24 Apr 2014

People မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆုကို ရရှိသွားခဲ့တဲ့ Lupita Nyong’o


 
မေသော် on 2014-04-24 11:57

12 Years a Slave ဇာတ်ကားနဲ့ အော်စကာဆုပေးပွဲမှာ ဆုရရှိခဲ့သူ Lupita Nyong’o ကတော့ People မဂ္ဂဇင်းက ပြုလုပ်တဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီး ရွေးချယ်မှုမှာ နံပါတ်တစ်ရသွားခဲ့ပါတယ်။ အသက် ၃၁နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Lupita Nyong’o ဟာ ကင်ညာဒေသမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လတ်တလော အောင် မြင်မှုတွေ ပိုက်ထွေးထားတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။
 
 
 ခုလို ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် သူမက ‘ခုလိုရွေးချယ်ခံရခြင်းအတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်။ အလှအပဆိုတာ တီဗီမှာမြင်မြင်နေရတဲ့ အသားဖြူဖြူ၊ ဆံပင်ဖြောင့်ဖြောင့် စင်းစင်း ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားခြင်းလို့ သိလိုက်ရသလိုပါပဲ။ အမေကတော့ ကျွန်မကို လှတယ်ဆိုပြီး အမြဲပြောတယ်။ ခုတော့ အမေပြောတာကို နည်းနည်းယုံရတော့မှာပေါ့’တဲ့။




 
အရင်နှစ်က ကမ္ဘာ့အလှဆုံးအမျိုးသမီးဆုကို Gwyneth Paltrow ကရရှိသွားခဲ့ပြီး ဒီနှစ်မှာတော့ Lupita Nyong’o က ပြိုင်ဘက်တွေဖြစ်တဲ့ Amber Heard၊ Jenna Dewan-Tatum နဲ့ Kerry Washington တို့ကို ကျော်ပြီး ဒီဆုကို ရရှိသွားခဲ့တာပါ။

Ref:starpulse.com
Trend Myanmar


0 comments:

Post a Comment