29 Apr 2014

ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်

Photo: ကိုယ်တိုင်စကားပြော ရိုက်ကူးခဲ့တဲ့ ဘန်ကောက်လေကြောင်း ကြော်ငြာကို အားရတယ်ဆိုတဲ့ မိုးစက်ဝိုင်
Tuesday, April 29, 2014

ရန်ကုန်

ဘန်ကောက်တွင် သွား ရောက်ရိုက်ကူးခဲ့သည့် လေ ကြောင်းလိုင်းကြော်ငြာတွင် ပထ မဆုံးအကြိမ် ကိုယ်တိုင်စကား ပြော၍ သရုပ်ဆောင်ရသည့်အ ပေါ် အားရကျေနပ်မှုရှိကြောင်း မိုးစက်ဝိုင်ကပြောသည်။

‘‘ကြော်ငြာတွေ ရိုက်ကူးတဲ့ အခါမှာ စကားပြောပြီးတော့ မရိုက်ဖူးသေးဘူး။ ဒီကြော်ငြာမှာ တော့ Bangkok Airway ရဲ့ အ ကြောင်းကို ပြောပြတဲ့ပုံစံရိုက် ထားတယ်။ ပြန်ကြည့်ရတာလည်း ကျေနပ်မှုရှိပါတယ်’’ ဟု မိုးစက် ၀ိုင်က ပြောသည်။

အပြည်ပြည်ဆိုင်ရာ လေ ကြောင်းလိုင်းတစ်ခုဖြစ်သည့် ဘန်ကောက်လေကြောင်းလိုင်းမှ မြန်မာပြည်တွင် ပထမဆုံးအကြိမ် Brand Ambassador အဖြစ် မိုး စက်ဝိုင်ကို ခန့်အပ်ခဲ့ကာ ၎င်းတို့ ၏ ကြော်ငြာကိုလည်း ဧပြီလအ စောပိုင်းက ဘန်ကောက်တွင် သွားရောက်ရိုက်ကူး ခဲ့သည်။ ယင်းကြော်ငြာကို မေလတွင်မှ ပြည်တွင်းရုပ်သံလိုင်းများမှ စတင်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ကြော်ငြာရိုက်ကူးသည့်အ ပိုင်းတွင်လည်း ရိုက်ကူးမည့်ဘက် မှ အသေးစိတ်ပြင်ဆင်ထားခဲ့ သောကြောင့် အဆင်ပြေပြေ ရိုက် ကူးနိုင်ခဲ့ကြောင်း မိုးစက်ဝိုင်က ဆိုသည်။

‘‘မိုးစက်ရိုက်တော့မယ်ဆို တာနဲ့ အကုန်လုံးရယ်ဒီဖြစ်နေတာ ဆိုတော့ ကိုယ့်ရဲ့အချိန် မကုန်သ လို Energy လည်း မကုန်ဘူးပေါ့’’ ဟု ကြော်ငြာရိုက်ကူးခဲ့ရသည့် အတွေ့အကြုံကို ပြောသည်။

ဘန်ကောက်လေကြောင်း လိုင်းသည် ကိုယ်တိုင်ယုံကြည် သည့် လေကြောင်းလိုင်းတစ်ခု ဖြစ်သည့်အပြင် ယင်းလေကြောင်း လိုင်း၏ ကောင်းမွန်သည့် ရည် ရွယ်ချက်များကြောင့် Brand Ambassador အဖြစ် လက်ခံခဲ့ ခြင်းဖြစ်ကြောင်း မိုးစက်ဝိုင်က ပြောသည်။

Myawady News

0 comments:

Post a Comment