မေသော် on 2014-04-28 17:53
မျက်နှာအတွက်သုံးတဲ့ ဘရက်ရှ်အမျိုးမျိုး ရှိပါတယ်။ တစ်ချို့က မိတ်ကပ်ဖောင်ဒေးရှင်း လိမ်းတဲ့အခါ အသုံးပြုနိုင်သလို တစ်ချို့ကလည်း ပါးနီဆိုးတဲ့အခါ သုံးတဲ့ ဘရက်ရှ်အမျိုးအစားတွေပါ။ အဲ့ဒီဘရက်ရှ်တွမှာ မျက်နှာအစိတ်အပိုင်းတွေရဲ့ ဘယ်နေရာအတွက်ဆိုပြီး သီးခြားထုတ်ထားတဲ့ ဘရက်ရှ်တွေ ရှိတာမို့ ဘရက်ရှ်တစ်ခုချင်းစီအကြောင်း ပြောပြပေးလိုက်ပါတယ်။
၁။ Flat Top Foundation Brush

မျက်နှာဖောင်ဒေးရှင်းလိမ်းတဲ့အခါ ဒီ ဘရက်ရှ်ကိုသုံးပြီး လိမ်းနိုင်ပါတယ်။ အထူးသဖြင့် နဖူး၊ နှာခေါင်း နဲ့ မေးစေ့တွေ လိမ်းတဲ့အခါ သူက အများကြီး ကူညီပေးနိုင်ပါတယ်။
၂။Contour Concealer Brush

ဒီဘရက်ရှ်အမျိုးအစားကိုတော့ concealer လိမ်းတဲ့အခါ သုံးနိုင်ပါတယ်။ မျက်နှာပေါ်က မေးရိုး၊ ပါးရိုး၊ နှာခေါင်းရိုးစတာတွေမှာ concealer တွေ မညီမညာဖြစ်နေတာတွေအတွက် သူက စွမ်းဆောင်ပေးနိုင်တယ်နော်။
၃။Blush Brush

မျက်နှာပေါ်က ပေါင်ဒါမှုန့်တွေ၊ ခရင်မ်ဖောင်ဒေးရှင်းတွေ ညီညာစေဖို့ သူက ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် ပါးနီခြယ်သရာမှာလည်း သုံးနိုင်ပါသေးတယ်။
၎။Powder Brush

မျက်နှာပေါ်က ပေါင်ဒါမှုန့်လေးတွေကို ဒါလေးနဲ့ ပွတ်သပ်ပြီး ညှိလို့ရပါတယ်။
၅။Shader Brush

အိုင်းရှဲဒိုးဆိုးတဲ့အခါ သပ်ရပ်ပြီး လှပနေအောင် ဒီဘရက်ရှ်တွေက ကူညီပေးပါလိမ့်မယ်။
Ref:luckymag.com

Trend Myanmar
0 comments:
Post a Comment