မဟာသက္ကရာဇ် ၆၈ ခု (၆၂၈ ဘီစီ) ကဆုန်လပြည့် သောကြာနေ့
ဒေဝဒဟပြည်အနီး လုမ္ပိနီဥယျာဉ်တွင် ဘုရားအလောင်း သိဒ္ဓတ္ထကို မယ်တော် မာယာဒေဝီ ဖွားတော်မူစဉ်
(ဘုရားလောင်းသည် ဖွားလျှင်ဖွားခြင်းပင် မတ်တပ်ရပ်ကာ ခြေခုနှစ်လှမ်း လှမ်းတော်မူပြီး
"ငါသည် တစ်လောကလုံးထက် မြတ်၏"
ဟု ကြုံးဝါးတော်မူသည်။ ဘုရားအလောင်းတော်နှင့်အတူ ယသော်ဓရာမင်းသမီး၊ ညီတော် အာနန္ဒာ၊ ကာဠုဒါယီ အမတ်၊ ဆန္ဒအမတ်၊ ကဏ္ဍကမြင်းတော် နှင့် ရွှေအိုးကြီးလေးလုံး စသော ဖွားဘက်တော်ခုနှစ်ဦးပါ ဖွားတော်မူသည်။)

ဖွားမြင်ပြီး ငါးရက်မြောက် ပုဏ္ဏား ခုနှစ်ယောက်အနက်မှ အငယ်ဆုံး ကောဏ္ဍညပုဏ္ဏားမှ သိဒ္ဓတ္ထမင်းသားအား ဘုရားရှင် ဧကန်စင်စစ် ဖြစ်လိမ့်မည်ဟု အလောင်းတော်မင်းသားလေး၏ လက္ခဏာကို ဖတ်ရှုဟောတော်မူစဉ်
သိဒ္ဓတ္ထမင်းသား သက်တော် ၁၆နှစ်သို့ရောက်သောအခါ ယသော်ဓရာဒေဝီနှင့် ထိမ်းမြား၍ နွေ၊ မိုး၊ ဆောင်း သုံးဥတုရာသီတွင် ရာမ္မ၊ သုဘ၊ သုရာမ္မ ခေါ်သော နန်းသုံးဆောင်၌ မောင်းမမိဿံများနှင့် စံစားစဉ်
ဂေါတမနွယ်ဖွားဖြစ်သော သိဒ္ဓတ္ထဂေါတမမင်းသား သက်တော်၂၈တွင် သူအို၊ သူနာ၊ သူသေ နှင့် ရဟန်း စသော နမိတ်ကြီးလေးပါးတွေ့စဉ်
သိဒ္ဓတ္ထမင်းသား တောမထွက်မှီ ယသော်ဓရာ နှင့် သားတော် ရာဟုလာကို မြင်တွေ့ရှုမြင်စဉ်

ရွှေခွက်ဖြင့် ထည့်တားသော ဃနာနို့ဆွမ်းကို ကပ်လှုစဉ်

(အချို့သော ဗုဒ္ဓစာပေများတွင် ဗြဟ္မာကြီးလေးပါး လာရောက်လှုတန်းသော မြသပိတ်လေးလုံး ဆင့်ထားသော သပိတ်ဟုဆိုထားသည်။)

အရှောင့်ဖြင့်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်
မုစလိန္ဒသတ္တာဟ ခုနှစ်ရက်စံစားတော်မူစဉ်

(တစ်ဆယ့်ရှစ်ကုဋေသော ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတာပန်တည်သည်။)

"ချစ်သားရဟန်းတို့ ရဟန်းမှန်က သူတစ်ပါးကို မညှဉ်းဆဲရ။ မကောင်းမှု မပြုအပ်ရ။ ကုသိုလ်ကောင်းမှုကိုသာ ပြုအပ်သည်။ မိမိစိတ်ကို စင်ကြယ်စွာ ထားအပ်သည်"
ဟု ဟောတော်မူစဉ်

(ပေါက္ခရဝဿမိုးဆိုသည်မှာ စိုစွတ်စေလိုသူသာ စိုစွတ်၍ မစိုစွတ်လိုသူကို မစိုစွတ်စေသောမိုး ဖြစ်သည်။)

0 comments:
Post a Comment