25 Apr 2014

ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာတဦးပါဝင်


 
ပုဒ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာလည်း ၂၀၁၄ အတွေးအခေါ်ပညာရှင် ၅၀ မှာ နံပါတ် ၅ နေရာ ရရှိသွားပါတယ်။ (Credit: Reuters)

ဗြိတိန်နိုင်ငံထုတ် ​Prospect ​မဂ္ဂဇင်းရဲ့ ​၂၀၁၄ ​ခု ​ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ ​World ​Thinker ​2014 ​အယောက် ​၅၀ ​မှာ ​မြန်မာနိုင်ငံက ​ဒေါက်တာ ​သန့်မြင့်ဦးကို ​ရွေးချယ်လိုက်တယ်လို့ ​သိရပါတယ်။

လက်ရှိ ​ကမ္ဘာမှာ ​ကြုံတွေ့နေရတဲ့ ​စီးပွားရေး၊ ​လူမှုရေး၊ ​နိုင်ငံရေး၊ ​ဖွံ့ဖြိုးရေးဆိုင်ရာ ​အခက်အခဲတွေ ​ဖြေရှင်း တဲ့ ​နေရာမှာ ​ပါဝင်ကူညီနေတဲ့ ​တွေးခေါ်သူ ​အယောက် ​၅၀ ​ကို ​နှစ်စဉ်ရွေးချယ်တဲ့ ​နေရာမှာ ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​နံပါတ် ​၁၅ ​နေရာမှာ ​ရွေးချယ် ​ဖော်ပြခံခဲ့ရတာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်က ​သူရေးသားတဲ့ ​Where ​China ​Meets ​India: ​Burma ​and ​the ​New ​Crossroads ​of ​Asia ​စာအုပ်ဖြစ်တဲ့ ​မြန်မာနိုင်ငံဟာ ​အာရှ ​မဟာအင်အားကြီး၂ ​နိုင်ငံဖြစ်တဲ့ ​တရုတ်နဲ့ အိန္ဒိယကြား ​ရောက်နေချိန် ​ဆိုတဲ့ ​သူရဲ့တွေးခေါ်ရေးသားမှုတွေ ​ဟာ ​မြန်မာလူ့အဖွဲ့ ​အစည်းအတွက် ​အကျိုးရှိစေခဲ့တယ်လို့ ​ဆိုပါတယ်။

သမိုင်းပညာရှင် ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​မြန်မာငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်မှာ ​အစိုးရရဲ့ ​အထူးအကြံပေး တဦးဖြစ်ပြီး ​ရန်ကုန်မြို့ပြ ​အမွေအနှစ် ​ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ​ဥက္ကဌ ​ဖြစ်တဲ့အပြင် ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးဟောင်း ​ဦးသန်းရဲ့ ​မြေးလည်း ​ဖြစ်ပါတယ်။

ပထမနံပါတ် ​၁ ​နေရာ ​ရရှိသွားသူကတော့ ​၁၉၉၈ ​ခုနှစ်က ​စီးပွားရေး ​နိုဘယ်လ်ဆုရရှိခဲ့တဲ့ ​လက်ရှိ ​အမေရိကန်နိုင်ငံ ​ဟားဗက်ဒ် ​တက္ကသိုလ်က ​ပါမောက္ခ ​ဖြစ်သူ ​အိန္ဒိယ​စီးပွားရေးနဲ့ ​အတွေးအခေါ်ပညာရှင် ​Amartya ​Sen ​ဖြစ်ပါတယ်။

 
ABC Radio Australia




ဧပြီ ၂၆ ရက် မိုးလေ၀သ ခန့်မှန်းချက် (ဒေါက်တာထွန်းလွင်)

 
ဧပြီ ၂၅ ရက်နေ့ မနက် ၇း၃၀ နာရီအချိန် ဖမ်းယူရရှိထားတဲ့ တိမ်ပုံအရ ကပ္ပလီ ပင်လယ်ပြင်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။

မြန်မာနိုင်ငံပေါ်မှာကတော့ အရှေ့ပိုင်းနဲ့ တောင် ပိုင်းဒေသတွေမှာ တိမ်အသင့်အ တင့် ဖြစ်ထွန်းနေပြီး ကျန်ဒေသတွေမှာ တိမ်အနည်း ငယ်ဖြစ်ထွန်းနေပါတယ်။

ဧပြီ ၂၆ ရက်နေ့

မြန်မာ့ပင်လယ်ပြင် အခြေအနေခန့် မှန်းချက် မြန်မာ့ကမ်းရို တန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအနည်းငယ်သာရှိနိုင်ပါတယ်။ ရခိုင်ကမ်းရိုးတန်းတလျှောက်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း တလျှောက် မှာ လှိုင်းအမြင့် ၂ ပေကနေ ၃ ပေလောက်ရှိနိုင်ပြီး ကျန်ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် ၁ ပေလောက် ရှိနိုင်ပါတယ်။

အပူရှိန်မြင့်တက်နိုင်မှုကတော့ ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ အရင်နေ့တွေထက် အနည်းငယ်ကျဆင်းနိုင်ပေမယ့် လွန်ကဲအဆင့်ဖြစ်တဲ့ အညွှန်းကိန်းတန်ဖိုး ၁၁ အောက် မရောက်နိုင်သေးဘူးလို့ ခန့်မှန်းထားပါတယ်။

ခရမ်းလွန်ရောင်ခြည်မြင့်တက်မှုတွေဟာ တောင်ကြီးမြို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အမြင့်ဆုံးဖြစ်ပြီး အညွှန်းကိန်းတန်ဖိုး ၁၄.၁ အထိမြင့်တက်နိုင်ပါတယ်။ မြစ်ကြီးနားမှာကတော့ ခရမ်းလွန်ရောင်ခြည်အနည်းဆုံးဖြစ်ပြီး ၁၁.၃ အထိရှိနိုင်ပါတယ်။ ကျန်မြို့တွေမှာတော့ အညွှန်းကိန်းတန်ဖိုး ၁၂ ကနေ ၁၃ ကျော် မြင့်တက်နိုင်ပါတယ်။

ခရမ်းလွန်ရောင်ခြည် မြင့်တက်မှုတွေဟာ လွန်ကဲအဆင့်ကနေ ဆက်လက်ကျဆင်းခြင်း မရှိနိုင်သေးတဲ့အတွက် မနက် ၁၁ နာရီကနေ နေ့လယ် ၂ နာရီအတွင်း နေပူထဲကို တတ်နိုင်သလောက် မသွားလာကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

နေ့အပူချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်ဒေသတွေမှာ နေ့အပူချိန် ၃၂ ဒီဂရီစင်တီဂရိတ်ကနေ ၃၅ ဒီဂရီစင်တီဂရိတ်ခန့် ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့ တိုင်းတွေမှာ ၃၆ ဒီဂရီစင်တီဂရိတ်ကနေ ၄၄ ဒီဂရီစင်တီဂရိတ် ခန့်ရှိနိုင်ပါတယ်။

မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုကတော့ မကွေးတိုင်းတောင်ပိုင်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းမြောက်ပိုင်း၊ ရန်ကုန်တိုင်းတို့မှာ ၂၅ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းလောက် သေချာမှုရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းမှာ မိုးတိမ်တောင် ဖြစ်ပေါ်နိုင်မှု မရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။

မိုးရွာသွန်းနိုင်မှု ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်တောင် ပိုင်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းတောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း မြောက်ပိုင်းတို့မှာ ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက်ရှိနိုင်ပါတယ်။ ကျန်ပြည်နယ်နဲ့တိုင်းတွေမှာတော့ အများအားဖြင့် သာယာနိုင်ပါတယ်။

မိုးရေချိန်ခန့်မှန်းချက်ကတော့ ကချင်ပြည်နယ်မြောက်ပိုင်းစွန်း၊ မန္တလေးတိုင်းတောင်ပိုင်း၊ မကွေးတိုင်းတောင်ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္လာရီတိုင်း ၂၄ နာရီအတွင်း မိုးရေချိန် ၂ မီလီမီတာမှ ၁၀ မီလီမီတာလောက် မိုးရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မြို့တော်ကြီးတွေခန့်မှန်းချက်ကတော့ နေပြည်တော်နဲ့အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီ ဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၇ ဒီဂရီစင်တီဂရိတ်လောက်ရှိနိုင်ပါတယ်။ နေရာကွက်ကြား မိုးရွာနိင်ပါတယ်။

ရန်ကုန်နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ အများအားဖြင့် သာယာနိုင်ပါတယ်။

မန္တလေးမြို့နဲ့ အနီးတ၀ိုက်မှာ အမြင့်ဆုံးအပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်၊ အနိမ့်ဆုံးအပူချိန် ၃၀ ဒီဂရီ စင်တီဂရိတ်လောက် ရှိနိုင်ပါတယ်။ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပါတယ်။

ဒေါက်တာ ထွန်းလွင်

DVB News



အမှန်တရားဘက်က ရပ်တည်မယ်ဟု ထွန်းအိန္ဒြာဗိုပြောကြား



ထွန်းအိန္ဒြာဗိုက လင်းလင်း၊ ချစ်သုဝေတို့နဲ့ အတူ သြစတြေးလျ ရန်ပုံငွေဖျော်ဖြေပွဲက ရရှိခဲ့တဲ့ အလှူ ငွေများကို ဧပြီ ၄ရက်နေ့က MCC မှာ ကျင်းပတဲ့ NLD ပညာရေးကွန်ရက်ဂုဏ်ပြုပွဲ မှာ ဒေါ်အောင် ဆန်းစုကြည်ထံကို ပေးအပ်လှူဒါန်း ခဲ့ပါတယ်။ ဒီဓာတ်ပုံများ ကိုလည်း ပရိသတ်တွေ ပွင့်လင်းမြင်သာမှု ရှိအောင် နောက်ထပ် ရန်ပုံငွေပွဲတွေထဲ သဒ္ဓါပေါက်အောင်လို့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ဖြစ် ခဲ့ခြင်းဖြစ်ကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

သြစတြေးလျမှာ ရရှိခဲ့တဲ့ဆုကြေးငွေများ ကိုတော့ လင်းလင်း တာဝန်ယူပြီး ကော့မှူးမြို့ နယ်မှာရှိတဲ့ ဘကကျောင်းတွေမှာ သွား ရောက်လှူဒါန်းမှာဖြစ်ကြောင်း သိရပါ တယ်။ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကျန်းမာရေးနဲ့ ပညာရေး ကွန် ရက်များအတွက် နောက်ထပ်ရန်ပုံငွေပွဲများကို လည်း လုပ်ဆောင်နိုင် သလောက် လုပ်ဆောင်သွားမှာဖြစ်ကြောင်းကို ထွန်းအိန္ဒြာဗိုက " အမေ့အတွက်ကို တော့ ကျွန်မက ဘယ်ဘက်က ကူရကူရ ကူနိုင်သမျှ ကူနိုင်တဲ့ဘက်က ကူမှာပါပဲ။

အမေရိကကလည်း အလှူပွဲလုပ်ဖို့ ကမ်းလှမ်းလာတယ်။ အမေရိကလိုနိုင်ငံမျိုးက သိပ်လုပ်သင့် တဲ့နေ ရာပေါ့။ မြန်မာလည်းများတဲ့ အပြင် ဖျော်ဖြေပွဲလုပ်ရမယ့် စတိတ်တွေလည်း သိပ်များတယ်။ သြစတြေးလျ ဆိုရင် အလွန်ဆုံး ၄ မြို့လောက်ပဲရှိတာ။ အမေရိကဆိုရင် ၁ဝမြို့ လောက် အနည်းဆုံးရှိတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂နှစ်ကတည်းက လက်ခံထားတာက ရက်ရွှေ့လာတာ။ အခု ဒီနှစ်မှ သွားဖြစ် သွားတော့ ကိုယ့်ရဲ့အပြင်ပွဲနဲ့ charity ပွဲနဲ့သွားတိုက်နေတော့ ရန်ပုံငွေပွဲက နောက်မှ လာတော့ရန်ပုံငွေပွဲ ကို နောက်ရွှေ့လိုက်ရတယ်။

နောက် နှစ်နှစ်လောက်နေမှပဲ သွားဖြစ်မယ်ထင်တယ်။ နိုင်ငံတကာမှာရှိတဲ့ မြန်မာတွေက မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ကလေးတွေရဲ့ ပညာရေးအတွက် လှူလိုက်တာပေါ့။ အမေ့ကို ယုံကြည်လို့ လှူ တယ်။ ကလေးတွေကို သဒ္ဓါတရားပေါက်ပြီး သားသမီးချင်းကိုယ်ချင်းစာပြီး လှူဒါန်းတာဖြစ်တဲ့ အတွက် တအား သာဓုခေါ်ပါတယ်" လို့ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ကူပေးနိုင်သလောက်ကူ ပေးခြင်းဖြစ်ပေ မယ့် ပါတီ၊ နိုင်ငံရေးကိုလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပြောတဲ့ ထွန်းအိန္ဒြာဗိုက ...

" နိုင်ငံရေးမှာ တကယ်တမ်းလုပ်မယ်ဆိုရင် လေ့လာစရာတွေ အများကြီး ရှိသေးတယ်။ ကိုယ်လုပ်နိုင်သလားဆိုရင်လည်း အချိန်ပေးဖို့ တစ်ခုတည်းနဲ့တင် ကိုယ်နဲ့ မကိုက်ညီဘူးလို့မြင်တယ်။ အဲဒီအတွက်ကြောင့် ပါတီနိုင်ငံရေး လုပ်ဖြစ်မှာမဟုတ်ဘူး။ ဒီနေ့အထိကတော့ လုံးဝမလုပ်ဘူးဆိုတဲ့ စိတ်နဲ့ပဲ နေနေတယ်။ အနာဂတ်တော့ ကျွန်မလည်း မသိဘူး။ ဒါပေမဲ့ လုပ်ဖြစ်မှာမဟုတ်ပါဘူး။ အမေစုကိုတော့ တအားကြည်ညိုတဲ့အတွက် ဘယ်လိုများကူနိုင်မလဲဆိုတဲ့ စိတ်နဲ့စဉ်းစားတော့ ကူနိုင်တဲ့ ဘက်က ကူမှာပဲ။ အမေ့ကို တအားယုံကြည်တယ်။ ကျွန်မတို့ တိုင်းပြည်အတွက်လည်း တကယ်လိုအပ်တဲ့ အတွက်ပါ။ အမေ့ရဲ့ စည်းရုံးရေး ခရီးစဉ်တွေမှာ ကိုယ်ကူနိုင် သလောက် လိုက်ကူမယ်။ အမေ သမ္မတဖြစ်ဖို့ကတော့ အခြေခံဥပဒေ မပြောင်းမချင်းကတော့ မလွယ်ဘူး။ အမေ့ကို သမ္မတဖြစ်စေချင်ပါ တယ်" လို့ ပြော ပါတယ်။

အနုပညာရှင်တွေရော၊ နိုင်ငံသူနိုင်ငံသားတိုင်းပါ အမှန်တရားဘက်က ပါဝင်ပံ့ပိုးသင့်ကြောင်းကို ထွန်းအိန္ဒြာဗို က " အမှန်တရားဘက်ကနေ လူတိုင်းပါဝင်သင့်တယ်။ နိုင်ငံသူနိုင်ငံသားတိုင်းက အမှန်တရားတစ်ခုအပေါ်မှာ ဝိုင်းဝန်းပံ့ပိုးသင့်တယ်။ ပံ့ပိုးတဲ့ နိုင်ငံသားရဲ့ အနေအထားက သာမန် အရပ်သားဆိုရင် သူနိုင်သလောက် celebrity တစ်ယောက်ဖြစ်ရင်လည်း သူလုပ်သမျှက အင်အားပိုကြီး တာပေါ့။ celebrity တွေအနေနဲ့ အမှန်တရားဘက်မှာ ပိုပြီးတော့ ပါသင့်တယ်။ ကျွန်မရဲ့ စိတ်ထဲမှာလည်း အမေစုက အမှန်တရားလမ်းကြောင်းပေါ်မှာသွားနေတယ် ဆိုတာ ယုံကြည်တဲ့အတွက် အမေစုဘက်က အမှန်တရားဘက်ကိုပါတာပါ" လို့ ပြောပါတယ်။

 
Popular News Journal



ကွင်းလုံးပြည့်လျံဖြစ်ခဲ့တဲ့ စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲ


ဟစ်ဟော့ပ်တေးသံရှင် စိုင်းစိုင်းခမ်းလှိုင်ရဲ့မွေးနေ့အမှတ်တရဖျော်ဖြေ ပွဲ တွေကို၂ဝဝ၄ ခုနှစ်ကစလို့ သူငယ်ချင်းတွေနဲ့အောင် မြင်စွာကျင်းပလာ တာဟာ အခု ဆို၁ဝနှစ်တိုင်ခဲ့ပြီဖြစ်ပါ တယ်။ ဒီနှစ်မှာလည်း
စိုင်းစိုင်း ကရိုးရာမပျက်သူ့ရဲ့ ၁ဝကြိမ်မြောက်မွေးနေ့ရှိုးကိုကန်တော် ကြီးမျှော်စင်ကျွန်း
မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

စိုင်းစိုင်းရဲ့၁ဝကြိမ်မြောက်မွေးနေ့ ရှိုးမှာတော့ နှစ်စဉ်ထူးခြား စွာတင်ဆက်လေ့ရှိတဲ့ သူ့ရဲ့စတိတ် စင်မြင့်ပုံစံအတိုင်း ဒီနှစ်မှာလည်း ရှေးခေတ်အီဂျစ်လက်ရာအဆောက် အအုံ
ဒီဇိုင်းများနဲ့ ပြိုးပြိုးပြက်ပြက် ရွှေရောင်များနဲ့ စင်မြင့်ကို ခမ်းနား စွာတည်ဆောက်ထားတာတွေ့ရပါတယ်။ ၁ဝနှစ်ပြည့်အမှတ်တရဖြစ်တဲ့
အတွက် စိုင်းစိုင်းရဲ့လွန်ခဲ့တဲ့ ၁ဝနှစ် က ပရိသတ်တွေအပြင် မျိုးဆက်သစ်ပရိသတ်အများအပြားကိုပါတွေ့ရပါ တယ်။





စိုင်းစိုင်းရဲ့ ဒီနှစ်ဖျော်ဖြေပွဲကတော့ ကွင်းထဲတင်သာမက ကွင်းပြင်အထိပါ
ပရိသတ်တွေလျှံတဲ့အထိကိုအောင်မြင် တဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။ဒီနှစ်မှာတော့ စိုင်းစိုင်းနဲ့လက်တွဲနေကျ ဖြစ်တဲ့ကောင်းမြတ်လေး၊ ငယ်ငယ်၊ အိမ့်ချစ်၊ ဘန်နီဖြိုး၊ ကိကိ၊ snare စတဲ့ နာမည်ကျော်ဟစ်ဟော့ပ်တေး သံရှင်တွေအပြင် စိုင်းစိုင်းက သူ့ရဲ့သီချင်းများကို သံစုံတီးဝိုင်းနဲ့ တီးခတ်ပြီးဗားရှင်း ပြောင်းသီဆိုခဲ့တာကို လည်းပရိသတ်တွေအထူးနှစ်ခြိုက်သဘောတွေ့ခဲ့ပါတယ်။

စိုင်းစိုင်းကသူငယ်ချင်း အပေါင်းအသင်းများနဲ့အတူ မွေးနေ့ကိတ်ခွဲစဉ် အချိန်မှာတော့ဟတ်ပီးဘတ်ဒေးသီချင်းကို သီဆိုရင်း ဝမ်းသာမျက် ရည်များလည်နေတာကိုလည်းတွေ့ရပါတယ်။စိုင်းစိုင်းရဲ့ဖျော်ဖြေပွဲမှာတော့ ပရိသတ် တွေက ပွဲပြီးဆုံးသည့်အချိန်ထိ ကွင်းပြည့်ကွင်းလျှံသူတို့ ချစ်တဲ့
အနုပညာရှင်ကို အားပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

P.054၊ ဓာတ်ပုံ-ဖိုးလပြည့်
 
Popular Journal


တိုင်းပြည် မတိုးတက်ရတဲ့အကြောင်းရင်း


တစ်နေ့သ၌ အရက်ဆိုင်အတွင်းသို့ ညစ်စုတ်စုတ်လူတစ်ယောက် မောပန်းနွမ်းနယ်နေပုံဖြင့် ရောက်ရှိလာပြီး
ကောင်တာတွင် အရက်ရောင်းနေသူကို အောက်ပါအတိုင်း ပြောလိုက်သည်။

“ငါတို့တိုင်းပြည် ဘာလို့များတိုးတက်မှု ကြာနေတာလဲ၊ မင်းသိလား………”
စဉ်းစားကြည့်စမ်း။ တိုင်းပြည်ထဲမှာ လူဦးရေ ၅၆ သန်းကျော်ရှိတယ်။
၉ သန်းကျော်က လူအိုတွေ။ သန်း ၃၀ ကျော်က အမျိုးသမီးနဲ့ နို့စို့ကလေးတွေ၊ ၅ သန်းက အစိုးရ၀န်ထမ်းတွေ၊
၉သန်းက Engineer နဲ့ IT ပညာရှင်တွေ…ဒါပေမဲ့….နိုင်ငံထဲမှာ အလုပ်မလုပ်ကြဘူး… ပြည်ပရောက်နေကြတယ်။
၁ သန်းက ကျောင်းသား၊ကျောင်းသူတွေ…. .ပြီးတော့ စစ်သားက ၁ သန်းနီးပါး ရှိတယ်။
ဆိုတော့ကာ စုစုပေါင်း ၅၅ သန်းရှိသွားပြီ။ ဒီထဲမှာမှ နောက်ထပ် အလုပ်လက်မဲ့တွေက ၅ သိန်းကျော် ရှိတယ်။
အကျဉ်းထောင်အသီးသီးမှာ ထောင်ကျခံနေရသူတွေက ၄ သိန်းကျော်တယ်။ ဒီတော့ တစ်သိန်း ကျန်တယ်။ အဲဒီထဲမှာမှ မသန်မစွမ်းတွေက၃ သောင်း၊ ဆေးရုံတက်နေရတာက ခြောက်သောင်း ကိုးထောင်ကိုးရာ့ကိုးဆယ်ရှစ်ယောက်ရှိပြန်တယ်။
ဆိုတော့ မင်းနဲ့ငါနဲ့ နှစ်ယောက်ထဲ ရှိတော့တယ်။ ဒါတောင်မင်းက အရက်ဆိုင်မှာ ပက်ချင်နဲ့ရောင်းနေသူဆိုတော့ အပြင်ထွက်
အလုပ်လုပ်စရာ မလိုဘူး။ အပြင်မှာ တုံးတိုက်တိုက် ကျားကိုက်ကိုက် အလုပ်ကိုအသည်းအသန်လုပ်နေရတာ
ငါတစ်ယောက်ထဲရှိတာလေ။ ဒီတော့ ငါ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ဘီယာတစ်လုံးလောက် ဖရီးတိုက်စမ်းကွာ…..

ရေးသားသူ – ရဲစတိုင်း
ဓာတ်ပုံ-www.google.com
 
The Myanma Age



မြန်မာနိုင်ငံသား ၃၀ကို တရားမ၀င်ခေါ်လာတဲ့ ထိုင်းဘုန်းကြီးကိုဖမ်းဆီး (ရုပ်/သံ)



တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကို ခေါ်ဆောင်လာတဲ့ ထိုင်းဘုန်းကြီး နဲ့ ကားသမားတွေကို ထိုင်းရဲက ဖမ်းဆီးထားပါတယ်။
DVB TV - 22.04.2014


Facebook ပေါ်မှာ လူမျိုးပေါင်းစုံ (Funny)


၁၊။ Rooster (ကြက်) - Good morning/ မင်္ဂလာရှိသော နံနက်ခင်း လေးပါလို့ Status တင်ရန် တာဝန်ယူထားသူများ


၂။ Lurker (ဘီလူးငှက်) - သင့် Post ကို Like မလုပ်၊ ကွန်းမင့်မပေး သော်လည်း Credit ပေး၍ ပြန်ပြန်တင်ပေးတတ်သူ

၃။ Hyena (ဟိုင်းအီးနား) - ဘာဆိုဘာမှမပြော. ဟားဟား၊ Lol, Lmao. တို့သာ Comment ပေးတတ်သူ

၎။ Mr/Ms Popular - အကြောင်းပြချက်မရှိ Friend list ၄ထောင် ကျော်နေတတ်သူ

၅။ Gamer - Facebook ကိုဂိမ်းကစားဖို့အတွက် အသုံးပြုသူ

၆။ Cynic (အဆိုးမြင်သူ) - လောကကြီးက မကောင်းကြောင်း အမြဲ Status ရေးတင်တတ်သူ

၇။ Collector (စုဗူး) - Post မတင်။ သို့သော် Page တွေအကုန် Like, Group တွေ အကုန်ဝင်တတ်သူ

၈။ Promoter - Event invitation ခဏခဏပို့တတ်သူ

၉။ Liker - ကြိုက်ကြိုက်မကြိုက်ကြိုက် တွေ့ကရာ အကုန် Like လုပ်တတ်သူ

၁၀။ Drama Queen/ King - "ကျေးဇူးဖေဖေ/ ကျေးဇူးမေမေ အစရှိသဖြင့် ကျေးဇူးတင်နေတတ်သူ၊ အချစ်အကြောင်း ခဏခဏ ရေးပြီး တင်သူ

၁၁။ News - ကိုယ်ဘယ်ရောက်နေကြောင်း၊ သူဘယ်ရောက်နေကြောင်း၊ ဘာလုပ်နေကြောင်း အချိန်နှင့် တပြေးညီ တင်တတ်သူ

၁၂။ Photo Crazy - ဘယ်နေရာရောက်ရောက် ကိုယ့်ပုံကိုယ်ရိုက် အမြဲ တင်တတ်သူ

၁၃။ Politic - နိုင်ငံရေးနဲ့ပက်သက်လို့ သိသိမသိသိ Post အမြဲတင်သူ၊ Comment အမြဲပေးသူ

၁၄။ The "Thief" – Steals status updates, posts, articles, news and will probably steal this one
--
Ref: everjokes
Aung Kham ( TSJ Team )

သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုတွင် သေဆုံးခဲ့သူများအတွက် ဂုဏ်ပြု


ဒုတိယကမ္ဘာစစ်အတွင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်မှုမှာ ပါဝင်ခဲ့ပြီး သေဆုံးခဲ့ ကြရတဲ့ သြစတြေးလျစစ်မှုထမ်းတွေအတွက် ဂုဏ်ပြုပွဲအခမ်းအနားကို ထိုင်းနိုင်ငံအနောက်ပိုင်း သေမင်းတမန်ရထားလမ်း ဖောက်လုပ်ခဲ့တဲ့ ကန်ချနပူရီခရိုင်မှာ ဧပြီ ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ကျင်းပခဲ့ကြပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာ ကျရောက်တဲ့ သြစတြေးလျ၊နဲ့ နယူးဇီလန် စစ်မှုထမ်းများ ဂုဏ်ပြုပွဲနေ့မှာ အခုလို အောက်မေ့ဖွယ် အခမ်းအနားကို ဂုဏ်ပြုကျင်းပတာ ဖြစ်ပြီး သြစတြေးလျ လက်ထောက်သံတမန် ဂျိုနသန် ကင်နာ (Jonathan Kenna)လည်း တက်ရောက်ခဲ့ပါတယ်။

သေမင်းတမန်ရထားလမ်းဖောက်လုပ်မှုမှာ စစ်သုံ့ပန်းတဦးအဖြစ် ပါဝင်ခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် ဟာရယ်မာတင်လည်း ဒီအခမ်းအနားကို တက်ရောက်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဒီနေ့ကို ရောက်ရင် ဒီနေရာမှာ ဖြတ်သန်းခဲ့ရတာတွေကို ပြန်သတိရတယ်လို့ ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ် ၇၀ ကျော်က ရထားလမ်းဖောက်လုပ်မှုမှာ ပါဝင်ခဲ့သူ နောက်တဦးဖြစ်တဲ့ အသက် ၉၄ နှစ်အရွယ် မာလ်တင် ဖယ်လ်ကလောက်ကလည်း ဒီအခမ်းအနား ကျင်းပနေချိန်မှာ မျက်လုံးနှစ်ဖက်ကို ပိတ်လိုက်တာနဲ့ အတိတ်က ပုံရိပ်တွေကို ပြန်မြင်ယောင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို ဆက်သွယ်တဲ့ရထားလမ်းကို ၀င်ရိုးတန်းအဖွဲ့ဝင် ဖြစ်တဲ့ ဂျပန်တို့က ဖောက်လုပ်ခဲ့ကြတာမှာ နှစ်နိုင်ငံနယ်စပ်ဖြစ်တဲ့ ဒီဒေသမှာ ကျောက်တောင်ခံနေတာကြောင့် အခက်အခဲဆုံး ဖောက်လုပ်ခဲ့ရပါတယ်။

ဂျပန်တွေဟာ မဟာမိတ်စစ်သုံ့ပန်းတွေနဲ့ အာရှနိုင်ငံတွေက ချွေးတပ်သား အများအပြားကို ခေါ်ယူပြီး အခက်ခဲဆုံးအပိုင်း ဖောက်လုပ်မှုမှာ အဓမ္မ စေခိုင်းခဲ့ပါတယ်။

မဟာမိတ် စစ်သုံ့ပန်းတွေနဲ့ ချွေးတပ်သား အများအပြားဟာ ပင်ပန်းမှုဒဏ်၊ ငတ်ပြတ်မှုဒဏ်၊ ၀မ်းလျှောဝမ်းကိုက်ရောဂါတွေနဲ့ သေဆုံးခဲ့ကြရပြီး ဒုတိယကမ္ဘာစစ်ပြီးချိန်မှာ အနည်းစုပဲ အသက်ရှင် ကျန်ရစ်ခဲ့ပါတယ်။

DVB Burmese


ပူလွန်းလို့ ရေအလွန်အကျွံသောက်သူများ သတိထား


ဦးနှောက်ကို ပုံရိပ်ဖော်နည်းပညာနဲ့ လေ့လာမှုတစ်ခုအရ လူသားများရဲ့ ဦးနှောက်ဟာ ရေကိုလိုအပ်တာထက်ပိုမသောက်ဖို့ ထိန်းချုပ်နိုင်ကြောင်း ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီလေ့လာမှုကို သြစတေးလျနိုင်ငံ၊ Melourne University နဲ့ Florey Institute of Neuroscience တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး လူတစ်ဦး တစ်ယောက်ချင်းစီရဲ့ ဦးနှောက်ဟာ ရေဆာမှုမရှိတော့ဘူးဆိုရင် အလိုအလျောက် ရပ်တန့်စေတဲ့ ဦးနှောက်ရဲ့ အာရုံကြော အချက်ပြမှုကို လေ့လာ နိုင်ခဲ့ပါတယ်။

လေ့လာမှုခေါင်းဆောင် Derek Denton က“ရေကိုပုံမှန်ထက် အလွန်အကျွံသောက်ခြင်းဟာ ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ လူသားတွေရဲ့ဦးနှောက်အစိတ်အပိုင်း များစွာထဲမှာ ရေကိုဆာရင် ပုံမှန်ထက် ပိုမသောက်စေတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်တဲ့ အာရုံကြောအစိတ်အပိုင်း ရှိ နေတယ်ဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်”လို့ ပြောကြားထားပါတယ်။ ရေကို ပုံမှန်ထက် အလွန်အကျွံ သောက်သုံးမယ်ဆိုရင် သွေးတွင်းဆားဓာတ် concentration ကို လွန်စွာလျော့ကျစေတဲ့အပြင် ဦးနှောက်ရောင်ရမ်းခြင်း (swelling of brain) ကို ဖြစ်စေနိုင်ပြီး သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ 
 
သာမန်လူတွေက အဲဒီလိုဖြစ်ပွားဖို့ ခဲယဉ်းပေမယ့် မာရသွန်အပြေးသမားတွေနဲ့ စိတ်ကစဥ့်ကလျား ဝေဒနာရှင်တွေမှာ တွေ့ရတတ်တယ်လို့ ဒီသုတေသနမှာ ဖော်ပြထားပါတယ်။
ဒီလေ့လာမှုကို Journal of Neuroscience မှာ ဖော်ပြထားပါတယ်။
 
ငြိမ်းအေး
ref: ANI

Health Updates Journal



နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် စနစ်ပြောင်း


ရန်ကုန်၊ ဧပြီ ၂၄

နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခင်ထက် ပိုမို အချိန်ကုန် သက်သာပြီး မြန်ဆန်စွာ ပြုလုပ်နိုင်ရန် လျှောက်ထားမှု စနစ်ပုံစံကို ဧပြီလ ၂၂ ရက်နေ့မှ စတင်ပြောင်းလဲ ကျင့်သုံးနေကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုက တစ်ဆင့်ချင်းစီ ပြုလုပ်ရတဲ့ ပုံစံမျိုး ပြောင်းထားပါတယ်။ အရင်ကလို ဘဏ်မှာ ဘောက်ချာတွေ၊ စာရွက်တွေ မဖြည့်ရတော့သလို လျှောက်လွာကိုလည်း အရင်စာမျက်နှာ ငါးမျက်နှာလောက် ဖြည့်ရမယ့်အစား အခု တစ်မျက်နှာပဲ ဖြည့်ရတော့မှာပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ နိုင်ငံကူးလက်မှတ်ရုံးတွင် အမှတ်စဉ်ပါ လျှောက်လွှာကို ဝယ်ယူ ဖြည့်ရမည် ဖြစ်ပြီး အလှည့်ကျ ခေါ်ယူမှုကို စောင့်ဆိုင်းပြီးနောက် အလှည့်ကျပါက လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ကောင်တာတွင် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို စိစစ်ခြင်း၊ ဘားကုတ် ပါရှိသော စလစ် ထုတ်ယူခြင်း၊ စလစ်ဖြင့် ဘဏ်တွင် ငွေသွင်းခြင်းတို့ကို တစ်နေရာတည်းတွင် အပြီး ဆောင်ရွက်ပြီး ဓာတ်ပုံရိုက်ခြင်းကို နောက်ဆုံး ဆောင်ရွက်ခြင်းဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ထားသည့် အစီအစဉ် ပြီးဆုံးကြောင်း ၎င်းကဆိုသည်။

ယခုကဲ့သို့ စနစ်ပြောင်းလဲ ထားခြင်းကြောင့် ယခင်ထက် ပိုမို ကြာမြင့်သည်ဟု ဆိုကြောင်း၊ ယခင်က တန်းစီရကာ ယခုမူ လျှောက်လွှာပါ အမှတ်စဉ်ဖြင့် လုပ်ဆောင်ရသောကြောင့် လျှောက်ထားသူများ နံပါတ်စဉ်အလိုက် စောင့်ဆိုင်းရသဖြင့် စုပုံနေကြောင်း နိုင်ငံကူးလက်မှတ် လာရောက်ပြုလုပ်သူ အချို့က ပြောကြားသည်။
“အခု လက်မှတ်ရဖို့အတွက် နှစ်ရက်လောက် လုပ်လိုက်ရတယ်။ လုပ်တဲ့စနစ် ပြောင်းလိုက်တော့ လူတွေ အုံပြီး ပိုကြာတယ်။ နောက်ပြီး ညနေဆို ဒီအတိုင်း ပြန်တန်းစီနေရတယ်” ဟု ၎င်းတို့က ဆိုသည်။

ယခင်က သက်တမ်းတိုးသူများ အနေနှင့် တိုက်ရိုက်တန်းစီပြီး ဝင်ရောက် သက်တမ်းတိုးနိုင်သော်လည်း ယခုအခါ လူများ စုပြုံနေသောကြောင့် လုပ်ငန်းဆောင်ရွက်ရန် အဆင်မပြေကြောင်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင် ရေးဦးစီးဌာန ကောင်တာတွင် စစ်ဆေးသည့် သန်းခေါင်စာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားတို့ကို စိစစ်ရာတွင်သာ အနည်းငယ် အချိန်ကြာမြင့်မည် ဖြစ်ပြီး စနစ်သစ်ဖြစ်၍ အသစ် လျှောက်ထားသူများ၊ သက်တမ်းတိုးသူများ အနေနှင့် အနည်းငယ် အခက်အခဲ ရှိသေးသဖြင့် ယခင်ကထက် ကြာမြင့်သည်ဟု ထင်နေခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် စာအုပ်ဖိုး နှစ်သောင်းကျပ်၊ ဆေး၊ မင်နှင့် ပြုပြင်ထိန်းသိမ်းခ တစ်ထောင်ကျပ်၊ လျှောက်လွှာကြေး ၂၀၀ ကျပ်၊ ဓာတ်ပုံကြေး ၂၀၀၀ ကျပ်၊ ပစ္စည်း ဝန်ဆောင်ခတို့ ၁၈၀၀ ကျပ် စုစုပေါင်း ကျပ် ၂၅,၀၀၀ ကုန်ကျမည် ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

 
The Voice Weekly




ဗိုလ်ချုပ်မှူးကြီးဟောင်း အငြိမ်းစားလစာ သမ္မတလစာ၏ ၂ ဆ ရှိ


အနားယူသွားပြီဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ ခုနှစ် မတ်လကုန်က စပြိး ပင်စင်လစာအဖြစ် ၁ လ ကျပ် သိန်း ၁၀၀ ခံစားနေတဲ့အပြင် အငြိမ်းစားယူစဉ်ကာလက နိုင်ငံရေးဆုငွေအဖြစ် ကျပ် သိန်း ၂၃၀၀ ရရှိခဲ့တယ်လို့ ဆောင်းပါးရှင် အောင်ထွန်းလင်းက ဒီနေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မှာ ရေးသားဖော်ပြပါတယ်။
အလားတူ အငြိမ်းစား ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးဟာ လည်း ပင်စင်လစာ ၁ လ ကျပ် သိန်း ၈၀၊ နိုင်ငံရေးဆုငွေ ကျပ် သိန်း ၁၈၄၀ ရရှိခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ စစ်အစိုးရအဖွဲ့ဟာ သူတို့ တာဝန်ကနေ အနားမယူခင် လက်ရှိ တာဝန်ယူမယ့် အစိုးရအဖွဲ့ ခံစားနိုင်မယ့် လစာဥပဒေ ပြဋ္ဌာန်းပေးခဲ့ပြီး အဲဒီ ဥပဒေထဲမှာ သမ္မတ ကို လစာ ကျပ် သိန်း ၅၀ ခံစားခွင့်ပြုထားခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဟာ ကုန်လွန်ခဲ့တဲ့ အစိုးရသက်တမ်း ၃ နှစ်တာ ကာလ အတွင်း ၁ လ လစာ ကျပ် ၁၅ သိန်းပဲ ရယူခဲ့ပြီး အခု ဧပြီလ ဘဏ္ဍာရေးနှစ် ကျမှသာ ၁ လ ကျပ် သိန်း ၅၀ ခံစားမယ်လို့ သိရပါတယ်။

DVB Burmese


Grand Royal သင်္ကြန်မဏ္ဍပ်တွင် အတွင်းခံပေါ်အောင်ကခဲ့သူများသည် အခြောက်များမဟုတ်ဘဲ မိန်းမအစစ်များဟုဆို၊ နာမည်ပျက်စာရင်းသွင်းခြင်းအား လက်မခံနိုင်ဟု ဂျွန်လွင်ဆို


Grand Royal သင်္ကြန်ရေကစားမဏ္ဍပ်အား အမည်ပျက်စာရင်းသွင်းမှုကို လက်မခံနိုင်ကြောင်း
ပွဲစီစဉ်သူဖြစ်တဲ့ Stars and Models Agency မှ ကိုဂျွန်လွင်က ပြောပါတယ်။ သင်္ကြန်အကြိုနေ့
က Grand Royal  မဏ္ဍပ်မှာ တင်ဆက်ကပြခဲ့တဲ့ ဖျော်ဖြေ ပွဲမှာ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့ဆန့်ကျင်
တဲ့ ၀တ်စား ဆင်ယင်မှုများကြောင့် နာမည်ပျက်စာရင်း (Black Lists) သွင်းသွားမည်ဖြစ်ပြီး
နောက်နှစ်များတွင် ခံဝန်ချက်နဲ့သာ ခွင့်ပြုသွားမယ်လို့ ရန်ကုန်တိုင်းနယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး
ဗိုလ်မှူးကြီးတင်ဝင်းက ဧပြီလ ၁၉ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

မဏ္ဍပ်တွင် တင်ဆက်ကပြရန် ထိုင်းနိုင်ငံမှ အကပညာရှင်များကို ခေါ်ယူခဲ့တဲ့ Stars and Models
Agency  မှ ကိုဂျွန်လွင်က "ဗိုလ်မှူးကြီး တင်ဝင်း ပြောသွားတယ်ဆိုတာကို ကျွန်တော်တို့သေချာ
မသိပါဘူး။ နာမည်ပျက်စာရင်းသွင်းတာကိုတော့ လက်မခံပါဘူး။ ကျွန်တော်တို့က ဘိန်းဖြူရောင်း
တာတို့၊ ဒုစရိုက်အလုပ်တွေလုပ်တာမဟုတ်ပါဘူး။ အကြိုနေ့မနက်ပိုင်း ကကြတော့ တစ်ယောက်
က ကရင်းနဲ့ဘောင်းဘီ လိပ်တက်သွားတယ်။ အဲ့ဒါတွေ အွန်လိုင်းမှာ ပြန့်နေတာသိသိချင်း ကျွန်
တော်တို့ ဒီဘက်မှာ ၀တ်စုံတွေလဲပစ်လိုက်တယ်။ ကျွန်တော်တို့ တမင်လုပ်တာဆိုရင် လေးရက်
လုံး ဒီလိုပုံနဲ့ပဲကမှာပါ။ နောက်ရက်တွေမှာ ကျွန်တော်တို့ ၀တ်စုံတွေလဲပြီး ကပါတယ်။ ဒါ တမင်
သက်သက်လုပ်တာ မဟုတ်ပါဘူး။ မြန်မာယဉ်ကျေးမှုကိုထိခိုက်သလို ဖြစ်တယ်ဆိုရင်လည်း
ကျွန်တော် တောင်းပန်ပါတယ်"လို့ ဆိုပါတယ်။

ပွဲမန်နေဂျာ မအိစု ကလည်း "အကြိုနေ့ပွဲပြီးတော့ ဒုတိယရဲမှူးကြီး မြင့်အေး (အရှေ့ပိုင်းခရိုင်) က
လာသတိပေးပါတယ်။ နိုင်ငံခြားသူတွေ ဆိုပေမယ့် ထိန်းထိန်းသိမ်းသိမ်းဝတ်ဖို့လာပြောတာပါ။
အဲဒါကြောင့် နောက်နေ့မှာ ကျွန်မတို့ကိုယ်တိုင် သူတို့အတွက် ၀တ်စုံစီစဉ်ပေးလိုက် ပါတယ်"လို့
ပြောပါတယ်။ လူအများပြောဆိုနေကြသလိုမျိုး ကပြဖျော်ဖြေသူများမှာ မိန်းမလျာများမဟုတ်ဘဲ
မိန်းမစစ်စစ်များဖြစ်တယ်လို့လည်း ကိုဂျွန်လွင်က ပြောပြပါတယ်။ "မိန်းမလျာတွေမဟုတ်ဘူး။ အားလုံးမိန်းမစစ်စစ်တွေပါ။ ဘောင်းဘီလိပ်တက်သွားတဲ့တစ်ယောက်ဆို အိမ်ထောင်ရှိပါတယ်။
သူတို့က အင်တိုက်အားတိုက်ကလို့ အဲ့လိုဖြစ်သွားတာပါ။ ပြီးတော့ ၆ပေလောက် မြင့်တဲ့စင်ပေါ်က
လူကို အောက်ကနေပင့်ပြီး ဓာတ်ပုံရိုက်တော့ အတွင်းခံတွေမြင်ရသလို ဖြစ်သွားတာပေါ့။ကျွန်တော်
ပွဲတွေ တောက်လျှောက်လုပ်ခဲ့တာပါ။ ဒါပေမဲ့ တစ်ပွဲမှ အဲလို နာမည်ပျက်မရှိခဲ့ပါဘူး"လို့ လည်း
ပြောပါတယ်။

Grand Royal မဏ္ဍပ်မှာ ကပြဖျော်ဖြေမှုများကြောင့် သင်္ကြန်ကာလအတွင်း နာမည်ကြီးခဲ့ပြီး
လာရောက်ကြည့်ရှုသူ တစ်သိန်းသုံးသောင်း ကျော်ရှိ ကြောင်းလည်း ကိုဂျွန်လွင်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် ၉၀ ကျော်ရှိရာတွင် မဏ္ဍပ် ၃၀ကျော်အား မြန်မာ့
ရိုးရာသင်္ကြန်နဲ့ ဖီလာဆန့်ကျင်မှုများကြောင့် လုံခြုံကင်မရာများမှတစ်ဆင့် ကြည့်ရှုစစ်ဆေးကာ
နာမည်ပျက်စာရင်း သွင်းထားကြောင်း သိရပါတယ်။
 
 
Myanmar Times


နှာခေါင်းသွေးလျှံခြင်းအတွက်



ပူပြင်းခြောက်သွေ့ သည့်ရာသီဥတုတွင် နှာခေါင်းသွေးလျှံခြင်း ဖြစ်တက်သည် ။ ပူပြင်းခြောက်သွေ့ နေသာ ရာသီတွင် အသားအရေပြားခြောက်သွေ့ ခြင်းကြောင့် သွေးကြောများ ပေါက်လွယ်တက်သဖြင့် နာခေါင်းသွေးလျှံခြင်း အလွယ်တကူဖြစ်တက်ပါသည် ။

ဖြစ်လာခဲ့ပါက မိမိကိုယ်တိုင် အလွယ်ဆုံးလုပ်ဆောင်သင့်သည့်အချက်များမှာ -

နှာခေါင်သွေးလျှံသည့်အခါ နှာခေါင်းထိပ်ဖြားနေရာကို လက်မနဲ့ လက်ညိုးဖြင့် ညှပ်ပေးထားပါ သွေးတိတ်သည့် အထိနေပေးပါ ၊ အဲဒီလို ဖြစ်နေသည့်အချိန်တွင် လှဲအိပ်တက်ခြင်း မပြု့ လုပ်ရပါ သွေးများ အသက်ရှူ လမ်းကြောင်းအတွင်းသို့ ရောက်ရှိတက်ပါသည် ။

ဦးခေါင်းကို အနည်းငယ်မော့ပေးထားပါ ။

ရေခဲအဝတ်ဖြင့် နှာခေါင်းထိပ် နေရာတွင် မကြာမကြာကပ်ပေးပါ ။

နှာခေါင်းအတွင်းလက်ဖြင့်နှိုက်ခြင်း လုံးဝ မပြု့ လုပ်ရပါ။ ငြိမ်သက်စွာနားနားနေနေ နေပေးပါ ။

အလေးပင် မခြင်း ၊ လေ့ကျင့်ခန်းလုပ်ခြင်း မလုပ်ဆောင်သင့်ပါ။

ဆေးလိပ်သောက်တက်သူများ ဆေးလိပ်ဆက်မသောင်သင့်ဘဲ တစ်ရက်တာမျှ နားပေးပါ ။

သွေးလျှံနေခြင်းကြောင့် ပူသောဟင်းရည် ၊ ကော်ဖီ လက်ဖက်ရည်တို့ သောက်သုံးခြင်း ရှောင်ရှားလိုက်ပါ ။

အသက်ရာကျော် ရှည်ပါစေ


Mg Mandalay



မန္တလေးတိုင်းရှိ ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ တည်ဆောက်မည်


မန္တလေး၊ ဧပြီ ၂၄

 မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွင် အပူရှိန် မြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အပူဒဏ် အန္တရာယ်ဖြစ်သော Heat Stroke အပါအဝင် အပူရှပ်ရောဂါများ ဖြစ်ပွားလာခြင်း မရှိစေရန်အတွက် ဧပြီလ ၂၁ ရက်မှ ၂၃ ရက်အထိ လူ ခုနစ်ဦး သေဆုံးခဲ့သည်။ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၃၁ မြို့နယ်တွင် အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များ တည်ဆောက်ထားရန် မြို့နယ်ကျန်းမာရေး ဦးစီးမှူးများကို ညွှန်ကြားထားကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာမျိုးသန့်ခိုင်က ပြောကြားသည်။

အဆိုပါ အပူဒဏ် ကာကွယ်ရေးစခန်းများ ဖြစ်သည့် Heat Shelter များကို မြို့နယ်တိုင်းရှိ မြို့ပေါ်ရပ်ကွက်နှင့် ကျေးလက် ဒေသများတွင် အရိပ်ရသော သစ်ပင်ကြီးများနှင့် လေဝင်လေထွက် ကောင်းသည့် ဘုရားကျောင်းကန်များတွင် မြင့်မားလာသည့် အပူရှိန်ဒဏ်ကို ခံစားရနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊  နာမကျန်း ဖြစ်နေသူများကို ထားရှိရန်အတွက် နေရာများ ရှာဖွေပြီး စခန်းအဖြစ် တည်ဆောက်ထားရန် ညွှန်ကြားထားကြောင်း ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ စခန်းများတွင် ကျန်းမာရေး ဝန်ထမ်းများက အပူဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ရှေးဦးသူနာပြု နည်းဖြင့် ပြုစုခြင်း၊ ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ပေးမည် ဖြစ်ပြီး အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရေဓာတ် ဆုံးရှုံးမှုများအတွက် တိုက်ကျွေးရန် ဓာတ်ဆားထုပ် များကိုလည်း ထုတ်ပေးထားသည့်အပြင် အပူရှိန် မြင့်မားလာမှုကြောင့် ဖြစ်ပေါ်လာသော ရောဂါများကို Heat Shelter များရှိ ကျန်းမာရေး ဝန်ထမ်းများက ကုသမှုမလုပ်နိုင်ပါက မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ကုသရေးအတွက် အစီအစဉ် များကိုလည်း မြို့နယ်ကျန်းမာရေး ဦးစီးမှူးများက ရေးဆွဲထားကြောင်း ၎င်းက ထပ်လောင်းဆိုသည်။

ယင်းအပြင် အပူရှိန်ကြောင့် ဆေးရုံသို့ တက်ရောက်မှု အခြေအနေများကို တိုင်းဒေသကြီး ကျန်းမာရေးရုံးသို့ နေ့စဉ် အစီရင်ခံရန် ညွှန်ကြားထားကြောင်း ၎င်းကဆိုသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာများရှိ ကြက်ခြေနီ တပ်ဖွဲ့ဝင်များထံသို့ အပူရှိန်ကြောင့် ဖြစ်ပွားလာသည့် ရောဂါများကို လူမှုရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် နှိုးဆော်ထားကြောင်း အဆိုပါ တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးဘုန်းကျော်က ပြောကြားသည်။

ရာသီဥတု ပူပြင်းသည့်အတွက် အပူလှိုင်းများ ဖြစ်ပေါ်လာနိုင်ခြင်းကြောင့် ဆေးရုံ ဆေးခန်းများကို မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အပါအဝင် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး လိုအပ်သည့် ပြုစုစောင့်ရှောက် ကုသကာကွယ်မှု ပြုလုပ်ပေးရန် လူမှုအသင်းအဖွဲ့များသို့ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှ အရေးတကြီး နှိုးဆော်ချက်များ ပေးပို့ထားကြောင်း အဆိုပါဆေးရုံ တာဝန်ရှိသူက ဆိုသည်။

မန္တလေးမြို့ပေါ်တွင် အပူရှိန်ကြောင့် ဖြစ်ပေါ်လာသည့် ရောဂါများကို ဆေးရုံဆေးခန်းများသို့ ပေးပို့ရန် ကွန်ရက်များ ချိတ်ဆက်၍ လုပ်ငန်းများ ဆောင်ရွက်နေပြီး ဓာတ်ဆားထုပ်နှင့် ကျန်းမာရေး ဝန်ကြီးဌာနထုတ် အပူဒဏ် ကာကွယ်ရေး နှိုးဆော်ချက်များပါ လက်ကမ်းစာစောင် များကိုလည်း ဝေငှမှုများ ပြုလုပ်နေကြောင်း မန္တလေးမြို့ပေါ် လူမှုရေး အသင်းအဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဧပြီလ ၂၁ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့အထိ အပူရှိန် မြင့်မားမှုဒဏ်ကို ခံစားရသည့် ဝေဒနာရှင်ပေါင်း ၁၈ ဦး ရောက်ရှိလာပြီး ၁၆ ဦးမှာ ဆေးဝါးကုသမှု ခံယူခဲ့ကာ နှစ်ဦးမှာ ရောဂါအခံများကြောင့် သေဆုံးသွားကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း အပူရှိန် မြင့်မားမှုဒဏ်ကို ၂၀၀၉ ခုနှစ်တွင် အပြင်းအထန် ခံစားခဲ့ရကြောင်း တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

Written by  Voice
The Voice Weekly

24 Apr 2014

ကမ္ဘာမှာ မျက်နှာငယ်နေရသေးတဲ့ မြန်မာနိုင်ငံကူးလက်မှတ်


ကမ္ဘာတလွှားနိုင်ငံပေါင်း ၂၁၉ နိုင်ငံက နိုင်ငံကူးလက်မှတ် ( Passport) တွေထဲက နိုင်ငံတကာမှာ ဗီဇာ အလွယ်တကူ လက်ခံတဲ့ အဆင့်သတ်မှတ်ချက်တွေမှာ ဖင်လန်၊ ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့က အဆင့် ၁ ရှိ ကြပြီး မြန်မာနိုင်ငံက နိုင်ငံကူးလက်မှတ်အဆင့်ကတော့ ၈၆ မှာပဲ ရှိပါတယ်။ 

မြန်မာနဲ့အတူ အင်ဂိုလာ၊ ဒဂျိဘူတိ၊ အီရန်တို့က နိုင်ငံပေါင်း ၄၀ ကပဲ ဗီဇာ ဝင်ခွင့် ရကြပြီး အဆင့် ၈၆ မှာ ပဲ ရှိကာ အကောင်းဆုံး နိုင်ငံကူးလက်မှတ်စာရင်းတော့ မဝင်ကြပါဘူး။ မြန်မာပါ့စ်ပို့ ကိုင်ဆောင်သူ မြန်မာ 
နိုင်ငံသားတွေ ကမ္ဘာ့အလယ်မှာ မျက်နှာ ငယ်နေရသေးတယ်ဆိုတာ ဒီညွှန်းကိန်းက ပြဆိုနေပါတယ်။

မနှစ်က ကမ္ဘာတလွှားခရီးသွားလာမှုမှာ ဖင်လန်၊ ဆွီဒင်၊ ဗြိတိန် နိုင်ငံကူးလက်မှတ်တွေဟာ အကောင်းဆုံး ပါ့စ်ပို့တွေအဖြစ် သတ်မှတ်ခံရပြီး နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ဗီဇာ လွတ်လပ်ခွင့်ရတယ်လို့ The Strait Times သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ 

စင်ကာပူနိုင်ငံကတော့ နိုင်ငံပေါင်း ၂၁၉ နိုင်ငံမှာ ၁၆၇ နိုင်ငံက ဗီဇာ ကင်းလွတ်ခွင့် ရပြီး ကမ္ဘာ့နိုင်ငံတွေရဲ့ လက်ခံကြိုဆိုမှုအများဆုံး နိုင်ငံစာရင်းမှာပါဝင်ပြီး အဆင့် ၆ မှာ သြစတြေးလျနဲ့ ဂရိစ်နိုင်ငံတို့နဲ့ အတူ ရှိခဲ့ပါ တယ်။ 

အခု ပြဆိုတဲ့ ညွှန်းကိန်းထဲမှာ တရုတ်ထိုင်ဝမ် နိုင်ငံကူးလက်မှတ်ကို ထည့်သွင်း ဖော်ပြထားခြင်းတော့ မရှိ ပါဘူး။ 






အိမ့်သံစဉ် ~ 

ဧရာဝတီ



People မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလှဆုံး အမျိုးသမီးဆုကို ရရှိသွားခဲ့တဲ့ Lupita Nyong’o


 
မေသော် on 2014-04-24 11:57

12 Years a Slave ဇာတ်ကားနဲ့ အော်စကာဆုပေးပွဲမှာ ဆုရရှိခဲ့သူ Lupita Nyong’o ကတော့ People မဂ္ဂဇင်းက ပြုလုပ်တဲ့ ကမ္ဘာ့အလှဆုံးအမျိုးသမီး ရွေးချယ်မှုမှာ နံပါတ်တစ်ရသွားခဲ့ပါတယ်။ အသက် ၃၁နှစ် ရှိပြီဖြစ်တဲ့ မင်းသမီး Lupita Nyong’o ဟာ ကင်ညာဒေသမှာ ကြီးပြင်းခဲ့သူဖြစ်ပြီး လတ်တလော အောင် မြင်မှုတွေ ပိုက်ထွေးထားတဲ့ အနုပညာရှင်တွေထဲက တစ်ဦးဆိုရင်လည်း မမှားပါဘူး။
 
 
 ခုလို ကမ္ဘာ့အလှဆုံး အမျိုးသမီးအဖြစ် ရွေးချယ်ခံလိုက်ရတဲ့အတွက် သူမက ‘ခုလိုရွေးချယ်ခံရခြင်းအတွက် အရမ်းကို စိတ်လှုပ်ရှားပြီး ပျော်ရွှင်မိပါတယ်။ အလှအပဆိုတာ တီဗီမှာမြင်မြင်နေရတဲ့ အသားဖြူဖြူ၊ ဆံပင်ဖြောင့်ဖြောင့် စင်းစင်း ဆိုတာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေ၊ ကိုယ့်မှာရှိတဲ့အရာတွေကို တန်ဖိုးထားခြင်းလို့ သိလိုက်ရသလိုပါပဲ။ အမေကတော့ ကျွန်မကို လှတယ်ဆိုပြီး အမြဲပြောတယ်။ ခုတော့ အမေပြောတာကို နည်းနည်းယုံရတော့မှာပေါ့’တဲ့။




 
အရင်နှစ်က ကမ္ဘာ့အလှဆုံးအမျိုးသမီးဆုကို Gwyneth Paltrow ကရရှိသွားခဲ့ပြီး ဒီနှစ်မှာတော့ Lupita Nyong’o က ပြိုင်ဘက်တွေဖြစ်တဲ့ Amber Heard၊ Jenna Dewan-Tatum နဲ့ Kerry Washington တို့ကို ကျော်ပြီး ဒီဆုကို ရရှိသွားခဲ့တာပါ။

Ref:starpulse.com
Trend Myanmar


လူသားတွေဟာ စက်ရုပ်တွေနဲ့ အလုပ်ယှဉ်လုရမယ့် ၂၀၄၀ ခုနှစ်


သီဟနိုင် on 2014-04-24 14:48

၂၀၄၀ ခုနှစ်လောက်ဆို လော်ရီကား၊ မီးရထား စတာတွေကို Google စက်ရုပ်တွေက မောင်းနှင်ပါလိမ့် မယ်။ ဈေးဆိုင်တွေဆိုတာလည်း အွန်လိုင်းအရောင်းဆိုင်တွေအတွက် အရောင်းပြခန်းတွေဖြစ်လာလိမ့် မယ်။ ဖုန်းဝန်ဆောင်မှုစင်တာတွေမှာလည်း အသိဉာဏ်မြင့်စက်ရုပ်တွေက ၀င်ရောက်တာဝန် ထမ်းဆောင်တော့မယ်။

ဒါတွေဟာ မကြာသေးမီကလုပ်ခဲ့တဲ့ သုတေသနရပ်တွေအရ ပုံပေါ်လာတဲ့ စိတ်မှန်းအနာ ဂတ်ဖြစ်နိုင်ခြေ တွေပါ။ နောင်နှစ် ၃၀ အောက်အတွင်း ကျွန်တော်တို့ရဲ့ ဘ၀တွေ နဲ့ အလုပ်တွေကို စက်ရုပ်တွေက နေရာဝင်ယူလာနိုင်တယ်လို့ တင်ပြခန့်မှန်းချက်တွေကြောင့်ပေါ့။

စက်ရုပ်ဦးရေ မြင့်မားလာတာကြောင့်ဖြစ်လာမယ့် အလုပ်အတွက် ယှဉ်ပြိုင်မှုဟာ ကျွန်တော်တို့တွေ ခွဲစိပ်ဆရာဝန်တွေဆီ ဦးတည်သွားနေရတာမျိုး ဖြစ်လာစေပါလိမ့်မယ်။ ကျွန်တော်တို့ ဦးနှောက်တွေအတွက် ထပ်ဆင့်လုပ်ဆောင်မှုစွမ်းရည် အတွက်လို့ သုတေသီတွေက အခိုင်အမာဆိုပါတယ်။

စက်တွေလောက်နီးနီး အလုပ်တာဝန်တွေကို မြန်မြန်နဲ့ပြီးနဲ့ ထမ်းဆောင်နိုင်ဖို့အတွက်ဆိုပြီး လူသား နဂိုမူရင်းလက်တွေနေရာမှာ စက်ရုပ်အင်္ဂါတုတွေ အစားထိုးတပ်ဆင်စေဖို့ ကျွန်တော်တို့ တောင်းဆို ချင် တောင်ဆိုရပါလိမ့်မယ်။

ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်ရှာဖွေရေး ၀ဘ်ဆိုဒ် xpatjobs.com မှာခန့်ထားတဲ့ အနာဂတ်ဗေဒ ပညာရှင် တွေရဲ့ ပြောကြားချက်အရ ၀န်ထမ်းတွေဟာ အလုပ်အာမခံချက်တွေ အရနည်းသွားမှာဖြစ်ပြီး မလုပ်ချင်လောက်တဲ့ အလုပ်ကြာချိန်တွေနဲ့ အလုပ်လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ကျွမ်းကျင် ပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ တစ်ပတ်အလုပ်လုပ်ချိန်ဟာ လက်ရှိ ၃၇ဒဿမ၄ နာရီကနေ ၅၀ဒဿမ၅ နာရီထိ တိုးသွားမှာပါ။ သုံးပုံတစ်ပုံ တက်သွားမှာပေါ့။

ဒီအန္တရာယ်တွေကို ရှောင်ပြီး ကိုယ်ပိုင်ခန္ဓာတွေနဲ့ အသစ်တီထွင်တဲ့သူတွေဟာ ၂၀၄၀ ခုနှစ်မှာ ၀င်ငွေ အများဆုံး လူတွေဖြစ်လိမ့်မယ်လို့ သုတေသီတွေက ဆိုပါတယ်။

လူသားတွေရဲ့ ဆက်နွယ်မှုကို လျှော့ချပစ်လိုက်တာရဲ့ ရလဒ်အနေနဲ့ ဘ၀တစ်လျှောက် ကျွန်တော်တို့ လူသားတွေဟာ ချစ်တင်းနှောချိန်လည်း လျော့နည်းလာပါလိမ့်မယ်။

Ref:dailymail.co.uk
 
Trend Myanmar