29 Apr 2014

ကမ္ဘာ့ ဖလား ယှဉ်ပြိုင်ခွင့် ရရန် အာရှ ပြိုင်ပွဲတွင် မြန်မာ အမျိုးသမီး အသင်း ဆီမီး တက်ရန်လို

 
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် လာမည့် ၂ဝ၁၅ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရန် မေလတွင်ကျင်းပမည့် ၂ဝ၁၄ အာရှဖလား အမျိုးသမီး Championship ပြိုင်ပွဲတွင် အနည်း ဆုံး အုပ်စုမှတက်၍ ဆီမီးဖိုင်နယ်အဆင့် သို့ ရောက်ရန်လိုအပ်ကြောင်း သိရသည်။ ယင်းအာရှဖလား အမျိုး သမီး Championship ပြိုင်ပွဲကို လာမည့်မေလအတွင်း ဗီယက်နမ်နိုင်ငံ၌ ကျင်းပမည်ဖြစ်ပြီး ဆီမီးဖိုင်နယ် ရောက် လေးသင်းနှင့်အတူ အုပ်စုတတိယလု နှစ်သင်းအနက် ခြေစစ်ပွဲအောင် အသင်းတို့မှာ လာမည့် ၂ဝ၁၅ ကမ္ဘာ့ဖလား အမျိုးသမီးပြိုင်ပွဲသို့ ဝင်ခွင့်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

လက်ရှိတွင် မြန်မာ့လက်ရွေးစင် ပဏာမအသင်းသည် ဧပြီ ၂၇ ရက်က တရုတ်နိုင်ငံသို့ သွားရောက်၍ ပြိုင်ပွဲ ကြို ခြေစမ်းပွဲသွားရောက် ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီး တရုတ်အမျိုးသမီးကလပ်များ၊ လူငယ်အသင်းများ နှင့် ခြေစမ်းပွဲများလည်း ယှဉ်ပြိုင်သွား မည် ဖြစ်ကြောင်း သိရသည်။ ယင်းသို့ခြေစမ်းပွဲများ သွားရောက်ရာတွင် မြန်မာအမျိုးသမီး နည်းပြချုပ်အနေဖြင့် ပဏာမ ကစားသမား ၂၉ ဦးအနက် သုံးဦးလျှော့ချကာ ကစားသ မား၂၆ ဦး ဖြင့်သာ သွားရောက်ကြောင်းလည်း သိရသည်။ ယခုခြေစမ်းပွဲသည် ပြိုင်ပွဲကြို မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း၏ ပထမဆုံးခြေစမ်းပွဲ ခရီးစဉ်လည်းဖြစ်ပြီး အစောပိုင်းလများတွင် မြန်မာအမျိုးသမီး နည်းပြချုပ်အနေဖြင့် ခြေစမ်းပွဲများ ကစားရန်လိုအပ်ကြောင်း အဖွဲ့ချုပ်သို့ တိုက်တွန်း ပြောကြားခဲ့သည်။

  မြ၀တီ


0 comments:

Post a Comment