29 Apr 2014

ကမ္ဘာ့အကောင်းဆုံး Gaming Mouse တစ်ခုဖြစ်တဲ့ Corsair Vengeance M65


Corsair Vengeance M65 ဟာ လက်ရှိကမ္ဘာပေါ်မှာ အကောင်းဆုံးသော Gaming Mouse တစ်လုံးထဲမှာ အပါအ၀င်ဖြစ်ပြီး ဒီဇိုင်းကို ကျစ်လစ်တဲ့ ဖွဲ့စည်းပုံနဲ့ ပြုလုပ်ထားပါတယ်။

လက်နဲ့ကိုင်ဆောင်ရ လွယ်ကူအောင် ပြုလုပ်ပေးထားပြီး ကြိုးနဲ့ချိတ်ဆက်ပြီး အသုံးပြုရတဲ့ Mouse တစ်လုံးလည်း ဖြစ်ပါတယ်။

Mouse ရဲ့ DPI ကို 8200 အထိ မြှင့်တင်လို့ရတဲ့အတွက် Shooter ဂိမ်းတွေဆော့တဲ့နေရာမှာ အထူး ကောင်းမွန်ပါတယ်။

ထူးခြားတာက First Person Shooter ဂိမ်းတွေ ဆော့တဲ့နေရာမှာ ဒီ Mouse ကို အသုံးပြုပြီးဆော့ရင် Mouse တစ်ခုရဲ့ အကောင်းဆုံးသော ရသကို အပြည့် အ၀ပေးနိုင်လို့ ဂိမ်မာအများစုက ထောက်ခံပြော ဆိုခဲ့ကြပါတယ်။

လက်ရှိမှာတော့ International Online Store Website တွေမှာ Pre Order မှာဝယ်ယူလို့ရနေပြီး အမေရိကန်ဒေါ်လာ ၆၉.၉၉ နဲ့ရောင်း နေပါတယ်။

Wai Phyo Aung (TSJ Team)
 
TechSpace Journal


Selfie အသားပေး 'Superman' ဟန်းဆက်ကို Nokia ထုတ်လုပ်ရန် စီစဉ်



Nokia မှ အသစ်ထွက်ရှိလာမည့် ဟန်းဆက်သည် မိုဘိုင်းထုတ်ကုန်များတွင် အရှေ့ဘက်ကင်မရာဖြင့် မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးမှုဖြစ်သည့် selfie ရိုက်ကူးမှုကို အသားပေးထားကြောင်း သိရသည်။

Microsoft ပိုင်ဆိုင်သည့် Nokia သည် လက်ရှိတွင် 'Superman' ဟု အမည်ပေးထားသည့် စမတ်ဖုန်း သစ်ကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းတွင် selfie ရိုက်ကူးသူများအတွက် ရည်ရွယ်ကာ ဖုန်းအရှေ့ ဘက်တွင် 5 megapixel အသုံးပြုထားကြောင်း The Verge က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းကို ကုမ္ပဏီ အစီအစဉ် သိရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ The Verge က ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ အဆိုပါ Superman စမတ်ဖုန်း ထွက်ရှိလာပါက selfie ရိုက်ကူးမှုကို အသားပေးရန် အရှေ့ကင်မရာ 5 megapixel အသုံးပြု ထားသည့် HTC One M8 နှင့် တူညီမှု ရှိလာမည် ဖြစ်သည်။ The Verge ၏ ဖော်ပြချက်အရ Superman ဖုန်းသည် HTC One M8 ကဲ့သို့ တန်ဖိုးကြီးဖုန်း မဟုတ်ဘဲ တန်ဖိုး အသင့်အတင့်သာရှိသည့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့အပြင် 'Superman' ဖုန်းတွင် ၄.၇လက်မ အရွယ်အစားရှိသည့် မျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: CNET

Internet Journal


DSLR Metering အကြောင်း သိကောင်းဘွယ်ရာ

 
Digital Single Lens Reflector Camera နှင့် ဓါတ်ပုံ ရိုက်ရာတွင် မှတ်တမ်း ကျန်လျှင် ပြီးတန်းဟု ဆိုကာ ရိုက်သည့် ပုံများ အတွက်အကြောင်း မဟုတ်သော်လည်း မိမိလိုချင်သည့် Subject ကို အကောင်းဆုံး ရရန် အမိအရ လု၍ ရိုက်ရတော့ မည်ဆိုလျှင် DSLR Metering ကိုသုံးရန် လိုအပ်လာပါသည်။


ကင်မရာအတွင်းရှိ Metering Sensor.

DSLR ကင်မရာ ပေါင်းများစွာ ရှိကြရာ၌ ကင်မရာတိုင်းတွင် သူ့ ပုံစံ နှင့် သူ Metering စနစ်များရှိပါသည်။ သို့ သော် တစ်ခု နှင့် တစ်ခု အခေါ် အဝေါ် လောက်သာလျှင် ကွာခြားပြီး Function များမှာ မူ များစွာ ကွာ ခြားမည် မဟုတ်ကြပါ။ အချို့ Metering (၃) ခုရှိပြီး အချို့မှာ (၄) ခုရှိပါသည်။




Metering Mode (၄) မျိုး

Evaluative မှာ Canon အသုံး အနှုံး ဖြစ်ပြီး Nikon က မူ Matrix ဟုခေါ်သည်။ Canon နှင့် Nikon တို့ တွင် (၁) Matrix/ Evaluative, (၂) Center- Waighted, (၃) Spot/ Partial Metering စသည်ဖြင့် (၃) ခုရှိကြသည်။ အချို့ကင်မရာ များတွင် Partial နှင့် Spot ထပ်ခွဲ ထားသောကြာင့် Metering Mode (၄) ခုဖြစ်နေသည်။ ရှေ့တွင် Metering (၃) မျိုးကိုသာ ဖေါ်ပြပါမည်။

Metering Sensor သည် ရိုက်မည့် Frame အတွင်းရှိ အလင်းရောင် အားလုံး၏ Overall Light ကို တွက်ချက်ခြင်းမရှိဘဲ Frame အား ဧရိယာ အပိုင်းများ ( Multiple Areas ) ခွဲကာ အဆိုပါအပိုင်း အတွင်းသို့ ကျရောက်သည့် ( Light Exposure ) အား တိုင်းထွာ ရရှိ ထား သည့် အပေါ် မူတည်၍ ပုံဖေါ် ရန် Shutter Speed နှင့် Aperture အပါအ၀င် အခြားသော Data များကို ကင်မရာအားပေးကာ Setting ကို သတ်မှတ်စေသည်။

Metering သုံးမျိုး

Matrix Metering

ကင်မရာများတွင် ယေဘူယျ အားဖြင့် Matrix Metering ( Nikon) , Evaluative Metering ( Canon ) တို့ကို အဆင်သင့် သုံး Default စနစ်အဖြစ် ထားပေးလေ့ ရှိသည်။ အဆိုပါ စနစ် တွင် ကင်မရာ (Metering Sensor ) သည် Frame ၏ အကျယ် ကို ဧရိယာ အပိုင်း များခွဲကာ အဆိုပါ ဧရိယာ အတွင်း ရှိ အလင်းရောင် နှင့် အရောင်များ အပါအ၀င် Light Exposure အားလုံးကို ခြုံငုံ တွက်ချက်ကာ ကင်မရာ Exposure Setting ကို သတ်မှတ်သည်။ အောက်ပါ Metering သင်္ကေတ ပုံများသည် Nikon ကင်မရာ ရှိ ပုံများဖြစ်ပါသည်။ Nikon ပုံ များဖြစ် နေသောကြာင့် အခေါ် အ၀ါ် ကိုလည်း ပုံ အတိုင်း Nikon အခေါ် အဝေါ် နှင့်ပင် ဖေါ်ပြပါမည်။



Matrix Metering သည် Frame အတွင်းရှိ အလင်း နှင့် အမှောင် အားလုံကို မျှတစွာ ဖြစ်စေရန် တွက်ချက် ပေးသည်။

အထက်ပါ ပုံတွင် အနီရောင် လေးထောက် ကွက် များသည် Matrix Metering တွက်ချက်သည့် ဧရိယာ ဖြစ်သည်။ အဆိုပါ ပုံတွင် လူပုံ ကိုရော နောက်ခံ ရှုခင်း ကိုပါ အရောင် ၊ အလင်း အားလုံးတို့ ကို မျှပြီး ပုံဖေါ် ထားသည်ကို တွေ့ နိုင်ပါသည်။

Center Weighted Metering

ဤ စနစ်တွင် အဓိက အားဖြင့် Frame ဧရိယာ အလယ် ဗဟိုစက်ဝိုင်း၏ 8mm စက်ဝိုင်း ဧရိယာ အတွင်း ရှိ အချက်အလက် များကို သာ အဓိက ထား၍ တွက်ချက်သည်။ သို့ သော် ၄င်း ဧရိဝာ ၏ ဘေးနေရာ အချို့ ကိုလည်း ထည့်သွင်း တွက်ချက်သည်။ ဤ စနစ်ကို ရှေးယခင်ထည်းက Portrait ရိုက်ရာတွင် သုံးသည်။



အထက်ပါ ပုံ၏ အနီရောင် စက်ဝိုင်းသည် Center Weighted Metering တွက်ချက် သည့်ဧရိယာ ဖြစ် သည်။ Center Weighted Metering သည် အပြင်ရှိ ရှုခင်း ကို ချိန် ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် လူ ပုံ သည် အတန်အသင့် မှောင်သွားကာ ပြင်ပရှိ ရှုခင်း အလင်းရောင်က ပို၍ မျှတ ပြတ်သားစွာ ပေါ် နေ သည်ကို တွေ့ နိုင်သည်။

Spot Metering

Spot Metering တွင် ကင်မရာ သည် Focus ရွေးချယ် ထားသည့် နေရာတစ်ခု ထည်း ကွက်ကွက် ကလေး အတွင်းရှိ Light Exposure ကိုပင် တွက်ချက် ကာ ကင်မရာ၏ Exposure Setting ကို Sett လုပ်ပေး မည်ဖြစ်သည်။ Spot Metering တွက်ချက်သည့် ဧရိယာ စက်ဝိုင်း သည် 3.5 mm ခန့် သာရှိသည်။




အထက်ပါ ပုံတွင် Spot Metering (အနီရောင် စက်ဝိုင်း ) သည် Single Point Focus လုပ်ထား သည့် ခလေးမလေး ၏ မျက်နှာ ပေါ်ရှိ နေရာအတွက်သာလျှင် တွက်ချက် ပုံဖေါ် ပေးသည်။

အထက်ပါ ပုံတွင် Spot Metering သည် လူ ( Portrait ) ကိုသာ အဓိက တွက်ချက်ပြီး ကျန်သည့် အပိုင်း များကို ထည့်သွင်း တွက်ချက်ခြင်းမရှိ။ ထို့ ကြောင်း လူ ပုံ ၏ Exposure သည် မျှတစွာ ရှိနေပြီး နောက်ခံ ရှုခင်း မှာမူ Overexpose ဖြစ်ကာ ဖြူနေသည်။ ကင်မရာသည် လူ အနည်းငယ်မှောင်နေသည့် အတွက် အလင်းရောင် နည်းနေသည်ဟု တွက်ကာ အပြင် ရှိ ရှု ခင်း ကို လုံး ၀ ထည့်မတွက်ဘဲ Exposure ကို တင်ပေးလိုက်သောကြောင့် ဖြစ်သည်။

Metering သုံးမျိုး၏ ကွာခြားမှု များ

Matrix Metering

Nikon တွင် Matrix Metering ဟုခေါ်ပြီး Canon တွင် Evaluative Metering ဟု ခေါ်သည် ။ အခြားသော ကင်မရာ များ၏ အခေါ် အဝေါ်နှင့် အနည်း အကျဉ်း ကွဲလွဲ နိုင်သည်။ များသောအား ဖြင့် ကင်မရာများ၏ Default Setting ဖြစ်သည်။ ဤ Multi-segment Metering သည် ပုံ၏ Frame အတွင်းရှိ ဧရိယာ အသီးသီး ၏ Light Exposure ကို ဖတ်ကာ မျှခြေ ကို တွက်ချက်ပြီး ကင်မရာ ၏ Shutter Speed နှင့် Aperture အပါအ၀င် တွက်ချက်မှု များကို သတ်မှတ်ပေးခြင်း ဖြစ်သည်။ သို့ သော် နောက်ခံ Background အရောင်၊ အလင်း သည် Foreground ထက် များစွာ ကွာခြား စွာ တောက်ပနေပါက Meter အဖတ် မှားတတ်သည်ကို သတိပြုရန်လိုသည်။ အထူးသဖြင့် အဆောက်အဦ၏ အတွင်းမှ နေ၍ ဖွင့်ထားသည့် တံခါး ၊ ပြူတင်း ပေါက် များကို နောက်ခံ ပြု ကာ ရိုက် သည့် ပုံများတွင် ဤ အခြေအနေမျိုး ကြုံ နိုင်သည်။ Background ရော Foreground ပါ အလင်း (Light Illumination ) မျှနေသည့် နေရာမျိုးတွင် သုံးသင့်သည် စနစ် ဖြစ်သည်။

သို့သော် ခြုံ၍ ကြည့်လျှင် ကင်မရာက Frame Area တစ်ခုလုံးကို ပျမ်းမျှယူ ကာ တွက်ချက်သည့်အတွက် Good for all round metering mode ဟုလည်း အချို့ သော ပညာရှင်များက ဆိုကြသည်။ သို့ကြောင့် လည်း ကင်မရာများတွင် Default Setting ပေးထားခြင်း ဖြစ်သည်။

အောက်ပါ Matrix matering ဖြင့် ရိုက်ထားသည့်ပုံ ကိုကြည့် လျှင် Matrix Matering သည် Frame ကို မည်ကဲ့သို့ ခွဲခြမ်း စိတ်ဖြာ ထွက်ချက် ကာ ပုံထုတ်ပေးသည်ကို တွေ့ နိုင်သည်။ ပုံ ၏ နေရာ အသီးသီးတွင် Lighting Exposure မျှတစွာ တွက်ချက် ပုံဖေါ် ပေးသည်ကို တွေ့ နိုင်သည်။


ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Matrix Metering တွက်ချက် သည့် နေရာများ ( အနီရောင် ဧရိယာ)

အောက်ပါ နမူနာ ပုံများမှာ Nikon D 90 ပေါ်ကာစ က Matrix Metering ဖြင့် ရိုက်ကူး ထားသည့် ဓါတ်ပုံ နမူနာများ ဖြစ်ကြသည်။













Center Weighted Metering

Nikon တွင် Center Weighted Metering ဟု ခေါ် Canon တွင် Center Weighted Average Metering ဟုခေါ်သည်။ ဤ စနစ် တွင် ကင်မရာသည် Frame ၏ ဗဟို အပိုင်း ရှိ Data ကိုသာ အဓိက ထား တွက်ချက် သည်ဆိုစေကာမူ ဘေးပတ်ဝန်းကျင်နေရာ အနည်းငယ်ကိုလည်းထည့်တွက်သည်။ SubJect သည် Frame ၏အလယ် တွင် ကောင်းမွန်စွာ ပေါ်လွင်နေလျှင် သုံးသင့်သည့် စနစ် ဖြစ်သည်။ ယင်းကဲ့သို့ အနေအထားတွင် Center Weighted Metering သည် Subject ကို ကောင်းစွာ ဖတ် နိုင်သည့်အတွက် Background ၏ အရောင် ၊ အလင်းတို့၏ လွမ်းမိုးမှု မရှိရန် တွက်ချက်ပေးမည် ဖြစ်သည်။ အကယ်၍ Background ၏ အရောင် ၊ အလင်းတို့ သည် Subject ထက်ပို၍ အားကောင်းနေလျှင် Center Weighted Metering သည် Subject ကို ထိရောက်စွာ ဖတ်နိုင်မည်မဟုတ်။ ပုံလည်း ကောင်းမည် မဟုတ်။


ဓါတ်ပုံတစ်ပုံ၏ Frameအတွင်း Center Weighted Metering တွက်ချက်သည့်နေရာ။( အနီရောင် ဧရိယာ)



ဤ ပုံ ကိုပင် Spot Metering ဖြင့် Subject ၏ အင်္ကျီ အမဲကို ထောက်၍ ရိုက်စဉ်က Subject ဖြူ သွား သော်လည်း ( Spot Meteringတွင် ကြည့်ပါရန် ) ယခု ပုံကိုမူ Center Weighted Metering နှင့် ရိုက်သည့်အခါတွင် ရှေ့ရော နောက်ပါ Lighting Exposure မျှလာသည့်ကိုတွေ့ရမည်ဖြစ်သည်။ အင်္ကျီအနက် တစ်ခုထည်းသာမက ၄င်းအနီးပတ်ဝန်းကျင်ရှိ နေရာအချို့ကိုပါ ထည့်တွက် ခြင်းကြောင့် ဖြစ် သည်။ သို့သော် Subject သည် လွန်စွာ တောက်ပခြင်း၊ များစွာ မဲ မှောင်ခြင်း Background များစွာ တောက်ပခြင်း ၊ မှောင်နေခြင်း များရှိပါက Centering Weighted Metering အဖတ် မှား နိုင်သည်။



အထက်ပါ ပုံသည် ခုန်နေသည့် ခလေးနှင့် လှိုင်းကို Center Weighted Metering ၏ယူကာ ရိုက်ထားခြင်း ဖြစ်သည်။ ထို့ ကြောင့် ပုံတွင် လူ နှင့် လှိုင်း နှစ်ခု ပြတ်သားကာ Exposure မျှတစွာ ရှိနေသည်။

Center Weighted Metering ဖြင့် ရိုက် ထားသည့် ပုံ နမူနာများ-





Spot Metering

Nikon က Spot Metering ဟု ခေါ်ပြီး Canon က Partial Metering ဟုခေါ်သည်။ ယင်းသည် ဧရိယာ သေးသေး လေး၏ Light Exposure ကိုသာ တွက်ချက်ပြီး Setting လုပ်သည့်အတွက် တိကျ သည်။ အလင်း၊ အရောင် ကွာခြားမှု များသည့် High Contrast များသည့် အခြေ အနေများတွင် သုံးသင့် သည်။ သို့သော် Spot ယူလိုက်သည့် နေရာ မှား သွားလျှင်မူ ပုံ ပျက်သွားပေလိမ့်မည်။ အကယ်၍ Spot Metering ကို သုံးပါက Main Subject ၏ Mid-Tone Part နေရာ ကို ရွေး၍ Spot လုပ်သင့် သည်။


 
ဓါတ်ပုံ တစ်ပုံ၏ Frame အတွင်း Spot Metering တွက်ချက် သည့် နေရာ။ ( အနီရောင် ဧရိယာ)



အထက်ပါ ပုံမှာ Center-Weighted Matering ကဏ္ဍတွင် ဖေါ်ပြခဲ့ပြီးသည့် ပုံပင် ဖြစ်သည်။ Subject ၏ အင်္ကျီ အနက်ရောင်၏ အလယ်ကို Spot Metering လုပ်ထားသည့်အတွက် ကင်မရာက မှောင်လွန်းသည် ဟု သတ်မှတ်ကာ Exposure ကို တင်လိုက်သဖြင့် Overexpose ဖြစ်သွား ရခြင်း ဖြစ်သည်။ ဤသည်မှာ ပုံ တွင် အလင်း အမှောင် ကွာလွန်းသောကြောင့် ဖြစ်သည်။ Spot Metering တွင် သတိပြုရမည့် အချက်ဖြစ်သည်။

အကယ်၍ Subject နောက် က အလင်းများလွန်းနေသောကြောင့် မျက်နှာမဲနေသည့် Back Lit အခြေ အနေမျိုး တွင် Spot Metering မယူ ပါက Subject သည် Silhouette သာလျှင် ထွက်လာပေလိမ့်မည်။ မျက်နှာသည် မဲနေပေလိမ့်မည်။ မျက်နှာကို Spot Metering ယူ၍ ရိုက်ပါက Subject ၏ မျက်နှာ ပေါ် လာပြီး သို့ သော် နောက်ခံ မှာမူ ယခင်ကထက် ပို၍ လင်းလာ လိမ့်မည်.



အထက်ပါ ပုံ မှာ ဂူ အ၀ ရှိ မိုးကောင်းကင်သည် လင်းနေ၍ ဂူ ၏အတွင်းပိုင်းသည် မှောင်နေသည်။ ဂူ အတွင်းရှိ မှောင်နေသော နေရာများကို Sopt Metering ယူပါက ဂူ အတွင်း၌ လင်းလာမည် ဖြစ်သော် လည်း ဂူ အ၀င်ရှိ ကောင်းကင်သည် Overexpose ဖြစ်ကာ ဖြူဖွေး သွား လိမ့် မည်။ ထို့ ကြောင့် ဂူ အ၀င်ဝရှိ မိုးကောင်းကင်ကို Spot Metering ယူ၊ AE Lock လုပ်၍ Focus ကိုပြန်နေရာရွှေ့ Recompose လုပ်ကာ ရိုက်ထားခြင်း ဖြစ်သည်။ ဤ သို့ ဖြင့် အဓိက ပြချက် ဖြစ်သည့် ကောင်းကင် ကိုပုံမှန် အနေ အထားရသည်။



အထက်ပါ ပုံသည်လည်း ဘေးမှဝင်လာသည့် အလင်းကို Spot Metering ယူကာ ရိုက်ထားခြင်း ဖြစ် သည်။ ထို့ကြောင့် Main Subject ဖြစ်သည့် အလင်းရောင်သည် မျှတစွာ ပေါ်နေသည်။



အထက်ပါ ပုံကဲ့သို့် High Contrast ရှိ သောပုံကို အချို့ သော ပညာရှင်များက Spot Metering ဖြင့် ရိုက်ခြင်းကို နှစ်သက်ကြသည်။

Spot Metering ဖြင့် ရိုက်ထားသည့် ပုံများကို နမူနာ ပြထားပါသည်-





 
PDF File Download Link => http://d-h.st/qhf

By ဆရာဦးစိုးလှိုင် (Country Road)

Source: Nanda Htoon's Facebook



ငါးအပုပ်များသယ်ယူစဉ် အသက်ရှူကျပ်၍ ထိုင်းရောက် မြန်မာအလုပ်သမား ၂ ဦးသေဆုံး



ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ ထိုင်းမွမ်းမြို့နယ်၊ ထလမုတံငါရွာတွင် ငါးအပုပ်များ သယ်ယူသော မြန်မာငါးဖမ်းလှေ လုပ်သားနှစ်ဦးသည် အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

ဧပြီ ၂၆ ရက်တွင် ငါးဖမ်းလုပ်သားနှစ်ဦးဖြစ်သော ဦးတင်ဆန်းနှင့် ဦးမောင်ထွေးတို့သည် ငါးဖမ်းလှေအတွင်းမှ ငါးအပုပ်များ သယ်ယူစဉ်အနံ့ဆိုးများကြောင့် အသက်ရှူကျပ်၍ သေဆုံးသွားခြင်းဖြစ်သည်။

‘‘ပင်လယ်ငါးဖမ်းလှေတွေ မှာ အလုပ်လုပ်နေတဲ့ မြန်မာ အလုပ်သမားတွေအနေနဲ့ ငါးပိ၊ ငံပြာရည်လုပ်ဖို့ အမျိုးအစားညံ့ တဲ့ငါးတွေနဲ့ မလတ်ဆတ်တော့ တဲ့ငါးတွေကို ထားတဲ့အခန်းထဲ မှာဝင်ပြီး အဲဒီငါးအပုပ်တွေဆင်း သယ်ကြရပါတယ်။ ရက်အကြာ ကြီးရေခဲမရိုက်ဘဲ ငါးတွေကိုထား တာဆိုတော့ အပုပ်နံ့က တော် တော်ပြင်းထန်ပါတယ်။ အဲဒီပြင်း ထန်လှတဲ့အနံ့ဆိုးတွေကြောင့် အလုပ်သမားတွေအနေနဲ့ အသက် ရှူရပ်ပြီး မကြာခဏသေဆုံးတာ မျိုးတွေဖြစ်နေပါတယ်’’ဟု ထိုင်း နိုင်ငံတောင်ပိုင်း အခြေစိုက်ပညာ ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း FED အမှုဆောင်ဒါရိုက် တာ ဦးထူးချစ်က ပြောသည်။

ပင်လယ်ငါးဖမ်းလုပ်ငန်း တွင် လုပ်ကိုင်နေကြသော မြန်မာ အလုပ်သမားများအနေဖြင့် လုပ် ငန်းခွင်အန္တရာယ်ကင်းရှင်းရေး များကို တိတိကျကျမဆောင်ရွက် ပေးသောကြောင့် ယခုလို မြန်မာအလုပ်သမားများ အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

ထို့ကြောင့် လာရောက်လုပ်ကိုင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးအတွက်ထိုင်းအစိုးရနှင့်စနစ်တကျပူးပေါင်းဆောင်ရွက်သင့်သည်ဟု ဦးထူးချစ်က ဆက်ပြောသည်။

သေဆုံးသူနှစ်ဦးအား သေဆုံးသည့်နေ့တွင်ပင် လမ်ကင်းဘုန်းကြီးကျောင်း၌ မီးသင်္ဂြိုဟ်ခဲ့သည်။

ဧပြီ လဆန်းပိုင်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းရှိ နမ့်ခင်း တံငါကျေးရွာ၌ အလုပ်လုပ်ကိုင်နေသော မြန်မာအမျိုးသားတစ်ဦးသည် ငါးအပုပ်နံ့များကြောင့် အသက်ရှူကျပ်၍ သေဆုံးခဲ့ကြောင်း သိရှိရသည်။
 
7Day Daily


အိပ်နေစဉ် ဘာလို့ ဘီလူးစီး တာလဲ



ဘီလူးစီးခြင်း (Sleep Paralysis)

ဘီလူးစီးတယ်ဆိုတာ ကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ ကြားဖူးလိမ့်မယ် ထင်ပါတယ်။ လူကနိုးနေရက်နဲ့ ခြေတွေ လက်တွေလှုပ်မရ၊ အော်မရပာစ်မရနဲ့ အတော်ကြီးကို စိတ်ဒုက္ခရောက်ရတဲ့ အချိန်ပါ။ အင်္ဂလိပ်လို Sleep Paralysis လို့ခေါ်ပြီး မြန်မာလို ဘီလူးစီးတယ်လို့ခေါ်တဲ့ အခြေအနေ တစ်ရပ်ကို တစ်ခါလောက် ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့ လန့်သွားလောက်တဲ့ အတွေ့အကြုံတစ်ရပ်ပါ။
Sleep Paralysis ကို နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Isolated Sleep Paralysis (ISP) နဲ့ Recurrent Isolated Sleep Paralysis (RISP) ဆိုပြီးတော့ပါ။ အလွယ်ပြောရရင် ISP ဆိုတာက လူတိုင်းဖြစ်နိုင်ပေမယ့် RISP ဆိုတာကတော့ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ မူမမှန်တဲ့ ရောဂါတစ်မျိုးမျိုး ရှိနေသူတွေမှာသာ ပိုဖြစ်တတ်ပါ တယ်။ ISP က လူတစ်ယောက် တစ်သက်မှာ တစ်ခါလောက်ပဲကြုံ တတ်ပါတယ်။ RISP ကတော့ ခဏခဏ ပြန်ဖြစ်နေတာပါ။ မြန်မာလိုပြောရရင်တော့ ဘီလူးစီးတယ်ဆိုတာက သာမန်လူမှာဆိုရင် တစ်သက်မှာ တစ်ခါလောက်ပဲ ကြုံတွေ့နိုင်ပေမယ့် အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါရှိသူတွေမှာဆိုရင် ခဏခဏဖြစ်နိုင်ပါတယ်။ တစ်ညတည်းကိုပဲ နှစ်ခါ သုံးခါပြန်ဖြစ်နိုင်ချေရှိပါတယ်။

ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲ ဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့် လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲ ရှိပါသေးတယ်။ လူတစ်ယောက်ရဲ့ အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့ အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲသူနဲ့သက်ဆိုင်တဲ့ ဦးနှောက်ရဲ့ တုန့်ပြန်မှုတွေ၊ ခန္ဒာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေ အလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်က ထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက် အခြေအနေဖြစ်ပြီး REM ကတော့ လုံးဝအိပ်ပျော်သွားတဲ့ အခြေအနေ တစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာ လူတွေပာာ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာ ဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့ အိပ်မက်ထဲမှာ လက်သီး ထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိပါတယ်။ အိပ်မက်ထဲမှာ ဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိပါလိမ့်မယ်။ အဲဒီတော့ အဲလိုမျိုး အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်း အပြင်မှာလျှောက် မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေ အိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်း အပြင်မှာ လိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို လုံးဝမလှုပ်တော့အောင် လှမ်းပိတ်ထား လိုက်ပါတယ်။ ပြီးတော့မှနိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်က ထိန်းချုပ်ထား တာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။ ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေ ရာမှာ လူကိုယ်တိုင်ထိန်းနိုင်တဲ့ကြွက်သားတွေကိုသာ သေအောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူး စီးတဲ့ အချိန်မှာ မအော်နိုင်မပာစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ ကြွက်သားတွေ ကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။

အဲလိုဘီလူးစီးတယ်ဆိုတဲ့ အခြေအနေဖြစ်ပေါ်ရတာကတော့ ခုနကပြောထားတဲ့ REM အဆင့်ကနေ မလျော့ဘဲ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံ မှားယွင်းတာကြောင့် နိုးသွားပြီး လူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်က အိပ်နေတယ်လို့ပဲ ဆက်သတ်မှတ် ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ အခုလိုမျိုး လှုပ်မရ၊ အော်မရ ဖြစ်လာပါတယ်။ အိပ်မက် မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်ခါ အတော်ကြီး ကိုစိတ်ဒုက္ခရောက်ရပါတယ်။ အခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်က လူတစ်ယောက် ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက် ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေပာာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက် ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာ ခံစား မိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန် တာ လွန်ကဲပြီး ဒီအခြေအနေပာာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ် လို့ နောက်ဆက်တွဲ ဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့ လူတွေပာာ အဲလိုလှုပ်လို့မရတဲ့ အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံ ခံစားခဲ့ရတယ်လို့ ထင်ပြီး နိုးလာရင်တောင်ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။

ဒီလိုဦးနှောက်က ဘာသာပြန်မှားယွင်းတာပာာ ဦးနှောက်ကို အောက်ဆီဂျင်သိပ်မရောက်တဲ့ အခြေ အနေတွေ ဥပမာ လေ၀င်လေထွက် မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့ အခန်းထဲမှာ အိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါက အလွန်ပြင်းထန် သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့ သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့ မရတဲ့အခြေအနေထိဖြစ်လာပါတယ်(ကျနော်တစ်ခါဖြစ်ဖူးပါတယ် အိပ်မက်မက်ရင်း အသက်ရှူကြပ်လာ တာ။ တော်သေးတယ် မသေသွားလို့။) ဘီလူးစီးခြင်း (Sleep paralysis)ပာာ အသက် အန္တရာယ်ဖြစ် လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာ မမေ့နိုင်အောင် ကြောက်မက်ဖွယ်ကောင်းခဲ့ပါတယ်။ ဘီလူးစီးတာပာာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန် မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့ သူတွေ၊ အရမ်းကို ပင်ပန်းနွမ်း နယ်နေတဲ့ သူတွေ၊ ဆေးသုံးတဲ့ သူတွေမှာ ပိုဖြစ်ပါတယ်။

ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်က အတော်မှန်နေတာတွေ့ရပါတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်နဲ့လို့ ပြောခဲ့တာက အခု သိပ္ပံနည်းကျရှင်းတဲ့ အခါမှာလည်း အင်မတန်မှန်နေပါတယ်။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဒာကိုယ် အနေ အထားကြောင့် လျှာဒါမှမပာုတ် အာခေါင်ပျော့တို့ရဲ့ဖိအားကြောင့် အသက်ရှူလမ်းကြောင်း ပိတ်ပြီး လေသိပ် မ၀င်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ် လာနိုင်တယ်လို့ ဆိုပါတယ်။

ပုံမှန်အိပ်တာ၊ လေ၀င်လေထွက်ကောင်းအောင် လုပ်တာနဲ့ အိပ်ရာကုတင် သန့်သန့်ရှင်းရှင်းနဲ့ လူလည်း သန့်သန့်ရှင်းရှင်း အိပ်မယ်ဆိုရင် Sleep Paralysis ကို ကာကွယ်နိုင်ပါတယ်။

Dr. သူရိန်လှိုင်ဝင်း

ရွှေအိမ်စည် စာကြည့်တိုက်


ရာသီဥတုပူပြင်းလွန်း၍ ရာသီဥတုကောင်းလာစေရန် ဖား ၂ ကောင်အား မင်္ဂလာဆောင်ပေး



အိန်္ဒိယနိုင်ငံ၊ အက်ဆန်ကျေးရွာ မှာ ပြုလုပ်ခဲ့တဲ့ ပွဲတော် တစ်ခုက ထူးခြား လို့ နေခဲ့ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီပွဲတော်မှာ ဖားနှစ်ကောင် ကို မင်္ဂလာဆောင်ပေးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ်။ အိန်္ဒိယနိုင်ငံမှာ ပူပြင်း လှတဲ့ ရာသီဥတုကို ကြုံတွေ့နေရတာမို့ လယ်သမား တွေဟာ လယ်ယာလုပ်ငန်း ကိုဝင်နိုင်ဖို့ အခက်တွေ့နေပါတယ်။ ဒါကြောင့်မို့ ရာသီဥတု သာယာစေဖို့ ရည်ရွယ်ချက်နဲ့ ရှေးရိုး အစဉ် အလာအတိုင်း ဖားနှစ်ကောင်ကို လက်ထပ် ပေးခဲ့ ခြင်း ဖြစ်ပါတယ်။ ဒီပွဲတော်ကို အမျိုး သမီးတွေက ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး တက် ရောက်လာတဲ့ ပရိသတ်က ရာနဲ့ချီ ရှိတယ်လို့ သိရပါတယ်။ 
 
အမျိုးသမီး တွေဟာ ဖားနှစ်ကောင် ကို ဟိန္ဒူရိုးရာအစဉ်အလာအတိုင်း လက်ထပ် ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဖားတွေကို တန်ဖိုးကြီး အ၀တ် အထည်တွေနဲ့ ထုပ်ပိုးပြီး ခေါင်းပေါ် မှာ အနီစက်ကလေးတွေကို တို့ပေး ခဲ့ပါတယ်။ ဒီနောက် ဖောင်ပုံစံပြုလုပ်ပြီး မြစ်ချောင်းထဲ မျှောပေး လိုက်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရာသီဥတုသာယာပြီး မိုးရွာစေမယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ဖြစ်ပါတယ်။

The Messenger



Pregnancy and Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါ


ဆရာရှင့် ကျမမှာ ယခု ပထမကိုယ်ဝန် ၇ ပတ်ကျော်ပါပြီရှင့်။ ကိုယ်တိုင်ဆီးစစ်ပြီးသိရတာပါရှင့်။ OG နဲ့ပြဖို့ ရက်ချိန်းက နောက်လ ၁ဝ ရက်နေ့မှဖြစ်လို့ ယခုထိကလေးအခြေအနေ မသိရသေးပါ။ ထို့ပြင်အမြဲမအီမသာဖြစ်ပြီးထမင်းမစားချင်ပါ။ အစာမကျေသလိုလည်း ခံစားရပါတယ်ရှင့်။ ယခုထိဆရာဝန်နှင့်မပြရသေးသဖြင့် folic acid တစ်မျိုးသာသောက်ပါသည်။ မည်သည့်အစားအစာများကိုစားသင့်ပြီး မည်သည့်အစားအစာကို ရှောင်ကျဉ်သင့်သည်ကိုဖြေကြားပေးပါရှင့်။

ကိုယ်ဝန်ဆောင်စ အစောပိုင်းလတွေမှာ ပျို့တာ၊ အန်တာကို Morning sickness ကိုယ်ဝန်ရှိစ အိပ်ရာထရောဂါလို့ ခေါ်ပြီး ဆေးစာနဲ့ Nausea gravidarum လို့ ခေါ်ပါတယ်။ မနက်ခင်းမှာ အဖြစ်များလို့ ဒီနာမယ် ပေးတာဖြစ်မယ်။ နေ့ခင်းရော ညပိုင်းမှာပါ ဖြစ်တတ်တာပါဘဲ။ ကိုယ်ဝန်ဆောင်တိုင်းလိုလို ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ တဝက်လောက်က ဆေးကုသမှု ခံယူကြရတယ်။ အများအားဖြင့် ကိုယ်ဝန် ၆ ပတ်မှာ စတတ်ပြီး၊ ၁၂ ပတ်ရောက်ရင် သက်သာသွားကြတယ်။ ပျို့-အန်နယိ၊ ရင်သားနာမယ်၊ အစာအိမ်ပြဿနာပေးမယ်၊ အားယုတ်မယ်၊ မကြာခဏ ဆီးသွားမယ်၊ မောပမ်းမယ်၊ သွေးအနည်းငယ် ဆင်းနိုင်တယ်၊ အားအင်ပြည့်ပြီး အလေးချိန် တိုးလာမယ်။ အနေအထိုင် ခက်ခဲလာမယ်။ အရေပြား ပြောင်းလဲမှုတွေရှိမယ်၊ သွင်ပြင်လက္ခဏာများ နဲ့ စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာမယ်။

မိခင်လောင်းမှာ အတော်အနေရခက်တယ်။ အန်တာက အတော်အသင့် ဆိုးတာနဲ့ လက်ထိုးအန်တာ ဖြစ်နိုင်တယ်။ တခြား အန်တဲ့ရောဂါတွေလို ဆေးကုစရာ မလိုပါ။ ကလေးကိုလဲ မထိခိုက်စေပါ။ ဆိုးရင်တော့ ရေဓါတ်-ဆားဓါတ် ခန်းခြောက်တာ ဖြစ်နိုင်တယ်။ ကိုယ်အလေးချိန် ကျမယ်။ Alkalosis (အယ်လ်ကာလီ) ဓါတ်များတာ နဲ့ Hypokalemia (ပိုဆက်ဆီယမ်) နည်းတာတွေ ဖြစ်မယ်။ ဆေးကုဘို့လိုပြီ။

ဘာလို့ဖြစ်သလဲ-
အနံ့အသက်တချို့ကို မကြိုက်ဖြစ်တာကြောင့်လား ထင်ရတယ်။ (အီစထိုဂျင်) ဟော်မုန်း များလာလို့ထင်ကြတယ်။ အရင်ကထက် အဆ ၁ဝဝ အထိများလာတယ်လို့ တချို့ကဆိုတယ်။ အသေအခြာ ဒါကြောင့်လို့ မပြောနိုင်ပါ။ သကြားဓါတ်နည်းလို့လဲ ထင်တယ်။ ကလေးဆီ အချင်းကတဆင့်ပို့ပေးရလို့ နည်းတာ။ (ပရိုဂျက်စတီရုန်း) များလာလို့ သားအိမ်ကြွက်သားတွေ လျှော့လာစေသလို အစာအိမ် ကြွက်သားကိုလဲ အဲလိုလျှော့စေမလား ထင်ရတယ်။ HCG ဟော်မုန်း များတာလဲ စဉ်းစားတယ်။ အသဲ (အင်ဇိုင်းမ်) များလာကြောင့်လားလဲ စဉ်းစားတယ်။ ကာကွယ်စနစ်အနေနဲ့လဲ စဉ်းစားတယ်။ အထဲကကလေးကို မအေစားတဲ့ထဲပါတဲ့ အဆိပ်အတောက်တွေရန်ကနေ အကာကွယ်ပေးတာလား စဉ်းစားလာတယ်။ ပျို့တာ-အန်တာမဖြစ်တဲ့ ကိုယ်ဝန်က ပိုပျက်ကျတတ်တယ်လို့ ထင်တယ်။ မိခင်ကိုလဲ တနည်းတလမ်းနဲ့ ကာကွယ်တာလဲ ဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်ရင် ခုခံစနစ်အား နည်းလာတယ်။ မသင့်တာကို အန်ပြစ်တဲ့သဘော ဖြစ်မလား ယူဆတယ်။

ဘယ်လိုကုသမလဲ
ဖြစ်စေတာ မသေခြာလို့ ကုသနည်းဟာလဲ မရေရာလှပါ။ ခံစားရတာကို သက်သာအောင်သာ လုပ်ရတာများတယ်။
• အစာချေရည်ဆန်တာနဲ့ တွဲနေတာဆိုရင် ညမအိပ်ခင် Antacid လေဆေး သောက်အိပ်ပါ။
• အစားအသောက်မှာ (ဖိုင်ဘာ) များတာ စားပေးပါ။ အဆီလဲ စားဘို့ လိုတယ်။ ပေါင်မုံ့ဖြူက အညိုထက် ဒီနေရာမှာ သင့်တယ်။ အသီးအနှံ၊ အသီးအရွက်တွေလဲ အစိမ်းမစားသင့်ပါ။ အဆီများတဲ့အသား ရှောင်ထားပါ။
• စားပြီးရင် လဲလျောင်းမနေပါနဲ့၊ အစာစားပြီး လမ်းလျှောက်ပေးပါ။
• သကြားဓါတ်နည်းတာဖြစ်ရင် သွားရည်စာ ခဏခဏစားပေးပါ။
• သံပရာ၊ ရှောက်သီး၊ လိမ်မော်သီးတွေက အကျိုးများစေတယ်။ Ginger capsules, Ginger tea ချင်း (ဂျင်း) ဆေးတောင့်၊ ချင်းလဖက်ရည် ကောင်းတယ်။
• အန်ရင် ရေခဲငုံပါ။
• တခါစားရင် နဲနဲချင်းစားပါ။ တမင်းမစားပြီးပြီးချင်း ရေမသောက်သေးဘဲ နာရီဝက်နေမှ သောက်ပါ။ မစားခင် ရေကို နာရီဝက်ကြို သောက်ထားပါ။ မနက် မထခင် Soda crackers စားနိုင်တယ်။ အိပ်ရာထရင် Crackers စားပါ။ အနံ့၊ အရသာ မကြိုက်တာမစားပါနဲ့၊
အစာစားချိန်မှာ မစားဘဲမနေပါနဲ့၊ • ကောင်းကောင်း အနားယူပါ၊ ကိုယ်လက်လှုတ်ရှားမှု လုပ်ပေးပါ။
• Acupressure wristbands လက်မှာပတ်ထားပါ။ Sea Bands နဲ့ Relief Band Device တွေလဲသုံးနိုင်တယ်။
• Salty potato chips အာလူးချစ်ပ် စားနိုင်တယ်။ Preggie Pops lollipops ငုံထားပါ။
• သံဓါတ်အားဆေးကြောင့်ထင်ရင် Slower-release ဖြစ်ဖြစ် Lower-dose iron pills သံဓါတ်နည်းနည်းသာပါတာ ပြောင်းသောက်ပါ။
• (ဗီတာမင် ဘီ ၆) 50 mg သောက်ပါ။
• ဆားဓါတ် ခန်းခြောက်တာဖြစ်ရင် ORS ဓါတ်ဆားထုပ် သောက်ပါ။ သောက်တာလဲ အန်ရင် Ringer Lactate drip သွင်းပါ။

ကိုယ်ဝန်ရင့်လာရင် ဖြစ်တတ်တာတွေအတွက် -
• ခါးနာရင် အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်းပြီးမ မတင်ရ၊ မလုပ်ရ။ ခြေထောက်ကို အမြင့်မှာတင်ပြီး နားပါ။ ဒူးကွေး၊ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲရင် ခါးမတ်မတ် ထိုင်ပါ။ အိပ်ရင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ရင် ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာရင် (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားရင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ရင် မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ရင် တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• သွေးပြန်ကြောထုံးရင် ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ရင် ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမယ်၊ နာမယ်၊ တင်းမယ်။ ထိပ်ဖျား အရောင် ရင့်လာမယ်။ ထိပ်ဖျားဝင်နေရင် ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမယ်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင်စဉ် အန်ခြင်း
ကိုယ်ဝန်ဆောင်သူ ၇ဝ-၈၅% မှာဖြစ်တတ်တယ်။ တခါတလေ ဆေးတွေ အသုံးမကျ ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ ပေးရတဲ့ ဆေးတချို့ဟာ Placebo လူနာ စိတ်သက်သာရစေတဲ့ဆေးလို့ ခေါ်တယ်။
• ဗီတာမင် ဘီ ၆ ပေးလေ့ရှိတယ်။ Doxylamine 10 mg + Pyridoxine (B6) 10 mg ပေးသင့်တယ်။ B-Natal TheraPops နဲ့ B-Natal Lozenges တွေဟာ ဗီတာမင် ဘီ-၆ ပါတဲ့ဆေးတွေ ဖြစ်တယ်။
• ဆိုးဝါးသူတွေကို Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီ ခြား ပေးနိုင်တယ်။
• Meclizine, Dimenhydrinate, Metoclo-pramide တွေကိုလည်း ပေးနိုင်တယ်။
• Methylprednisolone 16 mg စားဆေး၊ ထိုးဆေး ကို နောက်ဆုံးအဖြစ် ပေးနိုင်တယ်။ ၃ ရက်နဲ့ သက်သာရင် ၂ ပတ်အထိ ဆက်ပေးပါ။ မသက်သာရင် ရပ်ပါ။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးတာ ကောင်းတယ်။
• Psi Bands Acupressure ကို လက်ကောက်ဝတ်မှာ ပတ်ထားနိုင်တယ်။
• Organic Heartburn Relieving Tea QueaseEASE နဲ့ Essential Oil Therapy တို့က ခေတ်သုံးဆေးတွေပါ။
• ဂျင်း (ချင်း) Ginger capsules of 250 mg တနေ့ ၄ ကြိမ် ပေးတယ်။
• တရုပ်အပ်စိုက်နည်းမှာ Acupuncture point P6 နေရာမယ် စိုက်ပေးရတယ်။

Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း
• ကိုယ်ဝန် ၁% မှာ ဖြစ်တယ်။ တချို့နေရာမှာ ၂ဝဝ မှာ ၁ ယောက်ကနေ ၄ ယောက်ထိ ဖြစ်တတ်တယ်။
• ကိုယ်ဝန်ဖျက်ပေးရတဲ့ အထိဆိုးသူရှိတယ်။
• ဘာ့ကြောင့် ဖြစ်ရတယ်ဆိုတာ တိတိပပမသိပါ။
• ကိုယ်ဝန် ၈-၁၂ ပတ်ရှိချိန် အဖြစ်များတယ်။ ၂ဝ ပတ်ဆိုရင် ၁ဝ% လောက်ဘဲ ဆက်ရှိနေတတ်တယ်။
• အန်တာ ကြာရင် ကိုယ်အလေးချိန် လျော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲလာနိုင်တယ်။
• အနားယူခိုင်းပါ။ အစာကို နည်းနည်းနဲ့ အကြိမ်ခွဲစားစေပါ။ ပရိုတင်း များများ ကြွေးသင့်ပြီး အဆီနဲ့အစပ် လျော့သင့်သည်။
• Normal saline or Lactated Ringer solution သွင်းပေးဘို့ လိုနိုင်တယ်။ ဂလူးကို့စ်၊ ဗီတာမင်ဘီ ၁၊ ဘီ ၆၊ မဂ္ဂနီဆီယမ် ပေးရမယ်။ Zofran (Ondansetron) ဆေးကို အမေရိကားမှာ အများဆုံးသုံးတယ်။ မရသေးရင် Methylprednisolone IV ဆေးပေးမယ်။ ကိုယ်ဝန် ၁ဝ ပတ် ထက်စောရင်တော့ မပေးဘူး။ အင်္ဂလန်မှာ Promethazine နဲ့ Metoclopramide, Prochlorperazine တွေသုံးတယ်။

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေး၊ သတိနဲ့ပေးရမဲ့ဆေးတွေကတော့ -
Vitamin A (များရင်)၊ Aspirin, Ibuprofen အကိုက်အခဲပျောက်ဆေးတွေ၊ Azithromycin, Erythromycin, Clarithromycin, Furazolidone ပိုးသေဆေးတွေ၊ Prednisolone ပရက်နီဆိုလုံးဆေးတွေက လူသိများတယ်။ Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica, Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, Senna, Tansy, White peony, Wormwood, Yarrow, Yellow dock တိုင်းရင်းဆေး အမျိုးအစားတွေ ဖြစ်တယ်။ ဆရာဝန်သုံး Isotretinoin, Etretinate, Phenytoin, Carbamezapine, Ergotamine, Methysergide, Zithromax, Zmax, Zathrin ဆေးတွေလဲပါတယ်။

Dr. တင့်ဆွေ
၂၈-၄-၂ဝ၁၄

လေးလအတွင်း အမြန်လမ်းတွင် သေဆုံးသူ ၆၀ ကျော် အမြန်လမ်းပေါ် ဖြတ်သန်းမည့် ယာဉ်များကို စစ်ဆေးမည်



မန္တလေး အမြန်လမ်းပေါ် တွင် ယခုနှစ် လေးလအတွင်း ယာဉ်တိုက်မှုပေါင်း ၁၆၀ ကျော် ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၆၆ ဦး အနက် ဧပြီလတွင် သေဆုံးသူ ဦးရေ အများဆုံး ဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။

၂၀၁၄ နှစ်ဆန်း   ဇန်န၀ါရီ မှစ၍ ဧပြီ ၂၇ ရက်အထိ ယာဉ် တိမ်းမှောက်မှုကြောင့် သေဆုံးသူ ၆၆ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရရှိသူ ၂၄၉ဦးရှိခဲ့ကာ ယာဉ်တိုက်မှုပေါင်း ၁၆၁မှုအထိ ဖြစ်ပွားခဲ့သည့်အနက် ယခုဧပြီလအတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံးသူ ဦးရေ ၃၃ဦးအထိ ရှိခဲ့သည်။

‘‘ယာဉ်မောင်းတွေက မဆင် မခြင်ပြီး မောင်းလို့ဖြစ်တာများ တယ်။  သင်္ကြန်တွင်းဆိုတော့ ယာဉ်တိုက်မှုပိုများသွားတာပေါ့။ ကားအရှိန်လွန်ပြီး မောင်းတာ တွေလည်း ပါတယ်။ လမ်းပေါ်မှာ တစ်နေ့ကို ကားအစီးရေ ငါး ထောင်၊ ခြောက်ထောင်လောက် သွားနေတာ။ ယာဉ်တိုက်မှုဖြစ် တာ အိမ်စီးကားက ပိုဖြစ်တာများ တယ်’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုနှစ်အတွင်းဖြစ်ပွားခဲ့ သည့် ယာဉ်တိုက်မှုများအနက် ဧပြီ ၁၂ ရက်က မိုင်တိုင်အမှတ် ၁၁၆ အနီးတွင် ဖြစ်ပွားခဲ့သည့် တောင်ပြာတန်းခရီးသည်တင် ယာဉ်နှင့် အိမ်စီးယာဉ် နှစ်စီးတိုက် မိခဲ့သည့် ယာဉ်တိုက်မှုမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သည်။ ထိုယာဉ် တိုက်မှုကြောင့် လူ ၁၂ ဦးကား အတွင်း မီးလောင်သေဆုံးခဲ့ပြီး လေးဦး    ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။

အမြန်လမ်းမကြီးတွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားနေ၍ အမြန်ယာဉ်များကို ဌာနစုံပူး ပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စ တင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

အမြန်လမ်းမှ ဖြတ်သန်းနေ ကြသော အမြန်ယာဉ်များ၏ ကြံ့ ခိုင်မှုအခြေအနေများကို  နေ့စဉ် စစ်ဆေးသွားမည်ဖြစ်ကြောင်း၊ထို့ အပြင် ယာဉ်တိုက်မှုဖြစ်စဉ်များ တွင် ယာဉ်မောင်း၏ ပေါ့ဆမှုမှာ အများဆုံးပါဝင်နေသည့်အတွက် ယာဉ်မောင်းကိုလည်း လိုင်စင်ရှိမ ရှိ၊ အရက်သေစာသောက်စား ထားမှုရှိ၊မရှိ ပုံမှန်ကျန်းမာရေးအ ခြေအနေရှိ၊မရှိစသည်တို့ကို စစ် ဆေးသွားမည်ဖြစ်ကြောင်း၊ သတ် မှတ်စည်းကမ်းနှင့်မညီညွတ်သည့် ယာဉ်နှင့် ယာဉ်မောင်းများအားအ ရေးယူသွားမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရဲမှူးသိန်းကိုကိုက ပြောကြားသည်။

စစ်ဆေးအရေးယူမှု စီမံချက် ရေးဆွဲနေပြီဖြစ်ပြီး ရက်ပိုင်းအ တွင်း လုပ်ငန်းစတင်မည်ဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်စည်းကမ်းထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီမှ သတင်းရ ရှိသည်။

အမြန်လမ်းမကြီး  စတင်အသုံးပြုခဲ့သည့် ၂၀၀၉မှ ၂၀၁၄ဧပြီ ၂၇ရက်ထိ ယာဉ်မဆင်မခြင် မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှု ၇၇၄မှုဖြစ်ပွားခဲ့ပြီး  သေဆုံးသူ  ၃၆၅ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၄၀ဦးရှိခဲ့သည်။

အမြန်လမ်းမကြီး၌  နေ့စဉ် ပျမ်းမျှယာဉ်အစီးရေ တစ်သောင်း ခန့်ဖြတ်သန်းလျက်ရှိပြီး အစိုးရ ထုတ်ပြန်ချက်အရ ရက်သတ္တပတ်တစ်ပတ်လျှင် လူ ၃ ဦးနှင့်အထက် ယာဉ်မတော်တဆဖြစ်မှုကြောင့် ဒဏ်ရာရရှိခြင်း(သို့) သေဆုံးလျက်ရှိသည်ဟုသိရသည်။

ထို့အပြင် ယာဉ်မဆင်မခြင် ဖြစ်ပွားမှုမှာ ယာဉ်မောင်းပေါ့ဆ ခြင်း(သို့)  သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ယာဉ်ကြံ့ခိုင်မှုအားနည်းခြင်းတို့ကြောင့်ဖြစ်ပွားလျက်ရှိသည်ဟု သက်ဆိုင်ရာမှ ထုတ်ပြန်ထားသည်။

7Day Daily


အားနည်းချက်များ ပြင်ဆင်ပြီးမှသာ Microsoft IE အသုံးပြုကြရန် အမေရိကန်နှင့် ယူကေ သတိပေး


Internet Explorer တွင် လုံခြုံရေး ပြဿနာ ရှိသောကြောင့် Microsoft က ပြန်လည် ပြုပြင်ပြီးသည့် အချိန်မှသာ IE browser ကိုအသုံးပြုကြရန် အမေရိကန် Computer Emergency Readiness အဖွဲ့နှင့် ဗြိတိန်လုံခြုံရေး ကုမ္ပဏီတို့က သတိပေး ပြောကြားခဲ့ကြောင်း သိရသည်။

Internet Explorer တွင်ဖြစ်ပေါ်သည့် အားနည်းချက်သည် ပြီးခဲ့သည့်နှစ်အတွင်း ထွက်ရှိခဲ့သည့် IE ဗားရှင်းများ တွင်လည်း တွေ့ရှိခဲ့ကြောင်း သိရသည်။ Zero-day ဟု ခေါ်သည့် အဆိုပါ အားနည်းချက်သည် တိုက်ခိုက်သူများကသုံးစွဲသူ၏ ခွင့်ပြုချက်မရှိဘဲ malware များကို ကွန်ပျူတာပေါ်တွင် install ပြုလုပ်နိုင်မည် ဖြစ်သည်။ ၎င်း malware ကို ပုဂ္ဂိုလ်ရေး အချက်အလက်များ ခိုးယူခြင်း၊ အွန်လိုင်း အသုံးပြုမှုကို ခြေရာခံခြင်း သို့မဟုတ် ကွန်ပျူတာကို ထိန်းချုပ်ခြင်း စသည့် ရည်ရွယ်ချက်များဖြင့် အသုံးပြုကြသည်။

လုံခြုံရေး ကုမ္ပဏီ FireEye အနေဖြင့် အဆိုပါ အားနည်းချက်ကို တွေ့ရှိခဲ့ပြီးနောက် ၎င်းသည် Internet Explorer 9,10 နှင့် 11 မှတဆင့် အမေရိကန်နိုင်ငံရှိ ကာကွယ်ရေးနှင့် ဘဏ္ဍာရေး အဖွဲ့အစည်းများကို တိုက်ခိုက်ရန် Flash အခြေခံ နည်းပညာကို အသုံးပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ အထက်ပါ Internet Explorer ဗားရှင်းများသည် Microsoft ၏ Windows Vista, Windows 7 နှင့် Windows 8 များတွင်ပါဝင်ပြီး Internet Explorer 6 နှင့်အထက်တွင်လည်း အဆိုပါ အားနည်းချက်များ ဖြစ်ပေါ်နေကြောင်း သိရသည်။

Ref: CNET
Internet Journal

မြန်မာနိုင်ငံ၌ Data Center နှစ်ခု တည်ဆောက်သွားမည်ဟု Telenor ပြောဆို


ဆက်သွယ်ရေး အော်ပရေတာတစ်ခု လည်ပတ်နိုင်ရန် အဓိကကျသည့် Data Center ကိုမြန်မာနိုင်ငံ၌ နှစ်ခုတည်ဆောက်သွားမည် ဖြစ်ကြောင်း Telenor Myanmar ကထုတ်ပြန်ပြောဆိုခဲ့သည်။

၎င်းတို့သည် ရန်ကုန်မြို့၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center ကိုယခုလ ၇ ရက်နေ့က မီဒီယာများနှင့် မိတ်ဆက်ပြသခဲ့ပြီး ဒုတိယမြောက် Data Center ကိုမန္တလေးမြို့၌ လာမည့်တစ်လအကြာ ကာလအတွင်း တည်ဆောက်သွားမည်ဟု ပြောဆိုခဲ့သည်။

Telenor Myanmar ၏အဆိုအရ မြန်မာနိုင်ငံ၌ တည်ဆောက်ပြီးစီးခဲ့သည့် Data Center သည်ကမ္ဘာ၌ Telenor တည်ဆောက်ခဲ့သည့် Data Center များအနက် အကြီးမားဆုံးသော Data Center ဖြစ်သည်ဟုဆိုသည်။ ထို့အပြင် ဒီဇိုင်းပုံစံအသစ်ဖြင့် နှစ်လအတွင်းလုပ်ကိုင်ခဲ့ခြင်းကြောင့် အမြန်ဆုံးတည်ဆောက်နိုင်ခဲ့သည့် Data Center ဖြစ်ကြောင်းလည်းသိရသည်။

Telenor သည် မိုဘိုင်းဖုန်းလိုင်း ၁၀ သန်းမှစတင်၍ အကန့်အသတ်မရှိသော မိုဘိုင်းဖုန်းလိုင်းများကို တည်ဆောက်ပြီးစီးခဲ့သည့် Data Center မှထိန်းချုပ်ထားနိုင်ကြောင်း မီဒီယာများကို ပြောဆိုခဲ့သည်။ စက်တင်ဘာလအတွင်း မိုဘိုင်းဖုန်းလိုင်း သန်း ၃၀ ကို တစ်ပြိုင်တည်း စတင်ရောင်းချပေးမည်ဟု ပြောဆိုခဲ့သည့် Telenor သည် တစ်နှစ်တာကာလအတွင်း တာဝါတိုင်ပေါင်း ၂၄၀၀ ကိုလည်း တည်ဆောက်သွားမည်ဟု ဆိုသည်။

လက်ရှိအချိန်၌ တည်ဆောက်ပြီးစီးခဲ့သည့် တာဝါတိုင်ဧရိယာများအတွင်း အသံစနစ်နှင့် အင်တာနက်စနစ်များကို လျင်လျင်မြန်မြန်စမ်းသပ် အသုံးပြုနိုင်ပြီဖြစ်ကြောင်း Telenor က လက်တွေ့စမ်းသပ်

ပြသခဲ့သည်။ ၎င်း၏ Core Network ကို Huawei ကတည်ဆောက် ပေးထားခြင်းဖြစ်ပြီး စက်ပိုင်းဆိုင်ရာများကို Ericsson နှင့် Wipro တို့ကဖြည့်ဆည်း ပေးထားသည်ဟု သိရသည်။

ထို့အပြင် Apollo Towers နှင့် Irrawaddy Green Technology တို့သည် Telenor ၏တာဝါတိုင်တည်ဆောက်ခြင်းကို လုပ်ကိုင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။ Telenor ၏အဓိကပြိုင်ဘက်ဖြစ်သည့် Ooredoo သည် ၎င်း၏မိုဘိုင်းဖုန်း ကွန်ရက်အတွင်း အသံပေးပို့ခြင်း၊ စာတိုပေးပို့ခြင်းနှင့် အင်တာနက်အသုံးပြုခြင်းကို အောင်မြင်စွာစမ်းသပ် နိုင်ခဲ့သည်ဟု မတ်လပထမ အပတ်ကကြေညာခဲ့သည်။

Internet Journal



မီတာခ တိုးမြှင့် ကောက်ခံသော်လည်း မီးပြတ်တောက်ခြင်းများ ရှိနေမည်ဟု လျှပ်စစ်ဝန်ကြီး ပြောကြား


ယခုနှစ် ဧပြီလမှ စတင်ကာ မြန်မာ တစ်နိုင်ငံလုံးတွင် မီတာခ တိုးမြှင့် ကောက်ခံမည် ဖြစ်သော်လည်း ရန်ကုန်တိုင်း ဒေသကြီး အတွင်း မီးပြတ်တောက်ခြင်းများ ရှိနေမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လျှပ်စစ်ဝန်ကြီး ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
လျှပ်စစ်ဓာတ်အားခများ တိုးမြှင့် ကောက်ခံမည် ဖြစ်သောကြောင့် လျှပ်စစ်မီး ပြတ်တောက်မှုများ မရှိစေရန် မည်သို့ ဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဧပြီလ ၂၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခြင်းနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးရေးကို လျှပ်စစ်ဝန်ကြီးဌာန အနေနှင့် စီမံချက်များ ချမှတ် ဆောင်ရွက်နေသော်လည်း ယခုနှစ်အတွင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ရှိနေမည် ဖြစ်ကြောင်း ဦးဉာဏ်ထွန်းဦးက ပြောကြားသည်။
“ဓာတ်အားကြိုး လဲလှယ်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ကျန်ရှိနေသောကြောင့် မီးအား လျော့ကျခြင်းများလည်း ရှိနေဦးမည် ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူများမှာ တိုးမြှင့်လာသော မီတာခများကို ပေးဆောင်ရမည် ဖြစ်သော်လည်း အစိုးရအနေနှင့် ဝန်ဆောင်မှုပိုင်းကို တာဝန်ယူ ဆောင်ရွက်ပေးသင့်ကြောင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းကျော်အောင်က ပြောကြားသည်။
“မိုးရာသီ ရောက်လာတော့မည် ဖြစ်သောကြောင့် ဓာတ်အား တိုးမြှင့်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးသင့်ပါတယ်” ဟု ၎င်းကဆိုသည်။

ယင်းသို့ မီတာခ တိုးမြှင့် ပေးဆောင်ရသော်လည်း မီးပြတ်တောက်မှုများ ရှိနေခြင်းမှာ လုပ်ငန်းရှင်များအတွက် အဓိက ထိခိုက်နစ်နာမည် ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရေခဲစက် လုပ်ငန်းပိုင်ရှင် ဦးမျိုးကျော်က ပြောကြားသည်။
“ကျွန်တော်တို့က တစ်နိုင်တစ်ပိုင် လုပ်ရတာဗျ။ မီတာခက တက်တာ ပေးလို့ရတယ်။ အရင်လိုပဲ မီးကို မှန်မှန်မလာ၊ လာပြန်တော့လည်း မီးအားလျော့ ဆိုရင်တော့ တွက်ခြေမကိုက်ဘူး” ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံအနှံ့ လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရရှိသေးသော်လည်း အိမ်သုံး လျှပ်စစ်မီတာများကို တစ်ယူနစ်မှ ယူနစ် ၁၀၀ ထိ သုံးစွဲလျှင် လက်ရှိ နှုန်းထားအတိုင်း တစ်ယူနစ် ၃၅ ကျပ်နှုန်းဖြင့် ကောက်ခံမည် ဖြစ်ပြီး ယူနစ် တစ်ရာကျော် သုံးစွဲပါက တစ်ယူနစ်လျှင် ၄၀ ကျပ်နှုန်းထားနှင့် ယူနစ် ၂၀၀ ကျော်ပါက တစ်ယူနစ် ၅၀ ကျပ်ဖြင့် လည်းကောင်း၊ စက်မှုလုပ်ငန်းသုံး မီတာခများကို ယူနစ်ငါးသောင်းမှ ယူနစ် နှစ်သိန်းအထိ ၁၅၀ ကျပ်အထိ လည်းကောင်း အသီးသီး တိုးမြှင့် ကောက်ခံရန် မတ်လ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း နှစ်စဉ် တစ်ရက်လျှင် လျှပ်စစ်ဓာတ်အား ၈၅၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးလျက် ရှိသော်လည်း ယခုနှစ်တွင် ၅၀ မဂ္ဂါဝပ် တိုးမြှင့် ပြီး ၉၀၀ မဂ္ဂါဝပ် ဖြန့်ဖြူးပေးမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့ထံမှ သိရသည်။

The Voice Weekly

ခရိုနီတွေ ဘာလို့ ဘဏ်ထောင်ကြသလဲ


ခရိုနီတွေ ဘာလို့ ဘဏ်ထောင်ကြသလဲ သိလားလို့ မေးရင် သူတို့ နောက်က အဘအဘ တွေရဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်အောင်လုပ်ပေးရလို့ . . .

သူတို့ကိုယ်တိုင်ရဲ့ ငွေမည်းတွေကိုလည်း ငွေဖြူဖြစ်အောင်လုပ်နေရလို့ . . .

ိပိုက်ဆံမှာ မဲတာ ဖြူတာ ရှိသလား . . ရှိတာပေါ . . ကောင်းရောင်းကောင်းဝယ်နဲ့ ရတဲ့ အမြတ်ငွေကို အခွန်ဆောင်ပြီးရင် အဲဒါ ငွေဖြူ . . သန့်စင်တယ် . .

နေ့ခင်းဘက်တော့ မခုတ်တတ်တဲ့ကြောင်လိုနေ . . ညဘက် ဓါးပြထွက်တိုက်ပြီးရတဲ့ ငွေကျတော့ . . ဘယ်ကရလာတယ် မပြောရဲ . . အခွန်လဲမဆောင်ရဲ့ . . အဲဒါငွေမဲ . . မသန့်စင်ဘူး . .

အဲဒီတော့ ငွေမဲကို ဘယ်လိုဖြူအောင်လုပ်မလဲ . .

အရိုးဆုံး နည်းကိုပြောမယ် . . အောင်ဘာလေ ထီ ဌာနကိုသွားမယ် သိန်းတစ်ရာ ဆု အတွက် တစ်ရာ့ငါးသိန်းပေးရင် ရတယ် . . ငါးသိန်းရင်းလိုက်တာနဲ့ ကိုယ့်လက်ထဲက ဓါးပြတိုက်ထားတဲ့ ငွေတွေထဲက သိန်းတစ်ရာဟာ ထီပေါက်တဲ့ငွေအဖြစ် ခေါင်းစဉ်တပ်ပြီး

ပေါ်ပေါ်ထင်ထင် သုံးလို့ရပြီ ပေါ့ . . ငွေဖြူဖြစ်သွားပြီပေါ့ . . . နားရှင်းသွားကြပြီထင်ပါတယ် . . .

အောင်ဘာလေဌာနက ထီပေါက်တဲ့သူတွေ စာရင်း ကို ကြေငြာရဲဘူး . . ၁၉၈၈ က နေ ၂၀၁၂ အထိ ထီပေါက်ထားတဲ့ လူစာရင်းတွေကို တရားဝင်ကြေငြာပေးဖို့ အောင်ဘာလေကို သွားပြောကြည့်ကြပါလား . . အဲဒီတော့မှ လူတစ်ယောက်ထဲ နာမည်နဲ့ လတိုင်း

သိန်းရာနဲ့ချီပြီး ထီပေါက်နေသူတွေ ပေါ်လာကြမှာပေါ့ . . အဲဒီနည်းနဲ့ ဓါးပြတွေ ဖော်လို့ရပြီ . .

အခြေခံနည်းလေးတွေကို ပြောတာနော် . . .

အဲ ငွေမဲတွေက သိပ်ကိုများလွန်းနေရင်တော့ . . ပုံမှန်နည်းတွေ သုံးလို့ အဆင်မပြေတော့ဘူးပေါ့ . . ဒီတော့ ဘဏ်ထောင်လိုက်တယ် . . အာမခံလုပ်ငန်းထောင်တယ် . .

ဘဏ်ကို လူတွေ အများကြီးကငွေလာသွင်းတယ်ပေါ့ . . အဲဒါဆို ဘဏ်ထဲကငွေတွေက ဖြူသွားပြီလေ . .နောက်ပြီး အဲဒီ လူအများကြီးတွေကနေ . . ဟိုစာရင်း ဒီစားရင် ပတ်ခြာလည် လှည့်ပို့လိုက်ကြတာ . . နောက်ယောင်ခံလိုက်တဲ့သူတွေ မျက်စိလည်အောင်ကို

ပို့လိုက်ပြီးမှ အဲဒီငွေတွေက ခေါင်းစဉ်အမျိုးမျိုးနဲ့ နောက်ဆုံး တစ်ယောက်ဆီ ရောက်သွားတယ် . . အဲဒီအခါကျတော့ ဘဏ်ပိုက်ဆံဆိုပြီး ငွေဖြူဖြစ်သွားပြီ . .

အခုပဲကြည့် ကားပြပွဲတွေလုပ်ပြီး ဘဏ်ချေးငွေတွေ ထုတ်ပေးပြီး ကား ဝယ်ရောင်းလုပ်နေကြတယ်လေ . . ဘဏ်ကငွေမဲတွေက ချေးငွေ အဖြစ်နဲ့ အပြင်ထွက်သွားကြတယ် . . ပြန်ဆပ်တဲ့ ငွေ အဖြစ်နဲ့ ငွေပြန်ဝင်လာရင် . . အဲဒါငွေဖြူဖြစ်ပြီလေ . . .

နောက်တစ်နည်းက အာမခံလုပ်ငန်းတွေ . . အာမှမရှိတဲ့ ဂိုဒေါင်အဟောင်းကြီးကို သစ်တွေသိမ်းသလို . . စပါးတွေ ပဲတွေ အခြားတန်ဖိုးရှိတဲ့အရာတွေသိမ်းသလို လုပ်ပြ . . ပြီးတော့မှ ဂိုဒေါင်အလွတ်ကြီးကို မီးရှို့ . . အလျှော်ပေးတဲ့ ပုံစံ နဲ့ အာမခံလုပ်ငန်းက

ပိုက်ဆံပြယူ . . အဲဒီကျတော့ အလျှော်ရတဲ့ ပိုက်ဆံတွေ ဆိုပြီး ငွေဖြူဖြစ်သွားပြီ . .

နောက်ဆုံးတစ်နည်းကတော့ အများပိုင်ကုမ္ပဏီထောင်လိုက်တာပါပဲ . . လူအများကြီးကို နာမည်ခံခိုင်းပြီး . . ကိုယ့်ငွေတွေက ရှယ်ယာသေးသေးလေးတွေ အဖြစ်နဲ့ ကုမ္ပဏီထဲပြန်ဝင်လာ . . ပြိးတော့ ရောင်းကြ ဝယ်ကြ . . အလုပ်တွေလုပ်ကြ . . စာရင်းတွေပြ .

. အမှန်တော့ ဘာမှလုပ်တာမဟုတ် . . နှစ်ကုန်တော့ ငွေမဲတွေကို အမြတ်ငွေအဖြစ်နဲ့ဖော်ပြ . . အခွန်လေး ဘာလေး ဆောင် ပြီးရင် ငွေဖြူဖြစ်သွားရောပဲ . . .

ဒီလိုနည်းနဲ့ ခရိုနီတွေဟာ ဦးသိန်းစိန် သက်တမ်း ၂၀၁၅ မတိုင်မှီ ငွေမည်းများကို ငွေဖြူအမြန်လုပ်နေကြပါကြောင်း သတင်းရရှိပါသည် ဗျား

Credit: Hawdeka Khalaylay



ဒေါ်လာသန်းဝက် ကိုယ်မှာဝှက်လာ



တရုတ်ပြည်မကြီးမှ ဒေါ်လာ မှောင်ခိုသမား တစ်ယောက်သည် တရုတ်နိုင်ငံဂွမ်ဒေါင်းပြည်နယ်မှ တစ်ဆင့်ဟောင်ကောင်သို့အမှောင် ထုကို အကာအကွယ်ယူပြီး ညဥ့် နက်သန်းခေါင်ယံအချိန်တွင် နယ် စပ်ဂိတ်ကိုဖြတ်ကျော်ဝင်ရောက် ရန် ကြိုးပမ်းခဲ့သည်။ နှစ်နိုင်ငံ နယ်စပ် တရုတ်နိုင်ငံဘက်ခြမ်းရှိ 'Shataukok' နယ်စပ်ဂိတ်သို့ ရောက်ရှိစဉ် အကောက်ခွန်အရာရှိများက ၎င်းနှင့်အတူပါလာသည့် ခရီးဆောင်အိတ်ကို စစ်ဆေးရန် ပြောကြားစဉ် ထွက်ပြေးသဖြင့် နိုင်ငံတော်လုံခြုံရေးတာဝန်ထမ်း
ဆောင်နေကြသည့် နယ်စပ်ဒေသ စစ်ဆေးရေးကွပ်ကဲမှု တပ်ဖွဲ့ဝင်များက ““မပြေးနဲ့ ပြေးရင်ပစ်မယ်”” ဟု ပြောကြားခဲ့ရပြီး လက်ရဖမ်းဆီး နိုင်ခဲ့သည်။

ဖမ်းဆီးရမိပြီး ၎င်းကိုစစ်ဆေးရာ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူအုပ်များကို ခြေမျက်စိမှ ဒူးခေါင်း ထိပလတ်စတစ် တိပ်ဖြင့် စနစ်တကျပတ်စည်းပြီး အပေါ်မှ ဂျင်း'(Jean) ဘောင်းဘီ ရှည်ဖြင့်ဝတ်ပြီး သယ်ဆောင်လာ သည်ကို စစ်ဆေးတွေ့ရှိသည်။ ထို့ အပြင်၎င်း၏ ကိုယ်ပေါ်တွင်လည်း အမေရိကန်ဒေါ် လာ ၁၀၀ တန် အုပ်များကို ကိုယ်မှာပတ်လာသည်ကို တွေ့ရသည်။

အဆိုပါငွေစုစု ပေါင်းမှာ ဒေါ်လာ ၅၈၀,၀၀၀ (ဒေါ်လာသန်းထက်ဝက်ကျော်) ရှိသည်။ တရုတ်ဥပဒေ အရ နိုင်ငံသားတစ်ယောက်သည် အမေရိ ကန်ဒေါ်လာ ၅,၀၀၀ အထိသာ ကိုင်ဆောင်ခွင့်ရှိပြီး ထိုငွေထက် ပို၍ လက်ဝယ်တွေ့ရှိပါက ပြစ်မှု ကြီးမြောက်သည်ဟု သတ်မှတ်ထားသည်။ ဤသတင်းကို နိုင်ငံ ပိုင်သတင်းဌာနက “အင်မတန် စိုးရိမ်စရာကောင်းတဲ့ မသမာမှု ကြီး” (Extraordinarily Serious) ဟု ကြေညာသွားကြောင်း သိရ သည်။

Hot News Journal

မြန်မာပြည်ဈေးကွက်ကိုရောက်ရှိလာတဲ့ မြန်မာငွေ ၂၁ သိန်းတန် Gold & Co Limited Edition iPhone 5S

 

Apple ရဲ့ iPhone 5S ကို အင်္ဂလန်နိုင်ငံက Gold & Co Limited ကနေပြန်လည်ထုတ်လုပ်ထားတဲ့ မြန်မာငွေ ၂၁ သိန်းတန် Gold & Co Limited Edition iPhone 5S အကြောင်းကိုမိတ်ဆက်ပေးချင်ပါတယ်။ iPhone 5S ရဲ့ကိုယ်ထည်ကို ရွှေ နဲ့ပြုလုပ်ထားပြီး Gold နဲ့ Rose Gold ဆိုပြီးအမျိုးအစား ၂မျိုးထုတ်လုပ်ထားပါတယ်။


လူကြိုက်အများဆုံးဖုန်းအမျိုးအစားတစ်ခုဖြစ်တဲ့ iPhone 5S ကို Limited Edition အဖြစ်ပြန်လည်ထုတ်လုပ်ထားတာကြောင့် Luxuary ပစ္စည်းတွေကိုကိုင်ချင်သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ ယခု ဖုန်းကိုဝယ်ယူသူအား Gold & Co ရဲ့ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်း ဖုန်းဘူးအတွင်းမှာ Certificate နဲ့ စည်းတံဆိပ် ပါဝင်ပါတယ်။


ယခုဆို မြန်မာပြည်ဈေးကွက်ထဲက မိုဘိုင်းဖုန်းဆိုင်တစ်ချို့မှာလည်း Gold & Co Limited Edition iPhone 5S ကိုအလုံးရေအကန့်အသတ်နဲ့
ဝယ်ယူလို့ရနေတာကိုတွေ့ရပါတယ်။ နောင်ဆို ကမ္ဘာမှာတင်မဟုတ် မြန်မာနိုင်ငံက iPhone ကိုင်သူတွေကြားမှာတောင် Limited Luxuary Edition နဲ့ Apple ရဲ့ stock edition ဆိုပြီးအသုံးပြုသူ ၂ ရပ်ထပ်မံရှိလာဦးမှာတော့ သေချာပါတယ်။


myanmarmobileapp.com


Ooredoo နှင့်ပူးပေါင်း၍ Nokia စတင်ဝင်ရောက်လာ


Nokia Solutions and Networks (NSN) သည်ရန်ကုန်မြို့၌ ကိုယ်စားလှယ်ရုံးခွဲ နှစ်ခုကိုဖွင့်လှစ်လိုက်ပြီး ဆက်သွယ်ရေး အော်ပရေတာများ၏ မိုဘိုင်းဖုန်းကွန်ရက် ချဲ့ထွင်ဆောင်ရွက်ခြင်းကို ပူးပေါင်းလုပ်ကိုင်သွားမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo နှင့် ဖင်လန်နိုင်ငံအခြေစိုက် Nokia Solutions and Networks (NSN) တို့သည်ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းအတွက် ပူးပေါင်းပြီးဖြစ်သည်ဟုလည်း NSN ကပြောဆိုခဲ့သည်။

Nokia Solutions and Networks (NSN) ၏သတင်းထုတ်ပြန်ချက်အရ Ooredoo သည်မြန်မာနိုင်ငံ၌ 3G ကွန်ရက်ကို အကောင်အထည် ဖော်ဆောင်ရန်နှင့် ရေဒီယိုအခြေခံ အဆောက်အဦးများ တည်ဆောက်ရန်အတွက် ၎င်းတို့နှင့်ပူးပေါင်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

Nokai အနေဖြင့် ယခုကဲ့သို့သော ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများကို နိုင်ငံပေါင်း ၁၂၀ ခန့်၌ဝင်ရောက် လုပ်ကိုင်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၌ ၎င်းတို့လာရောက် လုပ်ကိုင်ခြင်းဖြင့် ဒေသတွင်း အလုပ်အကိုင် တိုးတက်လာမည်ဟု ဆိုသည်။ Nokia တံဆိပ်သည် ပြည်တွင်းဟန်းဆက် အရောင်းဈေးကွက်၌ တစ်ချိန်ကအောင်မြင်မှု ရရှိခဲ့သောအမည်ဖြစ်သည်။

Internet Journal


ပြည်တွင်း၌ ပထမဆုံး ပုဂ္ဂလိက ရဟတ်ယာဉ် ပြေးဆွဲရန် စီစဉ်

 
ရန်ကုန်၊ ဧပြီ ၂၈

ပြည်တွင်း ခရီးသွား လုပ်ငန်းတွင် ပုဂ္ဂလိက ရဟတ်ယာဉ်များဖြင့် ပထမဆုံး ဝန်ဆောင်မှု ပေးနိုင်ရန် Global Integrated Service Ltd (GIS) က စီစဉ်လျက်ရှိကြောင်း အဆိုပါ ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်သိမ်းက ပြောကြားသည်။

ပြေးဆွဲခွင့်ကို မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်သို့ တင်ပြထားပြီး ခွင့်ပြုချက် ရသည်နှင့် ရဟတ်ယာဉ် လေးစင်းဖြင့် ပုဂံတွင် နှစ်စင်းနှင့် ရန်ကုန်တွင် နှစ်စင်း ပြေးဆွဲမည် ဖြစ်ကာ သုံးနှစ်အတွင်း ရှစ်စင်းအထိ ပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

“ပုဂံဆိုရင် မြေပြင်တုန်ခါမှု နည်းအောင် ငါးယောက်စီး ရဟတ်ယာဉ်တွေ သုံးပြီး ဘုရားတွေ ဘေးကပဲ ပျံမှာပါ။ ရန်ကုန်မှာတော့ ၁၂ ယောက်ကနေ ၁၄ ယောက်ထိ စီးနိုင်တဲ့ Sikorsky S-76 ရဟတ်ယာဉ်တွေနဲ့ ကျိုက်ထီးရိုးဘုရား၊ ငွေဆောင်၊ မော်လမြိုင်၊ မြဝတီ စတဲ့ နေရာတွေကို ပြေးဆွဲမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ရဟတ်ယာဉ်မှာ အနိမ့်ပျံသန်းနိုင်သည့် ယာဉ်အမျိုးအစား ဖြစ်သည့်အတွက် နိုင်ငံတော်လုံခြုံရေးအရ ကာကွယ်ရမည့် အပိုင်းများရှိပြီး ပြေးဆွဲခွင့် ပြုခဲ့ပါက ၎င်းတို့ ပျံသန်းနိုင်မည့် လမ်းကြောင်းများ သတ်မှတ်ပေးရန် လိုအပ်ကြောင်း ပြည်တွင်းလေကြောင်း ဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။

“လုပ်ကိုင်ခွင့် ပြုလိုက်ရင် ပြည်တွင်းက AOC (Air Operator Certificate) ရဖို့ သုံးလနဲ့ အထက်တော့ စောင့်ရမယ်။ သတ်မှတ်လမ်းကြောင်း၊ အမြင့်ပေ၊ အရေးပေါ် ဆင်းသက်ရမည့် ကွင်း၊ လိုက်နာရမည့် ဥပဒေတွေ လုပ်ပေးရမယ်” ဟု ၎င်းက ရှင်းပြသည်။

ခရီးသည်တင် ပုဂ္ဂလိက ရဟတ်ယာဉ် ဝန်ဆောင်မှုဖြင့် ဗွီဒီယို ရိုက်ကူးခြင်း၊ လူနာတင်ခြင်းနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လာကြမည် ဖြစ်သဖြင့် ခရီးသည်များ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရေးအတွက် ရဟတ်ယာဉ် ကြံ့ခိုင်ရေးနှင့် အခြားလိုအပ်သည်များ အားလုံး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ပြည်တွင်း၌ ထူးကုမ္ပဏီမှ ပိုင်ဆိုင်သည့် ရဟတ်ယာဉ် နှစ်စင်း ရှိသော်လည်း ကိုယ်ပိုင်လုပ်ငန်းသုံး ယာဉ်များသာ ဖြစ်သည့်အတွက် ယခု ရဟတ်ယာဉ်များ ပြေးဆွဲခွင့်ရရှိပါက ပြည်တွင်း၌ ပထမဆုံး ရဟတ်ယာဉ်ဖြင့် ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်လာနိုင်ကြောင်း ဦးခင်မောင်သိမ်းက ဆိုသည်။

The Voice Weekly


ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား တရုတ်ပြည်က CTF တာဝါမှာ ထည့်သွင်း


ဟီတာချီ ကုမ္မဏီက တာဝန်ယူပြီးတော့ တရုတ်ပြည် တောင်ပိုင်း Guangzhou မြို့ CTF လို့ အမည်ရတဲ့ တာဝါမှာ ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား ထည့်သွင်း တည်ဆောက် သွားမှာ ဖြစ်ကြောင်း သိရပါတယ်။


အထပ် ၁၁၆ ထပ် ရှိတဲ့ ယင်း စီးပွားရေး အဆောက်အအုံမှာ ထည့်သွင်း မယ့် ဓာတ်လှေကားက တစ်နာရီ ၄၅ မိုင်နှုန်း အပေါ် တက်မှာ ဖြစ်ပါတယ်။ ၄၃ စက္ကန့် အတွင်း ၉၅ ထပ် တက်နိုင်တဲ့ စံချိန်န်ကို ရယူမှာ ဖြစ်ပါတယ်။ တိုက် ကလည်း တည်ဆောက် လက်စမှာ ရှိနေသေး သလို၊ ယင်းထဲ ထည့်သွင်းမယ့် ဓာတ်လှေကားလည်း စတင် တည်ဆောက်ဆဲ ဖြစ်ပါတယ်။

ပြီးရင်တော့ ကမ္ဘာ တစ်လွှားက အမြန်ဆုံး ဓာတ်လှေကား များက အဆ များစွာ ကွာတဲ့ မြန်နှုန်းနဲ့ ဖြတ်ကျော် စံချိန် ချိုးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဟီတာချီက တပ်ဆင်ပေမယ့် CTF က ဓာတ်လှေကားဟာ ကမ္ဘာ့ အမြန်ဆုံး ဓာတ်လှေကား ဖြစ်လာမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: smithsonianmag.com
အောင်ခမ်း (www.innewsmyanmar.com)