
သက္ကရာဇ် ၂၀၀၀ ပတ်ဝန်းကျင်လောက်ကစပြီး ကိုရီးယားပေါ့လောက စန်းပွင့်လာလိုက်တာ ခု ၂၀၁၃ခုနှစ် အရောက်မှာ ကိုရီးယား ပေါ့အဆိုတော်တွေနဲ့ အဖွဲ့တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ အဆိုပါရမီ ရှိရုံလောက်နဲ့တင် မလုံလောက်တော့တဲ့ ဒီခေတ်ကြီးထဲမှာ ရုပ်ရည်ရော၊ ခန္ဓာကိုယ်အလှအပပါ လိုအပ်လာတာမို့ ဒီအချက်တွေ ပိုင်ဆိုင်ထားတဲ့ ကိုရီးယားပေါ့အဆိုတော်တွေဟာ အရှေ့တိုင်းယဉ်ကျေးမှု မျက်နှာစာမှာ ထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ကြပါတယ်။
လက်ရှိအချိန် ကိုရီးယား ပေါ့လောကမှာ ညှို့အားအပြင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ အဆိုတော် ၁၀ ယောက်ကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ ဒီ ၁၀ ယောက်ကရော ပရိသတ်အကြိုက်နဲ့ ကိုက်ညီရဲ့လားဆိုတာ တိုက်ဆိုင် စစ်ဆေးကြည့်ပါဦး။
၁၀။ Nana (After School)

Nana ဟာ After School အဖွဲ့က ဖြစ်ပြီး အဖွဲ့ရဲ့ လှုပ်ရှားမှုတိုင်းကို ယုံကြည်စွာနဲ့ ကူညီပံ့ပိုးပေးသူ ဖြစ်ပါတယ်။ အဆိုတော်တစ်ယောက် အနေနဲ့သာမက အဖက်ဖက်ကနေ စွဲဆောင်မှုရှိတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။
၉။ Park Ji Yeon (T-Ara)

မိန်းမချောတစ်ယောက်လည်းဖြစ်၊ နာမည်ကျော် T-ara အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်တဲ့ Ji Yeon ဟာ အဖွဲ့ဝင်တွေနဲ့အတူ သီချင်းဆိုနေ၊ ကနေရတဲ့အချိန် မဟုတ်ရင် သရုပ်ဆောင်အဖြစ်၊ မော်ဒယ်အဖြစ် ပရိသတ်ကို ဆက်လက်ဖျော်ဖြေနေသူ ဖြစ်ပါတယ်။ တောက်ပပြီး ညှို့အားပြင်းတဲ့ မျက်ဝန်းတွေက ပရိသတ်ကို ရင်ဖိုစေလောက်အောင် စွမ်းဆောင်နိုင်ပါတယ်။
၈။ G.NA

ကနေဒါကပြား အဆိုတော် G.NA ဟာ တေးရေးဆရာလည်း ဖြစ်ပါတယ်။ Cube Entertainment ရဲ့ တောက်ပတဲ့ ကြယ်ပွင့်တစ်ယောက် ဖြစ်ပြီး အကလည်း ထူးချွန်ပါတယ်။ အသက် ၂၆ နှစ်ရှိပြီ ဖြစ်တဲ့ G.NA ဟာ ညှို့အားပြင်း စွဲမက်ဖွက် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။
၇။ Yuri (Girls’ Generation)

ကိုရီးယားရဲ့ အအောင်မြင်ဆုံး အမျိုးသမီး ပေါ့အဆိုတော် အဖွဲ့ Girls’ Generation ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Yuri ဟာ ပရိသတ်ကို ညှို့ငင်ဖမ်းစားနိုင်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ လှပတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းနဲ့ ချောမောတဲ့ မျက်နှာတို့က သူ့ရဲ့ အလှကို ပီပီပြင်ပြင် ဖော်ကျူးနိုင်ပါတယ်။
၆။ Bae Suzy (miss A)

အသက် ၁၈ နှစ်ပဲ ရှိသေးတဲ့ ကိုရီးယားရဲ့ နံပါတ် ၁ အချစ်တော်လေးဟာ တောက်ပတဲ့ miss A အဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ယောက်အဖြစ်သာမကပဲ သရုပ်ဆောင်အဖြစ်လည်း အောင်မြင်ကျော်ကြားတဲ့သူ ဖြစ်ပါတယ်။ Dream High ဇာတ်ကားနဲ့ အောင်မြင်မှုများ ရရှိထားရုံသာမကပဲ လက်ရှိ Gu Family Book နဲ့လည်း အောင်မြင်မှု ရရှိထားတဲ့သူ ဖြစ်ပါတယ်။ ပရိသတ်အချစ်တော် ဖြစ်သလို ညှို့ငင်အားကောင်းပြီး စွဲဆောင်မှုရှိသူလို့ တညီတညွတ်တည်း သတ်မှတ်ခံရသူ ဖြစ်ပါတယ်။
၅။ Tiffany ( Girls’ Generation)

ပန်းရောင်ကို ကြိုက်နှစ်သက်တဲ့ ဒီပေါ့အဆိုတော်လေးဟာ Girls’ Generation ရဲ့ အောင်မြင်မှုတွေနဲ့အတူ စင်ပေါ်ရောက်လာခဲ့တာ ဖြစ်သလို သရုပ်ဆောင်အဖြစ်လည်း အောင်မြင်မှုရဖို့ ကြိုးစားနေဆဲပါ။ ချစ်စဖွယ်ကောင်းသလို တောက်ပတဲ့ ညှို့ငင်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသူပါ။
၎။ Jeon Hyo Sung (Secret)

ဒီပုံကို မြင်လိုက်တာနဲ့ Hyo Sung ရဲ့ စွဲငင်အား ဘယ်လောက်ရှိသလဲဆိုတာ ပြောစရာကို မလိုလောက်တော့ပါဘူး။ အလှတင် ပြည့်စုံတာ မဟုတ်ပဲ အကကောင်းတဲ့သူလည်း ဖြစ်တာမို့ သူရဲ့ ပရိသတ်တွေအတွက်ကတော့ ကျေနပ်စရာချည်းပါပဲ။
၃။ Ga In (Brown Eyed Girls)

Brown Eyed Girls ရဲ့ Ga In ဟာ ပရိသတ်ကို စိတ်လှုပ်ရှားစေလောက်အောင် ညှို့ငင်နိုင်စွမ်းအား ပြင်းတဲ့သူပါ။ အဆို အကသာမက စွဲဆောင်မှုရှိတဲ့ ဟန်ပန်တွေက သူ့ရဲ့ ခန္ဓာကိုယ်အလှကို ဆထက်ထမ်းပိုး ဖြည့်တင်းပေးနေပါတယ်။
၂။ HyunA (4Minute)

အနာဂတ်ရဲ့ ညှို့အားအပြင်းဆုံး မင်းသမီးလို့ တင်စားခေါ်ဝေါ်ခံခဲ့ရဖူးတဲ့ HyunA ဟာ တကယ်ပဲ ညှို့အားပြင်းတဲ့ အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။ 4Minute ရဲ့ အဖွဲ့ဝင်တစ်ယောက် အဖြစ်သာမက တစ်ကိုယ်တော် အောင်မြင်မှုလည်း ရရှိနေသူဖြစ်ပြီး လှပတဲ့ ကိုယ်ဟန်နဲ့ စွဲမက်ဖွယ်ကကွက်တွေ တင်ဆက်နိုင်တဲ့သူတစ်ယောက် ဖြစ်ပါတယ်။
၁။ Hyo Rin (Sistar)

Sistar အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော်လည်းဖြစ်တဲ့ လက်ရှိအသံပါဝါ အကောင်းဆုံး အဆိုတော်အဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။ Dream High 2 ဇာတ်ကားနဲ့ သရုပ်ဆောင်ဖက်မှာလည်း ပါရမီရှင်ဖြစ်ကြောင်း ပြသနိုင်ခဲ့သလို မြင်ရသူ ဘဝင်အေးဆေးတဲ့ စွဲမက်ဖွယ် အပြုံးကိုလည်း ပိုင်ဆိုင်ထားသူပါ။ သူ့ရဲ့ ညှို့ငင်အားပြင်းတဲ့ ကိုယ်ခန္ဓာကလည်း သူ့ရဲ့ အလှကို ဖြည့်တင်းပေးနေပါတယ်။
Ref: Top 10 The Best
Hollinaz
Delo Delo
0 comments:
Post a Comment