31 Jul 2014

တစ်နေ့ ၇ နာရီ အိပ်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်

 


တစ်ပတ် ခုနစ်ရက်၊ တစ်ရက် (၂၄) နာရီပတ်လုံး သတင်းများနှင့် အဆက်မပြတ် လည်ပတ် နေသော ယနေ့ ကမ္ဘာကြီးတွင် လူသားများ စိတ် အနားမရခြင်း အကျိုးဆက်အဖြစ် အိပ်ရေး မ၀ခြင်း ပြဿနာများ ဖြစ်ပွားနေ ရသည်။ အိပ်ရေး ပျက်ခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသလို၊ အခြား အစွန်းတစ်ဖက် ဖြစ်သော အလွန်အကျွံ အိပ်ခြင်း သည်လည်း ကျန်းမာရေးကို ထိခိုက်စေပြန်ကြောင်း လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက် သည်။ 


““လူသားရဲ့ ကျန်းမာရေးကို မထိခိုက်စေတဲ့ အိပ်စက်ချိန်ဟာ တစ်ည ခုနစ်နာရီ ဖြစ်ပါတယ်””ဟု အိပ်စက်ခြင်း ဆိုင်ရာ လေ့လာခဲ့သည့် အရီဇိုးနားတက္ကသိုလ် သုတေသနအဖွဲ့မှ ပါမောက္ခ ရှောင်ယန်းစတတ် က ပြောသည်။ 


““ရှစ်နာရီထက် ပိုရင်တော့ အိပ်စက်ချိန် ကြာမြင့်ခြင်းကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်””ဟု ၎င်းကပြောသည်။ 


စစ်တမ်းတွင် လူပေါင်း (၉၀၀၀) ပါဝင်သည်။ အသက် (၅၀) မှ (၆၄) နှစ် ကြားများချည်း ဖြစ်သည်။ ထိုလူများအနက် အိပ်ချိန် ခြောက်နာရီထက် နည်းသူများ၊ ရှစ်နာရီထက် ပိုများသူများသည် ခုနစ်နာရီ ၀န်းကျင်သာ အိပ်စက်သူများထက် မှတ်ဉာဏ် အားနည်းနေသလို၊ ဆုံးဖြတ်ချက် ချနိုင်စွမ်းလည်း နည်းပါးကြကြောင်း တွေ့ခဲ့ရသည်။ 


စစ်တမ်းကို Clinical Sleep Medicine ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားခြင်း ဖြစ်သည်။ ခြောက် နာရီထက် အိပ်ချိန်နည်းခြင်း၊ ရှစ်နာရီထက် ပိုများခြင်းကြောင့် ဦးနှောက် အလုပ် လုပ်နိုင်စွမ်း ကျဆင်း ရသည့် အကြောင်းရင်းကို ဖော်ထုတ်နိုင်ရန် သုတေသနများ တိုးချဲ့ပြုလုပ် သွားမည် ဖြစ်ကြောင်း ပါမောက္ခ ယန်းစတတ်က ပြောသည်။  


Source: Daily Mail
The Messenger

ကျန်းမာရေးကဏ္ဍထဲ တိုးဝင်လာသော မိုဘိုင်းနည်းပညာ

ကိုထိုက်
ယနေ့ အချိန်တွင် ကိုယ့် အိတ်ကပ် ထဲက စမတ်ဖုန်းသည် ကိုယ့်အတွက် မိတ်ဆွေ တစ်ယောက် အလား အဖော်ရသည်။ ထို့ထက်ပို၍ ပြောရဦးမည် ဆိုလျှင် ကိုယ်လက် ကျန်းမာရေး သင်တန်းဆရာ အဖြစ်ရော ဆရာဝန် တစ်ယောက် အနေနှင့်ပါ အားကိုးလို့ ရနိုင်သေးသည်။ 


ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍသည် တွင်ကျယ် သထက် တွင်ကျယ် လာပြီ။ လူတိုင်းလက်ထဲ ကိုင်ထားသော စမတ်ဖုန်းများ ကတစ်ဆင့် လူတိုင်းထံ ဆက်သွယ်ချိတ်ဆက်ကာ ကျန်းမာရေး စောင့်ရှောက်မှု အမျိုးမျိုးပေးမည့် ဖုန်းအပလီကေးရှင်းမျိုးစုံလည်း ထွက်ပေါ် နေသည်။ မိုဘိုင်း နည်းပညာ ကုမ္ပဏီအသစ်လေးများ အငယ်စားလေးများ မှသည် ဧရာမအကြီးစားကြီးများထိ ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှု နယ်ပယ်မှာ အပြိုင် လုပ်ကိုင်နေကြပြီ။ စမတ်ဖုန်းများက တစ်ဆင့် လူသား များကို ကျန်းမာရေး စောင့်ရှောက်မှု မျိုးစုံပေးကာ အပြန်အလှန် အားဖြင့် ၀င်ငွေရရှိအောင် ကြိုးပမ်းနေ ကြပြီ။ 


နှလုံးခုန်နှုန်းတိုင်းပေးမည့် ဖုန်း အပလီကေးရှင်း၊ သွေးပေါင်ချိန် တိုင်းပေးမည့် ဖုန်းအပလီကေးရှင်း၊ သွေးတွင်း သကြားဓာတ်ပါဝင်နှုန်းမှသည် ခန္ဓာကိုယ်တွင်းလုပ်ငန်း ဆောင်တာများစွာကို တိုင်းတာဖော် ပြပေးမည့် ဖုန်းအပလီကေးရှင်းထိ မျိုးစုံအောင် ထွက်ရှိနေပြီ။ တစ်နေ့ထက် တစ်နေ့လည်း အရေအတွက် တိုးသထက် တိုးလာနေသည်။ ဂူဂဲ၊ အက်ပဲ၊ ဆမ်ဆောင်း စသည့် စမတ်ဖုန်းလုပ်ငန်းကြီးများ ကလည်း ဖုန်းများ ထုတ်လုပ်ရာတွင် ကျန်းမာရေး စောင့်ရှောက်မှု အပလီကေးရှင်းများ အလုပ်လုပ်နိုင် စေမည့် အာရုံခံ ကိရိယာအားလုံး ပါဝင်အောင် ထည့်သွင်းပေးထားသည်။ သို့ဖြစ်သော ကြောင့် အပလီကေးရှင်း များကို စိတ်ကူးရှိတိုင်း တီထွင်ရေးသားနိုင်နေကြသည်။ 


အရင်ကဆို ဆေးရုံသွားမှ တိုင်းတာလို့ရမယ့် ကျန်းမာရေးအခြေခံ အချက်အလက်တွေကို အခုဆို ကိုယ် ကိုင်ထားတဲ့ ဖုန်းနဲ့တင်လုပ်လို့ရနေ ပြီ။ နှလုံးခုန်နှုန်း တိုင်းတာချင်လား။ ဖုန်းမှာ နှလုံးခုန်နှုန်း ပြပေးမယ့် အပလီကေးရှင်းတွေ ရှိနေပြီ။ တစ်နေ့ လမ်းဘယ်လောက်လျှောက်ဖြစ်လဲ စာရင်း မှတ်နေ စရာ မလို တော့ဘူး။ ဖုန်းမှာ အပလီကေးရှင်း ထည့်ထားလိုက်ရုံနဲ့ ကိုယ်လမ်းလျှောက်တိုင်း အလိုလျောက် မှတ်ပေး ထားမယ့် အပလီကေးရှင်း မျိုးတွေ ရှိနေပြီ ဟု မိုဘိုင်းနည်းပညာ လုပ်ငန်းတစ်ခုဖြစ်သော Compass Intelligence မှ ဂါရီပါဒီ ဆိုသူက ပြောသည်။ 


ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ် ကျန်းမာရေး နည်းပညာ ကုမ္ပဏီ (၁၄၃) ခုထိ ရှိနေပြီဖြစ်ပြီး ၂၀၁၄ ပထမခြောက်လအတွင်း လုပ်ငန်းလည်ပတ်မှု တန်ဖိုး (၂ ဒသမ ၃) ဘီလီယံထိ ရှိနေပြီ ဖြစ်ကြောင်း နည်းပညာလုပ်ငန်း အကြံပေး အတိုင်ပင်ခံလုပ်ငန်း Rock Health ၏ ခန့်မှန်းတွက်ချက်မှုအရ သိရ သည်။ ပြီးခဲ့သည့်နှစ် ပထမခြောက်လနှုန်းထက် သာလွန်ကြောင်း သိရသည်။ 


နောက်ထပ် နည်းပညာသုတေသနနှင့် အကြံပေးအတိုင်ပင်ခံလုပ်ငန်း Deloitte ၏ စာရင်းအရလည်း ကမ္ဘာတစ်ဝန်း ၂၀၁၄ တစ်နှစ်တာ အတွင်း စမတ်မျက်မှန်များ၊ ဖုန်းသို့ အချက်အလက်များပို့ပေးသော ကိုယ်လက် လေ့ကျင့်ခန်း လက်ပတ်များ၊ စမတ်နာရီများ စုစုပေါင်းခုရေ ၁၀ သန်းခန့် ရောင်းရမည်ဟု သိရသည်။ ငွေကြေးလည်ပတ်မှု အရ ဒေါ်လာသန်း သုံးထောင်ဝန်းကျင် ရှိမည်။ ၂၀၁၇ ခုနှစ် ရောက် သည့်အခါ ကမ္ဘာတစ်ဝန်း အထက်ပါ ပစ္စည်းပေါင်း သန်း ၁၇၀ လောက်ထိ အသုံးပြုနေကြဖွယ် ရှိကြောင်း လည်း ခန့်မှန်းထားသည်။ 


ကျန်းမာရေးနဲ့ ကိုယ်လက် လှုပ်ရှားမှုဆိုင်ရာ ဒစ်ဂျစ်တယ် နည်းပညာ လုပ်ငန်းတွေဟာ ဆက်စပ်တဲ့ အပလီကေးရှင်း အမျိုးခွဲ တော်တော်များများ ထုတ်လုပ် ထားကြတာ တွေ့ရတယ်။ သူတို့ဆီက ထုတ်လုပ် တဲ့ ကျန်းမာရေးနဲ့ ကိုယ်လက်လှုပ်ရှားမှု အကူအညီပေးမယ့် နည်းပညာ ပစ္စည်းလေးတွေ ကို စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီးသုံးတဲ့ လူတွေကို ဘယ်အချိန်မှာ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်၊ ဘယ်အချိန်မှာ ဆေးသောက် ဆိုတာမျိုး မလွတ်တမ်း သတိပေးနိုင်အောင် အားထုတ်နေကြတယ်ဟု Deloitte မှ ကာရန် တိုင်လာ က ပြောသည်။ 


ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက် စွန့်ဦးတီထွင်လုပ်ငန်းသစ် MD Revolutionသည် စမတ်ဖုန်းများ၊ ၀တ်ဆင်နိုင်သော ကိရိယာငယ်များ သုံးကာ မိမိ၏ကျန်းမာရေးကို စမတ်ဖုန်းမှ တစ်ဆင့် ကြည့်ရှုပြီး လိုအပ်သည်များ ဆောင်ရွက်နိုင်အောင် ၀န်ဆောင်မှု ပေးလျက်ရှိသည်။ စမတ်ဖုန်းသုံးသူ များက တိုင်းတာ ယူထားသော ၎င်းတို့၏ ကျန်းမာရေး အချက်အလက်များကို အခြေခံ၍ ထိုသူသည် ဆီးချို၊ နှလုံး၊ သွေးတိုး စသဖြင့် ဖြစ်နိုင်ခြေ ရှိသော ရောဂါများ၊ ဖြစ်နေသော ရောဂါများကို ဖော်ပြပေးသည်။ 


လူတွေဟာ စမတ်ဖုန်းတွေသုံးပြီး သူတို့ရဲ့ ကျန်းမာရေး အချက်အလက်တွေကို သူတို့ဖာသာ တိုင်းတာပြီး သက်ဆိုင်ရာ ဆရာဝန်၊ ကျန်းမာရေး အကြံပေး၊ ကိုယ်လက်လှုပ်ရှားမှု ကာယသင်တန်းဆရာ၊ ယောဂ သင်တန်း ဆရာတွေဆီ အချက်အလက်တွေပေးပို့ပြီး လမ်းညွှန်မှု ခံယူနိုင်အောင် ကုမ္ပဏီက စီစဉ်ပေးနေ ပါတယ် ဟု ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူ လီဆာပီတာဆန် က ပြောသည်။ 


တိုင်းတာထားသော ကျန်းမာရေး အချက်အလက်များကို ကွန်ပျူတာ သုံးသပ်မှုစနစ်က အလိုလျောက် အဖြေရှာပေးခြင်း အပြင်၊ လူသား ကျွမ်းကျင်သူများနှင့်လည်း စမတ်ဖုန်းဖြင့်ပင် ချိတ်ဆက်ပြီး လမ်းညွှန် ချက် ခံယူနိုင်အောင် ဖန်တီးပေးထားသည်။ သက်ဆိုင်ရာ ကျွမ်းကျင်သူဆီ လူအ ရောက် မသွားနိုင်လို့ ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့် ဆုံးရှုံးမှာ ပူစရာ မလိုတော့။ မကြာသေးခင်က ပြုလုပ်ထားသော လေ့လာမှု စစ်တမ်းတစ်ရပ် အရလည်း စမတ်ဖုန်းသုံပြီး ကိုယ့်ကျန်းမာရေးကိုယ် စောင့်ကြည့်စစ်ဆေးသူ များသည် အခြားလူများထက် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကိုင်တွယ် နိုင်စွမ်း ပိုကောင်းကြောင်း တွေ့ရ သည်။ 


မိုဘိုင်းနည်းပညာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာကပြုလုပ်ထားသော စစ်တမ်း တစ်ရပ်အရလည်း ကျန်းမာရေးနှင့် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းဆိုင်ရာ စမတ်ဖုန်း အပလီကေးရှင်းများ သုံးစွဲသည့် သွေးတိုး၊ ဆီးချိုဝေဒနာရှင်များသည် အခြားသူများထက် ကျန်းမာရေး ပိုကောင်းမွန်ကြ ကြောင်း တွေ့ရ သည်။ 


စမတ်ဖုန်းများသုံးပြီး လူနာများက ၎င်း တို့၏ ကျန်းမာရေး အချက်အလက်များကို တိုင်းတာ မှတ်တမ်း တင်ထားခြင်းသည် လူနာများအတွက် အကျိုးရှိစေရုံသာမက ဆရာဝန်များအတွက်လည်း ဝေဒနာ မှတ်တမ်း ပြည့်စုံစွာ ကြည့်ခွင့်ရသဖြင့် ကုသရေးပိုင်း ပိုအောင်မြင်ကြောင်း ၂၀၁၄ ဇူလိုင် က Health Affairs ဂျာနယ်တွင် ဖော်ပြသော သုတေသနတစ်ရပ်က ဖော်ပြသည်။ 


အချို့သော နည်းပညာလုပ်ငန်းများသည် မိုဘိုင်းနည်းပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း ကဏ္ဍတွင် ပုံအော အားထုတ်နေကြ သည်ထိရှိကြောင်း တွေ့ရသည်။ ဥပမာ ဂူဂဲဖြစ်သည်။ ဂူဂဲသည် မိုဘိုင်းနည်းပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု မျိုးစုံပေးရန် Calico ဟူသော ကုမ္ပဏီ ခွဲတစ်ခုကိုပါ သီးသန့် ထူထောင်ထားပြီ ဖြစ်သည်။ ပြိုင်ဘက်ဖြစ်သော အက်ပဲကုမ္ပဏီနှင့်လည်း ပူးပေါင်းပြီး မိုဘိုင်း နည်းပညာဖြင့် ကမ္ဘာလုံး လွှမ်းခြုံ ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည် အထိ ကြိုးပမ်းရန် စီစဉ်နေ သည်ဟူသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ နည်းပညာလုပ်ငန်းကြီး IBM သည်လည်း ၎င်းတို့၏ Watson စူပါကွန်ပျူတာကို အသုံးပြု၍ ကင်ဆာရှာဖွေ ဖော်ထုတ်ရေးလုပ်ငန်းများ စမ်းသပ်နေပြီ ဖြစ်သည်။ 


စမတ်ဖုန်းများသုံး၍ ကျန်းမာရေး အချက်အလက်များကို မိမိဖာသာတိုင်းတာနိုင်ခြင်း၊ အချက်အလက် များကို အွန်လိုင်းမှတစ်ဆင့် သက်ဆိုင်ရာ ကျွမ်းကျင်သူများထံ ပေးပို့ကာ ညွှန်ကြားချက်များ ရယူခြင်း နည်းလမ်း တွင်ကျယ်လာသည်နှင့် အမျှ လူသားများသည် မိမိကျန်းမာရေးကို အစဉ်အမြဲ ဂရု စိုက်လာ ကြမည်ဖြစ်သည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်နိုင်ခြင်း၊ဖြစ်လာလျှင်လည်း မှန်ကန်သောနည်းလမ်းများ အသုံးပြုနိုင်ခြင်းတို့ကြောင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများလည်း ၀န်ပေါ့သွားကာ သွက်လက် ကျန်းမာသော လူ့အဖွဲ့အစည်းများ ဖြစ်လာကြမည်ဟု ဘော်စတန်အခြေစိုက် ကျန်းမာရေး ပရဟိတ အဖွဲ့ကြီးဖြစ်သော Connected Health စင်တာကို ထူထောင်သူ ဂျိုးဇက်ဖ် ကာဗီဒါက သုံးသပ်သည်။ 


လူတွေ ဆေးရုံ ဆေးခန်းတွေသွားပြီး ကျန်းမာရေး စစ်ဆေးမှု လုပ်နေရတဲ့နှုန်းကို တတ်နိုင်သမျှ လျှော့ ချနိုင်အောင် ကျွန်တော်တို့ ကြိုးပမ်းနေ တယ်။ ဒီလိုပြောလို့ ဆေးရုံ ဆေးခန်းသွားတာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကျန်းမာရေး စစ်ဆေးမှုဆိုတာ အစဉ်အမြဲ လုပ်နေရမယ့် အလုပ် တစ်လုပ်ဖြစ် တဲ့အတွက် ဆေးရုံ ဆေးခန်းလာမှ စစ်ဆေးနိုင်ခြင်းထက် နေ့တိုင်း အိမ်မှာ စစ်ဆေးနိုင်ခြင်းက ပိုကောင်း ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေ သုံးပြီး လူတိုင်း ကိုယ့်ကျန်းမာရေးကိုယ် စစ်ဆေးနိုင်အောင် ကျွန်တော် တို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ် ဟု မစ္စတာ ကာဗီဒါ ကပြောသည်။ 


ဆရာဝန်များအနေဖြင့်လည်း မိုဘိုင်းနည်းပညာကို ပွေ့ဖက်ကြရမည်ဟု ၎င်းက ဆက်လက်ပြောကြား သည်။ ဆရာဝန်များ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့်အများပြည်သူတို့ မိုဘိုင်းနည်းပညာသုံးပြီး စည်းချက်ညီချိတ်ဆက်နိုင်ကြခြင်းဖြင့် ကျန်းမာရေးပိုကောင်းသော ကမ္ဘာ့ လူ့အဖွဲ့အစည်းကြီး ဖြစ်ထွန်း လာမည်ဟု မစ္စတာ ကာဗီဒါက ပြောကြားလိုက်သည်။ 


သို့သော် တစ်ခုတိုက်တွန်းလိုသည်မှာ စမတ်ဖုန်းသုံး ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းသည် လူ တစ်ဦးချင်း ပူးပေါင်းပါဝင် ကြရမည်ဖြစ်ရာ ဆရာဝန်များ၊ ကျန်းမာရေး ပညာရှင်များသည် လမ်းပြသူ များသာ ဖြစ်ပြီး လက်တွေ့ လျှောက်လှမ်းရမည်မှာ လူထုကြီးထဲက လူတစ်ဦးချင်းစီ၏ တာဝန် ဖြစ်ကြောင်းလည်း မစ္စတာ ကာဗီဒါက အနာဂတ် ဒစ်ဂျစ်တယ်ကျန်းမာရေးကဏ္ဍ အတွက် ကြိုတင် လမ်းညွှန်လိုက်သည်။ 
 

Ref: Mobile tech reshaping health sector (AFP News) 

ref;The Messenger

အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သင်ယူလေ့လာရာမှာ ပိုမိုလျင်မြန် ထက်မြတ် ဟုဆို

 
အမျိုးသမီး တွေဟာ လေ့လာ သင်ယူ ရာမှာ အမျိုးသား တွေထက် လျင်လျင်မြန်မြန် တတ်မြောက် ကြတယ်လို့ လေ့လာချက် အသစ် တစ်ခုအရ သိရှိရ ပါတယ်။ အကြောင်း ကတော့ သူတို့တွေ မကြာခဏ ဆိုသလို ခွဲခြား ဆက်ဆံ ခံရတာကြောင့် ဖြစ်နိုင် တယ်လို့ ဆိုပါတယ်။ အသက်(၅၇) နှစ်ရှိ မတူညီ ကွဲပြားတဲ့ နေထိုင်မှု ပုံစံမှလာကြတဲ့ လူပေါင်း ၃၁,၀၀၀ ယောက်ရဲ့ ဦးနှောက်တွေကို အသေအချာ စစ်ဆေးမှု ပြုလုပ်ခဲ့ ပါတယ်။ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးက လူနေမှု အဆင့်အတန်း မြင့်မြင့်နဲ့ နေထိုင်ခဲ့တဲ့ အချိန်မှာ သင်ယူမှုမှာ ပိုမိုလျင်မြန်မှု ရှိပြီး လူနေမှုဘ၀မှာ အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် လျင်လျင်မြန်မြန် သင်ယူ တတ်မြောက် ကြပါ တယ်။


Proceedings of the National Academy of Sciences မှာ ဖော်ပြထားတဲ့ လေ့လာချက်အရ အမျိုးသား တွေထက် အမျိုးသမီးတွေက ဥာဏနဲ့ လုပ်ရတဲ့ အလုပ်တွေကို ရရှိနိုင်ဖို့ ပိုပြီး ကြိုးစားရုန်းကန် ရတဲ့ အတွက် သင်ယူလေ့လာရာမှာ ဥာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။


အမျိုးသမီးတွေ ပိုင်ဆိုင်တဲ့ အစွမ်းအစတွေကို တန်ဖိုးထား မခံရတာ သိသာ ထင်ရှားပါတယ်။ ဒါကြောင့် ဒီလို အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာ ဖြစ်ပါတယ်လို့ လေ့လာချက်ပြုလုပ်သူ တစ်ယောက်ဖြစ်တဲ့ Agneta Herlitz က ရှင်းပြပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေရဲ့ သင်ယူလေ့လာမှု ပုံစံခြားနား သွားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရည်အချင်းဟာ အင်မတန် အရေးပါတယ် ဆိုတဲ့အကြောင်း ဒီလေ့လာမှုကနေ သိသာမယ်လို့ သူမမျှော်လင့် ထားပါတယ်။


Ref: cosmopolitan.com
Trend Myanmar

ထိုင်းတွင် ဗီဇာ သက်တမ်းကျော် နေသူ များအတွက် ပြစ်ဒဏ် ထုတ်ပြန်

ထိုင်းနိုင်ငံရောက် နိုင်ငံခြားသား ခရီးသွား တချို့၊ ဓာတ်ပုံ- CNN 

ထိုင်းနိုင်ငံမှာ မေလ ၂၂ ရက်နေ့က စစ်တပ်က အာဏာ အရပ်ရပ်ကို တာဝန်ယူပြီး နောက်ပိုင်း နိုင်ငံတွင်း တရားမ၀င် နေထိုင်သူ နိုင်ငံခြားသား များ အဆုံးသတ်ရေး နှိပ်နင်းမှုများ လုပ်ဆောင် လာနေရာ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မှာလည်း ထိုင်း လူဝင်မှု ကြီးကြပ်ရေး ဥပဒေချိုးဖောက် သူများနှင့် သက်ဆိုင်သည့် ကြေညာချက် တစောင် ထုတ်ပြန်ပါတယ်။
ထိုင်းလူဝင်မှု ကြီးကြပ်ရေး ဥပဒေကို ချိုးဖောက်ကာ နိုင်ငံတွင်း နေထိုင်မှု သတ်မှတ် ကာလ ကျော် လွန်သွားရင် ဘယ်လို ပြစ်ဒဏ်တွေ ရှိတယ် ဆိုတာ ဒီကနေ့ ထိုင်းဘုရင့် နိုင်ငံတော် လူဝင်မှု ကြီးကြပ် ရေး ဗဟို အဖွဲ့က ဒီကနေ့ နေ့စွဲနဲ့ သတိပေးချက် ထုတ်ပြန်ထားတာကို ဘန်ကောက် လ၀က အင်တာနက်စာမျက်နှာ မှာ ဖော်ပြထားပါတယ်။


ထိုင်းနိုင်ငံတွင်း သတ်မှတ်နေထိုင်ခွင့်ကာလ ထက် ရက် ၉၀ ကျော် ပိုနေရင် ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ဗီဇာ ၁ နှစ်ပိတ် ပင်မှာ ဖြစ်ပြီး တနှစ်ကျော် ပိုမိုနေထိုင်သူအတွက် ပြည်ဝင်ခွင့် ၃ နှစ်ပိတ်ပင် ခံရမှာဖြစ်ပြိး ၃ နှစ်ကျော် နေထိုင်သူအ တွက် ပြည်ဝင်ခွင့် ၅ နှစ်၊ ၅ နှစ်ကျော် နေထိုင်သူအတွက် ပြည်ဝင်ခွင့် ၁၀ နှစ် အသီးသီး ပိတ်ပင်သွားမှာဖြစ်တယ်လို့ ကြေညာချက် ထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်း အမှုတခုခုဖြင့် ဖမ်းဆီးခြင်းခံရသူ နိုင်ငံခြားသားများ အနေဖြင့် တနှစ် အောက် သတ်မှတ် ဗီဇာ ကျော်လွန်နေထိုင်သူအတွက် ထိုင်းနိုင်ငံက ပြည်ဝင်ခွင့် ၅ နှစ်၊ ၁ နှစ်ကျော်ကြာ ကျော်လွန်နေထိုင် သူများအတွက် နိုင်ငံသို့ ပြန်လည် ပြည်ဝင်ခွင့် ၁၀ နှစ်ကြာ ပိတ်ပင် တားမြစ်သည့် ပြစ်ဒဏ် သတ်မှတ်
ကြောင်းလည်း ကြေညာချက်က ဆိုပါတယ်။


အိမ့်သံစဉ် ~ ဧရာဝတီ

မြန်မာလူမျိုး တစ်ရာနီးပါး ဗီဇာအတုများဖြင့် မလေးရှားတွင် ဖမ်းဆီးခံထားရ

 
မလေးရှား နိုင်ငံသို့ အလည်အပတ် ဗီဇာ (Visit Visa) ဖြင့် သွားရောက် ခဲ့သော မြန်မာနိုင်ငံသား ၉၂ ဦးသည် ၎င်းတို့ ကိုင်ဆောင် ထားသော ဗီဇာ များမှာ အတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လေဆိပ်တွင် ဖမ်းဆီးခံရ ကြောင်း သတင်း ရရှိသည်။ 


ဇူလိုင် ၈ ရက်တွင် မလေး ရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၇၂ ဦးနှင့် ဇူလိုင် ၂၄ ရက် တွင် သွားရောက်သော မြန်မာနိုင်ငံသား ၂၀ ဦးတို့မှာ ဗီဇာအတုများ ဖြစ်နေသောကြောင့် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးက လေဆိပ်တွင် ဖမ်းဆီးထား ပြီး အကျဉ်းထောင်များသို့ ပို့ဆောင် လိုက်ကြောင်း သတင်း ရရှိသည်။ ၎င်းတို့သည် ကြိမ်ဒဏ် အပါအဝင် အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကျခံရဖွယ် ရှိကြောင်း ဖမ်းဆီးခံရ မှုတွင် ပါဝင်သော မိသားစုဝင်များက ပြောကြားသည်။ 


ဖမ်းဆီး ခံထားရသူများ အတွက် မလေးရှားနိုင်ငံရှိ မြန်မာသံရုံးက ကိုင်တွယ် ဖြေရှင်းနေကြောင်း သံရုံး တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 


‘‘လူဦးရေက ရေတွက်နေ တုန်းပဲ ရှိသေးပါတယ်။ အဲဒီ သတင်းကြားတဲ့နေ့က လေဆိပ်ကို သွားပြီး ဆက်သွယ် ခဲ့ပါတယ်။ အခုချိန်မှာ ပြောလို့ မရသေးပါဘူး။ သံရုံးကတော့ ဖြေရှင်းပေးဖို့လုပ် နေပါတယ်’’ ဟု မလေးရှားနိုင်ငံ မြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ 


‘‘မလေးရှားကိုအလည်လာ ဖို့ ကျွန်တော့်တူကိုခေါ်လိုက်တာ ဗီဇာကအတုတွေဖြစ်နေလို့ ဖမ်းဆီးခံထား ရတယ်။ သူတို့ကို ပထ မလေဆိပ်စခန်းမှာ နှစ်ပတ်ထား ထားတယ်။ ခုတော့ ထောင်မှာ ပြောင်းထား တယ်။ သူတို့အတွက် စိတ်ပူနေကြတယ်။ အခုဖမ်းခံထားရတဲ့ သူတွေက အလည်လာတဲ့သူတွေချည်းပဲ။ ကျွန်တော်တို့ ကြားတာတော့ တစ်ယောက်ကို ကြိမ်ဒဏ်အပါအဝင် ထောင် အနည်းဆုံးခြောက်လ လောက်ကျ မယ်လို့ကြားနေတယ်။ အခုသံရုံး ကိုသွားပြီး အကူအညီတောင်း မလို့လုပ်နေကြတာပါ’’ ဟု ဇူလိုင် ၈ ရက်တွင် ပဲခူးမြို့မှ မလေးရှား နိုင်ငံသို့ လာရောက်လည်ပတ်ရာ တွင် ဖမ်းဆီးခံရသူ ကိုချမ်းမြေ့ အောင်၏ အစ်ကိုတစ်ဝမ်းကွဲ တော်စပ်သူကိုလှိုင်မျိုးသန့်က ပြောသည်။ 


ဗီဇာစာအုပ်များကို အကျိုး ဆောင်မှတစ်ဆင့်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဇူလိုင် ၈ ရက်က ဖမ်းဆီးခဲ့ရသည့် ၇၂ဦးကို လိုက်ပါပို့ဆောင်ပေးသော အေးဂျင့်သုံးဦးကိုလည်း မလေးရှားအစိုးရက ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။ ဖမ်းဆီးခံရသောအမျိုးသားများကို ဆွန်ငိုင်းဘူးလို့ထောင်တွင်ထားရှိပြီး အမျိုးသမီးများကို ဆာချန့်ထောင်တွင်ထားရှိကာ သြဂုတ် ၁၂ ရက်တွင် ရုံးထုတ်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ 


‘‘ အလည်ဗီဇာအတုတွေ ကိုင်ဆောင်လို့ ဖမ်းထားတာလို့မလေးရှား လူဝင်မှုကြီးကြပ်ရေးက ပြောတယ်။ အုပ်စုလိုက်ကြီးဆိုတော့လူကုန်ကူးခံရတဲ့ သဘောပဲ၊ သေချာစစ်ဆေးဖို့တော့ လိုနေတယ်။ အဲ့ဒီထဲမှာ အလည်လာရောက်လည်ပတ်တဲ့ သူတွေပါနေတယ်လို့ သူတို့ရဲ့မိသားစုဝင်တွေက လာပြောထားတာတွေ ရှိတယ်’’ဟု မလေးရှားနိုင်ငံမြန်မာသံရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


7Day Daily


Ooredoo ဆင်းကတ်တွေ ၁၅ရက်အတွင်း 2GB အင်တာနက် အခမဲ့သုံးနိုင်


Ooredoo ဆင်းကတ်တွေ ရန်ကုန်မြို့က ဖုန်းဆိုင်တွေမှာ ဇူလိုင် ၃၁ရက်နေ့ကစပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ပြီး သြဂုတ် ၁၅ရက်နေ့အထိ Ooredoo ဖုန်းအချင်းချင်း မိနစ် ၉ဝဝ အခမဲ့နဲ့ အင်တာနက် Data 2GB ကို နှစ်ပတ်စာ အခမဲ့ သုံးစွဲနိုင်တယ်လို့ ဖုန်းကတ်တွေ Activate လုပ်ပေးနေတဲ့ ဖုန်းဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။
 
 
Activate လုပ်ပြီး ဆင်းကတ်တွေ ဖုန်းခေါ်ဆိုခ၊ အင်တာနက်သုံးစွဲခနဲ့ပတ်သက်ပြီး ဆိုင်ပိုင်ရှင်တွေက သြဂုတ် ၂ရက်နေ့အထိ တရားဝင်ထုတ်ပြောခွင့် မရှိသေးဘူးလို့ ဆိုပါတယ်။ Ooredoo ကုမ္ပဏီက သြဂုတ် ၂ရက်နေ့မှာ 3G ကွန်ရက်ဆင်းကတ်တွေရဲ့ အသေးစိတ်ဈေးနှုန်းတွေကို စတင်ကြေညာမှာဖြစ်ပြီး Ooredoo ဖုန်းအချင်းချင်း ခေါ်ဆိုခ တစ်မိနစ် ၂၅ကျပ်၊
အခြားဖုန်းသို့ ခေါ်ဆိုခ ၃၅ကျပ် ကျသင့်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။
Ooredoo ဖုန်းနဲ့ အင်တာနက် သုံးစွဲနေတဲ့သူတွေ 3G ကွန်ရက်အစစ်ကို ရရှိပြီး သြဂုတ် ၁၅ရက်နေ့အထိ 2GB Data ကို အခမဲ့သုံးနိုင်ပြီး ၁၅ရက်နေ့ပိုင်းကျမှ သုံးစွဲရမယ့် Data Plan အလိုက် ကျသင့်ငွေကို ပေးချေသွားရမယ်လို့ ဆိုပါတယ်။ 1GB ကို ကျပ် ၂သောင်းခွဲကျသင့်နိုင်တယ်ဆိုတဲ့ ခန့်မှန်းတွက်ဆမှုတွေ ပေါ်နေပေမယ့် တရားဝင်သတ်မှတ်ဈေးကတော့ ဒီထက် သက်သာနိုင်မယ်လို့ ပြောဆိုနေပါတယ်။
 
 
တယ်လီဖုန်းဆင်းကတ် ဝယ်ယူတဲ့အခါမှာ မှတ်ပုံတင်နဲ့အတူ ဆင်းကတ်ရဲ့ ဘားကုတ်ကတစ်ဆင့် Activate လုပ်ပြီးတဲ့အခါ စတင်သုံးစွဲနိုင်ပြီး လျှောက်လွှာရေးသားတင်ရတာမျိုးမရှိဘဲ Activate လုပ်ချိန် ဖုန်းတစ်လုံးအတွက် ၅မိနစ်ပဲ ကြာမြင့်ပါတယ်။ ဆင်းကတ်ဝယ်လိုအား ကြောက်ခမန်းလိလိ မြင့်တက်နေတာကြောင့် ဖုန်းဆိုင်အချို့က Activate လုပ်ပြီးသားဖုန်းကတ်တွေကို ကျပ် ၃ဝဝဝနဲ့ ရောင်းနေပြီး မူရင်းဈေး ၁၅ဝဝ နဲ့ဆိုရင် လူတစ်ယောက် တစ်ကတ်ပဲ ဝယ်နိုင်တယ်လို့ ကန့်သတ်နေပါတယ်။
 
 
ကမ္ဘာပေါ်မှာ ဆင်းကတ်ဝယ်လိုအား အမြင့်မားဆုံးဖြစ်နေတဲ့ မြန်မာပြည်မှာ မြန်မာ့ဆက်သွယ်ရေးက လက်ကိုင်ဖုန်းတွေကို ကျပ် သိန်း ၂ဝနဲ့ စတင်ရောင်းချခဲ့ပြီး ၅သိန်း၊ ၂သိန်း စတဲ့ဈေးနှုန်းအဆင့်ဆင့်ကို နှစ်အတန်ကြာ လက်ဝါးကြီးအုပ်ခဲ့ပြီးမှ ၁၅ဝဝကျပ်တန် ဆင်းကတ်တွေကို မဲနှိုက်ပြီး ရောင်းချခဲ့လို့ ဈေးကွက်ထဲက ကျပ် တစ်သိန်းခွဲအထိ အမြင့်ဆုံး ဈေးပေါက်ခဲ့ပါတယ်။
 

www.zealot-mko.com


Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ဖိုး တစ်လ ၁ သိန်းအနည်းဆုံးဖြစ်



Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။ အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။ ဒီက Mobile Operator "Singtel" ကရောင်းတာ တစ်ပတ်စာ 1GB plan ကို Singapore Dollar ၇ ဒေါ်လာဖြစ်တဲ့အတွက် မြန်မာငွေအားဖြင့် ၅၄၀၀ ကျပ်ခန့်ကုန်ကျပါတယ်။

တစ်လကို မိုဘိုင်းအင်တာနက်ဖိုး ၂၈ ဒေါ်လာ ၊ မြန်မာငွေအားဖြင့် ၂၁၈၄၀ ကျပ်ခန့်ကုန်ကျပါတယ်။ အခု မြန်မာပြည်မှာ Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို
- တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။

Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။ Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။

Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား

1 MB = ၂၅ ကျပ်
10 MB = ၂၅၀ ကျပ်
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်

From: သက်နိုင်စိုး

အတွင်း (၃၇) မင်း၊ အပြင် (၃၇) မင်း ဟူသည်မှာ....


မြန်မာနိုင်ငံ အိမ်အချို့၌ နတ်ရုပ်များကို ထားကြ၏။ ပူဇော်ပသကြ၏။ သုတ်ပါထေယျ ပါဠိ
တော် အာဋာနာဋိယသုတ်တော်၌ နတ် (၃၇) ပါးကို ဖော်ပြ၏။ ယင်းကို အတွင်း (၃၇) မင်းဟု ခေါ်
ကြ၏။ 
သာသနာတွင်းဟု ယူရန် ရှိဟန်၏။ ယင်းတို့မှာ ၁။ ဣဌနတ်။ ၂။ သောမနတ်။ ၃။ ၀ရုဏနတ်
၎။ ဘာရဒွါဇနတ်။ ၅။ ပဇာပတိနတ်။ ၆။ စန္ဒနနတ်။ ၇။ ကာမသေဌနတ်။ ၈။ တိန္နုဃဏ္ဍုနတ်။
၉။ နိဃဏ္ဍုနတ်။ ၁၀။ ပနာဒယက္ခသေနာပတိနတ်။ ၁၁။ သြပမညယက္ခသေနာပတိနတ်။ ၁၂။ ဒေ
ဝသုတယက္ခသေနာပတိနတ်။ ၁၃။ စိတ္တသေနယက္ခသေနာပတိနတ်။ ၁၄။ နဠောရာဇယက္ခသေနာ
ပတိနတ်။ ၁၅။ ဇနေသဘယက္ခသေနာပတိနတ်။ ၁၆။ သာတာဂီရိယက္ခသေနာပတိနတ်။ ၁၇။ ဟေ
မ၀တယက္ခသေနာပတိနတ်။ ၁၈။ ပုဏ္ဏကယက္ခသေနာပတိနတ်။ ၁၉။ ကရတိယယက္ခသေနာပတိ
နတ်။ ၂၀။ သီဝတယက္ခသေနာပတိနတ်။ ၂၁။ မုစလိန္ဒယက္ခသေနာပတိနတ်။ ၂၂။ ဝေသာမိတ္တ
ယက္ခသေနာပတိနတ်။ ၂၃။ ယုဂန္ဓရယက္ခသေနာပတိနတ်။ ၂၄။ ဂေါပါလယက္ခသေနာပတိနတ်။
၂၅။ သုပ္ပရေဓယက္ခသေနာပတိနတ်။ ၂၆။ ဟိရိယက္ခသေနာပတိနတ်။ ၂၇။ နေတ္တိယက္ခသေနာပတိ
နတ်။ ၂၈။ မန္ဒိယယက္ခသေနာပတိနတ်။ ၂၉။ ပဉ္စာလစန္ဒယက္ခသေနာပတိနတ်။ ၃၀။ အာဠာဝက
ယက္ခသေနာပတိနတ်။ ၃၁။ ပဇ္ဇုန္နယက္ခသေနာပတိနတ်။ ၃၂။ သုမနယက္ခသေနာပတိနတ်။
၃၃။ သုမုခယက္ခသေနာပတိနတ်။ ၃၄။ ဒဓိမုခယက္ခသေနာပတိနတ်။ ၃၅။ မဏိယက္ခသေနာပတိ
နတ်။ ၃၆။ မဏိဓရယက္ခသေနာပတိနတ်။ ၃၇။ သေရိသကယက္ခသေနာပတိနတ်။ တို့ဖြစ်၏။

 
အပြင် (၃၇) မင်းကား ၁။ သိကြားနတ်။ ၂။ မဟာဂိရိနတ်။ ၃။ နှမတော် မောင်ကြီးရှင်နတ်
၎။ ရွှေနပေနတ်။ ၅။ သုံးပန်လှနတ်။ ၆။ တောင်ငူရှင်မင်းခေါင်နတ်။ ၇။ မင်းတရားနတ်။ ၈။ သံ
တော်ခံနတ်။ ၉။ ရွှေနော်ရထာနတ်။ ၁၀။ အောင်စွာမကြီးနတ်။ ၁၁။ ငါးစီးရှင်နတ်။ ၁၂။ အောင်ပင်
လယ်ရှင်ဖြူရှင်နတ်။ ၁၃။ တောင်မကြီးနတ်။ ၁၄။ မြောက်မင်းရှင်ဖြူနတ်။ ၁၅။ ရှင်တော်နတ်။
၁၆။ ညောင်ချင်းနတ်။ ၁၇။ တပင်ရွှေထီးနတ်။ ၁၈။ မင်းရဲအောင်ထင်နတ်။ ၁၉။ ရွှေစစ်သင်နတ်။
၂၀။ မယ်တော်ရွှေစကားနတ်။ ၂၁။ မောင်ဘိုးတူနတ်။ ၂၂။ ယွန်းဘုရင်နတ်။ ၂၃။ မောင်မင်းဖြူနတ်
၂၄။ မန္တလေးဘိုးတော်။ ၂၅။ ရွှေဖျဉ်းကြီးနတ်။ ၂၆။ ရွှေဖျဉ်းငယ်နတ်။ ၂၇။ ဒါန်းမောင်ရှင်နတ်။
၂၈။ ထီးဖြူဆောင်းနတ်။ ၂၉။ ထီးဖြူဆောင်းမယ်တော်နတ်။ ၃၀။ ပရိမ္မရှင်မင်းခေါင်နတ်။ ၃၁။ မင်း
စည်သူနတ်။ ၃၂။ မင်းကျော်စွာနတ်။ ၃၃။ မြောက်ဖက်ရှင်မနတ်။ ၃၄။ အနောက်မိဖုရားနတ်။
၃၅။ ရှင်ကုန်းနတ်။ ၃၆။ ရှင်ကွနတ်။ ၃၇။ ရှင်နဲမိနတ်။ တို့ ဖြစ်၏။

 
ကျမ်းဂန်ပြင်ပ နတ်စာရင်းကို ကြည့်ပါက သိကြားနတ်ကို ဖယ်လိုက်လျှင် မြန်မာပြည်ဖြစ်
နတ်တွေချည်းတွေ့ရ၏။ ဥပစ္ဆေဒကကံဖြင့် သေကြရပြီး နတ်စိမ်းများ ဖြစ်ကြသဖြင့် ထေရ၀ါဒ
ဗုဒ္ဓဘာသာအရ ဘုံဖြင့်တိုင်းလျှင် ပြိတ္တာဘုံ၌ပါဝင်ပြီး (အပါယ်လေးဘုံ = ၁။ ငရဲ၊ ၂။ ပြိတ္တာ၊ ၃။
တိရစ္ဆာန်၊ ၄။ အသူရကာယ်) လူသားစင်စစ်ထက် နိမ့်ကျပါ၏။ ဓမ္မမိတ်ဆွေအပေါင်းတို့ ကလည်း
ကိုးကွယ်သင့် မသင့်ကို နားလည် သဘောပေါက်ကြပြီး မိမိဘ၀မြင့်မြတ်အောင် ကျင့်ကြံအားထုတ်
ကာ မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။

 
{နှစ်ဖက်လှ ဦးကျော်လွင်၏ ဗုဒ္ဓဘာသာ လူထက်လူ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။ }
(မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်
ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)
“ဆုတောင်းပတ္တနာ”
ဓမ္မဒါန၊ ဤပုညကြောင့်၊
ဘ၀သံသရာ၊ နောင်ဖြစ်ရာ၌၊
ပညာထူးချွန်၊ မြင့်ကဲလွန်လျက်၊
အမွန်ချမ်းသာ၊ နိဗ္ဗူတာကို၊
လျင်စွာရစေ၊ တောင်းဆုခြွေသည်၊
မသွေပြည့်ဝပါစေသော်။ ။
 
ဦးသိန်းဝေ။

http://www.facebook.com/damanadi.tk
http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

အိုင်တီပစ္စည်းများနှင့် ဥာဏ်များသောသူတို့အကြောင်း (သတိ အမျိုးသမီးများ ဖက်ဖြစ်အောင်ဖက်ပေးပါ ထို့အတူ ပြန်လည် share ခြင်းဖြင့် မြန်မာအမျိုးသမီးကောင်းများအား အသိပေးခြင်း (၀ါ) အရှက်နှင့်သိက္ခာအား ကယ်တင်ပေးပါရန်)


ယခုလိုတိုးတတ်နေသော IT ခေတ်ကြီးတွင် လူတစ်ချို့၏လွဲမှားစွာအသုံးချနေသော နည်းပညာစမ်းများကြောင့် အထူးသဖြင့် လက်ရှိမြန်မာအမျိုးသမီးများအား များစွာထိခိုက်နစ်နာနေရပါသည် ။ အထူးသဖြင့် ဟိုတယ်အခန်းတွင် ကင်မရာတပ်ဆင်ခြင်း ၊ အင်တာနက်ဆိုင်တွင် admin များမှ user များ၏ skype, vzo, tango သုံးစွဲနေမှုအပေါ် privacy ချိုးဖေါက်ခြင်း (မှတ်ချက် ။ Internet ဆိုင်များတွင်ချိတ်ဆက်ထားသော စက်အလုံးတိုင်းအား Admin မှ ကောင်းကောင်းထိန်းချုပ်နိုင်ပါသည် ။ 
အထူးသဖြင့် သုံးစွဲသူ user screen အား Admin စက်မနေ၍ှ ဘယ်သူနဲ့စကားပြောနေသည် ဘာတွေလုပ်နေသည်ကို video record များလုပ်နိုင်ခြင်း) ။ 


ထို့အပြင် လက်ဆွဲအိတ်အရှည်အား အောက်ဘက်နားတွင်ဖေါက်ကာ video recorder အသေးစားများတပ်ဆင်၍ စကပ်တိုသော အမျိုးသမီးများအောက်သို့ ရောက်စေကာ အမျိုးသမီးအတွင်းခံများအား အရသာခံဖို့အတွက် ကူးယူထားခြင်း ။ အ၀တ်လှဲခန်း၏ မျက်နှာကြပ် ထို့အပြင် အ၀တ်လှဲခန်းထဲမှ မှန် နောက်မှတဆင့် video များရိုက်ယူထားခြင်း ။ အပေါ်ဆုံးထပ်နေသော အပျိုလေးများအဖို့ တဖက်ခန်းမှ ရေချိုးခန်း အိပ်ခန်း အ၀တ်လှဲခန်းဆီသို့ video recorder အသေးစားလေးများအား သံချောင်း (သို့) တုတ်ချောင်းလေးများဖြင့် မသိမသာ လွတ်သောကြားနေရာမှတဆင့် တစ်ဖက်ခန်းသို့ရောက်စေခြင်းဖြင့် video များရိုက်ကူးထားခြင်း ။ 

အိမ်သာများတွင်လည်း video camera များ အပေါ်မှသောလည်းကောင်း အရှေ့ဘက်မှသောလည်းကောင်း အနောက်ဘက်မှသောလည်းကောင်း တပ်ဆင်ထားခြင်း ။ 
အင်္ကျီကြယ်သီးအရွယ်ခန့် video recorder များဖြင့် မိမိချစ်သူအား အခွင့်အရေးယူကာ ရိုက်ယူထားခြင်း (၀ါ) အသံဖမ်းထာခြင်း ။ အများနှင့်အတူတွဲသုံးရသော ရေချိုးခန်းများထဲတွင် video recorder များအား ခေါင်းလျှော်ရည်ဗူးထဲသို့အပေါက်ဖေါက်ထည့်ကာ ရေချိုးသူမသိအောင် ရှေ့မှသောလည်းကောင်း
 ဘေးကသောလည်းကောင်း အနောက်မှသောလည်းကောင်း အသွင်ပြောင်း၍ ရိုက်ယူထားခြင်း ။ အထူးသဖြင့် KTV တွင်းရှိ အိမ်သာများရှိ ကြည့်မှန်များနောက်တွင်မှ vieo များရိုက်ယူထားခြင်း (မှတ်ချက် ။ မိသားစု သူငယ်ချင်းများအလိုက် သီချင်းသွားဆိုခြင်းကိုဆိုလိုသည်) ။ 

လိုင်းကားများပေါ်တွင် နေရာရ၍ထိုင်သော အမျိုးသမီး၏ လည်ပင်းဟိုက်နေမှုအပေါ် ဘေးနားမှ မက်တပ်ရပ်ကာ ဖုန်းပြောသလိုလုပ်ပြီး video ရိုက်ယူထားခြင်း (မှတ်ချက် ။ မိုးဟေကို) ။ ကိုယ်လုံးလှသော အမျိုးသမီးများနောက်မှ ထပ်ကြပ်မကွာလိုက်၍ သတင်းစာစက္ကူဖြင့် video recorder အားပတ်၍ တစ်ခါတလေလက်ဖြင့်ကိုင်ထား၍သောလည်းကောင်း ချိုင်းကြားတွင်ညှပ်ထား၍သောလည်းကောင်း ထိုအမျိုးသမီး၏ နောက်ပိုင်းအား လိုက်လံရိုက်ကူးခြင်း ။ ကားမှတ်တိုင်များတွင် sms ပို့သလိုလို internet သုံးသလိုလိုလုပ်ကာ ရှေ့တွင်ရှိသော အမျိုးသမီး၏ နောက်ပိုင်းအား အရသာခံကာ ရိုက်ယူခြင်း ။ 


ဓါတ်လှေကားတွင်းတစ်ယောက်တည်းလိုက်ပါသော အမျိုးသမီး၏ ထမီပြန်ဝတ်ခြင်းအပေါ် video record လုပ်ထားခြင်း ။ အိမ်ပေါ်မှနေ၍ ကားမှတ်တိုင်တွင်ရှိသော အမျိုးသမီးနောက်ပိုင်းအား resolution ကောင်းကောင်းဖြင့် video (သို့) photo ရိုက်ယူထားခြင်း ။ စားသောက်ဆိုင်တွင်ထိုင်နေသော အမျိုးသမီး၏နောက်ပိုင်းအား အနောက်မှ မသိမသာ ဓါတ်ပုံရိုက်ယူထားခြင်း ။ နယ်များတွင် မိန်းခလေးဆောင်များ၏ ရေချိုးခန်းကျယ်အား သစ်ပင်ပေါ်မှတက်၍ video ရိုက်ယူထားခြင်း ။ plaza တွင်းရှိ အမျိုးသမီးအိမ်သာထဲသို့ camera များတိုက်ရိုက် ခိုးဝှက်စွာ အပေါ်မှနေ၍ တပ်ဆင်ထားခြင်း စသဖြင့် များစွာ အမျိုးသမီးများ၏ လုံခြုံမှုကို ထိခိုက်စေသော အပြုမှုများ များစွာရှိနေပါသည် ရှင် ....


ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ဘယ်သွားသွားဘယ်လာလာ ထိုလူတစ်ယောက်သည် မိမိ၏နောက်တွင် ရှိနေရင်သော်လည်းကောင်း ၊ ကားစီးနေလျှင် ဘေးနားကသော်လည်းကောင်း ၊ ကားစောင့်နေလျှင် အနောက်ဘက်ကသူအားလည်းကောင်း ၊ ရေချိုးတော့မည်ဆိုလျှင် ခေါင်းလျှော်ရည်ဗူးများအားလည်းကောင်း ၊ ဓါတ်လှေကားစီးလျှင် CCTV အားလည်းကောင်း ၊ မိမိမက်တပ်ရပ်နေလျှင် မိမိ စကပ်အောက်နားသို့ ရောက်လာသော အိတ်တစ်အိတ်အားလည်းကောင်း ၊ အင်တာနက်သုံးစွဲလျှင် Admin သိနိုင်သည်ဟူ၍လည်းကောင်း ၊ ကြယ်သီးပုံစံအရွယ်ရှိ spy video recorder များအားလည်းကောင်း သတိရှိကြပါရှင် ။ ထို့အပြင် မိမိသည် ထိုင်နေလျှင်သော်လည်းကောင်း အောက်စလွတ်ခြင်းများ လည်ဟိုက်နေခြင်းများအားလည်း သတိရှိစေချင်ပါသည် ။ သို့မဟုတ်ပါက သင်တို့ပုံများသည် အင်တာနက်သို့ရောက်လာမည်မှာ ၁၀၀% သေချာကြောင်းထပ်လောင်း သတိပေးပါရစေရှင် ။

 မှတ်ချက် မိမိနှင့် ပေါင်းသင်းဆက်ဆံနေသူသည် အိမ်ထောင်ပင်ရှိသော်ငြားလည်း စိတ်သည် ရှိနေမည်ဖြစ်ရာ မယုံကြည်ကြပါနှင့် ။ ထိုအိမ်ထောင်ရှင်သည် သင့်ရင်သားနှင့်သင့်တင်ပါးကို သင်မသိလိုက်ချိန်တွင် ခဏခဏကြည့်နေမည်မှာ သင်မသိပါ၏လော ။ ထို့ကြောင့် မိမိသည် sexy အရမ်းကျသောအ၀တ်အစားများအား ၀တ်ခြင်းအားတတ်နိုင်သမျှ ရှောင်ပါကအကောင်းဆုံးဖြစ်မည်ဟု ထင်မိပါသည်ရှင် ။ ခက်တာက ထိုသူတို့သည် sexy မကျလည်း ကိုယ်လုံးလှပါက ရှောင်မည်မဟုတ်ပါ ။ မည်သို့ပင်ဖြစ်စေ ကျွန်မတို့တွေသည် အားလုံးမရှောင်နိုင်ပေမယ့် မိမိ၏ နေထိုင်ဝတ်စားမှုအပေါ်တွင် အမြဲသတိရှိနေကြပါရန် လေးစားစွာ တိုက်တွန်းအပ်ပါသည်ရှင် ...

Credit >>>>> Moe Hnin Phyu

30 Jul 2014

ပရလောကသားများ၏ အကူအညီဖြင့် ဆယ်ယူတော့မည့် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီး

 
 
နှစ်ပေါင်းများစွာ ကတည်းက ရေအောက်တွင် နစ်မြုပ်နေခဲ့သော ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးအား လာမည့် မြန်မာသက္ကရာဇ် ၁၃၇၆ခုနှစ် ၀ါဆိုလဆန်း ၁၄ ရက်( သြဂုတ်လ ၈ရက်)တွင် ရေထဲမှ ကုန်းပေါ်သို့ နှစ်ပတ်အတွင်း ဆယ်ယူသွားမည် ဖြစ်ကြောင်း ခေါင်းလောင်းတော်ကြီးအား ဦးဆောင်ဆယ်ယူမည့်သူ ဦးစံလင်း(ကော့သောင်း)၏ ပြောကြားချက်အရ သိရသည်။


ယင်းနှင့်ပတ်သတ်သည့် သတင်းစာ ရှင်းလင်းပွဲအား ဇူလိုင်လ၂၅ရက်က ရန်ကုန်မြို့ Orchid Hotelတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ပရလောကသား အကူညီများဖြင့် ဆယ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။


“ခေါင်းလောင်းဆယ်ယူတဲ့ နေရာမှာ မြင်အပ်မမြင်အပ် ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ပရလောကသားတွေရဲ့ အကူအညီနဲ့ ဆယ်ယူသွားမှာပါ။ သိပံ္ပခေတ်ကြီး ရောက်နေတဲ့ အတွက် ပရလောက အကူအညီနဲ့ ဆယ်တယ်ဆိုတာ ယုံချင်မှယုံမှာပါ။ ဒါပေမဲ့ မယုံလို့တော့ မရပါဘူး” ဟု ခေါင်းလောင်းတော်ကြီး ဆယ်ယူမည့် ဦးစံလင်းက ပြောကြားသည်။


ခေါင်းလောင်းတော်ကြီးသည် ရေအောက်၌ နစ်မြုပ်တည်ရှိနေသည်ကို ဒဏ္ဍာရီပုံပြင်ဆန်ဆန် မှတ်ယူနေကြသော်လည်း ယခုကဲ့သို့ ဆယ်ယူမည်ဟု ဆိုခြင်းကို မဖြစ်နိုင်ဟု ထင်မြင်ယူဆနေကြ သော်လည်း ၄င်းခေါင်းလောင်းတော်ကြီးကို ယခုအခါ ရှိ/မရှိ ရှာဖွေခြင်း မဟုတ်ဘဲ မြန်မာ့နည်း၊ မြန်မာ့ဟန် အဆင့်မြင့် နည်းပညာများအပြင် သီလ၊သမာဓိ၊ပညာ ကတိသစ္စာများနှင့် ၁၂နှစ်တိတိ ကြိုးစားအားထုတ်ပြီးမှ ယခုကဲ့သို့ တူးဖော်ဆယ်ယူခြင်း လုပ်ငန်းကို ဆောင်ရွက်မှာဖြစ်ပြီး ရှာဖွေခြင်း လုပ်ငန်းကို လုပ်ဆောင်ခဲ့သည့်အပြင် ၁၁-၈-၁၉၉၈ ခုနှစ် မြန်မာ သက္ကရာဇ် (၁၃၆၀ပြည့်နှစ် ၀ါခေါင် လပြည့်ကျော်၎ရက်)တွင် ရေအောက်သို့ ကိုယ်တိုင်ရေငုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ၄င်းက ဆိုသည်။


ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးသည် ရေအောက် ၂၇ပေ၊ မြေကြီးအောက် ၂၅ပေ၊ စုစုပေါင်း ၅၂ ပေတွင် တည်ရှိနေသည်ကို တွေ့ရှိရပြီး နစ်မြုပ်လျက်ရှိသော ခေါင်းလောင်းတော်ကြီး အပေါ်တွင် ပေ၁၀၀ အရှည်ရှိသော ဂျပန်ခေတ်က နစ်မြုပ်ခဲ့သည့် သံသင်္ဘောကြီးရှိနေပြီး ၎င်းကို ဖယ်ရှားပြီးမှသာလျှင် ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို ဆယ်ယူရရှိမည်ဖြစ်ကြောင်း၊ ဆယ်ယူရာ၌ ၀ါခေါင်လအပြီး ရေစီးအသန်ဆုံးနှင့် အကြမ်းဆုံးအချိန်ကို ရွေးချယ်ထားကြောင်း ဓမ္မစေတီခေါင်း လောင်းတော်ကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ကျော် ကမ္ဘာပေါ်တွင် “သံ” မပေါ်ခင် အချိန်က ရွှေ၊ ငွေ၊ ကြေး၊ ဘော်၊ သတ္တု လေးမျိုးဖြင့် သွန်းလောင်းထားပြီး သံပါဝင်ခြင်း မရှိသည့်အတွက် ယခုအခါ ခေါင်းလောင်းတော်ကြီး၏ (ပုဇွန်တုပ်ကွေး) ကွင်းသည် မရှိတော့ပဲ ခေါင်းလောာင်းတော်ကြီးမှာ အောက်သို့ ၄၅ ဒီဂရီ စောင်းနေပြီး အ၀မှာ အပေါ်တွင် ရှိနေသောကြောင့် ခေါင်းလောင်းတော်ကြီးကို Buffer စနစ်ဖြင့် Bouyancy ပြုလုပ်ကာ ကုန်းပေါ်သို့အရောက် ဆယ်ယူ သွားမည်ဖြစ်ကြောင်း ဦးစံလင်းက ဆိုသည်။


“ဆယ်ယူမည့်အချိန်က အကြာဆုံး ၃ရက်၊ အခက်အခဲရှိရင် ၁၀ရက်လောက် ကြာသွားနိုင်ပါတယ်” ဟု ဦးစံလင်းက ခေါင်းလောင်းတော်ကြီးအား ဆယ်ယူမည့် ကြာချိန်ကို ပြောကြားခဲ့သည်။


အဆိုပါ ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို သယ်ယူရန် သြဂုတ်လ ၈ရက်နေ့တွင် စတင် အချိန်ယူကာ သြဂုတ်လ ၉ ရက်နေ့မှ သြဂုတ်လ ၂၆ရက်နေ့အထိ နောက်ဆုံးထားကာ ဆယ်ယူသွားမည် ဖြစ်ပြီး ယင်းသို့ဆယ်ယူရန် အတွက်ကိုလည်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရထံမှ ဇူလိုင်လ ၁၄ရက်က ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ကာ ဆယ်ယူရန် ခန့်မှန်း ကုန်ကျငွေ (၁၈၆၄၀၀၀၀၀) သိန်းခန့် ကုန်ကျနိုင်မည် ဖြစ်ကြောင်းနှင့် ဆယ်ယူပြီးစီးပါကလည်း ၄င်းဓမ္မစေတီ ခေါင်းလောင်းတော်ကြီးကို တပ်မတော်(ရေ)တပ်၊ ဧရာဝတီရေတပ် စခန်း ဌာနချုပ်၊ အမြောက်ကြီး နေရာတွင် တင်ပြီး စစ်ရေးပြအဆောင်တွင် ၃လခန့်အချိန်ယူကာ သတ္တုလေးမျိုး ဓာတ်ပြုမှုကြောင့် ခေါင်းလောင်းတော်ကြီး၌ တွယ်ကပ်နေသော ချေးများကို အနုစိတ် ရှင်းလင်း ဆောင်ရွက်ပြီး ရွှေတိဂုံ စေတီတော်ကြီး၌ အပူဇော်ခံ ထားသွားမည်ဖြစ်ကြောင်း ဦးစံလင်းက ပြောကြားခဲ့သည်။
 
 
Tomorrow News


အမျိုးသမီးတစ်ယောက်ရဲ့ တန်ဖိုး

 
တစ်ခါတုန်း ကပေါ့ ဘုရားသခင်က လူသား မိန်းမကို ဖန်ဆင်းနေတဲ့ အချိန်ကာလ အတွင်း ၆ ရက်မြောက် နေ့မှာ နတ်သမီး တစ်ပါး ရောက်လာ ပါတယ်။ ပြီးတော့ ဘုရားသခင်ကို မေးတယ်..

“ ဒီတစ်ခု လေးကို ဘုရားသခင်က ဘာလို့အချိန် အများကြီး ယူပြီး ဖန်ဆင်း နေရတာလဲ ”

ဘုရားသခင်က နတ်သမီးကို ကြည်ပြီး ပြောတယ်..

“ အခု ဖန်တီးနေတဲ့ လူသား မိန်းမရဲ့ အစိတ် ပိုင်းတွေကို တွေ့လား ” 

နတ်သမီးက ဖန်တီးလက်စ လူသား မိန်းမကို သေသေချာချာ ကြည့် လိုက်တယ်..

ဘုရားသခင်က ဆက်ပြောတယ်.. သူ ဖန်တီးပြီး ဖြစ်တဲ့ လူသား မိန်းမရဲ့ လက်နှစ်ချေင်းကို ညွှန်ပြ လိုက်ပြီး.. 

“ ဒီလက်နှစ်ချောင်းနဲ့ သူမဟာ ခန္ဓာကိုယ်ပေါ်က အ၀တ်တွေကို လျှော် ဖွပ်နိုင်တယ် အိမ်ထဲမှာ ရှိတဲ့ ပစ္စည်း အမျိုး ၂၀၀ လောက်ကိုလည်း ဟိုရွှေ့ ဒီရွေ့ပြောင်းနိုင်တယ် အရသာ ထူးကဲတဲ့ အစားအသောက် တွေကိုလည်း ချက်ပြုတ် ပြင်ဆင် ပေးနိုင်တယ် ဒါ့အပြင် ကလေးငယ်တွေ ကိုလည်း ချီမပြုစု ပေးနိုင်သေး တယ် အဲဒီ လက်နှစ်ဖက်နဲ့ပဲ ဒူးနာတာက အစ လူတစ်ဖက်သား အသည်းကွဲတာ အဆုံး သူ ပျောက်ကင်း အောင် စွမ်းဆောင် ပေးနိုင်တယ် နတ်သမီး ”

ဘုရားသခင်ရဲ့ စကားကြောင့် နတ်သမီးက လူသား မိန်းမကို အထင် ကြီးသွားတယ် ပြီးတော့ ဘုရား သခင်ကို ထပ်မေးတယ်..

“ ဒါဟာ လူသား မိန်းမရဲ့ ပုံသဏ္ဍန် အပြည့်အစုံ ပဲလား ဘုရားသခင် ” 

“ ဒီနေ့တော့ သူမကို ဖန်တီး၇တာတွေ များနေပြီ မနက်ဖြန် တစ်ချက် ကြည့်ပါဦး အဲဒီအခါ ပြီးပြည့်စုံတဲ့ လူသားမိန်းမ ပုံစံကို တွေ့ရပါလိမ့်မယ် ”

နောက်တစ်နေ့ကျတော့ နတ်သမီးက ဘုရားသခင်ဆီ ရောက်လာပြန်တယ် ဘုရားသခင်က ပြောတယ်..

“ ဒီနေ့တော့ လူသားမိန်းမရဲ့ ပုံစံဟာ ပြီးသင့်သလောက်တော့ ပြီးနေပါပြီ ဖန်ဆင်းခဲ့ သမျှထဲမှာ လူသား မိန်းမကို ဖန်ဆင်းရတာ အနှစ်သက်ဆုံးပါပဲ ” 
“ ဘာလို့ပါလဲ ဘုရားသခင် ” နတ်သမီးက မေးတယ်.. 

“ နေထိုင်မကောင်းဖြစ်တဲ့ အချိန်မှာ ဆို လူသားမိန်းမဟာ သူမ ဘာသာသူမ ပြုစုစောင့်ရှောက် တတ်တယ် သူတစ်ပါး နေမကောင်းရင်လည်း ပြုစုစောင့်ရှောက်ေ ပးတတ်တယ် တစ်နေ့မှာ သူမဟာ ၁၈ နာရီလောက် အလုပ်လုပ်နိုင်စွမ်း ရှိတယ် ”

နတ်သမီးက ဘုရားသခင်ရဲ့ စကားကို နားထောင်ရင်း လူသားမိန်းမ အနီးကို တိုးကပ်သွားတယ် ပြီးတော့ လူသားမိန်းမကို တို့ထိကြည့် လိုက်တယ်..

“ နူးညံ့လိုက်တာ ” 

“ ဟုတ်တယ် နူးညံတယ် ဒါပေမယ့် စိတ်ထားကိုတော့ သန်မာအောင်လို့ ဖန်ဆင်းထားတယ် အခက် အခဲတွေ အတားအဆီးတွေကို ကျော်လွှားနိုင်အောင်လည်း ဖန်ဆင်းထားတယ် ” 

“ သူမက တွေးခေါ်တတ်လို့လား ” နတ်သမီးက ထပ်မေးလိုက်တယ် 

“ တွေးတတ်ယုံတင် မကပါဘူး အကျိုးအကြောင်း ဆီလျှော်အောင် စဉ်းစားနိုင်ပြီး ညှိညှိနှိုင်းနှိုင်းလည်း လုပ်တတ်သေးတယ် ” 

နတ်သမီးက ဘုရားသခင် ဖန်တီးလက်စ လူသားမိန်းမ ပါးပြင်ကို လက်နဲ့ ထိလိုက်တယ်.. 

“ ဟင် ဒီမှာ အရည်တွေ စိမ့်ကျနေပါလား ဖန်ဆင်းထားတာ များလို့များ လူသားမိန်းမမှာ ၀န်ထုပ်ဝန်ပိုး ဖြစ်နေတာလား ” 

“ အဲဒါကို မျက်ရည်လို့ ခေါ်တယ် နတ်သမီး ” 

“ ဟင် .. ဘာအတွက်လဲ ” 

“ သူမရဲ့ဘ၀မှာ တွေ့ကြုံလာရတဲ့ ကြေကွဲမှု ၀မ်းနည်းမှု အမုန်းတရားနဲ့ ချစ်ခြင်းတရားတွေ အထီးကျန်မှုနဲ့ နာကျင်မှုတွေ ဂုဏ်ယူမှုတွေ ပျော်ရွှင်မှုတွေ စတဲ့ စိတ်ခံစားမှုတွေကို ဖော်ပြဖို့အတွက်ပါ ” 

နတ်သမီးဟာ လူသားမိန်းမကို အရမ်း အထင်ကြီးသွားတယ် ပြီးတော့ လူသား မိန်းမကိုပြောတယ်.. 

“ သင်ဟာ သိပ်ကို ကြီးကျယ် မြင့်မြတ်လှတဲ့ လူသားမိန်းမပါပဲ ဘုရားသခင် သင်ဟာအရာရာကို စဉ်းစား ချင့်ချိန်ပြီး တွေးတွေးဆဆ စွမ်းဆောင်နိုင်တယ် အခု သင်ဖန်ဆင်းထားတဲ့ လူသား မိန်းမကလည်း ကမ္ဘာလောကကြီး အတွက် ထူးခြားပြီး မရှိမဖြစ် အလိုအပ်ဆုံး ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုလိုက်တယ်

ဘုရားသခင်က ပြုံးပြီးပြန်ပြောတယ် 

“ ဟုတ်တယ် လူသားမိန်းမက ကမ္ဘာကြီးအတွက် တကယ့် လိုအပ်မှုတစ်ခုပါ သူမမှာ လူသားယောက်ျား တွေ အံ့သြသွားစေမယ့် ခွန်အားနဲ့ သတ္တိတွေ ရှိတယ် မိသားစုရဲ့ ၀န်ထုပ်ဝန်ပိုး တွေကိုလည်း ဖြေရှင်းနိုင် စွမ်းရှိတယ် သူမကြောင့် ပျော်ရွှင်ခြင်းတွေ ချစ်ခြင်းတရားတွေနဲ့ အတွေးအခေါ်သစ်တွေ ဖြစ်ပေါ်လာနိုင် တယ် နောက်ဆုံး သူမကြောက်ရွံ့ နေတာတောင်မှ သူမမှာ ပြုံးပြနိုင်တဲ့ အစွမ်းရှိတယ် ”

“ အဲ့လောက်တောင် ပဲလား ” 

“ ဒါတင်မကသေးဘူး ငိုကြွေးရမယ့် ဒုက္ခတွေ ခါးဆီးခံရမယ့် အချိန်မှာ သူမ သီချင်းဆိုနိုင်တယ် ပျော်ရွှင် ရယ်မောတဲ့ အချိန်မှာလည်း သီချင်းဆိုတယ် ကြောက်ရွံ့ထိတ်လန့် နေချိန်မှာလည်း သီချင်းဆိုတယ် ” 

“ အိုး ... ” 

“ သူမ မိသားစုအတွက် သူမယုံကြည်ရာကို ပြုလုပ်နိုင်သလို မိသားစုအတွက် သူမဟာ အဓိက ဇာတ်ကောင် အဖြစ် ခံယူထားပြီး မိသားစု ငြိမ်းချမ်း တည်ငြိမ် အောင်မြင်အောင် သူမအပေါ် မူတည်နေ တယ်လို့လည်း ခံယူထားတယ် သူမရဲ့နှလုံးသားဟာ ပုံသဏ္ဍန် အမှန်မရှိဘူး ”

“ သူမရဲ့သားသမီးတွေ အောင်မြင်နေတာ ကြည်ပြီး ကြည်နူး မျက်ရည်တွေလည်း ကျနေတတ်တယ် သားသမီးအတွက် ၀မ်းနည်းတာဖြစ်စေ ၀မ်းသာတာဖြစ်စေ မျက်ရည် ကျတတ်သေးတယ် တခါတခါ ပီတိအပြုံးနဲ့ ဂုဏ်ယူနေတတ် သေးတယ် ” 

နတ်သမီးက ဘုရားသခင် စကားနားထောင်ရင်း လူသားမိန်းမကို သဘောကျနေခဲ့တယ် ဘုရားသခင်က နောက်ထပ် ဆက်ရှင်းပြတယ်... 

“ သူမ နှလုံးသားဟာ ဆွေမျိုး မိသားစုထဲက တစ်ယောက်ယောက် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက် ယောက် ဆုံးတယ် သတင်းကြားရင် ကြေကွဲထိခိုက် တတ်တယ် ဒါပေမယ့် အဲဒီကြေကွဲမှု တွေကိုပဲ ဘ၀အတွက် လိုအပ်တဲ့ ခွန်အားအဖြစ် ပြောင်းလဲ ယူနိုင်စွမ်းလည်း ရှိတယ် ”

“ သူတပါးအတွက် အနမ်းရယ် ယုယနွေးထွေးတဲ့ ဆက်ဆံခြင်းတွေက အသည်းကွဲခြင်းကို ကုစားပေးနိုင် တယ် ဆိုတာလည်း သူမက သိသေးတယ် ”

ဘုရားသခင်က နောက်ဆုံး နတ်သမီးကို စကား တစ်ခွန်းပြောတယ်.. 

“ ဒါပေမယ့် လူသားမိန်းမမှာ ချို့ယွင်းချက် တစ်ခုရှိတယ် ” 

“ ဘယ်လို .. ” “ ဘယ်လို ချို့ယွင်းချက်လဲ ဒီလောက် ပြည့်စုံနေတာကို ”

“ သူမဟာ သူမရဲ့ အဲဒီလို တန်ဖိုးရှိနေမှု တွေကို မေ့နေတတ်တယ် ” 

“ ဟင် .. ” 

“ နောက်ပြီး ကမ္ဘာပေါ်မှာ သူမဟာ အဖိုးတန်ဆုံး လူသား တစ်ယောက်ပါလား ဆိုတာကိုလည်း အမြဲတမ်း မေ့နေတတ်တယ် ”

အမျိုးသမီးတိုင်း မိမိ ရရှိနေတဲ့ ဘ၀ကို တန်ဖိုးထားပြီး ဂုဏ်ယူနိုင်ကြပါစေ။


The creatures of women အား ဆီလျှော်သလို ဘာသာပြန်သည်။

သက်တန့်ချို


၁ မိနစ် ၂၅ ကျပ်ဖြင့် ဖုန်းပြောနိုင်မည့် မြန်မာ့ဆက်သွယ်ရေး ၀န်ဆောင်မှု

 
 
၁ လအတွင်း ဖုန်းနံပါတ် ၃ ခု ကို ဖုန်းပြောခ ၁ မိနစ် ၂၅ ကျပ်နဲ့ ဆက်သွယ်နိုင်မယ့် ပရိုမိုးရှင်း ၀န်ဆောင်မှုတခုကို မြန်မာ့ဆက်သွယ်ရေးက ဒီကနေ့ ကြေညာပါတယ်။

ADSLဒီ ပရိုမိုးရှင်း ၀န်ဆောင်မှု လိုချင်သူတွေဟာ ပုံမှန် ကိုယ်ဆက်သွယ်ပြော ဆိုလိုတဲ့ ဖုန်းနံပါတ် ၃ ခု မြန်မာ့ဆက် သွယ်ရေးက သတ်မှတ်တဲ့ နံပါတ်ဆီ မက်ဆေ့ခ်ျ ကြိုတင် ပေးပို့ ထားရမှာ ဖြစ်ပါတယ်။

မက်ဆေ့ပေးပို့ပြီးတာနဲ့ ၁ လအတွင်း အဲဒီနံပါတ် ၃ ခုဆီ ၁ မိနစ် ၂၅ ကျပ်နှုန်းနဲ့ ကြိုက်သလောက် ဖုန်းခေါ်ဆို ဆက်သွယ်နိုင်ပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ၀န်ဆောင်ခ ကျပ် ၂၅၀၀ သတ်မှတ်ထားတာကြောင့် ကိုယ်ပေးထားတဲ့ နံပါတ်တွေဆီ ၁ လအတွင်း မိနစ် ၁၀၀ အထက် ခေါ်ဆိုသူတွေမှသာလျင် ဈေးနှုန်းသက်သာတဲ့ အကျိုးအမြတ် ခံစားရမှာ ဖြစ်ပါတယ်။

ဒီဝန်ဆောင်မှုကို ဂျီအက်စ်အမ် အမျိုးအစား ဖုန်းသုံးသူတွေကပဲ ရယူနိုင်ပြီး စီဒီအမ်အေ ၈၀၀ နဲ့ ၄၅၀ ဖုန်းကိုင်ဆောင်သူတွေအတွက် အကျုံးမ၀င်ဘူးလို့ ဖော်ပြထားပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no/archives/61231

27 Jul 2014

သန်းချီ တန်ဖိုးရှိ ရှေးဟောင်း ဗုဒ္ဓဆင်းထုတော် ဘင်္ဂလာဒေခ်ျ့တွင်ဖမ်းမိ


 ဘင်္ဂလာတာကာငွေ သန်းချီ တန်းဖိုးရှိသော ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော် တစ်ဆူကို ရေကန်ထဲတွင် ၀ှက်ထားရာမှ ဘင်္ဂလာဒေခ်ျ့ ရဲတပ်ဖွဲ့က ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။

ယင်း ဗုဒ္ဓရုပ်ပွားတော်မှာ အလေးချိန် ကီလို (၁၀၀) ရှိပြီး အမာစား သံကျောက် တစ်ခုတွင် ကနူတ်ပန်းများနှင့် အတူ ပလ္လင်ခွေထိုင်နေဟန် ထွင်းထုထားသော ရုပ်ပွားတော် ဖြစ်ကြောင်း သိရသည်။ (ပုံ-ရှု့ပါ)

ဗုဒ္ဓရုပ်ပွားတော်အား ဘင်္ဂလာဒေခ်ျ့ အမှတ် (၄၃) နယ်ခြားစောင့်တပ်ဖွဲ့မှ သတင်းအရ ရှာဖွေစဉ် ဘင်္ဂလားဒေ့ခ်ျနိုင်ငံ မြောက်ဘက် ဘော်ဂရာ (Bogra)ခရိုင်အတွင်း ကျေးရွာတစ်ရွာရှိ ရေကန်တခုအတွင်းမှ ရှာဖွေ ဖေါ်ထုတ် ဖမ်းဆီးရမိသည်ဟု ဆိုသည်။

ဖမ်းဆီးရမိချိန်မှာ လွန်ခဲ့သည့် ကြာသပတေးနေ့ နေ့လည် ၂ နာရီခန့်တွင်ဖြစ်ပြီး ရွာအမည်မှာ ယင်းဘော်ဂရာခရိုင်အတွင်းရှိ အာန္တာဟာ့ရ်ရွာ ဖြစ်ကြောင်း သိရသည်။

ဘော်ဂရာခရိုင်သည် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ မြောက်ဘက်ပိုင်းတွင် တည်ရှိပြီး အုတ်ဖြင့် တည်ဆောက်ထားသော ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းပေါင်း ဒါဇင်နှင့် ချီပြီး တူးဖေါ် ရရှိထားသော ဒေသတစ်ခု ဖြစ်သည်။

(နိရဉ္စရာ- ၂၇ ဇူလိုင် ၂၀၁၄)/ မောင်အေး

23 Jul 2014

ရန်ကင်းမြို့နယ်၌ ပခုံးချင်းတိုက်မိသည့်သူအား ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့် အမျိုးသားကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ချမှတ်

လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသား (ထီးဆောင်းထားသူ)အား တရားရုံးအတွင်းမှ ထွက်ခွာလာသည်ကို ဇွန် ၃၀ ရက်က တွေ့ရစဉ်
 
 
ရန်ကင်းမြို့နယ် ၁၂ ရပ်ကွက် မေတ္တာရိပ်သာလမ်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက ပခုံးချင်း ၀င်တိုက်မိသည့်သူအား အဆိုပါရပ်ကွက်နေ အမျိုးသားတစ်ဦးက ခေါင်းပြတ်လုနီးပါး သတ်ခဲ့သည့်အမှုကို အရှေ့ပိုင်းခရိုင် တရားရုံးက သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။


ယင်းအမှုဖြစ်စဉ်အား ယခုလအတွင်း နှစ်ဖက်အပြီးသတ် လျှောက်လဲချက်များကို စစ်ဆေးပြီးနောက် ဇူလိုင်၂၂ ရက်မွန်းလွဲ ၁ နာရီတွင် အရှေ့ပိုင်းခရိုင် တရားရုံး တွဲဖက်တရားသူကြီး (၄) က သေဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။


တရားခံ ချစ်ပို (၂၂) နှစ်မှာ ရည်ရွယ်ချက်ရှိရှိ သတ်ခဲ့ခြင်းမဟုတ်ဟု တရားရုံး၌ ထွက်ဆိုခဲ့သော်လည်း တရားလိုပြ သက်သေများ၏ ထွက်ဆိုချက်များ၊ သေဆုံးသူ၏ ဒဏ်ရာများနှင့် သိမ်းဆည်းရမိခဲ့သည့် ဓားအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည်။ ထို့အပြင် လူသတ်ရန်သင့်မသင့်ကို ချစ်ပိုမှာ ဆုံးဖြတ်ရန် အချိန်ရှိသော်လည်း သေဆုံးသူ လဲကျနေစဉ် နေအိမ်သို့ ဓားပြန်ယူပြီး နာရီဝက်အကြာတွင် ထပ်မံလာရောက်ကာ သေဆုံးသူအား အဆက်မပြတ် ခုတ်နေခြင်းတို့မှာ ပုဒ်မ ၃၀၂(၁) (ခ)အရ ကျူးလွန်ကြောင်း ထင်ရှားသဖြင့် သေဒဏ်ချမှတ်ရခြင်းဖြစ်ကြောင်း လက်ရှိနိုင်ငံတော်မှာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသည့်အတွက် တရားဥပဒေစိုးမိုးရေးမှာ အရေးကြီးကြောင်း ရပ်ကွက်နေပြည်သူလူထုမှလည်း ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ စိုးရိမ်ထိန်လန့်မှုများ ရှိနေသောကြောင့် ယင်းအမိန့်ကို ချမှတ်ခြင်းဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံး တွဲဖက်တရားသူကြီး (၄)က အမိန့်ချမှတ်ရာတွင် ပြောကြားခဲ့သည်။


သို့သော် သေဒဏ်အမိန့်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အတည်ပြုမှသာ အတည်ဖြစ်မည်ဖြစ်ကာ အမိန့်အတွက် အယူခံဝင်မှုကို ၇ ရက်အတွင်း တရားခံဖြစ်သူမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းနိုင်ကြောင်း တရားသူကြီးက တရားခွင်၌ ပြောကြားခဲ့သည်။


အမိန့်ချမှတ်ပြီးနောက် တရားခံချစ်ပိုမှာ မိဘဖြစ်သူနှင့် နာရီဝက်ကြာ တွေ့ဆုံခွင့်တောင်းခံခဲ့ပြီး ၎င်းအတွက် မိသားစုဝင်များက အယူခံဝင်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။


အမှုဖြစ်ပွားခဲ့ပုံမှာ ယင်းရပ်ကွက်နေ ကျူးလွန်သူချစ်ပိုက သေဆုံးသူအမျိုးသား မျိုးမင်းဦးနှင့် ပခုံးချင်းတိုက်မိရင်း စကားများရာမှ မျိုးမင်းဦးအား အရက်ပုလင်းဖြင့် ဦးစွာရိုက်ခဲ့ပြီး အရက်ပုလင်းကွဲဖြင့် ရင်ဝကိုထိုးခဲ့ကြောင်း သိရသည်။ ယင်းနောက် ချစ်ပိုက မျိုးမင်းဦး၏ ဦးခေါင်းအား ဓားဖြင့် ပြတ်လုနီးပါး ဖြစ်သည်အထိ ထပ်မံခုတ်ဖြတ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုချက်များအရ သိရသည်။


ထို့အပြင် ချစ်ပိုမှာ ၎င်းအသက် ၁၆ နှစ်အရွယ်တုန်းကလည်း ကိုးတန်းကျောင်းသားတစ်ဦးကို ရန်ကင်းမြို့နယ် မိုးကောင်းလမ်း၌ ဓားဖြင့်ထိုးသတ်ခဲ့မှုကြောင့် ထောင်ဒဏ်ကျခံခဲ့ဖူးကြောင်း ရဲမှုခင်းမှတ်တမ်းများအရ သိရသည်။ အဆိုပါ ခေါင်းပြတ်လုနီးပါးသတ်ခဲ့သည့် လူသတ်မှုကို ရန်ကင်းမြို့နယ်နေ ပြည်သူများက ရှုတ်ချကြောင်းနှင့် ကျူးလွန်သူအား တရားဥပဒေအရ ပြင်းထန်စွာ အရေးယူပေးပါရန် ဆန္ဒပြတောင်းဆိုမှုကို လူဦးရေ ၅၀၀၀ ခန့်ဖြင့် ပြီးခဲ့သည့် မတ် ၂၈ ရက်က ပြုလုပ်ခဲ့ဖူးသည်။

Eleven Media


သင်မသိသေးတဲ့ နွမ်းနယ်နေပုံ ပေါက်စေတဲ့ အံ့သြစရာအချက်များ


ကျန်းမာရေးဒေါင်ဒေါင်မြည် ဖြစ်နေတဲ့အချိန်မှာတော့ ကြည့်ရတာ ပင်ပန်းနေတဲ့ပုံ ဖြစ်စရာကြောင်းမရှိပါဘူး။ အရက်နာကျတာ (သို့) အိပ်ရေးပျက်တယ်ဆိုတာလည်း ရှိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ မျက်စိငိုက်ကျနေတာ၊ အသားအရေ မွဲခြောက်ခြောက်ဖြစ်နေတာ၊ မျက်လုံးတွေ ရဲနေတာတို့ ဖြစ်နေကျဖြစ်တတ်ပါတယ်။ တိုက်ဆိုင်းသွားသလားတော့မသိ။ တစ်နည်းထက်မက ပြုမူနေထိုင်ပြုပြင်ဖို့ နည်းလမ်းတစ်ခုလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ညလုံးပေါက် မအိပ်ဘဲ နေတာတစ်ခုတည်းက ပင်ပန်းနွမ်းနယ်နေသလိုဖြစ်စေတဲ့ အကြောင်းတော့မဟုတ်ပါဘူး။ အားနည်းနေသလိုဖြစ်စေတဲ့ သင် ထင်မှတ်ထားမှာ မဟုတ်တဲ့ ကြာင်းအရာတချို့ကို ညွန်ပြချင်ပါတယ်။



ပထမအချက်ကတော့ အစာအိမ်ကို ဖိအိပ်ခြင်းပါ။ အိပ်နေချိန် ခန္ဓကိုယ်က သွေးလည်ပတ်မှုကနေတဆင့် မျက်နှာပေါ်အပါအ၀င် တစ်ရှူးထဲကို အရည်တွေကို ထုတ်ပေးပါတယ်။ ဒီအရည်တွေဟာ မျက်လုံးပတ်ပတ်လည်ကို စိုရွှဲစေပြီး ၎င်းမျက်လုံးတစ်ဝိုက်က အရမ်းပါးလွှာတဲ့ အရေပြားကို ဆန့်ထုတ်ပေးပါတယ်။ ဒါကြောင့် နွမ်းနယ်တဲ့ ပုံပေါက်စေတာပဲဖြစ်ပါတယ်။ ခေါင်းအုံး တစ်ခု (သို့) တစ်ခုထက်ပိုသုံးပြီး အိပ်မယ်ဆိုရင် ၎င်းအရည်တွေဟာ မျက်နှာဘက်သို့ စီးမယ့်အစား ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပါလိမ့်မယ်။


ရက်ရှည်ထားတဲ့ အစားအစာ ရက်ရှည်ထားတဲ့ အစားအစာလို့ ဆိုတဲ့အခါမှာ သကြား နှင့် ကာဗွန်ဟိုက်ဒရိုက်လည်းပါဝင်ပါတယ်။ ဒီအစားအစာတွေက အဆီတက်အောင်လုပ်ရုံမက အရေပြားကိုလည်း ပျက်ဆီးစေပါတယ်။ နောက်ပြီး အရေပြားမှာ ယားနာခြင်း နဲ့ အကောက်ကြောင်းများဖြစ်ပေါ်စေပါတယ်။ အရေပြားကို လန်းဆန်းစိုပြေစေအောင်လုပ်ပေးတဲ့ ခုခံအားစနစ်ကို ပျက်ဆီးစေပါတယ်။ ရိုးရှင်းပါတယ်။ အဲ့ဒီ့ အစားအစာကိုရှောင်ပါ။ ဂျုံမှုန့်၊ ဟိုက်ဒရိုဂျင်ပါဝင်တဲ့ ဆီ ၊ အချိုဓာတ်များများပါတဲ့ အစားအစာမျိုးကို ရှာဖွေစားသုံးသင့်ပါတယ်။


ကိုယ်နဲ့မတည့်တဲ့ အစားအစာတွေကြောင့် နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ အဖျားတက်ခြင်း နဲ့ လည်ချောင်းနာခြင်း စတဲ့ ရာသီအလိုက်ဖြစ်ပွားတတ်တဲ့ရောဂါတွေကနေ မျက်ကွင်းညိုခြင်းဖြစ်တတ်ပါတယ်။ ဆဲလ်တွေကို အအရောင်ပြောင်းလဲစေပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။ အဲလိုရောဂါလက္ခဏာတွေ ဖြစ်လာတဲ့အခါမှာ ရာသီအလိုက်ဖြစ်တဲ့ရောဂါတွေကို ကုသနိုင်သလို၊ ရောဂါကိုခုခံကာကွယ်ပေးမယ့် အန်တီဟက်စ်တာမင်း ကို ပုံမှန်သောက်ရပါမယ်။


နောက်တစ်ခုကတော့ မျက်လုံးကို ပွတ်သပ်ထားတဲ့အရှိန်ကြောင့်ေ၇ာ ခြောက်သွေ့တဲ့လေကြောင့်ပါ မျက်လုံးခြောက်ကပ်ကပ်ဖြစ်တတ်ပါတယ်။ ဒီခြောက်သွေ့တဲ့လေက မျက်စိတစ်ဝိုက်အကြောတွေကို ကျယ်လာစေပြီး ထိုင်းထိုင်းမိုင်းမိုင်း ဖြစ်စေပါတယ်။


ကဖင်း(Caffeine) ဓာတ် အနေနဲ့ကတော့ ကိုယ်နေ့စဉ်သောက်သုံးတဲ့ ကော်ဖီပမာဏကို သိဖို့လိုပါတယ်။ ၎င်းဟာ အရေပြားမှာ ရေဓာတ်ခန်း ခြောက်စေပြီး အရေပြား တွန့်လိမ်ခြင်း၊ မည်းညိုခြင်း နဲ့ ခြောက်သွေ့ခြင်းတွေကို ဖြစ်စေပါတယ်။ တစ်နေ့လေးခွက်ထက်ပို မသောက်ပါနဲ့။ အရေပြားကို နုပျိုစေတဲ့ အန်တီအောက်စီဒန့် တွေကို ဖျက်ဆီးပစ်ပါတယ်။ ဒီအချက်အားလုံးတို့သည် အရေပြားကို မွဲခြောက်စေပြီး စိတ်ဝင်စားမှု ကင်းစေပါတယ်။ Caffeine ဓာတ်အနည်းငယ်သာပါဝင်တဲ့ လက်ဖက်ခြောက်ကိုသာ သောက်သုံးသင့်ပါတယ်။

Source: mensxp

Trend Myanmar


ဘီယာဗိုက်ကို လျော့ချပေးမယ့် နည်းလမ်း (၅) သွယ်

အပြည့်အစုံဖတ်ရန် >> http://www.ygnnews.com/2014/07/blog-post_4444.html


အရက် အလွန်အကျွံ သောက်ရတာကို နှစ်ခြိုက်တတ်တဲ့ သူတွေအတွက်တော့ အခုချက်ချင်း မဟုတ်ရင်တောင် နောက်ပိုင်း ဗိုက်ရွှဲတဲ့ြ ပသနာဖြစ်လာစေမှာ သေချာပါတယ်။ အထူးသဖြင့် အားကစားလုပ်ဖို့ လည်း အချိန်မရှိ၊ ခန္ဓာကိုယ် ထိန်းသိမ်းမှုလေ့ကျင့်ခန်းတွေ မလုပ်ဖြစ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်ပေါ့။ သာမန်အားဖြင့် သင့်ဝမ်းဗိုက်ထဲမှာ အဆီတွေတက်လာဖို့ဆိုရင် ကယ်လိုရီများများစားစားတောင် မလိုအပ်ပါဘူး။ ဗိုက်အဆီတက်မလာစေချင်ဘူးဆိုရင်တော့ အားကစားကို အသေအချာလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်။



အဲဒီ ဘီယာဗိုက်ကို အန္တရာယ်မဖြစ်ရအောင် အောက်က အချက်(၅)ချက်ကို လိုက်လုပ်ကြည့်ပါ။


လိုအပ်တာထက်ပိုမသောက်သုံးသင့်ပါ။

၁၂ အောင်စ ဘီယာပုလင်းတစ်လုံးမှာရှိတဲ့ ကယ်လိုရီ ၁၅၀ ပမာဏကို လျော့ချဖို့ အကောင်းဆုံးဖြေရှင်းနည်းနဲ့ သက်သေအထောက်အထားကောင်းတစ်ခုက ဘီယာကို အလွန်အကျွံ မသောက်ဖို့ပါပဲ။ အကြောင်းရင်းကတော့ အေးအေးလေးနဲ့ အရသာရှိတဲ့ အဲ့ဒီဘီယာကိုသောက်လိုက်တဲ့အခါမှာ သင့်အသည်းက မခံနိုင်ဖြစ်ပြီး အားနည်းစေပါတယ်။ အဆီဓာတ်ကို အာနိသင်အဖြစ် ပြောင်းနိုင်စွမ်း ပိုနည်းစေပါတယ်။ ဒါကြောင့် သင့်ရဲ့ချက်နားတ၀ိုက်ကို ပိုထွက်နေအောင် တွန်းထုတ်ပေးပါတယ်။


ကယ်လိုရီပမာဏကို စဉ်းစားချင့်ချိန်ပါ။

သင်နေ့တိုင်းစားသုံးတဲ့ ကယ်လိုရီပမာဏကို သိရှိဖို့အရေးကြီးပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ကွဲပြားနေတာကြောင့် မတူကွဲပြားတဲ့ alcohol ပါတဲ့ အရည်တွေကို အကြမ်းဖျင်းလောက်တော့ ခန့်မှန်းတတ်ဖို့လိုပါတယ်။ ဒါကြောင့်မို့ ဒီဘီယာဗိုက်ကို လျော့ချဖို့ အကောင်းဆုံးနည်းက ကန့်သတ်ချက်ထားပြီး ဘီယာနှစ်လုံးတည်းနဲ့ ကယ်လိုရီပမာဏကို လျော့ချပြီးသောက်ရပါမယ်။


ကယ်လိုရီ အနည်းငယ်သာပါတဲ့ ဘီယာကိုပြောင်းသောက်ပါ။

ပုလင်းအရေအတွက် မဟုတ်ဘဲ ကယ်လိုရီပမာဏကိုသာ လျော့ချပါ။ အဲဒီဗိုက်ကို ၀ိတ်လျာ့ဖို့ ဘီယာကို အဆက်ဖြတ်စရာမလိုပါဘူး။ ဒါပေမဲ့ ကယ်လိုရီ ၈၀ ကနေ ၁၀၀ ကြား ပါဝင်တဲ့ ဘီယာအပျော့စားကို စတင်ပြောင်းသောက်နိုင်ပါတယ်။


ရေများများသောက်ပေးပါ။

ရေဓာတ်မရှုံးဆုံးရအောင် ဘီယာတစ်ခွက်သောက်တိုင်း အနည်းဆုံးရေတစ်ခွက်လောက် သောက်ပေးရတာလည်း နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ ဒီနည်းဟာ ဗိုက်ဝစေရုံသာမက  အသည်းကိုအစာချေဖျက်ရာမှာရော၊ အစာကို အာဟာရအဖြစ်ကို ပြောင်းစေရာမှာပါ အလုပ်ဖြစ်တဲ့ နည်းပါ။ အကျိုးဆက်အနေနဲ့ကတော့ ဘီယာလျော့သောက်ချင်စိတ်ဖြစ်လာမှာပေါ့။


နှလုံးကို အလုပ်လုပ်ပါစေ။

ခပ်သွက်သွပ်က်လေး လမ်းလျှောက်ရာကနေတဖြည်းဖြည်း အရှိန်မြင့်တင်ပေးပါ။ ဒါမှမဟုတ် ခြေလမ်းကျဲကျဲ လှမ်းပေးခြင်းအားဖြင့်လည်း နှလုံးကိုကျန်းမာစေတယ်ဆိုတာ သိထားပါ။ ဒီလိုလေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဟာ ၀မ်းဗိုက်အတွင်းမှာရှိတဲ့ အဆီတွေကို လျော့ချပေးပါတယ်။

Trend Myanmar

Miss Supranational ခင်ဝင့်ဝါ သရဖူ ရုပ်သိမ်းခံရ




Miss Supranational 2013 သရဖူရှင် ခင်ဝင့်ဝါ၏ သရဖူ ပြန်လည်ရုပ်သိမ်း ခံလိုက်ကြောင်း သိရသည်။ သို့ဖြစ်၍ Miss Supranational 2014 ဆုရတဲ့သူကို Miss ခင်ဝင့်ဝါအနေနဲ့ သရဖူလွှဲပြောင်းပေးအပ်ခွင့်မရှိတော့ပြီဖြစ်သောကြောင့် ခင်ဝင့်ဝါအား စင်တင်ပေးခဲ့သော Miss Golden Land Myanmar Organization မှ Founder and CEO ကိုဝေယံအောင်ကို တွေ့ဆုံမေးမြန်းခဲ့သည်။

“ခင်ဝင့်ဝါကို ကျွန်တော်တို့ Miss Golden Land Myanmar Organization ကနေပြီးတော့ ဒီနှစ်ဆုရတဲ့ Miss ကို သရဖူလွှဲပြောင်းပေးအပ်ခွင့် မပြုတော့ ပါဘူး။ Miss တစ်ယောက်က တခြား Miss တစ်ယောက်ကို သရဖူလွှဲပေး တယ်ဆိုတာ သူ့အနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကို နောက်နှစ် Miss အတွက်ကို လွှဲပြောင်းပေးတဲ့စနစ်ပါ။ အဲဒီစနစ်ကို သရဖူလွှဲပြောင်းပေးတယ်လို့ နိုင်ငံတကာက သတ်မှတ်ထားပါတယ်။

ခင်ဝင့်ဝါအနေနဲ့ ထမ်းဆောင်ရမယ့် တာဝန်ကျေပွန်တယ်လို့ မယူဆတဲ့အတွက် တာဝန်လွှဲပြောင်းပေးစရာ မလိုပါဘူး။ အဲဒီအတွက် သရဖူဆောင်းပေးခွင့်မပေး တာပါ။ အဓိကကတော့ Organization နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမရှိလို့ပါပဲ။ အဲဒီအတွက် Organization အပေါ်မှာ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်တယ်လို့ မယူဆပါဘူး။ ခင်ဝင့်ဝါအစား Miss Supranational Philippiness 2013, runner-up ရခဲ့တဲ့ ဖိလစ်ပိုင်အလှမယ်က ဒီနှစ်ရတဲ့ Miss ကို လာပြီးတော့ သရဖူဆောင်းပေးမှာပါ”

“ခင်ဝင့်ဝါရဲ့ အနုပညာလုပ်ငန်းတွေဆိုရင် ကျွန်တော်တို့ရဲ့ ခွင့်ပြုချက်နဲ့ Management အောက်ကနေ လုပ်ရတယ်ဆိုတာ စာချုပ်ထဲမှာ ပါပြီးသားပါ။ အဲဒါတွေကို မလိုက်နာဘူး။ သူ့ရဲ့ အနုပညာလုပ်ငန်းတွေက ကုမ္ပဏီက ပြန်ပြောမှ သိရတာတွေရှိတယ်။ ဓာတ်ပုံတွေ Facebook ပေါ်မှာ တက်လာမှ
သူ ဒီပွဲကို တက်ရောက်ခဲ့ပါသလားဆိုတာ သိရပါတယ်။ အဲဒီအတွက် သူ့ကို စာချုပ်စည်းကမ်းလိုက်နာအောင် သတိပေးလိုက်တာပါ။

Miss တစ်ယောက်ဖြစ်ပြီဆိုရင် Organization နဲ့ ပူးပေါင်းနိုင်ရမယ်။ နိုင်ငံ့ အကျိုးပြုတွေ လုပ်နိုင်ရမယ်။ တစ်နှစ်ကလေးတောင် စာချုပ်စည်းကမ်း မလိုက်နာနိုင်ဘူးဆိုရင် Miss Myanmar တစ်ယောက်ရဲ့ ဂုဏ်ပုဒ်နဲ့ ရေရှည်ဘယ်လိုတည်နိုင်မလဲလို့ ပြောခဲ့ပါတယ်။”

ကိုဝေယံအောင်ရဲ့ စကားတွေနဲ့ပတ်သက်ပြီး Miss ခင်ဝင့်ဝါကို ဆက်ပြီးမေးမြန်း ခဲ့ရာမှာတော့ “ထုံးစံအရ သရဖူကို 2013 Miss ကနေ 2014 Miss ကို လွှဲပြောင်းပေးရတာပါ။ ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ပထမဆုံးသွားပြိုင် ခဲ့တယ်။ အခု သရဖူလွှဲခွင့်မရတော့ဘူးဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။ တစ်ခါတလေ ကြော်ငြာ၊ မဂ္ဂဇင်း cover တွေရိုက်ရင် ပြောဖို့ မေ့ကျန်ခဲ့ တာတွေလောက်ပဲရှိပါတယ်။ အနုပညာအလုပ်တွေ ဖြစ်တဲ့ Brand Ambassador တို့၊ ထုတ်လုပ်ရေးတို့နဲ့ စာချုပ်ချုပ်ရင်လည်း Organization က လူကြီးတွေ ကိုယ်တိုင်ပါတယ်။ သူတို့လည်း လက်မှတ်ထိုးတယ်။ ဇာတ်ကားရိုက်တာတွေ ကိုလည်း အသိပေးပါတယ်။ Facebook တင်ရင်တောင်မှ ဖုန်းဆက်ပြီးပြော ပါတယ်။ ဒါပေမဲ့ အခုစာချုပ်ဖောက်ဖျက်တယ်၊ သရဖူဆောင်းခွင့် မပေးဘူး ဆိုတာ သိရတော့ အံ့သြမိတယ်။ စိတ်မကောင်းလည်းဖြစ်ရပါတယ်။

Organization နဲ့ စာချုပ်ချုပ်ကတည်းက အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ အချိန်ဆိုရင်လည်း အမြဲအချိန်မှန်၊ အချိန်ပြည့်ကြိုးစားခဲ့တယ်။ ခင်ဝင့်ဝါရဲ့ အကျင့်စာရိတ္တ၊ စိတ်ထားကိုလည်း အားလုံးသိပါတယ်။ လူဆိုတာကတော့ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိနေကြစမြဲပါ။ ထုတ်ဖော်ပြောလို့ရတာရှိသလို၊ မရတာတွေလည်း ရှိပါတယ်။ တစ်နှစ်လုံး အကောင်းဆုံးဖြစ်အောင် နေခဲ့ပေ မယ့် အခု တစ်နှစ်ပြည့်ခါနီးကာမှ ဒီသတင်းကြားရတာ စိတ်မကောင်း ပါဘူး။ ပထမဆုံး သူတို့ ပျိုးထောင်ပေးခဲ့တဲ့ Miss တစ်ယောက်ဖြစ်လို့ ပရိသတ်အထင် လွဲစေမယ့် စကားတွေ မပြောစေချင်ပါဘူး။ ခင်ဝင့်ဝါအကောင်းဆုံးဖြစ်အောင် အမြဲနေခဲ့ပေမယ့် သရဖူလွှဲခွင့်မပေးဘူး။ စည်းကမ်းမလိုက်နာဘူးလို့ ပြောတာတွေကို တကယ်စိတ်မကောင်းဖြစ်မိပါတယ်”လို့ ဆိုသွားခဲ့ပါရဲ့။

ခင်ဝင့်ဝါ၏ မိခင်မှလည်း “စာနယ်ဇင်းတွေအားလုံးလည်း ဒီကိစ္စနှင့်ပတ်သက်၍ စိတ်မကောင်းမဖြစ်ပါနဲ့ သူတို့လက်ထဲမှာရှိနေတော့လည်း သူတို့သဘော ပဲပေါ့နော်။ သူတို့ဘက်က နဂို ၆ လလောက်ကတည်းက လွှဲပေးရမယ့် Miss ကို စောင့်ခိုင်းထားတာဆိုတော့ တမင်သက်သက်ချောက်ချတဲ့သဘောမှာ ရှိနေတယ်။ အင်တာဗျူးတွေဆိုရင်လည်း မဖြေပါနဲ့လို့ ပြောပါတယ်။ သူတို့နဲ့က စာချုပ်ရှိနေခဲ့ပြီး စာချုပ်မှာလည်း ဒီအကြောင်းအရာတွေက ပါနေတဲ့အခါ အန်တီတို့ဘက်က အမှားမရှိအောင်တော့ အတတ်နိုင်ဆုံးနေခဲ့ပါတယ်။ ပရဟိတဆိုလည်း လုပ်ခဲ့တာပဲလေ။ စာနယ်ဇင်းတွေမှာလည်း ပါနေတာပဲ။ အားလုံးလည်း သိပါတယ်။ အန်တီတို့ဘက်ကတော့ ဘာမှ မပြောတော့ပါဘူး။ စာချုပ်လည်းပြည့်ဖို့ တစ်လလောက်ပဲလိုတော့တာဆိုတော့လေ၊ သမီးကတော့ စိတ်မကောင်းဖြစ်နေတယ်။ သူ့အနေနဲ့ အနုပညာလုပ်ငန်းတွေမှာလည်း ကြိုးစားနေတယ်။ ပရဟိတလည်း လုပ်နေရဲ့နဲ့ အကြောင်းမရှိအကြောင်းရှာ တာပါ။ တချို့နိုင်ငံတော်နဲ့ပတ်သက်တဲ့ပွဲတွေမှာ လူညီတဲ့အခါတွေမှာ တော့ အကြောင်းမကြားမိတာလေးတွေရှိပါတယ်”ဟု ဆိုပါတယ်။

ခင်ဝင့်ဝါဟာ ဂျွန်လွင်၏ Star&Model အေဂျင်စီသင်တန်းဆင်းတဦးဖြစ်ခဲ့ပြီး ထိုစဉ်က Miss Supranation ပြိုင်ပွဲဝင်ရန်အတွက် အခြားမည်သည့်အေဂျင်စီနှင့်
မှ သာချုပ်ချုပ်ဆိုခြင်းမပြုရဟူသော စာချုပ်ပါ စည်းကမ်းကို ဖောက်ဖျက်၍ Miss Golden Land Myanmar Organization နှင့် စာချုပ် ချုပ်ဆိုခဲ့သောကြာင့် Star&Model အေဂျင်စီ၏ တရားစွဲဆိုဖြင်းခံခဲ့ရပြီး ရော်ကြေးငွေသိန်း ၃၀ ပေးခဲ့ရဖူးသည်။

“ကျွန်တော်က ဒီကိစ္စကို နားမလည်ဘူး၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် စင်ပေါ်မှာ တရားဝင်ကမ္ဘာသိလူသိရှင်ကြား ရခဲ့တာပဲ၊ သူတို့မနေနဲ့လဲ နာမည်တခုရပြီး လုပ်စားလို့လဲ ၀နေပါပြီ၊ အခုအချိန်မှာ ဒီနာမည်နဲ့ အိမ်မှာ အိပ်နေလဲ ဘာမှမဖြစ်တော့ဘူး၊ ဒီသရဖူသိမ်းသွားလဲ ဘာဖြစ်လဲ၊ အဓိကက သရဖူက ဘာမှလုပ်လို့ရတာ မဟုတ်ဘူး၊ နာမည်နဲ့ အောင်မြင်မှုက အဓိကပါပဲ” လို့ ဂျွန်လွင်က ပြောပါတယ်။

Credit : News Watch