31 Jul 2014

Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ဖိုး တစ်လ ၁ သိန်းအနည်းဆုံးဖြစ်



Ooredoo ကရောင်းမယ့် Sim Card ဟာ Internet ကိုကိုယ်သုံးစွဲတဲ့ Data ပမာဏအလိုက်ကောက်ခံမှာဖြစ်ပြီး Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ်လို့သိရပါတယ်။ အခု ကျွန်တော် လက်ရှိ ဖုန်းအင်တာနက်ကိုနေ့စဉ်ပုံမှန်သုံးနေတာ တစ်ပတ်ကို Data 1GB နီးပါး လောက်ကုန်ပါတယ်။ အဲ့ဒါ ဖိုင်အကြီးကြီးတွေ Download မလုပ်ပါဘူး။ Youtube ကြည့်တယ် ၊ Facebook သုံးတယ် ၊ Viber , Skype ပြောတယ် ၊ Website တွေကြည့်တယ် ၊ အဲဒါပဲလုပ်ပါတယ်။ တစ်လကို 4GB လောက်ပုံမှန်ကုန်ပါတယ် ။ ဒီက Mobile Operator "Singtel" ကရောင်းတာ တစ်ပတ်စာ 1GB plan ကို Singapore Dollar ၇ ဒေါ်လာဖြစ်တဲ့အတွက် မြန်မာငွေအားဖြင့် ၅၄၀၀ ကျပ်ခန့်ကုန်ကျပါတယ်။

တစ်လကို မိုဘိုင်းအင်တာနက်ဖိုး ၂၈ ဒေါ်လာ ၊ မြန်မာငွေအားဖြင့် ၂၁၈၄၀ ကျပ်ခန့်ကုန်ကျပါတယ်။ အခု မြန်မာပြည်မှာ Ooredoo ကယူမယ့် Data ပမာဏ 1GB ကို ၂၅၀၀၀ ကျပ် ပမာဏအတိုင်းဆိုရင် တစ်လကို 4 GB ပုံမှန်သုံးတဲ့အနေအထားဆို တစ်လကို ၁ သိန်းကုန်ကျနေပါမယ်။ တခြားနိုင်ငံတွေမှာတောင် Mobile အင်တာနက်ကြေး ဒီလောက်မများတာ အခုကောက်ခံနေတဲ့နှုန်းထားတွေက မြန်မာပြည်အနေအထားနဲ့ဆို
- တော်တော်ကြီးကိုများနေပါတယ်။ သာမန်သုံးမယ့် Users တွေအတွက်ကိုက ဈေးအလွန်များနေပါတယ်။

Ooredoo ရဲ့ Mobile Internet နဲ့ File အကြီးကြီးတွေ Download လုပ်ဖို့အားခဲထားတဲ့ User တွေဆိုရင် တစ်လတစ်လ ပိုက်ဆံလေးငါးသိန်းလောက် Internet Bill ဖိုးပေးဖို့ အိတ်ထဲမှာဆောင်ထားရပါလိမ့်မယ်။ ယခုသုံးသပ်ပြသွားတာဟာ လက်ရှိ Ooredoo အစမ်းကဒ်တွေမှာ Internet သုံးစွဲနေကြတဲ့ သူတွေ Internet ဖိုး ငွေဖြတ်ခံရတဲ့ တကယ့်အခြေအနေတွေပေါ်မှာမူတည်ပြီး သုံးသပ်ထားခြင်းဖြစ်ပါတယ်။ Users တွေက နှစ်ခြိုက်မှုမရှိရင်တော့ ဒီနှုန်းထားတွေကို လျော့ပေါ့ပေးဖွယ်ရှိနိုင်ပါတယ်။

Ooredoo မှလက်ရှိကောက်ခံနေသော Mobile Internet Data နှုန်းထား

1 MB = ၂၅ ကျပ်
10 MB = ၂၅၀ ကျပ်
100 MB = ၂၅၀၀ ကျပ်
1 GB = ၂၅၀၀၀ ကျပ်

From: သက်နိုင်စိုး

0 comments:

Post a Comment