
ခရီးသည် ၇၀ ဆန့် ATR-72 လေယာဉ်နှစ်စင်းဖြင့် ပြည်တွင်းရှိ မြို့ပေါင်း ၁၉
မြို့ကို ပျံသန်းပြေးဆွဲလျက် ရှိသော ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ၂၀၁၃
ခုနှစ်က ဝယ်ယူခဲ့သော ခရီးသည် ၆၈ ဦးဆန့် ATR 72-500 လေယာဉ် အသစ်ဖြင့် ၂၀၁၄
ခုနှစ် မေလ ၁၂ ရက်နေ့မှ စတင်ကာ မန္တလေးမြို့ကို အခြေစိုက်၍ ခရီးစဉ်သစ်
တစ်ခုကို တိုးချဲ့ ပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်း၏
ဈေးကွက်မြှင့်တင်ရေး ဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ခရီးစဉ်အသစ်မှာ မန္တလေးမြို့ကို အခြေစိုက်၍ မန္တလေး၊ မြစ်ကြီးနား၊
ပူတာအိုနှင့် မန္တလေး၊ ခန္တီး၊ လားရှိုး၊ တာချီလိတ်၊ ကျိုင်းတုံ မြို့တို့ကို
ပျံသန်း ပြေးဆွဲမည် ဖြစ်ပြီး ခရီးသွားပြည်သူများအတွက် ပိုမိုအဆင်ပြေစေရန်
ရည်ရွယ်၍ တစ်ရက်လျှင် ခရီးစဉ် လေးကြောင်းခန့် ပျံသန်းရန် လျာထားကြောင်း ၎င်းက
ဖြည့်စွက် ပြော ကြား သည်။
“လက်မှတ် ဈေးနှုန်းကတော့ Manual နဲ့ e-Ticket နှစ်မျိုး သတ်မှတ်ထားတဲ့အတွက် ပြောလို့ မရသေးပါ ဘူး” ဟု ၎င်းကဆိုသည်။
ရန်ကုန်အဲဝေး လေကြောင်းလိုင်းသည် ရန်ကုန်မှ မန္တလေး၊ ပုဂံ၊ ဟဲဟိုး၊
တာချီလိတ်၊ ကျိုင်းတုံ၊ လားရှိုး၊ မြစ်ကြီးနား၊ ဗန်းမော်၊ နေပြည်တော်၊
သံတွဲ၊ စစ်တွေ၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်း မြို့တို့သို့ ပုံမှန်ခရီး
စဉ် များ အပြင် စင်းလုံးငှား ခရီးစဉ်များကိုလည်း ပျံသန်း ပြေးဆွဲလျက်
ရှိကြောင်း အဆို ပါ လေကြောင်း လိုင်းထံမှ သိရသည်။
ရန်ကုန်အဲဝေး လေကြောင်းလိုင်းကို မြန်မာ့လေကြောင်းနှင့် ထိုင်းနိုင်ငံက
Krong-Sombat ကုမ္ပဏီတို့ ပူးပေါင်းကာ ပြည်တွင်းလေကြောင်းလိုင်း အဖြစ် ၁၉၉၆
ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်မှစ၍ ပုဂ္ဂလိကပိုင်
လေကြောင်းလိုင်းအဖြစ် ပျံသန်းပြေးဆွဲခဲ့သည်။
The Voice Weekly
0 comments:
Post a Comment