3 Jun 2014

MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ

 
 MH370 နှင့် ပတ်သက်ပြီး သံသယရှိဖွယ်များကို Emirates ဥက္ကဋ္ဌ ထောက်ပြ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေတွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။

 ကာလရှည်ကြာ ပျောက်ဆုံးနေသည့် MH370 လေယာဉ်နှင့် ပတ်သက်ပြီး အငြင်းပွားစရာ ဖြစ်နိုင်သည့် အချက်အလက် အချို့ကို Emirates လေကြောင်းလိုင်း၏ အကြီးအကဲက ထုတ်နုတ် ထောက်ပြ ပြောဆိုသွားခဲ့သည်။ တင်မ်ကလက်ခ်က မတ်လ(၈)ရက်နေ့တွင် အရှေ့ဘက်သို့ ဦးတည်ပျံသန်းရင်း ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားသည့် လေယာဉ်ကို အနောက်စူးစူး ဒေသ၌ ဖြန့်ကျက်ရှာဖွေခဲ့ရသည့် ဖြစ်စဉ်၌ အငြင်းပွားဖွယ် အခြေအနေများစွာ ရှိနေကြောင်း ဆိုသည်။ လူပေါင်း(၂၃၉)ဦး လိုက်ပါသွားသည့် လေယာဉ်သည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ ထွက်ခွာကာ အရှေ့မြောက်ပိုင်းရှိ တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်သို့ ဦးတည် ပျံသန်းခဲ့သည်။

သို့သော်လည်း တောင်တရုတ် ပင်လယ်တွင် ရေဒါနှင့် အဆက်အသွယ်ပြတ်တောက် ပျောက်ကွယ်သွားခဲ့သည်။ နောက်ပိုင်းတွင်မူ လေယာဉ်သည် လာလမ်းအတိုင်း ပြန်လှည့်ကာ မလေးရှားကို ကျော်လွန်သွားပြီး အိန္ဒိယ သမုဒ္ဒရာထဲတွင် ပျက်ကျသွားကြောင်း ဂြိုဟ်တု သတင်းအချက်အလက်များကို အခြေခံပြီး အိန္ဒိယ သမုဒ္ဒရာအတွင်း၌ ရှာဖွေရေးများ လုပ်ဆောင်နေခဲ့သည်။ Emirates၏ ဥက္ကဋ္ဌဖြစ်သူ ကလက်ခ်က ယင်းကဲ့သို့ သမားရိုးကျ မဟုတ်သော အခြေအနေတွင် တိုက်လေယာဉ်များက အဘယ်ကြောင့် ပျံတက်မသွားခဲ့ရကြောင်း ရှုထောင့်တစ်ခုမှ မေးခွန်းထုတ်ခဲ့သည်။ ခရီးသည်တင် လေယာဉ်တစ်စင်းသည် ရုတ်တရက် ပျောက်ဆုံးသွားသော အခြေအနေတွင် မလေးရှား လေတပ် တိုက်လေယာဉ်များက ချက်ချင်း စစ်ဆေးရမည့် တာဝန်ရှိကြောင်း ၎င်းက ဆိုသည်။

ဒိုဟာရှိ နှစ်ပတ်လည် လေကြောင်းညီလာခံ တစ်ခု၎ ဩစတြေးလျ ဘဏ္ဍာရေး သုံးသပ်ချက် မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ကလက်ခ်က “ဆိုပါစို့ဗျာ။ လေယာဉ်ဟာ လန်ဒန်ကနေ အော်စလိုကို ဦးတည်နေခဲ့တယ် ထားပါတော့။ မြောက်ပိုင်းပင်လယ်ကို ဖြတ်ကျော်နေရင်း ရုတ်တရက် လမ်းကြောင်းပြောင်းပြီး အနောက်ဘက် အိုင်ယာလန်ကို ဦးတည်သွားတဲ့အခါ (၂)မိနစ်အတွင်း Tornadoတွေ၊ Eurofighter တိုက်လေယာဉ်တွေက အဲဒီနေရာကို ချက်ချင်းရောက်သွားမှာပဲ။ ဒါဟာ မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

၎င်းက “ခုချိန်မှာ ဩစတြေးလျနဲ့ အမေရိကန်တို့က ရှာဖွေရေး လုပ်ငန်းတွေကို အဓိက လုပ်ဆောင်နေကြတယ်။ တစ်ခုခုတော့ ထူးခြားလာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှာ ဘယ်လို အဓိက ရေဒါစနစ်ကို အသုံးပြုခဲ့တယ်ဆိုတာ ကျွန်တော် သေချာမသိဘူးလေ”ဟုလည်း ဆိုသည်။ နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး အဖွဲ့ကြီးက လေယာဉ်များ၏ လမ်းပြစနစ်ကို ယခုထက် ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်ရန် နည်းလမ်းများ ရှာဖွေဆွေးနွေးနေချိန်၌ ကလက်ခ်က ယခုလို မှတ်ချက်ပြု ပြောဆိုလာခြင်း ဖြစ်သည်။ နိုင်ငံတကာ အရပ်ဘက် လေကြောင်း ပျံသန်းရေး အဖွဲ့ကလည်း လမ်းကြောင်း ခြေရာခံ နည်းလမ်းများနှင့် ပတ်သက်ပြီး ပိုမိုတိုးတက်လာအောင် သုတေသနပြုမှု စတင်နေပြီ ဖြစ်သည်။

“ကျွန်တော့် အမြင်အရတော့ ကျွန်တော်တို့ဟာ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတစ်ခုကို ပြင်ဆင်ဖို့ လိုနေပါပြီဆိုပြီး ထိုင်ပြောနေကြသလိုပဲ။ လမ်းကြောင်းကနေ (၂၅)မိုင်လောက် သွေဖီသွားရင် လမ်းစက ပျောက်သလောက် ဖြစ်နေပြီ။ လေယာဉ်တွေ အမှားအယွင်း ကြုံတဲ့အခါ ဘာတွေများ အမှန်တကယ် ဖြစ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ သေချာသိဖို့ လိုလာပါတယ်။ လေယာဉ်ခရီးစဉ်တွေကို တစ်စက္ကန့်ချင်းစီ သုံးသပ် စိစစ်နေဖို့ လိုတယ်လေ”ဟုလည်း ကလက်ခ်က ဆိုသည်။ ၎င်းက MH370 လေယာဉ်ကို တစ်ချိန်ချိန်တွင် ပြန်လည်ရှာဖွေ တွေ့ရှိမည်ဟု ယုံကြည်ကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

“တစ်နေ့တော့ ပြန်တွေ့လာမှာပါ။ အဲဒီအခါမှာ ကျွန်တော်တို့ အနေနဲ့ ဖြစ်စဉ်ကို ဟိုးအောက်ခြေကနေ စပြီးတော့ အဖြေရှာနိုင်လိမ့်မယ်”ဟုလည်း ကလက်ခ်က ပြောဆိုသွားသည်။ မလေးရှား လေတပ်သည် လေယာဉ်ပျောက်ဆုံးသွားကြောင်း ကြေညာပြီး မကြာမီမှာပင် လေယာဉ်လမ်းကြောင်းပြောင်းသွားသည့် အထောက်အထားများ တွေ့ရှိလာသော်လည်း ရန်ပြုမည့် အရိပ်လက္ခဏာ မရှိသဖြင့် တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်မှု မရှိခဲ့ဟု နောက်ပိုင်းတွင် ပြန်လည် ဝန်ခံထားသည်။ ကာကွယ်ရေးဝန်ကြီး ဟီရှမ်မက်ဒင် ဟူစိန်ကမူ MH370 ဖြစ်ရပ်သည် နိုင်ငံ၏ ကာကွယ်ရေးကဏ္ဍနှင့် ပတ်သက်၍ လုပ်ဆောင်မှုများကို ပြန်လည် စစ်ဆေးရန် နှိုးဆော်မှုတစ်ခု ဖြစ်လာကြောင်း ပြောကြားထားသည်။

Planet Myanmar Network.

ကြိုးဝိုင်းထဲတွင် ချစ်သူကို လက်ထပ်ခွင့် တောင်းခံခဲ့သည့် လက်ဝှေ့သမား


ချန်ပီယံဘွဲ့ကို အောင်မြင်စွာ ထိန်းသိမ်းနိုင်သည့် နိုင်ပွဲအပြီးတွင် လက်ဝှေ့သမား တစ်ဦးက ၎င်း၏ ချစ်သူအား ကြိုးဝိုင်းထဲတွင်ပင် လက်ထပ်ခွင့် တောင်းခံခဲ့ကြောင်း သိရှိရသည်။ Cobraဟူသော အမည်ပြောင် ရရှိထားသည့် ဗြိတိသျှ လက်ဝှေ့သမား ကားလ်ဖရော့ခ်ျသည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဝင်ဘယ်လ်ဒန်တွင် ဂျော့ဂ်ျဂရို့စ်ကို အနိုင်ရရှိအောင် ထိုးသတ်ယှဉ်ပြိုင်သွားခဲ့သည်။ အဆိုပါ နိုင်ပွဲကြောင့် ဖရော့ခ်ျ အနေဖြင့် IBFနှင့် WBA ချန်ပီယံဆုများကို အောင်အောင်မြင်မြင် ကာကွယ်နိုင်ခဲ့သည်။

၎င်းသည် ပွဲအပြီးတွင် လက်ဝှေ့ကြိုးဝိုင်းထဲသို့ ဝင်ရောက်ဂုဏ်ပြုသည့် ချစ်သူ ရေချယ်လ် ကော်ဒင်လီ၏ ရှေ့မှောက်၌ ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်းခံခဲ့ခြင်း ဖြစ်သည်။ ယင်းအပြုအမူကို ပွဲကြည့်ပရိသတ် (၈၀၀၀၀)ခန့်က ဝမ်းသာအားရ အော်ဟစ် ကောင်းချီးပေးခဲ့ကြသည်။ (၈)ချီထိုးသတ်ပြီး အောင်ပွဲခံခဲ့သည့် ချစ်သူထံ လာရောက်ဂုဏ်ပြု နှုတ်ဆက်သော ကော်ဒင်လီသည် ဖရော့ခ်ျ၏ အပြုအမူကြောင့် အံ့ဩသွားခဲ့သည်။ အသက်(၃၆)နှစ်ရှိ ဖရော့ခ်ျကမူ ကြိုးဝိုင်းထဲတွင် မိမိ၏ ခွင့်ပန်မှုသည် တရားမဝင်ဟု ယူဆမိကြောင်း ဆိုသည်။

“ကျွန်တော်က သူ့ကို မေးခွန်းတစ်ခု မေးလိုက်တဲ့ သဘောပါ။ ဒါက တရားဝင် မဟုတ်သေးဘူးလေ။ ကျွန်တော်သူ့ကို ဘယ်လောက်ချစ်သလဲ ပြောပြတယ်။ ဒါကို တရားဝင် လက်ထပ်ခွင့် တောင်းတယ်လို့ ယူဆဖို့ ခက်ပါတယ်။ ဒါပေမဲ့ ကြိုးဝိုင်းအပြင်ဘက်မှာ သေချာထပ်ပြီး ကျွန်တော် ခွင့်ပန်မှာပါ”ဟု ဖရော့ခ်ျက ပြောကြားသွားသည်။ အသက်(၂၇)နှစ်ရှိ ကော်ဒင်လီသည် ဖရော့ခ်ျနှင့် သားသမီး(၂)ဦးပင် ရရှိထားပြီ ဖြစ်သည်။ သတင်းထောက်များက ဖရော့ခ်ျအား ကြိုးဝိုင်းထဲတွင် လက်ထပ်ခွင့် တောင်းခံစဉ်က အမျိုးသမီး၏ ပြန်ကြားချက်ကို မေးမြန်းကြသည့်အခါ ဖရော့ခ်ျက “သူလက်ခံပါတယ်”ဟုလည်း ဖြေဆိုသွားသည်။

From: Planet Myanmar Network









http://mmforward.blogspot.com

လူကြီးမင်း ဒုက္ခ ကင်းစေလိုသည်



‘‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်’’ ဟူသော အသံချိုချိုကို မြန်မာပြည်သူတိုင်းနီးပါး ကြားဖူးသည်။ ထိုအသံသည် ချိုသာသော်လည်း တယ်လီဖုန်းသုံးစွဲသူပြည်သူများအဖို့မှာ လူကြီးမင်းဟူသော အသံကို စတင်ကြားရရုံဖြင့် စိတ်ညစ်ကြရသည်။ ဆက်သွယ်မှု ဧရိယာပြင်ပသာမက ကမ္ဘာ့အပြင်သို့ပင် ရောက်စေကာမူ မြန်မာပြည်သူအဖို့မှာ လူကြီးမင်းခေါ်ခံရုံမှတစ်ပါး ထပ်မံရွေးချယ်နိုင်စရာမရှိကြပါ။ ဒါသည်ပင် မြန်မာပြည်၏ မြန်မာ့ဆက်သွယ်ရေး  အကြောင်းဖြစ်သည်။

သို့သော် တစ်ချိန်က ထိုလူ ကြီးမင်းခေါ်ဆိုသောဟူသည့် အ သံချိုချိုကို မြန်မာပြည်သူတိုင်း မ ကြားခဲ့ရပါ။ ကြားရနိုင်သူများမှာ လည်း အထက်တန်းလွှာ သူဌေး သူကြွယ်များနှင့် အာဏာရှိသူ မင်း စိုးရာဇာအသိုင်းအ၀ိုင်းအချို့သာ ဖြစ်ကြသည်။ ထိုအချိန်က ဖုန်း ဆင်းမ်ကတ် တစ်ကတ်တန်ဖိုး သည် အပြင်ပေါက်ဈေး အမေရိ ကန်ဒေါ်လာ သုံးထောင်မက တန်ဖိုးကြီးမားခဲ့သည်။ ဖုန်းဆင်းမ်ကတ် ခွဲတမ်းရရှိဖူးသူဝန်ထမ်း တစ်ဦးသည် ပြန်လည်ရောင်းချရာမှ မြို့စွန်တွင် မြေပိုင်အိမ်ပိုင်သည့် အခြေအနေအထိ သက်ရောက်မှုမျိုး တစ်ချိန်က ဖြစ်ပေါ်ခဲ့သည်။

သမ္မတဦးသိန်းစိန် အစိုးရ ဖြစ်ပေါ်လာပြီး ၂၀၁၃ ခုနှစ် ဧပြီ လနှောင်းပိုင်းမှသာလျှင် မြန်မာ ပြည်သူအချို့ ဈေးနှုန်းချိုသာစွာ ဖြင့် တယ်လီဖုန်း ငှားရမ်းကိုင် ဆောင်နိုင်ခဲ့ကြသည်။  မြန်မာ ပြည်သူတို့၏ ဖုန်းအိပ်မက်ကို သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့က အမှန်တကယ် ပုံဖော်ပေးနိုင်ခဲ့ သည်။ မိဘပြည်သူများ၏ ဖုန်း အိပ်မက်ကို ပုံဖော်ပေးနိုင်ရန် သမ္မတသည် ဆက်သွယ်ရေးဌာန ကို ခပ်ကြမ်းကြမ်းကိုင်တွယ် ဖြေ ရှင်းခဲ့ရသည်။ သို့သော် ယနေ့အ ချိန်ထိ သန်းပေါင်းများစွာသော လက်ကျန်ပြည်သူများကလည်း လူကြီးမင်းခေါ်ဆိုသော တယ်လီ ဖုန်းသံကို ကြားသိနိုင်ရန် နိုင်ငံအ နှံ့အပြားတွင် အိပ်မက်ပမာ စောင့် ဆိုင်းနေကြရဆဲဖြစ်သည်။

သမ္မတက စေတနာမေတ္တာ ဖြင့် ဖုန်းကတ်များကို ဈေးနှုန်းချို သာစွာ ရောင်းချပေးခဲ့မှုကြောင့် မိဘပြည်သူများ ယနေ့ထိတိုင် ရင်ခုန်စွာဖြင့် ဖုန်းဆင်းမ်ကတ်များ ကို ခွဲတမ်းကျမဲနှိုက်နေကြဆဲ ဖြစ် ၏။ မြန်မာ့ဆက်သွယ်ရေးဌာန ခေါ် MPT ၏ နည်းပညာပိုင်းဆိုင် ရာ အားနည်းမှုများနှင့် စီမံအုပ် ချုပ်မှု ညံ့ဖျင်းမှုများကြောင့် ပြည် သူတို့၏ ဖုန်းအိပ်မက်သည် မပြည့်ဝနိုင်သေးပါ။ ရောင်းလိုအားထက် ၀ယ်လိုအားပိုများနေသော မြန်မာပြည်ရှိ ဖုန်းဆင်းမ်ကတ်များကတော့ ယနေ့အချိန်ထိမှောင်ခိုဈေးကွက်တွင် ခေတ်စားဆဲဖြစ်သည်။

မြန်မာပြည်သူများအနေဖြင့် ပိုက်ဆံရှိလျှင် CDMA 450, CDMA 800, GSM 2G, 3G စသည်ဖြင့် မိမိစိတ်ကြိုက် ရွေး ချယ်ငှားရမ်းအသုံးပြုနိုင်သည့် အ ခွင့်အရေးများ ရှိသည်။ သို့သော် မည်သည့် နည်းပညာသုံးသည့် ဖုန်းကို ၀ယ်ယူသုံးစွဲစေကာမူ လိုင်းကျခြင်း၊ လိုင်းပျက်ခြင်းများ ကိုတော့ တူညီစွာ ခံစားကြရမှာ ပင်ဖြစ်သည်။ မြန်မာ့ဆက်သွယ် ရေးက WCDMA 3G ဖုန်းများကို ပြည်သူများလက်တွင်းသို့ ငှားရမ်း အသုံးပြုခွင့်ပေးခဲ့သော်လည်း 3G နှင့်ပတ်သက်သည့် ၀န်ဆောင်မှု မျိုးကိုတော့ ယနေ့အချိန်ထိ ပြည် သူများ မခံစား၊ မစံစားရသေးပါ။

ဝန်ဆောင်မှုထူးခြားမကောင်း မွန်လှသည့်အပြင် မြန်မာ့ဆက် သွယ်ရေး၏ အင်တာနက်လိုင်း ဆက်သွယ်ရေးမှာလည်း နှေး ကွေးလွန်းခြင်းမှာ အများသိ နိုင်ငံတကာ စံချိန်မီဖြစ်သည်။ ဆင်းမ် ကတ်များကို ၁,၅၀၀ ကျပ်နှုန်းဖြင့် ချိုသာစွာ ရောင်းချပေးခဲ့သော် လည်း အင်တာနက်လိုင်းကြေးမှာ ၁၀,၀၀၀ ကျပ်ဖြစ်နေခြင်းသည် ပြည်သူများအတွင်း စဉ်းစားစရာ ဖြစ်ပေါ်စေသည်။ ထို့အပြင် ဆင်းမ်ကတ်ပျောက်ဆုံး၍ ထပ်မံ လျှောက်ထားလျှင် ၂၀,၀၀၀ ကျပ် ပြန်လည်ပေးဆောင်ရသည်။ မြန် မာ့ဆက်သွယ်ရေး၏ ၀န်ဆောင်မှု သည် ထူးဆန်းလှ၏။
အစိုးရတာဝန်ရှိသူအချို့က အာဆီယံဆီးဂိမ်းကာလ ဆက် သွယ်ရေးအင်တာနက်လိုင်းများ အထူးကောင်းမွန်စေရမည်ဟု ကတိပေး ပြောကြားခဲ့သည်။

သို့ သော် ထိုပုဂ္ဂိုလ်အချို့၏ ပြော ကြားချက်ကို အကောင်အထည် ဖော်မှုမှာ အင်တာနက်လိုင်းများ နည်းတူ နှေးကွေးနေဆဲဖြစ်သည်။ ယခုတစ်ဖန် အင်တာနက်လိုင်းကို မြန်နှုန်းမြင့်မားစေရန် 20GB ထပ်မံတိုးချဲ့မည်ဟု တာဝန်ရှိသူ များက ကြေညာထားပြန်သည်။ စိတ်ရှည်သည်းခံတတ်သော၊ ရွေး ချယ်စရာမရှိသော မြန်မာပြည်သူ များကတော့ MPT ကို ချစ်ခင် တွယ်တာကာ စောင့်မျှော်နေရဆဲ ဖြစ်သည်။

မိဘပြည်သူများ လိုလား တောင့်တချက်ကို အစဉ်မျှော်ကိုး တတ်သော သမ္မတကြီးက တိုင်း ပြည်၏ဆက်သွယ်ရေး အဆင်ပြေစေရန် အလို့ငှာ နိုင်ငံခြားကုမ္ပဏီနှစ်ခုကို တရားမျှတစွာရွေးချယ်အတည်ပြုပေးခဲ့သည်။ မြန်မာပြည်သူများအနေဖြင့် နိုင်ငံခြားဆက်သွယ်ရေး ကုမ္ပဏီနှစ်ခု အပြင် ပြည်တွင်းရှိ ရတနာပုံတယ်လီပို့ အပါအ၀င် MPT တို့၏ ဆက်သွယ်ရေး အပြိုင်ဝန်ဆောင်မှုကို မကြာမီ ခံစားရတော့မည် ဖြစ်သည်။

ထိုကဲ့သို့ ဆက်သွယ်ရေး ကဏ္ဍ အပြိုင်အဆိုင်ဖြစ်ပေါ်လာ တော့မည့်အချိန်တွင် ပြည်သူ့ငွေ ကို အသုံးပြုပြီး ပြည်သူကိုဝန် ဆောင်မှုပေးနေသော MPT အ နေဖြင့် အများထက် ၀န်ဆောင်မှု ပိုမိုကောင်းမွန်သင့်သည်။ မလေး ရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာပြည်မှ လုပ်သားများအား အသက်အာမခံပါဝင်သော ဆင်းမ် ကတ်များကို ရောင်းချဝန်ဆောင် မှု ပေးနေပုံများကို ပြည်သူ့ငွေကို အသုံးပြုပြီး ပြည်သူကို ၀န်ဆောင် မှုပေးသော မြန်မာ့ဆက်သွယ်ရေး အနေဖြင့် အတုယူလုပ်ဆောင် သင့်သည်။

နိုင်ငံတကာရှိ ဆင်းမ်ကတ် များတွင် အင်တာနက်လိုင်းကို ထပ်မံ ငွေသွင်းလျှောက်ထားရ ခြင်း၊ ကတ်ပျက်ပျောက်၍ ငွေ ထပ်ဆောင်းပေးသွင်းရခြင်း၊ အင် တာနက်လိုင်းများ နှေးကွေးပြတ် တောက်ခြင်းမျိုး ရှိ၊ မရှိ ပြည်သူ့ငွေဖြင့် ၀န်ဆောင်မှုပေးသော MPT အနေဖြင့် စုံစမ်းအတုယူ သင့်သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော်သစ်ဆီသို့ ချီတက်နေချိန်တွင် မြန်မာပြည်သူများအနေဖြင့် ခေတ်မီဝန်ဆောင်မှုမျိုးကိုသာ လိုလားတောင့်တနေကြသည်။ ‘လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ရောက်ရှိနေပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်’ ဟူသော အသံကို မိဘပြည်သူများအနေဖြင့် ခဏခဏ မကြားလိုတော့ကြောင်းကို MPT အနေဖြင့် ပိုမိုသတိပြု ဆင်ခြင်သင့်သည်။

7day

2 Jun 2014

ငါ သူတော်ကောင်းဖြစ်ပြီလား



သူတော်ကောင်းစစ်စစ်ဖြစ်ချင်ရင် သူတော်တာ၊ မတော်တာ
ကြည့်ဖို့မလိုဘူး၊ ကိုယ်ကောင်း၊ မကောင်းကိုပဲ ကြည့်ဖို့
လိုတယ်၊ တကယ့်သူတော်ကောင်းဆိုတာ ကိုယ်ကောင်း
ဖို့က အဓိကကျတယ်၊ သူတော်မှ ကိုယ်ကောင်းမယ်
ဆိုရင်တော့ သူတော်ကောင်းစစ်စစ် မဖြစ်နိုင်သေးဘူး။

`သင်ကောင်းလျှင် ကျွန်ုမဆိုးပါ´ ဆိုတဲ့ စာတမ်းကလေးဟာ
တစ်ချိန်က တော်တော်ခေတ်စားခဲ့တယ်၊ ဟိုအိမ် ဒီအိမ်
ဟိုဆိုင် ဒီဆိုင် နေရာတိုင်းလိုလိုမှာ ချိတ်ထား၊ ကပ်ထားတာ
တွေ့ရဖူးတယ်။ သဘောကျလို့ ကိုယ့်အယူအဆ ကိုယ့်
သဘောထားနဲ့ တိုင်ဆိုင်လို့ အမြတ်တနိုးကပ်ထားကြတာ
ဖြစ်မှာပေါ့။ ဒါ ကိုယ့်စိတ်ကို ထုတ်ပြနေတာပဲ၊
ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာပဲ၊ ဒီအဆိုအမိန့်ဟာ
မှန်သလိုလိုရှိပေမယ့် တကယ်တော့ သိပ်မမှန်သေးဘူး။

သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဆိုတော့ သင်မကောင်းလျှင်
ကျွန်ုပ်ဆိုးမယ်ပေါ့၊ မင်းကောင်းရင် ငါကောင်းမယ်၊
မင်းဆိုးရင် ငါဆိုးမယ်၊ မင်းက ပါးရိုက်ရင် ငါက နားကိုက်မယ်၊
အိုးရွဲ့ရင် စလောင်းရွဲ့မယ်၊ ဒီ အဓိပ္ပါယ်ပဲ။ ဒါဟာ တကယ့်
သူတော်ကောင်းတို့ရဲ့ သဘောထားမဟုတ်ဘူး၊ သာမန်အဆင့်က
သဘောထားပဲ။

ကိုယ့်ပါးရိုက်တာ၊ ကိုယ့်လက်သီးနဲ့ထိုးတာ ဒီအတိုင်းပဲ ခေါင်းငုံ့
ခံနေရမှာလားဆိုတော့ အဲဒီအဆင့် အဲဒီသဘောထားမျိုး
ပြောတာမဟုတ်ဘူး၊ လောကထဲမှာ တစ်ခါတစ်ခါ ဆွေဂုဏ်မျိုးဂုဏ်
ဓနဂုဏ်အပြင် မိုက်ဂုဏ် ဆိုတာမျိုးလည်း လိုအပ်တဲ့အခါ ရှိ
သေးတာပဲ၊ နဂါးမှန်းသိအောင် အမောက်ထောင်ပြရတယ်
ဆိုတာမျိုးလည်း လိုအပ်သေးတာပဲ။

အခုဟာ ယေဘုယျကိစ္စ အဝဝနဲ့ဆိုင်တဲ့ အကောင်းအဆိုးကို
ပြောနေတာ၊ ဘယ်သူကောင်းတယ်၊ ဘယ်လောက်ကောင်းတယ်၊
ဘယ်သူဆိုးတယ်၊ ဘယ်လောက်ဆိုးတယ်၊ အချင်းချင်းတော့
သိကြတာပဲ၊ `သူဆိုးတာ သူ့အပိုင်း၊ သူမကောင်းတာ သူ့အပိုင်း၊
ကိုယ့်အပိုင်းက ကိုယ်ကောင်းနေဖို့ အရေးကြီးတယ်။´

မကောင်းမှန်းသိရင် မဆက်ဆံနဲ့၊ မပေါင်းသင်းနဲ့၊ ဝေးဝေးရှောင်၊
`တကယ်တော့ ကိုယ်ကောင်းတာ ကိုယ့်အတွက်ပါ၊ ကိုယ်ကောင်းတာ
သူ့အတွက် မသေချာပေမယ့် ကိုယ့်အတွက်ကတော့ သေချာတယ်။´

`ဘုရားအလောင်း မျောက်မင်းဟာ သူ့ခေါင်း ထုရိုက်သတ်တဲ့ မုဆိုး
တောထဲမှာ မျက်စိလည် ဒုက္ခရောက်နေတာကို သစ်တစ်ပင်က
တစ်ပင်ကူး၊ သူ့ခေါင်းကသွေးစက်နဲ့ လမ်းပြတော်မူခဲ့တယ်၊
ဘယ်လောက်တောင်ကောင်းတဲ့ သူတော်ကောင်းလဲ၊ ဒီလောက်
ကောင်းလို့ ဘုရားဖြစ်တာပဲ။´

သေချာတွေးကြည့်ရင် ကြက်သီးမွှေးညှင်း ထလောက်အောင်၊ မျက်ရည်
ကျလောက်အောင် ကြည်ညိုရပါတယ်၊ ငါ့တို့ရဲ့ ဘုရားအလောင်းတော်ဟာ
အဲဒီလောက်ကောင်းတဲ့ သူတော်ကောင်းကြီး။

ဘုရားတပည့် ငါတို့တတွေကော ဘယ်လောက်ကောင်းကြသလဲ၊
ဘယ်လောက် ကောင်းနိုင်သလဲ၊ ဘာတွေကောင်းကြသလဲ၊ ဘယ်သူ့
အပေါ် ဘယ်လောက်ကောင်းကြသလဲ၊ ဘာတွေကောင်းထားသလဲ၊
ဘာတစ်ခုမှ မျှော်လင့်ချက် မထားဘဲ ငါကောင်းထားတာ၊ ငါကောင်း
ခဲ့တာ ဘာတွေများ ရှိသလဲ၊ ငါ သူတော်ကောင်းဖြစ်ပြီလား၊
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပေါ့နော်။ ။

[ ဆရာတော် အရှင်သံဝရာလင်္ကာရ ]
(ဓမ္မပိယဆရာတော်)

Dhamma Dãna Source ► ဓမ္မဒါန ကိုလှိုင်တိုး


ယူသင့်သောမိန်းမ (၁၀) မျိုး


၁. အနာရောဂါကင်းရှင်းပြီး အနေအထိုင်သိမ်မွေ့သန့်ရှင်းသော မိန်းမ
၂. မိဘအား ပြုစုလုပ်ကျွေးလိုစိတ်ရှိပြီး ကိုယ့်ထက်အကြီးများအား လေးစားစွာ ဆက်ဆံတတ်ပြီး ကိုယ့်ထက် အငယ်များအား အရာရာနားလည်ထိန်းကျောင်းပေးတတ်သော မိန်းမ

၃. ပုံမှန်အားဖြင့် ယောကျာ်းဆို စိတ်မ၀င်စားတတ်.. ကိုယ်နဲ့တွေ့မှ
အိမ်ထောင်ပြုခြင်း လက်ထပ်ခြင်းအမှုကို စဉ်းစားဖြစ်သော မိန်းမ

၎. အရာရာကို လွယ်လွယ်မယုံ ဥာဏ်နဲ့ယှဉ်ကာ ဆုံးဖြတ်လုပ်ကိုင်တတ်သော မိန်းမ
ထိုအသိဥာဏ်အတွေ့အကြုံ လောကအမြင်များကိုလဲ သားသမီးများအား
သွန်သင် လမ်းညွှန်ပြနိုင်သော မိန်းမ

၅. ဟိုးအောက်ဆုံးအဆင့်ကနေ ..ဟိုးအမြင့်ဆုံးအထိ ..ယောကျာ်းဖြစ်သူရဲ့
အလုပ်အကိုင် အဆင့်အတန်း ရာထူးဂုဏ်ရှိန်ဝါနဲ့ အညီ လိုက်လျောညီစွာ
နေထိုင် ပြုမူတတ်ပြီး .. ဘယ်ဘ၀ရောက်ရောက် ပေါင်းသင်းမည့် မိန်းမ

၆. မာန်မာန မတက်.. ကြွားဝါးလိုခြင်း အလျဉ်းမရှိ.. ရိုးသားဖြူစင်စွာ နေတတ်သော မိန်းမ

၇. အချက်အပြုတ် အိမ်သန့်ရှင်းရေး .. မိသားစု ငွေကြေးကို စီမံခန့်ခွဲနိုင်မှု
သားသမီးများအား ကြင်နာယူစွာ အုပ်ထိန်းနိုင်မှု .. စသဖြင့် အခြေခံ မယားဝတ်တရားများအား
ကျေပွန်စွာ ထမ်းဆောင်နိုင်သော မိန်းမ

၈. ဘုရား တရား သံဃာ ဘာသာတရား ကိုင်းရှိုင်းသော မိန်းမ

၉. အကျိုးမရှိသော စိတ်ပျော်ရွှင်မှုသက်သက် .. အိမ်အလည်အပတ်များခြင်း
အင်တာနက်တွင် အလေလိုက်ခြင်း .. အချစ်ဝထုတွေ ဖတ်ခြင်း ..ရုပ်ရှင်ကားတွေ
ထိုင်ကြည့်ခြင်း… စသည်တို့တွင် လိုတာထက်ပိုရု စိတ်ပါဝင်စားမှု မရှိသော မိန်းမ

၁၀. ကိုယ်တစ်ဦးတည်းသာ အရမ်းချစ်သော မိန်းမ

Credit: ဆရာကြယ်


ကမ္ဘာ့ဖလား ဘောလုံးပွဲ ကိစ္စ စုံစမ်း

ကာတာ ကမ္ဘာ့ဖလား ကျင်းပခွင့် စွပ်စွဲမှု ထွက်ပေါ်


၂၀၂၂ ခုနှစ် ကာတာမှာ ကမ္ဘာ့ဖလား ဘောလုံးပွဲ ကျင်းခွင့် ရရေး ကိစ္စ စုံစမ်း စစ်ဆေးဖို့ ဖီဖာ ဘောလုံး အဖွဲ့ချုပ်က Michael Garcia ကို ခန့်အပ် ခဲ့ပြီး သူက တပတ် အတွင်း အထောက် အထား တွေ ပြီးအောင် ကောက် မယ်လို့ ပြောကြား လိုက်ပါတယ်။

ဗြိတိန်ထုတ် ဆန်ဒေး တိုင်းမ် သတင်းစာရဲ့ စွပ်စွဲမှုတွေ ပေါ်ထွက် လာပြီးနောက် ဒီလို စုံစမ်းဖို့ ခန့်အပ်ခဲ့တာ ဖြစ်ပြီး နောက်လမှာ အစီရင်ခံစာ တင်မယ်လို့လဲ Michael Garcia က ပြောပါတယ်။

သတင်းစာက တွေ့ရှိ ထားတဲ့ အထောက်အထား အချက်အလက် တချို့ကို ဖီဖာ ဘောလုံး အဖွဲ့ချုပ် စစ်ဆေးသူ တွေကို လွှဲပေးမယ်လို့ ဘီဘီစီက သိရှိ ထားပါတယ်။

ပွဲ ကျင်းပရေး ကိစ္စ နေရာ ပြန်ရွေးဖို့ ထိ တော့ စစ်ဆေးသူ တွေ ဘက်က မစွက်ဖက် နိုင်ပါဘူး။

ကာတာ ကမ္ဘာ့ဖလား ဖြစ်မြောက်ရေး ကော်မတီကတော့ သူတို့ ဘာ အမှားအယွင်း မှ မလုပ်ခဲ့ဘူးလို့ ပြောပါတယ်။

BBC


အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှု စက်တင်ဘာလတွင် ကြေညာမည်


အနည်းဆုံး လုပ်ခလစာ သတ်မှတ်မှုကိုစက်တင်ဘာလတွင် ထုတ်ပြန် ကြေညာ
သွားမည် ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးထင်အောင်က ပြောသည်။


““ကျွန်တော်တို့ ဒီလိုကြေညာတဲ့ အခါမှာ ကန့်ကွက်မယ် ဆိုလို့ရှိရင် ရက်ပေါင်း (၆၀)အချိန်ယူပြီး၊ ပြုပြင် ပြောင်းလဲခြင်းကို ဆောာင်ရွက် သွားမှာ ဖြစ်ပါတယ်””ဟု ပြည်ထောင်စု ဒုတိယ ၀န်ကြီးက ပြောသည်။

            ထို့ပြင် အလုပ်အကိုင်နှင့် ကျွမ်းကျင် ရေး ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ  ဆက်လက် ထားရှိမည့် သဘောတူညီချက် ဆိုင်ရာ စာချုပ် နမူနာ မူကြမ်းကို စက်မှုဇုန် (၁၈) ဇုန် ၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ အထည်ချုပ် လုပ်ငန်းများနှင့် အထည်ချုပ် မဟုတ် သည့် CMP လုပ်ငန်းများ တွင်ရှိသည့် အလုပ်ရှင် အလုပ်သမား များမှ ပြည်ထောင်စု ၀န်ကြီး ဌာနသို့ ပေးပို့ထားပြီး၊ အကြံဉာဏ်များ ရယူ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထင်အောင်က ဆိုသည်။

            လက်ရှိတွင်လည်း အလုပ်သမားများသည် တစ်နေ့ လုပ်ခလစာ (၅၈၀၀) ကျပ် ရရှိရေးအတွက် ဆန္ဒထုတ်ဖော် တောင်းဆိုလျက် ရှိသည်။

            ““အလုပ်ရှင် တွေကလည်း အလုပ်သမားတွေ တောင်းတဲ့ လစာမပေးနိုင်လို့ အလုပ်ကို ပိတ်လိုက်မယ် ဆိုရင် အလုပ်သမားတွေ အလုပ် လက်မဲ့ဖြစ်မယ်။ ဒါကြောင့် နှစ်ဦးနှစ်ဖက် မနစ်နာအောင်လို့ ကျွန်တော်တို့ ၀န်ကြီးဌာန အနေနဲ့ ဆောင်ရွက် လျက်ရှိပါတယ်””ဟု အလုပ်သမား ဒုတိယ ၀န်ကြီးက ပြောသည်။

            အလုပ်ရှင်နှင့် အလုပ်သမား များကြား ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၌  အလုပ်သမားများ ဘက်တွင်သာ ရှုံးနိမ့်မှု များနေပြီး၊ ယင်းကဲ့သို့ ဖြစ်ပေါ်နေမှု များကို အလုပ်သမား ၀န်ကြီးဌာနအနေဖြင့် စီစဉ် ဆောင်ရွက် ပေးသင့်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးက ပြောသည်။

The Messenger News Daily


လူတစ်ယောက်ကို ဟန်ဆောင်ပြုံးပြလိုက်ခြင်းဟာ သင့်ကိုဝမ်းနည်းစေနိုင်



မေသော် on 2014-06-02 16:50  
လူတစ်ယောက်ဟာ တစ်နေ့တစ်နေ့ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် နေမယ်ဆိုရင် ကျန်းမာရေး ကောင်းစေပါသတဲ့။
 
 နောက်တစ်ချက်ကတော့ လူချစ်လူခင်ပေါများတာပေါ့လေ။ နောက်တစ်ချက်က ပြုံးတာ။ ကိုယ်နဲ့သိတဲ့လူ၊ ခင်တဲ့သူ တွေ့တာနဲ့ ပြုံးရွင်နေတတ်တဲ့သူဆိုရင်လည်း လူချစ်လူခင်ပေါ်မှာပါပဲ။ ဒါပေမယ့် ကိုယ်ပြုံးလိုက်တဲ့ အပြုံးက စိတ်ထဲက လာတဲ့အပြုံးလား၊ ဒါမှမဟုတ် ဟန်ဆောင်အပြုံးလားဆိုတာကတော့ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်။ ရုံးမှာ၊ ကျောင်းမှာ ကိုယ်နဲ့အဆင်မပြေတဲ့သူကို မကောင်းတတ်လို့ ပြုံးပြရမယ်ဆိုရင် ဘယ်သူကမှတော့ ရင်ထဲကလာတဲ့ အပြုံးမျိုးနဲ့ လှိုက်လှိုက်လှဲလှဲ ပြုံးပြနိုင်မှာ မဟုတ်ပါဘူး။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် ခုနကပြောသလို ဟန်ဆောင်ပြုံးပြလိုက်တာကရော။ ရိုင်းတယ်ထင်မှာစိုးလို့ ပြုံးပြလိုက်ရပေမယ့် အဲ့ဒီအချိန် စိတ်ထဲဖြစ်တည်နေတဲ့ အရာတွေဟာ အပြုံးမှာ သွားပေါ်တာပါပဲ။ အဲ့ဒီတော့ မပြုံးပဲနေမလား၊ ဟန်ဆောင်ပြုံးမလားဆိုတာ စဉ်းစားစရာဖြစ်လာပြီပေါ့။

ကျန်းမာရေးသုတေသီတွေရဲ့ လူအယောက် ၁၀၈ယောက်ကို အပြုံးနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်ကြည့်ခဲ့ပါတယ်။ တကယ်ပျော်ရွှင်တဲ့အတွက် ပြုံးမိတဲ့အပြုံး၊ ဟန်ဆောင်ပြုံးနဲ့ သူတို့တွေ တစ်နေ့ကို ဘယ်နှစ်ခါလောက်များ ပြုံးမိကြသလဲ ဆိုတာကိုပေါ့။ အဲ့ဒီအချိန်မှာ တွေ့ရှိခဲ့ရတာက တကယ်ပျော်လို့ ပြုံးတဲ့အပြုံးဟာ လူကို ပေါ့ပေါ့ပါးပါးဖြစ်သွားစေတဲ့အပြင် တစ်ဖက်လူကိုလည်း ကိုယ့်အပြုံးကြောင့် စိတ်ကြည်နူးမှုကို ခံစားမိစေတယ်ဆိုတာပါပဲ။ နောက်တစ်ချက်တော့ တကယ်မပျော်ပဲ ဟန်ဆောင်ပြုံးရတဲ့သူတွေကတော့ ပျော်ရွှင်မှုအတိုင်းအတာကို မခံစားရပဲ ၀မ်းနည်းသလို ဖြစ်တတ်တယ်ဆိုတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မပြုံးချင်တဲ့ အခြေအနေတစ်ခုမှာ ပါးစပ်ကို အပေါ်ဆွဲတင်ပြီး ပြုံးဖြစ်အောင် ကြိုးစားလိုက်ရတဲ့ အကျိုးကြောင့်ပါတဲ့။ ဒါ့ကြောင့် ပြုံးရယ်ခြင်းဟာ လူအတွက် ကောင်းစေသလို ဘေးလူကိုလည်း ကိုယ့်အပျော်တွေ ကူးစက်စေနိုင်ပေမယ့် ဟန်ဆောင်ပြုံးကတော့ ကိုယ်ကိုယ်တိုင်တောင် မသိသာတဲ့ ၀မ်းနည်းမှုကို ခံစားရ အောင် ဖန်တီးနိုင်ပါတယ်။

Ref:refinery29.com
trend myanmar

မန်ချက်စတာယူနိုက်တက်တွင် ရေရှည်စီမံကိန်း မရှိကြောင်း မိုယက်စ် ဖွင့်ဟ


ဧပြီလက အိုးထရတ်ဖို့ဒ်မှ ထွက်ခွာပြီးနောက် နှုတ်ဆိတ်နေခဲ့သည့် ဒေးဗစ်မိုယက်စ်က မန်ချက်စတာယူနိုက်တက်၏ ရေရှည်စီမံကိန်း အစီအစဉ်များ အဆုံးသတ်သွားပြီ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။

ဒေးဗစ်မိုယက်စ်သည် အိုးထရတ်ဖို့ဒ်တွင် တာဝန်ယူခဲ့စဉ်က မန်ချက်စတာယူနိုက်တက်မှာ ပရီးမီးယားလိဂ်၌ အဆင့် ၇ သို့ ရောက်ရှိသွားခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်နှင့် လွဲချော်ခဲ့ရသည်။

ထို့နောက် မိုယက်စ်က ယူနိုက်တက် အသင်းလူစာရင်းကို ကိုင်တွယ်ရန် အချိန်ထပ်မရခဲ့ခြင်းသည် ကံမကောင်းခြင်းပင် ဖြစ်ကြောင်း၊ မိမိကို ထုတ်ပယ်ခဲ့ခြင်းသည် အသင်း၏ ရေရှည်စီမံကိန်း အဆုံးသတ်သွားခြင်းပင် ဖြစ်ကြောင်း ဆိုခဲ့သည်။

“ကျွန်တော့်ကို မန်နေဂျာ အနေနဲ့ အချိန်ပေးပြီး ထောက်ခံအားပေးခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဖို့ အခွင့်အရေး မရခဲ့ပါဘူး။ ယူနိုက်တက် အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ကျွန်တော် ဆုတောင်းပါတယ်။ အခုလို အပြောင်းအလဲတွေ ဖြစ်သွားတဲ့ အတွက် အသင်းအနေနဲ့ ကျေနပ်သဘောကျနေမှာပါ။ ဒါဟာ အသင်းရဲ့ ရေရှည်စီမံကိန်း အစီအစဉ်တွေ အဆုံးသတ်သွားတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော့် အတွက် အသင်းကို ကိုင်တွယ်ဖို့ အချိန်ထပ်မရတာကတော့ ကံဆိုးမှု တစ်ရပ်ပါပဲ” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

သို့သော်လည်း ယူနိုက်တက် မန်နေဂျာ အဖြစ်မှ ထုတ်ပယ်ခံရပြီးနောက် အသင်းသစ်ကို ကိုင်တွယ်ရန် သို့မဟုတ် အနားယူရန် မစဉ်းစားရသေးကြောင်း မိုယက်စ်က ဆိုခဲ့သည်။

“အသင်းက ထွက်ခွာခဲ့ပြီးတဲ့နောက် အရမ်းကောင်းတဲ့ ကမ်းလှမ်းမှုအချို့ကို ကျွန်တော် ရရှိခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ ကမ်းလှမ်းမှုတွေ အတွက် တံခါးဖွင့်ထားဆဲပါ။ နောက်ပြီး ကျွန်တော့်ရဲ့ မန်နေဂျာ ဘဝကို ယူကေ ဒါမှမဟုတ် နိုင်ငံရပ်ခြားမှာ ပြန်လည်စတင်ဖို့ကိုလည်း စဉ်းစားနေပါတယ်။ နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုကတော့ ကာလတစ်ခုအထိ အနားယူပြီး ကမ္ဘာတစ်ဝန်းက ဘောလုံးပွဲတွေကို သွားကြည့်ချင်ပါတယ်။ သေချာတာကတော့ ဘောလုံးလောကထဲ ဆက်လက်ဝင်ရောက်ဖို့ အစီအစဉ်ရှိပါတယ်” ဟု မိုယက်စ်က ပြောကြားခဲ့သည်။

ဆက်လက်ပြီး မိမိကို ထောက်ခံအားပေးခဲ့သည့် ဆာအဲလက်စ် ဖာဂူဆန်ကို ကျေးဇူးတင်ကြောင်း၊ ၎င်း၏ အကြံဉာဏ်များကိုလည်း အတတ်နိုင်ဆုံး ကြိုးပမ်း အကောင်အထည် ဖော်ခဲ့ကြောင်း မိုယက်စ်က ဆိုခဲ့သည်။

“ကျွန်တော် ဆာအဲလက်စ် ဖာဂူဆန်နဲ့ လန်ဒန်မှာ မကြာခဏ တွေ့ဆုံပြီး ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျွန်တော့် အနေနဲ့ သူ့ရဲ့ ထောက်ခံချက်ကလွဲပြီး ဘာမှမရရှိခဲ့ပါဘူး။ သူက ကျွန်တော့်ကို အပြောင်းအလဲအချို့ ပြုလုပ်ဖို့ အကြံပေးပါတယ်။ ကျွန်တော်ကလည်း သူ့ရဲ့ အကြံပြုချက်အတိုင်း လိုအပ်တဲ့ နေရာတွေကို အပြောင်းအလဲ လုပ်ပါတယ်။ အချို့ပြောင်းလဲမှုတွေကို သတိထားမိပေမယ့် နောက်ပိုင်းမှာ ပြောင်းလဲမယ့် အစီအစဉ်တွေ အနေနဲ့ သတ်မှတ်ထားခဲ့ပါတယ်” ဟု ဒေးဗစ်မိုယက်စ်က ပြောကြားခဲ့သည်။

Ref: goal
soccer myanmar


မဟာချိုင် မြန် မာလုပ် သားတွေ အခြေအနေ


ရေ လုပ် ငန်း ကုန် ကြမ်းက ကုန်ချောထိ ထုတ် လုပ်
ဘန် ကောက် အနောက်တောင် ဘက် မိုင် ၃ဝ က မဟာချိုင်မှာ မြန်မာ တ သန်း ကျော် လောက် ရှိ မယ် လို့ ခန့် မှန်းကြပါတယ် ။

ဒီမှာ ထိုင်းနိုင်ငံ က အဓိက ငါးဖမ်း ရေ လုပ် ငန်း ကို ကုန် ကြမ်းကနေ ကုန်ချောထိ ထုတ် လုပ် တဲ့ နေရာ ဖြစ်ပါတယ် ။


ပြီး ခဲ့တဲ့ ရက်ပိုင်းက ထိုင်းမှာ စစ်တပ်က အာဏာသိမ်း ပြီး တော့ မဟာချိုင် က မြန်မာ လုပ် သားတွေ လုပ် ငန်း ခွင် မှာ ထိခိုက် မှု တွေ ရှိပါတယ် ။

ထိုင်း နိုင်ငံ ရေး အပြောင်း အလဲ ကို သေသေချာချာ မသိပေမယ့် လုပ် ငန်းခွင် အပြောင်း လဲတွေ ရှိ တယ် လို့ မဟာချိုင် မြန်မာ လုပ်သား တွေက ပြောပါတယ် ။

ဒီအ လုပ် သမားတွေ ကို မှီ ခိုပြီး ရောင်း နေရတဲ့ ထမင်းဆိုင် ကွမ်းယာဆိုင် တွေ မှာ လဲ ရိုက် ခတ် ပါတယ် ။

ထိုင်း နိုင်ငံ ရေးအခြေအနေ ဟာ ညမထွက် ရ အမိန့်တွေ လျှော့ ပေါ့ လာပေမယ့် ဆန့်ကျင်ဆန္ဒပြ မှုတွေ ကို ဖမ်း ဆီး နေပါတယ် ။

ထိုင်းစီးပွားရေး လုပ် ငန်းတွေ ထိခိုက် လာလို့ မြန်မာ လာအို မလေးရှား နယ်စပ်တွေ မှာ အထူးစီးပွားရေး ဇုန်တွေ အကောင်ထည်ဖော် မယ်လို့ ထိုင်းအာဏာ သိမ်း အစိုး ရက ပြောပါတယ်။

BBC


ကမ္ဘာထက် ၁၇ ဆ ပိုမိုကြီးမားတဲ့ ကမ္ဘာအကြီးစားတစ်ခုကို ရှာဖွေတွေ့ ရှိ




‘ကမ္ဘာအကြီးစား’ လို့ နာမည်ပေးထားတဲ့ ကျောက်ဆောင်ထူထပ်တဲ့ ဂြိုလ်သစ်တစ်လုံးကို အလှမ်းကွာတဲ့ ကြယ်စနစ်တစ်ခုအတွင်းမှာ ရှာဖွေတွေ့ ရှိခဲ့ပါတယ်။

ဒီဂြိုလ်ဟာ ကမ္ဘာထက် ၁၇ ဆ ပိုမို ထုထည်ကြီးမားတယ်လို့ လည်းဆိုပါတယ်။

သက်ရှိတွေရှိနိုင်တယ်လို့ ယူဆရတဲ့ ကျောက်ဆောင်ထူထပ်တဲ့ဂြိုလ်တွေဟာ မူထထင်ထားတာထက် ပိုမို ပေါများနေပြီး တစ်ချို့ ဂြိုလ်တွေဟာ တော်တော်ကြီးကို သက်တမ်းရင့်နေပြီလို့ ဒီလေ့လာတွေ့ ရှိမှုကနေ တင်ပြခဲ့ပါတယ်။

ယခုဂြိုလ်တည်ရှိနေတဲ့ Kepler-10 ကြယ်စနစ် ဟာ သက်တမ်း နှစ်ပေါင်း ၁၁ ဘီလီယံလောက်ရှိပြီလို့  ခန့် မှန်း ထားပြီး ကျွန်တော်တို့ စကြာဝဋာကြီးကို မွေးဖွားပေးခဲ့တဲ့ Big Bang ပေါက်ကွဲမှုမဖြစ်ခင် နှစ်ပေါင်း ၃ ဘီလီယံ လောက်မှာ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

အီတလီလျံဂယ်လီလီယိုအမျိုးသားတယ်လီစကုပ်အဖွဲ့ အစည်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေအရ ဒီဂြိုလ်ဟာ ကမ္ဘာထက် ထုထည် ၁၇ ဆ ပိုမိုကြီးမားလေးလံတယ်လို့ သိရပါတယ်။

ဒီအချက်ကြောင့် ဒီဂြိုလ်ဟာ ကမ္ဘာမြေလိုပဲ သိပ်သည်းတဲ့ကျောက်ဆောင်တွေနဲ့ ဖွဲ့ စည်းထားတယ်လို့  ယူဆရပါတယ်။

Ref: Mirror.co.uk
Trend Myanmar


သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချမည်ဖြစ်ပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်


(ကရင်ပြည်နယ်ရှိ သံလွင်မြစ်ကြောင်းတစ်နေရာအား တွေ့ရစဉ်)



သံလွင်မြစ်ရေကို ထိုင်းနိုင်ငံသို့ တူးမြောင်းဖြင့် ပို့လွှတ်ရောင်းချရန် ပြင်ဆင်နေပြီး ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မည့် ရေစီးနှုန်းဖြစ်သည့် တစ်စက္ကန့်လျှင် ကုဗမီတာ ၃၀၀၀ အရှိန်နှုန်းဖြင့် ပို့လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါစီမံကိန်းအား အကောင်အထည်ဖော်ရာတွင် ကရင်ပြည်နယ်၊ မြိုင်ကြီးငူအနီးတွင် အကောင်အထည်ဖော်ဆောင်မည့် ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှတစ်ဆင့် တင်ပို့မည်ဖြစ်ကြောင်း Karen River Watch မှ စောသာဘိုးကဆိုသည်။

ဟတ်ကြီး ရေအားလျှပ်စစ်စီမံကိန်းသည် တရုတ်နိုင်ငံကုမ္ပဏီဖြစ်သည့် Sino Hydrocerrporati ၊ ထိုင်းကုမ္ပဏီဖြစ်သည့် EGAT International နှင့် မြန်မာကုမ္ပဏီဖြစ်သည့် IGE တို့က ပူးပေါင်းလုပ်ဆောင်မည်ဖြစ်ပြီး ထိုသို့လုပ်ဆောင်ရန် နားလည်မှုစာချွှန်လွှာအား ၂၀၀၅ ခုနှစ် မေ ၃၀ ရက်နှင့် ၂၀၁၀ ပြည့်နှစ် ဧပြီ ၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစီမံကိန်းအတွက် ရွာခြောက်ရွာ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ရေလွှမ်းဧရိယာမှာ ၇၀၀ စကွဲယားကီလိုမီတာအထိ ရှိနေသည်။ ဆည်အမြင့်မှာ ၃၃ မီတာမှ ၁၁၅ မီတာအထိရှိမည်ဖြစ်ပြီး ဆည်၏ပထမအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၅၈၅၀၊ ဒုတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၆၀၀၀၊ တတိယအဆင့်တွင် လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀၀၀ နှင့် ကရင်ပြည်နယ် မြိုင်ကြီးငူတွင် တည်ဆောက်မည့် ပထမဆည်စီမံကိန်းအတွက် မဂ္ဂါဝပ် ၁၂၀၀ မှ မဂ္ဂါဝပ် ၁၃၆၀ အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စာစဉ် (၂) တွင် ပါမောက္ခဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

သံလွင်မြစ်ရေကို ထိုင်းနိုင်ငံဆည်များသို့ သံလွင်မြစ်ရေထည့်သွင်းနိုင်မည့် တူးမြောင်း၏ အရှည်မှာ ၈၈ ကီလိုမီတာရှိမည်ဖြစ်သည်။ သံလွင်ရေကို တူးမြောင်းဖြင့် ထိုင်းနိုင်ငံ Yuam River တွင်ရှိသော Maw Lama Laung ဆည်သို့ပေးပို့၍ ယင်းဆည်မှတစ်ဆင့် Chaoph ara ပေါ်ရှိ ဘူမိဘောဆည်သို့ ပေးပို့မည်ဖြစ်သည်။ ထိုသို့ပေးပို့မည့် သံလွင်ရေသည် တစ်စက္ကန့်လျင် ကုဗမီတာ ၃၀၀၀ ပမာဏဖြင့် စီးဆင်းမည်ဖြစ်သည်။ ယခုလက်ရှိ သံလွင်မြစ်၏ ရေစီးနှုန်းသည် တစ်စက္ကန့်လျှင် ကုဗမီတာ ၄၈၇၆ နှုန်းဖြင့် စီးဆင်းနေသည်။ ရေလွှဲမြောင်းဖြင့် လွှဲပေးရသော သံလွင်ရေသည် ဘူမိဘောဆည်သို့ တစ်စက္ကန့်တွင် ကုဗမီတာ ၃၀၀၀ နှုန်းဖြင့် စီးထွက်မည်ဖြစ်ပြီး ယင်းစီးထွက်နှုန်းမှာ ရေအားလျှပ်စစ်ပင်ထုတ်ယူနိုင်သည့် ပမာဏတွင်ရှိနေကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

"သံလွင်မြစ်ရေကို ထိုင်းကိုပို့ပြီး ရောင်းချမယ်ဆိုတာကို ၂၀၀၈ ခုနှစ်လောက်ကတည်းက နိုင်ငံတကာသတင်းတွေမှာ ဖော်ပြခဲ့တယ်။ သံလွင်နဲ့ပတ်သက်တဲ့ စာတမ်းဖတ်ပွဲတွေမှာလည်း ဒီအကြောင်းနဲ့ပတ်သက်ပြီး သိခဲ့ရတယ်။ ဒါပေမဲ့ အစိုးရဘက်က တရားဝင်ဖြေကြားမှုမရှိဘူး။ လွှတ်တော်မှာဖြေတော့လည်း ဆည်စီမံကိန်း ခြောက်ခုပဲပါတယ်။ အစိုးရအနေနဲ့ တရားဝင်ထုတ်ပြန်ဖို့လိုတယ်။ ဟတ်ကြီးဆည်မှာ EIA, SIA ကို ချူလာလောင်ကွန်က လုပ်ထားတာရှိတယ်။ ကွမ်းလုံမှာဆို SIA လုပ်တာ မရှိသလောက်ဖြစ်နေတယ်။ ဟတ်ကြီးဆည်စီမံကိန်းမှာဆိုရင် မြန်မာနိုင်ငံအတွက် ၁၁ ဒသမ ၅ ရာခိုင်နှုန်းပဲရမှာဖြစ်ပြီး ထိုင်းနိုင်ငံက ၈၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ယူသွားမယ်။ ကျွန်တော်တို့နိုင်ငံမှာ သယံဇာတတွေကို ဗဟိုအစိုးရနဲ့ ပြည်နယ်တွေက ခွဲယူရမယ့်အချိန်မှာ ဒီပမာဏက အရမ်းနည်းနေတယ်" ဟု ပါမောက္ခဦးညိုမောင်ကဆိုသည်။

ထိုသို့ လုပ်ဆောင်သည့်အတွက် သံလွင်မြစ်အောက်ပိုင်းထိခိုက်မှုမှာ မတွေးရဲစရာဖြစ်ကြောင်း ဖော်ပြထားပြီး အဆိုပါစီမံကိန်းကို မည်သည့်ရည်ရွယ်ချက်နှင့် လုပ်ဆောင်သည်ဖြစ်စေ မှားယွင်းလုပ်ဆောင်ပါက ပြင်ဆင်ရန်လိုအပ်နေပြီး မှားနေပါလျက် ပြင်ဆင်နိုင်မှုမရှိပါက ဆိုးကျိုးများစွာကို အကျိုးဆက်ရလဒ်အဖြစ်ခံရမည်ဖြစ်ပြီး ယင်းလုပ်ရပ်မှာ မြန်မာနိုင်ငံအတွက် အမျိုးသားရေးအန္တရာယ်အဖြစ် ကာကွယ်ရန်လိုအပ်ကြောင်း ပါမောက္ခ ဦးညိုမောင်က ရေးသားဖော်ပြခဲ့သည်။

"သံလွင်မြစ်ရေကို ထိုင်းဘက်ကို လွှဲပို့တယ်ဆိုတာနဲ့ မြစ်ကြောင်းထိခိုက်မှာက တော်တော့်ကိုထိခိုက်မှာပါ။ ကမ္ဘာပေါ်မှာ ရေချိုရှိတာက သုံးရာခိုင်နှုန်းလောက်ပဲရှိတယ်။ အဲ့ဒီပမာဏက ရေခဲတောင်ကနေရမဲ့ပမာဏပါ။ ဒီလိုရမယ့်ရေက ရာသီဥတုကြောင့် ကုန်ခမ်းသွားမယ်။ ဒီတော့ ကျွန်တော်တို့ထိန်းသိမ်းရမယ့် ရေချိုက မြစ်ချောင်းတောတောင်တွေကနေ စီးဆင်းလာမယ့်ရေချိုကိုပဲ ထိန်းသိမ်းရမှာပါ။ နောက်ဆိုရင် ကမ္ဘာမှာ ရေချိုရှားတဲ့ပြဿ နာကို ရင်ဆိုင်ရမှာမို့လို့ ဒီရေချိုသွယ်တန်းမဲ့ကိစ္စကို နိုင်ငံ့ထိပ်တန်းအနေနဲ့ထည့်ထားတာ။ ဒီလိုအနေအထားမှာ ကျွန်တော်တို့က ရေကိုပေးသွယ်ဆိုရင် ရေပုံမှန်ရနေတဲ့ ဘီလူးကျွန်းတို့လိုနေရာတွေမှာ ဆားငန်ရေပေါက်မယ်။ ဆားငန်ရေပေါက်ပြီဆိုတာနဲ့ စိုက်ပျိုးရေးတွေပျက်ပြီး စားစရာမရှိဖြစ်သွားမယ်။ ဆားငန်ရေ၀င်လာတဲ့အတွက်ကြောင့် ရေချိုပျောက်သွားမယ်။ ရေချိုပျောက်သွားပြီဆိုတာနဲ့ ဘီလူးကျွန်းမှာရှိတဲ့ ရွာပေါင်း ၆၀ လောက်ကလူတွေနဲ့ မော်လမြိုင်မှာရှိတဲ့လူတွေ စုစုပေါင်း တစ်သန်းကျော်လောက်ရှိတယ်။ အဲ့ဒီပြဿ နာကို ဘယ်သူဖြေရှင်းပေးမလဲ။ ဒီစီမံကိန်း အကျိုးအမြတ်က အစိုးရကရမယ်။ ထိခိုက်မှာက ပြည်သူတွေကထိခိုက်မယ်။ ဒီလိုမျိုး ရေချိုမရ၊ စားသောက်စရာအတွက် စိုက်ပျိုးလို့မရတဲ့ ပြဿ နာကြောင့် လူတွေအလုံးအရင်းနဲ့ ရွှေ့ပြောင်းနေထိုင်မယ်ဆိုရင် စီးပွားရေး၊ လူမှုရေးပြဿ နာတွေ ဖြစ်လာမယ်။ ဒါက တကယ့်ကို အကြီးမားဆုံးပြဿ နာပါ။ ထိခိုက်မှာသေချာပါတယ်" ဟု စောသာဘိုးကဆိုသည်။

တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံအတွက် အဓိကအကျိုးဖြစ်ထွန်း၍ မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အား ဘေးထွက်ဆိုးကျိုးများ ခံစားရနိုင်သည့် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာရေအားလျှပ်စစ်စီမံကိန်းများအား ပြန်လည်သုံးသပ်သင့်ကြောင်း Karen Rivers Watch အဖွဲ့မှ စောသာဘိုးနှင့် ပြည်တွင်းရှိ သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားသူများက ပြောကြားသည်။

"ဒီကိစ္စက ပွင့်လင်းမြင်သာမှုမရှိဘူး။ အစိုးရအနေနဲ့ စီမံကိန်းတစ်ခုပဲလုပ်လုပ် ဘာပဲလုပ်လုပ် EIA, SIA လုပ်ရမယ်။ ဒီလိုမလုပ်ခင်မှာလည်း လူထုရဲ့သဘောထားအမြင်ကို ကောက်ခံရမယ်။ ဒီလိုလုပ်မယ့်အပေါ်မှာ လူထုက သဘောတူသလားဆိုတာကို စစ်တမ်းကောက်ရမယ်။ စီမံကိန်းကြောင့် ရွှေ့ပြောင်းရမယ့်သူတွေက သဘောတူပြီဆိုမှ ဒုတိယအဆင့်ဖြစ်တဲ့ EIA, SIA လုပ်ရမယ်။ ဒီလိုလုပ်တဲ့အခါမှာ သဘာဝပတ်ဝန်းကျင်ကို ဘယ်လောက်ထိခိုက်မလဲ၊ မြစ်ကြောင်းပြောင်းလဲမှုကို ဘယ်လောက်အထိ ဆိုးရွားစေမလဲ။ လူဦးရေဘယ်လောက်အထိ ထိခိုက်မလဲ။ ထိခိုက်မယ့်လူတွေရဲ့ စိတ်ခံစားမှုက ဘယ်လောက်အထိ ဆိုးဆိုးရွားရွား ဖြစ်သွားနိုင်လဲဆိုတဲ့ သုတေသနကို သေသေချာချာလုပ်ရပါမယ်။ ဒီလိုလုပ်ပြီးလို့ အဆင်ပြေပြီ ထိခိုက်မှုကနည်းတယ်။ နိုင်ငံအတွက် အကျိုးအမြတ်အရမ်းများတယ်ဆိုမှ လုပ်သင့်တယ်။ လုပ်တော့မယ်ဆိုရင် လူတွေက ရွှေ့ပြောင်းရဦးမယ်။ ဒီလိုမျိုးရွှေ့ပြောင်းတော့မယ်ဆိုရင် ရွှေ့ပြောင်းခံရမယ့်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင်ကို ရေရှည်အဆင်ပြေအောင် ဖန်တီးပေးနိုင်ဖို့လိုတယ်။ ဒီလို အားလုံးလုပ်ပြီးရင် ကမ္ဘာမှာ ရေကာတာဆောက်လုပ်မယ့်ကုမ္ပဏီတိုင်း လိုက်နာရမယ့် RASG Policy ဆိုတာရှိတယ်။ သူ့ရဲ့ မူဝါဒအတိုင်းလုပ်မယ်ဆိုရင် ရေကာတာက ဘာမှထိခိုက်စရာမရှိဘူး။ သူတို့က အဲ့ဒီလိုမလုပ်ဘဲနဲ့ တိုးတိုးတိတ်တိတ်လုပ်တယ်။ ဘူမိဘောကို ရေပို့မယ့် ဟက်ကြီးစီမံကိန်းကိုလည်း ပြည်သူကိုထုတ်မပြောဘဲ မြှုပ်ထားတယ်။ ဒီလိုမြှုပ်ထားပြီး ဘွားခနဲပေါ်လာပြီး ဒီစီမံကိန်းကို လုပ်မယ်ဆိုတာမျိုးက လူထုကိုမလေးစားဘူး။ ပြုပြင်ပြောင်းလဲရေးလုပ်နေတဲ့ နိုင်ငံဆိုပေမယ့် မပွင့်လင်းဘူးဆိုတာကို သူတို့ဒီဟာနဲ့သက်သေပြတာပါ" ဟု မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် အဆိုပါစီမံကိန်းများ ပြန်လည်သုံးသပ်ရေးအတွက် လုပ်ဆောင်နေသည့် KESAN သဘာဝပတ်ဝန်းကျင် ပညာရှင်တစ်ဦးက ဝေဖန်ပြောကြားသည်။

ကီလိုမီတာ ၂၈၂၀ ရှည်လျားပြီး ကမ္ဘာ့အရှည်ဆုံးမြစ်များတွင် အဆင့် ၂၆ နေရာ၌ သတ်မှတ်ခြင်းခံထားရသော သံလွင်မြစ်ပေါ်တွင် ရေကာတာခြောက်ခု တည်ဆောက်မည်ဖြစ်ကာ ရှမ်းပြည်နယ်တွင် ကွမ်းလုံရေကာတာ၊ နောင်ဖာရေကာတာ၊ မန်တောင်ရေကာတာ၊ တာဆန်း(ခ)မိုင်းတုံးရေကာတာ၊ ကယားပြည်နယ်တွင် ရွာသစ်ရေကာတာ၊ ကရင်ပြည်နယ်တွင် ဟက်ကြီးရေကာတာတို့ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းများတွင်ပါဝင်သော ကုမ္ပဏီများမှာ တရုတ်နိုင်ငံမှ Hanergy Holding Comapany၊ Hydrochina Corporation ၊ China Three Corporation ၊ China Datang Over Seas Investment၊ Sinohytro ၊ ထိုင်းနိုင်ငံမှ EGAT International Co,Ltd ၊ မြန်မာနိုင်ငံမှ ရွှေတောင်၊ Asia World နှင့် IGE ကုမ္ပဏီများမှ ပါဝင်တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရေအားလျှပ်စစ်စီမံကိန်းခြောက်ခုမှထွက်ရှိမည့် လျှပ်စစ်ဓာတ်အား ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် ထိုင်းနိုင်ငံသို့ တင်ပို့ရမည်ဖြစ်ပြီး ကျန်ရှိသည့် လျှပ်စစ်ဓာတ်အားအနည်းငယ်ကို မည်သို့ဖြန့်ဝေသုံးစွဲမည်ဆိုသည်ကိုလည်း ရှင်းလင်းသည့် အစီအစဉ်မရှိသည့်အပြင် ပြည်သူလူထု မည်မျှအကျိုးခံစားရမည် မည်သို့ထိခိုက်နစ်နာမည်ကိုလည်း ထည့်တွက်ထားခြင်းမရှိကြောင်း သဘာဝပတ်ဝန်းကျင်အရေးများအား လုပ်ဆောင်နေသည့် သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်ကဆိုသည်။

အထက်ပါ စီမံကိန်းများအနက် ကရင်ပြည်နယ်တွင် အဆိုပြုထားဆဲဖြစ်သည့် ဒင်းဝက်ဆည်နှင့် ၀ဲကြီးဆည်မပါဝင်သေးဘဲ လတ်တလောတွင် ရှမ်းပြည်နယ်အထက် သံလွင် (ကွမ်းလုံ) ရေအားလျှပ်စစ်စီမံကိန်းအား မြန်မာပြည်သူများနှင့် အမှန်တကယ်ထိခိုက်မည့် သံလွင်မြစ်အား မှီခိုနေရသည့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်မှ ဒေသခံများသို့ ပွင့်လင်းမြင်သာမှုရှိစွာ ချပြမှုမရှိဘဲ Asia World နှင့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Hanergy Group Holding Ltd တို့အား လုပ်ပိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Eleven Media Group


အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းက ကျောက်ကပ် ကျောက် တည် စေနိုင်



ပလတ်စတစ် အသုံးဆောင်များသည် လွယ်လင့်တကူ အသုံးပြုနိုင်ခြင်း၊ စွန့်ပစ် နိုင်ခြင်းကြောင့် ယနေ့ခေတ် ကာလတွင် တွင်ကျယ် လာသော ပစ္စည်းများ ဖြစ်သည်။

ပလတ်စတစ် ပန်းကန် များသည် ပျော်ပွဲစား ထွက်ရာတွင် လည်းကောင်း၊ အလွယ်စာ များကို ထုတ်ပိုးရာတွင်လည်း ကောင်းလွယ် လင့်တကူ အသုံးပြု လာကြသည်။

သုတေသန တစ်ရပ်တွင် ဖော်ပြထားမှုအရ မယ်လမင်း ပစ္စည်းများ၊ ပလတ်စတစ် အသုံး အဆောင်များတွင် အစားအစာပူပူကို ထည့်သွင်း အသုံးပြုခြင်းသည် ကျောက်ကပ် ကျန်းမာရေးကို ထိခိုက် စေကြောင်း သိရှိရသည်။ ထိုင်ဝမ် သုတေသီများက ပလတ် စတစ် ပန်းကန်များတွင် အပူချိန်မြင့်သော အစားအစာကို ထည့်သွင်း စားသုံး ခြင်းသည် ကျောက်ကပ် ကျောက်တည် စေနိုင်ကြောင်းကို လေ့လာနိုင် ခဲ့သည်။ လေ့လာမှုတွင် ခေါက်ဆွဲ ပူပူ စားသုံးသူများကို လေ့လာ ခဲ့ခြင်း ဖြစ်သည်။ အုပ်စု နှစ်စုခွဲ၍ လေ့လာ ခဲ့ခြင်း ဖြစ်ပြီး ပထမအုပ်စုကို ပလတ်စတစ် ပန်းကန်ထဲတွင် စားသုံးစေခဲ့ပြီး ဒုတိယ အုပ်စုတွင် ကြွေပန်းကန် များကို အသုံးပြု စေခဲ့သည်။ စားသုံး ပြီးချိန်နှစ်နာရီ တိုင်းတွင် ဆီးနမူနာ များကို ရယူခဲ့ပြီး၁၂ နာရီကြာသည် အထိ ခြောက်ကြိမ်တိုင် ရယူခဲ့သည်။

သုံးပတ်ကြာသည့် အခါအုပ်စု နှစ်စု အသုံးပြုသည့် ပန်းကန် အမျိုး အစားကို ပြောင်းလဲပြီး ပြန်လည်၍ ဆီးနမူနာ ရယူခဲ့သည်။ ထို့နောက်ရလဒ် များကို ထုတ်ပြန်ခဲ့ရာ ပလတ်စတစ် ပန်းကန် များကို အသုံးပြုပြီး ခေါက်ဆွဲပူပူ များကို စားသုံးသူများတွင် ဆီးနမူနာ၌ ပလတ် စတစ် ကွန်ပေါင်း 8.5 microgram ပမာဏကို တွေ့ရှိခဲ့ပြီး ကြွေပန်းကန် အသုံးပြု စားသုံးသူ များ၏ ဆီးနမူနာတွင်မူ အန္တရာယ်ရှိသော အဆိုပါ ကွန်ပေါင်းများကို မတွေ့ရှိခဲ့ကြောင်း ထုတ်ပြန် ထားသည်။ ထိုင်ဝမ်၊ Kaohsiung Medical University မှသုတေသီ Dr. Chia Fang Wu က အစားအစာ ပူပူကို ပလတ်စတစ် ပန်းကန် ခွက်ယောက် များတွင် ထည့်သွင်း စားသုံးခြင်းသည် ကျောက်ကပ်တွင် ပလတ်စတစ် ကွန်ပေါင်းများကို အနည်ထိုင် စေကြောင်း၊ ပလတ်စတစ်ခွက်နှင့် အပူချိန် မြင့်သော အစားအစာများ ပေါင်းစပ် လိုက်ပါက ကြာလာလျှင် ကျောက်ကပ်တွင်းဝယ် ကျောက်တည် လာနိုင်ကြောင်း၊ ခဏတာ အချိန် အတွင်း၌ အဆိုပါ အာနိသင်က သိသာ ထင်ရှားမည် မဟုတ်သော်လည်း ကြာလာသည်နှင့် ဆီးသွားရ ခက်ခဲခြင်း၊ ဆီးကျောက် တည်ခြင်းများကို တွေ့ကြုံရ နိုင်ပြီးခွဲ စိတ်ရသည့် အခြေ အနေသို့ပင်ရောက်ရှိ နိုင်ကြောင်း ရှင်းပြ ထားပါသည်။

သို့သော်လည်း ကြွေပန်းကန် ခွက်ယောက် များကို အသုံးပြုခြင်းကမူ အဆိုပါ အာနိသင်ကို မတွေ့ရဘဲ အစား အစာပူပူများ ထည့်သွင်းရန် သင့်တော်ကြောင်း၊ တိရစ္ဆာန်များတွင် လေ့လာ မှုအရ ပလတ်စတစ်က ကျောက်ကပ် ပျက်စီးခြင်း၊ ကျောက်တည်ခြင်းနှင့် ကင်ဆာ ရောဂါများကို ဖြစ်စေနိုင်သည် ကိုတွေ့ ရှိခဲ့ပြီး ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ယခု လေ့လာမှုကို Journal JAMA Internal Medicine တွင် ဖော်ပြထားခြင်း ဖြစ်သည်။

Health Updates

အစိုးရ ထက်၊ လယ်၊ မူ ကျောင်း ဆရာ ဆရာမများ အပိုငွေ ကောက်ခံပါက ထိထိ ရောက်ရောက် အရေးယူမည်


ရန်ကုန် ဇွန် ၁

နိုင်ငံတစ်ဝန်း ပညာရေး ဝန်ကြီးဌာန အောက်ရှိ အစိုးရပိုင် ထက်၊ လယ်၊ မူ ကျောင်းများမှ ဆရာ ဆရာမများ အနေဖြင့် ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အားကစားကြေး၊ အာစရိယပူဇော်ကြေး၊ ကျောင်း စာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ စာရွက် စာတမ်းကြေးကအစ အခြား မည်သည့် အကြောင်းအရာဖိုးမှ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ ကောက်ခံမှုကို လုံးဝ ခွင့်ပြုတော့မည် မဟုတ်ဘဲ တိုင်ကြား သိရှိပါက ပညာရေး ဝန်ကြီးဌာန အနေဖြင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ဘက်ပေါင်းစုံမှ ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လျက် ရှိရာတွင် နိုင်ငံ အဆင့်အတန်း မြင့်စေရန် အဓိက အခြေခံအချက် ဖြစ်သည့် ပညာရေးကို အစဉ်တစိုက် တစ်ဟုန်ထိုး လုပ်ဆောင်နေပြီ ဖြစ်သည်။ ယခင်နှစ် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှစ၍ အခမဲ့ မူလတန်းကျောင်း ပညာရေးကို စတင် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ဖြစ်သည်။ ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင်လည်း တစ်ဆင့်မြှင့်၍ အခမဲ့ အလယ်တန်းအဆင့် ပညာရေးကို နိုင်ငံတော် စီမံချက်ဖြင့် စတင်အကောင်အထည် ဖော်လုပ်ဆောင်နေပြီဖြစ်သည်။

" ကျွန်တော်တို့ ယခုနှစ်ကစပြီး အလယ်တန်း အခမဲ့ ပညာရေးစနစ်ကို နိုင်ငံတော် စီမံချက်ဖြင့် လုပ်ဆောင် ပေးနေပါပြီ။ ကျောင်းအပ်ခ၊ ဖတ်စာအုပ်ဖိုးက အစ မည်သည့်ငွေမှ တစ်ပြားတစ်ချပ်မှ မပေးရပါဘူး။ ဒါ့အပြင် အားကစားကြေး၊ ကျောင်းစာကြည့်တိုက်ကြေး၊ စာမေးပွဲကြေး၊ အာစရိယ ပူဇော်ပွဲကြေးကအစ ကျောင်းသားနဲ့ ကျောင်းသားမိဘတွေထံက ဘာဆိုဘာမှ ကောက်ခံမှု မပြုရတော့ပါဘူး။ ကောက်ခံရင် တစ်ဦး တစ်ယောက်က တိုင်လို့ပဲဖြစ်ဖြစ်၊ သိလို့ပဲ ဖြစ်ဖြစ် ဒီနှစ်ကတော့ အရင်နှစ်တွေကလို မြို့ကနေ နယ်တွေ ပြောင်းတာတို့၊ ရာထူး လျှော့တာတို့ မလုပ်တော့ပါဘူး။ အနည်းဆုံး ပင်စင်ပေးလို့ရရင် ပင်စင်ပေးမယ်။ အပြစ်ပေါ်မှာ မူတည်ပြီးတော့ လုံးဝ ဖြုတ်သင့်ရင်ဖြုတ်၊ အပြစ်ကြီးငယ်ပေါ် မူတည်ပြီး ဒီကိစ္စကို ပညာရေး ဝန်ကြီးဌာန အနေနဲ့ ကင်းစင် ပပျောက်သွားအောင် လုပ်ဆောင်သွားဖို့ စီစဉ် ဆောင်ရွက်မှုတွေ လုပ်နေပါတယ်" ဟု ပညာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန်က မြန်မာ့အလင်းသို့ ပြောကြားသည်။

နိုင်ငံတော်အနေဖြင့် မြန်မာနိုင်ငံ၏ ပညာရေးကို အဆင့်မြင့်စေရန် ရည်ရွယ်ချက်ဖြင့် ယခင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှစပြီး နိုင်ငံတစ်ဝန်းရှိ ထက်၊ လယ်၊ မူ ကျောင်းများကို သင့်တင့် လျောက်ပတ်သည့် အသုံးငွေ ဘတ်ဂျက်များ စတင် ချထားပေးခဲ့သည်။ ထို့အပြင် ကမ္ဘာ့ဘဏ်၊ ဩစတြေးလျနှင့် NGO အဖွဲ့အချို့တို့ ကလည်း မြန်မာနိုင်ငံ ပညာရေး အဆင့်မြင့်စေရန် ဒေါ်လာသန်း ၁၀၀ ကို ထောက်ပံ့ လှူဒါန်းမှုပြုခဲ့သည်။

သို့သော် ယခင် ပညာသင်နှစ်တွင် ထက်၊ လယ်၊ မူကျောင်းများသို့ နိုင်ငံတော်က ချထားပေးသည့် အသုံးပြု ရန်ငွေ ဘတ်ဂျက်များကို စည်းကမ်းတကျ သုံးစွဲမှု အလေ့အထ မရှိသော ကျောင်းအချို့က အဆိုပါငွေကိုသုံးစွဲမှု မရှိဘဲ ကျောင်းသားများနှင့် ကျောင်းသား မိဘများထံမှ အချို့ အသုံးစရိတ်ငွေများကို ကောက်ခံမှုများ ရှိခဲ့ခြင်းတို့ကြောင့် ယခုနှစ်တွင် ထိုသို့ မဖြစ်စေရန် ပညာရေးဝန်ကြီးဌာန အနေဖြင့် ထိထိ ရောက်ရောက် အပြစ်ပေး ဆောင်ရွက်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့ ပညာရေးအနေနဲ့ အရင်နှစ်တွေက အခုလို ဘတ်ဂျက် ချထားပေးတာ မရှိခဲ့ဘူးလေ။ အခုလို ချထားပေးတော့ ဘယ်လို သုံးရမယ်မှန်းလည်း မသိဘူးပေါ့။ ပြီးတော့ စာရင်းစစ်ကိုလည်း ကြောက်ရတယ်လေ။ အဲဒီငွေထဲက သိပ်မသုံးရဲလို့ ကျောင်းမိုးမလုံလို့ ပြင်ဖို့တောင်မှ မတင်ပြခဲ့ဘူး။ ဒီနှစ်တော့ ပညာရေးက လိုက်လံ ကြီးကြပ် စစ်ဆေးတဲ့အဖွဲ့က တကယ် အမှန်လုပ်တာ၊ တိတိကျကျနဲ့ စစ်မှန်တဲ့ ဘောက်ချာ အစစ်နဲ့ဆိုရင် ရဲရဲတင်းတင်း သုံးလို့တော့ မှာထားတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ လုပ်သင့် လုပ်ထိုက်တာ၊ ပြင်သင့် ပြင်ထိုက်တာကိုလည်း ပြင်မယ်။ ပြီးတော့ ကလေးတွေ ကျန်းမာရေး အတွက် ကျောင်းနောက်က ချုံနွယ်တွေကို ရှင်းဖို့လည်း အထက်ကို တင်ပြထားပါတယ်"ဟု သာကေတ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း ကျောင်းအုပ် ဆရာမတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၁-၂၀၁၂ ပညာသင်နှစ်မှ စတင်၍ အခမဲ့မူလတန်း ပညာရေးကို စတင်ခဲ့ပြီး ယခုနှစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အခမဲ့ အလယ်တန်း ပညာရေးကို စတင် ဆောင်ရွက်ခဲ့ပြီ ဖြစ်သည်။ အခမဲ့ မူလတန်း ပညာရေး စနစ်တွင် ကျောင်းအပ်နှံခ၊ ဖတ်စာအုပ်၊ ဗလာ စာအုပ်နှင့် ကလေးများကို ခဲတံ၊ ဘောပင် စသည်တို့ကို ဝယ်ယူရန် ငွေကျပ် ၁၀၀၀ နှုန်းကိုလည်း နှစ်နှစ် ဆက်တိုက် ပေးဝေခဲ့ပြီး ယခုနှစ်အခမဲ့ အလယ်တန်း ပညာရေးတွင် ကျောင်းအပ်နှံခနှင့် ကျောင်းသုံး ဖတ်စာအုပ်တို့ကို အခမဲ့ ပေးဝေသည့် အပြင် ပညာသင်နှစ် တစ်ခုလုံးတွင်လည်း ကျောင်းသားနှင့် ကျောင်းသား မိဘများအနေဖြင့် အကုန်အကျခံ ပေးဆောင် သင်ယူရတော့မည် မဟုတ်ကြောင်း သိရသည်။

MOI Webportal Myanma


အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ


၁။       ကျွန်မတို့တွေက နိုးစက်ကိုလိုတာထက် (၁၀)မိနစ်ကြိုပေးတတ်ကြတာတောင်ဘယ်လိုပဲဖြစ်ဖြစ် အိပ်ပျော်သွားမြဲပါပဲ။

၂။       မျက်တောင်ကော့တိုင်းပါးစပ်ဟထားကြတယ်။ ပါးစပ်ပိတ်ဖို့ ကြိုးစားပြန်တော့လည်းမျက်တောင်ကော့ဆေးတွေ စွန်းထင်းကုန်ပါတယ်။

၃။       ကျွန်မတို့ရဲ့ ကြီးမားလှတဲ့ လက်ကိုင်အိပ်ထဲကိုဖုန်းကိုပစ်ထည့်တတ်ကြပါတယ်။အဲဒါနဲ့ ဖုန်းမြည်လာတဲ့အခါဖုန်းကိုရှာမတွေ့လို့ ကမန်းကတန်းဖြစ်တတ်ကြတယ်။

၎။       တစ်ချိန်ချိန်ကျလိုအပ်လာမလားဆိုပြီးလက်ကိုင်အိပ်ကြီးထဲမှာဘယ်တော့မှမသုံးတဲ့ ပစ္စည်းတွေထည့်ပြီးနေရာတကာသယ်သွားတတ်ကြပါတယ်။

၅။       ပစ္စည်းတွေကိုသူ့နေရာနဲ့သူစီကာစဉ်ကာထားတတ်ကြပါတယ်။ ပြီးတော့ ထားတဲ့နေရာမေ့နေတတ်ကြတယ်။

၆။       ခေါင်းပေါ်မှာတင်ထားတဲ့ မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်ပါတယ်။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။

၇။       မှန်ကြည့်တိုင်းစဉ်းစားမိတာတစ်ခုကတော့ ဒီပုံစံလေးဓာတ်ပုံရိုက်ထားရင် လှမှာပဲလို့ပေါ့။

၈။       အလောတကြီးဖြစ်နေတဲ့အခါမျိုးမှာလက်ထဲမှာအခုလေးတင် ကိုင်လိုက်တဲ့သော့ကိုပျောက်ပြီဆိုပြီးလိုက်ရှာနေမိတတ်ကြတယ်။

၉။       ကျွန်မတို့အားလုံးခေါင်းလျှော်ရည် နှစ်မျိုးသုံးမျိုး၊ ကွန်ဒီရှင်နာ (conditioner) အမျိုးမျိုးအပြင် ရေချိုးဆပ်ပြာရည်များစွာရေချိုးခန်းထဲမှာထားတတ်ကြတယ်။

၁၀။     ဘယ်အချိန်အခါမဆိုအပြင်မထွက်ခင် ကိုယ့်ကိုယ်ကိုဘယ်လိုနေလဲဆိုတာမှန်ထဲကြည့်လေ့ရှိကြတယ်။

၁၁။     အဝတ်ဘီရိုထဲမှာအဝတ်အစားတွေပြည့်နက်နေပေမယ့် ဝတ်စရာဘာမှမရှိဘူးဖြစ်နေပြန်တယ်။

၁၂။     အိပ်ယာမဝင် ခေါင်းဖြီးတတ်သေးတယ်။

၁၃။     အများသုံးသန့်စင်ခန်းတွေသွားတဲ့အခါ အတင်းအဖျင်းလေးပြောရအောင် အုပ်စုလိုက်သွားတတ်ကြတယ်။

၁၄။     ဘီယာတွေအားလုံးအရသာတူတူပဲလို့ ထင်နေတတ်ကြတယ်။

၁၅။     ဈေးဝယ်ထွက်တာပဲဖြစ်ဖြစ်၊ အမှိုက်သွားပြစ်တာပဲဖြစ်ဖြစ် လှလှပပဝတ်ဆင်ပြီး၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။

၁၆။     ကျွန်မတို့ အမျိုးသားတစ်ယောက်ကို “ဘာမှမဟုတ်ပါဘူး” လို့ပြောတဲ့အခါ အမှန်တကယ်ကတော့ ဆန့်ကျင်ဘက်ကိုဆိုလိုတာပါ။

၁၇။     ကျွန်မတို့ ဘယ်တော့မှ အမှားမလုပ်ပါဘူး။ အမျိုးသားတွေ စပြီးတောင်းပန်တာကိုပဲစောင့်တာပါ။

၁၈။     ဖြတ်လမ်းကသွားရမှာကိုကြောက်လို့ အမြဲတမ်းရှည်ရှည်ဝေးဝေးလမ်းကပဲသွားလာလေ့ရှိပါတယ်။

၁၉။     ကျွန်မတို့ငိုတဲ့အခါမှာထွေးပွေ့ထားပေးမယ့် တစ်ယောက်ယောက်ကို မြင်စေချင်ကြပါတယ်။

၂၀။     ဖျော်ဖြေရေးအစီအစဉ်တွေကို ကြည့်တဲ့အခါ အမျိုးသားတွေအနေနဲ့တော့ လက်တွေ့ဘဝကနေခဏလွတ်မြောက်မှုကိုရှာဖွေတတ်ကြပါတယ်။ ကျွန်မတို့အမျိုးသမီးတွေကတော့ လက်တွေ့ဘဝအကြောင်းနဲ့တိုက်ဆိုင်လောက်တာတွေကိုစိတ်ကူးရင်ဆန်ဆန် ရှာနေတတ်ကြပါတယ်။

၂၁။     ကျွန်မတို့အားလုံးပိုးကောင်၊ ပင့်ကူ၊ ပိုးဟပ်နဲ့ ကြွက်တွေကိုကြောက်ကြတယ်။

၂၂။     (၃)ရက်ကြာခရီးသွားဖို့အတွက် အဝတ်အစား (၇)စုံပြင်ဆင်လေ့ရှိတယ်။ ဘာဝတ်ရမလဲဆိုတာရွေးချယ်ရအောင်လို့ပါ။

အမျိုးသမီးတွေရဲ့ ရယ်စရာကောင်းတဲ့ အလေ့အထလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးရယ်မောနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။အမျိုးသမီးတွေရဲ့
ရယ်စရာအပြုအမူတွေကိုအောက်ဖော်ပြပါ comment section ကနေလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။

အ​တွေးအခေါ်များကို မျှ​ဝေ​ပေးတယ်​ဆိုတာ ဂရုစိုက်​လို့ပါပဲ။ ​အောက်​ပါ ​Facebook​ SHARE button ​လေးကို တစ်​ချက်​နှိပ်​ပြီး သူငယ်​ချင်း​တွေကို ဘယ်​​လောက်​ဂရုစိုက်​တယ်ဆိုတာ ​ဖော်​ပြလိုက်​ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်​။


ဂန္တဝင် မဂ္ဂဇင်း

ဒေါ်အောင်ဆန်းစုကြည်ကို ကော်မရှင်သတိပေးတာ လုံးဝ သင့်လျော်မှုမရှိလို့ NLD တုံ့ပြန်ပြီ

ရွေးကောက်ပွဲကော်မရှင်



 ရွေးကောက်ပွဲ ကော်မရှင်ဟာ ဥပဒေ ပြဌာန်းချက်များမှာ မပါဝင်တဲ့ တာဝန်တွေကို ထမ်းဆောင်ခွင့် မရှိဘူးလို့ NLD ပါတီက ဇွန်လ ၂ရက်နေ့မှာ ကြေညာချက်ထုတ် ပြန်လိုက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ဟောပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သတိပေးတာဟာ သင့်လျော်မှု မရှိဘူးလို့ တုံ့ပြန်လိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်က မေလ ၂၂ရက်နေ့ ရက်စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လိပ်မူပြီး ပေးပို့ခဲ့တဲ့ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့တဲ့ စကားတွေကို လွဲမှားပြီး ရည်ညွှန်းဖော်ပြထားတယ်လို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ကြေညာချက်မှာ ဆိုပါတယ်။

ပုဒ်မ ၄၅၃ (က)အရ မိမိယုံကြည်ချက်ကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားဖြန့်ဝေနိုင်ခွင့်ရှိနေတာကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ဘောင်ကို ကျော်လွန်နေသည့်သဘော သက်ရောက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ မမှန်ကန်တဲ့အပြင် NLD ဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဥပဒေပါ လုပ်ပိုင်ခွင့်တွေကို သုံးစွဲထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်သူယုံကြည်ကိုးစားပြီး ဂုဏ်သိက္ခာရှိတဲ့ တပ်မတော်ဖြစ်ရေးအတွက် ကောင်းသောရည်ရွယ်ချက်နဲ့ ပြောဆိုချက်ဖြစ်တာကြောင့်
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဝင်ရောက်သတိပေးမှုဟာ လုံးဝ သင့်လျော်မှုမရှိဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Kamayut Media

ဗိုလ်ချုပ်အောင်ဆန်းက ဂျပန်ဖက်ဆစ်တွေကို ခေါ်သွင်းခဲ့တာလား?


ဓာတ်ပုံ ဟောင်ကောင်ကို ဝင်ရောက်သိမ်းပိုက်လာသော ဂျပန်ဘုရင့်တပ်မတော်
(၁၉၄၁ ဒီဇင်ဘာလ)

ဗိုလ်ချုပ်အောင်ဆန်းဂျပန်ကို သွားခေါ်လာတယ်ဆိုလို.ပါ။
-------------------------------------------------------------
အဲဒါကြောင့် သခင်ကိုယ်တော်မှိုင်း " အောင်ဆန်းမင်းပင့်လာတဲ့
ဘုရားတွေမင်းပြန်ပင့်သွားဆိုတော့ " ဗိုလ်ချုပ်အောင်ဆန်းက
သခင်ကိုယ်တော်မှိုင်း ကို"ဆရာကြီး အဲဒီဘုရားတွေက ကျနော်မပင့်လဲ သူ့ဟာသူ ကြွ လာမှာဘဲ"လို့ ပြန် ပြောခဲ့တာ။
--------------------------------------------------------------

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်ဟာ အမွိုင်ကို တရုတ်ထံက အကူ
အညီတောင်းဖို့ ထွက်သွားတာပါ ၊ဟို ရောက်တော့ အမွိုင်ကို ဂျပန်က
သိမ်းထားပြီးပြီ၊ တရုတ်ထံက အကူအညီတောင်းဖို့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်အမွိုင်မှာ ရှိနေတယ် ဆိုတာကို မြန်မာပြည်တွင်း က ဂျပန် စပိုင်တွေကလှမ်းပြောတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗိုလ်ရန်အောင်ကို
ဂျပန်တွေက တိုကျို မြို့ ဂျပန်ဘုရင် စစ်ဌာနချုပ်ကို ခေါ်သွားပြီးတော့
မြန်မာပြည်စစ်ဆင်ရေးစီမံကိန်းကို ပြတာစစ်ဆင်ရေးမှာ ဖြတ်သန်းမယ့်
မြစ်မပြောနဲ့ချောင်း တွေမှာတောင် ရေစူး ဘယ်လောက်ရှိတယ်ဆိုတာ ဂျပန်ကသိပြီးသား၊ဂျပန်နဲ့မပေါင်းလဲ ဂျပန်ကဝင်တိုက်မှာဘဲ ၊ဗိုလ်ချုပ်
အောင်ဆန်းနဲ့ ဗိုလ်ရန်အောင် မပေါင်းဘူးလို့ပြောရင် ဖြောင် ဖို့တောင်
စီစဉ်ထားပြီးသားပါ။

အဲဒါကြောင့် သခင်ကိုယ်တော်မှိုင်း " အောင်ဆန်းမင်းပင့်လာတဲ့ ဘုရားတွေမင်း ပြန်ပင့်သွားဆိုတော့ " ဗိုလ်ချုပ်အောင်ဆန်းကသခင်
ကိုယ်တော်မှိုင်း ကို"ဆရာကြီး အဲဒီဘုရားတွေက ကျနော်မပင့်လဲ
သူ့ဟာသူ ကြွ လာမှာဘဲ"လို့ ပြန် ပြောခဲ့တာ။

(ဒေါက်တာသန်းထွန်းက အဲဒါကြောင့်ပြောတာသမိုင်းမသိရင် "အ"တယ်လို့)

The Japanese knew little about Burma at the time and had few contactswithin the country. The top Japanese agent in the country was Naval Reservist Kokubu Shozo, who had been resident there for several years and had contacts with most of the anti-British political groups. Suzuki visited Burma secretly in September 1940, meeting with political leaders Thakin Kodaw Hmaing and Thakin
Mya. The Japanese later made contact with a Burmese student
activist in China named Aung San. Aung San had left Burma in 1940 and had entered China in an attempt to make contact with communists in the country.He reached Amoy, where he was detained by Suzuki.

ရေးသားတင်ပြသူ-ဧရာထွဏ်း
 
Tomorrow