28 Oct 2011

သံဝေဂ ၂


မအိုချင်သေး..ပျိုချင်သေးလည်း...
အိုဘေး ရောက်တော့....
ပျိုဆေးသောက်လည်းမရပြီ၊
မနာချင်သေး...သာချင်သေးလည်း...
နာဘေးရောက်တော့...
ဘာဆေးသောက်သောက် မရပြီ၊
မသေချင်သေး..နေချင်သေးလည်း...
သေဘေး ရောက်တော့...
ဖြေဆေးသောက်လည်းမရပြီ၊
သြော်......
အနိစ္စ ကို နိစ္စ ထင်
ဒုက္ခ ကို သုခ ထင်
အနတ္တ ကို အတ္တ ထင်
အကန်းမြင် ဒီဘဝ
မအားသေးပါ အရွယ်ဆ
တရားဆေးသာ မကယ်က
အမှားလေးရွာ အပါယ်ကျ။

0 comments:

Post a Comment