30 May 2014

ဟာသပြဇာတ်

 
လျှော့ကြ လျှော့ကြ
ထမင်းတစ်နပ်လျှော့ ဘဝကိုဖော့လိုပေါ့ပေးလိုက်ကြ ။

အားအင်ဖေါင်းမို့လာအောင်
နွားနိုသုံးဆောင်ပါ မိတ်ဆွေတို့ ။

ကျုပ်တို့ရဲ့ တန်ဘိုးဟာ
တစ်ရက်နှစ်ထောင်တန်တာခုမှသိတယ်
ဒါလည်း မဖြစ်မနေကျေးဇူးတင်ရမယ်
ရွှေမြန်မာတွေ ဈေးခပ်ပေါပေါ
ကမ္ဘာကျော်ဖို့ ထပ်မပြောရဲဘူး ခင်ဗျာ ။

လာပါ လာပါ လာကြပါ
ကျုပ်တို့အားလုံးရဲ့ရေ့မှာ
အရာရာ လမ်းပြပေးနိုင်တဲ့ခေါင်းဆောင်
တစ်နေ့နှစ်ထောင်ဆိုတာ စအော်နေပါပြီ
မရီ(ရယ်)နဲ့ မဟားနဲ့
အားကိုးဖို့သင့်သည်
ညီညီစီတန်းလို့ လိုက်ကြစမ်းပ
အားရကျေနပ်စရာပါလေ ။ ။

#နောင်မင်းခိုင်

0 comments:

Post a Comment