29 Apr 2014

Huawei Ascend P7 Mini အမျိုးအစား ထွက်ရှိမည်



Huawei က Ascend P7 ကို မေလ (၇) ရက်နေ့တွင် ကြေညာမည် ဖြစ်သည်။ Huawei က P7 ၏ အရွယ်သေးငယ်သည့် Mini အမျိုးအစား ကိုလည်း ထုတ်လုပ်နေကြောင်းသိရပါသည်။ Ascend P7 Mini ဟု အမည်ပေးထားပြီး အရွယ်ကြီး P7 နှင့် အတူ ကြေညာမည် ဖြစ်သည်။

Ascend P7 Mini တွင် ၄.၅ လက်မအရွယ် 960x540 Resolution Display Mini တွင် 1.2GHz Quad-Core Snapdragon 400 Processor , 1GB RAM, 8GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့် အရှေ့ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပါသည်။ 2000mAh Battery ပါရှိပါသည်။ Android 4.3 Jelly Bean ကို မောင်းနှင်မည် ဖြစ်ပြီး 4G LTE ကို အထောက်အပံ့ပေးပါသည်။ Mini ကို ယူရို ၂၅၀ နှင့် ၃၀၀ ကြား ရောင်းချမည် ဖြစ်သည်။

အရွယ်ကြီး အမျိုးအစား ၏ Specification များနှင့် ပတ်သက်ပြီး ထွက်ပေါ်နေသည့် သတင်းများ အရ ငါးလက်မ Full HD 1080p Display , Quad-Core 1.6GHz Processor, 2GB RAM, 16GB Storage, MicroSD Card Slot, 13MP/8MP Camera , 2460mAh Battery တို့ ပါရှိမည် ဖြစ်သည်။

သူရ

Myanmar Digital Life Journal

0 comments:

Post a Comment