8 Feb 2013

သင့်ခန္ဓာကိုယ်၏ အံ့မခန်းလှည့်ကွက်များ



သင့်ခန္ဓာကိုယ်၏ အံ့မခန်းလှည့်ကွက်များ
---------------------------------------------------

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြောတွေဟာ လည်ချောင်းထဲကကြွက်သားတွေကို အလိုအလျောက်ရုတ်တရက်တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့အသံကို မကြားနိုင်ဖြစ်နေပါသလား.... ရုတ်ချည်းပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်းဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်းဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ်သွားချင်နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ်လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေးနိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန်ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာပေးပို့တဲ့အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူလမ်းကြောင်းပိတ်နေတဲ့အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထားအတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကိုလှုပ်ခါစေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်းအသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့်အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကိုစောင်းပြီးလှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့အနေအထားမှာရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင်ထိန်းပေးထားနိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုးကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင်ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှုဝေဒနာကိုသိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင်ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့်လဲဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်းမှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင်ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက်သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေးဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွားစေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှားထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင်တည်ငြိမ်မှုရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက်တဝကြီးရှူတာ ပုံမှန်ထက်မြန်မြန်ပြင်းပြင်းရှူတာမျိုးလုပ်မယ့်အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တိုအတွင်းများများလုပ်ဆောင်လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင်ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင်ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့အခါမှာ ပါးစပ်အပေါ်နံရံကနေပြီး ခေါင်းထဲထိထိုးကိုက်တာမျိုးဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံအတိုင်း အပြားလိုက်ဖိကပ်ထားပါ... လျှာနဲ့နေရာများများထိနိုင်သမျှ ထိအောင်ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်းအေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ်တစ်ခုလုံးအေးနေတယ်လို့ ယူဆသွားတဲ့အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကိုနာကျင်ကိုက်ခဲတဲ့အထိ အပူပေးတဲ့လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်းအပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ်ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေပါတယ်....

၁၃) သင့်ရဲ့လက်တွေအိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက်တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေကပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက်လာပါတယ်... လက်တွေဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပြီး လည်ပင်းကို အသာအယာနှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေအိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ်အောက်ပိုင်းကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့်ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

--------------------------------------
Ref: Amazing Facts

www.facebook.com မှ....


ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏


မြန်မာအမျိုးသမီးတိုင်း ဖတ်သင့်၏။အမျိုးသားများလဲ သိသင့်၏.......

ကိုယ်ဝန်ဖျက်ချခြင်းသည် ပါဏာတိပါတကံ ထိုက်၏ မထိုက်၏

အရှင်ဘုရား၊ မေးလျောက်စရာတခု ရှိလို့ပါဘုရား၊ တပည့်တော်တို့ အနောက်နိုင်ငံတွေမှာ လူမျိုးမရွေး ဘာသာမရွေး နိုင်ငံမရွေးပဲ ( ကန်တော့ပါရဲ့ ) အလိုမတူပဲ မုဒိန်းကျင့်ခံနေရတဲ့ မိန်းကလေးငယ်တွေ ဟာ နောက်ဆက်တွဲအနေနဲ့ ငယ်ငယ်ရွယ်ရွယ်မှာ ကိုယ်ဝန်ဆောင်ရခြင်း ဒုက္ခတွေကို ခံစားနေရပါတယ်၊ တကယ်တော့ သူတို့ဟာ ငယ...
်ရွယ်သူများ ဖြစ်ကြတဲ့အတွက် တချို့များ ၁၃ နှစ် အရွယ်လောက်မှာပဲ ကိုယ်ဝန်ဆောင်မိခင် ဖြစ်နေကြရတာမို့ တတ်သိနားလည်တဲ့ လူကြီးတွေက နည်းလမ်းတွေ ဘာတွေ ပြောပြပြီး အဲဒီကိုယ်ဝန်ကို ဖျက်ချပေးရပါတယ်၊ မသိနားမလည်သေးတဲ့ ကလေးတွေ ဖြစ်တဲ့အတွက် လူကြီးတွေက မျက်နှာလွှဲနေလို့လဲ မဖြစ်ပြန်ဘူးဘုရား၊

ဒီတော့ ဖခင်မပေါ်တဲ့ ကလေးကို မွေးဖွားခဲ့ပြန်ရင်လဲ လူ့အသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုမှ မျက်နှာပြလို့ မရပြန်ဘူး၊ တပည့်တော်တို့ မြန်မာလူမျိုးတွေမှာဆို ပိုဆိုးပါတယ်၊ တကယ်ပဲ ပတ်ဝန်းကျင် အပြင်ဘက် ရောက်သွားတော့တာပါ၊ ပတ်ဝန်းကျင်ကလဲ လူမှု့ရေးကို အဓိကထားပြီး သူ့ကို ၀ိုင်းဝန်းကူညီ
ပေးကြရပါတယ်၊ ကိုယ်ဝန်အရင့်အမာ မဖြစ်သေးရင် နည်းမျိုးစုံနဲ့ ဖျက်ဖို့ အကူညီပေးရပြန်တယ်ဘုရား၊


နောက်တချက်က မဖျက်ပဲ မွေးဖွားလာခဲ့ရင်လဲ လက်ခြေ မသန်မာတဲ့ ကလေးတွေ၊ ဦးနှောက် ပုံမှန်မဟုတ်တဲ့ကလေးတွေ၊ မျက်စိမမြင်၊ နားမကြား၊ ဆွံ့အနေတဲ့ကလေးတွေ စသဖြင့် ပုံမှန် မဟုတ်တဲ့ ကလေးတွေကို မိခင်ဝမ်းတွင်းမှာကတည်းက အာထရာဆောင်း နဲ့ ကြည့်တဲ့အခါမှာ ကြိုတင် သိနေမြင်နေကြရပါတယ်၊ အဲဒီတော့ ဒီလို ကလေးတွေ မွေးလာပြန်ရင်လဲ လူ့လောက ထဲမှာ သူတို့ကို ပြုစုယုယနေရတာနဲ့ မိဘတွေမှာ တခြားအလုပ်မလုပ်နိုင်တော့ပါ၊

ဒါကို ကြိုတင်ဖြေရှင်းထားမှ သူတို့ဘ၀ အနာဂါတ် မှာသာယာပြီး ချမ်းမြေ့နိုင်ပါမယ်၊ တပည့်တော် သိချင်တာက အဲဒီလို အနှိပ်စက်ခံ မိခင်လောင်း အမျိုးသမီးလေးတွေ ကို ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့တဲ့အခါ လူမှု့ရေး အရ လူကြီးတယောက်အနေနဲ့ ကူညီပေးမိပါတယ်၊ အဲဒီလို ကူညီတာဟာ ပါဏာတိပါတကံ ထိုက်ပါသလား ဘုရား --
သိလိုသူ - ဒကာမတစ်ဦး

မေးသင့်တဲ့ မေးခွန်း၊ သိပ်ကောင်းတဲ့ မေးခွန်းပါပဲ၊ သိပ္ပံပညာ နည်းပညာတွေ ထွန်းကားပြီး ရုပ်ဝါဒ ဆန်လာတဲ့ ဒီနေ့ ခေတ်ကြီးထဲမှာ သိမ်မွေ့နူညံ့ပြီး စဉ်းစားရခက်စေတဲ့ မေးခွန်းမျိုးပေါ့၊ မီးစတစ်ဖက် ရေမှုတ်တစ်ဖက် ဆိုတာ ဒါမျိုး အခြေအနေ ထင်ပါရဲ့၊ နားလည်လွယ်အောင် ဘုရားဟော တရားတော်တွေကို ထောက်ဆ ဖြေပေး၇ရင်ဖြင့် ပါဏာတိပါတကံ ထိုက်တယ် လို့ပဲ အတိုချုပ် မှတ်ရပါမယ်။ဘာကြောင့်လဲဆိုတော့ ပါဏာတိပါတအကုသိုလ်ကံမှာ လူသားကို ဖြစ်စေ ၊ တိရိစ္ဆာန်တွေကို ဖြစ်စေ ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် သေစေတဲ့ အခါမှာ အောက်ဖော်ပြပါ အင်္ဂါ ၅ ချက် စုံတယ်ဆိုရင် ကံမြောက်တော့တာပါပဲ၊

ပါဏာတိပါတ အင်္ဂါ ၅-ပါး
(၁) ပါဏ- သက်ရှိထင်ရှား သတ္တ၀ါဖြစ်ခြင်း၊
(၂) ပါဏသညိတ- သက်ရှိသတ္တ၀ါဟု စိတ်က သိနေခြင်း၊
(၃) ဃာတ စိတ္တ- သတ်လို သေစေလိုသောစိတ်ရှိခြင်း၊
(၄) ဥပက္ကမ- သေအောင် ပါးစပ်ဖြင့်လည်းကောင်း၊ ကိုယ်တိုင်အားထုတ်၍လည်းကောင်း လုလ္လပြု ခြင်း၊
(၅) မရဏ- ကိုယ့်ပယောဂကြောင့် တဖက်သား သေသွားခြင်း။
ယခုခေတ်အခါ ကိုယ်ဝန်ဖျက်ချဖို့အတွက် ကိုယ်ဝန်ကျဆေးပေးခြင်း၊ ဘယ်လိုပုံစံ လုပ်ရင်ဖြင့် ကိုယ်ဝန်ကျစေနိုင်တယ် စသဖြင့် မိမိပါးစပ်က နည်းလမ်းပြကာ ပြောဆိုနေစဉ်ပင် စိတ်ကလဲ ကိုယ်ဝန်ကျစေ ( တနည်းအားဖြင့် သေစေလိုတဲ့ စေတနာက ပြဋ္ဌာန်းနေတဲ့အတွက် ) ကိုယ်တိုင် သတ်သလိုပါပဲ၊ ဒါကြောင့် အကုသိုလ် မဖြစ်လိုလျင် ဝေေ၀းရှောင်နိုင်လေ အကုသိုလ်ကင်းလေ လို့ပင် ဆိုရပါလိမ့်မည်၊

နောက်ရှောင်လွှဲနိုင်တဲ့ တနည်းကတော့ နစ်ဦးသား စပ်ယှက်ပြီးချိန်မှနောက် ( ၇ ) ရက်ကျော်လွန်လျင် ကလလရေကြည်တည်တယ် လို ဆိုပါတယ်၊ အဲဒီအချိန်မှာ ကိုယ်ဝန်သန္ဓေသား အသက် ၀ိဥာဉ် ရှိနေပြီ လို့ မြတ်စွာဘုရားရှင် ဟောတော်မူထားတာကြောင့် အဲဒီ ၇ ရက်အတွင်း ဆေးစား ဆေးထိုးလုပ်ရင်ဖြင့်
ပါဏာတိပါတကံ ကို ရှောင်နိုင်ပါမယ်။ ယခုခေတ် ဆေးဆရာဝန်များကတော့သန္ဓေသား ၄ လ ပြည့်မှ
အသက်ဝိဥာဉ် ရှိတယ်၊ ဥပမာ နှလုံးခုန်လာတယ် အသက်ရှုလာတယ် လို့ ဆိုပါတယ်၊ ဘယ်လိုပဲ ဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဖြစ်သည့်အလျောက် ဘုရားဟောသည့်အတိုင်းကြိုတင်ကာကွယ်တာက အသေချာ
ဆုံးလို့ ယုံကြည်ပါတယ်၊
ဒါကြောင့်လဲ ၇ဟန်းတော်များရဲ့ပါရာဇိက ၄ ပါး အပြစ်ကြီး အာပတ်ကြီးထဲမှာ လူတယောက် အသက်ကို ဘယ်လိုအကြောင်းကြောင့်မှ မသတ်ရဘူး၊ နောက်ဆုံး ပါးစပ်နဲ့ သတ်ခိုင်းတာပဲ ဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကို သတ်သေချင်သူရဲ့ အနားမှာ ကတ်ကြေး ဒါး သံချွန် စသည် ထားပေးတာပဲ ဖြစ်ဖြစ် မလုပ်ကောင်းဘူး၊ သေမည့်သူကို အားပေးအားမြှောက်လဲ မပြောရဘူး၊ ရဟန်းတော်များဟာ ကိုယ်ဝန်ဆောင်မိခင်သည်ကိုလဲ ဘယ်ဆေးကို သောက်လိုက်၊ ဘယ်လို လုပ်လိုက်ရင် ကိုယ်ဝန်ကျစေရမယ် စသည်ဖြင့် ယောင်လို့တောင် ပါးစပ်နဲ့ မပြောကောင်းဘူး၊ ကိုယ်ပြောတဲ့အတိုင်း သန္ဓေလောင်းကလေး သေလို့ကတော့ ရဟန်းဘ၀ ဆုံးရှုံးတော့ပါတာပါပဲ။ ဒါကြောင့် ပါဏာတိပါတအပြစ်ဟာ ထင်ရှားသိသာတယ် လို့ ထင်ရပေမယ့် သိပ်ပြီး နူညံ့တဲ့ အကုသိုလ်ဆိုလဲ မမှားပါဘူး၊
လူမှု့ရေးတခုကိုသာ ကြည့်ရင် ခွင့်လွှတ်နိုင်စရာ လို့ ထင်ရပေမယ့် အပြစ်ဟာ အပြစ်ပါပဲ၊ ဒီနေရာမှာ ကိုယ်တိုင်သတ်ပုံ ၊ သေစေပုံ နည်းလမ်းတွေကို ဗဟုဿုတအဖြစ် ရှာဖွေထုတ်နှုတ်တင်ပြလိုက်
ပါတယ်။

ပါဏာတိပါတကံ ၏ ပယောဂအမျိုးအစား ၈-ပါး
(၁) ဥဒ္ဒိဿ ပယောဂ-သေစေလိုသော သတ္တ၀ါကို စိတ်မှတ်၍ သတ်ဖြတ် ခြင်း၊
(၂) အနုဒ္ဒိဿ ပယောဂ- ဘာကောင်သေသေ၊ တကောင်ကောင် သေရင် ပြီးရော စိတ်မျိုးဖြင့် သတ်ဖြတ်ခြင်း၊
(၃) သာဟတ္ထိက ပယောဂ-ကိုယ်တိုင် သတ်ခြင်း၊
(၄) အာဏတ္တိက ပယောဂ- သူတပါးကို သတ်ခိုင်းခြင်း၊
(၅) နိဿဂ္ဂိယ ပယောဂ-အဝေး၌နေသော သတ္တ၀ါကို မြှား လှံ သေနတ် စသည်ဖြင့် သေစေခြင်း၊
(၆) ထာဝရ ပယောဂ- တွင်းတူးထားကာ တွင်း၌ကျ၍သေစေခြင်း၊ ဆေးဝါး အစီအရင် စသည်ဖြင့် သတ်ခြင်း၊
(၇) ၀ိဇ္ဇာမယ ပယောဂ- ဓာတ်ရိုက် ဓာတ်ဆင် ဂါထာမန္တရား စသော အစီအရင်တို့ဖြင့် သေအောင်သတ်ခြင်း၊
(၈) ဣဒ္ဓိမယ ပယောဂ- မိမိ ကမ္မဇိဒ္ဓိတန်ခိုးဖြင့် သတ္တ၀ါတို့ကို သေစေခြင်း။
ပါရာဇိကဏ် အဋ္ဌကထာ ဒု ။

ပါဏာတိပါတကံ၏ မကောင်းကျိုး ၂၃-မျိုး
ဤနေရာ၌ ပါဏာတိပါတ် သူ့သက်သတ်သူတို့ ခံစားတွေ့ကြုံရသော မကောင်းကျိုးများသည် ပိဋကပါဠိတော်တို့၌ သင်္ချာအမျိုးမျိုးဖြင့် လာရှိသော်လည်း ဤ၌ အလုံးစုံပါဝင်သည့် ခုဒ္ဒကပါဌ အဋ္ဌကထာလာ သင်္ချာ ၂၃-ပါးကို ပြဆိုပါမည်၊

(၁) ခြေလက် စသော ကိုယ်အင်္ဂါချို့တဲ့ခြင်း၊
(၂) ခန္ဓာကိုယ် အချိုးအစား မကျခြင်း၊
(၃) နုံနှေး လေးဖင့်ခြင်း၊
(၄) ခြေ, လက်, ဖ၀ါး, မညီညာခြင်း၊
(၅) ရုပ်ဆိုးခြင်း ၊
(၆) အသားအရေ မွဲခြောက်ခြင်း၊
(၇) အသားအရေ ကြမ်းထမ်းးခြင်း၊
(၈) ကြောက်ရွံ့တတ်ခြင်း၊
(၉) ခွန်အားဗလ မရှိခြင်း၊
(၁၀) စကားပြေပြစ်စွာ ချိုချိုသာသာ မပြောတတ်ခြင်း၊
(၁၁) ချစ်ခင် ကြင်နာမည့်သူ မရှိခြင်း၊
(၁၂) မိမိပရိသတ် အကြိမ်ကြိမ် ပြိုကွဲ ပျက်စီးခြင်း၊
(၁၃) ထိတ်ထိတ်လန့်လန့် ဖြစ်နေရခြင်း၊
(၁၄) လက်နက်, အဆိပ် သင့်တတ်ခြင်း၊
(၁၅) သူများ ပယောဂဖြင့် မသေသင့်ပဲ သေရခြင်း၊
(၁၆) တွေဝေ ထုံထိုင်း ဖျင်းအခြင်း၊
(၁၇) ခြွေရံပရိသတ် နည်းပါးခြင်း၊
(၁၈) စက်ဆုပ်ဖွယ် ရုပ်အဆင်းရှိခြင်း၊
(၁၉) ကုန်းကွသော ကိုယ်ရှိခြင်း၊
(၂၀) ကြောင့်ကြ ဗျာပါဒ စိုးရိမ်မှုများခြင်း၊
(၂၁) ဘေးရန် များခြင်း၊
(၂၂) ချစ်ခင်သော သားသမီးတို့နှင့် ကွေကွင်းရခြင်း၊
(၂၃) ကိုယ်တိုင်လဲ အသက်တိုခြင်း။
ဗုဒ္ဓတရားတော်အရ မိခင်ဝမ်းတွင်းမှ သန္ဓေသားကလေးဟာ ကိုယ်လက် အင်္ဂါ ချို့တဲ့သည်ဖြစ်စေ ကောင်းသည်ဖြစ်စေ၊ ဘ၀အဆက်ဆက်က ဆည်းပူးခဲ့တဲ့ သူ့ရဲ့ အကုသိုလ်ကံအတိုင်း အကျိုးပေးတယ်လို့ပဲ မှတ်ရပါမယ်၊ ကိုယ်ကတော့ လုလ္လပြုပြီး သတ်ဖို့ အားမထုတ်သင့်ပါဘူး၊

အထက်ပါအချက်အလက်တို့ကိုထောက်ရှု့သောအားဖြင့်ယခုခေတ်တွင်မရှူ့မလှဝေဒနာခံစားနေရ
သော လူနာအား ထိုးဆေးထိုးကာ အနားပေးစေခြင်း၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းမှ ခွင့်ပြုမိန့်စသည်ရယူကာ ဖျက်ချစေခြင်း၊ လူမှုရေး ပရဟိတ လုပ်နေသူတိုင်း မကင်းနိုင်သော NGO အဖွဲ့အစည်း၊ UniCef စသောအဖွဲ့အစည်းများလဲ သတိထားသင့်တယ် လို့ စာရေးသူကတော့ သတိပေးလိုပါတယ်၊
ဥပမာ - တရားသူကြီးက သေဒဏ် ကျခံရမယ့် တရားခံကို မလွှဲမရှောင်သာလို့ ဒီလူကို အနားပေးလိုက်ပါ လို့ မျက်နှာအမူအယာရော စကားနဲ့ပါ ချိုချိုသာသာ အမိန့်ချလိုက်ပေမယ့် တဖက်သားမှာတော့ မသေချင်ပဲ သေရတော့မှာပါ၊ တရားခံသေတာနဲ့တပြိုင်နက် တရားသူကြီးဟာလဲ သတ်ပေးသူနဲ့ အတူတူ ပါဏာတိပါတကံ အလိုလို ထိုက်သွားပါပြီ၊

ဒါကြောင့် နုးညံ့သိမ်မွေ့တဲ့ ပါဏာတိပါတတွေကို အတတ်နိုင်ဆုံး ရှောင်လွှဲကာ လူမှု့ဒုက္ခတွေကို ဖြေရှင်းနိုင်ကြပါစေ လို့ မေတ္တာစကားဖြင့် နိဂုံးချုပ်လိုက်ပါတယ်။

*~~~အရှင်သုနန္ဒာလင်္ကာရ~~~*

Credit by : စိတ်ကူးပျော်ရာ

Ref:www.facebook.com



31 Jan 2013

ဗုဒ္ဓဂါယာ ဆိုသည်မှာ


ဗုဒ္ဓဂါယာ ဆိုသည်မှာ

ဗုဒ္ဓဘာသာဝင် တို့သည် သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော
မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။ ထိုအောင်မြေအရပ်များတွင်

(၁) ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
(၂) သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
(၃)ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
(၄)ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတောစသည့်
သံဝေဇနိယ လေးဌာန ပါဝင်သည်။

အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။

တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။
ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင်
နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။
ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာဟု ခေါ်သည်။
ဗုဒ္ဓဂါယာသည် အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ်တွင် တည်ရှိသည်။ ကာလကတ္တားမြို့မှ မီးရထားလမ်းအားဖြင့် ၂၉၂ မိုင် ကွာဝေးသော ဂါယာခရိုင်ထဲတွင် တည်ရှိ၍ ဂါယာမြို့မှ တောင်ဖက် ၇ မိုင်ဝေးသေးသည်။
ဂါယာဘူတာမှ ဗုဒ္ဓဂါယာသို့ အငှားယာဉ်၊ မြင်းလှည်းတို့ဖြင့် လွယ်ကူစွာ သွားရောက်နိုင်သည်။

စွယ်စုံကျမ်းမှ ကူးယူဖော်ပြသည်။

ဘလောတွင်

http://myanmartraditionalcollection.blogspot.com/2013/01/blog-post_29.html?spref=fb

ကြည်ရှုနိုင်ပါသည်။

Ref:www.facebook.com

28 Jan 2013

ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ရဲ့အကြွေး တစိတ်တပိုင်းကို ပယ်ဖျက်ပေးလိုက်ပါတယ်


ကမ္ဘာ့ဘဏ်မှ မြန်မာပြည်ရဲ့အကြွေး တစိတ်တပိုင်းကို ပယ်ဖျက်ပေးလိုက်
--------------------------------------------------------------------------
တနင်္ဂနွေနေ့မှာ ကမ္ဘာ့ဘဏ် (The World Bank) က မြန်မာနိုင်ငံရဲ့ အကြွေးတစိတ်တပိုင်းကို ပယ်ဖျက်လိုက်ပြီး ပြုပြင်ပြောင်းလဲရေး အတွက် လိုအပ်နေတဲ့ ချေးငွေအသစ်ရရှိဖို့ လမ်းဖွင့်ပေးလိုက်ပါတယ်။ ကမ္ဘာ့ဘဏ်နဲ့ ADB (Asian Development Bank) တို့ကို မြန်မာမှပေးဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ခန့်ကို ဂျပန်ဘဏ် Japan Bank for International Cooperation က bridge loan အနေနဲ့ ထုတ်ချေးပေးသွားမယ်လို့ ကမ္ဘာဘဏ်ရုံးချုပ် ၀ါရှင်တန်ကနေ ထုတ်ဖော်ခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်လောက်ကတည်းက မြန်မာအစိုးရက ချေးငွေပြန်ဆပ်တာ ရပ်ဆိုင်းခဲ့ပြီး နောက်ထပ်ချေးငွေအသစ်ရဖို့ အခွင့်အရေးမရှိဘဲ ဖြစ်နေခဲ့ပါတယ်။ ယခုလို စီစဉ်ပေးလိုက်တာဟာ ပြည်တွင်းမှာ တကယ်လိုအပ်နေတဲ့ အခြေခံအဆောက်အဦများ၊ လျှပ်စစ်မီး၊ ဆိပ်ကမ်း စတဲ့နေရာတွေမှာ ပြုပြင်တည်ဆောက်ဖို့ အဆင်ပြေစေနိုင်မယ်လို့ ဆိုပါတယ်။

"မြန်မာနိုင်ငံက စီးပွားရေးပြောင်းလဲမှု၊ ပြည်သူလူထုရဲ့ဘ၀ တိုးတက်ကောင်းမွန်စေဖို့ လုပ်စရာတွေ များစွာကျန်နေပါသေးတယ်။ ကျနော်တို့က မြန်မာပြည်ရဲ့ ဆင်းရဲမွဲတေမှု လျော့ချရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို ၀ိုင်းဝန်းကူညီသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာဘဏ်နဲ့ ADB ဘဏ်၊ ပြီးတော့ ဂျပန်အစိုးရနဲ့ အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးပေါင်းမှုတွေနဲ့ မြန်မာပြည်အတွက် အလုပ်အကိုင်သစ် ဖန်တီးပေးမှုတို့ သာမက နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ပိုမိုဆွဲဆောင်လာအောင် ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်" ဟု ကမ္ဘာ့ဘဏ်ရဲ့ မြန်မာပြည်ဆိုင်ရာ ဒါရိုက်တာ Annette Dixon က ဆိုထားပါတယ်။

မြန်မာပြည်က ဗိုလ်ချုပ်နေ၀င်းရဲ့ ဆိုရှယ်လစ်လမ်းစဉ်လက်ထက် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ အကြွေးငွေ ဒေါ်လာ ၈.၄ ဘီလီယံ ရှိခဲ့ပါတယ်။ ၁၉၈၈ နောက်ပိုင်း စစ်အစိုးရလက်ထက်မှာ အကြွေး ဒေါ်လာ ၂.၆၁ ဘီလီယံ ထပ်ရှိခဲ့ပြီး မြန်မာပြည်က ပေးဆပ်ရမယ့် စုစုပေါင်းအကြွေး ဒေါ်လာ ၁၁ ဘီလီယံ ကျော်ခဲ့ပါတယ်။ ၁၉၈၈ မတိုင်မီ အကြီးဆုံးကြွေးရှင်ကတော့ ဂျပန် ဖြစ်ပြီး အကြွေး ၆.၃၉ ဘီလီယံရှိကာ ၁၉၈၈ နောက်ပိုင်း အကြီးဆုံးကြွေးရှင်ကတော့ တရုတ် ဖြစ်ပြီး အကြွေး ၂.၁၃ ဘီလီယံ ရှိနေကြောင်း သိရပါတယ်။

(Ref; Huffington Post, Jan 27, 2013)

Credit to: https://www.facebook.com/myanmar1dotcom



26 Jan 2013

ဟောင်ကောင်ကျွန်းက ဂေါတမ မြတ်စွာဘုရား ဆင်းတုတော်


ဟောင်ကောင်ကျွန်းက ဂေါတမ ဆင်းတုတော်

၁၉၉၀ ခုနှစ်က စတင်တည်ဆောက်ပြီး ၁၉၉၃ ခုနှစ် ဒီဇင်ဘာလက တည်ဆောက်ပြီးစီးတဲ့ ဗုဒ္ဓ ကြေးဆင်းတုတော် တစ်ဆူ ဖြစ်ပါတယ်။

ဟောင်ကောင်ကျွန်းစု Lantau ကျွန်းပေါ်က Ngong Ping မြို့ အနီးမှာ တည်ရှိ တဲ့ ဆင်းတုတော် ဖြစ်ပါတယ်။ ဂေါတမ မြတ်စွာဘုရား ဆင်းတုတော်ဖြစ်ပြီး ဥာဏ်တော်အမြင့် ၁၁၂ ပေ မြင့်ပါတယ်။ ဆင်းတုတော် တစ်ခုလုံးကို ကြေးနဲ့ ထုလုပ်ထားခြင်း ဖြစ်ပြီး ကြေးတန်ချိန် ၂၇၅ မက်ထရစ်တန် ရှိပါတယ်။

တော်တောင်ထဲမှာ တစ်ဆူတည်း ထင်းထင်းကြီး တည်ရှိနေပြီး သဘာဝပတ် ဝန်းကျင် စိမ်းလန်းဆိုပြေနေမှုကြောင့် ယခုလို လှပနေပါတယ်။ တရုတ်ပြည်၊ ဟောင်ကော်ကို အလည်ရောက်တဲ့ ကမ္ဘာလှည့်ခရီး သည်များ အတွက် သွားရောက် လည်ပတ်စရာ နေရာကောင်း တစ်ခုအဖြစ် တည်ရှိလျက် ရှိကြောင်း သိရပါတယ်။
--
Ref:

International news for myanmar




22 Jan 2013

ဆန်တွေ ပိုးမတက်စေချင်ရင်



ဆန်ပိုးမတက်အောင် ဆန်ပုံးထဲ မီးသွေးတစ်ခဲလောက် ထည့်ထားရင် ဆန်ပိုးမတက်တော့ဘူး။ ဆန်ပိုးတက်နေခဲ့ရင်လဲ ငရုပ်သီးအခြောက်
လေးငါးတောင့်လောက် ဆန်ပုံးထဲ ပစ်ထည့်ထားလိုက်ပါ။ ဘယ်လိုခေါ်ခေါ် ဆန်ပိုးများ မလာရေးချမလာတော့ပါဘူး။

အဲ.. နောက်တစ်ခု သတိရပြန်တာက.. နာရီတို့၊ လက်ကိုင်ဖုန်းတို့ထဲ ရေ၀င်လို့ ရေငွေ့ရိုက်ရင် အဲ့ဒီနာရီ/ဖုန်းကို ဆန်ပုံးထဲ တစ်ညသိပ်ထည့်ထားလိုက်၊ မနက်လင်းရင် ရေငွေ့တွေ ပြောင်စင်သွားရော၊ ဤကား ကိုယ်တွေ့.. :)



16 Jan 2013

ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ


ကောင်းကျိုးမပေးသည့် ဆေးလိပ်ကြောင့် နောက်ဆက်တွဲ ဖြစ်တတ်သောရောဂါများ

(၁)ဆေးလိပ်နှင့် အစာအိမ်နာ

ဆေးလိပ်သောက်သုံးသူတွေမှာ အစာအိမ်နာဖြစ်သွားမှု့ ဟာ နှစ်ဆသာတယ်လို့ဆိုပါတယ်။ လေ့လာချက်အတော်များများအရ ဆေးလိပ်ကို နှစ်ရှည်လများ သောက်သုံးခြင်းဟာ အစာအိမ်ရဲ့ နံရံ၊ သွေးစီးဆင်းမှု့ ကိုပြောင်းးလဲစေပြီး အစာအိမ်ယောင်ယမ်းမှု့ ကို ဖြစ်စေတယ်လို့သိရပါတယ်။ အဲဒီအပြင်ကို ဆေးလိပ်သောက်သုံးခြင်းဟာ အစာအိမ်နာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်တဲ့ အစာအိမ်ပေါက်ခြင်း ၊ အစာအိမ်သွေးယိုခြင်းတို့ ကိုလည်း ဖြစ်စေပြီး အနာကျက်မှု့ ကိုလည်းနှောင့်နှေးစေပါတယ်။

(၂) ကင်ဆာရောဂါ ဖြစ်နိုင်ချေများ

ဆေးလိပ်သောက်သုံးသူတွဟော အခြားသူတွထေက် ကင်ဆာဖြစ်နိုင်ချေ အရမ်းများပါတယ်။ ကင်ဆာထဲမှာမှ အဆုတ်ကင်ဆာ (Lung Cancer)၊ လည်ချောင်းကင်ဆာ (Throat Cancer)၊ နှင့် ခံတွင်း ကင်ဆာ (Oral Cancer) များ အဖြစ်များပါတယ်။ ထို့ ပြင် ကျောက်ကပ်ကင်ဆာ (Kidney Cancer)၊ အစာရေကင်ဆာ ( Oesophagus Cancer) ၊ ဆီးအိမ်ကင်ဆာ (Bladder Cancer) ၊ ပန်ကရိယကင်ဆာ ( Pancreas Cancer) ၊ သားအိမ်ခေါင်းကင်ဆာ ( Cervical Cancer) တို့ ဖြစ်ပွားမှု့ နဲ့ ပါ ဆက်စပ်လျက် ရှိပါတယ်။ ဆေးလိပ်သောက်သုံးတဲ့ နှစ်ရှည်လေလေ သောက်သုံးတဲ့ အရေအတွက် များလာ လေလေ ကင်ဆာဖြစ်နိုင်ချေ နှုန်း ပိုပိုများလာလေလေပါဘဲ။

(၃) သွေးကြောကျဉ်းမည်

နီကိုတင်းကြောင့် ကိုလက်စတရော (Cholesterol) နဲ့ သွေးတွင်း အဆီဓါတ်တွေ များလာပြီး နှစ်ကြာလာတဲ့ အခါမှာ သွေးကြောနံရံတွေ ထူလာပြီး သွေးကြောတွပေါ ကျဉ်းလာစေတယ်။ သွေးကြောတွေ ကျဉ်းလာတဲ့အခါမှာ သွေးများဟာ ကောင်းစွာ မစီးဆင်းတော့ဘဲ သွေးခဲမှု့ တွေ ဖြစ်စေကာ သွေးကြောတခုလုံးကို ပိတ်စေပါတယ်။
နှလုံး မှာရှိတဲ့ သွေးကြောများ ပိတ်သွားပါက နှလုံးသို့ သွေးရောက်အောင် မပို့နိုင်တော့ဘဲ Heart Attack ဖြင့် သေဆုံးသည်ထိ ဖြစ်နိုင်ပါတယ်။ဦးနှောက်အတွင်းရှိ သွေးကြောများ ပိတ်ပါက လေတခြမ်းဖြတ်ခြင်း နှင့် လေဖြန်းခြင်းများ ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် အတွင်းရှိ သွေးကြောများ ပိတ်သွားပါက ကျောက်ကပ်ကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ခြေထောက်မှာ ရှိတဲ့ သွေးကြောများ ပိတ်သွားပါက သွေးမလျောက် နိုင်တော့ဘဲ ပုပ်သွားကာ ခြေထောက် ဖြတ်ပစ်ရသည်ထိ ဖြစ်တတ်ပါတယ်။ ဆေးလိပ်ဟာ ကိုယ်တွင်းက အဓိက အင်္ဂါတွေ အကုန်လုံးကို တိုက်ရိုက်ဆိုးကျိုးတွေ ပေးပါတယ်။

(၄) ခဏခဏချောင်းဆိုးမည်

ဆေးလိပ် သောက်သူ တွဟော ချောင်းခဏခဏ ဆိုးတတ်ကြပါတယ်။ ဘာကြောင့်ဆိုတော့ ဆေးလိပ်ကြောင့် အဆုတ်အတွင်းရှိ လေအိတ်ငယ်လေးတွေ ပျက်စီးပြီး လေပြွန်ကိုလဲ ယောင်ယမ်းစေကာ လေပြွန်ကြော တလျောက်လုံးကိုပါ ကျဉ်းမြောင်းစေပါတယ်။ ဒါကြောင့် ချောင်းခဏခဏဆိုးခြင်း နှင့် အသက်ရှုမဝခြင်း တို့ကိုပါ ဖြစ်စေပါတယ်။

ဆေးလိပ်ဟာ သွားတွေကို ဝါစေပြီး ခံတွင်းနံ့ဆိုးခြင်း တို့ကိုဖြစ်စေပြီး ခံတွင်းကျန်းမာရေး ကိုပါ ထိခိုက်စေပါတယ်။
ဆေးလိပ်ကြောင့် သွေးကြောနံရံတွေ ပျက်စီးပြီး သွေးတိုးရောဂါ ကိုလည်း ဖြစ်စေပါတယ်။ သွေးတိုးရောဂါ ဟာလည်း နှလုံးရောဂါ နှင့် လေဖြတ်ခြင်း တို့ ကိုဖြစ်စေဖို့  တွန်းအားတခု ပါဘဲ။
ဆေးလိပ်မှာ ပါတဲ့ နီကိုတင်းဟာ အမျိုးသားတွရေဲ့ လိင်အင်္ဂါ မှာရှိတဲ့ သွေးကြောတွေကိုပါ ကျဉ်းစေပါတယ်။ သွေးကြောကျဉ်းပြီး သွေးကောင်းစွာ မစီးဆင်မှု့ ကြောင့် လိင်င်္ဂါရဲ့  မျိုးပွား ခြင်းဆိုင်ရာ လုပ်ငန်း ကိုထိခိုက်ပြီး(Erectile Dysfunction) ဖြစ်စေပါတယ်။ အသက် ၃ဝ မှ ၄ဝကြား ဆေးလိပ်သောက်သုံးတဲ့ အမျိုးသားများရဲ့ ၅၀% ဟာ Erectile Dysfunction ကိုခံစားရ တတ်ပါတယ်။
ဆေးလိပ်သောက်တဲ့ မိခင်တွမှော ကလေးမွေးဖွားပါက လမစေ့ဘဲ မွေးခြင်း နှင့် ပေါင်မပြည့်ခြင်း တို့ကိုပါ ဖြစ်စေပါတယ်။
မိဘတစ်ဦးဦးက ဆေးလိပ်သောက်သုံးသူ ဖြစ်နေပါက အတူနေထိုင်တဲ့ ကလေးငယ်မှာ ပန်းနာရင်ကျပ် နှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်စေဖို့ အခွင့်အလမ်း များပါတယ်။

ဒါကြောင့် မိမိအတွက် ကောင်းကျိုးများ မရှိ ဘေးအတိဒုက္ခများကိုသာ ပေးနေသော ဆေးလိပ်သောက်ခြင်းကို သင်တတ်နိုင်သမျှ လျှော့ပြီး အလျင်အမြန် သောက်သုံးခြင်း မပြု့ ကြပါရန် တိုက်တွန်းလိုက်ရပါတော့သည် ခင်ဗျာ …..

ဆေးလိပ်ကင်းဝေး၍ အသက်ရာကျော်ရှည်ပါစေ ……

Faebook  ..  Mg Mandalay မှကူးယူဖေါ်ပြသည်


15 Jan 2013

မျက်စိအားကောင်းစေဖို့


မျက်စိအားကောင်းစေရန်အချက်များ

၁) ငါးများများစားပေးပါ။ ငါးများမှာမျက်လုံးထဲကမျက်ရည်ခမ်းခြောက်ခြင်းကို
တားဆီးပေးတဲ့ omega-3 fatty acid များစွာပါဝင်တယ်။
ငါးမကြိုက်သူများငါးကြီးဆီဆေးလုံးများကိုအသုံးပြုနိုင်ပါတယ်။

၂) ရေကူးမယ်ဆိုရင်ရေငုပ်မျက်မှန်တပ်ပြီးကူးရင် ပိုကောင်းတယ်။ရေထဲက
ကလိုရင်းဓါတ်တွေကိုအကာအကွယ်ပေးတယ်။ဆောက်လုပ်ရေးတို.၊စက်ပြင်ဆရာတို.ဆိုရင်လည်းအကာအကွယ်မျက်မှန်တပ်ဆင်သင့်ပါတယ်။
မတော်တဆထိခိုက်မှုတွေဖြစ်တပ်ပြီး cornea လို. ခေါ်တဲ့ မျက်ကြည်လွှာကို ထိခိုက်စေနိုင်ပါတယ်။

၃) ကားမောင်းစဉ် လေအေးပေးစက် ဒလက်ပြားတွေကို မျက်နှာ တည့်တည့်မချိန်ထားဘဲ
ခြေထောက်လောက်အထိကိုချိန်ထားပါ။
မျက်နှာတည့်တည့်ထားရင်လေအေးပေးစက်ကထွက်လာတဲ့လေဟာမျက်လုံးထဲက မျက်ရည်တွေကို
ရေမြုပ်လို စုပ်ယူတက်တယ်။ ဒါကြောင့်ခြေထောက်လောက်ကိုစိုက်ထားပါ။
မျက်ရည်ခမ်းခြောက်တာများသွားရင် မျက်ကြည်လွှာပျက်စီးတက်ရုံမက
ကြာရင်မျက်စိပါကွယ်သွားနိုင်ပါတယ်။

၎) ဟင်းချက်ရင် အခြားကြက်သွန်တွေထက်ကြက်သွန်နီကို
ပိုသုံးပေးပါ။ကြက်သွန်နီမှာ မျက်စိတိမ်ကွယ်ခြင်းမှ
ကာကွယ်ပေးတဲ့ဓါတ်တစ်မျိုးပါဝင်လို.ပါ။

၅) အိမ်အပြင်နေပူထဲသွားရင်နေကာမျက်မှန်တပ်ပေးပါ။ စူးရှတဲ့နေရောင်ခြည်ကို
ကာကွယ်ပေးရုံမက လေတိုက်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့
မျက်ရည်ခမ်းခြောက်ခြင်းကိုလည်းကာကွယ်ပေးပါတယ်။

၆) ညစာစားတဲ့အခါ စိမ်းစားဥစားပေးသင့်တယ်။ ညမြင်ကွင်းပိုကောင်းစေတဲ့ vitamin A ပါဝင်တယ်။

၇) ညအိပ်ရာမဝင်ခင် မျက်စိတစ်ဝိုက်နားက မိတ်ကပ်တွေဖယ်ရှားပေးပါ။မိတ်ကပ်အပိုင်းအစကလေးတွေဟာ မျက်ကြည်လွှာကို ခြစ်သွားနိုင်တယ်။

၈) သန့်ရှင်းတဲ့မျက်နှာသုတ်ပုဝါကို သုံးပါ။
အခြားသူတွေသုံးတဲ့မျက်နှာသုတ်ပုဝါကို မသုံးပါနဲ.။conjunctivitus
လို.ခေါ်တဲ့ကူးစက်မြန်မျက်စိရောဂါဖြစ်စေတယ်။

၉) စာဖတ်စာကျက်တဲ့ကျောင်းသူကျောင်းသားတွေဆိုရင် မိနစ် သုံးဆယ်ပြည့်တိုင်း
စာအုပ်ကိုခဏချပြီး ခပ်လှမ်းလှမ်းကို စက္ကန့် သုံးဆယ်လောက်ကြည့်
သင့်တယ်။(နာရီသံပတ်ပေးပြီးနှိုးဆော်ပါ)

၁၀) တစ်လတစ်ခါ သွေးပေါင်ချိန်တိုင်းသင့်တယ်။သွေးပေါင်ချိန်မြင့်ရင် မျက်စိထဲက သွေးကြောတွေကိုဒုက္ခပေးနိုင်တယ်။

၁၁) စံပယ်နံ့ ပါတဲ့ ရေမွှေးကို သုံးပေးရင်မျက်စိအားကောင်းတယ်။ စံပယ်ပန်းရနံ.ဟာ
ဦးနှောက်ရှေ.ပိုင်းက beta လှိုင်း တွေကို
ဖြစ်ပေါ်စေပြီးနိုးကြားထက်မြက်မှုနဲ.မျက်စိအားကောင်းခြင်းတို.ကို ဖြစ်စေတယ်။

၁၂) ဇီးရောင်နေကာမျက်မှန်ထက် မီးခိုးရောင်နေကာမျက်မှန်ကိုသုံးပါ။ အရောင်သွေဖယ်မှုနည်းတယ်။ယာဉ်မောင်းတဲ့အခါ ပိုအရေးကြီးတယ်။

၁၃) အငန်လျှော့စားသင့်တယ်။အငန်ဓါတ်များရင်မျက်စိမှာတိမ်ဖြစ်ဖို. အခြေအနေပိုပေးတက်တယ်။ဆားလျှော့စားပါ။

Ref>>>လေးမြို့သတင်းမီဒီယာ


Credit to: https://www.facebook.com/amyokaungtarrrr

14 Jan 2013

အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည်


အစာအိမ်အောင့်ခြင်း နာခြင်း များအတွက် အစွမ်းထက် ဆန်ဆေးရည် ……..

အစာအိမ်ရောဂါခံစားရသူများသည် အစားစာလောင်ခြင်း မဖြစ်စေရန်အတွက် စားစရာများကိုကိုယ့်နှင့်မကွ ဆောင်ထားကြသည်မှာများကြပါသည် …သင်သည် ယခုဆန်ဆေးရည်ကို နေ့ စဉ်ပုံမှန်သောက်သုံးပါက အစားအစာဆောင်ရခြင်းနှင့် အစာအိမ်အောက်ခြင်း နာခြင်းများ မရှိတော့ပါ ။
ကျောင်းတက်စဉ်က သူငယ်ချင်းများနှင့် မိတ်ဆွေများထဲ့မှ အစာအိမ်ဖြစ်သောသူများကို ပြောပြပြီး သောက်ခိုင်းခဲ့လို့  အစာအိမ်သမား တော်တော်များများပျောက်ကင်းသက်သာခဲ့ပြီး ကောင်ညှင်းပေါင်းတောင် မစားရဲသူများတောင် စားလို့ ရလာနိုင်သော ဆန်ဆေးရည်ဖြစ်ပါသည်…

အစာအိမ်သမားများအတွက် ဆန်ဆေးရည်ကို အောက်ပါအတိုင်းလုပ်ဆောင်သောက်သုံးလိုက်ပါ
မနက်အိပ်ယာထထခြင်း မနက်ဆန်ဆေးရည်ကို မက်ခွက်တခွက်လောက်ကို အမြဲသောက်ပေးပါ ..ရောဂါပေါ်မှုတည်ပြီး သောက်ပေးရပါမည် အချိန်ကိုတော့ လပိုင်းထိမနက်တိုင်းမနက်တိုင်းသောက်ပေးပါ

လုပ်ဆောင်နည်း .........
မနက်ထမင်းချက်ဖို့ ဆန်ဆေးသည့်အခါ ပထမ ဆန်ဆေးရေကို အလျှင်အမြန်ဆေးပါ ပထမရေသည် ဆန်တွင်ပါဝင်သော သဲအမှုန့် များ ကို ဆေးကြောခြင်းဖြစ်ပါသည်

ဒုတိယအကြိမ်တွင် ဆေးသောဆန်ဆေးရေကို လက်ဖြင့် ကျကျနန ပွတ်သက်ဆေးကြောပြီး ရရှိလာသော ဆန်ဆေးရေကို မနက်အိပ်ယာထထခြင်း မက်ခွက်ကြီး တခွက်စာ သောက်သုံးပေးပါက အစာအိမ်ဖြစ်သော သူများသည် မိမိဖြစ်နေသော ရောဂါဝေဒနာ ပျောက်ကင်းသွားပါလိမ့်သည် ။


Ref: https://www.facebook.com/mg.mandalay

13 Jan 2013

"မသိရာဆီပြန်သွားရလိမ့် မယ်"



ကျေးဇူးတော်ရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး....


လူ့ ဘ၀ တစ်ကြိမ်တစ်ခါရရှိဖို့ တိရစ္ဆာန်ဘ၀ပေါင်း တစ်ရာလောက်ကျင်လည် ရင်းနှီးခဲ့ ရတယ်။
တိရစ္ဆာန်ဘ၀က ပါလာတဲ့ အရှိန်အဟုန် သတ္တိစရိုက်ဥာဉ်တွေ
မပြယ်တတ်သေးတော့ လူတွေဟာ မေ့ မေ့ မျောမျောကြီးနဲ့  
အာရုံခံစားပါလေရော။ တစ်ခါ တစ်ဖက်က အာရုံငါးပါး ဖမ်းစားမှုကလည်း လူတွေကို မေ့ လျော့ အောင် ပြုစားထားသလို ရှိတဲ.အတွက် 
"မေ့ ကျင့် " ရလာကြတယ်။

နေတော့ လည်း မေ့ လျော့ တွေဝေ၊ သေတော့ လည်း ဒီလိုပဲ မေ့ လျော့ တွေဝေ ၊
မောဟနဲ့ သေမယ်ဆိုရင် လာရာလမ်းကို ပြန်ရမယ်။ လာရာလမ်းဆိုတာကတော့ 
မောဟဘုံလို့ ခေါ်တဲ့ တိရစ္ဆာန်ဘ၀တွေဆီပဲပေါ့ ။
မသိရာက စခဲ့ ပြီး မသိရာမှာ ဆုံးခဲ့ ရင် မသိရာဆီပြန်သွားပြီး၊ 
မသိရာက ပြန်စရလိမ့် မယ်။

မဟာဗောဓိမြိုင်ဆရာတော်ကြီး


Ref: ကိုပီတာ

ရှားစောင်းလက်ပပ် ဆေးစွမ်းထက်


 ရှားစောင်းလက်ပပ် ဆေးစွမ်းထက်
( အမျိုးသမီးများအတွက် ပိုအသုံးတည့်သည် ပေါ့ပေါ့ပါးပါး ဆေးတစ်ခွက် )

ရှားစောင်းလက်ပပ်သည် မီးယပ်ဆေးအဖြစ် အလွန်အသုံးဝင် ထင်ရှားသည်။ရှားစောင်း လက်ပပ်ကို ပါးပါး လှီး၍ ဟင်းချက် စားပါက ဓမ္မတာကို မှန်စေသည်။ရှားစောင်း လက်ပပ်ကို လိမ်းဆေးအဖြစ် အနှစ်ကို ခပ်ပါးပါး လှီး၍ သွေးစုနာ၊ အကြိတ် အဖုအနာ၊ သွေးလုံး၊ လေလုံး အပေါ် ကပ်ထား ပေးခဲ့သော် ပြင်ပသို့ ထုတ်ဆောင်ပြီး အကြိတ် ကြေစေသည်။ ပြည်ပေါက် မြန်၍ ငန်းမန်း ကြေစေသည်။ ရှားစောင်း လက်ပပ် အနှစ်ကို မျက်စိ အုံပေးပါက မျက်စိ နာခြင်း၊ ကိုက်ခြင်း၊ ပူစပ်ခြင်း၊ ယားယံခြင်း တို့ကို ပျောက်စေသည်။ ရှားစောင်း လက်ပပ် အတွင်းသားကို အရည်ညှစ်ပြီး မီးနွေးနွေး ပြု၍ နားတွင်းသို့ ခတ်ပေးပါက နားကိုက်၊ နားနာ မြန်စွာပျောက်သည်။ ကိုယ်ရေ၀ါ ရောဂါရှိသူများ အတွင်းသား စားပါက ဆီးဝမ်း သက်သာပြီး ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို လက်ချား မီးပေါက် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်၏။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေးရည်တွင် စိမ်ပြီး သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုး ရောဂါ ပျောက်ကင်း၏။ သတ္တုရည်သည် အအေးမိခြင်း ဖျားခြင်းတို့ကို သက်သာ ပျောက်ကင်း စေနိုင်သည်။

Ref:https://www.facebook.com/mg.mandalay


11 Jan 2013

ညှို့မဂ္ဂဇင်း၏ ထုတ်ဝေခွင့်ကို ရုပ်သိမ်း


ဖက်ရှင်မဂ္ဂဇင်းအဖြစ် လျောက်ထားခဲ့သော်လည်း အမှန်တကယ် ထွက်ရှိလာသောအခါ လိင်ပညာပေးမဂ္ဂဇင်း အဖြစ် ထွက်ရှိခဲ့သည့် ညှို့မဂ္ဂဇင်းအား ထုတ်ဝေခွင့်မှတ်ပုံတင် သက်သေခံလက်မှတ်အား ပြန်လည်ရုတ်သိမ်းရန် ဇန်န၀ါရီ ၉ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဆိုက်တွင် ဇန်န၀ါရီလ ၉ရက်နေ့က ဖော်ပြချက်အရ သိရသည်။ အဆိုပါမဂ္ဂဇင်းသည် မူလလျှောက်ထားစဉ်က ဖက်ရှင် ဦးစားပေးအဖြစ် လျှောက်ထားခဲ့သော်လည်း အမှန်တကယ် ဖြန့်ချိထုတ်ဝေသောအခါ လိင်ပညာပေးအဖြစ် ထုတ်ဝေလာသည့်အပြင် ဓါတ်ပုံနှင့် အရေးအသားများမှာလည်း လိင်ကိစ္စကို အသားပေးဖော်ပြပြီး စိတ်ကိုနှိုးဆွရာ ရောက်စေသည့် ဖော်ပြချက်များဖြင့် ဖြန့်ချိထုတ်ဝေခဲ့သည့်အတွက် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ၊ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေး လုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့မှ ထုတ်ဝေခွင့် မှတ်ပုံတင် သက်သေခံ လက်မှတ်ကို ရုတ်သိမ်း လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ ယင်းမဂ္ဂဇင်းအပြင် မူလလျှောက်ထားစဉ်က ခွင့်ပြုချက်နှင့် မသက်ဆိုင်သော အခြားသတင်းများကို ထည့်သွင်းဖော်ပြ ထုတ်ဝေနေသည့် ကြော်ငြာ ကမ္ဘာဂျာနယ်၊ မြနန္ဒာဂျာနယ်၊ သွေးသစ်ဂျာနယ်၊ Media One ဂျာနယ်၊ The Farmer ဂျာနယ်၊ High Speed Car ဂျာနယ်များမှာလည်း ခေါ်ယူသတိပေးခြင်း ခံခဲ့ရကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။


ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ


ဆေးလိပ် ဘယ်လိုဖြတ်ကြမလဲ

'ဆေးလိပ်ဖြတ်ရတာ လွယ်ပါ တယ်။ ကျွန်တော်ဆို အခါတစ်ရာ လောက်ဖြတ်ပြီးပြီ' ဟု မာ့စ်တွိန်းက ဆေးလိပ်ဖြတ်ရခက်ပုံကို သရော်ပြီး ပြောခဲ့ဖူးပါသည်။ ဆေးလိပ်ဖြတ်ရန် နည်း အမျိုးမျိုးရှိပါသည်။ သို့သော် ကျွမ်းကျင်သူအများဆုံးလက်ခံထားသည့် အချက်များမှာ ဆေးလိပ် ဖြတ်သည့် နည်းများအနက် တစ်မျိုးချင်းစီသုံးမည့် အစား နည်းလမ်းများအား ပူးပေါင်း အသုံးပြုခြင်းက ပို၍ အသုံးဝင်သည် ဟူသောအချက်ဖြစ်သည်။ ဥပမာ ဆေးလိပ်ဖြတ်ရာတွင်နီကိုတင်းအစားထိုး ပစ္စည်း များသုံးခြင်းတစ်မျိုးထဲထက် ကျွမ်းကျင်သူများနှင့်ဆွေးနွေးတိုင်ပင် ခြင်းနည်းဖြင့် ပေါင်းသုံးပါက ပို၍ အသုံးဝင်လေသည်။ ဆေးလိပ်ဖြတ် ရာတွင် လုပ်ဆောင်သင့်သောအရေး ကြီး အချက် များကို ဖော်ပြလိုက်ပါသည်။
၁။ ဘာလို့  ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ကိုယ်ပိုင်အကြောင်းပြချက်ကိုစာရင်း လုပ်ထားပါ။
၂။ စိတ်ဖိစီးမှုနည်းသည့်အချိန်မျိုးတွင် ဆေးလိပ်ဖြတ်ရန် ကြိုးစားပါ။
၃။ ဆေးလိပ်စဖြတ်မည့်နေ့ ကို သတ်မှတ်ပြီးလျှင် ဖြတ်ဖြစ်အောင် ဖြတ်ပါ။
၎။ ကိုယ့်ပတ်ဝန်းကျင်မှာ ဆေးလိပ် ဖြတ်ရာမှာ အမြဲသတိပေးနေမည့်သူ များ ထားရှိပါ။ ဥပမာ လုပ်ဖော်ကိုင် ဖက်သူငယ်ချင်း၊ မိသားစုများအား အကူအညီတောင်းထားပါ။
၅။ ဆေးလိပ်ဖြတ်ရာမှာ အကူအညီ ပေးနိုင်မည့်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်၍ သုံးပါ။
၆။ ဆေးလိပ်နှင့်ဆေးရွက်ကြီးကင်းမဲ့ ဇုန်များ(ဥပမာရုပ်ရှင်ရုံ၊စာကြည့်တိုက်၊ ကဇာတ်ရုံ)သို့ သွား၍ ဆေးလိပ် သောက်ချင်စိတ်ကို ထိန်းပါ။
၇။ နေ့စဉ်လုပ်စရာရှိသည်များကို ဆေးလိပ် သောက်ချိန်မကျန်အောင် ကြိုတင်အစီအစဉ် ဆွဲထားပါ။
၈။ ဆေးလိပ်သောက်ရာတွင်သုံးသည့် အသုံးအဆောင်များအား အိမ်၊ ကား၊ အလုပ်ရုံးခန်းများမှ ဖယ်ထားပါ။
၉။ ပတ်ဝန်းကျင်မှ ကြုံတွေ့ လာနိုင် သည့်ပြဿနာများ၊ စိန်ခ်ါမှုများအား ဖြေရှင်း နိုင်ရန် ကြိုတင် ပြင်ဆင်ထားပါ။
ဥပမာ ဆေးလိပ်သောက်တတ်သူများ နှင့်အပြင်ထွက်လျှင်မည်ကဲ့သို့ငြင်းမည် ကို ကြိုပြင်ထားပါ။
၁ဝ။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့် ခန်းလုပ်ခြင်းက သင့်ကျန်းမာရေးကို ပိုကောင်းစေရုံသာမက ဆေးလိပ်ဖြတ် ရာမှာလည်း အကူအညီပေးပါတယ်။ ဥပမာ ရေကူးရင်း ပြေးရင်း ဆေးလိပ် သောက်လို့မရပါဘူး။
၁၁။ လက်ကို အအားမနေပါစေနဲ့။ လုပ်စရာမရှိဘူးဆိုရင်တောင် လက်မှု လုပ်ငန်းတွေဖြစ်တဲ့၊ ဥယျာဉ်စိုက်ခြင်း၊ လက်သမားအလုပ်စတာတွေ လုပ်နေ သင့်ပါတယ်။အဲဒီလိုမဟုတ်ရင်တောင် အပ်ချုပ်နေခြင်း၊ စာလုံးဆက်ခြင်းစတဲ့ ကစားနည်းမျိုးတွေလုပ်နေသင့်ပါတယ်။
၁၂။ဆေးလိပ်ဖြတ်ရင်း 'ယင်း'ထသကဲ့ သို့ ကြုံတိုင်း 4D ကို လေ့ကျင့်ထားပါ။ 4D ဆိုတာ (၁) Delay (အချိန်ဆွဲပါ)
'ယင်း'ထလာလျှင် ခံနိုင်ရည်ရှိရန် တစ်နေ့ နည်းနည်းအချိန်ဆွဲပြီး ခံနိုင် ရည်ရှိရန် ကြိုးစားပါ။ (၂) Drink water (ရေသောက်ပါ) ရေသောက် ခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဆိပ် တွေကို အပြင်ထွက်စေရုံသာမက လက်နဲ့ပါးစပ်ကိုလည်း အလုပ်များစေ ပါတယ်။
(၃) Distract yourself (ကိုယ့်ကိုယ် ကို စိတ်ပြောင်းရန် ကြိုးစားပါ)အမြဲ တက်ကြွအောင်နေပါ။တစ်ခုခုကိုအမြဲ လုပ်နေပါ။
(၄) Deep breathing (အသက်ပြင်း ပြင်းရှုပါ)
၁၃။ နောက်ဆုံးအနေနဲ့အရေးကြီးဆုံး အချက်ကတော့ ဘယ်တော့မှအရှုံးမ ပေးပါနဲ့။ ဆေးလိပ် ဖြတ်တယ်ဆိုတာ စက်ဘီးစီးသင်ရသလိုပါပဲ ပြုတ်ကျ မယ်၊ ပြန်တက်မယ်။ ဒီလိုနဲ့ ကြိုးစား ရတာပါပဲ။ ဆေးလိပ်စဖြတ်စဉ်မှာ ဆိုး ဝါးတဲ့နေ့တွေ ကြုံရနိုင်ပါတယ်။ ဒါပေ မယ့် ကောင်း တဲ့နေ့ တွေ က အဲဒီဆိုးဝါး တဲ့နေ့တွေပြီးရင် ရောက်လာတော့ မယ်ဆိုတာ မမေ့ပါနဲ့။


Reference and Credit to -အဝင်း
Ref:MNT
Health Updates Journal
Vol-1,No-46, ဖိုးသီဟ


Ref:https://www.facebook.com/



4 Jan 2013

ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား




ရွှေဖြင့် ပြုလုပ်ထားသော အင်္ကျီကို ဝတ်ဆင်၍ နှစ်သစ်ကို ကြိုဆိုခဲ့သည့် အိန္ဒိယနိုင်ငံမှ အမျိုးသား

အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးသည် နှစ်သစ်ကို ကြိုဆိုရန် အတွက် တန်ဖိုးကြီးသော အဝတ်အထည်ကို ဝတ်ဆင်လို သဖြင့် ရွှေပန်းထိမ် တစ်ခုသို့ ရွှေဖြင့် ပြုလုပ်သော အင်္ကျီတစ်ထည် ဖန်တီးပေးရန် အပ်နှံခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသား အတွက် ရွှေအင်္ကျီ တစ်ထည်ကို ပြုလုပ်ရန် ရွှေပန်းထိမ် အဖွဲ့တစ်ဖွဲ့သည် တစ်နေ့လျှင် ၁၈ နာရီ အလုပ်လုပ်ခဲ့ပြီး ၁၅ ရက်ကြာ အချိန်ယူ ခဲ့ရသည်။ အဆိုပါ အင်္ကျီ ၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၃၂၂ဝဝဝ တန်ဖိုး ရှိသည်ဟု သိရသည်။

အဆိုပါ အင်္ကျီတွင် Swarovski ခရစ္စတယ် ကြယ်သီး ခြောက်လုံး ပါဝင်ပြီး ရွှေရောင် ခါးပတ် တစ်ခုကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရွှေဖြင့် ပြုလုပ်ထားသော ရှပ်အင်္ကျီ တစ်ထည်ကို ဝတ်ဆင်ရန်မှာ မိမိ၏ စိတ်ကူးယဉ် အိပ်မက် များထဲမှ တစ်ခုဖြစ်ကြောင်း ၄င်းအမျိုးသားက ဆိုသည်။

ထို့ပြင် ၄င်းသည် ရွှေဆွဲကြိုး ၁ဝ ကုံး၊ လက်ကောက် ခြောက်ကွင်း၊ ရွှေလက် ပတ်နာရီ တစ်လုံးနှင့် ရွှေလက်စွပ် ၂၅ ကွင်း အပါအဝင် ရွှေထည် ၁ဝ ကီလို ဂရမ် ပိုင်ဆိုင်ထားကြောင်း သိရသည်။

လူအချို့သည် ကားဝယ်ရန် အိပ်မက် စိတ်ကူးရှိကြပြီး အချို့က ပြင်ပနိုင်ငံများ သို့သွားရောက်ရန် စိတ်ကူး ရှိကြသော်လည်း မိမိ၏ အမြတ်နိုးဆုံး အရာမှာ ရွှေဖြစ်ကြောင်း၊ မိမိအတွက် လုံခြုံမှု ရှိစေရန် လုံခြုံရေး အစောင့်များပင် ထားရှိ ထားကြောင်း ၄င်းက ပြောကြား ခဲ့သည်ဟု သိရသည်။




http://www.myawady.net.mm/allnews/global/item/3575-2013-01-04-09-46-50


နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်


နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။

ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။

ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။

အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။

နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။

International news for myanmar

Ref:www.facebook.com




2 Jan 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၆)


ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၆)

ဗမာပြည်တွင် ဘုန်းကြီးများနှင့် ရှေးလူကြီး များ၏ အချို့ အယူအဆများကို ခေတ်နှင့်လျော်အောင် ပြုပြင်သင့်လေသည်။ သို့မဟုတ်လျှင် ဗမာပြည်နှင့် ဗမာလူမျိုးတို့ အခြေအနေသည် တိုးတက်သင့် သလောက် တိုးတက်မည် မဟုတ်ချေ။ ပညာဆိုသည်မှာ စာအုပ် စာတမ်း ဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည်“အတိုင်းအဆ”မထင်။ အလွန် ကျယ်ပြော နက်နဲလှ ပေသည်။ ကမ္ဘာရှိ စာအုပ် အားလုံးပင်လျှင် ပညာ အားလုံးကို လောက ပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်း ထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေကြ စေသည်။ ထို့ကြောင့် ပညာသင်ကြားဖူးသည့် အမှန် စင်စစ်အားဖြင့် သူ၏ တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။

ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်းအလိုက် ဆင်ခြင် သုံးသပ်နိုင် စွမ်းသော “ဉာဏ်ပညာကို လည်းကောင်း၊ မိမိဉာဏ်အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓာတ်တို့ကို လည်းကောင်း၊ ( Emotion of the Education ) ပြုပြင်ပြုစု စီမံထားခဲ့သူ သာလျှင် ဖြစ်သည်။ ဘီ-အေ ပင် အောင်စေကာမူ ပါရဂူ ဘွဲ့ကြီးပင် ရစေကာမူ ပထမကျော်ကြီးပင် ဖြစ်စေကာမူ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ ပညာဆိုသော သဘာဝ အဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ်နားလည်ခြင်း မရှိခဲ့သော် တကယ်အရာ မရောက်၊ အသုံး မ၀င်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည် မဟုတ်။ စာအုပ်များတွင် ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင်တိုးချဲ့ရုံသာ မဟုတ်။

လူ၏ စိတ်နေစိတ်ထား အယူအဆများ ကိုလည်း တိုးတက် စေရမည်။ လူ၏ဆန္ဒအား လုပ်အားကို နူးညွတ်စေရမည်။ ရာဇ၀င်သိရုံသာ မဟုတ်။ ရာဇ၀င်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ် ပညာကို သိရုံသာ မဟုတ်။လောကဓာတ် ပညာကို တိုးချဲ့ နိုင်စေရမည်။ ပထမ ပညာကို သိရုံသာမဟုတ်။ မြေသစ်၊ ရေသစ်၊ တောတောင်တို့ကို ရှာဖွေ စုံစမ်း နိုင်စွမ်းစေ ရမည်။ လောက အကြောင်းကို နားလည်စေရုံသာ မဟုတ်။ သည့်ထက် ကောင်းသောလောကကို ဖန်ဆင်း နိုင်စေရမည်။

ဤကား ပညာ၏ သရုပ်အကျဉ်း မျှပင်တည်း။ ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်း ကျရမည့် ပညာတွင် သညာလည်း ပါသည်။ ဉာဏ်နှင့်လည်း ယှဉ်ရမည်။ ဉာဏ်ချည်းသာ တိုးတက်၍ “သညာ”မရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည် နိုင်ပေ။ လောကဓာတ် ပညာကို မတတ်မသိဘဲ လောကဓာတ် ပညာဉာဏ်ကိုသာ ရလျှင် လောကဓာတ် ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။ တိုင်းပြည် အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း၊ ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည် အထိ အယူဝါဒ အပြောင်းအလဲမရှိသူသည် ပညာတတ်သည် ဟု မဆိုနိုင်ပေ။

လူတစ်ယောက်၏ သက်တမ်းတွင် ဘ၀ ပထမက သိမြင်လာသော စိတ်နေ စိတ်ထားဝါဒ တို့သည် အမှန်ချည်း မဟုတ်။ ပြုပြင် ပြောင်းလဲရမည်သာ တည်း။ ယနေ့ အယူအဆ နှင့် မနက်ဖြန် အယူအဆ တို့မှာ တူချင်မှ တူပေမည်။ အမှန်ကား လူတစ်ဦး၏ တစ်ဘ၀တွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများ ကို တွေ့သောအခါ ထိုလူသည် သမာဓိ မတည်၊ ရှေ့နောက် မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲ ဖောက်ပြန်ဖြစ်ခြင်း ပင်တည်း။ ၀ါဒ ပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်။ သမာဓိ မတည်ခြင်း မဟုတ်ပေ။

တစ်နည်း တိုးတက်ခြင်း ပေတည်း။ အမှန်အားဖြင့် သမာဓိ ဆိုသော စကားကို နက်နက်နဲနဲ ဆင်ခြင်လျှင် လောကရှိ လူအပေါင်းတို့အား သမာဓိ လက်ကိုင် ကြသူ ရှားပေသည်။ သမာဓိ ဆိုသည်မှာ လောက၏ အကောင်း အဆိုး၊ အကျိုးအပြစ်၊ အပျက်သနစ် စုံတို့ကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲ လည်း ၀မ်းမနည်း၊ ချမ်းသာလည်း ၀မ်းမသာ၊ ပကတိ စိတ်ထား ဉာဏ်အမြင် အရ လူချီးမွမ်း၊ လူကဲ့ရဲ့မှု၊ ဘေးဒုက္ခ အန္တရာယ်ကို မတိတ်မလန့် တစ်သမတ် တည်း တည်ငြိမ်စွာ ရှိခြင်းကို ဆိုလေသည်။ ဘုရား အစရှိသော သူတော်ကောင်း တို့၏ စိတ်တည်နေပုံမျိုး တည်း။ သို့ဖြစ်ရာ သာမန် ကိုယ်ကျင့်အမူအရာ အပြောအဆို ဘမ်းပြ တည်ငြိမ်မှုကို လူအပေါင်း တို့က သမာဓိဟု သာမည ပြောစမှတ် ပြုကြလေသည်။ အမှန်စင်စစ် ကား ထို ဘမ်းပြ တည်ငြိမ်မှုတွင် မည်မျှ အတွင်း ဖောက်လွဲ ဖောက်ပြန်မှုများ တိုးပွား များပြားသည် ကို လူအပေါင်းတို့ မစဉ်းစား မိကြချေ။ ကျွန်တော်သည် ဣနြေ္ဒကြီး၍ မျက်နှာထား အလွန် တည်သူ တစ်ယောက်ဟု အသိအမှတ်ပြု ခံခဲ့ရလေသည်။ ကျွန်တော်၏ ကိုယ် အမူအရာ စိတ်ထား သရုပ် တို့သည် ဖောက်လွဲဖောက်ပြန် သဘောကို မပြပေ။


နဂုံးချုပ် ၊ အပိုင်း (၇) အား ဆက်လက် တင်ပြပေးသွားပါမည်။

Ref:https://www.facebook.com/royalheromedia




ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၅)


ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ (အပိုင်း -၅)

အခန်း (၂)

ကျောင်းသားဘ၀ ကျွန်တော်၏ မိခင် ဖခင် နှစ်ဦး စလုံးမှာ ဉာဏ်ကောင်း သော အမျိုး ဖြစ်လေသည်။ ကျွန်တော်၏ ဖခင်သည် ရှေ့နေ စာမေးပွဲ တွင် ဗမာ တစ်ပြည်လုံး တတိယစွဲ ခဲ့လေသည်။ ကျွန်တော်တို့ ညီအစ်ကို အားလုံးလည်း ဉာဏ်ကောင်း ကြသည်။ သို့သော် ဒုတိယ အစ်ကိုကြီးက စာသင် အထူး ပျင်းလှ၍ အခြား ညီအစ်ကိုများ ကဲ့သို့ ပေါက်ပေါက် ရောက်ရောက် ပညာ မတတ်ပေ။ ကျွန်တော်၏ အစ်ကိုများ၊ ၀မ်းကွဲ ညီအစ်ကိုများ၊ ဦးလေးများ မှာ မိမိတို့ ဆိုင်ရာ ကျောင်းစာမေးပွဲ များတွင် ထိပ်တန်း ကျကျ အောင်မြင်ကြသူ ချည်း ဖြစ်လေသည်။ ကျွန်တော်တို့၏ မိဘများ သည် ပညာကို အထူး လိုလားသည်။

ကျွန်တော်၏ အစ်ကိုများ ကို (၅) နှစ်သား အရွယ် မှစ၍ ကျောင်းထား ခဲ့လေသည်။ ကျွန်တော် တစ်ယောက်သာ အငယ်ဆုံး ဖြစ်၍ အလိုလိုက်ကာ ထားသဖြင့် အသက် (၈) နှစ် ရောက်မှသာလျှင် ကျောင်းစ နေရလေသည်။ ကျွန်တော် ကျောင်းနေရင်း ပြောပြရဦးမယ်။ ကျွန်တော်၏ အထက် အစ်ကို ကိုအောင်သန်း အား အသက် (၁၁) နှစ် ခန့်တွင် ရှင်ပြုလေသည်။ ထိုအခါ ကိုအောင်သန်းမှာ မြန်မာ (၆) တန်း တွင် ရှိသည်။ ကျွန်တော့်မှာ အသက် (၈) နှစ် ထဲ ရောက်သော်လည်း ကျောင်းတွင် မနေရသေးချေ။ ရှင်ပြု အခမ်း အနားဖြင့် ကိုအောင်သန်းတို့ ရှင်လောင်း ဆင်သောအခါ ကျွန်တော်လည်း ရှင်လောင်း ဖြစ်ချင် သဖြင့် မိခင်အား ပူဆာသေးသည်။

ထိုအခါ မိခင်က ရှင်လောင်း လုပ်တဲ့လူ သည် စာတတ်မှ ဖြစ်သည်ဟု ပြောပြသဖြင့် ကျောင်း နေပါတော့မည် ဟု ကတိပေးကာ ထိုတွင်မှ ကျောင်းစနေ ဖြစ်လေသည်။ တန်းကျော် တက်ခဲ့ရပြန် သဖြင့် လေးနှစ်နှင့် ဆယ်တန်း အောင်မြင်သည်။ အင်္ဂလိပ် – မြန်မာ သတ္တမတန်း စာမေးပွဲ တွင် ဗမာ တစ်ပြည်လုံး တွင် န၀မ စွဲခဲ့၍ အထက်တန်း စကောလားရှစ် ရခဲ့သည်။ ဗုဒ္ဓဘာသာ ကျောင်း နှင့် အမျိုးသားကျောင်း များတွင် ပထမစွဲ ခဲ့၍ ဆုကို ရရှိခဲ့ပြီးသည့်နောက် ရန်ကုန်တက္ကသိုလ် တွင် ခြောက်နှစ်ခွဲမျှ နေခဲ့သည်။

နိုင်ငံရေး စိတ်သန်မှု ကြောင့် ကျောင်းစာ များကို မလေ့ကျက် သဖြင့် (ဘီ-အေ) အတန်း အထိ အောင်ရုံသာ အောင်ခဲ့သည်။ (ဘီ-အေ) အထက်တန်းနှစ် တွင် ကျောင်းသား သပိတ်မှောက် ခေါင်းဆောင်တစ်ဦး ဖြစ်၍ အလုပ်ရှုပ် သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ် မဖြေဘဲ နေခဲ့ရသည်။ နောက် (ဘီ-အယ်လ်) အတန်းကိုတက်ခဲ့သည်။ အတန်းလည်း မှန်မှန်မတက်၊ စာအုပ် လည်းမရှိ၊ မှတ်စုလည်း မထား၊ စာလည်းမကြည့်၊ မိမိစိတ်သန်ရာ နိုင်ငံရေးကို သာလိုက်စားသဖြင့် (ဘီ-အယ်လ်) ပထမနှစ် စာမေးပွဲတွင် ကျရှုံးလေသည်။

ဤကား ကျွန်တော့် တစ်သက်တွင် စာမေးပွဲ ပထမဆုံး နှင့် နောက်ဆုံး ကျရှုံးခြင်း ပေတည်း။ ကျရှုံးသော်လည်း ဥပဒေ ရာဇ၀င် ဖြစ်သော ပထမ မေးခွန်း စတွင် ကျွန်တော် ပထမ ရခဲ့သည်။ ဒုတိယ (ဘီအယ်လ်) နှစ် တွင် နှစ်စေ့အောင် ကျွန်တော် မနေရတော့ပေ။ ဥရောပ တိုက်တွင် မြူနစ် စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မတတ် အခြေအနေနှင့် ဗမာပြည်တွင် အဓိကရုဏ်း အခြေအနေ များကို ထောက်ဆ၍ တိုင်းပြည် အတွက် ကိုယ်ထိလက်ရောက် လုပ်ကိုင်ရန် ကျောင်းမှ နှစ်ဝက်တွင် ထွက်၍ သခင်ဘ၀သို့ ပြောင်းခဲ့သည်။

မြန်မာစာသင် ဘုန်းကြီးကျောင်း နေရစဉ်က ကျွန်တော် အထူး မပျော်ပိုက် သည့် အချက် တစ်ချက် ရှိလေသည်။ ထိုအချက်မှာ ကစား ခုန်စားခြင်း၊ ကလေးဘ၀ သစ်ပင်တက် ရေကူး အလုပ်မျိုးကို ပိတ်ပင်ခြင်းပင် ဖြစ်လေ သည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများလည်း တစ်သ ဘောတည်း လောက် ရှိသည်။ ကျွန်တော်တို့မှာ သစ်ပင်တက်ခြင်း၊ ရေကူးခြင်း စသော ကိုယ်လက် ကျန်းမာ ကျင်လည်မှုတွေကို လေ့လာခွင့် မရ။

သစ်ပင် တက်သည်ကို မြင်ရလျှင် အဆိုအမြည် ခံရသည်။ ရေကူးသည်ကို သိလျှင် အရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိ ကျွန်တော်မှာ ဉာဏ်ပညာ ဘက်မှ အခွင့်အလမ်း ရခဲ့၍ ပေါက်မြောက် ခဲ့သလောက် ကိုယ်လက်ကျန်းမာ ကျင်လည်ရေးတွင် အခွင့်အလမ်း မရခဲ့၍ များစွာ ချို့ယွင်း နေပေသည်။ ရေနံချောင်း အမျိုးသားကျောင်း နေစဉ်ကလည်း အခွင့်အလမ်း မရခဲ့။ အမျိုးသားကျောင်း ဖြစ်သည့် အတိုင်း ဆင်းရဲ သဖြင့် ကစား ခုန်စား လေ့ကျင့်ရာ နေရာ၊ ကိရိယာ တန်ဆာပလာများ မထားနိုင်၍ပင် ဖြစ်သည်။

အပိုင်း (၆) အား ဆက်လက် တင်ပြပေးသွားပါမည်။

Ref: https://www.facebook.com/royalheromedia