9 Jul 2014

အ၀တ်အစားမဲ့တဲ့ မော်လ်ဒယ်မလေးများ ခန္ဓာပေါ်မှာ ဆေးရောင်ခြယ်တဲ့ ပွဲ

 
ခန္ဓာကိုယ် ဆေးရောင်စုံခြယ် (Body-painting) ခြင်းဟာ ကမ္ဘာ့ ထင်ရှားတဲ့ အနုပညာတစ်ခုဖြစ်လာနေပါပြီလို့ ပြောရတော့မှာဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးရဲ့ အ၀တ်အစားမဲ့တဲ့ ခန္ဓာကိုယ်မှာ ဆေးရောင်စုံ ခြယ်ရတာမို့ အမြင် တစ်မျိုးဆန်းနေပေမယ့် သြစတြီးယားနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာ့ ခန္ဓာကိုယ် ဆေးရောင်စုံခြယ် အလှပြိုင်ပွဲကို နိုင်ငံပေါင်း (၄၇) နိုင်ငံက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ပြိုင်ပွဲကို သြစတြီးယားနိုင်ငံရှိ သေးငယ်တဲ့ ရွာကလေးမှာ ပြုလုပ်ခဲ့ပေမယ့် ပြိုင်ပွဲဝင်တွေရဲ့ အံ့အားသင့်စရာ ကောင်းလောက်တဲ့ အနုပညာစွမ်းအားကို မြင်တွေ့ခဲ့ရတာမို့ ချီးကျူးခြင်းခံခဲ့ရပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ ရေးဆွဲ ထားတဲ့ ပန်းချီတွေဖြစ်ပေမယ့် သက်ဝင်လှုပ်ရှားနေတာမို့ စိတ်ဝင်တစ်စားအားပေးခြင်းကို ရရှိခဲ့ပါတယ်။ ပန်းချီပညာရှင်တွေက လူသားတွေကို ကင်းဗတ်စပေါ်မှာ ရေးဆွဲသလိုမျိုး ပုံဖော်သွားခြင်းဖြစ်ပါတယ်။ 


သရုပ်ပြခဲ့တဲ့ မော်ဒယ်တွေရဲ့ ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အချိုး အစားက လည်း ဆွဲထားတဲ့ ပန်းချီကို ပိုရုပ်လုံးပေါ်စေခဲ့ပါတယ်။ ဂေးရှားမယ်၊ စူပါဟီရိုး၊ ရေသူမ ပုံစံတွေကို အများဆုံး သရုပ်ဖော်ပြသွားကြပြီး ဆုတွေပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကို (၁၇) ကြိမ်မြောက် အဖြစ် ကျင်းပခြင်းဖြစ်ပြီး ဓာတ်ရောင်ခြည် ကာကွယ်မှုကို အလေးထားဖို့ ကျင်းပပြုလုပ် ခဲ့ခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။ ခန္ဓာကိုယ်ဆေး ရောင်ဆုံခြယ်သခြင်း အနုပညာကို ပုံစံအမျိုးမျိုးနဲ့ ပြသနေကြပြီး နယူးယော့ခ်မှာရှိတဲ့ ဖရီးဒန်းတာဝါ၊ အင်ပါယာစတိတ် အဆောက် အဦး၊ စင်ထရယ်ပန်းခြံ၊ ဘရွတ်ကလင်းတံ တားတို့ကို နောက်ခံထားပြီး ခန္ဓာကိုယ်ဆေးရောင်ခြယ်သမှုကို ပြသခဲ့ခြင်းဖြစ်ပြီး ထူးခြားတဲ့ခံစားမှုကို ဖြစ်ပေါ်စေတယ်လို့ ထရီနာမာရီ ကဆိုခဲ့ပါတယ်။
From: The Messenger


Facebook ပေါ်က အမုန်းစကားတွေကို စိစစ်မည်

 

ဘာသာရေး၊ လူမျိုးရေး ကွဲပြားမှုတွေအပေါ် အခြေခံပြီး အကြမ်းဖက်မှုတွေ ဖြစ်အောင် သွေးထိုး လှုံဆော်တဲ့ သတင်း အချက်အလက်တွေ မပျံ့နှံ့အောင် ထိန်းချုပ်ဖို့ အင်တာနက် လူမှုကွန်ရက်ဖြစ်တဲ့ Facebook နဲ့ မြန်မာအစိုးရ သဘောတူညီချက် ရရှိခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီလိုစောင့်ကြည့် ထိန်းချုပ်မယ့် အစီအစဉ်ကြောင့် သတင်းလွတ်လပ်ခွင့် အပါအ၀င် အခြေခံ အခွင့်အရေးတွေ အပေါ် ကန့်သတ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်း ထားတဲ့ မဆုမွန် ကပြောပြပေးမှာ ဖြစ်ပါတယ်။


မန္တလေးမြို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဆူပူအကြမ်းဖက်မှုတွေ ဖြစ်ပွားရာမှာ သွေးထိုးလှုံ့ဆော်တဲ့ သတင်းစကားတွေ ပျံ့နှံ့ခဲ့တယ်လို့ဆိုတဲ့ Facebook အင်တာနက် စာမျက်နှာတွေကို အခုအခါ စောင့်ကြည့်ထိန်းချုပ်သွားဖို့ မြန်မာအစိုးရနဲ့ သဘောတူလိုက်တာဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီ၊ အိုင်ယာလန်နဲ့ စင်ကာပူ အခြေစိုက် Facebook တာဝန်ရှိသူတွေနဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေကြား မကြာသေးခင်ကပဲ ဆွေးနွေးခဲ့ကြပြီး အခုလို သဘောတူညီချက် ရရှိခဲ့ကြတာလို့လည်း မြန်မာသမ္မတရုံး အကြီးတန်းအရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။


“လတ်တလော လှုံ့ဆော်မှုတွေ၊ ကောလဟာလတွေ အဲ့ဒါတွေ အမြန်ဆုံး ပျံ့နှံ့တာတွေ ကျဆင်းသွားအောင် ဘယ်လိုလုပ်မလဲ။ Facebook ရဲ့ ပေါ်လစီက ဘယ်လိုဘယ်လိုရှိတယ် အဲ့ဒါမျိုးတွေ ဆွေးနွေးပြီးတော့ လုပ်လိုက်ပါတယ်။ လုပ်လိုက်တော့ အဲ့ဒါက ချက်ချင်းပဲ အသက်ဝင်ပြီးတော့ လုပ်ပေးပါတယ်။ သူတို့ဘက်ကလည်း ဘာပြဿနာရှိလဲဆိုတော့ Facebook မှာက မြန်မာဘာသာစကားနဲ့ status တွေ တင်တဲ့အခါမှာ ဘယ်ဟာက hate speech လဲ၊ ဘယ်ဟာက သွေးထိုးသလဲ၊ ဘယ်ဟာက သတင်းမှားလဲ အဲ့ဒါကို ခွဲခြားဖို့ ခက်တယ်ပေါ့နော်။ ခက်တော့ကျတော့ Facebook မှာလည်း မြန်မာဘာသာစကား ကျွမ်းကျင်တဲ့ ၀န်ထမ်းတယောက် ခန့်ပြီးတော့ သူတို့ monitoring လုပ်တဲ့ လုပ်ငန်းကို ပေးထားပါတယ်။ ကျနော်တို့နဲ့ ပြောပြီးတော့ တပြိုင်တည်းမှာပဲ သူတို့ ၂၄ နာရီပေါ့နော် အဲ့လိုထားပြီးတော့ ဒီနိုင်ငံကဟာကို စောင့်ကြည့်ပြီးတော့ သူတို့ ဖြုတ်ဖို့ လုပ်ပေးပါတယ်။”


သဘောတူညီချက် ရရှိပြီးပြီးချင်းဆိုသလို၊ Facebook account မမှန်မကန် ဖွင့်ထားတာတွေကို စိစစ်ကန့်သတ်တာတွေ လုပ်ခဲ့တယ်လို့လည်း မြန်မာသမ္မတရုံး တာဝန်ရှိသူက ပြောဆိုခဲ့တာပါ။ သွေးထိုးလှုံ့ဆော်တဲ့ သတင်းအချက်အလက်တွေကို ကန့်သတ်ထိန်းချုပ်ရာမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ သတင်းလွတ်လပ်ခွင့်တွေကို ထိခိုက်တာမျိုး ဖြစ်လာမှာ စိုးရိမ်တယ်လို့လည်း မြန်မာ ICT ဖွံ့ဖြိုးရေးအဖွဲ့ (MIDO) ရဲ့ အမှုဆောင်ဒါရိုက်တာ ဘလော့ခ်ကာ နေဘုန်းလတ် က ပြောပါတယ်။

“အစိုးရရယ်၊ Facebook ရယ်ပဲ မကဘဲပေါ့ဗျာ အစိုးရလူတွေလည်းပါမယ်၊ Facebook က လူတွေလည်း ပါမယ်။ အခြား ဒီ နည်းပညာရှင်တွေ၊ အတတ်ပညာရှင်တွေလည်း ပါမယ်။ အဲ့လိုမျိုး independence ဖြစ်တဲ့ လွတ်လပ်တဲ့ body တခုကနေပြီးတော့ ဒါမျိုးကို လုပ်တယ်ဆိုရင်တော့ အဲ့ဒါ ပိုပြီး သင့်တော်မယ်ထင်တယ်။ Online ပေါ်မှာ အမုန်းတရားဖြန့်ပြီးတော့ ဒီ လှုံ့ဆော်မှုတွေ လုပ်နေတာတွေက ဆိုးရွားလွန်း အားကြီးတယ်။ အခုအချိန်မှာတော့ ကျနော်ကတော့ ဒါကို ကြိုဆိုတယ်။ နောက်ပိုင်းတွေမှာ ဒီလို စောင့်ကြည့်တဲ့ကိစ္စတွေက နိုင်ငံရေးသမားတွေကို နှိပ်ကွပ်တာမျိုး၊ Freedom of Expression ကို ထိခိုက်တာမျိုး ဖြစ်လာမယ်ဆိုရင်တော့ ဒါဆိုရင်တော့ ဒါ တမျိုး ပြန်ပြီး တုံ့ပြန်ရင် တုံ့ပြန်ရမှာပေါ့။ အခုအချိန်မှာတော့ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။”


Facebook ပေါ်မှာ သွေးထွေးလှုံ့ဆော်တဲ့ လုပ်ရပ်တွေကို ထိန်းချုပ်မယ် ဆိုပေမဲ့ နည်းပညာ ဖွံ့ဖြိုးမှုမှာ နိမ့်ကျနေဆဲ မြန်မာနိုင်ငံ အနေနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေဆဲပါ။ ဒါကြောင့်လည်း ထိန်းချုပ် ကန့်သတ်မှုတွေမှာ အရည်အချင်း ပြည့်ဝတဲ့ ကျွမ်းကျင်သူတွေ အကူအညီနဲ့ လုပ်ဖို့လိုမယ်လို့ မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်များအသင်း (မန္တလေး)ရဲ့ နာယက ဦးရဲမြတ်သူက မြင်ပါတယ်။

“ကျနော်တို့ ကြောက်တာက Hate Speech ဖြန့်တဲ့လူတွေကို လိုက်ကာကွယ်နိုင်တယ် ဆိုရင်တော့ ကျနော်တို့က လက်ခုပ်တီး ပေးရမှာပေါ့။ Hate Speech ကို မကာကွယ်ဘဲနဲ့ Hate Speech က သူတို့ဟာသူတို့ လွှင့်ချင်တာတွေ လွှင့်ပြီးတော့၊ အဲဒီလွှင့်နေတဲ့ ဟာတွေကိုပဲ ကျနော်တို့ဘက်က လိုက်ပြီးတော့ မဟုတ်ပါဘူး ပြောတဲ့လူတွေကို လိုက်ကာတယ် ဆိုရင်တော့၊ ဒီကောင်က ဓားသွားက ပြောင်းပြန်နဲ့ ကျနော်တို့ကို လာထိမှာပဲ။ ဆိုတော့ အဲဒီဟာမျိုး ဖြစ်မယ် - မဖြစ်ဘူးဆိုတဲ့ ကိစ္စက သူတို့လက်ထဲမှာရှိတဲ့ အာဏာကို သူတို့အလွဲသုံးစား လုပ် - မလုပ် ဆိုတာနဲ့ပဲဆိုင်တယ်၊ အောင်မြင်မှု မအောင်မြင်မှု ဆိုတဲ့ကိစ္စက။ Hate Speech ကတော့ အခုရှာလို့ မရတဲ့ ကိစ္စကတော့ technology ရလာရင် ရှာလို့ရလာမှာပဲ။ ဒါပေမဲ့ အဲဒီ technology ရလို့ ရှာလို့ရရင် သူဘယ်လို ဆုံးဖြတ်မလဲ ဆိုတဲ့ကိစ္စက သူ့ကိစ္စ ဖြစ်သွားပြီ။”


မြန်မာသမ္မတရုံး အကြီးတန်းတာဝန်ရှိသူကတော့ နည်းပညာ ဖွံ့ဖြိုးမှုတွေ အားနည်းနေဆဲ မြန်မာနိုင်ငံမှာ Facebook အပါအ၀င် အင်တာနက် သုံးစွဲသူတွေ အနေနဲ့ လိုက်နာရမယ့် ကျင့်ဝတ်တွေကို သဘောပေါက်ဖို့ ရည်ရွယ်ပြီး ဒီလထဲမှာပဲ ရန်ကုန်မြို့က MICT မှာ နှီးနှောဖလှယ်ပွဲတခု ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

“သူတို့ဆီက Facebook ရဲ့ ပေါ်လစီပေါ့နော်၊ အဲဒီမှာ ကျနော်တို့က ဘယ်လိုမျိုး လိုက်နာရမလဲ စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ထားတဲ့ အပေါ်မှာ ကျနော်တို့က ဒီဘက်က ကျယ်ကျယ်ပြန့်ပြန့် မသိကြဘူး။ နောက်တချက်က ဒီဘက်က Facebook ကို ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချခဲ့သလဲဆိုတဲ့ Success Story တွေပေါ့နော်၊ တခြားနိုင်ငံတွေမှာလည်းရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ဒီဘက်ကို မြန်မာပြည်သူလူထု၊ အထူးသဖြင့် လူငယ်တွေပေါ့နော်၊ Facebook ကိုသုံးတဲ့ လူငယ်တွေနဲ့ ဘယ်လိုရောက်အောင် ဒီ Message ကိုပေးမလဲ၊ awareness ပေးမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆွေးနွေးတော့၊ ကျနော်တို့ မြန်မာနိုင်ငံမှာပဲ Facebook နဲ့ Google နဲ့က လာပြီးတော့ ဒီဟာကို အသုံးပြုတဲ့ လူငယ်တွေပေါ့နော်၊ အထူးသဖြင့်ကတော့ IT အသုံးပြုတဲ့လူတွေ Facebook အသုံးပြုတဲ့ လူငယ်တွေနဲ့ တွေ့ဆုံပြီးတော့၊ အပြန်အလှန် ဆွေးနွေးတဲ့ဟာလေးတခု လုပ်မယ် ဆိုပြီးတော့ စီစဉ်ထားပါတယ်။”


မန္တလေးမြို့မှာ လူ ၂ ဦးအထိ သေဆုံးခဲ့ရတဲ့ ဆူပူအကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က မိန့်ခွန်းပြောရာမှာတော့ သွေးထိုးလှုံ့ဆော်မှုတွေကို လက်ခံမှာ မဟုတ်တဲ့အကြောင်းနဲ့ သတင်းမီဒီယာတွေ အနေနဲ့လည်း အမုန်းစကားတွေ ပျံ့နှံ့စေမယ့် ဖော်ပြချက်တွေ မလုပ်ကြဖို့ကို သတိပေးထားပါတယ်။

မဆုမွန် / ဗွီအိုအေ (မြန်မာပိုင်း)


8 Jul 2014

မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...

 
 
အငိုလွယ်သူတွေ ဖြစ်ကြပေမယ့်...
ယောက်ျားတစ်ယောက် ငိုနေပြီဆိုရင်တော့ အံကြိတ်ပြီး ဖြေသိမ့်ပေးနိုင်ကြပြန်တယ် ...။

တစ်ခုခုဆို အားငယ်တတ်လွန်းကြပေမယ့်...
တကယ်အခက်ခဲ ကြုံလာပြီဆိုရင်တော့
ယောက်ျားရင့်မာကြီးတွေအတွက် အားအင် ဖြစ်စေပြန်တယ် ...။

နှုတ်ခမ်းပါးနောက်က လျှာဖျားလေးက ၂ ကျပ်သားလောက်သာ ရှိပေမယ့်...
လက်ဝှေ့ချံပီယံ တစ်ယောက်လောက်တော့ သာသာလေး အလဲထိုးနိုင်ပြန်တယ် ...။

ကြောက်စိတ်ကြောင့် အရာတော်တော်များများမှာ တွေဝေနေတတ်ကြပေမယ့်...
ဆုံးဖြတ်ပြီးရင်တော့ ရဲရင့်ပါတယ်ဆိုတဲ့
ယောက်ျားတွေထက် စိတ်ဓါတ်ခိုင်မာနေတတ်ပြန်တယ် ...။

များသောအားဖြင့် ယောက်ျားတွေထက် ဥာဏ်ရည် နိမ့်ကြပေမယ့်...
တစ်ခါတစ်ရံ ဘယ်သူမှ မတွေးခေါ်နိုင်တဲ့
အတွေးအခေါ်တွေ သယ်ဆောင်လာတတ်ကြပြန်တယ် ...။

လေးလံတဲ့ အရာတွေ မသယ်နိုင်ကြပေမယ့်...
ပေါင် ၁၀၀ ကျော်ဖြစ်လာမယ့်
ယောက်ျားတစ်ယောက်မကကို (၉)လလောက် ဗိုက်ထဲ
ထည့်ထားနိုင်ပြန်တယ် ...။

အားနွဲ့လွန်းကြပေမယ့်...
သန်မာတဲ့ ယောက်ျားတွေကို ငိုငိုပြီး မွေးထုတ်ပေးနိုင်ပြန်တယ် ...။

မိန်းမတွေဟာ ထူးဆန်းလွန်းပါတယ် ...။

by သူရနိုင်
 

စိတ်ကျန်းမာရေး ကောင်းမွန်နေဖို့ လိုတယ်



လူတော်တော်များများဟာ ရုပ်ပိုင်းဆိုင်ရာကိုသာ ပြင်ဆင်ပြီး အောင်မြင်အောင်ကြိုးစားကြတယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့
အမြဲကျရှုံးတတ်လေ့ ရှိပါတယ်။ ကျရှုံးတာဟာ ပြင်ဆင်လိုခြင်း အလျဉ်းမရှိလို့ ပါပဲ။ ဘယ်အရာမှ အမြဲတမ်းကောင်းမနေ
နိုင်တဲ့အတွက် ပျက်တဲ့နေရာလေးကို သတိထားပြီး ပြင်ဆင်နေဖို့ လိုပါလိမ့်မယ်။

စိတ်ပိုင်းဆိုင်ရာမှာ အဖျက်တွေများတဲ့အခါ ရုပ်ပိုင်းက ပျက်လာနိုင်ပါတယ်။ လျှောက်နေတဲ့ ခရီးလမ်းမှာ ကျောပေါ်မှာ
ပါလာတဲ့ ပစ္စည်းတွေ ဘယ်လောက်လေးလေး စိတ်ခွန်အားကောင်းရင် လိုရာခရီးရောက်နိုင်ပါသေးတယ်။ စိတ်ခွန်အား
လျော့နည်းတဲ့အခါ ကိုယ်ပေါ်မှာ ဘာပစ္စည်းမှ မပါရင်တောင် ခရီးဆက်ဖို့ မဖြစ်နိုင်ပေ။

ဒီတော့ ဘ၀က တည်ငြိမ်စွာနဲ့ ပုံမှန် လျှောက်လှမ်းဖို့  ဘယ်ဖြစ်နိုင်ပါ့မလဲ။ ကြုံလာတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ
ဟာ မိမိအတွက် မေးခွန်းတွေပါ။ ဒါတွေကို အောင်မြင်အောင် ဖြေဆိုဖို့  စိတ်ကျန်းမာရေး ကောင်းမွန်နေဖို့ လိုတယ်။ စိတ်
မကျန်းမာရင် ကျရှုံးနိုင်တယ်။

True Man
 

လူတစ်ယောက်ကို စကားပြောတော့မယ် ဆိုရင်


လူတစ်ယောက်ကို စကားပြောတော့မယ် ဆိုရင်

(၁) တစ်ပါးသူ၏ မျက်နှာအရိပ်အခြေကို ကြည့်ပါ။
(၂) ချိုချိုသာသာပြောပါ။
(၃) တစ်ခြားသူ အလွယ်တကူ နားလည်စေမယ့် စကားလုံးမျိုးကို သုံးပါ။
(၄) စကားကို မြန်မြန် မပြောမိပါစေနဲ့။
(၅) မလိမ်ညာမိပါစေနဲ့။
(၆) ကျယ်လောင်စွာ ပြောဆိုခြင်းမျိုး မလုပ်မိပါစေနဲ့။
(၇) သူပြောမယ့် စကားကို လုပြီးမပြောမိပါစေနဲ့။

credit to Zawgyi Mgmg
 

ရာသီ ပန်းများ


ရာသီ ပန်းများ

1. တန်ခုးလ ကံ့ကော်ပန်း ၊ ပိတောက်
2. ကဆုန်လ စကားဝါပန်း
3. နယုန်လ စံပယ်ပန်း
4. ၀ါဆိုလ ပုန်းညက်ပန်း
5. ၀ါခေါင်လ ခတ္တာပန်း
6. တော်သလင်းလ ယင်းမာပန်း
7. သီတင်းကျွတ်လ ပဒုမ္မာကြာစတဲ့ ရေတွင် ပွင့်သော ပန်းများ
8. တန်ဆောင်မုန်းလ ခ၀ဲပန်း
9. နတ်တော်လ နတ်ပန်း ခေါ် သဇင်ပန်း
10. ပြာသိုလ ခွာညိုပန်း
11. တပို့တွဲလ ပေါက်လဲပန်း
12.တပေါင်းလ သရဖီပန်း
 
credit to Zawgyi Mgmg
 

“ငါက သာမန်လူမဟုတ်ဘူး“

Photo: “ငါက သာမန်လူမဟုတ်ဘူး“

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။
….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။
မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။
ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။
 
 
“ငါက သာမန်လူမဟုတ်ဘူး“

ဘ၀ခရီးသည် အပြေးပြိုင်ပွဲကြီးတစ်ခုနှင့်တူလေသည်။ ပွဲအစတွင်အားလုံးဝင် ပြေးကြသည်။ ခရီးတစ်ဝက် ခန့်တွင်မူ အချို့သည် ဘေးထွက်ထိုင်သွားကြသည်။ ထို့နောက် ပါဝင်သူ တစ်စတစ်စ လျှော့နည်းလာ သည်။ နောက်ဆုံးတွင် တစ်ချို့က ချန်ပီယံဖြစ်သည်။ တစ်ချို့က ဒုတိယ၊ တစ်ချို့က တတိယ တစ်ချို့က နှစ်သိမ့်ဆု တစ်ချို့က ဇွဲဆု စသည်ဖြင့်ရကြသည်။ အတော်များများသည်ကား “သူလည်းပဲ ၀င်ပြေးတာ ကိုး“ ဟူ၍သာ မှတ်ချက်ချခံရလေသည်။

….
စာရေးဆရာကြီးတစ်ဦး ဆိုထားခြင်းဖြစ်ပါသည်။ ထိုစာရေးဆရာကြီးဆိုခဲ့သလို ကျွန်တော်တို့အားလုံးသည် ဘ၀အရီးကို အတူတူ စခဲ့ကြခြင်းဟုဆိုနိုင်ပါသည်။ သို့သော်လူတစ်ဦးနှင့် တစ်ဦး ကံ၊ဥာဏ်၊၀ိရိယ တော့ မတူကြချေ။ အချို့က Nike အပြေးဖိနပ် အကောင်းစားနှင့် စပြေးနိုင်ခဲ့သလို အချို့က ရိုးရိုး ကင်းဘတ်ဖိနပ် သာစီးနိုင်လေသည်။ အချို့က မပြေးခင် အားဖြည့် အချိုရည်များ သောက်သုံးနိုင်လေသည်။ စသဖြင့်တော့ ကွဲပြားကြလေသည်။ ယျေဘူယျအားဖြင့်သော ထို အစဦးအခြေအနေသည် ပြိုင်ပွဲကို လုံးဝ အဆုံးအဖြတ် ပေးနိုင်ခြင်းမရှိပါ။

မည်သို့ပင်ဖြစ်စေကာမူ ကျွန်တော်တို့သည် ချန်ပီယံဖြစ်ချင်ကြလေသည်။
သို့သော် အမှန်တကယ် ချန်ပီယံဖြစ်သူများသည် လူအုပ်ကြီးထဲတွင် လူနည်းစုသာ ဖြစ်လေသည်။
လူငယ်တော်တော်များများသည် မိမိကိုယ်မိမိ အထင်ကြီးတတ်ကြလေသည်။ “ငါက သာမန်လူမဟုတ်ဘူး“ ဟု သူများထက်သာသည့်သူ သူများထက်ကောင်းသည့်သူ ဟု ထင်တတ်ကြလေသည်။ 
 
သို့သော်လည်း တော်တော်များများသည် လူထဲက လူတစ်ယောက်သာဖြစ်လေသည်။ နောက်ဆုံးတစ်ဖြည်းဖြည်းမှ မိမိလည်း သာမာန်လူတစ်ယောက် ပါလားဟု သဘောပေါက် လာကြလေသည်။ “အော် သူလည်းပဲ ၀င်ပြေးတာကိုး“ ဟုသော မှတ်ချက်ဖြင့်သာ ကျေနပ်ရ လေသည်။

ချန်ပီယံဖြစ်ချင်လျှင်မူ သာမာန်အားထုတ်မှု့မျိုးဖြင့်တော့ မရပါ။ ကံ၊ဥာဏ်၊၀ိရိယ သူများထက်သာရပါမည်။
 
မိုးတိမ်ညို
ဖေဖ၀ါရီ၊၂၀၀၉။

ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်


ကလိုဆေး ကမ္ဘာ့ဖလားသွင်းဂိုး စံချိန်သစ်တင်

ဘရာဇီးနှင့်ပွဲစဉ်တွင် ထပ်ဆင့်ကန်ချက်ဖြင့် ဒုတိယဂိုး သွင်းယူခဲ့သည့် ဂျာမနီတိုက်စစ်မှူး ကလိုဆေးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားသည့် ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို၏ စံချိန်ကို ချိုးဖျက်နိုင်ခဲ့သည်။ ရော်နယ်ဒိုသည် (၁၉၉၈)ခုနှစ်မှ (၂၀၀၆)ခုနှစ်အတွင်း ကမ္ဘာ့ဖလား ပြိုင်ပွဲ(၃)ရပ် ကစားပြီး ဘရာဇီးအတွက် (၁၅)ဂိုး သွင်းယူနိုင်ခဲ့ကာ ကလိုဆေးမှာ (၂၀၀၂)ခုနှစ်မှ လက်ရှိကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကမ္ဘာ့ဖလားပြိုင်ပွဲ (၄)ရပ် ကစားရာတွင် ၁၆ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပိုလန်တွင် မွေးဖွားခဲ့သည့် ဂျာမနီ တိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တစ်ပွဲပျမ်းမျှ သွင်းဂိုး (၁.၀၆)ဂိုးအထိ သွင်းယူနိုင်သူအဖြစ် ရပ်တည်နေသည်။

@z (ရိုးရာလေး)

ခေါင်းဆောင်နှင့် ခေါင်းရှောင်

JOB seekers Journal Vol.2,No.52

အဖွဲ့အစည်းတစ်ခုရဲ့ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းတွေ အားလုံး ဟာ ခေါင်းဆောင်မှုအပေါ်မှာ အဓိကမူတည်နေတယ်လို့ ခေါင်းဆောင် မှု ဟောပြောသူ ဆရာကြီး ဂျွန်မက်စ်ဝဲလ်က ဆိုပါတယ်။ အဖွဲ့အစည်းတိုင်း အတွက်အဓိကအရေးကြီးဆုံးအချက်မှာ ခေါင်းဆောင်ပဲဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေလည်း ထွက်ပေါ်လာတတ်ပါ တယ်။ ခေါင်းဆောင်ကောင်းနဲ့ နောက်လိုက်ကောင်းတွေ ရှိနေတဲ့ အဖွဲ့အစည်းဟာဆိုရင်လည်း အရှိန်အဟုန်ပြင်းစွာ တိုးတက် ဖွံ့ဖြိုးမှုတွေကို ဖြစ်စေပါတယ်။
အဖွဲ့အစည်းတိုင်းမှာ ခေါင်းဆောင်မှုပေးနိုင်တဲ့ ခေါင်းဆောင်ကောင်းတွေရှိတတ်သလို တစ်ချို့အဖွဲ့အစည်းတွေမှာတော့ ခေါင်းဆောင်လို့ မိမိကိုယ်ကို ခံယူ ထားတဲ့ ခေါင်းဆောင်မဟုတ်သူတွေကိုလည်း တွေ့ရတတ်ပါတယ်။ 
 
အဖွဲ့ အစည်းတစ်ခုမှာ ရာထူးကြီးရုံနဲ့ ခေါင်းဆောင်လို့ မသတ်မှတ်နိုင်ပါဘူး။ ကိုယ့်လက်အောက်မှာ ကိုယ်စေခိုင်းညွှန်ကြားနိုင်တဲ့လူတွေရှိတိုင်း ခေါင်းဆောင် လို့ မသတ်မှတ်နိုင်ပါဘူး။ ခေါင်းဆောင်မှု အရည်အချင်းတွေနဲ့ ပြည့်စုံပြီး အဖွဲ့ အစည်းကို ပန်းတိုင်ရောက်အောင် စွမ်းဆောင်နိုင်မှသာ ခေါင်းဆောင် ဖြစ်မှာပါ။


တကယ်တော့ ခေါင်းဆောင်မှုဆိုတာ အာဏာပါဝါရှိရုံနဲ့ မသက်ဆိုင်ပါဘူး။ အစစ်အမှန်ဟာ “သြဇာပါဝါ” ရှိတာနဲ့သာ သက်ဆိုင်တာ ဖြစ်ပါတယ်။ “အာဏာ ပါဝါ” ရှိပြီး “သြဇာပါဝါ” မရှိရင် ခေါင်းဆောင် အစစ်မဖြစ်နိုင်ပါဘူး။ လုပ်ငန်းတစ်ခု ရဲ့ အကြီးအကဲသက်သက်သာ ဖြစ်မှာပါ။ ရာထူးအာဏာရလာရင်တော့ ဘယ်သူ မဆို အကြီးအကဲ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ခေါင်းဆောင်ဖြစ်ဖို့ဆိုရင်တော့ ရာထူးအာဏာထက် ခေါင်းဆောင်မှု အရည်အသွေးနဲ့ စိတ်နှလုံးသားမြင့်မြတ် မှုပေါ်မှာ အများကြီးမူတည်ပါတယ်။


ခေါင်းဆောင်မှန်ရင် တာဝန်ယူမှု အပြည့်ရှိရပါမယ်။ တချို့သော ခေါင်းဆောင်လုပ်နေသူတွေကတော့ တာဝန်ယူမှုထက် အခွင့်အရေး ယူမှု ကိုသာ ဦးစားပေးတတ်တယ်။ ဒီလို ဦးဆောင်သူမျိုးဟာ ခေါင်းဆောင် မဟုတ်ပါဘူး။ တာဝန်ကို ရှောင်ပြီး အခွင့်အရေးကိုသာ ယူတတ်လို့ သူတို့ကို “ခေါင်းရှောင်”လို့သာ ခေါ်ပါတယ်။ ဒီနေရာမှာ ခေါင်းဆောင် နဲ့ ခေါင်းရှောင် ဘာတွေကွာခြားသလဲဆိုတာ သိရှိဖို့လိုအပ်ပါတယ်။


“ခေါင်းဆောင်” ဟာ တာဝန်ယူတတ်တယ်။ “ခေါင်းရှောင်”ဟာ အခွင့် အရေး ယူတတ်တယ်။ “မှန် နဲ့ ပြတင်းပေါက်” ဆိုတဲ့ သာဓကလေး တစ်ခုကို ကြားဖူးပါတယ်။ အဖွဲ့အစည်းတစ်ခု အောင်မြင်တိုးတက်လာရင် “ခေါင်းရှောင်” ဟာ မှန်ကြည့် တတ်တယ်တဲ့။ မှန်ကြည့်တော့ သူ့မျက်နှာ သူမြင်ရတာပေါ့။ အဖွဲ့အစည်းတိုးတက်လာတာ “ငါ့ကြောင့်ကွ” လို့ အမှတ်ယူတတ်တယ်။ သူက အဖွဲ့အစည်းတိုးတက်နေရင်သာ အမှတ်ယူတတ်တာ။ အဖွဲ့ အစည်းအခက် အခဲနဲ့ ပြဿနာတွေကြုံနေပြီဆိုလို့ရှိရင် တာဝန်မယူချင်တော့ဘူး။ ဒီအခါ သူကမှန် ကိုမှောက်ထားပြီး ပြတင်း ပေါက်ကို ဖွင့်ကြည့်ပါတယ်။ ပြီးရင် တွေ့သမျှလူကို တာဝန်လွှဲချလေ့ ရှိတတ်ပါတယ်။ အပြစ်ပုံချလေ့ရှိတတ်ပါတယ်။


ခေါင်းဆောင်ဆိုတာကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အဖွဲ့ အစည်း အောင်မြင်တိုးတက်လာရင် ခေါင်းဆောင်က ပြတင်းပေါက်ကြည့်တယ်။ လူတွေကို အားပေးဂုဏ်ပြုတယ်။ အခုလို အောင်မြင်လာတာ မင်းတို့ကြောင့်လို့ ချီးကျူးတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာ တွေ ကြုံလာပြီဆို ရင် ခေါင်းဆောင်ဟာ မှန်ကိုကြည့်ပါတယ်။ ငါ့အဖွဲ့ အတွက် ငါ့မှာ တာဝန်အပြည့် ရှိတယ်ဆိုတာ အမှတ်ရအောင်ပေါ့။ ဒါမှ ခေါင်းဆောင်အစစ်ဖြစ်မှာပါ။ ပြဿနာကြုံ လို့ ခေါင်းရှောင်ပြီး တာဝန်ကို သူများအပေါ် ပုံချတတ်တာ ဟာ ခေါင်းရှောင်ကောင်းတွေ လုပ်လေ့ရှိတဲ့ အချက်ပါ။


အဖွဲ့အစည်းကို ဦးဆောင်တဲ့နေရာမှာ ခေါင်းဆောင်မှု ပုံစံလေးတွေ (Leadership Style) အမျိုးစုံရှိပါတယ်။ ခေါင်းဆောင်ကောင်းတိုင်းဟာ လည်း ကိုယ့်အဖွဲ့အစည်းကို ဘယ်လိုပုံစံ (Style) နဲ့ ဦးဆောင်ရမယ်ဆိုတာ သိရှိနေ ဖို့လိုပါတယ်။ အဖွဲ့အစည်းရဲ့ ရှေ့ဆုံးမှ ဦးဆောင်ခြင်း၊ အလယ်မှ ဦးဆောင်ခြင်း နဲ့ အနောက်က ဦးဆောင်မှုပေးခြင်းဆိုပြီး အကြမ်းဖျင်း အနေနဲ့ မှတ်သားနိုင်ပါ တယ်။


ခေါင်းဆောင်လုပ်သူဟာ အဖွဲ့အစည်းအရှိန်ရလို့ ကောင်းကျိုးတွေနဲ့ တွေ့ ကြုံနေချိန်မှာ အနောက်ကနေ ဦးဆောင်မှုပေးပါတယ်။ အဖွဲ့အစည်းမှာ အခက်အခဲနဲ့ ပြဿနာတစ်စုံတစ်ရာ ကြုံလာပြီဆိုရင်တော့အရှေ့ကိုတက်လာပြီး ရှေ့ ဆုံးက မားမားမတ်မတ်ရပ်တည် ဦးဆောင်ပါတယ်။


ခေါင်းရှောင်သူဆိုတာကတော့ အဖွဲ့အစည်း ကောင်းစားချိန်မှာ ရှေ့ဆုံး ကနေ လက်မထောင်ပြီး လူလုံးပြလေ့ရှိပေမယ့် အဖွဲ့အစည်းမှာ အခက်အခဲ တစ်စုံတစ်ရာကြုံလာတဲ့အခါ နောက်ဆုံးကိုပြေးပြီး ရှောင်ပုန်း တတ်တဲ့သူပါ။ အဓိကကတော့ တာဝန်ယူဖြေရှင်းရဲတတ် သတ်္တိမရှိတာပေါ့။ အဖွဲ့အစည်းအပေါ် စွန့်လွှတ်အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓာတ်မရှိ တာပေါ့။ခေါင်းဆောင်ဟာ ကိုယ်အနစ်နာခံပြီး အဖွဲ့အစည်းကောင်းစား အောင်ကြိုးစားတတ် တယ်။ ခေါင်းရှောင်ကတော့ အဖွဲ့အစည်းကို နစ်နာ အောင်လုပ်ပြီး (နင်းတက်ပြီး) ကိုယ်ကောင်းစားအောင် ကြိုးပမ်းအား ထုတ်တတ်တယ်။


တာဝန်ကိုရှောင်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်တတ်တဲ့ အကြီးအကဲဟာ ဘယ်လိုမှ ခေါင်းဆောင်မတင်ထိုက်တဲ့သူပါ။ ခေါင်းဆောင် မဖြစ်ထိုက်တဲ့ ခေါင်းရှောင်သူဟာ လိပ်လို လူမျိုးပါ။ လိပ်ဟာ ကိုယ့်ဘက်သာ ကိုယ်ယက်တတ်ပြီး အန္တရာယ်အခက်အခဲကြုံလာရင် ခေါင်းကိုဝှက်ထားတတ်ပါ တယ်။ ဒီလိုခေါင်းဆောင်မျိုးဆိုရင်တော့လက်ရှိမှာအဆင့်တစ်နေရာရောက်နေပေ မယ့် မကြာခင်မှာ ခေါင်းဆောင်အဖြစ်က ကျရှုံးမှာဖြစ်ပါတယ်။


ခေါင်းဆောင်လုပ်သူကိုယ်တိုင်က တာဝန်တွေရှောင်၊ ပြဿနာဖြေ ရှင်းမှုတွေ ကို ရှောင်ဖယ်ပြီးနေရင် သူဦးဆောင်နေတဲ့ အဖွဲ့သားတွေ ကိုယ်တိုင်ကလည်း သူ့လိုပဲ ခေါင်းရှောင်တွေဖြစ်လာကြမှာပါပဲ။ ဒီလို ခေါင်းရှောင်သူတွေ အဖွဲ့ အစည်းတွေမှာ ၊ နိုင်ငံတွေမှာ များပြားလာပြီ ဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ဘယ်တော့မှ ရှိမှာ မဟုတ်တော့ပါဘူး။
ဒါကြောင့် ခေါင်းဆောင်အမည်ခံထားပြီးတာဝန်မယူတတ်တဲ့ ခေါင်းရှောင်သူ မဖြစ်စေဘဲ ခေါင်းဆောင်ကောင်းတွေဖြစ်စေဖို့ ကျင့်သုံးရ မယ့် အချက်လေးတွေ ကို မျှဝေပါရစေ။


၁။ ခေါင်းဆောင်ကောင်းအဖြစ် ယူထိုက်တဲ့ တာဝန်တွေကို သတ်္တိရှိရှိယူရဲပါ။ ဆင်ခြေဆင်လက်တွေပေးပြီး တာဝန်ရှောင်ဖို့ မစဉ်းစားပါနဲ့။ အဖွဲ့အစည်းရဲ့ ကောင်းခြင်း ဆိုးခြင်းဟာ ခေါင်းဆောင်မှာ တာဝန်ရှိ တယ်လို့ ခံယူထားပါ။


၂။ အဖွဲ့အစည်းရဲ့ ပန်းတိုင်အတွက်သာမက နောက်လိုက်ငယ်သားများရဲ့ လိုအပ်ချက်တွေကိုပါ တာဝန်ယူဖြေရှင်းပေးနိုင်သူဖြစ်အောင် ကြိုးစားပါ။ ဒါမှသာ နောက်လိုက်ငယ်သားများက ခေါင်းဆောင်ဖြစ်သူကို ယုံကြည် ကိုးစားလာပြီး ခေါင်းဆောင်ကောင်းအဖြစ် အသိမှတ်ပြုခြင်း ရှိလာမှာဖြစ်ပါတယ်။

၃။ တာဝန်ကို ရှောင်တတ်တာဟာ ခေါင်းဆောင်မှု ကျဆုံးခြင်းရဲ့ လမ်းစဖြစ် တယ်ဆိုတာကို အမြဲသတိတရရှိနေဖို့ လိုအပ်ပါတယ်။ 


၎။ အဖွဲ့အစည်းရဲ့ ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပြီး အဖွဲ့သားတွေ အားလုံးရဲ့ စံပြပုဂ်္ဂိုလ်တစ်ယောက်ဖြစ်အောင် နေထိုင်ပါ။ 


၅။ တပည့်မကောင်း ဆရာ့ခေါင်း၊ သားသမီးမကောင်း မိဘခေါင်း ဆိုသလို အဖွဲ့အစည်းမကောင်း ခေါင်းဆောင်ခေါင်းဆိုတာကို သတိရပြီး အဖွဲ့အစည်း အတွက် အနစ်နာခံ ဦးဆောင်နိုင်တဲ့ ခေါင်းဆောင်ကောင်း ဖြစ်ပါစေ။

Let's Fly Together!
ဖူးကျော်ဇင် (Future Wave)

မြန်မာတို့ရဲ့ မြန်မာဘီယာ

ref;papawady.com
---------------------------------------


ကားမောင်းနေစဉ် အနှောက်အယှက်ဖြစ်စေမည့် အကြောင်းအရာများ



 
သင့် ဟာ ကားမောင်းသူတစ်ဦး အနေနှင့် ယာဉ် အန္တာရယ် ကင်းအောင် အရင်ဆုံး တွေးတော ဖြစ်ပါတယ်။ မိမိအတွက် အန္တ္တာရယ်အများဆုံးလဲ ? ဘယ် အရာတွေက မပြုမူ သင့် ဘူးလဲ၊
ဘာကိုလိုက်နာသင့် သလဲဆိုတာ တွေးထားသင့် ၊သိထားသင့် ပါတယ်။တကယ်လို့ မတော်ဆမူတစ်ခု ဖြစ်ပွားတဲ့ အခါ မိမိအတွက်၊မိသားစုအတွက်၊ တစ်ခြားတစ်ပါးသူအတွက်ရောမကောင်းလှပါဘူး..

ဒါကြောင့် ရှောင်၇န်ဆောင်ရန်လေးတွေကို ဖတ်ကြည့် လိုက်ရအောင်

လက်ကိုင်ဖုန်း

ဟုတ်ပါတယ်။သင့် ဟာ ကားမောင်းခြင်းကို မည်မျှပင် ကျွမ်းကျင် စေကာမူ ကား မောင်းနှင်နေစဉ်မှာ ဖုန်းပြော ခြင်းက လုံးဝ အန္တာရယ် များစေပါတယ်။ ဒါကြောင့် ဆင်ခြင်ရှောင်ရှားသင့် ပါတယ်။တခြားအန္တာရယ်များစေတဲ့ အချက်တွေအနေနှင့် ဘာတွေရှိဦးမလဲ…စဉ်းစားကြည့် ရအောင်

အီးမေးလ်

ကား မောင်းရင်းတစ်ဖက်ကလာသောအီးမေးလ်ကိုပြန်လည်ချိတ်ဆက်စာရိုက်ခြင်းကလည်းအန္တာရယ်ကြီးပါတယ်။များသောအားဖြင့် ဖုန်းမှာစာရိုက်ခြင်းက လက်နှစ်ဖက်စလုံးအသုံးပြုကာ လုပ်ဆောင်ခြင်းဖြစ်တာတစ်ချ က်၊အမြင်အာရုံအနေနှင့် ကားရှေ့ တည့် တည့် မှာရှိရမည်အစား ဖုန်းပေါ်သို့ အာရုံရောက်နေခြင်းတို့ က တစ်ချက် ထိုအချက်များက မည်သူမှမကြုံချင်ကြတဲ့ အနိဌာန်အာရုံတစ်ခုကို ဖြစ်ဖို့ အားပေးစေပါတယ်။ ဌင်းတို့ ကိုမလွဲမသွေအသုံးပြုရမည့် ဆိုရင် ကားကို လမ်းဘေးကိုချကာရပ်နားပြီးလုပ်ဆောင်ခြင်းကသင့် ကို လုံခြုံစိတ်ချရစေပါတယ်။

အစားစားခြင်း

တကယ်ပါ။ သင့် ဟာဗိုက်ဆာလို့ မုန့် စားခြင်းကို တော့  ဒီလိုကားပေါ်မှာဖြစ်သလိုဖြေရှင်းချင်မှာ မဟုတ်ပါဘူး သို့ ပေမဲ့  သင့် တကယ်တမ်း ဗိုက်ဆာလာတဲ့ အချိန်ကျရင် ဘေးနားမှာရှိနေတဲ့  မုန့် တစ်ခုခုကို ကားမောင်းရင်းစားမိမှာ ကြိမ်းသေပါတယ်။ ဒါဟာ အန္တာရယ်များပါတယ်။ ကားမောင်းရာမှာ နည်းနည်းမှ အနှောင်အယှက်မဖြစ်စေဖို့ ဒီလိုအချက်တွေက စလို့  ဆင်ခြေရန် ရှိပါတယ်။ ဒါကြောင့် ဗိုက်ဆာလာတဲ့ အခါကျရင် ကားကို ပါကင် ခဏဖြစ်ဖြစ်ထိုးကာ ဖြေရှင်းလိုက်ပါလို့ အကြံပေးချင်ပါတယ်။

ပင်ပန်းနွမ်းနယ်နေခြင်း

ဒီအချက်ကအဆိုးဆုံးပါပဲ။ များသောအားဖြင့် ခရီးရှည်ဟိုင်းဝေးမောင်းနှင်တဲ့ နေရာမျိုးမှာပိုမိုကြုံတွေ့ ရတတ်ပါတယ်။ သင့် ဟာတကယ်လို့ မောင်းနှင်နေစဉ်မှာ ပင်ပန်းနွမ်းနယ်ကာအိပ်ချင်လာသလိုဖြစ်လာရင်မောင်းနှင်မူကို ခဏနားပြီးမှာ ပြန်လည်စတင်သင့် ပါတယ်။ပင်ပန်းနေပြီးလို့ အချက်ပြနေတဲ့ သင့် ရဲ့ 
အာရုံကြောတွေကိုအတင်းညစ်ကာ မခိုင်းသင့် ပါဘူး။ သင့် ရဲ့ ခေါင်းမာမူကြောင့်  မလိုလားအပ်တဲ့ အရာတွေကို မဖြစ်ပါစေနဲ့ ။

တစ်စုံတစ်ခုကိုဖြတ်ခနဲ့ ကြည့် မိခြင်း

လမ်းပေါ်မှာ ကားမောင်းသွားရင်းက သင့် စိတ်ဝင်စားမိတဲ့ အကြောင်းအရာတစ်ခုဖြတ်ခနဲ့ တွေ လိုက်တယ်ဆိုပါစို့ ။ သင့်  ဟာမဖြစ်မနေလှမ်းကြည့် မိမှာ သေချာပါတယ်။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့ မယ်ဆိုလျှင်ကားကို မောင်းနေရာက လမ်းလေးတစ်ဘက်တစ်ချက်ကို ကပ်ကာ အရှိန်လျော့ ရပ်တန်းပြီး ကြည့် ရူ ပါ။ ဒါဟာသေချာတဲ့ ကြိုတင်ကာကွယ်မူတစ်ခုဖြစ်ပါတယ်။မောင်းနှင်နေချိန်မှာ တော့ ကိုယ်မျက်စိရှေ့ တည့် တည့် ကိုသာ အာရုံစိုက်ထားသင့် ပါတယ်။

ဒီ အချက် တွေက တော့ အန္တာရယ်
ကင်းအောင် ရှောင်ကြည်ရမဲ့ အချက်တွေထဲက အချို့ အနည်းသာ ရှိပါသေးတယ် ။ အကောင်းဆုံးကတော့  သင့် ရဲ့  အသိတွေ ၊အာရုံတွေ၊ သတိတွေကို ယာဉ်မောင်းနှင်းခြင်းအပေါ်မှာ အပြည့် အ၀ အလေးပေးထားရမှာဖြစ်ပါတယ်။ ဘယ်အလုပ်ပဲလုပ်လုပ် ၊ အလုပ်တစ်ခုအပေါ်အာရုံစိုက်ကာ တစ်စိုက်မတ်မတ် လုပ်မှ သာ အကောင်းဆုံးအခြေအနေကိုရောက် ရှိနိင်မှာဖြစ်ပါတယ်။

စာဖတ်သူအပေါင်းတို့  မော်တော်ယာဉ်ကြောင့်  ဖြစ်တဲ့ မတော်တဆ မူများမှ ကင်းဝေးကြပါစေ။

Ref: Automobile


အောင်ဟိန်း (ရိုးရာလေး)


ပန်းနာရင်ကျပ် ရောဂါအတွက် အိန္ဒိယရဲ့ ထူးထွေဆန်းပြား ရိုးရာကုသနည်း

 
 
ရိုးရာ ယုံကြည်မှုတွေနဲ့ ရောဂါတွေကို ကုသရာမှာ ဒေသတစ်ခုနဲ့ တစ်ခု မတူညီကြသလို တစ်နည်း မဟုတ်တစ်နည်း ဆန်းသစ် နေကြပါတယ်။ အဲဒီ လိုပါပဲ အိန္ဒိယလူမျိုး အများစုကတော့ သူတိုရဲ့ ရိုးရာ ကုသနည်းဖြစ်တဲ့ ငါးအရှင်ကို မျိုချရင် ပန်းနာ ရင်ကျပ် ပျောက်နိုင်မယ်လို့ ယုံကြည်ကြ ပါတယ်။

ယင်းကုသ နည်းကို The Bathini Goud မိသားစု က စတင်ခဲ့တာဖြစ်ပြီး ၎င်းတို့က ကုသနည်းကို ဟိန္ဒူသူတော်စင် တစ်ဦးထံမှ 1845 ခုနှစ်က စတင် ရရှိခဲ့တယ်လို့ သိရပါတယ်။ ကုသပုံကတော့ နှစ်လက်မ လောက်ရှိတဲ့ ငါးအရှင်ကို အ၀ါရောင် တိုင်းရင်းဆေးအနှစ်နဲ့ ရောပြီး မျိုချလိုက်တာပါပဲ။သူတို့အဆိုအရတော့ မျိုချ လိုက်တဲ့အခါမှာ ငါးက လည်ချောင်းတလျောက် ဆင်းသွားပြီး ပန်းနာရင်ကျပ်နဲ့ အခြားအဆုတ်ရောဂါတွေ အပြီးပျောက်ကင်း သွားတယ်လို့ ဆိုပါတယ်။ 
 
ဆရာဝန်တွေနဲ့ ခေတ်ပညာ တတ်တွေကတော့ သိပ္ပံနည်း မကျဘူး၊ သန့်ရှင်းမှုမရှိဘူး၊ ငါးအရှင် မမျိုချချင် လို့ ရုန်းကန်နေတဲ့ ကလေးတွေအတွက် မမျှတဘူးစသဖြင့် ဘယ်လိုပင် ပြောနေသော်လည်း ၊နှစ်စဉ် အိန္ဒိယတစ်ဝန်းက ရင်ကျပ်ဝေဒနာရှင် လူနာထောင်ပေါင်း များစွာက အိန္ဒိတောင်ပိုင်း မြို့တော် Hyderubad ကို မုတ်သုန်ရာသီ စ၀င်တဲ့ June လရဲ့ သတ်မှတ်ထား တဲ့နေ့မှာ လာရောက်ပြီး ဆေး ကုသမှု ခံယူကြပါတယ်။ လာရောက်တဲ့ လူတွေများတဲ့အတွက် အစိုးရ ကနေပြီး အထူးရထားများ စီစဉ်ပေးခြင်း၊ လူအုပ်ကို ထိန်းသိမ်းဖို့ ရဲတွေကို အချိန်ပိုတာဝန်ချခြင်း စတာ တွေလုပ် ထားရတယ်လို့ သိရပါတယ်။ ကုသမှုမှာ ငါးမျိုချပြီးနောက်ထပ် ၄၅ ရက်ထိ သတ်မှတ်ထားတဲ့ အစားအသောက်ကိုပဲ စားရတယ်လို့ ဆိုပါတယ်။ 

အပိန်လေး
ref; Medindia

ဘရာဇီးလ်တွင် ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိ Samsung ဖုန်းများနှင့် ကွန်ပျူတာများ ဓားပြတိုက်ခံရ


ဘရာဇီးလ်နိုင်ငံ၊ ဆော်ပေါ်လိုမြို့ အနီးရှိ Samsung Electronics စက်ရုံတစ်ခုတွင် ဓားပြများက အမေရိကန်ဒေါ်လာ ၆.၃ သန်း တန်ဖိုးရှိသည့် စမတ်ဖုန်းများ၊ tablet များနှင့် notebook ကွန်ပျူတာများကို လုယက်ခဲ့ပြီး ဝန်ထမ်းများကိုလည်း ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။


ထို့အပြင် လက်နက်ကိုင်ဆောင်ထားသည့် ဓားပြများသည် စက်ရုံဝန်ထမ်းများ အသုံးပြုသည့် ပစ္စည်းသယ်သည့် ကားကိုလည်း ယူဆောင်သွားခဲ့သည်။


ပြည်နယ်၏ အများပြည်သူလုံခြုံရေး အတွင်းဝန်များရုံးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ လက်နက်ကိုင် ဓားပြများသည် ထရပ်ကား ၇ စီးနှင့်အတူ Samsung ထုတ်ကုန် ၄၀,၀၀၀ ကျော်ကို လုယက် သယ်ဆောင်သွားခဲ့ကြောင်း၊ ပြည်နယ်ရဲများ အနေဖြင့် အဆိုပါ လုယက်မှုကို စုံစမ်းစစ်ဆေးနေသော်လည်း မသင်္ကာဖြစ်စရာ အခြေအနေများ မတွေ့ရှိရသေးပေ။


အစောပိုင်းကမူ လုယက်ခံရသည့် Samsung ထုတ်ကုန်များ၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၃၆ သန်း ရှိနိုင်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် Samsung က လုယက်ခံရသည့် ထုတ်ကုန်တန်ဖိုး ခန့်မှန်းသည်ထက် နည်းပါးကြောင်းဆိုခဲ့သည်။ Samsung သည် လုယက်ခံရမှုတွင် ဝန်ထမ်း ၅၀ ဦး ပြန်ပေးဆွဲခံရကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောကြားရန် ငြင်းဆိုခဲ့သည်။


“ကျွန်တော်တို့ ရဲအဖွဲ့နဲ့ ပူးပေါင်းပြီး စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်။ နောက်တစ်ခါ ဒီလိုဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပွားအောင်လည်း အကောင်းဆုံး ကြိုးပမ်းလုပ်ဆောင်သွားမှာပါ” ဟု Samsung Electronic ဘရာဇီးလ်ဌာနခွဲက ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြခဲ့သည်။

Ref: Reuters


အကြမ်းဒဏ်ခံနိုင်သည့် iPhone 6 Sapphire display ဗီဒီယိုများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာ


၎.၇ လက်မ iPhone 6 တွင် အသုံးပြုမည့် အကြမ်းဒဏ်ခံနိုင်သော sapphire display နှင့် ပတ်သက်သည့် ဗီဒီယိုများသည် အင်တာနက်ပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့သည်။

၎.၇ လက်မ sapphire crystal display cover အကြောင်းကို ဆန်နီဒစ်ခ်ဆန်ဆိုသူက ဗီဒီယိုတစ်ခုဖြင့် ပထမဦးဆုံး ဖော်ပြခဲ့သလို မားကက်စ်ဘရောင်လီဆိုသူကလည်း sapphire display ၏ အကြမ်းဒဏ်ခံနိုင်ပုံကို YouTube တွင်ဖော်ပြခဲ့သည်။

ဘရောင်လီ၏ ဗီဒီယိုတွင် sapphire display ကို ဓားဖြင့် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း ခြစ်ရာများ မထင်ကျန်ခဲ့သလို ပျက်စီးမှုလည်း မဖြစ်ပေါ်ခဲ့ပေ။ ထို့အပြင် ၎င်းသည် display ကို ခေါက်ချိုးရန် ကြိုးပမ်းခဲ့သော်လည်း မိမိ၏ အားဖြင့် display ကို လုံးဝမချိုးနိုင်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဗီဒီယိုဖော်ပြချက်များကြောင့် Apple အနေဖြင့် ၄.၇ လက်မ iPhone 6 တွင် sapphire display ကို ပထမဦးဆုံး အသုံးပြုနိုင်ဖွယ်ရှိကြောင်း လေ့လာဆန်းစစ်သူများ၏ ခန့်မှန်းချက် ပိုမိုအားကောင်းလာခဲ့သည်။ Apple သည် လက်ရှိတွင် iPhone 5S home button နှင့် ကင်မရာ မှန်ဘီလူးတွင်သာ sapphire ကို အသုံးပြုထားသည်။

ထို့အပြင် အခြားသော ကောလာဟလ သတင်းများကလည်း Apple အနေဖြင့် တန်ဖိုးကြီးမြင့်သည့် ၅.၅ လက်မ iPhone 6 တွင်သာ sapphire display ကို အသုံးပြုဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။


 


http://www.myanmarinternetjournal.com

တယ်လီနောမြန်မာရဲ့ တေးသွားငွေကြယ်ပွင့် ပြိုင်ပွဲ


မင်္ဂလာပါ တယ်လီနောမြန်မာ fan များခင်ဗျာ။ တယ်လီနောမြန်မာရဲ့ တေးသွားငွေကြယ်ပွင့် ပြိုင်ပွဲမှ ဝါသနာရှင် အားလုံးကို စောင့်ကြိုနေပါတယ်။ တယ်လီနောမြန်မာအတွက် signature tune တစ်ခုဖန်တီးပြီး ငွေကျပ် သိန်း ၁၀၀ကို ရယူပိုင်ဆိုင်လိုက်ပါ။

https://www.facebook.com/TelenorMyanmar/app_398936763578791) ကို အခုပဲပေးပို့နိုင်ပါပြီ။

Follow us on Twitter now: https://twitter.com/Telenor_mm

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ


* ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ *
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့ဈေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ...ဘယ်လိုလဲ သင့်မှာရော "ဒူးမထောက် လက်မမြှောက်တဲ့စိတ်" ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~~~~~~~~~ဆာလာအိတ်~~~~~~~~~~
Credit to စာဖတ်သမားတစ်ဦး၏ မှတ်စုများ >thanks<
 

ကြားဖြတ်အစိုးရတင်မြှောက်ကြောင်း သတင်းဖော်ပြခဲ့သည့် မွန်းတည့်နေဂျာနယ်ကို အစိုးရအရေးယူမည်



ရန်ကုန်-     Bi မွန်းတည့်နေဂျာနယ်တွင်ဖော်ပြခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း သတင်းသည်အစိုးရကို အကြည်ညိုပျက်စေပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးကိုထိခိုက်စေနိုင်သဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
ထို့ပြင် ကြားဖြတ်အစိုးရအဖြစ်တင်မြှောက်ကြောင်း အမှန်တကယ် စစ်ဆေးပေါ်ပေါက်ခဲ့ပါက ယင်း လုပ်ရပ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဆန့်ကျင်နေသဖြင့် တည်ဆဲဥပဒေများဖြင့် အရေးယူခံရနိုင်သည်ဟု အစိုးရထုတ်ပြန်ချက်တွင် ပါရှိသည်။


ဇူလိုင်လ ၇ ရက်နေ့နံနက်က မြို့တော်ခန်းမရှေ့တွင် MCDF (ဒီမိုကရေစီစဉ်ဆက်မပြတ်လှုပ် ရှားသူများ အင်အားစု)အဖွဲ့က လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ်ရွေးချယ်၍
ကြားဖြတ်အစိုးရအဖြစ် တင်မြှောက်ကြောင်း ထုတ်ပြန်ကြေညာမှုပြုလုပ်ခဲ့ကြောင်း ယင်းအဖွဲ့မှ ဦးကျော်လွင်ကပြောသည်။


အဆိုပါ ကြေညာချက်တွင် အချက်သုံးချက်ပါဝင်ပြီး ယနေ့အစိုးရသည် အလုပ်လက်မဲ့နှင့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်သမားများ ပြဿနာ၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးတွင် ညံ့ဖျင်းမှုများရှိနေခြင်း၊ လယ်ယာမြေပြဿနာများကို မဖြေရှင်းပေးဘဲ ကိုယ်ကျိုးစီးပွားကိုသာ ကာကွယ်နေခြင်းတို့ကြောင့် လက်ကျန် ပြည်ထောင်စုအစိုးရ သက်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို
ကြားဖြတ်အစိုးရအဖြစ် ပြည်သူများကတင်မြှောက်လိုက်သည်ဟု ကြေညာချက်တွင်ဖော်ပြထားသည်။

  
အဆိုပါသတင်းကို မွန်းတည့်နေဂျာနယ်က ဇူလိုင် ၇ ရက်ထုတ်တွင် မျက်နှာဖုံးအဖြစ် ဖော်ပြခဲ့ခြင်းဖြစ်ပြီး အစိုးရက ဇူလိုင် ၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။