6 May 2014

Apple နှင့် Samsung တို့က ၎င်းတို့၏ Fingerprint နည်းပညာကို တက်ဘလက်တွေမှာ ထည့်သွင်း လုပ်ဆောင်သွားဖွယ်ရှိ



နာမည်ကြီး ဖုန်းကုမ္ပဏီနှစ်ခု ဖြစ်သည့် Apple နှင့် Samsung တို့က၎င်းတို့၏ လူကြိုက်များတဲ့ နည်းပညာ တစ်ခုဖြစ်သည့် Fingerprint (လက်ဗွေရာစနစ်) နည်းပညာကို ဖုန်းတွေတင်မကပဲ တက်ဘလက်တွေထဲ မှာတောင်ထည့်သွင်း လုပ်ဆောင်သွားမည့် အစီအစဉ် ရှိနေကြောင်းသိရသည်။

ယင်းစနစ်ကို Samsung က စတင်လုပ်ဆောင်ဖို့ စီစဉ်လျက်ရှိပြီး ၎င်း၏ တက်ဘလက်တစ်လုံး ဖြစ်သည့် Galaxy Tab S တွင် ပါရှိလာဖွယ်ရှိသည်ဟု သိရသည်။

PayPal ၊ Moblie Payments နှင့် အခြားသောစနစ်များတွင် Fingerpint စနစ်ဖြင့် Lock ချထားနိုင်အောင် တက်ဘလက်အတွက် လုပ်ဆောင်သွားမည် ဟုမျှော်လင့်လျက်ရှိသည်။

ယင်းကဲ့သို့ Samsung က တက်ဘလက်မှာ Fingerprint စနစ်ထည့်သွင်းရန် လုပ်ဆောင်နေစဉ်မှာပင် ၎င်း၏ပြိုင်ဘက်ဖြစ်သော Apple ကလည်း Apple iPad တွင်အဆိုပါစနစ်ကို ထည့်သွင်းသွားမည်ဟုပြောဆို လိုက်သည်။

ယင်းစနစ်ကို Apple ရဲ့နောက်ပိုင်းထွက် တက်ဘလက်တွေမှာ ရရှိ မှာဖြစ်ကြောင်းသိရပြီး ယင်း သတင်းကြောင့် Apple နှင့် Samsungတို့၏ တိုက်ပွဲဟာ စမတ်ဖုန်းတွင် မကပဲ တက်ဘလက်အထိ ပါပါဝင်လာတော့မည့် အခြေအနေမှာ ရှိသည်ဟု သိရသည်။

တက်ဘလက်ဈေးကွက်၏ ၃၂.၆ ရာခိုင်နှုန်းကို Apple က ပိုင်ဆိုင်ထားပြီး Samsung ကတော့ ယခင် ၂၂.၃ ရာခိုင်နှုန်းကနေ ၃၂ ရာခိုင်နှုန်းအထိ မြင့်တက်လာလျက်ရှိသည်။

လက်ရှိမှာ Apple ရဲ့ တက်ဘလက်ဈေးကွက်က အရင်ထက်အနည်းငယ် ကျဆင်းလာတဲ့အတွက် အနာဂတ်မှာ Samsung က တက်ဘလက်ဈေးကွက်ကို လက်ဝါးကြီးအုပ်သွားနိုင်မည် ပုံစံကိုတွေ့မြင်နေ ရကြောင်းသိရသည်။

သေချာမှုတစ်ခုအနေနဲ့ လာမည့်ဇွန်လနှင့် စက်တင်ဘာလတွင် Apple နှင့် Samsung တို့၏ Fingerprint စနစ်ပါရှိတဲ့ တက်ဘလက်တွေ ထွက်ရှိ လာတော့မည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။

Ref : Zdnet
Wai Phyo Aung (TSJ Team)
TechSpace Journal


နည်းပညာတို့၏ ဘိုးဘေးကြီး (သို့) နည်းပညာ၏မိတ်ဆွေ



လက်ရှိခေတ်မှာ လူသားတွေဟာ နည်းပညာတွေကို အရင်ကထက်ပိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာ ခဲ့ကြပါတယ်။ ယင်းနည်းပညာတွေထဲမှာ ကွန်ပြူတာနည်းပညာက အကောင်းဆုံးနဲ့ သက်တမ်း အရှည်ကြာ ဆုံး နည်းပညာတစ်ခုအနေနဲ့ ခေတ်စားလာခဲ့တာ ယနေ့ထိတိုင် အောင်ပဲဖြစ်ပါတယ်။

ဒါ့ပေမဲ့ လူတွေက ကမ္ဘာပေါ်မှာ အကောင်းဆုံးနည်းပညာ တစ်ခုရှိသေးတယ်ဆိုတာပါပဲ။ အဲဒီနည်းပညာ ဟာ လူတိုင်းမှာရှိပါတယ် ၊ပြီးတော့ အနီးကပ်ဆုံးနေရာမှာပါ။ အဲဒါကတော့ လူသားတွေအားလုံးရဲ့ အလိုအပ်ဆုံး အရာတစ်ခုဖြစ်တဲ့ ဦးနှောက်ဆိုတဲ့ အရာပါပဲ။ သူဟာလက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော နည်း ပညာတွေထက် ပိုမိုအဆင့်မြင့်ပါတယ်။ သူ့ကိုတကူးတက တည်ဆောက်ထား စရာမလိုပါဘူး။

ဒါပေမဲ့သူရဲ့စွမ်းရည်ကို အပြည့်အ၀သုံးမယ်ဆိုရင်တော့ ကွန်ပြူတာစနစ်တွေကို သန့်ရှင်း ရေးလုပ်သလို မျိုးတော့ လုပ်ထားရပါလိမ့်မယ်။ ကမ္ဘာပေါ်မှာရှိတဲ့သိပ္ပံ ပညာရှင်အများစုက လူ့ဦးနှောက်ဟာ အခြားသော နည်းပညာတွေထက် အဆပေါင်းများစွာ သာလွန်သည် ဟုပြောဆိုကြသည်။

ဘာကြောင့်လဲဆိုတော့ သူဟာကမ္ဘာပေါ်မှာ မှတ်ဉာဏ်အကောင်းဆုံးလို့ ဆိုတဲ့ စူပါကွန်ပြူတာတွေထက် အဆ ၉၀၀၀ကျော် ပိုမိုကောင်းမွန်လို့ပါ။ တကယ်လည်းကောင်းတယ်လို့ သိပ္ပံပညာရှင်များက အသိအ မှတ်ပြုထားကြပါတယ်။ ကွန်ပြူတာတွေဟာ လူ့ဦးနှောက်ကို သာချင်တယ်ဆိုရင် လက်ရှိထက် အဆပေါင်း များစွာ ပိုမိုကောင်းမွန်အောင် လုပ်ရမှာပါလို့လည်း သိပ္ပံပညာရှင်အချို့ကပြော ဆိုထားသည်။ လူသားတွေ ပိုင်ဆိုင်ထားတဲ့ ဦးနှောက်က ဘယ်လောက် ကောင်းသလဲဆိုရင် မိမိကိုမွေးမည့် မိခင်ရဲ့ကိုယ်ခန္ဓာထဲမှာ သန္ဓေတည်ကတည်းကနေ စပြီးသေဆုံးတဲ့ အချိန်အထိဖြစ်ပျက်သမျှ တွေအားလုံးကို ဦးနှောက်ထဲမှာ သိမ်းဆည်းထားပါတယ်။

အဲဒီအချိန်တွေကိုပြန်ဖော်ချင်တယ် ၊ မြင်တွေ့ချင်တယ်ဆိုရင်တော့အိပ် မွေ့ ချတဲ့နည်းလမ်းပဲဖြစ်ဖြစ် ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတဲ့အချိန်မှာ ပဲဖြစ်ဖြစ်ပြန်လည်တွေ့မြင်နိုင်အောင်ပြုလုပ်နိုင်ပါတယ်။

သိချင်တယ်ဆိုရင် နည်းလမ်းက ရိုးရိုးလေးပါ။ ပထမဆုံးလုပ်ရမှာက သင့်ဟာ လူတစ်ဦးပုံမှန် အိပ်တဲ့ အချိန်မှာ အိပ်လိုက်ပါ။ အိပ်ရင်လည်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်အိပ်လိုက်ပါ။ အဲဒီလိုအိပ်ပျော် သွားပြီဆိုရင် သင်ဟာသင့် တစ်ဘ၀လုံးမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို အိပ်မက်အဖြစ်နဲ့ ပြန်လည်ကြုံတွေ့ ရပါမယ်။

တကယ်တမ်းပြောရမယ်ဆိုရင် ဦးနှောက်ဟာ သက်တမ်းအရှည်ကြာဆုံးနဲ့ အကောင်းမွန်ဆုံးသော ပစ္စည်း တစ်ခုဖြစ်ပါတယ်။ လက်ရှိကမ္ဘာပေါ်မှာရှိတဲ့ ပစ္စည်းအများစုဟာ ဦးနှောက်ကြောင့်သာ တည်ရှိလာခဲ့ရတာပါ။ လူတွေဟာ ဦးနှောက်ကြောင့်မိမိရဲ့ လူနေမှုအဆင့်အတန်းကို မြင့်တက်လာအောင်ပြု လုပ်နိုင်ခဲ့တာပါ။ ဦးနှောက်ကြောင့်လည်း နည်းပညာတွေကို တီထွင်နိုင်ခဲ့တာပါ။ ဦးနှောက် ကြောင့်ပဲ အာကာသကိုခြေဆန့် နိုင်ခဲ့တာပါ။ လက်ရှိကမ္ဘာပေါ် မှာကျော်ကြားနေတဲ့ ပညာရှင်တွေဟာလည်း ဦးနှောက်ကြောင့်ကျော်ကြား ခဲ့ကြတာပါ။

အကယ်၍ ဦးနှောက်သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့လူသားတွေ ဘယ် လိုဖြစ်လာမှာလဲ။ ကမ္ဘာကြီးလည်း ဘယ်လို ဖြစ်သွားမှာလဲ။ လူသားတွေ အတွက် အရမ်းအရေးကြီးတဲ့ မီးဆိုတဲ့အရာကို ရှာဖွေမတွေ့ခဲ့ဘူးဆို ရင်ကော။ နောက်ပြီးမွေးလာတဲ့အချိန်မှာ ဦးနှောက်မပါလားဘူး ဆိုရင်ကော စတဲ့မေး ခွန်း ပေါင်းမြောက် မြားစွာပေါ်ထွက်လာမှာပါ။

ကျွန်တော်ကတော့ ဦးနှောက်ကို နည်းပညာတွေရဲ့ ဘိုးဘေးကြီးလို့နာမည် တပ်ချင်ပါတယ်။ ဦးနှောက် သာမရှိခဲ့ဘူးဆိုရင် ကျွန်တော်တို့တွေရဲ့ ယနေ့ခေတ်လူနေမှုဘ၀ပုံစံ ရှိလာမှာမဟုတ်ပါဘူး။ မြတ်စွာဘုရား ရှင်ဟောတဲ့ တရားတော်တွေကိုလည်း နားလည်မှာ မဟုတ်တော့ပါဘူး။

အချုပ်ပြောမယ်ဆိုရင်တော့ လူသားတွေအတွက် နည်းပညာဆိုတာ လိုအပ်ပါတယ်။ နည်းပညာနဲ့အတူ ဦးနှောက်ဆိုတာလည်း လိုအပ်ပါတယ်။ ဦးနှောက်ရှိမှာသာ နည်းပညာအသစ်ကို ဖန်တီးနိုင်မှာပါ။ နည်းပညာတွေ ဘယ်လောက်ပဲတိုးတက်လာလာ နောက်နှစ်ပေါင်းများစွာအထိ ဦးနှောက်ကို ကျော်ဖြတ်နိုင် မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ အထက်မှာပြောခဲ့သလိုပဲ ဦးနှောက်သာမရှိခဲ့ဘူးဆိုရင် ………………… …………………......

Wai Phyo Aung (TSJ Team)
TechSpace Journal


ဟင်းနုနယ်ရွက်မှ ရရှိသော ကျန်းမာရေး အကျိုးကျေးဇူးများ



(၁) သွေတိုးရောဂါ ရှိသူများအတွက် အထူးပင်ကောင်းမွန် ပါတယ်။

(၂) ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။

(၃) အသားအရေကို လှပစေပါတယ်။

(၄) အရိုးများကို သန်မာစေပါတယ်။

(၅) အမြင်အာရုံကိုလည်း ကြည်လင်စေပါတယ်။

(၆) ခန္ဓာကိုယ်တွင်း ရောဂါများကို သက်သာစေနိုင်ပါတယ်။

(၇) အားအင်များလည်း ပေးစွမ်းနိုင်ပါတယ်။

(၈) အဆီကိုလည်း ကျစေနိုင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အသီးအရွက် စားတော့မယ်ဆိုရင် ဒီနည်းလေး အတိုင်းလုပ်ပါ



ဒီနေ့ခေတ်က အသီးအနှံ့တွေအားလုံးဟာ ဆေးဝါးတွေနှင့် ပြုလုပ်ထားတဲ့အတွက် စိတ်မချရပါဘူး။ ဒါကြောင့် အသီးအနှံ့တွေမှာ ကပ်ပါလာတဲ့ ဆေးဝါးများကို အကုန်မဟုတ်တောင် အနည်းအကျဉ်း ဆေး ဝါးများကို ဖယ်ရှားနိုင်ရန်အတွက် နည်းလမ်း ကောင်းတွေကို ရေးသားလိုက်ရပါတယ်။

အသီးအရွက်တွေ ဈေးကနေ ဝယ်လာပြီးဆိုရင် မလှီးမဖြတ်မီ ရေအရင် ဆေးလိုက်ပါ။ ထို့နောက် လှီးဖြတ် ပြီးပြီဆိုရင် ရှာလကာရည် အနည်းငယ် ထည့်ကာ ၅ မီးနစ်လောက် ရေစိမ်ထားလိုက်ပါ။ ထို့နောက် ရေပြောင်အောင် ဆေးကြောလိုက်ပြီး ချက်ပြုတ်နိုင်ပါပြီ။

ဒီနည်းလမ်းလေးတွေကို သုံးပြီး စားသောက်ပါက အသီးအရွက်မှာ ကပ်ပါလာတဲ့ ဆေးဝါးတွေကို အကုန် မဟုတ်တောင် တစ်ချို့တစ်ဝှက် ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ကြက်မောက်သီးမှ ပေးသော ကျန်းမာရေး အကျိုးကျေးဇူး တစ်ချို့



ကြက်မောက်သီးဟာ ချိုတဲ့ အရသာရှိလို့ လူတိုင်းနီးပါး ကြိုက်မယ်လို့ ထင်ပါတယ်။ ၎င်းအသီးဟာ ဆေးဖက် ဝင် အသီးတစ်ခုလို့ ဆိုရလောက်အောင် ကျန်းမာရေး အတွက် အတော်လေး အထောက်အကူ ပြုပါတယ်။

ကြက်မောက်သီးဟာ ကိုလက်စရောဓာတ်များကို လျော့ကျပေးနိုင်တဲ့အပြင် ကင်ဆာ ဆန့်ကျင် ဂုဏ်သတ္တိ များစွာပါရှိ ပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှု လျော့ကျစေပြီး ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ တခြား နာမကျန်း ရောဂါများအတွက် အထူးပင် ကောင်းမွန်ပါတယ်။

ဒါ့အပြင် အသားအရည် အတွက် ကောင်းမွန်စေတဲ့ ဆေးစွမ်း တစ်လက်ဖြစ်ပါတယ်။ အာဟာရ ဓာတ်များ ကို ပေးစွမ်းပြီး မောပန်းနေချိန်မှာ စားသင့်တဲ့ အသီးတစ်မျိုးဆိုလည်း မမှားပါဘူး။ ဒါကြောင့် ကြက်မောက် သီးဟာ ဆေးဖက်ဝင် အစားအစာ တစ်ခုဖြစ်လို့ မှီဝဲပေးသင့်ပါကြောင်း တိုက်တွန်းပါရစေ။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


နံနက်စာကို ဘာလို့ စားသင့်သလဲ



လူတွေအများစုက နံနက်စာကို အရေးမကြီးဘူးလို့ တွေးတောနေတတ် ကြတယ်။ တကယ်တော့ အဲဒါဟာ မှားယွင်းတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်အတွက် နံနက်စာဟာ အရေးကြီးဆုံး ဖြစ်တယ်။ နံနက်စာကို ရှင်ဘုရင်လို စားခိုင်းတာဟာ တစ်နေကုန် အလုပ်တွေကို လုပ်ဆောင်နိုင်ရန် ရည်ညွန်း ကာ ပြောဆိုထားတာပါ။

နံနက်စာကို ပုံမှန်စားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့

(၁) အဝလွန်သူများအတွက် ဝိတ်ကို လျော့ချပေးနိုင်တယ်။

(၂) ရောဂါတွေ ခဏခဏ မဖြစ်နိုင်ဘူး။

(၃) ကိုလက်စရောဓာတ်ကို လျော့ချပေးနိုင်ပါတယ်။

(၄) ဦးနှောက်အတွက် ကောင်းမွန်တယ်။

(၅) အသည်းရောဂါများကို မဖြစ်စေနိုင်ဘူး။

(၆) ခွန်အားကို ဖြစ်စေတယ်။

(၇) ကြက်ဥပါအောင် စားသင့်ပါတယ်။

ဒါကြောင့် နေ့လယ်စာနဲ့ ညစာထက် နံနက်စာဟာ သင့်အတွက် အရေးကြီးပါကြောင်း မိတ်ဆွေတို့ထံ မျှဝေလိုက်ရပါတယ်နော်

ကျန်းမာရေးနှင့် အလှအပ သတင်းများ



အဆီ အမြန်ကျစေရန် အစား ၁၀ မျိုး



ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီပိုများ ရှိပါက အမြန်ဆုံး ကျဆင်းစေရန် ရည်ရွယ်၍ ရေးသားလိုက် ရခြင်း ဖြစ်ပါတယ်။ အောက်ဖော်ပြပါ အစား ၁၀ မျိုးကို စားပါက မလိုအပ်သော အဆီပိုများ အမြန်ဆုံး ကျဆင်းစေနိုင်ပါတယ်။

ဂျုံ

ဂျုံများများ စားပါ။ ဂျုံစားခြင်းအားဖြင့် ကိုလက်စရောဓာတ်ကို လျော့ကျ စေတဲ့ အပြင် အစာခြေ စနစ်ကို လည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဂျုံကို များများ စားသင့်ပါတယ်။

ဥမျိုးမျိုး

ဥမျိုးမျိုးကို စားသုံးပါက ခန္ဓာကိုယ်ရှိ ကြွက်သားများကို ကြီးထွား စေနိုင်တဲ့အပြင် ကိုလက်စရောဓာတ်ကို လည်း လျော့ကျစေနိုင်ပါတယ်။

ပန်းသီး

ဝိတ်ကျလိုသူများ ညဘက်ထမင်း မစားပါက ပန်းသီး စားနိုင်ပါတယ်။ ပန်းသီးဟာ ခန္ဓာကိုယ်အတွက် ခွန်အားရှိစေတဲ့ အပြင် အဆီတွေကိုလည်း ကျဆင်းစေနိုင်ပါတယ်။

ငရုတ်သီးစိမ်း

ငရုပ်သီးစိမ်းဟာ ခန္ဓာကိုယ်ကိုယ် ဖွံဖြိုးစေတဲ့ အပြင် အဆီတွေကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ငရုတ်သီး အစိမ်းကို မှီဝဲ ပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ အဆီပိုတွေကို ကျဆင်းစေရုံသာမက ကင်ဆာရောဂါ အတွက်လည်း ကောင်းမွန်စေ ပါတယ်။ ထို့ပြင် ခန္ဓာကိုယ်အတွက် ခွန်အား ဖြစ်စေတာကြောင့် စားသုံးသင့်ပါတယ်။

ပျားရည်

ပျားရည်ဟာ ခန္ဓာကိုယ်အတွက် ခွန်းအား ဖြစ်စေပါတယ်။ ထို့ပြင် အဆီကိုလည်း သိသိသာသာ ကျဆင်းစေ နိုင်ပါတယ်။ ပျားရည်ကို နေ့စဉ်မှီဝဲပေးပါ။

လက်ဖက်ရည်ကြမ်း

လက်ဖက်ရည်ကြမ်း များများ သောက်ခြင်းဟာ ဝိတ်ကျစေနိုင်တယ်လို့ ဆိုပါတယ်။ များများမသောက်နိုင်ဘူး ဆိုရင်တောင် တစ်နေ့ကို နှစ်ခွက် လောက် သောက်ပေးပါ။

ခရမ်းချဉ်သီးစားပါ

ခရမ်းချဉ်သီးကို နေ့တိုင်း စားပေးခြင်းအားဖြင့် အဆီများကို ကျဆင်းစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခရမ်းချဉ်သီးစားပေးပါ။

ချောကလက်

ချောကလက်ကို စားပေးပါ။ ဘာကြောင့်လဲ ဆိုသော ၎င်းဟာ ဝိတ်ကို အမြန်ကျ စေပါတယ်။

သံပုရာရည်

သံပုရာရည်ကို ဝိတ်ကို အလျင်အမြန်ကျစေ နိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် သံပုရာရည် သောက်သင့်ပါ တယ်။

နိဂုံးချုပ်အားဖြင့် အကြံပေးချင်တာက လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်အများကြီး မပေးနိုင် ရင်တောင် မနက်ခင်းတိုင်း လမ်းလျှောက် စေချင်ပါတယ်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


ရက်အနည်းငယ် အတွင်းမှာ မျက်နှာကို ဖြူဖွေးအောင် လုပ်နိုင်တဲ့ နည်းလမ်းကောင်း



တကယ်လွယ်ပြီးတော့ တကယ်လည်း ကောင်းပါတယ်။ အသုံးပြုပြီးချိန်မှာ မျက်နှာတွင် သိသိ သာသာ ဖြူဝင်းသွားစေမှာ ဖြစ်ပါတယ်။ ငွေကြေး အကုန်အကျသက်သာပြီး အသုံးပြုရတာလည်း လွယ်ကူပါတယ်။

အသုံးပြုပုံကတော့

(၁) သန့်စင်သော ခွက်တစ်ခုကို ယူလိုက်ပါ။

(၂) ထိုခွက်ထဲသို့ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းထည့်လိုက်ပါ။

(၃) သကြားလက်ဖက်စားဇွန်း တစ်ဇွန်းကိုလည်း ထည့်လိုက်ပါ။

(၃) သံပုရာရည် အနည်းငယ် ညစ်ထည့်ပြီး မွှေလိုက်ပါ။ သာကူကြို ပုံစံမျိုးဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။

ထို့နောက် လက်ပေါ်ကို အရင်ဦးဆုံး သုတ်လိမ်းကာ စမ်းသပ်နိုင်ပါတယ်။ တကယ်အသားဖြူပြီး ထိရောက် တယ်ဆိုမှာသာ သင်၏ မျက်နှာပေါ်သို့ လိမ်းလိုက်ပါ။ ရက်အနည်းငယ်လိမ်းရုံမျှဖြင့် မျက်နှာပေါ်မှာ ရှိတဲ့ ဝက်ခြံ အဖုများ အမာရွက်များနှင့် တစ်ခြားအရာများကို သိသာထင်ရှားစွာ ပျောက်ကွယ်သွား ပါလိမ့် မယ်နော်။

ကျော်လင်းနိုင်
ကျန်းမာရေးနှင့် အလှအပ သတင်းများ


အရွယ်တင်ချင်သော အမျိုးသားများအတွက်


သက်တူရွယ်တူ အပေါင်းအသင်းတွေနဲ့ ယှဉ်လိုက်ချိန်မှာ သင်က အသက်ပိုကြီးတယ်လို့ သူများတွေ မထင်စေဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာပေးဖို့ လိုပါတယ်။

အိပ်ရေးပျက်မခံပါနှင့်

အမျိုးသားအများစုဟာ အိပ်ချိန်နည်းတတ်ကြပါတယ်။ တချို့တွေက အရမ်းနောက်ကျမှ အိပ်ရာဝင်တတ်ကြပြီး မနက်ပိုင်းမှာ အိပ်ရာထ နောက်ကျတတ်ပါတယ်။ အိပ်စက်မှု ပုံစံ မှန်ကန်မှု မရှိတာကလည်း သင့်အရေပြားက ဆဲလ်တွေကို လျော့တွဲစေပြီး အရေးအကြောင်း တွေ ဖြစ်စေပါတယ်။ တစ်နေ့ကို ပျမ်းမျှ ရှစ်နာရီ လောက် အိပ်စက်ဖို့ လိုပြီး အိပ်ရာဝင်ပြီးလို့ မိနစ် ၂၀ လောက်မှ အိပ်ပျော်ပါစေ။

ဆေးလိပ်ရှောင်ပါ

ဆေးလိပ်သောက်တတ်တဲ့ အကျင့်ရှိသူတွေဟာ ဆေးလိပ်မသောက်တတ်တဲ့သူတွေ ထက်ပိုပြီး ရင့်တတ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေဟာ အသက်အရွယ် တူပေမယ့် ၁၀နှစ်လောက် ကွာနေတယ်လို့ ထင်ရစေပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသားတွေမှာ အရေပြား ပေါ်မှာ အရေးအကြောင်းတွေနဲ့ လိုင်းတွေပေါ်လာတတ်ပြီး အရေပြားလည်း ခြောက်သွေ့နေတတ်ပါတယ်။

အမွှေးရိတ်ချိန် သတိထားပါ

အမျိုးသားတိုင်း မုတ်ဆိတ်မွေးနဲ့ ပါးသိုင်းမွေးတွေကို ရိတ်တတ်ကြပါတယ်။ သတိထားရမှာက အမွေး မရိတ်ခင် အချိန်မှာ ခရင်မ်တစ်မျိုးသုံးပေးပြီး အရေပြား ထိခိုက်မှုကို ကာကွယ်ပါ။ အမွေးရိတ်ပြီးချိန်မှာ လည်း ရေနွေးနွေးနဲ့ သန့်စင်ပေးပြီး ရေဓါတ်ပါဝင်တဲ့ တိုနာ ဒါမှမဟုတ် ဖောင်ဒေးရှင်းခရင်မ် တစ်မျိုး သုံးပေးပါ။

အရက်ကို ကန့်သတ်ပါ

အရက်သောက်တာက သွေးကြောတွေကို လိုအပ်တာထက် ပိုကျယ်ပြီး သွေးလည်ပတ်စီးဆင်းစေပါတယ်။ အရက်ကို တစ်နေ့နှစ်ပက် ထက်ပိုသောက်တဲ့သူတွေက အရက်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ခံစားကြရပြီး အိုစာတတ်ကြပါတယ်။ အသားအရေ ကြည်လင်မှု မရှိဘဲ ပွယောင်းယောင်းဖြစ်ကာ ချွေး ထွက်များပြီး ကိုယ်နံ့လည်း မကောင်းတတ်ကြပါဘူး။

လေ့ကျင့်ခန်းလုပ်ပါ

ကြွက်သားများ သန်မာစေမယ့် လေ့ကျင့်ခန်းတွေက အမျိုးသားတွေနဲ့ အသင့်တော်ဆုံးပါပဲ။ နေ့စဉ် လေ့ ကျင့်ခန်းပုံမှန် ပြုလုပ်တာကြောင့် ကျန်းမာတဲ့ နေထိုင်မှု ပုံစံအပြင် ကောင်းမွန်တဲ့ အရေပြားကိုလည်း ပိုင်ဆိုင်နိုင်တာ ကြောင့် သင့်ကို နုပျိုစေပါတယ်။

တစ်ပတ်နှစ်ကြိမ် သန့်စင်ပါ

တစ်ပတ်ကို နှစ်ကြိမ်လောက် နို့်ပါဝင်တဲ့ ကြေးချွှတ်ဆေးကို အသုံးပြုပြီး သန့်စင်ပေးတာက သင့်အရေပြား ဆဲလ်တွေကို ရှင်းသန့်စေပြီး ဆဲလ်အသေတွေကို လည်း သန့်စင်ပြီးသား ဖြစ်စေတာကြောင့် အိုမင်းမှုကို ဟန့်တားနိုင်ပါလိမ့်မယ်။

အနှိပ်ခံပါ

တစ်ပတ်မှာ တစ်ကြိမ်လောက် ပုံမှန် အနှိပ်ခံတာက သွေးလည်ပတ်မှုကို ကောင်းစေပြီး စိတ်ကြည်လင် လန်းဆန်းစေကာ ဖိစီးမှုတွေကို ကင်းစေပါတယ်။ တစ်နေ့တာ လုပ်ငန်းတွေ ပြီးချိန်မှာ အေးချမ်းတဲ့ ပတ်ဝန်းကျင် မျိုးမှာ အနှိပ်ခံပြီးမှ ရေချိုးပေးတာက စိတ်ကို ကြည်လင်စေပြီး ဖိစီးမှု ကင်းတာကြောင့် နုပျိုစေ ပါတယ်။

အစိမ်းရောင်မှီဝဲပါ

နေ့စဉ် အစားအစာတွေထဲမှာ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို ပါဝင်အောင် စားပေးပါ။ အမျိုးသား အများစုက ဟင်းရွက်တွေကို မကြိုက်တတ်ပါဘူး။ ဟင်းရွက်တွေကို ပိုစားမိစေဖို့ အသုတ်လုပ်စားတာမျိုး၊ ဟင်းချိုလုပ်ပြီး သောက်တာမျိုး၊ ထမင်းစားပြီးချိန်နဲ့ သရေစာစားချိန်မှာ အသီးအနှံ စားတာမျိုးကို လေ့ကျင့် ယူပါ။

နေရောင်ကို ရှောင်ပါ

နေရောင်ခြည်ဟာ အရေပြားကို အမှန်တကယ် ပျက်စီးစေတဲ့ အနှောင့်အယှက်ပါပဲ။ နေရောင်ခြည်အောက် မှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေက အအေးခန်းထဲမှာ အလုပ်လုပ်ရတဲ့ အမျိုးသားတွေထက် ပိုပြီး အိုစာတတ်ကြပါတယ်။ နေရောင်ကို အတတ်နိုင်ဆုံး ကာကွယ်ပါ။

ရေများများ သောက်ပါ

အမျိုးသားတွေက အရက်နဲ့ ဘီယာလောက် ရေကို မသောက်တတ်ကြပါဘူး။ ရေသောက်နည်းတာက သင့်အရေပြားကို ခြောက်သွေ့စေတဲ့အပြင် လန်းဆန်းမှု လည်း မရှိဘဲ ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ရေကို ရှစ်ခွက်လောက်တော့ အနည်းဆုံးသောက်ပါ။

World-Myanmar News (world-myanmar.com)
လမင်းလေး


တရုတ်မှာ ခေတ်စားနေတဲ့ ရုပ်ချောမချော စမ်းသပ်နည်း

 
 
သင်ဟာ ကြည့်ကောင်းသူ တစ်ဦး ဟုတ်မဟုတ် စမ်းသပ်နိုင်တဲ့ အလွယ် နည်းလမ်း တစ်ခုဖြစ်ပြီး “finger trap test” လို့ အမည်ရပါတယ်။

စမ်းသပ်နည်းကတော့ ပုံမှာပြထားသလို လက်ညှိုးထောင်ပြီး နှာခေါင်းကနေ မေးစေ့အထိ ကပ်ထားကြည့် ပါ။ အဲလို ကပ်ထားတဲ့အခါ သင့်နှုတ်ခမ်းတွေက လက်ညှိုးအဆစ်တွေနဲ့ ထိနေတယ်ဆိုရင်တော့ သင်ဟာ တရုတ်တွေရဲ့ စံသံမှတ်ချက်အရ လှပတဲ့ သူ ဖြစ်ပါတယ်တဲ့။

အဲဒီ စမ်းသပ်နည်းဟာ တရုတ်ပြည်မှာ အလွန်ရေပန်းစားနေပြီး သရုပ်ဆောင်တွေ ၊အနုပညာရှင်တွေ ကိုယ်တိုင် သူ့တို့ကိုယ်သူတို့ လက်ညှိုးထောင်ပြီး စမ်းသပ်စစ်ဆေးနေပုံတွေကို နာမည်ကြီး လူမှု ကွနယက်တွေမှာ ဓါတ်ပုံတွေ အပြိုင်အဆိုင်တင်နေကြတဲ့အထိ ဖြစ်ပါတယ်။

Vocative.com မှ တင်ထားတဲ့ စာပိုဒ်အရ အဆိုပါ စမ်းသပ်ချက်ဟာ cosmetic surgeons တွေ အသုံးပြုတဲ့ သုံး အချိုး တစ် ပေါ်မှာ အနည်းငယ် အခြေခံထားတဲ့ စမ်းသပ်ချက်ဖြစ်ပြီး ယခုအခါ လူပေါင်း ၂ သိန်းကျော် ဟာ Weibo မှာ ငြင်းခုန် ဆွေးနွေးနေကြပြီး အများစုကတော့ အမျိုးသမီးများ ဖြစ်ကြောင်း သိရပါတယ်။

ဒါပေမယ့် အဲဒီစမ်းသပ်ချက်ပေါ်မူတည်ပြီး သင်ဟာ ရုပ်ဆိုးတယ် ရုပ်ချောတယ်လို့ အတိအကျ မပြောနိုင်သေးတဲ့အတွက် အလွန်အမင်း စိတ်ပျက်ဖို့တော့ မလိုပါဘူး။

ဘာကြောင့်လဲ ဆိုတော့ ဒီစမ်းသပ်ချက်အတိုင်းသာ ဆိုရင် ဂျိုလီ၊ ဂျက်ဆီကာ အလ်ဘာတို့ ရုပ်ဆိုးတဲ့ စာရင်းဝင် ဖြစ်သွားမှာပေါ့။

World-Myanmar News (world-myanmar.com)


ထိုင်းဝန်ကြီးချုပ် ဖွဲ့စည်းပုံခုံရုံးတွင် အမှုရင်ဆိုင်

Photo: ထိုင်းဝန်ကြီးချုပ် ဖွဲ့စည်းပုံခုံရုံးတွင် အမှုရင်ဆိုင်
Tuesday, May 6, 2014

ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ အာဏာအလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့အမှုကို ဒီနေ့ ရင်ဆိုင်ပါတယ်။ဒီအမှုဟာ မေလအတွင်း ၀န်ကြီးချုပ်ရာထူးကနေ ပြုတ်သွားနိုင်တဲ့ အမှု ၂ မှုထဲက  ၁ မှု ဖြစ်ပါတယ်။

ယင်းလပ်ကို ထောက်ခံတဲ့သူတွေက တကယ်လို့ တရားရုံးက ၀န်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရင် တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့အတွက် ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ လလောက် ကြာနေပြီ ဖြစ်ပါတယ်။

နောက် ၁ ပတ်ထဲမှာ အစိုးရထောက်ခံသူတွေရော၊ အစိုးရ ဆန့်ကျင်တဲ့အဖွဲ့တွေရော ဘန်ကောက်မှာ အလုံးအရင်းနဲ့ ဆန္ဒပြပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။

ဝန်ကြီးချုပ် ယင်းလပ် ရင်ဆိုင်နေရတဲ့အမှုက ၂၀၁၁ ခုနှစ်တုန်းက အမျိုးသား လုံခြုံရေးရေးကောင်စီ အကြီးအကဲ သော်ဝီ ပရီရန်စရီကို အာဏာလွှဲပြောင်းပေးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။

ဒီလို လွှဲပြောင်းပေးခဲ့တာဟာ ယင်းလပ်ရဲ့ ပွေ့ထိုင်းပါတီကို အကျိုးရှိစေတယ်လို့ အတိုက်အခံတွေက ဝေဖန်ပါတယ်။

ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ၀န်ကြီးချုပ် ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရရုံသာမက အစိုးရတဖွဲ့လုံး ဖျက်သိမ်းရနိုင်တယ်လို့တောင် တချို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။

ဒီနေ့မှာ ခုံရုံးက စီရင်ချက် ချဖို့ မရှိသေးပေမယ့် သိပ်မကြာခင် ကာလအတွင်းမှာ အမိန့်ချဖွယ် ရှိပါတယ်။

ဝန်ကြီးချုပ် ယင်းလပ်ဟာ အာဏာအလွဲသုံးစားမှုအပြင် စပါးဝယ်ယူရေးကိစ္စနဲ့ ပတ်သက်တဲ့ အမှုတခုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

စပါးဝယ်ယူရေးမှာ အဂတိလိုက်စားမှုနဲ့ အကြီးအကျယ် အရှုံးပေါ်ခဲ့တာကို ၀န်ကြီးချုပ်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။

ဒီအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်ပြီး မေလအတွင်းမှာပဲ စီရင်ချက် ချဖွယ် ရှိပါတယ်။

ပြစ်မှုထင်ရှားရင်တော့ ၀န်ကြီးချုပ်ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။

DVB TV News 
 
ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးမှာ အာဏာအလွဲသုံးစားမှုနဲ့ ပတ်သက်တဲ့အမှုကို ဒီနေ့ ရင်ဆိုင်ပါတယ်။ဒီအမှုဟာ မေလအတွင်း ၀န်ကြီးချုပ်ရာထူးကနေ ပြုတ်သွားနိုင်တဲ့ အမှု ၂ မှုထဲက ၁ မှု ဖြစ်ပါတယ်။ ယင်းလပ်ကို ထောက်ခံတဲ့သူတွေက တကယ်လို့ တရားရုံးက ၀န်ကြီးချုပ်ကို ရာထူးကနေ ဖယ်ရှားလိုက်ရင် တုံ့ပြန်မယ်လို့ ကြုံးဝါးထားတဲ့အတွက် ထိပ်တိုက်တွေ့တဲ့ အခြေအနေတွေ ပေါ်ပေါက်လာမှာကို စိုးရိမ်နေကြပါတယ်။ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတာ ၆ လလောက် ကြာနေပြီ ဖြစ်ပါတယ်။

နောက် ၁ ပတ်ထဲမှာ အစိုးရထောက်ခံသူတွေရော၊ အစိုးရ ဆန့်ကျင်တဲ့အဖွဲ့တွေရော ဘန်ကောက်မှာ အလုံးအရင်းနဲ့ ဆန္ဒပြပွဲတွေကို ပြုလုပ်ဖို့ စီစဉ်ထားကြပါတယ်။ဝန်ကြီးချုပ် ယင်းလပ် ရင်ဆိုင်နေရတဲ့အမှုက ၂၀၁၁ ခုနှစ်တုန်းက အမျိုးသား လုံခြုံရေးရေးကောင်စီ အကြီးအကဲ သော်ဝီ ပရီရန်စရီကို အာဏာလွှဲပြောင်းပေးခဲ့တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီလို လွှဲပြောင်းပေးခဲ့တာဟာ ယင်းလပ်ရဲ့ ပွေ့ထိုင်းပါတီကို အကျိုးရှိစေတယ်လို့ အတိုက်အခံတွေက ဝေဖန်ပါတယ်။ ဒီအမှုမှာ ပြစ်မှုထင်ရှားရင် ၀န်ကြီးချုပ် ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရရုံသာမက အစိုးရတဖွဲ့လုံး ဖျက်သိမ်းရနိုင်တယ်လို့တောင် တချို့ ဥပဒေကျွမ်းကျင်သူတွေက သုံးသပ် နေကြပါတယ်။ ဒီနေ့မှာ ခုံရုံးက စီရင်ချက် ချဖို့ မရှိသေးပေမယ့် သိပ်မကြာခင် ကာလအတွင်းမှာ အမိန့်ချဖွယ် ရှိပါတယ်။ဝန်ကြီးချုပ် ယင်းလပ်ဟာ အာဏာအလွဲသုံးစားမှုအပြင် စပါးဝယ်ယူရေးကိစ္စနဲ့ ပတ်သက်တဲ့ အမှုတခုနဲ့လည်း ရင်ဆိုင်နေရပါတယ်။

စပါးဝယ်ယူရေးမှာ အဂတိလိုက်စားမှုနဲ့ အကြီးအကျယ် အရှုံးပေါ်ခဲ့တာကို ၀န်ကြီးချုပ်က တာဝန်လစ်ဟင်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။ ဒီအမှုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ကိုင်တွယ်ပြီး မေလအတွင်းမှာပဲ စီရင်ချက် ချဖွယ် ရှိပါတယ်။
ပြစ်မှုထင်ရှားရင်တော့ ၀န်ကြီးချုပ်ယင်းလပ်ဟာ ရာထူးကနေ ဖယ်ရှားခံရပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခံရဖွယ် ရှိပါတယ်။
 DVB TV News


ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ဒီချုပ်နှင့် ၈၈ငြိမ်း/ပွင့် ပူးပေါင်းကော်မတီဖွဲ့စည်း


ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ကို အပြီးတိုင်ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းတို့က ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့စည်းလိုက်သည်။

၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်ငါးဦးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်ငါးဦးတို့ဖြင့် ၂၀၀၈ခု နှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ကို ပြင်ဆင်ရန်အတွက် မေ လ ၅ ရက်တွင် ဗဟိုပူးပေါင်းကော်မတီ တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ပူးပေါင်းကော်မတီတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များဖြစ်ကြသော ဦးမင်းကိုနိုင်၊ ဦးကိုကိုကြီး၊ ဦးမြအေး၊ ဦးဂျင်မီ၊ ဦးပြုံးချိုတို့ ပါဝင်လာသည်။ ‘‘ဒီကော်မတီက ပုဒ်မ ၄၃၆ ကို ပြင်မယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးပြီး ဆုံးဖြတ်ချက်ချမယ့် ဗဟိုကော်မတီပါ။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ချတဲ့အခါမှာ ဆွေးနွေးညှိနှိုင်းဖို့ ဖွဲ့ လိုက်တာပါ’’ဟု ပူပေါင်းကော်မတီအဖွဲ့ဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်က ပြောသည်။

အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဟောပြောပွဲ နှင့် ပြည်သူလူထု လက်မှတ်ရေးထိုး ဆန္ဒဖော်ထုတ်ခြင်းကို တစ်နိုင်ငံလုံးတွင် ပြုလုပ်ရန်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းတို့ ပူးပေါင်းလုပ်ဆောင်မည်လည်းဖြစ်သ
ည်။

အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ဆောင်ရွက်ရာတွင် အနယ်နယ်အရပ်ရပ်ရှိ ၈၈မျိုးဆက် ကွန်ရက်များနှင့် ချိတ်ဆက် လုပ်ဆောင်မည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်က မီဒီယာများအား ပြောကြားထားသည်။

ယခုလတတိယပတ်အတွင်း မန္တလေးတိုင်းတွင် ပြုလုပ်မည့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များက ဟောပြောခြင်းများ ပြုလုပ်သွားရန် ရှိသည်။

ပုဒ်မ ၄၃၆သည် ဖွဲ့စည်းပုံအ ခြေခံဥပဒေတွင် ပါဝင်သော နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်ချက်၊ တပ်မတော်၏ နိုင်ငံရေး အခန်းကဏ္ဍတွင် ဦးဆောင်မှုကို လျှော့ချရန်နှင့် ဒီမိုကရက်တစ်စံနှုန်းနှင့် မကိုက်ညီသောပုဒ်မများကို ပြင်ဆင်ရာတွင် လွှတ်တော်ထဲရှိ လွှတ်တော်အမတ်များ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်ပြီးလူထုဆန္ဒခံယူပွဲလည်း ကျင်းပရမည်ဟု ဖော်ပြထားသော ပုဒ်မတစ်ခုဖြစ်သည်။

7Day News Journal

အာဆီယံ ထိပ်သီး အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင်အင်အား တစ်သောင်းတစ်ထောင်ကျော် အသုံးပြုမည်


အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဆီယံခေါင်းဆောင်ကြီးများ၏ လုံခြုံရေးကို အကာအကွယ်ပေးရန်နှင့် အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် ရဲတပ်ဖွဲ့ဝင် အင်အား တစ်သောင်းတစ်ထောင် အသုံးပြုမည်ဖြစ်ကြောင်း သတင်းရရှိသည်။မြန်မာ့နိုင်ငံရေးတွင် ပထမဆုံးအကြိမ် ခေါင်းဆောင်အရေအတွက် အများဆုံး တက်ရောက်မည့် အစည်းအဝေးဖြစ်၍ လုံခြုံရေးအဆင့်ကို အမြင့်ဆုံး သတ်မှတ်ထားပြီး တပ်ဖွဲ့ဝင် အင်အား အများဆုံး အသုံးပြုခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးချုပ် စိုးမြိုင်က အတည်ပြုပြောကြားသည်။

‘‘အာဆီယံခေါင်းဆောင်၊ အကြီးအကဲတစ်ယောက်ကို ရဲမှူးချုပ်တစ်ယောက်က တာဝန်ယူပြီး လက်အောက်အရာရှိအဆင့်ဆင့်နဲ့ သီးခြားအဖွဲ့တစ်ဖွဲ့က လုံခြုံရေးကို ကြီးကြပ်မယ်။ အကြီးအကဲသွားရာ နေရာတိုင်း အစည်းအဝေးဖြစ်ဖြစ်၊ တည်းတဲ့နေရာဖြစ်ဖြစ် ညအိပ်ညနေကိုပါ လုံခြုံရေး စောင့်ကြပ် တာဝန်ယူပေးရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးအတွက် လုံခြုံရေးက အဆင့်အမြင့်ဆုံးပဲ’’ ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်အောက်ရှိ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး တပ်ဖွဲ့ဝင်အားလုံး အပါအ၀င် တပ်မတော် အရန်စစ်ကြောင်းများကိုပါ လုံခြုံရေးအတွက် အသင့်အနေအထား ပြင်ဆင်ထားသည်ဟု ၎င်းက ဆိုသည်။

ဆီးဂိမ်းပြိုင်ပွဲ ကျင်းပစဉ်က လုံခြုံရေးအင်အား ရှစ်ထောင်မှ တစ်သောင်းကြား အသုံးပြုခဲ့ပြီး အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် လုံခြုံရေးအင်အားမှာ အများဆုံးဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဌာနချုပ်မှ သတင်းရရှိသည်။

ထို့ပြင် အစည်းအဝေးကာလအတွင်း အကြမ်းဖက်သမားများ ၀င်ရောက်မလာနိုင်ရန် နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုမှ တပ်ဖွဲ့ဝင် သုံးဦးက မေလဆန်းမှစ၍ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လာရောက်တာဝန်ထမ်းဆောင်နေခြင်ြးေ
ကာင့် လုံခြုံရေးအခြေအနေအတွက် မြန်မာက အသင့်ပြင်ဆင်ပြီး အခြေအနေတွင် ရှိနေသည်။

‘‘အင်တာပို Hard disc က အရမ်းပြည့်စုံတယ်။ နာမည်ပျက်နဲ့ စောင့်ကြည့်ရတဲ့ နိုင်ငံတကာ ရာဇ၀တ်ကောင်ဆို ၀င်လာတဲ့အဆင့်မှာတင် အင်တာပိုနဲ့ ကွိခနဲမိမှာ။ နေပြည်တော်ဌာနချုပ်ကလည်း ရန်ကုန်လေဆိပ်နဲ့ နက်ဝါ့ခ်ချိတ်ဆက်ပြီးသား’’ ဟု ရဲမှူးချုပ် စိုးမြိုင်က ပြောသည်။

(၂၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို နေပြည်တော်တွင် မေလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးကျင်းပရန် နှစ်ရက်သာ လိုတော့သည်။

ယင်းအစည်းအဝေးသို့ မြန်မာအပါအ၀င် အာဆီယံ ၁၀ နိုင်ငံ မှ နိုင်ငံ့ခေါင်းဆောင်များ တက်ရောက်ကြမည်ဖြစ်ပြီး အာဆီယံ နိုင်ငံများမှ ကိုယ်စားလှယ်ပေါင်း တစ်သောင်းခွဲ တက်မည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက မျှော်မှန်းထားသည်။

7Day News Journal

မန္တလေးမြို့ အခြေစိုက် ခရီးစဉ်သစ် ရန်ကုန်အဲဝေး တိုးချဲ့ ပျံသန်းမည်

Photo: မန္တလေးမြို့ အခြေစိုက် ခရီးစဉ်သစ် ရန်ကုန်အဲဝေး တိုးချဲ့ ပျံသန်းမည်
Tuesday, May 6, 2014

ခရီးသည် ၇၀ ဆန့် ATR-72 လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းရှိ မြို့ပေါင်း ၁၉ မြို့ကို ပျံသန်းပြေးဆွဲလျက် ရှိသော ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်က ဝယ်ယူခဲ့သော ခရီးသည် ၆၈ ဦးဆန့် ATR 72-500 လေယာဉ် အသစ်ဖြင့် ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ကို အခြေစိုက်၍ ခရီးစဉ်သစ် တစ်ခုကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ ဈေးကွက်မြှင့်တင်ရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ခရီးစဉ်အသစ်မှာ မန္တလေးမြို့ကို အခြေစိုက်၍ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအိုနှင့် မန္တလေး၊ ခန္တီး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ မြို့တို့ကို ပျံသန်း ပြေးဆွဲမည် ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ တစ်ရက်လျှင် ခရီးစဉ် လေးကြောင်းခန့် ပျံသန်းရန် လျာထားကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
“လက်မှတ် ဈေးနှုန်းကတော့ Manual နဲ့ e-Ticket နှစ်မျိုး သတ်မှတ်ထားတဲ့အတွက် ပြောလို့ မရသေးပါဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ရန်ကုန်မှ မန္တလေး၊ ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော်၊ နေပြည်တော်၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့တို့သို့ ပုံမှန်ခရီးစဉ်များ အပြင် စင်းလုံးငှား ခရီးစဉ်များကိုလည်း ပျံသန်း ပြေးဆွဲလျက် ရှိကြောင်း အဆိုပါ လေကြောင်းလိုင်းထံမှ သိရသည်။

ရန်ကုန်အဲဝေး လေကြောင်းလိုင်းကို မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံက Krong-Sombat ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်းလေကြောင်းလိုင်း အဖြစ် ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းအဖြစ် ပျံသန်းပြေးဆွဲခဲ့သည်။

The Voice Weekly
 
ခရီးသည် ၇၀ ဆန့် ATR-72 လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းရှိ မြို့ပေါင်း ၁၉ မြို့ကို ပျံသန်းပြေးဆွဲလျက် ရှိသော ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ၂၀၁၃ ခုနှစ်က ဝယ်ယူခဲ့သော ခရီးသည် ၆၈ ဦးဆန့် ATR 72-500 လေယာဉ် အသစ်ဖြင့် ၂၀၁၄ ခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ကို အခြေစိုက်၍ ခရီးစဉ်သစ် တစ်ခုကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏ ဈေးကွက်မြှင့်တင်ရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရီးစဉ်အသစ်မှာ မန္တလေးမြို့ကို အခြေစိုက်၍ မန္တလေး၊ မြစ်ကြီးနား၊ ပူတာအိုနှင့် မန္တလေး၊ ခန္တီး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ မြို့တို့ကို ပျံသန်း ပြေးဆွဲမည် ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍ တစ်ရက်လျှင် ခရီးစဉ် လေးကြောင်းခန့် ပျံသန်းရန် လျာထားကြောင်း ၎င်းက ဖြည့်စွက် ပြော ကြား သည်။
“လက်မှတ် ဈေးနှုန်းကတော့ Manual နဲ့ e-Ticket နှစ်မျိုး သတ်မှတ်ထားတဲ့အတွက် ပြောလို့ မရသေးပါ ဘူး” ဟု ၎င်းကဆိုသည်။

ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ရန်ကုန်မှ မန္တလေး၊ ပုဂံ၊ ဟဲဟိုး၊ တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော်၊ နေပြည်တော်၊ သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့တို့သို့ ပုံမှန်ခရီး စဉ် များ အပြင် စင်းလုံးငှား ခရီးစဉ်များကိုလည်း ပျံသန်း ပြေးဆွဲလျက် ရှိကြောင်း အဆို ပါ လေကြောင်း လိုင်းထံမှ သိရသည်။

ရန်ကုန်အဲဝေး လေကြောင်းလိုင်းကို မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံက Krong-Sombat ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်းလေကြောင်းလိုင်း အဖြစ် ၁၉၉၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းအဖြစ် ပျံသန်းပြေးဆွဲခဲ့သည်။

The Voice Weekly


ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင် များကို အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်

Photo: ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ ရှင် များကို အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်
Tuesday, May 6, 2014

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန် တို့သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန် ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာကြရာ လားရှိုးမြို့သို့ ရောက်ရှိကြပြီး လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား အခမဲ့ စမ်းသပ်ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယ သမ္မတ၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အလှူရှင် Excellence Medicare & pharmaceutical Co.,Ltd. မန်နေးဂျင်း ဒါရိုက်တာ ဒေါက်တာ အေးအေးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ယခု အစီအစဉ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းအတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ သွားရောဂါ ဝေဒနာ အမျိုးမျိုး ခံစားနေကြရသည့် ဝေဒနာရှင်များ အတွက် အခမဲ့ အထူးစမ်းသပ် ခွဲစိတ် ကုသမှု ပေးနိုင်စေရန် စီစဉ် ထားခြင်း ဖြစ်ပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ သည် မွေးရာပါ ဖြစ်သည် နှင့်အညီ မွေးဖွားလာက တည်းကပင် ကျန်းမာရေး မှာရော လူမှုရေးမှာပါ သောက အမျိုးမျိုး ဒုက္ခအဖုံဖုံ ပေးလာသည့် ဝေဒနာ ဖြစ်ပါကြောင်း။

ထိုသို့ စိတ်ရောကိုယ်ပါ ဒုက္ခပေးသည့် ရောဂါ ဝေဒနာများကို စမ်းသပ်ကုသမှု ပေးကြမည့် အထူးကု ဆရာဝန်၊ ဆရာမများ အဖွဲ့ကို လည်းကောင်း၊ ကုသမှု ဆိုင်ရာ ကုန်ကျစရိတ် အဝဝကို ကျခံပေးသည့် စေတနာရှင် မိသားစုအား လည်းကောင်း၊ စမ်းသပ်ခွဲစိတ် ကုသမှု ကိစ္စ အားလုံး အောင်မြင်စေရန် ကူညီဆောင်ရွက် ပေးကြ သည့် ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ် အားလုံးအား အထူးကျေးဇူးတင် ရှိပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ခွဲစိတ်ကုသမှု ခံယူကြမည့် ဝေဒနာရှင် လူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြသည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင် များသည် လားရှိုးမြို့မှ ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာလာကြရာ ကွမ်းလုံမြို့သို့ ရောက်ရှိကြပြီး ကွမ်းလုံမြို့ နယ် သံလွင်ဦး ခန်းမ၌ ''ဝ''ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အထောက် အကူ ပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာ၌ ယခင်က ဤဒေသများသည် နယ်မြေ မအေးချမ်းသဖြင့် စိတ်တထင့်ထင့်ဖြင့် ခရီးသွား ခဲ့ရသည့် ဒေသပင် ဖြစ်ပါကြောင်း။

ယခုအခါ ယင်းဖြစ်ရပ်များ ကျော်လွန်ဖြစ်သန်း လာကာ နယ်မြေ အခြေအနေမှာလည်း အေးချမ်းနေပြီ ဖြစ်ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန်သာ လိုပါတော့ကြောင်း၊ နယ်စပ်ဝင်ပေါက်နှင့် နီးသည့်မြို့နယ်များ ဖြစ်သည့်အတွက် မူဆယ်၊ ရွှေလီကဲ့သို့ နယ်စပ် ကုန်သွယ်ရေးကို ပိုပြီး အဆင့်မြင့် လာစေရန် ပိုပြီးအား ကောင်းလာစေရန် ဆောင်ရွက်နိုင် ပါမှသာ ဤဒေသ ပိုမို တိုးတက်နိုင်မှာ ဖြစ်ပါကြောင်း။

ယခုအခါ တရုတ်နိုင်ငံမှ ခရီးသွားများ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်နေပြီ ဖြစ်သည့်အတွက် ကွန်လုံ-ဟိုပန် ဒေသခံများလည်း အိမ်နီးချင်း တရုတ်နိုင်ငံ ဘက်မှ ခရီးသွား ကုမ္ပဏီများနှင့် ဆက်သွယ်ကာ ခရီးသွား လုပ်ငန်း စမ်းသပ်ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုးကန့်စာ အပြင်၊ မြန်မာစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာ အဆင့်မီ လာစေရန် အလေးထား သင်ကြားကြပါရန် တိုက်တွန်း လိုပါကြောင်း၊ သို့မှသာ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒေသအတွင်း လိုအပ်ချက်များ ဖြစ်သည့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များ၊ ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထူးက မြို့တော်ခန်းမ တိုးချဲ့တည်ဆောက်ရေး ဆိုင်ရာများကို လည်းကောင်း ရှင်းလင်တင်ပြကြသည်။

ထို့နောက် ကွမ်းလုံ၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြု ကော်မတီများနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ များက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ် မီးနှင့် သောက်သုံးရေ ရရှိရေး ဆိုင်ရာများ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေချေးပေးနိုင်ရေး ဆိုင်ရာများ၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ကျန်းမာရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်များနှင့် ကျန်းမာ ရေး မြှင့်တင် ပေးနိုင်ရန်အတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက် ပေးစေလိုသော ကိစ္စရပ်ဆိုင်ရာများ၊ ဆက်သွယ်ရေး ဆိုင်ရာကဏ္ဍ တိုးတက်မြင့်မား လာစေရေး ဆိုင်ရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်း လင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက်တာ ဇော်မင်းအောင်၊ ဒေါက်တာ ဒေါ်သိန်းသိန်းဌေး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးသောင်းတင်နှင့် ဦးအောင်သန်းဦး တို့က ဒေသတွင်း လိုအပ်လျက်ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာများ၊ ဆက်သွယ်ရေး တိုးတက် ကောင်းမွန် လာစေရေး ဆိုင်ရာများ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရယူ သုံးစွဲနိုင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေထုတ်ချေး ပေးနိုင်ရေးလုပ်ငန်း ဆိုင်ရာများ၊ ဒေသဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ဆက်လက်၍ တိုးမြှင့်ချေးငွေများ ထုတ်ချေး ပေးနိုင်ရေး ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက် သွားမည့် အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ဤဒေသ အသီးသီးမှ လိုအပ်သည့် တင်ပြချက်များ အပေါ် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်ကို ကျေနပ် သဘောပေါက် လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍ တိုးတက်မြင့်မား လာစေရေးအတွက် ရေရရှိရေး၊ မီးရရှိရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ အတတ် နိုင်ဆုံး တိုးတက်မြင့်မား လာစေရန် အခြားနယ်မြေ ဒေသများသို့ သွားရောက်လေ့လာ အတုယူ၍ ယခုထက်ပိုမို အားစိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ် ဥာဏ သိပ္ပံရပ်ကွက် ရတနာသီရိ ရှမ်းကျောင်းသို့ ရောက်ရှိပြီး ကွမ်းလုံမြို့နယ် သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ရတနာသီရိ ရှမ်းကျောင်း ဆရာတော် ဥူးနန္ဒာ သီရိအား ဖူးမြော်ကြည်ညို ကြကာ ဒုတိယ သမ္မတ နှင့်ဇနီးတို့က လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် CB Bank ၊ KBZ ဘဏ်လီမိတက်၊ အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်၊ နယူး စတားလိုက်(တ်) ကုမ္ပဏီ လီမိတက်၊ ကတ်ပီတယ် ဒိုင်းမွန်းစတား ဂရု(ပ်) ကုမ္ပဏီ လီမိတက်တို့မှ စုပေါင်း၍ ကျောင်းတည်ဆောက်ရေး အတွက် အလှူငွေ ကျပ်သိန်း(၂၂ဝ)ကို တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ကွမ်းလုံမြို့မှ ပြန်လည်ထွက်ခွာ လာကြရာ လားရှိုးမြို့သို့ ညနေပိုင်းတွင် ရောက်ရှိကြပြီး လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် တွဲဖက် ပြည်နယ် မီးသတ် ဦးစီးဌာနတွင် ကျင်းပသည့် ဟန်နား ကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ ဟန်နားကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီးအား ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က တိုင်းရင်းသား ခေါင်းဆောင် ဦးလွယ်မောင်းထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် မီးငြိမ်းသတ် ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

မြ၀တီ
 
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုန် တို့သည် ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ တာဝန် ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်း တွင် နေပြည်တော်မှ လေကြောင်း ခရီးဖြင့် ထွက်ခွာလာကြရာ လားရှိုးမြို့သို့ ရောက်ရှိကြပြီး လားရှိုးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ခန်းမ၌ ကျင်းပသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် များအား အခမဲ့ စမ်းသပ် ခွဲစိတ် ကုသပေးခြင်း ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယ သမ္မတ၏ ဇနီး ဒေါ်နန်းရွှေမှုန်၊ ပြည်နယ် ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်နှင့် အလှူရှင် Excellence Medicare & pharmaceutical Co.,Ltd. မန်နေးဂျင်း ဒါရိုက်တာ ဒေါက် တာ အေးအေး တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။

ယင်းနောက် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာတွင် ယခု အစီအစဉ်သည် ရှမ်းပြည်နယ် မြောက် ပိုင်း အတွင်း နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ သွားရောဂါ ဝေဒနာ အမျိုးမျိုး ခံစားနေကြရသည့် ဝေဒနာရှင်များ အတွက် အခမဲ့ အထူးစမ်းသပ် ခွဲစိတ် ကုသမှု ပေးနိုင်စေရန် စီစဉ် ထားခြင်း ဖြစ်ပါကြောင်း၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာ သည် မွေးရာပါ ဖြစ်သည် နှင့်အညီ မွေးဖွားလာက တည်းကပင် ကျန်းမာရေး မှာရော လူမှုရေးမှာပါ သောက အမျိုးမျိုး ဒုက္ခအဖုံဖုံ ပေးလာသည့် ဝေဒနာ ဖြစ်ပါကြောင်း။

ထိုသို့ စိတ်ရောကိုယ်ပါ ဒုက္ခပေးသည့် ရောဂါ ဝေဒနာများကို စမ်းသပ်ကုသမှု ပေးကြမည့် အထူးကု ဆရာဝန်၊ ဆရာမများ အဖွဲ့ကို လည်းကောင်း၊ ကုသမှု ဆိုင်ရာ ကုန်ကျစရိတ် အဝဝကို ကျခံပေး သည့် စေတနာ ရှင် မိသားစုအား လည်းကောင်း၊ စမ်းသပ်ခွဲစိတ် ကုသမှု ကိစ္စ အားလုံး အောင်မြင်စေရန် ကူညီဆောင် ရွက် ပေးကြ သည့် ဌာနဆိုင်ရာ၊ လူပုဂ္ဂိုလ် အားလုံးအား အထူးကျေးဇူးတင် ရှိပါကြော င်းဖြင့် ပြောကြားသည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ခွဲစိတ်ကုသမှု ခံယူကြမည့် ဝေဒနာရှင် လူနာများ အား ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ အမှတ်တရ မှတ်တမ်း ဓာတ်ပုံများ ရိုက်ကူးကြသည်။

ထိုမှတစ်ဆင့် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင် များသည် လားရှိုးမြို့မှ ရဟတ်ယာဉ် များဖြင့် ဆက်လက် ထွက်ခွာ လာကြရာ ကွမ်းလုံမြို့သို့ ရောက်ရှိကြပြီး ကွမ်းလုံမြို့ နယ် သံလွင်ဦး ခန်းမ၌ ''ဝ''ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ တိုင်းနှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အထောက် အကူ ပြု ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ဒေသခံ ပြည်သူ များနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် ဒုတိယ သမ္မတက အမှာစကား ပြောကြားရာ၌ ယခင်က ဤဒေသများသည် နယ်မြေ မအေးချမ်းသဖြင့် စိတ်တထင့်ထင့်ဖြင့် ခရီးသွား ခဲ့ရသည့် ဒေသပင် ဖြစ်ပါကြောင်း။

ယခုအခါ ယင်းဖြစ်ရပ်များ ကျော်လွန်ဖြစ်သန်း လာကာ နယ်မြေ အခြေအနေမှာလည်း အေးချမ်းနေပြီ ဖြစ် ပါကြောင်း၊ လမ်းပန်း ဆက်သွယ်ရေးလည်း ကောင်းမွန်နေပြီ ဖြစ်ပါကြောင်း၊ ဖွံ့ဖြိုး တိုးတက်ရန်သာ လို ပါတော့ကြောင်း၊ နယ်စပ်ဝင်ပေါက်နှင့် နီးသည့်မြို့နယ်များ ဖြစ်သည့်အတွက် မူဆယ်၊ ရွှေလီကဲ့သို့ နယ်စပ် ကုန်သွယ်ရေးကို ပိုပြီး အဆင့်မြင့် လာစေရန် ပိုပြီးအား ကောင်းလာစေရန် ဆောင်ရွက်နိုင် ပါမှသာ ဤဒေသ ပိုမို တိုးတက်နိုင်မှာ ဖြစ်ပါကြောင်း။

ယခုအခါ တရုတ်နိုင်ငံမှ ခရီးသွားများ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်နေပြီ ဖြစ်သည့် အတွက် ကွန်လုံ-ဟိုပန် ဒေသခံများလည်း အိမ်နီးချင်း တရုတ်နိုင်ငံ ဘက်မှ ခရီးသွား ကုမ္ပဏီများနှင့် ဆက်သွယ်ကာ ခရီးသွား လုပ်ငန်း စမ်းသပ်ဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကိုးကန့်စာ အပြင်၊ မြန်မာစာ၊ အင်္ဂလိပ်စာကို နိုင်ငံတကာ အဆင့်မီ လာစေရန် အလေးထား သင်ကြားကြပါရန် တိုက်တွန်း လိုပါကြောင်း၊ သို့မှသာ မိမိဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု မည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်က ဒေသအတွင်း လိုအပ်ချက်များ ဖြစ် သည့် ကျန်းမာရေး၊ ပညာရေးဆိုင်ရာ လိုအပ်ချက်များ၊ ပို့ဆောင်ရေး ဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊''ဝ'' ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဦးစီးအဖွဲ့ အလုပ်အမှုဆောင် ကော်မတီဝင် ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထူးက မြို့တော်ခန်းမ တိုးချဲ့တည်ဆောက်ရေး ဆိုင်ရာများကို လည်းကောင်း ရှင်းလင်တင်ပြကြသည်။

ထို့နောက် ကွမ်းလုံ၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်တို့မှ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြု ကော်မတီများနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီ များက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် လျှပ်စစ် မီးနှင့် သောက်သုံးရေ ရရှိရေး ဆိုင်ရာများ၊ နှစ်ရှည်သီးနှံ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေချေးပေးနိုင်ရေး ဆိုင်ရာများ၊ ပညာရေးကဏ္ဍ အဆင့်မြှင့်တင် ဆောင်ရွက် သွားနိုင်ရေး ဆိုင်ရာများ၊ ကျန်းမာရေး ဆိုင်ရာ အခြေခံ လိုအပ်ချက်များနှင့် ကျန်းမာ ရေး မြှင့် တင် ပေးနိုင်ရန် အတွက် နိုင်ငံတော်က ပံ့ပိုးဆောင်ရွက် ပေးစေလိုသော ကိစ္စရပ်ဆိုင်ရာများ၊ ဆက်သွယ်ရေး ဆိုင်ရာကဏ္ဍ တိုးတက်မြင့်မား လာစေရေး ဆိုင်ရာများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်း လင်း တင်ပြကြသည်။

တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယ ဝန်ကြီး ဒေါက် တာ ဇော်မင်းအောင်၊ ဒေါက်တာ ဒေါ် သိန်းသိန်းဌေး၊ ဒေါက် တာ ဝင်းမြင့်၊ ဦးသောင်းတင်နှင့် ဦးအောင်သန်းဦး တို့က ဒေသတွင်း လိုအပ်လျက် ရှိသည့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောက်လုပ်ရေး လုပ်ငန်း ဆိုင်ရာ များ၊ ဆက်သွယ်ရေး တိုးတက် ကောင်းမွန် လာစေရေး ဆိုင်ရာများ၊ လျှပ်စစ်စွမ်းအား ထုတ်လုပ်ရယူ သုံးစွဲနိုင်စေရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေး တင်ပြကြသည်။

ထို့အတူ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ချေးငွေ ထုတ်ချေး ပေးနိုင်ရေးလုပ်ငန်း ဆိုင်ရာများ၊ ဒေသဆိုင်ရာ တာဝန်ရှိ သူများနှင့်အတူ ပူးပေါင်းလုပ် ကိုင် ဆောင်ရွက်သွားနိုင်ရေး ဆိုင်ရာများ၊ ဆက်လက်၍ တိုးမြှင့်ချေးငွေများ ထုတ်ချေး ပေးနိုင်ရေး ဆိုင်ရာ များကို ရှင်းလင်း တင်ပြသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ရှမ်းပြည်နယ်အတွင်း ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဆောင် ရွက် လျက် ရှိသည့် ကိစ္စရပ်များ၊ ဆက်လက် အကောင် အထည် ဖော်ဆောင်ရွက် သွား မည့် အစီ အမံ များနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြ သည်။

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက် ပေးပြီး ဤဒေသ အသီးသီးမှ လိုအပ်သည့် တင်ပြချက်များ အပေါ် တာဝန်ရှိသူများက ရှင်းလင်း တင်ပြသည်ကို ကျေနပ် သဘောပေါက် လိမ့်မည်ဟု ယုံကြည် ပါကြောင်း၊ အခြေခံ အဆောက်အအုံ ကဏ္ဍ တိုးတက်မြင့်မား လာစေရေးအတွက် ရေရရှိရေး၊ မီးရရှိရေးနှင့် ဒေသခံ ပြည်သူလူထု၏ လူမှုစီးပွား ဘဝ အတတ် နိုင်ဆုံး တိုးတက်မြင့်မား လာစေရန် အခြားနယ်မြေ ဒေသများသို့ သွားရောက်လေ့လာ အတုယူ၍ ယခုထက်ပိုမို အားစိုက် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။

ယင်းနောက် ဒုတိယ သမ္မတ နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ကွမ်းလုံမြို့နယ် ဥာဏ သိပ္ပံရပ်ကွက် ရတနာသီရိ ရှမ်းကျောင်းသို့ ရောက်ရှိပြီး ကွမ်းလုံမြို့နယ် သံဃနာယက အဖွဲ့ အကျိုးတော်ဆောင် ရတနာသီရိ ရှမ်းကျောင်း ဆရာတော် ဥူးနန္ဒာ သီရိအား ဖူးမြော်ကြည်ညို ကြကာ ဒုတိယ သမ္မတ နှင့်ဇနီးတို့က လှူဖွယ် ဝတ္ထုများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် CB Bank ၊ KBZ ဘဏ်လီမိတက်၊ အေးရှားဝေါလ် ကုမ္ပဏီ လီမိတက်၊ နယူး စတားလိုက်(တ်) ကုမ္ပဏီ လီမိတက်၊ ကတ်ပီတယ် ဒိုင်းမွန်းစတား ဂရု(ပ်) ကုမ္ပဏီ လီမိတက်တို့မှ စုပေါင်း၍ ကျောင်း တည်ဆောက်ရေး အတွက် အလှူငွေ ကျပ်သိန်း(၂၂ဝ)ကို တာဝန်ရှိသူ များထံ ပေးအပ်လှူဒါန်းသည်။

ထိုမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် ကွမ်းလုံမြို့မှ ပြန်လည်ထွက်ခွာ လာကြရာ လားရှိုးမြို့သို့ ညနေပိုင်း တွင် ရောက်ရှိကြပြီး လားရှိုးမြို့ အမှတ်(၁)ရပ်ကွက် တွဲဖက် ပြည်နယ် မီးသတ် ဦးစီးဌာနတွင် ကျင်းပသည့် ဟန်နား ကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီး ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အားပေးသည်။

ရှေးဦးစွာ ဟန်နားကျေးရွာနှင့် ဆောင်ကြဲကျေးရွာ တို့အတွက် မီးငြိမ်းသတ်ယာဉ် နှစ်စီးအား ဒုတိယ ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က တိုင်းရင်းသား ခေါင်းဆောင် ဦးလွယ်မောင်းထံ လွှဲပြောင်း ပေးအပ်သည်။

ယင်းနောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် မီးငြိမ်းသတ် ယာဉ်များအား လှည့်လည်ကြည့်ရှု စစ်ဆေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကြသည်။

မြ၀တီ


စစ်မှန်သော မျိုး ချစ် စိတ် သည် သာ ပြည်ထောင်စု နိုင်ငံတော် ကို တည်တံ့ ခိုင်မြဲ စေမည်ဖြစ်


ပြည်ထောင်စု မြန်မာ နိုင်ငံတော်သည် တိုင်းရင်းသား မျိုးနွယ်စုပေါင်း ၁ဝဝကျော်ဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံတော် ဖြစ်ကြောင်း၊ ပြည်ထောင်စု နိုင်ငံများ၏ အသက် ဝိညာဉ်သည် ပြည်ထောင်စု မပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးပင် ဖြစ်ကြောင်း၊ မိမိတို့ တိုင်းရင်းသား ညီအစ်ကို သွေးချင်းအားလုံးသည် ဘိုးဘွားတိုင်းရင်းသား ခေါင်းဆောင်ကြီးများက ပေါင်းစည်း အမွေ ပေးအပ်ခဲ့သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး ကမ္ဘာ တည်သရွေ့ တည်တံ့ ခိုင်မြဲရန် ကာကွယ် စောင့်ရှောက် သွားရမည် ဖြစ်ကြောင်း။

ထိုကဲ့သို့ ကာကွယ် စောင့်ရှောက်ရာတွင် ''စစ်မှန်သော မျိုးချစ်စိတ်''သည်သာ ပြည်ထောင်စု နိုင်ငံတော်ကို တည်တံ့ ခိုင်မြဲစေမည် ဖြစ်ကြောင်း၊ ''စစ်မှန်သော မျိုးချစ်စိတ်'' ဆိုသည်မှာ ''ပြည်ထောင်စု၏ မည်သည့် နေရာဒေသတွင် နေထိုင်သည်ဖြစ်စေ၊ ခိုင်မြဲသည့် ပြည်ထောင်စု စိတ်ဓာတ် ထားရှိ မွေးမြူ သွားကြရန် အလွန် အရေးကြီးသည်၊ ပြည်ထောင်စု စိတ်ဓာတ် သည်သာလျှင် တိုင်းရင်းသား အားလုံး ထာဝစဉ် ထိန်းသိမ်း စောင့်ရှောက် သွားရမည့် စစ်မှန်သော မျိုးချစ်စိတ် ဖြစ်သည်'' ဟု ဖွင့်ဆိုထားပါကြောင်း၊ ဒါကြောင့် မိမိတို့အားလုံး စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်ဖြင့် နိုင်ငံတော်နှင့် တပ်မတော် အကျိုးကို ဆက်လက် ဆောင်ရွက် သွားကြရန် လိုကြောင်း၊

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ၌ ပြုလုပ်သော နယ်ခြားစောင့် တပ် များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များအား ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်ခြင်း အခမ်းအနားသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်းခံရမည့် နယ်ခြား စောင့်တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ အခမ်းအနားတွင် စစ်ရာထူး ခန့်ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းမြင့်က နယ်ခြားစောင့် တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင် များအား ဂုဏ်ထူး ဆောင် ပြန်တမ်းဝင် အရာရှိ ခန့်အပ်သည့် အမိန့်များအား ဖတ်ကြား တင်ပြသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့က နယ်ခြားစောင့်တပ်များ၏ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင် များဖြစ်သော ဦးဝေဆန်း၊ ဦးထွန်းကျော်နှင့် ဦးစောထွန်း လှိုင်တို့အား ဂုဏ်ထူးဆောင်အဆင့်တံဆိပ် များ တပ်ဆင်ပေးကြပြီး တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ခန့်အပ်လွှာများ ပေးအပ်သည်။

ဆက်လက်၍ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင် တို့က ဦးစောချစ်သူ အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်းတို့က ဦးကိုကိုဝင်း၊ ဦးစောကျော်ထူး၊ ဦးစောကြာအင်း၊ ဦးစောကျော်မြင့်နှင့် ဦးစော ဒေါဒေါ တို့အားလည်းကောင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း နှင့် ဗိုလ်ချုပ် မြထွန်းဦးတို့က ဦးစောအောင်ချစ်၊ ဦးစောကြည်လင်း၊ ဦးမန်း ကြာအေး၊ ဦးမန်းစောရွှေ၊ ဦးစောထက်ဝင်း နှင့် ဦးစောထွန်းအောင် တို့အား လည်းကောင်း ဂုဏ်ထူးဆောင် အဆင့် တံဆိပ်များ တပ်ဆင် ပေးကြပြီး ခန့်အပ်လွှာများ ပေးအပ်သည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ပြု အမှာစကား ပြောကြားရာတွင်-

နိုင်ငံတော်နှင့် တပ်မတော် အပေါ်တွင် သစ္စာရှိရှိနှင့် ရိုးသား ဖြူစင်စွာ တာဝန် ထမ်းဆောင်ခဲ့ကြသော နယ်ခြားစောင့် တပ်များ၏ ဗဟို အကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များကို ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများ အဖြစ် ထိုက်ထိုက် တန်တန် ချီးမြှင့် ခန့်အပ်သည့်နေ့ ဖြစ်သဖြင့် မင်္ဂလာရှိသော နေ့ရက်ဖြစ်ကြောင်း။

မိမိတို့ နိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း၊ ပြည်ပကျူးကျော်မှု နှိမ်နင်းရေး သမိုင်း၊ ပြည်ထောင်စု မပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မှု သမိုင်း၊ ဒီမိုကရေစီ နိုင်ငံတော် ဖော်ဆောင်ရေး သမိုင်းများတွင် တပ်မတော်က တိုင်းရင်းသား ပြည်သူများ နှင့်အတူ လက်တွဲ ညီစွာဆောင် ရွက်ခဲ့ ပါကြောင်း၊ မြန်မာ့သမိုင်းကို ကြည့်လျှင် ခေတ်အဆက်ဆက် ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းဖြင့် ခမ်းနားထည်ဝါစွာ နေထိုင်လာခဲ့သည့် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သော နိုင်ငံတစ်ခု ဖြစ်ပါကြောင်း၊ ၎င်းခေတ် အဆက်ဆက်က မြန်မာ့ တပ်မတော်များ သည်လည်း တိုင်းရင်းသား ပေါင်းစုံဖြင့် ပါဝင် ဖွဲ့စည်းထားပြီး ပြည်ပ ကျူးကျော်မှု များကို တွန်းလှန် တိုက်ခိုက်ခဲ့သည့် အစဉ်အလာများ ရှိခဲ့ပါကြောင်း၊ ကုန်းဘောင် ခေတ်နှောင်းတွင် အနောက်နိုင်ငံများ၏ လုပ်ကြံခြေထိုးမှု များကြောင့် ပြည်တွင်းတွင် စည်းလုံး ညီညွတ်မှု ပြိုကွဲပြီး တိုင်းပြည်၏ ကာကွယ်ရေး စွမ်းပကားများ ယုတ်လျော့ လာသည့်အပြင် ခေတ်မီသည့် တပ်မတော် တစ်ရပ်မရှိခဲ့ သည့် အတွက် လက်နက် အင်အား ခေတ်မီ သာလွန်သော နယ်ချဲ့ ဗြိတိသျှများ၏ လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေး ဆုံးရှုံးခဲ့ရ ပါကြောင်း။

သီပေါမင်း ပါတော်မူသည်နှင့် တစ်ပြိုင်နက် သူ့ကျွန်မခံ လိုသည့် မြန်မာ တိုင်းရင်းသားများသည် ရရာလက်နက်ကို ဆွဲကိုင်ပြီး နယ်ချဲ့များ၏ စိုးမိုးမှုကို တွန်းလှန်ခဲ့ကြ ကြောင်း၊ နယ်ချဲ့ ဗြိတိသျှများကို ဆန့်ကျင် တိုက်ခိုက်ရာတွင် ဘုန်းကြီး၊ ရဟန်း၊ မင်းညီမင်းသား၊ မင်းမှုထမ်း၊ သာမန် အရပ်သား စသည့် အလွှာမျိုးစုံနှင့် တိုင်းရင်းသား လူမျိုး ပေါင်းစုံ ပါဝင်ခဲ့ကြောင်း၊ မြန်မာ တိုင်းရင်းသားများ၏ နယ်ချဲ့ ဆန့်ကျင်ရေး လှုပ်ရှားမှုသည် ကြီးမား ပြင်းထန်သည့်အတွက် ဗြိတိသျှများမှာ မြန်မာ နိုင်ငံကို သိမ်းပိုက် စဉ်က အသုံးပြုခဲ့သော အင်အားထက် ပိုမိုများပြားသည့် စစ်အင်အားကို အသုံးပြုပြီး ၁ဝနှစ်ကျော် ကာလကြာ အောင် နှိမ်နင်းခဲ့ရကြောင်း။

လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းကိုကြည့်လျှင် သူ့ကျွန်ဘဝမှ လွတ်မြောက်ရန် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ဂိုဏ်းဂဏ အသီးသီးက ပုံသဏ္ဌာန် အမျိုးမျိုး၊ နည်းလမ်း အသွယ်သွယ်နှင့် ကြိုးပမ်း ဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်သည့်အတွက် သခင် အောင်ဆန်း ဦးဆောင်သည့် မြန်မာ့မျိုးချစ် လူငယ်ရဲဘော် သုံးကျိပ်သည် ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ရက်နေ့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဘီအိုင်အေဟု ခေါ်သည့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်း ခဲ့ကြောင်း၊

ဆက်လက်ပြီး တိုင်းရင်းသား လူမျိုးပေါင်းစုံ ပါဝင်သည့် ဗမာ့ကာကွယ်ရေး တပ်မတော် (ဘီဒီအေ)၊ ဗမာ့တပ်မတော် (ဘီအင်န်အေ) ဆိုပြီး တပ်မတော်ကို အဆင့်ဆင့် ပြောင်းလဲ ဖွဲ့စည်း ခဲ့ကြောင်း၊ ထိုကဲ့သို့ စတင်ဖွဲ့စည်းစဉ် ကပင် ပင်ပန်းဆင်းရဲမှု ဒဏ်များစွာကို ကြံ့ကြံ့ခံ ဆောင်ရွက်ခဲ့သည့် တပ်မတော်သည် ကိုလိုနီ နယ်ချဲ့များနှင့် ဖက်ဆစ် ဂျပန်များ၏ နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများကို တွန်းလှန်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထု၏ အပြည့်အဝ အားပေး ထောက်ခံမှု၊ ပူးပေါင်း ဆောင်ရွက်မှုများနှင့် နိုင်ငံတော်၏ လွတ်လပ်ရေးကို ပြန်လည် ရယူ နိုင်ခဲ့ကြောင်း။

လွတ်လပ်ပြီးစ မြန်မာနိုင်ငံသည် ကိုလိုနီစနစ်၏ သွေးခွဲအုပ်ချုပ်ခဲ့မှု ဆိုးမွေကြောင့် တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်းကွဲမှု မှနေ ပေါ်ပေါက်လာသည့် သဘောထား ကွဲလွဲမှုများ၊ အယူဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသားရေးရာ အမြင် လွဲမှားမှုများ၊ ပြည်ပ လှုံ့ဆော် မှုများကြောင့် အချင်းချင်း လက်နက်စွဲကိုင် တိုက်ခိုက်သည် အထိ လက်နက်ကိုင် ပဋိပက္ခ များကို ဆိုးရွား ခါးသီးစွာ ရင်ဆိုင် ခဲ့ရကြောင်း၊ နိုင်ငံရေး ပဋိပက္ခမှသည် လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခ၊ ဂိုဏ်းဂဏ ဆိုင်ရာပဋိ ပက္ခ များစွာ ဖြစ်ပေါ် လာခဲ့ကြောင်း၊ ပြည်ပနိုင်ငံများ၏ စွက်ဖက်မှုများသည် လွတ်လပ်ပြီး မြန်မာနိုင်ငံအတွက် ''ဘူးလေးရာ၊ ဖရုံဆင့်'' ဖြစ်ခဲ့ ရကြောင်း၊ နိုင်ငံတော်တွင် ထိုကဲ့သို့ ပြည်တွင်း သောင်းကျန်းမှုများ၊ ပဋိပက္ခများနှင့် ရင်ဆိုင်ရတဲ့ အချိန်တွင်လည်း တိုင်းရင်းသား လူမျိုး ပေါင်းစုံဖြင့် ဖွဲ့စည်း ထူထောင်ထားသည့် တပ်မတော် သည် မည်သည့်ဘက်ကိုမျှ ယိမ်းယိုင် လိုက်ပါမှုမရှိဘဲ နိုင်ငံတော်၏ မျက်နှာ တစ်ခုတည်းကိုသာ ကြည့်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည် ပေးခဲ့ကြောင်း၊ နိုင်ငံရေး မငြိမ်မသက်မှုနှင့် ပြည်တွင်း ပဋိပက္ခများကြောင့် အခြေအနေ ယိမ်းယိုင်မှုကို အခွင့်ကောင်းယူပြီး အချိန်ကိုက် ဆောင်ရွက်လာသည့် ပြည်ပ ကျူးကျော်မှု များကိုလည်း အသက်ခန္ဓာ စွန့်လွှတ် ပေးဆပ်မှု များစွာဖြင့် ရွပ်ရွပ်ချွံချွံ တွန်းလှန် ကာကွယ် နိုင်ခဲ့ကြောင်း။

တိုင်းရင်းသား မျိုးနွယ်စုများဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ပြည်ထောင်စု နိုင်ငံသည် ခေတ်ကာလ အဆက်ဆက်တွင်လည်း ပြည်ထောင်စု ပြိုကွဲမည့် အန္တရာယ် နှင့် အချုပ်အခြာ အာဏာ ထိပါးဆုံးရှုံးမည့် အခြေအနေ များစွာနှင့် ရင်ဆိုင်ခဲ့ ရကြောင်း၊ ဒီလို အခြေအနေများနှင့် တွေ့ကြုံ ရင်ဆိုင်ရသည့် အချိန်တိုင်း တွင်လည်း နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကို ယိမ်းယိုင်ပြိုလဲခြင်း မရှိအောင် တပ်မတော်ကပင် ဦးစီး ဦးဆောင်ပြုပြီး ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခဲ့သည်မှာ အများနှင့် မတူ နိုင်သည့် မိမိတို့ နိုင်ငံ၏ ထူးခြားမှု သမိုင်းပင် ဖြစ်ကြောင်း။

နိုင်ငံတော်၏ သမိုင်းနှင့် ယှဉ်ပြီး တပ်မတော်ဖြတ်သန်း ခဲ့ရသည့် သမိုင်းကို ပြန်လည် ပြောဆို နေခြင်းသည် တပ်မတော်၏ ဂုဏ်ပုဒ်များကို ဖော်ထုတ်နေခြင်း မဟုတ်ဘဲ တပ်မတော်၏ ရပ်တည် လုပ်ဆောင်ချက်များကို မှန်ကန်စွာ သုံးသပ်နိုင်ရန် ဖြစ်ကြောင်း။

၁၉၈၈ခုနှစ်တွင် တစ်ပါတီစနစ်မှ ပါတီစုံ ဒီမိုကရေစီ စနစ်သို့ ပြောင်းလဲလိုသည့် ပြည်သူများ၏ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုများမှသည် ဆူပူ ဆန္ဒပြမှုများ၊ အကြမ်းဖက် မှုများမှ ခေါင်းဖြတ် လူသတ်သည့် အခြေအနေ ရှိသည့် မင်းမဲ့စရိုက်များ ဖြစ်ပေါ်လာခြင်း၊ တရားစီရင်ရေး အာဏာ၊ အုပ်ချုပ်ရေး အာဏာများသည် အစိုးရ ထံတွင် မရှိတော့ဘဲ ဆူပူ အကြမ်းဖက်သူများ လက်ထဲသို့ ရောက်ရှိနေခြင်း၊

ပြည်ပနိုင်ငံ အချို့မှ စစ်ရေးအရ ဝင်ရောက်စွက်ဖက် ကျူးကျော်လာမည့် အနေအထားသို့ ရောက်ရှိလာခြင်း တို့ကြောင့် တပ်မတော်က နိုင်ငံတော် တာဝန်ကို ထိန်းသိမ်း ရယူ ခဲ့ရပါကြောင်း၊ နိုင်ငံတော် တာဝန်ကို ရယူပြီးသည်နှင့် ပြည်သူတို့ လိုလား တောင့် တနေ သည့် ပါတီစုံ ဒီမိုကရေစီ စနစ် ဖော်ဆောင်ရေး အတွက် စတင်ဆောင် ရွက်ခဲ့ ပါကြောင်း။

နိုင်ငံတော်က လက်ရှိ လျှောက်လှမ်းနေသည့် ပါတီစုံဒီမိုကရေစီ ဖော်ဆောင်မှု သမိုင်းကို ကြည့်မည်ဆိုလျှင် ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ တပ်မတော်က နိုင်ငံတော်ကို တာဝန်ယူ အပြီးနောက်ပိုင်းတွင် နိုင်ငံတော် တည်ငြိမ် အေးချမ်းရေး တာဝန်၊ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး တာဝန်နှင့် ပြည်သူများ လိုလားသည့် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်များ ဖော်ဆောင်ရေး တာဝန်သုံးခု လုံးကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ ပါကြောင်း၊ ဒီမိုကရေစီ စနစ်၏ အခြေခံ အုတ်မြစ်များဖြစ် သော ဈေးကွက်စီးပွားရေး စနစ် ပေါ်ပေါက်ရေး၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မည့် အခြေခံဥပဒေ ပေါ်ပေါက်လာစေရေး၊ တရား ဥပဒေကို လေးစား လိုက်နာပြီး တိုင်းရင်းသား ပြည်သူတို့၏ အကျိုးကို ဆောင်ရွက်ပေးမည့် Institutionများ ပေါ်ပေါက်လာရေး၊ နယ်စပ်ဒေသ၊ တောင်ပေါ်၊ မြေပြန့် လွယ်ကူစွာ ကူးသန်း ဆက်သွယ် နိုင်မည့် အခြေခံ အဆောက် အဦများ ပေါ်ပေါက်လာရေး၊ လူသားအရင်း အမြစ်များ မွေးထုတ် ပေးနိုင်ရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်မှု များကို နိုင်ငံကြီး တချို့၏ ပိတ်ဆို့မှုများကြားက ခက်ခက်ခဲခဲ ကြိုးပမ်းဆောင်ရွက် ခဲ့ရပါကြောင်း။

တပ်မတော် အစိုးရသည် အမျိုးသား ညီလာခံက ထွက်ပေါ်လာခဲ့သည့် အခြေခံ ဥပဒေကို ၂ဝဝ၈ ခုနှစ်တွင် ပြည်လုံးကျွတ်ဆန္ဒခံ ယူပွဲကျင်းပပြီး အတည်ပြု ပေးခဲ့ပါ ကြောင်း၊ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲများကို လွတ်လပ် တရားမျှတစွာ ပြုလုပ်ပေးခဲ့ပြီး နိုင်ငံတော်၏ အာဏာ အရပ်ရပ်ကို ပြည်သူ့ရွေးချယ်ခံ အစိုးရ လက်သို့ တည်ငြိမ် အေးချမ်းစွာ လွှဲပြောင်းပေးခဲ့ ပါကြောင်း၊ လက်ရှိတွင်လည်း တပ်မတော် အနေဖြင့် နိုင်ငံတော်အ စိုးရ၏ လမ်းညွှန်မှုဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမို ကရေစီ နိုင်ငံတော်သစ် ထူထောင်ရာတွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း။

နိုင်ငံတော်သစ် တည်ဆောက်ရာတွင် ပြည်တွင်း ငြိမ်းချမ်းရေးသည် မရှိမဖြစ် လိုအပ်ကြောင်း၊ မည်သည့်ဒီမိုကရေစီ စနစ်မျိုးတွင်မဆို လက်နက်ကိုင် ပဋိပက္ခနှင့် အကြမ်းဖက် မှုများကို လက်မခံသည်ကို တွေ့ရှိရမည် ဖြစ်သလို ကမ္ဘာပေါ်တွင် ရှိသည့် ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း၌ ပြည်တွင်း ငြိမ်းချမ်းမှုကို ရယူ တည်ဆောက် ထားသည်ကို တွေ့ရမည် ဖြစ်ကြောင်း။

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈)ခုနှစ် ပုဒ်မ-၃၃၈တွင် နိုင်ငံတော် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးသည် တပ်မတော်၏ ကွပ်ကဲမှု အောက်တွင် ရှိရမည်ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြဋ္ဌာန်းချက် နှင့်အညီ ဖြစ်စေရန် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များအား ၂ဝဝ၉ခုနှစ်၊ ဧပြီလ ၂၈ရက်မှစ၍ တပ်မတော် ကွပ်ကဲမှုအောက် နယ်ခြားစောင့်တပ် BGFနှင့် ပြည်သူ့စစ် အဖြစ် အသွင် ကူးပြောင်းရေး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များကို နယ်ခြားစောင့်တပ် ၂၃တပ်နှင့် အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) အဖွဲ့ ၈၄ဖွဲ့ အဖြစ်ဖွဲ့စည်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဒီလို ဆောင်ရွက်ခဲ့ခြင်းသည် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်ရေးတွင် အဓိကလိုအပ်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်တွေ့ အကောင် အထည် ဖော်နေခြင်းပင် ဖြစ်ကြောင်း၊ နိုင်ငံတော်နှင့် တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးအတွက် စစ်မှန်သော စေတနာဖြင့် ပူးပေါင်း ဆောင်ရွက် ခဲ့ကြသော ယနေ့ ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်း ခံရသည့် အရာရှိများ၏ ဖြူစင် မြင့်မြတ်သော ကြိုးပမ်း ဆောင်ရွက်ချက် များသည် ပြည်ထောင်စု မြန်မာ နိုင်ငံတော်၏ သမိုင်းတွင် အမြဲမှတ်တမ်းတင် ခံနေရမည်လည်း ဖြစ်ကြောင်း။

ယနေ့ မြန်မာ့ တပ်မတော်သည်လည်း စစ်မှန်သော မျိုးချစ်စိတ်၊ ပြည်ထောင်စု စိတ်ဓာတ်ကို အခြေခံပြီး ဖွဲ့စည်းထားသော တပ်မတော် ဖြစ်ကြောင်း၊ တပ်မတော် စတင် ဖွဲ့စည်း ချိန်ကနေ ယနေ့အချိန်ထိ တိုင်းရင်းသား လူမျိုး ပေါင်းစုံ မိမိတို့၏ အသိ စိတ်ဓာတ်ဖြင့် ပါဝင် အမှုထမ်း နေကြသော တပ်မတော် ဖြစ်ကြောင်း၊ တိုင်း ရင်းသား များထဲက တပ်မတော်တွင် ဦးစီးချုပ် တာဝန် ထမ်းဆောင်ခဲ့သည့် သူများ ရှိသကဲ့သို့ တိုင်းမှူး နှင့်အထက် အဆင့်မြင့် တာဝန် ထမ်းဆောင် နေသူများ ထဲတွင်လည်း တိုင်းရင်းသားများ ပါရှိသည်ကို တွေ့ကြရမှာ ဖြစ်ကြောင်း။

ယနေ့ တပ်မတော်သည် ပြည်ထောင်စုဖွား တိုင်းရင်းသား များဖြင့် ဖွဲ့စည်း တည်ထောင်ထားသည့် အမိမြန်မာ နိုင်ငံတော်ကို ကိုယ်စား ပြုသည့် ''မြန်မာ့ တပ်မတော်'' သာဖြစ်ကြောင်း၊ မည်သည့် အဖွဲ့အစည်း၊ မည်သည့် လူမျိုးစု တစ်ခုတည်းကိုမျှ ကိုယ်စားပြုခြင်း မရှိသလို တိုင်းတစ်ပါး၏ လက်ဝေခံလည်း မဟုတ်ဘူး ဆိုသည်ကို အတိအလင်း ပြောကြားလိုကြောင်း၊ ပြည်ထောင်စုဖွား တိုင်းရင်းသား ညီအစ်ကိုများနှင့် ဖွဲ့စည်းထားသော မြန်မာ့ တပ်မတော်သည် ''ပြည်ထောင်စု တပ်မတော်'' လည်းဖြစ်ကြောင်း။

တပ်မတော်သည် ''ပြည်ထောင်စု တပ်မတော်'' ဖြစ်တာနှင့် အညီ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေးကို အထူးအလေးထား ဆောင်ရွက်ခဲ့ကြောင်း၊ အခြေခံဗီဇ စကတည်းက ပြည်သူ၊ ပြည်သား၊ တိုင်းရင်းသား အားလုံး ပါဝင်သည့် ''ပြည်ထောင်စု တပ်မတော်''၏ ရပ်တည်ချက်၊ တည်ရှိမှုနှင့် ဖွဲ့စည်းမှု များကို မဟုတ်မမှန် စွပ်စွဲပြောဆို နေမှုများ၊ မှေးမှိန်အောင် လုပ်နေမှုများ၊ သွေးခွဲနေမှုများကို တပ်မတော် အနေဖြင့် လက်မခံနိုင်ကြောင်း အတိအလင်း ပြောကြား လိုကြောင်း။

အေးချမ်း သာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်အဖြစ် ဖော်ဆောင်ရာတွင် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး ဆိုသည့် ဒို့တာဝန်အရေး သုံးပါးသည် ခိုင်ခိုင် မာမာရှိနေရန် လိုအပ်ကြောင်း၊ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ ရှင်သန် ရပ်တည်ရေး အတွက် ဒို့တာဝန် အရေးသုံးပါးကို တိုင်းရင်းသား ပြည်သူများ အားလုံးက အလေးထားရမှာ ဖြစ်သကဲ့သို့ နိုင်ငံတော်ကို ကာကွယ်နေသည့် ပြည်ထောင်စု တပ်မတော်ကလည်း နိုင်ငံတော်၏ အမျိုးသားရေး မူဝါဒဖြစ်သည့် ဒို့တာဝန်အရေး သုံးပါးကို ဦးထိပ် ပန်ဆင်ပြီး နယ်ခြားစောင့်တပ်၏ ဆောင်ပုဒ်ဖြစ်သော ''ပိုင်နက်နယ်ခြား၊ တည်တံ့ရေရှည်၊ ကာကွယ် စောင့်ကြပ်၊ နယ်ခြား စောင့်တပ်''ဆိုသည့် ဆောင်ပုဒ်နှင့် အညီ နိုင်ငံတော်ပိုင်နက် နယ်မြေ တစ်လက်မပင် မဆုံးရှုံး ရအောင် ခိုင်ခိုင်မာမာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက် သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

၎င်းနောက် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိ အဖြစ် ခန့်အပ်ခြင်း ခံရသည့် နယ်ခြားစောင့် တပ်များ၏ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေး အဖွဲ့ဝင်များ ကိုယ်စား ကယား ပြည်နယ်မှ ဂုဏ်ထူးဆောင် ဗိုလ်မှူးကြီး ထွန်းကျော်က ပြန်တမ်းဝင်အရာရှိ ခန့်အပ်ပေးခြင်း အပေါ် ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်တပ်မတော် အရာရှိကြီးများသည် ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများ နှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများ နှင့်အတူ လန်းဆန်းစာကို အတူတကွ သုံးဆောင်ကြ ရာ မြဝတီ တေးဂီတ အဖွဲ့က တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။

အခမ်းအနား အပြီးတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂုဏ်ထူးဆောင် ပြန်တမ်းဝင် အရာရှိများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက် ခဲ့ကြောင်း သတင်း ရရှိသည်။
 
 မြ၀တီ



ဧရာဝတီဘဏ်နှင့် DBS ဘဏ်တို့ ပူးပေါင်းကာ အင်တာနက်မှ တစ်ဆင့် ငွေလွှဲနိုင်စေရန် ဆောင်ရွက်


မြန်မာနိုင်ငံမှ ဧရာဝတီဘဏ်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် Development Bank of Singapore (DBS) တို့ ပူးပေါင်းကာ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေလွှဲပို့ခြင်းအလုပ်ကို အင်တာနက်မှတစ်ဆင့် လုပ်ဆောင်နိုင်စေရန် သက်ဆိုင်ရာ ဘဏ်များမှနေ၍ ဝန်ဆောင်မှုများ ဆောင်ရွက်ပေး နေပြီဖြစ်ကြောင်း ဧရာဝတီဘဏ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ထိုသို့ ငွေလွှဲရာတွင် တစ်ကြိမ်လျှင် စင်ကာပူ ဒေါ်လာ ၅ဝဝဝ အထိ ငွေလွှဲနိုင်စေရန်စီစဉ်ထားပြီး ဝန်ဆောင်ခ အဖြစ် မြန်မာငွေကျပ် ၃ဝဝဝ ခန့် ကျသင့် မည် ဖြစ်ကြောင်း၊ အဆိုပါ ဧရာဝတီ ဘဏ်နှင့် DBS ဘဏ်တို့မှ တစ်ဆင့် ငွေလွှဲပို့ခြင်း၊ ငွေလက်ခံခြင်း တို့ကို ဆောင်ရွက်လိုပါက ငွေလွှဲပို့သူ အနေဖြင့် စင်ကာပူနိုင်ငံရှိ DBS ဘဏ်တွင် ငွေစာရင်းဖွင့်ထားရန် လိုအပ်သလို ငွေလက်ခံမည့် သူများသည်လည်း မြန်မာနိုင်ငံရှိ ဧရာဝတီဘဏ်တွင် Bank Account ပြုလုပ် ထားရန် လိုအပ်ကြောင်း သိရသည်။ ၎င်းဘဏ်တွင် ငွေစာရင်းဖွင့်ထားပါက Online မှနေ၍ ချိတ်ဆက် ကာ ငွေလွှဲပို့ခြင်း ကို လုပ်ဆောင်နိုင်ပြီး လွှဲပြောင်းပေးလိုက်သော ငွေပမာဏသည် ဧရာဝတီ ဘဏ်တွင် ရှိသော ငွေလက်ခံသူ၏ ဘဏ်စာရင်းထဲသို့ ရောက်ရှိသွားမည် ဖြစ်သည့် အတွက် မိမိထုတ်ယူလိုသော အချိန်တွင် သွားရောက်ထုတ်ယူ နိုင်ကြောင်း သိရသည်။
 
မြ၀တီ