29 Apr 2014

Selfie အသားပေး 'Superman' ဟန်းဆက်ကို Nokia ထုတ်လုပ်ရန် စီစဉ်



Nokia မှ အသစ်ထွက်ရှိလာမည့် ဟန်းဆက်သည် မိုဘိုင်းထုတ်ကုန်များတွင် အရှေ့ဘက်ကင်မရာဖြင့် မိမိကိုယ်ကို ဓာတ်ပုံရိုက်ကူးမှုဖြစ်သည့် selfie ရိုက်ကူးမှုကို အသားပေးထားကြောင်း သိရသည်။

Microsoft ပိုင်ဆိုင်သည့် Nokia သည် လက်ရှိတွင် 'Superman' ဟု အမည်ပေးထားသည့် စမတ်ဖုန်း သစ်ကို ထုတ်လုပ်ရန် စီစဉ်နေပြီး ၎င်းဖုန်းတွင် selfie ရိုက်ကူးသူများအတွက် ရည်ရွယ်ကာ ဖုန်းအရှေ့ ဘက်တွင် 5 megapixel အသုံးပြုထားကြောင်း The Verge က ဖော်ပြခဲ့သည်။ အဆိုပါ သတင်းကို ကုမ္ပဏီ အစီအစဉ် သိရှိသူများ၏ ပြောကြားချက်ကို ကိုးကားကာ The Verge က ဖော်ပြ ခဲ့ခြင်း ဖြစ်သည်။

အကယ်၍သာ အဆိုပါ Superman စမတ်ဖုန်း ထွက်ရှိလာပါက selfie ရိုက်ကူးမှုကို အသားပေးရန် အရှေ့ကင်မရာ 5 megapixel အသုံးပြု ထားသည့် HTC One M8 နှင့် တူညီမှု ရှိလာမည် ဖြစ်သည်။ The Verge ၏ ဖော်ပြချက်အရ Superman ဖုန်းသည် HTC One M8 ကဲ့သို့ တန်ဖိုးကြီးဖုန်း မဟုတ်ဘဲ တန်ဖိုး အသင့်အတင့်သာရှိသည့် ဖုန်းအမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့အပြင် 'Superman' ဖုန်းတွင် ၄.၇လက်မ အရွယ်အစားရှိသည့် မျက်နှာပြင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့သည်။

Ref: CNET

Internet Journal


0 comments:

Post a Comment