မြို့တွင်းမှာတော့ အခြေအနေဟာ တည်တည်ငြိမ်ငြိမ် အနေအထားမှာပဲ ရှိနေတယ်လို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ဦးမျိုးနိုင် က ပြောပြပါတယ်။

“သူကြေညာတာကတော့ ဒီထိုင်းစစ်တပ် channel 5 လေ အဲ့ဒီကနေပဲ ကြေညာသွားတာ။ အဲ့လိုကြေညာတဲ့အချိန်မှာ သူက ဘာလုပ်ထားလဲဆိုတော့ ကျန်တဲ့လိုင်းတွေအားလုံးကို သူ ပိတ်ထားတယ်။ ပြီးတော့မှ သူက ပြန်ဖွင့်တာ။ ဘန်ကောက်မြို့ကတော့ အေးအေးဆေးဆေးပဲ။ ပုံမှန်အတိုင်းပဲ။ ကျနော်တောင်မှ အခုက ဗမာပြည်သွားမလို့ လေဆိပ်ကိုသွားတာလေ။ လမ်းတလျှောက်လုံး အေးအေးဆေးဆေးပဲ။ ဘာမှကို မဖြစ်တာ။ တက္ကစီလည်း ငှားလို့ရတယ်။ သူ့ဟာနဲ့သူပဲ။ Martial Law ထုတ်လို့ဆိုပြီး လူတွေရဲ့ စိတ်ထဲမှာ tension မရှိဘူး။ ပုံမှန်ပဲ။”

ထိုင်းနိုင်ငံသမိုင်းတလျှောက် သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ စည်းမျဉ်းခံဘုရင်စနစ် ပြောင်းလဲခဲ့တဲ့ ၈၁ နှစ်တာ ကာလအတွင်းမှာပဲ ထိုင်းစစ်တပ်ဘက်က နိုင်ငံရေး မတည်မငြိမ်ဖြစ်လာတိုင်း အာဏာသိမ်းမှုပေါင်း (၁၈) ကြိမ်လောက် လုပ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီတကြိမ်မှာ စစ်တပ်က အာဏာသိမ်းတာ မဟုတ်ဘူး၊ စစ်အုပ်ချုပ်ရေး ကြေညာတာ သပ်သပ်ပါလို့ ပြောခဲ့တဲ့အပေါ် ထိုင်းနိုင်ငံရေးသုံးသပ်သူ ဦးဂါမဏိက နိုင်ငံတကာကို အပြကောင်းအောင် လုပ်တာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

“နိုင်ငံတကာနဲ့ လူထုကို နာမည်လေးတွေနဲ့ ဒါကတော့ ကစားတဲ့ပုံစံပဲ ဖြစ်မှာပါ။ အခုက အာဏာသိမ်းတာ မဟုတ်ဘူးဆိုတဲ့ သဘောက နိုင်ငံရေးသမားတွေရဲ့ အခန်းကဏ္ဍတွေကတော့ ရှိဦးမယ်ဆိုတဲ့ သဘောမျိုးတော့ ပါနေတယ်လို့ ထင်တယ်လေ။ အာဏာသိမ်းတယ်ဆိုရင်တော့ နိုင်ငံရေးအရ ဘာမှကို မလုပ်ရတော့ဘူးပေါ့။ အခုကတော့ အာဏာသိမ်းတာ မဟုတ်ဘူးဆိုတော့ အခန်းကဏ္ဍကတော့ ရှိနေတယ်လို့ သူတို့က အဲ့လိုထားတဲ့သဘောပဲ။ သူတို့စီးပွားရေးတွေကို ထိန်းဖို့အတွက် လုပ်လာရတဲ့အခြေအနေလို့ ထင်တယ်လေ။ ဒါကလည်း ကြာနေပြီ၊ ပြီးတော့ သူတို့ ကမ္ဘာလှည့်ခရီးသည်တွေဆို အရေအတွက်က တော်တော်ကို ကျနေပြီ။ အခုက ယင်းလတ်ပြုတ်သွားပေမဲ့ အ၀ါတွေက ဆက်ပြီးတော့ လုပ်နေတာကိုး။ အဲတော့ အနီတွေကလည်း ယင်းလတ်ပြုတ်တော့ တော်တော်ကို မခံနိုင်ဖြစ်ပြီးတော့ ပြန်လုပ်နေတာတွေ ရှိတာကိုး ဆန္ဒပြတာမျိုးတွေ၊ အဲတော့ ဒီဟာတွေကို သူတို့က တတ်နိုင်သလောက် ၀င်ထိန်းနေတယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျနော်ထင်တာတော့ သိပ်ပြီးတော့ မလွယ်ဘူးထင်ပါတယ် အခြေအနေက။ သူတို့ကလည်း ဗမာပြည်လောက် ကြမ်းကြမ်းတမ်းတမ်းကြီးကလည်း လုပ်တာမဟုတ်ဘူးဆိုတော့။ ကျနော်ထင်တာတော့ ဆက်ပြီးတော့ ပြဿနာက ရှိဦးမယ်ထင်တယ်။”

ထိုင်းနိုင်ငံရေး မတည်ငြိမ်မှု ဖြစ်နေတဲ့အချိန် အခု စစ်အုပ်ချုပ်ရေး ကြေညာတဲ့အချိန်မှာတော့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေကို ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ လေးစားလိုက်နာဖို့ လိုတယ်လို့ ထိုင်းနိုင်ငံ မြန်မာသံရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံသားတွေက ဒီထိုင်းနိုင်ငံထဲမှာ ဆန္ဒပြတဲ့နေရာတွေကို မသွားဖို့၊ လုံခြုံရေး သတိပြုဖို့ ဘာညာဆိုပြီး ထုတ်ထားပါတယ်ခင်ဗျ။ အခုကတော့ သူ့ထိုင်းနိုင်ငံအတွင်းမှာလေ တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးအတွက် သူ့ ထုတ်ထားတော့ ကျနော်တို့ဆီက ဘာများထပ်ထုတ်ဖို့ လိုပါသေးလဲခင်ဗျ။ စစ်အုပ်ချုပ်ရေးတော့ မဟုတ်ဘူးထင်ပါတယ်။ သူတို့ပြောတာ။ Martial Law လေ ဟို တရားဥပဒေစိုးမိုးဖို့အတွက် သူက အမိန့်ထုတ်ထားတာ။ အရင်တုန်းက မငြိမ်မသက်ဖြစ်နေတော့ အခု သူတို့က တရားဥပဒေစိုးမိုးအောင်လေ တည်ငြိမ်အေးချမ်းအောင် သူတို့ အစိုးရကနေ ဆောင်ရွက်နေတာပါ။ ကျနော်တို့ကတော့ အိမ်ရှင်နိုင်ငံရဲ့ ဥပဒေအတိုင်း ညွှန်ကြားချက်တွေအတိုင်း သေသေချာချာ လိုက်နာရမယ့် တာဝန်ရှိတာပေါ့။”

ထိုင်းနိုင်ငံတဝှမ်းမှာ လက်ရှိအစိုးရနဲ့ အတိုက်အခံကြား ထိုင်းနိုင်ငံရေးလှုပ်ရှားမှုတွေ အရှိန်မြင့်တက်လာတဲ့အချိန် ထိုင်းစစ်တပ်က အခုလို စစ်အုပ်ချုပ်ရေး ဥပဒေ Martial Law ထုတ်ပြန် ကြေညာလိုက်ချိန်မှာတော့ အနာဂတ် ထိုင်းနိုင်ငံရေး ပြဿနာ ပြေလည်သွားနိုင်မယ်လို့ အာမခံချက်ကတော့ မရေမရာ ဖြစ်နေဆဲပဲလို့ သုံးသပ်ကြပါတယ်။ 

VOA

အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးအတွက် ဒါရိုက်တာမိုက်တီး လှုပ်ရှားဆောင်ရွက်မည်


ဒါရိုက်တာမိုက်တီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးအတွက် ပါဝင်ဆောင် ရွက်သူ ၁၅ ဦး ပြည့်ပါက ၎င်းတို့၏ဆန္ဒသဘောထားများ ကောက်ယူပြီး တတ်နိုင်သည့်ဘက်မှနေ၍ စည်း ရုံးလှုံ့ဆော်မှုများ ပြုလုပ်သွားမည်ဟု မဇ္ဈိမသို့ပြောသည်။
 
“ဒီကိစ္စက တစ်ဦး တစ်ယောက်တည်းလုပ်ရင် အကောင်အထည် ဖော်ဆောင်နိုင်ဖို့က မလွယ်ကူပါဘူး။ အားလုံးပါဝင်မှဖြစ်မယ်လို့ ယူဆပါတယ်။ အားလုံးလည်း ပါဝင် သင့်ပါတယ်” ဟု ၎င်းက ပြောသည်။
ဒါရိုက်တာမိုက်တီးသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲနိုင်ရေးနှင့် စည်းရုံးလှုံ့ဆော် မှုများ ပြုလုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ဦးစွာစတင် အကောင် အထည် ဖော်နိုင်ရန် လိုအပ်သည်ဟု ပွင့်လင်းစွာပြောသည်။
 
ယင်းဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် ထောက်ခံသူများကို ဦးစွာ စုဆောင်းပြီး ၎င်းတို့၏ဆန္ဒ သဘောထားများကို တောင်းခံစည်းရုံးလှုံ့ဆော်ကာ တိုင်ပင်ဆွေးနွေးသွားမည် ဖြစ်သည်။ ပါဝင်လာသည့် စည်းရုံးလှုံ့ဆော်သူများနှင့် ရှေ့ဆက်ပြီးဆောင်ရွက်သွားမည့် အကြောင်းအရာများကို အတူဆွေးနွေးကာ ကဏ္ဍပေါင်းစုံ၊ အလွှာပေါင်းစုံမှ လူများကိုလည်း စည်းရုံးလှုံ့ဆော်မှုများနှင့် ဆန္ဒတောင်းခံမှုများကိုလည်း ထပ်မံပြုလုပ်သွားမည် ဖြစ်သည်။

ယင်းစည်းရုံးလှုံ့ဆော်မှုများကို ပြုလုပ်နိုင်ရန် လက်ရှိတွင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိ သေးသော်လည်း ဆောင်ရွက်မည်ဆိုပါက မီဒီယာကို အသိပေးကာ တောင်းခံမှု များပြုလုပ် သွားမည် ဖြစ်သည်။
 
ဒါရိုက်တာမိုက်တီးသည် ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများကို အများအပြား ရိုက်ကူးခဲ့ပြီး ၂၀၁၃ ခုနှစ်တွင်ဇာတ် ကားရိုက်ကူးမှုများ ငြီးငွေ့သွားသည့်အတွက် စတင်အနားယူခဲ့သော်လည်း နောက်ပိုင်းတွင် ဆက်လက် ရိုက်ကူးခြင်း ရှိ၊ မရှိကို သေချာမပြောနိုင်ဟု ပြောသည်။

Mizzima - News in Burmese